← Chapters

အင်ပါယာမြို့တော်ထဲသို့ လှမ်းဝင်လာသော ဒုက္ခိတ

Vol. 29 Ch. 430

အင်ပါယာမြို့တော်ထဲသို့ လှမ်းဝင်လာသော ဒုက္ခိတ

Vol. 29 Ch. 430

ပိုင်ကျီဟန်သည် သူ၏ဖခင်နှင့် မိခင်ကို အတော်လေး နားချလိုက်ရပြီးမှ ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်သည်။

ရန်သူများက မျက်စိဒေါက်ထောက်ကြည့်နေချိန်တွင် ဒုက္ခိတတစ်ဦးဖြစ်နေသော သူ့ကို ဝံပုလွေတွင်းကဲ့သို့ အန္တရာယ်ရှိနိုင်သော နေရာသို့ လွှတ်ရန်မှာ သူတို့အတွက် မလွယ်ကူလှပေ။

သို့သော် သူ၏ ဇွဲဖြင့် နားချမှုကြောင့်လည်းကောင်း၊ ဧကရာဇ်မိသားစုသည် ပိုင်မျိုးနွယ်စုအပေါ် သံသယဝင်နေပြီဖြစ်ကြောင်း သိထားကြသဖြင့်လည်းကောင်း နောက်ဆုံးတွင် မိဘနှစ်ပါးက ခွင့်ပြုလိုက်ကြသည်။

သို့သော်လည်း ပိုင်ကျီဟန်ကို တစ်ဦးတည်း ဘယ်သောအခါမှ မထားရန် ကန့်သတ်ချက်များစွာ ထားရှိခဲ့သည်။

ဧကရာဇ်ထံမှ ဆုလာဘ်ကို ကိုယ်တိုင်လက်ခံရမည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် အမြဲတမ်း စောင့်ကြပ်နေမည်ဖြစ်သည်။

ဂုဏ်ပြုပွဲနေ့သို့ ရောက်ရှိလာခဲ့ချေပြီ

အရုဏ်တက်ချိန်တွင် ပိုင်မျိုးနွယ်စု နယ်မြေမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လှုပ်ရှားလာသည်။

ပျံသန်းရေးသင်္ဘောများသည် မျိုးနွယ်စု၏ အတွင်းပိုင်းဆိပ်ကမ်းများမှ တစ်စင်းပြီးတစ်စင်း တက်လာကြသည်။ သင်္ဘောကိုယ်ထည်များပေါ်တွင် ထွင်းထုထားသော ပိုင်မျိုးနွယ်စု၏ တံဆိပ်တံဆိပ်များသည် အစီရင်စုများ အသက်ဝင်လာသည်နှင့်အမျှ မှိန်ပျပျ တောက်ပနေကြသည်။

ပိုင်ထျန်းဟမ်ကိုယ်တိုင် ထိုခရီးစဉ်ကို ဦးဆောင်သည်။

မိစ္ဆာတပ်ဖွဲ့များကို နှိမ်နင်းရာတွင် အဓိကကျခဲ့သော မဟာအကြီးအကဲ ငါးဦးစလုံးလည်း လိုက်ပါလာကြသည်။

ပိုင်ကျီဟန်သည် ဗဟိုသင်္ဘော၏ ဦးပိုင်းကုန်းပတ်ပေါ်တွင် ရိုးရှင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ကာ ရပ်နေပြီး သူ၏မျက်နှာမှာ တည်ငြိမ်အေးစက်နေသည်။

သူ၏ခန္ဓာကိုယ်မှ မည်သည့်ချီစွမ်းအင်မှ ယိုစိမ့်ထွက်ပေါ်မလာပေ။

ပြင်ပလူတစ်ဦးအဖို့မူ သူသည် ကောလာဟလများအတိုင်း

ဒုက္ခိတတစ်ဦးနှင့်သာ တူနေပေသည်။

သို့သော်လည်း သင်္ဘောပေါ်ရှိ ပိုင်မျိုးနွယ်စုဝင် မည်သူမျှ သူ့ကို သနားစရာ သို့မဟုတ် အထင်အမြင်သေးသော အကြည့်များဖြင့် မကြည့်ရဲကြပေ။

သူ့ဘေးတွင်မူ စစ်ပွဲအတွင်း ပါဝင်အားဖြည့်ခဲ့မှုကြောင့် အဆင့်ဆင့် ဆင့်ခေါ်ခြင်း ခံရသော ပိုင်ရွှယ်ချင်း ရပ်နေသည်။

အမှန်အတိုင်းပြောရလျှင် ပိုင်ကျီဟန်မှလွဲ၍ ကျန်သော လူငယ်မျိုးဆက်များ၏ အကျိုးပြုမှုမှာ စစ်မြေပြင်တစ်ခုလုံးနှင့် ယှဉ်လျှင် အနည်းငယ်မျှသာ ရှိသည်။

သို့သော်လည်း ထိုထဲမှ အစွမ်းကုန် ကြိုးစားခဲ့ကြသော လူငယ်များအတွက် အသိအမှတ်ပြု ဆုလာဘ်များ ရှိနေဆဲပင်။

ဤသည်မှာ သူတို့၏ ငယ်ရွယ်သောအရွယ်တွင် ကြိုးစားမှုကို အသိအမှတ်ပြုခြင်း သို့မဟုတ် နှစ်သိမ့်ပေးခြင်း တစ်မျိုးပင် ဖြစ်သည်။

ပိုင်ကျန်းလည်း ထိုစာရင်းတွင် ပါဝင်သည်။

သူသည် သားရဲဒီရေလှိုင်းတိုက်ခိုက်မှုအတွင်း မိစ္ဆာကျင့်ကြံသူများကို မဆုတ်မတွ ခုတ်ပိုင်းနှိမ်နင်းကာ မနားမနေ တိုက်ခိုက်ခဲ့သည်။

သူ၏ ကြိုးစားမှုကြောင့် ဤခရီးစဉ်တွင် ပါဝင်ခွင့်ရခဲ့ပြီး ဧကရာဇ်မိသားစု၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သည်။

သူသည် ဝိညာဉ်အခြေတည်ကာစအဆင့် တွင်သာ ရှိသေးသဖြင့် သူ၏ အကျိုးပြုမှုမှာ ပိုင်ကျီဟန် သို့မဟုတ် ပိုင်ရွှယ်ချင်းနှင့် ယှဉ်

လျှင် ပြောပလောက်စရာ မရှိပေ။

သို့သော်လည်း သူ၏ အသက်အရွယ်နှင့်ဆိုလျှင် အတော်လေး အားရစရာကောင်းသည်ဟု ဆိုနိုင်သည်။

ပုံမှန်အားဖြင့် အသက်နှစ်ဆယ်ဝန်းကျင်တွင် ဤအဆင့်သို့ ရောက်ခြင်းမှာ စံသတ်မှတ်ချက်အတွင်း ရှိနေခြင်းဖြစ်သည်။

အဆင့်အတန်း ပိုမိုမြင့်မားခဲ့သော ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်တို့သာလျှင် ပုံမှန်မဟုတ်သော ပါရမီရှင်များ ဖြစ်ကြသည်။

ထိုနှစ်ဦးသည် သူတို့၏ မျိုးဆက်နှင့် ယှဉ်ပြိုင်နေကြခြင်း မဟုတ်ဘဲ သူတို့ထက် တစ်ဆက် သို့မဟုတ် နှစ်ဆက်မျှ ပိုကြီးသော ကျင့်ကြံသူများနှင့်သာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ပိုင်ကျီဟန်သည် ပိုင်ကျန်းကို ချက်ချင်း သတိထားမိလိုက်သည်။

အမှန်စင်စစ် သူသည် တစ်စုံတစ်ခုကို မျှော်လင့်ထားခြင်းဖြစ်သည်။

ပိုင်ကျန်းအတွက် ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင်။

သူမှာ အားနည်းနေသည်။

ဒုက္ခိတ ဖြစ်နေသည်။

အကယ်၍ ပိုင်ကျန်းက ကလဲ့စားချေချင်

လျှင်...

အကယ်၍ သူက အမွေဆက်ခံသူနေရာကို ပြန်လိုချင်လျှင်

ယခုအချိန်သည် အသင့်တော်ဆုံးပင်။

သို့သော်

ဘာမှ ဖြစ်မလာခဲ့ပေ။

ပိုင်ကျန်းသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီး သူ၏အကြည့်မှာ ပိုင်ကျီဟန်ထံသို့ တစ်ခါတစ်ရံ ဝေ့ဝဲရောက်ရှိလာတတ်သည်။

သူတို့မျက်လုံးချင်း တစ်ကြိမ်ဆုံခဲ့ကြသည်။

ပိုင်ကျန်းမှာ သိသိသာသာ တောင့်တင်းသွားပြီး ဘာမှမဖြစ်သကဲ့သို့ ခေါင်းလွှဲကာ အကြည့်လွှဲသွားသည်။

လှောင်ပြောင်ခြင်းမရှိပေ။

အေးစက်သော စကားလုံးများမရှိပေ။

သွယ်ဝိုက်၍ ရန်စခြင်းလည်း မရှိပေ။

ပိုင်ကျီဟန် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။

(...ထူးဆန်းလိုက်တာ)

ခရီးစဉ်တစ်လျှောက် သူ ပိုင်ကျန်းကို အကဲခတ်နေခဲ့သည်။

တစ်ခါတစ်ရံ ပိုင်ကျန်းလှမ်းကြည့်တတ်သော်လည်း မျက်လုံးချင်းဆုံတိုင်း ချက်ချင်းပင် အကြည့်လွှဲသွားပြန်သည်။

ဘာစကားမှ မပြောပေ

ဘာလှုပ်ရှားမှုမှ မရှိပေ

ရန်လိုမှုကိုလည်း အတိအလင်း မပြပေ။

အကယ်၍ ယခင်ကဆိုလျှင် ဤသည်မှာ သူ့ကို လှောင်ပြောင်ရန် သို့မဟုတ် ပေါ်တင်ရန်စရန် ပိုင်ကျန်းအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေလိမ့်မည်။

(ငါ သူ့ကို စိတ်ဒဏ်ရာတွေ အများကြီး ပေးမိသွားလို့လား?)

ပိုင်ကျီဟန် တွေးလိုက်သည်။

(ထားလိုက်ပါတော့၊ ငါ ဂရုမစိုက်ပါဘူး)

သူ ထိုကိစ္စကို ချက်ချင်းပင် ခေါင်းထဲမှ ထုတ်လိုက်သည်။

အကယ်၍ ပိုင်ကျန်းသာ တစ်ခုခုလုပ်ချင်လျှင် တစ်ချိန်ချိန်တွင် လုပ်လာလိမ့်မည်။

မလုပ်လျှင်လည်း ဘာမှ မထူးခြားပေ။

သို့သော် သူ၏ အတွေးများက ဆက်လက် ဝေ့ဝဲနေသည်။

ဖြစ်နိုင်သည်မှာ ပိုင်ကျန်းနှင့် ဦးလေးဖြစ်သူ ပိုင်ဖန်းတို့သည် အခြေအနေကို စောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည်။

ပိုင်ကျီဟန်မှာ တကယ်ပဲ ကုသမရတော့သော ဒုက္ခိတဖြစ်သွားပြီလားဆိုသည်ကို အတည်ပြုရန် စောင့်နေခြင်းလည်း ဖြစ်နိုင်သည်။

ယခု ဒုက္ခိတဖြစ်နေသော အခြေအနေမှာ ခေတ္တခဏသာ ဖြစ်မည်ကို သူတို့ စိုးရိမ်နေပုံရသည်။

အကယ်၍ ပိုင်ကျန်းသာ အမွေဆက်ခံသူနေရာကို တကယ် သိမ်းပိုက်ချင်လျှင် ဤအချိန်သည် အကောင်းဆုံး အခွင့်အရေး ဖြစ်နေသင့်သည်။

သို့သော် ပိုင်ဖန်းဖြစ်စေ၊ အခြားသူတစ်ဦးဦးဖြစ်စေ လှုပ်ရှားလာသည်ဟူသော သတင်းကို ပိုင်ကျီဟန် မကြားမိသေးပေ။

ယခင်ကဆိုလျှင် သူ ဒုက္ခိတဖြစ်သွားသည်နှင့် အမွေဆက်ခံသူအဆင့်အတန်းမှာ ချက်ချင်း ရုပ်သိမ်းခံရမည် ဖြစ်သည်။

သို့သော် ယခုအချိန်အထိ သူသည် ထိုနေရာကို ဆက်လက် ဆုပ်ကိုင်ထားဆဲပင်။

ပျံသန်းရေးသင်္ဘောများသည် တိမ်တိုက်များကို ဖြတ်သန်းကာ ကောင်းကင်အင်ပါယာ၏ ဗဟိုချက်မဆီသို့ ဦးတည်သွားကြသည်။

မကြာမီ အင်ပါယာမြို့တော်ကို မြင်တွေ့လိုက်ရသည်။

သားရဲဒီရေလှိုင်းတိုက်ခိုက်မှုအတွင်း ရှိခဲ့သော တင်းမာမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများရှိသော အငွေ့အသက်များနှင့်မတူဘဲ မြို့တော်မှာ ယခုအခါ သက်ဝင်လှုပ်ရှားနေသည်။

မြင့်မားသော မြို့ရိုးများနှင့် နန်းတော်အမိုးချွန်များတွင် အင်ပါယာတံဆိပ်များနှင့် အောင်ပွဲခံ အထိမ်းအမှတ် အလံများ တလွင့်

လွင့် လွင့်ထူထားသည်။

အောက်ဘက်ရှိ လမ်းမများပေါ်တွင် ကျင့်ကြံသူများနှင့် သာမန်လူများမှာ ပုခုံးချင်းထိလောက်အောင် စည်ကားနေပြီး သူတို့၏မျက်နှာများမှာ စိတ်လှုပ်ရှားမှုနှင့် စိတ်အေးသွားမှုများကြောင့် တောက်ပနေကြသည်။

ရယ်မောသံများ ပဲ့တင်ထပ်နေသည်။

တေးဂီတသံများ ထွက်ပေါ်နေသည်။

ဝိုင်များကိုလည်း လိုသလောက် သောက်သုံးနေကြသည်။

သာမန်လူများအတွက်မူ မိစ္ဆာတပ်ဖွဲ့များသည် သူတို့၏ တည်ရှိမှုတစ်ခုလုံးကို ခြိမ်းခြောက်နေသော အရာများဖြစ်သည်။

သားရဲဒီရေလှိုင်းသည် ဒေသအတော်များများကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော မိသားစုများမှာ အသက်ရှင်ခွင့် ရပါဦးမလားဆိုသည်ကို စိုးရိမ်ထိတ်လန့်စွာ စောင့်ဆိုင်းနေခဲ့ကြရသည်။

ယခုမူ ထိုကြောက်ရွံ့မှုများ မရှိတော့ပေ။

အောင်ပွဲရခဲ့ပြီပင်

အောင်ပွဲခံရန် ထိုက်တန်လှသည်။

ပိုင်မျိုးနွယ်စု၏ ပျံသန်းရေးသင်္ဘောများ မြို့တော်အထက်သို့ ရောက်ရှိလာသောအခါ အောက်ဘက်ရှိ လူထု၏ တုံ့ပြန်မှုမှာ ချက်ချင်း ထွက်ပေါ်လာသည်။

အံ့အားသင့်သော အာမေဍိတ်သံများ လမ်းမများထက်တွင် ပျံ့နှံ့သွားချေ၏

ကြွေးကြော်သံများ ပေါက်ကွဲထွက်လာသည်။

"ပိုင်မျိုးနွယ်စုပဲ”

"ပိုင်မျိုးနွယ်စု ရောက်လာပြီဟေ့”

အောက်ဘက်မှ လူအများသည် တက်ကြွစွာ လက်ဝှေ့ယမ်း ပြကြသည်။ အချို့ကမူ ဗီဇအရပင် ကောင်းကင်ဆီသို့ လက်အုပ်ချီကာ ဦးညွှတ် အလေးပြုကြသည်။

အခြားသူများကလည်း သူတို့၏ ကျေးဇူးတင်စကားများကို အော်ဟစ်ပြောဆိုနေကြပြီး သူတို့စကားကို သင်္ဘောပေါ်မှ ကြားမကြားဆိုသည်ကိုလည်း သူတို့ ဂရုမစိုက်ကြပေ။

မည်သို့ပင် ဖြစ်စေ လူတိုင်း အမှန်တရားကို သိနေကြသည်။

သားရဲဒီရေလှိုင်းတိုက်ခိုက်မှုအတွင်း ပါဝင်တိုက်ခိုက်ခဲ့သော အင်အားစုအားလုံးထဲတွင် ပိုင်မျိုးနွယ်စုက အများဆုံး ပါဝင်ကူညီခဲ့ခြင်း ဖြစ်သည်။

သူတို့သာမရှိလျှင် မြောက်ဘက်ကာကွယ်ရေးစည်းမှာ ပြိုလဲသွားပေလိမ့်မည်။

သူတို့သာမရှိလျှင် မိစ္ဆာတပ်ဖွဲ့များကို ပြန်လည်မောင်းထုတ်နိုင်မည် မဟုတ်ပေ။

အင်ပါယာရှိ လူများအတွက် ပိုင်မျိုးနွယ်စုမှာ အင်အားကြီးသော မျိုးနွယ်စုတစ်ခုမျှသာ မဟုတ်တော့ဘဲ သူတို့၏ ကယ်တင်ရှင်များပင် ဖြစ်သည်။

ခရီးစဉ်သည် ဆက်လက်ထွက်ခွာလာပြီး အတွင်းပိုင်းရပ်ကွက်များကို ဖြတ်ကျော်ကာ အင်ပါယာနန်းတော်ဝင်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။

ဧကရာဇ်မိသားစု၏ နယ်မြေသည် ကျယ်ဝန်းလှပြီး မျိုးနွယ်စုကြီးများ၏ ဝင်းများထက်ပင် များစွာ ကြီးမားလှသည်။

ကျယ်ဝန်းလှသော ဆင်းသက်ရာ စင်မြင့်များအထက်တွင် ကာကွယ်ရေး အစီရင်စုများမှာ လင်းလက်တောက်ပနေပြီး ထူးဆန်းသော သင်္ကေတများသည် ချီစွမ်းအင် အပြောင်းအလဲတိုင်းကို စောင့်ကြည့်ရန် ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။

အင်ပါယာကိုယ်ရံတော် တပ်သားများသည် စနစ်တကျ တန်းစီရပ်နေကြပြီး သူတို့၏ ချပ်ဝတ်တန်ဆာများသည် နံနက်ခင်း နေရောင်အောက်တွင် ပြောင်လက်နေသည်။

ပိုင်မျိုးနွယ်စု၏ သင်္ဘောများ နီးကပ်လာသောအခါ အခင်းအကျင်းများက ချက်ချင်း လမ်းဖွင့်မပေးသေးပေ။

ထိုအစား အခင်းအကျင်းများမှ အလင်းတန်းအချို့ ဆင်းသက်လာပြီး သင်္ဘောကိုယ်ထည်များ၊ ပိုင်မျိုးနွယ်စု တံဆိပ်များနှင့် သင်္ဘောပေါ်ရှိ ကျင့်ကြံသူများကို စစ်ဆေးလိုက်သည်။

အင်ပါယာအရာရှိတစ်ဦး ရှေ့သို့ လှမ်းလာခဲ့ပြီး သူ၏ အကြည့်မှာ ထက်မြက်ပြီး ကျွမ်းကျင်မှု ရှိလှသည်။

ခေတ္တမျှ ကြာပြီးနောက် အခင်းအကျင်းများ ငြိမ်သက်သွားသည်။

အရာရှိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားချေ၏

ချက်ချင်းပင် လက်အုပ်ချီကာ အလေးအနက် ဦးညွှတ်လိုက်သည်။

"ပိုင်မျိုးနွယ်စု ခရီးစဉ်ဖြစ်ကြောင်း အတည်ပြုပြီးပါပြီ" သူက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "ဒီလို စစ်ဆေးရတဲ့အတွက် ခွင့်လွှတ်ပေးကြပါ”

သူ့အချက်ပြမှုအရ ကိုယ်ရံတော်များမှာ တစ်ညီတစ်ညွတ်တည်း အလေးပြုလိုက်ကြသည်။

စင်မြင့်အထက်ရှိ အခင်းအကျင်းများသည် လှိုင်းများထသကဲ့သို့ ဖြစ်သွားပြီးနောက် လိုက်ကာကို ဘေးသို့ ဆွဲဖွင့်လိုက်သကဲ့သို့ ဖြည်းညှင်းစွာ လမ်းပွင့်သွားကာ နန်းတော်အတွင်းသို့ ဝင်ရန် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ပိုင်မျိုးနွယ်စု၏ သင်္ဘောများ ဆင်းသက်လာကြသည်။

စက်ယန္တရားသံများ ညင်သာစွာ ထွက်ပေါ်လာပြီး စင်မြင့်များပေါ်သို့ တစ်စင်းပြီးတစ်စင်း စနစ်တကျ ဆင်းသက်လိုက်ကြသည်။

သင်္ဘောများ မြေပြင်နှင့် ထိတွေ့သည်နှင့် သင်္ဘောများကို ခိုင်မြဲစွာ ထိန်းထားနိုင်ရန် ကာကွယ်ရေး အခင်းအကျင်းများ ခေတ္တမျှ တောက်ပလာသည်။

သင်္ဘောလှေကားများ ချက်ချင်း ဆင်းမလာသေးပေ။

ယင်ဍအစား ပိုင်မျိုးနွယ်စုဝင်များက အရင် လှုပ်ရှားကြသည်။

ပိုင်မျိုးနွယ်စုဝင် အချို့မှာ အေးစက်ပြီး နိုးကြားသော မျက်နှာထားများဖြင့် ကုန်းပတ်ပေါ်သို့ ထွက်လာကြသည်။

အချို့က စင်မြင့်ပေါ်သို့ ခုန်ဆင်းလိုက်ကြပြီး အချို့ကမူ သင်္ဘောပေါ်မှာပင် ကျန်ရစ်ကာ သူတို့၏ စိတ်အာရုံများကို ပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်ကြသည်။

ဝိညာဉ်အာရုံခံစားမှုများသည် ဆင်းသက်ရာနေရာ၊ နန်းတော်တံတိုင်းများ၊ နီးစပ်ရာ စင်္ကြံလမ်းများနှင့် အင်ပါယာ အခင်းအကျင်းများဆီသို့ပါ စီးဆင်းသွားသည်။

မည်သည့်အရာကိုမျှ မယုံကြည်ပေ။

ဧကရာဇ်မိသားစုကိုပင် သူတို့ မယုံကြပေ။

အတန်ကြာ စစ်ဆေးပြီးနောက် ပုံမှန်မဟုတ်သည်ကို မတွေ့ရတော့မှသာ ပိုင်မျိုးနွယ်စုဝင်များအကြား အချက်ပြလိုက်ကြသည်။

လှေကားများ ဆင်းကျလာသည်။

ပိုင်ထျန်းဟမ်က အရင်ဆုံး ဆင်းလာခဲ့သည်။

သူ၏ ရှိနေမှုမှာ တည်ငြိမ်ပြီး အရှိန်အဝါ ကြီးမားလှကာ သူ၏ အကြည့်မှာ တည်ငြိမ်သော်လည်း ပတ်ဝန်းကျင်ကို ထက်မြက်စွာ စောင့်ကြည့်နေသည်။

ပိုင်ကျီဟန်သည် သူ၏နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာသည်။

ပိုင်ထျန်းဟမ်သည် ခြေတစ်လှမ်းလှမ်းလိုက်ရုံနှင့် သူဆီ ရောက်နိုင်သော အကွာအဝေးတွင် ရှိနေသည်။

ပြင်ပလူတစ်ဦးအဖို့မူ ဤသည်မှာ လိုတာထက် ပိုနေသည်ဟု ထင်ရပေလိမ့်မည်။

သို့သော် ပိုင်ထျန်းဟမ်အတွက်မူ ဤမျှလောက်နှင့်ပင် လုံလောက်သည်ဟု မထင်သေးပေ။

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ လျှောက်လာကာ သူ၏ ကိုယ်နေဟန်ထားမှာ သက်တောင့်သက်သာ ရှိနေပြီး မျက်နှာအမူအရာမှာလည်း မပြောင်းလဲပေ။ သူသည် ယခင်ကအတိုင်းပင်—ရိုးရှင်းသော ဝတ်ရုံဖြင့်ပင်၊ မည်သည့် ကျင့်စဉ်နှင့် ချီစွမ်းအင်မှ မရှိပေ။

လုံးဝ ဒုက္ခိတဖြစ်နေသူတစ်ဦး

သို့သော်လည်း ပိုင်မျိုးနွယ်စုဝင်များသည် အလိုအလျောက်ပင် သူ့ကို ဝန်းရံထားကြပုံမှာမူ အခြားပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ပင်။

အကြီးအကဲ နှစ်ဦးက သူ၏ နောက်ဘက်မှ ဝဲယာခြံရံထားသည်။ ကိုယ်ရံတော် အများအပြားကလည်း ပိုင်ကျီဟန်ဆီသို့ ဦးတည်လာနိုင်သော မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကြိုတင်ကာကွယ်နိုင်ရန် နေရာယူထားကြသည်။

သူတို့နောက်တွင်မူ မဟာအကြီးအကဲ ငါးဦး လိုက်ပါလာကြသည်။

သူတို့၏ ခြေလှမ်းများမှာ ဖြည်းညှင်းသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော ဖိအားမှာမူ လျစ်လျူရှု၍ မရနိုင်လောက်

အောင်ပင်။

သူတို့တစ်ဖွဲ့တည်း ရောက်နေခြင်း မဟုတ်ပေ။

အခြားသော ပျံသန်းရေးသင်္ဘော အချို့လည်း ရောက်နှင့်နေပြီဖြစ်သည်။

ပိုင်ကျီဟန်၏ အကြည့်သည် စင်မြင့်တလျှောက် ဝေ့ဝဲသွားသည်။

လီမျိုးနွယ်စု

ကျောက်မျိုးနွယ်စု

သူတို့၏ တံဆိပ်များမှာ ထင်ရှားလှသည်။

သူတို့၏ သင်ေ္ဘာများသည် ပိုင်မျိုးနွယ်စုနှင့် အတော်လေးဝေးကွာသော နေရာများတွင် ဆိုက်ကပ်ထားကြသည်။

အရေးကြီးသော ပုဂ္ဂိုလ်အားလုံးနီးပါး ရောက်နေကြပုံရသည်။

ပိုင်ကျီဟန်က ရှေ့သို့ လျှောက်လာရင်း ပြုံးလိုက်သည်။

ဒုက္ခိတတစ်ဦးသည် အင်ပါယာ၏ ဗဟိုချက်မသို့ လမ်းလျှောက်ဝင်လာခဲ့ချေပြီ။

အပြင်ဘက်ရှိ အောင်ပွဲခံပွဲသည် အော်ဟစ်သံများနှင့် တောက်ပနေ၏

သို့သော် အင်ပါယာနယ်မြေအတွင်း၌မူ ငြိမ်းချမ်းမှုနှင့် ဝေးကွာနေပေလိမ့်မည်။

All Chapters