← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

အပိုင်း (၇)

တိုက်ဆိုင်လိုက်ပါပေ့။ ကျန်းချိန်သည် အဖေကြီးရွှီ အခုလေးတင်ဝင် သွားသည့် အိမ်ကြီးမှာ မိန်းမကြီးပြောသည့် ရွာသူကြီးအိမ်ဖြစ်နေမှန်း မှတ်မိသွားတော့သည်။ စိတ်ထဲတွင် အစီအစဥ်တစ်ခုချလိုက်ပြီး သူက မိန်းမကြီးဆီ သွားလိုက်ပြီး သူတို့ကို အချိန်တစ်ခုပေးဖို့ တောင်းဆိုလိုက်သည်။ သူက သည်အချိန်လောက်ဆိုလျှင် ရွာသူကြီးက အဖေကြီးရွှီနှင့် ပြန်ဆုံစည်းနေရပြီ ဖြစ်သောကြောင့် သူ့ကို မနှောင့်ယှက်လိုကြောင်း ရှင်းပြလိုက်လေသည်။

“ ဒါလည်း အဓိပ္ပာယ်ရှိပါတယ်လေ”

မိန်းမကြီးက သူတို့သည် ရွာသူကြီး၏ဆွေမျိုးများနှင့်အတူ ကပ်ဘေးရှောင်လာသည်ဟု ကြားလိုက်သဖြင့် စိတ်အေးသွားလေသည်။

“ လာကြ၊ ကျွန်မ ရှင်တို့ကို အရင်ဆုံးအိမ်လိုက်ပြမယ်”

သူမသည် လက်ထဲက ခြင်းတောင်းကို ကိုင်ရင်း ပြောလိုက်လေသည်။

သူမက ရှေ့က လျှောက်သွားလိုက်ပြီး ကျန်းချိန်တို့အဖွဲ့က နောက်မှ မြန်မြန်လိုက်သွားလိုက်သည်။

ရွာထိပ်တွင် ခြံဝင်းတစ်ခုရှိပြီး ဘေးတွင် တောင်များနှင့် မြစ်များ ရှိလေသည်။ ခြံဝင်းက အလွန်ကျယ်ဝန်းလှသည်။ ပင်မဆောင်လေးခန်းနှင့် အခန်းပို သုံးခန်းပါရှိသည်။ မီးဖို၊ မြေအောက်ခန်း စသည်ဖြင့်လည်း ရှိသည်။ ပရိဘောဂ တချို့လည်း ရှိသေးသည်။

အိမ်ကတော့ အသစ်မဟုတ်တော့ပေ။ သို့တိုင် အရင်က ကျန်းမိသားစုနေခဲ့သည့်အိမ်ထက် အများကြီး ပိုကောင်းလေသည်။ ကျယ်ဝန်းပြီး ခိုင်ခန့်လှသည်။

“ ဒါက ကျွန်မတို့နေခဲ့တဲ့ အိမ်လေ၊ နောက်ဆုံး ကျွန်မတို့လည်း အိမ်သစ်ဆောက်ပြီးသွားပြီမလား”

အိမ်အသစ်အကြောင်းပြောရင်း မိန်းမကြီး၏မျက်နှာမှာ ပျော်ရွှင်မှုအပြည့်ဖြစ်နေလေသည်။

ကျန်းချိန်သည် သူမ၏အိမ်အသစ်လေးကို အခုလေးတင် တွေ့ခဲ့ရသည်။ ပင်မဆောင် ငါးခန်းပါပြီး ခြံဝင်းနှစ်ခုဖြစ်သည်။ အမှန်ပင် ခမ်းနားလှပေသည်။ အားကျစိတ်များက သူ့စိတ်ထဲတွင် ပေါက်ဖွားလာခဲ့သည်။ သူရော ဘယ်အချိန်ကျမှ ဒီလိုအိမ်မျိုး ပိုင်ဆိုင်ရမှာလဲ။ အဲဒီအချိန်ကျရင်တော့ သူလည်း ကျေနပ်ပျော်ရွှင်မိမှာပဲ။

ရှိလာလိမ့်မှာပါလေ။ သူ မိုင်းတွင်းထဲ ဝင်တာနဲ့ အားလုံးရလာလိမ့်မယ်။ သူသည် အနာဂတ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ အပြည့်ဖြစ်နေတော့သည်။

နှစ်ယောက်သားသည် စျေးတစ်ခု ညှိနှိုင်းလိုက်ကြပြီး တစ်နှစ်လျှင် တစ်လျန် ဟုသတ်မှတ်လိုက်သည်။ ကျန်းချိန်က မနက်ဖြန် ရွာသူကြီးကို သွားရှာပြီး မြို့တွင် သတင်းသွားပို့ပြီးမှ စာချုပ် ချုပ်ရန် စောင့်ဆိုင်းဖို့သာ လိုတော့သည်။

အခုတော့ ကျန်းမိသားစုသည် သည်နေ့ည ထိုနေရာတွင် နေနိုင်လေသည်။

မိန်းမကြီးက ဒေသခံတစ်ယောက်ဖြစ်သည်။ သူမသည် ကျန်းမိသားစုလို အပြင်လူက လိမ်လည်သွားမည်ကို မစိုးရိမ်ပေ။

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကလည်း အလွန်မှ ကျေးဇူးတင်နေကြသည်။ သူတို့သည် လူကောင်းတစ်ယောက်နှင့် တွေ့လိုက်သည်နှင့် ကျေးဇူးတင်စကား ပြောတတ်ကြသည်။ သည်လိုအိမ်ကောင်းတစ်လုံးကို တစ်နှစ်လျှင် ငွေ တစ်လျန် သာ ပေးရသည်တဲ့။

သူတို့သည် အလွန်ယဥ်ကျေးပျူငှာသည်ကို တွေ့လိုက်ရသဖြင့် မိန်းမကြီးက ဝမ်းသာသွားတော့သည်။ သူမသည် သည်အိမ်တွင် ဆယ်နှစ်ကျော်လောက် နေလာခဲ့သည်။ အမှန်ပင် သည်အိမ်ကို သံယောဇဥ် ဖြစ်မိခဲ့သည်။ သည်လိုမိသားစုတစ်ခုကို ငှားပေးရသည့်အတွက် စိတ်အေးရလေသည်။ မဟုတ်လျှင်တော့ တခြားလူက သူမ၏အိမ်ကို ဖျက်ဆီးသွားမည့်အရေးကြောင့် ထိုငွေနည်းနည်းပါးပါးကို လက်ခံလိမ့်မယ်မဟုတ်ပေ။

“ ကောင်းပါပြီ၊ ရှင်တို့တွေ ပင်ပန်းနေကြမှာပဲ၊ သန့်ရှင်းရေးလုပ်ပြီး အနားယူလိုက်ကြအုံး” မိန်းမကြီးက ဝမ်းသာအားရဖြင့် ထွက်သွားတော့သည်။

တံခါးပိတ်လိုက်ပြီးနောက် အမျိုးသမီးချန်က တောက်ပနေသည့်အိမ်ကို ကြည့်ရှုလိုက်၏။ ထို့နောက် သူမက ကျန်းချိန်နှင့် တခြားသူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများက တစ်ဖန် နီရဲလာပြန်သည်။ နောက်ဆုံးတော့ သူတို့တွေ နေစရာ နေရာတစ်ခု ရှိလာပြီလေ။

ကျန်းချိန်လည်း ခံစားချက်တက်လာတော့သည်။ သူမ၏လက်ကို ကိုင်ထားရင်း ပြောလိုက်၏။

“ အဆင်ပြေလာတော့မှာပါ”

အမျိုးသမီးချန်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။ သူမသည် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ရာ သည်စကားကို ပြောလေ့ရှိတတ်သော်လည်း အခုတော့ သူမ ယုံကြည်မိလေသည်။ ဟုတ်တယ်။ အခြေအနေ ကောင်းလာတော့မှာပါ။

မိသားစုက အိမ်ကို စတင် သိမ်းဆည်းလိုက်ကြသည်။

အိမ်ကို ကောင်းကောင်း မွန်မွန် ထိန်းသိမ်းထားခဲ့သည်။ အနည်းငယ် သန့်ရှင်းရေး လုပ်သည်နှင့် နေထိုင်လို့ရသွားတော့သည်။

ကျန်းယွင်ကျူးက သူမ၏အခန်းကို သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေသည်။ နောက်ဆုံးတော့ ငါ အိပ်ရာတစ်ခုနဲ့ ပြန်အိပ်နိုင်သွားပြီ။ အဖေကြီးရွှီရဲ့ ဆွေမျိုးတွေကို သွားရှာတဲ့ ခရီးက ဒီလောက်ချောမွေ့နေမယ်လို့ မထင်ထားခဲ့ဘူး။ သူတို့တောင် အကျိုးအမြတ်ရခဲ့သေးတယ်။

ကျန်းဝူက စိတ်လှုပ်ရှားကာဖြင့် ဟိုပြေး သည်ပြေးလုပ်ကာ ဟိုနားသွားကြည့်လိုက် သည်နားလာကြည့်လိုက် လုပ်နေသည်။ မကြာခဏဆိုသလို သူက အပြုံးလေးဖြင့် အမျိုးသမီးချန်နှင့် တခြားသူများကို မေးတတ်သေးသည်။

“ အမေ သားတို့ နောက်ဆို ဒီမှာ တကယ်နေလို့ရသလား”

“ဒါပေါ့”

အမျိုးသမီးချန်နှင့် တခြားသူများကလည်း မမောနိုင် မပန်းနိုင် သူ့ကို ပြန်ဖြေပေးကြသည်။ ကြီးမားသည့် ခြံဝင်းကြီးသည် တစ်ဖန် အသက်ဝင်လာခဲ့လေသည်။

ညနေခင်းတွင် လူတစ်ယောက်က တံခါးလာခေါက်သည်။ မိန်းမကြီးက ကျန်းမိသားစုသည် အခုမှ သည်နေရာသို့ ရောက်လာပြီး စားစရာမရှိသည်ကို တွေးမိသဖြင့် စွပ်ပြုတ်ပူပူတစ်အိုးနှင့် ဂျုံဖြူများ ရောထားသည့် မုန့်ခြောက်အနည်းငယ်ကို ယူလာပေးခြင်းဖြစ်နေလေသည်။

“ ဘယ်ဖြစ်မလဲ၊ ကျွန်မတို့ လက်မခံပါရစေနဲ့ရှင်” အမျိုးသမီးချန်က မြန်မြန် ပြန်ပြောလိုက်လေသည်. ဂျုံဖြူများ ရောထားသည့် မုန့်ခြောက်က အထူးပွဲတော်များတွင်မှ စားရသည့် မုန့်ခြောက်မျိုးဖြစ်သည်။

အမျိုးသမီးကြီးက စိတ်မဆိုးချေ။ ဝူလင်မြို့က လူများသည် ချမ်းသာကြလေသည်။ သည်လိုမုန့်ခြောက်မျိုးက သူတို့၏ နေ့စဥ်စားနေကျအစားအစာပင်။

မုန့်ခြောက်ကို ထားခဲ့ပြီး သူမက ထွက်သွားတော့သည်။

သည်နေ့ညတွင် ကျန်းမိသားစုသည် စွပ်ပြုတ်ပူပူလေးနှင့် မုန့်ခြောက်တို့ကို စားသောက်ခဲ့ရသည်။ သူတို့၏စိတ်ထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရလေသည်။

ဆိုင်းမဆင့် ဗုံမဆင့် အတွေးတစ်ခုက ကျန်းချိန်၏စိတ်ထဲ ဖျတ်ခနဲရောက်လာတော့သည်။ သူတို့တွေ ဒီတစ်ခါ ထွက်ပြေးလာပြီး လက်ထဲမှာလည်း ငွေ ၆လျန်ပဲ ရှိတာ။ အဖေကြီးရွှီတို့ သားအဖနဲ့ တွေ့လို့ ခရီးက ချောမွေ့ခဲ့ရတယ်။ မဟုတ်ရင် ဘယ်လောက်များ ခက်ခဲလိမ့်မလဲ စဥ်းတောင် မစဥ်းစားရဲဘူး။

ကံကောင်းလို့။ ကံကောင်းပေလို့ပဲ။

သာယာသည့် ညချမ်းတစ်ခု ကုန်ဆုံးသွားပြီးနောက် ကျန်းချိန်သည် နောက်တစ်နေ့မနက် စောစောထပြီး၊ ကိုယ်လက်သန့်စင်ကာ ရွာသူကြီး ကုယုံသယ်ကို သွားရှာလိုက်တော့သည်။

ကုယုံသယ်က သူ့ကို မသိသော်လည်း အဖေကြီးရွှီက သူ့ကို ကောင်းကောင်းသိလေသည်။ သူသည် ကျန်းချိန်က သူခိုးကို ကူမောင်းထုတ်ပေးခဲ့သည့်အကြောင်းနှင့် မိသားစုနှစ်ခုက အချင်းချင်း ထောက်ပံ့ကာ ချန်းရှီရွာသို့ ချောချောမောမော ရောက်လာခဲ့သည့်အကြောင်းကို ချက်ချင်း ပြောပြလိုက်လေသည်။ သူ့စကားလုံးများက ကျန်းချိန်ကို ချီးမွှမ်းထားခြင်းပင်။

“ ဒီလို ကိစ္စမျိုး ရှိခဲ့တာကိုး၊ ဒီကိစ္စက လုပ်ရတာလွယ်ပါတယ်”

ကုယုံသယ်က အဖေကြီးရွှီကို ယုံကြည်လေသည်။ ဝူလင်မြို့သည် လက်ရှိတွင် လူဦးရေ နည်းပါးနေလေသည်။ သူ ပြောပေးထားသရွေ့ အဆင်ပြေနိုင်သည်။

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်မျာ” ကျန်းချိန်က ကုယုံသယ်ကို ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် အဖေကြီးကိုလည်း ကျေးဇူးတင်စကားပြောလိုက်လေသည်။

“ ဪ ကျုပ်တို့မိသားစု နှစ်ခုကြားမှာ ဘာကျေးဇူးတင်စရာမှ မလိုပါဘူး” အဖေကြီးရွှီ၏စကားလုံးက လေးနက်သည့်အဓိပ္ပာယ် ရှိနေသယောင်။

အမှန်တွင်တော့ ကျန်းချိန်သည်လည်း ရွှီချင်ရှန့်ကို သဘောကျလေသည်။ ရွှီမိသားစု၏လူဦးရေက ရိုးရှင်းလှသည်။ ကျန်းယွင်ကျူးသာ လက်ထပ်လိုက်လျှင် ဒုက္ခများလိမ့်မည် မဟုတ်ပေ။ သို့သော် သည်ကိစ္စကို ကျန်းယွင်ကျူးနှင့် တိုင်ပင်ရအုံးမည်။ အခုတော့ သည်အကြောင်းပြောရန် အချိန်ကောင်းမဟုတ်သေးချေ။ ထို့ကြောင့် သူက နားမလည်သလို ဟန်ဆောင်နေလိုက်တော့သည်။

ကုယုံသယ်က လက်တွေ့သမားဖြစ်သည်။ အချိန်ကိုက်ပဲ။ အဖေကြီးရွှီနဲ့ ရွှီချင်ရှန့်တို့ကလည်း ဒီမှာ အမြဲနေချင်တာဆိုတော့ ဒီကိစ္စကို လုပ်ရမှာပဲ။

သုံးယောက်သားက မြို့က ရုံးတော်သို့ အတူတူသွားလိုက်ကြသည်။

နှစ်နာရီမပြည့်ခင်မှာပင် ကျန်းချိန်က ဝမ်းသာပျော်ရွှင်သည့်မျက်နှာဖြင့် ပြန်ရောက်လာခဲ့သည်.

“ ပြီးသွားပြီလား”

အမျိုးသမီးချန်က တံခါးနားတွင် ရပ်စောင့်နေ၏။

ကျန်းချိန်က သူ့လက်ထဲက အိမ်ထောင်စုဇယားစာရွက်ကို ပြလိုက်ပြီး

“ ငါတို့တွေ ရွာသူကြီးနဲ့ ရွှီမိသားစုကို ကျေးဇူးကြွေးကြီးတစ်ခု တင်သွားပြန်ပြီ”

ကိစ္စ အဆင်ပြေပြေ ဖြစ်သွားစေရန် ကုယုံသယ်က ရုံးတော်လက်ထဲ ထည့်ပေးခဲ့လိုက်သည့် လက်ဖက်ခြောက်အိတ်ကြီးက အရေးကြီးသည့်အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ရသည်။

သူတို့တွေက ဘယ်လိုလုပ်ပြီး တခြားသူဆီက တစ်ခုခုကို တောင်းဆိုခဲ့ပြီး သူတို့ကို ကုန်ကျခိုင်းလို့ ဘယ်ဖြစ်မလဲ။ ငွေသည် သူ့အတွက် အရေးမပါလျှင်တောင် ကျန်းချန်သည် တစ်ဖက်လူအပေါ် အများကြီးအကြွေးတင်မိသည်ဟု ခံစားနေရလေသည်။ နောက်ပိုင်း သူ့တွင် ငွေရှိလျှင် နှစ်ဆပြန်ပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားလိုက်တော့သည်။ အမျိုးသမီးချန်က အိမ်ထောင်စုစာရင်းစာရွက်ကို ကိုင်ပြီး ဝမ်းသာစွာ ကြည့်နေလေသည်။ ထို့နောက်မှ သူမက သေသေချာချာ သိမ်းထားလိုက်တော့သည်။ သည်လိုဆိုလျှင် သူတို့သည် ဝူလင်မြို့သားဟု မှတ်ယူနိုင်လေသည်။ ဒုက္ခသည်အဖြစ် အာဏာပိုင်အစိုးရ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်စရာ မလိုတော့သလို မူလနေရာသို့ ပြန်မောင်းထုတ်ခံရမည်ကိုလည်း စိုးရိမ်စရာမလိုတော့ချေ။

“ ငါ အိမ်ငှား စာချုပ်ချုပ်ဖို့ အဒေါ်ကျောက်ဆီ သွားလိုက်အုံးမယ်”

ကျန်းချိန်က သည်ကိစ္စများကို တစ်ခါတည်း စီစဥ်ရန် ဆုံးဖြတ်လိုက်လေသည်။

“ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်” အမျိုးသမီးချန်က ပြန်ပြောလိုက်၏။

သိပ်မကြာခင်မှာပင် နှစ်ယောက်သားသည် စာချုပ်တစ်ခုဖြင့် ပြန်လာရောက်လာခဲ့သည်။ အားလုံးကို အစီစဥ်တကျလုပ်ပြီးသွားလေသည်။

သူတို့လက်ထဲတွင် ငွေ တစ်လျန်တောင် မပြည့်တော့ချေ။ အမျိုးသမီးချန်က ပြောလိုက်၏။

“ ကျွန်မ မြို့တက်ပြီး စားစရာတချို့နဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားဝယ်လိုက်အုံးမယ်”

ငွေ တစ်လျန်က သုံးလို့လောက်ပါ့မလားဟု စဥ်းစားလိုက်လေသည်။ တကယ်လို့ မလောက်ရင်လည်း အမေထားခဲ့တဲ့ ဆံထိုးကို အပေါင်ထားလိုက်ပါမယ်လေ။ သိပ်တော့မလုပ်ချင်ပေမဲ့ သူတို့တွေက အိမ်အသစ်မှာ အားလုံးကို အသစ်ပြန်လုပ်ရမှာမလား။ ပြီးတော့ ရာသီဥတုကလည်း ပိုပြီး အေးလာပြီ။ အနှေးနဲ့ အမြန်တော့ ဂွမ်းစောင်တွေ ရှိထားမှ ရတာ့မှာပဲ။ နေ့တိုင်းနီးပါး အဝတ်အစားတွေလည်း တိုးလာတော့မှာ။ ငွေသုံးရမဲ့နေရာတွေအများကြီးပဲ။

“ နေ့လယ်ကျရင်တော့ မိုင်းတွင်းမှာ အလုပ်ဘယ်လိုရနိုင်မလဲ မေးကြည့်လိုက်မယ်”

ကျန်းချိန်က အိမ်၏အခက်အခဲများကို သိထားသဖြင့် ချက်ချင်း ပြောလိုက်တော့သည်။

နေ့လယ်ခင်းတွင် တစ်ခုခုကို အလောတကြီးစားသောက်လိုက်ပြီး လင်မယားနှစ်ယောက်က တစ်လမ်းစီ သွားလိုက်ကြသည်။

ကျန်းယွင်ကျူးက အမျိုးသမီးချန် မြို့ထဲသွားမည်ဟု ကြားလိုက်ချိန်တွင် သူမလည်း လိုက်သွားဖို့ရာ ချက်ချင်း တောင်းဆိုလိုက်သည်။ သူမသည် သည်နေရာက စျေးနှုန်းများကို စုံစမ်းပြီး ငွေရှာရန် နည်းလမ်းတစ်ခု စဥ်းစားချင်ခဲ့သည်။ ကျန်းချိန်ကတော့ မိုင်းတွင်းမှာ အလုပ်လုပ်မဲ့ကိစ္စက သူ မလုပ်နိုင်ရင် မသွားတာ ပိုကောင်းသေးတယ်လေ။ အရမ်းအန္တရာယ်များတယ်မလား။

ကျန်းလင်နှင့် ကျန်လူများကလည်း ထိုအကြောင်းကို ကြားလိုက်ချိန်တွင် သူတို့လည်း ချက်ချင်း လိုက်ချင်သွားတော့သည်။

အမျိုးသမီးချန်က သူမသည် နောက်ပိုင်းတွင် ဝယ်စရာအများအပြား ရှိသဖြင့် သူတို့လိုက်လာကာ ပစ္စည်းများကို သယ်ကူလည်း အဆင်ပြေသည်ဟု စဥ်းစားလိုက်လေသည်။

လူတချို့က မြို့သို့ အတူတူ သွားလိုက်ကြသည်။

ဟုန်ယဲ့မြို့သည် မြို့ငယ်လေးတစ်ခု ဖြစ်သော်လည်း လူများသည် ချမ်းသာကြသဖြင့် လမ်းများသည် ကျန်းယွင်ကျူး၏ မြို့ဟောင်းလေးထက် အများကြီး စည်ကားလေသည်။ အဝတ်အစား၊ အစားအသောက်၊ ပရိဘောဂ ၊ လား နှင့် မြင်းများရောင်းသူများလည်း ရှိကြသည်။

အမျိုးသမီးချန်က နေရာအနှံ့ စျေးဝယ်ထွက်လိုက်သည်

ကျန်းယွင်ကျူးက ဘယ်ညာကြည့်ရင်း လိုက်လာခဲ့သည်။

လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ အသားအစာသွပ်နှမ်းမုန့်က ၃ ဝမ်၊ အမွေးအကြိုင်ငါးမျိုးနဲ့က တစ်ခုကို ၁ ဝမ်။ အဆီပြည့်အသားမုန့်က တစ်ခုကို ၅ ဝမ်။ တစ်ခုဝယ်ရင် ပြောင်းဆန် ဆန်ပြုတ်တစ်ပွဲနဲ့ အချဥ်ကို အလားပေးတယ်။ အဝေးကနေတောင် သိုးသားစွပ်ပြုတ်ရဲ့အနံ့ကို ရနေတယ်။ တစ်ပွဲ ၁၀ ဝမ်။ ၂ ဝမ် တန် မုန့်ခြောက်နဲ့တွဲလိုက်ရင် ဗိုက်ပြည့်နေမှာပဲ...

ကျန်းယွင်ကျူးက အစားအသောက်ရောင်းသူများကို အထူးတလည် စစ်ဆေးကြည့်လိုက်လေသည်။ သူမသည် ထိုအကြောင်းကို သေသေချာချာ စဥ်းစားထားပြီးဖြစ်လေသည်။ ငါ့မှာ အရင်းအနှီးမရှိ၊ အဆက်အသွယ်မရှိဆိုတော့ တခြားစီးပွားရေး လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါဆိုရင်တော့ အစားအစာလုပ်ဖို့ပဲ ရှိတော့တယ်။ ပင်ပန်းတဲ့အလုပ်ဆိုပေမဲ့ အရင်းအနှီးနည်းတယ်။ အဆင်ပြေသွားတာနဲ့ ငွေရှာနိုင်လိမ့်မယ်။

ခေတ်သစ်မှာတုန်းကတော့ ငါက ချက်ပြုတ်ရတာ သဘောကျတယ်လေ။ အိပ်မက်ထဲမှာတုန်းကလည်း အန်းဖင်နယ်သားအိမ်တော်ရဲ့ စားဖိုဆောင်မှာ နှစ်နှစ်လောက်နေခဲ့ပြီး ဟင်းချက်နည်းတွေကို လေ့လာခဲ့ရတယ်။ နေရာကောင်းတစ်ခု ရှာနိုင်သ၍တော့ အဆာပြေမုန့်တချို့ ရောက်ဖို့က မခက်ခဲလောက်ဘူး။

ဘာလုပ်ရောင်းရမယ်ဆိုတာကိုပဲ မဆုံးနိုင်ဖြစ်နေတာ။

ညနေခင်းတွင် သူတို့အဖွဲ့သည် ပစ္စည်းအပြည့်ဖြင့် ပြန်ရောက်လာကြတော့သည်။

အိုးခွက်ပန်းကန်၊ အစားအသောက်၊ ဆီ၊ဆားနှင့် ဂွမ်းစောင်တစ်ခုချုပ်ရန် ပိတ်စနှစ်အုပ်တို့ကို ဝယ်လာခဲ့သည်။ နောက်ဆုံးတော့ နေနိုင်သွားလောက်ပါပြီလေ။

ကျန်းချိန်က အိမ်တွင် စောင့်နေလေသည်။

“ အလုပ်ခေါ်တဲ့သူနဲ့ သဘောတူညီမှုရခဲ့ပြီးပြီ၊ ငါ မနက်ဖြန် မိုင်းတွင်းမှာ အလုပ်သွားလုပ်ရမယ်၊ တစ်လကို ငွေ၆လျန်တဲ့၊ လုပ်အားခ တစ်လစာ ကြိုယူလို့ရတယ်”

စိတ်လှုပ်ရှားကာဖြင့် သူသည် စကားကို အဆုံးသတ်လိုက်ပြီး အမျိုးသမီးချန်ကို ငွေ ဝမ်တစ်တွဲ လှမ်းပေးလိုက်လေသည်။

အပိုင်း (၇.၂)

လေးလံသည့်ငွေအတွဲတစ်ခုက ငွေတစ်တုံး၏အစွန်းထက် ပိုပြီး အကျိုးရှိနေယောင်။ ထို့အပြင် မိသားစုက လက်ရှိတွင် ငွေပြတ်လပ်နေလေသည်။

“ လစာကို ကြိုထုတ်ထားလို့ ရတယ်တဲ့လား” အမျိုးသမီးချန်က ငွေကို ဝမ်းသာအားရ လက်ခံလိုက်ရင်း မေးလိုက်လေသည်။

“ အလုပ်ခေါ်တဲ့သူက ပြောတယ်၊ အခုတလော မိုင်းတွင်းမှာ လူတွေလိုနေတာတဲ့၊ ဒါကြောင့် ဒီစည်းမျဥ်းကို ထည့်လိုက်တာတဲ့” ကျန်းချိန်က ပြန်ပြောလိုက်သည်။ သူသည် အချိန်ကိုက် ရောက်လာခြင်းပင်။

“ လူတွေအများကြီး သွားကြတာတောင် လူလိုနေသေးတယ်ဟုတ်လား၊ ဒီလောက်ကောင်းတဲ့ လစာနဲ့တောင်လေ....”

အမျိုးသမီးချန်သည် ဝမ်းသာမိသော်လည်း ရုတ်တရက် စိတ်ပူသွားပြန်သည်။

“ ရပါတယ်ကွာ၊ ငါ ကြည့်ခဲ့ပြီးပြီ၊ ငါ ဒီအလုပ်ကို လုပ်နိုင်ပါတယ်၊ ပြီးတော့ မြို့ကလူ အားလုံးကလည်း အဲမှာပဲ အလုပ်လုပ်နေကြတာ၊ အားလုံးက အဆင်ပြေနေတာပဲ၊ ငါ့ကျမှ ဘာဖြစ်နိုင်မှာလဲ” ကျန်းချိန်က သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

အမျိုးသမီးချန်ကလည်း ကျိုးကြောင်းသင့်သည်ဟု စဥ်းစားလိုက်လေသည်။ သူမသည် သူ စောစောစီးစီး အနားယူနိုင်ရန် မြန်မြန်ချက်ပြုတ်ပေးလိုက်၏။

ကျန်းယွင်ကျူးက နားထောင်နေရင်းမှာ ရုတ်တရက် သူမ၏ခေါင်းကို ရိုက်လိုက်တော့သည်။ အမြတ်အများဆုံးရမဲ့နေရာကို ဘယ်လိုလုပ်ပြီး မေ့နေနိုင်တာတဲ့လဲ။

မိုင်းတွင်းမှာ လူတွေအများကြီး အလုပ်လုပ်တာဆိုတော့ စျေးကွက်အလားအလာကလည်း ကြီးမှာပဲ။

သူမသည် ကျန်းချိန်အား မိုင်းတွင်းအကြောင်း အသေးစိတ်မေးမြန်းလိုက်ကာ အစားအသောက်နှင့် နေရာထိုင်ခင်းကို အဓကဦးစားပေးမေးလိုက်လေသည်။

ကျန်းချိန်သည် သည်နေ့တွင် မိုင်းတွင်းသို့ သွားရောက်ကြည့်ခဲ့ပြီးဖြစ်ရာ ထိုအကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်လေသည်။ အစားအသောက်နှင့် ပတ်သက်လျှင် အလုပ်သမားများသည် မနက်ခင်းနှင့် ညနေခင်းအတွက် အိမ်မှာ စားသောက်ကြပြီး နေ့လယ်စာအတွက် ကိုယ်ပိုင်တနပ်စာကို ဝယ်စားကြသည်။ မိုင်းတွင် စားသောက်ဆိုင်တစ်ခု ရှိသည်ဟုဆိုသော်လည်း ထိုနေရာတွင် နေထိုင်ကြသည့် အရာရှိစစ်သားများနှင့် တချို့သော အတွေ့အကြုံရင့် လက်မှုပညာသည်များအတွက် ဖြစ်လေသည်။

နေရာထိုင်ခင်းအတွက်တော့ မိုင်းတွင်းနားတွင် ကြီးမားသည့် ရွက်ဖျင်တဲ့များရှိပြီး အတူတူနေကြရသည့် အဆောင်များနှင့် ပြည့်နေလေသည်။ မိုင်းတွင်းနှင့် အဝေးက အလုပ်သမားရှိလျှင် ထိုနေရာတွင် နေနိုင်သည်။ တစ်လလျှင် ဝမ် ၄၀ သာပေးရသည်။

နေထိုင်ရသည့်အနေအထားမှာ ဆင်းရဲပြီး ငွေအကုန်အကျများသည်။ မိုင်းတွင်းနားက လူအများစုက ငွေသုံးသည်ထက် အိမ်ပြန်ပြီးနေကြသည်။

ကျန်းချိန်သည် တောင်ခြေတွင် စျေးတစ်ခုကိုလည်း တွေ့ခဲ့သေးသည်။ သူ ထိုနေရာသို့ သွားချိန်က အလုပ်လုပ်ချိန်နှင့် ကြုံနေသဖြင့် လူများမရှိပေ။ အလုပ်တက်ချိန်နှင့် အလုပ်ဆင်းချိန်က အလွန်စည်ကားလောက်သည်။

ဒါပဲလေ။ အဲဒီစျေးက ကျန်းယွင်ကျူး လိုချင်တဲ့နေရာပဲ။ သူမသည် မနက်ဖြန်ကျန်းချိန်နှင့် လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ချန်းရှီရွာသည် မိုင်းတွင်းနှင့် နီးသည်။ နောက်တစ်နေ့တွင် ကျန်းချိန်က မနက်စာစားပြီးနောက် ထိုနေရာသို့ အပြေးအလွှားရောက်လာခဲ့သည်။

ကျန်းယွင်ကျူးကလည်း သူ့ဘေးက လိုက်လာခဲ့သည်။

သူတို့နှစ်ယောက် ရွာက ထွက်မလာခင်တွင် သူတို့သည် မိုင်းတွင်းသို့သွားသည့် လူများနှင့် တွေ့ခဲ့လေသည်။ သူတို့သည် မိုင်းတွင်းနှင့် ပိုနီးလာလေလေ သူတို့ဘေးတွင် လူများ ပိုများလာတော့သည်။

တောင်ခြေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အဝေးမှ မီးနှင့် မိးခိုးများထွက်နေသည့် နေရာကြီးတစခုကို တွေ့လိုက်ရသည်။ ပိုနီးလာချိန်တွင်တော့ သူတို့သည် စျေးကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ဆိုင်အများစုက အစားအသောက်သာ ရောင်းချကြသည်။ အနံ့မျိုးစုံက ပတ်ဝန်းကျင်တွင် လွင့်ပျံနေလေသည်။ မနက်စာသာ မစားလာခဲ့လျှင် မြေကြီးတွင် ကပ်နေအောင် ဆွဲဆောင်ခံရပေလိမ့်မည်။

သည်အချိန်တွင် စျေးသည် အလွန်မှ စည်းကားပေသည်။ အလုပ်သမားများနှင့် တာဝန်ကျစစ်သည်များက အစားအသောက်ဝယ်ရန် သည်နေရာသို့ ရောက်လာကြသည်။ လူများ ပြည့်သိပ်ကြပ်ညပ်နေတော့သည်။

“ ချန်း အချိန်ဆိုရင် မိုင်းတွင်းဂိတ်ကို ပိတ်လိမ့်မယ်၊ အဲဒီအချိန်ကျရင်တော့ ဒီမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး” ကျန်းချိန်က ရှင်းပြလိုက်၏။

ချန်းအချိန်သည် မနက်ခင်း ၇ နာရီဖြစ်သည်။ သည်မိုင်းတူးသမားများသည် မနက် ၇နာရီတွင် အလုပ်စဝင်ကြသည်။ နေ့ခင်း တစ်နာရီ အနားပေးသည်။ ညခင်း ၇နာရီမှ အလုပ်သိမ်းလေသည်။ ကျန်းယွင်ကျူးက သူတို့သည် တစ်နေ့လျှင် ၁၁နာရီအလုပ်လုပ်ရသည်ကို တွက်ချက်မိလိုက်သည်။ ထို့အပြင် သူတို့သည် ကိုယ်ကာယအပင်ပန်းဆုံး အလုပ်ကို လုပ်နေခြင်းပင်။ အမှန်ပင် ခါးသီးလှသည့်အလုပ်ဖြစ်လေသည်။

ကျန်းချိန်က သည်အချက်ကို မခံစားမိပေ။ အားလုံးက အလုပ်ပင်။ သည်လို လုပ်အားခ ကောင်းကောင်း ပေးသည်ကိုပင် သူက အလွန်ကျေနပ်နေတော့သည်။

နှစ်ယောက်သားသည် တစ်လမ်းလုံး ဆက်လျှောက်လာခဲ့လိုက်သည်။ ကျန်းယွီကျူး ရောင်းသင့်သည့် အစားအစာများကို ချင့်ချိန်စဥ်းစားလာခဲ့သည်။

သည်အခိုက်တွင် သိသိသာသာ ကွဲပြားနေသည့် အဝတ်အစားတစ်စုံဝတ်ထားသည့် မုတ်ဆိတ်မွေးကြီးတစ်ခုနှင့် လူတစ်ယောက်က သူဘေးမှ ဖြတ်သွားလေသည်။ သူ့နောက်တွင် စစ်သားနှစ်ယောက်က လိုက်လာခဲ့သည်။

“ ဒုစစ်သူကြီးကြီး ဒီနေ့ ဘာစားချက်လဲ၊ ကျွန်တော် သွားဝယ်ပေးမယ်” စစ်သားတစ်ယောက်က မုတ်ဆိတ်မွေးနှင့်လူကို မေးလိုက်လေသ်။

“ ဘာအရသာရှိတာ ရှိလဲ၊ တစ်ချိန်လုံး ဒါတွေပဲ စားနေရတာ၊ ငါ့ပါးစပ်တောင် အရသာပျက်နေပြီ” မုတ်ဆိတ်မွေးနှင့်လူက ညည်းညူးလိုက်၏။

သူတို့သည် မကြာမ ဖြတ်သွားလိုက်ကြတော့သည်။

သို့သော် ကျန်းယွင်ကျူးကတော့ သူမ၏လမ်းကို ရပ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူမ ရောင်းနိုင်မည့်အရာကို စဥ်းစားမိသွားလေတော့သည်။

…

အပိုင်း (၈)

သိုးသားအရိုးတချို့ကို စျေးက ဝယ်လာခဲ့လိုက်သည်။ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုက်များကို ထည့်လိုက်ပြီး သုံးနာရီလောက် ပြုတ်ထားလိုက်၏။ အရိုးများသည် ချက်ပြုတ်ရာမှ အဖြူရောင် ဖြစ်သွားပြီး စွပ်ပြုတ်ရည်မှာ နူးညံ့အိစက်ကာ မွှေးပျံ့နေတော့သည်။ သည်အချိန်တွင် ဂျုံထဲကို ရေများလောင်းထည့်လိုက်သည်။ ဂျုံသားများ ရလာသည်အထိ နှယ်လိုက်ပြီးသည်နှင့် ရေထပ်ထည့်ကာ ဂျုံစေးများ ကုန်သွားသည်အထိ ဆက်တိုက် နှယ်နေလိုက်လေသည်။ ထွက်လာသည့် ရေများကို အရိုးစွပ်ပြုတ်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက်တွင် မုန်လာဥဖြူ၊ ပဲပြား၊ ပဲကြာဆံ၊ ဟင်းနုနွယ်ရွက်တို့ကို ထည့်လိုက်သည်။ နောက်ဆုံးတွင် နှပ်ထားပြီးသား ဂျုံစေးကို အိုးထဲသို့ ထည့်လိုက်လေသည်။ အပူအချိန်မြင့်မြင့်ဖြင့်ဆူပွက်အောင် တည်ထားလိုက်သည်။ အပူချိန်ကို ပြန်ချလိုက်ပြီး စွပ်ပြုတ်ရည်ကို ပျစ်လာအောင် လုပ်လိုက်သည်။ ပူစပ်ကာ အနံ့အရသာထူးကဲသည့် စွပ်ပြုတ်အိုးကြီးတစ်အိုး ပြီးမြောက်သွားတော့သည်။

ထိုအရာက ဒုစစ်သူကြီးကြီးကျောက်က ကျန်းယွင်ကျူးကို သတိရသွားစေအရာပင်။ ဆောင်းဦးနှောင်းပိုင်း ရောက်လာပြီး သူတို့သည် တောင်များကြားတွင် နေနေရသည်။ သည်စွပ်ပြုတ်ကို သောက်ရန် သင့်တော်သည် မဟုတ်ပါလား။ ပူလောင်ပြီး စပ်သည့်အရသာ တစ်ခုပင်။ တစ်ပွဲလောက်သောက်လိုက်လျှင် ဒွာရခုနှစ်ပေါက်လုံး ပွင့်ထွက်သွားပြီး ပြဿနာအားလုံးကို ပြီးဆုံးသွားလိမ့်မည်။

ကျန်းယွင်ကျူးက တစ်ပန်းကန်စာလောင်းထည့်လိုက်ပြီး ဖြတ်ထားသည့် ကြက်သွန်မိတ်နှင့် နံနံပင်တို့ကို အပေါ်က ဖြူးလိုက်ကာ အဘိုးချန်ကို အရင်ဆုံးလှမ်းပေးလိုက်လေသည်။

“ အဘိုး စားကြည့်ပါအုံး”

ကျန်းမိသားစုသည် သိုးသားအရိုးစွပ်ပြုတ်၏ အနံ့ဖြင့် ကျီစယ်ထားရပြီးဖြစ်လေသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် အဘိုးချန်က စမ်းတဝါးဝါးဖြင့် ပန်းကန်လုံးကို ယူလိုက်ပြီး ဇွန်းတစ်ချောင်းဖြင့် ပန်းကန်လုံးထဲက ဟင်းရည်ကို ခပ်လိုက်သည်။

စွပ်ပြုတ်နှင့် တူသော်လည်း လုံးဝအတူကြီးတော့ မဟုတ်ပေ။ အနံ့ပြင်းပြင်းတစ်ခုက သူ့မျက်နှာကို လာရိုက်ခတ်သွားလေသည်။

ပါးစပ်အတွင်းသို့ ရောက်သွားချိန်တွင်တော့ ငရုတ်ကောင်းမှုန့် အရသာက ပါးစပ်ထဲတွင် ချက်ချင်း ပြန့်သွားသည်။ ထို့နောက် သိုးသားစွပ်ပြုတ်၏ ယူမာမီအရသာက နောက်ကလိုက်လာပြီး မုန်လဥဖြူ၏ ချိုမြိန်သည့်အရသာ၊ ပဲပြား၏ မွှေးရနံ့ စသည့်ပါဝင်ပစ္စည်းများသည် အတူတူ ပေါင်းစပ်သွားကြလေသည်။ ချဥ်စပ်အရသာပင်။ ပြေပျစ်သည့် မွှေးရနံ့က ပါးစပ်ထဲတွင် စိုစွတ်သွားရာ စိတ်ဝိညာဉ်တစ်ခု နိုးထလာသည့်နှယ်။

အဘိုးချန်သည် တစ်ငုံသောက်လိုက်၏။ သူသည် သည်းမခံနိုင်တော့ဘဲ ဒုတိယတစ်ခါ ထပ်သောက်လိုက်ပြန်သည်။ ထို့နောက် တတိယတစ်ခါ။

တစ်ပန်းကန်လုံး ကုန်သွားမှ ကျေနပ်သွားကာ ပန်းကန်လုံးကို ချလိုက်တော့သည်။ သည်အချိန်တွင် ချွေးပေါက်များက သူ့နှာသီးပေါ်တွင် ထွက်ပေါ်လာလေသည်။

“ဘယ်လိုလဲဟင်” ကျန်းယွင်ကျူးက အားတက်သရော မေးလိုက်၏။

“နေလို့ကောင်းလိုက်တာ”

အဘိုးချန်က ထိုအရသာကို ဖော်ပြရန် သည်စကားလုံးကိုသာ သုံးနိုင်တော့သည်။ သည်စွပ်ပြုတ်ကို သောက်လိုက်ရသည်က အလွန်မှ နေသာထိုင်သာ ရှိသွားတော့သည်။

ဒါသည် ကျန်းယွင်ကျူးလိုချင်သည် အဖြေပင်။ သူမသည် အပြုံးတစ်ခုဖြင့် ချက်ချင်း မေးလိုက်တော့သည်။

“ ဒါဆို အဘိုး ၊ ကျွန်မ ဒီစွပ်ပြုတ်ကို ရောင်းမယ်ဆိုရင် အဘိုးဘယ်လိုသဘောရလဲ”

သူမသည် ဟူလထန်း (ငရုတ်ကောင်းစွပ်ပြုတ်) ကို ရောင်းချင်ခဲ့သော်လည်း အမျိုးသမီးချန်က သဘောမတူချေ။ မိသားစုတွင် သည်ငွေနည်းနည်းလေးသာ ရှိလေသည်။ စီးပွားရေး အလုပ်ရန် သုံးလိုက်ပြီကာမှ အရှုံးပေါ်သွားလျှင် သူတို့မိသားစုသည့် ပါးစပ်ဟရင်း အနောက်မြောက်လေကိုသာ စားရလိမ့်မည်မဟုတ်ပါလား။

တခြားရွေးစရာ မရှိတော့သဖြင့် ကျန်းယွင်ကျူးက အဘိုးချန်ထံမှ အကူအညီတောင်းရတော့သည်။ သူ့စကားလုံးများက အရေးပါသေးလေသည်။

အဘိုးချန်က အဖြေပြေးရန် မလောချေ။ သူခေါင်းငုံ့လိုက်ပြီး ခဏလောက် သေချာစဥ်းစားလိုက်၏။ သူက မေးလိုက်ပြန်သည်။

“ ဒီစွပ်ပြုတ်တစ်အိုးရဲ့ အခြေခံကုန်ကျစားရိတ်က ဘယ်လောက်ရှိလဲ”

ကျန်းယွင်ကျူးက အစောကြီးကတည်းက တွက်ချက်ထားပြီးဖြစ်သဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။

“ ပုံမှန်ဆိုရင်တော့ ဒီစွပ်ပြုတ်ကို သိုးသားနဲ့ ချက်တာ အရသာပိုကောင်းတယ်၊ ဒါပေမဲ့ သိုးသားအရိုးကို သုံးရင် ပိုပြီး သက်သာတယ်၊ ဒီသိုးသားအရိုးက ၉ ဝမ်ပဲ ကျတာ ၊ များများဝယ်ရင် ပိုပြီး သက်သာနိုင်တယ်၊ ကျန်တာက ဂျုံပဲ၊ ဂျုံ ပေါင် ၄၀၀ ကို သုံးဝမ်ပဲ၊ အသီးအရွက်နဲ့ဆိုရင် ဒီစွပ်ပြုတ်ကို ပါ့ကျိမ်းစွပ်ပြုတ်လို့ ခေါ်တယ်၊ စွပ်ပြုတ်ထဲမှာ အသီးအရွက် ၈မျိုးပါတဲ့ အဓိပ္ပာယ်ပေါ့၊ ဒီဟင်းမျိုးတွေကို ရာသီအလိုက်တွဲဖက်စားလို့ရတယ်၊ ကျွန်မက ဒီရာသီမှာ စျေးအပေါဆုံးနဲ့ အရသာအရှိဆုံး အသီးအရွက်ကို သုံးထားတာ၊ ဒါကို ထပ်ပေါင်းလိုက်ရင် ၃ ဝမ်၊

နောက်ဆုံး ဟင်းခတ်အမွှေးအကြိုင်၊ ထင်းဖိုး၊ ဘာညာဆိုရင် ၃ ဝမ်၊ ဒီတစ်အိုးရဲ့ စုစုပေါင်း ကုန်ကျစားရိတ်က ၁၈ ဝမ်ပဲရှိတယ်”

အဘိုးချန်သည် ထိုစကားကို ကြားလိုက်ရတော့ အံ့ဩသွားတော့သည်။ ဒီလောက် စွပ်ပြုတ်အိုးကြီးတစ်အိုးက ဒီလောက်နည်းနည်းလေးပဲ ကုန်တယ်တဲ့လား။

“ ဒါဆို ဒါကို တစ်ပွဲ ဘယ်လောက်နဲ့ ရောင်းမှာလဲ” သူသည် တစ်ခုခု လိုနေသည်ကို ခံစားမိသဖြင့် ချက်ချင်းမေးလိုက်လေသည်။

“ တစ်ပွဲကို ၂ ဝမ်၊ ဒီစွပ်ပြုတ်တစ်အိုးက ပွဲ ၂၀ စာလောက် ရလိမ့်မယ်၊ သဘောက ၄၀ ဝမ်ဖိုး ရောင်းနိုင်မှာပေါ့”

အဘိုးချန်သည် ကြားလိုက်ရသည့်စကားကြောင့် အံ့ဩသွားတော့သည်။ ဒီလောက်အရသာရှိပြီး များတဲ့ စွပ်ပြုတ်က တစ်ပွဲကို ၂ ဝမ်ပဲ ကျသင့်မှာတဲ့လား။ အဲလိုဆိုရင်တောင် အမြတ်က ၂ဆနီးပါး ရှိတယ်။ ကောင်းလိုက်တဲ့ စီးပွားရေးပဲ။ ဒါ တကယ်ကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။

သူသည် သူ့တောင်ဝှေးကို နှစ်ချက်လောက် ရိုက်လိုက်ပြီး ရုတ်တရက် အကြံပေးလိုက်လေသည်။

“ ဒီစွပ်ပြုတ်ကို တစ်ခုခုနဲ့ တွဲရောင်းသင့်တယ်”

ကျန်းယွင်ကျူးကလည်း ထိုအကြောင်းကို စဥ်းစားခဲ့သေးသည်။ သူမသည် ဂျုံဖြူပန်ကိတ်နှင့် အသားနှပ်တချို့ကို လုပ်ချင်လေသည်။ ပန်ကိတ်ကို စွပ်ပြုတ်ထဲတွင် နစ်စားနိုင်သလို အသားညှပ်ကာ စားနိုင်ပြီး၊ သူ့ချည်းသပ်သပ်လည်း စားနိုင်သည်။ အိမ်တွင် လုပ်နိုင်ပြီး ထိုနေရာတွင် ချက်ချင်း ရောင်းချနိုင်သည်။

တောင်ခြေက စျေးတွင် အစားအသောက်ရောင်းခြင်း၏ အဓိကအချက်မှာ အရှိန်ပင်ဖြစ်သည်။

အဘိုးချန်သည် မြေးမလေးက စီးပွားရေးတစ်ခု စ,လုပ်ချင်မှန်းသိပြီး ပြဿနာ ပတ်ရှာမှာ မဟုတ်မှန်းလည်း သိသည်။ သူမသည် အားလုံးကို စဥ်းစားထားပြီးသားဖြစ်ပေမည်။

“ ဒါ အလုပ်ဖြစ်နိုင်တယ်လို့ ထင်တယ်” သူက တည်တည်ငြိမ်ငြိမ်ဖြင့် ထောက်ခံလိုက်၏။

အမျိုးသမီးချန်လည်း အခုလေးတင် ကျန်းယွင်ကျူး၏စွပ်ပြုတ်ကို မြည်းကြည့်ခဲ့သည်။ သူမ၏ ရှင်းလင်းပြီး လက်တွေ့ကျသည့် လေသံကို ကြားလိုက်ရချိန်တွင်တော့ သူမ၏စိတ်မှာ စတင် ယိမ်းယိုင်လာတော့သည်။ အခုတော့ အဘိုးချန်၏ အဖြေကို ကြားလိုက်ရပြီး သူမသည် တွေဝေသွားတော့သည်။ ကျန်းယွင်ကျူးကို စမ်းလုပ်ကြည့်ခွင့် ပေးလိုက်ရမည်လားဟူ၍။

“ မင်း လုပ်ချင်တယ်ဆိုရင် သေသေချာချာလုပ်၊ ငါ မင်းရဲ့စွပ်ပြုတ်ကို မြည်းကြည့်ပြီးပြီ၊ ဂျုံပန်ကိတ်နဲ့ လိုက်မယ် မထင်ဘူး၊ အသားပန်ကိတ်နဲ့ဆို ကောင်းမယ်၊ ဒါပေမဲ့ အသားပန်ကိတ်က အရမ်း စျေးကြီးတယ်” သည်အခိုက်တွင် အဘိုးချန်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။

ကျန်းယွင်ကျူးသည် ထိုစကားကို ကြားလိုက်ရပြီးနောက် သူ့ကို လက်မ ထောင်ပြချင်လိုက်လေသည်။ သေချာတာပေါ့။ အဘိုးရဲ့အမြင်က စူးရှပါပေတယ်။ ဒီဟူလထန်း ကို ဂျုံပန်ကိတ်နဲ့ တွဲမစားသင့်ဘူး။ ယိုမော့ထို နဲ့ တွဲစားသင့်တာ။ ယိုမော့ထိုသည် အီကြာကွေးနှင့် ဆင်တူပြီး အီကြာကွေးထက် ပိုသေးကာ အလျားနှင့် အထူက လက်ချောင်းများလောက်သာ ရှိသည်။

လတ်လတ်ဆတ်ဆတ်ကြော်ထားသည့် ယိုမော့ထိုသည် မွသလို ကြွပ်ရွသည်။ ငရုတ်ကောင်း စွပ်ပြုတ်ထဲတွင် လှိမ့်နေပြီး နှစ်ခုက လိုက်ဖက်လေသည်။ အရသာမှာ နှစ်ဆတိုးသွားလိမ့်မည်။

သို့သော် ယိုမော့ထိုကို လုပ်ရသည်က အလွန်လက်ဝင်သည်။ သူတို့သည် သေးငယ်ပြီး ဂျုံနှယ်ဖို့လိုကာ ကြော်ရအုံးမည်။ ထို့ကြောင့် သူမက လက်လျှော့လိုက်တော့သည်။

“ ဒုက္ခများတာကို ဘာလို့ကြောက်နေတာလဲ” အမျိုးသမီးချန်က မြန်မြန် ပြောလိုက်၏။ သူမသည် ဒုက္ခကို မကြောက်ပေ။ သူမက ငွေများကို အချည်းနှီး ရင်းနှီးလိုက်ရမည်ကိုသာ ကြောက်လေသည်။

“ အင်းလေ ဒါဆို ယိုမော့ထို လုပ်မယ်၊ အင်း... အသားပန်ကိတ်ကိုလည်း လုပ်နိုင်ပါတယ်”

ကျန်းယွင်ကျူးတွင် ကိုယ်ပိုင်စဥ်းစားထားသည်များ ရှိလေသည်။

သည်ကိစ္စကို သည်လိုသာ သတ်မှတ်ထားလိုက်တော့သည်။

သည်နေ့လုပ်ထားသည့် စွပ်ပြုတ်များကို အလကား မထားလိုက်နိုင်ပေ။ အမျိုးသမီးချန်က ကရားအိုးကြီးတစ်ခုထဲ အရင်ဆုံး ခပ်ထည့်လိုက်ပြီး ကျန်းယွင်ကျူးအား ရွာသူကြီးနှင့် အဖေကြီးရွှီတို့ထံ သွားပို့ခိုင်းလိုက်သည်။ ထို့နောက် သူမက နောက်တစ်အိုးကို ခပ်ထည့်လိုက်ပြီး အမျိုးသမီးဖန်းဆီသို့ ကိုယ်တိုင်သွားပို့လိုက်လေသည်။ အမျိုးသမီးဖန်းသည် သူတို့ကို အိမ်ငှားပေးလိုက်သည့် မိန်းမကြီးဖြစ်သည်။ သူမသည် အရင်က ကျန်းမိသားစုအတွက် ပန်ကိတ်နှင့် စွပ်ပြုတ်ကို လာပို့ပေးခဲ့ဖူးသည်။ အမျိုးသမီးချန်က ထိုအကြောင်းကို စိတ်ထဲတွင် အမြဲတမ်း မှတ်ထားလေသည်။ သူမသည် အခွင့်အရေးရလျှင် ပြန်လုပ်ပေးချင်သည်က သဘာဝပင်။

ကျန်သည့်စွပ်ပြုတ်များကို ညနေခင်းအတွက် သောက်ရန်ထားလိုက်ပြီး ကျန်းချိန်ကို အာဟာရဖြည့်ပေးရမည်။

နှစ်ယောက်သားသည့် အိမ်ကထွက်လာပြီး တစ်ယောက်က ဘယ်ဘက် ချိုးသွားကာ တစ်ယောက်က ညာဘက်သို့ ချိုးသွားလိုက်သည်။

အမျိုးသမီးချန်ဘက်တွင် ပြောစရာ စကားများများစားစား မရှိပေ။ အမျိုးသမီးဖန်းက သူမ တစ်ခုခုကို ယူလာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူမအတွက် မလွယ်ကူမှန်း သိထားပြီး အိမ်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် မန်ထို လုပ်ထားသဖြင့် သူမက မန်ထို ၅-၆လုံး ပြန်ထည့်ပေးလိုက်လေသည်။ ထိုအရာက အမျိုးသမီးချန်ကို ရှက်ရွံ့သွားစေတော့သည်။

ရွာသူကြီးအိမ်တွင်တော့ ရွှီချင်ရှန့်သည် ခြံထဲတွင် စိတ်လှုပ်ရှားစွာ ရပ်နေလေသည်။ ကျန်းချိန်က သည်နေ့ မိုင်းတွင်းသို့ သွားလိုက်ပြီဖြစ်သည်။ သူကလည်း လိုက်သွားချင်သည်။ သို့သော် သူ့ဝမ်းကွဲဦးလေးက သူ့ကို သွားခွင့်မပြုပေ။

သည်အခိုက်တွင် မျက်လုံးကို ပင့်ကြည့်လိုက်ရာ မြေအိုးတစ်လုံးကို ကိုင်ကာ ထိုနေရာတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

“ယွင်ကျူး”

ရွှီချင်ရှန့်က မြန်မြန်လျှောက်လာလိုက်ပြီး သူမ၏လက်ထဲက ကရားအိုးကို လှမ်းယူလိုက်သည်။

“ ကျွန်မ စွပ်ပြုတ်နည်းနည်းလုပ်ထားလို့၊ အမေက ရွာသူကြီးနဲ့ ဦးလေးရွှီတို့ မြည်းကြည့်ရအောင် သွားပေးလိုက်ပါ ပြောလို့ပါ”

ကျန်းယွင်ကျူးက သူမရောက်လာရသည့် ရည်ရွယ်ချက်ကို ပြုံးကာ ရှင်းပြလိုက်လေသည်။

သူမ စကားပြောလိုက်ချိန်တွင် သူမ၏အသံက ကြည်လင်ပြီး သူမ၏ပါးချိုင့်ကလည်း ပေါ်လာလေသည်။ ရွှီချင်ရှန့်မှာ ပြန်ဖြေဖို့ပင် မေ့သွားလုလု ဖြစ်သွားတော့သည်။

“ ငါ ဒါကို ဝမ်းကွဲအဒေါ်ဆီ ပေးလိုက်ပါ့မယ်” ရွှီချင်ရှန့်က အိုးကို မြန်မြန်သယ်ကာ အိမ်ထဲ ဝင်သွားတော့သည်။

သိပ်မကြာလိုက်ခင်မှာပင် သဘောကောင်းသည့် မျက်နှာနှင့် မိန်းမတစ်ယောက်က ထွက်လာပြီး ကျန်းယွင်ကျူးနှင့် ဝမ်းသာအားရ စကားပြောလိုက်လေသည်။

သူမသည် ကုယုံသယ်၏ဇနီး အမျိုးသမီးလင် ဖြစ်လေသည်။

ကျန်းယွင်ကျူးက တာဝန်ကျေကျေ ပြန်ဖြေပေးလိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်သည်။

ရွှီချင်ရှန့်က သူမကို တံခါးနားအထိ လိုက်ပို့ပေးလေသည်။

ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်၏။ သူ သူ့လက်ထဲက မြေအိုးအလွတ်ကို ငါ့ကို မပေးတော့ဘူးလား။

ရွှီချင်ရှန့်မှာ အမှန်ပင် မြေအိုးကို မပေးချင် ဖြစ်နေလေသည်။

“ ငါ့ဝမ်းကွဲဦးလေးက ပြောတယ်၊ ငါ့မိသားစုမှာ မြည်းတစ်ကောင် ရှိတယ်ဆိုတော့ သယ်ယူပို့ဆောင်ရေးက မိုင်းတွင်းလောက် ပိုက်ဆံမရပေမဲ့ ငွေရှာက ပိုလွယ်ပြီး ပိုပြီးလွတ်လပ်တယ်တဲ့”

သည်အခြေအနေသို့ ရောက်လာပြီးဖြစ်သဖြင့် ကျန်းယွင်ကျူးက သူ့ကို အထင်လွဲသွားမည်စိုးကာ မြန်မြန် ထပ်ပြောလိုက်လေသည်။

“ တကယ်တော့ ငါလည်း ပင်ပန်းမှာ မကြောက်ပါဘူး၊ ငါလည်း မိုင်းတွင်းမှာ သွားလုပ်ချင်ပါတယ်”

သူသည် ငွေမြန်မြန်ရှာပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဆောက်ချင်ခဲ့သည်။ ထို့နောက်တွင်တော့.... သူသည် ကျန်းယွင်ကျူးကို မကြည့်ရဲတော့ချေ။

ကျန်းယွင်ကျူးသည် သူက သူမ၏အဖေနှင့် မိုင်းတွင်းသို့ သွားမည်ပြောခဲ့ပြီးမှ သတင်း မကြားခဲ့ပုံကို စဥ်းစားနေခဲ့ဖူးသည်။ ကိစ္စက သည်လိုဖြစ်နေသည်ကိုး။

“ ရွာသူကြီးက ရှင့်အတွက် အကောင်းဆုံးစဥ်းစားပေးထားပဲ၊ သူ ပြောတာမှန်တယ်လို့ ကျွန်မထင်တယ်”

ကျန်းယွင်ကျူးက ချက်ချင်း ထောက်ခံလိုက်လေသည်။ ငါ့မိသားစုက ဆင်းရဲပြီး မြည်းတစ်ကောင်ဖို့ မတတ်နိုင်တာဘဲ နှမြောစရာ။ မဟုတ်ရင် အဖေ့ကို မိုင်းတွင်း သွားခိုင်းစရာလိုမှာ မဟုတ်ဘူး။

“ သယ်ယူပို့ဆောင်ရေးက အဆင်ပြေတယ်လို့ နင်တကယ်ပဲ ထင်သလား”

ရွှီချင်ရှန့်၏မျက်လုံးများသည် တဖျတ်ဖျတ်လက်သွားတော့သည်။

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးက ဝင်ငွေပိုနည်းတယ်လေ” ရွှီချင်ရှန့်က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်.

ပိုနည်းတယ်တဲ့လား။ ကျန်းယွင်ကျူးကတော့ သည်အလုပ်ကို အလားလာပိုရှိသည်။ ခံစားမိသည်။ ဝူလင်မြို့မှာ မိုင်းတွင်းအလုပ်သမား အများကြီး ရှိတယ်လေ။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လိုအပ်တဲ့ အသွားအလာပိုများတဲ့ လမ်းပိုင်းကို ရွေးချယ်ရုံပဲကို။ စီးသမား မရှိမှာ ဘာပူစရာလိုလို့လဲ။

လူပိုများရင် စျေးလျှော့ပေးလို့တောင် ရသေးတဘ်။ ဒါမှမဟုတ် လစဥ်ကြိုသွင်းတဲ့ စနစ်ကို သုံးပေါ့။ လှည်းတစ်စီးနဲ့ သွားလာဖို့ တစ်လကို ယွမ် ၄၀ ပဲကျမှာ။ တောင်ပေါ်မှာလုပ်ရင်တောင် ယွမ် ၃၀ပဲရတာ။ အရူးတွေပဲ တောင်ပေါ်က ခါးသီးတဲ့ဒဏ်ကို ခံစားချင်ကြတာ။

မြည်းလှည်းတစ်စီးက လူ ၇-၈ယောက်လောက် ဆန့်တာပဲ။ လစဥ်ဝင်ငွေ တစ်ခုနဲ့ဆိရင် ၃လျန်ပဲ။ သူ တစ်နေ့ကို နှစ်ကြောင်းပဲ သွားရင်တောင် မိုင်းတွင်းမှာ သွားလုပ်တာလောက်ကို ရှာနိုင်တာပဲ။

ဒါတောင် မနက်ခင်းနဲ့ ညခင်းပဲ ရှိသေးတယ်။ တခြားအချိန်တွေမှာလည်း ငွေရှာလို့ရနိုင်သေးတယ်လေ။

လုပ်ငန်းက တွင်ကျယ်လာတာနဲ့ သူ မြည်းလှည်းတွေထပ်ဝယ်ပြီး လမ်းကြောင်းကို ပိုချဲ့လို့ရတာပဲ။ အချိန်ပိုင်းလေးကို ကောင်းကောင်းလုပ်နိုင်တယ်။ ပြီးတော့..... အင်းပါလေ။ ကျန်းယွင်ကျူးသည် အများကြီး စဥ်းစားနေမိလေသည်။ ခြုံပြောရလျှင် သူမသည် ကောင်းမွန်သည့် စီးပွားရေးတစ်ခုဟု အမှန်ပင် ထင်မိသည်။ ငါ နည်းနည်းလောက် ထပ်စောင့်လိုက်ရင်ကော။ ငွေအရင်းအနှီး ရလာတဲ့အချိန်ကျရင် ကျန်းချိန်ကို ရွှီချင်ရှန့်နဲ့ ဒီအလုပ်မှာ တွဲလုပ်ခိုင်းလိုက်ရတယ်။

သူမက သူမ၏ အတွေးအနည်းငယ်ကိုသာ ရွှီချင်ရှန့်ကို ပြောပြလိုက်လေသည်။ ကပ်ဘေးရှောင်လာသည့် ခရီးတွင် သူနှင့် အဖေကြီးရွှီကို ကျေးဇူးပြန်ဆပ်သည့် နည်းလမ်းတစ်ခုဟု စဥ်းစားလိုက်လေသည်။

ရွှီချင်ရှန့်မှာ ဆွံ့အနေတော့သည်။ ဒီလိုနည်းနဲ့ လုပ်လို့ရသလား။ ဒါပေမဲ့ သူမ ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ။

ချက်ချင်းပင် သူသည် ယုံကြည်မှုအပြည့်ဖြစ်သွားပြီး “ယွင်ကျူး”

ကျန်းယွင်ကျူးသည် အမှန်ပင် တော်ပြီး ချောမောကာ ဉာဏ်ကောင်းသည်ဟု ခံစားလိုက်ရတော့သည်

သူသည် တစ်ခုခု ပြောမည်ပြင်လိုက်စဥ် ယောက်ျားတစ်ယောက်က လမ်းတစ်ဖက်ကို ဖြတ်ကူးလာလေသည်။ ရှည်လျားသည့်မျက်ခုံးများနှင့် ကြည့်လဲ့နေသည့်မျက်လုံးနှင့် အရပ်မြင့်မြင့်လူတစ်ယောက်။ သိမ်မွေ့ကာ ချောမောလှသည်။ ဆောင်းဦးနေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်တွင် တွယ်ရစ်နေပြီး ခပ်ပါးပါး မှင်ရည် စွန်းနေကာ ကျောက်စိမ်းအသွယ် ချောမောလေသည်။

ကျန်းယွင်ကျူးသည် ထူးခြားသည့်လူများပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်ဟု ဆိုရမည်။ သို့တိုင် သူမသည် လူငယ်လေးကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။ သည်လိုလူမျိုးက သည်လို တောင်ပေါ်ရွာလေးတွင် ရှိနေမည်ဟု ထင်မထားခဲ့ချေ။

ရွှီချင်ရှန်ကလည်း ထိုလူငယ်ကို တွေ့သွားပြီး ချက်ချင်း နှုတ်ဆက်လိုက်လေသည်။

“ ဝမ်းကွဲညီလေး”

လူငယ်လေးက ဝါးပြင်ကြားက နှင်းစက်နှင့် ထင်းရှူးပင်ကြားက လေပြည်လေးနှယ် နွေးထွေးသည့် အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။

ရွှီချင်ရှန့်က သူတို့နှစ်ယောက်ကို ချက်ချင်း မိတ်ဆက်ပေးလိုက်လေသည်။ သူနှင့်အတူ ကပ်ဘေးမှ ထွက်ပြေးလာသည့် ကျန်းယွင်ကျူးနှင့် သူ၏ဝမ်းကွဲညီလေး ကုယန်ကျိုး ။

“ ယန်ကျိုးက ငါနဲ့မတူဘူး၊ သူက ပညာသင်တစ်ယောက်လေ၊ သူက တမြန်နှစ်က စာမေးပွဲအောင်ပြီး ရှို့ချိုင်တစ်ယောက် ဖြစ်သွားပြီ၊ နောက်နှစ် တော်ဝင်စာမေးပွဲ စတာနဲ့.....”

ကုယန်ကျိုးအကြောင်း ပြောရလျှင် ရွှီချင်ရှန့်သည် ဂုဏ်ယူမိလေသည်။

သူ့စကားကို ကြားလိုက်ရသည့် ကျန်းယွင်ကျူးသည် ကုယန်ကျိုးဟူသည့်နာမည်ကို တစ်နေရာရာတွင် ကြားခဲ့ဖူးသလို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိလေတော့သည်။

…

အပိုင်း (၉)

“ မိန်းကလေးကျန်း ခင်မျာ”

ကျန်းယွင်ကျူးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကုယန်ကျိုးက သူမကို သတိပေးလိုက်လေသည်။

ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။ သူမ၏ခေါင်းထဲက ရှုပ်ပွနေသည့် အတွေးများကို ချက်ချင်း ဖြတ်ချလိုက်တော့သည်။ သူမသည် ကုယန်ကျိုးဟုသည့် နာမည်ကို ဘယ်နေရာတွင် ကြားဖူးမှန်း မမိနိုင်ပေ။

သူမက သူ့ကို အခေါင်းအစခြေအဆုံး တစ်ဖန်အကဲခတ်ရင်း နှုတ်ဆက်လိုက်လေသည်။

ကုယန်ကျိုးသည် သူ့ကို အလွန်မှ သိသိသာသာ စိုက်ကြည့်နေသည့် သူမကို အထူးအဆန်း ဖြစ်သွားပြီး သူ့ကို ကြည့်နေခွင့် ပေးထားလိုက်တော့သည်။

သို့သော် ကျန်းယွင်ကျူးက သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြန်တော့မည်အကြောင်း ထုတ်ပြောလိုက်၏။ သူမသည် အိမ်မြန်မြန်ပြန်ပြီး အလုပ်ကိစ္စများအတွက် ပြင်ဆင်ရအုံးမည်။

နှစ်ရက်လောက် အလုပ်များခဲ့ပြီးနောက်တွင်တော့ နောက်ဆုံး အဆင်သင့်ဖြစ်သွားတော့သည်။

တတိယနေ့ မနက်မိုးသောက်ယံတွင် တောင်ခြေက စျေးသည် အသက်ဝင်လာတော့သည်။

သည်အချိန်တွင် မိုင်းတွင်းတွင် နေကြသည့် စစ်သားများသည် တာဝန်လွဲပြောင်းနေကြသည်။ တာဝန်ပြီးဆုံးသွားသည့် စစ်သားများသည် ကျောနှင့် ကပ်နေလောက်အောင် အလွန် ဗိုက်ဆာနေကြလေသည်။ စစ်တပ်က စစ်သားများအတွက် ပန်ကိတ်အိုးကြီးတစ်လုံးနှင့် အသီးအရွက် မဖြစ်သလောက် ထည့်ထားသည့် အရည်ကျဲကျဲ ဟင်းရည်တစ်အိုးကို မနက်စာပြင်ဆင်ပေးထားသည်။ တချို့စစ်သားများက ထိုအရာကိုပဲ စားကြပြီး တချို့ကတော့ သူတို့၏အာဟာရကို ပိုဖြည့်ချင်ကြသည်။ ထို့ကြောင့် သူတို့သည် တောင်ခြေသို့ ဆင်းလာခဲ့လေသည်။

သည်အချိန်တွင် စောစောလာကြသည့် မိုင်းတူးသမားများကလည်း တောင်ခြေသို့ ရောက်လာကြသည်။ ထိုနေရာလေးမှာ လူများနှင့် စည်ကားနေတော့သည်။

စျေး၏ အနောက်မြောက်ထောင့်လေးတွင် ဆွဲဆောင်မှုရှိသည့် ရနံ့တစ်မျိုးကို အဝေးကပင် ရနိုင်လေသည်။

ထိုအနံ့က လူတို့၏ စားချင်စိတ်အားလုံးကို ဆွဲထုတ်လိုက်တော့သည်။

ထိုနေရာသို့ လျှောက်သွားလိုက်လျှင် စျေး၏အဝေးဆုံးထောင့်တွင် ခင်းထားသည့် ဆိုင်လေးတစ်ခုကို တွေ့ရပေမည်။ ဆိုင်ရှေ့တွင် မီးဖိုတစ်ခု ချထားသည်။ မီးဖိုပေါ်တွင် မြေအိုးကြီးတစ်လုံးကို တည်ထားသည်။ မြေအိုးသည် ပွက်ပွက်ဆူနေပြီး အနံ့ပြင်းပြင်းတစ်ခုက တငွေ့ငွေ့ထွက်နေသည်။

လူတစ်ယောက် လာနေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက မြေအိုးအဖုံးကို ဖွင့်လိုက်ပြီး ဇွန်းတစ်ချောင်းနှင့် မြေအိုးထဲက အသားကို မွှေနေလိုက်သည်။

အသားတုံးကြီးတစ်တုံးကို တွေ့ရလေသည်။ နီမြန်းမြန်းအရောင်နှင့် တောက်ပသည့်စွပ်ပြုတ်ထဲတွင် တအိအိ တုန်နေ၏။ မိန်းကလေး၏ ဇွန်းလှည့်လိုက်ချိန်တွင် အရည်ပျစ်ပျစ် စွပ်ပြုတ်သည့် အသားတုံးတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။ မီးအားကလည်း လုံလောက်နေသည်ကို တွေ့ရသည်။

ဆောင်းဦးနှောင်းပိုင်း၏ မနက်ခင်းတွင် အစာအိမ်တို့က ဆာလောင်မှုဖြင့် တောက်လောင်နေကြပြီး ခန္ဓာကိုယ်များကို အေးစိမ့်တို့ ဖုံးလွှမ်းနေလေသည်။ အသားအိုးပူပူလေးကို ရုတ်တရက် တွေ့လိုက်ရသည်တွင် အားလုံးသည် တံတွေးကို မမျိုချဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

လူတစ်ယောက်က ကျန်းယွင်ကျူးအား အသားရောင်းစျေးကို မေးလိုက်၏။

“ ဒီအသားကို အတုံးတုံးပြီး ပန်ကိတ်ထဲ ထည့်စားရတာပါ၊ တစ်ခုကို ၆ ဝမ်ပါ” ကျန်းယွင်ကျူးက သူမဘေးက ပိတ်စကို လှစ်ကာ နှင်းဖြူရောင်ဂျုံအရသာ ပန်ကိတ်ခြင်းတစ်ဝက်ကို ထုတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

၆ ဝမ်တဲ့။ နည်းနည်း စျေးကြီးတယ်။ ဒီမိုင်းအလုပ်သမားတွေက တစ်နေ့မှ လုပ်အားခ ဝမ် ၂၀ ပဲရတာ လူတိုင်း သိတယ်။ အဲဒီစစ်သားတွေကရဲ့ တစ်လစာတောင် ၁၅လျန်ပဲ ရတာ။

ကျန်းယွင်ကျူးသည် ဒီကိစ္စဖြစ်လာမည်ကို အစောကြီးကတည်းက သိထားလေသည်။ သူမသည် လူများကို သည်နေရာသို့ ရောက်လာအောင် အသားနံ့ကို အသုံးချလိုက်ခြင်းပင်။

အချိန်ကိုက်ပင် သူမက ဘေးက သစ်သားစည်ပိုင်းကြီးကို ဖွင့်လိုက်ပြီး အငွေ့တထောင်းထောင်း ထနေသည့် စွပ်ပြုတ် ပူပူတစ်စည်ပိုင်းကို ထုတ်ပြလိုက်လေသည်။ ချက်ချင်းပင် ငရုတ်ကောင်းလို ရနံ့အမျိုးမျိုး ရောနေသည့် ပြင်းရှသည် သိုးသားနံ့တစ်ခုက လူများ၏မျက်နှာဆီသို့ ပြေးဝင်သွားတော့သည်။

“ ဒါက ပါ့ကျိန်းစွပ်ပြုတ်ပါ၊ ဟူလထန်းလို့လည်း ခေါ်တယ်၊ ဒါကတော့ တစ်ပွဲကို ၃ ဝမ်ပါ၊ တစ်ပွဲဝယ်ရင် ယိုမော့ထို ၅ခု အလကားပေးပါတယ်”

သူမသည် ပေါ့ပေါ့ပါးပါးလေသံဖြင့် မိတ်ဆက်ပေးလိုက်တော့သည်။ ဒါသည် အဘိုးချန်နှင့် တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့သည့်အရာပင်။ စွပ်ပြုတ်ကို ၂ ဝမ်အစား ၃ ဝမ် နှင့်ရောင်းလျှင်ပိုကောင်းမည်။ ယိုမော့ထိုကို လက်ဆောင်ပေးသည်က စွပ်ပြုတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိနေမည်။

လူများက လက်ဆောင်ရလိုက်လျှင် အမြဲတမ်း အကျိုးအမြတ်ရသည်ဟု ခံစားတတ်ကြသည်။ သို့သော် သူတို့ မသိလိုက်သည်က စျေးနှုန်းထဲတွင် လက်ဆောင်ပေးထားသည့် ရောင်းစျေးကို ထည့်တွက်ထားသည်ကိုပင်။

ဟူလထန်းတဲ့လား။ သူတို့တွေ တစ်ခါမှမကြားဖူးဘူး။ ဒါပေမဲ့ စွပ်ပြုတ်က အရမ်းမွှေးတာပဲ။ ပြီးတော့ စျေးကလည်း မကြီးဘူး။ ထိုနေရာတွင်ရပ်နေပြီး ထွက်မသွားချင်ကြသည့် လူတချို့က စွပ်ပြုတ်တစ်ပွဲကို ချက်ချင်း ဝယ်လိုက်ကြတော့သည်။

သစ်သားဇွန်းက သစ်သားပုံးထဲမှ ဇွန်းအပြည့်စွပ်ပြုတ်ကို ခပ်ထုတ်လိုက်သည်။ စွပ်ပြုတ်မှာ အမှန်ပင် ပျစ်နှစ်ပြီး ပဲပြား၊ ကြာဆံနှင့် မုန်လာဥဖြူ စသည့်အမယ်စုံအပြည့်ပါသည်ကို တွေ့လိုက်ရသည်။ ဒါနှင့် ယိုမော့ထိုအလကားပေးထားသည်ကပင် ၃ ဝမ်က တန်နေပြီ။

အရည်ပျစ်ပျစ် စွပ်ပြုတ်တစ်ဇွန်းကို သောက်လိုက်ပြီးနောက် ငရုတ်ကောင်းအရသာက သူတို့ခေါင်းထဲသို့ ထိုးတက်သွားလေသည်။ သူတို့သည် လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။ အစပ်အရသာ။ မတရားစပ်နဲ့ အရသာ။ ဒါပေမဲ့ ကွက်တိပဲ။ စပ်ရုံတင်မကဘူး သိုးသားအနံ့နဲ့ ရောနေတဲ့ ခပ်ပါးပါးချဥ်ဖြုံးဖြုံးအရသာ အပြင် တခြားအရသာတွေလည်း အများကြီးပါသေးတယ်။ ထိုအရာက လူများကို သွားရည်များ ကျလာစေပြီး ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး နေသာသလို ခံစားလိုက်ရတော့သည်။

ဒါက စွပ်ပြုတ်တစ်ပွဲဆိုပေမဲ့ စွပ်ပြုတ်ချည်း သက်သက်ပဲမဟုတ်ဘူး။ ပါးစပ်ထဲမှာ ဝါးနေရတဲ့ တစ်ခုခုလည်း ပါသေးတယ်။ စားစရာ တစ်ခုခုပါတယ်။

ပြီးရင် ယိုမော့ထိုကို စွပ်ပြုတ်ထဲ နှစ်လိုက်။ လုံးဝကို အာသာပြေသွားစေတဲ့ ခံစားချက်ပဲ။

စားနေရင်းပင် လူတချို့က စွပ်ပြုတ်၏အရသာကို ချီးကျူးနေကြလေသည်။ စွပ်ပြုတ်တစ်ပွဲ သောက်လိုက်ပြီးနောက် သူတို့၏ခန္ဓာကိုယ်ထဲက အအေးဓာတ်မှာ ပျောက်ကွယ်သွားတော့သည်။ သူတို့၏နှာခေါင်းဖျားတွင် ချွေးပါးပါးလေးပင် ထွက်လာသေးသည်။ အလွန်မှ စိတ်ကျေနပ်ဖွယ် ကောင်းသဖြင့် နောက်တစ်ပွဲပင် ထပ်စားချင်သွားတော့သည်။

သည်လို ဆောင်းဦးရာသီ မနက်ခင်းတွင် အားအင်ပြည့်စေရန် သည်လို စွပ်ပြုတ်တစ်ပွဲ သောက်လိုက်သင့်သည်။

နေ့သစ်တစ်ခု အစပြုခဲ့လေသည်။

လူတချို့က စွပ်ပြုတ်ကောင်းကြောင်း မှတ်ချက်ပေးကြသည်။ စောင့်ကြည့်နေသည့် တခြားသူများကလည်း သည်းမခံနိုင်တော့ဘဲ တစ်ပွဲလောက် ဝယ်သောက်ပြီး အရသာမြည်းကြည့်ကြသည်။ သူတို့သည် စွပ်ပြုတ်ကောင်းကြောင်းကို စိတ်ထဲမှ လက်ခံသွားကြသည်။

လူတချို့က အသားပန်ကိတ်ကိုပင် စတင် ဝယ်စားကြလေသည်။ စစ်သားများ၏ လစာက မမြင့်သော်လည်း ရတနာသိုက်သဖွယ် မိုင်းတွင်းတစ်ခုကို စောင့်ကြပ်ရခြင်းအတွက် အဆီပါသည့် အစားအစာကို အလျှံပယ်စားနိုင်လေသည်။ ထို့ကြောင့် စစ်သားများသည် သူတို့လက်ထဲတွင် ငွေရှိကြသည်။

အဓိကအကြောင်းအရင်းမှာ အသားနှပ်အနံ့က အလွန်မှ မွှေးပျံ့နေသောကြောင့်ပင်...

ကြွပ်ကြပ်ရွရွအဖြူရောင်ပန်ကိတ်နှင့် စေးကပ်ကာ အိစက်နေသည့် အသားကို နှုပ်နှုပ်စင်းကာ တွဲစားရလေသည်။ ထို့နောက် အနည်းငယ်တောက်ပနေသည့် စွပ်ပြုတ်ထဲတွင် ဖြူးစားလိုက်သည်။ အရသာအမျိုးမျိုး၏ ရနံ့တို့သည် ပါးစပ်ထဲတွင် တိုးဝင်လာလေသည်။ လူများသည် မရပ်တန်း စားသောက်လိုက်ကြတော့သည်။ ဒါက ၆ ဝမ်တန်တဲ့လေ။ အရသာက မြို့က ဖုမန်ကျူက အရသာထက်တောင် ပိုကောင်းတယ်လို့ ထင်ရတယ်။

ဆိုင်က အရောင်းအဝယ်မှာ ရုတ်တရက် ကောင်းလာလေသည်။

အမျိုးသမီးချန်က စွပ်ပြုတ်များကို ချပေးရာတွင် တာဝန်ယူထားပြီး ကျန်းယွင်ကျူးက အသားများကို လှီးကာ အသားပန်ကိတ် လုပ်လိုက်သည်။ ကျန်းလင်နှင့် ကျန်းယွင်ရွှယ်တို့က ပန်းကန်ဆေးကြသည်။ အလုပ်သွားချိန် မရောက်သေးသဖြင့် ကျန်းချိန်က လိုအပ်သည့်နေရာများတွင် ကူညီပေးသည်။ မိသားစုတစ်ခုလုံးမှာ အလုပ်များနေကြလေသည်.

စွပ်ပြုတ်၊ ပန်ကိတ်နှင့် ယိုမန်ထို အားလုံးကို အိမ်မှလုပ်ခဲ့ခြင်းဖြစ်သည်။ ဧည့်သည်များကို ချပေးပြီးလျှင် ပြီးပြီဖြစ်သည်။ ကျန်သည့်အလုပ်မှာ ပန်းကန်များကို သိမ်းဆည်းရန်ပင်။ ကျန်းယွင်ကျူးသည် အားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ အားလုံးက အလုပ်များကြသော်လည်း ပရမ်းပတာ မဖြစ်ပေ။ သူတို့ကို ဘယ်ဧည့်သည်ကို အချိန်အကြာကြီး မစောင့်ခိုင်းရပေ။ ဘယ်ဧည့်သည်မှလည်း ထွက်သွားရသည်ဟု မရှိပေ။

နာရီဝက်ကျာ် ကုန်ဆုံးသွားပြီး အားလုံးလည်း ရောင်းထွက်သွားလေသည်။ မိုင်းတွင်း အလုပ်စချိန်တွင် ကျန်းချိန်က မိုင်းတွင်းသို့ သွားလိုက်ပြီး ဆိုင်ကလည်း လူသူကင်းမဲ့လာတော့သည်။

အားလုံးက သူတို့သည် ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေရသည့်နှယ် ခံစားရလေသည်။ သူတို့သည် စိတ်ပူပန်နေမိသလို တစ်ချိန်ထဲတွင် စိတ်လှုပ်ရှားနေမိတော့သည်။ အခုတော့ သူတို့သည် လုပ်စရာ မရှိတော့သဖြင့် အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြတော့သည်။ ဒီနေ့ လုပ်ငန်း ဘယ်လိုနေပါလိမ့်။ သူတို့အားလုံး ခန့်မှန်းထားပြီးဖြစ်ပေမဲ့ ကျန်းယွင်ကျူးက အတည်ပြုပေးတာကို လိုချင်ကြသေးတယ်လေ။

ကျန်းယွင်ကျူးသည် ငွေသိမ်းသည့်တာဝန်ယူထားပြီး အကြမ်းဖျင်း ခန့်မှန်းပြီးဖြစ်သည်။ သူမသည် အားလုံးကို ပထမဆုံး လက်တစ်ချောင်းထောင်ပြလိုက်ပြီးနောက် လက်တစ်ဖက်ကို ထောင်ပြလိုက်လေသည်။ ဝမ် ၁၅၀ နီးပါးရောင်းရသည့် အဓိပ္ပာယ်ပင်။

အမျိုးသမီးချန်မှာ လုံးဝမယုံကြည်နိုင်တော့ပေ။ စောစောက ကျန်းယွင်ကျူးသည် အိမ်တွင် အဘိုးချန်နှင့် တွက်ချက်ခဲ့ပြီးဖြစ်သည်။ သည်အစားအစာများက တစ်ဝက်နီးပါး အမြတ်ရသည်။ သူတို့သည် ဝမ် ၁၅၀ ဖိုး ရောင်းချခဲ့ရသည်။ သဘောမှာ သူတို့သည် အမြတ် ၇၅ ဝမ် ရခဲ့သည့် အဓိပ္ပာယ်မဟုတ်ပါလား။

တစ်နေ့ကို ၇၅ ဝမ်။ ဒါဆိုရင် တစ်လ ဘယ်လောက်တောင်လဲ။ ငွေလျန် ၂စ.... အမျိုးသမီးချန်သည် သူမ၏မျက်နှာမှာ နီရဲလာပြီး သူမ၏နားများက ပူတက်လာသည်ကိုသာ ခံစားလိုက်ရတော့သည်။ သူမသည် အသက်ပင် လွတ်လွတ်လပ်လပ် မရှူနိုင်တော့ပေ။

“ ပြန်ရအောင်၊ ပြီးရင် နေ့လယ် ဆက်ရောင်းကြမယ်”

သူမသည် ပင်ပန်းသည်ဟု လုံးဝ မခံစားရပေ။ သူမသည် စိတ်တို့ကို သည်လုပ်ငန်းတွင် အပြည့်အဝနှစ်ထားပြီး ကျန်းယွင်ကျူး သည်အလုပ်လုပ်မည် ပြောသည့်အချိန်က သူမ သဘောမတူခဲ့သည့်အဖြစ်ကို လုံးဝမေ့လျော့သွားတော့သည်။

ကျန်းယွင်ကျူးက ချက်ချင်းခေါင်းခါပြလိုက်၏။ စွပ်ပြုတ်က အရသာရှိနေအောင် အချိန်အကြာကြီး မီးအေးအေးနဲ့ ပွက်ပွက်ဆူလာအောင် တည်ထားဖို့ လိုသေးတယ်။ ပန်ကိတ်နဲ့ ယိုမော့ထိုကို လုပ်ဖို့ကလည်း အချိန်လိုသေးတယ်။ သူတို့တွေ မနေ့က စတင်ပြင်ဆင်ခဲ့ပြီး ဒီမနက် ၃နာရီမထိုးခင် အိပ်ရာထပြီး ဒါတွေအားလုံးကို ပြင်ဆင်ခဲ့ရတာ။

နေ့လယ်ခင်း ရောင်းမလို့တဲ့လား။ အချိန်မီ ဘယ်လိုလုပ်နိုင်မှာလဲ။ ပြီးတော့ ဒီလိုစားစရာတွေက နေ့ခင်းရောင်းဖို့ မသင့်တော်ဘူးလေ။

ပြီးတော့ အရမ်းလည်ပင်ပန်းတယ်။ အခုချိန်မှာ အားလုံးက ပွင့်ထွက်လာတဲ့ အင်အားတွေ ရှိနေတာလေ။ ခဏနေ အင်အားတွေ ကုန်သွားရင် အရမ်းအိပ်ချင်လာပြီး မျက်ခွံနဲ့ ပိတ်လာမဲ့အရေးနဲ့ တိုက်ခိုက်ရလိမ့်မယ်။

မနက် ၇နာရီကျော်ကျော်သာ ရှိသေးပြီး စျေးနှင့် ချန်းရှီရွာက နီးလေသည်။ သူတို့သည် ပစ္စည်းများကို ထုပ်ပိုးပြီး ပြန်သွားလျှင် အိပ်ချိန် ရသေးသည်။ ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။

သူမ၏စကားကို ကြားလိုက်ရချိန်တွင် အမျိုသမီးချန်က လက်လျှော့ဖို့ရာ ဆန္ဒမရှိရုံသာ တတ်နိုင်တော့သည်။

မိသားစုက သူတို့၏ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်သို့ ပျော်ပျော်ပါးပါး ပြန်လာခဲ့ကြလေသည်။

ကျန်းအိမ်တံခါးရှေ့တွင် ကျန်းဝူက ရပ်စောင့်နေလေသည်။ သူသည် လမ်းဖက်သို့ မကြာမကြာ ချောင်းကြည့်နေလေသည်။ မိသားစု အရိပ်တချို့ကို မြင်လိုက်ရသောအခါ သူက အတွင်းဘက်သို့ ချက်ချင်းအော်ပြောလိုက်လေသည်။

“အဘိုးရေ အမေနဲ့အိမ်ကလူတွေ ပြန်လာပြီ”

ခြေထာက်တိုတိုလေးဖြင့် သူသည် ခုန်ဆွခုန်ဆွပြေးနေသည့် မြင်းတစ်ကောင်လို အမျိုးသမီးချန်ဆီသို့ အရှိန်ဖြင့် ပြေးသွားလိုက်တော့သည်။

ပျော်ရွှင်မှုအပြည့်ဖြင့် အမျိုးသမီးချန်က သူ့ကို ပွေ့ဖက်ထားလိုက်သည်။ အိမ်တံခါးသို့ ရောက်ချိန်တွင် အဘိုးချန်က ထိုနေရာတွင် ရပ်စောင့်နေလေသည်။

“ ဘယ်လိုလဲ” သူက မေးလိုက်၏။

“ အဆင်ပြေပါတယ်” ကျန်းယွင်ကျူးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

သို့သော် အမျိုးသမီးချန်က သူမကို လှမ်းကြည့်လိုက်လေသည်။ ဘာ အဆင်ပြေတာလဲ။ လုပ်ငန်းက အရမ်းကို ကောင်းတဲ့ဟာကို။ ဒီသမီးက အခုတော့ သူမထက်တောင် ပိုတည်ငြိမ်နေသေးတယ်။

ထိုသို့တွေးလိုက်ပြီး သူမက သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။

မိသားစုက အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယွင်ကျူးက စားပွဲပေါ်သို့ ငွေထည့်ထားသည့်အိုးကို သွန်ချလိုက်ရာ ဝမ်ငွေ အမြောက်အများ ဖိတ်ကျလာတော့သည်။ အသံမှာ ဖော်မပြတတ်အောင် ချွတ်ချွတ်မြည်နေပြီး သာယာနာပျော်ဖွယ်ကောင်းလေသည်။

အမျိုးသမီးချန်သည် ငွေသိမ်းသူတစ်ယောက် ဖြစ်သွားသယောင် စားပွဲနားတွင် ချက်ချင်းထိုင်ချလိုက်ပြီး တစ်ခုချင်း ရေတွက်လိုက်တော့သည်။

၁၆၃ ဝမ်။ ကျန်းယွင်ကျူး ခန့်မှန်းထားသည်ထက် ၁၀ ကျော်ပိုနေသည်။ ကုန်ကျစားရိတ်ကို နုတ်လိုက်လျှင် သူတို့သည် အသားတင်အမြတ် ဝမ် ၈၀ ရှာနိုင်ခဲ့သည်။ ဒါသည် ကျန်းချိန် လစာ၏ ၄ဆ ရှိလေသည်။

အမျိုးသမီးချန်၏ မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် ဝိုင်းစက်သွားတော့သည်။

ကျန်းယွင်ကျူးက အစောကတည်းက သည်စိတ်လှုပ်ရှားမှုကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူမကတော့ ဒါကို အဆင်ပြေသည်ဟုသာ အမှန်ပင် ခံစားမိသည်။ ဒီနေ့ သူတို့မိသားစုမှာ အဘိုးချန်အပါအဝင် အားလုံးက ကိုယ်စီ လုပ်ကူပေးခဲ့ကြတယ်လေ။ စုစုပေါင်း လူခြောက်ယောက်က အလုပ်များခဲ့ပြီးမှ သူတို့တွေ ဝမ် ၈၀ ပဲ ရှာနိုင်ခဲ့တယ်။ ဒါက များလို့လား။

ဒါက ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေတွေပဲ။

တကယ့်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရတာ။ သူတို့တွေ မနေ့ညက နောက်ကျမှ အိပ်ခဲ့ပြီး ဒီနေ့မနက်ကျတော့ သုံးနာရီမထိုးခင် ထခဲ့ရတယ်။ သူတို့တွေ နေ့နဲ့ညတောင် မှားတော့မယ်လေ။

သူမက စဥ်းစားထားလိုက်တော့သည်။ လုံလောက်သည့် ငွေအရင်းအနှီး စုမိလျှင်တော့ သူတို့သည် သည်လုပ်ငန်းကို ရပ်လိုက်သင့်သည်။ မဟုတ်လျှင် အားလုံး၏ကျန်းမာရေးကို ထိခိုက်နိုင်လေသည်။

သို့သော်ငြား အမျိုးသမီးချန်ကတော့ ကျန်းယွင်ကျူးမှာ ကျေနပ်ရောင့်ရဲရမည်ကို မသိဟု ထင်နေလေသည်။ သူတို့လိုလူတွေမှာ ငွေရှာဖို့ ဘာနည်းလမ်းမှ ရှိလာတတ်တာ မဟုတ်ဘူးလေ။ အခုတော့ သူတို့တွေ ငွေအများကြီး ရှာနိုင်တယ်ဆိုရင် စိတ်မကျေနပ်စရာ ဘာမှမရှိပါဘူး။

သူမက ကျန်းယွင်ကျူးကို အိပ်ခန်းသို့ မြန်မြန်ပြန်ရန်သာ ပြောလိုက်တော့သည်။ သူမကတော့ မနက်ဖြန်အတွက် ပစ္စည်းတွေ ပြင်ဆင်ရအုံးမယ်။ ငွေရှာနိုင်သ၍တော့ အလုပ်ကြိုးစားရမှာကော၊ ပင်ပန်းမှာပါ မကြောက်ပါဘူး။

ကျန်းယွင်ကျူးကလည်း သူမကို အနားယူဖို့ တိုက်တွန်းလိုက်သည်။ ငွေရှာမည့်ကိစ္စသည် အဆုံးမရှိသည့် ကိစ္စဖြစ်သော်လည်း ကျန်းမာရေးက အရေးအကြီးဆုံးပင်။ သူမ ဖျားနာလျှင် ငွေသုံးဖို့ပင် လုံလောက်မည် မဟုတ်ပေ။

ထိုအခါမှ အမျိုးသမီးချန်ကလည်း အနားယူရန် သူမ၏အခန်းသို့ ပြန်သွားတော့သည်။

အိပ်ရာပေါ်တွင် လဲလျောင်းရင်း အမျိုးသမီးချန်မှာ အိပ်မပျော်နိုင်ပေ။ ဒီနေ့ အခြေအနေအရဆိုရင် ကျန်းချိန်ရဲ့ လစာပါ ထည့်တွက်ရင် သူတို့တွေ လတိုင်း လျန်၃စနီးပါး ဝင်ငွေရှိတာပဲ။

သူမသည် ကျန်းယွင်ရှို့အကြောင်း တွေးမိပြန်သည်။ သူတို့သာ စောစောစီးစီး ငွေအများကြီး ရှာနိုင်ခဲ့ရင် သူမကို ဘယ်တော့မှ ရောင်းမှာမဟုတ်ဘူး။

အခုနေ ကျန်းယွင်ရှို့က ဘာတွေများလုပ်နေမလဲ၊ သူမကို အနာဂတ်တွင် ပြန်တွေ့ပါ့မလားဟု စဥ်းစားနေမိတော့သည်။

သည်အချိန်တွင် ကျန်းယွင်ရှို့သည် နောက်ဆုံးတော့ သူမ မျှော်လင့်ထားခဲ့သည့်နေရာ အန်းဖင် နယ်စားအိမ်တော်သို့ ရောက်ရှိသွားလေပြီ။

ချန်ဖုန်းတွင် ရှန်ဖုန်းမင် သ-တ်ခဲ့သည့် လူများ၏ ဦးခေါင်းများသည် မြေပေါ်တွင် လူးလှိမ့်နေကြသည်။ ချန်ဖုန်းက လူတိုင်းက အန္တရာယ်ကို ခံစားမိရာ ထိုအရာရှိနှင့် လူချမ်းသာစီးပွားရေးသမားများဆိုလျှင် ပြောစရာပင် မလိုချေ။ ဆောင်ကြာမြိုင်များပင် ဖွင့်လှစ်ဖို့ ကြောက်ရွံ့ခဲ့ကြသည်။ မည်သူက မိန်းကလေးများကို ဝယ်ပါတော့မည်နည်း။

အမျိုးသမီးကျန့်က ထိုချီလင်အစောင့်များက သူမကို သဘောမကျဘဲ သူမကိုလည်း လက်စတုံးလိုက်မည်စိုးသဖြင့် သူမကို ထပ်မရောင်းရဲတော့ပေ။

အသိမိတ်ဆွေများနှင့် တိုင်ပင်ပြီးနောက် သူမသည် မိန်းကလေးတချို့ကို လုစီရင်စုမြို့သို့ ခေါ်သွားလိုက်တော့သည်။

အချိန်ကိုက်ပင် နယ်စားအန်းဖင်အိမ်တော်၏ သခင်မကြီးမွေးနေ့ဖြစ်နေသည်။ အိမ်တော်ထဲတွင် လူအင်အားနည်းနေလေသည်။ ထို့ကြောင့် သူမက ကျန်းယွင်ရှို့နှင့် တခြားမိန်းကလေးများကို အိမ်တံခါးဆီသို့ ခေါ်သွားလိုက်တော့သည်။

နောက်ဆုံးတွင် ကျန်းယွင်ရှို့ကို လျန် ၁၂စ နှင့် စျေးဖြတ်လိုက်လေသည်။

ဒီနေ့ သူမ နယ်စားအန်းဖင်ရဲ့အိမ်တော်ကို ဝင်လာတဲ့ ပထမဆုံးနေ့လေ။ အနောက်တံခါး ထောင့်ကနေ ဝင်လာရတယ်ဆိုပေမဲ့ အပန်းဖြေဇရပ်တွေ၊ မျှော်စင်တွေ နဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦတွေကို ပတ်ကြည့်ခဲ့သေးတယ်။ သူမ အိပ်မက်ထဲက စိတ်ကူးထားခဲ့တာတွေထက် အများကြီးကို လှတာပဲ။

ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် သည်လိုနေရာမျိုး၌ နေခဲ့ရပြီး သူမကတော့ လေဒဏ် မိုးဒဏ်အပြည့်နှင့် ယိုယွင်းနေသည့်အိမ်တစ်လုံးတွင် နေခဲ့ရသည်ကို စဥ်းစားလိုက်မိပြီး သူမသည် အလွန်မှ ကံကောင်းသည်ဟု သိလိုက်ရလေသည်။ ကံကောင်းလို့ သူမ တုတ်အတိုတစ်ချောင်း လုထားနိုင်ခဲ့တာလေ။

ဒီတစ်ခါ နောက်ဆုံးတော့ သူမက ချမ်းချမ်းသာသာ နေရမဲ့အလှည့်ပဲ။

All Chapters