← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အပိုင်း (၁၆)

ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ကုယန်ကျိုးနဲ့ သွားပတ်သက်နေတာလဲ။ ဒါက အိပ်မက်ထဲမှာ လေးနှစ်တာအတွင်း ပထမရ စာတမ်း ကျောင်းသားတစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်နေတာလေ။

အဲဒီနှစ်က ပြိုင်ပွဲအကြီးအကျယ် လုပ်ခဲ့တဲ့နှစ်ပဲ။ ကျောင်းသားတွေအားလုံး မြို့တော်ကို ရောက်လာခဲ့ကြတယ်။ သူတို့တွေ စာမေးပွဲအောင် သွားတာနဲ့ တစ်ပြိုင်ထဲ တကယ့်ကို ‘ နွေဦးလေပြေက မြင်းခွာအတွက် ဂုဏ်ယူခဲ့ရပြီး ကျုပ်ကလည်း တစ်နေ့ထဲမှာ ချန်အန်းက ပန်းလေးတွေကို ရှုစားနိုင်တယ်’ ဆိုတဲ့အတိုင်းပဲပေါ့။

ပြီးတော့ အဲဒီနှစ်ရဲ့ စာမေးပွဲက မန်ချူးတွေကို ပိုပြီး တုန်လှုပ်သွားစေခဲ့တယ်။

ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် စာမေးပွဲတစ်ခုပြီးသွားရင် ပထမရ စာတမ်းရဲ့ကျောင်းသား၊ ဒုတိယ ၊ တတိယ စာဆိုရှင်တို့ရဲ့ အဖြေလွှာတွေကို တစ်လောကလုံးက လူတွေမြင်နိုင်အောင် ကျင်းရွှေတံတားဘေးမှာ ကပ်ထားပေးတယ်။ တစ်ချက်ကာ တော်ဝင်စာမေးပွဲရဲ့ တရားမျှတမှုကို ပြသဖို့ပေါ့။ နောက်တစ်ချက်ကတော့ တလောကလုံးကလူတွေကို ကြိုးကြိုးစားစား လေ့လာဖို့ အားပေးချင်လို့။

ဒါပေမဲ့ အဲဒီနှစ်ရဲ့ ပထမရစာတမ်း ကျောင်းသားရဲ့ အဖြေလွှာထဲမှာ တစ်ခုခု ထူးခြားနေတာကို လူတစ်ယောက်က မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့တယ်။ အပေါ်ယံမှာတော့ မင်းဧကရာဇ်နဲ့ အာဇာနည်တွေအပေါ် သစ္စာရှိတဲ့အကြောင်း လှလှပပ ရေးဖွဲ့ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ ဒါပေမဲ့ အဲဒီအထဲမှာ နောက်ကွယ်က လျှို့ဝှက်ထားတဲ့ အကြောင်းအရာတစ်ခု ပါနေတယ်။

ဝေဖန်ချက်ရဲ့ ပစ်မှတ်က ချီလင်ကိုယ်ရံတော်တပ်မှူး ရှန်ဖုန်းမင်ကို ရည်ရွယ်ထားခဲ့တာ။ သူရဲ့ တဦးတည်းလက်ဝေခံ အာဏာအပါအဝင် အပြစ်မဲ့တဲ့ လူတွေကို မဆင်မခြင်သ-တ်ဖြတ်မှုနဲ့ တခြား ပြင်းထန်တဲ့ ပြစ်မှုဆယ်ခုတို့ကို စာရင်း ပြုစုထားခဲ့တယ်။

တခြားဟာတွေ မပြောနဲ့အုံး။ အပြစ်မဲ့တဲ့သူတွေကို မဆင်မခြင်သ-တ်ခဲ့တာလေ။

လွန်ခဲ့တဲ့ လေးနှစ် ဆောင်းဝင်စ, ညမှာပေါ့ ပထမရ စာတမ်းပိုင်ရှင် ကျောင်းသားရဲ့မိသားစုနဲ့ တစ်ရွာလုံး အသ-တ်ခံလိုက်ရတော့တယ်။ အစိုးရကတော့ သူတို့ကို သ-တ်ခဲ့တာ ဓားပြတွေလို့ ပြောတာပဲ။ ဒါပေမဲ့ ပထမရစာတမ်းပိုင်ရှင် ကျောင်းသားကတော့ သူတို့ကို သ-တ်ခဲ့တာ ရှန်ဖုန်းမင်ပါလို့ အခိုင်အမာ ပြောခဲ့တယ်။

တစ်ရွာလုံး လူ၂၀၀ကျော် ယောက်ျား၊ မိန်းမ၊ လူအို ၊လူငယ်အားလုံးက အကြောင်းမရှိဘဲ ရှန်ဖုန်းမင် သတ်တာ ခံလိုက်ရတယ်တဲ့။

ခဏကြာလာတော့ အစိုးရနဲ့ လူထုက တုန်လှုပ်သွားတော့သည်။ တချို့လူတွေကတော့ ပထမရ စာတမ်းရှင်ကျောင်းသားကို ကွပ်မျက်သင့်တယ်လို့ ပြောကြတဘ်။

တချို့လူတွေကလည်း သူ့ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပြီး ရှန်ဖုန်းမင်ကို သေချာစုံစမ်းစစ်ဆေးဖို့ တောင်းဆိုကြပြီး ဒါက အခြေအမြစ်မရှိတာမဟုတ်ဘူး လို့ပြောခဲ့ကြတယ်။

တစ်နေ့ထဲမှာ ဧကရာဇ်ချင်းလုံက တော်ဝင်အမိန့်တော် သုံးခုကို ထုတ်ပြန်ခဲ့ရတယ်။

ဒီကိစ္စက ကြီးမားတဲ့ ဆူပူလှုပ်ရှားမှုတစ်ခုကို ဖြစ်သွားစေပေမဲ့ လူတော်တော်များများကတော့ ဒီအကြောင်းကို မသိခဲ့ကြဘူး။ ရုံးတော်ကနေပြီး လုံးဝ ဖိနှိပ်ထားခဲ့တာလေ။

ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်ကို အပြစ်မပေးခဲ့ပေမဲ့ သူ့ကို ဆန့်ကျင်တဲ့ လူတစ်စုကတော့ ညီလာခံမှာ ပေါ်ပေါက်လာခဲ့တယ်။ အောက်ပိုင်းမှာလည်း အခြေအနေက ပြင်းထန်နေခဲ့တယ်။

ကုယန်ကျိုးကတော့ သူ ရုတ်တရက် ပေါ်လာတုန်းကလိုပဲ ဘာအစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။

ကျန်းယွင်ကျူးက အဲဒီတုန်းက လင်ထင်အန်းရဲ့ အနီးကပ်အစေခံမလေး ဖြစ်နေပြီလေ။ လင်ထင်အန်းက ဒီကိစ္စကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုလို သဘောထားလို့ သူမကလည်း ဒါနဲ့ပတ်သက်ပြီး တချို့အကြောင်းအရာကို သိခဲ့ရတယ်။

ပထမရ စာတမ်းရှင် ကျောင်းသားက လုစီရင်စုပြည်နယ်က ကုယန်ကျိုး လို့ခေါ်တယ်တဲ့။

ကျန်းယွင်ကျူးကတော့ ဒီကုယန်ကျိုးက ဟိုကုယန်ကျိုး ဟုတ်မဟုတ် သေချာတော့ မသိလေဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက စကားနည်းနည်းပါးပါးကိုပဲ နည်းနည်းပါးပါး ကြားခဲ့တာဆိုတော့။

ဒါပေမဲ့ အခုတော့ ရှန်ဖုန်းမင်က ဒီကိုရောက်နေပြီ....

ရွှီချင်ရှန့်ရဲ့ဆွေမျိုးတွေဆီ အလည်အပတ်သွားတာ အောင်မြင်ခဲ့ပေမဲ့ ချင်းဟယ်ရွာကို သွားခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို စဥ်းစားကြည့်ရင် ဒါက လုံးဝနီးပါး မှန်တော့မယ်ထင်တယ်။

ရွှီချင်ရှန့်နဲ့ အဖေကြီးရွှီတို့က ချန်ရှီရွာက ဆွေမျိုးတွေဆီ အလည်အပတ်သွားခဲ့တယ်။ ရှန်ဖုန်းမင် ရောက်လာခဲ့တဲ့အခါကျတော့ ချန်ရှီတစ်ရွာလုံး အသ-တ်ခံလိုက်ရတယ်။ ရွှီချင်ရှန့်နဲ့ ကုယန်ကျိုးကတော့ လွှတ်သွားတယ်။ ဒါပေမဲ့ သူတို့တွေ လူချင်း ကွဲသွားခဲ့ကြတယ်။ ရှန်ဖုန်းမင်ရဲ့ ပြစ်မှုသက်သေတွေကို စုဆောင်းဖို့ ကုယန်ကျိုး ဘယ်မှာနေခဲ့တယ်ဆို မသိရဘူး။ လေးနှစ်ကြာပြီးတဲ့နောက်မှာ သူက စာမေးပွဲဝင်ဖြေခဲ့ပြီး ဒီလိုထိတ်လန့်စရာဖြစ်ရပ်တစ်ခုကို လုပ်ခဲ့တယ်။ ရွှီချင်ရှန့်ကတော့ ချင်းဟယ်ရွာကို သွားခဲ့ပြီး နောက်ပိုင်း အဲဒီမှာ ကျန်းမိသားစုနဲ့ တွေ့ခဲ့တယ်။

အခြေအနေက ကြောင်တောင်တောင်နိုင်တယ် ထင်ရပေမဲ့ လိုက်စရာ သဲလွန်စတော့ ရှိတာပဲ။

သူမသည် ထိုအကြောင်းကို စဥ်းစားမိလေလေ သည်လိုပဲ ဖြစ်နေမည်ဟု ခံစားရလေလေ ဖြစ်နေတော့သည်။ ကျန်းယွင်ကျူး၏ကျောပြင်မှာ စိမ့်ခနဲဖြစ်သွားတော့သည်။ ဟုတ်နေပါပြီ။ လူသ-တ်နတ်ဘုရားက အိမ်တံခါး လာခေါက်ရင် ကောင်းတာ ရှိလာမှာမဟုတ်ဘူး။ ရွာထဲက လူအားလုံးလည်း အသ-တ်ခံရတော့မှာလား။

ရှန်ဖုန်းမင် တကယ်ပဲ ဒီလိုလုပ်ခဲ့သလား သေချာမသိပေမယ့် သူမရှေ့က အကျပ်အတည်းကတော့ တကယ်ဖြစ်နေပြီ။

ဘာလုပ်ရမလဲ။ သူမက အကြောင်းအရင်းကို မရှင်းပြခဲ့ရင် ကျန်းချိန်နဲ့ တခြားသူတွေက သူမစကားကို သေချာပေါက် လက်ခံကြလိမ့်မှာမဟုတ်ဘူး။ ဒါပေမဲ့ အကြောင်းအရင်းကို ရှင်းပြပြီး ရုတ်တရက် ထွက်ပြေးသွားရင်တောင် ရှန်ဖုန်းမင်ရဲ့ သတိနဲ့ဆိုရင် သူ သူတို့ကို သေချာပေါက် သံသယဝင်သွားလိမ့်မယ်။ ဒါဆိုရင် အဲဒီအချိန်ကျရင် သေသေချာချာရှင်းပြဖို့ နည်းလမ်းမရှိတော့ဘူး။

ပြီးတော့ ကူးပြောင်းလာတဲ့ ကိစ္စလို နေမှာပဲ။ အိပ်မက်ထဲက အကြောင်းအရာတွေကလည်း သူမရဲ့ လျှို့ဝှက်ချက်တွေလေ။ ဘယ်သူ့ကို မပြောပြချင်ဘူး။

ပြီးတော့ အဖေကြီးရွှီ၊ ရွာသူကြီး၊ အဘွားဖုန်း နဲ့ တစ်ရွာလုံးက ရှိသေးတယ်။

ဒါပေမဲ့ သူတို့တွေ မထွက်ပြေးနိုင်ခဲ့ရင် သူမ ဘာလုပ်သင့်လဲ။

ဆောင်းည စတင်ခဲ့လေပြီ။ ဒီနှစ်ဆောင်းရာသီက ၁၁လပိုင်း ၇ ရက်နေ့မှာ စမှာတဲ့။ ဒီနေ့က ဆယ်လပိုင်း ၂၅ရက်နေ့။ သဘောက ၁၃ရက်ကျန်သေးတယ်....

“ ယွင်ကျူး ဘာတွေစဥ်းစားနေတာလဲ” ကျန်းယွင်ကျူးက နေရာတွင်ပင် ရပ်နေဆဲ အမျိုးသမီးချန်က အော်မေးလိုက်တော့သည်။

“ ဘာမှမဟုတ်ပါဘူး” ကျန်းယွင်ကျူးက မြန်မြန်ပြန်ပြောလိုက်၏။

“ အမေ့ကို ကူပါအုံး၊ သူတို့အတွက် စားစရာလေး နည်းနည်းပါးပါး လုပ်ပေးရအောင်” အမျိုးသမီးချန်က ပြောလိုက်၏။

“ ဟုတ်ကဲ့” ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။

ဆူပွက်နေအောင်တည်ထားသည့် အရိုးစွပ်ပြုတ်နည်းနည်းကို ခပ်ယူလိုက်သည်။ အသီးအရွက်နှင့် တခြားပါဝင်ပစ္စည်းများကို ထည့်လိုက်သည်။ ချက်ချင်းပင် ပူပူစပ်စပ်စွပ်ပြုတ် နှစ်ပန်းကန် ရလာလေသည်။

ယိုမော့ထိုက လုပ်ရအနည်းငယ် လက်ဝင်သည်။ ဂျုံနှစ်ကို အခုမှ နှယ်ထားပြီးစဖြစ်နေပြီး အချိန်ခဏကြာအောင် နှပ်ထားပြီးမှ ကြော်လို့ရမည်။

“ ငါ ဘာလုပ်ပေးရမလဲ”

အချက်အပြုတ်နှင့် ပတ်သက်လာလျှင် အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မေးလေ့ရှိသည်။ ကျန်းယွင်ကျူးတွင် အမြဲတမ်းနည်းလမ်းတစ်ခုတော့ ရှိသည်ဟု သူမ ခံစားမိလေသည်။

ဂျုံမှုန့်၊ အမဲသားတစ်တုံး ၊ မုန်လာဥဖြူ၊ ဟင်းနုနွယ်ရွယ်၊ ပဲပြား စသည့်အမယ်များ အိမ်တွင်ရှိနေသည်။ ကျန်းယွင်ကျူးသည် ချက်ချင်းဆိုသလို စိတ်ကူးတစ်ခု ရလာတော့သည်။

ခဏကြာပြီးနောက် အစားအသောက်များ အဆင်သင့်ဖြစ်သွားလေသည်။ သူမနှင့် အမျိုးသမီးချန်တို့သည် မီးဖိုဆောင်ဘေးက အခန်းဆီသို့ ယူလာပေးလိုက်ကြသည်။ ထိုအခန်းထဲတွင် ကျန်းချိန်က ရှန်ဖုန်းနှင့် တခြားလူများအတွက် ရေနွေးနှစ်ခွက် လောင်းထည့်ပေးလိုက်ပြီး လက်ဆေးရန် ရေနွေး ဇလုံတစ်ခု ယူလားပေလိုက်သည်။

ယန်ရှန့်သည် ကျန်းချိန်နှင့် တခြားသူများက သည်နေရာကို ရောက်ရှိလာပုံအကြောင်း အလွန်သိချင်နေလေသည်။

ကျန်းချိန်က သူတို့တွေ့ကြုံခဲ့ရသည်များကို ပြောပြလိုက်၏။

ကျန်းချိန်က ဝူလင်မိုင်းတွင်းတွင် မိုင်းတူးသမားအဖြစ် အလုပ်လုပ်နေဟု ကြားလိုက်ရသောအခါ ယန်ရှန့်သည် ချက်ချင်းစိတ်ဝင်စားသွားပြီး စကားစမြည်ပြောရန် သူ့ကို ဆွဲခေါ်ထိုင်လိုက်တော့သည်။

ကျန်းယွင်ကျူးက ဝင်လာချိန်၌ ကျန်းချိန်က မိုင်းတွင်းအကြောင်း ပြောပြနေသည်ကို ကြားလိုက်ရလေသည်။

သူမက မြန်မြန် စကားဖြတ်ပြောလိုက်ပြီး

“ အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ၊ ကုန်သည်တို့နှစ်ယောက် ဗိုက်ဆာနေမှာပဲ၊ ပူတုန်း မြန်မြန်စားလိုက်ပါအုံး”

ကုန်သည်တို့နှစ်ယောက်ဟု ပြောလိုက်ချိန်တွင် သူမ၏နှုတ်ခမ်းထောင့်များမှာ တုန်ယင်သွားတော့သည်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ကုန်သည်တွေနဲ့ တူမှာလဲ။

ယန်ရှန့်မှာ အလွန်ဗိုက်ဆာနေသည်ဖြစ်ရာ ကျောနှင့်ရင် ကပ်နေလေသည်။ အခုတော့ သူသည် အစားအသောက်အနံ့ ရလိုက်ပြီးနောက် သူ့အာရုံသည် ချက်ချင်းဆွဲဆောင်ခံလိုက်ရတော့သည်။

“အဖေ အမေနဲ့ကျွန်မ မီးဖိုထဲက စွပ်ပြုတ်ပုံး မမ,နိုင်လို့၊ ကျွန်မတို့ကို ကူသယ်ပေးပါအုံး”

ကျန်းယွင်ကျူးက ကျန်းချိန်ကို ပြောလိုက်၏။

“ အေး အေး “ ကျန်းချိန်က ချက်ချင်းထရပ်လိုက်လေသည်။

“ ဘာစွပ်ပြုတ်ပုံးလဲ” ကျန်းချိန်က လှည့်ကြည့်လိုက်သော်လည်း သယ်ပေးရန် လိုနေသည့် စွပ်ပြုတ်ပုံးကို ရှာမတွေ့ချေ။

“အဖေ ဒီလူနှစ်ယောက်က ရိုးရှင်းတယ်လို့ သမီး မထင်ဘူး၊ အဖေ သူတို့ကို မိုင်းတွင်းအကြောင်း လျှော့ပြောသင့်တယ်”

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို သတိထားရန် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့အား အသိပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

“တကယ်လား”

မရိုးရှင်းဘူးတဲ့။ မြို့တော်က လူချမ်းသာစီးပွားရေးသမားတစ်ယောက်ရဲ့ သားဆိုတော့ အင်းပေါ့လေ သူတို့တွေ ဘယ်ရိုးရှင်းပါ့မလဲ။ မြို့တော်က လူချမ်းသာစီးပွားရေးသမားတစ်ယောက်၏ သရုပ်မှန်ကို စဥ်းစားဖို့ရာ ကျန်းချိန်အတွက် အမှန်ပင် မလွယ်ကူချေ။ မြို့နယ်အစိုးရ၏ အရာရှိများကို တစ်ခါမှ မမြင်ဖူးကြသည့် သာမန်လူများသည် ချီလင်ကိုယ်ရံတော်အဖွဲ့၏ တပ်မှူးကဲ့သို့သော အဆင့်မြင့် အရာရှိတစ်ယောက်ကို မည်သို့စဥ်းစားမိနိုင်ပါမည်နည်း။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် အိပ်မက်ထဲတွင် ရှန်ဖုန်းမင်ကို မမြင်ဖူးခဲ့လျှင် သူမသည်လည်း ထိုသို့ စဥ်းစားရဲလိမ့်မည်မဟုတ်ချေ။

“ ကျွန်မအမြင်မှာလည်း သူတို့တွေ စီးပွားရေးသမားတွေနဲ့မတူဘူး” အမျိုးသမီးချန်က ပြောလိုက်၏။

ကျန်းချိန်က အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့၏စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူတို့သုံးယောက်သည် မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် သူတို့အခန်းဆီ ပြန်လာကာ အိပ်လိုက်ကြတော့သည်။

ဘေးအခန်းတွင် ယန်ရှန့်က စားပွဲပေါ်ရှိ အစားအသောက်များကို သဘောကျနေလေသည်။

သူနှင့် ရှန်ဖုန်းမင်တို့သည် သူတို့ရှေ့က စွပ်ပြုတ်ပူပူတစ်ပန်းကန်နှင့် ပန်ကိတ်တစ်ပွဲကို စားသောက်လိုက်ကြသည်။ စွပ်ပြုတ်၏အနံ့မှာ စောစောက တံခါးအပြင်ဘက်တွင် သူရခဲ့သည့် အနံ့နှင့် တစ်ထပ်တည်းပင်။

စားပွဲအလယ်တွင် ဟင်းပွဲ ၅ပွဲ ၆ပွဲလောက် တည်ထားပြီး အမဲတောက်တောက်စင်း၊ မုန်လာဥဖြူပါးပါးလှီးထားသည့်ဟင်း၊ မြစိမ်းရောင်ဟင်းနုနွယ်၊ အဝါရောင်ပဲပြား၊ မှိုနက်နှင့် ပါးပါးလှီးထားသည့် အချဥ်ဟင်းပွဲလေးတစ်ခုတို့ ပါလေသည်။

သည်အရံဟင်းများချည်းသက်သက် အပြင်အဆင်နှင့် အရောင်အသွေးတို့က မျက်စိပသာဒ ဖြစ်လှပေသည်။

ယန်ရှန့်သည် သည်အရံဟင်းများက ပန်ကိတ်နှင့် တွဲစားရမည်ဖြစ်ကြောင်း ချက်ချင်း နားလည်သွားတော့သည်။

သူသည် ထိန်းထားမနေတော့ဘဲ အရင်ဆုံး စွပ်ပြုတ်တစ်ဇွန်းအပြည့် သောက်လိုက်၏။ ဒီစွပ်ပြုတ်က အရသာရှိတယ်ဟ။ သူသည် ပန်ကိတ်ကို မယူဘဲ မနေနိုင်ဖြစ်သွားပြီး ပန်ကိတ်ထဲတွင် သူ့အကြိုက်ဆုံးဟင်းကို ထည့်လိုက်ကာ သူ့ပါးစပ်ထဲ သွင်းလိုက်တော့သည်။

အနည်းငယ်စပ်ဖျဥ်းဖျဥ်းအမဲသား၊ လတ်ဆတ်သည့်မုန်လာဥ နှင့် မွှေးပျံ့နေသည့် ပဲပြားတို့သည် အရသာအပြည့်ဖြစ်နေတော့သည်။

သူ့ပါးစပ်က လုံးဝမရပ်ဘဲ လက်ဖြင့် ရှန်ဖုန်းမင်ကို အချက်ပြလိုက်ကာ မြန်မြန် မြည်းကြည့်ဖို့ ပြောလိုက်လေသည်။ ဒီအစားအစာတွေက တကယ်ကောင်းတာပဲ။

ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်၏။ တကယ်ကြီးလား။ သူက ယန်မိသားစုရဲ့ သားလေ။ ပြီးတော့ နန်းတော်ထဲက တော်ဝင် စားတော်ပွဲတွေကို ရာချီစားခဲ့တဲ့သူ။

ထို့နောက် သူက ပန်ကိတ်ကို လိပ်လိုက်ပြီး မြည်းကြည့်လိုက်တော့သည်။ အနည်းငယ် အံ့ဩသွားပြီး သူက ပန်ကိတ်ကို ကြည့်လိုက်လေသည်။

“ အရသာ ရှိတယ်မလား” ယန်ရှန့်က လက်ထဲက ပန်ကိတ်အားလုံးကို မျိုချလိုက်ပြီး နောက်ဆုံးတော့ စကားပြောရန် အခွင့်အရေးရသွားတော့သည်။

“မဆိုးပါဘူး” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။

ယန်ရှန့်က စားပွဲကို ပုတ်လိုက်ပြီး

“ မင်းဆီကနေ ဒီစကားလေးလုံး ကြားရဖို့ကလည်း တကယ်မလွယ်တာပါကွာ”

သူသည် စကားပြောပြီးသွားသည်နှင့် နောက်ထပ်ပန်ကိတ်တစ်ခုကို ကောက်ယူလိုက်ကာ ဟင်းတချို့ ထည့်လိပ်လိုက်ပြီး ရှန်ဖုန်းမင်းကို ပြောလိုက်လေသည်။

“ ဒီမိန်းကလေးက တော်တော် တော်တယ်လို့ ပိုပြီး ခံစားလာမိတယ်၊ ဒီလိုရွာငယ်လေးမှာ နေနေတာက တကယ် သူ့အရည်အချင်းကို ဖုံးကွယ်ထားတာပဲ၊ သူ့ကို မင်းနောက်လိုက်ခိုင်းဖို့ မစဥ်းစားချင်ဘူးလား”

ရှန်ဖုန်းမင်းက သူ့ကို အေးတိအေးစက် ကြည့်လိုက်လေသည်။ သူဘာတွေပြောနေတာလဲ။

“ ဒါဆို သူ ငါ့နောက်လိုက်ချင်မလားလို့ မေးခွင့်ပြုမလား” ယန်ရှန့်က ပြောလိုက်လေသည်။

“ သူက ဒီတောင်ပေါ်ရွာမှာ တိမ်မြှုပ်နေတာလည်း ဟုတ်ချင်မှာ ဟုတ်မှာပါ” မျက်စိတစ်မှိတ်အတွင်းတွင် ရှန်ဖုန်းမင်သည် ပန်ကိတ်တစ်ချyf ကုန်သွားတော့သည်။

“ ဘာလို့ မတိမ်မြှုပ်ရမှာလဲ၊ မြို့တော်မှာ အဲလောက် သာယာဝပြောတာ....”

“စားစမ်းပါ” ရှန်ဖုန်းမင်က ပြောလိုက်၏။

ယန်ရှန့်က တစ်ဖန် ထပ်ငြင်းလိုက်ချင်လေသည်။ သူသည် ရှန်ဖုန်းမင်၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး တအိအိမြည်သံထွက်အောင် ဆက်စားနေလိုက်တော့သည်။

ခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် ဗိုက်ပြည့်သည်အထိ စားသောက်လိုက်ကြတော့သည်။ ယန်ရှန့် အားရကျေနပ်စွာ ကုလားထိုင်နောက်ကို မှီချလိုက်ကာ ရေတစ်ငုံသောက်ပြီးနောက် ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“ မင်း တကယ်ပဲ မင်းသားခြောက်ကို အခက်တွေ့အောင် လုပ်မလို့လား”

လွန်ခဲ့သည့်ရက်အနည်းငယ်က ဒုဝန်ကြီးလီက စာတိုတစ်စောင်ပို့လာကာ တစ်ဆင့်ပို့လာခဲ့သည်။ စာထဲတွင် မင်းသားခြောက်က ကျောက်ဖင်း စီရင်စုမြို့တွင် လက်နက်များ ခိုးထုတ်နေသည်ဟု ပြောထားလေသည်။

လက်နက်ခိုးထုတ်ခြင်းက ပုန်ကန်မှုမြောက်သည်။

မင်းသားခြောက်အကြောင်း ပြောရမည်ဆိုလျှင် ရှမင်းဆက်၏ အိမ်ရှေ့စံ အခြေအနေကို ထည့်ပြောရလိမ့်မည်။

ရှမင်းဆက်တွင် အိမ်ရှေ့စံတစ်ပါး ရှိခဲ့သည်။ သို့သော် အိမ်ရှေ့စံ အသက်၇နှစ်အရွယ်တွင် အကြောင်းတချို့ကြောင့် နာမကျန်းဖြစ်ခဲ့ရသည်။ ကုသမှုခံယူပြီး အသက်အန္တရာယ် ကင်းသွားသော်လည်း သူ့ခန္ဓာကိုယ်က ပိုပိုပြီး ဝဖိုင့်လာခဲ့သည်။ အခုတော့ သူသည် လမ်းလျှောက်ရန်အတွက် အကူအညီပင် လိုအပ်လာတော့သည်။

မင်းသားခြောက်သည် ကိုယ်လုပ်တော်ဝူ၏ သားဖြစ်သည်။ သူသည် သိုင်းပညာတွင် ထူးချွန်ပြီး ဧကရာဇ်က သဘောအကျဆုံးသူဖြစ်ခဲ့သည်။ လူတော်တော်များများကလည်း သူ့ကို အိမ်ရှေ့စံနေရာအတွက် အကောင်းဆုံးအလောင်းအလျာဟု ထင်ကြလေသည်။

ဒါကို ညီလာခံက ဝါရင့်အမတ်များနှင့် အချို့သော လူကြီးမင်းများက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ သူတို့က အိမ်ရှေ့စံသည် ကောင်းကျိုးများ ဆောင်ရွက်နေပြီး သူ့အနေအထားကို အများက လက်ခံထားကြသည်။ ထို့ကြောင့် သူ့ကို အကြောင်းအရင်းမရှိဘဲ ဖယ်ရှားပစ်လို့ မရနိုင်ပေ။

သည်ကိစ္စကြောင့်ပင် ညီလာခံတွင် အငြင်းပွားစရာတစ်ခု ဖြစ်ခဲ့တော့သည်။

သည်တစ်ကြိမ်တွင် ဒုဝန်ကြီးလီ၏ စာထဲ၌ မင်းသားခြောက်၏ လုပ်ရပ်က ယမ်းမှုန့်ထည့်ထားသည့် စည်ပိုင်းတစ်ခုကို မီးငြိလိုက်ခြင်းပင်။

ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်အား ထိုကိစ္စကို လျှို့ဝှက်စုံစမ်းရန် အမိန့်ပေးခဲ့လေသည်။

အမိန့်ကို လက်ခံခဲ့ပြီးနောက် ရှန်ဖုန်းမင်းသည် လက်နက်များကို ခိုးထုတ်နေသည့်နေရာမှာ ကျောက်ဖင်းမြို့ ဖြစ်သော်လည်း သူတို့သည် ထိုနေရာသို့ရောက်လျှင် ဘာကိုမှ ရှာတွေ့မည် မဟုတ်ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် ရင်းမြစ်ကို စတင်ရှာဖွေသည်က ပိုကောင်းလေသည်။ သူသည် သူ့တပ်စုကို အဖွဲ့နှစ်ဖွဲ့ခွဲဖို့ ဆုံးဖြတ်လိုက်ပြီး တစ်ဖွဲ့ကို ကျောက်ဖင်းမြို့သို့ သွားခိုင်းလိုက်ကာ ကျန်တစ်ဖွဲ့ကို ဝူလင်မိုင်းတွင်းသို့ လာခိုင်းလိုက်သည်။

သူနှင့် ယန်ရှန့်တို့၏မြင်းက အကောင်းဆုံးမြင်းများဖြစ်သည်။ သူတို့သည် ဝူလင်မိုင်းတွင်းသို့ အရင်ဆုံး ရောက်လာခဲ့ကြသည်။ ကျန်သည့် ချီလင်ကိုယ်ရံတော်များက နောက် နှစ်ရက် သုံးရက်လောက်နေမှ ရောက်လာကြလိမ့်မည်။

“ ငါ ဘယ်သူ့ကိုမှ အခက်တွေ့အောင် လုပ်မနေပါဘူး၊ ငါက အမှုကိုပဲ စုံစမ်းနေတာ” ရှန်ဖုန်းမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ယန်ရှန့်မှာ နှင်သွားတော့သည်။ စုံစမ်းစစ်ဆေးနေတာကိုက မင်းသားခြောက်ကို အခက်တွေ့အောင် လုပ်နေတာလေကွာ။ အဲနှစ်ခုကြားမှာ ဘာများကွာသေးလို့လဲ။

...

အပိုင်း (၁၇)

နောက်တစ်နေ့ မနက် ၃နာရီ။ ၃နာရီ တိတိတွင် ကျန်းမိသားစုက အိပ်ရာထကြပြီး အလုပ်များနေကြတော့သည်။

သူတို့သည် တစ်ည လာတည်းခိုနေသည့် ကုန်သည်များကို နှောင့်ယှက်မိမည်စိုးသဖြင့် ညင်ညင်သာသာ လှုပ်ရှားလိုက်ကြလေသည်။ ဒါပေမဲ့ ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့က ဘယ်သူတွေမလို့လဲ။ မိသားစုက နိုးလာသည်နှင့် တစ်ပြိုင်နက် သူတို့လည်း နိုးလာကြတော့သည်။

ယန်ရှန့်က အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်၏။ အစောကြီးပါလားဟ။

ခြံဝင်းထဲကို ပြန်ကြည့်လိုက်သောအခါ နွေးထွေးသည့်အဝါရောင် မီးအလင်များကြားတွင် လူရိပ် လေး ငါးခုလောက်က မီးဖိုဆောင်ထဲတွင် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။ ဟူလထန်းနှင့် ယိုမော့ထို၏အနံ့က လေးထဲတွင် လွင့်ပျံနေ၏။

“ ငါတို့ ချီလင်ကိုယ်ရံတော်တွေနဲ့ ယှဥ်လို့ရတယ်”

ယန်ရှန့်သည် ရှန်ဖုန်းမင်လည်း နိုးနေသည်ကို သတိထားမိသဖြင့် ရေရွတ်လိုက်၏။ သူတို့တွေက ကြက်တွေထက် စောထပြီး ခွေးတွေထက် နောက်ကျမှ အိပ်ရတယ်လေ။

မနက် ၅နာရီတွင် ကျန်းယွင်ကျူး၏ဆိုင်လေး ခင်းပြီးသည်နှင့်တစ်ပြိုင်နက် မျှော်လင့်မထားသည့် ဧည့်သည်သုံးယောက်က ရောက်လာလေသည်။

သူမသည် ဒုစစ်သူကြီးကျောက်ကို မှတ်မိသော်လည်း သူ့ဘေးက ဒုစစ်သူကြီးနှစ်ယောက်ကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

“ ဧည်သည်ကြီးက ဘာလို့ ဒီနေ့မှ အစောကြီးရောက်လာတာလဲ” သူမက တအံ့တဩ မေးလိုက်လေသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က ဒုစစ်သူကြီးကျောက်သည် မနက်၇နာရီကျော်မှသာ သည်နေရာသို့ ရောက်လာတတ်သည်။

“ ဒီနေ့ မိုင်းမှာ ကိစ္စလေးတွေ ဖြစ်သွားလို့... ဟော ကျုပ်မင်းရဲ့ မြေအိုးကို ယူလာဖို့မေ့သွားတယ်”

ဒုစစ်သူကြီးကျောက်က အသေးစိတ် ဘာမှ မပြောခဲ့ချေ။ ကျန်းယွင်ကျူး၏ဆိုင်ရှေ့က အငွေ့တထောင်းထောင်း ထနေသည့် မြေအိုးကြီးကို တွေ့လိုက်ရမှ ရုတ်တရက် သတိရသွားတော့သည်။

“ ရပါတယ်ရှင်၊ ဧည်သည်ကြီး အဆင်ပြေတဲ့အချိန်ကျမှ ပြန်ယူလာခဲ့ပေးပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။

“ မင်းတို့နှစ်ယောက်ကလည်း ဘာလဲကွာ၊ ငါက မင်းတို့အတွက် ဆန်ပြုတ်ယူလာပေးခဲ့ပြီးပြီကို မင်းတို့က တခြားလူအတွက် မြေအိုးကို ပြန်ယူလာပေးဖို့ မစဥ်းစားဘူး”

ဒုစစ်သူကြီးကျောက်က သူ့ဘေးက လူနှစ်ယောက်ကို ဝေဖန်ပြစ်တင်လိုက်တော့သည်။

“ ငါလည်း စဥ်းစားခဲ့ပါသေးတယ်ကွာ၊ ဒီနေ့ နောက်ထပ် အမဲသားဆန်ပြုတ် နောက်တစ်ပွဲ ထပ်သောက်ချင်လို့ မြေအိုးကို တစ်ခါထဲ ယူလိုက်မယ်ပေါ့၊ စစ်သူကြီးဝမ် ညကြီးမင်းကြီး ဂိုဒေါင်ကပစ္စည်းတွေကို စာရင်းလုပ်ချင်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒါနဲ့ ငါလည်း လုံးဝမေ့သွားတာပေါ့” ပိန်ပိန်ပါးပါး ဒုစစ်သူကြီး လီက သူ့ခေါင်းကို ပုတ်ကာ ပြန်ဖြေလိုက်လေသည်။

“ ဘာအတွက်လဲ၊ ရုတ်တရက်ကြီး ဘာလို့ ဂိုဒေါင်က ပစ္စည်းတွေကို ထုတ်သွားတာလဲ” မျက်နှာမည်းမည်း ဒုစစ်သူကြီး ပေါင်က မေးလိုက်၏။

“ ဘယ်သိမှာလဲ” ဒုစစ်သူကြီးလီက ပြောလိုက်လေသည်။

“ ငါတို့ အလုပ် မဟုတ်ပါဘူးကွာ၊ ဆန်ပြုတ်သာ သောက်စမ်းပါ၊ မနေ့က ဆန်ပြုတ် ဝအောင်တောင် မသောက်လိုက်ရဘူး” ဒုစစ်သူကြီးပေါင်က သူ့လက်များကို ပွတ်သပ်လိုက်လေသည်။

“ အမဲသားဆန်ပြုတ် သုံးပွဲ”

ဒုစစ်သူကြီးကျောက် ခဏလောက် စဥ်းစားလိုက်သော်လည်း အမဲသားဆန်ပြုတ်၏ နာမည်အပြည့်အစုံကို မမှတ်သေးချေ။ ထို့ကြောင့် သူက အမဲသားဆန်ပြုတ်ဟုသာ ပြောလိုက်တော့သည်။

“ ဧည်သည်ကြီးတို့ မနေ့က ရှင်တို့တွေ အမဲသားစိမ်း ဆန်ပြုတ် သောက်ခဲ့ကြတာလေ၊ ဒီနေ့ ကျွန်မက အမဲသားကြက်ဥမွှေ ဆန်ပြုတ် ပြင်ဆင်လာခဲ့တယ်၊ ရှင်တို့များ....”

ကျန်းယွင်ကျူး၏ စကားမဆုံးခင်မှာပင် ဒုစစ်သူကြီးပေါင်က ပြောလိုက်လေသည်။

“ ကျုပ် အမဲသား ကြက်ဥမွှေဆန်ပြုတ် စားမဘ်၊ ဆန်ပြုတ်ထဲမှာ ကြက်ဥထည့်ထားတယ်ဆိုတဲ့ အသံကြားလိုက်တော့ မနေ့ကထက် သေချာပေါက် ပိုကောင်းရမယ်”

“ ဒါပဲလေ”

ဒုစစ်သူကြီးလီကလည်း ထိုစကားကို ကြားလိုက်ရချိန်တွင် အော်ရယ်လိုက်လေသည်။

အနားက အမျိုးသမီးချန်က မထိန်းနိုင်တော့ဘဲ တဟင်းဟင်း ရယ်မောမိလေသည်။ သည်လူသုံးယောက်သည် ကြောက်စရာကောင်းသည်ဟု မြင်ရသော်လည်း တခြားအရာရှိများလို မမောက်မာကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် တော်တော်စိတ်ဝင်စားစရာကောင်းလေသည်။

ကျန်းယွင်ကျူးက အမဲသားကြက်ဥမွှေ ဆန်ပြုတ်ကို မြန်မြန်လုပ်လိုက်တော့သည်။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် မနေ့က သူတို့ဝယ်ခဲ့သည့် အမဲသားတချို့ကို စားခဲ့ကြသည်။ ကံအားလျော်စွာ သည်လူသုံးယောက်သည် သည်နေ့ စောစောစီးစီး ရောက်လာခဲ့သည်။ သို့မဟုတ်လျှင် သူတို့သည် သည်အမဲသားဆန်ပြုတ်ကို စားနိုင်လိမ့်မည်မဟုတ်ချေ။

သူမက သတိထားမိလိုက်၏။ ဒီဒုစစ်သူကြီးက အခုလေးတင် ပြောလိုက်တယ်လေ။ စစ်သူကြီးဝမ်က ညကြီးမင်းကြီး ဂိုဒေါင်ထဲက ပစ္စည်းတွေကို စာရင်းလုပ်ခဲ့တယ်ဆိုလား။

စစ်သူကြီးဝမ်။ ဒီနေရာက အစောင့်တွေထဲက ရာထူးအမြင့်ဆုံးက စစ်သူကြီးပေါ့။ သူ့မျိုးရိုးနာမည်က ဝမ် လို့ ကြားလိုက်တယ်။

သူက ညကြီးမင်းကြီး ဂိုဒေါင်ကို စစ်ဆေးခဲ့တယ်တဲ့...

အချက်အလက်တွေက အရမ်းနည်းနေလေသည်။ ကျန်းယွင်ကျူးတွင် ဆက်တွေးစရာလမ်းစ မရှိတော့ပေ။ သို့သော် ရုတ်တရက်ဆိုသလို မိုင်းတွင်း၊ သံရိုင်းနှင့် သံအကြောင်းကို စဥ်းစားမိသွားတော့သည်။ သူတို့သည် လက်နက်အေး (ယမ်းမီးများ မပါသည့်လက်နက်) ထုတ်လုပ်သည့် ခေတ်ကာလတွင် အလွန်မှ အတိမ်းစောင်းမခံကာ အရေးကြီးသည့်ပစ္စည်းများ ဖြစ်လေသည်။

ဒါဆို ရှန်ဖုန်းမင်က ဒီကိုလာခဲ့တာ သတ္တုမိုင်းတွင်း ကြောင့်လား။

ကျန်းယွင်ကျူးသည် တစ်ခုခုကို နားလည်သွားသလို ခံစားလိုက်ရတော့သည်။

သူမ၏စိတ်တို့သည် ပြေးလွှားနေသော်လည်း သူမလက်၏လှုပ်ရှားမှုက လုံးဝရပ်မသွားချေ။ အချိန်တိုအတွင်းတွင် အမဲသားကြက်ဥမွှေဆန်ပြုတ် သုံးပွဲကို ပြင်ဆင်ပြီးသွားတော့သည်။

မြေအိုးသုံးလုံးထဲတွင် ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်းထ နေလေသည်။

“ ငါ ပြောခဲ့တဲ့အတိုင်းပဲ ကြက်ဥပါတဲ့ဟာက မနေ့ကဟာထက် အများကြီးပိုကောင်းမှာပါလို့” မြေအိုးထဲ ဆန်ပြုတ်ကို လက်ညှိုးထိုးရင်း ဒုဗိုလ်ချုပေါင်က မှတ်ချက်ပြုလိုက်လေသည်။

“ မင်းက မြည်းတောင်မကြည့်ရသေးဘဲနဲ့၊ ဘယ်လိုလုပ်ပြီး သိသွားတာလဲ” ဒုစစ်သူကြီးလီက ပြန်လည်ချေပချင်သယောင် ချက်ချင်း ပြန်မေးလိုက်တော့သည်။

“ မြည်းကြည့်စရာလိုသေးလို့လားကွ၊ ကြည့်ရုံနဲ့ သိတာကို” ဒုစစ်သူကြီးပေါင်က “ မင်း လောကကြီးကိုမှ မမြင်ဖူးသေးပဲကိုး၊ ငါတော့ မင်းကို နားမလည်တော့ဘူး’ ဟူသည့် မျက်နှာပေးနှင့် သူ့နှုတ်ခမ်းများကို ကွေးထားလိုက်လေသည်။

ကြက်ဥများကို သည်နေ့၏ အမဲသားကြက်ဥမွှဆန်ပြုတ်ထဲတွင် ထည့်ပေးထားသည်။ ရွှေရောင် ဥအသားများသည် အိစက်နူးညံ့နေသည့် အမဲသားနှင့် ကြည်လင်တောက်ပနေသည့် ဆန်ပြုတ်ကြားထဲတွင် ပုန်းကွယ်နေလေသည်။ မနေ့ကထက် အရသာများစွာပိုရှိပုံ မြင်ရသည်။

“ ကျုပ် မြည်းကြည့်လိုက်မယ်”

ဒုစစ်သူကြီးကျောက်က တစ်ငုံသောက်လိုက်၏။ အရမ်းအရသာရှိတာပဲ။

ကျန်လူများကလည်း စကားဆက်မပြောကြတော့ပေ။ တစ်ယောက်စီက ဇွန်းကို ကောက်ကိုင်လိုက်ကာ ဆန်ပြုတ် သောက်ကြတော့သည်။

ကျန်းယွင်ကျူးက မည်သို့လုပ်လိုက်သည်မသိပေ။ ဥများသည် အလွန်မှနူးညံ့အိစက်နေကာ အမဲသားက အလွန်မွှေးပျံ့နေပြီး အရသာက စွဲကျန်နေလေသည်။ အဖြူရောင်ဆန်ပြုတ်ကပင် အရသာရှိနေသယောင်။

မြေအိုးဆန်ပြုတ်တစ်အိုးသည် သူတို့အစာအိမ်ထဲသို့ ဒရောသောပါးပြေးဝင်သွားသယောင်။

ခဏကြာပြီးနောက် သုံးယောက်သားသည် ဆန်ပြုတ်အားလုံးကို သောက်ပြီးသွားကာ သက်သောင့်သက်သာရှိသွားသည်နှယ့် သူတို့၏ဗိုက်ကို ပုတ်လိုက်ကြလေသည်။

“ အရသာရှိလိုက်တာ၊ သူဌေး နေ့လယ်ခင်းရော ရောင်းသလား”

ဒုစစ်သူကြီးပေါင်က မေးလိုက်၏။ သူတို့တွေ ရောင်းခဲ့ရင် သူ ဒီမှာ လာစားမလို့လေ။

“ အားနာလိုက်တာရှင်၊ ဧည့်သည်ကြီး ကျွန်မတို့က နေ့လယ်ခင်း ဆိုင်မဖွင့်ဘူးရှင့်”

ဒုစစ်သူကြီးပေါင်ထံမှ စိတ်ပျက်သွားသည့်အမူအရာ ထွက်မလာခင် ကျန်းယွင်ကျူးက စကားလမ်းလွှဲလိုက်တော့သည်။

“ ဒါပေမဲ့ ကျွန်မတို့တွေ ရှင့်အတွက် တောင်ခြေကိုပဲဖြစ်ဖြစ်၊ တောင်ပေါ်ကိုပဲဖြစ်ဖြစ် လာပို့ပေးလို့ရပါတယ်”

“ မင်း ဘာပြောချင်တာလဲ” ဒုစစ်သူကြီးကျောက်က အသစ်အဆန်းဖြစ်သွားတော့သည်။

အမျိုးသမီးချန်ကပင် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ သူမရဲ့ ဒီသမီးက ဘာတွေပြောနေတာလဲ။

အမှန်တွင်တော့ မနေ့က ဒုစစ်သူကြီးကျောက်က အမဲသားဆန်ပြုတ်နှစ်ပွဲ ထုပ်သွားချင်သည်ဟု ပြောလိုက်ချိန်က ကျန်းယွင်ကျူးတွင် သည်စိတ်ကူးရသွားခြင်းပင်။ ပါဆယ်ထုပ်ပေးတာက လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးပဲလေ။

အမြဲတမ်း မနက်စာရောင်းဖို့က ခက်ပါတယ်။ အနှေးနဲ့အမြန် ပြုပြင်ပြောင်းလဲမှုက လိုအပ်တာပဲ။

နောက်ဆိုရင် သူမက နေ့လယ်စာနဲ့ ညစာအတွက် ပါဆယ်ထုပ်ပေးတာကို လုပ်ချင်ခဲ့တာလေ။ အသားတစ်မျိုးနဲ့ အရွက်တစ်မျိုး ၊ အသားနှစ်မျိုးနဲ့ အရွက်တစ်မျိုး ဒါမှမဟုတ် ရုံးထမင်းဘူးလို အသားနှစ်မျိုးနဲ့ အရွက်နှစ်မျိုးပဲ လုပ်လို့ရတယ်။ ဒါပေါ့ ငွေနည်းနည်းပိုပေးတာနဲ့ မွှေကြော်ကိုလည်း မှာလို့ရတယ်လေ။

အခုချိန်မှ မနက်စာရောင်းတာက တောင်ပေါ်က မိုင်းလုပ်သားတွေအတွက်လေ။

ထမင်းဘူးကတော့ တောင်ပေါ်က လစာတော်တော်မြင့်တဲ့ စစ်သားတွေနဲ့ လက်မှုပညာရှင်တွေကို အဓိကထားပြီး လုပ်ရမှာပေါ့။

တောင်ပေါ်မှာ လုံခြုံရေးနဲ့ လက်မှုပညာသည်တွေအတွက် လုပ်ထားပေးတဲ့ ဆိုင်လေးတစ်ခုရှိတယ်တဲ့ ပြီးတော့ အလကားကျွေးတာတဲ့။ ပြီးတော့ အဆင့်အတန်းက။ ကျန်းယွင်ကျူးသည် ထိုနေရာတွင် တစ်ခါမှ မစားသောက်ခဲ့ဖူးသော်လည်း စစ်သားများနှင့် ဒုစစ်သူကြီးကျောက်တို့ကို စျေးထဲတွင် မြင်ရသည်ကိုကြည့်လျှင် သိနိုင်လေသည်။ အလကားတစ်နပ် စားမည့်အစား သူတို့သည် စျေးကြီးသည့်အရာကို စားရန် တောင်အောက်သို့ ဆင်းခဲ့ကြသည်။ အလကားကျွေးသည့် အစားအစာက လုံးဝ မကောင်းလောက်သည်ကို သိနိုင်လေသည်။

ဒါက စျေးတစ်ခုလေ။ အဲဒါထက် စျေးကွက်ကြီးတစ်ခုရှိတဲ့ စျေးတစ်ခု။

ယိုမော့ထို ထည့်ထားတဲ့ ဟူလထန်းတစ်ပွဲကို သုံးဝမ်နဲ့ ရောင်းထားတာ။ ရုံးထမင်းဘူးတစ်ဘူးဆိုရင် ဘယ်လောက်နဲ့ ရောင်းနိုင်မှာလဲ။ မွှေကြော်အသေးတစ်ပွဲကို ဘယ်လောက်နဲ့ ရောင်းရမလဲ။ စျေးက အဆတိုးပြီး တက်သွားမှာ။ ရှာနိုင်တဲ့ ငွေကလည်း ပိုပြီးများလာမှာ အမှန်ပဲ။

အရေးအကြီးဆုံးက ပါဆယ်လုပ်ဖို့ ဆိုင်ခန်းအတွက် ငွေသုံးစရာမလိုတော့ဘူး။

ကျန်းယွင်ကျူးက ဒုစစ်သူကြီးကျောက်အား သူမ၏အတွေးကိုများကို ပြောလိုက်လေသည်။ သူသည် အစားအသောက် သို့မဟုတ် တစ်နပ်စာကို မှာယူနိုင်လေသည်။ ထို့နောက် အချိန်တစ်ခု သတ်မှတ်ပြီး နေ့လယ်ခင်းတွင် သူတို့က ချိန်းဆိုထားသည့်နေရာသို့ အစားအသောက်ကို လာပို့ပေးလိမ့်မည်။

ဒုစစ်သူကြီးကျောက်သည် ထိုအကြောင်းအရာကို ကြားလိုက်ချိန်တွင် အလွန်အံ့ဩသွားတော့သည်။

“ ဒီလို လုပ်လို့ရလား”

“ ကျုပ်တကယ်ပဲ အစားအသောက်မှာလို့ရလား၊ ကျုပ် အဆီများများနဲ့ ကလီစာ စားချင်တယ်၊ ဒါကို စားချင်နေတာ တော်တော်ကြာသွားပြီ၊ မိန်းကလေး ကျုပ် မင်းရဲ့လက်ရာကို ယုံတယ်”

ဒုစစ်သူကြီးပေါင်က အလောတကြီး ပြောလိုက်တော့သည်။

“ ရှင်တို့ စားချင်တဲ့ ဟင်းပွဲကို ကြည့်လိုက်ပါ...”

ဒုစစ်သူကြီးလီက ရွံ့သလို ဖြစ်သွားလေသည်။ ထို့နောက် သူက ကျန်းယွင်ကျူးကို မျှော်လင့်တကြီးနှင့် မေးလိုက်တော့သည်။

“ မင်း ငါးဟင်းရော လုပ်ပေးလို့ရလား၊ ဘာငါးပဲ ဖြစ်ဖြစ်ရတယ်၊ ကျုပ်တို့တွေ မီးဖိုဆောင်ထဲမှာ လုပ်နေတာတွေကိုလည်း ငါးလို့ ခေါ်တာပဲ” ထိုအကြောင်းအရာကို ပြန်စဥ်းစားလိုက်မိပြီး ဒုစစ်သူကြီးလီမှာ စိတ်ပျက်သွားသလို ခံစားလိုက်ရတော့သည်။

စားသောက်ဆိုင်က လုပ်ပေးတဲ့ ငါးက အရမ်းညီပြီး ပျော့အိပျော့ဖက်နဲ့လေ။ ကြောင်တွေတောင် မစားဘူး။ သူ့လို ငါးကြိုက်တဲ့သူတစ်ယောက်အတွက် အရမ်းကို ခံစားရခက်တဲ့ကိစ္စကြီး။

ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမသည် ငါးဟင်းချက်ပြုတ်ရာတွင် အကောင်းဆုံးဖြစ်လေသည်။

“ မင်းတို့ နှစ်ယောက်ကတော့” ဒုစစ်သူကြီးကျောက်၏ နွားမျက်လုံးများသည် သူတို့၏ မျှော်လင့်ချက်မဲ့သည့် တုံ့ပြန်မှုကို ဒေါသတကြီး ဝါးစားတော့မတတ် ကြည့်လိုက်လေသည်။ သူတို့တွေက ဘာအတွက်နဲ့များ လုပြောနေရတာတုံး။ သူတောင် မမှာရသေးဘူး။

“ ဧည့်သည်ကရော ဘာစားချင်လဲရှင်” ကျန်းယွင်ကျူးက သူ့ကို မေးလိုက်၏။

ဒုစစ်သူကြီးကျောက်သည်လည်း ငါးနှင့် အဆီပြည့်ပြည့်ကလီစာများ စားချင်နေခဲ့သည်။ ဒုစစ်သူကြီးပေါင်နှင့် ကျန်တစ်ယောက်က ထိုအကြောင်း ပြောလိုက်သောအခါ သူ့ပါးစပ်မှာ သွားရည်များ ထွက်လာတော့သည်။ သို့သော် သူတို့နှစ်ယောက်က မှာလိုက်ကြပြီးဖြစ်ရာ သူ့မှာ ထပ်မှာလို့ မရနိုင်တော့ပေ။

အချိန်တိုအတွင်း ဘာတစ်ခုမှ စဥ်းစားမရနိုင်ဖြစ်သွားပြီး သူသည် ငွေတုံး တစ်စကို သည်အတိုင်း ထုတ်လိုက်ကာ ကျန်းယွင်ကျူးထံ လှမ်းပေးလိုက်ပြီး

“ မင်း ဘာဟင်းပဲ ချက်ချက် ကိစ္စမရှိပါဘူး၊ စပ်လေ ပိုကောင်းလေပဲ” သူသည် အစပ်အစားအစာများကို ကြိုက်လေသည်။ နောက်ဆုံး စားသောက်ဆိုင်က လုပ်ပေးသည့်အရာများမှာ အရသာမရှိလှပေ။

“ ကောင်းပါပြီရှင်”

ကျန်းယွင်ကျူးက ငွေကို ယူလိုက်၏။ ငွေစကို ချိန်ဆကြည့်လိုက်ပြီး တစ်လျန်ခွဲလောက် ရှိလိမ့်မည်။

“ ကျွန်မ နေ့လယ်ခင်းကျရင် ရှင်တို့အတွက် အစားအသောက် ယူလာတဲ့အခါ ပြန်အမ်းပေးပါမယ်နော်”

သူမသည် သူ့အတွက် ဘယ်လိုဟင်းမျိုး ချက်ပြုတ်ပေးရမည်ကို မစဥ်းစားရသေးချေ။ ရနိုင်မည့် ဟင်းအမယ်များကို သိရရန် မြို့သို့ သွားရမည်။ အခုချိန်တွင် စျေးသတ်မှတ်ဖို့ရာ မဖြစ်နိုင်သေးပေ။

“ ပြန်အမ်းစရာ မလိုပါဘူး၊ အခုလောလောဆယ် မင်းပဲ သိမ်းထားလိုက်၊ နောက်ဆိုလည်း ကျုပ်က မင်းဆီက အစားအသောက် ဝယ်မှာပဲလေ၊ ဒီနေ့ ကျုပ် ဒီလောက်ပဲ ယူလာခဲ့လို့၊ ကျုပ် ဒါနဲ့ အရင်စားထားလိုက်မယ်၊ ကုန်သွားပြီဆိုမှ ကျုပ်ထပ်ပေးမယ်လေ” ဒုစစ်သူကြီးကျောက်က ဂရုမစိုက်သလို ပြောလိုက်လေသည်။ ကျန်းယွင်ကျူးက ထွက်ပြေးသွားမည်ကို သူ မစိုးရိမ်ပေ။

ထို့အပြင် သူမ ထွက်ပြေးသွားခဲ့လျှင်တောင် တစ်လျန်ခွဲသာ ရှိလေသည်။ များများစားစား မဟုတ်။

သူက ရှေ့မှာ ငွေကြိုရှင်းလိုက်သဖြင့် ဒုစစ်သူကြီးလီနှင့် ဒုစစ်သူကြီးပေါင်တို့ နှစ်ယောက်လုံးကလည်း ငွေတုံး တစ်စကို ထုတ်ယူလိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်ကာ ထိုနည်းတူစွာ ပြောလိုက်ကြသည်။

ကျန်းယွင်ကျူးက တစ်ယောက်ချင်း လက်ခံလိုက်ပြီး ဘယ်သူက ငွေဘယ်နှစ်စ ပေးခဲ့ကြောင်း မှတ်ထားလိုက်လေသည်။ သူမသည် အမှားလုပ်မိမည်စိုးသဖြင့် အိမ်ပြန်ရောက်လျှင် စာရင်းစာအုပ်တစ်ခု လုပ်ရတော့မည်။

သူတို့ထွက်သွားပြီးနောက် အမျိုးသမီးချန်က ငွေတုံး သုံးစကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေတော့သည်။ သူတို့တွေ ဒီလိုနဲ့ပဲ လျန်နှစ်စနီးပါး ရခဲ့တာတဲ့လား။ ဘယ်သူက ဒါကို ယုံပါ့မလဲဟင်။

...

မှတ်ချက်

ခန့်မှန်းချေ

၁ လျန် - ၁၀၀ ဝမ်

ငွေတုံး အငယ် ၁ စ - ၁လျန် - ၅လျန်ကြားတန်ဖိုး

ငွေတုံး အလတ် ၁ စ - ၁၀လျန် - ၃၀လျန် ကြားတန်ဖိုး

ငွေတုံး အကြီး ၁ စ - ၃၀လျန် - ၅၀လျန် ကြားတန်ဖိုး

...

အပိုင်း ( ၁၈)

“ယွင်ကျူး ဒါ ဒါက....”

အမျိုးသမီးချန်သည် ငွေတုံးများကို လက်ညှိုးထိုးရင်း အထစ်ထစ်အငေါ့ငေ့ါ ပြောလိုက်လေသည်။

“ အရင်ဆုံး စရန်အနေနဲ့ပဲ ထားခဲ့တာပါ”

ကျန်းယွင်ကျူးက အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး ငွေက သူတို့ဟာ မဟုတ်သေးကြောင့် သွယ်ဝိုက်ပြောလိုက်လေသည်။

အမျိုးသမီးချန်သည် အလွန်ဝမ်းသာနေဆဲ ဖြစ်ပြီး ငွေတုံးများကို ထိကိုင်ရင်း ချိန်ဆကြည့်နေလေသည်။ ငွေတုံးက အေးမြနေသော်လည်း သူမ၏နှလုံးသားကတော့ ပူနေ၏။

မနက် ၇နာရီ ထိုးတော့မည့်အချိန်တွင် စျေးထဲ၌ လူများ တစ်စတစ်စ ပိုနည်းပါးလာတော့သည်.

“ အဒေါ်ချန်၊ ယွင်ကျူး “ ရွှီချင်ရှန့်က တောင်ခြေဖက်မှ မြည်းလှည်းတစ်စီးကို မောင်းလာခဲ့သည်။

‘ ချင်ရှန့်ပါလား၊ ဘာလို့ ဒီကိုရောက်လာတာလဲ” အမျိုးသမီးချန်က အံ့ဩသွား၏။

ရွှီချင်ရှန့်က သူ၏သယ်ယူပို့ဆောင်ရေးအလုပ်အကြောင်း မြန်မြန်ပြောပြလိုက်လေသည်။ ထိုနေ့က ကျန်းယွင်ကျူး၏ အကြံပြုချက်ကို လက်ခံလိုက်ပြီး သူသည် ချက်ချင်း အနီးအနားသို့ သွားစုံစမ်းလိုက်ပြီးနောက် အငှားလိုက်ရန် သင့်တော်သည့် မနီးလွန်း မဝေးလွန်းလှသည့် နေရာတချို့ကို တွေ့ရှိခဲ့လေသည်။

မနေ့က သူ့ပထမဆုံး အလုပ်စလုပ်သည့်နေ့ ဖြစ်ပြီး အတွေ့အကြုံလည်း မရှိသေးချေ။ သူသည် မနက် ညခင်း တစ်ခေါက်စီ အငှားလိုက်ပြီး ငွေ ၂၆ဝမ် ရှာဖွေနိုင်ခဲ့သည်။ သည်နေ့ သူသည်အတွေ့အကြုံ ရခဲ့ပြီး ဖြစ်သည်။ သည်မနက်တွင် အငှား သုံးခေါက်လိုက်ပြီး ငွေ ဝမ်၂၀ ရခဲ့သည်။ ညနေခင်းတွင်လည်း ထိုပမာဏလောက် ရလိမ့်မည်ဟု ခန့်မှန်းရသည်။

သည်နှုန်းအတိုင်းသွားလျှင် သူသည် တစ်လျှင် တစ်လျန် နှစ်လျန်လောက် ရှာနိုင်လိမ့််မည်။ ဒါသည် မိုင်းတွင်းတွင် လုပ်ရသည်ထက် နှစ်ဆလောက် ဝင်ငွေရှိလေသည်။

“ကျွန်တော့်အဖေက ဒါအတွက် စိတ်ဆင်းရဲနေတာ၊ နေ့ဆိုရင် ကျွန်တော့်ကို အများကြီး ပေးမလိုက်ချင်ဘူး၊ ကျွန်တော်ကတော့ ငွေစုပြီးရင် မြည်းဖြစ်ဖြစ် မြင်းဖြစ်ဖြစ် တစ်ကောင်လောက် ဝယ်အုံးမယ်၊ နှစ်ကောင်နဲ့ အလှည့်ကျ ဆွဲနိုင်ရင် ငွေပိုရှာနိုင်မှာပဲ”

ရွှီချင်ရှန့်က ပြီးခဲ့သည့်နှစ်ရက်အတွင်း သယ်ယူပို့ဆောင်ရေး အခြေအနေအားလုံးကို အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့ကို ဝမ်းသာအားရ ပြောပြလိုက်လေသည်။ ထို့နောက် သူက သူ့မြည်းကို ပုတ်လိုက်ပြီး မှတ်ချက်ပေးလိုက်လေသည်။

သူ့မိသားစုရဲ့မြည်းက အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်ခဲ့တာလေ။ သူတို့တွေ ကပ်ဘေးရှောင်တုန်းကလည်း တစ်လမ်းလုံး သူ့ကို အားကိုးရင်း ဒီနေရာကို အန္တရာယ်ကင်းကင်းနဲ့ ရောက်လာခဲ့တယ်။ သူတို့တွေ သူ့ကိုအားကိုးပြီး ငွေလည်းရှာနိုင်သေးတယ်လေ။ အခုတော့ မိသားစုထဲမှာ သူ့အဆင့်က သူ့ထက်တောင် ပိုမြင့်သေးတဘ်။

အမျိုးသမီးချန်သည် ထိုအကြောင်းကို ကြားလိုက်ချိန်တွင် အားကျသွားသော်လည်း မနာလိုတော့ မဖြစ်မိချေ။ သူမသည် သူ့အတွက် ဝမ်းသာမိရုံသာ။

“ ယွင်ကျူး ကျေးဇူးတင်ပါတယ်နော်”

ရွှီချင်ရှန့်က ထိုသို့ ပြောလိုက်ချိန်တွင် ကျန်းယွင်ကျူးကို ရှက်ရှက်နှင့်ကြည့်လိုက်လေသည်. သူမ၏ထောက်ခံချက်နှင့် လမ်းပြမှုကြောင့်သာ သူသည် သည်အလုပ်ကို လုပ်ရန် ဆုံးဖြတ်ချက် ချနိုင်ခဲ့လေသည်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူက အသံကို နိမ့်လိုက်ကာ အမျိုးသမီးချန်ကို ပြောလိုက်၏။

“အဒေါ် ကျွန်တော် ဒီနေ့ စိတ်ထဲမှာ လမ်းကြောင်းနှစ်ခု စဥ်းစားမိထားတယ်၊ ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲ လုပ်လို့မရဘူး၊ အဒေါ်က ဦးလေးကျန်းကို လုပ်ပေးဖို့ ပြောကြည့်ပါလား၊ မိုင်းတွင်းမှာ လုပ်ရတာက အရမ်းပင်ပန်းတယ်လေ၊ ပြီးတော့ ဒီအလုပ်လောက်လဲ အကျိုးအမြတ်မများဘူး။ ကျွန်တော် အဒေါ့်ကို မလိမ်ပါဘူး၊ တကယ်ပါ”

သူက အမျိုးသမီးချန် ထိုအကြောင်းကို မယုံမည်စိုးသဖြင့် စိုးရိမ်တကြီး ပြောလိုက်၏။

အမျိုးသမီးချန်က သူ့ကို အမှန်ပင် ယုံကြည်လေသည်။ သူသည် စကားအများကြီး ပြောခဲ့ပြီးလေပြီ။ သူမကလည်း မတုံးအပေ။သူက သူတို့ကို အမှန်တကယ်ကူညီချင်သည်ကို သူမက အဘယ်မှာ မမြင်နိုင်ဘဲ ရှိပါမည်နည်း။ အမှန်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို အကြံပေးသူ ဖြစ်ခဲ့သည်မှာ အကြောင်းအရင်း ရှိလေသည်။ သို့သော် သူတို့သည် သည်လောကတွင် သွေးအေးကာ ရက်စက်သူများ မဟုတ်ကြသေးသည် မဟုတ်ပါလား။

သူသည် လူကောင်းတစ်ယောက်ပင်။

“ အဒေါ်ပြန်ရောက်ရင် မင်းရဲ့ဦးလေးကျန်းနဲ့ တိုင်ပင်လိုက်ပါမယ်”

အမျိုးသမီးချန်က ပြန်ပြောလိုက်၏။ သူမ ပြောလိုက်သည့်စကားမှာ လှီးလွှဲပြောလိုက်ခြင်းပင်။ အမှန်စကားဆိုလည်း ဟုတ်ပေသည်။ ကျန်းချိန်သည် လက်တလောတွင် နေ့ခင်းဘက်၌ မိုင်းတွင်းတွင် အလုပ်လုပ်ပြီး မနက်ခင်းနှင်း ညပိုင်းတွင် သူတို့ကိုအလုပ်ကို ကူညီပေးနေရသည်။ သူသည် တစ်နေ့လျှင် ၃နာရီ ၄နာရီလောက်သာ အိပ်ရသည်။ သူမ၏စိတ်နှလုံးမှာလည်း သူ့အတွက် ဝမ်းနည်းရပြီး သူ ခံနိုင်ရည်မရှိတော့မည်ကို စိုးရိမ်နေခဲ့မိသည်။

သူတို့သည် ရွှီချင်ရှန့်နှင့်အတူ အမှန်ပင် အငှားလိုက်နိုင်လျှင် အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။ ငွေလည်း ပိုရှာနိုင်လိမ့်မည်။

သို့သော်ငြား အငှားလိုက်ဖို့ရန်က တိရိစ္ဆာန်တစ်ကောင်နှင့် လှည်းတစ်စီး လိုအပ်သည်။ အရွယ်ရောက်ပြီးသား မြည်းတစ်ကောင်သည် အနည်းဆုံး ၇လျန် ၈လျန်လောက် ပေးရလိမ့်မည်။ လားတစ်ကောင်က ပိုစျေးကြီးလေရာ မြင်းတစ်ကောင် အကြောင်းတော့ စဥ်းစားစရာပင် မလိုချေ။ လှည်းတစ်စီးကလည်း ၄-၅လျန်လောက် လိုအပ်သည်။ စုစုပေါင်း ငွေသား ၁၂လျန်လောက် လိုလေသည်။

သူတို့မိသားစု သည်ရက်ပိုင်းများတွင် ငွေတချို့ ရှာနိုင်ခဲ့သော်လည်း မြည်းတစ်ကောင်နှင့် လှည်းတစ်စီး ဝယ်နိုင်ဖို့ အလွန်ဝေးကွာနေသေးသည်။

“ အဒေါ် ငွေမရှိသေးရင်လည်း ကျွန်တော့်မှာ ငွေတချို့ရှိပါသေးတယ်” ရှီချင်ရှန့်က ပြောလက်စကို ခဏလောက်ရပ်လိုက်ပြီးမှ

“ မဟုတ်ဘူး၊ ကျွန်တော့်ဝမ်းကွဲ ဦးလေးဆီကနေ ငွေနည်းနည်းပါးပါး ချေးလိုက်လို့ရပါတယ်”

အမျိုးသမီးချန်က မြန်မြန်ခေါင်းခါပြလိုက်၏။ ချေးမယ်ဆိုရင်တောင် သူတို့တွေ ဘယ်လောက် ချေးရမှာလဲ။ ၁လျန် ၂လျန်ဆိုရင်တော့ သူမက ချေးချင် ချေးအုံးမယ်။ အခုတော့ ကွာခြားချက်က အရမ်းကြီးနေတာလေ။ ပြီးတော့ သူတို့တွေက တိရိစ္ဆာန်ဝယ်ဖို့ သူ့ဝမ်းကွဲဦးလေးဆီက ငွေချေးနိုင်ပြီး နေ့တိုင်း ငွေလေးနည်းနည်းပါးပါး ပိုရှာနိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့တွေကရော ဘာအကြောင်းနဲ့ သူတို့ကို ကူညီပေးရမှာလဲ။

ဒီလိုကျေးဇူးမျိုးက အရမ်းကြီးတယ်။ သူမ မလုပ်ရဲသလို လက်ခံဖို့ရာလည်း သူမက အရှက်ရှိပါသေးတယ်။

“ လိမ္မာလိုက်တဲ့ကလေး၊ အဒေါ်က မင်းရဲ့စေတနာတွေကို သိပါတယ်၊ ဒီကိစ္စကို မင်းရဲ့ဦးလေးကျန်းကို ပြောပြလိုက်ပါ့မယ်” သူမက ပြောလိုက်လေသည်။

“ အင်း” ရွှီချင်ရှန့်က ခေါင်းညိတ်ပြလိုက်၏။

အမျိုးသမီးချန်သည် ရွှီချင်ရှန့်ကို ကြည့်လေလေ ပိုပြီး သဘောကျလာလေလေ ဖြစ်နေတော့သည်။ ကျန်းယွင်ကျူးကသာ သူနဲ့ တကယ်ပဲ လက်ထပ်နိုင်ပြီး လင်မယားနှစ်ယောက် အတူတူ အလုပ်ကြိုးစားကြရင် ဘဝက ဆိုးနိုင်ပါအုံးမလားနော်။

“ မစားရသေးဘူးမလား” သူမက ရွှီချင်ရှန့်ကို မေးရင်း စွပ်ပြုတ်ပုံးအဖုံးကို ဖွင့်လိုက်လေသည်။

ရွှီချင်ရှန့်သည် သူမက သူ့ကို တစ်ခုခု ချကျွေးတော့မည်ကို မြင်လိုက်သဖြင့် မြန်မြန် ခေါင်းခါပြလိုက်ပြီး သူ ဗိုက်မဆာကြောင်း ကြိုးစား ပြောပြလိုက်လေသည်။ သို့သော်ငြား သူ့ဝမ်းဗိုက်က အလိုမတူဘဲ တဂွီဂွီ မြည်လာတော့သည်။

သူသည် ရှက်သွားကာ မျက်နှာမှာ နီရဲသွားလေသည်။ အမျိုးသမီးချန်က ပြုံးလိုက်ပြီး သူ့အတွက် ဟူလထန်းပွဲကြီးတစ်ပွဲ ထည့်ပေးလိုက်၏။ ထို့နောက် သူ့အတွက် စားပွဲပေါ်တွင် ယိုမော့ထို ၇ခု ၈ခုလောက် ချပေးလိုက်ပြီး သူ့ကို စားခိုင်းလိုက်တော့သည်။

ရွှီချင်ရှန့်မှာ ထိုင်ပြီး စားလိုက်ရုံသာ တတ်နိုင်တော့သ်ည။

စားသောက်ပြီးနောက် သူက အမျိုးသမီးချန်ကို ငွေပေးချင်ခဲ့သော်လည်း အမျိုးသမီးချန်က လက်မခံလိုပေ။

နှစ်ယောက်သားက ခဏလောက် အပြန်အလှန် ငြင်းခုန်ပြီး နောက်ဆုံးတော့ အမျိုးသမီးချန်က သည်တစ်ကြိမ် သူ့ကို ကျွေးလိုက်သည်ဟု ဆုံးဖြတ်လိုက်၏။ နောက်တစ်ကြိမ် သူလာလျှင် သူက ဝယ်စားပေလိမ့်မည်။

သည်အချိန်အတောအတွင်း ကျန်းယွင်ကျူးက ဟူလထန်း သုံးပွဲထပ်ရောင်းခဲ့ရသည်။ နောက်ဆုံး ဧည့်သည် ရောက်လာချိန်တွင် ယိုမော့ထိုက ၆ခုသာကျန်တော့သည်။ နဂိုက စွပ်ပြုတ်တစ်ပွဲတွင် ယိုမော့ထို ၅ခု လက်ဆောင်ပေးရသည်။ သူမက သူ့ကို ၆ခုလုံးပေးလိုက်တော့သည်။ ဧည့်သည်က အလွန်ဝမ်းသာသွားပြီး မနက်ဖြန် ထပ်လာမည်ဟု ချက်ချင်း ပြောလိုက်လေသည်။

သည်နေ့အလုပ် ပြီးသွားလေပြီ။

ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် သိမ်းဆည်းလိုက်ကြ၏။ ရွှီချင်ရှန့်က ကူသိမ်းပေးလိုက်သည်။ အစောပိုင်းတွင် သူတို့သည် ပစ္စည်းများထည့်ပြန်ရန် နေ့တိုင်း လှည်းကလေးတစ်စီးကို သုံးကာ တွန်းပြန်ကြရသည်။ သည်နေ့တွင်တော့ ရွှီချင်ရှန့်က ပစ္စည်းများနှင့် လှည်းကလေးကို မြည်းလှည်းပေါ် တန်းတင်လိုက်ရာ တော်တော်သက်သာသွားတော့သည်။

အမျိုးသမီးချန်သည် မြည်းလှည်းတစ်စီးတော့ အမှန်တကယ်ဝယ်ချင်ခဲ့သည်။ အစက သူမသည် ကျန်းချိန်နှင့် အတွေးအတူတူပင်။ သူတို့သည့် ငွေရှာပြီးသည်နှင့် အိမ်တစ်လုံး ဆောက်ရလိမ့်မည်။ သူတို့တွင် ကိုယ်ပိုင်အိမ်ရှိနိုင်မှ စိတ်အေးရလိမ့်မည်။ သို့သော် အခုတော့ မြည်းလှည်းက ပိုအရေးတကြီး လိုအပ်နေသည်ဟု ခံစားမိနေသည်။

ရွှီချင်ရှန့်က မြည်းလှည်းကို မောင်းပြန်လာခဲ့၏။ လမ်းတွင် သူက အမျိုးသမီးချန်ကို မေးလိုက်သည်။

“အဒေါ် ခဏနေ မြို့တက်အုံးမှာလား၊ ကျွန်တော့်အဖေက ဒီနေ့ အပြန်လမ်းမှာ မြည်းအတွက် ပဲပိစပ် နည်းနည်းပါးပါး ဝယ်ခိုင်းလိုက်တယ်၊ အဒေါ်တို့သွားမယ်ဆိုရင် ကျွန်တော့်လှည်းနဲ့ လိုက်ခဲ့လို့ရတယ်”

အရင်က အမျိုးသမီးချန်နှင့် ကျန်လူများသည် အလုပ်ပြီးကြလျှင် တစ်ခုခုစားပြီး အိပ်လိုက်ကြကာ ပြန်နိုးလာမှ မြို့တက်ပြီး စျေးဝယ်ကြလေသည်။

သည်နေ့တွင်တော့...

“ ယွင်ကျူး အမေတို့တွေ တစ်ခုခုစားပြီးရင် မြို့အရင် တက်ကြရအောင်” အမျိုးသမီးချန်က ပြောလိုက်၏။

တစ်ချက်က သူတို့တွေ လမ်းကြုံလိုက်စီးလို့ရတယ်လေ။ မဟုတ်ရင် သူတို့တွေ မြို့တက်ပြီး ပစ္စည်းသွားဝယ်ရတိုင်း ၃ကီလိုမီတာနီးပါးလောက် လမ်းလျှောက်ပြီး ပစ္စည်းတွေကိုလည်း သုံးကီလိုမီတာနီးပါးလောက် လမ်းလျှောက်သယ်ပြန်လာရတာ။ တကယ်ပင် ပင်ပန်းတယ်လေ။

ဒုတိယတစ်ချက်တော့ သူမမှာ ကိုယ်ပိုင်အစီအစဥ် ရှိထားပြီးသား။

ကျန်းယွင်ကျူးသည် ပြန်အိပ်ချင်လိုက်လေသည်။ သို့သော် သည်နေ့တွင်တော့ သူမသည် အမှန်ပင် အရင်ဆုံး မြို့တက်ရအုံးမည်။ ဒုစစ်သူကြီးကျောက်တို့သုံးယောက်ကို နေ့လယ်စာ ပို့ပေးမည်ဟု ကတိပေးထားခဲ့သသည်။ မြို့ထဲသို့ စောစောသွားပြီး ပစ္စည်းများ ဝယ်ရအုံးမည်။

“ ဟုတ်ကဲ့၊ ဒါဆို ကျွန်မတို့တွေ အစ်ကိုကြီးရွှီကိုပဲ ဒုက္ခပေး ရအုံးမယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

‘အစ်ကိုကြီးရွှီ’ ဟူသည့်စကားက ရွှီချင်ရှန့်ကို တစ်ဖန် ရှက်သွားစေတော့သည်။ အမျိုးသမီးချန်သည် အတွေ့အကြုံရှိသူပီပီ ရွှီချင်ရှန့်၏စိတ်ကူးကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူမ၏ စိတ်ထဲတွင် ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာတော့သည်။

ခဏကြာပြီးနောက် မြည်းလှည်းသည် ကျန်းအိမ်တံခါးသို့ ရောက်လာခဲ့သည်။

ရွှီချင်ရှန့်က ပစ္စည်းများကို ကူချပေးလိုက်ပြီး မနက်ခင်းတွင် အားလပ်ကြောင်း ပြောလိုက်ကာ အမျိုးသမီးချန်တို့က စားသောက်ပြီးလျှင် သူ့ကို လှမ်းခေါ်လိုက်ဖို့ ပြောလိုက်လေသည်။

“ စားဖို့ အချိန် ရှိသေးရဲ့လား၊ ယွင်ကျူး သမီးက နေ့လယ်စာနဲ့ ညနေစာပါ ရောင်းမှာဆိုတော့ မြို့ထဲမှာ ကုန်ပစ္စည်းစျေး အရင် သွားကြည့်ကြည့်လိုက်ပါလား၊ ပြီးတော့ နေ့လယ်စာကိုလည်း ဝယ်စားလိုက်ပေါ့၊ အချိန်ဆွဲလို့ မဖြစ်ဘူးလေ။

ဒီလိုလုပ်ပါလား၊ သမီး ချင်ရှန့်နဲ့ မြို့တက်လိုက်၊ ဗိုက်ဆာရင် တစ်ခုခု ဝယ်စားလိုက်ပေါ့။

အမေက အိမ်မှာနေခဲ့ပြီး ကျန်းလင်နဲ့ တခြားသူတွေအတွက် ချက်ပြုတ်ပြီး မီးဖိုဆောင် သန့်ရှင်းရေးလုပ်ဖို့ နေခဲ့လိုက်မယ်၊ အမေတို့နှစ်ယောက်လုံးရဲ့ တစ်စီခွဲစီစဥ်လိုက်ပြီး ဧည့်သည်သုံးယောက်ကို ကျေနပ်သွားအောင် လုပ်ပေးလိုက်ကြမယ်လေ၊ ဒါဆိုရင် နောက်ပိုင်းကျတော့ အလုပ် ပိုကောင်းလာနိုင်တယ် ဟုတ်တယ်မလား” အမျိုးသမီးချန်၏ စကားလုံးများက အခြေအမြစ် ရှိနေတော့သည်။

ကျန်းယွင်ကျူးကလည်း ကျိုးကြောင်းသင့်သည်ဟု ထင်လေသည်။ ဒီမန်က အရမ်းကို အလုပ်များတာပဲ။

သူတို့သည် တံခါးနားတွင် စကားပြောနေကြ၏။ ဘေးအခန်းထဲတွင် ယန်ရှန့်က ကျန်းယွင်ကျူး ပြန်လာတာကို တွေ့လိုက်ရလေသည်။

သူသည် သူမဘေးတွင် လူငယ်လေးတစ်ယောက် ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။ လူငယ်လေးသည် အလုပ်များနေ၏။ သို့တိုင် သူသည် ကျန်းယွင်ကျူးကို မကြာခဏဆိုသလို လှမ်းကြည့်နေလေသည်။ သူက သက်ပြင်းချလိုက်ပြီး

“ ဟုတ်တော့နေပါပြီ၊ အဲဒီနမော်နမဲ့ခင်ပွန်းကတော့ ပေါ်လာပြီ”

သူ သည်လိုပြောလိုက်ရသည့်အကြောင်းအရင်းမှာ သူသည် ကျန်းယွင်ကျူးကို ပထမဆုံးအကြိမ် မြင်ခဲ့ချိန်က ‘ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်က နမော်နမဲ့နိုင်တဲ့ ခင်ပွန်းတစ်ယောက်နဲ့ မကြာခဏဆိုသလို ပေါင်းဖက်မိကြသတဲ့’ ဟူသည့် စကားစုကြောင့်ပင်။ ထိုအချိန်က ကျန်းယွင်ကျူးတွင် ထက်မြက်သည့်စိတ်ဓာတ်တစ်ခု ရှိသော်လည်း သူမ၏နောက်ခံက နိမ့်ကျနေသည်ဟု သူ ပြောခဲ့ဖူးသည်။ သူမသည် အနာဂတ်တွင် သာမန်လယ်သမားတစ်ယောက်ကိုသာ လက်ထပ်နိုင်လိမ့်မယ်ဟု ခန့်မှန်းခဲ့သည်။ နှမြောစရာ မကောင်းပေဘူးလား။

အခုပဲ ကြည့်လိုက်ပါအုံး။ တကယ်ဖြစ်တော့မယ် ထင်တယ်။

သည်လိုတော်သည့် မိန်းကလေးတစ်ယောက်က သူမ၏ဘဝတစ်ခုလုံးကို တောင်ပေါ်တွင် ကုန်ဆုံးရင်း၊ နေ့တိုင်း ထင်းကောက်၊ ထမင်းဟင်းချက်ရင်း နေရသည်မှာ ပုလဲတစ်လုံးသည် ဖုန်များတက်နေသလို မြင်လိုက်ရသဖြင့် ယန်ရှန့်သည် အလိုလို သက်ပြင်းချမိတော့သည်။

ရှန်ဖုန်းမင်က သူ့စကားကြောင့် အပြင်ကို လှမ်းကြည့်လိုက်၏။ မနက်ခင်း နေရောင်ခြည်ထဲတွင် ကျန်းယွင်ကျူးသည် သူမ၏နက်မှောင်လှသည့် ဆံပင်များကို လက်ဖြင့်သပ်ရင်း ရပ်နေလေသည်။ နွေးထွေးသည့် ရွှေနေခြည်က သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖြာကျနေ၏။ ပုလဲလုံးလေးများနှင့် ကျောက်စိမ်းနှယ် လှပမှုက တောက်ပလို့နေသည်။ သူ့ဘေးက အရာအားလုံးမှာ မှေးမှိန်သွားသယောင်။

All Chapters