ပလ္လင်တော်ရှေ့မှ ဒုက္ခိတနဂါးတစ်ကောင်
Vol. 29 Ch. 433
ထိုအမည်နာမကို မြွက်ဟလိုက်သည်နှင့် တစ်ပြိုင်နက် မဟာအခမ်းအနားခန်းမကြီးအတွင်း ထူးဆန်း၍ လေးလံသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားလေသည်။
လူပေါင်းများစွာ၏ အကြည့်တို့သည် ပိုင်ကျီဟန်ထံသို့ တပြိုင်နက်တည်း ကျရောက်လာကြသည်။
အချို့သော မျက်လုံးများတွင် ကြည်ညိုအားကျမှုများ တောက်လောင်နေပြီး၊ အချို့တွင်မူ ဖုံးကွယ်မထားသော သနားဂရုဏာများ အရိပ်ထင်နေသည်။
အချို့မှာမူ ရွံရှာမုန်းတီးမှုကို အထင်အရှား ပြသနေကြသော်လည်း ထိုအကြည့်များ၏ အနက်ရှိုင်းဆုံးအလွှာတွင်မူ ကြောက်ရွံ့မှုက ကိန်းအောင်းနေဆဲပင်။
ပိုင်ကျီဟန်သည် ယခုအခါ ဒုက္ခိတတစ်ဦး ဖြစ်သွားပြီဟု လူတိုင်းသိကြသော်လည်း၊ ထိုအချက်သည် သူတို့၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော ပုံရိပ်လွှာများကို ဖျောက်ဖျက်
နိုင်စွမ်း မရှိချေ။
စစ်တလင်းပြင်
သွေးမိုးများ ရွာသွန်းနေ၍
ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ခုတ်ထစ်သတ်ဖြတ်နေစဉ် သူ၏ တည်ငြိမ်လွန်းသော၊ ဂရုမစိုက်သလို ရှိလှသော မျက်နှာပေး...
ထိုမြင်ကွင်းကို လူအများက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရဖူးသည်။
အချို့ကမူ သတင်းစကားများမှတစ်ဆင့် ကြားသိခဲ့ရသည်။
သို့သော် မြင်သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ အကျိုးသက်ရောက်မှုမှာ အတူတူပင်။
သူတို့၏ နှလုံးသားထဲတွင် အမာရွတ်တစ်ခု ထွင်းထုခံလိုက်ရခြင်းပင် ဖြစ်သည်။
တစ်ချိန်က ပိုင်ကျီဟန်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်ခဲ့သူများ၊ သူ့ကို စံထား၍ တိတ်တဆိတ် တိုင်းတာခဲ့သူများသည် ထိုအတွေးများကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူတို့ကိုယ်တိုင်ပင် ရင်မဆိုင်ရဲသော ရန်သူများကို ပိုင်ကျီဟန်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပုံရိပ်မှာ ယနေ့တိုင် ထင်ဟပ်နေဆဲ။
ဒုက္ခိတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ
ထိုကြောက်ရွံ့မှုမှာ တစ်ညတာအတွင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ထူးခြားသည်မှာ... အင်မော်တယ်အဆင့် ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များပြီးနောက်
မဟာကောင်းကင်ဘုံအဆင့်ရှိ အကြီးအကဲများစွာ၏ ရှေ့တွင် ပိုင်ကျီဟန်က ဆုလာဘ်ကို အရင်ချီးမြှင့်ခံရခြင်းပင်။
စွမ်းဆောင်ရည်အရဆိုလျှင် အင်မော်တယ်အဆင့်များက ထိပ်ဆုံးတွင် ရှိသင့်ပြီး၊ ထို့နောက်တွင် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ လာရမည်ဖြစ်သည်။
သို့သော်လည်း... ပိုင်ကျီဟန်သည် သူတို့ပြီးနောက်တွင်ပင် ခေါ်ယူခြင်း ခံရသည်။
သူတို့ထဲမှ အမြင့်ဆုံး
အချို့က တိုက်ပွဲများကို ပြန်လည်အမှတ်ရမိကြသည်။
မဟာကောင်းကင်ဘုံတက်ခြင်း ကျင့်ကြံသူများပင် ဆုတ်ခွာခဲ့ရသည့် စိတ်ပျက်အားငယ်ဖွယ် အခိုက်အတန့်များ...
အခြေအနေအရပ်ရပ်ကို ပြောင်းလဲပေးခဲ့သည့် အလှည့်အပြောင်းများတွင် ထိုလူတစ်ယောက် အမြဲရှိနေခဲ့သည်။
ပိုင်ကျီဟန်
သူသည် အဆင့်-၉ မိစ္ဆာသားရဲ ရာပေါင်းများစွာကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့ပြီး မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ရှိ မိစ္ဆာကျင့်ကြံသူ အများအပြားကိုလည်း နှိမ်နင်းခဲ့သည်။
ဤသို့ စဉ်းစားကြည့်လျှင်
မည်သူမျှ ငြင်းဆန်၍ မရတော့ပေ။
ကျင့်စဉ်အဆင့်ကို ခဏဖယ်ထားလျှင် အင်မော်တယ်အဆင့်အောက်တွင် ပိုင်ကျီဟန်လောက် စွမ်းဆောင်နိုင်သူ မရှိတော့ချေ။
သူသည် ဤနေရာနှင့် ထိုက်တန်ပေသည်။
ပိုင်ကျီဟန်သည် သူ့ထံကျရောက်နေသော အကြည့်များကြားတွင် တည်ငြိမ်စွာ ရပ်နေသည်။
ထို့နောက် တုံ့ဆိုင်းမှုမရှိဘဲ ရှေ့သို့ လှမ်းတက်လာသည်။
သူ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး မှန်ကန်လှသည်။
ကျယ်ပြောလှသော ခန်းမဆောင်အတွင်း သူ၏ ခြေသံများက ကြည့်ရှုနေသူတို့၏ နှလုံးခုန်သံကို ရိုက်ခတ်နေသလိုပင်။
သူသည် ခေါင်းငုံ့မထားသလို၊ မာန်တက်၍လည်း ခေါင်းမော့မထားပေ။ သူ၏ ကိုယ်နေဟန်ထားမှာ သဘာဝကျပြီး တည်ငြိမ်လှကာ၊ နှိမ့်ချမှုလည်းမရှိ၊ မာန်မာနလည်း မပါပေ။
ဤတည်ငြိမ်မှုကပင် လူတို့ကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။
ပိုင်ကျီဟန်သည် ဧကရာဇ်မင်းမြတ်၏ ပလ္လင်တော်ရှေ့တွင် ရပ်လိုက်သောအခါ ဧကရာဇ်က သူ့ကို စိုက်ကြည့်လိုက်သည်။
ခဏတာ တိတ်ဆိတ်သွားသည်။
ပိုင်ကျီဟန်သည် ရိုသေမှုကင်းမဲ့ရာ ရောက်မည်ကိုပင် ဂရုမစိုက်ဘဲ ဧကရာဇ်ကို ပြန်လည်စူးစမ်းနေသည်။
ဧကရာဇ်ကလည်း ထိုနည်းတူပင်။
သူသည် ပိုင်ကျီဟန်ကို အကဲဖြတ်နေသယောင် ရှိသည်။
ထို့နောက်...
ဧကရာဇ်၏ မျက်နှာထက်တွင် ရှားရှားပါးပါး ပြုံးရိပ်တစ်ခု ပေါ်လာသည်။
"ပိုင်ကျီဟန်..." ဧကရာဇ်က လေးလေးပင်ပင်နှင့် ချီးကျူးသံပါသော လေသံဖြင့် ဆိုသည်။ "မင်းက အဆင့်-၈ ကနေ အဆင့်-၁၀ အထိရှိတဲ့ မိစ္ဆာသားရဲတွေနဲ့ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်၊ ဗလာသန့်စင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ တကယ့်ကို လူထဲက နဂါးပဲ”
"မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်အထိ စွမ်းဆောင်နိုင်တာဟာ ကောင်းကင်အင်ပါယာ ရဲ့ သမိုင်းတစ်လျှောက်မှာ မကြားဖူးသေးတဲ့ ကိစ္စပဲ။ အရင်မျိုးဆက်တွေမှာတောင် ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူး။"
ချီးမွမ်းခြင်း
ပွင့်လင်းပြီး ဖုံးကွယ်ထားခြင်းမရှိပေ
ဧကရာဇ်ကိုယ်တိုင်ဆီမှပင်
ဧက္ကရာဇ်သည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။
"ဒါပေမဲ့... “ သူပပြောလေ၏ “ငါကိုယ်တော် အချို့သော ကောလာဟလတွေကို ကြားထားမိတယ်။ ဒါတွေက မှန်သလား၊ မမှန်ဘူးလားဆိုတာတော့ မသိဘူး။"
ခန်းမတစ်ခုလုံး တောင့်တင်းသွားကြသည်။
လူအများက အလိုအလျောက် အသက်ရှူပင် အောင့်ထားမိကြသည်။
"သတင်းတွေအရ” ဧက္ကရာဇ်က ပြောလေ၏ “ မင်းဟာ ဒုက္ခိတ ဖြစ်သွားပြီလို့ ဆိုကြတယ်။"
လူအများ၏ မျက်နှာတွင် အံ့အားသင့်မှုများ ယှက်သန်းသွားသည်။
အကြောင်းအရာကြောင့် မဟုတ်ဘဲ
ထိုကဲ့သို့ ထိရှလွယ်သော မေးခွန်းမျိုးကို ဧကရာဇ်တစ်ပါးတည်းသာ ပွင့်ပွင့်လင်းလင်း မေးဝံ့သောကြောင့် ဖြစ်သည်။
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်စုမှ ဖြစ်သဖြင့် ပိုင်မျိုးနွယ်ကို စော်ကားမိပါက တော်ဝင်မိသားစုအတွက်လည်း မကောင်းပေ။
တခြားသူသာဆိုလျှင် ပိုင်ထျန်းဟမ်သည် ထိုစကားမဆုံးခင်မှာပင် အပိုင်းပိုင်း ဆွဲဖြတ်ပြီးသား ဖြစ်လိမ့်မည်။
သို့သော် ပိုင်မျိုးနွယ်ဝင်များမှာ ဒေါသထွက်နေကြသော်လည်း ဧကရာဇ်က အဘယ်ကြောင့် ဤသို့မေးရသနည်းဆိုသည့် အဖြေကို သိလို၍ စောင့်ဆိုင်းနေကြသည်။
အကြည့်များက ပိုင်ကျီဟန်ဆီရောက်ကုန်၏
ပိုင်ကျီဟန်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ
သူက တည်ငြိမ်စွာ အဖြေပေးသည်။
"အဲဒါက ဆေးဆရာတွေ ပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်မျိုး နောက်ထပ် ကျင့်ကြံလို့ မရတော့ဘူးဆိုတာ မှန်ပါတယ်။"
မည်သည့် ဖုံးကွယ်မှုမှမရှိ။
ငြင်းဆိုမှုမျှ မရှိပေ
ပွင့်လင်းစွာ ဝန်ခံလိုက်ခြင်းပင်။
ခန်းမအတွင်း တီးတိုးသံများ ထွက်ပေါ်လာသည်။
ဧကရာဇ်က သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"နှမြောစရာပါပဲ... ဒါသာ မဖြစ်ခဲ့ရင် မင်းဟာ ဒီလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့်သူပဲ။"
မည်သူမျှမတုံ့ပြန်ခင်
ပိုင်ကျီဟန်က ပြန်လည် ပြောကြားလိုက်သည်။
"ဒါကတော့ သေချာတာပေါ့”
ထိုစကားမှာ ရဲတင်းလွန်းသည်။
ယုံကြည်မှုလွန်ကဲကာ မာန်တက်နေသလို ရှိနေ၏
သို့တိုင် မည်သူမျှ မငြင်းဝံ့ကြပေ။
ခန်းမထဲမှတစ်ယောက်မှ မငြင်းရဲပေ။အဘယ်ကြောင့်ဆိုသော် ထိုစကားသည် အမှန်တရား ဖြစ်နေသောကြောင့်ပင်။
သူတို့အားလုံး လုပ်နိုင်သည်မှာ ထိုကဲ့သို့သော မိစ္ဆာကောင်တစ်ယောက် ဒုက္ခိတ ဖြစ်သွားခြင်းအတွက် စိတ်သက်သာရာ ရနေကြခြင်းသာ ဖြစ်သည်။
ဧကရာဇ်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အသာအယာ ရယ်မောလိုက်သည်။
"ဟဟ... ကောင်းပြီ၊ အနည်းဆုံးတော့ မင်းရဲ့ စိတ်ဓာတ်က ပျက်စီးမသွားသေးဘူးပဲ”
ဧကရာဇ်၏ ရယ်မောသံ ပျောက်ကွယ်သွားပြီးနောက် ခန်းမအတွင်း တိတ်ဆိတ်မှု ပြန်လည် စိုးမိုးလာသည်။
သူ၏ မျက်နှာပေးမှာလည်း တည်ကြည်သွားသည်။
"မင်း စိတ်မရှိရင်... ဒါ ဘယ်လိုဖြစ်သွားတာလဲဆိုတာ ငါကိုယ်တော်ကို ပြောပြနိုင်မလား?"
ထိုမေးခွန်းမှာ တည်ငြိမ်၏
သို့တိုင် အရှိန်အဝါ ကြီးမားလှသည်။
မျက်လုံးများက ပိုင်ကျီဟန်ထံ ကျရောက်လာချေသည်။
ပိုင်ကျီဟန်သည်လည်း တုံ့ဆိုင်းမနေပေ
ပိုင်မျိုးနွယ်၏ အိမ်တော် တိုက်ခိုက်ခံရပုံနှင့် သူ၏ အစေခံမလေး ဖမ်းဆီးခေါ်ဆောင်ခံရပုံကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
မိစ္ဆာတပ်ဖွဲ့များနှင့် စစ်ပွဲပြီးဆုံးချိန်မှသာ သူသိရှိခဲ့ရကြောင်း ပြောပြ၏
ခန်းမကြီး တိတ်ဆိတ်သွားချေသည်။
မိစ္ဆာကျင့်ကြံသူများနောက်သို့လိုက်ရင်း မိုကျွင်းနှင့်တိုက်ခိုက်ခဲ့ပုံကို ပြောပြလိုက်သည်။
"ဒါပါပဲ”
နောက်ဆုံးတွင် ပိုင်ကျီဟန် ဘာကြောင့် ဒုက္ခိတဖြစ်သွားရသည်ကို လူတိုင်း နားလည်သွားကြသည်။
၎င်းမှာ အတွင်းပိုင်း ပြဿနာမဟုတ်ပေ
အများ ယူဆသကဲ့သို့ ရောဂါဝေဒနာလည်း မဟုတ်ပေ။
မိမိ၏ အစေခံမလေးကို ကယ်တင်ရန် ကြိုးစားရင်း ဖြစ်ခဲ့ခြင်းပင်။
လူအများ စိတ်နှလုံး ထိခိုက်သွားကြသည်။
အချို့က ခေါင်းခါမိကြသည်။
စိတ်လိုက်မာန်ပါ လုပ်လွန်းသည်
ပိုင်ကျီဟန်သည် တစ်ချိန်က မိစ္ဆာတို့ထက်ပင် သာလွန်သည့် မိစ္ဆာတစ်ကောင် ဖြစ်ခဲ့ဖူးသော်ငြားလည်း မိုကျွင်းထံသို့ တည့်တည့်မတ်မတ် သွားရောက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက်မျိုးမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားပေ။
လူအချို့ကမူ ထိုသို့သော အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်းမှာ သူနှင့် ထိုက်တန်လှသည်ဟု တွေးတောမိကြ၏။
သို့သော်ငြားလည်း
အခြားသောသူများမှာမူ သူတို့နှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ခံစားနေကြရသည်။
၎င်းမှာ အံ့ဩချီးကျူးမှုနှင့် လေးစားမှုပင်တည်း။
အကြောင်းမှာ... ပိုင်ကျီဟန်သည် ဤလုပ်ရပ်ကို ကိုယ်ကျိုးစီးပွား သို့မဟုတ် ကျော်ကြားမှုအတွက် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်၏။
သူသည် သူ၏ ကာကွယ်ပေးရမည့်သူ တစ်ဦးအတွက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူတို့၏ ခေါင်းဆောင်ကြီးကို ရင်ဆိုင်ပြီး မည်မျှပင် အန္တရာယ်ကြီးမားကြောင်း သိလျက်နှင့် တွန့်ဆုတ်ခြင်းမရှိသည်မှာ
ဤလောကတွင် အလွန်ပင် ရှားပါးလှပေသည်
ထို့ပြင် လူအများက အတွေးကိုယ်စီဖြင့် ဆိတ်ဆိတ်နေရင်း အချက်တစ်ခုကိုလည်း သဘောပေါက်လာကြ၏
မိုကျွင်း မည်သူမည်ဝါဖြစ်ကြောင်းနှင့်
သူ၏ မြင့်မားလှသော ကျင့်ကြံအဆင့်၊ ရက်စက်လှသော အစီအရင်များကို ထည့်တွက်ကြည့်မည်ဆိုပါက
ပိုင်ကျီဟန်အနေဖြင့် ယခုကဲ့သို့ အသက်ရှင်ကျန်ရစ်နေခြင်းမှာပင်
အစွမ်းအစများ ဆုံးရှုံးပြီး ဒုက္ခိတဖြစ်သွားရခြင်းက သူရရှိနိုင်မည့် အကောင်းဆုံးသော ရလဒ် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
အခြားသူသာဆိုလျှင်
အလောင်းပင် ကျန်လိမ့်မည် မဟုတ်ချေ။
ဧကရာဇ်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်
သူ့အမူအရာက မာကျောသွားသည်။
"မင်းတို့ ပိုင်မျိုးနွယ်စုက စတေးမှုတွေ အများကြီး လုပ်ခဲ့ကြတယ်။”
သူ့အသံသည် ခန်းမကို သိပ်သည်းစေသည့်အလေးချိန်ကို သယ်ဆောင်လာပေသည်။
“ မင်းတို့လို သူရဲကောင်းတွေကြောင့် ငါတို့ အင်ပါယာက ဘေးကင်းနေတာပဲ။"
သူ၏ စကားလုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်လာသည်။
"စိတ်ချပါ” ဧက္ကရာဇ်က ဆက်ပြောလေ၏ “ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး”
“မိစ္ဆာကျင့်ကြံသူတွေ သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရလိမ့်မယ်”
ခန်းမကြီး တိတ်ဆိတ်သွား၏
"ကဲ... အခုတော့ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ် ချီးမြှင့်ဖို့ အချိန်ရောက်ပြီ”
လက်ဝှေ့ယမ်းလိုက်သည်နှင့် အစေခံများက ရှေ့သို့ တက်လာကြသည်။
အထူးအဆင့်အရောင်အဝါနှင့်အတူ တန်ဖိုးကြီး ရတနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
လက်နက်များ၊
အကာအကွယ် ပစ္စည်းများ
ရှားပါး ဆေးဖက်ဝင် ပစ္စည်းများ
ထိုအထဲတွင် တစ်ခုက လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။
ကျောက်စိမ်းသေတ္တာလေး တစ်ခုထွက်လာ၏
၎င်းကို ဖွင့်လိုက်သည်နှင့် သန့်စင်သော အသက်ဓာတ် ရနံ့များ ခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။
"အဆင့်-၇ အမြင့်ဆုံး ကုထုံးဆေးလုံး “ဧကရာဇ်က ဆိုသည်။
ခန်းမတစ်ခုလုံး အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။
အဆင့်-၇ အမြင့်ဆုံး
ကောင်းကင်အင်ပါယာတွင် အလွန်ရှားပါးပြီး ဆေးဘုရင် ကိုယ်တိုင်သာ ဖော်စပ်နိုင်သည့် ဆေးလုံးပင်။
ဧက္ကရာဇ် အမူအရာက ပျော့ပြောင်းသွားပေသည်။
"ကျိုးပျက်သွားတဲ့ စွမ်းအင်ကြောတွေကိုတော့ အဆင့်-၇ ဆေးလုံးနဲ့ ကုလို့မရနိုင်ဘူးဆိုတာ ငါကိုယ်တော် ဝန်ခံပါတယ်။ “ သူကပြောလေ၏
“ဒါပေမဲ့... ဒီဆေးလုံးဟာ အရေးကြုံလာတဲ့အခါ မင်းရဲ့အသက်ကိုတော့ ကယ်တင်ပေးနိုင်လိမ့်မယ်။"
ပိုင်ကျီဟန်သည် ကျောက်စိမ်းသေတ္တာကို လက်ခံလိုက်ပြီး သူ၏မျက်နှာထားမှာ မပြောင်းလဲပေ။
"ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ရှိပါတယ်"သူက တည်ငြိမ်စွာ ဆိုလိုက်သည်။
ပိုင်ကျီဟန်သည် ပြန်လှည့်ထွက်ရန် ပြင်လိုက်
စဉ်
"နေဦး”
ဧကရာဇ်က တားလိုက်ပြန်သည်။
ဧကရာဇ်က လက်ကိုမြှောက်ပြီး ပိုင်ကျီဟန်အပေါ် ကြည့်နေ၏
ဤတစ်ကြိမ်တွင်မူ ဧကရာဇ်၏ မျက်ဝန်းထဲ၌ ယခင်ကထက် ပိုမိုနက်ရှိုင်းသော အတွေးတစ်ခုနှင့် အကြံအစည်တစ်ခု အရိပ်ထင်နေသည်။
"ငါကိုယ်တော် မင်းကို ထပ်မံပေးသနားလိုတာ တစ်ခုရှိသေးတယ်"
ခန်းမအတွင်းရှိ လူများ တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ပိုပြီး
အဆင့်-၇ ဆေးလုံးထက် ပိုသော ဆုလာဘ်?
ပိုင်မျိုးနွယ် အကြီးအကဲများပင် မျက်မှောင်ကြုတ်မိသွားကြပြီး ဘာကို ရည်ရွယ်နေမှန်း မသိကြပေ
ထိုစဉ် ဧကရာဇ်က နာမည်တစ်ခုကို ခေါ်လိုက်သည်။
"ယုဖေးယန် “
ထိုအမည်ကို ခေါ်လိုက်သည်နှင့် ခန်းမအတွင်းရှိ လေထုမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ခန်းမဘေးဘက်မှ ခြေသံသဲ့သဲ့ ထွက်ပေါ်လာကာ လှပကျော့ရှင်းပြီး အသံပင် မထွက်သော ခြေလှမ်းများ...
မိန်းမပျိုတစ်ဦး ရှေ့သို့ လှမ်းတက်လာသည်။
သူမသည် ရိုးရှင်းသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလွန်ပင် တင့်တယ်လှသည်။ သူမ၏ ကိုယ်ဟန်မှာ နွဲ့နှောင်းသွယ်လျပြီး လှုပ်ရှားမှုတိုင်းက ရေစီးကြောင်းအလား ချောမွေ့လွန်းလှသည်။
သူမ၏ မျက်နှာအလှမှာ ငြင်းဆန်၍မရအောင်ပင် လှပလွန်းသော်လည်း ပထမတစ်ချက် ကြည့်လိုက်ရုံနှင့် လူကို မှင်သက်မိသွားစေသည့် ပြင်းရှတောက်ပသော အလှမျိုးတော့မဟုတ်ပေ
သို့သော်... အမှန်တကယ်တွင်မူ သူမ၏အလှမှာ ကြည့်ရှုရသူကို အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပြုစားနိုင်သည့် အလှတရားမျိုးသာ ဖြစ်ပေတော့သည်။
ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းများ...
မပြုံးတပြုံး နှုတ်ခမ်းအစု
သို့သော် သူမ ပေါ်လာသည်နှင့် တပြိုင်နက် ကျင့်ကြံသူ အများအပြားသည် ရှင်းပြရခက်သော စိတ်မသက်မသာမှုကို ခံစားလိုက်ရသည်။
တစ်ခုခု လွဲချော်နေသလိုပင်။
ထိုအခိုက်အတန့်၌
ပိုင်ကျီဟန်၏ မျက်စိရှေ့တွင် အလင်းဖောက်မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူ၏ မျက်စိသူငယ်အိမ်တို့မှာ ကျုံ့သွားလေသည်။
[ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူကို ရှာဖွေတွေ့ရှိပါပြီ]