← Chapters

အချစ်၏ ကြေညာချက်

Vol. 29 Ch. 435

အချစ်၏ ကြေညာချက်

Vol. 29 Ch. 435

ဧကရာဇ်မင်းမြတ်သည် ဒေါသထွက်မလာခဲ့ပေ။

ယင်းအစား သူသည် ပြုံးလိုက်၏။

၎င်းမှာ တည်ငြိမ်ပြီး စနစ်တကျ တွက်ချက်ထားသော အပြုံးမျိုးဖြစ်သည်— နွေးထွေးမှုလည်းမရှိ၊ ရန်လိုမှုလည်းမရှိဘဲ အာဏာစက်နှင့် တွက်ကိန်းတို့သာ ရောယှက်နေသည်။

"ပိုင်ကျီဟန်နဲ့ မင်းကြားက စေ့စပ်ထားမှုကို ငါကိုယ်တော် ကောင်းကောင်းသိပါတယ်" သူက တိတ်ဆိတ်နေသော ခန်းမအတွင်း ဟိန်းထွက်သွားသည့် အသံဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။

ခဏမျှ ဆိုင်းငံ့လိုက်ပြီးနောက်

"ငါကိုယ်တော် သိသလောက်ဆိုရင်တော့ “ သူကဆက်ပြော၏ “ အဲ့ဒီစေ့စပ်ပွဲက ပိုင်မျိုးနွယ်စုနဲ့ ချူမျိုးနွယ်စုကြားက မဟာမိတ်ဖွဲ့ဖို့အတွက်ပဲ ဖန်တီးခဲ့တာ မလား"

ဧကရာဇ်သည် ထိုအချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။ သူသည် ဤစေ့စပ်ပွဲ၏ အလေးသာမှုကို လျှော့ချရန် ကြိုးစားနေခြင်းမှာ ထင်ရှားလှသည်။

အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ စေ့စပ်ထားခြင်းမှာ စေ့စပ်ထားခြင်းပင်

ဧကရာဇ်၏ အကြည့်တို့က ချူကျီယန်ထံသို့ ခဏတာ ရောက်ရှိသွားသည်။

"ဒါပေမဲ့..." သူ၏ လေသံမှာ အနည်းငယ် နူးညံ့သွားပြီး၊ "ငါကိုယ်တော်ရဲ့ နဝမမြောက်သမီးတော်က ပိုင်ကျီဟန်ကို ချစ်မိသွားပြီ"

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အချစ်?

ဧကရာဇ်သည် အလွန်ကျိုးကြောင်းဆီလျော်သည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ဆက်လက်မိန့်ကြားသည်။ "သူမက ပိုင်ကျီဟန်ရဲ့ အရည်အချင်းနဲ့ အခက်အခဲတွေကြားမှာ မယိုင်လဲတဲ့ စိတ်ဓာတ်ကို လေးစားမိသွားတာပဲ။ ဒီလို ခံစားချက်မျိုးကို ငါကိုယ်တော် အဖေတစ်ယောက်အနေနဲ့ လျစ်လျူမရှုနိုင်ဘူး"

သူက ချူကျီယန်ကို ပြန်ကြည့်လိုက်၏

"ဒါကြောင့် မင်းအနေနဲ့ နားလည်ပေးနိုင်မယ်လို့ ငါကိုယ်တော် မျှော်လင့်တယ်... မင်းဘက်ကနေ ဒီစေ့စပ်ပွဲကို လိုလိုလားလားနဲ့ ဖျက်သိမ်းပေးဖို့ပဲ"

လေထုမှာ ခေတ္တမျှ ရပ်တန့်သွားသည်။

ထို့နောက်

"ငါကိုယ်တော်ဟာ ချူမျိုးနွယ်စုကို အရှုံးမခံစေရပါဘူး” သူကဆက်ပြော၏ “ထိုက်တန်တဲ့ လျော်ကြေးတွေ ပေးအပ်မှာပါ"

ကျင့်စဉ်အရင်းအမြစ်များ၊

နယ်မြေများ၊

တော်ဝင်မိသားစု၏ မျက်နှာသာပေးမှုနှင့်

အနာဂတ်အတွက် အကာအကွယ်များ

ထိုစကားများနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

ဧကရာဇ်သည် တောင်းဆိုနေခြင်းမဟုတ်ပေ

အာဏာစက်ဖြင့် ညှိနှိုင်းနေခြင်းသာ ဖြစ်သည်။

ပြင်ပတွင် တည်ငြိမ်သယောင်ရှိသော်လည်း ခန်းမအတွင်း စိတ်ကူးတွက်ချက်မှုများက ရှုပ်ထွေးနေသည်။

လူအများက ၎င်းကို ချူမျိုးနွယ်စုအတွက် ကောင်းမွန်သော ကမ်းလှမ်းမှုဟု ထင်မြင်ကြသည်။ ချူကျီယန်အနေဖြင့် ကျင့်စဉ်ပျက်နေသူတစ်ဦးနှင့် လက်ထပ်စရာမလိုတော့ပေ။

အကယ်၍သာ ယခင်ကဆိုလျှင် လူအများက ဤသို့ တွေးတောကြမည်မဟုတ်သော်လည်း၊ ယခုအခါ ပိုင်ကျိဟန်သည်

ဒုက္ခိတတစ်ဦး ဖြစ်သွားပြီဖြစ်ရာ သူနှင့် လက်ထပ်ခြင်းမှာ သံခြေကျင်း အခတ်ခံရသကဲ့သို့ပင် ဖြစ်နေတော့သည်။

ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် စေ့စပ်မှုကို သန့်သန့်ရှင်းရှင်း လမ်းခွဲခွင့်ရရုံသာမက ဧကရာဇ်မင်းမြတ်ထံမှ ဆုလာဘ်များကိုပါ ရရှိဦးမည်ဆိုလျှင် ၎င်းမှာ မမျှော်လင့်ဘဲရသည့် အပိုဆုလာဘ် တစ်ခုပင် ဖြစ်ပေတော့မည်။

လူတိုင်းက ထိုကဲ့သို့သော အတွေးမျိုး၊ တွက်ချက်မှုမျိုးကို ကိုယ်စီ ရှိနေကြသည်။

သို့သော် ပိုင်ကျီဟန် ၏ အတွေးများမှာမူ လုံးဝကွဲပြားနေသည်။

(ဒီဧကရာဇ် ဘာတွေ ကစားနေတာလဲ?)

သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ဦးနှောက်ကမူ အလုပ်အပြည့်လုပ်နေသည်။

ဧကရာဇ်က ဘာကြောင့် နဝမမြောက်မင်းသမီး အထူးသဖြင့် ချင်လင်းရှောင်ကို သူ့အား အတင်းလက်ထပ်ပေးချင်နေရသနည်း။

(သူက တကယ့်ဧကရာဇ်ရော ဟုတ်ရဲ့လား?)

ထိုအတွေးက ခေါင်းထဲသို့ ဝင်လာသည်။

ယနေ့မတိုင်မီကဆိုလျှင် ပိုင်ကျီဟန်အနေဖြင့် ဤအချက်ကို ဘယ်သောအခါမှ သံသယဝင်မိမည်မဟုတ်ပေ။ လိမ်လည်လှည့်ဖြားမှုများကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည့် ကျွမ်းကျင်ပညာရှင်ကြီးများ ဤလောကတွင် အမြောက်အမြား ရှိနေသည်မဟုတ်ပါလော။

သို့သော် ချင်လင်းရှောင်နှင့် သူမ၏ စွမ်းဆောင်ရည်များအကြောင်းကို သိရှိပြီးသည့်နောက်တွင်မူ... ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် အစားထိုးခံထားရလေသလားဟု တွေးတောမိခြင်းမှာ အလှမ်းမဝေးတော့သော အချက်ပင် ဖြစ်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် သူသည် မင်းသမီး အတုနှင့် ပူးပေါင်းကာ ပိုင်ကျီဟန်အပေါ်တွင်ဖြစ်စေ၊ သို့မဟုတ် ပိုင်မျိုးနွယ်စု အပေါ်တွင်ဖြစ်စေ တစ်စုံတစ်ခု လုပ်ဆောင်ရန် ကြံစည်နေခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်လည်း ပိုင်ကျီဟန်အနေဖြင့် ၎င်းကို အလွယ်တကူ ဆုံးဖြတ်၍မရသေးပေ။ အင်မော်တယ် အဆင့် ကျွမ်းကျင်သူများပင်လျှင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မရိပ်မိကြလျှင် သူကဲ့သို့သောသူမှာ သာ၍ပင် မစွမ်းဆောင်နိုင်သည်မှာ အထင်အရှားပင်။

ဖြစ်နိုင်ခြေ နှစ်ခု ရှိနေဆဲဖြစ်သည်။

ဧကရာဇ်မှာ အစစ်အမှန်ဖြစ်သော်လည်း ချင်လင်းရှောင်၏ လွှမ်းမိုးမှု သို့မဟုတ် ဖျောင်းဖျမှုကို ခံထားရသည်။

ဒါမှမဟုတ် ဧကရာဇ်ကိုယ်တိုင်မှာမူ ယုဖေးယန်ကဲ့သို့ပင် အစားထိုးခံလိုက်ရခြင်းပင်

မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် ဧကရာဇ်၏ အကြံအစည်ဖြစ်စေ သို့မဟုတ် ချင်လင်းရှောင်၏ အကြံအစည်ဖြစ်စေ၊ သူတို့သည် ပိုင်မျိုးနွယ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်လိုကြသည်မှာ အလွန်ပင် ထင်ရှားနေသည်။

၎င်းမှာ ပိုင်ကျီဟန်အနေဖြင့် စမ်းသပ်ကြည့်ဝံ့သည့် အခြေအနေမျိုး မဟုတ်ပေ။

သူသည် သူ၏အကြည့်ကို ချင်လင်းရှောင်ဘက်သို့ အနည်းငယ်မျှ လွှဲပြောင်းကြည့်လိုက်သည်။

သူမသည် တည်ငြိမ်စွာ ရပ်ပြီး သူမ၏ အမူအရာမှာ နူးညံ့သိမ်မွေ့ကာ မြင့်မြတ်၍ အပြစ်ဆိုဖွယ်ရာမရှိ ချောမောလှပလွန်းလှသည်။

အခြေအနေ အရပ်ရပ်မှာ သူမ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်ပေါ်နေသည့်အလား...။

(မင်း ဒါကနေ ဘာကို ရချင်နေတာလဲ?)

ပိုင်ကျီဟန် စိတ်ထဲမှ တိုးတိုးလေး မေးမြန်းလိုက်သည်။

ပိုင်မျိုးနွယ်စုထဲကို ထိုးဖောက်ဝင်ရောက်ဖို့လား?

လက်ထပ်ထိမ်းမြားမှုကို သုံးပြီး သူ့ကို ချည်နှောင်ဖို့လား?

သူ့အနားကို ပိုတိုးကပ်လာဖို့လား?

ဒါမှမဟုတ်

(ငါ့နေရာကို အစားထိုး ယူဖို့လား?)

ထိုအတွေးကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားရသည်။

သူမတွင် ထိုသို့လုပ်ဆောင်နိုင်သည့် စွမ်းရည်အပြည့်ရှိပြီး ယုဖေးယန်၏ နေရာကို အစားထိုးယူထားခြင်းအားဖြင့်လည်း သူမသည် ၎င်းကို မည်မျှအထိ လွယ်ကူစွာ လုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပြီးပြီဖြစ်သည်။

သူသည် သူကိုယ်သူ မာန်တက်နေသူတစ်ယောက် မဟုတ်သဖြင့် မိမိအနေဖြင့် ရည်ရွယ်ချက်ကို အကဲမခတ်နိုင်သော ရွှေအမြုတေ အင်မော်တယ် နယ်ပယ်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နိုင်စွမ်းမရှိမှန်း ကောင်းကောင်းသိသည်။

လက်ထပ်ထိမ်းမြားမှုမှာ ဖြစ်နိုင်ခြေမရှိသော ကိစ္စပင်။

မိမိအား အားစိုက်စရာပင်မလိုဘဲ အစပျောက်အောင် လုပ်နိုင်စွမ်းရှိသည့်၊ စိတ်ကူးကို မဖတ်နိုင်သော အန္တရာယ်ရှိသူတစ်ဦးနှင့် မိမိကိုယ်မိမိ ပတ်သက်မိအောင်

လုပ်ခြင်းသည်

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းပင် ဖြစ်သည်။

သို့သော် တိုက်ရိုက် ငြင်းပယ်လိုက်ဖို့လား?

၎င်းမှာလည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်သော်ငြား၊ သူမကဲ့သို့ အန္တရာယ်ကြီးလှသူနှင့် ပတ်သက်နေရခြင်းထက်စာလျှင် ပို၍ သာလွန်သေးသည်။

ထိုစဉ်

ချူကျီယန်သည် ထရပ်လိုက်ပြီး ထိုလက်ထပ်ပွဲကို ကန့်ကွက်လိုက်လေသည်။

(အခွင့်အရေးပဲ)

သူ တွေးလိုက်မိသည်။ "သူ့ကို နောက်ထပ် လက်ထပ်ပွဲတစ်ခု ထပ်မံ ချီးမြှင့်ဖို့ဆိုတာက" သူမသည် တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်၊ "မသင့်တော်သလို... မတရားလည်း ဖြစ်နေပါတယ်။"

ချူကျီယန်က ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဧကရာဇ်မင်းမြတ်သည် ချက်ချင်း တုံ့ပြန်ခြင်းမပြုသေးပေ

သူသည် ချူကျီယန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး သူ၏အကြည့်များမှာ နက်ရှိုင်းပြီး အဓိပ္ပာယ်ဖော်ရခက်လှကာ သူမ၏ စကားများထက် ပိုမိုလေးနက်သော အရာတစ်ခုခုကို ချိန်ဆနေသည့်အလားပင်။

ထို့နောက် သူ သက်ပြင်းချလိုက်သည်။

တိုးညှင်းသော သက်ပြင်းတစ်ချက်။

"ပြောရမယ်ဆိုရင်တော့" ဧကရာဇ်က နှေးကွေးစွာဖြင့် ဆိုသည်၊ "ငါကိုယ်တော် အဆိုပြုတဲ့ကိစ္စက တကယ်ပဲ... အတန်ငယ် မ

သင့်တော်တာတော့ မှန်ပါတယ်။"

ခန်းမဆောင်အတွင်းသို့ အံ့အားသင့်ဖွယ် လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသည်။

ဧကရာဇ်မင်းမြတ် ကိုယ်တိုင်က မသင့်လျော်ကြောင်းကို ဤမျှ ပွင့်လင်းစွာ ဝန်ခံသည်ကို ကြားရခြင်းမှာ ရှားပါးလှသည်။

"ဒါပေမဲ့" သူက ဆက်ပြောသည်၊ သူ၏ လေသံမှာ အုပ်ချုပ်သူတစ်ဦးထက် ဖခင်တစ်ဦး၏ လေသံမျိုးသို့ ပြောင်းလဲသွားပြီး၊ "ဒီကိစ္စက ငါကိုယ်တော် တစ်ဦးတည်းရဲ့ ဆန္ဒကြောင့် စခဲ့တာ မဟုတ်ဘူး။"

သူ၏ အကြည့်မှာ ချင်လင်းရှောင်ဘက်သို့ ညင်သာစွာ ရောက်ရှိသွားသည်။

"ငါ့သမီးက" သူက ဆိုသည်၊ "သူမကိုယ်တိုင် အခိုင်အမာ တောင်းဆိုခဲ့တာ”

ထိုစကားလုံးများသည် တိုးညှင်းစွာ ထွက်ပေါ်လာသော်လည်း မိုးကြိုးပစ်ချလိုက်သည်ထက်ပင် ပို၍ ပြင်းထန်လှသည်။

"သူမက ငါကိုယ်တော့်ဆီက ဘယ်တုန်းကမှ ဘာကိုမှ မတောင်းဆိုဖူးဘူး" သူက ဆက်ပြောသည်။

"ဒါက သူမရဲ့ ပထမဆုံး အချစ်ပဲ။"

ခန်းမဆောင်ကြီးမှာ ယခင်ကထက်ပင် ပိုမို၍ တိတ်ဆိတ်သွားတော့သည်။

အချို့သောသူများ၏ မျက်နှာတွင် စာနာစိတ်များ ပေါ်လာ၏

အချို့မှာမူ စိတ်ထဲမှ လှောင်ပြောင်နေကြသည်။

သို့သော် မည်သူမျှ အပြင်ထုတ်၍ မပြောဝံ့ကြပေ။

"ဖခင်တစ်ယောက်အနေနဲ့" ဧကရာဇ်က တည်ငြိမ်စွာ ဆိုသည်၊ "ငါကိုယ်တော်က သူမကို ဘယ်လိုများ ငြင်းဆန်နိုင်ပါ့မလဲ?"

သူ၏အကြည့်မှာ ချူကျီယန်ထက်သို့ ပြန်လည်ရောက်ရှိသွားသည်။

"ချူမျိုးနွယ်စုနဲ့ ပိုင်မျိုးနွယ်စုကြားက မဟာမိတ်အတွက်ကတော့" သူက ဆိုသည်၊ "အခြားသော နည်းလမ်းတွေ အမြောက်အမြား ရှိပါသေးတယ်။"

အခြားသော အဖွဲ့ဝင်များအကြား လက်ထပ်ထိမ်းမြားခြင်း။

အရင်းအမြစ်များ ဖလှယ်ခြင်း။

"ဒါပေမဲ့ ငါ့သမီးတော်ရဲ့ ခံစားချက်တွေကိုတော့ အစားထိုးလို့ မရဘူးလေ။"

ချူကျီယန်လက်ချောင်းလေးများသည် ဝတ်ရုံလက်အောက်တွင် အနည်းငယ် တုန်ရင်သွားသည်။

သူမ၏ တည်ငြိမ်မှုများ အက်ကွဲကြောင်း ထင်လာရပြီ—အနည်းငယ်မျှသာ ဖြစ်သော်လည်း ဧကရာဇ်မင်းမြတ်သည် အလွယ်တကူ နောက်ဆုတ်မည့်ပုံမပေါ်

ကြောင်း ထင်ရှားလှသည်။

အမှန်စင်စစ် အခြားသူများ၏ အမြင်တွင်မူ သူမကိုယ်တိုင်က မလိုချင်သော စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ဤမျှ ရက်ရောသော ကမ်းလှမ်းချက်ကို ရရှိပါလျက်နှင့် ဇွတ်အတင်း ကန့်ကွက်နေသူမှာ သူမသာ ဖြစ်နေသည်။

ချူကျီယန် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"အရှင်မင်းကြီး..." သူမသည် တည်ငြိမ်အောင် ကြိုးစားနေသည့်ကြားမှ တင်းမာနေသော အသံဖြင့် ဆိုသည် "ကျွန်မလည်း”

သို့သော် သူမ စကားမဆုံးမီမှာပင်

အရိပ်တစ်ခု လှုပ်ရှားသွားသည်။

ပိုင်ကျီဟန် ရှေ့သို့ လှမ်းတက်လာခြင်းပင်။

သူသည် ချူကျီယန်၏ ဘေးနားသို့ တိုးကပ်သွားရာ သူတို့နှစ်ဦးကြားရှိ ဟာကွက်များ ပျောက်ကွယ်သွားသည်အထိ နီးကပ်သွားတော့သည်။

သူ၏လက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး သူမ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

သူ၏ လက်ချောင်းများသည် ခိုင်မာသော်လည်း နူးညံ့နေပြီး သူမကို မိမိအနားသို့ ဆွဲခေါ်လိုက်၏။

ချူကျီယန် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူမ၏ ပါးပြင်ပေါ်တွင် ဖျော့တော့သော ရှက်သွေးတို့ လွှမ်းသွားသည်။

သူမ၏ အသက်ရှူသံမှာလည်း တစ်ချက်မျှ ရပ်တန့်သွားကာ သူ၏ ရင်ဘတ်နှင့် ပခုံးချင်း ထိလုနီးပါး အနားသို့ ရောက်ရှိသွားရသည်။

ကြည့်နေသူ မည်သူမဆိုအတွက်မူ

၎င်းမှာ ငြင်းဆို၍မရနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင်လွန်းသော အမူအရာတစ်ခုပင်။

ပိုင်ကျီဟန်သည် သူမ၏ ရှေ့တွင် အနည်းငယ် ကာကွယ်ပေးထားသည့် ပုံစံဖြင့် ရပ်လိုက်ပြီး ပလ္လင်ထက်ဆီသို့ အကြည့်ကို ပင့်တင်လိုက်သည်။

ထိုအခါမှသာ သူ စကားပြောလေတော့သည်။

"အရှင်မင်းကြီး" ပိုင်ကျီဟန်က ပြတ်သားပြီး ခိုင်မာသောလေသံဖြင့် ဆိုသည် "ဒီဂျူနီယာအနေနဲ့ အရှင်မင်းကြီးရဲ့ ချီးမြှင့်တဲ့ လက်ထပ်ပွဲကို ငြင်းပယ်ပါရစေ။"

ခန်းမဆောင်ကြီးအတွင်း ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားရသည်။

"အမှန်တရားကတော့" သူက တည်ငြိမ်စွာ ဆက်ပြောသည် "ကျီယန်နဲ့ ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာပါပဲ။"

ချူကျီယန်၏ မျက်ဝန်းအိမ်များ ပြင်းထန်စွာ ကျုံ့သွားရသည်။

ထိုစကားလုံးများကပင် ခန်းမဆောင်ကြီးကို ရိုက်ခတ်လိုက်သကဲ့သို့ပင်။

လူတိုင်းက ဤစေ့စပ်ပွဲမှာ အကျိုးစီးပွားအတွက်သာဟု ယုံကြည်နေကြစဉ်—အမှန်တကယ်လည်း လူအများ သိထားကြသည့်အတိုင်းပင်.. သို့တိုင် ပိုင်ကျီဟန်က ထိုသို့ ရဲရဲဝံ့ဝံ့ ကြေညာလိုက်ခြင်းဖြစ်သည်။

ချူကျီယန်၏ နှလုံးခုန်သံမှာ မြန်ဆန်လှသည်။

သူမ၏ မျက်နှာမှာ ရှက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းတို့ကြောင့် နီမြန်းနေ၏။

သူမသည် ပိုင်ကျီဟန်ကို စူးစိုက်ကြည့်ရန် ကိုယ်ကို အမြန်လှည့်လိုက်သည်။

"ရှင်...”

သို့သော် ပိုင်ကျီဟန်က သူမ၏ ဝတ်ရုံလက်ကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

တိတ်ဆိတ်သော အချက်ပေးမှုတစ်ခု။

(ငါ့ကို ယုံစမ်းပါ)

သူ၏ မျက်လုံးများက ထိုသို့ ပြောနေသယောင် ရှိသည်... သို့မဟုတ် သူကသာ ထိုသို့ ထင်နေခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ ဤအစီအစဉ်၏ တစ်ခုတည်းသော အားနည်းချက်မှာ ချူကျီယန်က သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့လျှင်ပင်။

သို့သော် သူမ၏ စောစောက သဘောထားကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စအတွက် သူ အလွန်အမင်း စိုးရိမ်စရာ မလိုဟု ထင်မိသည်။

ဧကရာဇ်မင်းမြတ်၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့ပြီ။

အနည်းငယ်မျှသော အံ့အားသင့်မှုတို့ ရောယှက်နေ၏။

"မင်းတို့ တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာလား?"

ဧကရာဇ်မင်းမြတ်က မေးမြန်းလိုက်လေသည်။

"ဟုတ်မှန်ပါတယ်”

ပိုင်ကျီဟန်သည် တုံ့ဆိုင်းခြင်းမရှိပေ

ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။

သူ၏လေသံမှာ ဝေဝါးတုန်လှုပ်ခြင်း အလျဉ်းမရှိ။

ပိုင်ကျီဟန်၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာသော ထိုအရှက်မဲ့လှသည့် စကားလုံးများကြောင့် ချူကျီယန်မှာ ရှက်သွေးဖြန်းသွားရသည်။ ယခု ပိုင်ကျီဟန် ပြောနေသမျှသည် လုံးဝဥဿုံ အဓိပ္ပာယ်မရှိသော ကမောက်ကမ စကားများသာဖြစ်ကြောင်း သူမ အသေအချာ သိနေသည်။ သူက ဒီလိုမျိုး ချက်ချင်းကြီး ပြောင်းလဲသွားနိုင်ပါ့မလား။

ပိုင်ကျီဟန်သည် နဝမမြောက်မင်းသမီးနှင့် စေ့စပ်ရမည့်အရေးကို ရှောင်လွှဲရန်အတွက် သူမကို ဒိုင်းအဖြစ် အသုံးချနေခြင်းသာ ဖြစ်သည်ဟု သူမ ယူဆလိုက်သည်။ သူမကိုယ်တိုင်လည်း တစ်ချိန်က အခြားသူများကို ဟန့်တားရန်အတွက် ဤစေ့စပ်မှုကို အသုံးချရန် ကြံစည်ခဲ့ဖူးသည်မဟုတ်ပါလော

သို့သော်ငြားလည်း...

သူမ မရှက်ဘဲ မနေနိုင်ခဲ့ပေ

ပိုင်ကျီဟန်၏ ပြတ်သားလှသော ချစ်ခြင်းမေတ္တာ ကြေညာချက်—လူပေါင်းများစွာ၏ ရှေ့မှောက်၊ ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင်ပင်—သူမ၏ လက်မောင်းကို ခိုင်မာစွာ ဆုပ်ကိုင်လျက် ကာကွယ်ပေးထားသည့် ပုံစံဖြင့် ပြောဆိုလိုက်ခြင်းမှာ... မည်မျှပင် သန်မာထက်မြက်သည့် မိန်းကလေးဖြစ်ပါစေ၊ သူတို့၏ စိတ်အနက်ရှိုင်းဆုံးတွင် ဆင်တူသော စိတ်ကူးယဉ်အိပ်မက်တစ်ခုစီ ရှိကြသည်သာ ဖြစ်သည်။

မင်းသားတစ်ပါး။

လူအများရှေ့တွင် ချစ်ခြင်းကို ဖွင့်ဟဝန်ခံခြင်း။

တစ်လောကလုံးကို ဆန့်ကျင်၍ မားမားမတ်မတ် ရပ်တည်ခြင်း။

ယခု ပိုင်ကျီဟန်သည် ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် ထိုအတိုင်း အတိအကျ လုပ်ဆောင်ပြနေခြင်းဖြစ်သည်။

ထို့ကြောင့် ဤမြင်ကွင်းမှာ မိန်းကလေးတိုင်း တောင့်တရသည့် အိမ်မက်ဆန်သော မြင်ကွင်းတစ်ခုဟု ဆိုနိုင်သည်။

နန်းရင်ပြင် ခန်းမဆောင်ကြီးအတွင်း၌ အံ့အားသင့်စွာ အသက်ရှူသံများ ပျံ့လွင့်သွားရသည်

နှလုံးသားပေါင်းများစွာကို တစ်ပြိုင်နက် ရိုက်ခတ်လိုက်သကဲ့သို့ပင်။

လူငယ်ကျင့်ကြံသူများအကြားတွင်—အထူးသဖြင့် အမျိုးသမီးများ အကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်မှာ သိသာလှသည်။

အချို့က ပါးစပ်ကို လက်ဖြင့် အုပ်ထားကြသည်။

အချို့ကမူ ရှေ့မှ မြင်ကွင်းကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေကြ၏။ အချို့မှာမူ ထိန်းမနိုင်သိမ်းမရ နှလုံးခုန် မြန်နေကြသည်။

ဧကရာဇ်ရှေ့မှောက်တွင် ရဲရဲဝံ့ဝံ့ ချစ်ရေးဆိုခြင်း...။

အကယ်၍ ပိုင်ကျီဟန်သာ ကျင့်စဉ်အခြေခံ ပျက်စီးမသွားခဲ့လျှင်...။

၎င်းမှာ ပြီးပြည့်စုံသော ဒဏ္ဍာရီတစ်ခု ဖြစ်လာပေလိမ့်မည်။

"တစ်သက်တာ သစ္စာပြုတဲ့နှောင်ကြိုးပဲ..."

"ဒါကို အားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း ကြေညာရဲတယ်နော်..."

"သူမကိုတောင် ကာကွယ်ပေးထားသေးတယ်..."

မိန်းကလေးငယ်တစ်ဦးသည် သူမ၏ ဝတ်ရုံလက်စကို မသိစိတ်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း မျက်လုံးများ တောက်ပနေရှာသည်။

"ပိုင်ကျီဟန်သာ ဒုက္ခိတ မဖြစ်ခဲ့ရင်..."

"ဒါက တကယ်ကို အိမ်မက်ဆန်တဲ့ ဖူးစာဖက် ဖြစ်မှာပဲ။"

အများစုမှာ ထိုအတွေးကိုပင် ထပ်တူထပ်မျှ တွေးနေကြသည်။

နှမြောစရာပင်။

ဝမ်းနည်းဖွယ်ရာ အချစ်ဇာတ်လမ်း။ ကံကြမ္မာ၏ အကျဉ်းချခြင်းကို ခံထားရသော ပြင်းထန်သည့် အချစ်။

သို့သော်

လူတိုင်းက ထိုသို့ စိတ်ကူးယဉ် စာနာနေကြသည်တော့ မဟုတ်ပေ။ အကြီးအကဲများ။

အကွက်ချ ကြံစည်တတ်သူများ။

ဧကရာဇ်မင်းမြတ်။

၎င်းတို့က မြင်ကွင်း၏ နောက်ကွယ်က အမှန်တရားကို ထိုးဖောက်မြင်ကြသည်။

ဧကရာဇ်၏ အကြည့်သည် ပိုင်ကျီဟန်ထံတွင်သာ စွဲမြဲနေဆဲဖြစ်သည်။ နက်ရှိုင်းကာ တည်ငြိမ်ပြီး အကဲခတ်နေသည့် အကြည့်…

သူ့တွင် ဒေါသအရိပ်အယောင် မရှိပေ

ကျေနပ်သည့် အရိပ်အယောင်လည်း မရှိပေ။

စဉ်းစားဆင်ခြင်နေသည့် ပုံစံသာ ပေါ်လွင်

နေသည်။

ပိုင်ကျီဟန် ဘာလုပ်နေသည်ကို သူ အထင်အရှား မြင်နိုင်သည်။

နန်းတွင်း လက်ထပ်ပွဲကို ရှောင်လွှဲခြင်း။

ချူကျီယန်ကို ဒိုင်းတစ်ခုကဲ့သို့ရော၊ အမှီသဟဲပြုရာအဖြစ်ပါ အသုံးချခြင်း။

သို့ပါသော်လည်း

ချူကျီယန်က စကားပြောပြီးပြီ။

ပိုင်ကျီဟန်ကလည်း ပြောပြီးပြီ။

ယခုအချိန်တွင် ဧကရာဇ်အနေဖြင့် သူတို့ကို အတင်းအဓမ္မ ခွဲခွါစေမည်ဆိုပါက

ကြည့်ရ အလွန် ဆိုးသွားပေလိမ့်မည်။

အလွန်အမင်း ထင်ရှားလွန်းနေလိမ့်မည်။

အထူးသဖြင့် ဤမျှ များပြားလှသော လူအများ၏ ရှေ့မှောက်တွင်ဖြစ်သည်။ ဤအချက်ကို ဧကရာဇ်မင်းမြတ် ကောင်းစွာ နားလည်ထားသည်။

All Chapters