အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
အပိုင်း (၄၆) (က)
ရှောင်းချီစုန့်က စားသောက်ထဲမှ ထွက်လာသည်။ အစောင့်နှင့်အစေခံများက ချက်ချင်း သူ့ကိုတွဲကာ မြင်းပေါ်တင်ပေးလိုက်ကြသည်။ လူအုပ်စုကြီးက လှည်းနောက် လိုက်သွားကြလေသည်။
လှည်းက လမ်းတစ်ခုထဲသို့ မြန်မြန် ကွေ့ဝင်သွားပြီး အိမ်တစ်လုံးတွင် ရပ်လိုက်၏။
ရှောင်းချီစုန့်က မြင်းပေါ်ကဆင်းလိုက်ပြီး အိမ်ထဲသို့ အတင်းတိုးဝင်သွားတော့သည်။
“ မင်းတို့က....”
အစေခံနှစ်ယောက် ရောက်လာ၏။
“ဖယ်စမ်း”
ရက်စက်သည့်ခွေးများနှင့်တူသည့် ရှောင်းချီစုန့်၏ ကိုယ်ပိုင်အစေခံများက အစေခံနှစ်ယောက်ကို ကန်ကျောက်လိုက်လေသည်။
ရှောင်းချီစုန့်က အလွန်ကျေနပ်သွားပြီး ခြံထဲသို့ ဟိတ်နှင့်ဟန်နှင့် လျှောက်သွားလိုက်စဥ်တွင် ကြော့ရှင်းလှသည့်ပုံရိပ်တစ်ခုက အနီးက အခန်းတစ်ခုထဲ ဝင်သွားသည်ကို တွေ့လိုက်ရတော့သည်။ ထိုအခန်းကို သားသားနားနား ဆင်ယင်ထားလေသည်။ ပန်းပုလက်ရာနှင့်နူးညံ့သည့်အိပ်ရာတစ်ခု ရှိနေသည်။ အမျိုးသမီးနေထိုင်သည့်အခန်းဖြစ်ဟန်တူသည်။
သူက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး နောက်ကမြန်မြန် လိုက်သွားကာ တံခါးနားသို့ရောက်လာ၏။
အထဲက အမျိုးသမီးက အပြင်က အသံများကို ကြားလိုက်သယောက် အပြင်ထွက်လာရင်း ဘာဖြစ်နေတာလဲဟု မေးလိုက်တော့သည်။
ရှောင်းချီစုန့်သည် နောက်ဆုံးတော့ သူမ၏ အသွင်ပြင်အစစ်အမှန်ကို ရှင်းရှင်းတွေ့လိုက်ရ၏။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အသားအရေက နို့နှစ်လို ချောမွတ်နေကာ မျက်လုံးမျာက တောက်ပပြီး သွားများက ဖြူဖွေးလို့နေသည်။
သည်လိုနေရာသေးသေးလေးတွက် သည်လိုမှင်တက်အံ့ဩဖွယ်အလှမယ်လေး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ့နောက်က တံခါးကို ပိတ်လိုက်ပြီး အမျိုးသမီးကို ဦးညွှတ်နှုတ်ဆက်လိုက်ကာ ပြောလိုက်၏။
“ ဒီကသခင်မ နာမည်ဘယ်လိုခေါ်ပါသလဲ”
သူ၏ သွားရေကျနေသည့်မျက်နှာကို မြင်လိုက်ရသည်တွင် ကျီစန်းညန်သည် သူမ၏ အတွင်းအင်္ဂါငါးခုလုံး တောက်လောက်နေသလို ခံစားလိုက်ရတော့သည်။ သေချာနေပါပြီ။ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို လုံးဝမေ့သွားပြီပဲ။
“ ရှင် ဘယ်သူလဲ၊ ရိုင်းလိုက်တာ၊ အခုချက်ချင်း ထွက်သွား”
သူမက ကပျာကယာ အော်ဟစ်လိုက်၏။
သူမ၏ပန်းရောင်မျက်နှာက ဖြူဖျော့သွားသော်လည်း ပိုလို့ပင် ဆွဲဆောင်မှုနေလေသည်။
ရှောင်းချီစုန့်မှာ သည်းမခံနိုင်လောက်အောင် အသဲယားတယားယား ဖြစ်လာတော့သည်။ သူ့ပါးစပ်ကလည်း ညစ်ညမ်းသည့်ဟန်တစ်ခုဖြင့် ပြောနေလေသည်။
“ သခင်မက အရမ်းလှတာပဲ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလစ်ဟာနေတဲ့အပျိုခန်းထဲမှာ တစ်ယောက်ထဲ နေနေရတာလဲ၊ လာပါ၊ ကျုပ်ကို ချစ်ခင်ခွင့်ပေးလိုက်ပါ”
အပြင်က အစောင့်နှင့်အစေခံများသည် မအံ့ဩကြပေ။ တချို့က ရယ်စရာလိုလို အပြုံးတစ်ခုပင် ထုတ်ပြနေသေးသည်။
လူအုပ်ကြီးရှေ့တွင် အကြီးအကဲတစ်ယောက်ပါလေသည်။ သူသည် ပါးရိုးမြင့်ပြီး သန်မြန်ပုံရသည်။ သူ့နားထင်များက မသိမသာ ဖောင်းနေပြီး သူသည် အတွင်းအားပညာရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေ၏။
သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သည်အိမ်က တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားလိုက်ရလေသည်။ ခုနက ဟနေသည့်နေရာမှ အခန်းထဲသို့ ကြည့်လိုက်ပြီး သေသေချာချာ နားထောင်လိုက်လေသည်။ အခန်းထဲတွင် မိန်းမတစ်ယောက်သာရှိပြီး တစ်ယောက်က အော်ဟစ်နေသည်.... သူ အတွေးလွန်နေတာပဲ ဖြစ်မှာပါ။
သည်အချိန်တွင် စီရင်စုမြို့၏အနောက်ဘက်က အိမ်တစ်လုံးတွင် ရှန်ဖုန်းမင်ကို လီချွမ်က ထိုနေ့လမ်းကြားထဲတွင် ဖြစ်ခဲ့သမျှကို နှာရည်တရွဲရွဲ မျက်ရည်များနှင့် ပြောပြနေလေသည်။
သူ့ကိုရိုက်ခဲ့တဲ့သူကို မမြင်ခဲ့ရပေမဲ့ သူ့ခြေထောက်ကို ချိုးသွားတာ ယောက်ျားတစ်ယောက်မှန်းတော့ သိလိုက်တယ်။
ဒါပေမဲ့ အဲတုန်းက သူ့ဘေးမှ မိန်းမတစ်ယောက် ရှိမယ်ထင်တယ်။ သူ ခပ်သင်းသင်းအနံ့တစ်ခုကို ရလိုက်တယ်။
မိန်းမ တဲ့လား။ ဒီအမှုရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူက မိန်းမတစ်ယောက်လား။ ရှန်ဖုန်းမင်သည် သူအရင်က ဖတ်ခဲ့ဖူးသည့် အမှုတွဲတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။
“ သွားမယ်၊ ရှောင်းချီစုန့်ကို သွားရှာရမယ်”
သူက ရုတ်တရက်ထပြောလိုက်သ်ည။
“ဘာဖြစ်လို့လဲ”
ယန်ရှန့်က ဇဝေဇဝါဖြစ်သွားတော့သည်။
“ အဲဒီလူ ဝူလင်စီရင်စုကို လာခဲ့တာ သူ့ကြောင့် ဖြစ်လောက်တယ်”
ထိုသို့ပြောလိုက်ပြီးနောက် ရှန်ဖုန်းမင်က သူ့မြင်းပေါ် ခုန်တက်လိုက်လေသည်။
ရှောင်းချီစုန့်သည် ကျီစန်းညန်ကို ဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် နွေးထွေးသည့်အထုပ်လေးတစ်ခု ခံစားနေလေသည်။ သူ့နှာခေါင်းဖျားက ခပ်ဖျော့ဖျော့အေးမြသည့်ရနံ့တစ်ခုကို ရနေ၏။
“သခင်မ မင်းခန္ဓာကိုယ်ပေါ် ဘာအနံ့လဲ မွှေးလိုက်တာ၊ ကျုပ်ကို ပေးနမ်းပါအုံး”
ကျီစယ်ရင်း ပြုံးဖြီးနေသည့်အပြုံးတစ်ခုဖြင့် သူက ကျီစန်းညန် အနားသို့ တဖြည်းဖြည်း ပိုကပ်သွားလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ထိဖို့ရာ လက်လှမ်းလိုက်တော့သည်။
သည်အချိန်တွင် ကျီစန်းညန်၏အမူအရာက အေးစက်သွားတော့သည်။ အကြည့်က ခုနက ပျာယာခတ်နေသည့် အကြည့်နှင့် လုံးဝမတူတော့ချေ။
ရှောင်းချီစုန့်က ထူးဆန်းသလို ခံစားလိုက်ရ၏။ မကြာလိုက်ပေ သူ့လက်နှင့် ခြေထောက်တို့သည် အားအင် ချိနဲ့သွားသည်ကို ခံစားလိုက်ရတော့သည်။ သူက ပါးစပ်ဟပြီး အကူအညီတောင်းဖို့ ကြိုးစားလိုက်သော်လည်း မတတ်နိုင်တော့ပေ။
သူသည် ကျီစန်းညန်ကို ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်နှာတစ်ခုနှင့် ကြည့်နေလေသည်။ မထိန်းနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က လဲကျသွားတော့သည်။
ကျီစန်းညန်က သူမရင်ဘတ်ထဲက ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်ပြီး ရှောင်းချီစုန့်အား အပိုင်းပိုင်း ဖြစ်အောင် ခုတ်ဖြတ်ချင်နေသည့်နှယ် စိုက်ကြည့်လိုက်၏။
လွန်ခဲ့တဲ့လေးနှစ်။ အဲဒီတုန်းကလည်း ဆောင်းတွင်းပဲ။ အဲဒီတုန်းက ယွင်ရင်း ဆိုတဲ့သူမက လက်မထပ်ရသေးဘူး။ သူမရဲ့အဖေက လုပြည်နယ်က ကျင်းကွမ်းဘုရားကျောင်းမှာ အမွှေးတိုင်သွားလှူဖို့ သူမကို ခေါ်သွားရာက ဒီလူချမ်းသာ အပျော်ကြူးတဲ့လူနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ရတာပဲ။
သူက သူမကို ထိချင်ခဲ့တာလေ။ သူမရဲ့အဖေက သူ့ကို တားမြစ်ခဲ့တာ။ အဲဒီရက်စက်တဲ့ကျေးကျွန်တွေက သူမရဲ့အဖေကို သေအောင် ရိုက်နှက်ခဲ့ကြတာပဲ။
အဲဒီနောက် အဲဒီရဲ့ဘုရားခန်းမထဲက နတ်ဘုရားအမျိုးမျိုးတို့ရဲ့ မျက်လုံးအောက်မှာပဲ အဲဒီအပျော်ကြူးတဲ့ကောင်က သူမကို အနိုင်ကျင့်စော်ကားခဲ့တယ်။
အဲဒီတုန်းကတော့ သူမက ဒီအတိုင်းသေပြီး ကိစ္စတုံးချင်လိုက်တော့တာပဲ။ သူမရဲ့ စေ့စပ်ထားတဲ့သတို့သားလောက် ဟန်ရှောင်ဇဲ့က သူမကို ဆွဲထားပြီး စောင့်ရှောက်ပေးခဲ့တယ်။ ဒါက သူမရဲ့အမှား မဟုတ်ဘူးလို့ သူကတော့ ပြောပါတယ်။ အဲဒီအပျော်ကြူးတဲ့ကောင်ကြောင့်ပေါ့။ သူက သူမအတွက် တရားမျှတမှု ပြန်ယူပေးဖို့ ကြိုးစားခဲ့တယ်။
သူက စီရင်စုမြို့ကနေ စီရင်စုပြည်နယ်အထိ တိုင်ကြားခဲ့တယ်။ နောက်ဆုံး မြို့တော်ကို တက်ခဲ့တဲ့အထိပဲ။
အဲအချိန်တုန်းက သူမက တရားမျှတမှုဆိုတာကိုတောင် မရှာချင်တော့ဘူး။ ဟန်ရှောင်ဇဲ့ အန္တရာယ်ကင်းဖို့ပဲ မျှော်လင့်ခဲ့တာ။
ဒါပေမဲ့ သူမက ဘာအတွက် စောင့်စားနေခဲ့တာလဲ။ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်တစ်ခု။ သူ့မှာ သေလုနီးပါး အသက်မျော့မျော့လေးပဲ ကျန်တဲ့အထိ အရိုက်ခံခဲ့ရတယ်။ အဲဒီချောမောတဲ့လူ။ အနာဂတ်တောက်ပနေတဲ့ အဲဒီလူ။ ဒီလိုအချိန်မှာတောင် သူမပျော်ရွှင်ဖို့ ကြိုးစားပေးနေတဲ့သူက သူမရဲ့ရင်ခွင်ထဲမှာပဲ ဆုံးပါးသွားခဲ့တယ်။
သူမ သူ့အလောင်းကို ဖက်ပြီး မိုးနတ်မင်းကို တိုင်တည်ရင်း ငိုကြွေးခဲ့ပေမဲ့ မိုးနတ်မင်းကတော့ မကြားခဲ့ပါဘူး။ မြေကြီးကို တိုင်တည်ပေမဲ့လည်း မြေကြီးထဲ မရောက်နိုင်ခဲ့ပါဘူး။ သူမရဲ့မြင်ကွင်းက သွေးတွေနဲ့ပြည့်သွားသလို ခံစားလိုက်ရတယ်။
အဲဒီမှာပဲ သူမ သိလိုက်ပါပြီ။ ဒီလောကမှ တရားမျှတမှုဆိုတဲ့ အရာမျိုးလုံးဝမရှိဘူး။
သူမက အခွင့်အရေးရဖို့ ခါးခါးသီးသီး စောင့်နေရင်း အချင်းချင်း ကာကွယ်ပေးနေကြတဲ့ အကျင့်ပျက်အရာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် ငရဲကို ပို့ပေးလိုက်တယ်။
နောက်ဆုံးတော့ တရားခံတစ်ယောက်ပဲ ကျန်တော့တယ်လေ။
သူက ဟွိုက်နန်ဝမ်ရဲ့သားပဲ။ အဲဒီတုန်းက သူက လုပြည်နယ်ကို ဖြတ်သွားရုံပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူမ မြို့တော်ကို လိုက်သွားမှာပေါ့။
ကောင်းကင်ဘုံက ရှောင်ဇဲ့ရဲ့ စောင့်ရှောက်ပေးတာကြောင့် ရှောင်းချီစုန့်က လုပြည်နယ်ကို ရောက်လာခဲ့တယ်လေ။
ဒီနေ့ သူမက အဖေ၊ ဟန်ရှောင်ဇဲ့နဲ့ သူမကိုယ်တိုင်အတွက် လက်စားချေရလိမ့်မယ်။
ကျီစန်းညန်သည် ဓားမြောင်ကို ကိုင်ကာ ရှောင်းချီစုန့်ကို ရက်ရက်စက်စက် ထိုးချလိုက်တော့သည်။
ရှောင်းချီစုန့်မှာ အလွန်ကြောက်လန့်သွားရာ သူအသဲနှလုံးတို့က ခုန်ထွက်တော့မတတ်ပင်။ သူက ဘေးသို့ အတတ်နိုင်ဆုံး ရှောင်လိုက်တော့သည်။
သူ့ရှိသမျှအားကို ထုတ်လိုက်သောကြောင့်ဖြစ်မည်။ ပြင်းထန်သည့်အထိအခိုက်မှ အမှန်ပင် လွတ်မြောက်သွားခဲ့သည်။ ဓားမြောင်က သူ့လက်မောင်းကို စိုက်သွားသည်။ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူ့ခန္ဓာကိုယ်က အားအနည်းငယ်ပြန်ရလာသည်ကို ခံစားလိုက်ရ၏။ သူ့ခြေထောက်ဘေးက လက်ဆေးစင်ကို တွေ့လိုက်ရလေသည်။ အပေါ်တွင် ကြေးဇလုံတစ်ခု တင်ထားသည်။ ချက်ချင်းဆိုသလို သူက လက်ဆေးစင်ကို ကန်လိုက်၏။
လက်ဆေးစင်က ယိမ်းထိုးသွားသော်လည်း လဲကျမသွားပေ။
သို့သော်ငြား ကြေးဇလုံကို သွားတိုက်မိပြီး ကျွတ်ဆတ်ဆတ်အသံတစ်ခု ထွက်လာတော့သည်။
အရင်ကဆိုလျှင်တော့ ကျီစန်းညန်သည် သည်လိုအချိန်တွင် အပြင်လူများ၏သံသယကို ရှောင်ရှားရန် ဟန်ဆောင်နေလိုက်မည် ဖြစ်သော်လည်း အခုတော့ သူမ၏မျက်လုံးများက နီရဲနေနှင့်ပြီး ဖြစ်တော့သည်။ သူမ၏မျက်လုံးထဲတွင် သူမရှေ့က ရန်သူကိုသာ မြင်တော့သည်။ သူမသည် ဓားမြောင်ဖြင့် သူ့ကိုသာ သ-တ်ပစ်ချင်တော့သည်။
ထို့ကြောင့် သူက ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး ဒုတိယအကြိမ် ထိုးစိုက်ဖို့ လျှောက်သွားလိုက်တော့သည်။
အပြင်ကလူများက အထဲက အသံကို ကြားလိုက်ရ၏။ သူတို့သည် အနည်းငယ် အံ့ဩသွားကြတော့သည်။ ဘာလို့ ဒီလိုအသံကိုပဲ ကြားရတာလဲ။ ပုံမှန်ဆိုရင်....
လူအုပ်ရှေ့က အကြီးအကဲ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားတော့သည်။ သူက တံခါးကို ဖွင့်ကန်လိုက်ပြီး ကျီစန်းညန်က ဓားမြောင်ဖြင့် ရှောင်းချီစုန့်ကို သ-တ်ဖို့ရွယ်နေသည်ကို အချိန်ကိုက် မြင်လိုက်လေသည်။
အနားအထိသွားပြီး သူ့ကို ကယ်ဖို့က အလွန်နောက်ကျနေပြီ။ ထို့ကြောင့် သူက အနီးရှိပန်းအိုးတစ်လုံးကို လှမ်းဆွဲလိုက်ပြီး ကျီစန်းညန်၏လက်ကို လှမ်းပစ်လိုက်၏။
ပန်းအိုးက ကျီစန်းညန်၏လက်ကောက်ဝတ်ကို သွားထိသည်နှင့် ဓားမြောင်သည် တစ်ချွင်းချွင်း မြည်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
အကြီးအကဲက ခြေနှစ်လမ်းအတွင်း ရှောင်းချီစုန့်ထံ ခုန်ဝင်သွားပြီး သူ့ကို တွဲထူလိုက်ကာ သူ့ကို ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်ပြီးမှ မေးလိုက်လေသည်။
“သခင်လေး ဘာဖြစ်သွားသေးလဲ”
ရှောင်းချီစုန့်၏ မျက်လုံးများက လည်နေပြီး စကားမပြောနိုင်သည်ကို သတိထားမိလိုက်သဖြင့် သူ့အင်္ကျီလက်ထဲက ပုလင်းသေးလေးတစ်လုံးကို ထုတ်ကာ ဖွင့်လိုက်ပြီး သူ့နှာခေါင်းအောက်တွင် ထားပေးလိုက်လေသည်။
ရှောင်းချီစုန့်က ပုပ်အက်အက်အနံ့ကို ရှူလိုက်မိပြီးချိန်တွင် သူ့ခန္ဓာကိုယ်က အားများ ပြန်ရလာခဲ့လေသည်။
သည်အချိန်တွင် ကျီစန်းညန်က ဓားမြောင်ကို ကောက်ယူလိုက်ပြီး ရှောင်းချီစုန့်ကို ထပ်ထိုးလိုက်ပြန်သည်။
“ခွေးမ အတင့်ရဲလှချည်လား”
အကြီးအကဲက ခြေထောက်ကို မြောက်လိုက်ပြီး ကျီစန်းညန်ကို ကန်လိုက်၏။
သို့သော် သူမသည် အကန်မခံလိုက်ရပေ။ အပြင်က ခုန်ဝင်လာသည့် ယောက်ျားတစ်ယောက်က ကျီစန်းညန်ရှေ့တွင် ဝင်ကာပေးလိုက်လေသည်။ ထို့နောက် သူက ကျီစန်းညန်ကိုဆွဲက နောက်သို့ မြန်မြန်ဆုတ်လိုက်ပြီး ဘေးသို့ ရှောင်လိုက်သည်။
စုန့်လီ ဖြစ်နေ၏။ ကျီးစန်းညန်က သူ့ကို ကြည့်လိုက်သည်။ သူမ သူ့ကို ထွက်သွားဖို့ ပြောခဲ့တယ်မလား။
သူမသည် သည်တစ်ကြိမ်တွင် အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူမ၏အသက်ကိုတော့ ဆုံးရှုံးလိမ့်မည်ကို သိထားလေသည်။ ကျီစန်းညန်က စုန့်လီကို လွန်ခဲ့သည့်နှစ်ရက်လောက်ကတည်းက ထွက်သွားဖို့ပြောခဲ့သည်။
စုန့်လီက ပြုံးလိုက်၏။ သူ သေရမှာ မကြောက်မှာပါ။ သူ သေသွားပြီးရင်လည်း ဟိုဘက်မှာ မမလေးနဲ့ သခင်လေးတို့ကို ဆက်ပြီး အလုပ်အကျွေးပြုမှာပဲ။
ကံဆိုးချင်တော့ သူက ရှောင်းချီစုန့်ကို ကြည့်လိုက်၏။...
သည်အချိန်တွင် အပြင်ဘက်က အစောင့်များအားလုံးက အလျင်အမြန် တိုးဝင်လာပြီး ရှောင်းချီစုန့်ကို ဝိုင်းထားလိုက်လေသည်။ စုန့်လီမှာ သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ ထို့အပြင် ထိုအကြီးအကဲကလည်း ရှိနေသည်။ ခုနက ကန်ချက်ကိုကြည့်လျှင် သူ့ပြိုင်ဘက်မဟုတ်မှန်း ခံစားမိလိုက်သည်။ ထို့ထက်ဆိုးသည်က အလွန်မှ ကွာခြားနေလေသည်။
“ ငါ့အတွက် သူမကို သတ်ပေး၊ မဟုတ်ဘူး၊ သူမကို ဖမ်းပေး”
ရှောင်းချီစုန့်က လက်မောင်းပေါ်က ဒဏ်ရာကို အုပ်ထားရင်း အော်ဟစ်လိုက်သည်။ သူ ဒီမိန်းမကို နှိပ်စက်ချင်သွားပြီ။ သူကများ ငါ့ကို ထိခိုက်အောင်လုပ်ရဲရတယ်လို့။
အစောင့်နှင့် အစေခံများက ချက်ချင်း ရှေ့သို့ အရှိန်နှင့်တိုးဝင်သွားကြတော့သည်။
စုန့်လီသည် ကျီစန်းညန်ကို ကာကွယ်ပေးရင်း သည်လူများကို တိုက်ခိုက်နေရသဖြင့် အန္တရာယ်က ပြည့်နက်လို့နေသည်။
သည်အချိန်တွင် အကြီးအကဲက သူ့လက်ကို ရုတ်တရက် ခါလိုက်ပြီး သူ့ထံသို့ တစ်ခုခုကို ပစ်သွင်းလိုက်၏။
ကြေးပြားတစ်ခု။ ကြေးပြားက စုန့်လီ၏ဒူးကို သွားထိလေသည်။
စုန့်လီသည် တည်ငြိမ်အောင် မရပ်နိုင်တော့ဘဲ ဘေးသို့လဲကျသွားတော့သည်။ သည်အချိန်တွင် ထိုအစောင့်များက အရှိန်နှင့် တက်လာပြီး သူ့ကို မြေကြီးပေါ်တွင် ဖိထားလိုက်ကြသည်။
ကျီစန်းညန်ကို အစေခံနှစ်ယောက်က ဖမ်းချုပ်ထားသည်။
ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး ရှောင်းချီစုန့်က မြောက်တက်လာတော့သည်။ ဟိတ်ဟန်အပြည့်နှင့် ကျီစန်းညန်ဆီ လျှောက်သွားလိုက်ပြီး သူမ၏မျက်နှာကို လှမ်းညှစ်ထားလိုက်၏။
လှလိုက်တဲ့မျက်နှာလေးပဲ။ နောက်မှ သူမကို....
“ သခင်မကို မထိနဲ့”
ထိုအရာကို မြင်လိုက်ပြီး စုန့်လီ၏မျက်လုံးအိမ်များက နီရဲသွားတော့သည်။ ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုနှင့်အတူ နှစ်ဘက်လုံး ဖိနှိပ်ထားသည့်လူများကို ထိုးဖောက်ပြီး ရှောင်းချီစုန့်ဆီသို့ ပြေးဝင်သွားလိုက်သည်။
သူ့ဘေးက လူများက သူ့ကို အလျင်အမြန် ဖမ်းဆွဲလိုက်ကြသည်။ တစ်ယောက်က သူ့ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် စုန့်လီသည် ရှောင်းချီစုန့်ကို ဝင်တိုက်လိုက်ပြီး သူ့ကို မြေကြီးပေါ် လဲကျသွားအောင် လုပ်လိုက်တော့သည်။ သို့သော်ငြား သူသည် အားအင်ကုန်ခမ်းနေပြီး တဖန် ထိန်းချုပ်ခံလိုက်ရပြန်သည်။
မြေကြီးနှင့် ရိုက်မိသွားပြီး ရှောင်းချီစုန့်က ဒေါသထွက်သွားတော့သည်။ စောစောက ကျီစန်းညန် လွတ်ကျသွားသည် ဓားမြောင်က သူ့လက်ဘေးတွင် ရောက်နေလေသည်။ သူက ဓားမြောင်ကို ကောက်ကိုင်လိုက်ပြီး ထရပ်လိုက်ကာ စုန့်လီကို ထိုးစိုက်လိုက်တော့သည်။
တစ်ချက်။ နှစ်ချက်။ အကြီးအကဲက သူ့လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး
“သခင်လေးရဲ့လက်တွေ ညစ်ပတ်ကုန်ပါလိမ့်မယ်”
အကြီးအကဲက စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။ လူတစ်ယောက်ကို သ-တ်ဖို့လောက်တော့ အစေခံတွေ လုပ်ပါစေလေ။
မုန်းတီးစွာဖြင့် ရှောင်းချီစုန့်က ဓားမြောင်ကို လွှတ်ပစ်လိုက်ပြီး ကျီစန်းညန်ဆီ လျှောက်သွားလိုက်သည်။
...
အပိုင်း (၄၆) (ခ)
ကျီစန်းညန်က အော်လည်းမအော် ပြဿနာလည်း မရှာပေ။ သူ့ကို အေးတိအေးစက်နှင့်သာ ကြည့်နေလေသည်။ သည်နေ့ သူမက သူ့ကို မသတ်နိုင်ခဲ့လျှင် သည်လို အဆုံးသတ်လိမ့်မည်ကို စိတ်ကူးကြည့်နိုင်လေသည်။ သူမသည် သူ့ရုပ်ရည်ကို မှတ်ထားရလိမ့်မယ်။ သူမသည် သရဲတစ်ကောင်ဖြစ်သွားလျှင်တောင် သူ့အသက်ကို ရအောင်ယူရလိမ့်မည်။
ဒေါသချောင်းချောင်းထွက်နေသည့် ရှောင်းချီစုန့်က ရှေ့သို့ ထပ်တိုးသွားချင်လေသည်။ သို့သော် ကျီစန်းညန်က စုန့်လီလို လုပ်မည်စိုးသဖြင့် သူက အကြီးအကဲကို အမိန့်ပေးလိုက်တော့သည်။
“ ဦလေးလီ သူ့လက်မောင်းနဲ့ ခြေထောက်တွေကို သုံးမရအောင် လုပ်ပစ်လိုက်၊ ဒီလိုဆိုရင် သူဘာလုပ်နိုင်အုံးမလဲ ကြည့်အုံးမယ်”
လီချွန်က တုံ့ဆိုင်းသွားတော့သည်။ ဒါက....
“ဦးလေးလီ ဒီနေ့ ကျွန်တော် သူ့ကို မသေမရှင် ဖြစ်အောင်လုပ်ပြီး သူ့ကိုသ-တ်ပေးဖို့ မတောင်းဆိုအောင်လုပ်ရမယ်၊ သူ့ကြောင့် ကျွန်တော် ထိခိုက်မိမှာ မစိုးရိမ်ဘူးလား”
ရှောင်းချီစုန့်က လီချွန်အား တနည်းနည်းဖြင့် ကလေးဆန်ဆန် ပြောလိုက်လေသည်။
ဒါတော့ မဖြစ်သေးဘူး။ သခင်လေးရဲ့ခန္ဓာကိုယ်က ရွှေထောင်ချီတန်တာ။ လီချွန်က ကျီစန်းညန်ကို ကြည့်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် လိမ်ချိုးလိုက်တော့သည်။ ကျီစန်းညန်၏ လက်နှင့်ခြေထောက်တို့သည် အဆစ်များပြုတ်သွားတော့သည်။ ဘေးကလူများ တွဲထားပေးသဖြင့်သာ သူမသည် မြေကြီးပေါ်သို့ လဲကျမသွားခြင်းပင်။
“ သူ့ကို အိပ်ရာပေါ် မတင်ပေးသေးဘူးလား၊ ငါ အင်အားကို ပြရလိမ့်မယ်” ရှောင်းချီစုန့်က ဟိန်းဟောက်လိုက်တော့သည်။
နှစ်ဖက်လုံးက အစေခံများကိ ရယ်မောလိုက်ကြပြီး ကျီစန်းညန်ကို ခုတင်ပေါ် တင်ပေးလိုက်ကြသည်။
သူမသည် အမှန်ပင် နူးညံ့သိမ်မွေ့လှပေသည်။
ရှောင်းချီစုန့်က ရှေ့သို့ညွတ်လိုက်ပြီး ကျီစန်းညန်၏အဝတ်အစားက ခါးစည်းကြိုးကို ဖြေလိုက်၏။
သူမ၏လက်များနှင့် ခြေထောက်များအားလုံးက ကျိုးပြုတ်နေလေသည်။ ကျီစန်းညန်သည် နာကျင်လွန်းသဖြင့် ချွေးသီးချွေးပေါက်များ ထွက်နေသည့်တိုင် သူမသည် အသံတစ်ချက်ပင် မထွက်ပေ။ ရှောင်းချီစုန့်ကို သည်အတိုင်း စိုက်ကြည့်နေ၏။
သူမ၏ ထိုအကြည့်က အလွန်အားကောင်းလှ၏။ အရိုးထဲ စိုက်ဝင်သွားသယောင်။ ဤသို့ ကြည့်ခံလိုက်ရသည်တွင် ရှောင်းချီစုန့်မှာ ကြက်သီးများ ထသွားတော့သည်။ ထို့ကြောင့် သူက သူမကို ပါးရိုက်လိုက်တော့သည်။
ကျီစန်းညန်က မရှောင်လိုက်ပေ။ ထို့အစား သူမ၏မျက်နှာကို အနည်းငယ်လှည့်လိုက်ပြီး သူ့လက်ချောင်းများထဲက တစ်ချောင်းကို ကိုက်လိုက်တော့သည်။
သူမက မည်မျှအားသုံးလိုက်သည် မသိပေ။ တစ်ချက်အလှုပ်တွင် သူမသည် ရှောင်းချီစုန့်၏လက်ညှိုးကို ကိုက်ချလိုက်ပြီး သွေးများ ပန်းထွက်လာတော့သည်။
“အား...ကျွတ် ကျွတ်....”
လက်ချောင်းဖျားက အာရုံကြောများသည် နှလုံးသားနှင့် ချိတ်ဆက်ထားလေသည်။ ရှောင်းချီစုန့်က သူ့လက်ဒဏ်ရာကို တင်းနေအောင် အုပ်ထားလိုက်၏။ နာကျင်လွန်းလှသဖြင့် သူသည် ခုန်ဆွ ခုန်ဆွ လုပ်ချင်သွားတော့သည်။
“သခင်လေး”
လီချွန်က သူ့ဒဏ်ရာများကို မြန်မြန်ကြည့်ပေးလိုက်လေသည်။
“ငါ့လက်ချောင်း”
ရှောင်းချီစုန့်က ဟိန်းဟောက်အော်ဟစ်တော့သည်။
လီချွန်က လှည့်လိုက်ပြီး ထိုလက်ချောင်းကို ငုံမထား ကိုက်မချနိုင်အောင် ကျီစန်းညန်၏မေးရိုးကို ညစ်ထားလိုက်လေသည်။ ထို့နောက်တွင် သူက အားထည့်လိုက်၏။ ကျီစန်းညန်မှာ မေးရိုးလွဲသွားတော့သည်။ အကြီးအကျယ်ဒဏ်ရာရထားသည့်လက်ချောင်းက ထွက်ကျလာတော့သည်။
လီချွန်က မြန်မြန်ဖမ်းလိုက်ပြီး ရှောင်းချီစုန့်ကို ပြောလိုက်၏။
“သခင်လေး ဆေးခန်းကို မြန်မြန်သွားရပါမယ်၊ ပြန်ဆက်လို့ရရင်ရမှာပါ”
ရှောင်းချီစုန့်က ထွက်သွားမည်ပြင်လိုက်၏။ သို့သော် သူ ထွက်မသွားခင် အစောင့်နှင့်အစေခံများကို ကြောက်စရာကောင်းလောက်အောင် ကြည့်လိုက်ပြီး
“ အဲခွေးမ၊ မင်းတို့ကောင်တွေ သူ့ကို သွား-ျကြစမ်း၊ နာနာလေး-ျ ၊ သေအောင်လုပ်ပစ်”
“ဟုတ်ကဲ့”
ထိုအစောင့်များနှင့် အစေခံများသည် တောက်ပနေသည့်လတစ်စင်းနှင့် တူသည့်ကျီစန်းညန်ကို ကြည့်လိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်ကြလေသည်။
ထိုအချိန်မှာပင် တံခါးနားတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားတော့သည်။
လီချွန်က အလွန်မျက်စိလျင်သည်။ ချက်ချင်းဆိုသလို ထိုလူများ၏ အဝတ်အစားကို သေချာ မြင်လိုက်ရပြီး မနေနိုင်တော့ဘဲ ထိတ်လန့်သွားကာ ဖြူဆုတ်သွားတော့သည်။
ချီလင်သက်တော်စောင့်တွေ။ ဘယ်လိုလုပ်ပြီး ချီလင်သက်တော်စောင့်တွေ ဖြစ်နေတာလဲ။
သည်နေရာသို့ ချီလင်သက်တော်စောင့်များ ရောက်လာသည့်အကြောင်းကို စဥ်းစားရန် အချိန်မရှိပေ။ လီချွန်က ရှောင်းချီစုန့်ခါးကို ဖမ်းဆွဲလိုက်ပြီး သည်နေရာက အရင်ဆုံးထွက်သွားရန် နံရဲ့ကို ခုန်ကျော်ချင်လိုက်လေသည်။
သည်အခိုက်တွင် အေးစက်သည့်အလင်းတန်းတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုအေးစက်လှသည့် အလင်းတန်းက သူ့ဆီသို့တန်းတန်းမတ်မတ် လာခဲ့သည်။
လီချွန်က ဓားရှည်တစ်ချောင်း၏အရိပ်မှန်း သိလိုက်သည်။ လျင်မြန်ပါးလှပ်သည့်ဓားအရိပ်တစ်ခုပင်။
မတတ်သာတော့ဘဲ သူသည် ခြံဝင်းထဲသို့ ပြန်ကျသွားတော့သည်။
ရှန်ဖုန်းမင် တံစက်မြိတ်ပေါ်၌ လက်ထဲကဓားရှည်တစ်ချောင်းနှင့် ရပ်နေသည်။ ခံ့ညားလှစွာဖြင့် သူက သူတို့ကို ကြည့်နေ၏။ မြောက်ပြန်လေက သူအဝတ်အစား၏အနားကို ဖြတ်တိုက်သွားသည်။
လီချွန်နှင့် ရှောင်းချီစုန့်နှစ်ယောက်လုံးက သူ့ကို တွေ့လိုက်ကြသည်။
လီချွန်သည် ရေခဲခန်းတစ်ခုထဲ ကျသွားသလိုခံစားလိုက်ရတော့သည်။ သူ့မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ ဘယ်လိုဖြစ်ပြီး သေမင်းက ဒီကို ရောက်နေတာလဲ။
ရှောင်းချီစုန့်မှာ ကြောက်ရွံ့လွန်းလှသဖြင့် ခြေထောက်များပင် ပျော့ကုန်တော့သည်။ ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်မျာသည် သူ့အိပ်မက်ဆိုးများပင်။ သူ့ဘဝတွင် သူသည် ရှန်ဖုန်းမင်ကို လုံးဝ ထပ်မတွေ့ချင်တော့ပေ။
တိုက်တိုက်ဆိုင်ဆိုင် အခုတော့ သူ့ကို ထပ်တွေ့ရနေပြန်သည်။
တစ်ဖက်တွင် ယန်ရှန့်က အပြင်ကလူများကို ဦးဆောင်လာပြီး လှိုက်လှဲဟန်ဖြင့် မေးလိုက်၏။
“ ဒီလောက် အလျင်စလိုနဲ့ ဘယ်သွားကြမလို့လဲ”
ရုတ်တရက်ဆိုသလို သူသည် သွေးနံ့တစ်ခုကို ရလိုက်လေသည်။ ချက်ချင်းပင် သူက ဘေးကလူများကို ပြောလိုက်၏။
“ဝင်သွား၊ သွားကြည့်လိုက်ကြ”
ချီလင်သက်တော်စောင့်များသည် အခန်းထဲသို့ မြန်မြန် ပြေးဝင်သွားပြီး အခန်းထဲက ကြမ်းပြင်ပေါ်တွင် လူတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် သွေးများ ဖုံးလွှမ်းနေသည်။ တစ်ဖက်တွင်တော့ အစောင့်နှင့် အစေခံတစ်စုက အမျိုးသမီးတစ်ယောက်၏ အဝတ်အစားများကို ဆွဲဖြဲဖို့ ပြင်နေကြသည်....
သည်မြင်ကွင်းက ချီလင်သက်တော်စောင့်များအားလုံးကို သွေးများ ဆူပွက်လာသလို ခံစားလိုက်ရတော့သည်။ သူတို့က ထိုလူများကို ကြက်ကလေး ငှက်ကလေးများလို ခြံဝင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ပစ်ထုတ်လိုက်ပြီး ယန်ရှန့်ဆီ အပြေးပြန်လာကာ သတင်းလာပို့လိုက်ကြသည်။
ယန်ရှန့်သည် ထိုသတင်းကို ကြားလိုက်ပြီးနောက် သူ့မျက်မှာပေါ်က အပြုံးက ပျောက်ကွယ်သွားတော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်က တံစက်မြိတ်ပေါ်က ဆင်းလာ၏။ အခန်းထဲက မြင်ကွင်းကို တွေ့လိုက်ချိန်တွင် သူ့မျက်လုံးထဲတွင် အေးစက်သည့်အလင်းတစ်ခု ဖျတ်ခနဲလက်သွားတော့သည်။
“ အဘိုးကြီးဝူကို ဒီနေရာကို ပင့်လာခဲ့ကြ”
သူသည် သက်တော်စောင့်က သတင်းပို့လိုက်သည်ကို ကြားလိုက်ရသည်။ လဲနေသည့်လူက အသက်ရှိသေးသည်။ အမျိုးသမီးကလည်း ဒဏ်ရာရရုံသာဖြစ်မည်။
“ဟုတ်ကဲ့”
တစ်ယောက်က အမိန့်ကို လက်ခံလိုက်၏။
ထို့နောက်တွင် ရှန်ဖုန်းမင်က လီချွန်နှင့် ရှောင်းချီစုန့်တို့ဖက်သို့ လှည့်လိုက်လေသည်။ ရှောင်းချီစုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများပေကျံနေသည်။ သူသည် တရားခံဖြစ်သည်မှာ အထင်အရှားပင်။
သူက လက်မြှောက်လိုက်ပြီး လေထဲတွင် လက်သီးဆုပ်ထားလိုက်၏။ ဒါသည် ချီလင်သက်တော်စောင့်တို့၏ အမိန့်ပေးသည့်လက်ဟန် ဖြစ်သည်။ ဖမ်းရမည် ဟူသည့်အဓိပ္ပာယ်ပင်။
ထိုချီလင်သက်တော်စောင့်များက ထွက်လာပြီး လီချွန်နှင့် ရှောင်းချီစုန့်တို့ကို ဖမ်းရန် ဝိုင်းထားလိုက်ကြသည်။
လီချွန်က ရှောင်းချီစုန့်ကို ကာထားပြီး ရှန်ဖုန်းမင်ကို တည့်တည့်ပြောလိုက်၏။
“ အရာရှိရှန် ကိစ္စက ခင်ဗျားထင်ထားသလို မဟုတ်ပါဘူး၊ အခန်းထဲက မိန်းမက ကျုပ်သခင်လေးကို သ-တ်မလို့ လုပ်နေတာပါ”
“ကျီစန်းညန် လုပြည်နယ် ယွီမင်စီရင်စု ဇာတိတစ်ယောက်၊ သူမက လွန်ခဲ့တဲ့လေးနှစ်တုန်းက ကျင်းကွမ်းဘုရားကျောင်းမှာ ဟွိုက်နန်ဝမ်ရဲ့သား သခင်လေးရှောင်းချီစုန့်ကို ဖျားယောင်းမြှူဆွယ်ခဲ့တယ်၊ ဒါပေမဲ့ ဖျားယောင်းမှု မအောင်ခဲ့တဲ့အတွက် သူမက သူမရဲ့အဖေကို ဟွိုက်နန်ဝမ်ရဲ့ သခင်လေးကို ရိုက်နှက်ခိုင်းခဲ့တယ်၊ ဟွိုက်နန်ဝမ်ရဲ့ သခင်လေးရဲ့ အစေခံတွေက လက်လွန်သွားပြီး သူ့ကို သ-တ်ခဲ့မိတယ်။
ရှောင်းချီစုန့်ကို ကျီမိသားစုကို လျန်၁၀၀ လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့တယ်။
လဝက်ကျော်ပြီးနောက်မှာ သူမရဲ့ခင်ပွန်းလောင်းဟန်ရှောင်ဇဲ့က နစ်နာမှုကို တိုင်ကြားဖို့ ဗုံတီးခဲ့တယ်၊ ကျန်းစီရင်စုရဲ့ တရားသူကြီးက မူလအမှုကို ထိန်းသိမ်းထားပြီး ဥပမာအနေနဲ့ သူ့ကို ကြိမ်ဒဏ် အချက်၂၀ ချမှတ်ခဲ့တယ်။
နောက်တစ်လမှာ ဟန်ရှောင်ဇဲ့က သူ့နစ်နာမှုအတွက် လုပြည်နယ်မှာ တိုင်ကြားခဲ့ပြီး ကြိမ်ဒဏ်အချက် ၄၀ ရခဲ့တယ်။
နှစ်ဝက်ကြာပြီးတဲ့နောက်မှာ ဟန်ရှောင်ဇဲ့က မြို့တော်ကို သွားပြီး အရာရှိတွေကို တိုင်ကြားဖို့ ဗုံတီးခဲ့ပြီး ကြိမ်ဒဏ်အချက်၄၀ ရခဲ့ပြန်တယ်။ အချက်၄၀ ရိုက်ခံရပြီးနောက်မှာ ဟန်ရှောင်ဇဲ့က အမှုကို ပိတ်သိမ်းလိုက်ပြီး သူ့ဇာတိမြို့ကို ပြန်ပို့ခံလိုက်ရတယ်”
ရှန်ဖုန်းမင်က ကျီစန်းညန်အမှု၏ အကြောင်းအရာတစ်ခုလုံးကို တစ်ကြောင်းချင်း ထုတ်ပြောလိုက်သည်။
လီချွန်နှင့် ရှောင်းချီစုန့်တို့သည် မှင်တက်အံ့ဩသွားကြတော့သည်။ ကျီစန်းညန်လို့ခေါ်တဲ့ အမျိုးသမီးက အခန်းထဲကလူ ဖြစ်နေတာကိုး။ ရှောင်းချီစုန့်က သူမကို လွန်ခဲ့တဲ့လေးနှစ်က ကျူးလွန်ခဲ့တာ ဖြစ်နေတာကိုး။ သည်တစ်ကြိမ်တွင် ရှောင်းချီစုန့်သည် နောက်ဆုံးတော့ သည်လိုကိစ္စမျိုး ရှိခဲ့ဖူးသယောင် မှတ်မိသွားတော့သည်။ ထိုနှစ်က လုပြည်နယ်ကို ဖြတ်သွားစဥ် ကျင်းကွမ်းဘုရားကျောင်း၌ လှပသည့်ရှုခင်း ရှိသည်ဟု ကြားလိုက်ရသည်။ ထို့ကြောင့် သူက အလည်အပတ် သွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် အလွန်လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့ရသည်။
သူသည် ကျီစန်းညန်၏ရုပ်ရည်ကို လုံးဝမေ့သွားခဲ့လေသည်။ အခုချိန်တွင် သူသည် ပြန်မှတ်မိသော်လည်း အလွန်မှ ဝိုးတိုးဝါးတားသာ ဖြစ်လေသည်။
အခန်းထဲတွင် ကျီစန်းညန်သည် ခုတင်ပေါ်၌ အသက်မဲ့လျက် လဲလျောင်းနေလေသည်။ သို့သော် ရှန်ဖုန်းမင်က ထိုအကြောင်းကို ထုတ်ပြောလိုက်ချိန်တွင် မျက်လုံးထဲမှ မျက်ရည်များက စီးကျလာတော့သည်။ တစ်ခြားသူအတွက်တော့ စာကြောင်းလေး တစ်ကြောင်းနှစ်ကြောင်း ဆိုသော်ငြား သူမအတွက်တော့ ဘတတစ်သက်စာ အိပ်မက်ဆိုးကြီးတစ်ခုပင်။
ယန်ရှန့်သည် ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ပိုပြီးအေးစက်သွားသည့်မျက်လုံးများဖြင့် ရှောင်းချီစုန့်ကို ကြည့်လိုက်တော့သည်။ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ဒီလိုလူမျိုးကို သူအမုန်းဆုံးပဲ။
နောက်အကြိမ် ရှောင်းချီစုန့်သည် ချီလင်သက်တော်စောင့်၏ ဖမ်းဆီးခံရချိန်က သူသည် သာမန်မိန်းကလေးတစ်ယောက်ကို အတင်းအကြပ် ဆွဲခေါ်သွားခြင်းကြောင့်ဖြစ်လေသည်။ သူက အကြိမ်ကြိမ် ပြစ်မှုကျူးလွန်နေသူတစ်ယောက်ပင်။
“ အဲခွေးမက ငါ့ကို မြူဆွယ်ခဲ့တာ”
ရှောင်းချီစုန့်က မုန်းတီးစွာ ထုတ်ပြောလိုက်၏။ ပြောရင်းတန်းလမ်း ရှန်ဖုန်းမင်၏အကြည့်နှင့် ဆုံသွားချိန်တွင် လီချွန်နောက်သို့ မြန်မြန်ဝင်ပုန်းနေလိုက်လေသည်။
လီချွန်က သူ့ကို ကာကွယ်ပေးလိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်၏။
“ အရာရှိရှန် ဒါက အမှုဟောင်းတစ်ခုပါ၊ ဒီမိန်းမက ကျုပ်သခင်လေးကို အန္တရာယ်ပြုနေတုန်းပဲ၊ သူမက ကိုယ်တွယ်ရလွယ်တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြနေတာပါ၊ အရာရှိရှန် သူမ အရူးလုပ်နေတာကို မခံပါနဲ့”
ထို့နောက် သူက ခေါင်းစဥ်ပြောင်းလိုက်လေသည်။
“ကျုပ်တို့ဝမ်ရယ်က သခင်လေးကို အသက်၄၂ မပြည့်သေးခင်အထိ အပြစ်မယူထားတာ အရာရှိရှန် သိပါတယ်၊ ကျုပ်သခင်လေးတစ်ယောက်ပဲ ရှိတာပါ၊ အရာရှိရှန်က မြင့်မြတ်တဲ့လက် ပင့်ပြီး ဒီနေ့ ဒီကိစ္စကို အရေးမယူဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်က ကျုပ်တို့ဝမ်ရယ်ကိုယ်စား အရာရှိရှန်ကို ကတိပေးပါတယ်၊ ကျုပ်တို့ဝမ်ရယ်က နောက်ပိုင်း အရာရှိရှန် လိုအပ်သမျှကို သေချာပေါက် ကူညီပေးမှာပါ”
သူ့ကတိမှာ အသေးအမွှားတော့ မဟုတ်ပေ။
...
အပိုင်း (၄၆) (ဂ)
ဟွိုက်နန်ဝမ် ၊ လက်ရှိဘုရင်၏ဦးရီးတော်သည် မျိုးနွယ်နှင့် အထက်တန်းစားမိသားစုများကြားတွင် သူ့စကားက အလွန်မှအရေးပါလေသည်။
“ ပြီးတော့ ပြောရမယ်ဆိုရင် အရာရှိရှန်က ကျုပ်တို့ရဲ့ဝမ်ရယ်ကို အမေဘက်က ဦးရီတော်လို့ ခေါ်ရမှာပါ၊ အရာရှိရှန်က ကျုပ်တို့သခင်လေးအတွက် အပြင်လူ မဟုတ်ပါဘူး” လီချွန်က ပြောလိုက်၏။
သူက ရှန်ဖုန်းမင် စိတ်ပြောင်းသွားရန် ဆက်တိုက်ပြောဆိုနေလေသည်။ သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်၏။
“ကျုပ်က အမှုကိုပဲ ဖြေရှင်းမှာ”
ရှန်ဖုန်းမင်က ထိုသို့သာ ပြောလိုက်လေသည်။
အမှုတစ်ခုကို ဖြေရှင်းချိန်တွင် မိသားစု သံယောဇဥ်ဆိုတာ မရှိသလို၊ ဘာကျေးဇူးတရားမှလည်းမရှိပေ။
လီချွန်က သူ့စကားကို နားလည်သွားပြီး အသက်ရှူကြပ်သွားတော့သည်။ ဒီရှန်ဖုန်းမင်က ကောလာဟလထဲကလိုပဲ တကယ့်ကို အေးစက်ပြီး ရက်စက်တာပဲ။
သည်အချိန်တွင် ထိုချီလင်သက်တော်စောင့်များက ပြေးဝင်လာကြပြီး ရှောင်းချီစုန့်ကို ဖမ်းရန် ကြိုးစားလိုက်ကြသည်။
အားလုံးကို ဝေ့ယမ်းကာ တားဆီးရင်း လီချွန်က စူးရှသည့်အသံဖြင့် အော်ပြောလိုက်လေသည်။
“အရာရှိရှန်၊ ခင်ဗျားတကယ်ပဲ ကျုပ်တို့ကို ခက်ခဲအောင်လုပ်နေမှာလား”
ရှန်ဖုန်းမင်က ဓားအိမ်ထဲကထုတ်ထားသည့် ဓားတိုတစ်ချောင်းလို ထက်ရှအေးစက်စွာဖြင့် သူ့ကို ကြည့်လိုက်လေသည်။
လီချွန်သည် သည်နေ့တော့ အဆင့်ပြေလိမ့်မည်မဟုတ်မှန်း သိလိုက်တော့သည်။ သူက ခါးထဲက အရာတစ်ခုကို ထုတ်လိုက်ပြီး ချီလင်သက်တော်စောင့်အားလုံးကို အော်လိုက်တော့သည်။
“ အနားကပ်မလာနဲ့”
ထို့နောက် သူက ထိုပစ္စည်းကို ကိုင်ပြီး ရှန်ဖုန်းမင်ကို မေးလိုက်၏။
“ အရာရှိရှန် ဒီပစ္စည်းကို သိလား”
ယန်ရှန့်သည် ထိုပစ္စည်းကို တွေ့လိုက်ချိန်တွင် စိတ်ထဲက အံ့ဩသွားတော့သည်။ ဧကရာဇ်မင်းကြီး ချီးမြင့်ထားတဲ့ ရွှေနဂါးအမိန့်ပြား။ ဒီအမိန့်ပြားကို တွေ့ရင် ဘုရင်ကို တွေ့ရသလိုပဲ။
ထိုချီလင်သက်တော်စောင့်များသည် အသိပညာရှိကြပြီး လျစ်လျူရှုမထားရဲချေ။ သူတို့က ချက်ချင်း ဒူးထောက်လိုက်ကြတော့သည်။
ယန်ရှန့်က ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးမှ ဒူးထောက်လိုက်လေသည်။ မှန်ကန်သည့်ကျင့်ဝတ်တစ်ခု ဖြစ်လာလျှင် အရင်ဆုံး လေးစားရပေမည်။ မဟုတ်လျှင် အရိုအသေမဲ့ခြင်းက ပြစ်မှုတစ်ခုပင်။
ရှန်ဖုန်းမင်၏မျက်ခုံးနှင့် မျက်လုံးများက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူသည် လက်ထဲကဓားကို မြှောက်လိုက်ပြီး
“ ခွမ်းဝူဓား၊ ဧကရာဇ်မင်းကြီးက အရင်လုပ်ဆောင်ပြီး နောက်မှ သတင်းပို့ဖို့ ခွင့်ပြုထားတယ်”
“သူတို့ကို ဖမ်းလိုက်” သူက ပြောလိုက်၏။
ယန်ရှန့်နှင့် ကျန်လူများက ထရပ်လိုက်ပြီး ရှောင်းချီစုန့်ထံ တဖန်ပြေးဝင်သွားကြတော့သည်။ သည်တစ်ကြိမ်တွင် သူ့ရင်ထဲ၌ ဒေါသမီးများ တောက်လောင်နေလေသည်။ သူတို့အားလုံးက သူ့ကို ချက်ချင်း ဖမ်းချင်နေကြတာပဲ။
လီချွန်မှာ ရှန်ဖုန်းမင်က ရွှေနဂါးအမိန့်ပြားကိုပင် မကြောက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူသည် ခုနက ရှန်ဖုန်းမင်၏ဓားချက်ကို မျက်မြင်ကိုယ်တွေ့ ရှိထားခဲ့ပြီး ရှောင်းချီစုန့်နှင့်အတူ ထွက်ပြေးနိုင်ဖို့ လုံးဝလမ်းမရှိမှန်း တွေးမိလိုက်လေသည်။ မတတ်သာတော့ဘဲ သူက ရှောင်းချီစုန့်ကို အရင်ဆုံး လွှတ်လိုက်တော့သည်။ ထို့နောက် သူက အကြိမ်အနည်းငယ် တိမ်းရှောင်လိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်၏။
ဒီလိုကိစ္စများ ဖြစ်လာရင် တစ်ယောက်ယောက်ကတော့ ဟွိုက်နန်ဝမ်ဆီ သတင်းသွားပို့ရမှာပဲ။ ဟွိုက်နန်ဝမ်က ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ မင်းကြီးကို သွားရှာမှ ဒီကိစ္စက လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ရှိမှာ။
“သူ့ကို မလွှတ်စေနဲ့”
ယန်ရှန့်က စိုးရိမ်တကြီးပြောလိုက်လေသည်။
ထိုသက်တော်စောင့်များသည် လီချွန်ကို ချက်ချင်းတားဖို့ ကြိုးစားလိုက်သော်လည်း လီချွန်၏ သိုင်းပညာက အလွန်မြင့်နေသည်။ သူ ထွက်ပြေးချင်လျှင် ဘယ်သူမှ သူ့ကို လုံးဝတားနိုင်မည်မဟုတ်ပေ။
လီချွန်က လူအုပ်ကြီး ခုန်ကျော်လိုက်သည်နှင့် ပုံရိပ်တစ်ခုက နောက်ကခုန်ဝင်လာပြီး ဓားတစ်ချောင်းနှင့် လီချွန်၏ လမ်းကို ပိတ်ထားလိုက်တော့သည်။
လီချွန်က နောက်နှစ်လှမ်းဆုတ်လိုက်ပြီး ရှန်ဖုန်းမင်းကို ပြတ်သွားစွာမေးလိုက်၏။
“အရာရှိရှန် ဒီလိုလုပ်မှဖြစ်မှာလား၊ နောက်ဆုံးဘာဖြစ်မယ်ဆိုတာ မသေချာဘူးနော်၊ ခင်ဗျား မကြောက်....”
ရှန်ဖုန်းမင်၏ဓားချက်က တခြားသူများထက် ပိုမြန်လေသည်။
လီချွန်သည် ဓားချက်အနည်းငယ်ကို ရှောင်တိမ်းရင်းသာနေရပြီး တစ်ချက်လေး သတိလက်လွတ်ဖြစ်သွားချိန်တွင် သူ့ပခုံး၌ ဒဏ်ရာရသွားတော့သည်။
သူသည် ပခုံးတွင် လက်တင်ထားပြီး နေရာတွင်ပင် မလှုပ်မယှက် ရပ်နေ၏။ သူသည် ရှန်ဖုန်းမင်၏ လက်ထဲတွင် သေသွားမည်ကို စိုးရိမ်သွားတော့သည်။
လီချွန်၊ ရှောင်းချီစုန့်နှင့် အပေါင်းအပါများသည် ဖမ်းဆီးခံလိုက်ရပြီး နေရာတွင်ပင် စစ်မေးခံရတော့သည်။
ရှောင်းချီစုန့်သည် ခြေလက်များ ပျော့အိသွားသည်အထိ ကြောက်ရွံ့နေခဲ့သည်။ ယန်ရှန့်က သူ့ကို ခြိမ်းခြောက်လိုက်သည်နှင့် ချက်ချင်း သူက လွန်ခဲ့သည့်လေးနှစ်ကအကြောင်းနှင့် သည်နေ့အကြောင်းကို ဝါးကျည်တောက်ထဲက ပဲစေ့များလောင်းချလိုက်သလို အားလုံးပြောပြလိုက်လေသည်။
ဘေးတွင်နားထောင်ရင်း လီချွန်က သူ့ကို အကြိမ်ကြိမ်က မျက်လုံးဖြင့်အချက်ပေးနေ၏။ သို့သော် အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူက ထိုနေရာတွင်သာ ရပ်နေလိုက်ပြီး မလှုပ်မယှက်နေလိုက်တော့သည်။
သခင်လေးက အပြစ်တွေ ဝန်ခံလည်း ဘာဖြစ်လဲ။ ဒါက တော်ဝင်မိသားစုနဲ့ ပက်သတ်နေတာပဲ။ ဒီကိစ္စရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို မင်းကြီးကပဲ ချရမှာ။
သူတို့တွေ မြို့တော်ကိုရောက်တာနဲ့ သူက သခင်လေးကို ပြန်ကိုက်ခိုင်းပြီး ချီလင်သက်တော်စောင့်တွေက သူ့ကို ခြိမ်းခြောက်ပါတယ်လို့ ပြောလို့ရတာပဲ။ ဒါကြောင့် သူက ဝန်ခံရပါတယ်ပေါ့။ ဟွိက်နန်ဝမ်က မင်းကြီးကို တောင်းဆိုရင် မင်းကြီးကလည်း သခင်လေးရဲ့အသက်ကို သေချာပေါက် ချမ်းသာပေးမှာပဲလေ။
လီချွန်၏ပုံစံကို မြင်လိုက်ရပြီး သူစဥ်းစားနေသည့်အရာကို ယန်ရှန့်က ခန့်မှန်းမိလေသည်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဒီလိုပဲ ဖြစ်မှာပဲ။ မင်းကြီးက ဟွိုက်နန်ဝမ်ကို အရမ်းတန်ဖိုးထားတာ။ ဒီတော့ ရှောင်းချီစုန့်ကိုလည်း သက်ညှာပေးမှာပဲ။
ပြီးခဲ့အခေါက် ရှောင်းချီစုန့် သာမန်မိန်းကလေးတစ်ယောက်ကို အတင်းဆွဲခေါ်သွားတုန်းက မင်းက ဘာပြောခဲ့လဲ။ ရှောင်းချီစုန့်ကို အဲဒီမိန်းကလေးကို ကိုယ်လုပ်တော်အဖြစ် ယူခိုင်းလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်ပါတဲ့။
ဒီလိုနည်းနဲ့ အဲဒီသာမန်မိန်းကလေးကို လျော်ကြေးပေးလိုက်တကာက အဲဒီမိန်းကလေးအတွက်တော့ ကြီးမားတဲ့လက်ဆောင်တစ်ခုနဲ့ တူနေမှာပေါ့။
တကယ်ပါ။ အပြင်လူတွေရဲအမြင်မှာလည်း သာမန်းမိန်းကလေးတစ်ယောက်က နန်းတော်ရဲ့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာတာက သစ်ကိုင်းအမြင့်ကြီးတစ်ခုပေါ် ပျံ့တက်သွားပြီး ဇာမဏီငှက်တစ်ကောင်ဖြစ်လာတာပဲ။
သို့သော်ငြား ယန်ရှန့်ကတော့ စိတ်ပျက်မိလေသည်။ ကိစ္စများက သည်လိုမဖြစ်သင့်ဟု ခံစားမိသည်။
ဒီတစ်ကြိမ်တွင်လည်း မင်းကြီးက ဘာပြောအုံးမလဲ မသိဘူး။
သည်နေရာတွင် စစ်ဆေးနေစဥ် အဘိုးကြီးဝူကို ခေါ်လာခဲ့တော့သည်။
သူသည် ရှန်ဖုန်းမင်ကို တွေ့လိုက်သည်နှင့် ဒေါသထွက်သွားတော့သည်။ သူက ကျန်းယွင်ကျူး နေ့လယ်စာအတွက် ပြင်ဆင်နေတာကို ကြည့်မလို့ပါဆို။ သူက ဘာလုပ်တာလဲ။
ထို့နောက်တွင် သူသည် သွေးများရွှဲနေသည့် စုန့်လီနှင့် ခုတင်ပေါ်တွင် ကျိုးပဲ့နေသည့် ကျီစန်းညန်တို့ကို တွေ့သွားတော့သည်။
အမှန်အတိုင်းပြောရလျှင် အဘိုးကြီးဝူသည် ကျီစန်းညန်ကို သည်လိုတွေ့လိုက်ရသဖြင့် သနားမိလေသည်။
သည်တစ်ကြိမ်တွင်တော့ သူသည် ရှန်ဖုန်းမင်ကို အခက်တွေ့အောင်မလုပ်တော့ပေ။ အရင်ဆုံး စုန့်လီကို ကုသပေးလိုက်ပြီး သူ့အသက်ကို ထိန်းထားပေးလိုက်သည်. ထို့နောက် သူသည် ကျီစန်းညန်၏ မေးရိုး၊ လက်မောင်းနှင့် ခြေထောက်များကို ပြန်ဆက်ပေးလိုက်သည်။
ကုသနေစဥ် ကျီစန်းညန်က အသံတစ်ချက်ပင် မထွက်ပေ။ အဘိုးကြီးဝူက သူမကို သစ်သားတုံးလားဟုပင် စဥ်းစားမိလေသည်။ သည်အရိုးကိုပြန်ဆက်သည့် နာကျင်မှုက သာမန်လူများ သည်းခံနိုင်သည့်အရာမျိုးမဟုတ်ပေ။
ကျီစန်းညန်က ရှန်ဖုန်းမင်နှင့် ရှောင်းချီစုန့်တို့ကို ဘေးကကြည့်နေလိုက်သည်။ သူမသည် နစ်နာမှုအကြောင်း ထုတ်ပြောချင်ခဲ့သည်။ သို့သော် သည်လောကတွင် တရားမျှတမှု မရှိကြောင်း သူမ သိထားသည်။ နောက်ဆုံး ရှောင်းချီစုန့်ကို အပြစ်မရှိကြောင်းလွှတ်ပေးလိမ့်မယ်။
အဲဒီအစား သူမက လူတွေကို မြှူဆွယ်ပါတယ်လို့ စွပ်စွဲခံရလိမ့်မယ်။
တကယ် ရယ်စရာကောင်းလိုက်တာ။
အဘိုးကြီးဝူက သူမကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်ပြီး ရှန်ဖုန်းမင်ကို တွေ့သွား၏။ သူက နှာခေါင်းရှုံ့လိုက်တော့သည်။
“ ရုံးတော်ရဲ့လက်ကိုင်တုတ်”
သည်အချိန်တွင် သက်တော်စောင့်တစ်ယောက်က ရှန်ဖုန်းမင်၏နောက်ဆုံး စီရင်ချက်ကို ဖတ်မိသွားလေသည်။ ‘ချက်ချင်းခေါင်းဖြတ်သတ်စေ’ ဟူသည့် စကားကို ကြားလိုက်ရချိန်တွင် အားလုံးသည် ထိတ်လန့်သွားကြလေတော့သည်။
...
အပိုင်း (၄၇) (က)
“ဖုန်းမင်”
ယန်ရှန့်က မြန်မြန် တစ်လှမ်းနှစ်လှမ်းလောက် တိုးသွားလိုက်ပြီး ရှန်ဖုန်းမင်၏ဘေးသို့ ရောက်သွားက တီးတိုးပြောလိုက်လေသည်။
“ မင်း တကယ်ပဲ ဒီလိုလုပ်ချင်တာလား”
ရှောင်းချီစုန့်ကို သ-တ်လိုက်ရင် ပြဿနာကြီးဖြစ်မှာလေ။
“ သူ့ကို မသ-တ်သင့်ဘူးလား”
ရှန်ဖုန်းမင်က သူ့ကို မေးလိုက်၏။
ဒါပေါ။ သ-တ်သင့်တာပေါ့။ ဒါပေမဲ့ ကိစ္စက သူ့သဘောနဲ့ လုပ်လို့မရတာလေ။
“ သူ့ကို သ-တ်ဖို့က မလွယ်ဘူးမလား”
မြို့တော်ကို ပြန်တဲ့လမ်းမှာ သူတို့သည် ပုံမှန်အတိုင်း နည်းလမ်းမျိုးစုံသုံးလိုက်ရတယ်။ ဘယ်သူမှ သတိမထားလိုက်ဘဲ ရှောင်းချီစုန့်ကို လက်စတုံးလိုက်လို့ရတယ်။ ဒါဆို ဘယ်သူကမှ သူတို့ခေါင်းပေါ်ကို အပြစ်မပုံချတော့ဘူးပေါ့။
ရှန်ဖုန်းမင်က သူပြောချင်သည့်စကားကို နားလည်လေသည်။ ဒါပေမဲ့ သူတို့တွေ အဲလိုလုပ်လိုက်ရင် သူတို့နဲ့ အဲဒီအပြစ်သားတွေကြားမှာ ဘာကွာခြားသွားတော့မှာလဲ။
သူ မလုပ်ချင်တဲ့ ကိစ္စရှိတွေသလို သူ လုပ်ကိုလုပ်ရမဲ့ ကိစ္စတွေလည်းရှိတယ်။
သူ့ပုံစံကို တွေ့လိုက်ရချိန်တွင် ယန်ရှန့်သည် သူ့အတွေးကို သဘောပေါက်သွားတော့သည်။ သူက သက်ပြင်းချလိုက်ပြီး တစ်ချိန်ထဲတွင် ပျော်ရွှင်သွားတော့သည်။
သူ ဘာလို့ သူ့နောက်ကိုပဲ ဆက်လိုက်နေခဲ့တာလဲ။ နေ့တိုင်း ‘ရုံးတော်ရဲ့လက်ကိုင်တုတ်’ ဆိုပြီး အဆဲဆိုခံဖို့လား။ ဒါမှမဟုတ် နေ့တိုင်း မိုးတွေလေတွေထဲမှာ ဓားဖျားက သွေးတွေပေနေဖို့လား။ ဘာလို့လဲဆိုတော့ သူ မလုပ်ရဲတာကို ရှန်ဖုန်းမင်က လုပ်ရဲလို့ပဲ။ သူ လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့ ကိစ္စတွေကို ရှန်ဖုန်းမင်က လုပ်ပေးခဲ့တယ်။ ပြီးတော့ သူက ရမ်းသမ်းပြီး သ-တ်ခဲ့တာမဟုတ်ဘူး။
အမှောင်ထဲမှာ နေနေပေမဲ့ နှလုံးသားကတော့ အလင်းရောင်ဘက်ကို မျက်နှာမူနေတာ။ နှလုံးသားနောက် လိုက်ပြီး လွတ်လပ်တဲ့ဘဝတစ်ခုမှာ နေနေတာ။
ပင့်သက်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ယန်ရှန့်က ပြုံးပြလိုက်လေသည်။
“ကောင်းပြီ သူ့ကိုသ-တ်မယ်”
ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုပဲ ဖြစ်သင့်တာလေ။
သို့သော် မကြာလိုက်ပေ သူက တစ်ခုခုကို သတိရသွားပြီး ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။
“ ပြောပါအုံး၊ မိန်းကလေးကျန်းဆီမှာ စားပွဲထိုးလေးများ လိုနေမလား”
သူသာ အလုပ်ပြုတ်ခဲ့ရင် အလုပ်တစ်ခုတော့ ရနိုင်ပါသေးတယ်။ သူ့မှာ တခြားအရည်အချင်းတွေ မရှိပေမဲ့ သူ့လက်နဲ့ခြေထောက်တွေက တော်တော်လေးကို မြန်တာလေ။ ပြီးတော့ သူ့မှာ အရသာကောင်းကောင်းခံတတ်တဲ့လျှာတစ်ခု ရှိတယ်။
ရှန်ဖုန်းမင်က မျက်ခုံးများကို ပင့်လိုက်ပြီး သူ့ကို ခေါင်းအစခြေအဆုံး ကြည့်ကာ ပြန်ပြောလိုက်လေသည်။
“မစိုးရိမ်ပါနဲ့ မင်းကြီးက မင်းကို ဘာမှမလုပ်ပါဘူး”
ယန်ရှန့်က အော်ရယ်လိုက်တော့သည်။ သူ သိသားပဲ။ သူ့လို အကြီးအကဲတစ်ယောက် ရထားတာ ကံကောင်းတယ်လို့ ပြောရမယ်။ ပြဿနာတွေလုပ်ပြီး ဖြစ်လာတဲ့ကိစ္စကိုလည်း ရင်ဆိုင်နိုင်တယ်။ သူက ရှေ့ကိုပဲ ဆက်တက်နေဖို့လိုတာ။ တခြားကိစ္စတွေကို စဥ်းစားစရာမလိုဘူးလေ။
ရှောင်းချီစုန့်၊ လီချွန်နှင့် အစောင့် အစေခံတော်တော်များများသည် ရှေ့တန်းသို့ တွန်းပို့ခံလိုက်ရတော့သည်။
ရှောင်းချီစုန့်အမှုကို ကျီစန်းညန်အမှုတစ်ခုတည်းနှင့် သတ်မှတ်လို့မရပေ။ သူသည် သည်နှစ်များတွင် ယောက်ျား၊ မိန်းမများကို အနိုင်ကျင့်ခဲ့ပြီး ပြစ်မှုမျိုးစုံကိုလည်း ကျူးလွန်ခဲ့သည်။
လီချွန်က သူ၏အကြီးဆုံးကြံရာပါဖြစ်သည်။ သူ့တစ်ယောက်တည်းနှင့်တင် အသက်နှစ်ချောင်း ရှိနေသည်။ သူသည်လည်း ချက်ချင်းခေါင်းဖြတ်သ-တ်ခံရမည်။
ထိုအစောင့်များနှင့် အစေခံများသည် အရင်ကတည်းက ရှောင်းချီစုန့်နောက် လိုက်သူများဖြစ်သည်။ သူတို့ထဲက တစ်ယောက်မှ မသန့်ရှင်းကြပေ။ ခေါင်းဖြတ်သ-တ်ရမည်။
သူ့နောက်လိုက်သည့် လူသစ်သုံးယောက်သာ ရှိသည်။ သူတို့ကို ကြိမ်ဒဏ်အချက်၄၀နှင့် ၁၀နှစ်ထောင်ချလိုက်သည်။
ရှောင်းချီစုန့်မှာ ကြောက်လန့်လွန်းသဖြင့် ချက်ချင်းပင် ဘောင်းဘီထဲ သေးပေါက်ချတော့သည်။ သူ့နှုတ်ခမ်းများက အချိန်အကြာကြီး လှုပ်ရှားနေသော်လည်း စကားတစ်ခွန်းပင် ပြီးအောင်မပြောနိုင်ပေ။
လီချွန်သည် အစပိုင်းက ထိုအဖြစ်ကို မယုံနိုင်ခဲ့ပေ။ သို့သော် ခေါင်းဖြတ်ဓားကို မ,လာသည်ကို မြင်လိုက်ချိန်တွင် ကြောက်လန့်ပြီး ဖြူဆုတ်သွားတော့သည်။
“ မင်းတို့ ကျုပ်ကို သ-တ်လို့မရဘူး၊ ကျုပ်မှာ မင်းကြီး ချီးမြှင့်ထားတဲ့ ရွှေနဂါးအမိန့်ပြားရှိတယ်”
“ မင်းကြိးက မင်းကို အပြစ်တင်ပြီး ဝမ်ရယ်က မင်းကို ပြဿနာရှာမှာမကြောက်ဘူးလား”
“အရာရှိရှန်၊ ကျုပ်က အမိန့်ကို လိုက်နာရုံပါ၊ အားလုံးက ရှောင်းချီစုန့်ရဲ့ စိတ်ကူးတွေပါ၊ ကျေးဇူးပြုပြီး ကျုပ်ကိုလွှတ်ပေးပါ”
“အရာရှိရှန်....”
ထိုနေရာတွင် ထိန်းချုပ်ခံထားရသည့် တချို့အစောင့်နှင့် အစေခံများသည် ကြောက်လန့်ပြီး သတိလစ်ကုန်ကြတော့သည်။ တချို့က မကျေနပ်ချက်များကို အော်ဟစ်နေကြသည်။ ဘာမှမပြောနိုင်ဘဲ စိတ်လွတ်သွားကြသူများလည်း ရှိလေသည်။
အရင်တုန်းက ရက်စက်လိုက်တာမှလွန်ရော။ အခုကျတော့လည်း ကြောက်တတ်နေလိုက်ကြတာ။ သူတို့လည်း ကြောက်ရမဲ့အချိန် ရှိသေးတာကိုး။
အရိုက်ခံခဲ့ရသူသုံးယောက်သည် ရှန်ဖုန်းမင်က သူတို့ကို သတိရသွားမည်စိုးပြီး သူတို့၏ဒေါသများကို မအော်ရဲကြပေ။
ဓားများကို အမြင့်ဆုံးထိ ဆွဲတင်လိုက်ပြီး တစ်ချက်အလွဲတွင် ပြန်ကျလာတော့သည်။ ခေါင်းများသည် မြေပေါ်သို့ လိမ့်ကျကုန်လေသည်။ သွေးများကလည်း မီတာအနည်းငယ်အထိ လွင့်စဉ်သွားတော့သည်။
“အားးး ဟား ဟား ဟား....”
ကျီစန်းညန်သည် ဘေးတွင်ရှိနေ၏။ သူမသည် လူအများကြီးကို သ-တ်ခဲ့သည်။ သူတို့အားလုံးသည် အကျင့်ပျက်အရာရှိများ ဖြစ်လျှင်တောင် ခွင့်မလွှတ်နိုင်သည့် ပြစ်မှုတစ်ခုပင်။
သို့သော် သူမက လုံးဝစိတ်မပူပေ။ ရှောင်းချီစုန့်၏သွေးများက သူမရှေ့က မြေကြီးပေါ်သို့ လာစင်လေသည်။ လောကတွင် အလှပဆုံးအရောင်တစ်ခုဟု တွေးမိလိုက်သည်။ အမှန်ပင် လှပသည့်ပန်းတစ်ပွင့်ပင်။
“အဖေ၊ ရှောင်ဇဲ့ တွေ့လိုက်လားဟင်၊ ဟား ဟား ဟား...”
သူမက ငိုရင်းမှ အော်ရယ်လိုက်လေသည်. ရုတ်တရက်ဆိုသလို သူမက မတ်မတ်ထိုင်လိုက်ပြီး ရှန်ဖုန်းမင်ရှိရာဘက်သို့ တရိုတသေဒူးထောက်လိုက်ပြီး မြေပေါ်မှောက်ကျသွားလေသည်။
“ကျေးဇူးတင်ပါတယ် အရာရှိမင်း”
ဒီလောကမှ တရားမျှမှုက ရှိနေသေးတာပဲ။ ဒါပေမဲ့ သူမ သူနဲ့ စောစောမတွေ့ခဲ့တာ နှမြောစရာကောင်းလိုက်တာ။
ယန်ရှန့်က သက်ပြင်းချလိုက်၏။ ဒီလောကမှာ မတရားမှုတွေ အများကြီးရှိနေသေးတယ်။ ချီလင်သက်တော်စောင့်ဌာနမှာ အချိန်အကြာကြီးနေလာပြီး ဒီလိုကိစ္စတွေကို အများကြီး မြင်ခဲ့ပြီးနောက်ပိုင်း သူ ဘဝဆိုတာကို စပြီး သံသယဖြစ်ခဲ့မိတယ်။ တကယ်တော့ သူတစ်ယောက်ထဲ မဟုတ်ပါဘူး။ ရုတ်တရက်ဝမ်းနည်းလာပြီး လမ်းတစ်ဝက်မှာတင် ရပ်လိုက်တဲ့ ချီလင်သက်တော်စောင့်တွေလည်း မကြာခဏဆိုသလိုရှိခဲ့တယ်။ လူ့နှလုံးသားက ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ။ ဒီလောကကြီးက တကယ်ပဲ ထိုက်တန်လို့လား။
သည်အချိန်တွင် သူသည် ခုနက ကျန်းယွင်ကျူး၏ စားပွဲထိုး လုပ်မည့်အကြောင်း ပြောခဲ့သည်ကို သတိရသွားလေသည်။ ဒါက ဟာသတစ်ခုဆိုပေမဲ့ သူမနဲ့ နေပြီး သူမချက်ထားတဲ့ အစားအသောက်တွေ စားနေရတာက ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။
ရုတ်တရက်ဆိုသလို ယန်ရှန့်သည် တစ်ခုခုမူမမှန်သည်ကို သတိထားမိလိုက်တော့သည်။ ကျီစန်းညန်ရဲ့ ခန္ဓာကိုယ်က လဲနေတာ မဟုတ်ဘူးလား။
အဘိုးကြီးဝူကလည်း တစ်ခုခုလွဲနေမှန်း သတိထားမိလိုက်သည်။ သူက ကျီစန်းညန်ဆီ လျှောက်သွားလိုက်ပြီး သူမကို တွန်းလိုက်ရာ သူမ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် သွေးများရွှဲနေသည်ကို တွေ့လိုက်ရတော့သည်။
သူသည် သူမ၏အသက်ရှူသံကို မြန်မြန် စစ်ဆေးလိုက်ပြီးနောက် သူ့ခေါင်းကိုခါပြလိုက်တော့သည်။
ကျီစန်းညန်သည် ဒဏ်ရာရထားသူ ဖြစ်သည်။ ထို့အပြင် သူမသည် အမျိုးသမီးတစ်ယောက်လည်း ဖြစ်သည်။ ချီလင်သက်တော်စောင့်များက သူမကို မချည်နှောင်ထားပေ။ သူမက တစ်ချိန်တည်းတွင် သူမ၏အင်္ကျီလက်ထဲ၌ ကတ်ကြေးတစ်လက်ကို ဝှက်ထားခဲ့သည်။ သည်အခိုက်မှာပင် သူမက သေဆုံးသွားတော့သည်။
သို့သော်ငြား သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေသည်။ သူမ၏အမူအရာက အေးချမ်းနေသည်။ သူမသည် မသေဆုံးဘဲ အိပ်ပျော်နေကာ အလွန်မှလှပသည့်အိပ်မက်တစ်ခုကို မက်နေသယောင်။
မှုန်ရီဝိုးတဝါးအနေအထားတွင် သူမသည် ဟန်ရှောင်ဇဲ့ကို တွေ့လိုက်ရသည်။ သူသည် သူမ မှတ်မိနေသည့်အတိုင်း သိမ်မွေ့ချောမောနေသည်။
သူက မြင်းတစ်ကောင်စီးပြီး ရောက်လာသည်။ ပြုံးပြရင်း သူ့လက်ကို သူမဆီသို့ ကမ်းပေးလိုက်သည်။
သူမက သူ့လက်ကို ကိုင်လိုက်ပြီး သူ့မြင်းပေါ် ထိုင်လိုက်လေသည်။
သူတို့သည် အတူတူ ရှေ့ဆက်သွားလိုက်ကြပြီး ဘယ်တော့မှ ထပ်မခွဲကြတော့ပေ။
“သခင်မ”
သည်အချိန်တွင် စုန့်လီသည် ကုသမှုခံယူပြီး နိုးလာခဲ့သည်။ ကျီစန်းညန်ကို ဤသို့တွေ့လိုက်ရသောအခါ သူသည် ငိုယိုပြီး သူမ၏ သေဆုံးပြီးသား ခန္ဓာကိုယ်ရှေ့တွင် မှောက်ချလိုက်တော့သည်။
သူသည် သူမ၏ခန္ဓာကိုယ်ကို မထိရဲပေ။ သူမသည် သူ့စိတ်ထဲတွင်တော့ အမြဲတမ်း ဖြူစင်ပြီး အပြစ်ကင်းလေသည်။
သူက မရပ်မနား ဦးချလိုက်ပြီး ရှန်ဖုန်းမင်အား သူမ၏အလောင်းကို သခင်လေးဟန်၏ အုတ်ဂူဘေးတွင် မြှုပ်နှံပေးဖို့ တောင်းဆိုနေတော့သည်။ ဒါသည် သူမ၏နောက်ဆုံး ဆန္ဒမှန်း သူ သိထားသည်။
“ကောင်းပြီ”
ရှန်ဖုန်းမင်က သဘောတူလိုက်၏။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် နောက်ဆက်တွဲကိစ္စများကို အများအပြား ဖြေရှင်းရအုံးမည်။ အဘိုးကြီးဝူက စကားတစ်ခွန်း နှစ်ခွန်းရေရွတ်လိုက်ပြီး အရင်ထွက်လာခဲ့လိုက်သည်။
သူသည် ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်များကို သဘောမကျသေးပေ။ ကျန်းယွင်ကျူးဘက်ကသာ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
နှစ်လမ်းလောက် ကျော်လာပြီးနောက်တွင် တခြားဖက်မှ လာနေသည့်လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။ ထိုလူက ဝါးစိမ်းရောင်းဝတ်ရုံတစ်ထည်းကို ဝတ်ထားသည်။ သည်လိုညိုးနွမ်းဖွယ် ဆောင်းရာသီတွင် သူသည် လရောင်ကဲ့သို့ တောက်ပနေသည်။ ကုယန်ကျိူးမှ မဟုတ်လျှင် မည်သူဖြစ်ပါအုံးမည်နည်း။
အဘိုးကြီးဝူက ထိုနေရာတွင် ရပ်လိုက်ပြီး ကုယန်ကျိုးက ခေါင်းအစ ခြေအဆုံးကြည့်နေလိုက်သည်။ မျက်နှာလေးက ကျောက်စိမ်းတစ်ခုလို၊ မျက်လုံးတွေကလည်း ကြယ်လေးတွေလိုပဲ။ တော်တော် ချောတာပဲ။ သူက အရပ်မြင့်မြင့်နဲ့ ပြီးပြည့်စုံတဲ့ အချိုးအစားတစ်ခု ရှိတယ်။ အထူးသဖြင့် အဲဒီသေးသွယ်တဲ့ ခါးနဲ့ ရှည်လျားတဲ့ခြေထောက်တွေပေါ့။ သူ့အတွေ့အကြုံအရဆိုရင် အဲဒီနယ်ပယ်က သူ့အရည်အချင်းက လုံးဝကို မှားနိုင်စရာမရှိဘူး။
တစ်ယောက်တည်းအမြင်အရဆိုရင် သူ့မှာ နှစ်လိုဖွယ်ကောင်းတဲ့အကျင့်စရိုက်တစ်ခု ရှိတယ်။ ဉာဏ်ကောင်းပြီး ပါးနပ်တယ်။ ကျောက်စိမ်းသခင်လေးတစ်ယောက်လိုပဲ။ ရေခဲတုံးတစ်ခုလို အေးအေးစက်စက်နဲ့ အဲဒီရှန်မျိုးနွယ်နဲ့ တခြားစီပဲ။ သူ့ကို ကြည့်လိုက်တာနဲ့ နွေရာသီမှာ ရေအေးလေးတောင် သောက်ဖို့မလိုဘူး။
အဘိုးကြီးဝူက ခေါင်းတွင်တွင် ညိတ်လိုက်လေသည်။ သူ့အမြင်အရဆိုလျှင် ကုယန်ကျိုးသည် နေရာတိုင်းတွင် ထူးချွန်သည်ဟု ဝန်ခံရလိမ့်မည်။
...
အပိုင်း (၄၇) (ခ)
ကုယန်ကျိုးက အဘိုးကြီးဝူကို တွေ့သွားပြီး အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
“အဘိုးဝူ ဒီကို ဘာလို့ရောက်နေတာလဲ”
သူ့အပြုံးက အဖြူရောင်ဆီးပန်းပွင့်နှင့် နှင်းများ ကျလာသကဲ့ပင်။ သူ့ချောမောမှုနှင့်တင့်တယ်မှုတို့ကို အားဖြည့်ထားလေသည်။
ကုယန်ကျိုးသည် ကျောင်းတော်သို့ သွားခဲ့ခြင်း ဖြစ်သည်။ အမှန်တွင်တော့ အခုချိန် ကျောင်းတွင် လေ့လာစရာ မရှိတော့ပေ။ သူက ဆရာနှင့် ရှေးဟောင်းစာအုပ်တချို့ကို လေ့လာနေခြင်းသာ။
အဘိုးဝူက သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး
“ သွားစို့၊ ငါနဲ့လိုက်ပြန်ခဲ့”
“ ဟာ အဘိုး၊ ဘယ်သွားမလို့လဲ”
“ငါတို့တွေက ဘယ်သွားနိုင်အုံးမှာလဲ၊ မေးစရာမလိုသေးလို့လား၊ ငါ မြင်သလောက်တော့ မင်းက အဲလောက်တောင် မပါးနပ်ဘူး”
အဘိုးကြီးဝူက ညည်းညူလိုက်သည်။
ကုယန်ကျိူး : တစ်ယောက်ယောက်က သူ့ကို မပါးနပ်ဘူးလို့ပြောတာ ပထမဆုံးပဲ။
သည်အချိန်တွင် ကျန်းယွင်ကျူးက အားလုံးကို ပြင်ဆင်သွားပြီးခဲ့သည်။ ကံအားလျော်စွာ တစ်ချိန်က ချက်ပြုတ်ဖို့ရန် မီးဖိုချောင်သုံးပစ္စည်းများကို ဝယ်ထားခဲ့သည်။ သို့မဟုတ်လျှင် သူမသည် အသုံးပြုရန် သင့်တော်သည့်ပစ္စည်းများကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
“သူဌေး နေ့လယ်စာ ငါးချက်မလို့လား”
ရွှယ်ကျင်းသည် ဇလုံထဲက လတ်လတ်ဆတ်ဆတ် ငါးကြင်းနှစ်ကောင်ကို ကြည့်လိုက်ပြီး တောက်ပသည့်မျက်လုံးများနှင့် ကျန်းယွင်ကျူးကို မေးလိုက်လေသည်။
“အင်း ဒီငါးက ကျွန်မတို့စားဖို့လေ၊ ရောင်းဖို့မဟုတ်ဘူး” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
“ ကျွန်တော် ဒီငါးနှစ်ကောင်ကို ကိုင်လို့ရမလား၊ သူဌေးက ကျွန်တော့်ကို သင်ပေးလို့ရပါတယ်”
ရွှယ်ကျင်းက ပြောလိုက်၏။
ကျန်းယွင်ကျူး :.... အရမ်းကို စိတ်အားထက်သန်လွန်းနေတဲ့ အလုပ်သမားတစ်ယောက် ရထားတာ ဘာနဲ့တူပါလိမ့်။ သူမသည် ခေါင်းသာ ညိတ်ပြနိုင်တော့သည်။
ရွှယ်ကျင်းက ငါးနှစ်ကောင်ကို ယူလိုက်ပြီး ပါးဟပ်ကို ဖယ်လိုက်ကာ ကြေးခွံခြစ်ပြီး ဝမ်းဗိုက်ကို ခွဲလိုက်ကာ ငါးဗိုက်ထဲက အနက်ရောင်အလွှာနှင့် ငါးပေါ်က ညှီနံ့အကြော ကျွမ်းကျွမ်းကျင်ကျင် ဖယ်လိုက်လေသည်။
ကျန်းယွင်ကျူးသည် ခုနက မေးခွန်းအတွက် အဖြေရသွားသလို ခံစားလိုက်ရတော့သည်။ အရမ်းမိုက်တာပဲ။ သူမကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲ အံ့ဩစရာကောင်းလောက်အောင် ပြီးသွားတယ်။
ဒီလိုဆိုရင်တော့ သူမက ရွှယ်ကျင်းကို သင်ပြပေးချင်သွားပြီ။
“နောက်တစ်ဆင့် ကျွန်တော်တို့ ဘာလုပ်ရမှာလဲ”
ရွှယ်ကျင်းက ငါးကို စင်းနှီးတုံးပေါ်တွင်တင်လိုက်ပြီး ကျန်းယွင်ကျူးကို လေးလေးစားစား မေးလိုက်လေသည်။
“ ကြက်သွန်မြိတ်နည်းနည်း၊ ချင်းနည်းနည်း၊ ကြက်သွန်ဖြူနဲ့ နံနံပင်ကို လှီးပြီး ဒီငါးနှစ်ကောင်ကို နှပ်ထားလိုက်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ”
ရွှယ်ကျင်းက ချက်ချင်း စတင် ခုတ်ဖြတ်လိုက်သည်။
ငါးကို နှပ်ပြီးနောက် ကျန်းယွင်ကျူးက ကောင်းပင်ကို ကြည့်လိုက်ပြီး အရင်ဆုံးနေ့လယ်ခင်း ထမင်းဘူးအများကို လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
“သူဌေး ကျွန်တော် ဘာလုပ်ရမလဲ”
သူမက တခြားဟင်းများကို လုပ်တော့မည်ဟု ကြားလိုက်ရသောအခါ ရွှယ်ကျင်းသည် ပိုလို့ပင် စိတ်လှုပ်ရှားလာတော့သည်။
ကျန်းယွင်ကျူးက ထိန်းမထားတော့ဘဲ သူ့ကို အသားကို ဆီထည့်ပြီး၊ အသီးအရွက်များကို ရေနွေးဖျောခိုင်းကာ တခြားအလုပ်များကို ခိုင်းလိုက်လေသည်။ သည်အလုပ်မျိုးက အရည်အချင်းတချို့ လိုအပ်သည်။ အသားကို မာသွားအောင်လုပ်လို့မရပေ။ အသီးအရွက်များကို အကျက်လွန်အောင် မချက်ရပေ။ ပုံမှန်ဆိုလျှင် ကျန်းယွင်ကျူးက လုပ်ခဲ့သော်လည်း အခုတော့ ထိုအလုပ်ကို ရွှယ်ကျင်းအား လွဲပေးလိုက်သည်။ သူမသည် အများကြီးပိုလွယ်ကူသွားတော့သည်။
ချက်ပြုတ်ရင်း သူမက ရွှယ်ကျင်းကို ဝက်ခေါက်ကို ပြီးနီရဲကာ ပျော့ပြောင်းနေအောင် ကြော်ချက်နည်း စသည်တို့လို ချက်ပြုတ်နည်း အကြံပြုချက်နှင့် ကြိုတင်သတိထားရမည့်အရာများကို ပြောပြလိုက်သည်။
ရွှယ်ကျင်းသည် ပထမတစ်ခွန်းကို ကြားလိုက်ချိန်တွင် သူ့စိတ်ထဲ၌ အကြိမ်ကြိမ် နှုတ်ဆိတ်ကာ ပြန်ရွတ်လိုက်ပြီး စိတ်ထဲတွင် မြန်မြန်မှတ်သားထားလိုက်လေသည်။ ဒုတိယစကားကို ကြားလိုက်ချိန်တွင် သူသည် ရတနာတစ်ခုကို တွေ့လိုက်ရသလို ခံစားလိုက်ရတော့သည်။ တတိယတစ်ခွန်းကို ကြားလိုက်ရချိန်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို အမှန်ပင် သင်ပြပေးနေမှန်း သိလိုက်ရကာ စိတ်လှုပ်ရှားသွားတော့သည်။
ရှေးအခါက အရည်အချင်းတစ်ခုကို လေ့လာဖို့ရာ လုံးဝမလွယ်ကူပေ။ ရွှယ်ကျင်းကို ဥပမာပြုရလျှင် သူသည် သူ့ဆရာနောက် အသက် ၇နှစ်ကတည်းက လိုက်ခဲ့ရသည်။ သူသည် ဆရာအတွင် လက်ဖက်ရည်၊ ရေများကို ယူပေးရပြီး၊ အဝတ်အစားများကို လျှော်ဖွတ်ပေးရကာ ဆီးအိုးများကို သွန်ပေးရသည်။ သူ့ဆရာက သူ့ကို စတင်သင်ကြားပေးဖို့ရာ အချိန်သုံးနှစ်တိတိ ပေးခဲ့ရသည်။
ခြောက်နှစ်လောက် သင်ကြားခဲ့ပြီးနောက် သူက သူ့ဆရာအတွက် ခြောက်နှစ် အလုပ်လုပ်ပေးခဲ့ရသည်။
သည်လိုနှင့် သူ့ဆရာ၏ပညာများ၏ ခြောက်ဆယ်ရာခိုင်းနှုန်းကို သူ့ကို လက်ဆင့်ကမ်းပေးခဲ့သည်။ ကျန်တာကိုတော့ လုံးဝ မလွှဲပေးခဲ့ချေ။ တပည့်ကို အကုန်သင်ပေးလိုက်လျှင်ဆရာက ထမင်းငတ်သေလိမ့်မည်တဲ့။
ကျန်းယွင်ကျူးကတော့ မတူချေ။ သူမက လခလည်းပေးသလို ပညာများကိုလည်း သင်ကြားပေးသည်။ ရွှယ်ကျင်းသည် ကျေးဇူးမတင်ဘဲ အဘယ်မှာရှိပါမည်နည်း။ သူသည် အလုပ်မကြိုးစားဘဲ အဘယ်မှာရှိပါမည်နည်း။
သည်ဟင်းပွဲများထဲတွင် ရွှယ်ကျင်းသည် ဟင်းပွဲတချို့ကို တခါမှမကြားခဲ့ဖူးချေ။
သူသည် အလွန်စိတ်ဝင်တစားကြည့်နေပြီး ဟင်းနှစ်မျိုးကို ချက်ချင်း လေ့ကျင့်ချင်သွားတော့သည်။
သည်ဟင်းပွဲများကို ပြင်ဆင်ပြီးသွားသည့်နောက်တွင် အမျိုးသမီးချန်နှင့် တခြားသူများက တာဝန်ယူပြီး အစားအသောက်များကို ပို့ဆောင်ပေးလိုက်သည်။ ကျန်းယွင်ကျူးတွင် လုပ်စရာမရှိတော့ပေ။ သူမက ငါးနှစ်ကောင်ကို ကြည့်လိုက်ပြီး အဆင်သင့်တော့မည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက ငါးဟင်းကို စလုပ်ဖို့ ပြင်ဆင်လိုက်လေသည်။
သည်အချိန်တွင် အဘိုးကြီးဝူသည် ကုယန်ကျိူးနှင့် ပြန်ရောက်လာခဲ့သည်။
“အဘိုး”
ကျန်းယွင်ကျူးက သူသည် ကုယန်ကျိုးနှင့် ဘာကြောင့်ရှိနေရသနည်းဟု စဥ်းစားမိလေသည်။
“ ငါ ဒီကလေးကို သဘောကျတယ်၊ နောက်ဆိုရင် ငါ့နောက် လိုက်ခွင့်ပေးထားလိုက်”
အဘိုးကြီးဝူက ပြောလိုက်၏။
ကျန်းယွင်ကျူး: ... သူမစဥ်းစားနေတာက အဘိုးကြီးဝူက ကုယန်ကျိုးကို ဉာဏ်ကောင်းတယ်လို့ ထင်ပြီး သူ့တပည့်အဖြစ် လက်ခံချင်တာလို့ ထင်တာလေ။
ကုယန်ကျိုး : အဘိုးကြီးဝူက ဘာတွေပြောနေလဲဆိုတာ နားမလည်တော့ဘူး။
“နေ့လယ်စာ ဒီမှာစားလိုက်၊ အရသာရှိတဲ့ဟင်းတွေရှိတယ်”
အဘိုးကြီးဝူက ကုယန်ကျိုး၏ပခုံးကို ပုတ်လိုက်သည်။
ကုယန်ကျိုးက လူကြီးနောက် လိုက်လာသည်မှာ ကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
အားလုံးက ပျော်ရွှင်နေသယောင်။
အဘိုးကြီးဝူက မီးဖိုဆောင်သို့ ဝင်သွားလိုက်ပြီး နှပ်ထားသည့် ငါကြင်းနှစ်ကောင်ကို တွေ့သွားတော့သည်။
“ဒီလိုငါးမျိုးက လုံးဝ မနူးညံ့ဘူးနော်၊ မင်းဘယ်လို ချက်မှာလဲ”
“ငါးကင်မလို့ပါ”
ကျန်းယွင်ကျူးက စကားပြောရင်း စတင် အလုပ်လုပ်လိုက်တော့သည်။
“ငါးကင်ဟုတ်လား”
အဘိုးကြီးဝူနှင့် ရွှယ်ကျင်းတို့သည် မနေနိုင်တော့ဘဲ ရေရွတ်လိုက်ကြတော့သည်။ ငါးကြင်းကို ကင်တာ မကြားဖူးပါဘူး။ အားလုံးက ငါးကြင်းဖြူနဲ့ ကကတစ်ငါးကိုပဲ ကင်စားကြတာပါ။ ငါးကြင်းအသားက ထူတယ်လေ။ ကင်ပြီးသွားရင် အရသာရှိနိုင်ပါ့မလား။
“ လုပ်ပြီးသွားရင် သိလာပါလိမ့်မယ်”
ကျန်းယွင်ကျူး လုပ်ချင်သည့်အရာမှာ ခေတ်သစ်နာမည်ကြီး ငါးကင်စွပ်ပြုတ်ဖြစ်လေသည်။ ဒဏ္ဍာရီအရ သည်ဟင်းကို ဝမ်ချင်းယဲ့ မိသားစုက အမျိုးသမီးတစ်ယောက်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ အခုတော့ မရှိတော့ပေ။
ဒီလို ငါးကင်မျိုးက ဟော့ပေါ့နဲ့ တူတယ်လေ။ ဒီရာသီဥတုမှာ စားဖို့ အသင့်တော်ဆုံးပဲ။
သူမက ထိုသို့ပြောလိုက်ချိန်တွင် အဘိုးကြီးဝူနှင့် ရွှယ်ကျင်းတို့သည် အလွန်စိတ်ဝင်စားသွားပြီး ဘေးက စောင့်ကြည့်နေကြတော့သည်။
ကုယန်ကျိူးကပင် ‘ လူကြီးလူကောင်းတစ်ယောက်က မီးဖိုဆောင်နဲ့ ကင်းကင်းနေရမယ်’ ဟူသည့် နာမည်ကျော်အဆိုကို မေ့သွားသည့်နှယ် ဘေးကတန်းစီပြီး ကြည့်နေလေသည်။
အရင်ဆုံး ငါးကို ခြစ်ရပေးပြီး မီးသွေးမီးဖိုပေါ်မှာ ကင်လိုက်သည်။ တူးမသွားအောင် အပူချိန်ကို သေချာဂရုစိုက်ရသည်။ ကင်နေရင်း ငါးပေါ်တွင် ဆီလိမ်းပေးဖို့ စောင့်ကြည့်ရသည်။
အပြင်ဘက်တွင် မဲလားပြီး အတွင်းဖက်တွင် နူးညံ့လာသည်အထိ ငါ့ကို ကင်ရသည်မှာ အချိန်ဆယ်မိနစ်ခန့် ကြာသည်။ ပြီးလုနီးပါးဖြစ်လာသည်။
သည်အချိန်တွင် အိုးကို အပူပေးပြီး အိုးထဲတွင် ဆီပူလောင်းထည့်လိုက်သည်။ အိုးထဲသို့ ကြက်သွန်ဥနီ၊ ချင်း၊ ငရုတ်ပွ၊ ရေမုန်ညင်း နှင့် တခြားပါဝင်ပစ္စည်းများ ထည့်လိုက်သည်။
ကြော်ချက်နေရာမှာ တစ်စီစီမြည်သံထွက်နေ၏။ မီးတောက်တစ်ခုနှင့်အတူ အိုးထဲက လေပူတစ်ခု လှိုက်တက်လာလေသည်။ မွှေးရနံ့နှင့် အစပ်အရသာနံ့တစ်ခုက လူတိုင်း၏နှာခေါင်းထဲ တိုးဝင်သွားတော့သည်။
ကျန်းယွင်ကျူးက မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များကို ကြော်ချက်ကာ စွပ်ပြုတ်ကို လောင်းထည့်လိုက်သည်။
တစ်ချိန်ထဲတွင် ဘေး၌ မီးသွေးမီးဖိုနှစ်ခုကို တည်ထားလိုက်သည်။ မီးဖိုပေါ်တွင် သံပြားနှစ်ခုကို တင်ထားလိုက်သည်။
စွပ်ပြုတ် ဆူပွက်လာသည်နှင့် ငါးကင်များကို သံပြားပေါ်တွင် တင်လိုက်သည်။ တစ်ချိန်ထဲတွင် အာလူး၊ ကြာဆံ၊ မှို။ မုန်လာထုပ် စသည်များကို ထည့်လိုက်သည်။ ထို့နောက် သံပြားပေါ်တွင် ချက်ပြုတ်ပြီးသား စွပ်ပြုတ်ကို လောင်းချလိုက်သည်။ မွှေးရနံ့အပြည့်နှင့် ငါးကင်တစ်ကောင်...
“ ခဏလေးစောင့်နော်၊ အရသာက စိမ့်ဝင်ဖို့လိုသေးတယ်၊ ပြီးရင်တော့ စားလို့ရပါပြီ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
အဘိုးဝူ၏ပါးစပ်ထဲတွင် သွားရည်များ ထွက်လာတော့သည်။ သည်လိုငါးကင်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင်။ ကင်ပြီး ဆူအောင် တည်ထားခြင်းဖြစ်သည်။ ဟော့ပေါ့နှင့်တူသလို ဟော့ပေါ့နှင့်လည်း မတူပေ။
ကုယန်ကျိုး၏မျက်လုံးထဲတွင် အံ့ဩရိပ်များ ထွက်လာတော့သည်။ ဒီလိုငါးကင်နည်းကို တကယ်ပဲ လုံးဝ မကြားဖူးဘူး။
ရွှယ်ကျင်းက အလွန်မှ စိတ်လှုပ်ရှားနေခဲ့သည်။ သူ့သူဌေးမှာ အမှတ်အသားဟင်းအမျိုးအစားပေါင်း ဘယ်လောက်တောင် ရှိတာလဲ။ ဘာလို့ တစ်ခုပြီးတစ်ခု ထွက်လာတာလဲ။ ကျန်းယွင်ကျူး၏ စားဖိုမှူးလုပ်ရန် သဘောတူလိုက်ခြင်းက သူ့ဘဝတွင် ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
အဘိုးကြီးဝူက စားပွဲများကို ကူညီပြင်ဆင်ပေးလိုက်သည်။ သည်ဘက်တွင် ကျန်းယွင်ကျူးက ပဲနှစ်အရသာငါးကင်ကို လုပ်နေသည်။
ခဏအကြာတွင် ငါးကင်ဟင်းနှစ်မျိုးသည် စားပွဲပေါ် ရောက်နေပြီဖြစ်သည်။ စွပ်ပြုတ်လည်း စတင်ဆူပွက်လာသည်။
“ဘယ်လိုအရသာရှိတဲ့ဟာမျိုးလဲ”
ယန်ရှန့်က တံခါးက ဝင်လာချိန်တွင် စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။ သူသည် အဝေးကြီးကနေတောင် အနံ့ရနေပြီလေ။ အရမ်းမွှေးတာပဲ။
“ငါးကင် ထားတာ၊ လာမြည်းပါအုံး ကွေးနေသည့် မျက်ခုံးများနှင့် ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
အစားအသောက်က ထူးဆန်းသည့်အနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ လေပူကြားထဲက သိပ်သည်းသည့် ပျော်ရွှင်မှုက ချက်ချင်းဆိုသလို အအေးဓာတ်နှင့် မြူနှင်းများကို မောင်းထုတ်လိုက်သည့်နှယ်။
ရှန်ဖုန်းမင်က အခန်းသည် အလွန်မှ နွေးထွေးနေသည်ဟုသာ ခံစားမိတော့သည်။ နွေးထွေးလွန်းသဖြင့် သူ့မျက်ခုံးနှင့် မျက်လုံးများသည် မသိမသာမြင့်တက်သွားတော့သည်။
ယန်ရှန့်က အံ့ဩတကြီးပြောလိုက်လေသည်။
“ ဒါက ငါးကင်လား၊ ဘာလို့ အဲလောက်တောင် အရသာရှိနေတာလား၊ မြန်မြန် စားရအောင်”
ဘဝကြီးက အလွန်မှလှပသွားသည်ဟု ခံစားလိုက်ရလေသည်။
စားသောက်ရန် အချိန်ကျလာပြီ။ အဘိုးကြီးဝူက ငါးဗိုက်သားကို ချက်ချင်း ညှပ်လိုက်လေသည်။ ငါးဗိုက်သားတွင် အရိုးကြီးတစ်ခုသာ ရှိသည်။ ထို့အပြင် အဆီအပြည့်ပါနေသည်။ ငါးတွင် အသားအကောင်းဆုံးအပိုင်းဖြစ်ဟု ဆိုနိုင်လေသည်။
သူ့ပါးစပ်ထဲ တန်းထည့်လိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း ဝိုင်းစက်သွားတော့သည်။ တကယ်ဟ။ အရသာရှိလွန်းလို့ ပေါက်ထွက်သွားပြီ။
အဲဒီထွက်လာတဲ့အရည်ပူပူလေး။ အစပ်အရသာ။ ပြီးတော့ သူ့ပါးစပ်ထဲမှာ ပေါက်ထွက်သွားတဲ့ ငါးကင်အရသာ။
အထူးသဖြင့် ငါးအရေခွံ။ ပျော့ပြောင်း အိစက်ပြီး တင်းတင်းလေး။ ဟင်းရည်အရသာအပြည့်ပဲ။ ပုံမှန်ငါးကင်တွေနဲ့ ဒါကို နှိုင်းယှဥ်လို့မရဘူး။
“ဒီငါးကင်က အရသာရှိနေရောပဲ” သူက ချီးကျူးစကား ပြောလိုက်လေသည်။
ယန်ရှန့်က ငါးကို မြန်မြန် ညှပ်လိုက်၏။ သူ ယူလိုက်သည့်အရာမှာ ငါးအမြီးပိုင်း ဖြစ်နေသည်။ ငါးမြီးပိုင်း၏အသားမှာ နူးညံ့သောလည်း အရိုးများသည်။ သို့တိုင် ကျန်းယွင်ကျူး လုပ်ထားသည့် ငါးကင်ထဲတွင် အရိုးသေးသေးလေးတစ်ခုပင် မတွေ့ရပေ။ လတ်ဆတ်ပြီး နူးညံ့သည့်အရသာတစ်ခုသာ ကျန်ခဲ့လေသည်။
သူသည် စားလိုက်ပြီးနောက်တွင် နေသာထိုင်သာရှိသွားသလို သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ဒီလို အေးတဲ့နေ့မျိုးမှာ ငါးကင်တစ်အိုး စားရတာ။ ဒါက ဘဝပဲ။
ရှန်ဖုန်းမင်က ငါးကို စားလိုက်သည်။ တမူထူးခြားသည့် အရသာက သူ့ကို အနည်းငယ် မှင်တက်အံ့ဩသွားစေတော့သည်။
တစ်ကိုက်လောက် စားပြီးနောက် ကုယန်ကျိုးသည် အဘိုးကြီးဝူနှင့် လိုက်လာခဲ့သည်မှာ မှန်သွားသည်ဟု ခံစားလိုက်ရလေသည်။
ငါးကို စားရသည့်အပြင် တွဲဖက်ဟင်းများလည်း ရှိသေးသည်။ ဟင်းပွဲထဲတွင် တွဲဖက်ဟင်းတချို့ ရှိနေသည်။ ထို့အပြင် ကျန်းယွင်ကျူးက စားပွဲပေါ်တွင် အရံဟင်အမျိုးမျိုးကို ပြင်ဆင်ပေးထားသည်။ အားလုံးက သူတို့အကြိုက်အတိုင်း စားနိုင်သည်။ ဒါက အနည်းငယ် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေတော့သည်။
တွဲဖက်ဟင်းကငါးကင်အရသာ ပါသည့်အပြင် သူတို့ကိုယ်ပိုင်အရသာများလည်း ရှိနေသည်။ လူများကို မနားတမ်းစားအောင် လုပ်နေတော့သည်။
ငါးနှစ်ကောင်နှင့် စားပွဲအပြည့်ဟင်းကို ပြောင်စင်အောင် စားလိုက်ကြသည်။ ထိုအခါမှ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် သည်လောက်အရသာရှိသည့် ငါးကို သာမန်ငါးကြင်းဖြင့် လုပ်ထားကြောင်း သိလိုက်ရတော့သည်။
“ဒီငါးကင် တစ်ခုထဲနဲ့တင် မိန်းကလေးကျန်း မြို့တော်မှာ စားသောက်ဆိုင်တစ်ခု ဖွင့်လို့ရနေပြီ”
ယန်ရှန့်က မှတ်ချက်ပေးလိုက်၏။
သူပြောလိုက်သည့်စကားက အနည်းငယ် ချဲ့ကားပြောခြင်းပင်။ သို့တိုင် ကျန်းယွင်ကျူးကတော့ သဘောကျလေသည်။ အစားအသောက် ချစ်သူများသည် စားဖိုမှူးများ၏ ရပ်တည်ချက်ပင်။
စားသောက်ပြီးနောက် အဘိုးကြီးဝူက ကုယန်ကျိုးကို အတူတူ စကားပြောဖို့ ဆွဲထားပြီး ကျန်းယွင်ကျူးကို မကြာခဏဆိုသလို စကားနည်းနည်း ပြောလေသည်။ သူက သူမကို ခဏလောက် အတူတူ ထိုင်ပြီး အနားယူဖို့ပြောလိုက်သည်။
အခန်းထဲတွင် ယန်ရှန့်သည် ရှန်ဖုန်းမင်နှင့် မြို့တော်ကို ပြန်မည့်ကိစ္စကို တိုင်ပင်နေသည်။ ဟုတ်ပါသည်။ မြို့တော်ကို ပြန်ရမည်။ ရှောင်းချီစုန့် သေဆုံးသွားသည့်သတင်းက မြို့တော်သို့ ပျံ့သွားလိမ့်မည်။ မင်းကြီးကလည်း ထိုကိစ္စကို ရှင်းပြရန် ရှန်ဖုန်းမင်နှင့်သူ့ကို မြို့တော်သို့ သေချာပေါ် ပြန်ခေါ်လာ မေးလိမ့်မည်။
သည်ကိစ္စကို ယန်ရှန့်က သိပ်မစိုးရိမ်ပေ။ ရှန်ဖုန်းမင်တွင် တန်ပြန်အစီအစဥ်များ ရှိပြီးသားပင်။
တစ်ခုက သည်နေရာတွင် ကျန်းယွင်ကျူး ရှိနေခဲ့ခြင်းပင်။ သူသည် ခြံထဲက လူသုံးယောက်ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်လေသည်။
“ ဒီတစ်ခါတော့ ငါတို့တွေ ထပ်ပြီး ဒီအတိုင်း ထွက်သွားလို့မဖြစ်ဘူး”
သူသည် ရှန်ဖုန်းမင်အတွက် စိတ်ပူနေခြင်းပင်။ တစ်ဖက်လူက တစ်နေရာထဲမှာ စောင့်နေမှာ မဟုတ်ဘူးလေ။ တစ်နေ့ကျရင် သူမက တစ်ယောက်ယောက်နဲ့ လက်ထပ်သွားမှာပဲ။ အဲဒီအချိန်ကျမှတော့ သူက ဘာလုပ်မှာလဲ။
...
အပိုင်း (၄၈) (က)
နေ့လယ် ၁နာရီတွင် လူတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်လေသည်။ အမျိုးသမီးချန်က တံခါးသွားဖွင့်ပေးလိုက်ပြီး ရဲမက်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူက အရင်အမှု၏ အဓိကတရားခံကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောပြလိုက်သ်ည။ အခုတော့ အမှုကို ပိတ်တော့မည် ဖြစ်သဖြင့် ကျန်းမိသားစုကို စီရင်စုရုံးတော်သို့ လာရောက်ခိုင်းခြင်းဖြစ်လေသည်။
“သူ့ကို မိပြီလား”
အမျိုးသမီးချန်က တအံ့တဩ မေးလိုက်သည်။ သူမက ဒီအကြောင်းကိုပဲ တစ်ချိန်လုံး စဥ်းစားနေခဲ့တာလေ။
ရဲမက်က ဇဝေဇဝါဖြစ်သွားတော့သည်။ ဖမ်းမိတာလား။ ဖမ်းမိတယ်လို့ ပြောလို့လည်း မရဘူး။ တစ်ယောက်ယောက်က ဝေ့ခမ်းဖျင်ရဲ့အလောင်းကို ရုံးတော်တံခါးရှေ့မှာ လာပစ်သွားတာလေ။
ပြီးခဲ့တဲ့တစ်ခေါကတုန်းကလည်း အတူတူပဲ။ ရာဇဝတ်သားနှစ်ယောက်က အရင်ဆုံးတောင် ရောက်လာပြီး သူတို့ကို ဖမ်းခိုင်းခဲ့တာ... ဘာပဲဖြစ်ဖြစ် အမှုကတော့ ထူးဆန်းမှုအပြည့်ပဲ။ ဒါပေမဲ့ တရားသူကြီးရဲ့ မျက်နှာက မပြောင်းလဲဘူး။ ဒီတော့ အမှုကို ပိတ်လိုက်တော့တာပေါ့။
အမျိုးသမီးချန်၏ အံ့ဩတကြီးအော်သံက မိသားစုဝင်အားလုံးကို အလန့်တကြား ဖြစ်သွားစေတော့သည်။
ကျန်းချိန်သည် အပြင်သို့ထွက်လာချိန်တွင် ဝေ့ခမ်းဖျင်ကို ဖမ်းမိသည့်အကြောင်းနှင့် ရုံးတော်သို့ ချက်ချင်းသွားရမည့်အကြောင်းကို ကြားလိုက်ရသည်။
ကျန်းယွင်ကျူး လိုက်ထွက်လာချိန်တွင်တော့ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်နှင့် သွားကြုံနေသည်။ သူမ၏အကြည့်က သူတို့နှစ်ယောက်ဆီ ရောက်သွားပြီး သည်ကိစ္စက သူတို့နှင့် တစ်ခုခု ပတ်သက်နေမလားဟု စဥ်းစားနေမိတော့သည်။
“အဖေ သမီးလည်း လိုက်မယ်”
သူမက ကျန်းချိန်ကို ပြောလိုက်သည်။ ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ သူမ ရုံးတော်ကို သွားချင်တယ်လေ။
“ကောင်းပြီလေ”
ကျန်းချိန်က လှည်းကို ပြင်ဆင်လိုက်လေသည်။
မကြာခင်မှာပင် သူတို့နှစ်ယောက်သည် ရုံးတော်ဝင်ပေါက်သို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် လူတစ်ယောက် ရောက်နှင့်နေသည်။ အမျိုးသမီးလျို ဖြစ်လေသည်။
“အဒေါ်လည်း ရောက်နေတာပဲ”
ကျန်းယွင်ကျူးက သူမကို နှုတ်ဆက်လိုက်၏။
“အင်း”
အမျိုးသမီးလျိုသည် အနည်းငယ် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေပြီး ရုံးတော်ထဲကို ငေးကြည့်ရင်း အပေါ်ယံသာသာ ပြန်ဖြေလိုက်လေသည်။
သူမ၏စိတ်တို့က သေချာပေါက် ဂနာမငြိမ်ဖြစ်နေမည်ကို ကျန်းယွင်ကျူးက သိနေသဖြင့် သူမကို မနှောင့်ယှက်လိုက်တော့ပေ။ သူမသည် ထိုနေရာတွင် ကျန်းချိန်နှင့်အတူတူ ရပ်နေပြီး တရားသူကြီးမုန့်က သူတို့ကို ဆင့်ခေါ်လာမည်ကို စောင့်နေလိုက်သည်။
သည်အခိုက်တွင် လမ်းအဆုံး၌ နောက်ထပ်လူနှစ်ယောက် ပေါ်လာလေသည်။ ရှေ့ကတစ်ယောက်သည် မုတ်ဆိတ်မွေးငုတ်တိုနှင့် မျက်လုံးများနီနေသည်။ အာမခံဌာနခေါင်းဆောင်လီဖြစ်သည်။ သူသည် ပြီးခဲ့သည့်အခေါက် တွေ့စဥ်ကထက် အများကြီး ပိန်ကျသွားသည်။ အစောပိုင်းက သန်မာတုတ်ခိုင်သည့် ယောက်ျားသည် အခုတော့ အလွန်မှပင်ပန်းနေဟန်တူသည်။
သူ့ဘေးတွင် မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်ပါလာသည်။ အာမခံဌာနခေါင်းဆောင်လီနှင့် အမီလိုက်ရန် ခြေလှမ်းသွက်သွက် လျှောက်လာရင်း သူက မြောက်ပင့်ကာ ပြောလိုက်လေသည်။
“ အာမခံဌာနခေါင်းဆောင်လီ အဲဒီဆိုင်ကို ကျွန်တော့်ကိုပဲ ဆက်ငှားထားလို့ရပါတယ်၊ ကျွန်တော် ကတိပေးတယ်၊ ဒီတစ်ခါ ငှားခအကြွေးမကျန်စေရဘူး။
ကျွန်တော့်အမေ နေမကောင်းဖြစ်ပြီး နေ့စဥ်ဆေးဖိုးကလည်း အများကြီး ကုန်ကျတာ ခင်ဗျားသိပါတယ်၊ မိသားစုမှာ ကလေးသုံးယောက်ရှိပြီး ကျွန်တော့်မိန်းမကလည်း မကျန်းမာဘူး၊ ကျွန်တော့်မှာ တကယ် ငွေမရှိလို့ပါ ဒါကြောင့် ကျွန်တော်....”
“ထွက်သွားစမ်း၊ မင်း မယုံချင်ယုံ မယုံချင်နေ ငါမင်းကို အသေရိုက်ပစ်မယ်”
အာမခံဌာနခေါင်းဆောင်လီက ထိုသက်လက်ပိုင်းယောကျ်ားကို ထိုးမည့်ဟန်ဖြင့် သူ့လက်သီးကြီးကို ဝေ့ယမ်းလိုက်လေသည်။
ထိုသက်လက်ပိုင်းယောက်ျားက ဘုတ်ခနဲ ဒူးထောက်ချလိုက်ပြီး မျက်ရည်နှင့် နှာရည်များ တရွှဲရွှဲနှင့် တောင်းပန်တော့သည်။
“အာခံဌာနခေါင်းဆောင်လီရယ်၊ အိမ်မှာတကယ်ခက်ခဲနေလို့ပါ၊ မဟုတ်ရင် ကျွန်တော် မတောင်းပန်ပါဘူး။
အဲဒီဆိုင်က ကျွန်တော့်မိသားစုရဲ့အသက်ပါ၊ ခေါင်းဆောင်လီ ပြန်ယူသွားရင် ကျွန်တော်တို့မိသားစု....”
အာမခံဌာနခေါင်းဆောင်လီသည် သူ့ကို အမှန်ပင် သေအောင်ကန်ကျောက်ပစ်ချင်တော့သည်။ အရင်က ဒီလူရဲ့ပေါက်ကရစကားတွေကို ယုံခဲ့ပြီး ဆိုင်ကို သူ့ကို စျေးသက်သက်သာသာနဲ့ ငှားရမ်းပေးခဲ့တယ်လေ။ အိမ်မှာခက်ခဲနေရင် အရင်ဆုံး ဆိုင်ခန်းငှားခကို အကြွေးထားလို့ ရတယ်လို့တောင် ပြောခဲ့သေးတယ်။
ရလဒ်ကျတော့ရော။ လွန်ခဲ့တဲ့ရက်က လူတစ်ယောက်က သူ့ကို လာပြောပြခဲ့တယ်။ သူ့အမေက လုံး ဝဖျားနာမနေဘူးတဲ့လေ။
“မင်း မထွက်သွားသေးဘူးလား၊ မဟုတ်ရင် ငါမင်းကို တကယ်ကန်တော့မယ်”
အာမခံခေါင်းဆောင်လီက ဒေါသတကြီးနှင့် ပြောလိုက်တော့သည်။ သူ့လက်သီးသည် တင်းနေအောင် ဆုပ်ထား၏။
သူက တကယ်လုပ်တော့မည်ကို တွေ့လိုက်ရသဖြင့် ကောရွေ့က ဆက်ပြီးမငိုရဲတော့ဘဲ သူ့မျက်နှာကို အင်္ကျီလက်နှင့် ကွယ်ထားကာ အာမခံဌာနခေါင်းဆောင်လီကို ဂရုတစိုက် လေ့လာကြည့်လိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့ကို လျစ်လျူရှုထားလိုက်ပြီး စီရင်စုရုံးတောင်သို့ ဆက်လျှောက်လာခဲ့လိုက်သည်။
သူ အဝေးသို့ ရောက်သွားသည်နှင့် ကောရွေ့က မြေကြီးပေါ် တံတွေးထွေးလိုက်တော့သည်။ သူ့မျက်လုံးများက ဟိုဝေ့သည်ဝေ့ကြည့်လိုက်၏။ သူသည် ရပ်နေလိုက်ပြီး အနောက်ဘက်က လမ်းဆီသို့ လျှောက်သွားလိုက်တော့သည်။
“အာမခံဌာနခေါင်းဆောင်လီ ခင်ဗျား ဘယ်လို”
ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီ၏ပုံစံကို မြင်လိုက်ရသောအခါ တအံ့တဩနှင့် ပြောလိုက်လေသည်။ သူ့ကို မတွေ့က သိပ်တောင်မကြာသေးဘူးလေ သူက ဒီလို ပိန်ချုံးကျသွားသတဲ့လား။
ထိုအကြောင်းကို ပြောလျှင် အာမခံဌာနခေါင်းဆောင်လီသည် ဒေါသထွက်ပြီး စိတ်ဆိုးလာတော့သည်။ လီယန်သည် ထိုအချိန်က ကြောက်လန့်သွားပြီး ကတည်းက သူ့ကျန်းမာရေးက ကောင်းမလာတော့ချေ။ လွန်ခဲ့သည့်ရက်အနည်းက သူသည် ချောင်းပြန်ဆိုးလာပြီး နေ့တိုင်း သတိလစ်လာသည်။ မိသားစုက လုပြည်နယ်က သမားတော်များအားလုံး အပါအဝင် နေရာတိုင်းက သမားတော်များကို ပင့်ဖိတ်ခဲ့သည်။ သို့တိုင် သူ့ရောဂါက လုံးဝတိုးတက်မလာခဲ့ပေ။
လီယန်က အဆုတ်နာရောဂါဖြစ်နေသည်ဟု တချို့က ပြောကြသည်။ တချို့ကတော့ သူ့အတွက် ဈာပနာ ပြင်ဆင်ထားဖို့ ပြောကြသည်...
အာမခံဌာနခေါင်းဆောင်လီသည် ဝေ့ခမ်းဖျင်ကို သ-တ်ပစ်ချင်တော့သည်။
သူက ကျန်းချိန်ကို ကြည့်လိုက်ပြီး ချိနဲ့စွာ ပြောလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူးဗျာ”
သူသည် ကျန်းချိန်နှင့် တွေ့ဖူးသည်မှာ နှစ်ကြိမ်တည်း ရှိသေးရာ သူ့ကို သည်အကြောင်း ပြောပြဖို့ရန် အကြောင်း မရှိပေ။
ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီက လားကို စျေးပေါပေါနှင့်ရောင်းခဲ့ပေးသည်ကို သတိရသွားပြီး အားသနာလိုခံစားမိလေသည်။
သည်အချိန်တွင် ရဲမက်တစ်ယောက်က စီရင်စုရုံးတော်မှ ထွက်လာခဲ့သည်။ တရားသူကြီးမုန့်က သူတို့ကို အထဲဝင်ဖို့ ခေါ်ခိုင်းလိုက်သည်။
တရားသူကြီးမုန့်က ခန်းမထဲတွင် ထိုင်နေပြီး အမျိုးသမီးလျိုနှင့် တခြားသူများအား ဘေးက အဖြူရောင်ပိတ်စအောက်က လူမှာ ဝေ့ခမ်းဖျင် ဟုတ်မဟုတ် အတည်ပြုခိုင်းတော့သည်။
ဆောင်းရာသီတွင် အေးစိမ့်နေသည်။ ဝေ့ခမ်းဖျင် သေဆုံးသွားသည်မှာ ရက်တော်တော်ကြာပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က မပျက်စီးသေးချေ။ သူမသေခင်က ရုပ်အတိုင်း ရှိနေသေးသည်။
သူ့မျက်နှာ်သည် နာကျင်မှုကြောင်း လုံးဝပျက်စီးနေလေသည်။ မျက်လုံးနှစ်လုံးကလည်း ပြူးကျယ်ကာ ပွင့်နေ၏။ သူမသေခင် ကြောက်စရာကောင်းသည့်အရာကို မြင်ခဲ့ရသည့်နှယ်။
“အမလေး”
အမျိုးသမီးလျိုသည် ထိုမျက်နှာကို မြင်သွားပြီး ထိတ်လန့်သွားတော့သည်။ မကြာမီ သူမသည် ပြန်တည်ငြိမ်သွားတော့သည်။ သူမ၏နှုတ်ခမ်းကို ကိုက်ထားပြီး သူမရင်ထဲက ခံစားချက်အားလုံးကို ဖောက်ချချင်လိုက်သည့်နှယ် ထိုမျက်နှာကို စိုက်ကြည့်နေလေသည်။
ကျန်းချိန်လည်း အံ့ဩသွားတောသည်။
အာမခံဌာနခေါင်းဆောင်လီကတော့ ဝေ့ခမ်းဖျင်၏ အလောင်းကို တံတွေးထွေးလိုက်၏။ ဒါနဲ့ပဲတန်တယ်။
သူတို့သုံးယောက်က သည်အလောင်းသည် ဝေ့ခမ်းဖျင်ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
တရားသူကြီးမုန့်က ရုံးတော်တွင် စီရင်ချက်ကို ကြေညာလိုက်ပြီး အမှုပိတ်ကို ပိတ်လိုက်တော့သည်။
အားလုံးက စီရင်စုရုံးတော်မှ ထွက်လာချိန်တွင် ကိုယ်စီ၏အပြုအမူများက ကွဲပြားနေလေသည်။ ကျန်းချိန်က ဝမ်းသာနေသည်။ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မှာပဲ။ အမျိုးသမီးလျိုကတော့ စိတ်အေးသွားသလို အနည်းငယ်လည်း ပြတ်သားလာခဲ့သည်။ အာမခံဌာနခေါင်းဆောင်လီတစ်ယောက်သာ ညိုးနွမ်းနေလေသည်။
သူက ကျန်းချိန်နှင့် တခြားသူများကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး ပြန်တော့မည်ပြင်လိုက်၏။
ထိုအခိုက်တွင် ကောရွေ့က လူကြီးတစ်ယောက်နှင့် ရောက်လာပြန်သည်။ လူကြီးက ဆံပင်ဖြူနှင့် ကလေးဆန်ဆန် မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ တောက်ဝတ်ရုံအသစ်ကို ဝတ်ထားပြီး တော်တော်လေးကို သန့်ပြန့်လေသည်။
“အာမခံဌာနခေါင်းဆောင်လီ ခေါင်းဆောင်အိမ်က သခင်လေး နေမကောင်းဘူးလို့ ကျွန်တော် ကြားထားတယ်၊ ခုနက ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့လဲ မှန်းကြည့်ပါလား”
ကောရွေ့က ဝမ်းသာအားရနှင့် အာမခံဌာနခေါင်းဆောင်လီကို ပြောလေသည်။
“ မင်း ပြန်လာရဲသေးတယ်နော်”
အာမခံဌာနခေါင်းဆောင်လီက သူ့ကို လက်သီးဖြင့် ထိုးမည်ပြင်လိုက်လေသည်။
ကောရွေ့က မြန်မြန်ပြောလိုက်၏။
“ ဒါက နတ်ဆေးသမားတော်ဝူ ဗျ၊ နတ်ဆေးသမားတော်ဝူက ဒီနေရာကို ခရီးထွက်လာခဲ့တာတဲ့”
ပုံသဏ္ဌာန်မှာ သစ်တစ်ပင်နှင့်တူပြီး ဂုဏ်သတင်းမှာ အရိပ်တစ်ခုပမာ။ အာမခံဌာနခေါင်းဆောင်လီသည် သည်ရက်ပိုင်းတွင် နေရာတိုင်းက သမားတော်များကို ရှာဖွေနေခဲ့လေသည်။ သူသည်လည်း နတ်ဆေးသမားတော်ဝူ၏နာမည်ကို ကြားခဲ့ဖူးသည်။ ကောလာဟလသတင်းအရဆိုလျှင် သူသည် ဆေးပညာ၌ အင်မတန် တော်ပြီး သေသူကိုပင် ပြန်ရှင်အောင်လုပ်နိုင်သည်တဲ့။ သူသည် လီယန်၏ရောဂါကို ကုပေးဖို့ တောင်းဆိုချင်ခဲ့သော်လည်း နတ်ဆေးသမားတော်၏ တည်နေရာက လျှို့ဝှက်လွန်းလှသည်။ ထို့ကြောင့် သူမှာ အင်အားမရှိပေ။
အာမခံဌာနခေါင်းဆောင်လီ၏နှလုံးသည် အကြီးအကျယ် ခုန်သွားတော့သည်။ ဘုရားသခင်က သူတို့မိသားစုကို တကယ်ပဲ သနားညှာတာခဲ့တာလား။
သူသည် တောက်ဝတ်စုံနှင့် လူကြီးကို ကြည့်လိုက်လေသည်။
တောက်ဝတ်စုံနှင့် လူကြီးက သူ့ကို ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှ မပြောချေ။
နတ်ဆေးသမားတော်ဝူတွင် ထူးဆန်းသည့် အကျင့်စရိုက်တစ်ခုရှိသည်ဟု ဆိုကြလေသည်။
ခပ်လှမ်းလှမ်းတွင် ကျန်းယွင်ကျူးက လားလှည်းပေါ် ရောက်နေပြီဖြစ်သည်။ နတ်ဆေးသမားတော်ဝူ ဟူသည့် စကားကို ရုတ်တရက် ကြားလိုက်ရချိန်တွင် သူမက ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ လှမ်းကြည့်လိုက်ပြီးနောက်မှ သူမက ပြုံးလိုက်လေသည်။
“ ခင်ဗျားက တကယ်ပဲ နတ်ဆေးသမားတော်ဝူလား”
အာမခံဌာနခေါင်းဆောင်လီက တောက်ဝတ်စုံဝတ်ထားသည့် လူကြီးကို ဂရုတစိုက်မေးလိုက်လေသည်။
“ကျုပ် ဒီနေရာကို လှည့်ပတ်သွားလာခဲ့တာ၊ တာဝန်ခံကောနဲ့ ရေစက်တချို့ ရှိခဲ့တော့ ကျုပ်သူ့ကို လာကြည့်တာ”
တောက်ဝတ်စုံနှင့်လူကြီးက ပြောလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီသည် စိတ်လှုပ်ရှားကာ တုန်ယင်သွားပြီး မြန်မြန်ပြောလိုက်တော့သည်။
“နတ်ဆေးသမားတော်ဝူရယ် ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကို ကယ်ပေးပါ၊ သူက ငယ်ပါသေးတယ်...”
ရောဂါကို ကြည့်ပေးဖို့ လျန်၅၀၀ ကျမယ်”
တောက်ဝတ်စုံနှင့်လူကြီးက သူ့စကားကို ဖြတ်ပြောလိုက်လေသည်။
လျန်၅၀၀ က နည်းတဲ့ပမာဏတော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့သားကို ကယ်ဖို့ဆိုရင်...
အာမခံဌာနခေါင်းဆောင်လီက သဘောတူတော့မည်ပြင်လိုက်စဥ် ကြည်လင်သည့်အမျိုးသမီး အသံတစ်ခုကို ရုတ်တရက်ထွက်လာလေသည်။
“ နတ်ဆေးသမားတော်ဝူက ရွှေသားတစ်ထောင်ပေးတောင် မကုသခဲ့ဘူးလို့ ပြောကြတယ်၊ ဘာလို့ လျန်၅၀၀ပဲလဲ”
ကျန်းယွင်ကျူးပင်။ သူမက လားလှည်းပေါ်က ဆင်းလာခဲ့သည်။ ဒီ ‘နတ်ဆေးသမားတော်ဝူ’လို့ ပြောနေတဲ့လူက တကယ့်ကို လူလိမ်တစ်ယောက်ပဲ။
တောက်ဝတ်စုံနှင့်လူကြီးက နှာခေါင်းရှုံ့လိုက်၏။
“ကောင်းပြီလေ၊ ဒါဆို ရွှေသားတစ်ထောင်၊ ရွှေသားတစ်ထောင်မှ မရရင် ကျုပ်မကုဘူး”
ထိုသို့ပြောလိုက်ပြီးနောက် သူက လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
...
အပိုင်း (၄၈) (ခ)
ကောရွေ့က သူ့ကို မြန်မြန် ပြန်ဆွဲထားလိုက်ပြီး
“ နတ်ဆေးသမားတော်ဝူရယ် မသွားပါနဲ့၊ ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်”
တောက်ဝတ်စုံနှင့်လူကြီးက ရပ်လိုက်ပြီး အာမခံဌာနခေါင်းဆောင်လီကို ကြည့်လိုက်လေသည်။
ရွှေသားတစ်ထောင်... အာမခံဌာနခေါင်းဆောင်လီသည် မူးနောက်သွားတော့သည်။ သူက ရွှေသားလျန် တစ်ထောင်ကို ဘယ်နားသွားရှာနိုင်မှာလဲ။
ကောရွေ့က ဆက်ပြောလိုက်၏။
“နတ်ဆေးသမားတော်ဝူရယ် စိတ်မဆိုးပါနဲ့၊ ကျွန်တော့်မျက်နှာကို ထောက်ပါအုံး၊ အာမခံဌာနခေါင်းဆောင်လီကို အခက်တွေ့အောင်မလုပ်ပါနဲ့ဗျာ”
ထို့နောက် သူက အာမခံဌာနခေါင်းဆောင်လီဖက် လှည့်လိုက်ပြီး
“အာမခံဌာနခေါင်းဆောင်လီ ခေါင်းဆောင်မှာလည်း မလွယ်ကူတဲ့အကြောင်း နတ်ဆေးသမားတော်ဝူကို မြန်မြန်ပြောပြလိုက်ပါ”
အာမခံဌာနခေါင်းဆောင်လီသည် နောက်ဆုံးကောက်ရိုးကို ဖမ်းဆုပ်ရတော့မည့်သယောင် ရှေ့သို့ တစ်လှမ်းတိုးမည် ပြင်လိုက်လေသည်။
“ အာမခံဌာနခေါင်းဆောင်လီ ဒါက တကယ်ပဲ နတ်ဆေးသမားတော်ဝူ ဟုတ်ရဲ့လား၊ ရှင် စဥ်းစားကြည့်နော်၊ ရုံးတော်က ရှေ့နားလေးတင်၊ တရားသူကြီးကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြည့်ပါလား၊ တကယ်လို့ နတ်ဆေးသမားတော်အစစ်ဆိုရင် တရားသူကြီးလည်း ဝမ်းသာနေလိမ့်မယ်”
ကျန်းယွင်ကျူးက ဖြတ်ပြောလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီက စိတ်ပူနေမှန်း သူမ သိလေသည်။ သို့မဟုတ်လျှင် သူသည် ဒီလူလိမ်ကို အလွယ်တကူ ယုံကြည်လိမ့်မည်မဟုတ်ပေ။
သေချာပါသည်။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် အာမခံဌာနေခေါင်းဆောင်လီသည် သတိပြန်ဝင်လာတော့သည်။ ဟုတ်သားပဲ။ ခုနက အပျော်လွန်သွားပြီး ဒီလူကြီးက အတု ဖြစ်နေမလားဆိုတာကို မစဥ်းစားခဲ့မိဘူး။
သူက လူကြီးကို မသင်္ကာသလိုကြည့်လိုက်လေသည်။
လူကြီးရဲ့အသွင်ပြင်ကို ကြည့်ရတာ ပညာရှင်တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ပညာရှင်တစ်ယောက်က ကောရွေ့လိုလူနဲ့ ရေစက်ပါတယ်တဲ့လား။
အာမခံဌာနခေါင်းဆောင်လီသည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ချက်ချင်းအာရုံခံမိသွားပြီး ကောရွေ့ကို စိုက်ကြည့်လိုက်တော့သည်။
ကောရွေ့သည် ကျန်းယွင်ကျူးကို အသေမုန်းသွားတော့သည်။ အောင်မြင်တော့မဲ့ ဟာကိုကွာ။ သူက ကျန်းယွင်ကျူးကို ဝါးစားမတတ်ကြည့်လိုက်ပြီး
“မင်းက မိန်းမတစ်ယောက်ပဲ၊ မင်းက ဘာနားလည်လို့လဲ”
“ကျွန်မ နားမလည်ပါဘူး၊ ဒါကြောင့် အာမခံဌာနခေါင်းဆောင်လီကို စီရင်စုတရားသူကြီးဆီ သွားမေးဖို့ ပြောခဲ့တာပေါ့” ကျန်းယွင်ကျူးက ပြန်ချေပလိုက်တော့သည်။
တောက်ဝတ်စုံနှင့်လူကြီးက အစပိုင်းတွင် မဆိုင်သလိုနေလိုက်သေးသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူက ဒေါသတကြီး ချက်ချင်း ထပြောတော့သည်။
“ မင်းက ငါ့ကို ဘာများထင်နေတာလဲ၊ ရွှေသားတစ်ထောင်မပြောနဲ့ ရွှေသားတစ်သောင်းဆိုရင်ရင် ငါမကုဘူး”
ထိုပြောလိုက်ပြီး သူက ဘေးကလမ်းကြားထဲ ထွက်သွားတော့သည်။
“အာမခံဌာနခေါင်းဆောင်လီ ခင်ဗျား”
ကောရွေ့က သူ့မျက်နှာပေါ်တွင် မုန်းတီးသည့်အကြည့်တစ်ခုနှင့် လူကြီးနောက် လိုက်သွားတော့သည်။
“အာမခံဌာနခေါင်းဆောင်လီ သတိထားနော်၊ သူတို့ကို ထွက်မပြေးစေနဲ့”
ကျန်းယွင်ကျူးက သတိပေးလိုက်၏။
အာမခံဌာနခေါင်းဆောင်လီက သတိပြန်ဝင်လာခဲ့သည်။
“ရပ်စမ်း” သူ အော်လိုက်လေသည်။
တောက်ဝတ်စုံနှင့် လူကြီးက ပိုပြီး မြန်မြန်လျှောက်သွားလိုက်သည်။ အပြစ်လုပ်ထားသည်မှာ သိသာလေသ်ည။ အခုတော့ သူ့တွင် ပြဿနာရှိနေမှန်း အားလုံးက သိလိုက်ကြသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့နောက်သို့ ခြေလှမ်းကျဲများနှင့် လိုက်သွားလိုက်သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် သွေးများပင် အန်ထွက်တော့မည်။ ခုနက သူ့သားကို ကယ်တင်နိုင်တော့မယ်လို့ တကယ်ကြီး ထင်ခဲ့မိတာလေ။ ဘယ်သူက ထင်ထားမှာလဲ....
သည်အချိန်တွင် ကျန်းချိန်သည် ဖြစ်ပျက်နေသည်များကို နားလည်သွားပြီး ချက်ချင်း သွားရောက် ကူညီပေးတော့သည်။
သူက သူတို့ကို ကူညီတားဆီးပေးလိုက်၏။ အာမခံဌာနခေါင်းဆောင်လီက တောက်ဝတ်စုံနှင့်လူကြီးနှင့် ကောရွေ့တို့ကို လက်တစ်ဖက်စီတွင် ဖမ်းထားလိုက်ပြီး သူတို့ကို ရုံးတော်သို့ ချက်ချင်း ပို့လိုက်တော့သည်။
တရားသူကြီးမုန့်က မပြန်သေးချေ။ ထို့ကြောင့် အမှုကို ချက်ချင်းစတင်လိုက်တော့သည်။
အစပိုင်းတွင် လူကြီးက သူ့ကိုယ်သူ နတ်ဆေးသမားတော်ဝူဟု ဆိုသည်။ မေးခွန်းများ မေးခံလိုက်ရပြီး ဘာမှမပြောနိုင်တော့မှ သူသည် အမှန်ပင် နတ်ဆေးသမားတော်ဝူဖြစ်ကြောင်းနှင့် သူ့မျိုးရိုးနာမည်မှာ ဝူဖြစ်ပြီး နာမည်မှာ နတ်ဆေးသမားတော် ဖြစ်ကြောင်း ရှင်းပြလေသည်။
ဒီလိုနာမည်နဲ့ လူရှိလို့လား။ ကြည့်လိုက်တာနဲ့ ဒါက လှိမ့်လုံးမှန်း သိနေတာပဲ။
တရားသူကြီးမုန့်၏ အရိုက်ခံလိုက်ရပြီးမှ သူသည် နတ်ဆေးသမားတော်ဝူ၏ နာမည်ကို သုံးကာ ငွေလိမ်လေ့ရှိကြောင်း ဝန်ခံတော့သည်။ သည်တစ်ကြိမ်တွင် ကောရွေ့ကြောင့် အာမခံဌာနခေါင်းဆောင်လီထံ ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်။
သူနှင့် ကောရွေ့နှစ်ယောက်လုံးကို အကျဥ်းချထားလိုက်တော့သည်။
အမှုက မရှုပ်ထွေးသော်လည်း အချိန်တော့ ပေးလိုက်ရသေးသည်။ ကျန်းချိန်နှင့် တခြားသူများသည် စီရင်စုရုံးတော်မှ ထွက်လာချ်ိန်တွင် အပြင်ဘက်က ကောင်းကင်က အုံ့မှိုင်းနေပြီး နှင်းများကျ ဆင်းနေလေသည်။
“ ကျုပ်ကို သတိပေးတဲ့အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ်၊ ကျုပ် အလိမ်ခံလိုက်ရတော့မလို့”
အာမခံဌာနခေါင်းဆောင်လီက ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကျန်းချိန်အား သူတို့ကို ကူညီဖမ်းပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ကျန်းချိန်သည် သူ့ကလေးက နေမကောင်းဖြစ်နေပြီး စိုးရိမ်ရသဖြင့် သူက လက်ခါပြလိုက်သည်။
သူသည် လိယန်ကို မှတ်မိနေသေးသည်။ သူသည် တော်တော်လေး လိမ္မာသည့်ကလေးတစ်ယောက်ပင်။
“ သူက ငယ်ငယ်လေးကတည်းက ကျန်းမာရေး မကောင်းဘူးဗျာ”
အာမခံဌာနခေါင်းဆောင်လီက သူ့လက်သီးများကို တင်းနေအောင်ဆုပ်ထားလိုက်သည်။
အားလုံးက လမ်းခွဲလိုက်ကြ၏။ ကောင်းကင်က နှင်းများကလည်း သဲလာသည်။ ကျန်းချိန်က ကျန်းယွင်ကျူးကို သေချာထိုင်ခိုင်းလိုက်ပြီး သူက မြန်မြန်မောင်းပြန်လာခဲ့တော့သည်။ ဝူလင်စီရင်စုတွင် တောင်များစွာ ရှိလေသည်။ နှင်းများ ထူထပ်ချိန်တွင် တောင်ပေါ်လမ်းများက ချော်လေသည်။ ခရီးသွားဖို့ရန် ခက်ခဲလိမ့်မည်။
“သိပါပြီ အဖေ၊ ဂရုစိုက်ပါ့မယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။
သားအဖနှစ်ယောက်သည် ခဏအကြာတွင် မြို့မှ ထွက်လာခဲ့တော့သည်။ အလျင်လိုခြင်းတစ်ဝက် သတိတစ်ဝက်နှင့် မောင်းလာပြီး နောက်ဆုံးတွင် သူတို့သည် အန္တရာယ်ကင်းကင်းနှင့်် ပြန်ရောက်လာပြီး ရင်းနှီးပြီးသား ရွာလေးနှင့် လူတစ်ယောက်ကို တွေ့လိုက်ရတော့သည်။
သည်အချိန်တွင် ကောင်းကင်နှင့် မြေကြီးတို့သည် အဖြူရောင်အတိဖြစ်နေလေသည်။ ချန်ရှီရွာလမ်းဆုံတွင် လူတစ်ယောက် ရှိနေ၏။ သူသည် အဖြူရောင် သားမွေးဝတ်စုံကို ဝတ်ထားပြီး လောကကြီးနှင့် တသားတည်းဖြစ်နေသယောင်။ သူ့တွင် အထီးကျန်နေသည့် ဝံပုလွေတစ်ကောင်လို အထီးကျန်မှုအာရုံတစ်ခု ရှိနေပြီး လောကကြီးတွင် သူတစ်ယောက်တည်းရှိနေသည့်နှယ်။
ဖီးနစ်မျက်လုံးများနှင့် နီရဲနေသည့်နှုတ်ခမ်းများ။ မျက်လုံးများက မည်းနက်နေပြီး နှုတ်ခမ်းများက နီရဲနေသည်။ ဒါကပင် သည်လောကထဲက တစ်ခုတည်းသော အရောင်များဖြစ်နေသည့်နှယ်။
ကျန်းယွင်ကျူးသည် တဒင်္ဂအတွင်း မှင်တက်သွားလေသည်။ ရှန်ဖုန်းမင်ပဲ။ သူ အဖြူရောင်ဝတ်ထားတာ ပထမဆုံးတွေ့ဖူးတာပဲ။ သူအနက်ရောင်ဝတ်ထားတုန်းက အမြဲတမ်း ဓားတစ်လက်ကို အေးစက်နေပြီး လူတွေက သူ့ကို တိုက်ရိုက်မကြည့်အောင်ပဲ။ သူ အဖြူရောင်ဝတ်လိုက်တော့ တောင်ထိပ်က နှင်းပွင့်လိုပဲ။ အေးစက်နေသေးပေမဲ့ သူ့ရဲ့အင်မတန်ချောမောလွန်းတဲ့ အသွင်ကြောင့် လူတွေကို မကြည့်မလွှဲချင်တဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ပေးနေတယ်။
ရှန်ဖုန်းမင်က သူမကို တွေ့သွား၏။ သူ၏အသက်မပါသည့်အကြည့်က လှုပ်ရှားသွားပြီး မြင်းကို သူတို့ဘေးသို့ စီးလာလိုက်လေသည်။
သူ့လှုပ်ရှားမှုကြောင့် ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။ ထို့နောက် သူမသည် မနေနိုင်တော့ဘဲ သူ့ကို လှမ်းကြည့်လိုက်လေသည်။ သူမသည် အမြဲတမ်း အလှအပများကို ကြည့်ရသည်ကို နှစ်သက်ခဲ့သည်။
ထပ်ကြည့်လိုက်၏။ ပန်းချီကားတစ်ချပ်နှင့် တူနေသည်။
ရှန်ဖုန်းမင်က သူမနားသို့ ရောက်လာခဲ့သည်။ ကျန်းယွင်ကျူးက ပြုံးပြလိုက်ပြီး
“ လူကြီးမင်းရှန်”
“နှင်းကျနေတယ်”
ရှန်ဖုန်းမင်၏ မျက်လုံးများက မသိမသာ မြင့်တက်သွားသည်။ သူ့အသံက အေးမြသည့် စမ်းချောင်းတစ်ခုလို တလွင့်လွင့်ထွက်လာလေသည်။
“အင်း”
ကျန်းယွင်ကျူက လှည်းပေါ်ကဆင်းလိုက်ပြီး ရှားပါးလှသည့် နှင်းကျနေသည့်မြင်ကွင်းကို ကြည့်ဖို့ရန် ကိုယ်ကို လှည့်လိုက်လေသည်။ အစောပိုင်းက နှစ်ကြိမ်လောက်ကျခဲ့သော်လည်း သည်လောက်မကြီးပေ။ သည်တစ်ကြိမ်တွင် နေရာတိုင်းကို နှင်းများ ဖုံးလွှမ်းထားလေသည်။ ထောင်ချီသည့် သစ်တော်ပန်းပွင့်များက ပွင့်လန်းနေသလိုပင်။