← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အပိုင်း (၅၅) (က)

ရှန်ဖုန်းမင်သည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်တွင် နူးညံ့လှပသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။ သူမ၏အကြည့်က ရေပေါ်တွင် မျောနေသည့် ငှက်မွေးလေးတစ်ခုနှယ် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ ကြည်လင်ကာ ဖောက်ထွင်းမြင်နိုင်ပြီး အနည်းငယ် လှိုင်းထသွားလေသည်။

နှစ်သစ်ကူး ၆ရက်မြောက်နေ့တွင် ချီလင်သက်တော်စောင့်များသည် ရှီးရုံနိုင်ငံမှ သူလျှိုများက နန်းတော်ထဲတွင် ပုန်းခိုနေသည့် သဲလွန်စတစ်ခုကို ရခဲ့ကြသည်။ သူတို့သည် မင်းကြီးက ၁လပိုင်း ၁၅ရက်နေ့တွင် မီးပုံးများကို ရှုစားနေစဥ် ယမ်းသေနတ်ဖြင့် မင်းကြီးကို လုပ်ကြံသ-တ်ဖြတ်ချင်ခဲ့ကြသည်။

ရှန်ဖုန်းမင်က စုံစမ်းစစ်ဆေးရန် နန်းတော်သို့ ဝင်ချင်သော်လည်း ချီလင်သက်တော်စောင့်များက ပုံမှန်ဆိုလျှင် နန်းတော်သို့ ဝင်ခွင့်မရှိပေ။ နန်းတော်ထဲက တော်ဝင်နန်းစောင့်တပ်က လုံခြုံရေးကို တာဝန်ယူထားသည်။

သူသည် ထိုကိစ္စကို မင်းကြီးထံ လျှောက်ထားလိုက်သည်။ မင်းကြီးက အမျက်ထွက်ခဲ့သော်လည်း သူ့ကို ဆက်ပြီး စုံစမ်းခွင့်မပြုခဲ့ပေ။ ထို့အစား သူက နန်းစောင့်တပ် စစ်သူကြီးဖန်ကို ထိုကိစ္စအား တာဝန်ယူဖို့ ပြောလိုက်သည်။

၁လပိုင်း ၉ရက်နေ့တွင် ရှန်ဖုန်းမင်သည် သတင်းတစ်ခု ရရှိခဲ့သည်။ သည်ကိစ္စ၏ သတင်းက ပေါက်ကြားသွားပြီး ထိုသူခိုးများက အစီအစဥ်ကို ကြိုတင်စတင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

သူသည် ချက်ချင်း နန်းတော်သို့ဝင်ကာ မင်းကြီးအား တွေ့ခွင့်တောင်းခဲ့ပြီး ထိုကိစ္စကို သူ့အား လျှောက်တင်မည် ပြင်လိုက်စဥ် ရုတ်တရက်ဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။

သူသည် ယမ်းငွေ့နံ့တစ်ခုကို ရလိုက်ပြီးနောက် လှိုင်းလုံးကြီးတစ်ခုက သူ့ဆီလာနေသည်ကို မြင်လိုက်ရလေသည်။

ထိုအချိန်တွင် မင်းကြီးက သူ့ဘေးတွင် ရှိနေသည်။ ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာပင် သူက မင်းကြီးကို လှမ်းဆွဲလိုက်ပြီး ကျောက်ဆောင်ကြီးတစ်ခုနောက်သို့ ခုန်ဝင်လိုက်ကာ မင်းကြီးကို ကာကွယ်ပေးရန် သူ့ခန္ဓာကိုယ်ကို သုံးလိုက်တော့သည်။

ထိုအချိန်တွင် သူ့ဝမ်းဗိုက်ကို တစ်ချက်လာမှန်သွားသည်ကို ခံစားလိုက်ရလေသည်။ သို့တိုင် သူက တရားခံနောက် လိုက်ရမည့်အမိန့်ကို လက်ခံလိုက်သေးသည်။

ထိုတရားခံအဖွဲ့သည် ပြန်ဆုတ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ထင်ရှားလေသည်။ သူသည် သူတို့နောက်သို့ တစ်လမ်းလုံး လိုက်လာပြီး လျောင်ပေမှ တုန်းချင် ထို့နောက် ကျင်းကျိူး သို့ရောက်လာ၏။ နောက်ဆုံးတွင် သူသည် ထိုလူများကို လုမြို့တွင် လိုက်မီလာပြီး ထိုနေရာမှာပင် သူတို့ကို ခေါင်းဖြတ်လိုက်လေသည်။

သူသည် ကျန်းယွင်ကျူးကို ထိုလမ်းကြားလေးထဲတွင် တွေ့လိုက်ချိန်က သူသည် ၅ရက်နှင့် ၆ညလုံး မျက်လုံးပင် မမှိတ်ခဲ့ရချေ။ သူသည် နံရံကို မှီထားပြီး လုံးဝစိတ်မလျှော့ရဲခဲ့ပေ။

သို့သော် သူမက သူ့ရှေ့သို့ လျှောက်လာချိန်တွင် သံပယိုဆပ်ပြာနံ့ သင်းသင်းလေးက သူမ၏ခန္ဓာကိုယ်မှ ထွက်လာလေသည်။ သူ တင်းနေအောင်ချည်ထားသည့် ကြိုးက ရုတ်ခြည်းပြတ်ထွက်သွားတော့သည်။

“မိန်းကလေးကျန်း” ရှန်ဖုန်းမင်က ခေါ်လိုက်၏။

ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာပြီး အနည်းငယ် မတည်ငြိမ်မှုတစ်ခုဖြင့် သူ့ကို ကြည့်လိုက်လေသည်။ သူ အဲနေ့ညက ဖြစ်ခဲ့တာကို မမှတ်မိလေောက်ပါဘူးနော်။ ဟုတ်တယ်မလား။

“ ရှင် နိုးပြီလား” သူမက ပြောလိုက်၏။

ရှန်ဖုန်းမင်သည် ထိုနေ့ညက ဖြစ်ခဲ့သည့်အရာများကို တစ်ခုမှ မမှတ်မိခဲ့ချေ။ သို့သော် သူမက သူ့ဘေးနားတွင် အမြဲတမ်းရှိနေခဲ့သည်ကိုတော့ သိနေလေသည်။

“အင်း ကျွန်တော် ဘယ်လောက်တောင် အိပ်ပျော်နေခဲ့တာလဲ” သူက ကြည်လင်သည့်အသံတစ်ခုဖြင့် မေးလိုက်လေသည်။

“ နှစ်ညနဲ့ တစ်ရက်ပါ”

ရှန်ဖုန်းမင်က အချိန်ကိုတွက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။

“လူကြီးမင်းယန်က မြို့တော်မှာ ဖြေရှင်းစရာရှိလို့ဆိုပြီး သူက ကျွန်မကို ရှင့်ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာနဲ့ ကျွန်မလည်း ရှင့်ကို ခေါ်ပြန်လာခဲ့တာ၊ ရှင် ဘယ်လိုနေသေးလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

ဝမ်းဗိုက်က မသက်သာသေးဘူး။ သူ ဒဏ်ရာတချို့ကို ရခဲ့တာသေချာပေမဲ့ မပြင်းထန်ပါဘူး။ ကျောဘက်မှာတော့ နည်းနည်းနာနေသေးတယ်။ ဒဏ်ရာရထားတာပဲ ဖြစ်ရမယ်။

“ကျွန်တော် အဆင်ပြေပါတယ်” သူက ပြောလိုက်သည်။

အဆင်ပြေတယ်တဲ့လား။ ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး

“ခဏနော်၊ ကျွန်မ ရှင့်အတွက် ဆေးသွားကြိုပေးမယ်၊ ကျွန်မ ဆေးသွားကြိုရင်း ရှင့်အတွက် စားဖို့တစ်ခုခု ယူလိုပေးမယ်”

သူမ ထွက်သွားပြီးနောက် ထိုအခိုက်လေးအတွင်းက ရှန်ဖုန်းမင်၏စိတ်အခြေအနေကဲ့သို့ပင် အခန်းက တိတ်ဆိတ်သွားလေသည်။

ရုတ်တရက် သူက ပြောလိုက်၏။

“ဝင်လာခဲ့”

“ဟုတ်ကဲ့”

ပြတင်းပေါက် အနောက်ဘက်က တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်လေသည်။ ထို့နောက် ထိုလူက ကိုယ်ကို လှည့်လိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

သူ့အဝတ်အစားများကိုကြည့်လျှင် သူသည် ချီလင်သက်တော်စောင့်တစ်ယောက်ပင်။

“အခု အခြေအနေဘယ်လိုရှိလဲ” ရှန်ဖုန်းမင်က မေးလိုက်၏။

“တပ်မှူး၊ ဒုတပ်မှူးဆီက စာရောက်လာပါတယ်”

သက်တော်စောင့်က ပြောလိုက်ပြီး စာတစ်စောင် ထုတ်ပေးလိုက်လေသည်။ စာကို အထူးကော်ဖြင့် ကပ်ထားပြီး မည်သူမှ စာဖောက်မဖတ်ထားကြောင်း သက်သေပြနေသည်။

ရှန်ဖုန်းမင်က စာကိုယူပြီး ဖွင့်လိုုက်၏။

စာထဲတွင် ယန်ရှန့်၏ အတွန့်အတက်များနှင့် လက်ရေးများကို တွေ့လိုက်ရသည်။

“ မင်း နိုးလာတာနဲ့ ဒီမကောင်းတဲ့သတင်းကို သေချာပေါက် မေးလိမ့်မယ်ဆိုတာ ငါ သိနေတယ်၊ ပြောပါအုံး၊ မင်း ကောင်းကောင်း အနားမယူနိုင်ဘူးလား၊ မင်းကြီးက ငါတို့ကို နန်းတော်ထဲဝင်ပြီး စုံစမ်းခွင့် မပြုခဲ့ဘူး၊ သူ ငါတို့အတွက် စိုးရိမ်ပြီး ငါတို့တွေက နန်းတော်ကိစ္စ ဝင်စွက်ဖက်မှာ စိုးနေတာ အသိသာကြီးပဲ၊ ရလဒ်က ဘာဖြစ်သွားလဲ။

မင်းကြောင့်သာ မဟုတ်ရင် အဲဒီနေ့က... ထားလိုက်တော့ ဒီစကားတွေက ပြောဖို့မလွယ်ဘူး။

ဘာပဲဖြစ်ဖြစ် ငါတို့တွေ နောက်ဆုံးတော့ အရှုပ်ထုပ်ကြီးကို ရှင်းလိုက်ပြီ။

မစိုးရိမ်နဲ့၊ မင်းကြီး ဘာမှမဖြစ်ဘူး၊ ကျန်တာကို ငါ ရှင်းနိုင်တယ်၊ မင်းတာဝန်က ကောင်းကောင်းအနားယူဖို့ပဲ၊ မင်း ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ငါ မင်းကြီးကို လျှောက်ထားလိုက်မယ်၊ ဒါက သူ့ကို ကယ်ရင်းနဲ့ ရခဲ့တဲ့ဒဏ်ရာပဲ၊ သူ မင်းကို တစ်နှစ်လောက်ဖြစ်ဖြစ် အနားယူခွင့်ပေးမှာပါ ဟုတ်တယ်မလား။

ငါ ဒီကိစ္စကို မင်းကြီးကို လျှောက်ထားပြီးပြီ၊ ဒီတော့ ရုတ်တရက်ကြီး ပြန်ကောင်းလာပြီး ငါက မင်းကြီးကို တမင်လိမ်ညာနေတာလို့ ထင်သွားအောင်လုပ်ပြီး မင်းကြီးကို လိမ်လည်မှုနဲ့ ငါ အပြစ်ပေးခံရအောင် မလုပ်နဲ့။

မှတ်ထား၊ မှတ်ထားနော်”

ယန်ရှန့်၏စာကို ဖတ်လိုက်ပြီး လူကိုယ်တိုင် လာပြောနေသည်ကို နားထောင်နေရသလို ခံစားလိုက်ရလေသည်။ သူ သည်စကားများကို ပြောနေချိန်တွင် ဖြစ်နေမည့် သူ့အမူအရာကို မြင်ယောင်ကြည့်နိုင်လေသည်။

ရှန်ဖုန်းမင်က သူ့အင်္ကျီလက်ထဲက မီးခတ်ကျောက်ကို ထုတ်လိုက်ပြီး စာကို မီးရှို့လိုက်၏။

ပြာစတချို့ မြေကြီးပေါ် ကျသွားသည်ကို မြင်လိုက်ရပြီးနောက် ရှန်ဖုန်းမင်က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်လေသည်။ တစ်နှစ်လောက် နားရမယ်တဲ့လား။

ချီလင်သက်တော်စောင့်တပ်၏ တပ်မှူး ရှန်ဖုန်းမင်သည် မင်းကြီးကို ကယ်တင်ပေးရာက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ ထို့နောက်တွင် သူသည် တရားခံနောက်သို့ မိုင်ထောင်ချီအောင် လိုက်ခဲ့ရသည်။ သူသည် တရားခံအားလုံးကို သ-တ်လိုက်သော်လည်း သူ့အသက်အန္တရာယ်သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သည်။

မင်းကြီးက အလွန်မှ အမျက်ဒေါသထွက်ရသဖြင့် နန်းတော်ထဲတွင် ဣန္ဒြေပါ ပျက်ခဲ့ရသည်။ သူသည် အစားအသောက် ယမကာအပြည့်နှင့် မကောင်းသည့်ရည်ရွယ်ချက်များ ရှိနေသည့် အရာရှိများနှင့် စစ်တပ်အရာရှိများအားလုံးကို ဒေါသတကြီး ဆဲဆိုခဲ့သည်။ မည်သူကမှ သူ့ပူပင်သောကကို မျှယူမပေးနိုင်ဟု ဆိုသည်။

နိုင်ငံ၏ အရာရှိနှင့် စစ်တပ်အင်အားတစ်ခုလုံးက တုန်လှုပ်သွားခဲ့သည်။

မင်းကြီးက ရှန်ဖုန်းမင်ကို ဘယ်လက်ရုံး စစ်သေနာပတိချုပ် ရာထူးတိုးပေလိုက်ပြီး ရွှေသား လျန်တစ်ထောင်၊ ပိုးဖဲလိပ် အခုသုံးထောင်နှင့် များပြားလှသည့် ရှားပါးကျောက်မျက်ရတနာများ ချီးမြှင့်ခဲ့လေသည်။

သူသည် စစ်သူကြီးဖန်ကို နန်းစောင့်တပ်၏ စစ်သူကြီးရာထူးမှ ဖယ်ရှားခဲ့ပြီး နန်းစောင့်တပ်စစ်သူကြီးနေရာကို ဒုစစ်သူကြီးအား ပေးလိုက်လေသည်။

ရှမင်းဆက် မြို့တော်၏ သေနာပတိချုပ်ဌာန၌ မြို့တော်၏ အတွင်း နှင့် အပြင်တွင် စစ်တပ်နှင့် အစောင့်တပ်များကို အမိန့်ပေးတာဝန်ယူထားသည့် စစ်သေနာပတိချုပ် ငါးယောက်ရှိလေသည်။ ဘယ်လက်ရုံး စစ်သေနာပတိချုပ်သည် သူ့လက်ထဲတွင် စစ်တပ်အင်အားရှိသည်။ အချုပ်ခန်းနှင့် အစောင့်တပ်များကို ထိန်းချုပ်ထားသည့် ချီလင်သက်တော်စောင့်တပ်နှင့် လုံးဝကွာခြားလေသည်။

မင်းကြီးက ရှန်ဖုန်းမင်ကို စစ်တပ်အာဏာ အမှန်အကန်ပေးခဲ့ခြင်းပင်။ ရှန်ဖုန်းမင်အပေါ် ထားသည့် သူ့ယုံကြည်အားကိုးမှုကို ပြသလိုက်ခြင်းပင်။

အမှန်ပင်။ ထိုအချိန်က ရှန်ဖုန်းမင်သာ မရှိလျှင် သူသည် ကံတော်ကုန်သွားလောက်ပေပြီ။

ထိုဖြစ်ရပ်က ရုံးတော်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ အားလုံးက ရှန်ဖုန်းမင်၏ သဘောထားနှင့် သူ့ဒဏ်ရာအခြေအနေ သေလောက်အောင် ပြင်းထန်သလားဆိုသည့် ကိစ္စများကို သိချင်နေကြတော့သည်။

လူမမာသတင်းမေးခြင်းအတွက် လာရောက်မည့်ဖိတ်စာနှင့် အလည်အပတ် လာရောက်ရန် ဖိတ်စာများကလည်း ရှန်မိသားစုထံသို့ နှင်းပွင့်များကို တဖွဲဖွဲ ရောက်လာကြလေသည်။

သည်အခိုက်တွင် မင်းသမီးတန့်ယန်းနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် လူတစ်ယောက်နှင့် ရင်းရင်းနှီးနှီး ရှိနေလေသည်။

“ ဖုန်းမင်ရဲ့ကျန်းမာရေး ဘယ်လိုရှိလဲ” မင်းသမီးတန့်ယန်က စိုးရိမ်တကြီး မေးလိုက်၏။

“သမားတော်က ကောင်းကောင်းအနားယူလိုက်ရင် ကြီးကြီးမားမား ဖြစ်စရာမရှိပါဘူးလို့ပြောပါတယ်”

ယန်ရှန့်က ပြန်ဖြေလိုက်သည်။

“ဒါဆို ပြန်အနားယူဖို့ ဘာလို့ မြို့တော်ကို ပြန်မလာခဲ့တာလဲ” မင်းသမီးတန့်ယန်းက သေမတတ်ပင် စိတ်ပူနေလေသည်။

ယန်ရှန့်က မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားတော့သည်။ မြို့တော်ကို ပြန်လာရမတဲ့လား။ ရှန်ဖုန်းမင်က အနားယူပြီး ပြန်အားပြည့်အောင်တောင် နေနိုင်ပါ့မလား။

“သမားတော်က သူ့အတွက် လှုပ်ရှားလို့ မသင့်တော်ဘူးလို့ ပြောထားလို့ပါ၊ လက်ရှိနေရာမှာပဲ ပြန်အားပြည့်အောင်လုပ်တာ အကောင်းဆုံးပါတဲ့၊ ပြီးတော့ မင်းသမီးလည်း တွေ့တဲ့အတိုင်းပါပဲ၊ မြို့တော်မှာ သူ့ကို တွေ့ချင်နေတဲ့သူတွေက အများကြီးလေ၊ သူ ပြန်လာရင် ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ အနားယူလို့ရမှာလဲ” သူက အမှန်တဝက်ရောကာ ပြောလိုက်လေသည်။

သူ မလှုပ်ရှားနိုင်ဘူးဆိုရင် အပြင်းအထန် ဒဏ်ရာရနေတာပဲ။ ဒါပေမဲ့ ခုနက သူပြောတာတော့ ကြီးကြီးမားမား ပြဿနာမရှိဘူးဆို။ သူ့စကားလုံးတွေကလည်း ရှေ့နောက်လုံးဝ မညီဘူး။ မင်းသမီးတန့်ယန်း၏ မျက်နှာသည် အေးစက်သွားတော့သည်။

“ မင်း ငါ့ကို တမင်လိမ်နေတာမလား။ ဒီလိုသာဆိုရင်တော့ ယုံချင်ယုံ မယုံချင်နေလိုက်၊ ငါ မင်းကို ဒီနေ့ ရှန်အိမ်တော်က ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး”

ယန်ရှန့်သည် စိတ်ထဲမှ ခါးခါးသီးသီး အော်ဟစ်မိတော့သည်။ သူက လုံးဝမလာချင်ပေမဲ့ လာခဲ့ရတာလေ။ နောက်ဆုံး ဒီနှစ်ယောက်က ရှန်ဖုန်းမင်ရဲ့ မိဘအရင်းတွေကိုး။ သူက သူတို့ကို ပြောပြရမဲ့ တာဝန်တော့ရှိတာပေါ့။

သူက တော်ဝင်ပညာရှင်ရှန်ဘက်သို့ လှည့်လိုက်၏။ တော်ဝင်ပညာရှင်ရှန်ကများ သူ့ကို နားလည်ပေးနိုင်မလား။

တော်ဝင်ပညာရှင်ရှန်သည် နေ့တိုင်း ညီလာခံ တက်နေရပြီး အခြေအနေကို သိလေသည်။ သူသည် ယန်ရှန့်၏ အခြေအနေကို ကောင်းကောင်းနားလည်နိုင်ပေသည်။ ယခုအချိန်က ရှန်ဖုန်းမင်သည် ဘေးကျပ်နံကျပ်အခြေအနေထဲတွင် ရောက်နေပြီး သူ့အင်အားကို ဖုံးကွယ်ထားကာ သူ့အချိန်ကို စောင့်ဆိုင်းရမည့် အချိန်ဖြစ်လေသည်။ ဒဏ်ကို ပြန်ကောင်းအောင် အနားယူခြင်းက ကောင်းပေမည်။

သူက သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး စိတ်ထဲက ချီးကျူးလိုက်၏။ သူသည် ရှန်ဖုန်းမင်က အလွန်မှ သန်မာနေသဖြင့် အမြဲတမ်း စိုးရိမ်ခဲ့ရသည်။ အခု ထိုအခြေအနေကို ကြည့်လိုက်တော့ ဒါသည် အလွန်မှ ကောင်းလေသည်။

“ သူတကယ်ပဲ အဆင်ပြေရဲ့လား”

သူသည် အရင်ဆုံး အတည်ပြုပြီးမှ စိတ်အေးရပေမည်။

“ ကျွန်တော် မိုးနတ်မင်းကို တိုင်တည်ပါတယ်၊ သူ အဆင်ပြေပါတယ်”

ယန်ရှန့်က ကောင်းကင်ကို လက်ညှိုးထိုးလိုက်ပြီး တိုင်တည်လိုက်လေသည်။

...

အပိုင်း (၅၅) (ခ)

တော်ဝင်ပညာရှင်ရှန်က စိတ်အေးသွားပြီး ပြောလိုက်၏။

“ မြို့တော်ကို ပြန်မလာတာ ကောင်းတယ်၊ သူ့ကို ကောင်းကောင်းအနားယူလို့ပြောလိုက်၊ ဪ ဟုတ်သားပဲ၊ သူက လုပြည်နယ်မှာနော် ဟုတ်လား၊ ငါတို့တွေကို တိတ်တိတ်လေး သွားတွေ့ကြရင်ကော၊ စိတ်မပူပါနဲ့ ဘယ်သူမှ မသိစေရပါဘူး”

ဒါက.... ယန်ရှန့်သည် မွန်းကြပ်သွားတော့သည်။

မင်းသမီးတန့်ယန်းသည် ရှန်ဖုန်းမင် အဆင်ပြေနေသည်ကို နောက်ဆုံးတော့ ယုံကြည်သွားလေသည်။ ထို့နောက် သူမ၏အာရုံက လုပြည်နယ်ဟူသည့် စကားတွင် ရပ်သွားတော့သည်။ လုပြည်နယ်။ ဒါ ရှန်ဖုန်းမင်အတွက် လုပြည်နယ်ကို သွားတာ သုံးကြိမ်မြောက်ပဲ။ ဟုတ်တယ်မလား။ သူက ဒီတစ်ခါ တရားခံတွေနောက် လိုက်ခဲ့တာဆိုပေမဲ့ သူက လုပြည်နယ်မှာ အနားယူဖို့ ရွေးချယ်ခဲ့တာတဲ့လား။

သူမသည် ပြီးခဲ့သည့်နှစ်ခေါက်က ရှန်ဖုန်းမင် ယူပြန်လာသည့် အစားအသောက်များနှင့် ကြွေခရားအိုးပေါ်က လက်ရေးကို စဥ်းစားလိုက်မိလေသည်...

“ ဟုတ်တာပေါ့၊ သူ့အတွက် လှုပ်ရှားဖို့ မသင့်တော်သေးဘူး၊ သူ့ကို သွားတွေ့ရင်ကော အဆင်ပြေမလား”

သူမက ပြောလိုက်လေသည်။

သူမနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် ကိစ္စတစ်ခုကို သဘောတူညီမှုရရန် အလွန်မှာရှားပါးလေသည်။

“ အခုက လူတိုင်းက ရှန်အိမ်တော်ကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေကြတာ၊ မင်းသမီးနဲ့ တော်ဝင်ပညာရှင် ရှန် တို့ တိတ်တိတ်လေး ခိုးထွက်လဲ အလုပ်ဖြစ်မယ်မထင်ဘူးလားလို့ပါ” ယန်ရှန့်မှ သတ္တိမွေးလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ တစ်ယောက်ယောက်ကသာ သိသွားရင်....”

မင်းသမီးတန့်ယန်းက တော်ဝင်ပညာရှင်ရှန်နှင့် အတွေးတူနေသည်။

“ ရက်အနည်းငယ်ကျရင် ဖုန်းမင်က လူကြီးမင်းတို့အတွက် စာပို့လာပါလိမ့်မယ်၊ အဲဒီအခါကျမှ သူနှင့် တိုင်ပင်လိုက်ပါလား” ယန်ရှန့်သည် သူ့မှာ သည်လိုသာ လုပ်နိုင်တော့သည်ဟု ထင်လိုက်မိတော့သည်။

မင်းသမီးတန့်ယန်းနှင့် တော်ဝင်ပညာရှင်ရှန်တို့ကလည်း ထိုသို့သာ တတ်နိုင်လေသည်။

ယန်ရှန့်က နှုတ်ဆက်စကားပြောပြီး ထရပ်လိုက်၏။ သို့သော် သူ လှည့်ထွက်သွားလိုက်ချိန်မှာပင် မင်းသမီးတန့်ယန်း မေးလာသည့်စကားကို ကြားလိုက်ရလေသည်။

“ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ ဖုန်းမင်က လုပြည်နယ်မှာ မိန်းကလေးတစ်ယောက် တွေ့နေပြီမလား”

ကံအားလျော်စွာ ယန်ရှန့်ကသည် ကိုယ်ကို လှည့်ပြီး ဖြစ်နေလေသည်။ သို့မဟုတ်လျှင် မင်းသမီးတန့်ယန်းက သေချာပေါက် သဲလွန်စတစ်ခု ရသွားပေလိမ့်မည်။

“ကျွန်တော်လည်း မသိပါဘူး”

ထိုသို့သာ ပြောလိုက်ပြီး ယန်ရှန့်သည် ကြံရာမရ ထွက်ပြေးလာခဲ့တော့သည်။

မင်းသမီးတန့်ယန်းက သက်ပြင်းချလိုက်၏။

ရုံးတော်အတွင်းက အခြေအနေသည် ပြောင်းလဲသွားသော်လည်း ချန်ရှီရွာလေးကတော့ တိတ်ဆိတ် အေးချမ်းနေဆဲပင်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်အတွက် အရင်ဆုံး အသီးအရွက်ဆန်ပြုတ်ကို ပြုတ်ပေးလိုက်သည်။ ထို့နောက် သူ့အတွက် ဆေးကြိုပေးလိုက်လေသည်။

ရှန်ဖုန်းမင်သည် အမှန်ပင် ဗိုက်ဆာနေပြီဖြစ်သည်။ အငွေ့တထောင်းထောင်းနှင့် ဆန်ပြုတ်တစ်ပန်းကန်ကို သောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။

“ကျေးဇူးတင်ပါတယ်”

သူက ဆေးပန်းကန်ကို လက်ခံကာ ပြောလိုက်လေသည်။

“ ကိစ္စမရှိပါဘူး” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

နေ့လယ်ခင်းတွင် ကျန်းမိသားစုသည် အသက်ဝင်လှုပ်ရှားလှသည့် မိသားစုပြန်ဆုံပွဲ ညစာ စားလိုက်ကြသည်။

နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက စီရင်စုမြို့ထဲတွင် ဆိုင်ခန်းတစ်ကို ငှားရန် သွားရမည်ဖြစ်သည်။ မသွားခင် သူမက ထောင့်တစ်ခုကို လှည့်လိုက်ပြီး ဘေးအခန်းတံခါးကို ခေါက်လိုက်လေသည်။

ရှန်ဖုန်းမင်က တံခါးဖွင့်ပေးလိုက်၏။ သူ့နက်မှောင်သည့်ဆံပင်က ပြောလျော့နေပြီး သူ့အရပ်မြင့်မြင့် ခန္ဓာကိုယ်က ချောမောကာ ကျက်သရေရှိနေလေသည်။

“ ရှင် ထတောင်ထနိုင်နေပြီလား” ကျန်းယွင်ကျူးက အံ့ဩသွားလေသည်။

“ကျွန်တော် အများကြီးကောင်းလာပါပြီ”

ရှန်ဖုန်းမင်၏ ဒဏ်ရာများက အစကတည်းက ထူးထူးခြားခြား ပြင်းထန်ခြင်း မဟုတ်ခဲ့ပေ။ အပင်ပန်းလွန်သွား၍သာ သူသည် အားအင်ကုန်ခမ်းသွားခြင်းဖြစ်သည်။

ကျန်းယွင်ကျူးက သူ့ကို လှမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားများက ထိုနေ့က ယန်ရှန့် အလျင်စလို လဲသွားပေးသည့် အဝတ်အစားများဖြစ်သည်။ နှစ်ရက်ဝတ်လိုက်ပြီးနောက် အဝတ်အစားများသည် တွန့်ကြေသွားလေသည်။

သည်တစ်ကြိမ်တွင် သူတို့သည် ယန်ရှန့်နှင့် အလျင်စလို လမ်းခွဲခဲ့ရသဖြင့် သူ့အတွက် ဘာအဝတ်အစားမှ မပြင်ဆင်ပေးခဲ့သည်။

“ ကျွန်မ စီရင်စုမြို့ကို သွားမလို့၊ ရှင့်အတွက် အဝတ်အစားတချို့ ဝယ်ချင်မလားလို့” ကျန်းယွင်ကျူးက သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေသည်။

ရှန်ဖုန်းမင်က သူ့အဝတ်အစားများကို ငုံ့ကြည့်လိုက်ပြီး

“ ကျွန်တော် မင်းနဲ့လိုက်ခဲ့မယ်”

“ ရှင် ကျန်းမာရေးကရော”

“ကောင်းနေပါပြီ”

“ကောင်းပါပြီ”

ကျန်းယွင်ကျူးက စိတ်ထဲမထားပေ။ သူကိုယ်တိုင် သွားဝယ်မည်ဆိုလျှင် အနည်းငယ် ပိုသင့်တော်တာ ရလိမ့်မည်။

ရှန်ဖုန်းမင်က သူ့ဆံပင်ကို ချည်လိုက်ပြီး သူ့အဝတ်အစားကို ခါလိုက်ကာ ထွက်လာခဲ့လိုက်လေသည်။

သူတို့နှစ်ယောက်သည် ကျန်းချိန်၏လားလှည်းပေါ်တက်ပြီး စီရင်စုမြို့သို့ ထွက်လာခဲ့ကြသည်။

ကျန်းယွင်ကျူး၏ စိတ်ကူးမှာ အရင်ဆုံး သူ့အတွက် အဝတ်အစားပေးလိုက်ပြီးမှ သူက ပြန်သွားသည်ဖြစ်ဖြစ်၊ တစ်နေရာတွင် အနားယူနိုင်သည်ဟု တွေးလိုက်လေသည်။ ထို့ကြောင့် သူတို့သည် အရင်ဆုံး ပိုးဖဲဆိုင်တစ်ခုသို့ သွားလိုက်ကြသည်။

ပိုးဖဲဆိုင်တွင် အသင့်ဝတ် အဝတ်အစားများ ရှိသော်လည်း သူတို့က ကွက်တိ တော်ချင်မှ တော်လိမ့်မည်။

ကျန်းယွင်ကျူးက အဆင်ပြေမည့် ပိုးဖဲဆိုင်တစ်ခုကို သည်အတိုင်းရွေးလိုက်ပြီး ဝင်သွားလေသည်။

ဆိုင်တာဝန်ခံက အသက်၃၀ဝန်းကျင်ရှိသည့် သက်လတ်ပိုင်းယောက်ျားတစ်ဦးဖြစ်သည်။ သူသည် ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများက လင်းလက်သွားတော့သည်။ သူမသည် အလွန်မှ လှပသည့်မိန်းကလေးတစ်ယောက်ပင်။ သူသည် နောက်မှလိုက်ဝင်လာသည့် ရှန်ဖုန်းမင်ကို တွေ့လိုက်ရသောအခါ စကားပြောဖို့ပင် မေ့လုနီးနီးဖြစ်သွားတော့သည်။

“ မိန်းကလေး၊ လူကြီးမင်း ဘာကြည့်ချင်ပါသလဲ”

တာဝန်ခံက ခဏလောက် ရုန်းကန်လှုပ်ရှားလိုက်ပြီး ကျန်းယွင်ကျူးကို မေးဖို့ ဆုံးဖြတ်လိုက်လေသည်။

“ သူ ဝတ်နိုင်မဲ့ အဆင်သင့်ချုပ်ပြီးသား အဝတ်အစားများ ရှိလား” ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို လက်ညှိုးထိုးပြလိုက်၏။

“ဟုတ်ကဲ ကျွန်တော် မိန်းကလေးကို ပြပေးပါ့မယ်”

ခဏကြာပြီးနောက် တာဝန်ခံသည် အဝတ်အစားတချို့နှင့် ပြန်ရောက်လာခဲ့သည်။ လက်ဖက်ရည်ရောင် (အဝါဖျော့ အကြည်ရောင်)၊ ခိုပြာရောင်၊ ရေညှိစိမ်းရောင်၊ မိုးပြာရောင်၊ ပန်းခရမ်းရောင်နှင့် ကြက်သွေးနီရောင်- အရောင်ခြောက်မျိုး ရှိနေသည်။

“ ဒါတွေက သခင်လေးတွေ ကြိုက်တတ်တဲ့အရောင်တွေပါ၊ မိန်းကလေး ဘယ်တစ်ခု ကြိုက်ပါသလဲ”

သူသည် ကျန်းယွင်ကျူးကို ဖောက်သည်တစ်ယောက်လို့ လုံးဝ သတ်မှတ်ထားလေသည်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ကြည့်လိုက်၏။ သူ ဘယ်အရောင်ကို ကြိုက်မလဲ။

ရှန်ဖုန်းမင်က တစ်ခုပြီးတစ်ခု လေ့လာကြည့်လိုက်လေသည်။ သူသည် အရင်က အဝတ်အစားများကို တစ်ခါမှ ကိုယ်တိုင် မဝယ်ခဲ့ဖူးချေ။

“လူကြီးမင်း သဘောကျရင် စမ်းဝတ်ကြည့်လို့ရပါတယ်”

နောက်ဆုံးတော့ တာဝန်ခံက ရှန်ဖုန်းမင်ကို စကားပြောလိုက်၏။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ သူက လက်ဖက်ရည်ရောင် ဝတ်စုံကို ကောက်ယူလိုက်ပြီး သူမကို မေးလိုက်၏။

“ ဒီတစ်ထည်ဆို ဘယ်လိုလဲ”

ကျန်းယွင်ကျူးသည် ထိုနေ့က နှင်းတောထဲတွင် အဖြူရောင်သားမွေး ဝတ်ထားသည့်သူ့ကို အမှတ်မထင် သတိရသွားလေသည်။ လက်ဖက်ရည်ရောင်က တကယ်ပဲ အနက်ရောင်ထက်တော့ ကောင်းပါသေးတယ်။ သူမက တစ်ယောက်တည်း တွေးမိလိုက်သည်။

“ ရှင် အရင်ဝတ်ကြည့်လိုက်ပါလား” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ဟုတ်ပါတယ် လူကြီးမင်း စမ်းဝတ်ကြည့်လိုက်ပါ”

တာဝန်ခံက ကြက်တူရွေးလို နောက်မှလိုက်ပြောလေသည်။

ရှန်ဖုန်းမင်က အဝတ်အစားများကို ယူကာ အနောက်ဖက်သို့ သွားလိုက်လေသည်။

ကျန်းယွင်ကျူးက ကျန်သည့်အဝတ်အစားများကို ကြည့်လိုက်လေသည်။ ခိုပြာရောင်။ တကယ်လှတာပဲ။ မိုးပြာရောင်။ ဒါလည်းလှတယ်။ ပန်းခရမ်းရောင်၊ ကြက်သွေးနီရောင်.... ရှန်ဖုန်းမင်သာ ဒီအရောင်အဝတ်အစားတွေနဲ့ဆိုရင် ဘယ်လိုပုံစံဖြစ်နေမလဲ မသိဘူး။

သူမကတော့ ကြည့်ကောင်းတယ်လို့ ထင်မိမှာပဲ။ နောက်ဆုံးက သူက ချောမောတဲ့သူပဲလေ။ ဒါဆို...

သူမ၏စိတ်တို့သည် ရောက်တတ်ရာရာ စဥ်းစားနေမိစဥ် ရှန်ဖုန်းမင်က ဘေးမှ မေးလိုက်လေသည်။

“ဘယ်လိုနေလဲ”

ကျန်းယွင်ကျူးသည် ကိုယ်ကို လှည့်လိုက်သည်နှင့် ‘အရောင်အဝါတို့က နိမ့်ကျသည့်အိမ်တစ်ခုကို တောက်ပြောင်စေသည်’ ဟူသည့်စကား၏ အဓိပ္ပာယ်ကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ရှန်ဖုန်းမင်သည် ထိုနေရာတွင် ရပ်နေသည်။ ဇာမဏီငှက်မျက်လုံး၊ နှုတ်ခမ်းနီနီ၊ ပခုံးကျယ်ကျယ်နဲ့ ခါးသိမ်သိမ်လေး။ တောင်ထိပ်က နှင်းဖုံးနေတဲ့ထင်းရှူးပင်လိုပဲ မျက်လုံးထဲမှာ တောက်ပနေတာပဲ။ ပြီးတော့ သူ နေမကောင်းလို့ထင်ပါတဘ်။ သူ နိုးလာကတည်းက အရင်ကလို ခြိမ်းခြောက်ပြီး အေးစက်တတ်တဲ့ပုံ မပေါ်တော့ဘူး။

ဥပမာ သူ အခုလှမ်းကြည့်လိုက်တဲ့ပုံစံက အရင်ကထက် အများကြီး နူးညံ့နေတယ်။

“ ကြည့်လို့ကောင်းတယ်” ကျန်းယွင်ကျူးက ပြုံးပြလိုက်လေသည်။

ရှန်ဖုန်းမင်၏ မျက်ထောင့်များက မသိမသာ ကွေးတက်သွားလေသည်။

“တခြားအရောင်တွေကို စမ်းဝတ်ကြည့်ချင်သေးလား”

ကျန်းယွင်ကျူးက ကြက်သွေးနီရောင်အဝတ်အစားကို ကိုင်ထားရင်း မေးလိုက်လေသည်။ ဟုတ်ပါတယ်။ သူမ ဝန်ခံတယ်။ ဒီပုံစံထဲမှာ သူဘယ်လိုရုပ်ထွက်လာမလဲဆိုတာ သူမ သိချင်တာ။

ရှန်ဖုန်းမင်က ခေါင်းခါပြလိုက်၏။ သူသည် သည်အရောင်ကို မကြိုက်ပေ။

ကျန်းယွင်ကျူး :... သူက အဖြူနဲ့အမည်းကို တကယ် သေသေချာချာ သိတာပဲ။ အဖြူ မဝတ်ရင် အမည်းပဲ ဝတ်နေတာလေ။

ထားလိုက်ပါတော့။ ဒီလက်ဖက်ရည်ရောင်လည်း ကောင်းပါတယ်။

“ဆိုင်ရှင် ဒီအဝတ်အစားတွေက ဘယ်လောက်လဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“ ငွေ၂လျန်ပါ”

တာဝန်ခံသည် ငေးမောနေမိတော့သည်။ သူသည် ကျန်းယွင်ကျူး၏မေးခွန်းကို ကြားလိုက်ချိန်မှ သတိပြန်ဝင်လာတော့သည်။ တစ်စုံတစ်ယောက်က သူ့အဝတ်အစားများကို သည်လိုခံစားချက်မျိုးနှင့် ဝတ်ထားသည်ကို တခါမှ မမြင်ခဲ့ဖူးချေ။ အဝတ်အစားများသည် သာမန်ဖဲသား မဟုတ်တော့ဘဲ ဝယ်ရခက်ခဲသည့် ဘရိုကိတ်သားဖြစ်သွားသည့်နှယ်။

ကျန်းယွင်ကျူးက ငွေကို ကိုင်လိုက်ချိန်တွင် ရှန်ဖုန်းမင်က သူ့လက်ထဲက ငွေကို ထုတ်ယူပြီး တာဝန်ခံကို ပေးနှင့်ပြီး ဖြစ်လေသည်။

သူ့မှာ ငွေရှိနေတာကိုး။ ကျန်းယွင်ကျူးသည် စိတ်အေးသွားတော့သည်။

သူတို့သည် ပိုးဖဲဆိုင်မှ ထွက်လာချိန်တွင် သူတို့ကို ကြည့်နေကြသည့်လူအရေအတွက်မှာ တိုးလာလေသည်။ အထူးသဖြင့် ရှန်ဖုန်းမင်ကို ဖြစ်သည်။ ကျန်းယွင်ကျူးက သူ့အတွက် အနက်ရောင် ဝတ်ထားသည်က ဆိုးဝါးသည့်စိတ်ကူး မဟုတ်မှန်း ခံစားလိုက်ရတော့သည်။ အနည်းဆုံးတော့ လူအများကြီးက သူ့ကို ကြည့်ရဲမှာမဟုတ်ဘူးလေ။

“ ကျွန်မ ဆိုင်တွေကို သွားကြည့်အုံးမယ်၊ ရှင်ရော....”

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို မေးလိုက်၏။

“ ကျွန်တော် မင်းနဲ့လိုက်ခဲ့မယ်”

ထိုသို့လည်း ဖြစ်လေသည်။

“ တကယ်လို့ ရှင် နေလို့မကောင်းရင် သေချာပေါက်ပြောနော်” သူမက သတိပေးလိုက်သည်။

“အင်း”

ကျန်းယွင်ကျူးသည် ဝမ်ယွမ်ကျောင်းတော်လမ်းသို့ သွားလိုက်လေသည်။ နှစ်သစ်ကူးတစ်လ မတိုင်ခင်က သူမသည် သည်နေရာသို့ အကြိမ်ကြိမ် လာရောက်ကြည့်ရှုခဲ့သည်။ သူမသည် ငှားရမ်းမည်ဟု စာရေးထားသည့် လမ်းဖက်မျက်နှာမူထားသည့် ဆိုင်နှစ်ခုကို သဘောကျနေခဲ့သည်။ တစ်ခုက နည်းနည်းသေးပြီး တစ်ခုက မသိမသာ ပိုကြီးသည်။ ထိုအချိန်က သူမတွင် ငွေမရှိသဖြင့် အငယ်တစ်ခုကို ငှားရမ်းချင်ခဲ့သည်။ အခုတော့ အကြီးတစ်ခုအတွက် ငှားရမ်းခကို မေးနိုင်တော့မည်။

ဆိုင်ကို သော့ခတ်ထားပြီး တံခါးရွက်ပေါ်တွင် ‘ မင်္ဂလာဆိုင် ငှားမည်’ဟု ရေးထားလေသည်။ သူမက အနီးနားက လူတစ်ယောက်ကို မေးကြည့်လိုက်သည်။ ထိုလူက မျက်နှာချင်းဆိုင်ဘက်က စုတ်တံနှင့် စာရွက်ဆိုင်တစ်ခုကို ညွှန်ပြကာ ပြောလိုက်လေသည်။

“ အဲဆိုင်ပိုင်ရှင်က ဒီဆိုင်ပိုင်ရှင်လေ”

ကျန်းယွင်ကျူးက လျှောက်သွားလို်ကလေသည်။

သည်လမ်း၏ ဆယ်ဆိုင်ထဲတွင် သုံး , လေးဆိုင်က စာရွက်နှင့်စုတ်တံတို့ကို ရောင်းကြသည်။ သည်ဆိုင်က တော်တော်ကြီးပြီး စုတ်တံမျိုးစုံ၊ မှင်၊ စာရွက် နှင့် မင်ခဲများ ရောင်းလေသည်။ စင်ပေါ်တွင် ရောင်းမည့်စာအုပ်များတောင် ရှိသေးသည်။

သည်အချိန်တွင် ကျောင်းသားများအားလုံးသည် စာသင်ခန်းထဲတွင် ရှိနေကြသည်။ ထို့ကြောင့် ဆိုင်ထဲတွင် မည်သူမှ မရှိကြပေ။

ဆိုင်ပိုင်ရှင်က အသက်လေးဆယ်ဝန်းကျင် ယောက်ျားတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် မျက်လုံးများက တောက်ပနေသည်။ ကျန်းယွင်ကျူးက သူ့မျက်နှာချင်းဆိုင်က ဆိုင်ခန်းကို ငှားချင်သည်ဟု ကြားလိုက်သောအခါ သူက သော့ကို ချက်ချင်းယူလိုက်ပြီး မျက်နှာချင်းဆိုင်ဘက်က ဆိုင်ကို ဖွင့်ပေးလိုက်ပြီး ဆိုင်ထဲက အခြေအနေကို သူမအား ကြည့်ခိုင်းလိုက်လေသည်။

သည်ဆိုင်သည် အရင်က ပိုးဖဲပိတ်စ ရောင်းသည့်ဆိုင် ဖြစ်လောက်သည်။ ဆိုင်ထဲတွင် ယိုင်နဲ့သည့်စင်တချို့က ရှိနေသေးသည်။ ဆိုင်ခန်းက တော်တော်လည်း ကျယ်ဝန်းလေသည်။

“ နောက်ဖေးမှာ ခြံဝင်းတစ်ခုနဲ့ ရေတွင်းတစ်ခုလည်း ရှိတယ်၊ နေဖို့ပဲဖြစ်ဖြစ်၊ ပစ္စည်းသိမ်းဖို့ပဲဖြစ်ဖြစ် တော်တော် အဆင်ပြေပါတယ်” တာဝန်ခံမန် က ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။

ကျန်းယွင်ကျူးက နောက်ဖေးသို့ သွားကြည့်လိုက်လေသည်။ ဟုတ်ပါသည်။ ပင်မဆောင် ၃ခုနှင့် အဆောင်ငယ် ၂ခုပါသည့် ခြံဝင်းတစ်ခု ဖြစ်သည်။ အဆောင်များသည် အနည်းငယ် ယိုယွင်းနေသော်လည်း သန့်ရှင်းရေးလုပ်ပြီးသွားလျှင် နေထိုင်နိုင်လိမ့်မည်။

ကျန်းယွင်ကျူးသည် သည်ဆိုင်ကို သဘောကျပြီးဖြစ်သော်လည်း သူမက မျက်နှာပေါ်တွင် မဖော်ပြပေ။ သူမက သည်ဆိုင်ခန်းငှားခကို တာဝန်ခံမန်အား မေးလိုက်လေသည်။

“ တစ်နှစ်ကို ငွေ၂၈လျန် နဲ့ တစ်ခါတည်း ချေပေးရမယ်”

စျေးက အရမ်းများမနေချေ။ သို့သော် ကျန်းယွင်ကျူးတွင် တောင်းဆိုချက်တစ်ခု ရှိနေသည်။ သူမသည် သည်ဆိုင်ကို ငှားမည်ဆိုလျှင် တစ်ခါတည်းနှင့် ဆယ်နှစ်စာ စာချုပ်ချုပ်ပေးမည်။ အကယ်၍ တစ်ဖက်ဖက်က စာချုပ်ကို ဖောက်ဖျတ်ခဲ့လျှင် ကျန်တစ်ဖက်ကို လျန်ငွေ၁၀၀ ပြန်ပေးရမည် ဟူ၍။

ဆိုင်ငှား၏ စီးပွားရေး ကောင်းလာလျှင် ဆိုင်ရှင်များက စျေးကို ယာယီ တိုးတောင်းတတ်ကြသည့် အခြေအနေများစွာကို သူမ မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။ သူမကိုယ်တိုင် သို့မတွေ့ကြုံချင်ပေ။ ဆိုးရွားလွန်းလျသည်။

“ဆယ်နှစ်ဟုတ်လား၊ မိန်းကလေးက ဆယ်နှစ်စာငှားရမ်းခကို တစ်ချီထဲနဲ့ ပေးမှာလား” တာဝန်ခံမန်က မေးလိုက်၏။

“ တစ်နှစ်စာ အရင်ပေးထားတယ်၊ ပြီးရင် အဲဒီနှစ်ရဲ့ ငှားရမ်းခကို နှစ်သစ်ကူးတာနဲ့ ပေးမယ်”

ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။

“ ဒီလိုဆိုရင် သူဌေးမန်လည်း ဒုက္ခမများတော့ဘူးပေါ့”

“ငှားရမ်းခကရော” သူဌေးမန်က မေးလိုက်သည်။

“သူဌေးမန်ရဲ့ စိတ်ကူးကရော”

“ ကျုပ်တို့ နိုင်ငံက လူတွေက တဖြည်းဖြည်း ချမ်းသာလာကြတာ မိန်းကလေးလည်း သိပါတယ်၊ ကျုပ်ဆိုင်က ကျောင်းတော်ရဲ့ဘေးမှာ ရှိနေတာလေ၊ ဒီတော့ ငှားရမ်းခက စျေးတက်သွားမှာပဲ”

သူဌေးမန်က ပြန်ဖြေလိုက်လေသည်။

“သူဌေးမန် လိုရင်းကို ပြောပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

သူဌေးမန်၏မျက်လုံးများသည် ဟိုကြည့်သည်ကြည့် ဖြစ်သွားလေသည်။ သူ ပြောခဲ့တဲ့အတိုင်းပဲလေ။ ဒီလမ်းပေါ်က ဆိုင်ခန်းငှားက တစ်နှစ်တစ်မျိုး ဖြစ်နေတာ။ ဆယ်နှစ်စာ စာချုပ်ချုပ်လိုက်ရင် သူ ကျန်းယွင်ကျူးဆီက ငှားရမ်းခ ဘယ်လောက်ရမှာလဲ။ အရမ်းများနေရင် သူမက သေချာပေါက်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူလျှော့ပြီး တောင်းမိရင်လည်း သူပဲ ရှုံးမှာလို့ ထင်မိတယ်လေ။

သူ့ပုံကို တွေ့လိုက်ရသည်တွင် ကျန်းယွင်ကျူးသည် မျက်မှောင်ကျုံ့သွားတော့သည်။

“သူဌေးမန် သတ္တုမိုင်းတွင်းကို ပြီးခဲ့တဲ့နှစ်အနည်းက စီရင်စုထဲမှာ ရှာတွေ့ခဲ့တယ်၊ ပြီးတော့ လူတွေရဲ့ဘဝကလည်း ပိုပိုကောင်းလာခဲ့တယ်၊ ဒါပေမဲ့ အရာအားလုံးက သူ့အကန့်အသတ်နဲ့သူပဲ၊ သူ့အကန့်အသတ်ကို ရောက်သွားတာနဲ့ စျေးကလည်း ဆက်တက်တော့မှာ မဟုတ်ဘူး”

ကျန်းယွင်ကျူးသည် ထိုစကားကို တမင်ပြောလိုက်ခြင်း မဟုတ်ပေ။ အမှန်တွင်လည်း စီရင်စုအတွင်း အခြေအနေက သည်လိုဖြစ်နေသည်။ နှစ်ပေါင်းများစွာ တိုးတက်လာပြီးနောက်တွင် ကြီးထွားသည့် နယ်ပယ်ကို ဖြတ်ပြီးသွားလျှင် ငြိမ်သက်သည့် ဆင်ခြေလျှောတစ်ခုသို့ ရောက်သွားလိမ့်မည်။ ဆက်တက်နေအုံးမည် ဖြစ်သော်လည်း အများကြီး တက်တော့မည် မဟုတ်ပေ။

သူဌေးမန်သည် သူမက စျေးနှိမ်ချင်နေသည်ဟု ထင်လိုက်လေသည်။ သည်နှစ်များတွင် သည်လမ်းက မည်မျှချမ်းသာကြွယ်ဝခဲ့မှန်း သူတို့ကိုယ်တိုင် တွေ့ခဲ့လေသည်။ သူ ဂုဏ်အယူရဆုံးမှာ ထိုအချိန်က သည်ဆိုင်နှစ်ဆိုင်ကို ဝယ်ခဲ့ခြင်းပင်။ တစ်ဆိုင်ကို ကိုယ်တိုင် ဖွင့်ပြီး တစ်ဆိုင်ကို ငှားရမ်းခဖြင့် ငွေရှာခဲ့သည်။ မရေမတွက်နိုင်သည့်လူများက သူ့ကို အားကျခဲ့ကြသည်။

ကျန်းယွင်ကျူးက ဆက်မပြောတော့ပေ။ မရင့်သေးဘဲ ခူးလိုက်သည့်ဖရဲသီးက ချိုမည်မဟုတ်ပေ။

သူဌေးမန်က ကျန်းယွင်ကျူးကို ကြည့်ကာ ပြောလိုက်လေသည်။

“ ငှားရမ်းခကို တစ်နှစ် တစ်ခါပဲ လုပ်ကြတာပေါ့၊ မဟုတ်ဘူး၊ ကျုပ် ဒီနှစ် မိန်းကလေးကို စျေးလျှော့ပေးမယ်၊ စျေးကို နောက်နှစ်မှ ဆက်ပြောတာပေါ့”

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ကျွန်မ တာဝန်ခံမန်ကို မနှောင့်ယှက်တော့ပါဘူး”

ထိုသို့ပြောလိုက်ပြီးနောက် သူမက လှည့်ထွက်သွားလိုက်သည်။

“ဟေ့ မသွားနဲ့လေ၊ ငှားရမ်းခကို နှစ်နှစ်၊ သုံးနှစ်....”

သုံးနှစ်ဟု ပြောလိုက်ပြီးနောက် တာဝန်ခံမန်က ထပ်မပြောတော့ချေ။ ဒါသည် သူလုပ်နိုင်သည့် ကန့်သတ်ချက်ပင်။

ကျန်းယွင်ကျူးက လုံးဝ မရပ်တော့ပေ။ ဆယ်နှစ်က ဆယ်နှစ်ပင်။

“ ဖွီး ဘယ်လိုလူလဲဟ”

ကျန်းယွင်ကျူး အဝေးသို့ရောက်သွားချိန်တွင် တာဝန်ခံမန်က မြေကြီးပေါ် တံတွေးထွေးလိုက်ပြီး ဒေါသတကြီး ရေရွတ်လိုက်လေသည်။

ကျန်းယွင်ကျူးက မကြားလိုက်ပေ။ သူမသာ ကြားလိုက်လျှင် သူမ ဘယ်လိုလူဖြစ်ကြောင်းက သူ့ကို သိအောင်လုပ်ပေးလိုက်အုံးမည်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် လမ်းပေါ်သို့ ရောက်နှင့်နေပြီးဖြစ်သည်။ သူသည် ပိုငယ်သည့်ဆိုင်ကို သွားကြည့်လိုက်လေသည်။

“မိန်းကလေး ဆိုင်ငှားချင်လို့လား” သည်အခိုက်တွင် အနီးနားက လူကြီးတစ်ယောက်က မေးလာသည်။

ကျန်းယွင်ကျူးက ရပ်လိုက်ပြီး

“ဟုတ်ပါတယ်”

လူကြီးက ထိုဆိုင်ဖက်သို့ ကြည့်လိုက်၏။ သူဌေးမန် လိုက်မလာသည်ကို တွေ့သွားပြီး သူက ကျန်းယွင်ကျူးကို လေသံဖြင့် ပြောပြလိုက်လေသည်။

“ ကျုပ် မိန်းကလေးကို အဲဒီဆိုင်ကို မငှားဖို့ အကြံပေးချင်တယ်၊ အဲဒီ မန်မျိုးနွယ်က သူ့ကိုယ်သူ ဆိုင်ပိုင်ရှင်ဆိုပြီး အခွင့်အရေးယူဖို့ ဆိုင်ကို ခဏခဏလာတယ်လေ၊ ဒီဆိုင်ရဲ့ နောက်ဆုံး တာဝန်ခံကဆို သူ့ကို မုန်းနေတာ”

“ ကျွန်မ အဲဒီဆိုင်ကို မငှားချင်တော့ပါဘူး၊ ပြီးတော့ ကျွန်မကို သတိပေးတဲ့အတွက် အဘိုးကိုလည်း ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။

လူကြီးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

“ ကျုပ်ဆိုင်ကိုဆိုရင်ကော ဘယ်လိုလဲ”

ကျန်းယွင်ကျူးသည် နားမလည်သလို ဖြစ်သွားတော့သည်။

လူကြီးက အနည်းငယ်ရှက်သွားပြီး ရှင်းပြလိုက်လေသည်။

“ကျုပ်က မိန်းကလေး ကျုပ်ရဲ့ဆိုင်ကို ငှားအောင်လို့ သူ့မကောင်းကြောင်း ပြောတာမဟုတ်ပါဘူး၊ မိန်းကလေးက သူ့ဆိုင်ကို မငှားတော့ဘူးလို့ ပြောခဲ့တယ်မလား၊ ဒါကြောင့် ကျုပ်က မေးတာပါ”

သည်လိုဖြစ်လေရာ

“ ဒါဆို အဘိုးကရော”

“ကျုပ်ရဲ့ဆိုင်က ဘိုးဘွာစဥ်ဆက် လက်ဆင့်ကမ်းလာတာ၊ ကျုပ်တို့မိသားစုက ပညာသင်မိသားစုလို့ ပြောလို့ရပါတယ်၊ ပြီးတော့ ကျုပ်တို့ နောက်မျိုးဆက်တချို့ကလည်း စာပေသင်ယူနေကြတယ်လေ၊ ဒါပေမဲ့ ရာထူးတစ်ခုပဲ ချီးမြင့်ခံရတာပါ။

မိုးနတ်မင်းက သနားညှာတာပေးခဲ့ပါတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်က ကျုပ်မြေးက စာမေးပွဲ အောင်သွားတယ်လေ၊ မနှစ်က သူ့ကို ကျင်းရှင်းပြည်နယ် ဖူယွမ်စီရင်စုမြို့ရဲ့ စီရင်စုတရားသူကြီးအဖြစ် ခန့်အပ်ခဲ့တယ်လေ၊ သူက ကျုပ်တို့မိသားစုကို ခေါ်ပြီး သူနဲ့အတူတူ လာနေစေချင်နေတာ၊ ကျုပ်ကလည်း ဆိုင်ကို မခွဲနိုင်တော့ လုံးဝ မသွားခဲ့ဘူး။

ဒီနှစ် နှစ်သစ်ကူးတုန်းက ကျုပ်တို့ မြေးချွေးမလေးမှာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းပို့လာတယ်၊ ဒီတော့ ကျုပ်မိန်းမက သူ့မြစ်ကလေးအကြောင်းပဲ စဥ်းစားနေတာ၊ သူက ကျုပ်ကို ဘာပဲဖြစ်ဖြစ် အလုပ် ပေးမလုပ်တော့ဘူးလို့ ပြောနေတာနဲ့ ကျုပ်လည်း ဆိုင်ကို ငှားထားချင်ခဲ့တာ”

လူကြီးသည် သည်အကြောင်းကို ပြောနေချိန်တွင် သူသည် ဝမ်းနည်းသလို ဝမ်းသာနေလေသည်။ နောက်မျိုးဆက်များက တော်ဝင်စာမေးပွဲအောင်ခြင်းမှာ လူတိုင်းနီးပါး၏ အစွဲအလမ်းတစ်ခု ဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့သည်။

စွန်းလွှတ်မှုအားလုံးက ထိုက်တန်ပေသည်။

“ဒါဆို အဘိုးကို အရင်ဆုံး ဂုဏ်ပြုလိုက်ပါတယ်၊ အဘိုးရဲ့မြေး အနာဂတ်က တောက်ပနေပါပြီ၊ ပြီးတော့ အခုလည်း မိသားစုမှ နောက်ထပ်ကလေးတစ်ယောက် ရှိလာပြီနော်” ကျန်းယွင်ကျူးက ခပ်တိုးတိုး ပြောလိုက်လေသည်။

လူကြီးက ရယ်မောလိုက်၏။

ကျန်းယွင်ကျူးက လူကြီး၏နောက်က ဆိုင်ကို ကြည့်လိုက်လေသည်။ ပန်းချီနှင့်လက်ရေးစာ ရေးပေးသည့် ဆိုင်တစ်ခုပင်။ ဆိုင်က အလွန်မှကြီးလေသည်။ လူကြီးက ဆိုင်ကို သန့်ရှင်းသပ်ရပ်နေအောင် ထားထားသည်။

“လာ ၊ ဝင်ကြည့်ပါအုံး၊ အမှန်အတိုင်းပြောရရင် ကျုပ်မြေးက ကျုပ်ကို ဆက်မဖွင့်စေချင်တော့ဘူး၊ ကျုပ်ကလည်း လက်မလွှတ်ချင်ဘူး” လူကြီးက အထဲသို့ ဖိတ်လိုက်လေသည်။

“ အဘိုးက ကံကောင်းမှုကို ခံစားရမှာပေါ့၊ တရားသူကြီးရဲ့ အဘိုးလေ၊ နောက်ဆို ဘယ်သူပဲ အဘိုးကိုမြင်မြင် အဘိုးကို သခင်ကြီးလို ယဥ်ယဥ်ကျေးကျေး ခေါ်ကြမှာ” ကျန်းယွင်ကျူးက စကားလုံးလှလှလေးကို တမင်ရွေးပြောလိုက်လေသည်။

လူကြီးသည် ထိုစကားကို ကြားလိုက်သောအခါ စိတ်ချမ်းသာသွားပြီး ကျန်းယွင်ကျူးကို ဆိုင်ထဲတွင် ပတ်ကြည့်ဖို့ ပြောလိုက်လေသည်။

ကျန်းယွင်ကျူးက ဆိုင်ကို ပတ်ကြည့်လိုက်၏။ သည်ဆိုင်က ဘေးကဆိုင်ထက် ပိုကြီးသည်။ ဆိုင်ထဲတွင် လက်ရေးလှစာများနှင့် ပန်းချီကားအမျိုးမျိုးကို ချိတ်ဆွဲထားသည်။ နောက်ဖေးသို့ လျှောက်သွားလိုက်ရာ ခြံဝင်းတစ်ခု ရှိနေသည်။ ဘေးဆိုင်ထက် အများကြီးပိုကြီးလေသည်။ တစ်ဖက်စီတွင် ပင်မဆောင် ၄ခန်းနှင့် အခန်းငယ်၂ခန်းရှိသည်။ ခြံဝင်း၏တဖက်တွင် ရေတွင်းတစ်ခုရှိသည်။ ရေတွင်းဘေးတွင် မက်မွန်ပင်တစ်ပင်ကို စိုက်ထားသည်။

“နောက်ဖေးမှာ ကျုပ်တို့မိသားစု နေတာလေ၊ ကျုပ်တို့တွေ နှစ်ရက်အတွင်း ပစ္စည်းတွေ သိမ်းဆည်းပြီရင် ပြောင်းကြတော့မှာ”

လူကြီးက စကားနေစဥ် အခန်းထဲက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ထွက်လာခဲ့သည်။ နှစ်ယောက်လုံးက ၄၀ ဝန်းကျင် ဖြစ်သည်။ ယောက်ျားက လည်စည်းတစ်ခုကို ပတ်ထားပြီး စာဂျပိုးဟန် အပြည့်ပါလေသည်။ မိန်းမကတော့ အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းရှိသည်။ သူတို့သည် လူကြီး၏သားနှင့် ချွေးမဖြစ်လောက်သည်။

ကျန်းယွင်ကျူးက သည်ဆိုင်ကို တော်တော်သဘောကျမိလေသည်။ သို့တိုင် သူမက ရှင်းအောင် ပြောပြလိုက်လေသည်။

“အဘိုး ကျွန်မ ငှားမယ်ဆိုရင်လေ ဆယ်နှစ်စာ စာချုပ်ချုပ်ချင်တာ၊ ငှားရမ်းခကိုလည်း နှစ်တိုင်းရဲ့ နှစ်အစပိုင်းမှာ အပြည့် ပေးမှာပါ”

“ဆယ်နှစ်ဟုတ်လား”

လူကြီးက မျက်မှောင်ကျုံ့လိုက်လေသည်။ ကျန်းယွင်ကျူးနှင့် သူဌေးမန်တို့ သဘောတူညီမှု မရခဲ့သည့် အကြောင်းအရင်းကို သွားသယောင်။ ဆယ်နှစ်။ နောက်ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။

“ ချက်ချင်း မဆုံးဖြတ်လည်း ရပါတယ်၊ လုပ်နိုင်တယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့၊ မဖြစ်ဘူးဆိုရင်...”

ကျန်းယွင်ကျူးသည် ထိုစကားကို ပြောလိုက်သည်နှင့် အသံကျယ်ကျယ် မိန်းမသံတစ်ခုက ရုတ်တရက် ထွက်လာလေသည်။

“ ဖြစ်တာပေါ့၊ ဘာလို့ မဖြစ်ရမှာလဲ၊ ဒါဆိုလည်း ဆယ်နှစ်”

အသံနှင့်အတူ အဘွားကြီးတစ်ယောက်က နောက်ဖေးမှ ထွက်လာခဲ့လေသည်။

အဘွားကြီးသည် သူမ၏ဆံပင်ကို သေသေချာချာ ဖြီးထားလေသည်။ တစ်ချက် ကြည့်လိုက်သည်နှင့် သူမသည် သန့်ရှင်းသပ်ရပ်သည့်လူတစ်ယောက်မှန်း သိနိုင်သည်။

“ ဟာ- မင်း”

လူကြီးက အဘွားကြီးကို တွေ့လိုက်သောအခါ ကူကယ်ရမဲ့သလို ပြောလိုက်တော့သည်။

အဘွားကြီးက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကျန်းယွင်ကျူးကို တန်းပြောလိုက်လေသည်။

“ ဆယ်နှစ် ဖြစ်တယ်၊ ဒါပေမဲ့ ငှားရမ်းခကိုတော့ ညှိနှိုင်းရမယ်”

ကျန်းယွင်ကျူးက ပြုံးလိုက်လေသည်။ သည်တောင်းဆိုချက်ကို လက်ခံသ၍ ငှားရမ်းခက မတရား မများသ၍ သူမက လက်ခံနိုင်ပါသည်။

...

အပိုင်း (၅၆) (က)

ကျန်းယွင်ကျူးသည် ဆိုင်ကို ရသွားခဲ့သည်။ တစ်နှစ်လျှင် လျန်၃၀ နှင့် စာချုပ်ကို ဆယ်နှစ် ချုပ်လိုက်သည်။ ငှားရမ်းခကို နှစ်တိုင်း ၈%တိုးလိမ့်မည်။

“ ကျုပ်တို့တွေ သန်ဘက်ခါ မနက် အစောကြီး ဒီက ထွက်ကြမှာ” လူကြီးက ပြောလိုက်၏။

“ဒါဆို ကျွန်မ အဘိုးတို့ကို လာနှုတ်ဆက်ပါ့မယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်လေသည်။

စာချုပ်ကို သိမ်းလိုက်ပြီး ဆိုင်ထဲက ထွက်လာပြီးနောက် ကျန်းယွင်ကျူးက မြို့မြောက်ပိုင်းကို သွားပြီး ကျန်းလင်နှင့် ကျန်းဝူတို့၏ကျောင်းလခကို သွာပေးရန် ဆုံးဖြတ်လိုက်လေသည်။

သည်ကိစ္စသည် အလွန်မှ ချောချောမောမော ပြီးသွားခဲ့သည်။ သည်ပညာသင်အတန်းကို ၁လပိုင်း ၂၉ရက်နေ့တွင် စတင်လိမ့်မည်။

ဒီနေ့က ၁လပိုင်း ၁၇ရက်နေ့။ အဘိုးတို့မိသားစုက ၁၉ရက်နေ့မှ ထွက်မယ်။ ကျောင်းက ၂၀ရက်နေ့ စမယ်။ အချိန်က ကွက်တိပဲ။ ပစ္စည်းတွေက ရှုပ်ပွနေမှာဆိုပေမဲ့ လူနေလို့ရရင် တော်ပါပြီ။ သူတို့မိသားစုကလည်း အငတ်ဘေးက ရှောင်လာကြတုန်းက လမ်းမှာ တောင်ပေါ်နဲ့ ပျက်စီးနေတဲ့ဘုရားကျောင်းတစ်ခုမှ နေခဲ့ကြတာပဲ။ အဲဒီတုန်းကထက် စာရင်တော့ အခုက အများကြီး ပိုကောင်းပါသေးတယ်။

ဒီကိစ္စကို ဖြေရှင်းပြီးသွားရင်တော့ ဆိုင်ကို အလှဆင်ရမယ်။ အဘိုးတို့မိသားစုတွေ ထွက်သွားတဲ့အထိ စောင့်လိုက်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် သူမကပဲ တစ်ဖက်လူတွေကို မောင်းထုတ်သလိုဖြစ်နေလိမ့်မယ်။

ဒါပေမဲ့ ကြိုပြီးလုပ်ထားနိုင်တာ တစ်ခုတော့ ရှိတယ်။ ကျန်းယွင်ကျူးသည် သူမဘေးက ဆိုင်ကို ကြည့်လိုက်ပြီး ဝင်သွားလိုက်လေသည်။

သည်ဆိုင်သည် ဆိုင်းဘုတ်ပြားများကို အထူးလုပ်ပေးသည့် ဆိုင်တစ်ခုဖြစ်လေသည်။

“မိန်းကလေး ဆိုင်းဘုတ်ပြား လုပ်ချင်လို့လား” လူငယ်အလုပ်သမားလေးတစ်ယောက်က သူမကို နှုတ်လိုက်သည်။

“အင်း”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ ရုတ်တရက်ဆိုသလို သူမသည် ဆိုင်၏ အရွယ်အစားကို မတိုင်းတာခဲ့ရသည်ကို သတိရသွားတော့သည်။ သို့မှသာ ဆိုင်းဘုတ်ပြားတစ်ခု လုပ်နိုင်လိမ့်မည်။

“မိန်းကလေးက စီရင်စုထဲမှာ လုပ်ငန်းလုပ်ချင်တာလား၊ စီရင်စုက ဆိုင်တွေရဲ့ ဆိုင်းဘုတ်ပြား အားလုံးနီးပါးကို ကျွန်တော်တို့ မိသားစုက လုပ်ပေးထားတာပါ” လူငယ်အလုပ်သမားလေးက ပြောပြလိုက်သည်။

ကျန်းယွင်ကျူးသည် အနည်းငယ်စိတ်လှုပ်ရှားသွားတော့သည်။

“ ဝမ်ယွမ်ကျောင်းတော်လမ်းပေါ်မှာ ဟုန်ယွမ် လက်ရေးလှနဲ့ ပန်းချီဆိုင်ရှိတယ်၊ ရှင်က အဲဆိုင်အတွက် ဆိုင်းဘုတ်ပြား လုပ်ပေးခဲ့တာလား”

“ မိန်းကလေး နေရာမှန်ကို မေးလိုက်တာပဲ၊ သူတို့မိသားစုရဲ့ ဆိုင်းဘုတ်ပြားတွေကို ကျွန်တော့်မိသားစုမှာပဲ အမြဲလုပ်ခဲ့တာလေ”

“ဒါဆို သူတို့ဆိုင်ရဲ့ အရွယ်အစားကို ရှင်သိလား” ကျန်းယွင်ကျူးက ထပ်မေးလိုက်သည်။

“သိပါတယ်”

ကောင်လေးက မသင်္ကာ ဖြစ်သွားလေသည်။ ဟင်း... ဒီမိန်းကလေးက တစ်ယောက်ယောက်ကို ဆိုင်းဘုတ်ပြား လက်ဆောင်ပေးမလို့ကိုး။

“ကျွန်မ အဲဆိုင်ကို ငှားလိုက်တာလေ ပြီးတော့ ဆိုင်းဘုတ်ပြားတစ်ခု လုပ်ချင်လို့ပါ”ကျန်းယွင်ကျူးက အသိပေးလိုက်လေသည်။

ကောင်လေးက ချက်ချင်းနားလည်သွားပြီး ဂုဏ်ပြုစကား ပြောလိုက်လေသည်။

“ဆိုင်က ကြီးပြီး နေရာကျယ်တယ်၊ မိန်းကလေးရဲ့လုပ်ငန်းက နောက်ဆိုရင် တိုးတက်လာပါလိမ့်မယ်”

ကျန်းယွင်ကျူးက ပြုံးပြလိုက်လေသည်။ ဒီဆိုင်ရဲ့လုပ်ငန်းက ကောင်းနေတာ မဆန်းတော့ပါဘူး။ ဒီကောင်လေးကိုပဲ ကြည့်လေ။

“မိန်းကလေးရဲ့ ဆိုင်နာမည်က ဘာများလဲ၊ စာရေးပေးမဲ့သူ ရှိလား၊ ရှိတယ်ဆိုရင် ဆိုင်ထဲမှာ ဆိုင်းဘုတ်ပြားတစ်ခု ထွင်းပေးလို့ရတယ်၊ မရှိဘူးဆိုရင်တော့ ဆိုင်က မိန်းကလေးကို စာရေးပေးဖို့အတွက် ကူညီပေးလို့ရပါတယ်။ စျေးကတော့ ဝမ်၅၀၀၊ ငွေ၁လျန်၊ ငွေ၃လျန်၊ ငွေ၅လျန် နဲ့ ငွေ၁၀လျန် ဆိုပြီးအမျိုးမျိုးရှိတယ်”

ကျန်တာကိုတော့ ကောင်လေးက မပြောတော့ပေ။

ဟုတ်ပါသည်။ စျေးနှုန်းက ငွေရှိတိုင်း ဆိုင်းဘုတ်ပြားတစ်ခုတော့ ရနိုင်သည်။ ဝမ်၅၀၀တစ်ခုကို ဘေးလမ်းက ရှို့ချိုင်တစ်ယောက်က ရေးပေးသည်။ သူက ကောင်းကောင်းရေးတတ်ပါသည်။ ငွေ၁၀လျန်အတွက်တော့ စီရင်စုထဲမှ နာမည်ကြီးဆရာတစ်ယောက်ကို ရှာပေးလိမ့်မည်။ လက်ရေးလက်သားကတော့ ရှို့ချိုင်တစ်ယောက်ထက် အလိုလို ပိုကောင်းလိမ့်မည်။ ထိုဆိုင်းဘုတ်ပြားကို ချိတ်ထားလျှင် မျက်နှာပွင့်ပေလိမ့်မည်။

ကျန်းယွင်ကျူးသည် မဆုံးဖြတ်နိုင် ဖြစ်သွားတော့သည်။ ဆိုင်ကို ကျောင်းတော်၏မျက်နှာချင်းဆိုင်တွင် ဖွင့်ရမည်။ အဓိကစားသောက်သူများကလည်း ကျောင်းတော်က ကျောင်းသားများနှင့် ဆရာများ ဖြစ်လိမ့်မည်။ သူမဆိုင်၏ လက်ရေးလက်သားက အလွန်မှ ဆိုးရွားနေလို့မဖြစ်ပေ။ မဟုတ်လျှင် သူမ၏ဆိုင်က မကောင်းဘူးဟု ထင်သွားပြီး လာမစားဘဲနေကြလိမ့်မည်။

သည်နေ့လို ခေတ်အခါမျိုးတွင် သည်ပညာသင်များသည် အတိုင်းအတာတစ်ခုထိ အထက်တန်း ဆန်ကြလေသည်။

သို့သော် ကောင်းမွန်သည့်လက်ရေးလက်သားရဖို့ရန်က.... သူမမှာ စုစုပေါင်းမှ ၅၈လျန်လောက်ပဲ ရှိတာလေ။ ၃၀လျန်ကို ဆိုင်က ဆိုင်ငှားလိုက်ပြီ။ ၁၆လျန်က ဆိုင်ကို ပြန်ပြီး ပြင်ဆင်မွမ်းမံဖို့။ အခုတော့ ၁၂လျန်လောက်ပဲ ကျန်တော့တာ၊ ဆိုင်အလှဆင်ဖို့ကလည်း လိုသေးတယ်။ လက်ရေးလှစာလုံး ရေးဖို့အတွက် ဘယ်မှာလဲ ငွေ။

ကုယန်ကျိုးကို ရေးခိုင်းရမလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမက တစ်ဖက်လူရဲ့မင်္ဂလာပွဲကို ငြင်းခဲ့ပြီးပြီလေ။ အခုချိန်မှ တဖက်လူကို တောင်းဆိုလို့လဲ မကောင်းလေဘူး။

သည်အခိုက်တွင် ရေခဲတမျှ အေးစက်သည့် အသံတစ်ခုက ပြောလိုက်လေသည်။

“ ကျွန်တော် ရေးပေးမယ်လေ၊ မင်း ဘာရေးချင်တာလဲ”

ရှန်ဖုန်းမင်။

ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်သည်။ သူက သူမအတွက် ဆိုင်းဘုတ်ပြားပေါ်မှာ စာရေးပေးချင်တာတဲ့လား။

“ မိန်းကလေးကျန်းက ကျွန်တော့်လက်ရေးကို ဆိုးတယ်လို့ မြင်လို့လား” ရှန်ဖုန်းမင်က မေးလိုက်၏။

ကျန်းယွင်ကျူးသည် မြန်မြန် ခေါင်းခါလိုက်တော့သည်။ သူ့လက်ရေးက အမှန်တကယ် ကောင်းတဲ့ဟာကို။ ဒါပေမဲ့ ဂုဏ်သရေရှိ ချီလင်တပ်မှူးရဲ့လက်ရေးကို စားသောက်ဆိုင်တစ်ခုရဲ့ ဆိုင်းဘုတ်ပြားတစ်ခုအနေနဲ့ ချိတ်ထားမှာတဲ့လား။ တခြားသူတွေက သိသွားခဲ့ရင်တော့... သူမသည် ရှန်ဖုန်းမင်က ဘယ်လက်ရုံး စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးသွားပြီးကို မသိသေးချေ။ မဟုတ်လျှင် သူမသည် ပိုပြီး ပျာယာခတ်သွားပေတော့မည်။

“ ရှင့်ကို ဒုက္ခပေးလွန်းရာ ကျနေမှာပေါ့” သူမက တီးတိုးပြောလိုက်လေသည်။

“မိန်းကလေးကျန်းက ကျွန်တော့်ကို စောင့်ရှောက်ပေး ထားတာပဲ၊ ကျွန်တော့်အတွက် အစားအသောက်လည်း ချက်ပေးတယ်၊ ဆေးလည်းကြိုပေးတယ်၊ ပင်ပန်းတယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူးလေ” ရှန်ဖုန်းမင်က ပြောလိုက်၏။

ဒီလို တွေးတော့လည်း ဟုတ်နေတာပဲ။

ဘေးတွင် အလုပ်သမားကောင်လေးက အလိုလိုသိစိတ်ဖြင့် ဆန်စာရွက်၊ စုတ်တံနှင့် မှင်ကို ပြင်ပေးလိုက်လေသည်။ ရှန်ဖုန်းမင်က စားပွဲဆီလျှောက်သွားလိုက်ပြီး စုတ်တံကို ကောက်ကိုင်လိုက်ကာ မှင်ထဲနှစ်လိုက်ပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။

ဒါဆိုလည်း ကောင်းပြီလေ။ ကျန်းယွင်ကျူးက ခဏလောက်စဥ်းစားလိုက်ပြီး ဖြေလိုက်လေသည်။

“ ‘ချီရှန်းကျွီ’လို့ ခေါ်ရအောင်၊ တောင်ပေါ်မှာနေပြီး မိုးသံကို နားထောင်ရင်း စာအုပ်ပေါင်းထောင်ချီကို ဖတ်မယ်”

ရှန်ဖုန်းမင်၏စုတ်တံသည့် နဂါးတစ်ကောင်နှင့် မြွေများလို လှုပ်ရှားသွားခဲ့သည်။ မကြာမီတွင် သူသည် ထိုစားလုံး သုံးလုံးကို ရေးပြီးသွားတော့သည်။

“ လူကြီးမင်း တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရေးအသားပဲဗျ”

သူ ရေးလို့ပြီးသွားသည်နှင့် အလုပ်သမားကောင်လေးက မနေနိုင်တော့ဘဲ ချီးကျူးလိုက်တော့သည်။ သူသည် မကြာခဏဆိုသလို ဧည့်သည်များ’ တောင်းဆိုမှုကို ကူညီပေးရန် ကိုယ်တိုင် စာအုပ်တချို့ကို ဖတ်ခဲ့လေသည်။ သူသည် တဖြည်းဖြည်းနှင့် သိမြင်တတ်သည့်မျက်လုံးတစ်စုံ ရလာခဲ့သည်။ ရှန်ဖုန်းမင်၏ စာလုံးသုံးလုံးသည် တက်ကြွ၊ သန်မာ၊ ထူထဲကာ အားကောင်းသည်။ ထိုစာလုံးများသည် စီရင်စုထဲက နာမည်ကြီးဆရာ ရေးပေးခဲ့သည့် ထိုစာလုံးများထက် အဆတစ်ရာပိုသာလေသည်။

တကယ်ပါ။ ဒီလူကြီးမင်းက ထက်မြက်မဲ့ပုံပဲ။ အလုပ်သမားလေးက သည်လို လက်ရေးစာတစ်လုံး ဝူလင်စီရင်စုတွင် ပေါ်လာခဲ့ဖူးသည့်အချိန်ကို စဥ်းစားနေခဲ့မိသည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးဖက် လှည့်လိုက်၏။

“ လက်ရေးက လှလိုက်တာ”

ကျန်းယွင်ကျူးက ချီးကျူးလိုက်လေသည်။ အခုတော့ သူမသည် ဝူလင်လို နေရာငယ်လေးတစ်ခုတွင် သူ့လက်ရေးကို မည်သူမှ မသိပါစေနှင့်လို့သာ ဆုတောင်းမိတော့သည်။ မဟုတ်လျှင်တော့...

ဘယ်သူမှ မသိလောက်ပါဘူးလေ။ ရှန်ဖုန်းမင်ရဲ့ လက်ရေးက အပြင်ဘက်ကို ပြန့်သွားတယ်ဆိုတာ တော်တော် ရှားပါတယ်။ သူမရဲ့အိပ်မက်ထဲမှာ သူမ အန်းဖင်နယ်စားအိမ် ရှိနေခဲ့တာပဲ။ သူက အိမ်တော်ကို မလာခဲ့ရင် သူ့လက်ရေးကို လုံးဝတွေ့ဖူးမှာမဟုတ်ဘူး။

ထိုသို့စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးက တစ်ဖန် သွားများပေါ်သည်အထိ ပြုံးလိုက်လေသည်။ ဒီလိုဆိုင်းဘုတ်တစ်ခုနဲ့သာဆိုရင် အဲဒီပညာသင်တွေက ဒါနဲ့ပက်သက်ပြီး အပြစ်ရှာနိုင်တော့မှာ မဟုတ်ဘူး။

“ ကျွန်မ နေ့လယ်စာအတွက် အရသာရှိတာလုပ်ပေးမယ်နော်” သူမက ပြောလိုက်လေသည်။

“အင်း”

ရှန်ဖုန်းမင်၏အသံက ကြည်လင်နေသည်။

နေ့လယ်ခင်းတွင် လုပ်စရာရှိသည်များအားလုံး ပြီးစီးသွားပြီးနောက် ကျန်းယွင်ကျူးသည် စျေးသို့ သွားလိုက်လေသည်။ သူမ အားလပ်ချိန်တွင် စျေးသို့ သွားလည်ရသည်ကို သဘောအကျဆုံးဖြစ်သည်။ ဝူလင်စီရင်စုက အလွန်မှသေးငယ်ပြီး စျေးကလည်း ငယ်သည်ကတော့ နှမြောစရာပင်...

ကျန်ယွင်ကျူးသည် စဥ်းစားနေရင်း ရုတ်တရက်ဆိုသလို လမ်းတစ်ဖက်က စျေးသည်ထံမှ တစ်ခုခုကို မျက်စိကျသွားတော့သည်။ အဲဒီပစ္စည်း မဟုတ်လောက်ဘူးမလား။

သူမက ထိုဆိုင်ဖက်သို့ တည့်တည့်သွားလိုက်လေသည်။

ငါးရောင်းသည့် ဆိုင်တစ်ခုဖြစ်သည်။ သို့သော် တခြားဆိုင်များနှင့် မတူ။ သည်ဆိုင်က ရေခဲရိုက်ငါးများကို ရောင်းခြင်းပင်။ ဘယ်ဖက်က ငါး။ ငါး လို့ထင်ရပေမဲ့ ငါးက နည်းနည်းတော့ ထူးဆန်းတယ်။ အရောက်တောက်တောက် ငွေရောင်မျက်နှာပြင်နဲ့ ရှည်ရှည်မျောမျော။ အဖြူရောင်ကျောက်စိမ်းခါးပတ်နဲ့တောင် တူသေးတယ်။

ညာဖက်မှာလည်း အလျားပေတော်တော်ရှည်တဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခု။ အဲဒီပစ္စည်းရဲ့ ခြေထောက်ပေါ်မှာ အဝိုင်းသေးသေးလေးတွေ အများကြိးပဲ။ တော်တော့်ကို အဖုအထစ် ခိုးလိုးခုလုနဲ့။

“ လာဝယ်ကြနော်၊ အရသာရှိတဲ့ တရုတ် ငါးပါးနီနဲ့ ရေဘဝဲတွေနော်၊ တောင်ပိုင်းကလာတာ အားလုံး လတ်လတ်ဆတ်ဆတ်ပဲ၊ စျေးလည်း ပေါတယ်နော်”

ဆိုင်ရှင်သည် အသက်၂၀ဝန်းကျင် ကောင်လေးတစ်ယောက်ဖြစ်ပြီး အညိုရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ထားလေသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည့် အငွေ့အသက်တစ်ခုက သူ့မျက်ခုံးပေါ်တွင် ပေါ်နေ၏။

သူက အော်ပြောရင်း သည်ငါးနှစ်မျိုးမှာ အရသာရှိကြောင်းကို သက်သေပြဖို့ရာ မီးသွေးမီးဖိုတစ်ခုတွင် မီးမွေးနေလေသည်။ အကင်ဇကာပေါ်တွင် ငါးတံခွန် ကင်တစ်ခုနှင့် ရေဘဝဲကင်တစ်ခု ရှိသည်။

သူသည် မှန်ကန်အောင် မလုပ်တတ်သည်သာ တစ်ခုပင်။ ငါးညီနံ့က ကင်လိုက်လျှင် အလွန်မှ ပြင်းလေသည်။

ဝူလင်စီရင်စုသည် ကုန်းတွင်းပိုင်းတွင် ရှိသည်။ ထို့ထက် သယ်ယူပို့ဆောင်ရေးက သည်ခေတ်တွင် မဖွံ့ဖြိုးသေးချေ။ သာမန်လူများသည် ပင်လယ်စာများကို မစားဖူးကြပေ။ သူတို့သည် သည်ငါးညီနံ့ကို ရုတ်တရက် ရလိုက်သောအခါ နှာခေါင်းပိတ်လိုက်ကြပြီး ထွက်ပြေးကြတော့သည်။

“ ငါ ပြောပါတယ် ဟူအာရယ်၊ မင်းဘာတွေ လုပ်နေတာလဲ၊ ဒီလောက်ထူးဆန်းတဲ့အနံ့ကို၊ တော်ပါတော့၊ ငါ့အစားအသောက်တွေ နံကုန်လိမ့်မယ်”

ကောင်လေးဘေးတွင် ဆိုင်ဖွင့်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က ရွံ့ရှာသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“ဒါကို ပင်လယ်စာလို့ ခေါ်တယ်ဗျ၊ ဒီလိုဟာမျိုးက ပင်လယ်ထဲမှာပဲ ကြီးပြင်းကြတာ၊ ခင်ဗျား ဘာနားလည်လို့လဲ”

ဟူအာဆိုသည့် ကောင်လေးက နှာခေါင်းရှုံ့လိုက်လေသည်။

“ပင်လယ် ၊ မင်း ပင်လယ်ကိုတောင် မြင်ဖူးလို့လားကွာ” သက်လတ်ပိုင်းဆိုင်ရှင်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

“ မြင်ဖူးတာပေါ့ဗျ၊ ဒါက ပင်လယ်အရသာပဲ၊ ခင်ဗျား ရှူကြည့်ပါလား”

ဟူအာက ပြောလိုက်ပြီး ရေဘဝဲကင်တစ်ခုကို သက်လတ်ပိုင်းလူကြီး၏နှာခေါင်းနား ကိုင်ပြလိုက်လေသည်။

သက်လတ်ပိုင်းလူကြီးက နောက်ကို ကျုံ့သွားကာ ပြောလိုက်လေသည်။

“ ဝေးဝေးယူသွားစမ်း၊ ဝေးဝေးယူသွားစမ်းပါ”

ဟူအာက ပစ္စည်းကို ဖယ်ပေးလိုက်ပြီးနောက်တွင် သူက သူ့နေရာသို့ ပြန်လာပြီး မဲ့ရွဲ့ကာပြောလိုက်လေသည်။

“ ဒီလို အရသာလား၊ နဂါးနန်းတော်က ဆွဲထုတ်လာတယ်လို့ပြောရင်တောင် ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး။

ဟူအာ ဒီတစ်ခါတော့ မင်းအမြင်မှားသွားပြီ”

သည်ဟူအာသည် အရင်က ဘယ်သူမှ မရောင်းဖူးသည့် ပစ္စည်းများကို အထူးရောင်းချသူဖြစ်သည်။ သူသည် ပထမဆုံးရောင်းချသူဖြစ်ရာ သူ ရောင်းချင်သည့်ပစ္စည်းများကို ရောင်းတတ်သည်။ မကြာခဏဆိုသလို တခြားနေရာ ၃ဝမ်လောက်သာ ကျသည့် ပစ္စည်းများကို သူက ဝူလင်မြို့သို့ ယူလာချိန်တွင် ဝမ် ၂၀-၃၀ အထိ တင်ရောင်းလေသည်။

သူလုပ်သည့်အရာက ငွေအများကြီးရှာနိုင်ခဲ့သည်။

ဟုတ်ပါသည်။ ပစ္စည်းအသစ်တိုင်းကတော့ ငွေမရှာပေးနိုင်ပေ။ ဥပမာ သည်ထူးဆန်းသည့်ငါးနှင့် သည်ထူးဆန်းသည့်ပစ္စည်းပင်။ သူသည် သည်ပစ္စည်းများကို နှစ်သစ်ကူးစကတည်း ထုတ်ရောင်းခဲ့ပြီး နည်းနည်းပါးပါးသာ ရောင်းရသေးသည်။ ဝယ်သူတစ်ယောက်ဆိုလျှင် ပစ္စည်းဝယ်သွားပြီး သိပ်မကြာလိုက်ခင်မှာပင် ပြန်ယူလာပြီး ငွေပြန်ယူသွားကာ ပစ္စည်းကို နူးညံ့နေအောင ကြော်လို့မရဘူးဟု ပြောသွားသေးသည်။

ဟူအာသည် ဒေါပွသွားတော့သည်။ သည်တစ်ခေါက်တော့ အမှန်ပင် လွဲချော်ခဲ့လေသည်။ သူသည် ဆိုင်ပေါ်က ရေခဲတုံးကြီးနှစ်တုံးကို ကြည့်လိုက်ပြီး စိတ်ပူသွားတော့သည်။ ဘာလုပ်ရမလဲ။

“သူဌေး တရုတ်ငါးပါးနီနဲ့ ရေဘဝဲကို ဘယ်လိုရောင်းလဲ”

သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားလိုက်ပြီး ကျန်းယွင်ကျူးက မေးလိုက်၏။ ဒါက တကယ် ငါးတံခွန်နဲ့ ရေဘဝဲပဲ။ ရေဘဝဲကို ထားလိုက်အုံး၊ ငါးတံခွန်ကိုပဲကြည့်။ သူမက အိပ်မက်ထဲမှာ မြို့တော်ကို ရောက်ခဲ့ပြီးမှ ရှမင်းဆက်ရဲ့ ရေကြောင်းခရီးသွားလာရေးကနဲ့ ကုန်တင်သင်္ဘောတွေက ဂျာဗာ၊ ဆူမာတရာ နဲ့ တခြားနေရာတွေကို ရောက်တယ်ဆိုတာ သိခဲ့ရတယ်။ တစ်ယောက်ယောက်ကတော့ သည်လို ပင်လယ်နက်ပိုင်းငါးမျိုးကို စိတ်ဝင်စားမှာ ပြောစရာတောင်မလိုဘူး။

တစ်ခုက ဒီခေတ်မှာ ဒီလိုငါးမျိုးတွေကို လူတွေမသိကြတာပဲ။ ပြီးတော့ အနည်းအကျဥ်း ဆိုရုံလောက်ကပဲ ဒီငါးကို စားကြတာ။

ကျန်းယွင်ကျူးသည် မြို့တော်တွင် သည်ငါးမျိုးကို မထင်မှတ်ဘဲ တွေ့လိုက်ရချိန်တွင် သူမသည် အခိုက်တန့် ဝမ်းသာသွားတော့သည်။ သူမသည် သည်တစ်ကြိမ်တွင်လည်း သည်လိုငါးမျိုးကို တွေ့လိုက်ရမည်ဟု ထင်မထားခဲ့ပေ။

ငါးတံခွန်က အဆီနည်းတယ်။ သူ့ကို ဆီမပါဘဲ ဒီလိုပျံကျစျေးမှာ တိုက်ရိုက်ကင်လိုက်ရင် ငါးညီနံ့က သေချာပေါက် ကျန်ခဲ့မှာပဲ။

“မိန်းကလေး ဒီငါးနှစ်မျိုးကို ဝယ်ချင်လို့လား”

ဟူအာသည် တစ်စုံတစ်ယောက်က မေးလာသည်ကို တွေ့လိုက်ရသောအခါ သူ့အင်အားများ ချက်ချင်း ပြန်ရလာတော့သည်။

“ဘယ်လောက်လဲ”

ကျန်းယွင်ကျူးက သူ စျေးတင်လိုက်မည်စိုးသဖြင့် သူမ စဥ်းစားနေသည့်အရာကို သူ့အား ပေးမသိပေ။

ဟုတ်ပါသည်။ ဟူအာက ထိုပုံစံကို မြင်လိုက်ရသောအခါ သူမက သိလို၍မေးခြင်း ဖြစ်မည်ဟု ထင်သွားတော့သည်။ ထို့ကြောင့် သူက အရင်ဆုံး စျေးကို ချပေးလိုက်လေသည်။

“ တရုတ်ငါးပါးနီက တစ်ပိဿာကို ၁၈ဝမ်၊ ရေဘဝဲကတော့ တစ်ပိဿာကို ၂၅ဝမ်”

သည်စျေးသည် ဒေသထွက်ငါးများထက် စျေးနှစ်ဆကြီးလေသည်။ ထို့အပြင် အရသာကလည်း မရှိပေ။ မည်သူမှ မဝယ်သည်ကလည်း မဆန်းပေ။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ကျွန်မ ပိုဝင်ချင်တယ်၊ စျေးလျှော့ပေးနိုင်အုံးမလား”

“မိန်းကလေးက ဘယ်လောက်လိုချင်တာလဲ”

“ကျွန်မကို အရင်ဆုံး ပေးနိုင်မဲ့စျေး ပြောပါ၊ စျေး ပေါတယ်လို့ထင်ရင် ပိုဝယ်မယ်”

ဟူအာက အံကြိတ်လိုက်ပြီး

“ မိန်းကလေးက အားလုံးကို ဝယ်မယ်ဆိုရင် တရုတ်ငါးပါးနီ ကို တစ်ပိဿာ ၁၅ဝမ် နဲ့ ရေဘဝဲကို တစ်ပိဿာ ၂၂ဝမ်ပေးမယ်”

“အိမ်မှာရော ရှိသေးလား” ကျန်းယွင်ကျူးက မေးလိုက်၏။

“ ရှိပါတယ်၊ ဒါက အိမ်ကလှည်းတစ်ဝက်စာပါ”

“ ဘယ်နှစ်ပိဿာလောက်ရှိမလဲ၊ ရေခဲမပါဘဲနဲ့”

“တရုတ်ငါးပါးနီက ပိဿာ ၂၀၀ ၊ ရေဘဝဲကတော့ ပိဿာ ၁၀၀”

“အင်း ကျွန်မ အားလုံးယူမယ်၊ တရုတ်ငါးပါးနီးကို တစ်ပိဿာ ၁၂ဝမ်၊ ရေဘဝဲကို တစ်ပိဿာ ၁၈ဝမ်”

ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

ဟူအာသည် ဆွံ့အသွားတော့သည်။

“မိန်းကလေးက အားလုံးကိုလိုချင်တာလား”

“ ရှင်က စျေးကိုက်တယ်လို့ ထင်ရင် ကျွန်မ ဝယ်ပါမယ်....”

“ ကိုက်တယ်၊ ကိုက်ပါတယ်”

ဟူအာက ဝမ်းသာသွားတော့သည်။ သူသည် သည်စျေးနှင့် အများကြီး မမြတ်သော်လည်း အမြတ်တော့ကျန်ပါသေးသည်။ အဓိကမှာ သည်ငါးများက သူ့လက်ထဲတွင် ပုပ်သိုးသွားတော့မည်ဟု ထင်ခဲ့ခြင်းပင်။ အခုတော့ ကျန်းယွင်ကျူးက အားလုံးကို ဝယ်မည်ဆိုသဖြင့် သူသည် အလကားမဖြစ်တော့ဟု ခံစားမိလိုက်လေသည်။

...

အပိုင်း (၅၆) (ခ)

ကျန်းယွင်ကျူးက ဘာမှလုပ်စရာမလိုဘဲ သူက ငါးတံခွန်နှင့် ရေဘဝဲများကို ရေခဲထဲမှ ထုခွဲက ထုတ်လိုက်ပြီး အလေးချိန်လိုက်ကာ ကျင်းယွင်ကျူး၏လှည်းပေါ်သို့ တင်ပေးလိုက်သည်။

“ မိန်းကလေးမိသားစုက ဘယ်မှာနေတာလဲ၊ ကျွန်တော် ငါးတွေကို အဆင်သင့်ဖြစ်အောင်လုပ်ပြီးရင် မိန်းကလေးရဲ့အိမ်ကို လာပို့ပေးပါ့မယ်” ဟူအာက ပြောလိုက်သည်။

ကျန်းယွင်ကျူးက သူမ၏လိပ်စာကို ပေးလိုက်ပြီး အတည်ပြုလိုက်လေသည်။

“ရှင့်အိမ်က ငါးတွေက ဒီငါးတွေနဲ့ အတူတူပဲမလား၊ မပျက်စီးနေပါဘူးနော်”

“စိတ်မပူပါနဲ့၊ ဒီထက်တောင် ပိုကောင်းပြီး ပိုလတ်ဆတ်သေးတယ်၊ ကျွန်တော ဂျယ်ဂျူကို သွားခဲ့တာလေ၊ ဒီအချိန်ဆိုရင် အဲမှာ အရမ်းအေးတာ၊ ရေမခဲပေမဲ့ ရေခဲတုံးတွေတော့ ရှိပါတယ်၊ ကျွန်တော် ဆိပ်ကမ်းက ယူလာတဲ့ငါးတွေက အကောင်းဆုံးပဲ၊ ညတွင်းချင်း ကျွန်တော် ပြန်လာခဲ့တာလေ၊ မြောက်ပိုင်းကို ပိုသွားလေလေ ငါးတွေကို ပိုခဲထားလေလေပဲ၊ သေချာပေါက် မပျက်သွားပါဘူး”

ဟူအာက သူ့ရင်ဘတ်ကို ပုတ်ကာ ကြေညာလိုက်လေသည်။ သူသည် သည်အလုပ်တွင် အတွေ့အကြုံရှိပြီးဖြစ်လေသည်။

ကျန်းယွင်ကျူးလည်း စိတ်အေးသွားတော့သည်။ သူက သူ ငါးလာပို့သည်ကို စောင့်ဖို့သာရှိတော့သည်။

သူမ အိမ်ရောက်ပြီး သိပ်မကြာခင်မှာပင် ဟူအာက သူ့လှည်းလေးနှင့် ငါး လာပို့လေသည်။ သို့သော် သည်တစ်ကြိမ်တွင် ပြဿနာတစ်ခု ဖြစ်လာတော့သည်။ ငါးများသည် ရေခဲထဲတွင် ခဲနေဆဲပင်။ သူက သူမအတွက် အားလုံးကို ထုခွဲပေးခဲ့သင့်တာမလား။

ဒါပေမဲ့ ထုတ်လိုက်ပြီးရင်လည်း ထားဖို့ နေရာမရှိဘူး။ ကျန်းယွင်ကျူးသည် ခေါင်းခါလိုက်ပြီး သည်အတိုင်းထားလိုက်တော့သည်။

ဒါဆို ဒါကို ဘယ်လိုချိန်မှာလဲ။

“ ရှင် ဝယ်လာတုန်းက အလေးချိန်လာတယ်မလား၊ အမှန်အတိုင်းပြောရရင် ကျွန်မက စီရင်စုမြို့မှာ စားသောက်ဆိုင်ဖွင့်မလို့၊ နောက်ဆိုရင်လည်း ကျွန်မက ဒီငါးနဲ့အသားတွေကို ထပ်မှာဖို့ ရှိသေးတယ်”

ကျန်းယွင်ကျူးက ပြောလိုက်သည်။

ဟူအာသည် နားလည်သွားတော့သည်။ တောရွာတွင်နေသည့် ကျန်းယွင်ကျူးက တစ်ကြိမ်တည်း အများကြီး ဝယ်ရသည့်အကြောင်းအရင်းကို ပြောနေခဲ့သေးသည်မဟုတ်ပါလား။

ဒါက ဖောက်သည်ကြီးပဲ။ အလုပ်ဖြစ်သွားရင် သူ့ပစ္စည်းတွေ ရောင်းဖို့အတွက် စိတ်ပူစရာမလိုတော့ဘူး။ သူ ငါးတွေကို ဝယ်လာတုန်းက သေချောပေါက် ချိန်ခဲ့တယ်လေ။ ပြီးတော့ ရောင်းပြီးသွားတာ မပါဘဲနဲ့ ကျန်တဲ့ပိဿာအရေအတွက်ကိုလည်း သိတယ်။

“တရုတ်ငါးပါးနီက ၂၁၅ပိဿာ ရှိမယ်၊ ၂၁၀ပိဿာလို့ပဲ တွက်လိုက်ပါ၊ ရေဘဝဲကတော့ ၁၆၀ပိဿာ ရှိမယ်၊ သူ့ကို ၁၅၀ပိဿာလို့တွက်လိုက်ပါ၊ မိန်းကလေး ပေးတဲ့စျေးအရဆိုရင် စုစုပေါင်း ၅လျန်နဲ့ ၂ဝမ်ကျပါမယ်၊ ၅လျန်ပဲ ပေးလိုက်ပါ” ဟူအာက ပြောလိုက်လေသည်။

“ကောင်းပါပြီ”

ကျန်းယွင်ကျူးကလည်း မှန်သည်ဟု သိလိုက်သည်။ ထိုနောက် သူမက ထပ်ပြောလိုက်၏။

“ နောက်ဆိုရင် ရှင့်မှာ အသစ်အဆန်းတစ်ခုခု ပါရင် စီရင်စုက ချီရှန်းကျွီကို ပို့လိုက်ပါ၊ ပစ္စည်း ကောင်းတယ်လို့ ထင်ရင် ကျွန်မ ဝယ်ပါမယ်”

“ရတာပေါ့၊ ရတာပေါ့ဗျ”

ဟူအာက အားတက်သရော ပြန်ဖြေလိုက်လေသည်။ သည်ငါးကို ရောင်းရသည်က သူ့အတွက် ဒုက္ခအများကြီး သက်သာသွားတော့သည်။ သူသည် မနက်ဖြန် တောင်ပိုင်းသို့သွားပြီး ပစ္စည်းများကို သွားယူရမည်။

ဟူအာက ဝမ်းသာအားရဖြင့် ထွက်သွားတော့သည်။

“ယွင်ကျူး အမေတို့ ဘာလုပ်ကြမလဲ” အမျိုးသမီးချန်က မေးလိုက်သည်။

ကျန်းယွင်ကျူးတွင် အမှန်ပင် အစီအစဥ်များ ရှိပြီးသားဖြစ်လေသည်။ သူမက ရွှင်လန်းတက်ကြွစွာ ပြောလိုက်၏။

“အခု အေးလာပြီလေ၊ ဒီငါးတွေကို ခြံအနောက်ဖက်မှာပဲ ထားပြီး ကောက်ရိုးလိုက်ကာတစ်ခုနဲ့ အုပ်ထားလိုက်မယ်၊ စားသောက်ဆိုင်ဖွင့်တာနဲ့ ဒီငါးတွေက အသုံးဝင်လာမှာ”

ဆိုင်အသစ်ဖွင့်ဖို့ ဟင်းပွဲအသစ်နှစ်မျိုး လုပ်လိုက်ရင် ကွက်တိပဲ။

ငါးတွေက လောက်မှာ မဟုတ်ဘူးလို့တောင် သူမ တော့ထင်တယ်။ တကယ်တော့ သူမက ဟူအာကို ဒီလိုငါးတွေ တောင်ပိုင်းက သွားသယ်လာပေးဖို့တောင် ပြောမိတော့မလိုဖြစ်သွားတာ။ ဒါပေမဲ့ ပထမလ ကုန်သွားပြီး ရာသီဥတုက တဖြည်းဖြည်း နွေးလာမှာကို စဥ်းစားမိလိုက်လို့ မပြောဘဲ ထားထားလိုက်တော့တာ။

ကျန်းယွင်ကျူးသည် နယ်စားအန်းဖင်အိမ်တော်က ရေခဲအခန်းကိုပင် အနည်းငယ်လွမ်းသွားတော့သည်။ သူမက သည်နှစ် ငွေရှာနိုင်သည်နှင့် ကိုယ်တိုင် ရေခဲခန်းတစ်ခု တူးဖို့စဥ်းစားထားလိုက်တော့သည်။ သူမသည် ပစ္စည်းများကို သိမ်းဆည်းနိုင်သည့်အပြင် ရေလည်း ခဲထားနိုင်သည်။ နောက်နှစ်နွေရာသီတွင် သောက်စရာများ ရနိုင်လိမ့်မည်။

ဒါက သူမရဲ့အစီအစဥ်လေ။ အခုတော့ ငါးတံခွန်နဲ့ ရေဘဝဲတွေကို လုပ်လိုက်အုံးမယ်။

ငါးတံခွန်ကို လုပ်စားရသည်နည်းက ၁၂မျိုးမကရှိလေသည်။ ခေတ်သစ်က အဘွား၏ လွှမ်းမိုးမှုကြောင့် ဖြစ်မည်။ ကျန်ယွင်ကျူး၏အကြိုက်ဆုံးမှာ ငါးတံခွန်ပန်ကိတ်အစာသွပ်ဖြစ်လေသည်။

ငါးတံခွန်ကို ဆေးကြောပြီး ဟင်းချက်ဝိုင်၊ တခြားဟင်းခတ်အမွှေးအကြိုင်တို့နှင့် နှပ်ထားပြီးနောက် အကြော်ဒယ်အိုးထဲတွင်ကြော်ရသည်။

သည်အခြေအနေအထိ ငါးညီနံ့က ရှိသေးသည်။ ခေတ်သစ်တွင် မီးဖိုဆောင်အငွေ့စုပ်စက်ကို ဖွင့်လိုက်လျှင် လုံလောက်သွားပြီ။ သို့သော် ရှေးခေတ်တွင်တော့ နည်းလမ်းတစ်ခုသာ ရှိလေသည်။ ဘေးတွင် ဖယောင်းတိုင်တစ်တိုင် ထွန်းထားလျှင် အခြေခံအားဖြင့် အနံ့ပျောက်စေသည်။

ကြော်ထားသည့် ငါးတံခွန်ကို မြေအိုးထဲတွင် ထည့်ကာ အသားများ ကျွပ်လာပြီး အရိုးများ အိသွားသည်အထိ နောက်ထပ် တစ်နာရီလောက် ပွက်ပွက်ဆူအောင်တည်ထားရသည်။

ပန်ကိတ်လုပ်ဖို့ရန် ဘာမှ ထပ်ထည့်စရာမလိုပေ။ ဆီနှင့်ဆားသာ လိုသည်။ လုပ်ပြီးသွားသည့် ပန်ကိတ်များကို ၆လွှာ ၇လွှာလောက်ထပ်ကာ ပေါင်းရသည်။ အပြင်ဖက်တွင် ကျွပ်ကျွပ်ရွရွနှင့် အတွင်းဖက်က နူးအိနေသည်။

သည်လိုပန်ကိတ်မျိုးကို ငါးတံခွန်နှင့်ထုပ်ပြီး ကိုက်စားရသည်မှာ အရသာရှိမည်ကတော့ ပြောရန်ပင်မလိုပေ။

ရေဘဝဲက လုပ်ရပိုလွယ်ကူသေးသည်။ ကျန်းယွင်ကျူးသည် သည်နေ့ ရေဘဝဲအစပ်လုပ်လိုက်သည်။

သည်အပြင် သူမက ထုပ်စားဖို့ သင့်တော်သည့် ဟင်းတချို့ကို လုပ်ခဲ့သေးသည်။ ထို့ကြောင့် ကျန်းမိသားစု၏ နေ့လယ်စာတွင် ပန်ကိတ်နှင့်အသီးအရွက်၊ အသားကော်ပြန့်လိပ်၊ ပဲပင်ပေါက်ကော်ပြန့်လိပ်၊ အသီးအရွက်ကော်ပြန့်လိပ်၊ မှိုကော်ပြန့်လိပ် ၊ ငါးတံခွန်ကော်ပြန့်လိပ် နှင့် ရေဘဝကော်ပြန့်လိပ်တို့ ပါလေသည်။ ကိုယ့်အကြိုက်နှင့်ကိုယ် တွဲဖက်စားနိုင်လေသည်။

ကျန်းချိန်နှင့်တခြားသူများအတွက်တော့ ငါးတံခွန်ကို စားဖူးသည်မှာ ပထမဆုံးပင်။ သူတို့က သည်ငါး၏အသားသည် အလွန်မှနူးညံ့ပြီး အထူးယူမာမီအရသာတစ်ခု ရှိသည်ဟုသာ ခံစားမိလေသည်။

“ဒါက ပင်လယ်ရဲ့အရသာလား”

ကျန်းလင်က ငါးတံခွန်စားရင်း သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။

“ ဟုတ်မှာပေါ့၊ အစ်မတို့တွေ နောက်ပိုင်း အခွင့်အရေးတစ်ခု ရှိလာခဲ့ရင် ပင်လယ်ဖက်ကို သွားကြည့်ရအောင်”

“ ဒီရေဘဝဲက တော်တော်အရသာရှိတာပဲ၊ အထိအတွေ့က တထုတ်ထုတ်နဲ့” အမျိုးသမီးချန်က မှတ်ချက်ပေးလေသည်။

“ အရသာရှိတယ်လို့ ငါလည်းထင်တယ်၊ ဆိုင်မှာ ရောင်းရင် သေချာပေါက်ရောင်းကောင်းမှာ”

ကျန်းချိန်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။ သူသည် ဆိုင်ဖွင့်ဖို့ရာ မစောင့်နိုင်ဖြစ်နေတော့သည်။

ငါးတံခွန်နှင့် ရေဘဝဲက ကျန်းမိသားစုထံမှ တစ်ညီတစ်ညွှတ်တည်း ချီးကျူးခံလိုက်ရတော့သည်။

ရှန်ဖုန်းမင်အတွက်တော့ ကျန်းယွင်ကျူးသည် ပင်လယ်စာက တုံ့ပြန်မှုကောင်းသည့် အစားအသောက် ဖြစ်မှန်း ပြန်ရောက်လာမှ သတိထားမိလိုက်တော့သည်။ ရှန်ဖုန်းမင်က နေမကောင်းသေးဘူးလေ။ သူက ဒါတွေကို ဘယ်လိုလုပ်ပြီး စားနိုင်မှာလဲ။ ဒါကြောင့် သူမက သူ့အတွက် ပေါ့ပေါ့ပါးပါး အစားအသောက်တချို့ကို လုပ်ပေးလိုက်တယ်။

အထူးစောင့်ရှောက်မှုကို ခံယူနေတဲ့ ရှန်ဖုန်းမင်ကတော့ သည်နေ့ နေသာနေပုံက ထူးထူးခြားခြားကို သာယာနေတယ်လို့ ထင်မိလေရဲ့။

၁လပိုင်း ၁၉ရက်နေ့ မနက်ခင်းတွင် ကျန်းယွင်ကျူးသည် ဆိုင်ပိုင်ရှင် မိသားသုအတွက် သွားရေစာမုန့်တချို့နှင့် အသီးအနှံများကို ယူသွားပေးလိုက်လေသည်။

လှည်းငါးစီး။ တချို့ပစ္စည်းများကို သယ်သွားလို့မရပေ။ ထို့ကြောင့် သူတို့သည် မခွဲနိုင်မခွာရက်ဖြင့် ကျန်းယွင်ကျူးတို့ကို ပေးခဲ့လိုက်တော့သည်။

လူကြီးမိသားစုက ဆိုင်ရှေ့တွင် ရပ်နေပြီး အချိန်အကြာကြီး ငေးကြည့်လိုက်ပြီးမှ လှည်းပေါ်တက်သွားကာ ဝူလင်စီရင်စုမှ ထွက်ခွာသွားကြတော့သည်။

သူတို့သည် အလျင်စလို ထွက်သွားရသဖြင့် ပစ္စည်းတော်တော်များများကို သန့်ရှင်းရေး လုပ်ဖို့ အချိန်မရှိပေ။ ပစ္စည်းအများစုကို ချန်ခဲ့ရလေ။ ကျန်းယွင်ကျူးသည် အပြန်ပြန် အလှန်လှန် စစ်ဆေးလိုက်ပြီး ဆိုင်ထဲက အခြေအနေကို ကနဦး သဘောပေါက်သွားတော့သည်။

“ အဖေ အိမ်က ပစ္စည်းတွေကို ဒီမှာပြောင်းလိုက်ပါ၊ ကျန်းလင်နဲ့ ကျန်းဝူတို့က မနက်ဖြန်စပြီး ကျောင်းတက်ရတော့မှာဆိုတော့ မြို့မှ နေဖို့လိုတယ်” သူမက ကျန်းချိန်ကို မှာကြားလိုက်လေသည်။

ကျန်းယွင်ကျူးသည် ဆိုင်၏အရှေ့နှင့် အနောက်တို့ကို စစ်ဆေးကြည့်လိုက်ပြီး အလွန်မှ စိတ်လှုပ်ရှားနေတော့သည်။ ချန်ဖုန်းစီရင်စုက ကပ်ဘေးကနေ ထွက်ပြေးလာတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ အဲဒီတုန်းကဆိုရင် သူတို့တွေကိုယ်တိုင်အတွက်တောင် အမိုးအကာ မရှိခဲ့ဘူး။ အခုတော့ သူတို့တွေက စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

“ ကောင်းပြီ၊ အဖေ ချက်ချင်းသွားလိုက်မယ်”

ကျန်းချိန်က ပြန်သွားပြီး အမျိုးသမီးချန်နှင့် တခြားသူများကို သွားခေါ်လိုက်လေသည်။

သည်နေ့ကစပြီး တို့သည် စီရင်စုမြို့တွင် နေကြမည်။

“ သမီး တစ်ဖက်ကိုလည်း လွှတ်ထားလို့မရဘူးနော်၊ အမေက ကြက်တွေလည်း မွေးထားသေးတယ်၊ နွေးဦးရောက်ရင် ခြံထဲမှာ ဖရဲသီးနဲ့ အသီးအနှံတွင် စိုက်အုံးမှာ၊ ဒါက ငွေအများကြီး သက်သာစေနိုင်တယ်” အမျိုးသမီးချန်က သန့်ရှင်းရေးလုပ်ရင်း ပြောလိုက်လေသည်။

“အင်း သမီးတို့တွေ အဲမှာလည်း လုပ်ငန်းဆက်လုပ်မှာပါ”

ဟုတ်ပါသည်။ သူတို့သည် မကြာခဏဆိုသလို ပြန်သွားရလိမ့်မည်။ ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

ထိုအကြောင်း ပြောလိုက်ချိန်တွင် ရွှယ်ကျင်းက တိုးတီးပြောလိုက်လေသည်။

“ သူဌေး ကျွန်တော် စီရင်စုမြို့ကို ဘယ်တော့ ပြောင်းလာလို့ရမလဲ”

သူသည် ရွာတွင်နေရသည်ကို မကောင်းဟုတော့ မထင်ချေ။ သူက ကျန်းယွင်ကျူးနောက်သို့ လိုက်ခဲ့လိုခြင်းသာ။ သူမဘေးတွင်နေလျှင် သူသည် အမြဲတမ်း တစ်ခုခုကို သင်နေရလိမ့်မည်။

ကျန်းယွင်ကျူးက ပြုံးလိုက်လေသည်။ သူမက သူ့အတွက် ကိတ်မုန့်ကြီးတစ်ခုလို ဆွဲဆောင်မှုဖြစ်နေမှန်း သတိရမိသေးသည်။ သူမသည် မြို့တွင် စီးပွားရေးလုပ်လိုသည်ဟု ပြောခဲ့ဖူးသည်။ ချက်ချင်းကြီး ဖြစ်လာလိမ့်မည်ကိုတော့ လုံးဝထင်မထားပေ။

“ စားသောက်ဆိုင်မှာ ကျွန်မ တစ်ယောက်ထဲလေ၊ အားလုံးကို သေချာပေါက် လုပ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ရွာက လုပ်ငန်းကိုလည်းလည်း ပစ်ထားလို့မရဘူး၊ ဒီလိုလုပ်မယ်လေ၊ ဒီမှာအခြေအနေ တည်ငြိမ်လာမှ ကျွန်မ တစ်ယောက်ယောက်ကို ငှား....”

သူမက ထိုသို့ပြောလိုက်သည်နှင့် ရွှယ်ကျင်းက ဝင်ထောက်ခံလိုက်သည်။

“သူဌေး လူတစ်ယောက် ထပ်ခေါ်ချင်ရင်လေ ကျွန်တော့် ထောက်ခံပေးနိုင်တဲ့ လူကောင်းတစ်ယောက် ရှိတယ်၊ ယွင်ဟယ်လိုက ကျွန်တော့်လက်တွဲဖော်ဟောင်းလေးပါ၊ သူက အချက်အပြုတ်မှာ အရမ်း တော်တယ်၊ ဒါပေါ့ သူက သူဌေးနဲ့တော့ မယှဥ်နိုင်ပါဘူး”

ကျန်းယွင်ကျူးသည် ရွှယ်ကျင်းကို ယုံကြည့်လေသည်။ သူ ထောက်ခံပေးသည့်လူက ဆိုးဝါးလိမ့်မည် မဟုတ်ပေ။ သို့သော်

“ ဒီကိစ္စကိုလည်း တိုင်ပင်ပြီးတဲ့အထိ စောင့်ရအုံးမယ်၊ အရင်ဆုံး စားသောက်ဆိုင် ဖွင့်ကြတာပေါ့”

“ဟုတ်ကဲ့ သူဌေး”

ရွှယ်ကျင်းက ဝမ်းသာအားရ ပြန်ဖြေလိုက်၏။ မျှော်လင့်ချက်ရှိသ၍ လုံလောက်ပေသည်။

အားလုံးက အနောက်ဘက်ခြံကို မြန်မြန်ဆန်ဆန် သန့်ရှင်းရေးလုပ်လိုက်ကြပြီး ကျန်းယွင်ကျူးကတော့ ဆိုင်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။ သူမသည် ဆိုင်ကို မည်သို့အလှဆင်မည့်အကြောင်း စဥ်းစား တွေးတောနေလေသည်။

လတ်တလောတော့ သူမ ချင့်ချိန်ပြီးသုံးရလိမ့်မည်။

သည်ကိစ္စတွင် သူမကိုယ်တိုင်လုပ်နိုင်လျှင် ကိုယ်တိုင်သာ လုပ်ရလိမ့်မည်။

သူမက ဆိုင်ကို ငြိမ်ငြိမ်သက်သက် ကျက်သေရှိသည့်ပုံစံမျိုးက အလှဆင်ဖို့ စဥ်းစားထားလေသည်။ သည်လိုမှသာ ရည်မှန်းထားသည့် စားသုံးသူအုပ်စု၏ လိုအပ်ချက်နှင့် ကိုက်ညီပေမည်။

သူမသည် ထိုနေရာတွင် ရပ်ရင်း စီစဥ်နေစဥ် လူငယ်တစ်ယောက်က စုတ်တံတချို့ကို ကိုင်ကာ ရောက်လာလေသည်။ သူမကို တွေ့ရသဖြင့် သူသည် ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

...

အပိုင်း(၅၇) (က)

လူငယ်လေးက အပြာနုရောင်ဝတ်စုံကို ဝတ်ထားသည်။ ကိုယ်ထည်က ပိန်ပါးပြီး၊ ဓားနှယ် ထူထဲသည့်မျက်ခုံးနှင့် စူးနက်သည့် မျက်လုံးအိမ်များ ရှိလေသည်။ သူသည် နဂိုက သန်မာပြီးလွတ်လပ်သည့် အသွင်သဏ္ဌာန်တစ်ခု ရှိသော်လည်း သူ့စိတ်ထဲတွင် တစ်ခုခုရှိနေသယောင် အနည်းငယ် ညှို့မှိုင်းနေပြီး သူမျက်ခုံးများက တစ်ဝက်လောက် တွန့်ချိုးထားသည်။

“တာဝန်ခံချန်.....”

လူငယ်လေးရှဲ့ချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဆိုင်က လုံးဝနီးပါး ပြောင်ရှင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် သစ်သားစင်တချို့သာ ကျန်ခဲ့သည်။

“ သူ့မြေးလေးက စီရင်စုတရားသူကြီး ရာထူးခန့်အပ်ခံရလို့တဲ့၊ သူ့မိသားစုက သူ့နောက်လိုက်သွားတယ်၊ ရှင်က ဘယ်သူလဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

ရှဲ့ချန်က သူ့လက်ထဲက စာလိပ်ကို တင်းနေအောင် ကိုင်ထားလိုက်ပြီး

“ တာဝန်ခံချန်က နှစ်မကုန်ခင် ဆီးပန်းပွင့်နှင့် သစ်ခွပန်းပွင့် ပန်းချီကားလိုချင်တယ်လို့ ပြောထားလို့၊ ကျွန်တော်...”

သူ့အသံက ဖြည်းဖြည်းချင်း တိမ်ဝင်သွားတော့သည်။ သူသည် သည်နှစ်သစ်ကူးကာလအတွင်းတွင် သည်ပန်းချီများကို ဆွဲခဲ့ပြီး သည်ပန်းချီများ ရောင်းရသည့်ငွေတချို့ဖြင့် ကျောင်းလခ ပေးနိုင်မည်ဟု စဥ်းစားထားလေသည်။ မျှော်လင့်မထားဘဲ တာဝန်ခံချန်က ထွက်သွားပြီ။

စဥ်းစားကြည့်လိုက်တော့ သူက ထိုအကြောင်းကို မေ့နေခဲ့သည်ပင်။

ကျန်းယွင်ကျူးက နားထောင်လိုက်ပြီး ဘာဖြစ်နေမှန်းကို အကြမ်းဖျင်းနားလည်သွားတော့သည်။ လူငယ်လေးက ဒီကို ပန်းချီကား ရောင်းဖို့ လာခဲ့တာကိုး။

“ဘာပန်းချီကားလဲ၊ ကျွန်မ တစ်ချက် ကြည့်လိုက်ရမလား”

သူမသည် စိတ်ဝင်စားလာ၏။ ခုနကပဲ သူမက ဆိုင်ထဲမှာ ပန်းချီကားနည်းနည်းလောက် ချိတ်မယ်လို့ စဥ်းစားလိုက်သေးတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်ပေါ်က စာလုံးလိုပဲ ပန်းချီကားက မကောင်းခဲ့ဘူးဆိုရင်တော့ သူမက မလိုချင်ပါဘူး။

“မိန်းကလေးက ဝယ်ချင်လို့လား” ရှဲ့ချန်က မျက်လုံးကို ပင့်ကာ မေးလိုက်သည်။

“ကျွန်မ ဒီဆိုင်ကို ငှားလိုက်တာ၊ ပြီးတော့ စားသောက်ဆိုင်တစ်ခု ဖွင့်ချင်တယ်၊ နံရံမှာ ပန်းချီကားတချို့ ချိတ်ဆွဲထားချင်လို့၊ သခင်လေးက စိတ်မရှိဘူးဆိုရင် ကျွန်မ တစ်ချက်လောက် ကြည့်ချင်ပါတယ်”

ကျန်းယွင်ကျူးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ တချို့ပညာသင်များက သူတို့၏ပန်းချီကားကို စားသောက်ဆိုင်များတွင် ချိတ်ဆွဲထားသည်ကို သဘောမကျကြပေ။

ရှဲ့ချန်က တွေဝေသွားလေသည်။ သူသည် မျက်နှာချင်းဆိုင်လမ်းက ဝမ်ယွမ်ကျောင်းတော်၏ ကျောင်းသားတစ်ယောက် ဖြစ်သည်။ အခန်းထဲက ကျောင်းသားများက သူ့ပန်းချီကားကို စားသောက်ဆိုင်ထဲတွင် ချိတ်ဆွဲထားသည်ကို တွေ့လျှင် သူတို့သည် စကားထူးထူးဆန်းဆန်း ပြောကြပေလိမ့်မည်။

ကျန်းယွင်ကျူးက မလောလိုက်ပေ။ သူမသည် ပန်းချီကားဝယ်ဖို့ရာလည်း အလျင်မလိုပေ။ တိုက်ဆိုင်၍သာ မေးလိုက်ခြင်းပင်။

ခဏကြာပြီးနောက် ရှဲ့ချန်က ပြန်ပြောလိုက်လေသည်။

“မိန်းကလေး ပန်းချီကားကို တစ်ချက်လောက် ကြည့်လိုက်ပါ”

နောက်ဆုံး ဝမ်းရေးနှင့် ပညာရေးက ပိုအရေးကြီးပေသည်။

သူသည် ပြောရင်းဆိုရင်း ပန်းချီကားတစ်ခုကို ဖွင့်ပြလိုက်သည်။ သည်ပန်းချီကားက ကျောက်ကမ်းပါးရံပေါ်တွင် အခိုင်လိုက်ပွင့်နေသည့် သစ်ခွပန်းတစ်စုကို ဆွဲပြထားခြင်းဖြစ်သည်။ ပန်းချီကားက ဒေါင်လိုက်ရော အလျားလိုက်ပါ ပြန့်နှံ့နေသည်။ ဖွဲ့စည်းထားပုံက ကျက်သရေရှိလှသည်။ သူက သစ်ခွပန်း၏ ပြင်းပြလှသည့်အားမာန်ကို ထင်သာမြင်သာရှိအောင် ပုံဖော်ထားသည်မှာ ရှားမှရှားသည့် လက်ရာပင်။

ကျန်းယွင်ကျူးသည် စာအရေးအသားနှင့် ပန်းချီတွင် မတော်သော်လည်း မည်သို့ ရှုမြင်ရမည်ကိုတော့ သိလေသည်။ သူမသည် ပန်းချီကားကို တွေ့လိုက်သည်နှင့် ပန်းချီကားကောင်းတစ်ခုမှန်း သိသည်။ ပန်းချီကားတစ်ချက်ကို တွေ့ရခြင်းမှာ လူတစ်ယောက်နှင့် တွေ့ရခြင်းပင်။ လူငယ်လေး၏စိတ်ထဲတွင် စမ်းချောင်းတစ်ခု စီးဆင်းနေသည်ကို တွေ့မြင်နိုင်သည်။

ဒုတိယပန်းချီကားသည် အေးမြသည့် ဆီးပန်းပွင်းများကို ရေးဆွဲထားသည့် ပန်းချီကားတစ်ခုဖြစ်သည်။ တတိယပန်းချီကားသည့် ရှင်းလင်းလှသည့် ဝါးပင်ပုံ ပန်းချီကားဖြစ်သည်။ ကျန်းယွင်ကျူးသည် လေးခုမြောက် ပန်းချီကားကို ခန့်မှန်းပြီးသားပင်။ သူမသည် ထိုပန်းချီကားကို ဖွင့်လိုက်ချိန်တွင် အေးမြသည့် ဂန္ဓမာပန်းပုံ ပန်းချီကားတစ်ခု အမှန်ပင်ဖြစ်နေတော့သည်။

နှစ်ခု ကျန်သေးသည်။ တစ်ခုက အပြာရောင်ကျိုးကြာငှက် ပန်းချီကား တစ်ခုဖြစ်သည်။ ကျန်းတစ်ခုမှာ မိုင်ထောင်ချီဝေးသည့် တောင်များနှင့် မြစ်များကို ရေးဆွဲထားလေသည်။

သည်ပန်းချီကားနှစ်ခုက ဆီးပန်းပွင့်၊ သစ်ခွ၊ ဝါးပင်နှင့် ဂန္ဓမာပန်းတို့ထက် ပိုထင်သာမြင်သာရှိပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။ ရှေ့ပိုင်းပန်းချီကားက အချိုးကျဖွဲ့စည်းထားသည့် ပန်းချီကားတစ်ခု ဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။ နောက်ဆုံး ဒါက အနည်းငယ်တမင်ပုံဖော်ထားခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ပညာရှင်၏ တိုက်ရိုက်ခံစားချက်များကို ချပြထားလေသည်။

“ဘယ်လောက်လဲ”

ကျန်းယွင်ကျူးသည် သည်ပန်းချီကားများကို သဘောကျသွားတော့သည်။ သို့သော် အလွန် စျေးကြီးနေလျှင်တော့ သူမက တတ်နိုင်မည်မဟုတ်ပေ။

“တစ်ကားကို ဝမ် ၅၀၀ ပါ” ရှဲ့ချန်က ပြန်ဖြေလိုက်သည်။

ဝမ် ၅၀၀။ ဒီပန်းချီကားက အဆင့်ကို စဥ်းစားကြည့်လိုက်ရင်တော့ စျေးချိုတယ်လို့ ပြောလို့ရပါတယ်။ ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ကျွန်မ ဒီနှစ်ကား လိုချင်တယ်”

သူမသည် အပြာရောင် ကျိုးကြာငှက် ပန်းချီကားနှင့် မိုင်ထောင်ချီဝေးသည့် တောင်များနှင့်မြစ်များကို ရေးဆွဲထားသည့် ပန်းချီကားကို ရည်ညွှန်းလိုက်မှန်း ပြောရန်ပင် မလိုချေ။

ရှဲ့ချန်က အခိုက်တန့် မှင်တက်သွားတော့သည်။ ကျန်းယွင်ကျူးက သူမ၏ဆိုင်အတွက် ဆီးပန်းပွင့်၊ သစ်ခွ၊ ဝါးပင်နှင့် ဂန္ဓမာပန်း ပန်းချီကားများကို လိုချင်လိမ့်မည်ဟု ထင်ခဲ့လေသည်။

“ ဒီပန်းချီကားနှစ်ခုက လက်ရာမြောက်တယ်လို့ ထင်လို့ပါ” ကျန်းယွင်ကျူးက ပြုံးပြလိုက်လေသည်။

ရှဲ့ချန်၏ တွန့်ချိုးသည့် မျက်ခုံးများသည် မသိမသာပြေလျော့သွားတော့သည်။ ဒီမိန်းကလေးက ပန်းချီကားတွေကို နားလည်နေတာကိုး။ ဒါကြောင့် သူ့ပန်းချီကားကို သူမဆိုင်မှာ ချိတ်ဆွဲရမှာကို ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်လို့ မစဥ်းစားမိတော့ဘူး။

“ ဟုတ်ကဲ့” သူက ပြောလိုက်သည်။

ကျန်းယွင်ကျူးက သူ့ကို ငွေ၁လျန် ချက်ချင်းပေးလိုက်လေသည်။ ရှဲ့ချန်က ငွေကို လက်ခံလိုက်ပြီး ပန်းချီကားနှစ်ချပ်ကို သူမအား ပေးလိုက်ပြီး၊ ကျန်သည့်ပန်းချီကားများကို လိပ်လိုက်ကာ ထွက်သွားဖို့ ပြင်လိုက်လေသည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးက နောက်ကိစ္စတစ်ခုကို စဥ်းစားမိလိုက်လေသည်။

“ ကျွန်မ သခင်လေးရဲ့ပန်းချီးကားကို အရမ်းသဘောကျတယ်၊ ကျွန်မက ဆိုင်မှာသုံးဖို့ ကြွေထည်ပစ္စည်း တစ်သုတ်လောက် ဖုတ်ခိုင်းမလို့၊ ရှင် ကျွန်မအတွက် ပုံလေးတစ်ခုလောက် ဆွဲပေးချင်မလားလို့”

ကျန်းယွင်ကျူးသည် ရှဲ့ချနိ၏ပန်းချီကားက ကောင်းမွန်ပြီး စျေးသက်သာသည်ဟု ခံစားလိုက်ရသဖြင့် သူက သေချောပေါက် ငွေပိုများကို စုနိုင်မည်ဟု ထင်လိုက်သည်။

ရှဲ့ချန်က မျက်မှောင်ကျုံ့လိုက်ပြီး

“ ကျွန်တော် လတ်တလောတော့ နည်းနည်းလောက် အလုပ်များနေအုံးမှာ”

သူက ယဥ်ယဥ်ကျေးကျေးနှင့် ငြင်းလိုက်မှန်း ကျန်းယွင်ကျူး နားလည်လိုက်လေသည်။ သူမက သူ့ကို ဖိအားမပေးဘဲ ချက်ချင်း ပြုံးပြလိုက်ပြီး

“ ကောင်းပါပြီရှင်”

ရှဲ့ချန်က သူ့လက်ထဲတွင် ပန်းချီကားများကိုင်ပြီး ဆိုင်မှ ထွက်သွားတော့သည်။ ကျန်းယွင်ကျူးက မိုင်ထောင်ချီဝေးသည့် တောင်နှင့်မြစ်များ ပန်းချီကားကို ခံစားကြည့်ရှုနေချိန်တွင် ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ယောက်အသံက ထွက်လာခဲ့သည်။

“ ပန်းချီကားကောင်းတစ်ချပ်ပဲ၊ ဒီပန်းချီကား ဘယ်လောက်လဲ၊ ကျွန်မ လိုချင်တယ်”

ကျန်းယွင်ကျူးသည် အော်ရယ်မိမလိုဖြစ်သွားတော့သည်။ သူမက အခုလေးတင်ပဲ ဝယ်ခဲ့တာလေ။ တစ်ယောက်ယောက်က ဒီပန်းချီကားကို သူမဆီပြန်ဝယ်ချင်တယ်တဲ့လား။

မော့ကြည့်လိုက်ချိန်တွင် ဆိုင်တံခါး၌ ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် ရှည်လျားသည့် ကြည်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဗာဒံစေ့မျက်လုံး၊ မက်မွန်ရောင် ပါးပြင် နှင့် သူမ၏မျက်လုံးထဲွင် ရေလိုရွှမ်းစိုနေသည်။ အသက် ၁၅- ၁၆ နှစ်လောက်ရှိပြီး သူမတွင် အပြစ်ကင်းစင်သည့် ခံစားချက်တစ်ခု ပိုင်ဆိုင်ထားသည်။

ကျန်းယွင်ကျူးသည် မှင်တက်အံ့ဩသွားတော့သည်။ တခြားအကြောင်းကြောင့်မဟုတ်ဘဲ သူမသည် သည်မိန်းကလေးကို သိနေခြင်းကြောင့်ပင်။ ဒီမိန်းကလေး၏ မျိုးရိုးနာမည်သည့် ချင်ဖြစ်သည်။ သူမ၏နာမည်မှာ ယောင်း ဖြစ်သည်။ သူမသည် လုစီရင်စုပြည်နယ်က ချင်မိသားစု၏ လူချမ်းသာ ကုန်သည်တစ်ယောက်၏ သမီးဖြစ်သည်။

ချင်မိသားစုသည် ဆန်စပါးစီးပွားရေးကို အထူးလုပ်ကိုင်ကြပြီး လုစီရင်စုပြည်နယ်တွင် အချမ်းသာဆုံး စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။

အိပ်မက်ထဲတွင် ချင်ယောင်းသည် လုစီရင်စုပြည်နယ် တရားသူကြီး၏သားဖြစ်သူ ဟယ်ချင့်နှင့် လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ကျန်းယွင်ကျူးနှင့် သိကျွမ်းလာခဲ့သည်။

သူမက ကျန်းယွင်ကျူး၏ နောက်ခံကို ဂရုမစိုက်ဘဲ သူမကို စိတ်ရင်းနှင့် ဆက်ဆံပေးခဲ့သည်။ ကျန်းယွင်ကျူးကလည်း သူမကို တခြားသူများနှင့်မတူဘဲ ပင်ကိုအတိုင်း ဆက်ဆံခဲ့သည်။

သို့သော် ချင်ယောင်း၏ဘဝသည် လုံးဝမလွယ်ကူချေ။ ဟယ်ချင့်က လက်ထပ်ပြီး ပထမနှစ်နှစ်တွင် ညတိုင်း သူမ၏အခန်းထဲတွင် အိပ်ချင်ခဲ့သည်။ ထိုလတ်ဆတ်လှသည့် နှစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက်တွင် သူသည် ငြီးငွေ့သွားကာ သူမကို တစ်ယောက်တည်း ပစ်ထားတော့သည်။ သူက အပြင်ထွက်ပြီး တနေ့လုံး ပန်းများနှင့် မိုးမခပင်များ ရှိရာနေရာတွင်သာ အိပ်ခဲ့သည်။ မိသားစုတွင် ကိုယ်လုပ်တော်များနှင့် အစေခံမ အမည်ခံများ ပိုပိုပြီးများလာခဲ့သည်။

ထိုအချိန်တွင် ချင်ယောင်းသည်လည်း သည်လို မဟုတ်သေးပေ။ ကျန်းယွင်ကျူးရှေ့တွင် နည်နည်းပါးပါး ပြုံးသည်ကလွဲလျှင် သူမသည် ပုံမှန်ဆိုလျှင် အေးတိအေးစက်မျက်နှာထားတစ်ခု ဆောင်ထားလေသည်။

ကျန်းယွင်ကျူးသည် သည်လို နေရသည်က သူမအတွက် မကောင်းလာနိုင်ဟု ခံစားမိသဖြင့် သူမကို ကွာရှင်းနိုင်အောင် ခပ်ရေးရေး နားချခဲ့လေသည်။

အဲဒီတုန်းက ချင်ယောင်းက ဘယ်လိုပြန်ပြောခဲ့သလဲ။ ဒါက သူမရဲ့ကံပဲ။ သူမက ဒါကိုလက်ခံရမယ်လို့ ပြောခဲ့တယ်လေ။

မျှော်လင့်မထားဘဲနဲ့ ဒီတစ်ကြိမ်ကျတော့ သူမက ချင်ယောင်းကို ဒီနေရာမှာ တကယ်ပဲ လာတွေ့ဆုံခဲ့တယ်။ အခု သူမရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ပုံစံကို ကြည့်ပြီး နောက်ပိုင်းမှာ သူမ အဲလို ဘာကြောင့်ဖြစ်လာခဲ့တယ်ဆိုတာကို စဥ်းစားလို့မရဘူး။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ မိန်းကလေးက ပန်းချီကားကို မတွေ့ရသေးဘဲနဲ့တောင် ပန်းချီကားက လက်ရာကောင်းတယ်ဆိုတာ သိတယ်ပေါ့”

ချင်ယောင်းသည် တံခါးနားတွင် ရပ်နေပြီး ကျန်းယွင်ကျူးက သူမကို မျက်နှာမူကာ ပန်းချီကားကို ကြည့်နေလေသည်။ ချင်ယောင်းသည် ပန်းချီကား၏ကျောဖက်ကိုသာ မြင်နိုင်လေသည်။ ပန်းချီကောင်း တစ်ချပ်ဖြစ်မည်ဟု သူမက မည်သို့ပြောနိုင်ပါမည်နည်း။

ချင်ယောင်းသည် အနည်းငယ်ရှက်သွားသော်လည်း နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

“ ကျွန်မ ကောင်းတယ်ဆိုရင် ကောင်းတယ်ပေါ့၊ ဘယ်လောက်လဲ၊ ကျွန်မ လိုချင်တယ်”

ထို့နောက် သူမက ငွေ၂တုံးကို ထုတ်လာလိုက်သည်။ တစ်တုံးကို ၁၀လျန် တန်ဖိုးရှိလေသည်။ ငွေ၂တုံးသည် လျန်၂၀ ပင်။

ကျန်းယွင်ကျူးက ပန်းချီကားကို သိမ်းလိုက်ပြီး

“ ဒီပန်းချီကား အဲလောက် တန်ဖိုးရှိမှန်း ကျွန်မမသိခဲ့ဘူး၊ ဒီလိုဆိုတော့ ကျွန်မ ဒါကို မရောင်းနိုင်တော့ဘူး”

ဟုတ်တယ်လေ။ ချင်ယောင်းမှာ ပန်းချီကားကို ဝယ်ချင်တဲ့ တခြားရည်ရွယ်ချက် တော့ရှိရမယ်။

“ရှင်”

ချင်ယောင်းသည် ဒေါသကြောင့် ဖြူဆွတ်သွားပြီး လှည့်ကာ ထွက်ပြေးသွားတော့သည်။

ကျန်းယွင်ကျူးက တစ်လှမ်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ဆိုင်တံခါးနားတွင် ရပ်လိုင်လေသည်။ တစ်ဖက်လူ၏ကျောပြင်ကို ကြည့်နေရင်း သူမ၏အတွေးများက လှိုင်းထသွားတော့သည်။

သည်အချိန်တွင် လူတစ်ယောက်က ရုတ်တရက် ပြောလိုက်လေသည်။

“မင်းပဲ”

ကျန်းယွင်ကျုးက ဘယ်ဖက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် သခင်လေးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာသည် ပေါင်ဒါမှုန့်များ တင်ထားပုံရသည်။ သူသည် ခိုပြာရောင်ဘရိုကိတ် ဝတ်ရုံကို ဝတ်ထားသည်။ သူ့ကို မိန်းမလှလေးတစ်ယောက်ဟု ထင်ရစေပြီး ချောမောကာ ထိန်းမနိုင်သိမ်းရသူတစ်ယောက်ဟု မြင်ရစေလေသည်။

ကျန်းယွင်ကျူးက သည်လူကို မသိပေ။

လင်ယွိပိုင်သည် ယပ်တောင်ခတ်လိုက်ပြီး ကျန်းယွင်ကျူးကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ သူသည် သူမကို မှတ်မိသွားတော့သည်။ ထိုနေ့က ဝမ်ယွဲ့လိုတွင် သူ၊ လင်ထင်အန်းနှင့် တခြားသူများက အပေါ်ထပ်မှ ကြည့်နေပြီး သူမက မီးရှူးမီးပန်းများကို ရပ်ကြည့်နေသည်ကို မြင်ခဲ့ရသည်။

အခိုက်တန့်လေးဆိုသော်လည်း အားလုံးကို အံ့အားသင့်သွားစေဖို့ရာ လုံလောက်လေသည်။

နောက်ပိုင်းတွင် သူတို့သည် မိန်းမလှအကြောင်းကို ကဗျာစပ်ဆိုခဲ့ကြပြီး ထိုမိန်းကလေးက လူများ ဖမ်းမိနိုင်အောင် တဒင်္ဂအတွင်း ခံစားချက်ကောင်းတစ်ခုနှယ် ဖျတ်ခနဲ ပျောက်ကွယ်သွားပုံကို တမ်းတမ်းတတ ရေးစပ်ခဲ့ကြသည်။

ဟုတ်ပါတယ်။ အဲဒီကဗျာတွေကို တခြားသူတွေ စပ်ခဲ့တာပါ။ သူ့ဟာက... အဟွတ်။ ထားလိုက်ပါတော့လေ။

လင်ပိုင်ယွိသည် ကျန်းယွင်ကျူးကို သည်နေ့၌ ဝူလင်စီရင်စုမြို့လေးလို နေရာလေးတစ်ခုတွင် ပြန်တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“သခင်လေးက..ဘယ်သူ” ကျန်းယွင်ကျူးက မေးလိုက်၏။

“ကျွန်တော့်မျိုးရိုးနာမည်က လင် ပါ”

လင်ပိုင်ယွိက ကျန်းယွင်ကျူကို ထပ်ကြည့်လိုက်လေသည်။ သူ့မျက်လုံးများက သူမလက်ထဲက ပန်းချီကားဆီ ရောက်သွားပြီး ပြုံးကာ မေးလိုက်လေသည်။

“ ကျွန်တော် မိန်းကလေးလက်ထဲက ပန်းချီကားကို ကြည့်လို့ရမလား”

ကျန်းယွင်ကျူးက မျက်ခုံးပင့်လိုက်ပြီး

“ရပါတယ်”

ထိုသို့ပြောလိုက်ပြီး သူမက ပန်းချီကားကို ဖွင့်ကာ သူ့ကို ပြလိုက်လေသည်။

လင်ပိုင်ယွိသည် အပေါယံသာ ကြည့်လိုက်၏။ စကားတစ်လုံး နှစ်လုံးလောက် ချီးမွှမ်းချင်လိုက်သော်လည်း သူသ်ည သင့်တော်သည့် စကားလုံးများကို စဥ်းစားမရနိုင်ခဲ့ပေ။ နောက်ဆုံးတော့ သူ့က ယပ်တောင်ကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ ပန်းချီကားကောင်းတစ်ခုပဲ၊ ပန်းချီကားကောင်း တစ်ခုပဲ”

ဒီတော့ သူက သူမရဲ့ပန်းချီကားကို ဝယ်ချင်ပြန်ပြီလား။ ကျန်းယွင်ကျူးက ရယ်ချင်သွားတော့သည်။

“မိန်းကလေး ဒီပန်းချီကားကို ရောင်းပေးနိုင်မလား”

လင်ယွိပိုင်က သည်မေးခွန်းကို မေးလိုက်ချိန်တွင် ကျန်းယွင်ကျူးသည် နောက်ဆုံး၌ တခစ်ခစ် ရယ်မောလိုက်တော့သည်။

“ရောင်းဖို့အတွက် မဟုတ်ပါဘူးရှင်” သူမက ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။

လင်ယွိပိုင်သည် ဆို့နစ်သွားတော့သည်။ သူ့မျက်နှာလှလှလေးကို အနီရောင် ဆေးဆိုးပြီးသား ဖြစ်သွားလေသည်။ ၃လပိုင်း၏ မက်မွန်ပွင့်များကဲ့သို့ တင့်တယ်လှပေနေတော့သည်။

“ မိန်းကလေး မစဥ်းစားတော့ဘူးလား” လင်ယွိပိုင်က မေးလိုက်၏။

“မစဥ်းစားတော့ပါဘူး”

“မိန်းကလေး....”

လင်ယွိပိုင်က သူမကို မျက်လုံးမှိတ်ပြလိုက်ပြီး သူ့အင်္ကျီလက်ထဲက ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်လာခဲ့လေသည်။ ဒါက သူလုပ်နေကျ နည်းလမ်းလေ။ သူ့အမေဖြစ်ဖြစ်၊ သူ့အဒေါ်ဖြစ်ဖြစ်၊ ဖြတ်သွားဖြတ်လာ ဦးလေးတွေ အဒေါ်တွေပဲဖြစ်ဖြစ် သူတို့တွေက သူ့ကို ဒီလိုပုံစံနဲ့ တွေ့လိုက်ရရင် သူ့တောင်းဆိုချက်ကို လိုက်လျောရတော့တာပဲ။

လင်ယွိပိုင်၏မျက်လုံးမှိတ်ပြလိုက်ပုံက မက်မွန်ပွင့်ပေါင်း သုံးထောင်လောက် ငွားငွားစွင့်စွင့် ပွင့်ကာ လှပနေသည့်ကို ကျန်းယွင်ကျူးသည် ဝန်ခံရပါသည်။ ထို့အပြင် မျက်နှာလိုမျက်နှာရ လုပ်နိုင်သည့် ပြုစားတတ်သည့်ပုံစံလေးဖြစ်သည့်အပြင် ရှင်းသန့်သည့်မျက်လုံးများပိုင်ဆိုင်ထားသည့် ငယ်ရွယ်ကာ မခံချင်တတ်လွန်းသည့် အရိပ်အယောင်တစ်ခုလည်း ပါနေသည်။

ကျန်းယွင်ကျူးက သူကို နှစ်ခါထက်ပိုပြီး ကြည့်မိလိုက်တော့သည်။

လင်ယွိပိုင်သည် ကျောက်စိမ်းဆွဲပြားကို ကိုင်ထားပြီး ပန်းချီကားကို ဝယ်မည်ဟု ပြောတော့မည့်ဆဲဆဲ တွင် အေးစက်သည့် အလင်းရောင်တစ်ခုကြောင့် သူ့မှာ အေးခဲသွားတော့သည်။ သူသည် ဆိုင်ထဲမှ လျှောက်ထွက်လာသည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် ထက်ရှသည့်ဓားတစ်လက်၊ မတ်စောက်သည့်တောင်ထိန်၊ နိုင်လိုမင်းထက် စိုးမိုးနိုင်လွန်းသည့်မြ င်ကွင်းတစ်ခု ကဲသို့ပင်။ လူများကို အသက်ရှူကြပ်အောင် လုပ်နေတော့သည်။

လင်ယွိပိုင်သည် ချက်ချင်းဆိုသလို လိမ္မာသည့်ပုံစံဖြစ်လာပြီး သူ့အဖေကို တွေ့တုန်းကထက်ပင် ပိုပြီး ရိုကျိူုးနေလေသည်။

“မိန်းကလေး ခွင့်ပြုပါအုံး”

ထိုစကား ပြောလိုက်ပြီး သူသည် ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။

ကျန်းယွင်ကျူးသည် သူက ချင်ယောင်း ထွက်သွားသည့်ဘက်သို့ သွားလိုက်သည်ကို တွေ့လိုက်ရလေသည်။

“ဘာဖြစ်တာလဲ” ရှန်ဖုန်းမင်က မေးလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်သည်။ သူမလည်း ဒီအကြောင်းကို နားမလည်နိုင်တော့ပါဘူး။ ဪ ဟုတ်သားပဲ။ သူမ ဒီပန်းချီကားကို ရှန်ဖုန်းမင်ကို ပြရမယ်။

“ ဒီမှာ ကျွန်မ ဒါကို အခုလေးတင်ပဲ ဝယ်ခဲ့တာ၊ ဒီပန်းချီကားကို ဆိုင်ထဲမှာ ချိတ်ချင်လို့၊ ရှင်ဘယ်လိုထင်လဲ”

ရှန်ဖုန်းမင်က အပေါ်အောက် သေချာကြည့်လိုက်ပြီး

“ ပန်းချီကားက မဆိုးပါဘူး”

“ကျွန်မလည်း အဲလိုထင်တယ်”

“တကယ်တော့ ကျွန်တော်လည်း ဆွဲတတ်ပါတယ်”

ကျန်းယွင်ကျူး : ... သူက ပန်းချီဆွဲတတ်တယ်တဲ့လား။ အိမ်တော်ကြီးက လူကြီးမင်းက ပန်းချီတော့ ဆွဲတတ်သင့်တယ်မလား။

ရှန်ဖုန်းမင်၏ လက်ရေးလက်သားနှင့် ပန်းချီပညာကို တော်ဝင်ပညာရှင်ရှန် ကိုယ်တိုင် သင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပန်းချီကားများက အမှန်ပင် လက်ရာမြောက်လေသည်။ သူသည် ပန်းချီကို ကြာကြာမှ တစ်ခါလောက်သာဆွဲပြီး ဓားကိုသာ ခဏခဏ ကိုင်နေရခြင်း တစ်ခုသာဖြစ်သည်။

ဝယ်ပြီးသွားပြီပဲလေ။ ကျန်းယွင်ကျူးသည် သူ့ကို ထပ်ပြီး မနှောင့်ယှက်ချင်တော့ပေ။

...

အပိုင်း (၅၇) (ခ)

တတိယနေ့တွင် ကျန်းယွင်ကျူးက ဆိုင်မျက်နှာစာကို အလှဆင်ရန် လူများကို ညွှန်ကြားနေစဥ် ပန်းချီကားရောင်းသည့် လူငယ်လေးက ပြန်ရောက်လာခဲ့သည်။

“မိန်းကလေး ပြီးခဲ့တဲ့တစ်ခေါက်က မိန်းကလေး ပြောခဲ့တာလေ...” ရှဲ့ချန်က တွန့်ဆုတ်နေလေသည်။

“ ရှင် ကျွန်မကို ပုံစံလေး ဆွဲကူပေးလို့ရမလားဟင်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“မိန်းကလေးက ဘယ်လိုပုံစံမျိုးလိုချင်တာလဲ” ရှဲ့ချန်က မေးလိုက်၏။

“ ကျက်သရေရှိပြီး တင့်တယ်နေတဲ့ပုံစံမျိုးပေါ့”

ရှဲ့ချန်က ခေါင်းညိတ်လိုက်၏။

ကျန်းယွင်ကျူးက ထပ်မေးလိုက်လေသည်။

“ ပန်းကန်လုံး တစ်စုံ၊ ဟင်းရည်ထည့်တဲ့ပန်းကန်လုံးကြီးတစ်ခု၊ ပန်းကန်ပြားကြီး ၆ချပ်၊ ပန်းကန်ပြားငယ် ၆ချပ်၊ ပန်းကန်လုံး ၁၂လုံး နဲ့ အချဥ်ရည်တဲ့ပန်းကန်းသေးလေး ၁၂ ခု၊ ပုံစံငါးမျိုး ဆွဲပေးပါ၊ ဘယ်ေလောက် ကျမလဲ မသိဘူးနော်”

“ ငွေ ၁လျန်ဆို လောက်ပါပြီ” ရှဲ့ချန်က ပြန်ဖြေလိုက်လေသည်။

ကျန်းယွင်ကျူးကလည်း သင့်တော်သည်ဟု ထင်သည်။ မိုင်းတွင်းသည် လွန်ခဲ့သည့်နှစ်ရက်က ပြန်လည်ပတ်ခဲ့သည်။ သူမ၏ထမင်ဘူးလုပ်ငန်းကလည်း ပြန်စနေပြီ။ နေ့တိုင်း သူမသည် ငွေ၅လျန် ရနေသည်။ မျက်စိပသာဒဖြစ်စေသည့်အရာက ငွေ ၁ လျန် တန်သည်ဟု ခံစားမိလေသည်။

“ ကျွန်မတို့ ဒီလိုပဲ သတ်မှတ်လိုက်ကြမယ်၊ သခင်လေးက ဘယ်တော့ပြီးမှာလဲ၊ ကျွန်မအလုပ်အတွက် အရေးတကြီး လိုနေလို့”

ရှဲ့ချန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး

“မနက်ဖြန်ဆိုရင် အဆင်သင့်ဖြစ်ပါလိမ့်မယ်”

ကျန်းယွင်ကျူးက ငွေစလေးစတစ်ခု ထုတ်ကာ သူ့ကို လှမ်းပေးလိုက်လေသည်။

“ သခင်လေးအတွက် စရံငွေလို့ သတ်မှတ်လိုက်ပါ့မယ်”

ရှဲ့ချန်က ငွေကိုယူကာ ထွက်သွားလေသည်။

ကျန်းယွင်ကျူုးက အလုပ်ဆက်လုပ်လိုက်သည်။ ခဏအကြာတွင် မျက်နှာချင်းဆိုင် ဆိုင်ထဲတွင် ကြက်သွေးရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ တခြားလူ မဟုတ်ဘဲ ချင်ယောင်းပင်။

ကျန်းယွင်ကျူးက ရှဲ့ချန်ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်ပြီး ခန့်မှန်းမိလိုက်တော့သည်။

နောက်တစ်နေ့တွင် ရှဲ့ချန်က ပုံစံများကို လာပို့လေသည်။ ကျန်းယွင်ကျူးက ကြည့်လိုက်ပြီး အလွန်စိတ်ကျေနပ်သွားတော့သည်။ သူမသည် ကျန်သည့်ငွေအား သူ့ကို ရှင်းပေးလိုက်သည်။

ရှဲ့ချိန်က ထွက်သွားတော့မည် ပြင်လိုက်စဥ် ကျန်းယွင်ကျူးက ရုတ်တရက်ပြောလိုက်သည်။

“သခင်လေး ကျွန်မဆိုင်အသစ်က ဖွင့်တော့မှာ၊ ဆိုင်မှာ စာရင်းကိုင်တစ်ယောက်လိုတယ်၊ အားတဲ့အချိန်ကျရင် ကျွန်မကို လာကူပေးနိုင်မလား”

သည်တစ်ကြိမ်တွင် ရှဲ့ချန်သည် တွန့်ဆုတ်မနေတော့ချေ။

“ကျွန်တော် လုပ်ပေးပါမယ်”

“ တစ်လကို လျန်ငွေ၅ပြား”

လက်တိုလက်တောင်းအလုပ်သမား တစ်ယောက်လစာငွေထက် အနည်းငယ်မြင့်သည်။ နောက်ဆုံး ဒါသည် ဦးနှောက်ကို အလုပ်ပေးရသည့် အလုပ်ဖြစ်လေသည်။ သို့တိုင် အထူးတလည် အလုပ်များခြင်းတော့ မဟုတ်ပေ။ စာရင်း လုပ်ပေးရသည့်အလုပ်သည် နေ့တိုင်း လုပ်စရာမလိုပေ။ ရှဲ့ချန်တွင် အချိန်ရှိသ၍ ရက်အနည်းငယ်တိုင်း စာရင်းကို လာစစ်ပေးနိုင်လျှင် အဆင်ပြေသည်။

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် မိန်းကလေး” ရှဲ့ချန်က ပြန်ပြောလိုက်သည်။

ကျန်းယွင်းကျူးက ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ ဆိုင်ဖွင့်တဲ့အထိ စောင့်ပေးပြီးရင် ရှင် နောက်တစ်ခေါက် ထပ်လာခဲ့ပါ”

ရှဲ့ချန်က ပြန်သွားလိုက်သည်။

၂လပိုင်း ၆ရက်နေ့တွင် ဆိုင်ဖွင့်ရန် ရက်ကောင်းဖြစ်ပြီး သင့်တော်လေသည်။

ချီရှန်းကျွိသည် အသွင်သစ်တစ်ခု ဖြစ်သွားတော့သည်။ ကျန်းယွင်ကျူး၊ ကျန်းချိန်၊ အမျိုးသမီးချန်.... အဘိုးချန်တို့အပါအဝင် အားလုံးက အဝတ်အစားအသစ်များနှင့် ဆိုင်ဝင်ပေါက်တွင် ပြုံးရွှင်စွာ ရပ်နေကြသည်။

ဆိုင်သစ်ဖွင့်ပွဲအနေဖြင့် ကျန်းယွင်ကျူးက ကုယုံသယ်တို့ မိသားစု၊ အဒေါ်ကြီးဖုန်းတို့ မိသားစု၊ အာမခံဌာနခေါင်းဆောင်လီမိသားစု။ အမျိုးသမီးလျို၊ ဝမ်သယ် နှင့် တခြားလူများကို ဖိတ်လိုက်သည်။

အစက သူမသည် မင်္ဂလာပွဲကို ငြင်းဆိုထားသည့်အတွက် ကုမိသားစုက သူတို့ကို ရှောင်ကြဥ်နေမှာ စိုးမိခဲ့သေးသည်။ သို့သော် ကုယုံသယ်နှင့် အမျိုးသမီးလင်း တို့တင်မကဘဲ ကုယန်ကျိုးကလည်း သူ့သူငယ်ချင်းအဖွဲ့ကို ခေါ်လာပေးခဲ့သည်။ ဘယ်ဖက်ခြမ်းက ချက်ချင်းဆိုသလို စည်ကားသွားတော့သည်။

ညာဖက်ခြမ်းတွင်တော့ အာမခံဌာနခေါင်းလီက သူ့လူများကို ဦးဆောင်ကာ ထိုနေရာသို့ ခေါ်လာခဲ့သည်။ ထွားကြိုင်းသည့် ယောက်ျားများ အတန်းလိုက် ရှိနေသည်။ တော်တော်လေး အထင်ကြီးစရာကောင်းသည့် မြင်ကွင်းပင်။ ချီရှန်းကျွီကို စောင့်ကြည့်နေပြီး ဆိုင်ဖွင့်ပွဲကို စောင့်ကာ ငွေကုန်ခံပြီး ပြဿနာရှာချင်ကြသည့် ထိုလူယုတ်မာများသည် သည်အနေအထားကို တွေ့သွားပြီး တတ်နိုင်သမျှ ဝေးသည်ထက်ဝေးအောင် ထွက်သွားကြတော့သည်။

ကျန်းယွင်ကျူး၏မျက်နှာက အပြုံးများနှင့် ပြည့်နေလေသည်။ သူမက ဘယ်ညာ နှစ်ဖက်က လူတန်း ၂ ခုကိုကြည့်လိုက်၏။ ဘယ်ဖက်တွင် ပညာသင်များစွာရှိပြီး ညာဖက်တွင်တော့ သန်မာသည့်ယောက်ျားများ ရှိလေသည်။ ရှန်မင်းဆက်က ရွှေရောင်ခန်းမ၏ နှစ်ဖက်လုံးတွင် ရှိနေကြသည့် မင်းမှုထမ်းနှင့် စစ်မှုထမ်းများနှင့် အတော်ဆင်တူနေတော့သည်။

သူမသည် သည်အချိန်တွင် သည်လိုအတွေးမျိုး ဝင်လာသဖြင့် ရယ်ချင်သလိုဖြစ်သွားတော့သည်။ မီးရှူးမီးပန်းသံများက ထွက်လာသည်။ အချိန်ကျ လာပြီ။ ကျန်းယွင်ကျူးက သူမဘေးက လှေကားပေါ် တက်လိုက်ပြီး သူမလက်ထဲက အနီရောင်ပိုးစကို ဆွဲလိုက်လေသည်။ ‘ချီရှန်းကျွီ’ ဟူသည့် စာလုံးသုံးခု ပေါ်လာတော့သည်။

သည်အချိန်တွင် ဗုံမောင်းသံများ ထွက်လာခဲ့သည်။ ခြင်္သေ့အကအဖွဲ့ကလည်း တရုန်းရုန်း ဖြစ်နေလေသည်။

“ဂုဏ်ယူပါတယ်၊ ဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်”

“ မင်္ဂလာရှိတဲ့ ဖွင့်ပွဲနေ့လေးပါ”အားလုံးက အတူတူ ကျန်းယွင်ကျူးကို ဂုဏ်ပြုလိုက်လေသည်။

သည်အချိန်တွင် ကျောင်းတော်က ကျောင်းသားများကလည်း နေ့လယ်စာ အတန်းနားချိန်ဖြစ်လေသည်။ ကျောင်းသားတော်တော်များများက သည်နေရာက စိတ်လှုပ်ရှားစရာမြင်ကွင်းကို တွေ့သွားကြပြီး လာရောက် ကြည့်ရှုကြလေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် ဆိုင်းဘုတ်ပြားပေါ်က ‘ချီရှန်းကျွီ’ဟူသည် စာလုံးကြီးသုံးလုံးကို တွေ့လိုက်ကြသည်။ သည်စာလုံး သုံးလုံးသည် ဂိတ်တံခါးကိုဖြတ်လာသည့် မြောက်လေလို အေးစက်ပြီး၊ ထိုက်တောင်လို့ ခံ့ညားကာ ဖြောင့်မတ် မှန်ကန်ပြီး အားအင်များ ပြည့်နေသည်။

အားလုံးသည် ပညာသင်များဖြစ်လေရာ သူတို့သည် အကောင်း အဆိုးကို အလိုလိုသိကြပြီး စိတ်ထဲတွင် ချက်ချင်း ချီးကျူးလိုက်ကြလေသည်။ ကောင်းလိုက်တဲ့ လက်ရေး။ သူတို့ ဆရာတွေလာရင်တောင် လက်ခုပ်တီးပေးရုံပဲ တတ်နိုင်မှာ။

သည်လူများသည် ချက်ချင်း စိတ်ဝင်စားလာကြပြီး ဆိုင်နား ချဥ်းကပ်လာကာ ဆိုင်ကို သေသေချာချာ ကြည့်လိုက်လေသည်။

တချို့လူများက သည်နေရာသည် အရင်က လက်ရေးနှင့်ပန်းချီရေးပေးသည့် ဆိုင်တစ်ခုဖြစ်ခဲ့ကြောင်း မှတ်မိတေသည်။ တစ်ချိန်ကျတော့ စားသောက်ဆိုင်ဖြစ်သွားတယ်တဲ့လား။

စားသောက်ဆိုင်တစ်ခုနဲ့ တူပါတယ်။

ဆိုင်ကို အသစ်ပြန် အလှဆင်ထားပြီး ပြတင်းပေါက်တွေကို ဇကာကွက်အကောင်းစားနဲ့ အစားထိုးထားတဘ်။ သန့်ရှင်းနေတာပဲ။ စားသောက်ဆိုင်နဲ့မတူဘဲ လက်ဖက်ရည်ဆိုင်တစ်ခုနဲ့ တူနေတာပဲ။

မဟုတ်သေးဘူးလေ။ လက်ဖက်ရည်ဆိုင်တွေက အဲလောက် မသားနားပါဘူး။

ကျယ်ဝန်းစွာ ဖွင့်ထားသည့် ဆိုင်တံခါးကို ဖြတ်ပြီး အနောက်နံရံ အလယ်တွင် မိုင်ထောင်ချီ တောင်နှင့်မြစ်များ ပန်းချီကားကို ချိတ်ဆွဲထားသည်ကို တွေ့နိုင်လေသည်။ တောင်တွေနဲ့ မြစ်တွေကို လွှမ်းမိုးထားတယ်။ တော်တော်လေးကို သူရဲကောင်းဆန်ပြီး ကြီးကျယ်ခမ်းနားလိုက်တာ။ ဒီဆိုင် ရုတ်တရက်ကြီး ကွဲပြားသွားသလိုပဲ။

သားနားတဲ့ အလှဆင်ထားပုံကို မပြောနဲ့အုံး။ ခေတ်မီတဲ့ ထိုင်ခုံတွေ နဲ့ လက်ရာမြောက်တဲ့ ပန်းကန်ခွက်ယောက် တွေလည်း ရှိသေးတယ်။ ဒီစားသောက်ဆိုင်က သူတို့ဆိုင်ထဲမှာ နှင်းပန်းအိုးနှစ်လုံးနဲ့ တူတယ်။ ခေတ်မီပြီး ကျက်သရေရှိတယ်။ တန်ဖိုးကြီးပေမဲ့ မထောင်လွှားဘူး။

ဒါက သူတို့ သဘောကျတဲ့ပုံစံပဲ မဟုတ်လား။ အစားအသောက် အရသာနဲ့ စျေးနှုန်းကပဲ ဘယ်လိုရှိမှန်းသာ မသိတာ။

ပညာသင်များ လာနေသည်ကို တွေ့လိုက်သည်တွင် ကျန်းယွင်ကျူးက ကျန်းလင်ကို မျက်စိမှိတ်ပြလိုက်လေသည်။

ကျန်းလင်နှင့် တခြားသူများက ချက်ချင်း လက်ကမ်းစာစောင်များကို စတင်ဝေလိုက်လေသည်။

“အားလုံးပဲ တစ်ချက်လောက် ကြည့်ကြပါနော်၊ အချိန်ရှိရင် ကျွန်တော်တို့ဆီ လာလို့ရပါတယ်”

“ကျေးဇူးတင်ပါတယ်, ကျေးဇူးတင်ပါတယ်”

ကျန်းယွင်ကျူး၏ လက်ကမ်းစာစောင်အားလုံးသည် လက်ရေးဖြင့် ရေးထားခြင်းဖြစ်လေသည်။ စာရွက် အပေါ်ဆုံးတွင် ချီရှန်းကျွီ နာမည်ကို ရေးထားသည်။ အောက်တွင်တော့ ဆိုင်၏ဟင်းအမည်တချို့ကို ရေးထားသည်။

အဆွဲဆောင်ဆုံးတစ်ခုမှ မာပိုတိုဟူးဖြစ်လေသည်။ တစ်ပွဲမှ ၆ဝမ် သာကျသည်။

စျေးချိုလိုက်တာ။ အားလုံးက ဟင်းပွဲများ၏ စျေးနှုန်းကို မြင်သွားချိန်တွင် မှင်တက် အံ့ဩသွားကြတော့သည်။ ဟင်းပွဲစျေးနှုန်းတွေက ဒီလောက်ကောင်းတဲ့ဆိုင်မှာ အဲလောက် စျေးချိုရသလား။

အမှန်တွင်တော့ တခြားဟင်းများက စျေးမချိုပေ။ ဒါသည် ဆိုင်၏အစားအသောက်များက စျေးချိုသည်ဟု ထင်သွားစေနိုင်သည် စျေးကွက်နည်းပရိယာယ်တစ်ခု ဖြစ်လေသည်။

သည်အချိန်တွင် အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများသည် ဆိုင်ထဲသို့ ရောက်နှင့်နေကြပြီး နေရာယူလိုက်ကြသည်။ အနောက်ဖက်မီးဖိုးဆောင်သည် ချက်ချင်းဆိုသလို အလုပ်များသွားပြီး - ကြော်လှော်၊ မီးကင်ပြီး ဆီနှစ်ကြော်ရသည်နှင့် အလုပ်များနေကြသည်။ ရနံ့မျိုးစုံက လူများ၏ နှာခေါင်းထဲသို့ တိုးဝင်သွားကြကာ လူများ၏ စားလိုစိတ်ကို ဆွဲထုတ်ချင်နေကြသည့်နှယ်။

လူတချို့က ဗိုက်ဆာလာပြီး သည်းမခံနိုင်တော့ပေ။ သူတို့သည် ဆိုင်ထဲ ချက်ချင်းဝင်သွားတော့သည်။

ကျောင်းတော်ထဲက ကျောင်းသားများ အကြောင်းပြောရလျှင် သူတို့သည် စီရင်စုထဲက အထူးခြားဆုံးလူအုပ်စု ဖြစ်လေသည်။ သာမန်လူများ၏ ကလေးများသည် သည်နေရာတွင် ရောက်နေကြပြီး စီရင်စုထဲက အချမ်းသာဆုံး မိသားစုမှ ကလေးများကလည်း သည်နေရာတွင်ပင်။ ခြုံပြောရလျှင် သည်ကျောင်းသားများ၏လက်ထဲတွင် ငွေရှိလေသည်။ နောက်ဆုံး စာလေ့လာခြင်းက ကုန်ကျစားရိတ်များသည့် ကိစ္စတစ်ခုပင်။

စားသောက်ဆိုင်ထဲက ထိုင်ခုံများသည့် တခြားစားသောက်ဆိုင်က ထိုင်ခုံများနှင့် မတူပေ။ တခြား စားသောက်ဆိုင်များတွင် သီးသန့်ခန်းများ သို့မဟုတ် ဧည့်ခန်းမတစ်ခုဖြစ်လေသည်။ ချီရှန်းကျွီကသာ သားနားသည့် လိုက်ကာငယ်လေးများနှင့် သီးခြားနေရာများဖြစ်အောင် ခွဲထားလေသည်။ တော်တော်လေး အဆင်ပြေလှသည်။

သူတို့သည် ထိုင်လိုက်ကြသည်။ သည်နေ့ လတ်လတ်ဆတ်ဆတ် ဟင်းနှစ်မျိုးရှိလေသည်။ ငါးတံခွန်ပဲနှစ်နှင့် ရေဘဝဲအစပ်ဟင်း ဖြစ်သည်။

တချို့က သည်ဟင်းနှစ်မျိုးကို မှာကြသည်။ သူ့မြင်ကွင်းထဲ ဝင်လာသည့်အရာက ပန်းပွင့်များ ကြွေကျနေသည့်နှယ် နှင်းဖြူရောင် ကြွေပန်းကန်ပေါ်တွင် ရေးဆွဲထားသည့် နူးညံ့လှသည့် ဇီဇဝါပန်းများနှင့် အလယ်တွင် ရွှမ်းစိုကာနူးညံ့လှသည့် ငါးအသားတုံးများ ရှိနေသည်။ အားလုံးကို သေသပ်စွာ စီစဥ်ထားသည်။ ပန်ကန်းပြားရှေ့တွင် အလှဆင်ထားသည့် မုန်လာဥဖြူ ပန်းပွင့်များ ရှိနေပြီး ဟင်းပွဲကို ပိုပြီးလှပအောင် ပြုလုပ်ပေးနေသည်။

ဒီစားသောက်ဆိုင်က ဟင်းပွဲတွေက အခြေခံအားဖြင့် ဒီလိုပုံစံပဲ။ ကြည့်လိုက်တာနဲ့ လူတွေရဲ့ လက်ချောင်းကို ယားယံသွားပြီး လှုပ်လှုပ်ရှားရှားနဲ့ စားချင်လာတော့တယ်...

ပဲနှစ် ငါးတံခွန်ပါးစပ်အပြည့် တစ်လုတ်။ အရိုးတွေက ကျွပ်ရွပြီး အသားက နူးအိနေတာပဲ။ အရည်ရွှမ်းပြီး နူးညံ့လိုက်တဲ့အသား။ အရင်က တခါမှ မမြည်းဖူးတဲ့ ယူမာမီအရသာတစ်ခု ရှိနေတယ်။

နောက်ပြီး ရေဘဝဲအစပ်ဟင်း။ အဲဒီရေဘဝဲက နည်းနည်း ထူးဆန်းတဲ့ပုံဆိုပေမဲ့ စားလိုက်ရင်တော့ အထိအတွေ့က တထုတ်ထုတ်နဲ့ ယူမာမီအရသာက စွဲလောက်တယ်။

ဟုတ်တာပေါ့။ မာပိုတိုဟူးက အားလုံးရဲ့ အမှာအများဆုံး ဟင်းလျာပဲ။

ဒီဟင်းက စျေးချိုတယ်ဆိုပေမဲ့ ပြီးပြည့်စုံနေအောင် ချက်ထားတာနော်။ အစပ်အရသာတစ်ခုပါတယ်။ တခြားဆိုင်တွေမှာ ၁၀ယွမ်ပိုပေးပြီး ဝယ်စားရတဲ့ဟာထက် အဆတစ်ရာလောက် အရသာရှိတာ။

ထပ်ပြောရမယ်ဆိုရင် ဒီစားသောက်ဆိုင်ရဲ့ ဆန်မှုန့်ဝက်သားပေါင်း၊ ကြက်ကုန်းဘောင်၊ တုန်းဖိုဝက်သား နဲ့ သက်သက်လွတ် မုန်လာထုပ်ကြော်။ ကြိုက်တာ မှာလို့ရတယ်။ အရသာမရှိဘူးဆိုပြီး မစားချင်တဲ့ ဟင်းပွဲမရှိဘူး။ အားလုံးကို အရသာထိပ်တန်းဖြစ်ောင် လုပ်ထားပေးတယ်။

“ပေါင်ဖူလိုက ဒီနေရာလောက်တောင် အရသာမရှိဘူး” လူတစ်ယောက်က ချီးကျူးလိုက်လေသည်။

“ဟုတ်တယ်၊ ပေါင်ဖူလိုအကြောင်း မပြောနဲ့၊ ငါ မြို့တော်ကို ရောက်ဖူးတယ်၊ မြို့တော်က ဟင်းပွဲတွေကတောင် ဒီနေရာလောက်မကောင်းဘူးလို့ ထင်တယ်”

“ သူတို့ရဲ့စားသောက်ဆိုင်နာမည်ကလည်း စိတ်ဝင်စားစရာပဲ၊ ချီရှန်းကျွီတဲ့၊ တောင်ပေါ်မှာ နေထိုင်ပြီး မိုးသံကို နားထောင်ရင်း စာအုပ်ထောင်ချီဖတ်မယ်၊ အဲဒီအဓိပ္ပာယ်ပဲ”

“ နာမည်အကြောင်း ပြောတော့ အပြင်ဘက်က ဆိုင်းဘုတ်ပေါ်က စာလုံးသုံးလုံးကလည်း သေသေချာချာကို ရေးထားတာပဲ၊ ဘယ်သူ ရေးပေးထားတာလဲ မသိဘူး”

...

လူအများစုက စိတ်ထဲတွင် သည်ဆိုင်ကို ချက်ချင်းမှတ်ထားလိုက်ကြပြီး နောက်တစ်ခါ သူတို့မိဘများကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်ကြလေသည်။

ငွေရှင်းဖို့ အချိန်ရောက်သောအခါ သည်ဆိုင်တွင် စရံငွေ ၁၀လျန် အနည်းဆုံး သွင်းထားနိုင်ကြောင်း သူတို့ကို အသိပေးလိုက်လေသည်။ သူတို့သည် ဆိုင်၏အဖွဲ့ဝင် ဖြစ်လာလိမ့်မည်။ နောက်ပိုင်း သူတို့ လာစားသည့်အချိန်တိုင်း သူတို့သည် ၂%လျှော့စျေးတစ်ခု ရမည်။ သူတို့သည် လျန်၅၀% စရံငွေ သွင်းထားလျှင်၅% လျှော့စျေးရနိုင်သည်။

တချို့လူများက အဖွဲ့ထဲတွင် အစေခံများ ရှိကြသည်။ သူတို့သည် တစ်နပ်စာအတွက် လျန်ငွေအများအပြားသုံးနိုင်လေသည်။ သူတို့က ငွေကို လုံးဝဂရုမစိုက်ပေ။ သူတို့က သည်အဖွဲ့ဝင်ပုံစံက စိတ်ဝင်စားစရာကောင်းသည်ဟု မြင်ပြီး လျန်၅၀ စရံငွေသွင်းလိုက်ကြသည်။

တချို့လူများက သူတို့အသုံးစားရိတ်ကို ချွေတာရသည်။ သူတို့သည် နောက်ပိုင်းတွင်လည်း သည်စားသောက်ဆိုင်တွင် သေချာပေါက် လာစားမည်ကို စဥ်းလိုက်ပြီး အရင်ဆုံးငွေကို စရံလုပ်ထားသည်က ပိုကောင်းမည်ဟု ထင်ကြလေသည်။ ဤနည်းအားဖြင့် သူတို့သည် တစ်နပ်စာအတွက် ငွေနည်းနည်းပါးပါး ချွေတာနိုင်လိမ့်မည်။ ထို့ကြောင့် သူတို့က ၁၀လျန် စရံ သွင်းထားလိုက်ကြလေသည်။

ဟုတ်ပါသည်။ စရံငွေ မသွင်းကြသူများလည်း အများအပြားရှိပေသည်။

သို့တိုင် ဒါသည် ဖွင့်ပွဲပထမရက်သာ ရှိသေးလေသည်။

All Chapters