← Chapters

မင်းသမီးရှန်းယွမ်

Vol. 2 Ch. 11

မင်းသမီးရှန်းယွမ်

Vol. 2 Ch. 11

ခရိုင်ရုံးတော်ဘေးက စံအိမ်တော်ဝယ် မီးရောင်များ ထိန်ထိန်လင်းလျက်ရှိသည်။

ထိုစံအိမ်မှာ ညကင်းလှည့်တပ်ဖွဲ့၏ ရုံးတော်တဖြစ်လဲ အနားယူရာဌာနဖြစ်သည်။ ညကင်းလှည့်တပ်ဖွဲ့သည် ၎င်းတို့၏ တာဝန်လုပ်ငန်းများ တိုးချဲ့များပြားလာချိန်မှစ၍ နယ်မြေနှင့်ခရိုင်အသီးသီးတို့တွင် သီးသန့်ရုံးတော်အိမ်ရာများကို အခြေချတည်ဆောက်ခဲ့ကြခြင်းပင်။

အချို့သောကျေးရွာများတွင်ပင် ယာယီရုံးခန်းများ ထားရှိထားသေးသည်။

ဧည့်ခန်းထဲတွင် သံမဏိနွားသည် အမှုတွဲလျှောက်လွှာအထပ်များကိုကြည့်ရင်း သက်ပြင်းချမိ၏။

"ကောင်းလိုက်တာ၊ လာတုန်းကတော့ မိစ္ဆာဖမ်းဖို့သက်သက်ပဲ။ အခုတော့ နောက်ထပ် မိုးနီအမှုတစ်ခု ရုတ်တရတ်ပေါ်လာပြန်ပြီ။ ကြိုများသိခဲ့ရင် ဒီလိုရှုပ်ထွေးတဲ့ကိစ္စထဲ ဝင်ပါနေမှာမဟုတ်ဘူး။ ကျားဖြူဌာနကကောင်တွေကိုပဲ ဖြေရှင်းခိုင်းလိုက်မှာပေါ့"

"အထက်ကအမိန့်လေ၊ မင်းအာခံရဲလို့လား"

ကောကန်းက ငေါက်လိုက်သည်။

အနားတွင် မုန်လာဥနီတစ်လုံးကိုက်ဝါးနေသော ယုန်မလေးမုန့်က ပလုတ်ပလောင်းဖြင့်ပြောလာသည်။

"ဒါပေမဲ့ သူတို့အစတုန်းက လိပ်နက်ဌာနကို စုံစမ်းပေးဖို့သွားပြောခဲ့သေးတယ်မဟုတ်လား။ ဟိုကငြင်းလွှတ်လိုက်လို့လား"

"အကောင်ကြီးကြီး အဖေတစ်ယောက်ရှိထားတော့ အထက်အမိန့်လည်း အာခံရဲတာပေါ့ကွာ"

သံမဏိနွားက ခပ်မဲ့မဲ့ပြောသည်။

လိပ်နက်ဌာနမှ စစ်ဆေးရေးမှူးလီတုန်းဟိုင်၏ အထက်ဖားအောက်ဖိ မျက်နှာရူးကြီးကို ပြေးမြင်လိုက်မိချိန်တွင် သံမဏိမှာ လက်သီးများပင်ယားသွားရသည်။

"ဒါပေမဲ့ အစ်မလိန်က..."

"ကဲ အဓိပ္ပာယ်မရှိတာတွေ တော်တော့"

လိန်ရှင်းနန်က ယုန်မလေးကိုမုန့်ကို တစ်ချက်စိုက်ကြည့်ကာ အေးစက်စက်ဆိုသည်။

"ဒီအထိလည်းရောက်နေပြီဆိုမှာတော့ သေသေချာချာ စုံစမ်းသွားလိုက်ကြတာပေါ့"

"ဟမ့် ငါတို့ငှက်နီဌာနကလူတွေပဲ အနိုင်ကျင့်ရလွယ်နေသလားမသိပါဘူး"

ယုန်မလေးမုန့်မှာ သွားဖြူဖြူလေးများဖြင့် မုန်လာဥနီတစ်ကိုက်ကိုက်ရင်း မကျေမနပ်ရေရွတ်မိသည်။

ခမ်းနားထည်ဝါလှသော စနေနှစ်ခိုင်သည်ပင် ဒေါသကြောင့်တုန်ယင်နေလျက်။

သံမဏိနွားက ဒေါသထွက်ထွက်ဖြင့် စားပွဲကိုရိုက်ချလိုက်သည်။

"ကျွန်တော်တကယ်နားမလည်တာ။ တိမ်တိုက်မြို့တော်မှာ မိစ္ဆာပေါ်လာတုန်းကလည်း ကျွန်တော်တို့စုံစမ်းဖြေရှင်းရမဲ့ကိစ္စကို အထက်လူကြီးတွေက ကျားဖြူဌာနကို ဝင်စွက်ဖက်ခိုင်းသေးတယ်မဟုတ်လား။ အဲ့ဒါရော ဘာဆိုင်လို့လဲ"

"အခုဆို လက်ဝက်ကျော်တောင်ကြာပြီ မိစ္ဆာကိုခုထိမဖမ်းနိုင်ကြသေးဘူး။ မိစ္ဆာက တုန်းချီခရိုင်အထိပြေးပြီး လူသတ်မှုတွေကျူးလွန်ပြီးနေပြီ။ အခြေအနေက ဒီလောက်ထိန်းမရဖြစ်နေမှာတော့ နောက်ဆုံး ကျွန်တော်တို့လက်ထဲပဲ ပြန်ရောက်လာဦးမယ်ထင်တယ်။ အစ်မလိန်ရာ တကယ်ပဲ အဲ့ဒီအထက်လူကြီးတွေက ဘာဖြစ်ချင်နေကြတာလဲဗျာ"

"ဘာဖြစ်ချင်ရမှာလဲ။ ငါတို့ ငှက်နီဌာနက ဒီနှစ်ပိုင်းတွေမှာ အရမ်းထင်ပေါ်နေလို့ ငါတို့ကိုနှိပ်ကွပ်ဖို့ကြိုးစားချင်တာ နေမှာပေါ့"

ကောကန်းက ထရပ်လိုက်ပြီး လိန်ရှင်းနန်နှင့် ယုန်မလေးမုန့်ဖို့ လက်ဖက်ရည်ငှဲ့ပေးရင်း သံမဏိ တကူးတကမြှောက်ပေးသော လက်ဖက်ရည်ခွက်ကိုတော့ တမင်တကာချန်လှပ်ထားခဲ့ပြီး မျက်ဆန်လှန်ပြလိုက်သည်။

ကောကန်း၏စကားက ကျိုးကြောင်းဆီလျော်သည်တော့ အမှန်ပင်။

ညကင်းလှည့်တပ်ဖွဲ့ကို ဌာနကြီးလေးခုအဖြစ် ခွဲခြားထားသည်။ နဂါးပြာ၊ ကျားဖြူ၊ လိပ်နက်နှင့် ငှက်နီဟူ၍ပင်။

ခြုံငုံသုံးသပ်ရလျှင် အင်အားအကောင်းဆုံးဖြစ်သော နဂါးပြာဌာနကို ဖယ်ထားရလျှင် လုပ်ဆောင်ချက်ပိုင်း၌ ကျားဖြူဌာနက များသောအားဖြင့် မျက်နှာပန်းလှလေ့ရှိပြီး အထက်လူကြီးများထံမှ အထူးအလေးပေးခံရလေ့ရှိသည်။

သို့ပေသည့် လိန်ရှင်းနန်တစ်ယောက် ငှက်နီဌာနကိုစရောက်လာပြီး စုံစမ်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဥ်ကတည်းက သူမသည် ပေးအပ်သမျှတာဝန်တိုင်းကို စွမ်းစွမ်းတမံထူးချွန်စွာ ထမ်းရွက်ပြခဲ့သောကြောင့် ညကင်းလှည့်တပ်ဖွဲ့၏ အရင်းအမြစ်များမှာလည်း အသုံးတည့်သူဆီသာ တဖြည်းဖြည်းတိမ်းစောင်းလာခဲ့ရာ ယခင်ဦးဆောင်သူ နဂါးပြာဌာနထံမှပင် မလိုတမာအရိပ်အယောင်များ ပြသလာခဲ့သည်အထိ။ အခြားဌာနမှ လုပ်ဖော်ကိုင်ဖက်များလည်း မနာလိုဖြစ်ကြမည် မလွဲမသွေပင်။

ထို့အပြင် လိန်ရှင်းနန်၏ တည့်တိုးဆန်သော အကျင့်စရိုက်ကြောင့် လူအများစုမှာ သူမနှင့်ဆက်ဆံပြောဆိုပြီးတိုင်း စိတ်ဆိုးဒေါပွလျက်သာ ကျန်ရစ်ရတတ်၏။

ဤသို့ဖြင့် မသမာစိတ်ထားရှိသူတို့၏ ပေါ်ပေါ်ထင်ထင် သို့မဟုတ် တိတ်တဆိတ် လှုပ်ရှားနှောင့်ယှက်မှုများကြောင့် ငှက်နီဌာနလည်း တစ်နည်းမဟုတ်တစ်နည်းဖြင့် နှိပ်ကွပ်ခံလာရတော့သည်။

လိန်ရှင်းနန်က ကောကန်း၏စကားကို တုံ့ပြန်မနေတော့ဘဲ အမှုကိစ္စဆီသို့ စကားပြန်လှည့်လိုက်သည်။

"လောလောဆယ်တော့ လင်ကျောင်ယွဲ့နဲ့ တခြားလူတွေကို တိုက်ခိုက်ခဲ့တဲ့ မိစ္ဆာက ယွင်မြို့တော်က မိစ္ဆာနဲ့ တစ်ကောင်တည်းလားဆိုတာကို ငါတို့ အတည်မပြုနိုင်သေးဘူး။ ဒါ့အပြင် လင်ကျောင်ယွဲ့နဲ့ ဝမ်ယင်းယင်းတို့က အိပ်မက်ဆိုးရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးတာဆိုတော့ ဒီအမှုက တော်တော်လေးရှုပ်ထွေးနေပြီ"

"မိစ္ဆာကိုဖမ်းဆီးဖို့ကိုလည်း ဆက်လုပ်ရမှာဆိုပေမဲ့ အရေးအကြီးဆုံးကတော့ အဲ့ဒီမိုးနီရဲ့ရင်းမြစ်ကို အရင်စုံစမ်းဖို့ပဲ။ ဒါမှ မိုးနီရေတွေထပ်မပြန့်ဖို့ ငါတို့ကာကွယ်တိုင်မှာ"

"ဆိုင်းယွင်နဲ့ ဆိုင်းယွဲ့တို့ ညီအစ်မနှစ်ယောက်ကို လင်မိသားစုအိမ်တော်ထဲ တိတ်တဆိတ်ရှာဖွေဖို့နဲ့ လင်ကျောက်ယွဲ့ကိုစောင့်ကြပ်ဖို့ မှာထားပြီးပြီ။ ခရိုင်ရုံးတော်ကလည်း သဲလွန်စတွေကို စုဆောင်းနေတယ်။ အကယ်၍ ဒီမှာ မိုးနီအရောင်းအဝယ်တွေ တကယ်ရှိနေမယ်ဆိုရင်တော့ ဒါက အကြီးပိုင်းတစ်ယောက်ယောက်နဲ့ သေချာပေါက်ပက်သက်နေပြီ"

"ယုန်မလေး၊ ချူဟုန်တောင်ပေါ် လူတစ်စုခေါ်သွားပြီး မိစ္ဆာအကြောင်းစုံစမ်းထားလိုက်။ သေချာဂရုစိုက်ဖို့လိုမယ်နော်။ မိစ္ဆာအကြောင်း သဲလွန်စတစ်ခုခုရှာတွေ့တာနဲ့ အလျင်စလိုလိုက်ဖို့မစဥ်းစားနဲ့။ အရင်ဆုံး ငါတို့ကိုအကြောင်းကြားရမယ်။ အကယ်၍ မိစ္ဆာကမင်းတို့ကို အရင်တွေ့သွားမယ်ဆိုရင်လည်း ချက်ချင်းပြန်ဆုတ်လာခဲ့ကြ"

"စိတ်မပူနဲ့ အစ်မလိန်။ ကျွန်မကအရမ်းသန်မာတယ်လေ"

ယုန်မလေးမုန့်၏ ကြည်လင်ချိုသာသောအသံလေးမှာ ယုံကြည်မှုအပြည့်ဖြင့် တက်ကြွလန်းဆန်းနေခဲ့သည်။

ရင်ဘတ်ကိုပင် အားပါပါပုတ်ပြလိုက်သေးသည့်အတွက် ဧဝရတ်တောင်ကြီးမှာ ပြုတ်ကျတော့မယောင် ယိမ်းခါပြီးမှ နေရာတကျ ပြန်လည်ငြိမ်သက်သွားသည်။

"မဆင်မခြင် မလုပ်နဲ့နော်"

လိန်ရှင်းနန်က အလေးအနက် မှာကြားနေသည်။

"ဟုတ်ကဲ့ပါရှင်။"

ထို့နောက် မိန်းကလေးသည် ယုန်လေးတစ်ကောင်လို ချစ်စရာကောင်းသော ရှေ့သွားလေးများဖြင့် နှုတ်ခမ်းကိုကိုက်လိုက်ပြီး မကျေမနပ်ဖြင့် မုန်လာဥနီကိုထုတ်ကာ ဆက်စားနေလိုက်တော့သည်။

လိန်ရှင်းနန်က ကောကန်းကို တစ်ချက်လှမ်းကြည့်သည်။

"ဝမ်ကျင်းအာရဲ့ရုပ်အလောင်းကို တစ်ခေါက်ပြန်စစ်ကြည့်ပြီးပြီလား"

"စစ်ပြီးပါပြီခင်ဗျ"

မှုခင်းစစ်ဆေးမှုများတွင် အတွေ့အကြုံရှိသူဖြစ်သော ကောကန်းက ခါးသီးစွာဆိုသည်။

"ဒီအဖြစ်က အရမ်းရက်စက်လွန်းတယ်။ အလောင်းက ယွင်မြို့တော်က မိစ္ဆာကြောင့်ဖြစ်ခဲ့တဲ့ လူသတ်မှုလိုပဲ အပိုင်းပိုင်းအတစ်တစ် ဖြစ်နေတယ်။ တခြားတွေးနေစရာတောင်မလိုတော့ဘူး။ သေချာပေါက် အဲဒီမိစ္ဆာပဲဖြစ်ရမယ်"

"တောက်၊ အစောကတည်းက အဲ့ဒီမိစ္ဆာကို ငါတို့ငှက်နီဌာနကိုပဲ လက်လွှဲပေးခဲ့လိုက်ရမှာ"

သံမဏိနွားမှာ အထက်လူကြီးများ၏ဆုံးဖြတ်ချက်အပေါ် ယခုထိတိုင် နာကျည်းနေဆဲဖြစ်ဟန်ပင်။

နုနယ်ပျိုရွယ်သော မိန်းမငယ်လေးတစ်ဦး မရှုမလှအဆုံးသတ်ခဲ့ရပုံကို တွေးလိုက်မိရုံနှင့် ဒေါသကိုမထိန်းနိုင်ဖြစ်ကာ သူထရပ်လိုက်မိသည်။

"ကျုပ်ကတော့ ဒါတွေအားလုံးကို အငြိမ်းစားဧကရာဇ်မင်းရဲ့—"

"သံမဏိနွား"

လိန်ရှင်းနန်က ရုတ်ချည်းမော့ကြည့်လာကာ ထိုမျက်လုံးများထဲတွင် အေးခဲမှတ်ထိကျဆင်းနေသော သတိပေးအကြည့်တစ်ခုပါရှိ၏။

သံမဏိမျက်နှာ ချက်ချင်းနီရဲကာ မကျေမနပ်ဖြင့် ပြန်ထိုင်ချလိုက်ရတော့သည်။

သံမဏိနွား၏စကားထဲမှ အငြိမ်းစားဧကရာဇ်ဆိုသည်မှာ နှစ်ယောက်မရှိသော တာ့ကျန့်မင်းဆက်၏ ခုနစ်ယောက်မြောက်ပြည့်ရှင်ဘုရင်ဖြစ်သည့် ထျန်းဝူဧကရာဇ် ပိုင်ယောင်ချွမ်ပင် ဖြစ်သည်။

ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုဟု သတ်မှတ်လျှင်လည်း မမှားသည့် ဘုရင်တစ်ပါးပင်။

ယခင်ဧကရာဇ်ကြီး ရုတ်တရတ်ကွယ်လွန်သွားချိန်တွင် အသက်၁၆နှစ်အရွယ်မှာပင် ထီးနန်းကို အလျင်စလိုဆက်ခံခဲ့ရပြီး ထျန်းဝူဟူသောခေတ်အမည်ကို ခေါ်တွင်စေခဲ့သူ။

နန်းစံကာလ အစောပိုင်းများတွင် တာ့ကျန်းမင်းဆက်၌ ဘုရင်ငယ်မှာ ညီလာခံတွင်း အမတ်များလောက်ပင် အင်အားနောက်ခံမရှိခဲ့သော အခြေအနေဖြစ်ခဲ့သည်။ ဘုရင်ချမှတ်သော မူဝါဒများမှာ အကြိမ်ကြိမ်ပယ်ချခံခဲ့ရပြီး တော်ဝင်အမိန့်တော်ဟုအမည်ခံသော ဘုရင့်နှုတ်ထွက်စကားများမှာလည်း အတွင်းဝင်ရုံးကိုပင် ဖြတ်ကျော်မလာနိုင်ခဲ့ချိန်များ ရှိခဲ့ပေသည်။

ဤသို့ စိတ်ကျဥ်းကျပ်စရာ အခြေအနေများကြားတွင်ပင် ငယ်ရွယ်သော ထျန်းဝူဧကရာဇ်အသစ်စက်စက်လေး ပိုင်ယောင်ချွမ်သည် လုံးဝမလျှော့မပေးလိုခဲ့။ စိတ်ရှည်ဖြည်းညင်းစွာပင် အစီအစဥ်များ တစ်ခုပြီးတစ်ခုချမှတ်ပြီး အင်အားကြီးမှူးမတ်များကို တစ်ယောက်ပြီးတစ်ယောက်လွှမ်းမိုးကာ ညီလာခံတစ်ခုလုံးအား လက်ဝယ်အုပ်စီးထိန်းချုပ်လာနိုင်ခဲ့သည်။

အာဏာကို အပြည့်အဝရရှိခဲ့ပြီးနောက်ပိုင်း ထျန်းဝူဧကရာဇ်သည် နန်းတွင်းရှိ မတူကွဲပြားသော အုပ်စုအမျိုးမျိုးကို မျှတအောင်ထိန်းညှိသည့် မူဝါဒကို ကျင့်သုံးခဲ့သည်။

တစ်ချိန်တည်းမှာပင် အတွင်းဝန်ရုံးနှင့် ဆွေးနွေးတိုင်ပင်ရင်း ပြည်သူပြည်သားတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒစည်းမျဥ်းများစွာ အသစ်တင်သွင်းချမှတ်နိုင်ခဲ့သည်။

သူသည် မြောက်ပိုင်းလူရိုင်းများကို တိုက်ထုတ်ရန်အတွက် စစ်မြေပြင်သို့ပင် ကိုယ်တိုင် ဦးဆောင်ချီတက်ခဲ့သည်။

စနစ်တကျ အုပ်ချုပ်မှုအောက်တွင် ဆုတ်ယုတ်စပြုနေသော တာ့ကျန်းမင်းဆက်မှာ တဖြည်းဖြည်း ပြန်လည်နိုးထသက်ဝင်လာခဲ့သည်။

သို့ပေသည့် မိုးနီဖြစ်ရပ်အပြီးတွင်တော့ အရာအားလုံး တစ်ဖန်ပြန်လည်ပြောင်းလဲခဲ့ရလေသည်။

All Chapters