← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

"ယောက်ျားတစ်ယောက် ရှာပါ" လော့ချန်းချိုးက ထပ်မံ ပြောကြားလိုက်ပြီး စိတ်ရှည်စွာ ရှင်းပြလိုက်သည် ။ "ရှင်က မြူစွန်းအရိုး နက်ရှိုင်းသောယင်ဓာတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ရှင့်မှာ ယင်သုံးပါးဓာတ်တွေ အလွန်အမင်း များပြားနေတယ်။ အထူးသဖြင့် ရှင်က ငါးပါးဓာတ် ရေကျင့်စဉ်ကို လေ့ကျင့်နေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဟန်ချက်ညီဖို့ ပိုခက်ခဲလာတယ်။ အကယ်၍ ရှင့်မှာ ယောက်ျားတစ်ယောက်ရှိရင်တော့"

"တခြားနည်းလမ်း ရှိသေးလား" လိန်ရှင်းနန်၏

မျက်နှာထားမှာ အေးစက်သွားပြီး သူမ၏ စကားကို ဖြတ်ပြောလိုက်သည် ။

သူမ၏ အမူအရာမှာ အနည်းငယ် မသင့်တော်ကြောင်း သတိပြုမိသွား၍ထင် သူမက လေသံကို ပြန်လျှော့လိုက်ပြီး ပြောလိုက်သည် ။ "တောင်းပန်ပါတယ် သမားတော်လော့။ ရှင်ပြောတဲ့ နည်းလမ်းကို ကျွန်မ ထည့်မစဉ်းစားပါဘူး။ အကယ်၍ ဆေးသောက်တာက တကယ်ပဲ တစ်ခုတည်းသော နည်းလမ်းဆိုရင်တော့ ကျွန်မ ဆေးသောက်ပါ့မယ်"

လော့ချန်းချိုးမှာ သူမ ငြင်းဆိုလိမ့်မည်ကို ကြိုတင်သိထားသည့်အလား အနည်းငယ် ပြုံးလိုက်သည်။ "နှိပ်နယ်တဲ့ နည်းလမ်းကိုလည်း သုံးလို့ရပါတယ်"

"အဲဒါလည်း ရတာပဲလား" လိန်ရှင်းနန်မှာ ဇဝေဇဝါ ဖြစ်သွားသည် ။

လော့ချန်းချိုးက ခေါင်းညိတ်လိုက်သည်။ "ရပါတယ် ဒါပေမဲ့ အနည်းငယ်တော့ ပိုပြီး အလုပ်ရှုပ်လိမ့်မယ်။ ရှင်နှစ်ရက်ကို တစ်ခါလောက် ဒီကို လာဖို့ လိုမယ်။ ကျွန်မက အပြင်ဘက်ကနေ ဆေးအုံပြီးတော့ ရှင့်ရဲ့ သွေးကြောတွေနဲ့ အပ်စိုက်မှတ်တွေကို နှိပ်နယ်ပေးမယ် ဒါက ပြန်လည်ထိန်းညှိပေးတဲ့ အာနိသင်ရှိတယ်။ တကယ်လို့ ရှင့်မှာ နှိပ်နယ်တာကို ကျွမ်းကျင်တဲ့ အမျိုးသမီး လက်အောက်ငယ်သားရှိရင်လည်း အိမ်မှာပဲ သူမကို ကူညီခိုင်းလို့ရပါတယ်"

"နားလည်ပါပြီ" လိန်ရှင်းနန်က သူမ၏ ထူထဲသော မျက်တောင်များကို အောက်သို့ချကာ စတင် စဉ်းစားလိုက်သည် ။

သူမနှင့် အနီးကပ်ဆုံး အမျိုးသမီး လက်အောက်ငယ်သားများမှာ ယုန်မလေးမုန့်နှင့် အမြွှာညီအစ်မနှစ်ဖော်ဖြစ်သော ချိုင်ယွင်နှင့် ယွဲ့ယောင်တို့ ဖြစ်ကြသည် ။ ထိုသုံးဦးကို သူမအား နှိပ်နယ်ပေးရန် ခိုင်းခြင်းမှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ။ အထူးသဖြင့် ထိုယုန်မလေးမုန့်ဖြစ်သည် ။ သူမက နှိပ်နယ်ပေးရင်း တစ်ဝက်လောက်မှာတင် သွားရည်တွေကျပြီး အိပ်ပျော်သွားလိမ့်မည်မှာ သေချာသည် ။

ကြည့်ရတာ ပရော်ဖက်ရှင်နယ် သမားတော်ဖြစ်သော လော့ချန်းချိုးကိုသာ အားကိုးရတော့မည့်ပုံပင် ။

လော့ချန်းချိုးက ဆက်ပြောသည် ။ "ဒါပေမဲ့ ဒါက ရောဂါလက္ခဏာကိုပဲ ကုသပေးတာပါ အရင်းအမြစ်ကိုတော့ မဟုတ်ဘူး။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင်တော့ ထျန်းရှန်းငါးပါးဓာတ်ရဲ့ မီးဓာတ်ကျင့်စဉ်ကို လေ့ကျင့်တာက အကောင်းဆုံးပဲ။ အဲဒါတွေက တစ်ခုနဲ့တစ်ခု ဖြည့်ဆည်းပေးမှာဖြစ်ပြီး ရှင့်ကို ရေခဲနဲ့ မီးလျှံ နှစ်ထပ်ကမ္ဘာ ကျင့်ကြံမှုအဆင့်ကို ရောက်ရှိစေလိမ့်မယ်"

"ဒါ့အပြင်" အမျိုးသမီးက ခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်သည် ။ "နောက်ပိုင်း ရှင့်မှာ ခင်ပွန်းရှိလာတဲ့အခါမှာလည်း အတူနေတဲ့အချိန်မှာ ဇနီးမောင်နှံနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး သဟဇာတဖြစ်စေလိမ့်မယ်"

"ခင်ပွန်းဆိုတဲ့ အပိုင်းကိုတော့ မေ့လိုက်ပါ။ ကျွန်မ ဒီဘဝမှာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိဘူး အဲဒါကို စိတ်လည်း မဝင်စားဘူး"

လိန်ရှင်းနန်သည် အမျိုးသားနှင့် အမျိုးသမီးကြားက ကိစ္စများကို စိတ်မဝင်စားကြောင်း ထင်ရှားလှသည် ။

လော့ချန်းချိုးက ထိုအချစ်ရေးကိစ္စများကို ဆက်လက်ပြောဆိုနေမည်ကို စိုးရိမ်သဖြင့် လိန်ရှင်းနန်က အလျင်အမြန်ပင် စကားလမ်းကြောင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်သည် ။ "သမားတော်လော့ ရှင်က ဟိုင်လင်စီရင်စုကနေ ဒီကို ပြောင်းလာတာလို့ ကြားတယ်နော်"

"ဟုတ်ပါတယ်"

"အဲဒီကနေ ဒီအထိ ဘာလို့ ပြောင်းလာတာလဲ" လိန်ရှင်းနန်က သိချင်စိတ်ဖြင့် မေးလိုက်သည် ။

လော့ချန်းချိုးက အနည်းငယ် ပြုံးလိုက်သည် ။ ဆီမီးခွက်အောက်တွင် သူမ၏ သွယ်လျသော ကိုယ်ဟန်မှာ နူးညံ့ပြီး လှပနေကာ သူမ၏ အသံမှာလည်း ချိုသာလှသည် ။ "ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့်ပါ"

"ကိုယ်ရေးကိုယ်တာ ကိစ္စလား" လိန်ရှင်းနန်၏ အလုပ်သဘောအရ အလေ့အကျင့်မှာ ပေါ်ပေါက်လာပြီး သူမက မသိလိုက်စွာပင် စတင်မေးမြန်းလိုက်သည် ။ "ဘယ်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးလဲ"

သို့သော် ထိုအမျိုးသမီးက ချက်ချင်းပင် သူမ၏ မသင့်လျော်မှုကို သတိပြုမိသွားကာ စကားလမ်းကြောင်းကို လီနန်ခယ်ထံသို့ ပြန်လည် လွှဲလိုက်သည် ။ "ရှင်တို့ လက်ထပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ"

"ကျွန်မတို့ လက်မထပ်ရသေးပါဘူး"

"ရှင်.." လိန်ရှင်းနန်မှာ ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်သည် ။

လော့ချန်းချိုးက အေးချမ်းစွာ ပြုံးလိုက်သည် ။ "ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို လူကြီးတွေက စီစဉ်ပေးခဲ့တာပါ။ ကျွန်မတို့ လက်ထပ်ပွဲကို တရားဝင် မကျင်းပရသေးသလို မင်္ဂလာဦးညလည်း မရှိခဲ့ဖူးသေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ဇနီးမောင်နှံဖြစ်ဖို့ ကံပါလာတဲ့သူတွေဆိုတော့ ဒီလိုပဲ ခေါ်ဝေါ်နေကြတာပါ"

"အော် အဲဒီလိုလား" လိန်ရှင်းနန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည် ။

ဒီလောက် ချောမောပြီး နူးညံ့တဲ့ အနာဂတ်ခင်ပွန်း ရှိတာကို တခြားအမျိုးသမီးဆိုရင် ကျေနပ်နေမှာပဲ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ ပျော်ရွှင်နေပုံမရဘူးဟု သူမက တွေးလိုက်မိသည် ။ အမှန်တကယ်ပင် တစ်ခါတစ်ရံတွင် လူသားတို့၏ နှလုံးသားမှာ နားလည်ရ အခက်ဆုံးအရာပင် ။

လိန်ရှင်းနန်က သူမကို သတိပေးလိုက်သည် ။ "ရှင့်ခင်ပွန်းလို အမျိုးအစားမျိုးက အပြင်က အမျိုးသမီးငယ်တွေကြားမှာ အရမ်း ရေပန်းစားတတ်တယ်။ အမြန်ဆုံး တရားဝင် လက်ထပ်လိုက်တာက ပိုကောင်းလိမ့်မယ်"

လော့ချန်းချိုးက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေသည် ။

ကုသမှုအတွက် ကျေးဇူးတင်သောကြောင့်လား သို့မဟုတ် ဤတွေ့ဆုံမှုလေးက လော့ချန်းချိုးအပေါ် မရှင်းပြနိုင်သော အထင်ကြီးမှုကို ပေးခဲ့သောကြောင့်လားမသိ လိန်ရှင်းနန်က ခေတ္တမျှ စဉ်းစားပြီး ထပ်ပြောလိုက်သည် ။ "အကယ်၍ သူက နောင်မှာလည်း အစိုးရအရာရှိတွေအတွက် ဆက်ပြီး အလုပ်လုပ်နေမယ်ဆိုရင် ကျွန်မ သူ့ကို သေချာ စောင့်ကြည့်ပေးပါ့မယ်"

"အမျိုးသားတွေကို စောင့်ကြည့်လို့ မရပါဘူး" လော့ချန်းချိုးက သူမ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည် ။

လိန်ရှင်းနန်က မျက်ခုံးတစ်ဖက်ကို မြှောက်လိုက်သည် ။ "အဲဒါတော့ မသေချာဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဒီမှာရှိနေသရွေ့တော့ ဘယ်မြေခွေးမကိုမှ ရှင်တို့ရဲ့ ဇနီးမောင်နှံ ဆက်ဆံရေးကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး"

...အခန်းထဲမှ ထွက်လာသောအခါ လိန်ရှင်းနန်သည် လီနန်ခယ်က ရေကန်ဘေးတွင် ထိုင်ရင်း လရောင်ခံနေသည်ကို မြင်လိုက်ရသည် ။

ထိုအမျိုးသား၏ အပြာရောင်ဝတ်စုံမှာ လေထဲတွင် အနည်းငယ် လွင့်ပျံနေသည် ။ နူးညံ့သော လရောင်အောက်တွင် အလင်းနှင့် အရိပ်တို့၏ ထင်ရှားသော ခြားနားမှုကြောင့် သူ၏ မျက်နှာသွင်ပြင်မှာ ပို၍ပင် ပေါ်လွင်နေကာ မြင့်မြတ်ပြီး ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါရှိပုံရသည် ။

သူ၏ ရင်ခွင်ထဲတွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အမွှေးအတောင်များရှိသည့် ငန်းမမကြီး ရှိနေခြင်းကလည်း ထိုမြင်ကွင်းကို ပို၍ ထူးခြားစေသည် ။

"ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်" အရာရှိမင်းလိန်က ထိုအမျိုးသားထံသို့ ချဉ်းကပ်သွားပြီး ပြောလိုက်သည် ။

အကယ်၍ လီနန်ခယ်သာ သေဆုံးသူ၏ ပုံမှန်မဟုတ်မှုကို အချိန်မီ မတွေ့ရှိခဲ့ပါက ဘေးဒုက္ခတစ်ခုမှာ ရှောင်လွှဲ၍ ရလိမ့်မည် မဟုတ်ပေ ။

"ဒါက ကျွန်တော့်အလုပ်ပဲလေ" လီနန်ခယ်က ပြုံးလိုက်သည် ။

ထိုအမျိုးသား၏ ပေါ့ပေါ့ပါးပါး အမူအရာကြောင့် သူသည် လျစ်လျူရှုခံလိုက်ရသဖြင့် စိတ်ဆိုးနေသည်ဟု အမျိုးသမီးက မှားယွင်းစွာ တွေးမိသွားကာ သူမက ဦးဆောင်၍ ရှင်းပြလိုက်သည် ။

"ဒီနေ့ ကျွန်မ စိတ်ဖိစီးနေတာနဲ့ ရှင့်ကို ကျေးဇူးတင်ဖို့ မေ့သွားတာပါ။ နောက်ပိုင်းမှာ ခရိုင်ဝန်မင်းဆီကနေ ရှင့်အတွက် ဂုဏ်ပြုဆုတောင်းပေးပါ့မယ်။ သင့်တော်မယ်ဆိုရင် ရှင့်အတွက် ပိုကောင်းတဲ့ ရာထူးတစ်ခု ရှာပေးဖို့လည်း ကျွန်မ သူ့ကို အကြံပြုပေးပါ့မယ်"

"မလိုပါဘူး မှုခင်းသမားတော် ဖြစ်ရတာကလည်း အတော်လေး ကောင်းပါတယ်" လီနန်ခယ်က အလျင်အမြန် လက်ဝှေ့ယမ်း ငြင်းဆိုလိုက်ပြီးနောက် မေးလိုက်သည် ။ "အရာရှိမင်းရဲ့ ကျန်းမာရေးကော အဆင်ပြေရဲ့လား"

တုန်းချီခရိုင်တွင် ဤမျှ ကြီးမားသော အမှုတစ်ခု ဖြစ်ပွားနေသော်လည်း သူမက ဆေးကုရန် အချိန်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အခြေအနေမှာ အလွန်ပင် ပြင်းထန်နေကြောင်း သိသာသည် ။

"အဆင်ပြေပါတယ်" လိန်ရှင်းနန်က သူမ၏ နူးညံ့သော ဆံနွယ်စများကို နားနောက်သို့ သပ်လိုက်ပြီး ရေကန်ထဲက ရေများကို သူမ၏ လှပသော မျက်လုံးများဖြင့် ငေးကြည့်နေသည် ။

နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည် ။

တစ်ဖက်လူက ပြန်ထွက်သွားရန် ဆန္ဒမရှိသည်ကို မြင်သောအခါ လီနန်ခယ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။ "သင်္ချိုင်းလူသား ဟယ်ချင်းယွီကို ရှာတွေ့ပြီလား"

"မတွေ့သေးဘူး" လိန်ရှင်းနန်က ညင်သာစွာ ခေါင်းခါပြလိုက်သည် ။ "ရှာဖွေရေးအတွက် လူအင်အား ပိုစေလွှတ်ပေးဖို့ ခေါင်းဆောင်ဆီကို သတင်းပို့ထားပြီးပြီ။ တုန်းချီခရိုင်ကို အခု ပိတ်ဆို့ထားပေမဲ့ သင်္ချိုင်းလူသား ဟယ်ချင်းယွီက မြို့ထဲကနေ ထွက်သွားမှာကိုတော့ စိုးရိမ်မိတယ်"

"သူ ထွက်သွားမှာ မဟုတ်ပါဘူး။ သူက တုန်းချီခရိုင်ထဲမှာပဲ ရှိနေတုန်းပဲ" လီနန်ခယ်က ပြောသည် ။

လိန်ရှင်းနန်က မျက်မှောင်ကြုတ်လိုက်သည် ။ "ရှင်က ဘယ်လိုသိတာလဲ"

"ခန့်မှန်းကြည့်တာပါ" ချောမောသော လူငယ်လေးက ပုခုံးတွန့်ပြလိုက်သည် ။

လိန်ရှင်းနန်က သူ၏ အကြည့်ကို ဆုံလိုက်ပြီး ယနေ့နံနက်က သူ အလောင်းစစ်ဆေးခဲ့သော မြင်ကွင်းကို ပြန်လည် အမှတ်ရကာ ရုတ်တရက် မေးလိုက်သည် ။ "သခင်မလေးလင် တိုက်ခိုက်ခံရတဲ့ ကိစ္စကို ရှင် သိလား"

လီနန်ခယ်၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး သူက ခေါင်းညိတ်လိုက်သည် ။

"သိတာပေါ့။ ရှစ်လပိုင်း လေးရက်နေ့က သခင်မလေးလင်နဲ့ သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဝမ်ရင်ရင်နဲ့ ဝမ်ကျင်းအားတို့က ဆွေ့ဟုန်တောင်ပေါ်မှာ လည်ပတ်နေတုန်း မိစ္ဆာတစ်ကောင်နဲ့ တွေ့ခဲ့တာလေ။ အဲ့ဒီမိစ္ဆာက တိမ်တိုက်မြို့တော်မှာ တစ်ခါ ပေါ်ခဲ့ဖူးပြီး ညကင်းလှည့်တပ်ဖွဲ့က ဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ လွတ်သွားခဲ့တယ်လို့ ကြားတယ်"

ထိုသို့ပြောရင်း သူ၏ ရှေ့မှ အလှပဂေးမှာ တိမ်တိုက်မြို့တော် ညကင်းလှည့်တပ်ဖွဲ့မှ အရာရှိတစ်ဦး ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် လီနန်ခယ်က ထပ်ပြောလိုက်သည် ။ "ကြည့်ရတာ အဲ့ဒီမိစ္ဆာက အရမ်း အစွမ်းထက်ပုံရတယ်။ မြို့တော်က ညကင်းလှည့်တပ်ဖွဲ့က ကျွမ်းကျင်သူတွေတောင် ဖမ်းနိုင်မှာ မဟုတ်ဘူး"

လိန်ရှင်းနန်က ကျောက်ခုံပေါ်တွင် ထိုင်လိုက်သည် ။ "ကျွန်မ ပြောတာက သခင်မလေးလင် အိပ်မက်ဆိုးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာကို ပြောတာပါ"

"အိပ်မက်ဆိုး ဟုတ်လား" ထိုအမျိုးသားမှာ အံ့ဩသွားပုံရသည် ။

သူ၏ မျက်နှာထက်မှ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ လိန်ရှင်းနန်က တည်ငြိမ်စွာ ပြောလိုက်သည် ။ "ရှင်က မှုခင်းသမားတော်တစ်ယောက်ဆိုတော့ မသိတာက ပုံမှန်ပါပဲ။ သခင်မလေးလင်က သူမရဲ့ အစားအသောက်ထဲမှာ မိုးနီဆေး ခပ်ခံခဲ့ရတာကြောင့် မိုးနီအိပ်မက်ကမ္ဘာထဲကို ရောက်သွားပြီး အိပ်မက်ဆိုးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ"

လီနန်ခယ်က လျှာသပ်လိုက်သည် ။ "အဲ့ဒီလို ကိစ္စမျိုး ရှိတာလား။ သခင်မလေးလင် အဆင်ပြေရဲ့လား။ အော် ဟုတ်သားပဲ အရာရှိမင်းလိန်တို့ ရှိနေတာဆိုတော့ သူမ အဆင်ပြေမှာပါ"

"သူမ အဆင်ပြေပါတယ် ဒါပေမဲ့ သူမကို ကယ်ခဲ့တာ ကျွန်မတို့ မဟုတ်ဘူး" လိန်ရှင်းနန်၏ လေသံမှာ အေးစက်နေသည် ။

လီနန်ခယ်က ဆက်လက်၍ လူအေးကြီး လုပ်နေသည် ။ "ခင်ဗျားတို့ မဟုတ်ဘူးလား။ ဒါဆို ဘယ်သူက သူမကို ကယ်ခဲ့တာလဲ—"

"အဲ့ဒါက ရှင့်အလုပ် မဟုတ်ပါဘူး" လိန်ရှင်းနန်သည် ဤအကြောင်းကို သူနှင့် ဆက်လက် ဆွေးနွေးလိုပုံမရသဖြင့် စကားလမ်းကြောင်းကို ပြောင်းလိုက်သည် ။ "ဒီနေ့ ကျွန်မ ဘာလို့ ဟယ်ချင်းယွီရဲ့ အိမ်ကို သွားခဲ့လဲဆိုတာ ရှင်သိလား"

"မသိပါဘူး" လီနန်ခယ်က ခေါင်းခါပြလိုက်သည် ။

အရာရှိမင်းလိန်သည် အရေးကြီးသော သဲလွန်စတစ်ခုကို ပြောပြလိုက်သည် ။ "လင်ကျောက်ယွဲ့ မိစ္ဆာရဲ့ တိုက်ခိုက်ခြင်း ခံရပြီးနောက်ပိုင်း တစ်ညမှာ ဟယ်ချင်းယွီက တံတိုင်းကို ကျော်ပြီး လင်အိမ်တော်ထဲကို ကျူးကျော် ဝင်ရောက်ခဲ့တယ်"

"မိုးနီကို သူက ခပ်ခဲ့တာလား" လီနန်ခယ်၏ အကြည့်များက ထက်ရှသွားသည် ။

All Chapters