အခန်း (၄၃၁-၄၃၂)
Vol. 33 Ch. 431-432
Htet Paing:
အပိုင်း(၄၃၁)
အသန်မာဆုံးပုဂ္ဂိုလ်
“မင်းဒီဘ၀မှာ ဘာလုပ်ချင်တာလဲ” ကျန့်ရှီ ကုအန်ကိုစိတ်၀င်တစားကြည့်ကာ ပြောလိုက်သည်။
သူသည် ပြန်လည်မွေးဖွားခြင်းကို အကြိမ်များစွာဖြတ်သန်းခဲ့ပြီး တုနှိုင်းမဲ့သောတည်ရှိမှုများစွာ ဖြစ်လာခဲ့ပြီးနောက် ဘ၀တွင်ဘာလုပ်ရမလဲဆိုသည့် ဦးတည်ချက် ပျောက်ဆုံးလာခဲ့သည်။
သူသည် သက်ရှိအားလံုးဧ။် ကိုးကွယ်ခံ ကယ်တင်ရှင်တစ်ယောက်ဖြစ်ခဲ့ဖူးသလို ကမ္ဘာဖျက် မိစ္ဆာဘုရင်တစ်ယောက်လည်းဖြစ်ခဲ့ဖူးပြီး သေမျိုးတစ်ယောက်လိုပင် နေထိုင်ခဲ့ဖူးသေး၏။
သူ၏ ပြန်လည်မွေးဖွားခြင်းဘ၀အရေအတွက် တိုးပွားလာသည်နှင့်အမျှ သူ့စိတ်ရှုပ်ထွေးမှုကလည်း ပိုမိုကြီးမားလာခဲ့ပြီး ထို့ကြောင့်လည်း သူ့မူလမှတ်ညဏ်များအပြည့်အ၀မနိုးထသေးခင်မှာပင် သူသည် ဦးတည်ရာကိုရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ကုအန် ဖြေလိုက်သည်။
“ပန်းပင်တွေစိုက်မယ် အပင်တွေပျိုးမယ် မိတ်ဆွေတွေ တပည့်တွေနဲ့ နေ့တိုင်း စကားပြောမယ် ကျားကစားမယ် တကယ်လို့ကျွန်တော့်ဘ၀တစ်ခုလုံးကိုသာ ဒီလိုနေသွားနိုင်ခဲ့ရင် ကျွန်တော်လုံး၀ကျေနပ်ပါပြီ”
ကျန့်ရှီ အံ့အားသင့်သွားကာ မေးလိုက်သည်။
“ဒါဆို မင်းရဲ့အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေရတဲ့ ရည်ရွယ်ချက်ကဘာလဲ”
ထိုမေးခွန်းကိုကြားသောအခါ ကုအန် သူ့ကို စိတ်ရှုပ်ထွေးဟန်ဖြင့်ပြန်ကြည့်လိုက်ပြီး မေးလိုက်၏။
“အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရတဲ့ရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေကို ကျေနပ်နိုင်စေဖို့ပဲ မဟုတ်လား အခုကျွန်တော့်မှာ ကျွန်တော်လိုချင်တာတွေရှိနေပြီပဲ ဘာလို့ ကျင့်ကြံခြင်းကို ဆက်လျှောက်လှမ်းနေသင့်တာလဲ လက်ရှိကျွန်ဝောာ့်ကျင့်ကြံတာက ပိုသန်မာလာဖို့မဟုတ်ဘူး လက်ရှ်ိဘ၀မျိုးကို ပိုခံစားနိုင်ဖို့ ပိုအသက်ရှည်ရှည်နေနိုင်ဖို့ပဲ”
ကုအန်စကားလုံးများကို တွေးတောရင်း ကျန့်ရှီ၏အမူအရာသိသိသာသာပြောင်းလဲသွားခဲ့လေသည်။
ကျင့်ကြံခြင်းလော သက်တမ်းလော။ မည်သည့်အရာက ပိုအရေးကြီးပါသနည်း။
အသက်ရှည်ဖို့က ဘယ်လောက်ခက်ခဲမှန်း သူသိပေသည်။ လူပေါင်းများစွာသည် နှစ်ထောင်ချီနေခဲ့ရသော်လည်း သူတို့သက်တမ်းများကို ကျင့်ကြံခြင်းတွင်သာ အကုန်ခံခဲ့ကြခြင်းဖြစ်ပြီး စစ်မှန်သောပျော်ရွှင်မှု ရခဲ့သည့်အချိန်မှာ သေမျိုးတစ်ယောက်လောက်ပင် မရှ်ိခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကုအန်က သူ့ကိုတွေးစရာလမ်းကြောင်းအသစ် ချပေးခဲ့သည်။
ပြန်လည်မွေးဖွားခြင်းတွင် လူတစ်ယောက်သည် မဖြစ်မနေ ဘယ်လိုလူဖြစ်လာရမလဲဟု လိုအပ်ခြင်းမဟုတ်ဘဲ ဘ၀ပေါင်းများစွာကို တွေ့ကြုံခံစားရမည့် အကြောင်းကိစ္စမျိုးလည်း ဖြစ်နေနိုင်ပေသည်။
ကုအန်ကို ပြန်ကြည့်လိုက်မိပြီး ကုအန်တွင် အချို့လွတ်ငြိမ်းရာအမတမျိုးပင် မပိုင်ဆိုင်သော သာလွန်သည့်အရည်အချင်းတစ်မျိုးရှိနေသည်ဟု ကျန်းရှီ ခံစားလိုက်ရ၏။
ကုအန်၏ အတွေးအခေါ်များနှင့် သူ့အရှိန်အဝါကို ပေါင်းစပ်လိုက်သောအခါ ကုအန်၏ပုံရိပ်က ကျန့်ရှီနှလုံးသားထဲတွင် ပို၍ မြင့်တက်သွားခဲ့သည်။
ကျန့်ရှီ၏ ကုအန်အပေါ် အကြည့်များ ပြောင်းလဲသွားခဲ့ပြီး ကုအန်ဘ၀၏ပျော်စရာအကြောင်းများကိုပင် သူသိချင်သွားခဲ့သည်။
ကုအန် ဘာကိုမှဖုံးကွယ်မထားဘဲ ဆက်ပြီးပြောပြနေခဲ့၏။
အကြောင်းအရာများက သာမန် နေ့စဉ်ဒူ၀ကြုံတွေ့ရသည့် ကိစ္စများသာ ဖြစ်သော်လည်း သူပြန်ပြောပြသောအခါတွင်သာ သာမန်မဟုတ်သလို ဖြစ်နေခဲ့လေသည်။
နွားရိုင်းမိစ္ဆာဘုရင်နှင့် စိတ်ဝိညာဉ်ကြွက်ဖြူ စကားများကြသည့် ကိစ္စမျိုးကပင် ကျန့်ရှီကို ရယ်မောသွားစေခဲ့၏။
စကားဝိုင်းတွင် များသောအားဖြင့် ကုအန်ကပြောသူဖြစ်ပြီး ကျန့်ရှီက နားထောင်သူသာ ဖြစ်နေပြီး ကုအန်ပြောနေရင်း ကျန်းရှီ၏ ကမ္မကိုလည်း တွက်ချက်နေခဲ့သည်။
သူကျန့်ရှီနှင့် ပိုပြီးဆက်ဆံလေလေ သူပိုပြီးတွက်ချက်နိုင်လေလေဖြစ်ပြီး ကျန်းရှီ၏အတိတ်ကိုပင် ချောင်းကြည့်နိုင်လာခဲ့၏။
သူမြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသည်။
ကျန့်ရှီကတော့ ကုအန် သူ့ကံကြမ္မာကို တွက်ချက်နေသည်ကို သတိမထားမိခဲ့ပေ။ တကယ်တော့ သူကလည်း ကုအန်ကိုတွက်ချက်နေခြင်းသာ ဖြစ်၏။
တခဏအကြာတွင်
ကုအန်ပြောပြီးသောအခါ ကျန့်ရှီ မှတ်ချက်ပြုလိုက်သည်။
“သာမန်ဘ၀မှာလည်း အဓိပ္ပာယ်အနှစ်သာရကို ရှာတွေ့နိုင်တယ် အရာရာတိုင်းမှာ အဓိပ္ပာယ်ဆိုတာရှိနေပြီးတော့ တာအိုနဲ့သဘာ၀ကို ကျင့်ကြံခြင်းဆိုတာက တကယ်တော့ ကမ္ဘာကြီးရဲ့ ရှုထောင့်ပေါင်းစုံကို တွေ့ကြုံခံစားခြင်းပါပဲ”
ကုအန် ထိုအခွင့်အရေးကိုယူကာ မေးလိုက်၏။
“မိတ်ဆွေက ကျွန်တော့်အတိတ်ဘ၀အကြောင်း သိတယ်ဆိုရင် မိတ်ဆွေမှာလည်း အတိတ်တစ်ခုရှိတယ်လို့ ဆိုလိုနေတယ်မဟုတ်လား နောက်ဆုံးတော့…”
နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံးက ဝိညာဉ်အခြေတည်အဆင့်များသာ ဖြစ်ကြပေသည်။
ကျန့်ရှီခေါင်းညိတ်ပြလိုက်၏။
“တကယ်တော့ ငါ့မှာလည်းအတိတ်ဘ၀တစ်ခု ရှိပါတယ်”
သူတို့အနားရှိ စားပွဲမှ အမျိုးသားကျင့်ကြံသူတစ်ယောက် မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို မျက်လုံးမှိတ်ပြလိုက်သည်။
ကုအန်နှင့်ကျန့်ရှီက အကြီးကြီးတွေ ကြွားဝါပြောဆိုနေသောကြောင့် အနီးရှိလူတိုင်း သူတို့ဘာပြောမလဲဆိုတာ စိတ်၀င်စားလာခဲ့ကြ၏။
ကုအန်မေးလိုက်သည်။
“ဘာလို့ ကျွန်တော်တို့ ပြန်လည်မွေးဖွားတာလဲ မိတ်ဆွေပြောခဲ့သလိုပဲ ကျွန်တော်တို့က အရမ်းသန်မာနေရမယ်မဟုတ်လား ကျွန်တော်တို့ ဒဏ်ရာရခဲ့ကြလို့လား”
“မဟုတ်ဘူး ပြောင်းပြန်ပဲ ငါတို့က ပိုမြင့်တဲ့အဆင့်တွေကို စိန်ခေါ်ဖို့ ပြန်လည်မွေးဖွားခဲ့ကြတာ အဲ့တာက ပြန်လည်မွေးဖွားခြင်းကပ်ဘေးပဲ အဲ့ဒီစက်ဝိုင်းထဲမှာ လူတစ်ယောက်က သူ့ရဲ့တာအိုကိုထုဆစ်ရပြီးတော့ လုံး၀နားလည်သွားခဲ့ရင် ကောင်းကင်ကိုးဆင့်အထက်ကို တက်လှမ်းနိုင်ပြီးတော့ စစ်မှန်နဲ့အမတကျင့်ကြံခြင်းလမ်းစဉ်ပေါ် ခြေချနိုင်လိမ့်မယ်” ကျန်းရှီ ပြန်ပြောလိုက်သည်။ သူ သူ့အသံကို တမင်မနှိမ့်ဘဲ ပြောခဲ့ပြီး အနားရှိလူများ ကြားသွားမည်ကိုလည်း မကြောက်ရွံ့ခဲ့ပေ။
ကုအန် စိတ်၀င်တစားမေးလိုက်၏။
“လူတစ်ယောက်က ပြန်လည်မွေးဖွားခြင်းကို ဘယ်နှစ်ကြိမ်ကြုံတွေ့ရတာလဲ”
“အဲ့တာက တစ်ယောက်နဲ့တစ်ယောက်မတူဘူး ပြန်လည်မွေးဖွားခြင်း ကပ်ဘေးက ကန့်သတ်ချက်မရှိဘူး ငါအရင်က ငါ့လိုပြန်လည်မွေးဖွားခြင်းကပ်ဘေးရင်ဆိုင်နေတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ဖူးတယ် သူ့ကိုကြည့်ရတာ အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်ကိုကျော်ဖြတ်ပြီးတဲ့ ပုံပဲ”
ကျန့်ရှီ သူ့မျက်လုံးရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသလိုပြောနေပြီး သူ့အကြည့်များက တစ်ခုခုကို စိတ်ကူးယဉ်နေသလိုပင်။
ထိုစကားကိုကြားပြီးသောအခါ ကုအန် စိတ်၀င်စားသွားခဲ့၏။
ကျန့်ရှီ ဆက်ပြောလိုက်သည်။
“ငါရှာနေတဲ့ ရန်သူကလည်း ပြန်လည်မွေးဖွားခြင်းကပ်ဘေးသုံးပြီး ဆရာသခင်ဓားအရှင်ကို စုံစမ်းဖို့ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားတာ”
ဆရာသခင်ဓားအရှင်အကြောင်းကြားသောအခါ ပတ်ပတ်လည်ရှိ တပည့်များ မတည်ငြိမ်နိုင်တော့ပေ။
“မင်းတို့ အတည်ပြောနေတာမဟုတ်ဘူးမလား ဒါကြီးက ကြွားလုံးထူလွန်းတယ်”
“ဆရာသခင်ဓားအရှင်က မင်းဒီအတိုင်း ထုတ်ပြောလို့ရတဲ့နာမည်မဟုတ်ဘူးကွ”
“ရိုင်းလိုက်လေ မင်းတို့က ကိုယ့်ကိုကိုယ်တကယ်ကြီး အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်ကို ရောက်နေတယ် ထင်နေတာလား”
“ဟားဟားဟား တကယ်ကြီး ထင်ယောင်ထင်မှားဖြစ်နေတာပဲ”
ပတ်၀န်းကျင်မှ လှောင်ပြောင်သံများ တိုးပွားလာသောအခါ ကုအန် ခပ်တိုးတိုးပြောလိုက်သည်။
“ကျွန်တော်တို့ စကားပြောဖို့နေရာပြောင်းကြမလား”
ကျန့်ရှီခေါင်းညိတ်ပြလိုက်သည်။
ကုအန် ပိုက်ဆံရှင်းကာ ကျန့်ရှီနှင့်အတူထွက်ခွာလာခဲ့ပြီး စားသောက်ဆိုင်ထဲတွင်တော့ ရယ်မောလှောင်ပြောင်သံများက အချိန်အတန်ကြာထိ ဆက်လက်တည်ရှ်ိနေခဲ့လေသည်။
သူတို့နှစ်ယောက် စည်ကားလှသောလမ်းများပေါ်လမ်းလျှောက်နေကြရင်း ပြန်လည်မွေးဖွားခြင်းကပ်ဘေးအကြောင်း ဆက်လက်ဆွေးနွေးနေခဲ့ကြ၏။
ကုအန်က ထိအကြောင်းအတော်လေးစိတ်၀င်စားနေခဲ့ပြီး ကျန့်ရှီကလည်း ဘာကိုမှဖုံးကွယ်မထားခဲ့ပေ။
“ပြန်လည်မွေးဖွားခြင်းကပ်ဘေးရဲ့ နိယာမတွေကို အဓိပ္ပာယ်သတ်မှတ်ဖို့က ခက်ခဲတယ်ကွ တစ်ခါတလေ မင်းကအတိတ်ကိုပြန်ရောက်ချင် ရောက်သွားမယ် တစ်ခါတလေတော့လည်း အနာဂတ်ပေါ့ ဒါမှမဟုတ် အခြားမဟာကောင်းကင်နှင့်မြေပြင်တစ်ခုခုကိုလည်း ရောက်သွားနိုင်တယ် ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ မင်းရဲ့ပြန်လည်မွေးဖွားတဲ့ ခန္ဓာက ဘယ်တော့မှမင်းရဲ့ မူလခန္ဓာနဲ့ ပြန်မတွေ့ဘူး အချို့ အာကာသနိယာမတွေက ပြန်လည်မွေးဖွားခြင်းကပ်ဘေး၀င်နေတဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ထားတယ်…”
ကျန့်ရှီမျက်နှာပေါ်တွင် အတိတ်ကိုလွမ်းဆွတ်နေသည့် အမူအရာမျိုး ရှိနေခဲ့သည်။
ကုအန် မမေးဘဲ မနေနိုင်ခဲ့ပေ။
“တကယ်လို့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးရှင်က သူ့လိုနောက်တစ်ယောက်နဲ့ တွေ့ရင်ရော”
“အဲ့တာက သူတို့ကိုယ်ပိုင်ရွေးချယ်မှုအပေါ်ပဲ မူတည်တယ် သူတို့သေတဲ့အထိတိုက်ခိုက်မယ်ဆိုရင်တောင် ပြန်လည်မွေးဖွားခြင်းကပ်ဘေးအပေါ် သက်ရောက်မှု ရှ်ိမှာမဟုတ်ဘူး ဒါပေမယ့် ငါကတော့ အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေဖလှယ်ရတာပဲ ပိုကြိုက်တယ် မင်းရဲ့ မူလမှတ်ညဏ်တွေ မနိုးထနိုင်သေးတာ နှမြောစရာပဲ မဟုတ်ရင် ငါတို့အများကြီးပိုပြီး ဖလှယ်နိုင်မှာ”
ကျန့်ရှီပြုံးလိုက်ကာ ခဏရပ်လိုက်ပြီး ပြောလိုက်သည်။
“ပြန်လည်မွေးဖွားခြင်းဆိုတာ ဒီလူအုပ်ကြီးလိုပဲ ဖရိုဖရဲဖြစ်နေသလိုထင်ရပေမယ့် အစနဲ့အဆုံးဆိုတာ ရှိနေတယ် နောက်ဆုံးမှာ လူတိုင်းက ကိုယ့်ပန်းတိုင်ကိုယ်ရောက်ကြရမှာ”
“ဒါဆို မိတ်ဆွေမှာ အတိတ်ဘ၀ရဲ့ မှတ်ညဏ်တွေ ရှိတယ်လား”
“ဒါပေါ့ ငါက ငါ့မူလကိုယ်ရဲ့ အသိစိတ်ပဲ မူလကိုယ်ရဲ့ စွမ်းအားတွေကို မသုံးနိုင်တာပဲရှိတယ်”
ကျန်းရှီစကားများကို ကြားသောအခါ ကုအန် မေးလိုက်၏။
“ဒါဆို မိတ်ဆွေရဲ့…”
“မဖြစ်နိုင်မှာ ကြောက်မိတယ် အဲ့တာကို သိတာကမင်းဆီ ဒုက္ခတွေပဲ သယ်လာလိမ့်မယ်” ကျန့်ရှီ ချက်ချင်းငြင်းဆန်လိုက်သည်။
မင်းကရှန်ထျန်းတော့ မဖြစ်နိုင်ဘူးမလား!
ကုအန် ကြိတ်တွေးနေမိပြီး အကယ်၍ ထိုလူက ရှန်ထျန်းဆိုရင်တောင် သူ့အတွက် သိပ်တော့ကြောက်စရာမရှိပေ။
“မိတ်ဆွေရဲ့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးထဲမှာ မိတ်ဆွေကို လေးစားအားကျအောင်လုပ်နိုင်တဲ့ လူမျိုးနဲ့ တွေ့ခဲ့ဖူးလား ပြန်လည်မွေးဖွားခြင်းကပ်ဘေး ရင်ဆိုင်နေတဲ့လူမျိုးထဲမှာပေါ့” ကုအန် စကားဝိုင်းအကြောင်းအရာကိုပြောင်းလဲကာ မေးလိုက်သည်။
“တကယ်တော့ အဲ့ဒီလိုလူမျိုးတွေကို ငါအတိတ်မှာရော အနာဂတ်မှာရော တွေခဲ့ဖူးတယ် ငါမင်းကို တစ်ယောက်ချင်းစီ ပြောပြမယ်” ကျန့်ရှီ ပြောလိုက်၏။
သူတို့လမ်းလျှောက်ခြင်း မရပ်နားဘဲ ပြောနေခြင်းဖြစ်လေရာ သူတို့ပုံက လူပင်လယ်ကြီးထဲတွင် ဝါးမြိုခံထားရသလိုပင်။
“အတိတ်တုန်းက ငါ ကြီးမားလွန်းတဲ့ချီကံကြမ္မာနဲ့မွေးဖွားလာတဲ့ အေးခဲခြင်းဧကရာဇ်လို့ လူသိများတဲ့ ပုဂ္ဂိုလ်နဲ့ဆုံခဲ့ဖူးတယ် သူ့အတွက် ကောင်းကင်နဲ့မြေပြင်အောက်က အရာအားလုံးက လမ်းဖောက်ပေးရတယ် ငါသူ့ကိုတွေ့တဲ့အခါ သူကစိတ်ကူးလို့တောင်မရတဲ့ မိုးကောင်းကင်အောက်က အထွတ်အထိပ်တည်ရှိမှုဖြစ်နေပြီ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်းကိုယ်ကလည်း နောက်ဆုံးအဆင့်ကို ရောက်နေပြီ ကောင်းကင်ကိုးဆင့်ကိုကျော်လွန်ဖို့ ခြေတစ်လှမ်းစာပဲ လိုတော့တာ”
အေးခဲခြင်းဧကရာဇ်အကြောင်း ပြောသောအခါ ကျန့်ရှီမျက်လုံးထဲ လေးစားမှုများဖြင့် ပြည့်နေခဲ့၏။
ကုအန်မေးလိုက်သည်။
“ခြေတစ်လှမ်းစာပဲ လိုတော့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ သူကျရှုံးခဲ့တာလား”
“မှန်တယ် သူကျရှုံးခဲ့တယ် ငါသူကျရှုံးတာကို ကြည့်ခဲ့ရတယ် သူ့ကိုငါ့နားလည်မှုအလွန်မှာ တည်ရှိနေတဲ့ တည်ရှိမှုတစ်ခုက သတ်ဖြတ်သွားခဲ့တာ ငါလည်းအဲ့ဒီစကြာ၀ဠာထဲက ချောင်းကြည့်နေပုံပေါ်တဲ့ တည်ရှိမှုဆီက သတိပေးချက်တစ်ခုရခဲ့တယ်”
ကျန့်ရှီမျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ကုအန် သူအဆင့်ချိုးဖြတ်စဉ်က တွေ့ခဲ့ရသည့် ဧရာမမျက်လုံးကြီးကို တွေးမိသွားခဲ့၏။
သူတို့က တူညီသော တည်ရှိမှုပေလော။
ကုအန် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားအကြောင်း မတွေးဘဲ မနေနိုင်ခဲ့ဘဲ ထိုသူပဲလားဟု သံသယရှိနေခဲ့သည်။ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် စကြာ၀ဠာကြီး၏ အစွန်တွင်နေထိုင်ပြီး သူမြင်ဖူးသမျှထဲ အစွမ်းအထက်ဆုံး တည်ရှိမှုသာ ဖြစ်ကာ အတော်လေးကြောက်စရာကောင်းလှသည်။
“နောက်ပိုင်းပြန်လည်မွေးဖွားခြင်းကပ်ဘေးတွေမှာ ငါအဲ့ဒီတည်ရှိမှုကို နောက်တစ်ခါထပ်မတွေ့ရတော့ဘူး ငါ့ပြန်လည်မွေးဖွားခြင်းခန္ဓာကိုယ်က လုံလောက်အောင် မသန်မာလို့လည်း ဖြစ်နိုင်တယ် ဒါပေမယ့် အနာဂတ်မှာတော့ ငါပိုပြီးတောင်မဖြစ်နိုင်စရာရှိတဲ့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးရှင်တစ်ယောက်နဲ့ ဆုံခဲ့ရတယ် အဲ့ဒီပုဂ္ဂိုလ်က ပြန်လည်မွေးဖွားခြင်းကပ်ဘေးအတွင်းမှာ အချိန်မြစ်ကို ဖြတ်သန်းလာခဲ့တာ”
“သူကအရမ်းကိုဝေးတဲ့ အနာဂတ်တစ်ခုကလာခဲ့တာ ငါတို့က ခေတ်အတူတူတောင်မဟုတ်ဘူး ဒါပေမယ့် တနည်းနည်းနဲ့ ငါတို့ဆုံခဲ့တယ် သူ့စိတ်ဝိညာဉ်က ငါမြင်ဖူးသမျှထဲမှာလုံး၀ အသန်မာဆုံးပဲ စိတ်ဝိညာဉ်ဆိုတာ ကျင့်ကြံခြင်းနဲ့မဆိုင်ဘူး အဲ့တာစိတ်တစ်မျိုးပဲ သူ့တိုက်ခိုက်လိုစိတ်ကတော့ သန်မာလွန်းတော့ ဘယ်တည်ရှိမှုကမှ သူ့တိုက်ခိုက်လိုစိတ်ကို ချေမွမပစ်နိုင်မယ့်ပုံပဲ”
ကျန့်ရှီက ဂရုတစိုက်ပြောနေချိန်တွင် ကုအန်အမူအရာကတော့ ထူးဆန်းသွားခဲ့၏။
သူပြောနေသည်မှာ ကျိ ဖြစ်နိုင်ပါသလော။
ကုအန် သေချာတွေးကြည့်သော်လည်း ကျိ ကျန်းရှီနှင့်တွေ့ခဲ့သည့် အဖြစ်ကို တေွးကြည့်၍ မရခဲ့ပေ။
ကျန့်ရှီသည် အတိတ်ဘ၀က ဘယ်သူဖြစ်နေမှန်း ဘယ်သူသိပါမည်နည်း။
“သူ့နာမည်ကဘယ်သူလဲ” ကုအန် မမေးဘဲမနေနိုင်ခဲ့ပေ။
ကျန့်ရှီပြုံးကာ ပြောလိုက်၏။
“သူ့မှာနာမည်ရှိပါတယ် ဒါပေမယ့် သူ့နာမည်ထဲကတစ်လုံးက ကျိ တဲ့ သူက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ ခေတ်တိုင်းက ပါရမီရှင်တိုင်းကို အနိုင်ယူလာခဲ့ပြီးတော့ သူ့တစ်ဘ၀လုံးကို တိုက်ပွဲတွေနဲ့ တည်ဆောက်ထားခဲ့တာ ရှက်စရာကောင်းတာက ငါသူနဲ့တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးဘူး သူကငါ့ကိုတောင်မသိခဲ့ဘူး သူတစ်ကမ္ဘာလုံးက အားအကောင်းဆုံးသူတွေနဲ့တိုက်ခိုက်ပြီး အနိုင်ယူခဲ့တာကိုပဲ ငါအဝေးက ကြည့်ခဲ့ရတာ ငါအဲ့ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့ဘူး”
“တကယ်လို့ စစ်မှန်တဲ့ အသန်မာဆုံးတည်ရှိမှုသာတကယ်ရှိမယ်ဆိုရင် ငါတော့ အဲ့ဒီတည်ရှိမှုက သူပဲဖြစ်မယ်လို့ ယုံတယ် သူ့တိုက်ခိုက်လိုစိတ်နဲ့ လုပ်နိုင်စွမ်းနဲ့ဆိုရင် သူကကောင်းကင်ကိုးဆင့်ကိုကျော်လွန်ပြီး ပိုမြင့်တဲ့အဆင့်တွေကိုတောင် စိန်ခေါ်နိုင်မယ်လို့ ငါယုံတယ်”
ထင်ထားသလို ကျိ ပဲ!
ကုအန် ကြိတ်၍ ကျေနပ်နေခဲ့၏။ ကျိဆိုတာသူသာဖြစ်ပြီး ကျန့်ရှီက အခုလိုချီးကျူးနေလေရာ အတော်လေး ကျေနပ်စရာကောင်းလှသည်။
သူထပ်မေးလိုက်သည်။
“သူ့အဆုံးသတ်အကြောင်းကိုရော မသိဘူးလား”
“ငါမသိဘူး အစွမ်းထက်တည်ရှိမှုတွေအားလုံးကို တစ်ယောက်တည်း အနိုင်ယူပြီးတဲ့နောက် အာကာပြင်ကိုခွဲပြီး သူကသူ့ခရီးကို ဆက်လှမ်းသွားခဲ့တယ် သူ့မူလကိုယ်က အနာဂတ်မှာမွေးတာဆိုတော့ ငါမကြာခင်သူနဲ့တွေ့ပြီး မျှတတဲ့ အဆုံးအဖြတ်တိုက်ပွဲတစ်ပွဲနွှဲခွင့်ရဖို့ မျှော်လင့်တယ်”
မင်းမှာအခွင့်အရေးတစ်ခုတောင်မရှိဘူးဟု ကုအန် ပြောချင်နေခဲ့မိသည်။
ထို့နောက်တွင်တော့ သူတို့ရှေ့မှ အသံတစ်သံထွက်ပေါ်လာခဲ့၏။
“မင်းတို့ ပြန်လည်မွေးဖွားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောနေတာ ပြန်လည်မွေးဖွားခြင်းကမင်းတို့ကို အပြစ်ပြန်ပေးမှာ မကြောက်ဘူးလား”
ကုအန် ရှေ့သို့ကြည့်လိုက်ရာ ရိုးရှင်းသော သင်္ကန်းကိုသာ၀တ်ဆင်ထားသောဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရလေသည်။ သူ့အကြည့်များက ဓားတစ်စင်းနှယ် ထက်ရှနေပြီး ကျန်းရှီကိုအာရုံစိုက်၍ ကြည့်ရှုနေခဲ့သည်။ ကျန့်ရှီသူ့ကိုမြင်သောအခါ အမူအရာပြောင်းလဲမသွားဘဲ ပြန်စိုက်ကြည့်ကာ မေးလိုက်၏။
“မင်းတောင်မကြောက်ရင် ငါတို့ကဘာလို့ကြောက်ရမှာလဲ”
ကုအန် ခပ်တိုးတိုးမေးလိုက်သည်။
“သူကဘယ်သူလဲ သူကလည်းဖြစ်နိုင်တာက…”
“ဟမ်းး သူကငါရှာနေတဲ့ ရန်သူပဲ သူကမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနဲ့မဆိုင်ဘူး သူကကောင်းကင်ပြင်ပကလာခဲ့တာ” ကျန့်ရှီ ပြန်ပြောလိုက်၏။
ထို့နောက် ဘုန်းကြီးပြောလိုက်သည်။
“ငါတို့အားလုံးက ပြန်လည်မွေးဖွားခြင်းထဲမှာပဲလေ ဘာလို့ ကောင်းကင်ပြင်ပနဲ့ ကောင်းကင်အတွင်း ခွဲနေတာလဲ ငါ့ကိုပြန်လည်မွေးဖွားခြင်းကနေ ရပ်တန့်သွားအောင် လုပ်နိုင်မယ်လို့ မင်းထင်လို့လား”
“မင်းဆရာသခင်ဓားအရှင်ကိုကြောက်လား”
ကျန့်ရှီ ဘုန်းကြီးကိုစိုက်ကြည့်ကာ အေးစက်နေသောအသံဖြင့် မေးလိုက်၏။
အပိုင်း (၄၃၂)
အထွတ်အထိပ်မိစ္ဆာနယ်မြေ၊ ကမ္ဘာပျက်ကိန်း
[ယုချန်( နတ်အသွင်ပြောင်းခြင်းအဆင့် ၃) : ၇၆၂/၁၅၀၀/၁၆၀၀]
ကုအန် ဘုန်းကြီးကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်သော်လည်း ကံဆိုးစွာဖြင့် ထူးခြားတာဘာမှမတွေ့ခဲ့ရပေ။
သို့သော် သူ့ ယုချန် ဟူသောနာမည်က ကမ္မအရ ကောင်းကင်မိစ္ဆာနှင့်ဆက်သွယ်နေမှန်း သူသတိထားမိခဲ့သည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက လွတ်ငြိမ်းရာအမတများပင် အခြားမဟာကောင်းကင်နှင့်မြေပြင်များတွင် ပြန်လည်မွေးဖွားနိုင်လေရာ ပုံမှန်အားဖြင့် အပြင်လူများကလည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် ပြန်လည်မွေးဖွားနိုင်ကြပေသည်။
ကုအန် ကျန့်ရှီနှင့်ယုချန်ကြား မည်သည့်အာဃာတမျိုးရှိနေလဲဆိုတာ စိတ်၀င်စားနေခဲ့၏။
လက်ရှိအခြေအနေအရတော့ သူတို့နှစ်ယောက်လုံးသည် ပြန်လည်မွေးဖွားခြင်းစက်လုံးမှ စိမ့်၀င်လာသည့် လွတ်ငြိမ်းရာအမတနှစ်ပါးတော့ ဖြစ်ပုံမပေါ်ပေ။
“ဆရာသခင်ဓားအရှင်လား ဘာကြောက်စရာလိုလို့လဲ ငါ့မှာသူနဲ့ ဘာရန်ငြှိုးမှမရှိဘူး ငါဒီကိုသူ့အတွက်လာတာလည်းမဟုတ်ဘူး လွတ်ငြိမ်းရာအမတတွေက တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူရန်သူလုပ်တာမျိုးကို ရှောင်သင့်တယ်မဟုတ်လား”
ယုချန်ပြောနေရင်း သူ့အကြည့်များကတော့ စူးရှနေသေးသည်။
ကျန့်ရှီတုန့်ပြန်လိုက်သည်။
“တကယ်ပဲ ငါတို့က အလွယ်တကူရန်သူတွေမဖြစ်သင့်ပါဘူး ဒါပေမယ့် တာအိုသူခိုးတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါကျတော့ ငါတို့တာအိုလမ်းစဉ်တွေက ကွဲပြားတယ် အဲ့ဒီလိုလူနဲ့ အတူတူမလျှောက်လှမ်းနိုင်ဘူး”
သူတို့ကျင့်ကြံခြင်းအဆင့်များက မမြင့်ကြသော်လည်း တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်ရင်း စကားပြောနေပုံမှတစ်ဆင့် ကုအန်သူတို့တာအိုဆန္ဒများ တိုက်ခိုက်နေကြပုံကို အာရုံခံမိနေခဲ့သည်။
နောက်ဆုံးတွင် သူတို့၀ိညာဥ်များဧ။်အနှစ်သာရက လွတ်ငြိမ်းရာအမတများဖြစ်ကြပြီး ပြန်လည်မွေးဖွားခြင်းက သူတို့ကို ဖိနှိပ်ထားရုံသာ ဖြစ်၏။
ကုအန် လုပ်ချောင်းတစ်ချက်ဆိုးလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ တစ်နေရာရာမှာ စကားသွားပြောကြရင်ရော”
ယုချန်ပဲဖြစ်ဖြစ် ကျန့်ရှီပဲဖြစ်ဖြစ် သူတို့သည် ဆရာသခင်ဓားအရှင််ကိုသတိထားေနကြေသာေကြာင့် တကယ်တိုက်ခိုက်လိုစိတ်မရှိကြဘဲ တိုက်ခိုက်ဖို့သာတာဆူနေခြင်းဖြစ်မှန်း သူပြောနိုင်၏။
ကျန့်ရှီအေးစက်စက်ပြောလိုက်သည်။
“အပြင်ကိုသွားကြရအောင်”
ယုချန်အမူအရာကလည်း အေးစက်နေပြီး သူခေါင်းညိတ်ပြလိုက်ကာ သူတို့နှစ်ယောက်လုံး လှည့်ထွက်သွားခဲ့ကြ၏။
ကုအန် လိုက်ဖို့ပြင်လိုက်ချိန်တွင် ကျန့်ရှီသူ့ဘက်လှည့်ကာ ပြောလိုက်သည်။
“ဒါကငါနဲ့သူ့ကြားက ရန်ငြှိုးပဲ မင်း၀င်ပါစရာမလိုပါဘူး”
“စိတ်မပူပါနဲ့ ကျွန်တော်တို့အားလုံးက ပြန်လည်မွေးဖွားသူတွေပဲ အေးအေးဆေးဆေးစကားပြောကြတာပေါ့”
ကုအန် စကားတပြောပြောနှင့် ကျန့်ရှီနှင့်အတူလိုက်လာခဲ့ပြီး ယုချန်ကိုလိုက်မီသွားကာ ယုချန်နှင့်ပင် စကားအနည်းငယ်ပြောနေလိုက်သေးသည်။
ယုချန်ကလည်း ဆက်ဆံရေးညံ့လှသူမဟုတ်ရာ ကုအန်မေးခွန်းများကို ပြန်ဖြေပေးနေခဲ့၏။
ကျန့်ရှီကတော့ သူတို့နောက်ကလိုက်လာရင်း မျက်မှောင်ကြုံ့နေခဲ့သည်။
အမွှေးတိုင်တစ်၀က်ထွန်းစာအချိန်လောက်ကြာသောအခါ သူတို့သုံးယောက် ဂိုဏ်းခွဲအပြင်ဘက်ရှိ တောအုပ်တစ်ခုထဲသို့ ရောက်ရှိလာခဲ့ကြ၏။
ကျန့်ရှီနှင့်ယုချန်တို့ မျက်နှာချင်းဆိုင်ရပ်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် တင်းမာသော အမူအရာများဖြင့် ကြည့်ရှုနေခဲ့ကြသည်။ ဤနေရာတွင် ဘယ်သူမှမရှိသောကြောင့် သူတို့သတ်ဖြတ်လိုစိတ်များကို ထိန်းထားစရာမလိုတော့ပေ။
“နှစ်ယောက်လုံးက ပြန်လည်မွေးဖွားခြင်းကိုယ်ထည်တွေပဲ ရှိနေကြတာပဲ ဘယ်သူသေသေ ဘာမှဖြစ်သွားတာမှမဟုတ်တာ အမုန်းတရားကလည်း ပျောက်သွားမှာမဟုတ်ဘူး ဘာလို့ အေးအေးဆေးဆေးထိုင်ပြီး စကားမပြောရမှာလဲ” ကုအန် အကြံပေးလိုက်၏။
ကျန့်ရှီပြောလိုက်သည်။
“သူနဲ့သူ့နောက်ကအဖွဲ့အစည်းက ကောင်းကင်နဲ့မြေပြင်တွေကို ဝါးမြိုတဲ့ ကျင့်စဉ်ကို ကျင့်ကြံကြတာ သူတို့ရပ်တည်ချက်က ငါတို့နဲ့လုံး၀ကွဲပြားတယ် စကားပြောနေစရာ မလိုဘူး”
ယုချန် ကုအန်ကိုကြည့်ကာ ပြုံးပြလိုက်ပြီး မေးလိုက်၏။
“တာအိုမိတ်ဆွေရဲ့ မူလခန္ဓာကိုယ်က ဘယ်အမည်နာမရှိသလဲဆိုတာ သိပါရစေ”
သက်ရှိများအားလုံးအထက်တွင် ရပ်တည်နေကြသော လွတ်ငြိမ်းရာအမတများသည် စကြာ၀ဠာအနှံ့လှည့်ပတ်သွားနေကာ သက်တမ်းသန်းနှင့်ချီကာ ရှင်သန်နေကြသော သက်ရှိများဖြစ်သောကြောင့် များသောအားဖြင့် တစ်ယောက်နာမည်တစ်ယောက် ကြားဖူးတတ်ကြသည်။
လူမသိ သူမသိဖြစ်သော လွတ်ငြိမ်းရာအမတဟူ၍ မရှိပေ။
ဆရာသခင်ဓားအရှင်၏ သရုပ်မှန်ကပင် ကျော်ကြားသူတစ်ယောက်သာ ဖြစ်ရပေမည်။ အနည်းဆုံးတော့ ယုချန်က ထိုသို့တွေးထားခဲ့သည်။
ကျန့်ရှီစကားကိုကြားသောအခါ ကုအန် အံ့အားသင့်သွားချင်ယောင်ဆောင်လိုက်ပြီး ယုချန်ကို လှည့်ကြည့်လိုက်၏။ ယုချန်ကတော့ အေးစက်စက်သာရယ်မောလိုက်သည်။ နေ့ခင်းကြောင်တောင်ကြီးမှာပင် သူ့ရယ်သံက ကြောက်စရာကောင်းလွန်းလှသည်။
“မဟာတာအိုရဲ့ လမ်းစဉ်ဆိုတာ ဝိရောဓိဖြစ်မှုတစ်ခုပဲ ငါတို့မှာ စိတ်ဝိညာဉ်အသိညဏ်တွေ ပိုင်ဆိုင်ထားရတာက တိုက်ခိုက်ဖို့ပဲ မဟုတ်လား ဒါက ကောင်းကင်တာအိုပဲ!”
ယုချန် ပြောလိုက်ပြီး သူ့ညာလက်ကိုမြှောက်လိုက်ရာ သူ့ညာလက်ဖဝါးထဲတွင် မီးတောက်များ စုဝေးလာပြီး ထိုမီးတောက်များထဲ၌ မျှော်စင်လေးတစ်ခု ဖြစ်တည်လာခဲ့သည်။
ကျန်းရှီလည်း သူ့လက်ကိုမြှောက်လိုက်လေရာ အနီရောင်နဂါးစွမ်းအင်များ သူ့ခြေအောက်မှ ထွက်လာပြီး နဂါးခေါင်းများအားလုံးက ယုချန်ဆီ အာရုံစိုက်နေခဲ့ကြ၏။
တောအုပ်ထဲရှိ လေက ရပ်တန့်သွားခဲ့သည်။
ကုအန် သူတို့နှစ်ယောက်၏ သရုပ်မှန်ကို ပိုစိတ်၀င်စားသွားခဲ့၏။ ကျန်းရှီက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ဖြစ်ပုံပေါ်သော်လည်း မြင့်မြတ်ခုံရုံးရော အမတမင်းဆက်နှင့်ပါ ချည်နှောင်မှုရှိပုံမပေါ်ပေ။ ယုချန်ကတော့ အသံမဲ့အပျက်အဆီးနယ်မြေမှ တာအိုသူခိုးတစ်ယောက်ဖြစ်ပုံပေါ်ကာ စစ်ပွဲခုံရုံးလိုနေရာမျိုးမှ လာပုံပေါ်ပြီး လုံး၀သဘောကောင်းပုံမရပေ။
ကုအန်ဘာဆက်ဖြစ်မလဲဆိုတာ မြင်ပြီးဖြစ်ေသာေကြာင့် သူတို့နှစ်ယောက်ကြား ၀င်ပါလိုစိတ်မရှိခဲ့ပေ။
ယုချန်နှင့်ကျန့်ရှီတို့ တောက်လောင်နေသောအရှိန်အဝါများနှင့်အတူ တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်နေခဲ့ကြသည်။
တခဏအကြာတွင် ယုချန် လှောင်ပြောင်လိုက်၏။
“ကြည့်ရတာ မင်းရဲ့ပြန်လည်မွေးဖွားခြင်းကပ်ဘေးက ပုလင်း၀ကို ရောက်နေပြီထင်တယ်”
ကျန်းရှီ အမူအရာမဲ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ကြည့်ရတာမင်းကလည်း တာ၀န်တစ်ခုနဲ့လာခဲ့ပြီးတော့ လွယ်လွယ်သေလို့မရတဲ့ ပုံပါပဲ”
ရိုင်းလိုက်လေ!
တိုက်ခိုက်ဖို့ သတ္တိမရှိဘဲများ ဒီလိုလေလည်နေကြသေးတယ်!
ယုချန် ဆက်ပြောလိုက်သည်။
“ဒီနယ်မြေမှာရှိတဲ့ တည်ရှိမှုတွေက မင်းကိုမေ့သွားကြပြီ အခုက ယန်ရှန်းဧကရာဇ်နဲ့ ရှန်ထျန်းရဲ့ခေတ်ပဲ မင်းဟာမင်း အေးအေးချမ်းချမ်းကျင့်ကြံပြီးပဲ ကပ်ဘေးဖြတ်ကျော်လိုက်စမ်းပါ ဘာလို့ ကောင်းကင်တာအိုရဲ့ လားရာကိုအာခံချင်နေရတာလဲ မင်းကောင်းကင်တာအိုရဲ့ ဦးတည်ချက်တွေကို ကောင်းကောင်းကြီးသိပါတယ်”
ကျန်းရှီ အေးအေးဆေးဆေးပြောလိုက်၏။
“တကယ်ပဲ ငါအများကြီး လုပ်မပေးနိုင်ပါဘူး ဒါပေမယ့် ဒီနယ်မြေရဲ့ သက်ရှိတွေကို အန္တရယ်ပေးဖို့ စဉ်းတောင်မစဉ်းစားနဲ့”
“ဟီး ဆရာသခင်ဓားအရှင် ဒီမှာရှိနေတာကို ငါကဘယ်လိုလုပ် ဒီလောက်ရူးမိုက်ရဲမှာလဲ”
ယုချန် ပြောလိုက်ပြီးနောက် ကုအန် ကိုကြည့်လိုက်ကာ
“တာအိုမိတ်ဆွေကု မင်းမှတ်ညဏ်တွေပြန်နိုးထလာရင် အထွတ်အထိပ်မိစ္ဆာနယ်မြေကို ၀င်ဖို့ စဉ်းစားကြည့်ပါ ငါမင်းအတွက် မိစ္ဆာမြို့တော်တစ်ခုတောင် ပေးနိုင်တယ်”
အထွတ်အထိပ်နတ်ဆိုးနယ်မြေလား!
သူသည် နတ်ဆိုးကမ်းပါးနှင့်တစ်ဖွဲ့တည်းပေလော။
ကုအန်သည် နတ်ဆိုးကမ်းပါးကို သတ်ဖြတ်ပြီးဖြစ်သောကြောင့် ကံကြမ္မာအရ သူနတ်ဆိုးနယ်မြေထဲ ၀င်၍ မဖြစ်တော့ပေ။
သို့သော် နတ်ဆိုးကမ်းပါး၏ မှတ်ညဏ်များအရ အထွတ်အထိပ်နတ်ဆိုးနယ်မြေသည် အပိုင်းပိုင်းကွဲနေသည် ဖြစ်လေရာ ယုချန်က အဘယ်သို့ အထွတ်အထိပ်နတ်ဆိုးနယ်မြေအောက်တွင် ပြောဆိုနေရသနည်း။ သူတို့သည် အထွတ်အထိပ်နတ်ဆိုးနယ်မြေကို ပြန်လည်တည်ဆောက်လိုနေခြင်းပေလော။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အနာဂတ်လားရာက ပိုပိုရှုပ်ထွေးလာတာ အံ့ဩစရာမဟုတ်တော့ပေ။ ထိုအထဲတွင် ရှုပ်ထွေးလှသော ကမ္မမျိုးစုံ ပါ၀င်နေခဲ့သည်။
မြင့်မြတ်ခုံရုံးနှင့်အမတမင်းဆက်တို့အပြင် ကောင်းကင်နတ်ဆိုးများနှင့် စစ်ပွဲခုံရုံးလည်း ရှိနေသည့်အပြင် ယခုအခါ အထွတ်အထိပ်မိစ္ဆာနယ်မြေပါ ပါ၀င်လာခဲ့ချေပြီ။
“ဒီဘ၀မှာတော့ ကျွန်တော်ကငြိမ်းချမ်းမှုကိုပဲရှာဖွေချင်ရုံပါ ကျွန်တော်သေသွားတဲ့အခါမှပဲ ကျွန်တော့်မူလခန္ဓာကိုယ်ကို ပြောလိုက်ပါ” ကုအန် တုန့်ပြန်လိုက်သည်။
ယုချန် ရပ်တန့်လိုက်ကာ ခေါင်းယမ်းလိုက်ပြီးနောက် ရယ်မောလိုက်ကာ ကုအန်က ထူးဆန်းသည့်လူတစ်မျိုးပဲဆိုတာ သိရှိသွားခဲ့၏။
ကျန့်ရှီလည်း ပြုံးလိုက်ပြီး ကုအန်ငြင်းလိုက်သည့်အတွက် ကျေနပ်သွားခဲ့သည်။
ယုချန် ကျန့်ရှီကိုပြန်ကြည့်ကာ ပြောလိုက်ပြန်၏။
“ထားပါတော့ မဟာကပ်ဘေးကျရောက်လာပြီး ကောင်းကင်နဲ့မြေပြင်ပျက်ဆီးသွားတဲ့အချိန်ကျရင် အဲ့အချိန်ထိ မင်းပြန်လည်မွေးဖွားခြင်းကပ်ဘေးက မပြီးဆုံးသေးရင် မင်းလည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနဲ့အတူ ပျောက်ကွယ်သွားရလိမ့်မယ် မင်းမှာအချိန်သိပ်မကျန်တော့ဘူး”
ပြောပြီးသည်နှင့် ယုချန် ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
ထိုစကားကိုကြားပြီးနောက် ကျန့်ရှီ ခပ်တိုးတိုးရေရွတ်လိုက်၏။
“တကယ်ပဲ သူ့ပစ်မှတ်က မြင့်မြတ်ခုံရုံးပဲ”
ကုအန် မမေးဘဲ မနေနိုင်ခဲ့ပေ။
“သူ့စကားက ဘာကိုဆိုလိုတာလဲ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ဖျက်ဆီးခံရမှာလား”
ကျန်းရှီသူ့ကိုကြည့်ကာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူကမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ ကပ်ဘေးကို ခန့်မှန်းမိလို့ပဲ အဲ့တာက မဟာကောင်းကင်နဲ့မြေပြင်တိုင်းရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ မဖြစ်မနေရင်ဆိုင်ရတဲ့အရာဖြစ်ပြီးတော့ အဲ့ဒီအချိန်မှာ ကောင်းကင်နဲ့မြေပြင်နိယာမတွေကလည်း အားအနည်းဆုံး အချိန်ဖြစ်နေတတ်တယ် အဲ့ဒီအချိန်ကျရင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအောက်က သက်ရှိတိုင်း သက်ရောက်ခံရပြီး ပြန်လည်မွေးဖွားခြင်းကပ်ဘေး၀င်နေတဲ့ လွတ်ငြိမ်းရာအမတတိုင်းလည်း ပြန်လာကြလိမ့်မယ် အဲ့ဒီအချိန် ကောင်းကင်ပြင်ပက လွတ်ငြိမ်းရာအမတတွေလည်း ဆင်းသက်လာရင်တော့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ဖျက်ဆီးခံရလိမ့်မယ်”
ကုအန် ထပ်မေးလိုက်သည်။
“အဲ့ဒီနေ့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
“အဲ့တာက မသိကိန်းပဲ”
ထိုစကားများနှင့်အတူ ကျန်းရှီတောအုပ်ထဲ ဆက်လျှောက်သွားခဲ့၏။
ကုအန် မေးလိုက်သည်။
“မိတ်ဆွေ ဘယ်ကိုသွားနေတာလဲ”
“ငါလည်းမင်းလိုဘ၀မျိုးရအောင် ကြိုးစားကြည့်မလို့ ဒါပေမယ့် အဓိပတိဂိုဏ်းထဲမှာတော့ မဟုတ်ဘူး” ကျန့်ရှီလှည့်မကြည့်ဘဲ ပြောလိုက်၏။
ကုအန် ထွက်ခွာသွားသော သူ့ပုံရိပ်ကို ကြည့်ရှုနေခဲ့သည်။
သာမန်လူများအတွက်တော့ ပြန်လည်မွေးဖွားခြင်းက ရှောင်လွှဲမရသည့် ကပ်ဘေးဖြစ်ပုံပေါ်သော်လည်း မဟာကျင့်ကြံသူများအတွက်တော့ ပြန်လည်မွေးဖွားခြင်းဆိုသည်မှာ အခွင့်အရေးနှင့်ကံကြမ္မာကောင်းတစ်ခုသာ ဖြစ်၏။
ပျောက်ကွယ်သွားသော သူ့ပုံရိပ်ကိုကြည့်ရှုပြီးသောအခါ ကုအန်လည်း ထွက်ခွာသွားခဲ့လေသည်။
…..
ညဉ့်နက်ချိန်တွင်
ရှန်းကျန် သူ့ဂူထဲတွင် ပန်းချီဆွဲနေရင်း ညာလက်တွင်စုတ်တံကိုကိုင်ထားကာ ဘယ်လက်ဖြင့် အင်္ကျီလက်အိုးကိုခေါက်တင်ထားခဲ့၏။ ထိုစဉ် ပြဿနာတစ်ခုနှင့်ကြုံနေရသဖြင့် သူ့မျက်ခုံးများကတော့ ဒေါသကြောင့်တွန့်ကွေးနေခဲ့သည်။ စုတ်တံကိုင်ထားသောသူ့ညာလက်က စုတ်ချက်တစ်ချက်မှမဆွဲဖူးသလို တုန်ရီနေခဲ့၏။
အတန်ကြာဒုက္ခရောက်ပြီးနောက် သူမရုတ်တရက် စုတ်တံကိုချလိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ၀န်ထုပ်၀န်ပိုးကြီးကို လွှတ်ချလိုက်ပုံပင်။
“ဘာလို့ ငါ့အိပ်မက်ထဲက မြို့တော်ကို ငါမဆွဲနိုင်ရတာလဲ”
အချို့အချိန်များတွင် သူ့အိပ်မက်ထဲက ပုံများကို သူဘယ်လိုကြိုးစားကြိုးစားမဆွဲနိုင်သောကြောင့် သူမသောကရောက်နေခဲ့ရခြင်း ဖြစ်သည်။
“ဘာလို့လဲဆိုတော့ မင်းတာအိုအဆင့်က လုံလောက်အောင် မမြင့်သေးလို့ပေါ့”
အေးစက်စက်အသံတစ်သံထွက်ပေါ်လာရာ အံ့အားသင့်သွားသောရှန်းကျန် မော့ကြည့်လိုက်၏။
ထိုအခါ ဂူနံရံမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ထိုပုံရိပ်က ယုချန်သာ ဖြစ်နေခဲ့သည်။ ရှန်းကျန် ကိုယ်ကိုမတ်လိုက်ပြီးအေးစက်စက်အမူအရာဖြင့် ခပ်တင်းတင်းမေးလိုက်၏။
“ရှင်ကဘယ်သူလဲ အခြားသူတစ်ယောက်ရဲ့ ဂူကိုကျူးကျော်တယ်ဆိုတာ ရိုင်းစိုင်းတဲ့အပြုအမူပဲ”
ယုချန် ရှန်းကျန်ကို အကဲခတ်လိုက်ကာ ပြုံးပြလိုက်သည်။
“ကြည့်ရတာမင်းက မင်းရဲ့မှတ်ညဏ်တွေကို အပြည့်အ၀ပြန်မရသေးပုံပဲ ဒါပေမယ့် မင်းမှာသူမရဲ့ ကမ္မအရှိန်အဝါရှိနေတယ် ငါမမှားနိုင်ဘူး ဒီလိုဆိုမှတော့ ငါမင်းကို ကူညီပါ့မယ် ငါမင်းစွမ်းအားကို လိုအပ်တယ် နတ်ဆိုးကမ်းပါး”
သူရှန်းကျန်ဆီလျှောက်သွားခဲ့၏။
ရှန်းကျန် နတ်ဆိုးကမ်းပါးဆိုသောနာမည်ကို တစ်ခါမှမကြားဖူးသော်လည်း သူ့ရှေ့ရှိလူ၏အပြုအမူများက သူမအတွက် ထူးဆန်းနေခဲ့သည်။
ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က သူမကို ဒုက္ခပေးချင်နေခြင်းပေလော။
သူမချက်ချင်း အနီးရှိ သစ်သာကုချင်းကို ဆွဲယူကာ ကြိုးများကို တီးခတ်လိုက်လေသည်။
ကုချင်းသံ ထွက်ပေါ်လာသည်နှင့် မျက်လုံးနှင့်ပင်မြင်ရသောအသံလှိုင်းများက ယုချန်ဆီ တိုး၀င်သွားခဲ့၏။
သူ့သင်္ကန်းကြမ်းတမ်းစွာ လှုပ်ခတ်သွားပြီး သူ့အကြည့်များထက်ရှသွားကာ တစ်လုံးတည်းဟာ ပြောလိုက်လေသည်။
“ရပ်!”
သူ့မျက်လုံးများထဲမှ ရွှေရောင်အလင်းများထွက်လာကာ အလင်းက ရပ် ဟူသောစာလုံးအဖြစ်ပြောင်းလဲသွားကာ အလွန်လျင်မြန်သောအရှိန်ဖြင့် ရှန်းကျန်ဆီပြေး၀င်သွားပြီး သူမကိုလှုပ်မရအောင် ချုပ်ထားလိုက်၏။
ရှန်းကျန်မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်မှုများဖြင့် ပြည့်သွားခဲ့သည်။
သူမလို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်က အခုလို အလွယ်တကူ ချုပ်ခံလိုက်ရခြင်းပေလော။
ယုချန် နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး
“မင်းရဲ့စိတ်ထားက နတ်ဆိုးကမ်းပါးနဲ့တစ်ပုံစံတည်းပဲ သူရွေးချယ်ထားတဲ့ ပြန်လည်မွေးဖွားခြင်းခန္ဓာဖြစ်ဖို့ ထိုက်တန်ပါပေတယ်”
သူပြောနေရင်း ရှန်းကျန်နားချဉ်းကပ်လာလေရာ ရှန်းကျန် ခပ်တင်းတင်းပြောလိုက်၏။
“ကျွန်မက နတ်ဆိုးကမ်းပါးမဟုတ်ဘူး အဓိပတိဂိုဏ်းထဲမှာ လာရှုပ်ရဲတယ် ရှင်သေချင်နေတာလား”
သူမနှလုံးသားထဲ သောကပွေနေခဲ့ပြီး တတိယတောင်ကြားရှိ ကြီးမြတ်သည့်ကျင့်ကြံသူများ ဘာလို့ရောက်မလာခဲ့သလဲ သိချင်နေခဲ့လေသည်။
သူမ ကုအန်အစား သူမဂူနှင့်မိုင်၂၀၀ေကျာ်ေ၀းသည့် တတိယတောင်ကြားရှိ ကျားထိုးရတာကြိုက်သော ကြီးမြတ်သည့်ကျင့်ကြံသူများကိုသာ တွေးမိနေခဲ့၏။
“ငါလာရှုပ်နေတာမဟုတ်ပါဘူး ငါကအဓိပတိဂိုဏ်းကိုအခွင့်အလမ်းကြီးတစ်ခု ပေးအပ်နေတာ”
ယုချန်ပြုံးလိုက်ပြီး ရှန်းကျန်နားရောက်သောအခါ သူရှန်းကျန်ခေါင်းကို ဆုပ်ကိုင်ဖို့ ပြင်လိုက်လေသည်။
ထိုအခါ သူမမျက်ဆံများ တုန်ရီသွားပြီး ကြောက်ရွံ့မှုက သူမတကိုယ်လုံးကို ဖုံးအုပ်သွားခဲ့၏။
ရုတ်တရက်!
လက်တစ်ဖက် သူမပုခုံးပေါ်ကျရောက်လာလေရာ သူမနှလုံးတစ်ချက်ခုန်သွားပြီး အံ့အားသင့်သွားကာ မျက်လုံးထောင့်စွန်းဖြင့် အလိုလိုကြည့်လိုက်မိလေသည်။
ထိုလက်က သူမကိုဆွဲယူလိုက်သောအခါ သူမနောက်သို့ ပါသွားခဲ့ပြီး ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုလူသည် မျှော်လင့်မထားလောက်အောင် ချောမောပြီး နှဖူးပေါ်တွင်လည်း ရွှေရောင်အမှတ်အသားတစ်ခု ရှိနေခဲ့သည်။
ထိုအခိုက်တွင် ရှန်းကျန် ကောင်းကင်ဘုံမှ အမတအရှင်တစ်ပါးကို တွေ့လိုက်ရသလို ခံစားလိုက်ရ၏။
ထိုသူမှာ ကုအန်သာဖြစ်ပေသည်။
ရှန်းကျန် တခဏငေးကြောင်နေပြီးနောက် အသိစိတ်ပြန်၀င်သွားခဲ့၏။
ကုအန် ရှန်းကျန်ကို သူ့နောက်သို့ ဆွဲထည့်လိုက်ပြီး ယုချန်ကိုကြည့်လိုက်သည်။
“မင်းလား မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ယခုအခါ ယုချန် မျက်မှောင်ကြုံ့ရသော အလှည့်သာ ဖြစ်၏။ သူကုအန်ဘယ်လို၀င်လာသလဲဆိုတာ လုံး၀ မမြင်ခဲ့ရပေ။
ဤလူကလည်း ပြန်လည်မွေးဖွားလာသော ခန္ဓာတစ်ခုသာဖြစ်သောကြောင့် သူသာ၀င်ပါလာလျှင် ကိစ္စများက ရှုပ်ထွေးသွားနိုင်ပေသည်။
ယုချန် ကုအန်ကိုကြည့်သောအကြည့်က ကြောက်စရာကောင်းအောင်အေးစက်နေပြီး နေ့လည်ကလို နွေးထွေးသည့်အကြည့်မျိုး မဟုတ်တော့ပေ။
“အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ အခန်းထဲ ညကြီးအချိန်မတော် အတင်းချိူးဖြတ်၀င်လာတာမျိုးက ဘုန်းကြီးတစ်ပါးလုပ်သင့်တဲ့ အပြုအမူမျိုး မဟုတ်ပါဘူး” ကုအန် ပြန်ပြောလိုက်ပြီး သူ့လေသံကလည်း နေ့လည်ကလို နွေးထွေးမှုမျိုး ရှိမနေတော့ပေ။
ယုချန် မျက်လုံးများ ကျဉ်းမြောင်းသွားကာ မေးလိုက်၏။
“မင်းတို့တစ်ယောက်နဲ့တစ်ယောက် သိတယ်လား”
ရှန်းကျန် သူမပုခုံးပေါ်ရှိ ကုအန်လက်ဖဝါးထဲမှ နွေးထွေးသောစွမ်းအင်တစ်ခုစီးဆင်းလာသည်ကို ခံစားလိုက်ရပြီး သူမကိုချုပ်နှောင်ထားမှုက လွတ်မြောက်သွားခဲ့သည်။
သူကုအန်ကို အမြန်ပြောလိုက်၏။
“ကုအန် ဒီပုဂ္ဂိုလ်ရဲ့ ကျင့်ကြံခြင်းကမရိုးရှင်းဘူး ငါတို့သတိထားရမယ်”
သူမစိတ်ထဲတွင်တော့ တုန်လှုပ်နေခဲ့သည်။
သူမမချိုးဖြတ်နိုင်သော စည်းကို ကုအန်က အလွယ်တကူချိုးဖြတ်နိုင်နေခြင်းပေလော။