← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 33 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 33 Ch. 439-440

အပိုင်း(၄၃၉)

သက်တမ်းသန်းချီ၏စွမ်းအား

“တကယ်ကြီးလား ဆရာက ဆရာသခင်ဓားအရှင်ကိုတောင် ရိုက်နိုင်တယ်လို့ ထင်လို့လား” ကျန်းချင် တခစ်ခစ်ရယ်မောလိုက်ကာ ကုအန်ကိုစနောက်၍ တုန့်ပြန်လိုက်၏။

ကုအန် သူ့ညာလက်သီးကိုမြှောက်ကာ ပြောလိုက်သည်။

“ဆရာ့လက်သီးမှာ နှစ်သန်းချီတဲ့စွမ်းအားတွေပါ၀င်နေတာ ဆရာသခင်ဓားအရှင်က တောင့်ခံနိုင်မှာတဲ့လား”

“ဖွက် ဖွက် ဖွက် ဆရာ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ ဂရုစိုက်ပြောပါ အဲ့ဒီဆရာကြီးကြားသွားပါဦးမယ်” ကျန်းချင် ရုတ်တရက် စိတ်ညစ်သွားခဲ့၏။ ထိုစကားပြောပြီးသည့်နောက် သူမထရပ်ကာ ပြတင်းပေါက်ဘက်လှည့်လိုက်ပြီး သူမလက်နှစ်ဖက်ကိုယှက်၍ ဦးညွှတ်အရိုအသေပေး၍ ကုအန်အစား တောင်းပန်လိုက်လေသည်။

ကုအန် ရယ်ချင်သွားသော်လည်း ထိန်းထားလိုက်ပြီး သူမကိုမတားခဲ့ဘဲ သူမအပြုအမူကရယ်စရာကောင်းသည်ဟူ၍သာ ခံစား‌မိနေခဲ့၏။

တစ်ဖက်တွင် ရီလန်ကတော့ မကြောက်ရွံ့ခဲ့ပေ။ ကုအန်နှင့်ဆရာသခင်ဓားအရှင်ကြား အဆက်အသွယ်တစ်ခုခုရှိနေမည်ဟု သူမအမြဲခံစားမိနေခြင်း ဖြစ်သည်။ ကုအန်၏ ယခုပြောစကားအရ သူနှင့်ဆရာသခင်ဓားအရှင်က အတော်ကောင်းသော ဆက်ဆံရေးရှိနေပုံပေါ်ပြီး ထို့ကြောင့်ကာ စီနီယာကိုစနောက်နေနိုင်ခြင်း ဖြစ်ပုံပေါ်၏။ ထိုအရာက သူမကိုအတော်လေးပျော်ရွှင်သွားစေခဲ့သည်။

ကုအန်နှင့်ဆရာသခင်ဓားအရှင်ဆက်ဆံရေးကောင်းရှိလေလေ သူမတို့အတွက်လည်း ပိုပြီးလုံခြုံလေလေပင်။

ကျန်းချင် တခဏကြာတောင်းပန်ပြီးနောက် ကုအန်အတင်းထိုင်ခိုင်းသောကြောင့် သူမပြန်ထိုင်လိုက်‌၏။

ကုအန် အကြီးအကဲခန်းမအတွင်း သူမတို့နှစ်ယောက်၏အတွေ့အကြုံများကိုမေးမြန်းခဲ့ပြီး ထိုနှစ်ယောက်ကလည်း ဘာမှကွယ်ဝှက်မထားဘဲ ပြန်ဖြေပေးခဲ့သည်။

သူတို့အကြီးအကဲခန်းမထဲ စရောက်စဉ်က အတားအဆီးများစွာနှင့်ကြုံခဲ့ရပြီး အချို့ဆိုလျှင် သူမတို့ကို ပေါ်ပေါ်ထင်ထင်ပင် အနိုင်ကျင့်ခဲ့ကြသည်။ သို့သော် နောက်တစ်နေ့မနက်တွင်တော့ ထိုအနိုင်ကျင့်သူများက သူမတို့ဆီ လာရောက်တောင်းပန်ခဲ့ကြ၏။ ထို့နောက်တွင်တော့ သူမတို့ကို ဘယ်သူမှအနိုင်မကျင့်ရဲကြတော့ဘဲ ပိုပြီးကောင်းကောင်းပင် ဆက်ဆံပေးခဲ့ကြသည်။

ရီလန်က ဤအခွင့်အရေးကိုယူကာ သူအာဏာကို ပိုမိုချဲ့ထွင်ခဲ့ပြီး အံ့ဩစရာကောင်းစွာပင် အကြီးအကဲမျးက သူတို့ကိုတားရမည့်အစား လမ်းပင်ဖောက်ပေးခဲ့သေး၏။ ထို့ကြောင့်လည်း ရီလန် သူတို့နောက်ကွယ်တွင် တစ်ယောက်ယောက်ကူညီနေသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

အတန်ကြာစဉ်းစားပြီးနောက် သူတို့အတွက် ထိုကဲ့သို့လုပ်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော သူမှာ ကုအန်သာဖြစ်မှန်း သိလာခဲ့ကြ၏။

“အခုကစပြီး အကြီးအကဲထိုင်ခုံမှာထိုင်ပြီး ဘာကိုမှ စိတ်မပူဘဲ တာ၀န်တွေကိုထမ်းဆောင် ဖိအားလည်းအများကြီးမဖြစ်နဲ့ မင်းတို့မဖြေရှင်းနိုင်တဲ့ အခက်အခဲမျိုးနဲ့ကြုံတဲ့အခါ ဆရာ့ဆီလာခဲ့”

ကုအန် လေးလေးနက်နက်ပြောလိုက်လေသည်။ ထိုကဲ့သို့သော စကားမျိုးသည် အရင်တုန်းကသူဆိုလျှင် ဘယ်တော့မှမပြောမည့် စကားမျိုးဖြစ်သော်လည်း အခုတော့ သူသည်လုံလောက်အောက်စွမ်းအားကြီးနေခဲ့ချေပြီ။ ထို့အပြင် ကျိရှောင်ယုအဖြစ်က သူ့ကို သူ့ဘေးကလူများတွင် အချိန်သိပ်မကျန်တော့မှန်း သတိပေးနေခဲ့၏။

သူ့တွင် သက်တမ်းဘီလီယံနှင့်ချီပြီးရှိသော်လည်း အခြားသူများအတွက်‌ကတော့ မတူပေ။ နှစ်တစ်ရာဆိုသည်မှာ ခဏလေးအတွင်းကုန်သွားသော အရာဖြစ်ပြီး လူတစ်ယောက်က ရာစုနှစ်ဘယ်နှစ်ခုထိ နေရပါမည်နည်း။

ရီလန် တုန့်ပြန်လိုက်သည်။

“စိတ်မပူပါနဲ့ ညီမလေးတို့ အစ်ကိုကြီးဆီလာမှာပါ”

ကျန်းချင်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူတို့ဂိုဏ်းခွဲမှ စိတ်၀င်စားစရာကိစ္စများကို စတင်ပြောပြခဲ့ပြီး ကုအန်လည်းသေချာနားထောင်နေကာ တစ်ချက်တစ်ချက် ရိုးရိုးရှင်းရှင်း ရယ်မောနေခဲ့လေသည်။

ညနေစောင်းချိန်တွင် ကျန်းချင်ပြန်သွားခဲ့ပြီး ရီလန်ကတော့ တစ်ညပိုနေဖို့ ဆုံးဖြတ်ခဲ့၏။

ညဉ့်အချိန်ကျရောက်လာခဲ့သည်။

ကုအန် စာဖတ်နေသည်ကိုကြည့်နေရင်း ရီလန်ပုံမှန်အတိုင်း မေးလိုက်၏။

“အစ်ကိုကြီး မိန်းကလေးကျိကို ဘယ်လိုထင်လဲ”

ကုအန်အကြည့်က အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းပေါ်တွင်သာ ရှိနေရင်း ‌ပြန်ပြောလိုက်သည်။

“ဘာလို့ရုတ်တရက်ကြီး မေးတာလဲ”

အောက်ထပ်ရှိ လေထုက ထူးဆန်းသွားခဲ့ပြီး ကျိရှောင်ယု တစ်ယောက်သူတို့စကားဝိုင်းကိုချောင်းကြည့်နေခဲ့ပြန်ချေပြီ။

“တကယ်တော့ အစ်ကိုကြီးတို့နှစ်ယောက်ကအတော်လေးလိုက်ဖက်တယ်လို့ ညီမလေးထင်တယ် သူမရဲ့ပါရမီကြီးနဲ့ကို သူမက ကျော်ကြားမှုကိုမမက်မောဘဲ ဆေးတောင်ကြားမှာပဲ လာနေနေတယ် အဲ့တာက အစ်ကိုကြီးအတွက်ဆိုတာ ‌ရှင်းနေတာပဲလေ” ရီလန် ညင်သာစွာပြောနေရင်း သူမမျက်လုံးက ကုအန်မျက်နှာကိုကြည့်နေရင်း ကုအန်အမူအရာပြောင်းလဲသွားမလား အကဲခတ်နေခဲ့၏။

ကုအန် ပြန်ပြောလိုက်သည်။

“အစ်ကိုသိတယ်”

ထိုအဖြေကိုကြားသောအခါ ရီလန့်အကြည့်များတစ်ချက်လက်သွားခဲ့၏။

ကုအန် သူမကိုမော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သူဒီမှာနေရတဲ့ အကြောင်းပြချက်က အစ်ကိုကြီးကြောင့်လည်းပါပေမယ့် အခြားအကြောင်းပြချက်တွေလည်းရှိသေးတယ် ဘ၀မှာ အထူးသဖြင့် ကျင့်ကြံသူတစ်ယောက်ရဲ့ဘ၀မှာ ပိုအရေးကြီးတဲ့ လမ်းစဉ်တွေရှိနေသေးတာပဲမဟုတ်လား”

ရီလန်သူ့စကားများကြောင့်ပြုံးကာ ပြောလိုက်၏။

“ဟုတ်ပါတယ် ညီမလေးအသက် ၄၀ အရွယ်လောက်တုန်းကဆိုရင် အစ်ကိုကြီးအကြောင်းကိုပဲ စိတ်၀င်စားပြီး ခံစားချက်တွေနဲ့ ချုပ်နှောင်ခံထားရတာ အခုတော့ ညီမလေးမှာ လျှောက်လှမ်းရမယ့် လမ်းကြောင်းတွေရှိနေပြီ ဒါပေမယ့် အဲ့ဒီဂုဏ်သတင်းတွေထက်စာရင် ညီမလေးအတွက်အရေးအကြီးဆုံးက ညီမလေးတို့နှစ်ယောက်လုံး အခုထိ အသက်ရှင်နေသေးပြီးတစ်ယောက်နဲ့တစ်ယောက်အဖော်ပြုနေနိုင်သေးတာကိုပဲ”

သူမတစ်ချက်ရပ်လိုက်ကာ ဆက်ပြောလိုက်သည်။

“တကယ်တော့ ညီမလေး သူ့အကြောင်းပြောတယ်ဆိုတာလည်း အစ်ကိုကြီးသူ့အပေါ်ခံစားချက်ရှိနေမလား သိချင်လို့ပါ ညီမလေးက အစ်ကိုကြီးကိုထာ၀ရအဖော်ပြုမပေးနိုင်ဘူးလေ အဲ့တာကြောင့် အစ်ကိုကြီးအတိတ်ကို တွယ်ကပ်မနေဘဲ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုတည်ဆောက်စေချင်တာပါ အနည်းဆုံးတော့ အဲ့တာက အစ်ကိုကြီးကို အနာဂတ်မှာ အရမ်းအထီးမကျန်အောင်လုပ်ပေးနိုင်တာပေါ့”

ဆရာသခင်ဓားအရှင်၏ မျက်စိကျခြင်းကို ခံရပြီး ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ပိုင်ဆိုင်ထားသော ကုအန်က အသက်အရှည်ကြီးထိ နေရမည်ဖြစ်မှန်း သူမယုံကြည်ပေသည်။ သူမက ကုအန်အတွက်တော့ ဖြတ်လျှောက်တစ်ယောက်ဖြစ်လာရန်သာ ကံပါလာခဲ့သူ ဖြစ်၏။ ထို့ကြောင့် ကုအန်ကိုသူမပိုင်ဆိုင်ရမည်ဟု တွေးမည့်အစား အနာဂတ်တွင် ကုအန် လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်ရန်သာ သူမမျှော်လင့်နေခဲ့မိသည်။

သူမအမြင်တွင် သူမအစ်ကိုကြီးက ကမ္ဘာကြီး၏အချောအလှလေးများအားလုံးနှင့် ထိုက်တန်၏။

ကုအန် သူမကိုနှစ်သိမ့်မပေးဘဲ ပြုံး၍သာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“တစ်ယောက်တည်းနေရတာက ဘာဖြစ်လို့လဲ စိတ်မပူပါနဲ့ အစ်ကို့မှာမိတ်ဆွေတွေအများကြီးရှိပါတယ် အစ်ကိုကြီးစိတ်ဓာတ်ကျနေတာမျိုး ညီမလေးဘယ်တုန်းက မြင်ဖူးလို့လဲ”

“ကျိရှောင်ယုအတွက်ကတော့ သူလည်းအစ်ကို့ကိုအကြာကြီး အဖော်မပြုနိုင်ပါဘူး ညီမလေးအစ်ကိုနဲ့ အချိန်ဘယ်လောက်ကြာအောင် အတူရှိနေပေးနိုင်မလဲဆိုတာကို မစဉ်းစားနဲ့ အစ်ကိုကြီးတို့ အတူရှိနေချိန်မှာ ဘာတွေလုပ်နိုင်လဲဆိုတာကိုပဲ စဉ်းစား”

ရီလန် ကျိရှောင်ယုကဘာမှားနေလို့လဲဟု မေးချင်သွားသော်လည်း သူမကိုယ်သူမ ထိန်းချုပ်လိုက်လေသည်။ ကုအန်က‌ေတာင် ကျိရှောင်ယုပြဿနာကိုမဖြေရှင်းနိုင်လျှင် သူမကဘာတတ်နိုင်ပါမည်နည်း။

“ဟုတ်ပါတယ် ညီမလေးက အစ်ကိုကြီးနဲ့ပတ်သက်လို့ ကောင်းချီးပေးခံလိုက်ရတဲ့ သေမျိုးလေးတစ်ယောက်ပါပဲ” ရီလန် သူမပါးစပ်ကိုအုပ်ကာ တခစ်ခစ်‌ရယ်မောလိုက်၏။ သူမစကားက ဟာသဆန်သော်လည်း တကယ်လည်းအမှန်တရားသာ ဖြစ်ပေသည်။

ကုအန်သာမရှိလျှင် သူမအခုလို စွမ်းအား အာဏာမျိုး ရမည့်အစား လွန်ခဲ့သော နှစ်ရာချီကတည်းက သေသွားပြီး ဖြစ်နေပေလိမ့်မည်။

ကုအန် သူမကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။

“ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားလဲ ညီမလေးနဲ့ဆုံခွင့်ရခဲ့တာက အစ်ကို့အတွက်လည်း ကံကြမ္မာကောင်းတစ်ခုပါပဲ”

“တကယ်လား”

ရီလန့်မျက်လုံးများ ပြုံးရယ်ဟန်ဖြင့် တောက်ပသွားပုံကြောင့် သူမကပိုပြီး ချစ်စရာကောင်းနေခဲ့သည်။

ကုအန် သူ့လက်ကိုမြှောက်ကာ လက်ကိုလှန်ထားဟန်ဖြင့် စားပွဲပေါ် တင်လိုက်၏။

ရီလန်တခဏတွန့်ဆုတ်နေပြီး‌သည့်နောက် သူမလက်ကလေးကို ကုအန် လက်ဖဝါးပေါ်တင်လိုက်ပြီး ကုအန်ကလည်း ဖမ်းဆုပ်ထားလိုက်သည်။

“ညီမလေး ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထား ဘာတွေဖြစ်လာမလဲ ဖြစ်နိုင်မလဲဆိုတာကို မတွေးနဲ့ အမတကျင့်ကြံခြင်းခရီးလမ်းမှာ အစ်ကိုကြီး ညီမလေးကိုအဖော်ပြုပေးမယ် တကယ်လို့ အစ်ကိုကြီးတို့ ဒီဘ၀မှာ အမတနယ်ပယ်ကိုမရောက်ခဲ့ရင် အစ်ကိုကြီးနောက်ဘ၀မှာ ညီမလေးကိုလာရှာမယ် ညီမလေးအစ်ကို့ကို မမှတ်မိတော့ဘူးဆိုရင်တောင် အစ်ကိုကြီးမှတ်မိနေရင်ပဲ လုံလောက်ပါပြီ” ကုအန် ရီလန့်မျက်လုံးများကို စိုက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်လေသည်။

ကုအန် သူမကို အခုလိုကတိစကားမျိုးပြောသည်က ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ထိုစကားများကို ကြားသောအခါ ရီလန့်မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“အစ်ကို…”

ရီလန် ကုအန်မျက်လုံးများကို ကြည့်နေရင်း ခံစားချက်များ ပြည့်လျှံနေခဲ့‌သည်။

ထိုစဉ် ကုအန် စာအုပ်တစ်အုပ်ကိုဆွဲယူလိုက်ကာ မေးလိုက်၏။

“ဒါက လတ်တလောအစ်ကိုကြီးရေးနေတဲ့စာအုပ်ပဲ တစ်ချက်လောက်ဖတ်ကြည့်ချင်လား”

ရီလန့်အာရုံက စာအုပ်အဖုံးဆီရောက်သွားပြီး သူစာလုံးသုံးလုံးကို မြင်လိုက်ရလေသည်။

ခန်းဆောင်နီအိပ်မက်!

……

ဆောင်းဦးရာသီရောက်ဖို့ နီးကပ်လာခဲ့ပြီး တစ်နေ့တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ဆင်းသက်လာခဲ့ပြီး သူ့နောက်မှ အန်းရှင်းလိုက်ပါလာခဲ့သည်။

ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်၏လမ်းကို ပိတ်ရပ်လိုက်၏။

ထိုသူမှာ လုံချင်းသာဖြစ်ပေသည်။

သူကုအန်ကိုဒေါသများပြည့်နေသောမျက်နှာထားဖြင့် ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲတွင်လည်း မကျေနပ်ချက်များ ရှိနေခဲ့၏။

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ပေါ်တွင် ထိုင်နေရင်း သူ့ကိုပျင်းရိစွာ ကြည့်လိုက်ကာ ပြောလိုက်သည်။

“မင်းဘာလိုချင်လို့လဲ”

အန်းရှင်း လုံချင်းကိုကြည့်ကာ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသော်လည်း ရယ်ချင်စိတ်ကို ထိန်းထားလိုက်၏။

အရင်ကဆိုရင်တော့ သူလုံချင်းအတွက် ပြောပေးမည်ဖြစ်သော်လည်း အခုတော့ သူမလည်း လုံချင်းရန်လိုမှုကို ခံစားဖူးသွားလေရာ ထိုကောင်လေးသည် အမှန်တကယ်ပင် ဆုံးမပေးဖို့ လိုနေပြီဟု ခံစားနေခဲ့ရသည်။

ဆန်းကြယ်တောင်ကြားက အန်းရှန်ထျန်းဆိုဘယ်လောက် ရိုးသားလိုက်သလဲ!

“ကျွန်တော်…”

ကုအန် အကြည့်ကိုရင်ဆိုင်လိုက်ရပြီး လုံချင်းပါးစပ်ဟလိုက်သော်လည်း သူ့ခံစားချက်ကိုဘယ်လိုထုတ်ဖော်ရမလဲ မသိ ဖြစ်နေခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။

“လမ်းမှာပိတ်ရပ်မနေနဲ့ တစ်ယောက်ယောက်ကမင်းကို ကျင့်ကြံခြင်းသင်ပေးပြီးသွားတာကိုတောင် မင်းကသခင့်ဆီက ထပ်သင်ချင်နေသေးတာလား”

လုံချင်းမျက်နှာလုံး၀နီရဲသွားကာ ဘာလုပ်ရမလဲမသိ ဖြစ်သွားခဲ့၏။ နောက်ဆုံးတွင် ထိုကလေးက သူပျိုးထောင်ထားခဲ့ရသော ကလေးဖြစ်သောကြောင့် ကုအန် သူ့ကိုခက်ခဲအောင်မလုပ်ချင်တော့ပေ။ သူပြောလိုက်သည်။

“တကယ်တော့ မင်းမှာအခြားသူတွေမှာမရှ်ိတဲ့ စမှတ်မျိုးရှိနေတယ် မင်းကသန်မာပြီးသားလို့တောင်ပြောလို့ရတယ် မင်းအဲ့တာကို ရှာမတွေ့သေးရုံပါ ပိုသန်မာလာအောင် မျက်ကန်းတောတိုးလုပ်နေဖို့ထက် မင်းကိုယ်မင်းနားလည်လာအောင် အရင်လုပ်သင့်တယ်” ခပ်လှမ်းလှမ်းမှ ရှန်ရှင်းကျိခိုးနားထောင်နေပြီး သူလည်းထိုစကားများကို ကြားလိုက်ရ၏။

လုံချင်းသည် သာမန်လူမဟုတ်မှန်း သူလည်း သတိထားမိပေသည်။ စိတ်ဝိညာဉ်စွမ်းအင်တစ်စမှမရှိဘဲ လုံချင်း၏ ခန္ဓာနှင့်သွေးချီတိုးတက်နှုန်းက အလွန်လျင်မြန်နေခဲ့၏။ စိတ်ဝိညာဉ်စွမ်းအားချင်းယှဉ်လျှင် လုံချင်းမှာဘာမှမရှ်ိသော်လည်း ခွန်အားအစစ်ခြင်းယှဉ်မည်ဆိုလျှင်တော့ သူကရှားပါးသည့် ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်ပေသည်။

လုံချင်းတွင် သူသတိမထားမိသည့် စွမ်းအားနောက်တစ်မျိုး ရှိနေသေးခြင်းပေလော။

ကုအန် စကားများကိုကြားပြီးနောက် လုံချင်း တုန်လှုပ်သွားပြီး ထိုစကားများက မှန်မမှန်ပင် မမေးနိုင်ဖြစ်သွားခဲ့သည်။

အန်းရှင်းနှင့်သွေးအကျဉ်းထောင်မဟာသူတော်စင်တို့လည်း လုံချင်းကိုအံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်မိကြ၏။ ကုအန် လိမ်နေမည်ဟု သူတို့မယုံကြပေ။

“ကျွန်တော့်မှာတကယ်ပဲ အလားအလာရှိတာလား” လုံချင်း မမေးဘဲ မနေနိုင်တော့ပေ။ သူ့မျက်နှာတွင်လည်း ကြောက်လန့်မှုနှင့်စိတ်၀င်စားမှုများ ပြည့်နေခဲ့လေသည်။

ကုအန် နွားသိုးပေါ်မှ ဆင်းလာပြီး လုံချင်းဆီသို့ ချဉ်းကပ်လာကာ သူညာလက်ကို လုံချင်းပုခုံးပေါ် တင်လိုက်၏။

ရုတ်ချည်းဆိုသလို လုံချင်းမျက်နှာဖြူဖျော့သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။

“ဘယ်လိုခံစားရလဲ” ကုအန် မေးလိုက်၏။

လုံချင်းအံကိုကြိတ်ကာ ပြောလိုက်သည်။

“နည်းနည်းနာတယ်…”

တကယ်တော့ ထိုအရာက နည်းနည်းမဟုတ်ပေ။ သူ့တကိုယ်လုံး စုတ်ဖြဲခံလိုက်ရသလို နာကျင်နေခြင်းဖြစ်သော်လည်း သူ့ဆရာရှေ့တွင် အားနည်းကြောင်းပြ၍ မဖြစ်ပေ။

သူ့နှလုံးသားထဲတွင် ပဟေဠိဖြစ်နေပြီး သူ့ဆရာဘာလုပ်နေသလဲ သူမသိခဲ့ပေ။

သူ့ကိုစမ်းသပ်နေခြင်းပေလော။

ကုအန်မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး သူပြုံးလိုက်သည်နှင့် လုံချင်း သေလုမျောပါးဖြူဖျော့သွားပြီး သူ့ခန္ဓာကိုယ်တုန်ရီလာကာ သူ့နှုတ်ခမ်းများပင် တုန်ခါလာခဲ့သည်။

သူ့နှဖူးမှ ချွေးအေးများလည်း ကျဆင်းလာခဲ့၏။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်ကို သူမပိုင်တော့သလို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်က ခံစားနိုင်စွမ်းအားလုံးကိုဆုံးရှုံးလိုက်ရကာ သူ့စိတ်ကဗလာဖြစ်သွားပြီး အတွေးများအားလုံးလည်း ပျောက်ကွယ်သွားခဲ့ရ၏။

အန်းရှင်းတစ်ခုခုတော့ မှားနေသည်ကို မြင်လိုက်ရပြီး ရှေ့နှစ်လှမ်းတိုးလိုက်မိသော်လည်း သူ့ခြေလှမ်းများကို ပြန်ထိန်းထားလိုက်သည်။ သူ့ဆရာက ဘယ်လိုဖြစ်လို့ လုံချင်းကိုထိခိုက်အောင် လုပ်ပါမည်နည်း။

ကုအန် သူ့လက်ကို‌ရုတ်လိုက်သောအခါ လုံချင်း ရွှံ့တုံးတစ်တုံး‌လို မြေပြင်ပေါ် ပြိုလဲကျသွားခဲ့၏။

သူအလိုလိုကုအန်ကိုမော့ကြည့်လိုက်မိပြီး သူ့မျက်လုံးထဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဘေးမှဖြတ်သွားသော တပည့်များကတော့ သူတို့ကို ပဟေဠိဆန်သော စိတ်၀င်စားသောမျက်လုံးများဖြင့် ကြည့်ရှုသွားခဲ့ကြပြီး ကုအန်က လုံချင်းကိုဆုံးမနေသည်ဟုသာ ထင်သွားခဲ့ကြ၏။ လုံချင်း ဘာအပြစ်ကျူးလွန်ထားလဲဆိုတာတော့ သူတို့မသိခဲ့ကြပေ။

ကုအန် လုံချင်းကိုငုံ့ကြည့်ကာ မေးလိုက်သည်။

“အခုဘယ်လိုခံစားရလဲ”

လုံချင်း အသက်ပြင်းပြင်းရှူလိုက်ကာ ခက်ခက်ခဲခဲခေါင်းမော့လိုက်ရပြီး ကြောက်ရွံ့သောအကြည့်ဖြင့်ကြည့်နေရင်း ပြောလိုက်၏။

“ကျွန်တော်…သေတော့မလိုပဲ…”

“ဒါပေမယ့် မင်းမသေခဲ့ဘူးလေ”

ကုအန် သူ့ကိုစိုက်ကြည့်လိုက်ပြီး ထိုမထူးခြားသောအကြည့်က သူ့ကိုကြောက်ရွံ့သွားစေကာ သူအလိုလိုခေါင်းငုံ့လိုက်မိသည်။

“ခုနက မင်းနေရာမှာ မဟာယနအဆင့်တစ်ယောက်သာဆိုရင် ပြာမှုန်အဖြစ်ပြောင်းသွားလောက်ပြီ”

ကုအန် ထိုစကားများကိုချန်ခဲ့ပြီး လုံချင်းကိုဖြတ်၍ ဆက်လျှောက်သွားခဲ့လေသည်။

လုံချင်းမျက်လုံးများ ပြူးကျယ်သွားကာ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုခေါင်းလှည့်၍ ကြည့်လိုက်မိပြီး သူ့အမူအရာက မယုံကြည်နိုင်ဖြစ်နေခဲ့၏။

အန်းရှင်းနှင့်သွေးအကျဉ်းထောင်မဟာသူတော်စင်တို့လည်း ငေးကြောင်နေခဲ့ကြသည်။ အန်းရှင်းအတွက် မဟာယနအဆင့်ဆိုသည်မှာ ဝေးကွာသေးသော အိပ်မက်ဖြစ်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်အတွက်တော့ သူလက်ရှိရောက်နေသော အဆင့်ဖြစ်၏။

ဤလူငယ်လေးလုံချင်းက မဟာယနအဆင့်တစ်ယောက်ထက်ပင် ကြောက်စရာကောင်းနေခြင်းပေလော။ သူတို့နှလုံးသားထဲတွင် ထိုအရာက အဓိပ္ပာယ်မရှိဘူးဟု ခံစားလိုက်ရလေသည်။

ရှန်ရှင်းကျိ လုံချင်းရှေ့ရှိ လေထုအလွှာပါးထဲမှ ထွက်ပေါ်လာခဲ့ပြီး ခေါင်းငုံ့ကာသူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီးသည့်နောက် သူ့မျက်နှာကလျင်မြန်စွာပင် တုန်လှုပ်နေသော အမူအရာသို့ ပြောင်းလဲသွားခဲ့၏။

“မဖြစ်နိုင်တာ…”

ရှန်ရှင်းကျိခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့ကမ္ဘာကြီးအပေါ်အမြင်များက ပြိုကွဲသွားသလို ခံစားလိုက်ရလေသည်။

လုံချင်းကတော့ သူ့ဆရာဘာတွေးနေသလဲမသိခဲ့ဘဲ သူ့နားထဲ ကုအန်စကားများကသာပဲ့တင်ထပ်နေခဲ့၏။

တကယ်လို့ မဟာယနအဆင့်တစ်ယောက်သာဆိုရင် ပြာမှုန်အဖြစ်ပြောင်းသွားလောက်ပြီ…

သူခုနက ကြောက်စရာခံစားချက်ကြီးကို ပြန်တွေးလိုက်မိပြီးနောက် နောက်ဆုံးတွင် ထိုအရာကကြောက်စရာမဟုတ်တော့ဘူးဟု ရုတ်တရက်ခံစားလိုက်ရသည်။ ထိုစဉ် သူ့နှလုံးသားထဲက ကုအန်ပုံရိပ်ကလည်း အလွန်ကြီးမားသွားခဲ့ချေပြီ။

အပိုင်း(၄၄၀)

အတိတ်၏စွမ်းအား

ကုအန်ထံမှ သူ့အလားအလာကိုကြားခဲ့ရပြီးသည့်နောက် လုံချင်း သူ့ခန္ဓာကိုဆက်မကျင့်ကြံတော့ဘဲ ထိုအစား သူ့စိတ်အခြေကျစေရန်နှင့် သူ့အုတ်မြစ်ကိုခံစားမိရန်သာ ကြိုးစားလေတော့သည်။ ရှန်ရှင်းကျိကလည်း ထိုအရာကို မတားခဲ့ပေ။

ရှန်ရှင်းကျိ သူ့ကိုယ်သူ လုံချင်းကိုသင်ပေးဖို့ မထိုက်တန်ဘူးဟု ခံစားနေခဲ့ရ၏။ သူအပြင်ပန်းတွင် အေးအေးဆေးဆေးဖြစ်နေပုံ ပေါ်သော်လည်း စိတ်ထဲတွင်တော့ တစ်ခုခုကိုဆုံးရှုံးသွားသလို ခံစားနေခဲ့ရသည်။

တတိယတောင်ကြားတွင် သူနှစ်ရာချီအောင် နေထိုင်ခဲ့သော်လည်း ဘာကိုမှဖောက်မမြင်နိုင်ခဲ့သလို ဘာကိုမှလည်း မသင်ယူနိုင်ခဲ့ပေ။

ဆောင်းဦးကုန်ကာ ဆောင်းရာသီသို့၀င်ရောက်လာခဲ့၏။

ကောင်းကင်မှနှင်းများကျဆင်းနေခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အဖြူရောင်လွင်ပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲနေခဲ့သည်။

ထိုနေ့တွင် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်၌ ကုအန်

သစ်သားခြံစည်းရိုးဘေးတွင်ရပ်ကာ နှင်းများကျနေသော ရှုခင်းကို ကြည့်ရှုခံစားနေခဲ့၏။

သူမျက်လုံးများက ဉယျာဉ်ထဲတွင် ရှိနေသော်လည်း သူ့နတ်အတွေးကတော့ ကောင်းကင်ပြင်ပဆီ ရောက်ရှိနေခဲ့လေသည်။ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲတွင် သာမန်မဟုတ်သောအရာတစ်ခု ပေါ်လာခဲ့ပြန်ချေပြီ။

ကုအန်အဆင့်ချိုးဖြတ်ပြီးနောက် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲရှ်ိ ပြန်လည်မွေးဖွားခြင်းနိယာမများက ဆက်တိုက်ပြောင်းလဲနေခဲ့၏။ ထိုအရာက သူ့ကြောင့်ပေလော သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုသက်သက်လားဆိုတာတော့ သူမသိပေ။

သူထိုကိစ္စကိုစိတ်တော့ မပူခဲ့ပေ။ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲတွင် အကြီးမားဆုံး ပြောင်းလဲမှုများ ဖြစ်ပေါ်လာလျှင်တောင် ထိုအရာက ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်တစ်ယောက်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

အခြားစကြာ၀ဠာမှသက်ရှိများ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ကျူးကျော်လာမှသာ ကပ်ဘေးတစ်ခုဖြစ်လာပေလိမ့်မည်ဟု ကုအန် တွေးနေခဲ့မိ၏။

သူတွေးနေစဉ် အန်းရှင်း သူဘေးသို့ ရောက်လာခဲ့လေသည်။ သူလုံချင်းအကြောင်းပြောပြခဲ့၏။ ထိုကောင်လေးသည် ဆန်းကြယ်သန့်စင်ပင်အောက်တွင်ရှိနေတာ တစ်လ‌ကြာသွားပြီဖြစ်ပြီး သူရူးသွပ်သွားမှာကို သူမစိုးရိမ်နေခဲ့သည်။

“အဲ့တာက အဆင်ပြေပါတယ် အဲ့လောက်မကြာသေးဘူး တစ်ခါတလေ ကိစ္စတွေကိုတွေးကြည့်တာကလည်း ကောင်းတဲ့အရာပါပဲ” ကုအန် သာမန်အတိုင်းပြောလိုက်၏။ လုံချင်းသည် နိဗာနအဆင့်ဖြင့် မွေးဖွားလာခြင်းဖြစ်ပြီး ကုအန်က သူ့ကျင့်ကြံခြင်းကို စည်းပိတ်ထားရုံသာ ဖြစ်သည်။ ယခုအခါ လုံချင်းက အလွန်လျင်မြန်စွာ သန်မာလာသလိုဖြစ်နေသော်လည်း တကယ်တော့ သူ့မူလခွန်အားကို ပြန်ယူနေခြင်းသာ ဖြစ်၏။

ထိုစကားကိုကြားပြီးနောက် အန်းရှင်းမမေးဘဲ မနေနိုင်ခဲ့ပေ။

“ဆရာ သူ့အလားအလာကတကယ်ပဲ ဘယ်လောက်ထိမြင့်လဲ သူကကျွန်မ စီနီယာအစ်ကို‌ေရာ ဂျူနီယာမောင်လေးရောနဲ့ ယှဉ်လို့ရလား”

ကုအန် ဖြေလိုက်သည်။

“မွေးရာပါပါရမီချင်းယှဉ်ရင် သူကပိုသန်မာတယ် ဒါပေမယ့် မင်းစီနီယာအစ်ကိုမှာက ပိုထက်ရှတဲ့ သိစိတ်ရှိတယ်”

ကုအန်မျက်လုံးထဲတွင် အန်းဟောင်နှင့်ပတ်သက်ပြီးကြောက်စရာအကောင်းဆုံးအရာမှာ သူ့သိစိတ်သာဖြစ်၏။ သူသည် လျင်မြန်စွာ ကျင့်ကြံနိုင်ရုံသာမကဘဲ နတ်သိုင်းများဂါထာများကိုလည်း အံ့အားသင့်စရာကောင်းအောင် လျင်မြန်စွာ နားလည်နိုင်ပေသည်။

သူ့ကို အမတမင်းဆက်က အကျဉ်းချထားသော်လည်း သူ့ကျင့်ကြံခြင်းကလုံး၀နှေးမသွားခဲ့ဘဲ သူသည် နိဗာနအဆင့်နှင့်ပင် မဝေးတော့ပေ။

အန်းဟောင် နိဗာနအဆင့်ရောက်သွားပါက အမတမင်းဆက်တွင်ဖြစ်သွားမည့် ဂယက်ကိုကြည့်ဖို့ပင် ကုအန် မျှော်လင့်နေခဲ့သည်။

“အဲ့လောက်အံ့ဩစရာကောင်းတယ်လား” အန်းရှင်းမျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့၏။

ကုအန် လုံချင်းအလားအလာကိုထုတ်မပြောသေးခင်က သူမအမြဲတန်းလုံချင်းကို စာနာသနားနေခဲ့မိသည်။

စိတ်ဝိညာဉ်စွမ်းအားမပါသော အပြင်အားသက်သက်က ဘာအသုံး၀င်ပါမည်နည်း။

“ဒါ‌ဆို ဘာလို့…” အန်းရှင်းသတိထား၍ မေးလိုက်၏။

ကုအန်သူမကိုတစ်ချက်ကြည့်ကာ ခပ်ဟဟရယ်မောလိုက်ပြီး

“မင်းမှန်တယ် ဆရာသူ့ကိုရည်ရွယ်ချက်ရှိရှိ ပုံသွင်းပေးနေတာ”

သူမတွေးထားသလိုပင်!

ကုအန်သည် စည်းတံဆိပ်များအသုံးပြုရာတွင် ကျွမ်းကျင်မှန်း အန်းရှင်းသိပေသည်။ သွေးအကျဉ်းထောင်မဟာသူတော်စင်က ဥပမာဖြစ်ပြီး မဟာယနအဆင့်တစ်ယောက်က ထိုမျှသနားစရာကောင်းသောအခြေအနေသို့ ရောက်သွားရကာ ဘယ်သူကမှလည်း ထိုအခြေအနေကို သတိမပြုမိခဲ့ကြပေ။

ရုတ်တရက်သူမစိတ်အေးသွားပြီး ရယ်မောလိုက်ကာ

“ဒီကလေးက အခုတောင်ဒီလောက်မောက်မာနေတာ စည်းတွေသာ မရှိရင် သူကရူးသွပ်တဲ့ကိစ္စတွေလုပ်မှာ သေချာတယ်”

ကုအန် အပေါ်သို့မော့ကြည့်နေရင်း ပြန်လည်မွေးဖွားခြင်းစက်၀န်းရှိအပြောင်းအလဲများက ကျယ်ပြန့်လာသည်ကို သတိထားမိနေခဲ့၏။

အန်းရှင်း လုံချင်းအပြုအမူများအကြောင်းစဉ်းစားနေချိန်တွင် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှ ပုံရိပ်များထွက်ပေါ်လာခဲ့လေသည်။ အားလုံးက လူသားသဏ္ဍာန်များသာရှိကြသော််လည်း သူတို့ဆီမှ မိစ္ဆာချီ တစ္ဆေချီ နတ်ဆိုးချီများ ထွက်ပေါ်နေခဲ့၏။ သူတို့လျင်မြန်စွာ စီတန်းရပ်လိုက်ကြပြီး သူတို့အကြည့်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ရောက်ရှိသွားခဲ့ကြသည်။

သူတို့ကျင့်ကြံခြင်းကလည်း မြင့်မားကြ၏။ လွတ်ငြိမ်းရာအမတမပါသော်လည်း သူတို့ထဲအားအနည်းဆုံးသူကပင် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများ ဖြစ်ကြသည်။

လွတ်ငြိမ်းရာအမတများက ပြန်လည်မွေးဖွားခြင်းစက်၀န်းကိုဖြတ်၍ ဤနေရာသို့လာနေကြသည်ကိုလည်း ကုအန် သတိထားမိနေခဲ့၏။

သူဤကမ္ဘာကြီး၏ အဓိကအဖြစ်အပျက်ကြီးများကို တွက်ချက်ကြည့်လိုက်ရာ သူ့မြင်ကွင်းထဲ ပုံရိပ်မျိုးစုံ ပေါ်လာခဲ့ကြသည်။

သူဤနယ်‌ေမြဒုက္ခရောက်နေသော မြင်ကွင်းများကိုပင် တွေ့ခဲ့ရ၏။

“ကံကြမ္မာ ဟမ့်…”

ကုအန် စိတ်ထဲကြိတ်တွေးနေသော်လည်း အပြင်ပန်းတွင်တော့ ခေါင်းတညိတ်ညိတ်နှင့်သာ လုံချင်းအကြောင်းပြောနေခဲ့သည်။ တခဏအကြာတွင်

အန်းရှင်းသူ့ကိုနှုတ်ဆက်ကာထွက်ခွာသွားခဲ့ပြီး ကုအန်ကိုထပ်မနှောင့်ယှက်တော့ပေ။

ကုအန် ကောင်းကင်ပြင်ပကိုဆက်လက်စောင့်ကြည့်နေခဲ့၏။ မြင့်မြတ်ခုံရုံးနှင့်အမတမင်းဆက်က ထောက်လှမ်းရန် ကျင့်ကြံသူတစ်စုပို့လိုက်သည်ကိုလည်း သူမြင်ခဲ့ရသည်။

ကုအန်လည်း အပြင်စည်းမြို့တော်သို့ ပျံသန်းလာခဲ့၏။

သူ သုံးပြည်ထောင်ပုံပြင်ကိုအမတကျင့်ကြံခြင်းပုံစံဖြင့်ထုတ်ဝေခဲ့ပြီးနောက် ခန်းဆောင်နီအိပ်မက်ကို ထုတ်ဝေဖို့ ပြင်နေခြင်း ဖြစ်သည်။ အမတကျင့်ကြံခြင်းကမ္ဘာကလည်း ဖန်းအန်၏လက်ရာများကို စောင့်မျှော်နေခဲ့ကြ၏။

စာရေးခြင်းကကုအန်အတွက် ဘာအကျိုးအမြတ်မှ မရတော့ပေ။ သို့သော် သူ့ကမ္ဘာမြေပြင်က စာပေက်ုဤနေရာတွင် ဖြန့်ဝေချင်၍သာ သူဆက်ရေးနေခဲ့ခြင်း ဖြစ်သည်။

တစ်နာရီခန့်အကြာတွင် ကုအန် စာအုပ်ခန်းမမှ ထွက်ခွာလာခဲ့၏။

သူမြို့ထဲမှ ချက်ချင်းထွက်သွားဖို့ မစဉ်းစားဘဲ ထိုအစားလမ်းများအပေါ် လျှောက်သွားဦးမည်ဟု ဆုံးဖြတ်လိုက်လေသည်။

လမ်းများပေါ်လျှောက်သွားရခြင်းက သူ့ဝါသနာဖြစ်ပြီး လမ်းသွားလမ်းလာများ၏ ကမ္မတရားကိုတွက်ချက်ရင်း သူ့ကံကြမ္မာအပေါ်နားလည်နိုင်စွမ်းကိုလည်း တိုးမြှင့်နိုင်‌၏။ ကုအန် အသိအကျွမ်းများနှင့်လည်း မကြာခဏတွေ့တတ်သေးသည်။

သူ့စိတ်နေစိတ်ထားက ပြောင်းလဲသွားပြီဖြစ်သော်လည်း အခြားသူများအပေါ် သူ့သဘောထားကတော့ မပြောင်းလဲဘဲ အရင်လို ရင်းရင်းနှီးနှီးခင်ခင်မင်မင်ဆက်ဆံနေဆဲပင်။

တဖြည်းဖြည်းနှင့် ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ဆီ ရောက်ရှိလာခဲ့၏။ ခပ်လှမ်းလှမ်းမှနေပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်နားတွင် လူများဝိုင်းနေသည်ကို ကုအန် တွေ့လိုက်ရလေသည်။ စင်မြင့်ပေါ်တွင် သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားပြီး သာမန်လူတစ်ယောက်အသွင်ဖြင့် နေနေသော ကောင်းကင်ဈာန်အမတတစ်ပါးပင် ရှိနေသေးသည်။

ကျိုးယိကျင်းကတော့ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် သံချောင်းတစ်ချောင်းလို မတ်မတ်ရပ်နေခဲ့၏။ သူ့နောက်လိုက်အဖြစ်တည်ရှိနေမှုက ကုအန်ကိုဘာအကျိုးအမြတ်မှယူလာမပေးသော်လည်း သူ့စွန့်လွှန်နိုင်စွမ်းနှင့်တည်မြဲနိုင်စွမ်းကြောင့် ကုအန်ပင် ခံစားသွားခဲ့ရသည်။

နောက်ဆုံးတွင် ကျိုးယိကျင်းကပိုသန်မာနေလေလေ ဆရာသခင်‌ဓားအရှင်၏စွမ်းအားကို ဖော်ပြနိုင်လေလေ မဟုတ်‌ပါလော။

ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တက်လာပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှိရာ လူအုပ်ကြီးစီ ဦးတည်လာခဲ့၏။

စင်မြင့်ပေါ်တွင်ပင် အသိအကျွမ်းအချို့နှင့်တွေ့ခဲ့ပြီးစကားပြောနေရသောကြောင့် အမွှေးတိုင်တစ်၀က်ထွန်းစာအချိန်မှ ကုအန် ကောင်းကင်ပိုင်းဖြတ်ပုဆိန်စီ ရောက်ရှ်ိလာခဲ့သည်။

ကုအန် ကိုမြင်ပြီး ကျိုးယိကျင်းပြုံးလိုက်၏။ ထိုအပြုံးက သူအမြဲတင်းမာနေသောမျက်နှာပေါ်တွင် ရှားပါးသောအရာသာ ဖြစ်ပေသည်။ သူကုအန်ကိုနှုတ်ဆက်လိုက်ပြီး မေးလိုက်၏။

“ဒီနေ့ ဘာကိစ္စရှိလို့ရောက်လာတာလဲ”

ကုအန်ဖြေလိုက်သည်။

“ကျွန်တော်စာအုပ်ခန်းမကိုလာတာပါ”

ကျိုးယိကျင်းမျက်လ‌ံုးများ တောက်ပသွားကာ မေးလိုက်၏။

“စာအုပ်အသစ်တစ်အုပ်များလား”

ကုအန်သည် သူစွဲစွဲလန်းလန်းဖတ်သော နတ်ဘုရားတို့၏ရာထူးများ စာအုပ်၏ရေးသူဖြစ်မှန်း သူသိပေသည်။ ထိုစာအုပ်က သူအဖတ်များဆုံးစာအုပ်ဖြစ်သော်လည်း အနောက်အရပ်သို့ခရီးသွားမှတ်တမ်းနှင့်သုံးပြည်ထောင်ပုံပြင်ကိုလည်း သူဖတ်ဖြစ်၏။

ကုအန်ဘာကိုမှဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်ရာ ကျိုးယိကျင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ဆွဲနှုတ်ဖို့ကြိုးစားနေသော ကျင့်ကြံသူတစ်ယောက် ကျရှုံးသွားခဲ့၏။ သူလက်ကိုင်ကိုလွှတ်လိုက်ကာ နောက်သို့ပြန်ဆုတ်လိုက်ပြီး ခံစားချက်များဖြင့် မှတ်ချက်ပြုလိုက်သည်။

“ဆရာသခင်ဓားအရှင်ရဲ့ အမွေအနှစ်ကိုဆက်ခံဖို့ တကယ်မလွယ်ဘူးပဲ ငါ့လို မြေလျှောက်အမတတစ်ပါးတောင် မအောင်မြင်နိုင်ဘူး”

သူ့စကား‌ေကြာင့် လူအုပ်ကြီး ပွက်လောရိုက်သွားပြီး တစ်ယောက်ယောက်အသံတိုးတိုးဖြင့် မေးခွန်းထုတ်လိုက်၏။

“ဒီအမွေအနှစ်ကို တကယ်ပဲတစ်ယောက်ယောက်ရနိုင်ပါ့မလား”

သူ့စကားထွက်လာသည်နှင့် ထိုလူပတ်၀န်းကျင်မှဝေဖန်မှုများကို ခံရလေတော့သည်။

“မင်းစင်မြင့်ပေါ်ရှိနေတဲ့အချိန် ဆရာသခင်ဓားအရှင်ရဲ့ဓားဆန္ဒကိုမခံစားမိဘူးလား”

“မှန်တယ် မင်းဆရာသခင်ဓားအရှင်ရဲ့ အမွေအနှစ်ကိုမရဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့ဓားဆန္ဒကိုခံစားလို့ရသေးတယ် အဲ့တာကဂုဏ်ယူစရာပဲ”

“ဆရာသခင်ဓားအရှင်ကအရမ်းကြောက်စရာကောင်းတယ် သူ့အမွေအနှစ်ကို နှစ်ရာဂဏန်းထဲနဲ့ တစ်ယောက်ယောက်ရသွားခဲ့ရင် အဲ့တာက တန်ဖိုးမရှိတဲ့ပုံ ပေါက်သွားမှာပေါ့”

“အဲ့တာက ကံကြမ္မာသတ်မှတ်ထားတဲ့သူရောက်မလာသေးဘူးလို့ ဆိုလိုနေတာ သူရောက်လာမယ့်နေ့ကို ငါမျှော်လင့်နေမိတယ် တကယ်လို့သူသာ ‌ဒီပုဆိန်ကို‌ကိုင်မြှောက်လိုက်ရင် အဲ့ဒီအဖြစ်အပျက်က ကောင်းကင်နဲ့မြေပြင်ကိုတုန်လှုပ်သွားစေမယ်ဆိုတာ ငါလောင်းရဲတယ်”

ကုအန် သူတို့စကားများကိုနားထောင်နေရင်း ကုအန် စိတ်ထဲကြိတ်ပြီး မင်းတို့ကရန်မလိုလွန်းဘူးလားဟုတွေးနေခဲ့မိသည်။

တစ်ယောက်ယောက်၏ ပါရမီကိုထားဦး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ဆွဲမနိုင်ရန်ပင် ထိုလူ၏ကျင့်ကြံခြင်းက အနိမ့်ဆုံး လွတ်ငြိမ်းရာအမတအဆင့်ဖြစ်နေရပေလိမ့်မည်။

နေလမြေအောက်ကမ္ဘာဧကရာဇ်၏အပြုအမူများကြောင့် ကုအန် ပုဆိန်ထဲလင်းရှီများထပ်ပေါင်းထည့်ထားခြင်းဖြစ်ပြီး လွတ်ငြိမ်းရာအဆင့်အောက်ဘယ်သူမှ ထိုပုဆိန်ကို မနိုင်တော့မည် မဟုတ်ပေ။

“မင်းတစ်ချက်လောက်စမ်းကြည့်ချင်လား”

ကျိုးယိကျင်းမေးလိုက်၏။

ထိုအချိန်တွင် လူတစ်ယောက်ရောက်လာပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုမလိုက်သော်လည်း အရင်လူလိုပင် သူလည်း ပုဆိန်ကိုရွေ့အောင်တောင် မလုပ်နိုင်ခဲ့ပေ။

ကောင်းကင်ပြုပြင်စင်မြင့်ထက်သို့ ရောက်လာကြသူများသည် ဆရာသခင်ဓားအရှင်၏ဓားဆန္ဒကိုခံစားဖို့သာ ဖြစ်ကြပြီး အကယ်၍ သူတို့ပုဆိန်ကိုမမနိုင်ကြလျှင်တောင် နောင်တမရှိကြပေ။ ကျရှုံးသွားသူများပင် စိတ်လှုပ်ရှားမှုများနှင့်သာ ဆုတ်ခွာသွားခဲ့ကြသည်။

“မေ့လိုက်ပါတော့ ကျွန်တော်မေးချင်တာက အကြီးအကဲဒီနေရာမှာ အကြာကြီးရပ်ပြီး ဘာကိုရှာဖွေနေတယ်ဆိုတာပဲ”

ကုအန် ကျိုးယိကျင်းကို ကြည့်ကာ ပြုံး၍မေးလိုက်ပြီး သူ့ပုံစံက ကျိုးယိကျင်းနှင့်စကားဝိုင်းလေးတစ်ခုစချင်နေသလိုပင်။

မေးခွန်းကိုကြားသောအခါ ကျိုးယိကျင်း ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။

“ငါကဘာကိုရှာဖွေရမှာလဲ ဒီနေရာမှာရပ်နေခြင်းကပဲ ငါ့ကိုတာအိုကိုနားလည်စေတယ် ပြီးတော့ ငါလည်းအဲ့တာကိုကျေနပ်တယ်”

“ဟမ် ဓားတာအိုလား”

ကုအန် လက်သီးဆုပ်ကာနှုတ်ဆက်လိုက်ပြီး ထွက်ခွာသွားခဲ့လေသည်။

ကျိုးယိကျင်း ထွက်ခွာသွားသော ကုအန်ကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားပြီး တစ်ခုခုပြောဖို့ပြင်လိုက်ချိန်တွင်

ဝုန်းး!

ခမ်းနားလှသောဓားဆန္ဒကြီးတစ်ခု သူ့ခြေဖဝါးအောက်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ထိုဓားဆန္ဒကသူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ သူ့၀တ်ရုံပင် လွင့်‌နေပြီး သူ့တကိုယ်လုံးကအချိန်မရွေး ပေါက်ကွဲထွက်သွားတော့မလို့ ဖြစ်နေခဲ့၏။

ကျိုးယိကျင်းမျက်နှာရုတ်ချည်းပြောင်းလဲသွားပြီး သူ့မျက်လုံးထဲ အံ့အားသင့်မှု ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

သူ့အကြည့်က သူ့ကိုကျောခိုင်းကာ ထွက်ခွာသွားသော ကုအန် နောက်ကျောဆီရောက်ရှိနေခဲ့၏။

အနီးနားရှိလူများအားလုံး အံ့အားသင့်နေဟန်ဖြင့် လူတိုင်းသူ့ကိုကြည့်ရှုနေကြပြီး ကုအန်တစ်ယောက်တည်းသာ လူအုပ်ကိုကျောပေး၍ သူသည် ဤနေရာနှင့်မသက်ဆိုင်သည့် အခြားရှုထောင့်(dimensions)တစ်ခုမှ လူလို ဖြစ်နေခဲ့သည်။

ဖြစ်နိုင်တာက…

ကျိုးယိကျင်း မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ခုနကပဲ ကုအန်က သူ့အမြင်ကိုမေးသွားခဲ့ပြီး ယခုအခါ သူသည်ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကိုရရှိခဲ့ပေသည်။ ထိုအရာက တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါသလော။

ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒ!

ဖြစ်နိုင်တာက…

ကျိုးယိကျင်း တုန်လှုပ်ကာ စိတ်လှုပ်ရှားသွားခဲ့၏။ ဂျူနီယာတစ်ယောက်၏ လှည့်စားမှုကိုခံလိုက်ရသည့်အတွက် သူဒေါသထွက်မသွားဘဲ ထိုအစား ကျေနပ်မှုများနှင့်သာ ပြည့်လျှံလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရားတို့၏ရာထူးများကို အလွန်ကြိုက်နှစ်သက်ပြီး ဖန်းအန်အကြောင်းကို အများကြီးစိတ်ကူးယဉ်ခဲ့သူဖြစ်ကာ ကုအန်က ဖန်းအန်မှန်းသိလိုက်ရသောအခါတွင် အတော်လေး၀မ်းနည်းသွားခဲ့ရ၏။ ယခုအခါ ဖန်းအန်က ဆရာသခင်ဓားအရှင်ဖြစ်နေသောအခါ သူအတော်လေး စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဆရာသခင်ဓားအရှင်က နှစ်ရာဂဏန်းသာရှ်ိသေးသော လူငယ်လေးဆိုတာကိုလည်း သူမယုံကြည်ပေ။ သူသည် မွန်းစတားအိုကြီးတစ်ကောင်သာ ဖြစ်ရပေလိမ့်မည်။

သူဤနှစ်များအတွင်း ကုအန်ကိုဘယ်လောက်ကောင်းကောင်းဆက်ဆံခဲ့သလဲဆိုတာ တွေးမိပြီး သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုများကိုခံစားလာခဲ့ရ၏။

သူသည် ဆရာသခင်ဓားအရှင်ကို သူ့ဆရာသခင်အဖြစ် သတ်မှတ်နိုင်မည့် အခွင့်အရေးပင် ရှ်ိကောင်းရှိနေနိုင်ပေသည်။

လူအုပ်ကိုကျောပေးကာ ထွက်ခွာသွားသော ကုအန်ကိုကြည့်ရင်း ကျိုးယိကျင်းစိတ်ထဲတောင့်တမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ထိုမျှလောက်သောစွမ်းရည်မျိုးဖြင့် ဤနေရာတွင် ကျင့်ကြံနိုင်နေခြင်းမှာ ထိုပုဂ္ဂိုလ်သည် မည်ကဲ့သို့သော စိတ်အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်နိုင်ပါသနည်း။

ဘေးရှိကျင့်ကြံသူများကတော့ ကျိုးယိကျင်း၏ကံကောင်းခြင်းကို အံ့အားသင့်နေခဲ့ကြသည်။ ဓားဆန္ဒက သူ့ဆီကိုသာဦးတည်၍ ရောက်ရှိလာခြင်းဖြစ်ရာ ဤအရာက ဆရာသခင်ဓားအရှင်၏ သူ့အတွက် ဆုလာဘ်ဖြစ်မှန်း ထင်ရှားနေခဲ့၏။

နေရာစုံမှတပည့်များ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြပြီး ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် လူများစုဝေးလာခဲ့ကြသည်။ ကျိုးယိကျင်းကိုယ်တွင် ဓားဆန္ဒလွှမ်းမိုးနေသည်ကို တွေ့သောအခါ လူတိုင်းအားမကျဘဲ မနေနိုင်ခဲ့ကြပေ။

ဆရာသခင်ဓားအရှင်၏ လမ်းညွှန်မှုကိုရသည့်သူတိုင်းက အဓိပတိဂိုဏ်း၏ရတနာသာဖြစ်ပြီး ဂိုဏ်းကအကျိုးအမြတ်များစွာ ပေးလေရာ သူတို့မည်သို့အားမကျဘဲ နေပါမည်နည်း။

ဂျိန်းးး….

ကောင်းကင်တွင် ဖိအားများလှသော မိုးခြိမ်းသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သောကြောင့် သက်ရှိတိုင်းကောင်းကင်ဆီ မော့ကြည့်မိလိုက်ကြ၏။ သို့သော် ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိလူများကတော့ စိတ်မပူဘဲ ထိုအရာက ဆရာသခင်ဓားအရှင်၏ဓားဆန္ဒကြောင့်ဖြစ်သော မူမမှန်မှုဟူ၍သာ ထင်မှတ်နေခဲ့ကြသည်။

လူအုပ်ထဲတွင် လမ်းလျှောက်နေရင်း ကုအန် ရပ်တန့်လိုက်ကာ ကောင်းကင်ဆီမော့ကြည့်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

“ဒါက အတိတ်ကစွမ်းအားလား”

ကုအန် စိတ်၀င်တစားတွေးလိုက်မိသည်။ ထို့နောက် သူ့နတ်အာရုံက ကောင်းကင်ကိုဖောက်ကာ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ချောင်းကြည့်လိုက်၏။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သော စွမ်းအားကြီးတည်ရှိမှုတစ်ခုက ဆင်းသက်လာခဲ့ချေပြီ!

All Chapters