← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 33 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 33 Ch. 443-444

အပိုင်း(၄၄၃)

ဓားတစ်လက် အခွင့်အရေးတစ်ခု (၂)

ကမ္ဘာဦးအမတဘုရင် သူ့အနက်ရောင်ဓားပြားကြီးကို ညင်သာစွာဝေ့ယမ်းလိုက်သောအခါ ကောင်းကင်အလွှာတုန်ခါသွားပြီး သူ့နောက်ရှိ ပြန်လည်မွေးဖွားခြင်းစက်၀န်းတွင်ပင် စွမ်းအင်လှိုင်းတွန့်များ ဖြစ်ပေါ်သွားခဲ့သည်။

ထိုမြင်ကွင်းက ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့ရှိ လူများကို ပိုစိတ်လှုပ်ရှားသွားစေပြီး ကမ္ဘာဦးအမတဘုရင်၏ နာမည်ကို ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြလေတော့သည်။

အာကာပြင်ထဲတွင် ဆူညံနေသော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေကာ သက်ရှိများအားလုံးက ထိုလူအုပ်ကို နှောင့်ယှက်မိမည်စိုးသည့်အလား အော်ဖို့ဝေးစွ ကောင်းကင်အပြင်သို့ပင် မထွက်ရဲခဲ့ကြပေ။

ထိုစဉ် ကမ္ဘာဦးအမတဘုရင် သူ့အနက်ရောင်ဓားပြားကြီးကိုမြှောက်ကာ သူ့အဟုန်ကို လုံး၀ထုတ်လွှတ်လိုက်လေတော့သည်။

ထိုအဟုန်က အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် သူတစ်ယောက်၏ အဟုန်သာ ဖြစ်၏။

ယန်ရှန်းဧကရာဇ်ပင် ထိုကဲ့သို့သော အရှိန်အဝါမျိုးကို တစ်ခါမှ မထုတ်လွှတ်ခဲ့ဖူးပေ။

အမတမင်းဆက်တွင် ရွှေရောင်နန်းတော်ထိပ်၌ ရပ်နေရင်း ယန်ရှန်းဧကရာဇ်ထိုမြင်ကွင်းကို ကြည့်ရှုနေချိန်တွင် သူ့ဘေး၌ ရှေးဟောင်းအမတဧကရာဇ်ပေါ်ပေါက်လာခဲ့ပြီး သူ့မျက်နှာက တည်ကြည်နေခဲ့သည်။

“ဒါကလည်း မင်းအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလား” ရှေးဟောင်းအမတဧကရာဇ်မေးလိုက်၏။

ယန်ရှန်းဧကရာဇ် အမူအရာကင်းမဲ့နေသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ကျွန်တော့်နေရာကိုအစားထိုးဖို့ ဧကရာဇ်တစ်ပါးကို ပြန်နှိုးပါ့မလား”

ထိုစကားကိုကြားသောအခါ ရှေးဟောင်းအမတဧကရာဇ်အံ့အားသင့်ကာ မျက်ခုံးများတွန့်ကွေးသွားပြီး မေးလိုက်ပြန်၏။

“ဒါဆို ဘယ်သူဖြစ်နိုင်လဲ”

ယန်ရှန်းဧကရာဇ် ပြောလိုက်သည်။

“ကြည့်ရတာ ယွမ်ရှု‌ဘိုးဘေး ပြန်လည်မွေးဖွားခြင်းစက်၀န်းကို ဖွင့်လိုက်တာက အကြောင်းအရင်းအချို့ထပ်ရှိနေသေးပုံပဲ ဒါတွေအားလုံးက ကမ္ဘာဦးအမတဘုရင်ရဲ့တွက်ချက်‌မှုတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် မြင့်မြတ်ခုံရုံးနဲ့ အမတမင်းဆက်က ကသောင်းကနင်းဖြစ်နေပြီး ကောင်းကင်လျှို့ဝှက်ချက်တွေက ဖရိုဖရဲဖြစ်နေတယ် ကမ္ဘာဦးအမတဘုရင် ပြန်ရှင်လာဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ရှေးဟောင်းအမတဧကရာဇ်၏ မျက်လုံးထဲ စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာဦးအမတဘုရင် ထုတ်လွှတ်လိုက်သော အဟုန်ကအလွန်စွမ်းအားကြီးပြီး သူ့လို လွတ်ငြိမ်းရာအမတတစ်ပါးပင် ကြောက်လန့်သွားမိလေရာ သူမည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

ပိုပြီးအရေးကြီးသည့်အချက်မှာ ကမ္ဘာဦးအမတဘုရင် ပြန်လည်ရှင်သန်လာသည်နှင့် အရင်ဆုံး ဒုက္ခနှင့်တွေ့ရမည့် အဖွဲ့အစည်းမှာ မြင့်မြတ်ခုံရုံးမဟုတ်ဘဲ သူတို့ အမတမင်းဆက်သာ ဖြစ်၏။ ဤအရာက အတော်လေးအန္တရာယ်များသော အချက်ပြမှုတစ်ခုသာ ဖြစ်သည်။

“မြင့်မြတ်ခုံရုံးက အကွက်ချကြံစည်ထားတာ ဖြစ်နိုင်လောက်လား ဒါပေမယ့် ဒါမဖြစ်သင့်ဘူးလေ…သူတို့က ဒီလိုကံကြမ္မာမျိုးကို ဘယ်လိုလုပ်အောင်မြင်အောင် အကွက်ချနိုင်မှာလဲ” ရှေးဟောင်းအမတဧကရာဇ်တီးတိုး ရေရွတ်လိုက်၏။

ယန်ရှန်းဧကရာဇ် ဘာမှပြန်မပြောခဲ့ပေ။ သူ့မျက်လုံးထဲတွင်လည်း စိတ်ပူရမည့်အစား တိုက်ခိုက်လိုစိတ်များနှင့်သာ ပြည့်နေခဲ့သည်။

သူအမတမင်းဆက်ပလ္လင်ကို စတင်ဆက်ခံကတည်းက အမတများက သူ့ကို အရင်အမတတဧကရာဇ်များနှင့် နှိုင်းယှဉ်လေ့ရှိပြီး အမတမင်းဆက်တည်ထောင်သူ ကမ္ဘာဦးအမတဘုရင်ဆိုသည်မှာ သူလုံး၀ ကျောက်တက်လို့မရသည့် တည်ရှိမှုတစ်ခုသာ ဖြစ်နေခဲ့၏။

သူနှင့်ကမ္ဘာဦးအမတဘုရင်တို့ ခေတ်တစ်ခုထဲတွင် မွေးဖွားခဲ့ပါက ဘယ်သူက နောက်ဆုံးတွင်ရယ်နိုင်သူဖြစ်မလဲလို့ သူအမြဲစိတ်ကူးယဉ်ခဲ့မိသည်။

သူသည် အနိုင်မယူနိုင်သော ရှန်ထျန်းနှင့်ရင်ဆိုင်ရသည့်အခါတွင်ပင် သူကရှန်ထျန်းထက် အများကြီးငယ်သောကြောင့် ယုံကြည်မှုအပြည့်ရှိသူ ဖြစ်၏။

ကမ္ဘာဦးအမတဘုရင်၏ လက်ရှိအဟုန်က အတော်လေးစွမ်းအားကြီးသော်လည်း သူမကြောက်ခဲ့ပေ။ ထိုအစား တိုက်ခိုက်လိုစိတ်များနှင့်သာ ပြည့်နှက်နေခဲ့လေသည်။

တစ်ဖက်တွင်

မြင့်မြတ်ခုံရုံး၌ ဗျူဟာများအကြောင်းဆွေးနွေးနေရင်း ကမ္ဘာဦးအမတဘုရင်က အမတမင်းဆက်က အမတများကိုသတ်ပစ်လိုက်သောကြောင့် မြင့်မြတ်၀န်ကြီးနှင့် မြင့်မြတ်နတ်ဘုရားများ အံ့အားသင့်သွားခဲ့ကြ၏။

ဘာတွေဖြစ်နေတာလဲ!

မြင့်မြတ်နတ်ဘုရားထဲမှ တစ်ပါး မြင့်မြတ်၀န်ကြီးကိုကြည့်ကာ မမေးဘဲမနေနိုင်တော့ပေ။

“ဒါက ခင်ဗျားအစီအစဉ်လား”

မြင့်မြတ်၀န်ကြီး ကောင်းကင်ကိုကြည့်ကာ ခေါင်းအသာအယာယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒါက ငါနဲ့ဘာမှမဆိုင်ဘူး ဒီအပြောင်းအလဲကြီးက ကြီးမားလာတော့မှာကို ငါကြောက်မိတယ်”

ထိုအကြောင်းကြားသောအခါ မြင့်မြတ်နတ်ဘုရားများပိုပြီး ပဟေဠိဖြစ်သွားခဲ့ကြ၏။ သူတို့၀မ်းသာရမည့်အစား မလွယ်ကူမှုကိုသာပိုပြီးခံစားလိုက်ကြရလေသည်။

ဤအရာများအားလုံး၏ နောက်ကွယ်၌ မည်သူရှိနေပါသနည်း။

…..

ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့တွင်

ကမ္ဘာဦးအမတဘုရင် သူ့ဓားနက်ကြီး၏စွမ်းအားကိုခံစားပြီးနောက် သူ့လက်က သူ့ခေါင်းဆီ ရောက်လာခဲ့၏။

“တစ်ခုခု‌ေပျာက်နေသေးတယ်”

ကမ္ဘာဦးအမတဘုရင် ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့အကြည့်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ရောက်သွားကာ သူ့နှုတ်ခမ်းထောင့်များတွန့်ကွေးသွားခဲ့သည်။ ထို့နောက်တွင်တော့ သူချက်ချင်းပျောက်ကွယ်သွားခဲ့၏။

အဓိပတိဂိုဏ်း အပြင်စည်းမြို့ထဲတွင်

ကုအန် တိရှီပြောပြသော အဓိပတိဂိုဏ်းအကြောင်းများကို စိတ်၀င်တစားနားထောင်နေခဲ့သည်။ အဓိပတိဂိုဏ်းသည် အမှန်တကယ်စွမ်းအားကြီးနေခြင်းဖြစ်ပြီး ပင်လယ်ရပ်ခြားဒေသတွင်ပင် အဆက်အသွယ်များ တည်ဆောက်ထားနိုင်နေခဲ့၏။

ထိုအရာအားလုံးမှာ လူတစ်ယောက်တည်းကြောင့်သာ ဖြစ်ပေသည်။

ဆရာသခင်ဓားအရှင်!

ပင်လယ်ရပ်ခြားကအင်အားစုများက ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုကြောင့် အဓိပတိဂိုဏ်းနှင့် တက်တက်ကြွကြွမဟာမိတ်ဖွဲ့နေကြခြင်းဖြစ်ပြီး အထူးသဖြင့် ဆရာသခင်ဓားအရှင်လှုပ်ရှားပြီးသည့် နောက်ပိုင်းတွင် ဖြစ်၏။

တိရှီ လွန်ခဲ့သောနှစ်က ရွှေကင်းမြီးကောက်ကျွန်းပေါ်က တိုက်ပွဲအကြောင်းပြောပြဖို့ ပြင်နေခဲ့ပြီး ထိုတိုက်ပွဲက ဆရာသခင်ဓားအရှင်မရှိရင်တောင် အဓိပတိဂိုဏ်းက သာမညောင်ညဂိုဏ်းမျိုးမဟုတ်မှန်း ဂုဏ်သိက္ခာတည်ဆောက်နိုင်ခဲ့သော တိုက်ပွဲဖြစ်ခဲ့သည်။

ဝုန်းး!

ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခုဆင်းသက်လာခဲ့ပြီး ကုအန် နောက်ဘက်ရှိ လမ်းပေါ်မှ ကျောက်တုံးများ လွင့်စင်ကုန်ကာ အနီးရှိကျင့်ကြံသူများလည်း လွင့်ထွက်ကုန်ကြ၏။ လေလှိုင်းအားကြောင့် ကုအန် ၀တ်စုံပင် တဖြတ်ဖြတ်ခါသွားခဲ့သည်။ တိရှီမျက်လုံးများ ဖြတ်ကမဲလက်သွားပြီး ချက်ချင်းဆိုသလို ကုအန် ရှေ့တွင်ရပ်ကာ ကာကွယ်ပေးလိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင်တော့ ထိုလုပ်ရပ်ကို သူနောင်တရသွားခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိလူ၏ မျက်နှာကိုမြင်လိုက်ရ၍ ဖြစ်၏။

ထိုသူမှာ ကမ္ဘာဦးအမတဘုရင်သာ ဖြစ်ပေသည်။

ကမ္ဘာဦးအမတဘုရင်ဟိန်းဟောက်နေသော ပုံရိပ်က ကောင်းကင်ပေါ်တွင် ထင်စွဲနေဆဲဖြစ်ပြီး အနီးရှိကျင့်ကြံသူများ သူ့ကိုမြင်သောအခါ အလိုလို နောက်ဆုတ်မိသွားကြ၏။

ဝှစ်….

ကျင့်ကြံသူများ ချက်ချင်းဆိုသလို ကျဲသွားပြီး အချို့ဆိုလျှင် ခုန်ထွက်ပြီးပင် အဝေးသို့ ထွက်ပြေးကုန်ကြသည်။

သို့သော် တိရှီကတော့ ထိုနေရာတွင်သာ အမြစ်စွဲထားသလို ရပ်နေခဲ့ပြီး သူထွက်သွားချင်သော်လည်း သူ့ခြေထောက်များက လှုပ်မရခဲ့ပေ။ သူကြောက်ရွံ့နေသော်လည်း ဖော်ပြ၍မရသော အကြောင်းပြချက်အချို့ကြောင့် သူထွက်မပြေးနိုင်ခဲ့ဘဲ သူ့နှလုံးခုန်သံကိုသာ ပြန်ကြားနေခဲ့ရ၏။

ကမ္ဘာဦးအမတဘုရင် ကုအန်ကိုအမူအရာမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ သူတို့ကြား အရှိန်အဝါကွာဟမှု အလွန်ကြီးမားသောကြောင့် သူ့ရှေ့တွင် ကုအန်နှင့်တိရှီက အလွန်သေးနုတ်နေခဲ့၏။

“ဂျူနီယာ မင်း‌၀တ်ထားတဲ့ သရဖူရဲ့ဇစ်မြစ်ကိုသိလား”

ကမ္ဘာဦးအမတဘုရင်၏မေးခွန်းကိုကြားသောအခါ ကုအန် သူ့ကိုလှည့်ကြည့်လိုက်ပြီး သူ့ခေါင်းသူ လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည်။

“ဒီသရဖူက ခင်ဗျားအပိုင်များလား”

ကမ္ဘာဦးအမတဘုရင်၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ

ပြောလိုက်၏။

“မှန်တယ် အဲ့တာက ငါ့ဟာပဲ ဒီရတနာကို ငါအမတလမ်းစဉ်ကောင်းကင်ကိုးဆင့်ကိုတက်ခဲ့စဉ်က သွန်းလုပ်ခဲ့တာ အဲ့တာကို အမတဘုရင်သရဖူလို့ခေါ်တယ် နောက်ပြီးသူကသက်ရှိတွေရဲ့ချီသွေးတွေကိုဝါးမြိုပြီး လင်းရှီကိုသိုလှောင်ထားနိုင်စွမ်းရှိတယ်”

အမတလမ်းစဉ် ကောင်းကင်ကိုးဆင့်!

အမတလမ်းစဉ်အထွတ်အထိပ်ရတနာ!

ထိုစကားကိုကြားသောအခါ တိရှီမျက်နှာပေါ်တွင် ချွေးအေးများဖြည့်ပြည့်သွားခဲ့သည်။

ထိုကဲ့သို့သော တည်ရှိမှုတစ်ခုကို ခုခံဖို့ သူ့တွင်လုံး၀အားမရှိခဲ့ပေ။

သူတင်မဟုတ်ဘဲ အဓိပတိဂိုဏ်းတစ်ခုလုံးပင် ဖျက်ဆီးခံရမည့်ဘေးသို့ ကျရောက်နေခဲ့ချေပြီ။

သူ ကုအန်ကိုပင်မကျေမနပ်ဖြစ်သွားခဲ့မိသည်။

မင်းဒီလိုသမိုင်းနဲ့သရဖူတစ်ခုကို ဘယ်လိုယူလာတာလဲဟ!

ကုအန် ကမ္ဘာဦးအမတဘုရင်ကိုကြည့်ကာ မေးလိုက်သည်။

“ဆိုတော့ ခင်ဗျားကဒါကိုပြန်ယူချင်တယ်ပေါ့”

အရပ်မျက်နှာပေါင်းစုံမှ ကျင့်ကြံသူများ တောင့်တင်းစွာ ကြည့်ရှုနေခဲ့ကြ၏။ အမတဘုရင်က ကြောက်စရာကောင်းသော်လည်း ဤနေရာသည် အဓိပတိဂိုဏ်းဖြစ်သောကြောင့် ထိုဂိုဏ်းကိုကာကွယ်ရန် တပည့်များဖြစ်သော သူတို့၌ တာ၀န်ရှ်ိပေသည်။

ကုအန်စကားများကိုကြားသောအခါ သူတို့ကြိတ်၍ ကျိန်ဆဲလိုက်ကြ၏။

ဒီကလေး ရူးသွားပြီလား!

ဒီလိုတည်ရှိမှုကြီးတစ်ခုကို တကယ်ကြီး အပြစ်ပြုချင်နေတာလား!

ကမ္ဘာဦးအမတဘုရင်မျက်လုံးများကျဉ်းမြောင်းသွားကာ ကုအန်ကိုအကဲခတ်လိုက်သည်။

[ကမ္ဘာဦးအမတဘုရင်သည် သင့်အပေါ်ရန်လိုစိတ်ဖြစ်နေပြီး အမှုန့်ဖြစ်သွားတဲ့ထိ ကြိတ်ချေပစ်ချင်နေပါသည် သူ့အပေါ် သက်တမ်းစစ်ဆေးခြင်းအသုံးပြုပါမည်လား]

ကုအန် အသုံးပြုမည်ကိုရွေးချယ်လိုက်၏။

[ကမ္ဘာဦးအမတဘုရင်(လွတ်ငြိမ်းရာအမတအဆင့်၉:0/0/0]

အကုန်သုည!

သက်ရှိအရာတစ်ခုမဟုတ်ဘူး!

ကုအန်စိတ်ထဲနောင်တရသလို ခံစားသွားခဲ့ရသည်။ သူ့ရှေ့ရှ်ိ ကမ္ဘာဦးအမတဘုရင်က သူ့အတွက် ချီကျင့်ကြံခြင်းအဆင့်တစ်ယောက်ထက် ပိုတော့မည် မဟုတ်ပေ။

ကမ္ဘာဦးအမတဘုရင် ခြေတစ်လှမ်းတိုးလာခဲ့ပြီးကြောက်ရွံ့မှုကြောင့် ခန္ဓာက်ိုယ်တင်မက သူငယ်အိမ်များပင် တုန်ရီနေသော တိရှီရှေ့သို့ ရောက်ရှိလာခဲ့၏။

ကမ္ဘာဦးအမတဘုရင် တိရှီကိုငုံ့ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“သေမျိုး မင်းကငါ့လမ်းကိုပိတ်ချင်တာလား”

ခပ်လှမ်းလှမ်းတွင် အဓိပတိဂိုဏ်းမှအဆင့်မြင့်ကျင့်ကြံသူများလည်း ပေါ်လာခဲ့ကြပြီး ထိုထဲတွင် လက်ကိုးချောင်းနတ်အရှင်နှင့်ရှန်ရှင်းကျိတို့လည်း ပါ၀င်ကာ ကမ္ဘာဦးအမတဘုရင်ကိုတွေ့သောအခါ သူတို့နှလုံးခုန်သံများ ကြောက်ရွံ့မှုကြောင့် မြန်လာခဲ့၏။

ဒီလိုကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခု!

ဒီလူကတကယ်ပဲ ဘယ်သူများလဲ!

တိရှီသူ့ ပုံမှန်ပုံစံနှင့်မတူဘဲ အလွန်ကြောက်ရွံ့သည့်ပုံစံမျိုး ပေါ်နေခဲ့သည်။ သူစကားပြောချင်သော်လည်း သူတောင်းပန်ချင်လျှင်တောင် တောင်းပန်နိုင်မည့်ခွန်အားမျိုး သူ့တွင်ရှိမနေခဲ့ပေ။

ထို့အပြင် ထိုကဲ့သို့ဖြစ်နေသည်က သူတစ်ယောက်တည်းမဟုတ်ခဲ့ပေ။

ပတ်ပတ်လည်ရှိ အဓိပတိဂိုဏ်းမှကျင့်ကြံသူများအားလုံးတိတ်ဆိတ်နေပြီး လှုပ်ပင်မလှုပ်ရဲခဲ့ကြပေ။ သို့သော် သူတို့ထွက်မပြေးကြခဲ့သည်မှာပင် သူတို့၏အဆုံးစွန်သောသတ္တိကို ပြသခဲ့ပြီးသား ဖြစ်ပေသည်။

“ဒူးထောက်စမ်း!”

ကမ္ဘာဦးအမတဘုရင်၏အကြည့်က တင်းမာလာခဲ့ပြီး သူ့အသံကြီးက နားကွဲလုမတတ်ပေါက်ကွဲထွက်ပေါ်လာရာ လူတိုင်း တုန်ရီသွားခဲ့ကြ၏။

တိရှီဖြူဖျော့သွားကာ သူ့ခြေထောက်များကအားနည်းသွားပြီး နောက်ဆုံးတွင် ပြိုကျသွားခဲ့လေသည်။ သို့သော် သူ့ဒူးများမြေပြင်နှင့်မထိခင်တွင် သူ့နောက်မှလက်တစ်ဖက်က သူ့လက်မောင်းများကိုဆွဲထားလိုက်ပြီး သူ့ကိုပြန်ထူလိုက်၏။

ထိုသူမှာ ကုအန်သာဖြစ်ပေသည်။

တိရှီကိုတွဲထားရင်း ကုအန် ကမ္ဘာဦးအမတဘုရင်ကို ကြည့်ရှုနေခဲ့‌၏။

ခေါင်းမိုးပေါ်မှ ကြည့်ရှုနေသော လက်ကိုးချောင်းနတ်အရှင်ကတော့ တုန်လှုပ်သွားခဲ့လေသည်။

ဒီကလေးက တကယ်ပဲ ဘယ်သူလဲ!

နေလမြေအောက်ဧကရာဇ်နှင့်ကိစ္စဖြစ်ပြီးကတည်းက သူ ကုအန်အကြောင်းကို စိတ်၀င်စားမိနေခဲ့သော်လည်း မစုံစမ်းရဲခဲ့ပေ။

ကုအန် တွဲခြင်းကိုခံထားရသောတိရှီစိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။ သူနောက်လှည့်ကာ ကုအန်ကိုတစ်ခုခုပြောချင်သော်လည်း ကုအန်၏တင်းမာနေသောမျက်နှာကိုတွေ့လိုက်ရသောအခါ သူပြောစရာစကားမဲ့သွားခဲ့ရသည်။

သူကုအန်အမူအရာ၏ လွှမ်းမိုးခြင်းကိုခံလိုက်ရလေသည်။

သူ့စိတ်ထဲတွင်လည်း အံ့အားသင့်သည့်ခံစားချက်တစ်ခုခု အလိုလိုပေါ်ပေါက်လာခဲ့၏။

ကမ္ဘာဦးအမတဘုရင် ကုအန်ကိုကြည့်နေရင်း သူ့မျက်လုံးထဲ ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ သူ့လက်ထဲက အနက်ရောင်ဓားပြားကြီးကိုမြှောက်ကာ ကုအန်ကိုခုတ်ချဖို့ အမြင့်ဆုံးသို့ မြှောက်ချလိုက်၏။

“သတိထား!”

ကုအန်၏ တတိယတောင်ကြားတွင် အစေခံတပည့်ဖြစ်ခဲ့ဖူးသော ဂိုဏ်းတပည့်တစ်ယောက် အော်ဟစ်သတိပေးလိုက်လေသည်။ သူသည် ကုအန်၏ကျေးဇူးမကင်းသူဖြစ်သောကြောင့် ကုအန် အန္တရာယ်ကြုံနေရချိန်တွင် အလိုလိုသတိပေးလိုက်မိခြင်း ဖြစ်၏။

သို့သော် သူလုပ်နိုင်တာအားလုံးက ထိုမျှသာ ဖြစ်နေခဲ့သည်။

ကုအန် အသာအယာခေါင်းယမ်းလိုက်ပြီး ကမ္ဘာဦးအမတဘုရင်ကိုကြည့်ကာ ပြောလိုက်၏။

“ငါမင်းကို ခုတ်ဖို့အခွင့်အရေးတစ်ခါပေးမယ် တစ်ခါပဲ”

ထိုစကားကိုကြားသောအခါ ကမ္ဘာဦးအမတဘုရင်၏မျက်လုံးထဲ ကြောက်စရာအလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ့လက်ကောက်၀တ်ကိုလှည့်ကာ ကြမ်းတမ်းစွာ ခုတ်ချလိုက်လေတော့သည်။

ဒူးထောက်လုဆဲဆဲပုံစံဖြစ်နေသော တိရှီမော့ကြည့်လိုက်ရာ သူ့မြင်ကွင်းကို အနက်ရောင်ဓားကြီးက ပိတ်ကွယ်ထားခဲ့ပြီး သူ့မျက်လုံးထဲ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ဝုန်းး!

ဓားချက်က ကျဆင်းလာခဲ့သည်။

အနက်ရောင်ဓားပြားကြီးက ရုတ်ချည်းသလိုပျောက်ကွယ်သွားပြီး ဓားလမ်းကြောင်းတစ်လျှောက်ကိုလိုက်၍ ကမ္ဘာဦးအမတဘုရင်လည်း ပြာမှုန့်အဖြစ် ပျောက်ကွယ်သွားခဲ့၏။ ထိုနေရာမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအင်ပေါက်ကွဲမှုကြောင့် အနီးရှိအဆောက်အအုံများအားလုံး ကြေမွသွားခဲ့ကာ ကောင်းကင်ရှိတိမ်များပင် ပြိုကွဲသွားခဲ့ရသည်။

ကုအန် မြေပြင်ပေါ်တွင် မပြောင်းလဲသောအမူအရာဖြင့်သာ ရပ်နေခဲ့ပြီး သူ့ကိုယ်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်မီးတောက်များအရှိန်ပြင်းစွာ တဟူးဟူး တောက်လောင်နေသကဲ့သို့ သူ့ဆံပင်များနှင့်၀တ်ရုံကတော့ တဖြတ်ဖြတ်လွင့်နေခဲ့လေသည်။

အပိုင်း (၄၄၄)

ငါက ဆရာသခင်ဓားအရှင်

ကမ္ဘာဦးအမတဘုရင်ဖုန်အဖြစ်ပြောင်းလဲသွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်သွားခဲ့၏။

ကျန်ရှိသော အဓိပတိဂိုဏ်းမှကျင့်ကြံသူများအားလုံး ကုအန်ကိုတုန်လှုပ်နေသောအကြည့်ဖြင့် ကြည့်ရှုနေကြပြီး သူ့ရှေ့ရှိ တိရှီလည်းကြောင်အနေကာ သူ့ခန္ဓာကိုယ်ပင်တောင့်တင်းသွားခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်နှင့်ရှန်ရှင်းကျိလည်း သူတို့မြင်လိုက်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေခဲ့၏။

ကုအန်မျက်နှာက အမူအရာကင်းမဲ့နေသော်လည်း သူ့နှလုံးသားထဲတွင်တော့ နောင်တအနည်းငယ်ရှိနေခဲ့သည်။

စွမ်းအားကြီးလှသော လွတ်ငြိမ်းရာအမတတစ်ပါးက သူ့ကာကွယ်ခြင်းတာအိုနတ်အနှစ်သာရကိုပင် မကျော်လွန်နိုင်ခဲ့ပေဘူးလော။ သူကပြန်ပင်မတိုက်ခိုက်ခဲ့ရပေ။ ကမ္ဘာဦးအမတဘုရင်က သူ့အစွမ်းနှင့်သူဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ကာကွယ်ခြင်းတာအိုနတ်အနှစ်သာရက သူ့ကိုယ်နှင့်ဝိညာဉ်ကို ဘာမှမကျန်သည်ထိ ဖျက်ဆီးသွားခဲ့၏။ နောင်တရစရာကောင်းသည်မှာ ထိုလူကသက်ရှိမဟုတ်သောကြောင့် သူသက်တမ်းမရခဲ့ခြင်းသာ ဖြစ်သည်။

ထို့နောက် အဓိပတိဂိုဏ်းမှကြီးမြတ်သောကျင့်ကြံသူများ လေထုအလွှာပါးထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြ၏။ လမ်းပေါ်တွင်ရပ်နေသော ကုအန်ကိုသူတို့မျက်မှောင်ကြုံ့၍ ကြည့်ရှုနေခဲ့ကြသည်။ လေထဲတွင် ကျန်ရှိနေသေးသော ကမ္ဘာဦးအမတဘုရင်၏ အားကောင်းလှသည့်တည်ရှိမှုအရှိန်အဝါနှင့် လမ်းပေါ်ရှိ အပျက်အဆီးများကိုကြည့်ကာ ဘာဖြစ်သွားသလဲ သူတို့စိတ်ကူးမရ ဖြစ်နေခဲ့၏။

ကုအန် ညာလက်ကိုမြှောက်လိုက်သောအခါ အနက်ရောင်လေစီးကြောင်းတစ်ခု ဘယ်ကမှန်းမသိ ပေါ်လာပြီး သူ့လက်ဖဝါးထဲ တိုး၀င်လာခဲ့လေသည်။ ထို့နောက်တွင်တော့ သူ့လက်ကို အင်္ကျီလက်အိုးထဲပြန်သိမ်းလိုက်သောကြောင့် ထိုအရာက ဘာလဲဆိုတာ ဘယ်သူမှမမြင်လိုက်ကြရပေ။

သူတိရှီကိုငုံ့ကြည့်ကာ မေးလိုက်၏။

“ညီကိုတိ အဆင်ပြေရဲ့လား”

တိရှီလည်းသတိပြန်၀င်လာပြီး ကုအန် အကူအညီနှင့်ထရပ်လိုက်ကာ ကုအန်ကိုမယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့မိသည်။

“မင်းက…”

တိရှီ ကုအန်၏သရုပ်မှန်ကို မေးချင်သောကြောင့် နှုတ်ခမ်းများတုန်ခါသွားသော်လည်း အပြစ်ပြုမိမည်စိုးသောကြောင့် သူမေးလည်း မမေးရဲခဲ့ပေ။

“ဆရာသခင်ဓားအရှင်!”

အဝေးမှအော်သံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုစကားလုံးထွက်လာသည်နှင့် တိတ်ဆိတ်မှုက ကျိုးပျက်သွားပြီး နေရာအနှံ့မှ ဆူညံသံများထွက်ပေါ်လာကာ ၀ရုန်းသုန်းကားဖြစ်ကုန်ကြတော့သည်။

တိရှီလည်း ထိုအရာကိုခန့်မှန်းမိ၏။

ကမ္ဘာဦးအမတဘုရင်သည် သူ့ကိုယ်သူ အမတလမ်းစဉ်ကောင်းကင်ကိုးဆင့်မြောက်မှလူဟု ပြောကြားခဲ့ခြင်း ဖြစ်ပေသည်။ အဓိပတိဂိုဏ်းထဲတွင် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ဆရာသခင်ဓားအရှင်မှလွဲပြီး ဘယ်သူက ရှင်းပစ်နိုင်ပါဦးမည်နည်း။

သူက ဆရာသခင်ဓားအရှင်ပဲ…

တိရှီ ကုအန်ကိုသိမ်မွေ့စွာပြုံးပြလိုက်သော်လည်း သူ့တာအိုနှလုံးသားကတော့ တည်ငြိမ်မနေနိုင်ခဲ့ပေ။

ဤနှစ်များအတွင်း သူနှင့်ကုအန်ဧ။်ဆက်ဆံရေးကို ပြန်တွေးမိသောအခါ သူရှက်ရွံ့မှုနှင့်ကြောက်ရွံ့မှုကို ပြိုင်တူခံစားလိုက်ရသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူကုအန်ကိုဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးသလို မလေးမစားလည်းမဆက်ဆံခဲ့ဖူးပေ။

ကုအန် သူ့အတွေးများကိုမကြားနိုင်သော်လည်း သူဘာတွေးနေသလဲဆိုတာကိုတော့ ခန့်မှန်းမိပေသည်။

“သူကဆရာသခင်ဓားအရှင်လား”

“မဟုတ်ဘူး ဆရာသခင်ဓားအရှင်ကသူ့ကိုကာကွယ်ပေးနေတာနဲ့တူတယ်”

“အမှန်ပဲ ငါတို့သူလှုပ်ရှားတာကိုမမြင်ခဲ့ရဘူး လှုပ်ရှားလိုက်တာက ဆရာသခင်ဓားအရှင်ပဲဖြစ်ရမယ်”

“ဒီလူက တတိယတောင်ကြားရဲ့တောင်ကြားသခင်ကုအန်လေ တရုတ်ကျား စစ်တုရင်နဲ့ ဒိုမိုကူကစားနည်းတွေက သူထွင်ထားတာ ငါသူ့ကိုသိတယ် သူကဆရာသခင်ဓားအရှင်လုံး၀ မဟုတ်ဘူး”

“ငါသူ့ကိုသိခဲ့တာလည်းနှစ်ရာချီကြာနေပြီ သူကအတော်လေးကို စိတ်ကောင်းနှလုံးသားရှိတဲ့လူတစ်ယောက်ပါ သူဆရာသခင်ဓားအရှင်နဲ့တွေ့ခဲ့ပြီးတော့ ဆရာသခင်ဓားအရှင်က သူ့ကိုသဘောကျသွားလို့ ကူညီနေတာဖြစ်နိုင်တယ်”

“ခုနကလူ သေသွားပြီလား ငါသိချင်သေးတယ်”

တပည့်များ စတင်ပြောဆိုကုန်ကြပြီး လေသံများကလည်း ချက်ချင်းပြောင်းလဲသွားခဲ့ကြ၏။ ကုအန်နှင့်ရင်းနှီးသောသူအများစုကတော့ သူ့ကိုဆရာသခင်ဓားအရှင်က ကူညီနေသည်ဟုသာ ထင်နေခဲ့ကြသည်။

ဒါပေါ့ အချို့ကလည်း ကုအန် ကမ္ဘာဦးအမတဘုရင်ကိုရင်ဆိုင်ခဲ့စဉ်က တည်ငြိမ်နေမှုကြောင့် သူကဆရာသခင်ဓားအရှင်ပဲဟု ယူဆနေခဲ့ကြ၏။

သူကဆရာသခင်ဓားအရှင်မဟုတ်လျှင်တောင် သူနှင့်ဆရာသခင်ဓားအရှင်ကြားတွင် အလွန်နီးကပ်သောဆက်ဆံရေးရှိနေရပေလိမ့်မည်။ မဟုတ်လျှင် သူထိုမျှ အကြောက်အလန့်ကင်းနေခဲ့မည် မဟုတ်ပေ။

လုပိုင်ထျန်း ကျိဟန်ထျန်း ကုကျုံးနှင့် အခြားအဆင့်မြင့်အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာခဲ့ကြသည်။ ကုအန်ကိုမြင်မှသာ လုပိုင်ထျန်း စိတ်အေးသွားသော သက်ပြင်းတစ်ချက်ချလိုက်နိုင်ခဲ့၏။ သူကျိဟန်ထျန်းကို ညွှန်ကြားချက်တစ်ခုပေးပြီးသည့်နောက်တွင်တော့ ကုအန် ဘေးတွင်ပေါ်လာခဲ့သည်။

“တစ်နေရာရာမှာ သွားပြောရအောင်” လုပိုင်ထျန်း အသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။

ကုအန်အသာအယာခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်လိုက်သွားခဲ့လေသည်။

တိရှီထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေရင်း တစ်ခုခုပြောဖို့ပြင်လိုက်စဉ်တွင် သူ့အရှေ့၌ ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့ကြ၏။

“ငါတို့နဲ့လိုက်ခဲ့” ထိုလူများထဲမှ တစ်ယောက်အေးစက်စက်ပြောလိုက်သည်။ အမတလမ်းစဉ်အဆင့်၏ဖိအားက တိရှီကိုဖုံးအုပ်ထားသောကြောင့် သူ့တွင် လိုက်သွားဖို့မှလွဲပြီး ရွေးချယ်စရာမရှ်ိခဲ့ပေ။

လမ်းကိုဂိုဏ်းက လျင်မြန်စွာပင်ချိတ်ပိတ်လိုက်ကာ ကြည့်ရှုနေကြသူများလည်း လူစုကွဲသွားခဲ့ကြ၏။ ကောင်းကင်တွင်လည်း လက်ကျန်တိမ်မည်းများ တဖြည်းဖြည်းပျောက်ကွယ်သွားကာ နှင်းများပြန်လည်ကျဆင်းလာခဲ့ကြသည်။ သို့သော် ကောင်းကင်တွင်လင်းလက်သွားကာ ကြယ်များကြွေကျလာသလို ‌ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့မှ ပုံရိပ်များကတော့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ နေရာအနှံ့သို့့ ဆင်းသက်လာခဲ့ကြ၏။

“ပြီးသွားပြီလား ဘာဖြစ်သွားတာလဲ”

ရှေးဟောင်းအမတဧကရာဇ်မျက်မှောင်ကြုံ့ကာ မေးလိုက်မိသည်။

ယန်ရှန်းဧကရာဇ်လည်း ကမ္ဘာဦးအမတဘုရင်၏ပုံရိပ်လုံး၀ပျောက်ကွယ်သွားသည်ကို အာရုံခံခဲ့မိ၏။ သူတွေးတောဟန်ဖြင့် ပြောလိုက်သည်။

“ဆရာသခင်ဓားအရှင် တစ်ချက်လှုပ်ရှားလိုက်တာပဲဖြစ်ရမယ်” ကမ္ဘာဦးအမတဘုရင် ဆင်းသက်သွားသော နေရာကို ယန်ရှန်းဧကရာဇ်လုံး၀မမေ့ခဲ့ပေ။

ထိုနေရာက သူတို့အမတမင်းဆက်ကိုအရှက်ရစေခဲ့သော နေရာသာ ဖြစ်၏။

ဆရာသခင်ဓားအရှင်က သူတို့အမတမင်းဆက်၏ စွမ်းအားကြီးအမတတစ်ပါးကို သတ်ပစ်လိုက်သော်လည်း သူတို့ကလဲ့စားမချေရခဲ့ကြပေ။ ထိုအဖြစ်က အမတမင်းဆက်ကိုအရှက်ရစေခဲ့ပြီး မင်းဆက်ထဲရှိ အထက်လူကြီးများက မကျေမနပ်ဖြစ်ခဲ့ကြကာ ထိုကိစ္စက ယန်ရှန်းဧကရာဇ်ခေါင်းပေါ်သာ ကျခဲ့ရသည်။

ယန်ရှန်းဧကရာဇ်ဆရာသခင်ဓားအရှင်ကို သတိထားနေသော်လည်း ထိုပုဂ္ဂိုလ်က ကမ္ဘာဦးအမတဘုရင်ကိုပင် လျင်မြန်စွာ ရှင်းပစ်လိုက်နိုင်မည်လို့တော့ သူတစ်ခါမှ တွေးမထားခဲ့ဖူးပေ။

ထိုက်ကန်ကုန်းမြေတိုက်ကြီး…

အဲ့ဒီမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ!

ယန်ရှန်းဧကရာဇ်ရုတ်တရက် ထိုနေရာသို့ ခရီးတစ်ခေါက်လောက်ထွက်ချင်သွားခဲ့သည်။

ထိုအခိုက်တွင် မြင့်မြတ်ခုံရုံးမှ မြင့်မြတ်၀န်ကြီးလည်း ထိုက်ကန်ကုန်းမြေတိုက်ကြီးသို့ တစ်ခေါက်လောက် သွားချင်နေခဲ့၏။

ထိုမျှလွှမ်းမိုးလွန်းလှသော ကမ္ဘာဦးအမတဘုရင်က ‌မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ရောက်ရောက်ချင်း သူ့အရှိန်အဝါကို သိမ်းထားလိုက်မှာတော့ မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သူရောက်ရောက်ချင်းပင် ဖိနှိပ်ခံလိုက်ရခြင်းသာ ဖြစ်နိုင်၏။

“ဆရာသခင်ဓားအရှင် ခင်ဗျားကတကယ်ပဲဘယ်သူများလဲ ကြောက်စရာကောင်းလိုက်တဲ့ တည်ရှိမှု နောက်ပြီးတော့ ခင်ဗျားရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားရတဲ့ ရည်ရွယ်ချက်ကဘာများလဲ”

မြင့်မြတ်၀န်ကြီး ကုလားထိုင်ပေါ်တွင်ထိုင်နေရင်း အတွေးနွံနစ်နေခဲ့သည်။

ခန်းမထဲရှိ မြင့်မြတ်၀န်ကြီးများလည်း ထိုကိစ္စအကြောင်းဆွေးနွေးနေခဲ့ကြ၏။ ကမ္ဘာဦးအမတဘုရင်၏ အရှိန်အဝါရုတ်ချည်းပျောက်ကွယ်သွားသောကြောင့် သူတို့ မလွယ်ကူဘူးဟုခံစားနေခဲ့ကြရပြီး ဖြစ်လာမည့် အကျိုးဆက်များကို စိတ်ပူနေခဲ့ကြသည်။

တစ်နာရီခန့်ကြာသောအခါ ကုအန် တတိယတောင်ကြားသို့ ပျင်းရိစွာပြန်လာခဲ့ပြီး သူရောက်ရောက်ချင်းပင် သူ့အနားသို့တပည့်များ ဝိုင်းလာခဲ့ကြ၏။

အပြင်စည်းမြို့တွင် ဖြစ်ပွားခဲ့သည့်ကိစ္စအကြောင်း သတင်းမှာ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ကုအန်နှင့်ဆရာသခင်ဓားအရှင်နာမည်က ကျော်ကြားနေခဲ့ပြီး ဇာတ်လမ်းမျိုးစုံပင် ထွက်ပေါ်နေခဲ့သေးသည်။ သို့သော်ဘာပဲဖြစ်ဖြစ်သေချာသောအရာကတော့ ကုအန်နှင့်ဆရာသခင်ဓားအရှင်ကြားထဲတွင် အလွန်နီးကပ်သော ဆက်ဆံရေးရှ်ိတယ်ဆိုတာသာ ဖြစ်ပေသည်။

သူတို့ဆရာ၏ကျင့်ကြံခြင်းက သာမန်မဟုတ်မှန်း အရင်ကတည်းက ကြားဖူးထားခြင်းဖြစ်သောကြောင့် အခုလိုသတင်းမျိုးထွက်လာသောအခါ တပည့်များမည်သို့စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

သူတို့စပ်စုမှုများကို ရင်ဆိုင်ရင်း ကုအန်အကူအညီမဲ့စွာ ပြောလိုက်၏။

“ငါ၀န်ခံရမယ်ဆိုရင် ငါကဆရာသခင်ဓားအရှင်ပဲကွ ငါမင်းတို့ကို သာမန်တောင်ကြားသခင်တစ်ယောက်အနေနဲ့ပဲ ဆက်ဆံခဲ့ပေမယ့် မင်းတို့ဆီကလုံလောက်တဲ့ လေးစားမှုပြန်မရခဲ့ဘူး အခုဖြစ်သွားတဲ့ကိစ္စကတော့ မျှော်လင့်မထားဘဲ‌ဖြစ်သွားတာပါ”

ထိုစကားထွက်လာသောအခါ ချက်ချင်းဆိုသလို တပည့်များဆီမှ မယုံကြည်သံများ ထွက်ပေါ်လာခဲ့ကြလေသည်။

လူအုပ်ထဲမှ ယုယင်ယင်လည်း မထေ့ငေါ့ဘဲ မနေနိုင်တော့ပေ။

“ကောင်းလိုက်တဲ့ သရုပ်ဆောင်”

သို့သော် သူမနှလုံးသားထဲတွင်တော့ သံသယများ ရှိနေခဲ့၏။ အရင်က ရှန်ရှင်းကျိသည် သူမကိုသတ်ချင်နေခဲ့သော်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထိုအဖြစ်က ကုအန်နှင့်ဆက်စပ်နေခြင်းပေလော။

ကုအန်က တကယ်ပဲ ဆရာသခင်ဓားအရှင်များလား!

ထိုကဲ့သို့လည်း မဖြစ်သင့်ပေ။ သူကုအန်ဘ၀ဇာတ်လမ်းအကြောင်းကို ရွှမ်ထျန်းယီဆီမှ ကြားထားပြီးဖြစ်ပြီး သူ့အသက်က အခုမှ ရာဂဏန်းသာရှိနေသေးသည်။

ထိုမျှအသက်လေးနှင့် မည်သို့ဆရာသခင်ဓားအရှင် ဖြစ်နိုင်ပါမည်နည်း။

သူ့ရွှတ်နောက်နောက်ပြောနေသော လေသံကြောင့်လည်း သူမကုအန်စကားကိုမယုံနိုင်ဖြစ်နေခဲ့ရ၏။

သူမတင်မဟုတ်ဘဲ အခြားတပည့်များလည်း ကုအန်ကဟာသပြောနေသည်ဟုသာ ခံစားနေခဲ့ကြရသည်။

ကုအန်လည်း ထပ်ရှင်းပြမနေတော့ပေ။ အမှန်ဟုတ်မဟုတ်ကို သူတို့ကိုသာ ခန့်မှန်းထားခိုင်းလိုက်ပြီး စိတ်ထဲ သံသယလေးရှိနေမှသာလည်း ဘ၀ကစိတ်၀င်စားစရာကောင်းတာ ဖြစ်ပေသည်။

ခုနကတော့ လုပိုင်ထျန်းက သူ့ကို ဤကိစ္စကို ကြီးမားမသွားအောင် ဖိနှိပ်ထားဖို့ သူနည်းလမ်းတစ်ခုရှာလိုက်မည်ဟု ပြောခဲ့၏။

ကုအန်က အဓိပတိဂိုဏ်းကိုကာကွယ်ဖို့ ၀င်ပါခဲ့တာလို့ လုပိုင်ထျန်းကတွေးနေခဲ့ခြင်း ဖြစ်သည်။

ဒါပေါ့ သူ့စိတ်ထဲတွင် ထိုထက်များသောအကြောင်းပြချက်များလည်း ရှိနေသေး၏။

အခြားအင်အားစုများက ဆရာသခင်ဓားအရှင်၏သရုပ်မှန်ကို သိရှိသွားမှာကို သူကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

သူကြောက်သည်က ဆရာသခင်ဓားအရှင် ဒုက္ခရောက်မည်ကိုမဟုတ်ဘဲ ထိုအင်အားစုများက ဆရာသခင်ဓားအရှင်ကို ဆွဲဆောင်သွားမှာကိုသာ ဖြစ်၏။

မြင့်မြတ်ခုံရုံးက အကောင်းဆုံးဥပမာသာဖြစ်ပေသည်။

ထို့‌ေနာက် ကုအန် တပည့်များကြားထဲမှ ရုန်းထွက်လိုက်ပြီး သူ့အိမ်ဆီသို့သော ပြန်လာခဲ့လိုက်၏။

ထိုစဉ် အိမ်ရှေ့၌ ကျိရှောင်ယု၏တားဆီးခြင်းကို ခံလိုက်ရလေသည်။

“အဲ့ဒီအဖြစ်အပျက်က အစ်ကိုကြီးကြောင့်ဖြစ်သွားတာလား” ကျိရှောင်ယု မေးလိုက်၏။

ကုအန်ခေါင်းယမ်းကာ ပြောလိုက်သည်။

“တစ်ယောက်ယောက်က ကောင်းကင်ကကျလာပြီး အစ်ကိုကြီးသရဖူကို ခိုးယူချင်နေတယ်လေ သူကအစ်ကိုကြီးကို ဓားနဲ့ပိုင်းဖို့ကြိုးစားခဲ့တာ နောက်ကျတော့ သူရုတ်တရက်ပျောက်သွားတယ်”

ပြောနေရင်း ကုအန် သူ့ရင်ဘတ်ကိုဖိထားကာ ကြောက်လန့်နေသည့်အမူအရာမျိုး လုပ်နေခဲ့၏။

ကျိရှောင်ယုကတော့ ရင်းနှီးနေသော ကုအန်၏ရှင်းပြချက်ကို နားထောင်ပြီး အတွေးနက်သွားခဲ့သည်။

သူမအတွေးနက်နေပုံကိုတွေ့သောအခါ ကုအန် ဆက်မပြောတော့ဘဲ အိမ်ထဲသို့သာ ၀င်သွားခဲ့၏။

ကုအန်တံခါးပိတ်လိုက်သောအခါမှ ကျိရှောင်ယု အသိပြန်၀င်သွားခဲ့လေသည်။ သူမခေါင်းကိုလှည့်ကာ ဒုတိယထပ်သို့ကြည့်နေရင်း သူမမျက်လုံးများက မယုံကြည်နိုင်ဖြစ်နေခဲ့၏။

“ကောင်းကင်နဲ့မြေပြင်လမ်းစဉ်များဖြစ်နေနိုင်လား ဒါပေမယ့် အဲ့ဒီနတ်သိုင်းနဲ့ ဒီလိုတည်ရှိမှုကြီးတစ်ခုကို ရှင်းပစ်ဖို့က…”

ကျိရှောင်ယု တုန်လှုပ်မှုများဖြင့် ပြည့်နေပြီး သူမရင်ထဲရှ်ိ ကုအန်ပုံရိပ်က ပိုပြီးဆန်းကြယ်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အပြင်စည်းမြို့ထဲရှိအဖြစ်အပျက်သတင်းက ပျံ့နှံ့လာခဲ့ပြီး အဓိပတိဂိုဏ်းက သတင်းဖုံးဖို့ကြိုးစားခဲ့သော်လည်း ‌မအောင်မြင်ခဲ့ဘဲ အခြားအင်အားစုကြီးများကပါ နာမည်တစ်ခုကို သိရှိသွားခဲ့ကြ၏။

ကုအန်!

သူ့အခန်းသို့ ပြန်လာပြီးသည့်နောက် ကုအန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကိုထုတ်ဖတ်နေခဲ့သည်။

ကမ္ဘာဦးအမတဘုရင်၏နောက်လိုက်များ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီဆင်းသက်လာကာ ထိုသူများက ကပ်ဘေးများကိုသယ်လာတော့မည်ဖြစ်မှန်းလည်း ကုအန် အာရုံခံမိခဲ့၏။ သို့သော် သူ့တွင်၀င်ပါဖို့ အစီအစဉ်တော့ မရှိပေ။ ထိုအဖြစ်ကြောင့် မြင့်မြတ်ခုံရုံးနှင့်အမတမင်းဆက်တို့၏ စစ်ပွဲ ယာယီရပ်တန့်သွားခဲ့လျှင်လည်း ကောင်းသောအရာဟာသာ ဖြစ်ပေသည်။

အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးတို့၏စစ်ပွဲက သက်ရှိများအပေါ် ပိုပြီးပင် သက်ရောက်မှုရှိနေသေးသည်။ ထို့အပြင်သူ့လက်ရှိ ကံကြမ္မာနှင့်ကမ္မတရားအပေါ်နားလည်မှုများအရ သူကပ်ဘေးများကို ကေျာ်လွန်ပြီးမြင်နိုင်နေခဲ့၏။ သူဘယ်လိုပဲ၀င်ပါနေပါစေ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ကံကြမ္မာက ဘယ်တော့မှလုံး၀ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သေခြင်းရှင်ခြင်း ကံကောင်းခြင်းနှင့်ကံဆိုးခြင်းတို့ဆိုသည်မှာ ကောင်းကင်နှင့်မြေပြင်၏ နိယာမများသာ ဖြစ်ပေသည်။

ကမ္ဘာဦးအမတဘုရင်ကို သတ်ဖြတ်ပြီးသည့်နောက် ဆောင်းနှင်းများမှာ ပို၍ပင် ထူထဲစွာ ကျဆင်းလာခဲ့ကြ၏။

နောက်ရက်များတွင် တတိယတောင်ကြားသို့ တရုတ်ကျားလာကစားကာ ကုအန်ဆီလာလည်သောသူများ ပိုများလာခဲ့ကြသည်။ ကုအန်ကတော့ သူစိမ်းများနှင့်မတွေ့ဘဲ သူ့ဆေးတောင်ကြားများထဲ လှည့်ပတ်ပြီးသာ ဆေးပင်များရိတ်သိမ်းနေခဲ့၏။

သူနျန်းချူဂူဆီရောက်သောအခါ ထျန်းယောင်နှင့် ထျန်းချင်း ထျန်းပိုင်တို့က ကမ္ဘာဦးအမတဘုရင်၏ ဟိန်းဟောက်သံကြီးအကြောင်း မေးမြန်းခဲ့ကြသည်။ ကုအန်လည်း သူတို့ကို မကြောက်ဖို့အားပေးစကားပြောလိုက်ပြီး ကျင့်ကြံရာ၌ လမ်းညွှန်ချက်များ ပေးခဲ့လိုက်၏။

သူ့ဘ၀က အတော်လေးအလုပ်ရှုပ်နေခဲ့သည်။ ဆေးပင်များရိတ်သိမ်းရရုံသာမက သူသည် ထျန်းယောင်အာ ထျန်းချင်း ထျန်းပိုင်နှင့်အန်းရှင်းတို့ကိုလည်း သင်ကြားပေးနေရသေး၏။ ထို့အပြင် သူကျင့်ကြံရန်နှင့် သူ့ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးရန်လည်း အချိန်ယူရသေးသည်။

မျက်စိတစ်မှိတ်အတွင်း နွေဦးပွဲတော်ရောက်ရှိလာခဲ့၏။

နွေဦးပွဲတော် မနက်ခင်းတစ်ခုတွင် ကုအန် အတွင်းစည်းမြို့သို့သွားကာ စားသောက်ဆိုင်တစ်ဆိုင်ထဲ၌ ဝူကျဲနှင့်အတူသောက်နေရင်း ပင်လယ်ရပ်ခြားက ပုံပြောသူတစ်ယောက်ပြောပြနေသော ဇာတ်လမ်းကို နားထောင်နေခဲ့သည်။

“အမတအရှင်ချင်ဟာ လွန်ခဲ့သော ဟိုးနှစ်ပေါင်း ၁၀သန်းကျော်လောက်က ရှေးဟောင်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးတော့ သူက ပြန်လည်‌မွေးဖွားခြင်းကနေ ပြန်လည်ရှင်သန်လာပြီး သူ့ခန္ဓာကိုယ်ကိုပြန်တည်ဆောက်ဖို့ အဆုံးမဲ့သောသက်ရှိတွေရဲ့ ဝိညာဉ်ကိုဝါးမြိုဖို့ လိုအပ်နေခဲ့တယ်…”

ပုံပြောသမား၏ လေသံကအတော်လေးဆွဲဆောင်မှုရှိလှရာ ကုအန်နှင့်ဝူကျဲတို့ပင် သူ့စကားလုံးများ၏ ဆွဲဆောင်မှုကို ခံထားကြရသည်။

ဝူကျဲ ကုအန်ကိုကြည့်လိုက်ပြီး စိတ်၀င်တစား မေးလိုက်၏။

“မင်းနဲ့ဆရာသခင်ဓားအရှင်ကြားက ဆက်ဆံရေးက တကယ်ပဲ ဘာများလဲ”

ကုအန်သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ငါကဆရာသခင်ဓားအရှင်ပါဆို ဆက်ဆံရေးဆိုတာ ဘာကိုဆိုလိုတာလဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းအခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ဒီနေ့ထိ ကြီးပြင်းလာတာကို ငါစောင့်ကြည့်ခဲ့ရတာ မင်းသာ ဆရာသခင်ဓားအရှင်ဆိုရင် ငါက ယန်ရှန်းဧကရာဇ်ပဲ ဖြစ်ရမယ်”

ဝူကျဲ မျက်လုံးကျယ်ကြီးများဖြင့် ပြန်ငြင်းလိုက်၏။

ထိုစဉ် တစ်ယောက်ယောက်၀င်လာသောကြောင့်ကုအန်အကြည့်က လှေကား‌ထိပ်၀င်ပေါက်သို့ ရောက်ရှိသွားခဲ့လေသည်။

[ယန်ရှန်းဧကရာဇ်(လွတ်ငြိမ်းရာအမတအဆင့် ၁): ၆၉၀၈၉၂၂/၅၀၀၀၀၀၀၀/၁၀၀၀၀၀၀၀၀]

All Chapters