← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 34 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 34 Ch. 447-448

အပိုင်း(၄၄၇)

ကောင်းကင်နှင့်မြေပြင်၏ အခြေအနေ

ကုအန် ကျန်း‌ေချာင်ကိုဆေးတောင်ကြားသို့ ခေါ်လာခဲ့ပြီးနောက် ဒိုဂျိုဆီသို့ လျှောက်လာခဲ့သည်။ လမ်းတစ်ယောက်လုံးတွင် ကျန်းချောင်တတိယတောင်ကြား၏ ပြောင်းလဲသွားမှုများကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။

ကုအန်ကဆရာသခင်ဓားအရှင်နှင့်အဆက်အသွယ်ရှိသည်ဟူသော သတင်းထွက်လာပြီးကတည်းက တတိယတောင်ကြားကို လာသောသူများပိုများလာပြီး ဂိုဏ်းကလည်း တောင်ကြားကိုတိုးချဲ့ခွင့်ပေးခဲ့ရာ ယခုအခါ တောင်ကြားတွင် တပည့်ပေါင်း ၄၀၀၀ ပင်ကျော်နေခဲ့ချေပြီ။

တစ်ချက်ကြည့်ရုံနှင့် တတိယတောင်ကြားက ဂိုဏ်းတစ်ခုနှင့်တူနေခဲ့သည်။

ကျန်းချောင် သူမထက်ပင် ထူးခြားသောကျင့်ကြံသူများကိုတွေ့ခဲ့ရပြီး ထိုအရာများကြောင့် သူမကုအန်၏လက်ရှိအခြေအနေကို ပိုစိတ်၀င်စားလာခဲ့၏။

ကုအန် စီနီယာတပည့်တစ်ယောက်နားသို့ ချဉ်းကပ်သွားပြီး နောက်မှပုခုံးကိုပုတ်လိုက်ကာ ဖယ်ပေးဖို့ အချက်ပြလိုက်သည်။

စီနီယာတပည့်လည်း သူ့ကိုမြင်သောအခါ ချက်ချင်းပင် အရိုအသေပေး၍ အမြန်ဖယ်ပေးလိုက်၏။

ကုအန်လည်း ထိုအခါမှ ထိုင်ချလိုက်ပြီး ယန်ရှန်းဧကရာဇ်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းဒီမှာရှိနေတာ နှစ်တစ်ရာကျော်သွားပြီ မပြန်တော့ဘူးလား”

ကျန်းချောင် ကုအန်ဘေးတွင်ရပ်နေရင်း ယန်ရှန်းဧကရာဇ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ရှုနေခဲ့၏။

ထိုလူသည် အမတမင်းဆက်၏ ဧကရာဇ်ဖြစ်နိုင်ပါသလော။

ယန်ရှန်းဧကရာဇ်က သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားသော်လည်း သူ့ကိုယ်ကထွက်ပေါ်နေသာ အရှိန်အဝါက သာမန်မဟုတ်ခဲ့ပေ။

ယန်ရှန်းဧကရာဇ်ကုအန်ကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။

“ဘာလို့ ပြန်မှာလဲ ဒီနေရာမှာ မဟာတာအိုကိုဆင်ခြင်ရတာက အတော်လေးကောင်းတယ်”

သူတတိယတောင်ကြားတွင် ရောက်နေခဲ့တာ နှစ်တစ်ရာကျော်သွားခဲ့ချေပြီ။ အစကတော့ သူဘာလို့ ဆရာသခင်ဓားအရှင်က ဒီနေရာကိုရွေးချယ်ထားလဲ သိချင်၍ နေနေခြင်းဖြစ်ပြီး နောက်တော့ တဖြည်းဖြည်းဤနေရာရှ်ိ လူနေမှုပုံစံ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရ၏။

တပည့်များက အလုပ်လုပ်လိုက် ကျင့်ကြံလိုက်နှင့်ပျော်ရွှင်နေကြကာ သူတို့လှုပ်ရှားမှုတိုင်းက မဟာတာအိုကိုညွှန်ပြနေခဲ့သည်။ ဆေးတောင်ကြားထဲရှိ အရာအားလုံး၌ တာအိုဆန္ဒရှိနေသလိုပင်။

သူ့ထိုခံစားချက်ကအတုအယောင်မဟုတ်ဘဲ တကယ်တော့ ကုအန်ဧ။် တာအိုသစ်သီးမှ လွှမ်းမိုးမှုများသာ ဖြစ်သည်။

တာအိုသစ်သီးဟုခေါ်သောအရာသည် တာအိုလမ်းစဉ်တစ်ခုဖြစ်ပြီး တာအိုကိုလိုက်နေသော သက်ရှ်ိများကို ကိုယ်စားပြုသောအရာတစ်ခုလည်း ဖြစ်၏။

ကုအန်က ကျင့်ကြံခြင်းကိုဖုံးကွယ်ထားသော်လည်း ရွှမ်ယွမ်ကျိကိုင်အဆင့်တစ်ယောက်ဖြစ်သောကြောင့် သူတာအိုသစ်သီးလွှမ်းမိုးမှုကိုတော့ ထိန်းချုပ်မထားနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း တတိယတောင်ကြားရှိ တပည့်များ၏ ကျင့်ကြံခြင်းက ပိုမိုတိုးတက်လာခြင်းဖြစ်ပြီး ပါရမီရှင်များလည်း မကြာခဏဆိုသလို ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်။ ယနေ့ခေတ် အဓိပတိဂိုဏ်းတွင် ထိုသူများကို ပါရမီရှင်ဟု မဆို‌နိုင်သော်လည်း လွန်ခဲ့သော နှစ်၈၀၀ကဆိုလျှင်တော့ ထိပ်တန်းပါရမီရှင်ဟုပင် ဆိုနိုင်၏။

ကုအန်ထိုအရာကို သတိထားမိသော်လည်း မထိန်းချုပ်နိုင်သောကြောင့် မသိချင်ယောင်သာ ဆောင်ထားလိုက်ကာ သူ့ပတ်၀န်းကျင်က လူများအတွက် သူ့ကြင်နာမှုဟု သတ်မှတ်ထားလိုက်သည်။

“အခုရွှမ်ယုနတ်မင်းဆက်နဲ့ မဟာကောင်းကင်နတ်ဆိုးဂိုဏ်းထွက်ပေါ်လာပြီးတော့ မြင့်မြတ်ခံုရံုးနဲ့ အမတမင်းဆက်ကိုခြိမ်းခြောက်နေပြီ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ခြိမ်းခြောက်နေပြီ” ကုအန် ပြောလိုက်ကာ ကျန်းချောင်ကို တစ်ချက်ကြည့်လိုက်၏။

နင်ကပုံမှန်ဆို အတော်လေးစကားများပါတယ် ဘာလို့အခုမှ ဒီလောက်တိတ်ဆိတ်နေတာလဲ!

ကျန်းချောင် ကြောင်အနေကာ ပါးစပ်ထဲက ဘာစကားမှပင် ထွက်မလာခဲ့တော့ချေ။ တကယ်တော့ သူမက ဒီတိုင်းစကားအနေနှင့်သာပြောလိုက်ခြင်းဖြစ်ပြီး တကယ့်ယန်ရှန်းဧကရာဇ်ကြီးနှင့် ဆွေးနွေးချင်ခဲ့ခြင်း မဟုတ်ခဲ့ပေ။

ယန်ရှန်းဧကရာဇ်ဖြေလိုက်သည်။

“ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေပြီ ကိန်းရှင်တွေထွက်လာတယ်ဆိုတာ ပုံမှန်ပါပဲ ထားလိုက်ပါ”

ကုအန် ကျားခုံပေါ်တွင် တစ်ကွက်ရွှေ့လိုက်သည်ကို ကြည့်ပြီး သူ့အကြည့်များက သိသိသာသာပြောင်းလဲသွားခဲ့၏။

သူထိုကစားပွဲကို နိုင်ဝောာ့မှာဖြစ်သော်လည်း ကုအန်တစ်ကွက်က အခြေအနေကို လုံး၀ပြောင်းလဲသွားစေခဲ့သည်။ ထိုအရာက သေရာမှပြန်ရှင်လာတာမျိုး မဟုတ်သော်လည်း သူ့အတွက် အန္တရာယ်ကိုတော့ ခံစားလိုက်ရသည်။

“ကြည့်ရတာ အမတမင်းဆက်က သေမျိုးအားလုံးရဲ့ဘ၀တွေကို တာ၀န်ယူမထားတော့ဘူးပဲ သူတို့က အဓိကကိစ္စကြီးတွေ အောင်မြင်ဖို့ပဲ အာရုံစိုက်နေပုံပေါ်တယ်” ကျန်းယန် အသာအယာပြုံးကာ ပြောလိုက်၏။

ယန်ရှန်းဧကရာဇ် ကုအန်စကားထဲက ဆိုလိုရင်းကို နားလည်ပေသည်။ သူမငြင်းဘဲ ဆက်သာပြောလိုက်၏။

“မတူညီတဲ့ ခေတ်ကာလတွေမှာ ပစ်မှတ်တွေကလည်း မတူညီကြဘူး အမတမင်းဆက်ပဲဖြစ်ဖြစ် မြင့်မြတ်ခုံရုံးပဲဖြစ်ဖြစ် သူတို့စတက်လာတဲ့အချိန်တုန်းကတော့ သက်ရှိတွေရဲ့ နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး သက်ရှိတွေရဲ့ ဘ၀တွေကိုတာ၀န်ယူပေးခဲ့ကြတာပါပဲ ဒါပေမယ့် သူတို့ ကမ္ဘာကြီးကိုစုစည်းပြီး ကမ္ဘာအရှင်သခင်ဖြစ်သွားတာနဲ့ ထူးဆန်းစွာနဲ့ သူတို့က သက်ရှိအားလုံးရဲ့ ဘုံရန်သူတွေ ဖြစ်သွားရတယ်”

“ဒီကမ္ဘာပေါ်မှာ သက်ရှိအားလုံးကို ကျေနပ်စေမယ့် စွမ်းအားဆိုတာ မရှ်ိပါဘူး ကျွန်တော့်အမြင်ပြောရရင် အမတမင်းဆက်က အခြားပိုအရေးကြီးတဲ့ အရာတွေနောက်ကို လိုက်သင့်တယ် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ တရား၀င်ဖြစ်ခြင်းလိုဟာမျိုးပေါ့”

ကုအန် တစ်ခါက အမတမင်းဆက်က လူတစ်ယောက်ပြောခဲ့ဖူးတာကို သတိရသွားခဲ့သည်။ မြင့်မြတ်ခုံရုံးသည် ကောင်းကင်ပြင်ပကလာပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို သိမ်းပိုက်ထားခြင်းဖြစ်သောကြောင့် သူတို့ဘယ်လောက်ကောင်းအောင်လုပ်လုပ် ဂုဏ်သိက္ခာအရ အမတမင်းဆက်က သူတို့ကို တိုက်ခိုက်ရမည်သာ။

အချို့အရာများမှာ ငြိမ်းချမ်းရေးထက် ပိုအရေးကြီး၏။

ထိုစကားကိုကြားပြီးသောအခါ ကုအန်တွင် ပြောစရာမရှိတော့ပေ။

မတူညီသော ရပ်တည်ချက်များက မတူညီသောအမြင်များကို ဖြစ်သွားစေနိုင်ပေသည်။

ယန်ရှန်းဧကရာဇ်က အပြင်ကမ္ဘာက ဖရိုဖရဲဖြစ်မှုများကို သတိပြုမိနေသည်ဆိုလျှင်ပဲ လုံလောက်ချေပြီ။

ကုအန်မျက်လုံးထဲတွင်တော့ အမတမင်းဆက်ရော မြင့်မြတ်ခုံရုံးရောက ပျက်ဆီးခြင်းဆီ ဦးတည်သွားနေကြခြင်းသာ။

သူအနာဂတ်အဝေးကြီးထိ လှမ်းမြင်နေရပြီး အရာရာတိုင်းတွင် သူ့ကံကြမ္မာနှင့်သူရှိကာ အဓိပတိဂိုဏ်းပင် ထို့အတူသာ ဖြစ်၏။

ကုအန် ဂိုဏ်းကိုလည်း ထာ၀ရတည်မြဲအောင်လုပ်ပေးလိုစိတ် မရှ်ိဘဲ တစ်ချိန်တွင် ဂိုဏ်းထဲက သူ့မိတ်ဆွေဟောင်းများ‌ထွက်ခွာသွားပြီးနောက် ဂိုဏ်းကသူ့အတွက် အရေးပါမှုလျော့နည်းသွားမှာကို သူသိနေခဲ့သည်။

ကမ္မနှင့်ကံတရားအကြောင်း ထဲထဲ၀င်၀င်သိလာလေလေ ကုအန်အတွက်လည်း ၀န်ထုပ်၀န်ပိုးများ လျော့လေလေလေပင်။

ဒါပေါ့ ကုအန် ထိုသို့ပြောင်းလဲလာမှုများကို တောင့်ခံထားဖို့ မကြိုးစားခဲ့ပေ။ ဤကမ္ဘာပေါ်တွင် ရှင်သန်နေထိုင်ဖို့ ခံစားချက်များ၏ ရစ်ပတ်ခြင်းကို ခံထားပြီး မလိုအပ်တာများကိုလိုက်စိတ်ပူနေ၍ မဖြစ်သေးပေ။

ကျန်းချောင်လည်း ယန်ရှန်းဧကရာဇ်စကားလုံးများကို တွေးတောနေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ တရား၀င်ခြင်းဆိုတာ ဘာကိုပြောတာလဲဟု စဉ်းစားနေခဲ့၏။

ကုအန် ဆက်မနေခဲ့ပေ။ လက်ရှိပွဲက ကယ်တင်၍ ရနိုင်တော့မည် မဟုတ်ဘဲ သူ့ရွှေ့ကွက်က ဒီတိုင်း၀င်ကစားလိုက်ခြင်းသာ ဖြစ်သည်။

သူထရပ်လိုက်ပြီး ကျန်းချောင်နှင့်အတူထွက်ခွာသွားခဲ့၏။

ဆေးတောင်ကြားထဲတွင် လေညှင်းများတိုက်ခတ်နေပြီး ကြွေကြနေသော သစ်ရွက်များက ကောင်းကင်ဆီ ပြန်လည်လွင့်မျောနေခဲ့ကြသည်။ နွေဦးကုန်ကာ နွေရာသီရောက်လာခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက နွေးထွေးနေခဲ့၏။ ထို့နေ့တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ အန်းရှင်းကိုခေါ်ပြီး အမတရှာဖွေကျွန်းဆီ ရောက်လာခဲ့သည်။

ကျွန်းသခင် ရွှမ်ဟန်ဖုန့် ကုအန်ကို လူကိုယ်တိုင်လာရောက်နှုတ်ဆက်ခဲ့ပြီး မကြာခင်တွင် ဟူရှောင်ကျင်းလည်း ရောက်ရှိလာခဲ့၏။

ကုအန်၏ထောက်ပံ့မှုကြောင့် ဟူရှောင်ကျင်းပင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကုအန် ဟူရှောင်ကျင်းအား နွားသိုးနှင့်အန်းရှင်းကိုဟိုဟိုဒီဒီလိုက်ပြပေးဖို့ ပြောလိုက်ပြီး သူကတော့ ရွှမ်ဟန်ဖုန်းနှင့်သီးသန့်ကိစ္စများကို ဆွေးနွေးနေခဲ့၏။

သူတို့ထွက်သွားသောအခါ ရွှမ်ဟန်ဖုန်းပြောလိုက်သည်။

“ဆရာ ‌မဟာကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာတွေ အခုနောက်ပိုင်း အမတရှာဖွေကျွန်းထဲ စိမ့်၀င်လာကြတယ် ပြဿနာတွေဖြစ်လာတော့မှာကို ကျွန်တော်ခံစားမိနေတယ်”

စွမ်းအားကြီးတည်ရှိမှုများ၏ ကာကွယ်ပေးခြင်းကိုခံထားရသော ထိုက်ကန်မင်းဆက်မှလွဲပြီး အခြားနေရာများအားလုံးမှာမလုံခြုံကြတော့ပေ။ ခိုင်မာသောအုတ်မြစ်ရှိသည့် အမတရှာဖွေကျွန်းလိုနေရာက ပိုဆိုးပြီး မျက်စိပေါင်းများစွာ၏ မျက်စိကျခြင်းကို ခံရသည်မှာ မဆန်းလှပေ။ ကုအန် အမတရှာဖွေကျွန်းဆီ ရောက်လာသော ကပ်ဘေးတစ်ခုကို ကြိုမြင်ထားရသောကြောင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“စိတ်မပူပါနဲ့ ကျွန်းကိုပဲ အေးအေးဆေးဆေးအုပ်ချုပ်နေ ဘယ်သူက အမတရှာဖွေကျွန်းကို လာနှောင့်ယှက်မှာ မဟုတ်ဘူး” ကုအန် လက်ဖက်ရည်ခွက်ကို‌ကိုင်ကာ အေးအေးဆေးဆေးပြောလိုက်၏။ ထိုစကားကို ကြားရမှ ရွှမ်ဟန်ဖုန်းလည်း ပြုံးနိုင်တော့သည်။ ဤနေရာမှ သူရရှိနေသော အကျိုးအမြတ်က မသေးလှသောကြောင့် ရွှမ်ဟန်ဖုန်း ဤကျွန်းကိုအမှန်တကယ်ပင် တန်ဖိုးထားနေခဲ့မိ၏။

တခဏအကြာတွင် ရွှမ်ဟန်ဖုန်းအခြားကိစ္စများကို ပြောပြခဲ့ပြီး အထူးသဖြင့် ကျွန်းပေါ်ရှိ အတွင်းရေးကိစ္စများသာ ဖြစ်ပေသည်။

ကုအန် အချိန်အများစုကိုနားထောင်ရင်းသာကုန်ဆုံးခဲ့ပြီး ရွှမ်ဟန်ဖုန်းက အကြံတောင်းလျှင် သူ့အမြင်များကို ပြောပြခဲ့၏။

ရွှမ်ဟန်ဖုန်းပြောပြီးသောအခါ ကုအန် သူ့ကိုထွက်သွားဖို့ လက်ဟန်ပြလိုက်လေသည်။

ရွှမ်ဟန်ဖုန်း ထွက်သွားပြီးသည်အထိ ကုအန်ကတော့ထိုင်သာနေရင်း သူ့အကြည့်များက ကောင်းကင်ပြာကြီးဆီ ရောက်ရှိနေခဲ့၏။

သူမိတ်ဆွေဟောင်းတစ်ယောက်ကို ကြည့်ရှုနေခဲ့ခြင်း ဖြစ်ပေသည်။

….

ကောင်းကင်ယံတွင် တိမ်စိုင်များပြန့်ကျဲနေကာ မိစ္တာချီများထုတ်လွှတ်နေသော ပုံရိပ်များ လေထဲတွင် ရပ်နေခဲ့ကြ၏။ ထိုပုံရိပ်များထဲမှ မိစ္ဆာချီအသိပ်သည်းဆုံးပုံရိပ်ထံတွင် အနီရောင်မီးဘောလုံးကြီးတစ်လုံးရှိနေပြီး သူ့နောက်တွင်တွင် အနီရောင်ချိန်းကြိုးကြီးများက မြွေများလို လွင့်မျောနေခဲ့ကြသည်။

သူတို့မျက်လုံးများက အောက်ဘက်ရှ်ိ ကျွန်းပျက်ကြီးတစ်ခုပေါ် ရောက်ရှိနေခဲ့ကြ၏။ ထိုကျွန်းတွင် သစ်ပင်များလည်း လဲကျနေကာ မြေပြင်ပေါ်တွင် တွင်းများချိုင့်များဖြစ်နေပြီး လုံး၀ ပျက်ဆီးနေခဲ့သည်။

အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသော လီယ ကျောက်တုံးတစ်တုံးပေါတွင်ရပ်နေရင်း သူ့ညာလက်က ဓားကိုကိုင်ထားကာ ဘယ်လက်က ကမ္ဘာခြားနတ်မြို့တော်ကို ကိုင်ထားရင်း အမတစိတ်ဝိညာဉ်ကတော့ သူ့ပုခုံးပေါ်တွင် ရပ်နေခဲ့၏။

“ကျိုးရွှယ်ဟီ မင်းတတ်နိုင်တာ ဒါအကုန်ပဲလား ငါ့ကိုဖမ်းဖို့ ဒီလောက်မလွယ်ဘူး” လီယကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ့အမူအရာက အေးစက်နေခဲ့သည်။

အနီရောင်မီးဘောလုံးကြီးရှေ့တွင်ရပ်‌နေသော ကျိုးရွှယ်ဟီ သူ့ဘေးတွင်ပျံဝဲနေသော အနီရောင်ချိန်းကြိုးများကို ကစားနေရင်း မထူးခြားသောမျက်နှာထားဖြင့် လီယကိုငုံ့ကြည့်ပြီး ပြေလိုက်၏။

“လီယ မင်းကမ္ဘာခြားနတ်မြိုတော်ရဲ့စွမ်းအားကို ဘယ်လောက်ထိန်းထားနိုင်မှာလဲ ‌မဟာကောင်းကင်မိစ္ဆာဂိုဏ်းကို ၀င်လိုက်

မြင့်မြတ်ခုံရုံးက မင်းအတွက်မဟုတ်ဘူး မင်းလည်းမြင့်မြတ်ခုံရုံးရဲ့ အခြေအနေကိုမြင်မှာပါ ရှန်ထျန်းမရှိရင် မြင့်မြတ်ခုံရုံးက မင်းကိုပျိုးထောင်ပေးဖို့‌ေလာက်တောင် လုံလောက်တဲ့ ကုသိုလ်မရှ်ိဘူး”

ထိုစကားကိုကြားသောအခါ လီယ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။

သူသည်မြင့်မြတ်ခုံရုံးတွင်နေလာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း သိသိသာသာအကျိုးဖြစ်ထွန်းခဲ့မျိုးခြင်းမရှိခဲ့ပေ။ ယခုအခါ သူ့ရာထူးက ချီကံကြမ္မာကိုလည်း ပြန်ထုတ်ယူသွားသောကြောင့် သူ့ကျင့်ကြံခြင်းမတည်မငြိမ်ဖြစ်သွားခဲ့ရကာ ထို့ကြောင့်လည်း ရွေးစရာမရှိတော့ဘဲ သူ့စိတ်သန့်စင်စေဖို့ အပြင်ထွက်လာခဲ့ရခြင်း ဖြစ်၏။

ကျိုးရွှယ်ဟီ သူ့ညာလက်ကို ကောင်းကင်သို့မြှောက်ကာ ပြောလိုက်သည်။

“မဟာကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရောက်မလာသေးဘူး သူရောက်လာတာနဲ့ သူကဒီနယ်မြေကို ပြောင်းလဲပစ်လိမ့်မယ် မင်းမှာအချိန်မရှိတော့ဘူး အဲ့ဒီအချိန်ထိ မင်းမြင့်မြတ်ခုံရုံးနဲ့ဆက်ရှိနေသေးရင် မင်းလည်းသူတို့နဲ့အတူတူ ပျောက်ကွယ်သွားရလိမ့်မယ်”

လီယ ထေ့ငေါ့လိုက်၏။

“အဲ့‌ေတာ့ ဘာဖြစ်လဲ အဆင့်နိမ့်နိမ့်နေရတာက သေရတာထက် ပိုကောင်းလို့လား”

ထိုစကားကိုကြားသောအခါ ကျိုးရွှယ်ဟီ မျက်လုံးထဲ ကြမ်းကြုတ်သောအလင်းတစ်ချက်တောက်သွားခဲ့သည်။

လီယလည်း ဘာမှဆက်မပြောတော့ဘဲ ကမ္ဘာခြားနတ်မြို့တော်ကိုသာ မြှောက်လိုက်လေသည်။ အလျင်အမြန်ဆိုသလို မြို့့တော်ကကြီးမားလာပြီး ကျွန်းတစ်ကျွန်းလုံးကို ဖုံးအုပ်သွားကာ အထဲမှ နတ်ဝိညာဉ်များ ထူးဆန်းသောတစ္ဆေများနှင့် ပုဆိန်တစ်လက်ကိုကိုင်ဆွဲထားသော ဧရာမပုံရိပ်ကြီးတစ်ခုပင် ထွက်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလို သူ့ဘက်က အဟုန်က ကျိုးရွယ်ဟီတို့ထက် သာသွားခဲ့ပြန်သည်။

ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်လည်း လီယပုခုံးပေါ်တွင်ရပ်နေရင်း ရန်သူများကို ဟိန်းဟောက်လိုက်၏။

ကျိုးရွှယ်ဟီ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ့ညာလက်ကို ပါးစပ်ပေါ်တင်လိုက်ပြီး ဂါထာတစ်ပုဒ် စတင်ရွတ်လေတော့သည်။

သူရွတ်လိုက်သည်နှင့် သူ့အဟုန်ကပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ့နောက်ရှိ အနီရောင်မီးဘောလုံးနှင့်ပေါင်းစပ်သွားခဲ့ကာ မီးတောက်များပင် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

နတ်မြို့တော်ထဲမှ တစ္ဆေများထွက်လာသည်နှင့် အနီရောင်မီးဘောလုံးကြီးကလည်း ရုတ်တရက် အေးစက်စက်မျက်လုံးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားခဲ့လေသည်။

…..

လက်ဖက်ရည်သောက်နေရင်း ကုအန် အခြေအနေကို ကြည့်ရှုနေခဲ့၏။ ထိုကောင်းကင်နတ်ဆိုးများတွင် အသံမဲ့အပျက်အဆီးနယ်မြေ၏စွမ်းအားကို တိုးမြှင့်ပေးနိုင်သော တစ်စုံတစ်ခု ရှိနေပုံပင်။

ကုအန် အမတစိတ်ဝိညာဉ်ထဲသို့ လင်းရှီများ လျှို့ဝှက်စွာ ပေါင်းထည့်ပေးလိုက်သည်။ သူသန်မာလာမှ ကမ္ဘာခြားနတ်မြို့တော်က ပိုအားကောင်းလာမည်ဖြစ်ပြီး ထိုအခါမှ နှစ်ဖက်က ဘက်မျှသွားပေလိမ့်မည်။

အသံမဲ့အပျက်အဆီးနယ်မြေရှ်ိ အချို့တည်ရှိမှုများကလည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို စောင့်ကြည့်နေတာကို ကုအန် သတိထားမိခဲ့သည်။

ထိုတည်ရှိမှုများက ချောင်းသာကြည့်ရဲကြခြင်းဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ၀င်ဖို့တော့ ကြောက်ရွံ့နေကြသောကြောင့် ထိုအရာက ကုအန်ကို စိတ်ပျက်သွားစေခဲ့၏။

ကောင်းကင်နတ်ဆိုးများက အသံနဲ့အပျက်အဆီးနယ်မြေက စွမ်းအားကို ယူသုံးကြပြီး ရွှမ်ယုမင်းဆက်ကတော့ ပြန်လည်မွေးဖွားခြင်းစက်၀န်းက စွမ်းအားကို မှီခိုကြပေသည်။ သူတို့နှစ်ဖက်လုံးသည် အခြေအနေကို စမ်းသပ်နေကြခြင်းသာဖြစ်ပြီး နှစ်ဖက်လုံးက သူ့ကိုကြောက်ရွံ့နေခြင်းလော ရှန်ထျန်းကိုလော ဆိုတာတော့ သေချာမသိပေ။

ကုအန် အမှန်တကယ်ပင် ထိုကောင်များ ဆင်းသက်လာမှာကို မျှော်လင့်နေခဲ့ပြီး ဆင်းသက်လာကာ သူ့ကိုအပြစ်ပြုခဲ့လျှင်တော့ ထိုအချိန်က သူ့အတွက် သက်တမ်းရိတ်သိမ်းဖို့ အကောင်းဆုံးအချိန် ဖြစ်လာပေလိမ့်မည်။

အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

နှစ်နာရီခန့်တိုက်ခိုက်ပြီးနောက် လီယ ဝိုင်းခံထားရခြင်းမှ လွတ်မြောက်လာခဲ့ပြီး ဤကပ်ဘေးမှ လွတ်တယ်ဆိုရုံလေး လွတ်လာခဲ့လေသည်။

သို့သော် နောင်လာမည့်နှစ်များတွင် လီယ ပိုများသောကပ်ဘေးများနှင့် ကြုံတွေ့ရဦးမယ်ဆိုတာကို ကုအန် ကြိုမြင်နေခဲ့ရ၏။

“စီနီယာအစ်ကိုလီ နောက်နှစ်တစ်ထောင်ကတော့ အစ်ကို့အတွက်လွယ်ကူနေမှာမဟုတ်ဘူး” ကုအန်ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် ထရပ်ကာ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

အပိုင်း(၄၄၈)

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ဆင်းသက်လာခြင်း

ဆောင်းဦးလေညှင်းက ‌ဆန်းကြယ်တောင်ကြားတွင် တနွဲ့နွဲ့တိုက်ခတ်နေခဲ့၏။

ကုအန် သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ထိုင်နေရင်း အောက်ဘက်ရှ်ိ သစ်တောထဲ၌ လက်ရည်စမ်းနေကြသော သူနှစ်ယောက်ငုံ့ကြည့်နေခဲ့သည်။ အန်းရှန်ထျန်းနှင့်ကျင်းရှီတို့ သိုင်းကွက်များ လှုပ်ရှားမှုသိုင်းများချင်းယှဉ်ကာ အနီးကပ်တိုက်ခိုက်နေခြင်းဖြစ်ပြီး သူတို့ဆရာတပည့်နှစ်ယောက် လက်ရည်ညီနေခဲ့ကြ၏။

ကျင်းရှီသည် သက်တမ်းအကန့်အသတ် ၄၈၀၀ ပိုင်ဆိုင်သူဖြစ်ပြီး အန်းရှန်ထျန်း၏ သက်တမ်းအကန့်အသတ်ကတော့ ၅၀၀၀ ထိရောက်ရှိနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား ကွာဟမှုက မကြီးမားလှပေ။

နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် အန်းရှန်ထျန်းသိသိသာသာ တိုးတက်လာပြီး အနီးကပ်တိုက်ပွဲတွင် သူကျင်းရှီနှင့်ယှဉ်၍ တိုက်ခိုက်လာနိုင်ခဲ့၏။

သို့သော် သူတို့လက်ရည်စမ်းပွဲကို ကုအန် စိတ်မ၀င်စားခဲ့ပေ။ ကြည့်နေသော်လည်း သူ့အတွေးက လီယဆီသို့သာ ရောက်ရှိနေခဲ့သည်။

စိတ်ပျက်ဖွယ်အခြေအနေမှ လွတ်မြောက်လာသော်လည်း လီယ မဟာကောင်းကင်နတ်ဆိုးဂိုဏ်း၏ လိုက်ဖမ်းခြင်းကို ခံနေရ၏။ ကံကောင်းစွာဖြင့် စွမ်းအားကြီးတည်ရှိမှုများက သူ့ကို အာရုံမရှိခဲ့ဘဲ သူ့ကိုလိုက်နေသည့်သူထဲ အင်အားအကြီးဆုံးမှာ မြေလျှောက်အမတအဆင့်သာ ဖြစ်သည်။

လီယ လတ်တလောတွင်လည်း တိုက်ပွဲထဲရောက်နေခဲ့၏။

မဟာကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားများအားလုံးနီးပါးက ပြန်လည်‌မွေးဖွားလာသည့် သူတို့ဝိညာဉ်ပြန်လည်နိုးထလာ‌ေသာ ကောင်းကင်နတ်ဆိုးများသာဖြစ်ပြီး အချို့ကတော့ မိစ္ဆာများအဖြစ် ကောင်းကင်ပြင်ပမှ စိမ့်၀င်လာသော ကောင်းကင်နတ်ဆိုးများ ဖြစ်ကြသည်။ ထိုသူများ၏ ကျင့်ကြံခြင်းကတော့ အနိမ့်ဆုံး အမတလမ်းစဉ်အဆင့်လေးအထက်တွင် ရှိကြ၏။

နှစ်ပေါင်းများစွာ စစ်ပွဲဖြစ်လာပြီးနောက် အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံး၏ ကောင်းကင်ပြင်ပအပေါ် ထိန်းချုပ်မှုများက အားနည်းလာခဲ့ကြသည်။ ကုအန် ကောင်းကင်ပြင်ပမှ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲသို့ ဥဒဟို၀င်ထွက်သွားလာနေကြသော ပုံရိပ်များကို ကြည့်ရှုနေခဲ့၏။ ထိုသူများကို ဘယ်သူမှလည်း မတားဆီးရဲကြပေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက လျင်မြန်စွာအားကောင်းလာခဲ့ပြီး တောမီးလိုပင် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ကုအန်၏ အမတရှာဖွေကျွန်းကလည်း အနာဂတ်တွင် ထိုဂိုဏ်း၏သက်ရောက်ခြင်းကို ခံရမည် ဖြစ်၏။

လီယ၏ ကြမ်းတမ်းလှသော တိုက်ပွဲကိုကြည့်နေရင်း ကုအန်အတွေးများက အနာဂတ်ဆီ ရောက်ရှိနေခဲ့ပြီး မဟာကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကြီးထွားလာမှုကို ရပ်တန့်ရန် သင့်တော်မည့် အ‌ချိန်ကို တွေးတောနေခဲ့မိသည်။

ကုအန်တွင် နေရင်းထိုင်ရင်း ကယ်တင်ရှင်၀င်လုပ်ဖို့ ဆန္ဒမရှိ‌ေသာ်လည်း သူ့ကိုခြိမ်းခြောက်တာ သို့မဟုတ် သူဂရုစိုက်သောသူများကို ခြိမ်းခြောက်တာမျိုးကြုံလာလျှင်တော့ ခွင့်လွှတ်မည် မဟုတ်ပေ။

သူသည်သိုသိုသိပ်သိပ်သာနေသော်လည်း ဘေးတွင်လုံး၀ရပ်ကြည့်နေတာမျိုးတော့ မဟုတ်ပေ။

လီယကိုအတန်ကြာအောင် ကြည့်ရှုပြီးနောက် ကုအန် အကြည့်က အန်းဟောင်ဆီရောက်ရှိသွားခဲ့၏။

အန်းဟောင်သည် နိဗာနအဆင့်သို့ ၀င်ရောက်တော့မည် ဖြစ်သည်။ သူသည် အကျဉ်းချခံထားရဆဲသာဖြစ်ပြီး ယန်ရှန်းဧကရာဇ် ပြန်အလာကို စောင့်ဆိုင်းနေခဲ့၏။ သူလွတ်မြောက်လာပြီး နိဗာနအဆင့်ရောက်သွားသည်နှင့် သူသည် ကမ္ဘာမြေပေါ် ပြန်လည်ပေါ်ပေါက်လာမှာဖြစ်ကာ ကောင်းကင်သား‌ေတာ်လမ်းကိုလည်း ပြန်လည်လျှောက်လှမ်း‌သွားပေလိမ့်မည်။

လီယနှင့်ယှဉ်ပါက အန်းဟောင်၏ခရီးလမ်းက ချောမွေ့နေခဲ့သည်။

ထို့နောက် ကုအန် သူ့အကြည့်ကို အခြားအသိအကျွမ်းဟောင်းများဆီ ပို့လိုက်ပြီး ရုတ်တရက်ဆိုသလို သူရှောင်ချွမ်နှင့်ယန်ကျင်းအကြောင်း တွေးမိသွားခဲ့၏။ သူတို့နှစ်ယောက်လုံးသည် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်သွားပြီးကတည်းက ကမ္ဘာပေါ်တွင်ပြန်ပေါ်မလာတော့ဘဲ ရှောင်ချွမ့်ဆီက ဖျက်ဆီးခြင်းတာအိုစည်းကို ကုအန် အာရုံမခံမိခြင်းက သူတို့ကြားအကွာအဝေးအလွန်ဝေးနေသည်ကို ညွှန်ပြနေခဲ့သည်။

အတန်ကြာသောအခါ

ကျင်းရှီသစ်ပင်အောက်ရောက်လာပြီး မော့ကြည့်ကာ မေးလိုက်၏။

“ဆရာ ကျွန်တော်တို့အခု ဘာဆက်လုပ်ပြရမလဲ”

အန်းရှန်ထျန်းလည်း လျှောက်လာခဲ့ပြီး ကုအန်ကို မျှော်လင့်တကြီးမော့ကြည့်နေခဲ့သည်။

ကုအန် သူ့နတ်အတွေးကိုပြန်သိမ်းလိုက်ပြီး သူတို့ကိုတစ်ချက်ကြည့်ကာ တွေးဆဟန်ဖြင့် ပြောလိုက်၏။

“အမှန်အတိုင်းပြောရရင်တော့ မင်းတို့နှစ်ယောက်ရဲ့ တိုးတက်နှုန်းက အတော်လေးမြန်တယ် မင်းတို့ကို ပါရမီရှင်တွေလို့ သတ်မှတ်လို့ရတယ် မင်းတို့အရမ်းစိတ်ဖိစီးနေဖို့ မလိုပါဘူး မင်းတို့ငါ့ကိုဘာမှသက်သေပြစရာလိုမနေဘူးလေ အားနည်းနည်း အားကောင်းကောင်း မင်းတို့င့ါကိုသစ္စာမဖောက်သေးသရွေ့ ငါမင်းတို့ကို ပစ်ထားမှာ မဟုတ်ဘူး”

ထိုတပည့်နှစ်ယောက်လုံးတွင် အတော်ကောင်းသောပါရမီများရှိကြသော်လည်း သူတို့သည် ကုအန်ရှေ့ရောက်တိုင်း သူတို့စွမ်းရည်များကို ထုတ်ပြရန်သာ အသည်းအသန်ကြိုးစားနေကြသောကြောင့် ကုအန် စိတ်မသက်မသာဖြစ်နေခဲ့သည်။

ထိုစကားကိုကြားသောအခါ အန်းရှန်ထျန်း ပြုံးလိုက်၏။

ကျင်းရှီလည်း ထိုအခါမှ သက်ပြင်းချနိုင်သွားခဲ့သည်။

ကုအန် ထပ်ပြောလိုက်၏။

“မကြာခင် ငါမင်းတို့နဲ့ လက်ရည်စမ်းဖို့တပည့်တစ်ယောက် စီစဉ်ပေးမယ် မင်းတို့နှစ်ယောက်ရဲ့ အသိပညာကျယ်ပြန့်လာဖို့ သူ့ကိုအတူရင်ဆိုင်ရမယ်”

ထိုစကားကိုကြားသောအခါ အန်းရှန်ထျန်း မျက်လုံးများတောက်ပလာပြီး မေးလိုက်သည်။

“သူက တတိယတောင်ကြားကတပည့်တစ်ယောက်လား”

သူတို့တတိယတောင်ကြားအကြောင်းကြားဖူးသော်လည်း တစ်ခါမှ မရောက်ဖူးကြပေ။ ဆန်းကြယ်တောင်ကြားနှင့်တတိယတောင်ကြားကြားထဲတွင် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိသော်လည်း ကုအန်ကိုယ်တိုင်ချမှတ်ထားသော စည်းမျဉ်းအရ ထိုအစီအရင်ကို တပည့်များ သုံးခွင့်မရှိပေ။။ ထိုစည်းမျဉ်းကိုဖောက်ဖျက်သောမည်သူမဆို ဆေးတောင်ကြားမှ ထုတ်ပယ်ခံရပေလိမ့်မည်။

“ဟုတ်တယ် အခြားသူတွေနဲ့မတူဘူး သူကလည်းမင်းတို့လို တပည့်ရင်းတစ်ယောက်ပဲ အဲ့ဒီကောင်လေးက ယှဉ်ပြိုင်လိုစိတ်တော့ ပြင်းတယ် အဲ့တာကြောင့် မင်းတို့သူ့ကိုအထင်သေးလို့မရဘူး” ကုအန်ပြောပြီးသည်နှင့် အပင်ပေါ်မှ ဆင်းလာခဲ့၏။

ထိုစကားကိုကြားသောအခါ ကျင်းရှီနှင့်အန်းရှန်ထျန်းတို့ စိတ်ဖိစီးသွားခဲ့ရပြန်သည်။

ကုအန် အကူအညီမဲ့သွားပြီး ပြောလိုက်ရ၏။

“မကြောက်ပါနဲ့ မင်းတို့ရှုံးသွားရင်တောင် အဲ့တာကပုံမှန်ပါပဲ ငါ့ရည်ရွယ်ချက်က မင်းတို့ကိုလေ့ကျင့်ပေးဖို့ သက်သက်ပဲ”

သူတို့နှစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ပြီး အားတင်း၍ပြုံးပြလိုက်သော်လည်း စိတ်ဖိစီးမှုကတော့ ပျောက်မသွားခဲ့ပေ။

ကုအန်ကတော့ ခေါင်းယမ်းပြီးသာ လှည့်ထွက်သွားခဲ့ပြီး သူတို့လိုက်ခဲ့ဖို့ ပြင်သောအခါ ငြင်းလိုက်လေသည်။

“ဆက်ပြီးကျင့်ကြံနေကြ ကမ္ဘာကြီးရဲ့ ကပ်ဘေးက ပိုကြီးလာပြီ တစ်နေ့ အဲ့ဒီကပ်ဘေးက ဆန်းကြယ်တောင်ကြားကို ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ အဲ့ဒီအချိန်ကျ မင်းတို့နှစ်ယောက်ကို ဆန်းကြယ်တောင်ကြားကိုစောင့်ရှောက်ဖို့ လိုလာလိမ့်မယ်”

ကုအန်စကားကိုကြားသောအခါ သူတို့ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး သူတို့တိုက်ခိုက်လိုစိတ်များက တောက်လောင်လာခဲ့သည်။

ဆန်းကြယ်တောင်ကြားအန္တရာယ်ကျရောက်လိမ့်မည်ဟု သူတို့မယုံပေ။ထိုအရာက ကုအန်၏သူတို့အပေါ် စမ်းသပ်မှုသာ ဖြစ်ပေလိမ့်မည်။ ကုအန်ကတော့ တတိယတောင်ကြားဆီသို့သာ ပြန်လာခဲ့၏။

သူတည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသည်နှင့် သူ့လမ်းကိုတစ်ယောက်ယောက်က ပိတ်ထားလိုက်လေသည်။

“ကျွန်တော်က လုချန်းယင်ပါ ကျွန်တော်တောင်ကြားသခင်နဲ့စကားနည်းနည်းလောက် ပြောချင်ပါတယ် အကယ်၍များ တောင်ကြားသခင်…”

ကုအန်ရှေ့ရှ်ိ သက်လတ်ပိုင်းလူ ဦးညွတ်အရိုအသေပေးလိုက်ကာ လေးစားစွာ ပြောလိုက်၏။

သို့သော် သူ့စကားမဆုံးသေးခင်တွင် ကုအန် ဖြတ်ပြောလိုက်သည်။

“အမတလွင့်ကြွေချောက် ကအဆင့်မမီဘူး”

ကုအန် လုချန်းယင်ကိုကျော်သွားပြီး သူ့အိမ်ဆီသို့သာ ဦးတည်သွားခဲ့၏။

အမတလွင့်ကြွေချောက်သည် လုချန်းယင်၏ဂိုဏ်းဖြစ်ပြီး ပင်လယ်ပြင်ရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပေသည်။ ကုအန် လုချန်းယင်ကိုယ်တွင်ရစ်ဝဲနေသော ကမ္မကြိုးများအရ သူ့လာရင်းကို သိရှိပြီး ဖြစ်၏။

အမတလွင့်ကြွေချောက်တွင် အသန်မာဆုံးသူမှာ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတဖြစ်သောကြောင့် ကုအန် မျက်လုံးထဲတွင် အမှန်တကယ်ပင် အဆင့်မီသောသူ မဟုတ်ပေ။

ကုအန်စကားကိုကြားသောအခါ လုချန်းယင်မျက်နှာနီရဲသွားခဲ့သည်။ သူပြန်လှည့်ပြီး တစ်ခုခုပြောချင်သော်လည်း ကုအန်၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး မပြောရဲဖြစ်နေခဲ့၏။

ကုအန်၏ တိုက်ရိုက်ပြောလိုက်ပုံအရ သူသည်အမတလွင့်ကြွေချောက်ကိုအမှန်တကယ်ပင် ခပ်မြင့်မြင့်မှန်းထားပုံမရပေ။

“သူကဆရာသခင်‌ဓားအရှင်ကိုယ်တိုင်လား သူ့ရဲ့တပည့်တစ်ယောက်လား”

လုချန်းယင် မျက်မှောင်ကြုံ့ကာ တွေးနေခဲ့သည်။ အငြင်းခံလိုက်ရသောကြောင့် သူနောင်တရမိသော်လည်း ထိုသူက ဆရာသခင်ဓားအရှင်ဖြစ်နေသည်ဟူသော အတွေးက သူ့ကိုစိတ်လှုပ်ရှားသွားစေခဲ့၏။

ဆရာသခင်ဓားအရှင်သည် ယန်ရှန်းဧကရာဇ်နှင့်ယှဉ်နိုင်သော တည်ရှိမှုတစ်ခု မဟုတ်ပါလော။

လုချန်းယင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အဓိပတိဂိုဏ်းပင်မမြို့ဆီ သွားဖို့သာ ပြန်လှည့်သွားလိုက်သည်။

သူလှည့်လိုက်သည်နှင့် သူ့လမ်းတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ ထိုပုံရိပ်ကို မော့ကြည့်ပြီး သူ့မျက်ခုံးများ အလိုလိုတွန့်ကွေးသွားခဲ့သည်။

“ဒီဧကရာဇ်က အမတလွင့်ကြွေချောက်နဲ့ အဆက်အသွယ်အချို့ရှိတယ် ငါ့ကိုအဲ့ဒီကိုခေါ်သွားပေး” ယန်ရှန်းဧကရာဇ် လုချန်းယင်ကိုမထူးခြားဟန်ဖြင့် ပြောလိုက်၏။

ယန်ရှန်းဧကရာဇ်၏ ထည်ဝါလှသော အရှိန်အဝါကြောင့် လုချန်းယင်အလိုလို သတိထားလိုက်မိပြီး မေးလိုက်သည်။

“ဒီကတာအိုမိတ်ဆွေက ဘယ်သူလဲ သိပါရစေ…”

“ယန်ရှန်းဧကရာဇ် မင်းသူ့ကိုကြားဖူးလား”

“ဘယ်လို”

လုချန်းယင်၏မျက်နှာချက်ချင်းပြောင်းလဲသွားပြီး ကြောက်လန့်သွားသောအမူအရာတစ်ခု သူ့မျက်နှာပေါ် ပေါ်လာခဲ့၏။

ဘေးကဖြတ်သွားသော တပည့်များလည်း ယန်ရှန်းဧကရာဇ်ဟူသော စကားကြောင့် အလိုလိုလှည့်ကြည့်လိုက်မိကြချိန်တွင် ယန်ရှန်းဧကရာဇ် အင်္ကျီလက်အိုးကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ သူနှင့်လုချန်းယင်နှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့လေသည်။

ခပ်ဝေးဝေးရှိ သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေသော ရှန်းရှင်းကျိလည်း မျက်ခုံးများ တွန့်ကွေးသွားပြီး သူ့မျက်လုံးထဲ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ဒီလူက တကယ်ကြီး ယန်ရှန်းဧကရာဇ်ဖြစ်နေတာပဲ!

ဤနှစ်တစ်ရာအတွင်း သူယန်ရှန်းဧကရာဇ်နှင့် ကျားပွဲများစွာ ကစားခဲ့ဖူးပြီး ထိုလူက ထူးဆန်းသည်ဟူ၍တော့ အမြဲတွေးခဲ့မိသည်။ သို့သော် သူ့ဇာစ်မြစ်ကဒီလောက်ထူးခြားနေမည်ဟုတော့ မ‌တွေးခဲ့ဖူးပေ။

အကယ်၍ ယန်ရှန်းဧကရာဇ်တောင် တတိယတောင်ကြားတွင် ရာစုနှစ်တစ်ခုလောက် လာနေသွားသည်ဆိုလျှင် အနာဂတ်တွင် မည်ကဲ့သို့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ထပ်ပေါ်လာနိုင်သေးပါသနည်း။

……..

နှစ်ပေါင်းသုံးဆယ်ကြာပြီးနောက်

အဓိပတိဂိုဏ်း ဂိုဏ်းခွဲ ရီစံအိမ်တွင်

ကုအန်နှင့်ရီလန်တို့ ခြံ၀န်းထဲ၌ လက်ဖက်ရည်သောက်နေခဲ့ကြ၏။ လက်ဖက်ရည်ရနံ့က လေထဲတွင် သင်းပျံ့နေပြီး များစွာသော သစ်ကိုင်းများပေါ်ရှိ စိတ်ဝိညာဉ်ငှက်များကို ဆွဲဆောင်နေခဲ့သည်။

သူတို့ကြားကျန်းချင်၀င်မရှုပ်သော အချိန်ကရှားပါးသောကြောင့် ကုအန်နှင့်ရီလန်တို့ ထိုအခိုက်အတန့်လေးကို ခံစားနေခဲ့ကြ၏။

ရီလန် မေးတစ်ဖက်ထောက်ထားရင်း ကုအန်ကိုပြုံး၍ကြည့်ကာ မေးလိုက်သည်။

“အခုတလော အစ်ကိုကြီးတောင်ကြားက ရှုကျဲကအတော်လေး နာမည်ကြီးလာတယ်နော် သူ့သတင်းက ညီမလေးတို့ဂိုဏ်းခွဲဆီတောင် ရောက်လာတယ်”

“အဲ့ဒီကလေးရဲ့ ပါရမီကတကယ်ကောင်းပါတယ် သူကတကယ်ပဲ တတိယတောင်ကြားကို ဂုဏ်တက်‌စေတယ်” ကုအန် ပြုံး၍တုန့်ပြန်လိုက်သည်။

ရှုကျဲသည် တတိယတောင်ကြားတွင် ငါးနှစ်သာနေခဲ့ပြီးနောက် စီနီယာတပည့်ဖြစ်လာခဲ့သူ ဖြစ်၏။ ကုအန်သူ့ကိုအထူးညွှန်ကြားချက်မျိုး မပေးဖူးဘဲ အခြားတပည့်များနှင့်သာ တန်းတူဆက်ဆံခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်ကြောင့် ရှုကျဲသည် တတိယတောင်ကြားအပေါ် ထိုမျှတွယ်တာခြင်းမရှ်ိဘဲ သူ့ခရီးလမ်းတွင် နင်းသွားရမည့် ခြေနင်းကျောက်တုံးတစ်တုံးအဖြစ်သာ သဘောထားပေသည်။

ရှုကျဲသည် ဆရာသခင်ဓားအရှင်အပေါ်လည်း ထိုမျှလေးစားမှုမျိုးမရှ်ိဘဲ တစ်နေ့တွင်သူက ဆရာသခင်ဓားအရှင်ကိုကျော်တက်မည်ဟု အခြားတပည့်များကို ခပ်တိုးတိုးပြောနေသည်ကိုတောင် ကုအန် ကြားဖူး၏။

ရီလန် တခစ်ခစ်ရယ်မောလိုက်ကာ

“ဒီနှစ်တွေအတွင်းမှာ တတိယတောင်ကြားက ပါရမီတွေအများကြီးထွက်လာတယ် အဲ့ဒီပါရမီရှင်တွေအားလုံးကလည်း ညီမလေးရဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့ပါရမီတွေကို ပြသနေကြတယ်”

သူမကုအန်ကို လေးစားအားကျစွာ ကြည့်ရှုနေခဲ့သည်။ ဆရာသခင်ဓားအရှင်၏ တပည့်မဟုတ်လျှင်တောင် သူမသည် ကုအန်၏အရည်အချင်းနှင့်ပတ်သက်ပြီး အတော်လေး လေးစားမှုရှိခဲ့၏။ သူမတို့ ငယ်စဉ်ကတည်းက သူမစီနီယာအစ်ကိုကြီးမလုပ်နိုင်သောအရာ ကမ္ဘာပေါ်တွင် မရှိသလိုပေ။

“ဒါဆိုရင်တော့ ညီမလေးကိုပဲ သူတို့ကိုကြည့်ရှုပေးဖို့ ဒုက္ခပေးရတော့မှာပဲ” ကုအန် ပြုံးကာပြောလိုက်သည်။

ရီလန်စိတ်၀င်တစားမေးလိုက်၏။

“ရှုကျဲက အစ်ကိုကြီးရဲ့ တပည့်တွေထဲမှာ ပါရမီအကောင်းဆုံးသူဖြစ်လောက်လား”

သက်တမ်းအကန့်အသတ် ၉ထောင်ကျော်ရှိသော ရှုကျဲသည် သူ့ပါရမီကြောင့်တောက်ပနေခဲ့ကာ ရီလန် သူမ‌လက်အောက်တွင် ခေါ်ထားချင်သူလည်း ဖြစ်ပေသည်။

ကုအန် ခေါင်းယမ်းကာပြောလိုက်၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကို့ပါရမီအကောင်းဆုံးတပည့်က အခုအဆင့်ချိုးဖြတ်နေတယ်”

“အို့ ဘယ်အဆင့်ကိုချိုးဖြတ်နေတာလဲ”

“နိဗာနအဆင့်”

“နိဗာနအဆင့်လား မဖြစ်နိုင်တာ အစ်ကိုကြီးနောက်နေတာမလား အဲ့ဒီတပည့်က အစ်ကိုကြီးထက်အသက်ကြီးတယ်လား”

“လုံး၀မကြီးဘူး သူကအစ်ကိုကြီးထက် ‌၃၄နှစ်ပိုငယ်တယ်”

“အသက် ၈၀၀ကျော်တည်းနဲ့ တစ်ယောက်ယောက်က နိဗာနအဆင့်ကို ဖြတ်ကျော်နေတာလား ညီမလေးမယုံဘူး အစ်ကိုကြီးညီမလေးကိုလာစနေပြန်ပြီ” ရီလန် ထိုအရာကို စနောက်မှုဟုသာ ယူဆလိုက်သည်။ အသက် ၁၀၀၀မပြည့်ခင် နိဗာနအဆင့်ရောက်သွားသောသူမျိုးကို သူတစ်ခါမှ မကြားခဲ့ဖူးပေ။

ကုအန်ရယ်မောလိုက်ပြီး ဆက်ရှင်းမပြတော့ပေ။

သူသည် အမတမင်းဆက်က အမတများအကူအညီဖြင့် နိဗာနအဆင့်ကပ်ဘေးကိုကျော်ဖြတ်နေသော အန်းဟောင်ကိုပြောနေခြင်းဖြစ်ပြီး ယန်ရှန်းဧကရာဇ်ပင် သူ့ကပ်ဘေးကျော်ဖြတ်ခြင်းကို ကြည့်ရှုနေခဲ့သည်။

ဂျိန်းး ဂျလိန်းးး

ကောင်းကင်ယံတွင် မိုးကြိုးများ လိမ့်တက်လာပြီး မိုးကြိုးတိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်တော့မလို ထိုးတက်လာခဲ့၏။

ရီလန် တောင့်တင်းစွာ မေးလိုက်သည်။

“အဲ့တာက အစ်ကို့တပည့်အဆင့်ချိုးဖြတ်လို့ ဖြစ်သွားတဲ့ အဖြစ်အပျက်တော့မဟုတ်ဘူးမလား”

ကုအန်လည်း မော့ကြည့်လိုက်ကာ ပြောလိုက်၏။

“ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ ဒါပေမယ့် ဒီအဖြစ်အပျက်က ကပ်ဘေးကျော်ဖြတ်တာကြောင့် ဖြစ်လာတာတော့ ဟုတ်တယ်”

မြင့်မြတ်၀န်ကြီး ကပ်ဘေးကျော်ဖြတ်နေခဲ့ချေပြီ!

လွတ်ငြိမ်းရာအမတအဆင့်သို့ ကျော်ဖြတ်ခြင်း!

ထိုကိစ္စကြောင့် စိတ်၀င်စားစရာလေးများ ဖြစ်လာတော့မှာကို ကုအန် ခံစားမိလိုက်၏။ ထိုအဖြစ်အပျက်ကြောင့် များစွာသော အားကောင်းသည့်တည်ရှိမှုများက မြင့်မြတ်ခုံရုံးဆီ လျင်မြန်စွာ ပျံသန်းသွားနေခဲ့ကြချေပြီ။

အမတမင်းဆက် ရွှမ်ယုနတ်မင်းဆက်နှင့်မဟာကောင်းကင်နတ်ဆိုးဂိုဏ်းများက မြင့်မြတ်၀န်ကြီးကို လုံး၀ငြိမ်းချမ်းစွာကပ်ဘေးဖြတ်ကျော်ခွင့် ပေးမည် မဟုတ်ပေ။

အမြန်တွက်ချက်လိုက်ပြီးနောက် အနာဂတ်တွင် ကိန်းရှင်များစွာ ရှ်ိနေမှန်း ကုအန်သိလိုက်ရသည်။

လွတ်ငြိမ်းရာအမတတစ်ပါးသည် ကမ္ဘာကြီး၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ပေသည်။

ကုအန်စကားကြောင့် ရီလန့်မျက်လုံးထဲစိတ်၀င်စားမှုအရောင်များ တောက်ပသွားခဲ့၏။ မည်သည့်အဆင့်၏ အဆင့်ချိုးဖြတ်မှုက ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားစေနိုင်ပါသနည်း။

ထိုအခိုက်တွင် ကုအန် အာကာသအနက်ထဲမှ အားကောင်းသောပုံရိပ်တစ်ခု လာနေသည်ကို တွေ့လိုက်ရသည်။

ထိုမိစ္ဆာချီများဖြင့် ဖုံးအုပ်ထားသော ပုံရိပ်သည် အသံမဲ့အပျက်အဆီးနယ်မြေမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ တားဆီးမရသော အားတစ်ခုဖြင့် ဦးတည်လာနေခဲ့၏။

ထိုမျှ အဟုန်ရှိသူသည် လွတ်ငြိမ်းရာအမတအဆင့်၉ သာဖြစ်ရပေမည်။

ဤနှစ်များအတွင်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် လက်တစ်ဆုပ်မကသော လွတ်ငြိမ်းရာအမတများကို မြင်ခဲ့ရသောကြောင့် ကုအန် သိပ်တော့စိတ်မပူခဲ့ပေ။

သို့သော် ရုတ်တရက် သူရင်းနှီးသောခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

ဒီအရှိန်အဝါက…

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်!

လုံကျန်း၏ မှတ်ညဏ်များမှ ကုအန် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါကို မှတ်မိ၏။ သို့သော် ဤတည်ရှိမှု၏ အရှိန်အဝါက သူမှတ်မိ‌ထားသော သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါလောက်တော့ အားကောင်းမနေခဲ့ပေ။

All Chapters