အခန်း (၄၅၃-၄၅၄)
Vol. 34 Ch. 453-454
အခန်း ၄၅၃ ကိုယ်ပွား ၁၀ သန်း
သွေးအကျဉ်းထောင်သူတော်စင်သည် သူ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောနေဆဲမှာပင် ကျိရှောင်ယု၏အခန်းတံခါး ပွင့်လာသည်။
အနက်ရောင်ဝတ်စုံဝတ်ထားသော ကျိရှောင်ယုသည် အိမ်ထဲမှ ထွက်လာပြီး သူ၏ အကြည့်သည် သံသယဖြင့် ပြည့်နှက်နေကာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် အပေါ်တွင် တည်ငြိမ်စွာ ကျရောက်သွားခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏အကြည့်သည် ကျိရှောင်ယုအပေါ်တွင် တည်ငြိမ်စွာ ရှိနေပြီး သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲပင်။
ဤအချိန်တွင် နေလမြေအောက်လောကဧကရာဇ်သည် ကျိရှောင်ယုဘေးတွင် ပေါ်လာပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို သတိကြီးစွာ စိုက်ကြည့်နေခဲ့သည်။
"မင်းက ဘယ်သူလဲ"
နေလမြေအောက်လောကဧကရာဇ်က လေးနက်သော အသံဖြင့် မေးလိုက်ပြီး သူ၏ မျက်လုံးများတွင် အလွန်သတိထားသော အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။
နတ်တွေးအစစ်အမှန်အမတတစ်ဦးကဲ့သို့ အင်အားကြီးမားသော သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ကျင့်ကြံဆင့်ကို လုံးဝ မမြင်နိုင်ချေ။ ဤှလူသည် သူ့ကို ကုအန်နှင့် ရင်ဆိုင်ရသည့်အခါ ရရှိသော ခံစားမှုမျိုးကို ပေးစွမ်းနိုင်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ပြောဆိုလိုက်သည်။ "ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရာဇ်...မင်းငါ့ကို မှတ်မိသင့်တယ်"
သူသည် နေလမြေအောက်လောကဧကရာဇ်ကို လုံးဝ လျစ်လျူရှုလိုက်သည်။ နေလမြေအောက်လောကဧကရာဇ်သည် သူနှင့်စကားပြောဆိုရန် မထိုက်တန်ဟု ခံစားမိလေ၏။
ဤစကားကိုကြားချိန်တွင် ကျိရှောင်ယု၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူမ၏မျက်နှာအမူအရာသည် မယုံနိုင်ဖြစ်နေကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမ၏စိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေရခဲ့သည်။
သူမကို ဤသို့မြင်ရခြင်းသည် နေလမြေအောက်လောကဧကရာဇ်ကို ပို၍ပင် စိတ်လှုပ်ရှားစေသည်။ သွေးအကျဉ်းထောင်သူတော်စင်သည်လည်း ကျိရှောင်ယုကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူမကို ဤသို့သော အခြေအနေတွင် သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ကျိရှောင်ယုသည် လက်ကိုမြှောက်ကာ အရိုအသေပြုပြီး ပြောလိုက်သည်။
"ဂျူနီယာက နတ်ဘုရားဧကရာဇ်ကို တွေ့ဆုံပါတယ်...နတ်ဘုရားဧကရာဇ်က ဘာကြောင့် မဟာကောင်းကင်နဲ့မြေပြင်ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာလဲလို့ မေးလို့ရမလား"
နတ်ဘုရားဧကရာဇ်ဟု ဆိုသလော...
နေလမြေအောက်လောကဧကရာဇ်သည် တစ်စုံတစ်ခုကို သိရှိသွားဟန်ရှိပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အပေါ် သူ၏အကြည့်သည် ရိုသေမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူသည် နောက်သို့ဆုတ်ကာ ဒူးတစ်ဖက်ထောက်ပြီး သူ၏ မာနကြီးသောခေါင်းကို ငုံ့လိုက်၏။
သွေးအကျဉ်းထောင်သူတော်စင်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏အထောက်အထားအပေါ် ပို၍ပင် သိလိုစိတ်ပြင်းပြလာပြီး သူ၏သွေးများ ဆူပွက်လာသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် အင်အားကြီးမားလေလေ သူ၏စကားများ အမှန်ဖြစ်လာနိုင်ခြေ များလေလေပင်။ သူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏သူတော်စင်တစ်ဦး ဖြစ်လာနိုင်၏။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ပြောလိုက်သည်။
"ငါ ဒီကို တစ်စုံတစ်ယောက်ကို ရှာဖို့လာတာ... ရှေးဟောင်းမိစ္ဆာဆိုးတွေရဲ့ အကြွင်းအကျန်တစ်ယောက်ပဲ"
"ရှေးဟောင်းမိစ္ဆာဆိုးတွေ ဟုတ်လား" ကျိရှောင်ယုက အံ့အားသင့်စွာ မေးလိုက်သည်။
"စစ်ခုံရုံး လုံမိသားစုရဲ့ မျိုးဆက်"
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အဖြေသည် ကျိရှောင်ယု၏မျက်လုံးသူငယ်အိမ်များကို ပြူးကျယ်သွားစေသည်။
ကျိရှောင်ယုက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
"အဲ့ဒီမျိုးနွယ်စုမှာ မျိုးဆက်တွေ ကျန်သေးတာလား....သူတို့ မျိုးတုံးသွားပြီ မဟုတ်လား"
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူမကို စိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
"မင်း တကယ်မသိဘူးလား"
ကျိရှောင်ယု တိတ်ဆိတ်သွားသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ဆက်လက်၍ ပြောဆိုသည်။
"မင်းရဲ့ဆရာက နဂါးမျိုးနွယ်ကဆိုတာ ငါ သိတယ်... ဒါပေမဲ့ မင်းက သူတို့ရဲ့ မကောင်းမှုကို မြင်ဖူးရမယ်....သက်ရှိလူတစ်ယောက်က ဒီလောက်ထိ ကြီးမားတဲ့မုန်းတီးမှုကို သယ်ဆောင်ထားရင် သူ ဖြစ်ပေါ်စေနိုင်တဲ့ ကပ်ဘေးက မင်းနဲ့ငါ ကြိုတင်မမြင်နိုင်တဲ့အရာထက် ကျော်လွန်သွားလိမ့်မယ်"
"အဲ့ဒါက မဟာကောင်းကင်နဲ့မြေပြင်တစ်ခုတည်းအတွက် ကပ်ဘေးမဟုတ်ဘူး... စကြဝဠာတစ်ခုလုံးအတွက် ကပ်ဘေးဖြစ်လာလိမ့်မယ်"
ကျိရှောင်ယုက ပြန်ဖြေလိုက်သည်။
"ကျွန်မတကယ်မသိပါဘူး...ပြီးတော့ လက်ရှိမှာ ကျွန်မက ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ကြုံတွေ့နေရတာပါ...ကျွန်မမှာ မှတ်ဉာဏ်တွေရှိပေမဲ့ အတိတ်ဘဝအပေါ် ကျွန်မရဲ့ကိုယ်ပိုင် စစ်မှန်တဲ့ ခံစားချက်တွေ မရှိပါဘူး"
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က နောက်လှည့်လိုက်ပြီး သူ၏အကြည့်သည် တတိယဆေးပင်တောင်ကြားကို လွှမ်းခြုံကြည့်လိုက်သည်။
ကျိရှောင်ယုက သူ၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ သူ၏ အကြည့်သည် ကုအန်အပေါ်သို့ ကျရောက်သွားသည်ကို သိလိုက်သောအခါ သူမ၏နှလုံးသား ရုတ်တရက် တုန်လှုပ်သွားသည်။
ကုအန်သည် ဆန်းကြယ်သန့်စင်သစ်ပင်အောက်တွင် လဲလျောင်းနေပြီး သူ၏ မျက်လုံးများကို အရွက်များဖြင့် ဖုံးအုပ်ထားကာ အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ကုအန် ဆီသို့ကြည့်ရောက်သွား၏။ ခဏမျှရပ်တန့်ပြီးနောက် သူ၏ အကြည့်ကို အခြားနေရာသို့ ပြောင်းလိုက်သည်။
ကျိရှောင်ယုက သူ့ကို နှောင့်ယှက်ရန် မဝံ့ရဲဘဲ သူစကားပြောမည်ကို စောင့်ဆိုင်းနေခဲ့သည်။
သူမ ဤသို့ခံစားရလျှင် နေလမြေအောက်လောကဧကရာဇ်သည်လည်း ခြားနားခြင်းမရှိပေ။
အချိန်အတော်ကြာပြီးနောက်..
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ၏ ခေါင်းကို ကျိရှောင်ယုဘက်သို့ လှည့်ပြီး ပြောဆိုလိုက်၏။ "တကယ်ပဲ သူ့ရဲ့ အရှိန်အဝါနဲ့ အကြောင်းတရားဆက်နွယ်မှုက ဒီမြေမှာ ဘယ်နေရာမှာမှ မရှိဘူး... ဒါပေမဲ့ ငါ သူ့ကို ဆွဲထုတ်ပြမယ်...မင်းဒီဘဝကို အဆုံးသတ်ပြီးတာနဲ့ ငါ့ကို လာကူညီနိုင်တယ်... ငါ မင်းကို ဆုမချဘဲ မထားဘူး"
ဤသို့ပြောပြီးနောက် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲသွားသည်။ သူ၏အနက်ရောင်ဝတ်ရုံသည် တဖျပ်ဖျပ်လွင့်နေကာ သူ၏ အကြေးခွံချပ်များသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေပြီး သူ၏ သံခမောက်အောက်မှ အမှောင်ထုသည် သွေးအကျဉ်းထောင်သူတော်စင်ကို မျက်လုံးများ ပြူးကျယ်သွားသည်အထိ ထိတ်လန့်စေသည်။
နေလမြေအောက်လောကဧကရာဇ်က မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏အသွင်အပြင်ကြောင့် ထိတ်လန့်သွားခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် လေထဲတွင် ပျောက်ကွယ်သွားပေ၏။
အဝေးတစ်နေရာတွင် ရှန်ရှင်းကျီသည် သူတို့၏ စကားဝိုင်းကို မကြားနိုင်သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အစစ်အမှန်ပုံရိပ်ကို မြင်လိုက်ရပြီး ထိတ်လန့်ကာ အလိုအလျောက် မတ်တတ်ထရပ်လိုက်သည်။
သူသာမက သိလိုစိတ်ပြင်းပြသော တပည့်တချို့သည်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ပြောင်းလဲမှုကို မျက်မြင်တွေ့ရှိခဲ့ကြသည်။
သို့သော် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် သူတို့ကို မြင်မှားသည်ဟု အထင်အမြင်ကိုဖြစ်စေခဲ့၏။
နေလမြေအောက်လောကဧကရာဇ်သည် ထရပ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
"ဒါက အသံမဲ့အပျက်အစီးနယ်မြေရဲ့ ဒဏ္ဍာရီထဲက တစ်ယောက်များလား"
ကျိရှောင်ယုက ကောင်းကင်သို့ မော့ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ဟုတ်တယ်...အဲ့ဒီတစ်ယောက်ပဲ"
နေလမြေအောက်လောကဧကရာဇ်သည် စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားဟန်ရှိပြီး သူက မေးမြန်းလိုက်၏။
"ဒါက ဒဏ္ဍာရီတစ်ခုပဲ မဟုတ်ဘူးလား.... တကယ်ပဲ ရှိနေတာလား... အရှင်မ မင်းနဲ့သူက ဘယ်လိုဆက်စပ်မှုရှိလဲ"
ကျိရှောင်ယုက ပြန်ဖြေလိုက်သည်။
"ကျွန်မက သူ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို တစ်ခါက လက်ခံရရှိခဲ့ဖူးပြီး သူ့ရဲ့ နတ်ဘုရားအတွေးတွေနဲ့ ဆက်သွယ်ခဲ့ဖူးတယ်.... သူက ကျွန်မရဲ့ ဆရာတစ်ယောက်လို့ သတ်မှတ်လို့ရတယ်..ပြီးတော့ ဒါက ကျွန်မ သူ့ကို တကယ်မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ...အရင်က တစ်ယောက်က သူ့ရဲ့ကိုယ်ပွားတစ်ခုပဲ ဖြစ်ရမယ်"
"ကိုယ်ပွား ဟုတ်လား"
နေလမြေအောက်လောကဧကရာဇ်က ရေရွတ်လိုက်သည်။
"ဟုတ်တယ်...ကိုယ်ပွားတစ်ခုပဲ...သူ့မှာ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေရှိပြီးတော့ ကမ္ဘာအသီးသီးမှာ ပျံ့နှံ့နေတယ်...အဲ့ဒါတွေအားလုံးက သူ့ရဲ့ကိုယ်ပိုင်လမ်းကို ရှာဖွေနေကြတာပဲ"
ကျိရှောင်ယု၏ အကြည့်သည် အဝေးသို့ လွင့်မျောသွားပြီး တမ်းတမှုများဖြင့် ပြည့်နှက်နေဟန်ရှိသည်။
နေလမြေအောက်လောကဧကရာဇ်သည် တိတ်ဆိတ်သွားပြီး ထိတ်လန့်နေပေ၏။
သွေးအကျဉ်းထောင်သူတော်စင်မှာမူ မထီမဲ့မြင်ပြုသော အတွေးဖြင့် တွေးတောလိုက်သည်။
'ဘာလို့ ဒီလောက်ထိ အစွမ်းထက်တဲ့လူက ဆရာ့ရှေ့မှာ လမ်းလျှောက်ဖို့ မဝံ့ရဲတာလဲ'
သူ၏အမြင်အရ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ကုအန်ကို ကြောက်ရွံ့နေသည်။
အချိန်များ ဆက်လက်၍ကုန်လွန်နေသည်။
ညနေဆည်းဆာသို့ ချဉ်းကပ်လာချိန်၌ ကုအန် ငုတ်တုတ်ထထိုင်လိုက်သည်။ သူသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး အလွန်သက်သောင့်သက်သာရှိသော အိပ်စက်ခြင်းကို ရရှိခဲ့လေ၏။
သူသည် အိပ်မက်တစ်ခုပင် မက်ခဲ့ပြီး သက်တမ်းသံသရာကို ကြုံတွေ့ခဲ့ရသည့်အလားပင်။
သို့ရာတွင် ဤသည်မှာ အစစ်အမှန် သက်တမ်းသံသရာမှ ချန်ထားခဲ့သော မှတ်ဉာဏ်များကဲ့သို့ စစ်မှန်ခြင်းမရှိပေ။
ဤကိစ္စသည် ကုအန်ကို နောက်တစ်ကြိမ် သက်တမ်းသံသရာအား စတင်လိုစိတ် ဖြစ်ပေါ်စေသည်။
သူသည် မတ်တတ်ထရပ်ပြီး ထပ်ခိုးဆီသို့ လျှောက်သွားရာ လမ်းတွင် ဝိညာဉ်ဖြူကြွက်ကို တွေ့လိုက်ရသည်။ ဝိညာဥ်ဖြူကြွက်သည် သူ့ကို တိုင်တန်းသောအကြည့်ဖြင့် ကြည့်နေလေ၏။
ကုအန်သည် သူ၏ခြေထောက်တစ်ဖက် တုန်ယင်နေသည်ကို သတိပြုမိလိုက်ပြီး ဒဏ်ရာရထားသည်မှာ သိသာထင်ရှားသည်။
သူသည် လုံချင်း၏နေရာတွင် အနိုင်ကျင့်ခံခဲရပုံပင်။
"ကံကောင်းတာက တိုးတက်မှုက သူတို့ရဲ့ ကမ္ဘာဦးဝိညာဉ် ပြန်လည်ရောက်ရှိခြင်းလမ်းစဉ်ကို ပိုပြီးနက်ရှိုင်းစေခဲ့တယ်"
ကုအန်က အပြုံးနှင့် ပြောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အမူအရာတစ်ရပ် ထင်ဟပ်လာသည်။
သတိထားခြင်းသည် အမြဲတစေ မှန်ကန်ပေ၏။
သူသည် သူ၏ ခန်းရှေ့သို့ ရောက်ရှိချိန်၌ ကျိရှောင်ယုက အတွင်းမှ ထွက်လာခဲ့သည်။
"အပေါ်တက်ပြီး စကားပြောကြရအောင်...."
ကျိရှောင်ယုသည် ကုအန်ထံသို့ ရောက်လာပြီး တီးတိုးပြောလိုက်သည်။
ထို့နောက် သူမသည် လှေကားကို ဦးစွာ တက်သွားပြီး ကုအန်က နောက်မှ လိုက်သွားသည်။
အပေါ်ထပ်သို့ ရောက်ပြီး အခန်းထဲသို့ ဝင်ပြီးချိန်၌ ကျိရှောင်ယုသည် မန္တန်များရွတ်ဖတ်ခြင်းကို စတင်လုပ်ဆောင်လိုက်၏။ တခြားသူများ ချောင်းကြည့်ခြင်းမှ ကာကွယ်ရန် အခန်းပတ်လည်တွင် ကန့်သတ်ချက်များ ချမှတ်ကာ ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားကိုပင် အသုံးချလိုက်သည်။
"အဲ့ဒီလောက်တောင် အရေးကြီးလို့လား"
ကုအန်က အံ့အားသင့်ဟန်ဆောင်လိုက်သည်။
ကျိရှောင်ယုက ကုအန်ကို စိုက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။
ကုအန်က သူမ၏မျက်နှာကို ထိတွေ့ပြီး မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ"
"နင် အတိတ်ဘဝက မှတ်ဉာဏ်တွေ နိုးထလာပြီလား ဒါမှမဟုတ် နင် ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို လုံးဝ မကြုံတွေ့ခဲ့ရဘူးလား... နင်က တကယ်ပဲ ဘယ်သူလဲ"
ကျိရှောင်ယုက ညင်သာစွာ မေးမြန်းသည်။
ကုအန်က ရယ်မောပြီး တုံ့ပြန်မေးခွန်းထုတ်သည်။
"မင်းက ငါ့ကို ဘယ်သူလို့ထင်လဲ"
ကျိရှောင်ယုက သူ့ကို ကြည့်ပြီး ပြောဆိုလိုက်သည်။
"နင်က မိဘမဲ့တွေကို ခေါ်ယူပြီး လုံမျိုးရိုးနာမည် ပေးတယ်...နင့်ရဲ့အစစ်အမှန်မျိုးရိုးနာမည်က လုံများလား"
ငါ့ကို လုံချင်းလို့ သံသယဝင်နေတာလား...
ကုအန်က စိတ်ပျက်စွာဖြင့် ပြုံးလိုက်မိသည်။
မင်း မှားပြီးခန့်မှန်းတာပဲ...ငါက တကယ်တော့ နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးပဲ...
ကုအန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ငါ့မျိုးရိုးနာမည်က ကုပဲ..လုံချင်းကို လုံမျိုးရိုးနာမည် ပေးတာက သူ့ကျောပေါ်မှာ အဲ့ဒါ ပါလို့ပဲ...မင်းအစကတည်းက ဒါကို သိပြီးသား မဟုတ်လား"
ကျိရှောင်ယုက ပြန်ဖြေလိုက်သည်။
"ငါက အစကတည်းက သိပြီးသားပါ...ဒါပေမဲ့ ငါ့မှာ အမြဲတမ်း သံသယတွေ ရှိခဲ့တယ်...နင် ဝန်မခံရင်လည်း အဆင်ပြေပါတယ်...ပြီးတော့ ဘယ်တော့မှ ဝန်မခံတာ အကောင်းဆုံးပဲ...ဘာလို့လဲဆိုတော့ နင့်ကို သတ်ဖို့ သက်ရှိတွေ ဒီကိုရောက်လာလို့ပဲ....အဲ့ဒီသက်ရှိက အသံမဲ့အပျက်အစီးနယ်မြေရဲ့ ရှေးဟောင်းဒဏ္ဍာရီထဲက တစ်ယောက်ဖြစ်ပြီးတော့ မဟာကောင်းကင်နဲ့မြေပြင်ထက်တောင် သက်တမ်းပိုရှည်နိုင်တယ်....သူက နင် မဟာကောင်းကင်နဲ့မြေပြင်မှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်နေတယ်...သူက နင့်ကို မတွေ့မချင်း အနားယူမှာ မဟုတ်ဘူး"
ကုအန်က စိတ်ပျက်စွာ ပြောဆိုလိုက်သည်။
"ငါက တကယ်ပဲ မင်းထင်တဲ့လူ မဟုတ်ဘူး.... ဒါပေမဲ့ မင်း ပြောတဲ့ အဲ့ဒီသက်ရှိအကြောင်းကိုတော့ ငါ တော်တော်လေး သိချင်တယ်...သူက အရမ်းအစွမ်းထက်လား"
အခန်း ၄၅၄ သူရဲကောင်းပြန်လည်မွေးဖွားခြင်း...ယန်ရှန်း
"သူက အရမ်းအစွမ်းထက်တယ်... ဖြစ်နိုင်တာက ငါ မှတ်မိသမျှထဲမှာ သူက အစွမ်းထက်ဆုံးပုဂ္ဂိုလ်ပဲ။ သူ့ရဲ့ တာအိုအဆင့် ဘယ်လောက်မြင့်မားတယ်ဆိုတာတောင် ငါလည်းမသိဘူး....ဒါပေမဲ့ တစ်ခုသေချာတာက သူက နင့်ရဲ့သရုပ်မှန်ကို ရှာဖွေတွေ့ရှိခဲ့ရင် ဒါမှမဟုတ် နင်က သူ့ကို စော်ကားခဲ့ရင် နင့်မှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး..."
ကျိရှောင်ယုက ကုအန်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ သူမ၏ လေသံသည် အနည်းငယ် အေးစက်နေပေ၏။
ကုအန်က ဒေါသမထွက်ဘဲ အံ့အားသင့်စွာ မေးလိုက်သည်။
"အဲ့ဒီလောက်တောင် အထင်ကြီးစရာလား.... မင်းက သူ့ကို အထင်ကြီးနေတာလား"
ကျိရှောင်ယုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..ငါက နင့်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာပါ.... သူက နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတွေ လုပ်လာလိမ့်မယ်...နင်က ထိန်းချုပ်မှုကို ကျင့်သုံးရမယ်...ကိုယ့်ကိုကိုယ် ဖော်ထုတ်မိတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ရမယ်... ပြီးတော့ ဖြစ်နိုင်ရင် နင်က လှုပ်ရှားမှုမလုပ်မိအောင် ကြိုးစားရမယ်...."
"ငါ ဘယ်လို လှုပ်ရှားမှုမျိုး လုပ်နိုင်မှာလဲ... ငါက သာမန်ကျင့်ကြံသူတစ်ယောက်ပဲလေ"
ကုအန်က ပခုံးတွန့်ပြီး ပြောဆိုလိုက်သည်။
သူ ဤသို့ပြုမူလေလေ ကျိရှောင်ယု ပို၍ပင် စိတ်တိုလာလေဖြစ်ပြီး သူ့ကို အလွန်မာနကြီးသည်ဟု ထင်မြင်မိသည်။ သူမ ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ကုအန်က ဆက်ပြောသည်။
"စိတ်မပူပါနဲ့...ငါ ဘာလုပ်နေလဲဆိုတာ ငါလသိတယ်.... ပြီးတော့ ငါက မင်း ထင်တဲ့လူ တကယ်မဟုတ်ပါဘူး.."
ကျိရှောင်ယုက သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြောဆိုလိုက်သည်။
"နင် နားလည်သဘောပေါက်ရင် ကောင်းတယ်..."
ထို့နောက် သူမသည် ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကုအန်ကို ဖြတ်ကျော်ကာ လျှောက်လှမ်းသွားသည်။
ကုအန်က သူမကို လှည့်ကြည့်ပြီး မေးလိုက်၏။
"မင်းက ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား"
"ဟုတ်တယ်...ငါကကျင့်ကြံမှုကို ဆက်လုပ်ဖို့လိုတယ်"
ကျိရှောင်ယုက နောက်ပြန်မလှည့်ဘဲ ပြောဆိုလိုက်သည်။
ကုအန်က သူမကို ထပ်မံမတိုက်တွန်းတော့ဘဲ သူ၏စိတ်အတွင်းတွင် အကူအညီမဲ့စွာ ခံစားနေရသည်။
'ငါ တကယ်ပဲ နဂါးမျိုးနွယ်ရဲ မျိုးဆက် မဟုတ်ဘူး'
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့်ပတ်သက်၍မူ သူသည် အမှန်ပင် သတိထားမိသည်။ သို့ရာတွင် ဤသတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အပေါ် မဟုတ်ဘဲ သူသတိထားနေသည်မှာ မူလတစ်ယောက်ပင်။
ကုအန်က သူ၏ထိုင်ခုံတွင် ထိုင်ပြီး သူ၏ စိတ်ကို အာရုံလွှဲရန် အားလပ်ချိန်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
မည်သို့ပင်ဖြစ်စေ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ့ကို လုံချင်းအဖြစ် မမှတ်မိခြင်း လုံချင်း၏သရုပ်မှန်ကို မမြင်နိုင်ခြင်းသည် ကောင်းသောအရာဖြစ်သည်။ ဤသည်မှာ ကုအန်တွင် ကြီးထွားရန် အချိန်ရှိသေးကြောင်း သက်သေပြနေခြင်းပင်။
ဤဘဝတွင် သူသည် လုံကျန်းကဲ့သို့ မဆင်မခြင် ပြုမူတော့မည်မဟုတ်ချေ။
တစ်နှစ်အကြာတွင် အသက်ကိုးရာအရွယ် ကုအန်သည် ပုန်းကွယ်ဝိညာဉ်နန်းတော်သို့ ရောက်ရှိလာပြီး ထိုနေရာတွင် သူသည် ပထမဦးစွာ ဆေးပင်များကို စုဆောင်းခဲ့သည်။ နက်နဲသောပင်လယ်နဂါးငါးကြင်းက သူ၏နောက်တွင် အနီးကပ်လိုက်ပါလာပြီး သူ၏ ခြင်းတောင်းကို သယ်ဆောင်ပေးနေသည်။
"ဒီဆေးပင်က ငါ့ရဲ့ ညီမလေး ကြိုက်လောက်တယ်"
"ဒါက ကျန်းချောင်အတွက်...သူ့အတွက် မလွယ်ကူခဲ့ဘူး"
"ဒါတွေက ထျန်းယောင်အာအတွက်...သူက အစားကြီးတယ်"
ကုအန်က ဆေးပင်များခူးနေစဉ် တီးတိုးရေရွတ်လိုက်သည်။
နက်နဲသောပင်လယ်နဂါးငါးကြင်းသည် ဤအရာနှင့် အကျွမ်းတဝင်ရှိနေလေပြီ။ သူသည် စကားမပြောပေ။ သူ၏ ရှည်လျားသောဆံပင်သည် ခြေဖဝါးအထိ ရောက်ရှိနေပြီး အဖြူရောင်အဝတ်အစားဝတ်ဆင်ကာ ခံ့ညားသော အမူအရာရှိကာ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်လုံးများတွင် နူးညံ့မှုများ ပါဝင်နေဟန်ရှိပြီး အမျိုးသမီးဆန်သော ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသော မျက်နှာသည် သူ့ကို အမျိုးသားမိစ္ဆာတစ်ဦးဟု ခန့်မှန်းရခက်စေသည်။
ကုအန် စုဆောင်းပြီးချိန်၌ သူက ခြင်းတောင်းကို ယူပြီး မျိုးစေ့အိတ်တစ်အိတ်ကို နက်နဲသောပင်လယ်နဂါးငါးကြင်းထံသို့ ပေးလိုက်သည်။
နက်နဲသောပင်လယ်နဂါးငါးကြင်းသည် မျိုးစေ့များ စိုက်ပျိုးခြင်းကို စတင်လုပ်ဆောင်နေစဉ် ကုအန်က ပုန်းကွယ်ဝိညာဉ်နန်းတော်၏ ဝင်ပေါက်သို့ လျှောက်သွားပြီး သူ၏ထိုင်ခုံပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ရေပြင်သည် တလက်လက်တောက်ပနေပြီး ကျင့်ကြံရန်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကာ စာဖတ်ရန်အတွက်လည်း အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်သည်။ ရံဖန်ရံခါတွင် ဝေလငါးအော်သံများကို ကြားနေရလေရာ စိတ်ဝိညာဉ်ကိုပင် ကြည်လင်လန်းဆန်းစေသည်။
တစ်နာရီအကြာတွင် ကုအန်က သူ၏ လက်ထဲမှ စာအုပ်ကို အရသာခံဖတ်ရှုပြီးနောက် ထိုအရာကို သူ၏ရင်ဘတ်ပေါ်သို့ ဖိကပ်လိုက်ပြီး ပြန်လည်သုံးသပ်ခြင်းကို စတင်လုပ်ဆောင်သည်။
"သူရဲကောင်းစိတ်ဓာတ်က တန်ဖိုးရှိတယ်...အမတကျင့်ကြံခြင်းက အကျိုးအမြတ်တွေကြောင့်ပဲဖြစ်ပြီး သူရဲကောင်းစိတ်ဓာတ်မရှိဘူးလို့ ဘယ်သူပြောလဲ..."
ကုအန်က သူ့ကိုယ်သူ စကားပြောလိုက်ပြီး သူ၏ လေသံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဓားသမားစာအုပ်ကို ဖတ်ပြီးနောက် သူသည် သေမျိုးကမ္ဘာတွင် လှည့်လည်သွားလာလိုပြီး သူရဲကောင်းဓားသမားတစ်ဦး၏ ဘဝကို နေထိုင်လိုပေ၏။
သို့သော် သူသည် ဆေးပင်များ စုဆောင်းသည့် သူ၏အချိန်ဇယားကို ထိန်းသိမ်းထားရမည်။ အကယ်၍ သူသည် သူ၏ ကိုယ်ပွားကို လုပ်ခိုင်းလျှင် သို့မဟုတ် ပျာယာခတ်ပြီး လုပ်လျှင် အတွေ့အကြုံသည် တူညီမည်မဟုတ်ချေ။
မေ့လိုက်တော့ စဉ်းစားရတာတော့ ကောင်းပါတယ်...
နေဦး...သက်တမ်းသံသရာထဲမှာ ငါက သူရဲကောင်းဘဝကို ဘာလို့ မနေထိုင်နိုင်ရမှာလဲ....
ကုအန်က မျက်လုံးများ ဖွင့်လိုက်ပြီး ထထိုင်လိုက်ကာ စာအုပ်ကို သူ၏ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်၏။
ခရီးစဉ်အသစ်တစ်ခု စတင်ရန် အချိန်တန်လေပြီ။
ထို့ပြင် ဤသည်မှာ သူ၏သက်တမ်းကို ဖြုန်းတီးခြင်းမဟုတ်ချေ။ သက်တမ်းသံသရာသည် သူ၏တာအိုစည်းမျဉ်းများအပေါ် နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနိုင်သည်။
ဤပြန်လည်မွေးဖွားခြင်းအတွက် သူ၏ စရိုက်သည် အလွန်ခေါင်းမာခြင်းမရှိသင့်ဘဲ သူ့ထံတွင် သနားကြင်နာသော နှလုံးသားတစ်ခု ရှိရပေမည်။
ထို့ကြောင့် ကုအန်က စဉ်းစားလိုက်ပြီး စိတ်ကူးတစ်ခုဖြင့် သူ၏ မျက်စိရှေ့တွင် အချက်ပေးမှုများ စီတန်းပေါ်လာသည်။
[သင်သည် ပြန်လည်မွေးဖွားခြင်းဆင့်ကဲဖြစ်စဉ်ကို စတင်ရန် သက်တမ်း နှသန်း ၂၀ ကို သုံးစွဲမည်]
[တာအိုစည်းမျဉ်းများနှင့် ချိတ်ဆက်ခြင်း စတင်နေသည်]
[ပြန်လည်မွေးဖွားခြင်းကမ္ဘာကို ရှာဖွေနေသည်]
"သင်၌ အောက်ပါ မဟာကောင်းကင်နှင့်မြေပြင်ရွေးချယ်မှုများ ရှိသည်... တစ်ခုခုကို ရွေးချယ်ပါ"
"ပထမ အမှောင်ကောင်းကင်နှင့်မြေပြင်"
"ဒုတိယ တာဟုန်နယ်မြေ"
"တတိယ ရွှမ်ချင်းမဟာကောင်းကင်နှင့်မြေပြင်"
အမှောင်ကောင်းကင်နဲ့မြေပြင် ထပ်လာပြန်ပြီလား။
ကုအန်သည် နက်နဲသိမ်မွေ့အနက်ရောင်ဧကရာဇ်နှင့် သူ၏ကံကြမ္မာကို စမ်းသပ်လိုသည်။ သို့ရာတွင် သူ၏အတွင်းစိတ်က သူ့ကို ဤတစ်ကြိမ် နက်နဲသိမ်မွေ့အနက်ရောင်ဧကရာဇ်ကို ရွေးချယ်ပါက ထိုလူသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းမည်ဟု ပြောနေပေ၏။
မေ့လိုက်တော့...
ရှုပ်ထွေးနေဖို့ မလိုဘူး...
သူသည် သူရဲကောင်းဘဝကို ရွေးချယ်ခဲ့သောကြောင့် သူသည် အင်အားနည်းသော ကမ္ဘာတစ်ခုကို ရွေးချယ်သင့်သည်။ ကုအန်က တာဟုန်နယ်မြေသည် မဟာကောင်းကင်နှင့်မြေပြင်ထက် အားနည်းမည်ဟု ထင်မြင်၏။ထို့ကြောင့် သူ တာဟုန်နယ်မြေကို ရွေးချယ်လိုက်၏။
"သင် တာဟုန်နယ်မြေတွင် ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့သည်"
"ဤကမ္ဘာ၏ တာအိုစည်းမျဉ်းများသည် သင်၏ ပါရမီကို မဖုံးကွယ်နိုင်သောကြောင့် သင်သည် သက်တမ်းကို သိမ်းပိုက်နိုင်စွမ်းကို ထိန်းသိမ်းထားမည်ဖြစ်သော်လည်း အဆင့်လိုက်လုပ်ဆောင်ချက်များကို အသက်သွင်းနိုင်မည်မဟုတ်ပေ"
"ပြန်လည်မွေးဖွားခြင်းဆင့်ကဲဖြစ်စဉ် စတင်သည်"
"ပထမနှစ်တွင် သင်သည် ခရမ်းရောင်အလင်းစက်အမတစံအိမ်တွင် မွေးဖွားခဲ့ပြီး သင်၏ မိဘများက သင့်ကို ယန်ရှန်းဟု အမည်ပေးခဲ့သည်"
"အသက်ငါးနှစ်တွင် သင်၏ ဖခင်သည် သင့်ကို အမတကျင့်ကြံမှုနည်းလမ်းများကို စတင်သင်ကြားပေးခဲ့သည်။ ထိုနေ့တွင် သင်သည် ထူးခြားသော ထိုးထွင်းသိမြင်မှုကို ပြသခဲ့ပြီး ခရမ်းရောင်အလင်းစက်အမတစံအိမ်ကို အံ့အားသင့်စေခဲ့သည်"
"အသက်ရှစ်နှစ်တွင် သင်သည် သင့်မိသားစု၏ ဓားသိုင်းပညာကို အလွန်အောင်မြင်စွာ ကျွမ်းကျင်ခဲ့ပြီ ဓားအသိစိတ်ကို နားလည်သဘောပေါက်ခဲ့သည်"
"အသက်တစ်ဆယ့်နှစ်နှစ်တွင် ခရမ်းရောင်အလင်းစက်အမတစံအိမ်က ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအတွက် ပွဲတော်တစ်ခု ကျင်းပခဲ့ရာ သင်သည် အဘိုးအိုတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သူက သင်၌ထူးခြားသော ကံကြမ္မာဇာတာကွက်ရှိသည်ဟုဆိုကာ သင်၏ ကံကြမ္မာကို ဟောပြောလိုသည်... သင် သဘောတူရန် ရွေးချယ်မည်လား"
အာ...ဘာလို့ ကံကြမ္မာဟောပြောဖို့ ကြိုးစားတဲ့လူတစ်ယောက် ထပ်လာရတာလဲ။
ကုအန်သည် တခြားတစ်ဖက်ကို ဆုံးရှုံးမှုခံစားရအောင် မလုပ်နိုင်သဖြင့် သူက သဘောမတူဟု ရွေးချယ်ခဲ့သည်။
"သင် အခြားတစ်ဖက်ကို သင်၏ ကံကြမ္မာကို ဟောပြောခွင့်မပြုရန် ငြင်းဆန်သည်... ထိုသူသည် အနည်းငယ် စိတ်ပျက်သွားပြီး သင့်ကို နှုတ်ဆက်ခဲ့သည်"
"အသက်တစ်ဆယ့်ငါးနှစ်တွင် သင်သည် ဓားအသိစိတ်ပါသော ရွှေအမြုတေကို စုစည်းနိုင်ခဲ့ပြီး...ခရမ်းရောင်အလင်းစက်အမတစံအိမ်၏နှစ်တစ်သောင်းအတွင်း မကြုံတွေ့ခဲ့ဖူးသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်"
"အသက်တစ်ဆယ့်ခုနစ်နှစ်တွင် သင်သည် ခရမ်းရောင်အလင်းစက်အမတစံအိမ်မှ ဓားတစ်သောင်းအမတတောင်တန်းသို့ စေလွှတ်ခြင်းခံခဲ့ရသည်။ လမ်းတွင် သင်သည် မိစ္ဆာကျင့်ကြံသူတစ်ဦး၏တိုက်ခိုက်ခြင်းကို ခံနေရသူတစ်ဦးနှင့် ကြုံတွေ့ခဲ့ပြီး သူ၏ ဇနီးနှင့် ကလေးများသည် သတ်ဖြတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ သင် သနားကြင်နာစိတ်ဝင်သွားသော်လည်း သင်နှင့်အတူ လိုက်ပါလာသော အကြီးအကဲက သင့်ကို အလွန်အကျွံ မစွက်ဖက်ရန် အကြံပေးခဲ့သည်။ သင် ကြားဝင်စွက်ဖက်ပြီး သူတို့ကို ကယ်တင်ရန် ရွေးချယ်မည်လား"
လာပြီ။ သူ အမတသူရဲကောင်းဘဝကို စတင်ရန် အချိန်တန်လေပြီ။
ကယ်တင်လိုက်...
"အကြီးအကဲ၏ အကြံဉာဏ်ကို လျစ်လျူရှုပြီး သင် အတင်းအကျပ် ဝင်ရောက်စွက်ဖက်သည်.... တိုက်ခိုက်သူများသည် နောက်မဆုတ်ဘဲ သင့်ကိုပင် ဝိုင်းရံတိုက်ခိုက်လာသည်။ စိတ်ပျက်အားငယ်စွာဖြင့် သင်သည် သင်၏ ဓားသိုင်းပညာကို အသုံးပြုပြီး မိစ္ဆာကျင့်ကြံသူခေါင်းဆောင်ကို သတ်ဖြတ်ကာ သက်တမ်း ရှစ်ဆယ့်ခုနစ်နှစ်ကို မတော်တဆ သိမ်းပိုက်လိုက်ပြီး သင်၏ကံကြမ္မာတွင် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်"
လာပြီ...
ကုအန်သည် သက်တမ်းသိမ်းပိုက်ခြင်းအကြောင်း အချက်ပေးမှု မည်သည်ကြောင့် မရှိသနည်းဟု တွေးမိသွားသည်။
ဤကောင်လေးသည် လူမသတ်ဖူးခြင်းကြောင့်ဟု အဖြေထွက်ပေါ်လာပေ၏။
အသက်တစ်ဆယ့်ခုနစ်နှစ်မှသာ သူသည် သက်တမ်းသိမ်းပိုက်နိုင်စွမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤသည်မှာ သူထံ၌ အမှန်တကယ်ကို ကြီးမားစွာ ကြင်နာတက်သော နှလုံးသားရှိကြောင်း ညွှန်ပြနေသည်။
ကုအန်သည်လည်း သိလိုစိတ်ပြင်းပြလာသည်။ သက်တမ်းသံသရာကို မစတင်မီ သူစိတ်ထဲတွင် ရှိသောအရာက ပြန်လည်မွေးဖွားခြင်းအတွင်းရှိ စရိုက်ကို ဆုံးဖြတ်နိုင်သည်လား။
ဒါက တော်တော်လေး ဖြစ်နိုင်ချေတယ်။
သူ၏ ယခင် ပြန်လည်မွေးဖွားခြင်းဆင့်ကဲဖြစ်စဉ်တွင် သူသည် တတ်နိုင်သလောက် ရှင်သန်ရန် စဉ်းစားခဲ့သောကြောင့် ပြန်လည်မွေးဖွားခြင်းတွင် သူ၏ စရိုက်သည် ပို၍သံသယလွန်ကဲခဲ့သည်။
"အသက်တစ်ဆယ့်ရှစ်နှစ်တွင် သင်သည် ဓားတစ်သောင်းအမတတောင်တန်းသို့ ရောက်ရှိလာပြီး ထောင်ပေါင်းများစွာသော စမ်းသပ်ခံရသူများကြားတွင် သင် ထူးချွန်ခဲ့ကာ ဤဘဝတွင် သင်၏ ပထမဆုံး အမတဓားကျင်းဟုန်ကို ရရှိခဲ့သည်"
"အသက်တစ်ဆယ့်ကိုးနှစ်တွင် ဓားတစ်သောင်းအမတတောင်တန်း၏ ဓားအသိစိတ်ကို ဖမ်းဆုပ်မိပြီးနောက် သင်သည် ဓားတစ်သောင်းအမတတာအိုဘိုးဘေး၏နှစ်သက်မှုကို ရရှိခဲ့ပြီး သူက သင့်ကို သူ၏ တပည့်အဖြစ် ခေါ်ယူလိုသည်...သင် သဘောတူရန် ရွေးချယ်မည်လား"
သေချာပေါက် သဘောတူတယ်...
ဘာကို တုံ့ဆိုင်းနေစရာရှိလို့လဲ....
အင်အားကြီးမားလာအောင် စတင်လုပ်ဆောင်ရမယ်...
ကုအန်က ထိုသို့တွေးပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"သင်သည် ဓားတစ်သောင်းအမတတာအို၏ ဘိုးဘေးထံ၌ တပည့်အဖြစ် ခံယူရန် ရွေးချယ်သည်... သင် သူ၏လမ်းညွှန်မှုကို လက်ခံရရှိပြီး သင်သည် ဓားတစ်သောင်းအမတတာအိုကို စတင်လေ့လာခဲ့သည်"
"နှစ်ဆယ့်တစ်နှစ်တွင် သင်သည် နောက်ဆုံး၌ ဓားတစ်သောင်းအမတတာအိုသို့ ခြေချနိုင်ခဲ့သည်... ဓားတစ်သောင်းအမတတောင်တန်းရှိ ဓားအားလုံးသည် သင့်အကြောင့် တုန်ခါသွားကြသည်... ဘိုးဘေးသည် သင့်အပေါ် အလွန်ကျေနပ်ပြီး သင့်ကို ဓားသိုင်းပညာအား ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းကို စတင်လုပ်ဆောင်သည်"
နေဦး။ ဒီဘဝရဲ့ ပါရမီက အရမ်းကြီးမားပုံပဲ။