← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 35 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 35 Ch. 463-464

အခန်း ၄၆၃ ဒါဆို ဂိုဏ်းတူတပည့်တစ်ယောက်လား

တောင်ထိပ်ပေါ်တွင် လေပြင်းများ တိုက်ခတ်နေပြီး ပန်းများနှင့်မြက်များသည် အစိမ်းရောင်လှိုင်းများကဲ့သို့ ယိမ်းယိုင်နေသည်။

လုံချင်းသည် သူ၏လက်သီးထိုးသည့်ပုံစံအတိုင်း ရှိနေကာ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှု၏မုန်တိုင်းတစ်ခုသည် သူ၏စိတ်အတွင်းတွင် လှိုင်းထသွားပေ၏။ သူ၏အမြင်အာရုံအောက်တွင် သူ၏ညာဘက်လက်သီးသည် အန်ဟောင်၏လက်ချောင်းတစ်ချောင်းတည်းဖြင့် ပိတ်ဆို့ခံထားရသည်ကို မြင်လိုက်ရသည်။

သူ၏လက်သီးကို အန်ဟောင်၏လက်ညှိုးဖြင့် တွန်းလှန်နေခြင်းက သူ တောင်တစ်လုံးကို တွန်းနေရသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

မဟုတ်ဘူး။ တောင်တွေက ဒီလောက် မမာဘူး။

အန်ဟောင်၏ဆံပင်သည် လေထဲတွင် ပျံ့လွင့်နေပြီး လုံချင်းကို စိုက်ကြည့်ရင်း သူ။နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။

"သိပ်မဆိုးတဲ့ တုံ့ပြန်မှုပဲ...ဒါပေမယ့် မင်းက ဒီစွမ်းအားကို အပြည့်အဝ မကျွမ်းကျင်သေးဘူး ဒါမှမဟုတ် မင်းလက်ရှိ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကို မင်း တကယ်မသိသေးတာ ဖြစ်နိုင်တယ်"

ထို့နောက် အန်ဟောင်သည် ညာဘက်လက်ညှိုးကို ညင်သာစွာ တွန်းလိုက်ရာ လုံချင်းသည် သူ့အပေါ်သို့ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ကြီးမားသောအားကို ခံစားလိုက်ရပြီး သူ့ကို နောက်သို့လွင့်စင်သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်သော်လည်း မရပ်တန့်နိုင်မီ ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ ယိမ်းယိုင်သွားခဲ့သည်။

သူသည် အန်ဟောင်ကို စူးစိုက်ကြည့်ကာ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် တံတွေးကိုခက်ခဲစွာ မျိုချပြီး မေးမြန်းလိုက်၏။

"မင်းက ဘယ်သူလဲ"

"ငါ့နာမည်က အန်ဟောင်... မင်း ကြားဖူးလား"

အန်ဟောင်သည် ပြုံးပြရင်း မေးလိုက်ကာ သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့်မာန်မာနများ အချိန်ခဏတာ ပျောက်ကွယ်သွားသည်။ သူ၏ အပြုံးသည် နွေဦးလေပြေကဲ့သို့ နွေးထွေးနေပေ၏။

"အန်ဟောင် ဟုတ်လား"

လုံချင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"စီနီယာအစ်မအန်ရှင်းရဲ့ အစ်ကိုကြီးလား"

ဤနာမည်ကို ကြားချိန်၌ အန်ဟောင်၏ အမူအယာသည် ပို၍ပင်နူးညံ့လာပြီး တုံ့ပြန်မေးမြန်းသည်။

"မင်းရဲ့စီနီယာအစ်မ အဆင်ပြေရဲ့လား"

သူသည် တတိယဆေးပင်တောင်ကြားကို စူးစမ်းရန် သူ၏နတ်အသိကို အသုံးမပြုခဲ့ချေ။ တစ်စိတ်တစ်ပိုင်းမှာ သူ ရိုင်းစိုင်းမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ သူ၏စိတ်အတွင်း၌ အနည်းငယ် စိတ်လှုပ်ရှားနေသောကြောင့်ပင်။

"ပြေပါတယ်... သူက တတိယဆေးပင်တောင်ကြားရဲ့ တပည့်ခေါင်းဆောင်လေ... ဘယ်လိုလုပ်ပြီး အဆင်မပြေဘဲ ရှိပါ့မလဲ"

လုံချင်းသည် အန်ဟောင် မည်သူမည်ဝါဖြစ်သည်ကို သိချိန်၌ ရုတ်တရက် ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။

အန်ရှင်းသည် သူ၏ဆရာတူအစ်မဖြစ်ကာ သူ ငယ်စဉ်ကတည်းက အန်ရှင်းနှင့်ယုယင်းယင်းတို့က ပြုစုစောင့်ရှောက်ခဲ့သောကြောင့် သူ၏ စိတ်နှလုံးသားထဲတွင် မိခင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူသည် အန်ရှင်းပြောသည်ကို မကြာခဏ ကြားဖူးသောကြောင့် အန်ဟောင်အပေါ်တွင် ရင်းနှီးပြီး သိကျွမ်းလိုရှိသော စိတ်ခံစားချက်မျိုး ရှိနေပေ၏။

ဤစကားကို ကြားချိန်၌ အန်ဟောင်သည် စိတ်သက်သာရာရသွားပြီး လုံချင်းကို အန်ရှင်းထံသို့ ခေါ်ဆောင်သွားပေးရန် တောင်းဆိုခဲ့သည်။

လုံချင်းသည်လည်း အန်ဟောင်၏အကြောင်းကို အလွန်သိချင်စိတ်ပြင်းပြနေသည်။ သူတို့နှစ်ဦးသားသည် တောင်ကြားထံသို့ လျှောက်လှမ်းသွားရင်း စကားပြောကြရာ အများစုမှာ လုံချင်းက မေးပြီး အန်ဟောင်က ဖြေခြင်းပင်။

အန်ဟောင်သည် လုံချင်းကို အလွန်သဘောကျနေပေ၏။ သို့ရာတွင် မည်သည်ကြောင့် ဤသို့ဖြစ်သည်ဟု သူ တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိချေ။ လုံချင်း၏ သန်မာသော ရုပ်ခန္ဓာကိုယ်သည် သူ၏မျှော်လင့်ချက်ကို နှိုးဆွပေးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ဆေးပင်တောင်ကြားမှာ တေေကျင့်ကြံသူတွေ ဘာလို့ အများကြီး ရှိနေတာလဲ"

အန်ဟောင်က ရုတ်တရက် မေးမြန်းသည်။

သူသည် လွတ်ငြိမ်းရာအမတနယ်ပယ်မှ လူများ၏တည်ရှိမှုကိုပင် ခံစားမိသဖြင့် ဤသည်မှာ သူ၏သိချင်စိတ်ကို နှိုးဆွပေးခဲ့သည်။

လုံချင်းသည် ပြောဆိုသည်။

"မင်း မကြားဖူးဘူးလား...ငါ့ရဲ့ဆရာက ဆရာသခင်ဓားအရှင်လေ"

ဤစကားကို ကြားချိန်၌ အန်ဟောင်သည် ထိတ်လန့် တုန်လှုပ်သွားပြီး အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"မင်းမှာ ဆရာနှစ်ယောက် ရှိတာလား"

"မဟုတ်ဘူး...ငါ့ရဲ့ဆရာကုအန်က ဆရာသခင်ဓားအရှင်ပဲ"

လုံချင်းက အလျင်စလို ရှင်းပြလိုက်သည်။ ဤသည်မှာ သူ ပြောသင့်သည့်အရာနှင့် မပြောသင့်သည့်အရာကို သိထားသောကြောင့်ပင်။ ကုအန်က လူအများရှေ့တွင် ပြောထားသည့်အရာမှန်သမျှကို သူ ပြန်ပြောနိုင်သည်။

"ကုအန်က ဆရာသခင်ဓားအရှင်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အန်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ကုအန်နှင့်ပထမဆုံးတွေ့ဆုံမှုကို မမေ့နိုင်ချေ။ ထိုအချိန်တုန်းက သူတို့နှစ်ဦးလုံးသည် အလွန်ငယ်ရွယ်ခဲ့ကြသည်။ ကုအန်သည် သူ၏ဆရာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

သူ၏ပထမဆုံး တုံ့ပြန်မှုမှာ အဓိပတိဂိုဏ်းတွင် မည်သူမျှ ဆရာသခင်ဓားအရှင်အဖြစ် ဟန်ဆောင်ဝံ့မည် မဟုတ်သည်ကို ထည့်သွင်းစဉ်းစားမိချိန်၌ အထင်မှားမှု တစ်စုံတစ်ရာ ရှိရမည်ဟု ယူဆခဲ့သည်။

"ငါ့ရဲ့ဆရာကိုယ်တိုင် ဝန်ခံထားတာ..ဆရာသခင်ဓားအရှင်ကလည်း သူ့ကို မစိန်ခေါ်သေးဘူးဆိုတော့ သူက ဆရာသခင်ဓားအရှင် မဟုတ်ဘူးလား"

လုံချင်းသည် ရှင်းပြသည်။

သူသည် အန်ဟောင်နှင့် ဆရာသခင်ဓားအရှင်တို့၏ ဆက်ဆံရေးကို မသိချေ။ အချိန်များစွာ ကုန်လွန်ခဲ့ပြီးနောက် လူအနည်းငယ်သာ သူတို့၏ ဆက်ဆံရေးကို သိထားကြသည်။ လုံချင်းသည် တတိယပင်တောင်ကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အန်ရှင်းက ဤကိစ္စကို တမင်သက်သက် မပြောခဲ့ချေ။ ထို့ပြင် ကျင့်ကြံသူများသည်လည်း အတင်းအဖျင်းများကို စိတ်မဝင်စားခဲ့ကြသောကြောင့် သူသည် ဤကိစ္စကို မသိခဲ့ပေ။

"သူကိုယ်တိုင်ဝန်ခံထားတာ ဟုတ်လား..."

အန်ဟောင်၏မျက်ခုံးများ ပို၍ပင် တင်းကျပ်စွာ တွန့်ချိုးသွားပြီး သူ အလွန်စိတ်မသက်မသာ ခံစားနေရသည်။

ကုအန်သည် ဤသို့ပြောဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။

သူ့အပေါ်၌ အားသာချက်ယူရန် ကြိုးစားနေသလော။

အန်ဟောင်သည် ကုအန်နှင့် ကောင်းကောင်း စကားပြောရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ တချို့သော ကိစ္စများကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်း မပြုသင့်ချေ။

အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်စာခန့် ကြာပြီးနောက်တွင် အန်ရှင်းသည် အန်ဟောင်ကို အိမ်ထဲသို့ ခေါ်ဆောင်သွားပြီး တံခါးကို ပိတ်ကာ ထိုင်ရန်ပြောပြီးနောက် လက်ဖက်ရည်ဖျော်စပ်လိုက်၏။

"အစ်ကိုကြီးက ညီမကို မေ့သွားပြီလို့ ထင်နေတာ...."

အန်ရှင်းက လက်ဖက်ရည်အိုးကိုကိုင်ကာ စားပွဲဆီသို့ လျှောက်လှမ်းသွားရင်း ကျီစယ်စနောက်လိုက်သည်။

အခန်းကိုပတ်ကြည့်နေသော အန်ဟောင်က အနေခက်စွာဖြင့် တုံ့ပြန်အဖြေပေးသည်။

"မင်းကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ...ငါ အချိန်ရတာနဲ့ မင်းကို ပြန်လာကြည့်တာပါ"

အန်ရှင်းက ရယ်မောပြီး ပြောဆိုလိုက်၏။

"အစ်ကိုကြီးက ဇနီးနဲ့ကလေးတွေကိုတောင် မေ့နိုင်သေးတာ... ညီမကို မေ့သွားတာ မထူးဆန်းပါဘူး"

အန်ဟောင် က ပို၍ပင်ရှက်ရွံလာခဲ့ပြီး ခပ်အုပ်အုပ်ချောင်းဆိုးကာ ပြောဆိုသည်။

"ငါ့ရဲ့ ရည်မှန်းချက်က လောကကြီးထဲမှာ လှည့်လည်သွားလာဖို့ပဲ.... ငါက သူတို့နဲ့ အတူ မနေနိုင်ဘူး.... ငါက အဲ့ဒီဆက်ဆံရေးကို ထိန်းထားရင် သူတို့ကို ဒုက္ခပဲ ပေးလိမ့်မယ်"

အန်ရှင်းသည် အန်မိသားစု၏ကြုံတွေ့ခဲ့ရမှုများကို မပြောချေ။ အန်ဟောင်သာ ဂရုစိုက်ပါက သူကိုယ်တိုင် လာရောက်လည်ပတ်မည်ဟု ယူဆပြီး ဂရုစိုက်မပါက ဤသို့ပြောဆိုခြင်းသည် အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။

ထို့ပြင် ကုအန်ရှိနေသရွေ့ အန်မိသားစုသည် သူ၏စောင့်ရှောက်မှုကို ရရှိပြီးဖြစ်သောကြောင့် သူတို့သည် ကြီးမားသောဒုက္ခများကို ထပ်မံ၍ရင်ဆိုင်ရတော့မည် မဟုတ်ချေ။

ဤသို့ တွေးမိချိန်၌ အန်ရှင်းသည် ရုတ်တရက် အန်ဟောင်သည် သန်မာသော်လည်း လူတစ်ဦး ဖြစ်ရခြင်းအကြောင်းကို သူမ၏ဆရာထံမှ များစွာသင်ယူရန်လိုသည်ဟု ခံစားလိုက်ရသည်။

သူမ၏ဆရာသည် ရင်ခုန်ဖွယ်ကောင်းသည်နှင့်အမျှ တည်ကြည်ပြတ်သားသော်လည်း သူနှင့် ဆက်ဆံရေးကောင်းသော လူများကို ဂရုစိုက်သည်။

အန်ဟောင်သည် သူမ ဘာတွေးနေသည်ကို မသိချေ။ သူ၏စိုးရိမ်မှုကို အနည်းငယ် ဖော်ပြပြီးနောက် သူ အမေးချင်ဆုံး မေးခွန်းကို မေးမြန်းလိုက်၏။

"ကုအန်က ဆရာသခင်ဓားအရှင်လို့ သူ့ကိုယ်သူပြောတယ်လို့ ငါ ကြားတယ်..ဘယ်လိုသတ္တိမျိုးနဲ့ သူက အဲ့ဒီလို လုပ်ရဲတာလဲ"

အန်ရှင်းသည် ဤစကားကို ကြားချိန်၌ သူမ လှပသောမျက်လုံးများ ပြူးကျယ်သွားပြီး မထီမဲ့မြင်လေသံဖြင့် ပြောဆိုသည်။

"ဘာလဲ...သူက မထိုက်တန်ဘူးလား"

"အဲ့ဒီလို မဟုတ်ဘူး... ဆရာသခင်ဓားအရှင်က ငါတို့ရဲ့ဆရာလေ"

အန်ဟောင်သည် စိုးရိမ်လာခဲ့ပြီး ဤသည် အန်ရှင်း၏ရှေ့တွင်သာ ပေါ်လာတတ်သော သူ၏တစ်ခြားစရိုက်ပင်။

အန်ရှင်းက ဆက်လက်၍ ပြောဆိုသည်။

"သူက ညီမရဲ့ ဆရာလည်း ဟုတ်တယ်... ညီမမှာ ဆရာနှစ်ယောက် ရှိတယ်"

"ဒါက မတူဘူး"

အန်ဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး မည်ကဲ့သို့ ရှင်းပြရမှန်း မသိချေ။

အန်ရှင်းက ပြောဆိုလိုက်၏။

"ဒါက ဖြစ်ကောင်းဖြစ်နိုင်တယ်...ဆရာသခင်ဓားအရှင်က တကယ်ပဲ သူ ဖြစ်နိုင်တယ်...ငါတို့ရဲ့ မူလဆရာက သူ မဟုတ်ဘူး...ဆရာက ဆရာသခင်ဓားအရှင်အနေနဲ့ အစ်ကိုနဲ့ တွေ့ဖူးလို့လား.... သူက ငါတို့ရဲ့ ပထမဆုံးဆရာဆီက လမ်းညွှန်မှုကို ရခဲ့တာလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူတို့က ဆရာတူတပည့်တွေ ဖြစ်နေနိုင်တယ်...ဒါကြောင့် သူတို့ နှစ်ယောက်လုံးက နတ်ဆိုးအရိပ် နတ်ဘုရားစွမ်းရည်ကို လုပ်ဆောင်နိုင်တာပဲ"

ကုအန်နှင့် အချိန်ကြာမြင့်စွာ အတူရှိခဲ့သောကြောင့် အန်ရှင်းသည်လည်း ပရိယာယ်များ သုံးတတ်လာခဲ့ပြီး အန်ဟောင်ကို ပို၍စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဒါက ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်လဲ။ အန်ဟောင်က မရေမရာဖြင့် ပြောတိုသည်။

"ငါတို့က တကယ့်ကို ဆရာတူတပည့်တွေ ဖြစ်နိုင်တယ်လို့ မင်း ဆိုလိုတာလား"

"ဘယ်သူ သိမှာလဲ...သူက သူ့ကိုယ်သူ ဆရာသခင်ဓားအရှင်လို့ ခေါ်ပေမယ့် ဘာဒုက္ခနဲ့မှ မတွေ့သေးဘူး"

အန်ရှင်းက ပခုံးတွန့်လိုက်သည်။

အန်ဟောင်သည် ကုအန် မည်မျှထိ အားကောင်းသည်ကို သိလိုစိတ်ပြင်းပြလာကာ သူ၏စိတ်အတွင်း၌ ယှဉ်ပြိုင်လိုစိတ်များ မြင့်တက်လာသည်ဟု ခံစားမိသည်။

ကုအန်သည် ဤစကားကို ကြားပြီးနောက် သေချာစွာ စဥ်းစားတွေးတောခဲ့သည်။

ကုအန်သည် ဆရာသခင်ဓားအရှင် ဖြစ်နိုင်သည်ဟု တွေးမိပြီး သူ၏ဆရာက ဤကိစ္စကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိသောကြောင့် သူ စိတ်မသက်မသာ ခံစားနေရသည်။

မဖြစ်သေး...သူက ကုအန်ကို သူကိုယ်တိုင် သွားရောက်ရှာဖွေရပေမည်။

ဆရာက ဆရာသခင်ဓားအရှင် မဟုတ်ပါက မည်သည်ကြောင့် ရှင်းမပြသနည်း။

သူက ကုအန်ကို ဆရာသခင်ဓားအရှင်အဖြစ် ဟန်ဆောင်ရန် ကူညီနေခြင်း ဖြစ်သလော။

ဆိုလိုသည်မှာ ဆရာ၏ မျက်လုံးထဲတွင် ကုအန်သည် ပို၍အရေးကြီးခြင်း ဖြစ်နေသလော။

အန်ဟောင်၏အတွေးများ ရှုပ်ထွေးနေသည်။ သူသည် ဤမျှထိ စိတ်ပူပန်မှုမျိုးကို မခံစားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခင်က မည်မျှထိ ခက်ခဲသော အခြေအနေမျိုးဖြစ်နေပါစေ သူသည် ဤမျှလောက် စိုးရိမ်ပူပန်မှုမျိုးကို မခံစားရဖူးချေ။ အကြောင်းအရင်းမှာ သူ၏ဆရာသည် သူ၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး သူ၏ဆရာကို စိတ်မပျက်စေချင်သောကြောင့် သူ ပို၍သန်မာအားကောင်းအောင် ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့သောကြောင့်ပင်။

အန်ရှင်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး အန်ဟောင်၏ ဤနှစ်များတစ်လျှောက် အတွေ့အကြုံများကို စတင်၍မေးမြန်းလိုက်သည်။ အန်ဟောင်သည် ကြယ်ပင်လယ်အစည်းအဝေးမှ ထွက်ခွာခဲ့သည့် အချိန်မှစ၍ မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ စတင်၍ပြောပြခဲ့သည်။

အန်ဟောင်သည်လည်း သူ၏ဒဏ္ဍာရီဆန်သော အတွေ့အကြုံများကို ဝေမျှခြင်းဖြင့် သူ၏ညီမကို စွဲမှတ်စေလိုခဲ့ရာ စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့လေ၏။ သို့ရာတွင် ကံမကောင်းစွာဖြင့် အန်ရှင်းသည် သူ့အား အချိန်မီ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုပေးရန် ကုအန်၏စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ကို မသင်ယူရသေးချေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ညနေစောင်းသို့ ချဉ်းနင်းလာချိန်၌ ကုအန်သည် သွေးအကျဥ်းထောင်သူတော်စင်ကို စီးနင်းကာတောင်ကြားသို့ အေးဆေးစွာ ပြန်လာခဲ့သည်။

ကျွယ်လော့ဓားသခင် ရောက်ရှိလာသော်လည်း ကုအန်သည် သူ့ကို သိပ်အာရုံစိုက်ခြင်း မရှိချေ။ သူ၏ပုံမှန်လှုပ်ရှားမှုများကိုသာ လုပ်ဆောင်ခဲ့သည်။

နေ့လယ်ခင်းတစ်လျှောက်လုံး စုံစမ်းစစ်ဆေးနေခဲ့သော ကျွယ်လော့ဓားသခင်သည် ဆရာသခင်ဓားအရှင်ကို ပစ်မှတ်ထားပြီးဖြစ်သည်။

သူသည် မကြာမီမှာပင် တတိယဆေးပင်တောင်ကြားသို့ ရောက်ရှိလာတော့မည်။

ကုအန်သည် ကျွယ်လော့ဓားသခင်၏ ဓားအသိစိတ်တွင် ပြင်းထန်သော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒကို ခံစားမိ၏။ ဤသည်မှာ ကျွယ်လော့ဓားသခင်သည် မကောင်းသော ရည်ရွယ်ချက်များ ဖုံးကွယ်ထားသည်ကို ဖော်ပြနေပေသည်။

သူသည် တာဟုန်ဓားကောင်းကင်၏မျိုးဆက်ဖြစ်သော ဤပါရမီရှင် မည်မျှထိ သန်မာအားကောင်းသည်ကို သိလိုပေ၏။

တောင်ကြားထဲသို့ ဝင်ရောက်လာချိန်၌

ကုအန်သည် မြင်းမှဆင်းကာ ဓားတစ်သောင်းတောင်ဆီသို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် ကျွယ်လော့ဓားသခင်သည် ဓားတစ်သောင်းတောင်ရှိ ကျောက်စာတိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး တောင်ကို ငေးမောကြည့်ရင်း စဥ်းစားနေခဲ့သည်။

ဤတောင်သည် ဖမ်းယူရန် ခက်ခဲသော အားနည်းသည့် ဓားအသိစိတ်ကို ပိုင်ဆိုင်ထား၏။ သူသည် ခြိမ်းခြောက်မှုကို မခံစားရသော်လည်း ဤဓားအသိစိတ်ကို မြင်တွေ့အောင် မကြည့်နိုင်ခဲ့ချေ။

ဤသည်မှာ သူတော်စင်နှလုံးသားဓားတာအိုနှင့် မတူချေ။ သူသည် ဓားတာအိုမြစ်သို့ သွားရောက်ခဲ့ကာ သူတော်စင်နှလုံးသားဓားတာအိုကို လေ့လာခဲ့သဖြင့် မည်သို့ရှိသည်ကို သိရှိထားပေ၏။

သူ၏နောက်မှ လမ်းပေါ်တွင် ဖြတ်သွားသော တပည့်အချို့သည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သို့ရာတွင် သူသည် ဓားတစ်သောင်းတောင်ပေါ်သို့ ခြေမချသည်အားမြင်ချိန်၌ သူတို့သည် တားဆီးရန် ရှေ့သို့တိုးမလာခဲ့ကြပေ။

အဝေးမှ ကျွယ်လော့ဓားသခင်ကို လှမ်းမြင်ချိန်၌ ကုအန်သည် သူ့အပေါ်တွင် သက်တမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့သည်။

[ကျွယ်လော့ဓားဘုရင် (လွတ်ငြိမ်းရာအမတနယ်ပယ် အဆင့် ၉ ) ၂၉,၇၆၉,၈၇၀/၅၀၀,၀၀၀,၀၀၀/၅၀၀,၀၀၀,၀၀၀]

သူ့ကို သတ်ခြင်းဖြင့် နှစ်သန်းလေးဆယ် သက်တမ်းကို ရရှိနိုင်၏။

ကုအန်က တွေးတောလိုက်ပြီး သူ၏ခြေလှမ်းများသည် မမြန်လွန်းမနှေးလွန်းဘဲ ဥယျာဉ်တစ်ခုတွင် လျှောက်သွားနေသကဲ့သို့ အေးဆေးစွာ သွား၏။ သူသည် လမ်းတစ်လျှောက်၌ တွေ့ဆုံသော တပည့်များကို ရံဖန်ရံခါ နှုတ်ဆက်ခဲ့၏။

Htet Paing:

အခန်း ၄၆၄ သူတော်စင်နှလုံးသားဓားတာအိုကို စိန်ခေါ်ရဲတယ်ဟုတ်လား

"တာအိုမိတ်ဆွေ ခင်ဗျားက မျက်နှာစိမ်းတစ်ယောက်ထင်တယ်နော် ဘာများအကူအညီ လိုအပ်လို့လဲ"

ကုအန်၏အသံက ကျွယ်လော့ဓားသခင်၏ အတွေးများကို ဖြတ်တောက်လိုက်၏။ ကျွယ်လော့ဓားသခင်က တစ်ခြမ်းစောင်းလှည့်ကာ ကုအန်ကိုကြည့်လိုက်သည်။

ကုအန်ကို ကြည့်ရင်း သူ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ယုတ္တိတန်တန်တွေးရလျှင် ဤကဲ့သို့သော သေမျိုးတစ်ယောက်က သူ၏အာရုံစိုက်မှုကို မခံရထိုက်ပေ။ သို့သော် ဘယ်ကြောင့်ကြောင့်မှန်းမသိ ကုအန် စကားစပြောလိုက်သည်နှင့် သူသည် အလိုအလျောက် လှည့်ကြည့်မိသွားသည်။

ဤကဲ့သို့သော ခံစားချက်မျိုးကို သူထက်အင်အားကြီးမားသောသူများ၏ ရှေ့မှောက်တွင်သာ ခံစားခဲ့ရဖူး၏။

ကုအန်ကို အကဲခတ်နေရင်း ကုအန်သည် အန်ဟောင်နှင့် ကံကြမ္မာဆက်နွယ်မှု အနည်းငယ်ရှိသည်ဟု သူ ကောက်ချက်ချလိုက်သည်။ နီးကပ်စွာ ဆက်စပ်နေခြင်း မဟုတ်သော်လည်း အမှန်တကယ်တော့ တည်ရှိနေ၏။

ကျွယ်လော့ဓားသခင်က မေးသည်။"မင်းက ဒီဆေးပင်တောင်ကြားရဲ့ တောင်ကြားသခင်လား"

ကုအန်က ပြုံးလျက် "ကျွန်တော် က ကုအန်ပါ ခင်ဗျားရဲ့ ဂုဏ်သတင်းကြီးမားတဲ့ နာမည်ကို သိခွင့်ရမလား"

ကျွယ်လော့ဓားသခင်က "ငါက တာဟုန်ဓားကောင်းကင်က ဓားဘုကျွယ်လော့ဓားသခင်ပဲ"

"တာဟုန်ဓားကောင်းကင်လား မကြားဖူးဘူး။ ဒါပေမဲ့ ခမ်းနားထည်ဝါပြီး တန်ခိုးကြီးမားတယ်လို့ ထင်ရတယ်။ သေချာပေါက် မြင့်မြတ်တဲ့နယ်မြေတစ်ခုရဲ့ အင်အားစုဖြစ်ရမယ် ပြီးတော့ ထိုက်ချန်းတိုက်နဲ့လည်း အလှမ်းဝေးမှာပဲ" ကုအန်က အံ့ဩဟန်ဆောင်၍ ပြောလိုက်သည်။

ကျွယ်လော့ဓားသခင်က စမ်းသပ်မေးမြန်းမှုများအတွက် စိတ်မပါဘဲ တိုက်ရိုက်မေးလိုက်သည် "မင်းက ဆရာသခင်ဓားအရှင်ရဲ့ တပည့်လား မင်းရဲ့ဆရာကို ခေါ်လိုက်စမ်း"

သူစကားပြောနေစဉ်တွင် ဓားအရှိန်အဝါတစ်စကိုလည်း ထုတ်လွှတ်လိုက်ရာ တတိယဆေးပင်တောင်ကြားတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

ကျိရှောင်ယုက ကုအန်၏ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ကျွယ်လော့ဓားသခင်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်၏။ သူမ၏နဖူးပေါ်မှ တာအိုပုံစံများသည် ပြင်းထန်သောမီးတောက်များအဖြစ်သို့ တောက်လောင်လာသည်။

နေလမြေအောက်လောကဧကရာဇ်သည်လည်း ပေါ်လာပြီး ကျွယ်လော့ဓားသခင်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

အန်ဟောင် လက်ကိုးချောင်းနတ်ဘုရား နှင့် ရှန်ရှင်းကျီတို့လည်း လျင်မြန်စွာ ပေါ်ထွက်လာကြ၏။ ကျင့်ကြံရာနေရာတွင် စစ်တုရင်ကစားနေခဲ့ကြသော ကျင့်ကြံသူကြီးများသည်လည်း ချက်ချင်း ရောက်ရှိလာကြသည်။

ကျွယ်လော့ဓားသခင်၏ ဓားအရှိန်အဝါသည် တတိယဆေးပင်တောင်ကြားကို ပြင်ပကမ္ဘာမှ သီးခြားခွဲထုတ်ရန် ရည်ရွယ်သည်ကို ကုအန် ခံစားမိ၏။

သူက စစ်မြေပြင်တစ်ခု ဖန်တီးရန် ကြံရွယ်နေတာလား။

အန်ဟောင်က ကျွယ်လော့ဓားသခင်ကို စိုက်ကြည့်ရင်း လေးနက်သောအသံဖြင့် "အကြီးအကဲ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

အန်ရှင်းသည် လျင်မြန်စွာ ပြေးလာပြီး ကျွယ်လော့ဓားသခင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေ၏။ သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များသာ ပြည့်နှက်နေသည်။

ကျွယ်လော့ဓားသခင်သည် အန်ဟောင်ကို လျစ်လျူရှုလိုက်ပြီး သူ၏အကြည့်သည် ကျိရှောင်ယုအပေါ်သို့ ကျရောက်သွားသည်။ သူက မျက်လုံးကျဉ်းမြောင်းကာ ပြောလိုက်သည် "ယင်ယန်ဧကရာဇ်လေးပါးနဲ့ မတွေ့ရတာကြာပြီပဲ။ ပြန်လည်မွေးဖွားခြင်းလမ်းစဥ်ဧကရာဇ် မင်းက ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ဖြတ်သန်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ကျိရှောင်ယုက တည်ငြိမ်သောမျက်နှာထားဖြင့် "ကျွယ်လော့ဓားသခင် တာဟုန်ဓားကောင်းကင်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်။ ရှင် တစ်ယောက်တည်း လှုပ်ရှားနေတာလား"

ကျွယ်လော့ဓားသခင်က ရယ်မောလိုက်သည် "ယင်ယန်ဧကရာဇ်လေးပါးထဲမှာ ငါက ဆဋ္ဌမတာအိုလီဧကရာဇ်ကိုပဲ ကြောက်တာ သူရဲ့ ပြန်လည်မွေးဖွားခြင်းကပ်ဘေး ပြီးသွားပြီလား"

ယင်ယန်ဧကရာဇ်လေးပါး

ပြန်လည်မွေးဖွားခြင်းလမ်းစဥ်ဧကရာဇ်

ဆဋ္ဌမတာအိုလီဧကရာဇ်

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့ဩတကြီး နားထောင်နေကြ၏။ဤအမည်များသည် အထင်ကြီးစရာကောင်းလှသည်။

"ရှင် ရှာချင်ရင် သူ့ကို သွားရှာလို့ရတယ်။ သူကလည်း ရှင်​အကြောင်းပြောခဲ့သေးတယ်" ကျိရှောင်ယုက အေးစက်စွာ ပြန်ဖြေသည်။

ကျွယ်လော့ဓားသခင်က ခေါင်းခါလျက် သရော်ရယ်ကာ တခြားသူများ၏ စိုက်ကြည့်မှုများကို လျစ်လျူရှုလျက် " ငါက ဆရာသခင်ဓားအရှင်ကို ရှာပြီး သူ့ကို စိန်ခေါ်ဖို့ လာတာလေးပါပဲ။"

ဆရာသခင်ဓားအရှင်၏ အမည်ကို ကြားလိုက်ရသဖြင့် လူတိုင်း တင်းမာသွားကြသည်။ ဆရာသခင်ဓားအရှင်ကို စိန်ခေါ်ရဲသူသည် သာမန်မဟုတ်သည်မှာ သေချာသည်။

နေလမြေအောက်လောကဧကရာဇ်က မနေနိုင်ဘဲ "တာဟုန်ဓားကောင်းကင်က ဆရာသခင်ဓားအရှင်အတွက် လာတာလား"

သူသည်လည်း ကောင်းကင်ဘုံအပြင်ဘက်မှ မဟာတိုက်ပွဲကြီးကို မြင်တွေ့ခဲ့ဖူး၏။ တာဟုန်ဓားကောင်းကင်၏ စွမ်းအားသည် သူ့ကို အလွန်မင်းထိတ်လန့်စေခဲ့သည်။ ကျွယ်လော့ဓားသခင်မပါပဲနှင့်ပင် သူတို့သည် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့ကို တစ်ချိန်တည်းတွင် တိုက်ခိုက်နိုင်ခဲ့၏။

တာဟုန်ဓားကောင်းကင်တွင် လွတ်ငြိမ်းရာအမတ ဘယ်လောက်များများ ရှိနေသနည်း။

ကျွယ်လော့ဓားသခင်က နေလမြေအောက်လောကဧကရာဇ်ကို ပြန်မဖြေခဲ့ပေ။ နယ်ပယ်တစ်ခုတည်း ကွာခြားနေသော်လည်း သူသည် နေလမြေအောက်လောကဧကရာဇ်ကို အထင်သေးစွာ ကြည့်လိုက်သည်။

မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားပြီး နေလမြေအောက်လောကဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

ကုအန်က ချောင်းတစ်ချက်ဟန့်ကာ "ဒါဆို ခင်ဗျားက ကျွန်တော့်ကို စိန်ခေါ်ချင်တယ်လို့ ထင်တယ်"

ဤစကားကြောင့် လူတိုင်း သူ့ကို လှည့်ကြည့်ကြသည်။

ကျွယ်လော့ဓားသခင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက ကုအန်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။"မင်းက ဆရာသခင်ဓားအရှင်လား"

ဒါကြောင့်ကိုး သူ့မှာ ဘာလို့ ဒီလိုထူးခြားတဲ့ တုံ့ပြန်မှုမျိုး ရှိနေလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။

သူ၏အမြင်တွင် မည်သို့ပင်ကြည့်စေကာမူ ကုအန်သည် အမတလမ်းစဥ်နယ်ပယ်၏ အရိပ်အယောင်မရှိသော ​စိတ်ဝိဉာဥ်ခြေတည်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် တူနေသည်။

အန်ဟောင်သည် ကုအန်၏စကားကို ကြားသောအခါ စကားပြောရန်ပြင်လိုက်သော်လည်း ရပ်လိုက်သည်။ သူ့နှလုံးသားထဲတွင် သံသယတစ်ခု ရှိ၏။

ဆရာက လျှို့ဝှက်စွာ စောင့်ကြည့်နေလို့များ ကုအန်က ဒီလောက် ရဲတင်းနေရတာလား။

သူသည်လည်း ကုအန်၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသည်ကို သတိမပြုမိခဲ့ပေ။ ထို့ကြောင့် ကုအန်တွင် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

တပည့်များ ပိုမိုများပြားစွာက အဝေးမှ ကြည့်ရှုနေကြပြီး ပိုမနီးကပ်ရဲဘဲ အဝေးမှသာ ဆွေးနွေးနိုင်ကြသည်။

ကုအန်သည် ကျိရှောင်ယုကို ပတ်၍ ကျွယ်လော့ဓားသခင်ထံသို့ ချဉ်းကပ်သွားသည်။

ကျိရှောင်ယုက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း ကုအန်က သူမကို ပြုံးပြပြီး သူ၏လက်ကို ညင်သာစွာ ဆွဲဖယ်လိုက်သည်။

"ဟုတ်တယ် ကျွန်တော်ပဲ ခင်ဗျားက ကျွန်တော့်ကို ဘယ်လို စိန်ခေါ်ချင်တာလဲ" ကုအန်က ကျွယ်လော့ဓားသခင်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်

သူက ကျွယ်လော့ဓားသခင်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းဖြစ်သည်။ အကယ်၍ သူက မကောင်းတကြော့ ဖြေဆိုပါက သူသည် သူ၏ကျင့်ကြံမှုနှင့်အတူ ပျက်စီးသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ တာဟုန်ဓားကောင်းကင်သည် ယန်ဖိန်အန်း၏ လက်အောက်ခံဖွဲ့စည်းဖြစ်ပြီး အဆင့်အတန်းအရ ကျွယ်လော့ဓားသခင်သည်လည်း သူ၏တပည့်ဖြစ်၏။ ဆရာတစ်ယောက်အနေဖြင့် တွေ့ဆုံချိန်တွင် ဂိုဏ်းတူညီအစ်ကိုတစ်ဦးကို မည်သို့ သတ်ဖြတ်နိုင်မည်နည်း။

ကျွယ်လော့ဓားသခင်သည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးထဲတွင် ဓားအရှိန်အဝါကို စုစည်းလိုက်သည်။ လျှပ်စီးကြောင်းတစ်မျှင်နှင့် တူကာ မျက်စိကျိန်းလောက်အောင် တောက်ပခြင်း၊ ကြီးမားခြင်း မရှိသော်လည်း ၎င်းသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။

ဤဓားအရှိန်အဝါတစ်မျှင်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပါဝင်နေပြီး လူများကို တုန်လှုပ်စေသည်။

ကျိရှောင်ယု နေလမြေအောက်လောကဧကရာဇ် လက်ကိုးချောင်းနတ်ဘုရား နှင့် အခြားသူများသည် မလှုပ်ရှားရဲကြတော့ပေ။ သူတို့သာ လှုပ်ရှားပါက မည်သည့်လှုပ်ရှားမှုမဆို သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်သည်ဟူသော ကြောက်မက်ဖွယ် ခံစားချက်ကို ခံစားနေကြရသည်။

အန်ဟောင်သည် သူ၏လက်စွပ်များအတွင်း လက်သီးကို ဆုပ်ထားပြီး လှုပ်ရှားရန် အသင့်ပြင်ထားသည်။

လုံချင်းသည် အဝေးတစ်နေရာတွင် ခြေဖျားထောက်ကာ ကြည့်နေ၏။ သူသည် ကျွယ်လော့ဓားသခင်၏ ဓားအရှိန်အဝါကို မခံစားရသော်လည်း လူများစွာ စုဝေးနေသဖြင့် သူ မည်သို့ စူးစမ်းလိုစိတ် မရှိဘဲ နေနိုင်မည်နည်း။

"သဘာဝကျကျပဲ ငါတို့က ဘယ်သူ့ဓားတာအိုက ပိုအားကောင်းလဲဆိုတာ ဓားတာအိုကို ယှဉ်ပြိုင်ကြမယ် မင်းရဲ့ သူတော်စင်နှလုံးသားဓားတာအိုကို ပြစမ်း" ကျွယ်လော့ဓားသခင်က အေးစက်စွာ ပြောကြားလိုက်သည်။

သူတော်စင်နှလုံးသားဓားတာအို

ကျိရှောင်ယုနှင့် နေလမြေအောက်လောကဧကရာဇ် နှစ်ဦးလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး ကုအန်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

သူတို့က သူတော်စင်နှလုံးသားဓားတာအို၏ ကြီးမားသော ကျော်ကြားမှုကို ကြားဖူးကြသည်။ ၎င်းသည် တာဟုန်ဓားကောင်းကင်၏ အထွတ်အထိပ် အမွေအနှစ်တစ်ခုဖြစ်ပြီး ကမ္ဘာသုံးထောင်ကို လွှမ်းမိုးနိုင်ကာ ရှုံးနိမ့်ခြင်းမရှိပေ။

ကုအန်က သူတော်စင်နှလုံးသားဓားတာအိုကို အမွေဆက်ခံထားသည်လား။

ဆရာသခင်ဓားအရှင်က သူ၏ ပုံစံအမှန်ကို ပြသရန် ငြင်းဆန်နေသည်မှာ အံ့ဩစရာမရှိပေ။ သူက တာဟုန်ဓားကောင်းကင်မှ ကျင့်ကြံသူတစ်ဦး ဖြစ်နေပါသည်တကား။

မည်သည့်မဟာကောင်းကင်နှင့်မြေပြင်တွင်မဆို တိတ်တဆိတ် လွတ်ငြိမ်းရာအမတအဆင့်သို့ ရောက်ရှိနိုင်သူ မည်သူမျှမရှိပေ။ နတ်တွေးအစစ်အမှန်အမတမှ လွတ်ငြိမ်းရာအမတသို့ တက်လှမ်းရုံမျှဖြင့် ကောင်းကင်ကပ်ဘေးသည် စကြဝဠာကို တုန်လှုပ်စေလိမ့်မည် မည်သို့ ဖုံးကွယ်နိုင်မည်နည်း။

ကျွယ်လော့ဓားသခင်၏ စကားကို ကြားသောအခါ ကုအန်က ခပ်ရေးရေးပြုံးပြလိုက်သည်

သို့သော် သူ၏အပြုံးသည် ကျွယ်လော့ဓားသခင်၏ အမြင်တွင် စိန်ခေါ်မှုတစ်ခုအဖြစ် ပေါ်လာသည်။

ထိုစဉ်မှာပင်

ကုအန်က ရုတ်တရက် နေရာပြောင်းရွှေ့လိုက်ပြီး ကျွယ်လော့ဓားသခင် ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာ၏။ လေအဟုန်က ကျွယ်လော့ဓားသခင်၏ဝတ်ရုံကို လှန်တင်သွားပြီး သူ၏မျက်လုံးများကို ကျယ်ပြူးသွားစေခဲ့သည်။

"သူတော်စင်နှလုံးသားဓားတာအိုကို စိန်ခေါ်တယ်လား"

ကုအန်သည် သူ၏မေးစေ့ကို အနည်းငယ် မော့ထားပြီး ကျွယ်လော့ဓားသခင်ကို ထင်သေးသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ပင်။

သူ၏ဘယ်လက်ဖြင့် ကျွယ်လော့ဓားသခင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးတွင် ကျွယ်လော့ဓားသခင် က စိန်ခေါ်ခြင်း မပြုနိုင်ခဲ့ပေ။သူ မတုံ့ပြန်နိုင်၊ သူ ခုခံနိုင်စွမ်း မရှိခြင်းရှိခဲ့သည်။

ကုအန်က သူ့ကို ကိုင်ထားလိုက်သည်နှင့် ကျွယ်လော့ဓားသခင်၏ မျက်ဆံများ ကျယ်လာပြီး သူ၏နှလုံးသားသည် ထိတ်လန့်မှုဖြင့် တုန်လှုပ်သွားသည်

။

ကုအန်က သူ့ကို ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် "ငါ့မှာ သူတော်စင်နှလုံးသားဓားတာအို ရှိမရှိကို အရင်မပြောသေးဘူး။ မင်းတို့အားလုံးအတွက် သူတော်စင်နှလုံးသားဓားတာအိုက ဘယ်လို အဆင့်အတန်းမျိုးတောင် ရှိနေလို့လဲ"

"မင်းက သူတော်စင်နှလုံးသားဓားတာအိုကို စိန်ခေါ်ဖို့တောင် အရည်အချင်းရှိလို့လား"

ဤစကားလုံးများသည် ကျွယ်လော့ဓားသခင်ကို တူဖြင့်ထုလိုက်သကဲ့သို့ ရိုက်ခတ်သွားပြီး သူ၏ခန္ဓာကိုယ်ကို တုန်ယင်စေကာ သူ၏နဖူးတွင် ချွေးစေးများ စတင် သီးလာသည်။

အခြားသူအားလုံးသည် ကုအန်၏ ကြီးစိုးမှုကို ခံစားမိနိုင်ကြပြီး သူတို့ကို အံ့ဩစေဆုံးအရာမှာ ပုံမှန်အားဖြင့် မောက်မာသော ကျွယ်လော့ဓားသခင်သည် ရုတ်တရက် မည်သို့ ဆွံ့အသွားခဲ့သည်ကိုပင်။

အန်ဟောင်သည် အထိတ်လန့်ဆုံးဖြစ်ပြီး တည်ငြိမ်မှု မထိန်းနိုင်တော့ပေ။

ကျွယ်လော့ဓားသခင် မည်မျှ အင်အားကြီးမားသည်ကို သူ ကောင်းကောင်းသိ၏။ သူ၏ အသက်ရှုထုတ်မှုတစ်ခုတည်းကပင် စိတ်ဝိဉာဥ်ခြေတည်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင်လေသည်။

ယခု သူက ကုအန်၏ အရှိန်အဝါကို မခံစားမိသော်လည်း ကျွယ်လော့ဓားသခင်ကို မတုံ့ပြန်ရဲအောင် ပြုလုပ်သည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ကို သူ သိလိုက်သည်။ မဟုတ်ရင် ကျွယ်လော့ဓားသခင် မတုံ့ပြန်နိုင်ခြင်းသာ ဖြစ်နိုင်သည်။

All Chapters