အခန်း (၄၆၅-၄၆၆)
Vol. 35 Ch. 465-466
အခန်း ၄၆၅ ဆရာ တပည့် ကောင်းကင်ဧကရာဇ် ဖြစ်ချင်တယ်
လူအုပ်၏ စောင့်ကြည့်မှုအောက်တွင် ကျွယ်လော့ဓားသခင် သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားမပြောနိုင်တော့ပေ။ အကြည့်အားလုံးသည် ကျွယ်လော့ဓားသခင်၏ လက်ကောက်ဝတ်ကို ကိုင်ထားသော ကုအန်၏လက်ပေါ်သို့ ကျရောက်နေခဲ့၏။ ထိုအခိုက်အတန့်တွင် ကျွယ်လော့ဓားသခင်၏ အရှိန်အဝါသည် ကုအန်ကို မယှဉ်နိုင်တော့ချေ။ ဘယ်အချိန်မဆို ဒူးထောက်တော့မည့်အလားပင်။
ကုအန်၏မျက်နှာသည် အလွန်အေးစက်နေပြီး သူ၏အကြည့်သည် ဓားဘုရင်ကျွယ်လော့၏ မျက်လုံးထဲသို့ ကျရောက်သောအခါ ကြောက်မက်ဖွယ်ကောင်းလှသည်
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" လုံးဝမယုံကြည်နိုင်သော အတွေးတစ်ခု ကျွယ်လော့ဓားသခင်၏ စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။ ကုအန်က သူ့ကို ကိုင်ထားလိုက်သည်နှင့် သူ၏ ဓားအရှိန်အဝါသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏အတွင်းမှ စွမ်းအားများသည် ချုပ်နှောင်ခံလိုက်ရကာ ၎င်းတို့ကို စုစည်းအသုံးချနိုင်ခြင်း မရှိတော့ပေ။
ယခုအခါ သူသည် ခုခံနိုင်စွမ်းမရှိသော သေမျိုးတစ်ဦးကဲ့သို့ ဖြစ်သွားပြီး ကုအန်၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် မည်သို့မျှမဖြစ်နိုင်ချေ။
တာအိုသစ်သီးနယ်ပယ်
ဒီလူက လွတ်ငြိမ်းရာအမတနယ်ပယ်ကို ကျော်လွန်သွားပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေရပေမည်။ ဓားဘုရင်ကျွယ်လော့သည် ပြန်လည်မွေးဖွားခြင်းကပ်ဘေး၏ အဆုံးသို့ ရောက်ရှိသွားပြီဟု ဆိုသော်လည်း အမှန်တကယ်တွင် သူသည် သူ၏ အောင်မြင်မှုအခွင့်အလမ်းကို မတွေ့ရှိသေးပေ။ ဤသည်မှာလည်း သူက သူတော်စင်နှလုံးသားဓားတာအိုကို စိန်ခေါ်လိုသည့် အကြောင်းရင်းဖြစ်သည်။
သူသည် ဓားပညာဖလှယ်မှုမှတစ်ဆင့် သူ၏ကိုယ်ပိုင် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ရန် မျှော်လင့်ခဲ့သည်။
သူတော်စင်နှလုံးသားဓားတာအိုကို အမွေဆက်ခံသူက ပိုမိုအားကောင်းလေ သူက ပို၍ မျှော်လင့်လေ ဖြစ်သည်။ ကြီးမားသော ဖိအားကသာ သူ၏ သံနံရံများကို ချိုးဖျက်နိုင်မည်ဖြစ်သည်။
ကုအန်က သူ့ကို စိုက်ကြည့်ရင်း "အခု ပြောစမ်း မင်း ငါ့ကို စိန်ခေါ်ချင်သေးလား"
ကျွယ်လော့ဓားသခင်သည် အံ့ကြိတ်လိုက်ပြီး စကားပြောရန် ကြိုးစားသော်လည်း သူ၏စကားလုံးများကို ထုတ်ဖော်ပြောဆိုရန် သတ္တိမရှိခဲ့ပေ။
သူ့အတွက် ခေါင်းငုံ့ခြင်းသည် သေခြင်းထက် ပိုခက်ခဲနေခဲ့သည်။
ကျစ်
ဘာလို့ ကွာဟချက်က ဒီလောက် ကြီးမားနေရတာလဲ။
ကျွယ်လော့ဓားသခင်က ပုန်းကွယ်နေသော မုန်းတီးမှုတစ်ခုကို ပိုက်ထွေးထားခဲ့သည်။ ကုအန်အပေါ် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် အားနည်းမှုအပေါ် ဖြစ်၏။ ခွန်အားကွာဟချက် ဤမျှ ကြီးမားနေသဖြင့် သူ ကုအန်ကို စိန်ခေါ်ခြင်းက အဓိပ္ပာယ်မဲ့လွန်းလှသည်။
သူ အားနည်းသော်လည်း မောက်မာစွာ ပြုမူတတ်သူများကို မုန်းတီး၏။ ယခုမူ သူသည် သူ အမုန်းဆုံးလူစားမျိုး ဖြစ်နေလေ၏။
ကျွယ်လော့ဓားသခင်သည် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူ၏ ဓားတာအို လွတ်မြောက်သွားစေရန် အတွင်းစိတ်မှ ဟစ်ကြွေးလိုက်ချင်သည်။
သို့သော် ကုအန်၏ စွမ်းအားသည် တာအိုသစ်သီးနယ်ပယ်၏ နံရံတစ်ခုကဲ့သို့ သူ့ကို ရက်စက်စွာ ဖိနှိမ်နေသည်။ မည်မျှပင် ဒေါသထွက်နေစေကာမူ သူ မလှုပ်ခတ်နိုင်ခဲ့ပေ။
တစ်ခဏမျှ လေထုက တင်းမာသွားသည်။ လူတိုင်းအပေါ်မှ ဖိအားများ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုဖြင့် အစားထိုးသွားသည်။
ကုအန်က အမှန်တကယ် ဆရာသခင်ဓားအရှင် ဖြစ်နိုင်သလား။
သူတို့သည် ကုအန်၏ အရှိန်အဝါ မည်မျှ အင်အားကြီးမားသည်ကို မခံစားမိကြပေ စိတ်ဝိဉာဥ်ခြေတည်အဆင့်တွင် ရှိနေဆဲဟုသာထင်ကြ၏။ သို့သော် ကုအန်သည် ကျွယ်လော့ဓားသခင်ကို ရှင်းရှင်းလင်းလင်း ဖိနှိပ်ထားပြီး ဓားဘုရင်ကျွယ်လော့၏ အစောပိုင်းက မောက်မာမှုနှင့် ထောင်လွှားမှုတို့သည် ဟန်ဆောင်မှု မဖြစ်နိုင်ပေ။
အန်ဟောင် ထိတ်လန့်သွားသည်။ သူက ကုအန်၏ နောက်ပြန်လှည့်သွားသော ပုံရိပ်ကို ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ကြည့်နေခဲ့သည်။ အံ့ဩမှု၊ ဝမ်းမြောက်မှု၊ စိုးရိမ်မှု၊ တို့က ကြီးစိုးနေခဲ့၏။
ထိုစဉ်မှာပင် ကုအန်က ရုတ်တရက် လွှတ်ပေးလိုက်ပြီး ပြုံးလျက် "မင်း စကားမပြောတော့မှတော့ စိန်ခေါ်မှုကို လက်လျှော့လိုက်ပြီလို့ ငါ သဘောထားလိုက်မယ် ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ် တတိယဆေးပင်တောင်ကြားမှာ ရက်အနည်းငယ် နေသွားပါဦး"
ကျွယ်လော့ဓားသခင်က အသက်ရှုကျပ်စေသော ဖိအား ချက်ချင်း လွတ်မြောက်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ပထမဆုံး ပင်ကိုအသိစိတ်က ထွက်ပြေးရန် ဖြစ်သော်လည်း သူ တားဆီးလိုက်သည်။
အကယ်၍ တစ်ဖက်လူက သူ့ကို မသတ်ခဲ့လျှင် ထွက်ပြေးခြင်းက တာဟုန်ဓားကောင်းကင်ကို အရှက်ရစေမည် မဟုတ်လော။
"ငါ"
ကုအန်၏ နူးညံ့သော အပြုံးကို ကြည့်ရင်း ကျွယ်လော့ဓားသခင်သည် မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ လေထဲတွင် ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားသည်။
ကုအန်က လှည့်ကာ အန်ရှင်းကို လက်ယပ်ခေါ်လိုက်ရာ သူမသည် ချက်ချင်း ပြေးလာသည်။
"ဒီတာအိုမိတ်ဆွေကို နေရာထိုင်ခင်း စီစဉ်ပေးလိုက်" ဟု ကုအန်က ပြောပြီးနောက် လှည့်ထွက်သွားသည်။
ကျိရှောင်ယုသည် ကုအန်ကို ကြောင်ငေးကာ စိုက်ကြည့်နေမိပြီး သူ၏ ခွန်အားကြောင့် တစ်ဖန် အံ့ဩသွားပြန်သည်။
ကျွယ်လော့ဓားသခင်သည် သူမ၏ မူလခန္ဓာကိုယ်ထက် ပိုမိုအားကောင်းပြီး ထိုကဲ့သို့သော လူတစ်ဦးကို ကုအန်က သူ စကားပင် မပြောနိုင်သည်အထိ လုံးဝ ဖိနှိပ်ထားခဲ့သည်။
သူ၏ ကျင့်ကြံမှုအဆင့်သည် အမှန်တကယ် မည်မျှ မြင့်မားနေသနည်း။
အခြားသူများလည်း ကုအန်၏ ကျင့်ကြံမှုအဆင့်ကြောင့် ထိတ်လန့်သွားကြပြီး သူ၏ နယ်ပယ်အဆင့်နှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ပြုလုပ်ကြသည်။
လက်ကိုးချောင်းနတ်ဘုရားသည် သူက ကုအန်ကို သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် လျှော့မတွက်ခဲ့မိသည့်အတွက် စိတ်သက်သာရာ ရသွားသည်။
ရှန်ရှင်းကျီက ပို၍ပင် ရှေ့ဆက် တွေးတောလိုက်သည်။ ကျွယ်လော့ဓားသခင်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရချိန်တွင် ကုအန်သည် သူ့ကို သတ်နိုင်သော စွမ်းအား ရှိသော်လည်း သူ့ကို လွတ်မြောက်ရာလမ်း ပေးရန် ရွေးချယ်ခဲ့သည်။ ထိုကဲ့သို့သော စိတ်သဘောထားကြီးမြတ်မှုသည် သာမန်ပုဂ္ဂိုလ်များ၏ စွမ်းရည်ထက် ကျော်လွန်နေလေသည်။
ဤသည်မှာ ရှန်ရှင်းကျီ ကိုယ်တိုင် လိုက်လျှောက်သင့်သော လမ်းကြောင်းပင် ဖြစ်သည်။
အခြားတစ်ဖက်တွင် လုံချင်းက ကုအန်၏ ဘေးသို့ ပြေးလာပြီး သူနှင့် ယှဉ်တွဲလမ်းလျှောက်ရင်း အန်ဟောင်ကို ရံဖန်ရံခါ နောက်ပြန်ကြည့်လိုက်သည်။ အန်ဟောင်က ကုအန်နှင့် စကားပြောချင်ပုံရပြီး အလွန်နှိမ့်ချသော ဟန်ပန်ကို ပြနေသည်ကို သူ ပြောနိုင်သည်။
"ဆရာ ခုနက ဘာဖြစ်သွားတာလဲ" လုံချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူ၏အကြည့်က ကျွယ်လော့ဓားသခင်အပေါ်သို့ကျရောက်သွားသည်။ သူ၏ တည်ရှိမှု အလွန်တန်ခိုးကြီးမားလှသည်။ လမ်းလျှောက်လာရုံမျှဖြင့် သူသည် ရှုံးနိမ့်ခြင်းမရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ကောင်းကင်ဘုံကပင် သူ့ကို မဆံ့နိုင်သကဲ့သို့ ဖြစ်နေသည်။
ကုအန်က ပြုံးလျက် "ဘာမှမဟုတ်ပါဘူး တစ်ယောက်ယောက်နဲ့ စကားစမြည် ပြောလိုက်တာပါ။ မင်း သူ့ကို တိုက်ရိုက် သွားစကားပြောလို့ရတယ်။ သူက အကြီးအကဲတယောပ်ပဲ။ ယဉ်ကျေးမှုကို မမေ့ဖို့ သတိရပါ"
ကုအန်၏ စကားကို ကြားသောအခါ လုံချင်းသည် အမှန်တကယ်ပင် ကျွယ်လော့ဓားသခင် နှင့် သွားတွေ့ချင်စိတ် ပေါက်သွားသည်။
ခဏအကြာတွင် ကုအန်က အပေါ်ထပ်သို့ တစ်ယောက်တည်း တက်သွားပြီး အန်ဟောင်သည် အခန်းအောက်ခြေတွင် ရပ်နေကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူလည်း အပေါ်ထပ်သို့ တက်လိုက်သွားသည်။
သူက တံခါးဝသို့ ရောက်ခါစတွင် ကုအန်၏အသံကို ကြားလိုက်ရသည် " တံခါးကို ပိတ်ဖို့သတိရပါ"
ဤသည်ကို ကြားလိုက်ရသောအခါ အန်ဟောင် ချက်ချင်း တည်ငြိမ်သွားခဲ့သည်။
သူ၏ သံသယအားလုံး ဆေးကြောခံလိုက်ရသည်။ဤသည်မှာ သူ၏ ဆရာပင်။
သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း သူ တံခါးကို ပိတ်လိုက်သည်။
သူသည် စားပွဲဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီးနောက် ဒူးထောက်လိုက်ကာ ကုအန်ကို ဦးညွှတ်ကန်တော့လိုက်သည်။
ကုအန်က သူ့ကို မတားမြစ်ဘဲ သူ၏ လေးစားမှုပြသော အမူအရာကို ကျေးဇူးတင်စွာ လက်ခံလိုက်သည်။
အန်ဟောင်က ကုအန်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာ "ဆရာ၊ ဆရာ ကျွန်တော့်ကို အမှောင်ထဲမှာ အကြာကြီး ထားခဲ့တာပဲ။ ဆရာ အန်ရှင်းကို တပည့်အဖြစ် လက်ခံခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ ဆရာ သူ့ကို အမြဲတမ်း စောင့်ရှောက်နေခဲ့တာပဲ သူက ဒါတွေအားလုံးကို အမြဲတမ်း သိနေခဲ့တာ မဟုတ်လား" ဟု
ကုအန်က ပြုံးလျက် "သူမက အစပိုင်းမှာ မသိခဲ့ပါဘူး။ သူ သိသွားတုန်းက မင်းလိုပဲ စိတ်လှုပ်ရှားနေခဲ့တာ။ ထပြီး စကားပြောပါ"
အန်ဟောင်က ကမန်းကတန်း ထရပ်လိုက်သည်။ သူ့ဆရာကို ပြောစရာ အများကြီး ရှိနေ၏။
ကုအန်က သူ့ကို ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် နှစ်များတစ်လျှောက် သူ၏ အတွေ့အကြုံများကို မေးမြန်း၏။ အန်ဟောင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်း မရှိပေ။ သူ၏ ဇာတ်ကြောင်းကို အလွန်အကျွံ ချဲ့ကားခြင်း မပြုဘဲ သူ၏ အခက်အခဲများနှင့် အောင်မြင်မှုများ နှစ်ခုစလုံးကို မျှဝေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကုအန်က "အနာဂတ်အတွက် မင်းရဲ့ ပန်းတိုင်တွေက ဘာလဲ"
အန်ရှင်းနှင့် မတူဘဲ အန်ဟောင်သည် အပြင်ဘက်တွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး သူ၏ ရည်မှန်းချက်သည် ပို၍ ပို၍ ကြီးမားလာသည်။ ထို့ကြောင့် ကုအန်က သူ့ကို ထိန်းသိမ်းထားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အသက်ကို ပြင်းပြင်းရှူသွင်းရင်း အန်ဟောင်က "ဆရာ ကျွန်တော် ကောင်းကင်ဧကရာဇ် ဖြစ်ချင်တယ်။ ဆရာ ခင်ဗျား ရေးခဲ့တဲ့ ကျောက်စိမ်းဧကရာဇ်လိုမျိုးပဲ"
ကုအန်က ပြုံးလျက် "အဲ့ဒီစကားလုံးနှစ်လုံးကို ပေါ့ပေါ့ဆဆ မပြောသင့်ဘူး။ ဘာလို့လဲဆိုတော့ အစစ်အမှန် အမတတွေက တကယ်ရှိနေလို့ပဲ"
အစစ်အမှန်အမတများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရရန် အစစ်အမှန် အမတများသည် သေမျိုးများ စိတ်ကူးနိုင်သည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
အကယ်၍ စည်းမျဉ်းတစ်ခု ရှိလျှင် အုပ်စိုးသူတစ်ဦး ရှိရမည်ဖြစ်ပြီး အမတများ၏ ခေါင်းဆောင်ကို ကောင်းကင်ဧကရာဇ်ဟု သိကြပေမည်။
ဤသည်ကို ကြားသောအခါ အန်ဟောင်သည် တုန်လှုပ်သွားပြီး သတိထား၍ မေးလိုက်သည်။
"အမတမင်းဆက်လား"
"သူတို့က အဲ့ဒီအဆင့်နဲ့ အလှမ်းဝေးပါသေးတယ်"
ကုအန်၏ တုံ့ပြန်မှုက အန်ဟောင်ကို သက်ပြင်းချနိုင်စေခဲ့ပြီး အံ့ဩမှုများဖြင့်လည်း ပြည့်နှက်သွားစေသည်။
အကယ်၍ အမတမင်းဆက်ကို အမတအုပ်စုတစ်ခုအဖြစ် မသတ်မှတ်လျှင် အစစ်အမှန် အမတများသည် မည်မျှ တန်ခိုးကြီးမားသနည်း။
ကုအန်က အန်ဟောင်ကို ကြည့်ရင်း သူ၏ ဘဝဇာတာကွက်ကိုလည်း ပိုင်းခြားသိမြင်လိုက်သည်။
ဘဝဇာတာကွက် ကံကြမ္မာနှင့် ချီကံတရားတို့၏ ပေါင်းစပ်မှု ဘဝဇာတာကွက် ပိုမိုအားကောင်းလေ ချီကံတရား ပိုမိုကောင်းမွန်ပြီး သက်တမ်း ပိုရှည်လေဖြစ်သည်ကို ညွှန်ပြလေသည်။
အန်ဟောင်တွင် ဆက်တိုက်ရှည်လျားသော ချီကံတရား ရှိနေပြီး သူ၏ဘဝသည် မြင်နိုင်သော အဆုံးသတ် မရှိသကဲ့သို့ ဖြစ်နေသည်။ ၎င်းကို ကုအန်က ဤကဲ့သို့သော ဘဝဇာတာကွက်တွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အမှန်စင်စစ် ၉,၉၉၉ နှစ် ကန့်သတ်ချက်သည် သေမျိုးနယ်ပယ်၏ အထက်ပိုင်းကန့်သတ်ချက်မျှသာဖြစ်ပြီး အန်ဟောင်အတွက် ကန့်သတ်ချက် မဟုတ်ပေ။
နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိပြီးနောက် အန်ဟောင်၏ သက်တမ်းကန့်သတ်ချက်သည် ကိုးဂဏန်းခြောက်လုံး ဖြစ်လာပြီး နောက်ထပ် မဟာနယ်ပယ်များကို ကျော်ဖြတ်ခြင်းက ၎င်းကို ဆက်လက် တိုးချဲ့သွားစေမည်ဟု ကုအန်က ခန့်မှန်းလိုက်သည်။
အခန်း ၄၆၆ တပည့်ဖြစ်ချင်တယ်။
"မင်းက အာဏာနဲ့ ဩဇာလွှမ်းမိုးမှုကို လိုချင်လို့ ကောင်းကင်ဧကရာဇ် ဖြစ်ချင်တာလား။" ကုအန်က စူးစမ်းစွာ မေးလိုက်သည်။
'အနောက်သို့ ခရီးသွားခြင်း' ထဲမှ ကျောက်စိမ်းဧကရာဇ်သည် အထူးသဖြင့် အားကြီးသည်ဟု ဖော်ပြမထားပေ။ အနည်းဆုံးတော့ သန်မာဆုံး မဟုတ်ပေ။ အန်ဟောင်မှာမူ အမြဲတမ်း သန်မာဆုံး ဖြစ်ချင်ခဲ့သည်။ ကောင်းကင်ဧကရာဇ် ဖြစ်လာရန် စဉ်းစားနေသော ယခုအချိန်တွင် သူ၏စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်း ဖြစ်နိုင်လား။
အန်ဟောင်က ပြန်ဖြေသည်"ကျွန်တော်က အစွမ်းအားကို လိုချင်တယ်။အာဏာနဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း လိုချင်တယ်။ လမ်းတစ်လျှောက်မှာ နေရာများစွာကို ရောက်ခဲ့ပြီး လူများစွာကို ချန်ထားခဲ့ရတယ်။ ဒါပေမယ့် ဒီလမ်းက မမှန်ဘူးလို့ ကျွန်တော်ခံစားရတယ်။ ဒါပေမယ့် ပိုအားကောင်းလာဖို့အတွက် မမှန်ရင်တောင်မှ ကျွန်တော် ဆက်လျှောက်ရဦးမယ်။ ကောင်းကင်ဧကရာဇ် ဖြစ်လာရင် ကျွန်တော် ကာကွယ်ချင်တဲ့သူတွေကို ကာကွယ်နိုင်ပြီး သက်ရှိအားလုံးကို ဒုက္ခဆင်းရဲတွေကနေ အကာအကွယ်ပေးနိုင်မယ်။"
"မင်းမှာ ဒီလို ကြင်နာတတ်တဲ့ နှလုံးသား ရှိသေးလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။" ကုအန်က မှတ်ချက်ပေးလိုက်သည်။
အန်ဟောင်၏ မျက်နှာသည် နီရဲသွားပြီး သူက ပြောလိုက်သည်။ "ဆရာ၊ ဘာကို ဆိုလိုတာလဲ။ ဆရာက ကျွန်တော့်ကို ရက်စက်ကြမ်းကြုတ်ပြီး အောက်ခြေစည်းမျဉ်းမရှိတဲ့ လူတစ်ယောက်လို့ မြင်နေတာလား။ နောက်ဆုံးတော့ ကျွန်တော်က အဓိပတိဂိုဏ်းရဲ့ ဖြောင့်မတ်မှန်ကန်မှုကို အမွေဆက်ခံထားတာပဲလေ။ ကျွန်တော် ဘယ်နေရာကိုပဲ ရောက်ရောက် ဒုက္ခရောက်နေတဲ့ လူတွေကို ကြုံတွေ့ရတဲ့အခါ ကျွန်တော် ကူညီနိုင်သရွေ့တော့ လှုပ်ရှားဆောင်ရွက်မှာပဲ။"
ကုအန်က ပြုံးလိုက်သည်။ သူက အန်ဟောင်ထံမှ ထိုသို့သော အပြုအမူမျိုးကို မြင်ဖူးသော်လည်း မကြာခဏတော့ မဟုတ်ပေ။ ယန်ကျင်းနှင့် နှိုင်းယှဉ်လျှင် အန်ဟောင်က များစွာ လိုအပ်နေသေးသည်။
သို့သော် ကုအန်က အန်ဟောင် မည်သို့ဖြစ်လာသင့်သည်ကို အတိအကျ မျှော်လင့်ချက်များ မည်သည့်အခါကမျှ မထားခဲ့ပေ။ သူက ကံကြမ္မာကြောင့် အန်ဟောင်ကို အမတကျင့်ကြံခြင်းကျင့်စဉ်ကို သင်ကြားပေးခဲ့ခြင်းသာဖြစ်သည်။ အန်ဟောင် မကောင်းမှု မပြုလုပ်သရွေ့ သူသည် အပြစ်ပြောလိုစိတ်မရှိပေ။
ကုအန်က အန်ဟောင်နှင့် ဆက်လက်စကားပြောခဲ့ရာ ၎င်းသည် အန်ဟောင်ကို သူ၏ဆရာသခင်အကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်စေခဲ့သည်။
သူတို့၏ ယခင်ဆက်ဆံရေးများနှင့် မကွာခြားပုံရသော်လည်း အန်ဟောင်သည် သူ၏ဆရာသခင်၏ ကျယ်ပြန့်မှုကို ချန်ဟိုင်ပင်လယ်ကဲ့သို့ ခံစားမိသည်။ ကမ္ဘာကို အနိုင်ယူနိုင်သည့် စွမ်းရည်ရှိသော်လည်း ဤနေရာတွင် အထီးကျန်စွာ နေထိုင်နိုင်ပြီး မည်သူနှင့်မဆို ရယ်မောစကားပြောနိုင်သည်။
ကုအန် ပြောသော စကားလုံးတိုင်းသည် အန်ဟောင်၏ မျက်လုံးများတွင် ရိုးရှင်းလေသည်။ ကုအန်၏ ပုံရိပ်က သူ၏နှလုံးသားထဲမှ ဆရာသခင်၏ ပုံရိပ်နှင့် ပေါင်းစပ်သွားသည့်အခါ ၎င်းသည် ရိုးရှင်းပြီး ဉာဏ်ပညာများ ပါဝင်ကာ သူ၏ဆရာသခင်ထံမှ စကားလုံးတိုင်းသည် သူ့ကို သင်ကြားပေးပြီး သူ၏ကြီးထွားမှုအတွက် မျှော်လင့်ချက်များ ထားရှိသကဲ့သို့ ဖြစ်နေသည်။
ရုတ်တရက် အန်ဟောင်သည် တစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည်၊ "ယန်ကျင်းက ဆရာရဲ့ တိုက်ရိုက်တပည့်လား။"
ကုအန်က ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။"ဟုတ်တယ်။ သူက ငါက ဆရာသခင်ဓားအရှင် ဆိုတာ သိတယ်။ ငါသူ့ကို သူမှာ အထင်ကြီးစရာကောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ရှိတယ်လို့တောင် ပြောခဲ့သေးတယ်။ မင်းလို့တော့ မပြောခဲ့ဘူး။"
ဤသည်ကို ကြားသောအခါ အန်ဟောင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ယန်ကျင်းကို နက်ရှိုင်းစွာ မှတ်မိနေပြီး သူတို့သည် ကောင်းကင်အဆင့်ပြိုင်ပွဲတွင် တိုက်ခိုက်ရန်ပင် သဘောတူခဲ့ကြသည်။ သူသည် ၎င်းကို ဘယ်တော့မှ မမေ့ခဲ့ပေ။
"သူဘယ်ကို သွားခဲ့လဲ။ ဘာလို့ ကျွန်တော် သူ့ကို မတွေ့ရတာလဲ။" အန်ဟောင်က စူးစမ်းစွာ မေးလိုက်သည်။
ကုအန်သည် ယန်ကျင်း၏ နောက်ခံနှင့် လက်ရှိတည်နေရာကို ပြန်လည်ပြောပြလိုက်ရာ အန်ဟောင် တိတ်ဆိတ်သွားသည်။
မြင့်မြတ်ခုံရုံး၏ မြင့်မြတ်ဘုရင်။
သူသည် မြင့်မြတ်ခုံရုံးသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြင့်မြတ်ဘုရင်၏ အမူအရာကို မျက်မြင်တွေ့ခဲ့ရကာ ရုတ်တရက် ဖိအားကို ခံစားလိုက်ရသည်။
ယန်ကျင်း၏ ပါရမီသည် သူ၏ အတည်ပြုမှုကို ရရှိခဲ့ပြီးဖြစ်သည်။ မြင့်မြတ်ဘုရင်၏ နောက်ခံနှင့် ပေါင်းစပ်လိုက်လျှင် သူက သူ့ကို ကျော်လွန်သွားနိုင်ခြေရှိသည်။
ကုအန်က ဆက်ပြောသည်။"ယန်ကျင်းအပြင် ငါက နတ်ဆိုးတွေအပါအဝင် တခြားသူတွေကိုလည်း သင်ကြားပေးခဲ့သေးတယ်။ သူတို့ကို အထင်မသေးလိုက်နဲ့။"
သူ၏လေသံသည် နောက်ပြောင်နေပုံရသော်လည်း သူ၏မျက်လုံးများသည် စူးရှနေသည်။
အန်ဟောင်သက ဤသည်ကို ကြားပြီးနောက် သူ၏တိုက်ခိုက်လိုစိတ် မီးတောက်လာသည်ကို ခံစားလိုက်ရသည်။ ယုံကြည်မှုအပြည့်ဖြင့် သူက ပြောလိုက်သည်။ "ဆရာ စိတ်ချပါ။ ကျွန်တော်က အမြဲတမ်း ဆရာရဲ့ အထူးချွန်ဆုံးတပည့် ဖြစ်နေမှာပါ။"
ကုအန်က ပြုံးပြီး ခေါင်းညိတ်လိုက်သော်လည်း သူ၏နှလုံးသားမှာမူ သဘောမတူပေ။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက သူ့ရဲ့ သင်ကြားရေးစွမ်းရည်က အန်အောင်ရဲ့ ပါရမီထက် နိမ့်ကျတယ်ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ပေဘူးလား။
သူက အန်ဟောင်ထက် ပိုအားကောင်းတဲ့ တပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ရမယ်။
အန်ဟောင်က သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို တွေးမိပြီး ပြောစပြုလာသည်။ "ဆရာသခင် အရင်တုန်းက ကျွန်တော် ကြုံတွေ့ခဲ့..."
"မပြောနဲ့"
ကုအန်က သူ့ကို ဖြတ်ပြောလိုက်ရာ သူ့ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်စေခဲ့သည်။
ကုအန်က ဆက်ပြောသည်။"မင်းရဲ့ နယ်ပယ်ကနိမ့်သေးတယ်။ မင်းက အကြောင်းအကျိုးလမ်းစဉ်ထဲကို နက်ရှိုင်းစွာ ဝင်ရောက်တဲ့အခါ မင်းလျှို့ဝှက်ပြီး အချို့ ဖြစ်တည်မှုတွေအကြောင်း ပြောတဲ့အခါ သူတို့ကို နာမည်မခေါ်ဘဲ သူတို့ရဲ့ ပုံသဏ္ဌာန်နဲ့ လုပ်ရပ်တွေကို ဖော်ပြရုံနဲ့ သူတို့ကို သတိပေးနိုင်တယ်ဆိုတာ နားလည်သွားလိမ့်မယ်။ ငါအဲ့ဒီတည်ရှိမှုကို စောင့်ကြည့်နေတယ်။ သူက မင်းကို ကူညီခဲ့တာက သာမန်ပဲ၊ ဘာမရိုးသားတဲ့ ရည်ရွယ်ချက်မှ မရှိဘူး။ မင်းစိတ်ချနိုင်တယ်။"
အန်ဟောင်၏ မျက်လုံးများတွင် တောင့်တမှု ထင်ရှားနေသည်။
ဤမျှအားကောင်းရန် မည်သို့သော နယ်ပယ်မျိုးသို့ ရောက်ရှိရမည်နည်း။
သူသည် သူ၏ စိတ်ခံစားချက်များကို ချိန်ညှိပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အကြောင်းကို ဆက်မတွေးတော့ပေ။
လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် စီးဝင်လာပြီး ဆရာနှင့် တပည့်တို့သည် သူတို့၏ စကားဝိုင်းကို ဆက်လက်လုပ်ဆောင်နေကြသည်။ လေထုသည် သာယာနေပြီး အန်ဟောင်သည် ရံဖန်ရံခါ မတ်တပ်ရပ်ကာ သူပြောနေသော မြင်ကွင်းကို ဖော်ပြရန် လှုပ်ရှားမှုများကို အသုံးပြုနေခဲ့၏။ ကုအန်က ပုံပြင်ပြောခြင်းကို ခံစားနေရသကဲ့သို့ ပြုံးလျက် ကြည့်နေခဲ့သည်။
အန်ဟောင်က သူနောက်ဆုံးတွင် သူ၏ဆရာနှင့် ထိုင်ပြီး စကားပြောနိုင်သောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ကုအန်သည်လည်း ကျေနပ်၏။ အားအင်ပြည့်ဝသော အန်ဟောင်ကို ကြည့်ရင်း သူသည် သူ၏ညီမကို ရွာမှ ဝံပုလွေနတ်ဆိုးကို ရဲရင့်စွာ ရင်ဆိုင်ခဲ့သော ပြတ်သားသည့် လူငယ်လေးကို တွေးမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရှစ်ရာကျော် ကုန်လွန်သွားခဲ့သည်။
လူငယ်များသည် သူတို့၏ ကိုယ်ပိုင်ခြေထောက်များပေါ်တွင် ရပ်တည်စပြုလာကြပြီး ကုအန်၏ ခေတ်ပြိုင်များစွာမှာမူ ကုန်လွန်သွားကြပြီဖြစ်သည်။
ဤသည်ကို စဉ်းစားရင်း ကုအန်သည် ဝမ်းနည်းခြင်းမရှိဘဲ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုသာဖြစ်တည်လာခဲ့သည်။
မိတ်ဆွေဟောင်းများ ကွယ်လွန်သွားသော်လည်း လူငယ်မျိုးဆက်သည် ရှိနေသေးသည်။ ထိုသို့သော ဘဝ။
ညလဝင်သွားပြီး နေထွက်လာ၏။ နံနက်စောစောတွင် အန်ဟောင် တံခါးအပြင်သို့ ခြေချလိုက်ပြီး အဝေးမှ တပည့်များ၏ ကျယ်ပြန့်သော တန်းစီမှုများကို ကြည့်ကာ သူတို့လေ့ကျင့်နေသည်ကို စောင့်ကြည့်နေသည်။သူ၏အကြည့်သည် လွင့်မျောနေခဲ့သည်။
ယခင်က သူသည်လည်း ဆေးတောင်ကြားတပည့်များ၏ နံနက်ခင်းလေ့ကျင့်မှုကို ကြည့်ရှုခဲ့သော်လည်း သူသည် ယနေ့ကဲ့သို့ ဘယ်တော့မှ မခံစားဖူးခဲ့ပေ။ ဆေးတောင်ကြားတပည့်များ၏ လှုပ်ရှားမှုများသည် နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု သယ်ဆောင်ထားကြောင်း သူသဘောပေါက်လိုက်ရသည်။ ၎င်းသည် သူ၏ဆရာဖန်တီးခဲ့သော ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းလမ်းဖြစ်ရန် အမှန်တကယ် ထိုက်တန်၏။ ၄င်းက မဟာလမ်းစဉ်၏ ရိုးရှင်းမှုကို ကိုယ်စားပြုလေသည်။
ကုအန်က အိမ်အပြင်သို့ ခြေချလိုက်ပြီး သူ့နောက်တွင် ရပ်ကာ အဝေးမှ လေ့ကျင့်မှု၏ ခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်လိုက်သည်။ လူလေးထောင်ကျော် အတူတကွ လေ့ကျင့်နေခြင်းသည် တောင်ကြားရှိ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်နေပြီး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။
"မြန်မြန်လုပ် ဘာကို ကြည့်နေတာလဲ။" ကုအန်က တိုက်တွန်းလိုက်သည်။
သူ၏အသိစိတ်သို့ ပြန်လည်ရောက်ရှိလာပြီး အန်ဟောင်သည် ပြုံးလျက် နောက်လှည့်ပြီး လှေကားများဆင်းစပြုလာသည်။
လှေကား၏ ထောင့်သို့ ရောက်ရှိသည့်အခါ သူသည် သူ၏ခေါင်းကို ကုအန်ဆီသို့ လှည့်ပြီး မေးလိုက်သည်။"ဆရာ ဆရာသာဆို ကျွန်တော် ဘယ်လိုလူစားမျိုး ဖြစ်လာစေချင်လဲ။"
ကုအန်သည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် အရှေ့ဘက်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ "ငါမင်းကို အဲ့ဒီမာနကြီးတဲ့ နေလို၊ တောက်ပပြီး ထွန်းလင်းတောက်ပစေချင်တယ်။ မင်းအနိမ့်ဆုံးချိုင့်ဝှမ်းတွေထဲ ကျရောက်သွားရင်တောင်မှ မင်းအမြဲတမ်း ပြန်ထလာပြီး သက်ရှိအားလုံး မမှီနိုင်တဲ့ အမြင့်တစ်ခုကို တက်လှမ်းစေချင်တယ်။"
ဤသည်ကို ကြားပြီးနောက် အန်ဟောင်သည် မိုးကုတ်စက်ဝိုင်းပေါ်မှ တက်လာသော နေကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။ သူ၏အပြုံးသည် ပျောက်ကွယ်သွားပြီး သူ၏အမူအရာသည် တည်ကြည်သွားသည်။