← Chapters

မုန်တိုင်း ကျရောက်လာခြင်း

Vol. 45 Ch. 475

မုန်တိုင်း ကျရောက်လာခြင်း

Vol. 45 Ch. 475

အနီရောင် အုတ်ခြံ ဝင်း

ထန်ထျန်းက မိုရှောင်းရှောင်းနှင့် စကားပြောနေသည်။

မိုရှောင်းရှောင်း၏ လေသံမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး ယခုတစ်ကြိမ် ပိုင်နိုယီ၏ ဖော်ထုတ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများမှာ အပြင်လောကတွင် မြင်တွေ့နေရသည်ထက် ပိုမို ပြင်းထန်နေသည်။

"စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ စစ်ဆေးမေးမြန်းမှုအောက်မှာ ပိုင်နိုယီက အကုန်ဝန်ခံလိုက်ပြီ"

"ဒါပေမဲ့ သူမ ဝန်ခံလိုက်တဲ့ အရာတွေက စည်းကမ်းထိန်းသိမ်းရေးခန်းမနဲ့ ဝမ်ကျီယွီတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး"

"သူမ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်တော့ ဝန်ခံခဲ့တာ မှန်ပါတယ်။ သူမ သတ်ခဲ့တဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကလည်း ဝါးတောတာအိုဆရာ သေဆုံးခဲ့တဲ့ ကိစ္စမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ပတ်သက်ခဲ့သူတွေချည်းပဲ"

"အဲဒီနောက်မှာ သူမက သူမရဲ့ ကြံရာပါတွေကိုပါ ဖော်ထုတ်လိုက်တယ်။"

"စည်းကမ်းထိန်းသိမ်းရေးခန်းမ မထင်မှတ်ထားတဲ့ အချက်ကတော့ အဲဒီကြံရာပါတွေဟာ ထျန်းဖူနန်းတော် လက်အောက်ခံ အင်အားစု အားလုံးနီးပါးမှာ ပြန့်နှံ့နေပြီး သူတို့ အင်အားစု အသီးသီးမှာ အဆင့်မြင့် ရာထူးကြီးတွေ ရယူထားကြတာပဲ"

"အကယ်၍ သူတို့ကို အရေးယူမယ်ဆိုရင် ဒါဟာ အင်မတန် ကြီးမားတဲ့ ငလျင်တစ်ခု ဖြစ်လာမှာ သေချာတယ်"

မိုရှောင်းရှောင်းက ပြောပြသည်။

ထန်ထျန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဤစစ်ဆေးမှု ရလဒ်မှာ သူနှင့် ဝမ်ကျီယွီတို့ ယခင်က ခန့်မှန်းခဲ့ဖူးသည့် အခြေအနေတစ်ခု ဖြစ်သည်။

"စည်းကမ်းထိန်းသိမ်းရေးခန်းမက ဒါကို သံသယမဝင်ဘူးလား"

သူက မေးလိုက်သည်။

မိုရှောင်းရှောင်းက "သံသယရှိတာပေါ့၊ သူတို့က ပိုင်နိုယီရဲ့ စကားတစ်ခွန်းတည်းနဲ့တော့ ယုံမှာ မဟုတ်ဘူးလေ။"

"ဒါမှမဟုတ် ပြောရရင် ပိုင်နိုယီက အစပိုင်းမှာ ကြံရာပါ အများကြီးကို ဖော်ထုတ်လိုက်တဲ့အခါ လူတိုင်းက သူမဟာ တခြားသူတွေကို ဆွဲထည့်ပြီး ရေနောက်အောင် လုပ်နေတာ၊ တခြား ကြံစည်မှုတွေ ရှိနေဦးမယ်လို့ပဲ ထင်ခဲ့ကြတာ"

"ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ပိုနက်ရှိုင်းလာတဲ့အခါ ပိုင်နိုယီ ပြောသမျှပ တစ်လုံးမကျန် မှန်ကန်နေတာကို တွေ့လိုက်ရတယ်။"

"အဲဒီလူတွေက အဆင့်မြင့် ပုဂ္ဂိုလ်တွေကို လုပ်ကြံတဲ့ ကိစ္စမှာ တကယ်ပဲ ပါဝင်ပတ်သက်ခဲ့ကြသလို အများစုမှာလည်း ပုန်ကန်လိုတဲ့ စိတ်ကူးတွေ ရှိနေကြတာပဲ"

သူမ၏ လေသံမှာ နိမ့်သွားသည်။

ထန်ထျန်းလည်း မနေနိုင်ဘဲ တိတ်ဆိတ်သွားမိသည်။

ဤကဲ့သို့ အခြေအနေ အရပ်ရပ် ပြောင်းလဲသွားပုံမှာ အမှန်တကယ်ပင် ထင်မှတ်မထားစရာ ဖြစ်သည်။

ဤကိစ္စအားလုံး၏ နောက်ကွယ်မှ လူက အလွန်ပင် ဝါရင့်လှသည်ဟုသာ ဆိုရပေလိမ့်မည်။

ပိုင်နိုယီကို ထုတ်သုံးလိုက်ချိန်မှာပင် သို့မဟုတ် အစောဆုံး စတင် လှုပ်ရှားကတည်းက ယနေ့ ဖြစ်လာမည့် အရာအားလုံးကို ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အင်အားစု အသီးသီးမှ အဆင့်မြင့် ပုဂ္ဂိုလ် အများအပြားကို မည်သူမျှ မရိပ်မိစေဘဲ ကိစ္စတစ်ခုတည်းတွင် ပါဝင်လာအောင် လုပ်နိုင်ခြင်း၊ ထို့ပြင် တိကျသော စုံစမ်းစစ်ဆေးမှုများကိုပင် ကြံ့ကြံ့ခံနိုင်အောင် စီစဉ်ထားခြင်းမှာ ထန်ထျန်း ကိုယ်တိုင်ပင်လျှင် သူ မလုပ်နိုင်ဟု ဝန်ခံရမည့် အစီအမံမျိုး ဖြစ်သည်။

ထျန်းဖူ ပင်မနန်းတော်မှာ အမှန်တကယ် သန်မာလှသည်။ သူတို့၏ အင်အားနှင့် အဆင့်အတန်းမှာ အမြင့်ဆုံး၌ ရှိနေသဖြင့် အင်အားစု အားလုံး ပေါင်းပြီး ပုန်ကန်လျှင်တောင် ထျန်းဖူနန်းတော် ကို အောင်မြင်စွာ ဖြုတ်ချနိုင်ရန် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က ကောင်းကင်ထိပ်ဆုံးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဤကမ္ဘာ၏ ကျင့်ကြံခြင်း အပေါ်တွင် အပေါ်စီးမှ ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

သို့သော် ဤမျှများပြားလှသော အင်အားစုများ ပါဝင်ပတ်သက်နေခြင်းက ထျန်းဖူနန်းတော် အတွင်းပိုင်း အစီအစဉ်တကျ ရှိမှုကိုတော့ ကြီးမားသော ရှုပ်ထွေးမှုများ သေချာပေါက် ဖြစ်ပေါ်စေမည် ဖြစ်သည်။

"ဒါဆို... စစ်နတ်ဘုရားနန်းတော်က ပုန်ကန်လိုက်ပြီပေါ့"

ထန်ထျန်းက မေးလိုက်သည်။

ဤကိစ္စမှာ လီဟုန်က သူ့ကို တင်ပြထားခြင်း ဖြစ်သည်။

မနေ့ည သန်းခေါင်ယံအချိန်၌ စစ်နတ်ဘုရားနန်းတော်က ၎င်းတို့၏ နန်းတော်သခင် ဦးဆောင်မှုဖြင့် စည်းကမ်းထိန်းသိမ်းရေးခန်းမကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။

သူတို့၏ ရည်မှန်းချက်မှာ ကောင်းကင်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် ပိုင်နိုယီ ဖြစ်ပုံရသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ အငိုက်မိသွားခဲ့သော်လည်း နောက်ဆုံးတွင် လျင်မြန်စွာ ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။

ထျန်းဖူနန်းတော် ၏ အခြားသော ကျွမ်းကျင်သူများလည်း ဝိုင်းရံလာကြပြီး ဤပုန်ကန်မှုကို လျင်မြန်စွာ ငြိမ်သက်စေခဲ့သည်။စစ်နတ်ဘုရားနန်းတော်မှ အစွမ်းထက်သူ အများအပြားမှာ ထိုနေရာ၌ပင် အသတ်ခံလိုက်ရပြီး နန်းတော်သခင်ကိုလည်း အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ နေ့ ဝက်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်မှတစ်ဆင့် လူများမှာ ထျန်းဖူ ပင်မနန်းတော်၏ စစ်မှန်သော အစွမ်းကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ထိပ်တန်း အင်အားစုဆိုသည့် အရာများက ယှဉ်ပြိုင်နိုင်သည့် အဆင့်မျိုး မဟုတ်ပေ။

သို့သော် ၎င်းက ပေးလိုက်သော သတိပေးချက်မှာ အလွန် ကြောက်စရာကောင်းလှသည်။ စုံစမ်းစစ်ဆေးခံနေရသည့် အင်အားစု အများအပြားမှာ စိုးရိမ်ထိတ်လန့်လာကြပြီး သူတို့လည်း အကြောင်းမဲ့ စစ်နတ်ဘုရားနန်းတော်၏ လမ်းစဉ်အတိုင်း ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြသည်။

အဘယ်ကြောင့်ဆိုသော် စစ်နတ်ဘုရားနန်းတော် လှုပ်ရှားမှု မပြုမီအထိ အဆင့်မြင့် ပုဂ္ဂိုလ် အတော်များများမှာ ဖြစ်ရပ်တစ်ခုလုံးကို မသိရှိကြသလို ပါဝင်ပတ်သက်ခြင်းလည်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

မည်သူမျှ ဤကဲ့သို့သော ကိစ္စမျိုး သူတို့ထံ ကျရောက်လာမည်ကို မလိုလားကြပေ။ တစ်လကျော်မျှ ခဲခဲယဉ်းယဉ်း ငြိမ်းချမ်းခဲ့သော နေ့ရက်များမှာ ယခုအခါတွင် လူအများ ထိတ်လန့်တုန်လှုပ်ရသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ထန်ထျန်း၏ မေးခွန်းကို မိုရှောင်းရှောင်းက လေးနက်သော လေသံဖြင့် ပြန်ဖြေသည်။ "ပိုင်နိုယီက စစ်နတ်ဘုရားနန်းတော်ရဲ့ ဒုတိယနန်းတော်သခင် တစ်ယောက်ကို အမှန်တကယ်ပဲ ဖော်ထုတ်ခဲ့တယ်၊ ပြီးတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ စုံစမ်းမှုအရလည်း သက်သေ အခိုင်အလုံ ရှိနေတယ်"

"ဒါပေမဲ့ စစ်နတ်ဘုရားနန်းတော်က ရုတ်တရက် ပုန်ကန်တာ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမကို တိုက်ခိုက်တာတွေက လူတိုင်းရဲ့ ထင်မှတ်ချက်ကို ကျော်လွန်နေသလို နေရာတိုင်းမှာလည်း ထူးဆန်းမှုတွေ ရှိနေတယ်"

"ဒုတိယနန်းတော်သခင် တစ်ယောက်တည်းအတွက်နဲ့တော့ သူတို့မှာ ရှိသမျှ အင်အားအကုန် ထုတ်သုံးဖို့ မတန်ဘူးလေ"

"ပြီးတော့ ရှင်သိလား... သူတို့ စည်းကမ်းထိန်းသိမ်းရေးခန်းမကို တိုက်ခိုက်တာက ပိုင်နိုယီကို ကယ်ဖို့ မဟုတ်ဘဲ သတ်ဖို့အတွက်ပဲ"

"စစ်နတ်ဘုရားနန်းတော်က ဘာလို့ ဒီလို လုပ်တာလဲ။ သူတို့က ပိုင်နိုယီရဲ့ ဘာကို ဒီလောက်အထိ ကြောက်နေတာလဲ။ ပိုင်နိုယီမှာ မပြောရသေးတဲ့ ဘာကိစ္စတွေ ရှိနေသေးလို့လဲ"

"ဒီမေးခွန်းတွေအားလုံးမှာ သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်၊ ဆက်ပြီး စုံစမ်းဖို့ လိုအပ်နေသေးတယ်"

ထန်ထျန်း တိတ်ဆိတ်သွားသည်။

ဤကိစ္စမှာ အမှန်တကယ်ပင် သာမန်မဟုတ်လွန်းပေ။

သို့သော် လုချန်းကျီ ပါဝင်ပတ်သက်နေသည့် ကိစ္စများတွင် ဘယ်အရာကမှ သာမန် ဖြစ်ဖူးလို့လဲ။

ကံကောင်းသည်မှာ သူက ထိုသူတို့၏ ကြံစည်မှုများအတွင်း ပါဝင်ရန် မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် အကြောင်းမဲ့ ပြဿနာများစွာ ရင်ဆိုင်ရပေလိမ့်မည်။

ယခုမူ...

ဤရုတ်တရက် ကျရောက်လာသော မုန်တိုင်းမှာ သူ့အတွက်တော့ ကြီးမားသော သက်ရောက်မှု မရှိပေ။

သူကိုယ်တိုင်က ထျန်းချီတောင်တွင် ရှိနေခြင်းဖြစ်ရာ ဤနေရာမှာ လောကအပြင်မှ ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် အပြင်လောကမှ မုန်တိုင်းများ ဝင်ရောက်မလာနိုင်ပေ။ သူက ပုံမှန်အတိုင်း ဆက်လက် ကျင့်ကြံနေရုံသာ ရှိသည်။

အပြင်ဘက်ရှိ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းအတွက်လည်း သက်ရောက်မှု မကြီးမားလှပေ။

အဘယ်ကြောင့်ဆိုသော် ထျန်းဖူနန်းတော် ၏ ကုန်သွယ်ရေးလောကမှာ အတော်အတန် သီးခြားဖြစ်နေသော ကမ္ဘာတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ စစ်နတ်ဘုရားနန်းတော်၏ ပုန်ကန်မှုမှာ ကုန်သွယ်ရေးလောကအတွက်ဆိုလျှင် ထိပ်တန်း ကုန်သွယ်ရေးအသင်းတစ်ခု လဲပြိုသွားခြင်းသာ ဖြစ်သည်။ ၎င်းမှာ ယခင်က ပိုင်နိုယီကြောင့် ရှန်ကျိုးခန်းမ လဲပြိုသွားခြင်းနှင့် အတူတူပင်။

အပြန်အလှန်အားဖြင့် ထျန်းရှထုန်က ယခင်ကအတိုင်း လဲပြိုသွားသော စစ်နတ်ဘုရားနန်းတော်၏ လုပ်ငန်းပိုင်ဆိုင်မှု အားလုံးကို သိမ်းပိုက်ရယူနိုင်ဦးမည် ဖြစ်သည်။

လက်တွေ့တွင်လည်း လီဟုန်မှာ နောက်ဆုံးတွင် လက်စွမ်းပြနိုင်တော့မည် ဖြစ်သည်။

အင်အားစုကြီး တစ်ခုလုံး မရှိတော့လျှင် အဲဒီ အရင်းအမြစ်တွေက ဘာအသုံးကျတော့မှာလဲ။

သစ်ပင်လဲလျှင် မျောက်များ ပြန့်ကျဲသွားကြသလို ပိုင်ဆိုင်မှုများကို ယူကာ ထွက်ပြေးကြမည့်သူများစွာ ရှိနေပေလိမ့်မည်။

ထိုအချိန်တွင် ထန်ထျန်းက သူတို့ရှေ့သို့ ရောက်လာခြင်းမှာ သူတို့ကို ကယ်တင်မည့် နတ်ဘုရားတစ်ပါး ရောက်လာခြင်းနှင့်ပင် တူပေလိမ့်မည်။

ထို့ကြောင့် တစ်နည်းအားဖြင့်ဆိုရလျှင် အပြင်လောကမှာ ပို၍ ရှုပ်ထွေးလေ၊ ပါဝင်ပတ်သက်သည့် အင်အားစုများ ပိုများပြားပြီး ကြီးမားလေ၊ သူက ပို၍ အကျိုးအမြတ် ရရှိလေပင် ဖြစ်သည်။

လီဟုန်၏ တင်ပြချက် ပြီးဆုံးသည်နှင့် ထန်ထျန်းက သူ့ကို စတင် လှုပ်ရှားရန် ခိုင်းစေလိုက်ပြီ ဖြစ်သည်။

"မိုမိသားစု ကော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"

ထန်ထျန်းက မေးလိုက်သည်။

မိုရှောင်းရှောင်းက အသာအယာ သက်ပြင်းချကာ "လူအချို့တော့ ပါသွားတယ်"

"မိုမိသားစုက နှစ်ပေါင်း ထောင်ချီအတွင်းမှာ အမြဲတမ်း တစ်သားတည်း ရှိခဲ့တာ၊ အဆင့်မြင့် ပုဂ္ဂိုလ်တွေ အပြင်လူရဲ့ လွှမ်းမိုးမှု ခံရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"

"ဒါပေမဲ့ အခုတော့ ဖြစ်လာခဲ့ပြီ"

"ကြီးမားတဲ့ သက်ရောက်မှု မရှိနိုင်ပေမဲ့ ဒါက ပေးလိုက်တဲ့ သတိပေးချက်ကတော့ မရိုးရှင်းဘူး"

"မိုမိသားစု တောင်မှ ဒီလိုဖြစ်နေရင် အခြား အင်အားစုတွေဆိုရင်တော့ အပေါက်အပြဲတွေနဲ့ ပြည့်နှက်နေလောက်ပြီ"

"စစ်နတ်ဘုရားနန်းတော်ရဲ့ ပုန်ကန်မှုက နောက်ဆုံးတစ်ခု ဖြစ်လာမှာ မဟုတ်တာတော့ သေချာတယ်"

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

ပိုင်နိုယီ၏ ဖော်ထုတ်ချက်မှ စတင်ကာ ဤမုန်တိုင်းမှာ တရားဝင် ကျရောက်လာခဲ့ပြီ ဖြစ်သည်။

နောင်အနာဂတ် တွင် အင်အားစု မည်မျှ ပါဝင်ပတ်သက်သွားမည်၊ ထျန်းဖူနန်းတော် အတွက် မည်မျှအထိ ဆုံးရှုံးမှု ဖြစ်ပေါ်စေမည်၊ ဤဘေးဒုက္ခအတွင်း လူမည်မျှအထိ သေကျေကြမည်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ပေ။

၎င်းမှာ လုချန်းကျီ၏ ကြံစည်မှု မည်မျှ ကြီးမားသလဲဆိုသည့် အပေါ်တွင်သာ မူတည်ပေလိမ့်မည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ...

သူကတော့ ဘေးမှ ထိုင်ကြည့်ရင်း အကြွင်းအကျန်များကို သိမ်းဆည်းရန်သာ လိုအပ်တော့သည်။

All Chapters