← Chapters

ကျုံးချင်က တကယ်ကြီး ငါတို့ရဲ့ သခင်လား

Vol. 29 Ch. 282

ကျုံးချင်က တကယ်ကြီး ငါတို့ရဲ့ သခင်လား

Vol. 29 Ch. 282

ဖူဝမ်နန်းတော်...

ဤသည်မှာ မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုဖြစ်ကာ...

မြောက်ပိုင်းဒေသရှိ လူတိုင်းအပေါ် ဖိနှိပ်ထားသော တောင်ကြီးလေးလုံးအနက်မှ တစ်လုံးပင်။

ထိုအင်အားစုသည် နှစ်ထောင်ချီတိုင် မညှိုးနွမ်းခဲ့ဘဲ နှစ်သောင်းချီတိုင် မပျက်စီးနိုင်ခဲ့ချေ။

ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ မြောက်ပိုင်းဒေသရှိ သန်းရာထောင်ချီသော သက်ရှိများစွာကို အစဉ်အမြဲ ဖိနှိပ်ထားခဲ့သော ဤတောင်ကြီးမှာ အမှန်တကယ်ကို ပြိုလဲသွားခဲ့လေပြီ။

ဤအရာက မည်သူ့ကိုမဆို အံ့အားသင့်ထိတ်လန့်သွားစေရန် လုံလောက်သည်။

ဟော်လင်းအာ၏စိတ်နှလုံးသားထဲတွင် လှိုင်းထနေသော ခံစားချက်များ မြင့်တက်လာပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တောင့်တင်းသွားပေ၏။

ဤအစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် တိုက်ပွဲသည် သူရဲကောင်းများအားလုံးကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး မရေမတွက်နိုင်သော သွေးထွက်သံယိုမှုများကို မလွဲမသွေ ဖြစ်ပေါ်စေမည်ကို သူမ သိထားခဲ့သည်။

သို့သော် ယခုအချိန်၌ အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ အရိပ်အယောင်မျှပင် ပေါ်မလာသေးဘဲ ဖူဝမ်နန်းတော်ကမူ ဖျက်ဆီးခံရလုနီးပါး ဖြစ်နေခဲ့လေပြီ။

ဤသည်က သူမ၏စိတ်နှလုံးသားထဲတွင် အလွန်အမင်း မယုံကြည်နိုင်ဖွယ်ကောင်းသော အိပ်မက်ဆန်သည့် ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် သူမသည် အနိုင်ရရှိသွားသော ဘက်ကို ကြည့်လိုက်၏။

သူမသည် သေချာကြည့်လိုက်ပြီးနောက် ထိုသူများမှာ သူမ လုံးဝရန်မစဝံ့သောသူများ ဖြစ်နေကြောင်း သိလိုက်ရသည်။

ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်း...

ဤဂိုဏ်းနှစ်ဂိုဏ်းလုံးသည် မြောက်ပိုင်းဒေသရှိ ပထမတန်းစားအင်အားစုဆယ်စု စာရင်းဝင်များ ဖြစ်ကြ၏။

သူမ၏နားလည်မှုအရ ဤအင်အားစုနှစ်စုသည် ဖူဝမ်နန်းတော်ကို ဖျက်ဆီးနိုင်စွမ်း မရှိပုံရသည်။ သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူမအတွက် မည်သည့်အင်အားစုမဆို မိုးကုတ်စက်ဝိုင်းကဲ့သို့ ကြီးမားသော အရာများ ဖြစ်နေခဲ့သည်။

သူမ၏ ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်သည် ဝေးလံခေါင်ဖျားသည့် ဒေသတချို့တွင် ဆိုပါက ဒေသခံအာဏာရှင် သို့မဟုတ် ခေါင်းဆောင်တစ်ဦးဟူသော ဘွဲ့ကို ရရှိရန် လုံလောက်နိုင်သည်။ သို့ရာတွင် ဤပထမတန်းစား အင်အားစုနှစ်စု၏ရှေ့တွင်မူ ဤသည်က လုံးဝအရေးမပါလှချေ။

အကယ်၍ ပဋိပက္ခတစ်ခုသာ ဖြစ်ပွားလာပါက တစ်ဖက်လူသည် အကြီးအကဲတစ်ဦးကို ပေါ့ပေါ့ပါးပါး စေလွှတ်လိုက်ရုံဖြင့် သူမကို လွယ်လင့်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။

ဟော်လင်းအာကို ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်စေခဲ့သည့်အရာမှာ တခြားကိစ္စတစ်ရပ်ပင်။

ဤအချိန်၌ ထိုဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များသည် ကြက်တစ်ကောင်ရှေ့တွင် အမှန်တကယ်ကို ခါးညွှတ်ကာ အရိုအသေပေးနေကြပြီး အလွန်အမင်း မြှောက်ပင့်ဖားယားသော စကားများကို ပြောဆိုနေကြသည်။

ထိုကြက်နှင့်အတူ သူမ အကဲခတ်၍ မရနိုင်သော တခြားတည်ရှိမှု ဆယ့်နှစ်ခုလည်း ရှိနေပေ၏။

တချို့က ဝက်များ တချို့က ဘဲများ တချို့က နွားများ ဖြစ်ကြပြီး ကြွင်းကျန်သည်မှာစာခြောက်ရုပ်တစ်ကောင် ဖြစ်နေခဲ့သည်။

ထူးဆန်းသောပုံစံရှိသည့် သက်ရှိဆယ့်သုံးကောင်သည် လူအုပ်ကြားထဲတွင် အလွန်ထူးခြားစွာ ပေါ်လွင်နေခဲ့ပေ၏။

ဖြစ်နိုင်သည်မှာ ...

ဤတည်ရှိမှုများသည် ဖူဝမ်နန်းတော်ကို ဖျက်ဆီးခဲ့သည့် အစစ်အမှန် ထိပ်သီးကျင့်ကြံသူများ ဖြစ်နေသလော...

ဤသည်က အနည်းငယ် မယုံနိုင်ကြည်နိုင်စရာ ကောင်းလွန်းနေသည်။

ဤမြင်ကွင်းသည် ဟော်လင်းအာအား နှစ်တစ်ရာခန့် ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်ဟု ဆိုရပေမည်။

သူမ ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုအားလုံးကို ပေါင်းလိုက်လျှင်ပင် ယနေ့ သူမ ကြုံတွေ့နေရသည့် အရာလောက် များပြားခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအနေဖြင့် ဟော်လင်းအာတွင် ထူးခြားသော အရည်အသွေးများ ရှိနေခဲ့သည်။ အချိန်တခဏအတွင်းမှာပင် သူမသည် မြင်တွေ့ ကြားသိခဲ့ရသည့် အရာများမှတဆင့် အခြေအနေကို ခုနစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပေ၏။

ထိုအခြေအနေနှင့်အတူ ချက်ချင်းကပ်ပါလာသည်မှာ စိုးရိမ်ပူပန်မှုပင်။

ဖူဝမ်နန်းတော်ကို ဖျက်ဆီးနိုင်သည့် တည်ရှိမှုမျိုးက သူမ ရန်မစဝံ့သည့် တည်ရှိမှုမျိုး ဖြစ်နိုင်သည် မဟုတ်လော....

သူမနှင့်ကျုံးချင်တို့၏ ရုတ်တရက် ရောက်ရှိလာမှုက သူတို့၏မကျေနပ်မှုကို ဖြစ်စေနိုင်သည် မဟုတ်လော....

ဤကျင့်ကြံခြင်းကမ္ဘာတွင် စွမ်းအားကြီးမားသောဂိုဏ်းများအနက် အများစုသည် အလွန်အာဏာပြလေ့ရှိသည်။ သူတို့သည် တစ်စုံတစ်ခု လုပ်ဆောင်သည့်အချိန်တိုင်း ပတ်ဝန်းကျင်ကို ရှင်းလင်းလေ့ရှိကြောင်း သိထားရပေမည်။

အပြင်လူများ ရောက်ရှိလာမှုနှင့် ပတ်သက်၍ မည်သည့် ရည်ရွယ်ချက်ကြောင့်ဖြစ်စေ သူတို့သည် မည်သူ့ကိုမဆို လွှတ်ပေးလိုက်ခြင်းထက် မှားယွင်းစွာ သတ်ဖြတ်ခြင်းကိုသာ အမြဲတစေရွေးချယ်တတ်ကြသည်။

ဤသည်က လေလွင့်ကျင့်ကြံသူတစ်ဦး၏ အကူအညီမဲ့မှုလည်း ဖြစ်ပေ၏။

အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် မည်သည့်အချိန်တွင် တစ်စုံတစ်ဦး၏ ပေါင်းပင်များကဲ့သို့ ရှင်းလင်းခြင်းကို ခံရမည်အား ကြိုတင်သိရှိနိုင်မည် မဟုတ်သောကြောင့်ပင်။

ဟော်လင်းအာသည် သူမ၏တည်ရှိမှုကို အတတ်နိုင်ဆုံး မထင်ပေါ်ရန် ကြိုးစားနေပြီး ကျုံးချင်နှင့်အတူ ဂရုတစိုက် နောက်ဆုတ်ချင်နေချိန်မှာပင်...

ကျုံးချင် မျက်မှောင်ကြုတ်လိုက်သည်ကို သူမ မြင်တွေ့မိပေ၏။

သူက တိုက်ရိုက်ဆိုသလိုပင် ရှေ့သို့တက်လှမ်းသွားခဲ့သည်။

"ကြက်ပေါက်စတစ်... ခွေးမသားတွေ... ငါက မင်းတို့ကို လူကာကွယ်ပေးဖို့ ပြောထားတာကို မင်းတို့က ငါ့အတွက် ပြဿနာတွေပဲ ဆက်တိုက် ဖန်တီးနေကြတယ်.... ဘာတွေ ဖြစ်နေတာလဲ..."

ကျုံးချင် စကားပြောဆိုလိုက်သည်နှင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး ထိတ်လန့်သွားကြသည်။

မရေမတွက်နိုင်သော အကြည့်များသည် အသံလာရာဆီသို့ ကျရောက်သွားကြပြီး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူငယ်သည် ခန့်ညားထည်ဝါပြီး ယောက်ျားဆန်သော အသွင်အပြင်ရှိနေကာ အလွန်ထူးခြားမြင့်မြတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

ဤသည်မှာ လောကီလောကသို့ နှင်ချခံရသော အင်မော်တယ်တစ်ပါး ဆင်းသက်လာသည့်အလားပင်။

အကယ်၍ ပုံပန်းသွင်ပြင်ကိုသာ သီးသန့် အကဲဖြတ်မည်ဆိုပါက လူများအားလုံးသည် အလွန်ကောင်းမွန်သော ရုပ်ရည်နှင့် စိတ်နေသဘောထားရှိသည့် လူအမြောက်အများကို မြင်တွေ့ဖူးခဲ့ပြီးဖြစ်သည်။ ယခင်က ထွက်ပေါ်လာခဲ့သော ချင်းမင်ပင်လျှင် အလွန် ထူးခြားသည့် အထွတ်အထိပ် တည်ရှိမှုကြီးတစ်ခုဖြစ်သော်လည်း ကျုံးချင်နှင့် ယှဉ်လိုက်ပါက သူသည် ခြေလှမ်းတစ်ဝက်စာခန့် နိမ့်ကျနေပေ၏။

ယနေ့တွင် နောက်ထပ်မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာတော့မည် မဟုတ်လော....

လူများအားလုံးအတွက် ယနေ့တွင် မမျှော်လင့်ထားသော အဖြစ်အပျက်များက လွန်စွာများပြားနေခဲ့လေပြီ။

ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် ရုတ်တရက် ထွက်ပေါ်လာသော ကျုံးချင်ကို ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ကြက်ပေါက်စတစ်နှင့် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးအပြင် စာခြောက်ရုပ်ပင်လျှင် သူတို့၏စိတ်နှလုံးသားများထဲတွင် နတ်ဘုရားများကဲ့သို့ ဖြစ်နေခဲ့လေပြီ။

ထို့ပြင် သူတို့၏နာမည်များကို ခေါ်ဆိုနိုင်ပြီး သူတို့နှင့် ဤကဲ့သို့ လေသံမျိုးဖြင့် စကားပြောနိုင်သူ....

ဤလူသည်...

ရုတ်ချည်းသလိုပင် သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။

သူတို့ကဲ့သို့ စိတ်နှလုံးသား မငြိမ်မသက် ဖြစ်နေသော နောက်တစ်ဦးမှာ ဟော်လင်းအာပင်။

သူမက မူလက ကျုံးချင်ကို ဆွဲခေါ်ကာ တိတ်ဆိတ်စွာ နောက်ဆုတ်ရန် အလိုရှိခဲ့သည်။

သို့သော် သူက ဤကဲ့သို့ မိုက်မဲစွာ ရှေ့ထွက်ရပ်လိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။

လူများအားလုံး၏အာရုံစိုက်မှုအောက်တွင် ဤကဲ့သို့ ရုတ်တရက် လှုပ်ရှားမှု ပြုလုပ်ခြင်းက အမှန်တကယ်ကို အလွန်မိုက်မဲသည်ဟု ဆိုရပေမည်။

သို့သော် ဤသည်က သူ အစွမ်းပြရမည့် အချိန်လော...

အကယ်၍ ဤသည်က တစ်ဖက်လူ၏မကျေနပ်မှုကို ဖြစ်စေခဲ့ပါက သူမ၏အသက်လည်း ပါသွားနိုင်သည်။

ဤအချိန်၌ ဟော်လင်းအာ၏စိတ်အခြေအနေသည် ကျုံးချင်ကြောင့် လုံးလုံးလျားလျား ပြိုကွဲသွားခဲ့လေပြီ။

အသုံးမကျသော အပေါင်းအဖော်တစ်ဦး၏ ဒုက္ခပေးခြင်းကို ခံရသည်မှာ မည်သို့ရှိသည်အား သူမ ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

သို့သော် အခြေအနေသည် သူမ ခန့်မှန်းထားသော ရလဒ်နှင့် လုံးလုံးလျားလျား ကွာခြားနေသည်။

ကျုံးချင် ထွက်ပေါ်လာပြီး စကားပြောဆိုလိုက်သည်နှင့် ကြက်ပေါက်စတစ်နှင့်နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးတို့သည် အလွန်အမင်း ဝမ်းသာသွားကြ၏။

"သခင်..."

သူတို့သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ထွက်လာကြပြီး ကျုံးချင်၏ရှေ့၌ ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြ၏။

ထို့ပြင် ကျောချမ်းဖွယ်ကောင်းလှသော ထိုစာခြောက်ရုပ်ကလည်း ကျုံးချင်၏အနောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့သည်။

ဤမြင်ကွင်းက ဖူဝမ်နန်းတော်မှ အသက်ရှင်ကျန်ရစ်သူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ် တို့ မည်မျှထိ စွမ်းအားကြီးမားကြောင်းကို လူများအားလုံး ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပေ၏။

ပထမအနေဖြင့် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးအနက်မှ ကြက်ပေါက်စတစ် တစ်ကောင်တည်းကပင် သူတို့ဖူဝမ်နန်းတော်ဘက်ရှိ ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူများအားလုံးကို ရှင်းလင်းခဲ့သည်။

ထို့နောက် ဘဲခုနစ် ရောက်ရှိလာကာ သူသည် ယန်သုံးပါးနယ်ပယ်အလွန် တည်ရှိမှုတစ်ခုဖြစ်သော ဖူဝမ်နန်းတော်၏ဘိုးဘေးကို သတိလစ်သွားသည်အထိ တိုက်ရိုက်ကန်ကျောက်ခဲ့ပေ၏။

ဤသူများအနက်မှ မည်သူက သာမန်ထက်ကျော်လွန်သော ထိတ်လန့်ဖွယ်တည်ရှိမှု မဟုတ်သနည်း...

ထို့နောက် စာခြောက်ရုပ်ပင်။ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို လက်ရည်တူတိုက်ခိုက်နိုင်သည့် အလွန်လျှို့ဝှက်ဆန်းကြယ်သော ပြင်ပနယ်မြေမှ ဧည့်သည်တော်နှစ်ဦးပင်လျှင် သူ၏လက်ထဲတွင် လုံးလုံးလျားလျား အစွမ်းအစမဲ့နေခဲ့သည်။

သူသည် ထိုလူနှစ်ယောက်ကို ပေါင်းပင်များ ရှင်းလင်းသကဲ့သို့ လွယ်လင့်တကူ ချေမှုန်းပစ်ခဲ့သည်။

ဤမျှထိ ထိတ်လန့်ဖွယ်ကောင်းလှသော တည်ရှိမှုအုပ်စုကြီးသည် ယခုရောက်လာသူကို သခင်ဟု အမှန်တကယ် ခေါ်ဝေါ်နေကြသလော...

ထိုသို့ဆိုလျှင် ဤလူသည် မည်သူ ဖြစ်နိုင်မည်နည်း...

သူသည် မည်ကဲ့သို့ နောက်ခံနှင့် စိတ်ကူးမယဉ်နိုင်လောက်အောင် စွမ်းအားကြီးမားသည့် အင်အားကို ပိုင်ဆိုင်ထားမည်နည်း...

လူများအားလုံးသည် ဤအရာကို တွေးတောကြည့်ရန်ပင် အခက်တွေ့နေခဲ့ကြ၏။

ထို့ပြင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ဦးဆောင်သော အဖွဲ့သည်လည်း အဆုံးမရှိသော တုန်လှုပ်မှုကြီးထဲသို့ ကျဆင်းသွားခဲ့ကြသည်။

သူတို့ အညံ့ခံခဲ့ရစဥ်ကတည်းက နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် နောက်ကွယ်တွင် သခင်တစ်ဦး ရှိကြောင်းကို သူတို့အား ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။

ထို့နောက် သူတို့သည် သူ၏နာမည်ကိုသာ အမြဲတစေ ကြားခဲ့ရပြီး သူ့ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ရချေ။

သူတို့၏အမြင်အရ ဤမြို့တော်၏ပိုင်ရှင်သည် တောင့်တင်းသန်မာပြီး ထူးခြားကာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိရပေမည်။

သို့သော် သူသည် ဤမျှထိ ပြိုင်ဘက်ကင်းချောမောသော ရုပ်ရည်နှင့် အရှိန်အဝါရှိသည့် လူငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။

"ကျွန်တော်တို့က သခင်ကို ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သပါတယ်..."

မကြာမီမှာပင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ လူများသည်လည်း တစပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

တစ်ဖက်လူသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ၏သခင်ပင်။ သူတို့ကမူ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးမှ အညံ့ခံစေခဲ့သော လက်အောက်ငယ်သားများ ဖြစ်ကြ၏။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျုံးချင်သည် သူတို့၏ အစစ်အမှန် အရှင်သခင် ဖြစ်နေသည်။

ဤခရီးစဉ်တွင် လိုက်ပါလာသော ဂိုဏ်းနှစ်ဂိုဏ်းမှလူအားလုံးသည် လက်ရွေးစင်များ ဖြစ်သည်ဟု ဆိုရပေမည်။

သူတို့၏အရေအတွက်သည် တစ်ထောင်ထက် ကျော်လွန်နေပေ၏။

သူတို့အနက် ထက်ဝက်ကျော်မှာ ယင်သုံးပါးနယ်ပယ်အထက်ရှိ တည်ရှိမှုများပင်။

ထောင်ပေါင်းများစွာသော လူများ တပြိုင်နက်တည်း ဒူးထောက်လိုက်ကြပြီး သူတို့၏ အသံများက မိုးကောင်းကင်ယံကို ဖောက်ထွင်းကာ တိမ်တိုက်များကိုပင် တုန်ခါသွားစေသည့်အလား ကျယ်လောင်လှသည်။

ဤမြင်ကွင်းသည် ဟော်လင်းအာအတွက် သံသယဝင်စရာ မလိုလောက်အောင် ကြီးမားလှသော ထိတ်လန့်တုန်လှုပ်စေမှုကြီးတစ်ခုပင်။

"ဒါက... ဘာတွေ ဖြစ်နေတာလဲ..."

ကျုံးချင်သည် အမှန်တကယ်ကို သူတို့၏အရှင်သခင် ဖြစ်နေသလော..

သူမ၏တွေးတောဆင်ခြင်နိုင်စွမ်း သုံးစက္ကန့်ခန့် ရပ်တန့်သွားပေ၏။

ဤသည်မှာ သူမ၏ဦးနှောက်မှ မီးခိုးတလူလူ ထွက်နေသည့်အလားပင်။

သူမ၏စိတ်အခြေအနေသည်လည်း လုံးလုံးလျားလျား ပြိုကွဲသွားခဲ့လေပြီ။

သူမက သာမန်လေလွင့်ကျင့်ကြံသူလေးတစ်ဦးဟု သတ်မှတ်ထားခဲ့သော ဤအမျိုးသားသည် အမှန်တကယ်ကို မိုးကောင်းကင်အား အန်တုနိုင်သော နောက်ခံမျိုး ရှိနေခဲ့သလော...

ဖူဝမ်နန်းတော်ကို အောင်နိုင်ခဲ့သည့် အင်အားစုက သူ့အား သူတို့၏ခေါင်းဆောင်အဖြစ် အမှန်တကယ် သတ်မှတ်ကာ ရိုသေလေးစားနေကြ၏။

မြောက်ပိုင်းဒေသတွင် ဤမျှထိ စွမ်းအားကြီးမားသော လူတစ်ယောက် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း...

ဤမျှထိ ထိတ်လန့်ဖွယ် ကောင်းလှသော အင်အားစုက မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း...

All Chapters