နေ့စဉ်ဘဝ
Vol. 29 Ch. 286
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဟော်လင်းအာ သည် မီးပုံဘေးတွင် လဲလျောင်းနေပြီး မူးယစ်နေပုံရကာ လက်ငယ်လေး တစ်ဖက်က အဆက်မပြတ် ဆန့်တန်းနေပေ၏။
"ရေ..."
သူမ၏မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားပြီး နှုတ်ခမ်းများ ဖြူရော်နေကာ မသိစိတ်ဖြင့် ရေရွတ်နေခဲ့သည်။
ကျုံးချင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အဲ့ဒီတော့ သူက သောက်ဖို့ ရေရှာချင်ရုံ သက်သက်လား...
ပြီးတော့ သူရှိတဲ့နေရာကို လာခဲ့တာလား...
ပတ်ဝန်းကျင်ရှိ မီးပုံသည် လင်းလိုက်မှိန်လိုက်ဖြင့် တဖျပ်ဖျပ်လောင်ကျွမ်းနေပေ၏။
ဤသည်က ကျုံးချင်၏ စိတ်ရှုပ်ထွေးနေသော အမူအယာကို ရောင်ပြန်ဟပ်နေခဲ့သည်။
သူသည် အစခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဟော်လင်းအာ၏ လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ... ထိုသို့ ဟုတ်ပုံမရချေ။
ကျုံးချင်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအလင်းရောင်များ တောက်ပလာပြီး လေဟာနယ်အတွင်းတွင် ရေတစ်စက် တိုက်ရိုက်ဖွဲ့စည်းသွားကာ ဟော်လင်းအာ၏ ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားခဲ့သည်။
ဤမိန်းကလေးသည် အပျိုစင်တစ်ဦး ဖြစ်ကြောင်း သူ သိနိုင်သဖြင့် သူမသည် ထိုမျှထိ ပေါ့ပေါ့ဆဆနေတတ်သူတစ်ဦး မဖြစ်သင့်ချေ။
"ဖြစ်နိုင်တာတော့ ဒါက မရည်ရွယ်ဘဲ လုပ်မိတဲ့ အမှားတစ်ခု ဖြစ်မယ်..."
နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာလေပြီ။
အဝေးတစ်နေရာတွင် နတ်ဆိုးစွမ်းအင်များ တဝုန်းဝုန်းထနေခဲ့သည်။
ကျုံးချင်သည်လည်း သူ၏အိပ်ချင်စိတ်များ ပျောက်ကွယ်သွားခဲ့ကာ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် မတ်မတ် ထိုင်လိုက်သည်။
နတ်ဆိုးမြို့တော် အတွင်းတွင် နေ့နှင့်ည အပြောင်းအလဲ မရှိချေ။ အချိန်ကုန်ဆုံးသွားမှုကို ခံစားသိရှိရန် တစ်စုံတစ်ယောက်သည် သူ၏အာရုံခြောက်ပါးကိုသာ အားကိုးရပေမည်။
တစ်ညခန့် ကြာမြင့်ပြီးနောက်...
ညည်းညူသံ သဲ့သဲ့လေးနှင့်အတူ ဟော်လင်းအာ သည် ဖြည်းညင်းစွာ နိုးထလာပေ၏။
"အစ်ကိုကျုံး..."
နူးညံ့သော ခေါ်သံလေး...
ဟော်လင်းအာသည် သူမ၏နဖူးကို ပွတ်သပ်ကာ ကျုံးချင်အား နှုတ်ဆက်လိုက်သည်။
ကျုံးချင်က သူမကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။
သူမ၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်မှု တစ်ခုကိုမျှ မတွေ့ရသဖြင့် သူ၏စိတ်နှလုံးသားထဲရှိ နောက်ဆုံးလက်ကျန် သံသယများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
"သွားကြစို့...ဒီနေ့ ငါ မင်းကို တခြားနေရာတွေ လိုက်ပြမယ်..."
သူတို့နှစ်ယောက်သား ထပ်မံ၍ ထွက်ခွာခဲ့ကြသည်။
ဤခရီးစဉ်တွင် ခရီးဆုံးပန်းတိုင် မရှိသလို အပြန်ရက်လည်း မရှိချေ။
တောင်တန်းများကြားတွင် ပဲ့တင်ထပ်နေသော ဟော်လင်းအာ၏ ရွှင်လန်းတက်ကြွသည့် အသံသာ ရှိနေခဲ့သည်။
"အစ်ကိုကျုံး ရှင်ရဲ့ အတိတ်က ဇာတ်လမ်းတွေအကြောင်း ကျွန်မကို ပြောပြလို့ရမလား..."
"ရှင်လို ထူးခြားတဲ့ အမျိုးသားတစ်ယောက်ကို သဘောကျတဲ့ မိန်းကလေးတွေ လောကကြီးထဲမှာ အများကြီး ရှိနေလိမ့်မယ်..."
"ရှင် အရင်က ပြောခဲ့တဲ့ ပိုင်လင်းဆိုတာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ က တစ်ယောက်လား...ရှင်နဲ့ သူ့ရဲ့ ဇာတ်လမ်းကို ပြောပြလို့ ရမလား..."
လမ်းတစ်လျှောက်တွင် ဟော်လင်းအာသည် သဘာဝအကျင့်စရိုက်တစ်ခုကို လွှတ်ပေးလိုက်သည့်အလား မနားတမ်း စကားပြောဆိုနေခဲ့သည်။
ဤတောင်တန်းများကြားရှိ အနီရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုသည် အမှန်တကယ်ကို ထူးဆန်းသော လိုက်ဖက်မှုတစ်ခု ရှိနေခဲ့ပေ၏။
ဤမိန်းကလေး၏သိချင်စိတ်က အမှန်တကယ်ကို ပြင်းထန်လွန်းနေကာ သူမက ကျုံးချင်နှင့် ပတ်သက်သမျှ အရာအားလုံးကို စိတ်ဝင်စားနေပုံရသည်။
ကျုံးချင် မဆွေးနွေးချင်သော အကြောင်းအရာများအတွက်ကမူ သူမက အလွန်အကင်းပါးစွာဖြင့် ထပ်မံ၍ မေးမြန်းခြင်း မပြုချေ။
ထိုမေးခွန်းများကြားတွင် သူမသည် သူမ၏ဘဝအတွေ့အကြုံ တချို့ကိုလည်း ပြောဆိုခဲ့သည်။
သူမ၏ဝမ်းသာမှု ဝမ်းနည်းမှု အချစ်နှင့် အမုန်းစသည့် အရာများကို ကျုံးချင်နှင့်အတူ မျှဝေနေခဲ့သည်။
ဤခံစားချက်က အတော်လေး အံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။
သူတို့နှစ်ယောက်သား လမ်းတစ်လျှောက်၌ လမ်းလျှောက်လိုက် အနားယူလိုက် လုပ်ခဲ့ကြသည်။
သူတို့၏ခြေရာများသည် နတ်ဆိုးမြို့တော်၏ နေရာအတော်များများကို လွှမ်းခြုံထားပြီး ဖြစ်ပေ၏။
တစ်ခါတစ်ရံတွင် ဟော်လင်းအာသည် ကျုံးချင်၏နောက်မှ နောက်လိုက်ငယ်လေးတစ်ဦးကဲ့သို့ လိုက်ပါလာတတ်သည်။
တစ်ခါတစ်ရံတွင် သူမသည် မိတ်ဆွေတစ်ဦးကဲ့သို့ ဘဝ၏အမြင်သုံးရပ်ကို ကျုံးချင်နှင့် ဆွေးနွေးတတ်ပေ၏။
သူမ ပျော်ရွှင်ချိန်၌ အထိန်းအကွပ်မရှိ အော်ဟစ်ရယ်မောတတ်သည်။
သူမ၏ရယ်သံမှာ ကူးစက်တတ်ပုံရကာ ကျုံးချင်၏စိတ်အခြေအနေပင် အနည်းငယ်ပို၍ လွတ်လပ်ပေါ့ပါးလာခဲ့သည်။
တစ်နေ့တွင် သူတို့နှစ်ဦးသည် ချောက်ကမ်းပါး ရေတံခွန်တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
ရေတံခွန်အောက်တွင် သီးခြားဖြစ်နေသော ရေခဲကန်တစ်ခုရှိပြီး နတ်ဆိုးစွမ်းအင်အငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေခဲ့သည်။
ထိုစမ်းရေကန်၏နံဘေးပတ်လည်တွင် သစ်ပင်ပန်းမန်များ ပေါက်ရောက်နေကြပြီး သွေးကဲ့သို့ နီရဲနေသည်။
"အစ်ကိုကျုံး ကျွန်မတို့ ဒီနေရာမှာ ခဏနားကြရအောင်... ဘယ်လိုလဲ..."
ဟော်လင်းအာက ရွှင်လန်းသော လေသံဖြင့် ပြောဆိုပြီး လမ်းဘေးမှ အနီရောင် ပန်းလေးတစ်ပွင့်ကို သူမ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်၍ ခူးလိုက်သည်။
သို့သော် အချိန်တခဏအကြာမှာပင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ သူမ လဲကျသွားခဲ့သည်။
ဤပန်းသည် အဆိပ်ရှိနေခဲ့ကာ အဆိပ်ပြင်းအားသည်လည်း မနိမ့်ကျကြောင်း သိသာထင်ရှားသည်။
ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် တိုက်ရိုက်မေ့လဲသွားခဲ့သည်။
ကျုံးချင်၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ပေ၏။
ဒီကောင်မလေး...
တစ်နေ့လုံး သူမ၏ အတိတ်က အတွေ့အကြုံများ မည်မျှထိ အန္တရာယ်များကြောင်းနှင့် လေလွင့်ကျင့်ကြံသူတစ်ဦး၏ဘဝက မည်မျှထိ စိတ်လှုပ်ရှားဖွယ် ကောင်းကြောင်း သူမက သူ့အား ကြွားလုံးထုတ်နေခဲ့သည်။
သူမသည် သဘောတရားအရသာ လေလုံးထွားနေခြင်းဖြစ်ကြောင်း သိသာထင်ရှားသွားခဲ့လေပြီ။
အနီရောင် ပန်းလေးတစ်ပွင့်က သူမကို မေ့လဲသွားစေခဲ့သလော...
သူ အတော်လေး ပြောစရာစကား မဲ့သွားသော်လည်း...
ကျုံးချင်သည် ချက်ချင်းရှေ့သို့တက်သွားကာ ဖြေဆေးတစ်လုံးကို တိုက်လိုက်သေး၏။
ဤနှစ်များတစ်လျှောက် သူသည် တစ်နေ့တစ်ကြိမ် တက်ရောက်စာရင်းသွင်းခဲ့ပြီး သူရရှိသော ပစ္စည်းများမှာ အမျိုးအစား စုံလင်သည်။
ထိုအရာများအနက် အဆိပ်အားလုံးကို ပျောက်ကင်းစေနိုင်သည့် စိတ်ဝိညာဉ်ဆေးလုံး များလည်း ပါဝင်ပေ၏။
စနစ် မှ ထုတ်လုပ်ထားသဖြင့် ထိုဆေးလုံးများသည် အရည်အသွေးမြင့်မားပေလိမ့်မည်။
သူမ၏ပါးစပ်ထဲသို့ ထိုဆေးလုံး ဝင်သွားသည်နှင့် ဟော်လင်းအာ၏အခြေအနေမှာ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။
သူမသည် အနည်းငယ် အားနည်းနေဆဲ ဖြစ်သော်လည်း အန္တရာယ်ကင်းသွားလေပြီ။
"အစ်ကိုကျုံး ကျွန်မ...ကျွန်မ သေတော့မှာလား..."
ဟော်လင်းအာသည် မူးဝေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေသည်ဟုသာ ခံစားရကာ သူမ၏နူးညံ့သော မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပေ၏။
သေမင်းနှင့် ဤမျှထိ နီးကပ်နေသည်ဟု သူမ ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ကျုံးချင်က သူမ၏နဖူးကို မညှာမတာ ခေါက်လိုက်သည်။
"အများကြီး တွေးမနေနဲ့ မင်း ဘာမှမဖြစ်ဘူး.... ယမမင်းက မင်းရဲ့အသက်ကို ယူချင်ရင်တောင် ငါ သဘောတူလားလို့ အရင်မေးရလိမ့်မယ်..."
သူ၏တည်ငြိမ်သော စကားလုံးများတွင် ပြိုင်ဘက်ကင်းသော ယုံကြည်မှုနှင့် လွှမ်းမိုးနိုင်စွမ်းတစ်ခု ပါဝင်နေပေ၏။
ဤသည်က ဟော်လင်းအာ၏ စိတ်နှလုံးသားကို နက်ရှိုင်းစွာ တုန်ရီသွားစေခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
ဤအချိန်၌ သူမသည် ကျုံးချင်ထံမှ မကြုံစဖူးသော လုံခြုံမှုနှင့်နွေးထွေးမှုကို အမှန်တကယ် ခံစားလိုက်ရသည်။
သို့သော် နောက်ဆက်တွဲ ရောက်လာသည်မှာ ရှက်ရွံ့မှုပင်။
သူမတို့ ပထမဆုံး တွေ့ဆုံချိန်က သူမသည် ကျုံးချင်အား ကျင့်ကြံခြင်းလောက၏ အတွေ့အကြုံများကို အဆက်မပြတ် သင်ကြားပေးခဲ့သည်အား သူမ မှတ်မိနေသေးသည်။
ယခု၌မူ သူမသည် ပန်းလေးတစ်ပွင့်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရလေပြီ။
အချိန်တခဏကြာသည်အထိ သူမ၏မျက်နှာသည် အရှက်ရမှုသက်သက်ကြောင့် အလွန်နီရဲလာခဲ့သည်။
ကျုံးချင်သည် သူမ၏ အနေရခက်မှုကို မြင်တွေ့မိပေ၏။
ယခုချိန်၌ ဟော်လင်းအာ လိုအပ်နေသည်မှာ နှစ်သိမ့်မှုနှင့်ဂရုစိုက်မှု မဟုတ်ဘဲ အချိန်အနည်းငယ်နှင့် ကိုယ်ပိုင်နေရာလေးတစ်ခုပင်။
ဤသည်ကို တွေးမိသဖြင့် သူက သူမကိုလှည့်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်ထဲကအဆိပ် ပြယ်သွားပြီဆိုပေမဲ့ မင်းက အရမ်း အားနည်းနေသေးတယ်...ကောင်းကောင်း အနားယူလိုက်အုံး...ငါ တောကောင် သွားရှာလိုက်အုံးမယ်..."
သူ၏အသံ ကျရောက်လာသည်နှင့် သူသည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။
ကျုံးချင် ဤမျှထိ လျင်မြန်စွာ ထွက်ခွာသွားခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
သူ ဤနေရာ၌ ထပ်နေပါက ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။
ဤသည်က ဟော်လင်းအာကို ပို၍ပင် ရှက်ရွံ့သွားစေနိုင်သည်။
ပန်းလေးတစ်ပွင့်ကို နမ်းရင်း သူမသည် သူမကိုယ်သူမ သေလုနီးပါးဖြစ်အောင် လုပ်ခဲ့မိသည်။
ထိုကဲ့သို့ တုံးအသော်လည်း အပြစ်ကင်းသော လုပ်ရပ်က ကျုံးချင်၏ရယ်ချင်စိတ်ကို တစ်နည်းနည်းဖြင့် နှိုးဆွသွားခဲ့သည်။
ကျုံးချင် ထွက်ခွာသွားသည်နှင့် ဟော်လင်းအာက ပူထူနေသော သူမ၏မျက်နှာကို နာကျင်စွာ အုပ်ထားလိုက်၏။
အရမ်း ရှက်စရာကောင်းတာပဲ...
အရမ်း ရှက်ဖို့ကောင်းတယ်...
သူမ၏တုံးအသော အပြုအမူက ကျုံးချင်၏ စိတ်ထဲတွင် သူမကို တုံးအသော မိန်းကလေး တစ်ယောက်အဖြစ် ပုံရိပ်ထင်သွားစေနိုင်သလော....