← Chapters

လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှု

Vol. 29 Ch. 283

လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှု

Vol. 29 Ch. 283

ကျုံးချင်၏သရုပ်မှန်က ဟော်လင်းအာအား အလွန်အမင်း မယုံနိုင်စရာ ဖြစ်စေခဲ့သည်။

သူမက တစ်ချိန်က လေလွင့်ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ကာ စောင့်ရှောက်ပေးရန် ရည်ရွယ်ခဲ့သူမှာ....

အမှန်အားဖြင့် ပုန်းကွယ်နေသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဤမျှထိ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

အချိန်တခဏအတွင်းတွင် သူမသည် သူနှင့်အတူရှိခဲ့သည့် အချိန်များ၏ အသေးစိတ် အချက်အလက်တိုင်းကို ပြန်လည်၍ အမှတ်ရလာခဲ့သည်။

သူမ၏မျက်နှာ ပြင်းထန်စွာ ပူထူလာသည်ကို သူမ ခံစားမိပေ၏။

အစောပိုင်းက ကျုံးချင်၏အသက်ကို သူမက ကယ်တင်ခဲ့သည်ဟု ရိုးအစွာ တွေးထင်ခဲ့မိသည်။

ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံမှုဆိုသည်မှာ အရှေ့ပိုင်းဒေသတွင် ဒဏ္ဍာရီတစ်ခု ဟုတ်မဟုတ်ကိုပင် သူမက သူ့အား မေးမြန်းခဲ့သည်။

သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကိုပင် မတတ်နိုင်လောက်ဟု သူမ တစ်ချိန်က တွေးတောခဲ့ဖူးသည်။

ယခု၌မူ သူမသည် ငတုံးတစ်ယောက်သာ ဖြစ်ကြောင်း သူမ နားလည်သွားခဲ့လေပြီ။

ဤကဲ့သို့ လူစာမျိုးကို သူမ ကယ်တင်ရန် လိုအပ်မည်လော...

စိတ်ဝိညာဉ်ကျောက်တုံးများကို ရယူနိုင်ခြင်းမရှိဘဲ နေမည်လော...

ဟော်လင်းအာတစ်ယောက် သူမ၏ဘဝကို သံသယဝင်နေချိန်တွင် ကျုံးချင်သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။

"ထကြ..."

သူက လူများအားလုံးကို မတ်တတ်ထရန် လက်ဟန်ပြလိုက်၏။ ထို့နောက် သူ၏အကြည့်က ကြက်ပေါက်စတစ်ဆီသို့ ရောက်သွားခဲ့သည်။

"ငါ့ကို ပြောစမ်း... ဘာတွေ ဖြစ်နေတာလဲ..."

ကြက်ပေါက်စတစ်သည် ပြင်ပတွင် နေရာတကာ ပြဿနာရှာချင်နေသည့် ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦးကဲ့သို့ ပြုမူနေသည်ကို မကြည့်ပါနှင့်...

ကျုံးချင်၏ ရှေ့တွင်မူ သူသည် အလွန်အမင်း လိမ္မာရေးခြား ရှိနေပေ၏။

သူသည် လည်ပင်းကိုပုကာ ကျုံးချင်နှင့် လမ်းခွဲပြီးနောက်ပိုင်းမှစ၍...

ပိုင်လင်းအတွက် အတားအဆီးများကို ရှင်းလင်းပေးခဲ့ပုံ ရာသီလေးပါးဂိုဏ် နှင့် ဓားတစ်သောင်းဂိုဏ်း တို့ကို သိမ်းပိုက်ခဲ့ပုံ ထို့နောက် ခုနစ်စင်ကြယ်ဓားဂိုဏ်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပုံ ဖူဝမ်နန်းတော်သို့ တိုက်ခိုက်ရန်သွားခဲ့ပုံ လျှို့ဝှက်ဆန်းကြယ်သော လူနှစ်ဦး ထွက်ပေါ်လာခဲ့ပုံတို့နှင့် စာခြောက်ရုပ် ဝင်ပါခဲ့ပုံတို့ကို အရာအားလုံး အသေးစိတ် ပြန်ပြောင်းပြောပြခဲ့သည်။

ကျုံးချင်က နားထောင်ရင်း "အိုး ဘုရားရေ..." ဟု ရေရွတ်လိုက်၏။

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး သည် ဤမျှထိ သွေးဆာနေကြောင်း သူ အမှန်တကယ်ကို သတိမထားမိခဲ့ချေ။

သို့သော် စာခြောက်ရုပ်မှ သတ်ဖြတ်ထားသော အလောင်းများကို ကြည့်ရင်း ကျုံးချင်သည် သူ၏ မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်ကာ ပြိုင်ဘက်များမှာ သာမန် မဟုတ်ကြောင်း တိတ်တဆိတ် ခံစားလိုက်ရသည်။

"မင်းတို့က တကယ့်ကို ပြဿနာ ရှာတတ်တာပဲ...ဒီလူနှစ်ယောက်က မြောက်ပိုင်းဒေသက မဟုတ်တာ သိသာတယ်...သူတို့က အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုခုက လူတွေပဲ ဖြစ်လိမ့်မယ်..."

"အနာဂတ်မှာ သူတို့က ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်တယ်..."

ကြက်ပေါက်စတစ်က ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။

"သခင်.... ပေါင်းပင်တွေကို အမြှစ်ကနေ မဖြတ်ရင် နွေဦးလေရူးနဲ့အတူ ပြန်ပေါက်လာလိမ့်မယ်..."အနာဂတ်မှာ ပြဿနာရှိလာမယ်လို့ သခင် ခံစားရရင် ကျွန်တော်တို့ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး နဲ့ အစ်ကိုကြီး စာခြောက်ရုပ်တို့ သွားပြီး သူတို့ကို အမြစ်ဖြတ်ဖို့ လိုမလား..."

ဤစကားများက ကျုံးချင်၏မျက်ခုံးကို တွန့်ကွေးသွားစေပေ၏။

နတ်ဆိုးများပီသစွာဖြင့် သူတို့သည် လူတစ်ယောက်ကို သတ်ပြီးနောက် နောက်ကွယ်မှ အင်အားစုများကိုပင် သုတ်သင်ပစ်ရန် ကြံရွယ်နေသည်။

ဤလုပ်ရပ်က အလွန်အမင်း အထင်ကြီးဖွယ် ကောင်းလှသည်။

"လောလောဆယ် ဒါကို စိတ်ပူမနေနဲ့...အခု မင်းတို့ အဓိကဦးစားပေးရမှာက ပိုင်လင်းကို ကာကွယ်ဖို့နဲ့ သူ့ကို ဘယ်လိုနည်းနဲ့မှ အနှောင့်အယှက် မဖြစ်စေဖို့ကို သေချာအောင် လုပ်ဖို့ပဲ..."

"အဲ့ဒီကိစ္စနဲ့ယှဥ်ရင် တခြားအရာအားလုံးကို နောက်ပို့ထားရမယ်..."

ဤအကြောင်းကို ပြောဆိုပြီးနောက် ကျုံးချင်က ရပ်တန့်သွားပြီးနောက် ညွှန်ကြားလိုက်သည်။

"အင်း... ပြီးတော့ ခုဏက လူနှစ်ယောက် သေသွားတာ သေချာအောင် သွားပြီး နောက်ထပ် ဓားချက် နည်းနည်းလောက် ထပ်ခုတ်လိုက်စမ်း... သူတို့ မသေသေးတာမျိုး ဖြစ်နေမှာစိုးရိမ်ရတယ်... သူတို့ရဲ့အရိုးတွေကို အမှုန်အမွှားဖြစ်သွားတဲ့အထိ ကြိတ်ချေပစ်တာက အကောင်းဆုံးပဲ..."

"ဟုတ်ကဲ့ပါ သခင်..."

ကြက်ပေါက်စတစ်၏စိတ်နှလုံးသား တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းတုံ့ပြန်လိုက်၏။ သူ၏အရှင်သခင်သည် အမှန်တကယ်ကို သူ့ထက် ပို၍ပြီးပြည့်စုံစွာ တွေးတောတတ်ကြောင်း သူ၏စိတ်နှလုံးသားထဲတွင် ခံစားလိုက်ရသည်။

ထို့နောက် ချင်းမင်နှင့်ဖုန်းဝူကျီး၏အလောင်းများသည် နောက်တစ်ကြိမ် ရက်စက်စွာ ဖျက်ဆီးခြင်း ခံလိုက်ရပေ၏။

သူတို့၏အရိုးများကိုပင် ကြက်ပေါက်စတစ်က အမှုန်အမွှားဖြစ်သွားသည်အထိ ခြေမွှဖျက်ဆီးလိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးပြီးနောက် သူသည် ကျုံးချင်ထံသို့ ပြန်လာပြီး ဦးညွှတ်၍ မြှောက်ပင့်ဖားယားလိုက်သည်။

"သခင်...ဒီလူတွေက ကျွန်တော် အသစ်စုဆောင်းထားတဲ့ ညီငယ်တွေဖြစ်တဲ့ ကျီးဝူချန်နဲ့ပိုင်ဝူရှားပါ..."

"သူတို့က ရာသီလေးပါးဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းတို့ရဲ့ ဂိုဏ်းချုပ် အသီးသီးပဲ..."

"သူတို့ရဲ့ စွမ်းအားက ယန်သုံးပါးနယ်ပယ်မှာပဲ ရှိနေပြီးတော့ နည်းနည်း အားနည်းနေပေမဲ့ သူတို့က ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထူးချွန်တယ်..."

ကြက်ပေါက်စတစ် က သူတို့နှစ်ဦးကို ကျုံးချင်နှင့် မိတ်ဆက်ပေးစဉ်၌ ကျီးဝူချန်နှင့်ပိုင်ဝူရှား တို့သည် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေခဲ့ကြ၏။

"သခင်..."

သူတို့သည် ကျုံးချင်အား အလျင်အမြန်ပင် နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"အတိတ်က ကျွန်တော်တို့က သခင်ရဲ့ နာမည်ကို မကြာခဏ ကြားခဲ့ရပြီးတော့ ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာ မျှော်လင့်တောင့်တနေခဲ့တာပါ..."

"ဒီနေ့ သခင်နဲ့ တွေ့ဆုံခွင့်ရတာ ကျွန်တော်တို့ နှစ်ယောက်အတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ..."

"အခုချိန်ကစပြီး သခင်ရဲ့ဆန္ဒက ကျွန်တော်တို့ရဲ့ ဆန္ဒပါပဲ..."

သူတို့နှစ်ဦးသည် တပြိုင်နက်တည်း စကားပြောဆိုလိုက်ကြပြီး ကျုံးချင်အပေါ် သူတို့၏သစ္စာရှိမှုကို ချက်ချင်းဖော်ပြလိုက်ကြ၏။

ဤသည်က ကျုံးချင်၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ဖြတ်ပြေးသွားစေခဲ့သည်။

ယန်သုံးပါးနယ်ပယ်တွင်ရှိသော ကျင့်ကြံသူနှစ်ဦးဖြစ်သဖြင့် သူတို့၏စွမ်းအားမှာ အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်ပေ၏။

သို့သော် ယခုချိန်၌ သူ၏ရှေ့တွင် သူတို့သည် အစစ်အမှန် နတ်ဘုရားတစ်ပါးကို တွေ့ဆုံရသော ယုံကြည်သူများ သို့မဟုတ် ဧကရာဇ်တစ်ပါးကို တွေ့ဆုံရသော သူတောင်းစားများကဲ့သို့ ဖြစ်နေခဲ့သည်။

သူတို့သည် အလွန်အမင်း နှိမ့်ချနေခဲ့ကြ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ လူများကို လေ့ကျင့်ပေးနိုင်စွမ်းမှာ အမှန်တကယ်ကို အထင်ကြီးစရာ ကောင်းလှသည်။

ထို့အပြင် သူ တစ်ချက် ကြည့်လိုက်ရာ ဂိုဏ်းနှစ်ဂိုဏ်း၏ အလုံးစုံ စွမ်းအားမှာ အတော်လေး ကောင်းမွန်နေသည်။

သူ အသုံးချနိုင်ရန်အတွက် သူတို့ကို သိမ်းသွင်းခြင်းက အမှန်တကယ်ကို အဆင်ပြေမှုများစွာအား ဆောင်ကြဉ်းပေးနိုင်သည်။

ဤသည်ကို တွေးမိချိန်၌ ကျုံးချင် ပြုံးလိုက်သည်။

"ဒီလို တရားဝင် အရိုအသေပြုမှုမျိုးတွေ မလိုပါဘူး...မင်းတို့က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်သွားပြီဆိုတော့ အခုကစပြီး ကြိုးကြိုးစားစား လုပ်ဆောင်ကြပါ..."

ဤသည်မှာ ပေါ့ပေါ့ပါးပါးပြောဆိုသော သာမာန်ကာလျှံကာ စကားတစ်ခွန်းဖြစ်သော်လည်း ဤသည်က ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့အား အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားစေခဲ့ပေ၏။

ဤထိပ်သီးပုဂ္ဂိုလ်ကြီးသည် ဤမျှထိ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးပြီး ချဉ်းကပ်ရ လွယ်ကူလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။

ထို့ပြင် ဤစကားတစ်ခွန်းက သူတို့၏တည်ရှိမှုကို တိတ်တဆိတ် အသိအမှတ်ပြုလိုက်ခြင်းပင်။

အစေခံတစ်ဦး ဖြစ်ရခြင်းမှာ လူကြား၍မကောင်းလှသော်လည်း...

သို့သော် ဤသည်က သခင်ဖြစ်သူသည် မည်သူမည်ဝါဖြစ်သည် ဆိုသည့်အပေါ်တွင်လည်း မူတည်နေပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ် တို့၏ စွမ်းအားသည် အလွန်မြင့်မားသည့်တိုင် သူတို့အားလုံးက သူ့ကို သူတို့၏သခင်အဖြစ် အသိအမှတ်ပြုထားကြသည်။

ကျုံးချင်က သူတို့ကို အထင်မကြီးမည်ကို အစောပိုင်းက သူတို့ အနည်းငယ် စိုးရိမ်နေခဲ့ကြ၏။

ယခုအချိန်တွင်မူ သူတို့ထံ၌ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ လုံးဝမရှိတော့ချေ။

ထိုအချိန်မှာပင် ကျုံးချင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

လေဟာနယ်အတွင်းမှ တစ်စုံတစ်ရာက ဤနေရာအား ချောင်းကြည့်နေသည်ကို သူ သတိထားမိသွားသည်။

ကျုံးချင်သည် သူ၏ကောင်းကင်ဘုံမျက်လုံး ကို တိုက်ရိုက်အသက်သွင်းလိုက်၏။

ပေရာပေါင်းများစွာအထက်ရှိ လေဟာနယ်တွင် ကြီးမားသော မျက်လုံးတစ်စုံ ရပ်တည်နေသည်ကို မြင်တွေ့နိုင်သည်။

ဤမျက်လုံးများသည် တောင်ကြီးများကဲ့သို့ ကျယ်ပြန့်ပြီး ကြီးမားကာ လျစ်လျူရှုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအရာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသည့်ပုံ ပေါ်လွင်နေပေ၏။

ကျုံးချင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤဧရာမမျက်လုံးကြီးများမှ ကြီးမားသော ဖိအားများကို သူ အမှန်တကယ် ခံစားလိုက်ရသည်။ ယခုရောက်လာသူမှာ အလွန်စွမ်းအားကြီးမားလှသည်။

သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုလျှင်ပင် ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု လုံးဝယုံကြည်မှု မရှိလောက်အောင် စွမ်းအားကြီးမားပေ၏။

ထို့ပြင် ဤချောင်းကြည့်နေသူသည် ထိုပြင်ပနယ်မြေမှ ဧည့်သည်တော်နှစ်ဦး၏ နောက်ကွယ်မှလူ ဖြစ်နေနိုင်သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျုံးချင်၏အကြည့် အနည်းငယ် တည်ကြည်လေးနက်သွားသည်။

ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းမှုနှင့်အတူ သုညစည်းတံဆိပ် ချက်ချင်းလှုပ်ရှားသွားခဲ့သည်။

"ဝုန်း..."

ဤအချိန်၌ သုညစည်းတံဆိပ်သည် အစစ်အမှန် နတ်ဆိုးပုံစံတွင် ရှိနေဆဲပင်။

ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးခန္ဓာကိုယ်ကြီး ထွက်ပေါ်လာပြီး လေဟာနယ်ကို ခြေမွှကာ ကောင်းကင်နှင့်မြေပြင်ကို ဖောက်ခွဲပစ်တော့မည့်အလား ထွက်ပေါ်လာခဲ့သည်။

အစစ်အမှန် နတ်ဆိုးခန္ဓာကိုယ်၏ပတ်လည်တွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။

ထိုမိုးကြိုးလျှပ်စီးတိုင်းသည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုလဲစေနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပုံရသည်။

အစစ်အမှန်နတ်ဆိုး၏ မျက်လုံးများသည် နေနှင့် လအလားပင်။

ထိုပုံရိပ်ယောင်ကြီး နေရာတွင် မတ်တတ်ရပ်နေစဉ်၌ ရှေးဟောင်းအရှိန်အဝါများ စီးဆင်းနေပြီး အင်မော်တယ် အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။

ထိုအရာသည် ကျုံးချင်၏အနောက်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေပေ၏။

ဤသည်မှာ ကျုံးချင်သည် ဓမ္မပုံရိပ်ယောင်တစ်ခုကို ထုတ်လွှတ်လိုက်သည့်အလားပင်။

ဤသည်က လောကကြီးတွင် ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ပါး မြေပြင်ပေါ်သို့ ဆင်းသက်လာခြင်းနှင့် တူညီနေသည်။

သူသည် ရှေးဦးနတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်ကြောင်း သိသာထင်ရှားသည်။

နက်နဲသိမ်မွေ့ကာ သေဆုံးခြင်းမရှိဘဲ စွမ်းအားကြီးမားပြီး ကျယ်ပြန့်သော အရှိန်အဝါရှိကာ မှန်းဆ၍မရနိုင်ချေ။

အချိန်တခဏအတွင်းတွင် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ယင်သုံးပါးနယ်ပယ်အောက်ရှိ ကျင့်ကြံသူအမြောက်အများသည် ဤအင်မော်တယ် အရှိန်အဝါ၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံရကာ မြေပြင်ပေါ်သို့ လဲကျပြီး တုန်ရီနေကြသည်။

ယင်သုံးပါးအထက်ရှိ ကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်ဝိညာဉ်များမှ တုန်ရီလာမှုကို ခံစားလိုက်ရသည်။

ဤဧရာမနတ်ဆိုးခန္ဓာကိုယ်၏အောက်တွင် သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်နေသည်ဟုသာ ခံစားမိပေ၏။

"ဒါက... သခင်ရဲ့ စွမ်းအားလား..."

"တကယ်ကို... ထိတ်လန့်စရာပဲ..."

ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ဦးဆောင်သော ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် အလွန်အမင်း တုန်လှုပ်သွားကြသည့်အပြင် ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။

ဝန်ကြီးချုပ်တစ်ဦး၏တံခါးစောင့်သည် အဆင့်ခုနစ် အရာရှိတစ်ဦးဖြစ်သည်ဟု ဆိုကြ၏။

ကျုံးချင် ပို၍စွမ်းအားကြီးမားလေလေ သူတို့၏အဆင့်အတန်း ပို၍မြင့်မားလေလေ ဖြစ်ပေလိမ့်မည်။

သူ ယခု ပြသနေသည့် စွမ်းအားကို ကြည့်ခြင်းအားဖြင့် သူတို့၏သခင်သည် ကုန်းမြေတစ်ခုလုံး၌ပင် ထိပ်တန်းအဆင့်ရှိသော တည်ရှိမှုတစ်ခုဖြစ်သည်။

ဤကဲ့သို့ တည်ရှိမှုတစ်ခုကို သူတို့၏ ရိုသေလေးစားရသော သခင်အဖြစ် အသိအမှတ်ပြုနိုင်ခြင်းမှာ သူတို့ မည်မျှထိ ကံကောင်းခဲ့သနည်း။

တခြားတစ်ဖက်တွင်မူ ဟော်လင်းအာသည် လုံးလုံးလျားလျား ထုံကျဉ်နေခဲ့လေပြီ။

ကျုံးချင်၏လက်အောက်ခံ အင်အားစုများဖြင့်ပင် ဖူဝမ်နန်းတော်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းနိုင်သည်။

ဤကဲ့သို့ တည်ရှိမှုက မည်သို့ အားနည်းနိုင်မည်နည်း...

ကျုံးချင် အလွန်စွမ်းအားကြီးမားမည်ကို သူမ သိထားခဲ့ပေ၏။

သို့သော် သူ ပြသလိုက်သော စွမ်းအားက သူမ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ ကျော်လွန်နေဆဲပင်။

ဆန့်ကျင်ဘက်အနေဖြင့် ဖူဝမ်နန်းတော်အဖွဲ့ဝင်များ၏မျက်နှာများတွင်မှာ မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

"ငါတို့က ဘယ်လို ထိတ်လန့်ဖွယ်ကောင်းတဲ့ တည်ရှိမှုမျိုးကို ရန်စမိသွားတာလဲ..."

ဖူဝမ်နန်းတော်မှ အကြီးအကဲတစ်ဦးက ကြေကွဲဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်သည်။

သူတို့ ရှူရှိုက်နေသော လေသည်ပင် အသက်ရှူမွန်းကြပ်စေသော ခံစားချက်ဖြင့် ပြည့်နှက်နေသည်ဟုသာ သူတို့ ခံစားမိ၏။

ကြက်ပေါက်စတစ်နှင့် တခြားသူများအတွက်မူ သူတို့၏သွေးများ စတင်၍ ဆူပွက်နေခဲ့လေပြီ။

ထိုနတ်ဆိုးပုံရိပ်ယောင်သည် သူတို့၏ယုံကြည်မှုဖြစ်ပြီး ဤသည်က သူတို့၏စိတ်နှလုံးသားထဲတွင် ပြိုင်ဘက်ကင်းသော အမှတ်အသားတစ်ခုကို အချိန်ကြာမြင့်စွာကတည်းက ရိုက်နှိပ်ထားခဲ့ပြီးဖြစ်သည်။

ဤနတ်ဆိုးပုံရိပ်ယောင်ကို မြင်ရတိုင်း သူတို့သည် စိတ်လှုပ်ရှားမှုနှင့်ဝမ်းသာမှုတို့ကို မခံစားဘဲ မနေနိုင်ကြချေ။

သို့သော် မကြာမီမှာပင် သူတို့က တစ်စုံတစ်ခုကို တွေးတောမိသွားပုံရသည်။

သူတို့၏သခင်သည် အကြောင်းပြချက်မရှိဘဲ အစစ်အမှန် နတ်ဆိုးပုံရိပ်ယောင်ကို ထုတ်လွှတ်လိမ့်မည် မဟုတ်ချေ။

ဖြစ်နိုင်သည်က...

အနီးအနားတွင် တစ်စုံတစ်ခု ပုန်းကွယ်နေသလော...

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ၏ ချီစွမ်းအင်များ မြင့်တက်လာပြီး သူတို့သည် တည်ကြည်လေးနက်သော အမူအယာများဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ကြည့်ရှုလိုက်ကြ၏။

လူများအားလုံး အဆုံးမရှိသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရစဉ်တွင် ကျုံးချင်သည် သူ၏လက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများ တောက်ပနေပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကောင်းကင်ပေါ်က တစ်ယောက်..ဒီအရှင်ကျုံးက ပြဿနာ မရှာချင်ဘူး....တပည့်တစ်ယောက် လက်ခံပြီး အရက်လေး တစ်ခွက်လောက်ပဲ သောက်ချင်တာပါ..."

"မင်းရဲ လူတွေက မျက်စိကန်းပြီး ငါ့ရဲ့ကိစ္စကို ဝင်စွက်ဖက်တာက တစ်ကဏ္ဍပဲ...မင်းက ဒီနေရာမှာ ချောင်းကြည့်နေတာကတော့ ယဉ်ကျေးတဲ့ အပြုအမူ မဟုတ်ဘူး..."

"တိုက်ချင်တယ်ဆိုရင် ဘာလို့ ပုန်းနေတာလဲ...ငါက ဒီနေရာမှာ ရှိနေပြီးတော့ အဆုံးအထိ မင်းနဲ့အဖော်ပြုပေးမယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ပတ်ဝန်းကျင်တွင် အမှန်တကယ်ကို အမည်မသိ တည်ရှိမှုတစ်ခု ပုန်းကွယ်နေခဲ့သည်။

ထို့ပြင် သူတို့သည် အံ့အားသင့်စရာကောင်းလောက်အောင် ထိုတည်ရှိမှုကို လုံးဝသတိမထားမိခဲ့ကြချေ။

လူများအားလုံးသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြပြီး လူတချို့က စိတ်ရှုပ်ထွေးနေကာ လူတချို့ကမူ ထိတ်လန့်နေခဲ့ကြ၏။

ကြက်ပေါက်စတစ်နှင့်တခြားနတ်ဆိုးစစ်သူကြီးဆယ့်တစ်ဦးတို့သည် သူတို့၏ အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ကြသည်။

သူတို့၏တိုက်ခိုက်လိုစိတ်များ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မည်သည့်အချိန်တွင်မဆို မိုးကြိုးကဲ့သို့ လျှင်မြန်ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်ရန် အဆင်သင့်ဖြစ်နေခဲ့ကြ၏။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားခဲ့သည်။

မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

"သူ အာရုံခံမိတာ မှားများမှားနေတာလား..."

တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ သံသယဝင်စပြုလာသည်။

သို့သော် အလွန်လျင်မြန်စွာဖြင့် လေနှင့်မိုးကြိုးများ ပြင်းထန်စွာ ပျံလွင့်လာပြီး မြင့်တက်လာသော နတ်ဆိုးစွမ်းအင်များ တလိမ့်လိမ့်ထလာခဲ့သည်။

ကောင်းကင်ယံအထက်တွင် ဧရာမမျက်လုံးကြီးထွက်ပေါ်လာခဲ့သည်။

ထိုမျက်လုံးကြီးသည် အစစ်အမှန် ပုံပန်းသွင်ပြင်၏ထောင့်တစ်နေရာကို လှစ်ဟပြလိုက်၏။

ကြီးမားသော မျက်လုံးကြီးသည် အမြင့်မြတ်ဆုံး အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။

ထိုအရာ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် လေဟာနယ် တုန်ခါသွားပြီး မိုးကောင်းကင်ယံကြီး ပြောင်းပြန်လှန်ခံရတော့မည့်အလား ဖြစ်နေပေ၏။

ထိုကြောင့် မရေမတွက်နိုင်သော လူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

"ဒီနေရာကို ချောင်းကြည့်နေတဲ့ ထိတ်လန့်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခု တကယ်ကြီး ရှိနေတာပဲ..."

လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီသွားပြီး သူတို့၏ဦးရေပြားများပင် ထုံကျင်သွားပေ၏။

ထိုဧရာမမျက်လုံးကြီး၏ အကြည့်အောက်တွင် လူအများသည် သူတို့၏စိတ်ဝိညာဉ်များ တုန်ရီနေသည်ဟုသာ ခံစားရပြီး သူတို့၏ နတ်ဘုရားအလင်းတန်းများပင် ကွဲအက်တော့မည့်အလား ဖြစ်နေခဲ့သည်။

ဤသည်မှာ သူတို့ စိတ်ကူးတွေးတောကြည့်၍ပင် မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။

ထိုဧရာမမျက်လုံးကြီးသည် အလွန်မြင့်မားသော နေရာတွင် ရှိနေပြီး တိုက်ရိုက်ကြည့်ရှုရန်ပင် မဖြစ်နိုင်ချေ။

ယခုလက်ရှိနေရာတွင် ရောက်ရှိနေသော လူများအားလုံးအတွက် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့၏ဘဝတသက်စာလုံး မှတ်မိနေစေရန် လုံလောက်သည်။

တိုတောင်းလှသော နေ့တစ်နေ့တည်းတွင် သူတို့၏ဘဝ၌ မော့ကြည့်နိုင်ရုံသာ တတ်နိုင်မည့် တည်ရှိမှုများစွာကို သူတို့ မျက်မြင်တွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း...

ထို့ပြင် လူတစ်ယောက်က နောက်တစ်ယောက်ထက် ပို၍ထိတ်လန့်ဖွယ် ကောင်းနေပေ၏။

မကြာမီမှာပင် တချို့လူများက စိုးရိမ်ပူပန်စပြုလာကြသည်။

ဤလူနှစ်ဦးသည် ဤနေရာတွင် တိုက်ခိုက်မှုတစ်ခုကို စတင်နိုင်သလော...

နတ်ဘုရားများ တိုက်ခိုက်ချိန်၌ သာမန်လူများ ဒုက္ခရောက်ရသည်ဟု ဆိုကြပေ၏။

ဤလူနှစ်ဦး၏စွမ်းအားအရ အကယ်၍ ပဋိပက္ခတစ်ခုသာ ဖြစ်ပွားလာပါက တိုက်ပွဲ၏ အကြွင်းအကျန် စွမ်းအားလေးကပင် အသက်ပေါင်းများစွာကို ရိတ်သိမ်းသွားနိုင်သည်။

လက်ရှိနေရာတွင် ရောက်ရှိနေသူများအားလုံးအနက် လူတစ်ဦးစီတိုင်းသည် အတိုင်းအတာ တစ်ခုအထိ ထိခိုက်ခံရနိုင်ခြေ ရှိနေသည်။

သို့သော် လူများအားလုံး စိုးရိမ်နေခဲ့သော ပဋိပက္ခသည် ဖြစ်ပေါ်မလာခဲ့ချေ။

ဧရာမမျက်လုံးကြီးသည် ဤနေရာသို့ တစ်ချက် ကြည့်လိုက်ရာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပုံရပြီးနောက် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဧရာမမျက်လုံးကြီး ပျောက်ကွယ်သွားသည်နှင့် မရေမတွက်နိုင်သောလူများ မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားခဲ့ကြ၏။

အစောပိုင်းက ဧရာမမျက်လုံးကြီး၏ ထွက်ပေါ်လာမှုက လူများအားလုံးအပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သည်။

ဤသည်က လူများအားလုံး၏စိတ်နှလုံးသားများကို ဖိနှိပ်ထားသော ရှေးဟောင်းခေတ်မှ မဖျက်ဆီးနိုင်သည့် တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုဧရာမမျက်လုံးကြီးက ဆန္ဒရှိနေသမျှ ကာလပတ်လုံး သူတို့သည် ဤလောကမှ ချက်ချင်း ဖျက်ဆီးခံရမည်ကို လူများအားလုံး သံသယမရှိခဲ့ကြချေ။

ယခုချိန်၌ ဧရာမမျက်လုံးကြီး ပျောက်ကွယ်သွားပြီဖြစ်ရာ သူတို့သည် ငရဲတံခါးဝသို့ လျှောက်သွားပြီးမှ ပြန်လာရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့အားလုံး ကံကောင်းသည်ဟု ခံစားရကာ ချွေးစေးများ ထွက်လာသည်အထိ ကြောက်လန့်သွားခဲ့ကြ၏။

သို့သော် မကြာမီမှာပင် လူတချို့၏မျက်နှာအမူအယာများ ထူးဆန်းလာခဲ့သည်။

"အဲ့ဒီ ဧရာမမျက်လုံးကြီးက ကြောက်ပြီး ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏မျက်နှာအမူအယာများ ပို၍စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။

ဧရာမမျက်လုံးကြီး ထွက်ပေါ်လာချိန်မှ ပျောက်ကွယ်သွားချိန်အထိ ပြန်လည်တွေးတောကြည့်ပါက ထိုအရာသည် အထိတ်တလန့် ထွက်ပြေးသွားပုံပေါ်သည်မှာ သေချာပေါက်ပင်။

အချိန်တခဏအတွင်းတွင် ကျုံးချင်အပေါ် လူများအားလုံး၏အကြည့်များတွင် အကြောင်းပြချက်မရှိဘဲ ရိုသေလေးစားမှု သုံးဆခန့် ပိုတိုးလာပေ၏။

ထိုဧရာမမျက်လုံးကြီး၏ရှေ့တွင် သူတို့သည် နက်ရှိုင်းသော ပင်လယ်ထဲမှ ရေတစ်စက် လမင်းကြီး၏ရှေ့မှ ပိုးစုန်းကြူး တစ်ကောင်ကဲ့သို့သာ ခံစားခဲ့ရသည်။

သူတို့အားလုံး သေးငယ်ပြီး နှိမ့်ချနေခဲ့ရသည်။

ထိုသို့ဆိုသည့်တိုင် ဤမျှထိ စွမ်းအားကြီးမားသော တည်ရှိမှုက ကျုံးချင်အား ရင်ဆိုင်ရချိန်တွင် အမှန်တကယ်ကို တိုက်ရိုက်ထွက်ပြေးသွားခဲ့သည်။

မည်သူက ပို၍ အားကောင်းပြီး မည်သူက ပို၍ အားနည်းသနည်းဆိုသည်မှာ ချက်ချင်းသိသာထင်ရှားသွားပေ၏။

နဂါးနှင့်ကျားအကြားရှိ တိုက်ပွဲတစ်ပွဲ မလွဲမသွေ ဖြစ်ပွားလာမည်ဟု သူတို့ အစောပိုင်းက ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ယခုကြည့်ရသလောက် ဧရာမမျက်လုံးကြီးကဲ့သို့ စွမ်းအားကြီးမားသော တည်ရှိမှုပင်လျှင် ကျုံးချင်နှင့် အဆင့်တူမဟုတ်ပုံရသည်။

ဤအချိန်၌ ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့မှ တပည့်များ၏စိတ်နှလုံးသားထဲရှိ ကျုံးချင်၏ပုံရိပ်မှာ ကောင်းကင်ယံကို ရှင်းလင်းစွာ ဖောက်ထွက်သွားပြီး မိုးထိမြင့်မားသောအမြင့်သို့ ရောက်ရှိသွားခဲ့ပြီဟု ဆိုနိုင်ပေ၏။

သေချာသည်မှာ လူများအားလုံး ကိုယ့်အကြောင်းကို ကိုယ်သိထားကြသည်။

ကျုံးချင်သည် လူများအားလုံး တွေးထင်ထားသကဲ့သို့ တည်ငြိမ်ခြင်းမရှိချေ။

အမှန်အားဖြင့် ဤအချိန်၌ သူ့ထံတွင် ကြောက်ရွံ့မှုအနည်းငယ် ကျန်ရစ်နေပေ၏။

ထိုဧရာမမျက်လုံးကြီး....

ထိုအရာ၏စွမ်းအားသည် သူ၏ဘဝတွင် မြင်ဖူးသမျှ အရာများအနက် အစွမ်းထက်ဆုံးပင်။

အကယ်၍ သူတို့ကြားတွင် ပဋိပက္ခတစ်ခု အမှန်တကယ် ဖြစ်ပွားလာပါက သူ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိဆိုသည်ကို သူ သေချာမသိခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် သုညစည်းတံဆိပ် ၏ထူးခြားမှုက ထိုအရာကို တိုက်ရိုက်ခြောက်လှန့်နိုင်ခဲ့ပြီး ပဋိပက္ခကို ရှောင်ရှားနိုင်ခဲ့သည်။

"ငါ့ရဲ့ စွမ်းအားကို အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့ လိုအပ်နေသေးပုံရတယ်..."

ကျုံးချင်သည် သုညစည်းတံဆိပ်ကို ပြန်လည် ၌သိမ်းဆည်းလိုက်ပြီး သူ၏မျက်လုံးများ တည်ကြည်လေးနက်သွားကာ သူ၏စွမ်းအားကို တိုးတက်လာစေရန် အနည်းငယ်ပို၍ ဆန္ဒပြင်းပြလာသည်။

All Chapters