← Chapters

ရှင့်နောက်ကို ကျွန်မ လိုက်ချင်တယ်

Vol. 29 Ch. 285

ရှင့်နောက်ကို ကျွန်မ လိုက်ချင်တယ်

Vol. 29 Ch. 285

မှိုင်းညို့နေသော မိုးကောင်းကင်ယံအောက်တွင် ကျုံးချင်က ဟော်လင်းအာကို ကြည့်နေခဲ့သည်။

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးမြန်းလိုက်သည်။

"မင်း သေချာလို့လား..."

ဟော်လင်းအာက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့..."

ကျုံးချင်၏ ဇဝေဇဝါဖြစ်နေမှုကို သူမက ရှင်းရှင်းလင်းလင်း မြင်တွေ့မိသဖြင့် တက်ကြွစွာ ရှင်းပြလိုက်၏။

"ရာသီလေးပါးဂိုဏ်း ဒါမှမဟုတ် ဓားတစ်သောင်းဂိုဏ်းကို ဝင်တာက ကျွန်မကို ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းဖို့ ခွင့်ပြုပေးနိုင်တယ်ဆိုတာကို ငြင်းလို့မရဘူး..."

"ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့နောက်ကို လိုက်ချင်နေတုန်းပဲ..."

"ဘာလို့လဲဆိုတော့ ရှင်က ပိုပြီးစွမ်းအားကြီးလို့ပဲ..."

"အချိန်တစ်ခု ရောက်လာရင် ရှင့်ရဲ့နာမည်က ကုန်းမြေတစ်ခုလုံးမှာ သေချာပေါက် ပျံ့နှံ့သွားလိမ့်မယ်..."

"ရှင့်ရဲ့နောက်ကို လိုက်မယ်ဆိုရင် ကျွန်မက တစ်မူထူးခြားတဲ့ဘဝရဲ့ အထွတ်အထိပ် နေရာတစ်ခုကို ရောက်သွားနိုင်တယ်..."

"ဂိုဏ်းကြီးနှစ်ဂိုဏ်းရဲ့ မဟာဂိုဏ်းချုပ်ရာထူးက မပေးစွမ်းနိုင်တဲ့ နာမည်ကျော်ကြားမှုနဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်နိုင်မယ်..."

"ပိုပြီး ရိုးရိုးရှင်းရှင်းပြောရရင် ရှင့်ရဲ့နာမည်ကျော်ကြားမှုကြောင့် လောကကြီးတစ်ခုလုံးက ရှင်ကို သိလာတဲ့အထိ ရောက်လာချိန်ကျရင်...ကျွန်မက ရှင့်ကို သိတယ် ဒါမှမဟုတ် ရှင့်ရဲ့နောက်ကိုတောင် လိုက်ခဲ့ဖူးတယ်လို့ ပြောရင် ကျွန်မ အရင်က သိခဲ့တဲ့ လူတွေက ကျွန်မကို သေချာပေါက် မနာလိုဖြစ်ပြီး အားကျကြလိမ့်မယ်..."

"ဒါကြောင့် ကျွန်မက ရှင့်ရဲ့နောက်ကို လိုက်လို့ ရမလား..."

"ရှင်က ကျွန်မကို လက်ဖက်ရည် ဖျော်ခိုင်းတာ ရေလောင်းခိုင်းတာ အဝတ်လျှော် ဟင်းချက်ခိုင်းတာ ဒါမှမဟုတ် နွားတစ်ကောင် မြင်းတစ်ကောင်လို အလုပ်လုပ်ခိုင်းရင်တောင် အဆင်ပြေပါတယ်..."

ဟော်လင်းအာ၏မျက်လုံးများအတွင်းတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေ၏။

သူမ၏ စိတ်အားထက်သန်သော အကြည့်နှင့် ဆုံတွေ့လိုက်ရချိန်တွင် ကျုံးချင် အနည်းငယ် ကြက်သေသေသွားခဲ့သည်။

သူမ၏ဆန္ဒသည် တကယ်ကို...

ဘယ်လို ပြောရမလဲ...

အလွန်ဆန်းသစ်ပြီး သိမ်မွေ့ကာ ထူးခြားသော်လည်း ရိုးသားနေခဲ့ပေ၏။

ထိုအရာကို အဓိပ္ပါယ်ပြန်ဆိုရလျှင် 'နင်က အရမ်းအစွမ်းထက်တယ်...နင့်ရဲ့နောက်ကို လိုက်တာက အနာဂတ်မှာ ကြွားလုံးထုတ်တဲ့အချိန်ကျရင် ငါ့ကို ပိုပြီးယုံကြည်မှု ရှိစေလိမ့်မယ်' ဟူ၍ပင်။

အိုး ဘုရားရေ...

ဟော်လင်းအာတွင် ပေါ့ပါးလွတ်လပ်သော အကျင့်စရိုက်ရှိကြောင်း သူ သိရှိထားခဲ့သည်။

သို့သော် သူမသည် ဤမျှထိ တဲ့တိုးဆန်ပြီး ပွင့်လင်းလိမ့်မည်ဟု သူ အနည်းငယ်မျှ မျှော်လင့်မထားခဲ့မိချေ။

ကျုံးချင်သည် ဤှကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်မသွားခဲ့ပေ။ ထိုအစား ဟော်လင်းအာ၏ ရိုးသားဖြူစင်မှုနှင့် ပွင့်လင်းမှုတို့အတွက် သူမအပေါ် သူ၏ကောင်းမွန်သော အမြင်သည် သုံးမှတ်ခန့် ပိုတိုးလာခဲ့ပေ၏။

သို့သော် သူ၏အနားတွင် အမျိုးသမီးတစ်ဦး ရှိနေခြင်းကို သူ အသားမကျခဲ့ချေ။

ထို့ကြောင့် ဟော်လင်းအာ၏တောင်းဆိုမှုက သူ့အား အချိန်တခဏကြာသည်အထိ အနည်းငယ် အခက်တွေ့သွားစေခဲ့သည်။

အချိန်တခဏကြာ တွေဝေသွားပြီးနောက် ကျုံးချင်က နည်းလမ်းတစ်ခုကို တွေးတောမိသည်။ သူသည် ဟော်လင်းအာကိုကြည့်ပြီး ပြောဆိုလိုက်၏။

"နတ်ဆိုးမြို့တော် အတွင်းမှာတော့ မင်း ငါ့ရဲ့နောက်ကိုလိုက်ဖို့ ငါ သဘောတူနိုင်တယ်...ဒါပေမဲ့ နတ်ဆိုးမြို့တော်ရဲ့အပြင်ဘက်မှာတော့ မဖြစ်နိုင်ဘူး...အခု ငါ မင်းကို ရွေးချယ်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးနိုင်တယ်...မင်းက မဟာဂိုဏ်းချုပ်ကြီး ဖြစ်ချင်တာလား ဒါမှမဟုတ် ငါ့ရဲ့နောက်ကိုပဲ ဆက်လိုက်ချင်တာလား..."

ဟော်လင်းအာသည် ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။

ဤမိန်းကလေးက ထိုအကြောင်းကို စဉ်းစားခြင်းပင် မပြုဘဲနေမည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့မိချေ။

"ကျွန်မကတော့ ရှင့်ရဲ့နောက်ကို လိုက်ချင်တုန်းပဲ...ဘယ်လောက်ကြာကြာပဲဖြစ်ဖြစ် ကျွန်မကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ဤအနေအထားက ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့အား သိမ်ငယ်သွားသကဲ့သို့ ခံစားရစေပေ၏။

ဤမိန်းကလေး....သူမ၏လမ်းကြောင်းသည် ကျယ်ပြန့်သွားခဲ့လေပြီ။

ဤအချိန်၌ တစ်ဖက်လူသည် သူတို့၏ဂိုဏ်းတွင် မဟာဂိုဏ်းချုပ်ကြီး ဖြစ်လာရန် မည်သည်ကြောင့် ငြင်းဆိုခဲ့သည်ကို သူတို့ နားလည်သွားခဲ့သည်။

လူတစ်ယောက်သည် သခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်သမျှ ကာလပတ်လုံး အခွင့်အရေးနှင့်ကံကောင်းမှုများ နည်းပါးသွားမည်ကို သူတို့ စိုးရိမ်နေရအုံးမည်လော...

ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ကိုယ်ပိုင် အမြင်ကမူ အနည်းငယ် ကျဉ်းမြောင်းနေပုံရသည်။

ထိုသို့ဖြင့် ကျုံးချင်၏နောက်တွင် နောက်လိုက်ငယ်လေးတစ်ဦး အပိုရောက်လာခဲ့ပေ၏။

တိုက်ပွဲ၏ နောက်ချန်ရှင်းလင်းရေးများ ပြီးဆုံးသွားချိန်၌...

ကြက်ပေါက်စတစ်က ခြေလှမ်းကျဲကြီးဖြင့် ကျုံးချင်၏ရှေ့သို့ ရောက်လာခဲ့သည်။

"သခင်... အခု ဖူဝမ်နန်းတော်က အပြစ်ပေးခံရပြီးပြီဆိုတော့...သခင်မလေးပိုင်လင်းအတွက် အတားအဆီးတွေကို ရှင်းလင်းဖို့ သခင့်ရဲ့ အမိန့်ကို ကျွန်တော်တို့ နာခံသင့်တယ်..."

"ဒါပေမဲ့ ကျွန်တော်တို့က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကိုပါ ဖျက်ဆီးပစ်ရမလား..."

"ဒါက သခင်မလေးပိုင်လင်း ထွက်ပေါ်လာတဲ့ အချိန်မှာ ကြီးမားတဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်လာလိမ့်မယ်..."

ဤသည်က ဟော်လင်းအာကို စုပ်သပ်သွားစေခဲ့သည်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ...

ဤသည်မှာ မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုပင်။

အကယ်၍ ယနေ့မတိုင်မီကသာဆိုလျှင် ကြက်ပေါက်စတစ် ကြွားလုံးထုတ်နေသည်ဟု သူမ သေချာပေါက် တွေးထင်မိပေမည်။

'ထိပ်သီးအင်အားစုကြီးလေးစုထဲက တစ်စုကို နင်က ဖျက်ဆီးမယ်လို့ ပြောပြီး ဖျက်ဆီးပစ်ရအောင် နင့်မှာ ဘယ်လောက်တောင် အရည်အချင်းရှိလို့လဲ'

သို့သော် ယခုအချိန်တွင်မူ...

ဖူဝမ်နန်းတော်၏ကံကြမ္မာသည် သူမ၏မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

တစ်ဖက်လူက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ချေမှုန်းမည်ဟု ပြောဆိုခြင်းမှာ အမှန်တကယ်ပင် ခက်ခဲမှုမရှိပုံ ရပေ၏။

အကယ်၍ မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုနှစ်စုကို တစ်ရက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့ပါက ဤသည်မှာ အမှန်တကယ်ကို သက်ဝင်လှုပ်ရှားနေပေလိမ့်မည်။

ဟော်လင်းအာက ဤအကြောင်းကို တိတ်တဆိတ် တွေးတောနေချိန်မှာပင် ကျုံးချင်က ပြောဆိုလိုက်၏။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ လှုပ်ရှားဖို့ မလိုဘူး...သူရဲ့ ရန်ငြိုးတွေနဲ့ ပတ်သတ်ဆက်နွယ်မှုတွေကို သူကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်...မင်းတို့က သူ့ကို ကောင်းကောင်းစောင့်ရှောက်ထားလိုက်..."

"ဟုတ်ကဲ့ပါ သခင်..."

ကြက်ပေါက်စတစ်က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် ကျုံးချင်အား နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

သူ ထွက်ခွာသွားပြီးနောက် တခြားနတ်ဆိုးစစ်သူကြီးများ စာခြောက်ရုပ်နှင့် ရာသီလေးပါးဂိုဏ်းနှင့်ဓားတစ်သောင်းဂိုဏ်းမှ လူများသည်လည်း ကျုံးချင်အား နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။

မကြာမီမှာပင် မူလက စည်ကားပြီး သက်ဝင်လှုပ်ရှားနေခဲ့သော နေရာမှာ လူသူကင်းမဲ့ကာ တိတ်ဆိတ်သွားခဲ့သည်။

အလောင်းများဖြင့် ပြည့်နှက်နေသော မြေပြင်က ဤနေရာအတွက် ခြောက်ကပ်ကပ် အငွေ့အသက်တစ်ခုကို ပေါင်းထည့်ပေးနေခဲ့သည်။

"အစ်ကိုကျုံး... ကျွန်မတို့ နောက်ထပ်ဘယ်ဆက်သွားကြမလဲ..."

ဟော်လင်းအာက မြေပြင်ပေါ်ရှိ အလောင်းများကို သတိမထားမိပုံရသည်။

ထိုအစား သူမထံတွင် ဆက်သွားမည့် ခရီးစဉ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

ကျုံးချင်ထံတွင် သူမကို ဆွဲဆောင်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အချက်များ လွန်စွာများပြားလွန်းသည်ဟု သူမ ခံစားနေရသည်။

သူ၏စွမ်းအားဖြစ်စေ သူ၏အမူအကျင့်ဖြစ်စေ သူသည် သူမ ယခင်က ကြုံတွေ့ဖူးသော မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တူညီခြင်း မရှိချေ။

"မင်း အရက်သောက်တတ်လား..."

ကျုံးချင်က ဆီလျော်မှုမရှိစွာ အဖြေပေးလိုက်၏။

"သောက်တတ်တာပေါ့..."

ဟော်လင်းအာသည် သူမ၏ဓားရှည်ကြီးကို ကိုင်ထားရင်း ရင်ဘတ်ကို ပုတ်ကာ သူမ၏ရဲရင့်မှုကို ပြသလိုက်သည်။

ကျုံးချင်၏နှုတ်ခမ်းများ တွန့်ကွေးသွားပေ၏။ ဟော်လင်းအာ၏ရုပ်ရည်မှာ အလွန်အမင်း ရင်သပ်ရှုမောဖွယ် မကောင်းလှဟု ဆိုရပေမည်။

သူမသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ချစ်စဖွယ်ကောင်းလာသည့် အလှအမျိုးအစားကို ပိုင်ဆိုင်ထားသည်။

သို့သော် သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အလွန်အမင်း လွန်ကဲလွန်းနေခဲ့သည်။

သွယ်လျသော ခါးလေးနှင့် ကြီးမားထွားကျိုင်းသော ရင်သားအစုံတို့ ပေါင်းစပ်ထားမှုက သေးသွယ်သော သစ်ကိုင်းလေးပေါ်တွင် ဆွဲချိတ်ထားသည့် လေးလံသော သစ်သီးနှစ်လုံးနှင့် တူညီနေပေ၏။

ယိမ်းထိုးနေစဉ် သစ်ကိုင်းလေးမှာ အချိန်မရွေး ကျိုးကျသွားနိုင်သည့်အလား ပေါ်လွင်နေခဲ့သည်။

ဤကဲ့သို့ သူမ၏ရင်ဘတ်ကို အသံမြည်အောင် ပုတ်နေခြင်းက သူမကိုယ်သူမ နာကျင်အောင် လုပ်မိမည်ကို ကျုံးချင်အား အချိန်တခဏကြာမျှ စိုးရိမ်သွားစေခဲ့သည်။

ဤသည်ကို တွေးတောမိချိန်၌ သူက အလျင်အမြန် ပြောဆိုလိုက်သည်။

"ငါကျုံးချင်ရဲ့ ဘဝမှာ ကြီးမားတဲ့ ဝါသနာ နှစ်ခု ရှိတယ်..."

"တစ်ခုက အရက်သောက်တာ..."

"ဒုတိယတစ်ခုက ဆေးဖော်စပ်တာ..."

"မင်းက အရက်သောက်တတ်တယ်ဆိုတော့ ငါနဲ့အတူ သောက်ဖို့ သင့်တော်တဲ့ နေရာလေးတစ်ခုလောက် သွားရှာကြမလား..."

ဟော်လင်းအာသည်လည်း အရက်ကို ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားသည်။

မြှောက်ပင့်ဖားယားမှု တစ်စိတ်တစ်ပိုင်းနှင့် စိတ်အားထက်သန်မှု ကိုးစိတ်ဖြင့် သူမက ပြောဆိုလိုက်သည်။

"အရာအားလုံးက အစ်ကိုကျုံးရဲ့ ဆန္ဒအတိုင်းပါပဲ..."

တစ်ယောက်တည်း သောက်ခြင်းက စိတ်ခံစားချက်အပေါ် မူတည်သည်။ နှစ်ယောက်အတူသောက်ခြင်းက ပတ်ဝန်းကျင်အခြေအနေအပေါ် မူတည်ပေ၏။

ထို့ကြောင့် ကျုံးချင်သည် ဟော်လင်းအာကို တောင်များနှင့်စမ်းချောင်းများရှိသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

နတ်ဆိုးမြို့တော်သည် မြို့တစ်မြို့ ဖြစ်သော်လည်း ဤသည်က မြို့တစ်မြို့ထက် ကမ္ဘာငယ်လေးတစ်ခုနှင့် ပို၍တူညီနေခဲ့သည်။

မကြာမီမှာပင် တောင်ပေါ်မှ မီးခိုးငွေ့များ လွင့်တက်လာခဲ့ပေ၏။

အချိန်အနည်းငယ် အကြာတွင် တဟုန်းဟုန်းတောက်လောင်နေသော မီးပုံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမီးပုံပေါ်တွင် ကင်နေသည်မှာ မကြာသေးမီက ကျုံးချင်အား အစွယ်ဖြဲပြခဲ့သော ကျားနတ်ဆိုးပင်။

ဤသည်က ကျားနတ်ဆိုးအလောင်းမှ အစိတ်အပိုင်းများသာဖြစ်ပြီး နှလုံး အသည်း သရက်ရွက် ကျောက်ကပ်တို့အပြင် ကျားလိင်တံပင် ပါဝင်နေပေ၏။

ထိုအရာများကို ဟော်လင်းအာက ထုတ်ပေးခဲ့ခြင်းပင်။

ဤမိန်းကလေးက ကျုံးချင်၏နားလည်မှုကိုအဆက်မပြတ် အသစ်အဆန်းဖြစ်စေခဲ့ကြောင်း သူ ဝန်ခံရပေမည်။

သူ၏အမြင်အရ ကျားလိင်တံကဲ့သို့ အရာမျိုးကို အမျိုးသားများသာ နှစ်သက်သင့်သည် မဟုတ်လော...

အမျိုးသမီးတစ်ဦးက ထိုအရာကို နှစ်သက်သည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ဤသည်က အမှန်တကယ်ကို မျက်စိပွင့်စရာတစ်ခု ဖြစ်ပေ၏။

"အစ်ကိုကျုံး... ကျွန်မက ရှင့်အတွက် ဆုတောင်းပေးမယ်..."

အရက်သောက်ခြင်းသည် ရင်းနှီးမှုကို တည်ဆောက်ရန် အမြန်ဆုံး နည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်ဟု ဆိုကြသည်။

အမှန်တကယ်ကိုပင် အရက်နှစ်ခွက် သောက်ပြီးနောက် ဟော်လင်းအာတွင်ရှိသော သူတို့အကြားရှိ တန်းတူမဟုတ်သည့် အဆင့်အတန်းနှင့် စွမ်းအားတို့ကြောင့် ဖြစ်ပေါ်နေသည့် အနေရခက်မှုမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို ကျုံးချင်က ခံစားမိပေ၏။

ထိုနေရာတွင် ရင်းနှီးကျွမ်းဝင်မှုက အစားထိုးဝင်ရောက်လာသည်။

အချိန်တခဏကြာပြီးနောက် ကျုံးချင်က သူတို့သည် မကြာသေးမီကမှ သိကျွမ်းခဲ့ကြသူများ မဟုတ်ဘဲ အချိန်အတော်ကြာကတည်းက သိကျွမ်းခဲ့ကြသော မိတ်ဆွေဟောင်းများကဲ့သို့ပင် ခံစားလိုက်ရသည်။

သို့သော် ဤခံစားချက်မှာလည်း အတော်လေး ကောင်းမွန်နေခဲ့သည်။

အခြေအနေသည် သဟဇာတဖြစ်သွားသည်နှင့်အမျှ....

ကျုံးချင်သည် အရက်အနည်းငယ် ပို၍သောက်မိသွားပေ၏။

သူ့ကို အံ့အားစေသည်မှာ ဟော်လင်းအာ၏ အရက်ခံနိုင်ရည်စွမ်း အလွန်ကောင်းမွန်နေခြင်းပင်။

သူကိုယ်တိုင်ပင် အနည်းငယ် မူးဝေနေသော်လည်း ဤမိန်းကလေးကမူ လုံးဝအဆင်ပြေနေပုံရသည်။

နောက်ဆုံးတွင် ကျုံးချင်သည် မည်သည့်အချိန်တွင် အရက်ဝိုင်း ပြီးဆုံးသွားသည်ကိုပင် မသိလိုက်ချေ။

သူ အရက်များစွာ သောက်ခဲ့ပြီး မီးပုံပေါ်ရှိ အကင်အများစုသည်လည်း အရက်ကောင်းများနှင့်အတူ သူ၏ပါးစပ်ထဲသို့ ဝင်သွားကြောင်းကိုသာ သူ ခံစားသိရှိခဲ့ပေ၏။

ဤသည်က သူ၏ခန္ဓာကိုယ်ထဲတွင် ပူလောင်ခြင်းကို မလွဲမသွေ ခံစားရစေခဲ့သည်။

မူးယစ်ရီဝေမှုများကြားတွင် လက်တစ်ဖက်က သူ၏အဝတ်အစားများကို ချွတ်နေသည်အား သူ ခံစားလိုက်ရသည်။

ဤသည်က ကျုံးချင်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

သူ၏မူးယစ်နေမှုမှ အများစုသည် ချက်ချင်းဆိုသလိုပင် အမူးပြေသွားပေ၏။

All Chapters