← Chapters

အပေးအယူတစ်ခု

Vol. 29 Ch. 288

အပေးအယူတစ်ခု

Vol. 29 Ch. 288

တခြားတစ်ဖက်တွင်....

ကျုံးချင်သည် နတ်ဆိုးသမင်တစ်ကောင်ကို ထမ်းကာ အေးအေးလူလူ ပြန်လာခဲ့ပေ၏။

"အစ်ကိုကျုံး...ရှင် ပြန်ရောက်လာပြီလား..."

ဟော်လင်းအာသည် သူမ၏ ရိုးသားပွင့်လင်းသော အမူအယာသို့ နောက်တစ်ကြိမ် ပြန်လည်၍ ပြောင်းလဲသွားခဲ့လေပြီ။

သူမ၏ ကျောက်မျက်ရတနာများကဲ့သို့ မျက်လုံးဝိုင်းကြီးများသည် ကြယ်များကဲ့သို့ တောက်ပနေပြီး အဆက်မပြတ် မျက်တောင်ခတ်နေပေ၏။

သူမ၏မျက်နှာ အနီရောင်သမ်းနေပြီး ရှက်ရွံ့နေသည့် အနေအထားတွင် ရှိနေဆဲပင်။

သူမ၏သရုပ်ဆောင်စွမ်းရည်သည် အမှန်တကယ်ကို ကျွမ်းကျင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုရပေမည်။

ကျုံးချင်သည် အနည်းငယ်သော ပုံမှန်မဟုတ်မှုကိုမျှ သတိမထားမိခဲ့ချေ။

သူက ခေါင်းညိတ်ပြပြီးနောက် ပြောဆိုလိုက်သည်။

"ငါ သမင်တစ်ကောင် အမဲလိုက်ခဲ့တယ်... စားစရာတစ်ခုခုကို ပြင်ဆင်ကြရအောင်...မင်း ခဏနားနေလိုက်အုံး....ပြီးရင် ငါ မင်းကို ခေါ်လိုက်မယ်..."

မှိုင်းညို့နေသော ရေခဲကန်၏အစွန်းတွင် မကြာမီမှာပင် မီးပုံတစ်ခု လင်းထိန်လာခဲ့သည်။

ကျုံးချင်သည် သားကောင်ကို ကျွမ်းကျင်စွာ အမွှေးနှုတ်ကာ အရေခွံခွာပြီး ကလီစာများကိုထုတ်၍ ကင်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် အသားကင်၏ မွှေးပျံ့သောအနံ့သည် လေထုထဲတွင် ပျံ့နှံ့သွားပြီး အရသာခံဖုများကို မြှူဆွယ်နေပေ၏။

"အစ်ကိုကျုံး...အရက်မပါဘဲ ကျွန်မတို့က အသားကို ဘယ်လိုလုပ် စားကြမလဲ...ကျွန်မ အရင်က အဆင့်မြင့် အရက်ကောင်းတစ်အိုး ရထားတယ်..."

"ကျွန်မက အမြဲတမ်း နှမြောပြီးတော့ မသောက်ရက်ခဲ့ဘူး..."

"အခုတော့ ရှင်နဲ့အတူသောက်ဖို့ အကောင်းဆုံး အချိန်ပဲ..."

ဟော်လင်းအာသည် အရက်ကောင်းတစ်အိုးကို ချက်ချင်းထုတ်ယူလိုက်ပြီး ကျုံးချင်၏ရှေ့သို့ လာကာ မီးပုံနံဘေးတွင် အေးဆေးစွာထိုင်ရင်း ပြောဆိုလိုက်၏။

တစ်ဖက်လူက အရက်သောက်ချင်နေကြောင်း ကြားချိန်၌ ကျုံးချင်က မျက်ခုံးပင့်လိုက်သည်။

သူ အရက်ကောင်းသောက်ရမည်ကို သူ ဝန်လေးခြင်းမရှိချေ။

သို့သော် အစောပိုင်းက သူမ မူးနေချိန်တွင် သူ့ကို မည်ကဲ့သို့ ယောင်ယမ်း၍စမ်းခဲ့ကြောင်း တွေးတောမိချိန်၌....

သူ အနည်းငယ် နေရခက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ဟော်လင်းအာက အရက်အိုးကို ဖွင့်လိုက်ရာ သိပ်သည်းကြွယ်ဝသော အရက်နံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအရက်နံ့က ကျုံးချင်၏လည်ချောင်းကို လှုပ်ရှားသွားစေခဲ့သည်။

ဤသည်မှာ သူ၏ခန္ဓာကိုယ်ထဲမှ အရက်ပိုးကောင်တစ်ကောင်ကို မြှူဆွယ်၍ ထုတ်လိုက်သည့်အလားပင်။

ရုတ်ချည်းဆိုသလိုပင် သူ၏ မူလက ငြင်းဆန်လိုသော ရည်ရွယ်ချက်မှာ လမ်းကြောင်းပြောင်းသွားပေ၏။

"မင်း တန်ဖိုးထားတဲ့ စုဆောင်းမှုဆိုတော့ မင်းရဲ့ ကြင်နာမှုကို ငါ သေချာပေါက် အလဟဿ မဖြစ်စေရဘူး..."

ဟော်လင်းအာသည် ကျောက်စိမ်းပန်းကန်လုံး နှစ်လုံးကို ထုတ်ယူပြီး အရက်အပြည့် ဖြည့်လိုက်သည်။

"လာ အစ်ကိုကျုံး...ကျွန်မက ရှင့်အတွက် ငှဲ့ပေးမယ်..."

သူမသည် အရက်ပန်းကန်လုံးတစ်လုံးကို ကောက်ကိုင်ကာ ကျုံးချင်အား ကမ်းပေးရင်း ရဲတင်းစွာ ပြောဆိုလိုက်၏။

ကျုံးချင်က ထိုအရာကို ယူလိုက်ပြီး အဝေးမှနေ၍ ခွက်မြှောက်ပြကာ နွားတစ်ကောင်ကဲ့သို့ မော့သောက်လိုက်သည်။

"ရှူး..."

အရက်ကောင်းက သူ၏အစာအိမ်ထဲသို့ ဝင်သွားသည်နှင့် သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် မီးလောင်နေသကဲ့သို့ ကျုံးချင်က ခံစားလိုက်ရသည်။

ဤအရက်သည် အလွန်ပြင်းထန်ကာ ချိုမြိန်ပြီး ပြင်းရှပေ၏။

ဤသည်က အတော်လေး မူးယစ်စေသည်။

သူ၏အရက်ခံနိုင်ရည်စွမ်းမှာ အလွန်ကောင်းမွန်သည်ဟု မူလက ယူဆထားခဲ့သော ကျုံးချင်သည် တစ်ခွက်တည်းဖြင့်ပင် အနည်းငယ် မူးဝေလာသည်ကို ခံစားလိုက်ရသည်။

သို့သော် သူ ဝန်ခံရမည်မှာ ဤအရက်သည် အမှန်တကယ် ရှားပါးသော စပျစ်ရည်တစ်မျိုးပင်။

ကျုံးချင်သည် နှစ်ပေါင်းများစွာ အရက်သောက်ခဲ့ပြီး ပြင်းအားအရ သီးသန့်ပြောဆိုရလျှင် ဤအရက်သည် နံပါတ်တစ် ဖြစ်ပေ၏။

"အရက်ကောင်းပဲ..."

သူသည် တွေဝေမှုမရှိဘဲ ထိုအရက်ကို ချီးကျူးပြီးနောက် မေးမြန်းလိုက်သည်။

"ဒီအရက်က နာမည်ဘယ်လိုခေါ်လဲ..."

ဟော်လင်းအာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တောက်ပနေပြီး သူမက ပြောဆိုသည်။

"ဒါက သုံးခွက်မူးဝိုင်အရက် လို့ ခေါ်တယ်...ဒီအရက်ကို မရခင် လင်းအာ ကြားဖူးတာက လူတစ်ယောက်ရဲ့ အရက်ခံနိုင်ရည်စွမ်း ဘယ်လောက်ပဲ ကောင်းကောင်း ဒီအရက်ကို သောက်ပြီးရင် သုံးခွက်ထက်ပိုပြီး မခံနိုင်ဘူးတဲ့..."

"အိုး...ဒါဆို ငါက သုံးခွက် ခံနိုင်မလားဆိုတာ စမ်းကြည့်ရမှာပေါ့..."

အရက်သောက်ခြင်းနှင့် ပတ်သက်လာလျှင် အမျိုးသားများသည် ယေဘုယျအားဖြင့် နောက်မဆုတ်တတ်ကြချေ။

ထို့ပြင် ကန့်သတ်ချက်များကို စိန်ခေါ်ခြင်းက အမျိုးသားများ အမြဲတစေ အနှစ်သက်ဆုံးအရာပင်။

ဟော်လင်းအာသည် ကျုံးချင်အတွက် ဝမ်းသာအားရ အရက်ဖြည့်ပေးလိုက်၏။

ထို့နောက် သူမသည် မီးပုံပေါ်မှ အသားကင်တစ်ဖဲ့ကို ဆွဲယူကာ လက်ကမ်းပေးလိုက်သည်။

ကျုံးချင်၏စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။

သူသည် ရှားရှားပါးပါးပြုံးပြီး ပြောဆိုလိုက်၏။

"အရက်ကို အများကြီး သောက်သင့်ပြီး အသားကို အတုံးကြီးကြီး စားသင့်တယ်..ဒါက အပျော်ဆုံး နည်းလမ်းပဲ..."

အရက်နှင့်အသားများ ဗိုက်ထဲသို့ ရောက်သွားသည်နှင့်အမျှ...

ကျုံးချင်သည် အလွန်အမင်း မူးဝေလာပြီး သူ၏မျက်လုံးများပင် ဝေဝါးလာပေ၏။

ဤသည်က သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

ဤအရက်သည် အမှန်တကယ်ကို ဤမျှထိ အလွန်ပြင်းထန်သလော...

ပြင်းထန်သော အရက်နှစ်ခွက်တည်းက သူ့ကို နေရာမှာပင် မေ့လဲသွားစေလုနီးပါး ဖြစ်စေခဲ့သလော....

မဟုတ်ဘူး...

မေ့လဲသွားလုနီးပါး ဖြစ်ခဲ့တာ မဟုတ်ဘူး...

သူသည် အမှန်တကယ်ကို မေ့လဲနေလေပြီ။

ဤအချိန်၌ ကျုံးချင်သည် အလွန်အမင်း မူးဝေနေသည်ဟုသာ ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ခွန်အားတစ်စက်မျှပင် မစုစည်းနိုင်တော့ချေ။

"ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်က မျှော်လင့်ထားတဲ့အတိုင်း ပြင်းထန်တာပဲ..."

တခြားတစ်ဖက်တွင် ဟော်လင်းအာက ဤသည်ကို မြင်တွေ့ချိန်၌ ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်၏အာနိသင် ပြလာပြီဖြစ်ကြောင်း သူမ သိလိုက်၏။

သူမက အံ့အားတသင့် ရေရွတ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။

သူမ၏မျက်လုံးများတွင် စိတ်ကျေနပ်အားရသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာခဲ့သည်။

"မင်း ငါ့ကို ဆေးခတ်လိုက်တာလား..."

ကျုံးချင်သည် မသက်မသာဖြစ်မှုကို အောင့်ခံကာ ဟော်လင်းအာကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်၍ အေးစက်တင်းမာစွာ မေးမြန်းလိုက်၏။

"ကျုံးချင်...မရုန်းကန်နဲ့...ဒီဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်က ဧကရာဇ်တစ်ပါးကိုတောင် သတိလစ်သွားစေနိုင်တဲ့ အရာတစ်ခုပဲ..."

"နင့်ရဲ့နည်းလမ်းတွေ ဘယ်လောက်ပဲ ထူးခြားနေပါစေ နင့်ရဲ့စွမ်းရည်တွေ ဘယ်လောက်ပဲ ကြီးမားနေပါစေ...နင်က ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်ရဲ့အာနိသင်ကို လုံးဝတောင့်ခံနိုင်မှာ မဟုတ်ဘူး..."

ကျုံးချင်က ဖြေဆေးတစ်လုံး သောက်လိုခဲ့သော်လည်း သူ၏လက်ချောင်းများကိုပင် မနည်းအားယူ၍ လှုပ်ရှားနေရသည်။

ကြီးမားသော ဉာဏ်ပညာရှိသည့် သူကဲ့သို့ အမျိုးသားတစ်ဦးသည် မည်သည့်ထူးခြားမှုမျှ မရှိသော မိန်းကလေးငယ်လေးတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့မိချေ။

သူ၏မျက်နှာ သုန်မှုန်သွားသည်။

"မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ..."

တစ်ချိန်တည်းမှာပင် ဤမိန်းကလေးကို သူ မည်သည့်အချိန်က ရန်စမိခဲ့သနည်းဆိုသည်ကို သူ အဆက်မပြတ် ပြန်လည်၍ စဉ်းစားနေခဲ့သည်။

သို့သော် သူ အဖြေမရှာနိုင်မီမှာပင်...

ဟော်လင်းအာက သူ၏ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။

"ခဏနေရင် နင် သိလာလိမ့်မယ်..."

သူမသည် စကားပြောဆိုနေရင်း ချက်ချင်းဆိုသလိုပင် သူမ၏အဝတ်အစားများကို စတင်၍ ချွတ်လိုက်၏။

"ဝုန်း..."

ဤအချိန်၌ ကျုံးချင်၏စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။

သူ၏မျက်လုံးများက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်နေသော ခန္ဓာကိုယ်ကိုသာ မြင်တွေ့မိသည်။

ဟော်လင်းအာသည် သူမ၏ခန္ဓာကိုယ်ကို လှစ်ဟပြလိုက်သည်နှင့်အမျှ...

သူမ၏ရုပ်ဖျက်ထားသော စွမ်းရည်ပျောက်ကွယ်သွားပြီး သူမ၏ အစစ်အမှန် အသွင်အပြင်ကို ပြသလိုက်သည်။

ဤသည်က မည်ကဲ့သို့ အမျိုးသမီးမျိုး ဖြစ်သနည်း...

ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်သပ်ရှုမောဖွယ်...

ဒုတိယအကြိမ် ကြည့်လိုက်ချိန်၌ ပြီးပြည့်စုံမှု...

သူမ၏မျက်လုံးဝိုင်းကြီးများသည် စကြာဝဠာ ကျောက်မျက်ရတနာများကဲ့သို့ နက်ရှိုင်းပြီး တောက်ပနေပေ၏။

သူမ၏ မီးတောက်ကဲ့သို့ နီမြန်းသော အနီရောင် ဆံပင်များအောက်တွင် ပြီးပြည့်စုံသော မျက်နှာလှလှလေး ရှိနေခဲ့သည်။

သူမ၏ တင့်တယ်လှပရှိပြီး အချိုးအစားကျသော ခန္ဓာကိုယ်သည် ကျောက်စိမ်းအလား နူးညံချောမွတ်နေသည်။

သူမထံတွင် အပြစ်အနာအဆာ တစ်ခုမျှမရှိဘဲ ပြီးပြည့်စုံနေပေ၏။

ဤအချိန်၌ 'ဆွဲဆောင်မှုရှိသော အလှတရား' 'လမင်းကဲ့သို့သော မျက်နှာ' သို့မဟုတ် 'ငါးများနှင့် ငန်းများကိုပင် နစ်မြုပ်သွားစေနိုင်သော အလှတရား' ကဲ့သို့ စကားလုံးများက သူမ၏အလှတရားကို ဆယ်ပုံတစ်ပုံမျှ ဖော်ပြရန်ပင် မလုံလောက်ချေ။

ဤကဲ့သို့ အလှတရားသည် ကောင်းကင်နှင့် မြေပြင်ကို အရောင်အဆင်း ကင်းမဲ့သွားစေပြီး အရာအားလုံးကို တိတ်ဆိတ်သွားစေရန် လုံလောက်ပေ၏။

ထို့နောက် ဟော်လင်းအာသည် ကျုံးချင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ခွထိုင်လိုက်သည်။

ထို့နောက် သူ၏အဝတ်အစားများကို စတင်၍ ချွတ်လိုက်သည်။

သူမတွင် ကောင်းကင်နတ်မိမယ်တစ်ပါးကဲ့သို့ မျက်နှာတစ်ခု ရှိသော်လည်း နတ်ဆိုးငယ်လေး တစ်ကောင်ကဲ့သို့ ပြုံးနေခဲ့သည်။

သွက်လက်သော မြွေတစ်ကောင်နှင့်တူညီသည့် နူးညံ့ချောမွတ်သော လက်တစ်ဖက်က သူ၏ ခန္ဓာကိုယ်အနှံ့ကို အဆက်မပြတ် သွားလာနေခဲ့သည်။

အထက်အောက် စူးစမ်းရှာဖွေနေကာ...

သူမ၏တခြားလက်တစ်ဖက်က ကျုံးချင်၏မေးစေ့ကို ကိုင်ထားလိုက်၏။

"ကျုံးချင်...နင့်ကို ရိုးရိုးသားသား ပြောရရင်...ဒီမိန်းကလေးက နင့်ကို သဘောကျနေတာ ကြာပြီ..."

"ဒီနေ့ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို ပိုင်ဆိုင်ရမယ်..."

"ခုခံဖို့ကို မစဉ်းစားနဲ့...နင် ခုခံလေလေ ငါက ပိုပြီးစိတ်လှုပ်ရှားလေလေပဲ..."

မိုးကောင်းကင်ယံအောက်တွင် ဟော်လင်းအာ ၏ အရိုင်းဆန်ပြီး အထိန်းအကွပ်သော ရယ်မောသံများဖြင့် ပဲ့တင်ထပ်နေပေ၏။

ရင်းနှီးသော စိတ်အားထက်သန်မှု ကာလတစ်ခု ကို ဖြတ်သန်းပြီးနောက်...

ကျုံးချင်သည် လုံးလုံးလျားလျား သတိလစ်မေ့မြောသွားခဲ့လေပြီ။

တခြားတစ်ဖက်တွင် ဟော်လင်းအာသည် သူမ၏အဝတ်အစားများကို ပြန်ဝတ်ထားလေ၏။

သူမသည် ကျုံးချင်၏နံဘေးတွင် ခါးမတ်မတ်ထိုင်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သူမ ဘဝတွင် ပထမဆုံး အမျိုးသားပင်။

သူမ မည်မျှထိ အတားအဆီးမဲ့စွာ ပြုမူခဲ့ပါစေ သူမ၏နှလုံးသားထဲတွင် လှိုင်းဂယက်တစ်ခု မရှိဘဲ မည်သို့နေနိုင်မည်နည်း။

သူမသည် ကျုံးချင်၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ကာ သူမ၏ ယခင်က ပေါ့ပျက်ပျက်နိုင်မှုများ ပျောက်ကွယ်သွားခဲ့သည်။

ထိုအစား လွမ်းဆွေးမှု အသွင်အပြင်တစ်ခုက သူမ၏မျက်နှာပေါ်တွင် အစားထိုး ဝင်ရောက်လာခဲ့သည်။

"ကျုံးချင်...နင် ငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်...ငါ့ရဲ့ သရုပ်မှန်က ငါ သာမန်အတိုင်း နေလို့မရဘူးလို့ သတ်မှတ်ထားတယ်..."

သူမသည် စကားပြောဆိုရင်း သူမ၏ရင်ဘတ်ကြားမှ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်၏။

"ဧကရာဇ်တာအိုကျင့်စဥ်" တစ်ခု...

တောက်ပနေသော "ဧကရာဇ်မျိုးစေ့" တစ်ခု...

ဧကရာဇ်တာအိုကျင့်စဥ်ကို ကျုံးချင်၏ခေါင်းနံဘေးတွင် ထားလိုက်သည်။

ဧကရာဇ်မျိုးစေ့ကိုမူ ဟော်လင်းအာက ကျုံးချင်၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်၏။

"ဒီဧကရာဇ်တာအိုကျင့်စဥ်က နင် မြန်မြန်ဆန်ဆန် စွမ်းအားကြီးလာအောင် ကူညီပေးနိုင်တယ်..."

"တကယ်လို့ နင် အဲ့ဒီအဆင့်ကို ရောက်နိုင်ရင် ဒီဧကရာဇ်မျိုးစေ့က နင် ဧကရာဇ် ဖြစ်လာမယ့် လမ်းကြောင်းကို ပိုပြီးချောမွေ့သွားစေလိမ့်မယ်..."

"ဒီတော့ ငါတို့ ကျေပြီပေါ့..."

သို့သော် သူမ ထွက်ခွာရန် မတ်တတ်ရပ်လိုက်ချိန်၌ သူမ၏နှလုံးသား နက်ရှိုင်းသောနေရာတွင် မရေရာသော တွန့်ဆုတ်မှု ခံစားချက်တစ်ခု ကျန်ရစ်ခဲ့သည်။

သူမတို့ အတူရှိခဲ့သည့် အချိန်များ၏ အသေးစိတ် အချက်အလက်များကို ပြန်လည်၍ အမှတ်ရလာခဲ့သည်။

ဤအမျိုးသားသည် သူမ၏နှလုံးသားထဲတွင် အရေးပါသော နေရာတစ်ခုကို မမျှော်လင့်ဘဲ ရရှိသွားခဲ့လေပြီ။

လွှမ်းမိုးနိုင်စွမ်းရှိသော...ယုံကြည်မှုရှိသော... လျှို့ဝှက်ဆန်းကြယ်သော....

ယခုအချိန်အထိပင် ကျုံးချင်သည် အနည်းငယ် နားလည်ရခက်သည်ဟု သူမ ခံစားနေရဆဲပင်။

သို့ရာတွင် ဤတွန့်ဆုတ်မှုအရိပ်အယောင်က ဟော်လင်းအာကို နေရစ်ခဲ့ရန် ရွေးချယ်စေခဲ့ခြင်း မရှိချေ။

ဘဝဆိုသည်မှာ မွေးဖွားကတည်းက ရွေးချယ်မှု အမျိုးမျိုးကို ရင်ဆိုင်ရန် ကံကြမ္မာ ဖန်တီးခံထားရပြီးဖြစ်သည်။

ဟော်လင်းအာ ဤသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ သူမ၏မိသားစုတွင် လက်ဆင့်ကမ်းဆင်းသက်လာသော လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံရန်ပင်။

ကျုံးချင်သည် သူမ၏ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် တံတားတစ်စင်းမျှသာ ဖြစ်ပေ၏။

သူမသည် အကိုင်းအခက်အတွက် အမြှစ်ကို မည်သို့မျှ စွန့်လွှတ်နိုင်မည် မဟုတ်ချေ။

နောက်ဆုံးတွင် ဤသည်က အပေးအယူတစ်ခုထက် မပိုခဲ့ချေ။

All Chapters