← Chapters

ရေခဲကန်

Vol. 29 Ch. 289

ရေခဲကန်

Vol. 29 Ch. 289

ရေခဲကန်၏အပြင်ဘက်တွင်...

ကျန်းချွေ့သည် ဟော်လင်းအာ အတွက် အစောင့်အဖြစ် မတ်တတ်ရပ်နေခဲ့သည်။

သူမ၏သခင်မလေးသည် ဖြူစင်ပြီး မြင့်မြတ်ကာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အဆင့်အတန်း မြင့်မားပေ၏။

သခင်မလေး၏ဘဝ၌ ဤပထမဆုံးအကြိမ်ကို တခြားသူများ၏ အနှောင့်အယှက်ပေးခြင်းကို သူ ခွင့်မပြုနိုင်ချေ။

ဤစောင့်ဆိုင်းမှုက အချိန်ကြာမြင့်မည်ဟု သူမ မူလက ထင်မှတ်ထားခဲ့သော်လည်း နာရီဝက်ပင် မပြည့်မီမှာပင် ဟော်လင်းအာသည် ငရဲရေကန် ၏အစွန်းမှ လျှင်မြန်စွာ ထွက်ခွာလာသည်ကို သူမ မြင်တွေ့မိပေ၏။

"သခင်မလေး... သခင်မလေးက... မစရသေးဘူးလား..."

ဟော်လင်းအာက တုံ့ပြန်သည်။

"အခု ပြီးသွားပြီ..."

"အဲ့ဒီလောက် မြန်တာလား..."

ကျန်းချွေ့က သူမ၏နားမလည်နိုင်မှုကို ဖော်ပြလိုက်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤကဲ့သို့ ကိစ္စမျိုးသည် အချိန်ပိုကြာလေလေ ပိုကောင်းလေလေ မဟုတ်ဘူးလော...

သို့သော် နာရီဝက်ပင် မပြည့်သဖြင့် အကြိုအနမ်းများနှင့်အဆင့်အမျိုးမျိုးကို ဖယ်ရှားလိုက်ပါက မသန်စွမ်းသူတစ်ဦးနှင့် မည်သည့်အရာများ ကွာခြားနေအုံးမည်နည်း။

"ကောင်းပြီလေ ကျန်းချွေ့.... ငါတို့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးဘဲ နေကြရအောင်..."

"အခု ငါက မိသားစုရဲ့လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် ကြိုတင်လိုအပ်ချက်ကို ဖြည့်ဆည်းပြီးသွားပြီဆိုတော့ ငါတို့ ပြန်ကြစို့..."

သူမ၏သခင်မလေး သူမနှင့်အတူ ပြန်လိုက်ခဲ့သည့်အတွက် ကျန်းချွေ့ အလွန်ဝမ်းသာသွားခဲ့သည်။

သို့ရာတွင်...

သူမက ရေခဲကန်ဘက်သို့ လှမ်းကြည့်လိုက်၏။

"သခင်မလေး... သခင်မလေးက အဲ့ဒီလူအပေါ် ခံစားချက်တစ်ခုခု ရှိနေလား..."

"တကယ်လို့ မရှိဘူးဆိုရင် အနာဂတ်မှာ သူက သခင်မလေးရဲ့ ဂုဏ်သိက္ခာကို မဖျက်ဆီးနိုင်အောင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်းချွေ့က ကူညီပေးပါရစေ..."

ဟော်လင်းအာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"ကျန်းချွေ့....သူ့ကို အသုံးချပြီးတော့ ငါ သူ့ကို အပြစ်လုပ်မိခဲ့ပြီးပြီ...သူ့ကို နှုတ်ပိတ်ဖို့အတွက် ငါက လူသတ်မှုကို ဘယ်လိုလုပ်ပြီး ကျူးလွန်နိုင်မှာလဲ..."

"သူ့ကို အန္တရာယ်ပေးဖို့ ဘယ်လိုအတွေးမျိုးကိုမှ နင် မတွေးနဲ့..."

"တကယ်လို့ နင် သူ့ကို အန္တရာယ်ပေးဝံ့တယ်ဆိုတာ ငါ သိခဲ့ရင် ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး..."

ဟော်လင်းအာက ထိုစကားများကို အလွန်ခိုင်မာပြတ်သားစွာ ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။

သူမ အမှန်တကယ်ကို ဒေါသထွက်နေကြောင်း သိသာထင်ရှားသည်။

ကျန်းချွေ့ ထိတ်လန့်သွားကာ သူမသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်တွင် ရိုသေလေးစားစွာ ဒူးထောက်လိုက်သည်။

"သခင်မလေး ခွင့်လွှတ်ပေးပါ...ကျန်းချွေ့က သခင်မလေးရဲ့ ဂုဏ်သိက္ခာကို တွေးပြီး လုပ်တာပါ..."

ဟော်လင်းအာက သူမ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ကောင်းပြီလေ...နင် သစ္စာရှိတယ်ဆိုတာ ငါ သိတယ်...ဒါပေမဲ့ ငါ့ရဲ့ကိစ္စတွေမှာ အရမ်းဝင်မစွက်ဖက်ပါနဲ့..."

"ထတော့..."

"ငါတို့ အပြင်ထွက်လာတာ ကြာပြီဆိုတော့ ငါတို့ ထွက်သွားဖို့ အချိန်တန်ပြီ..."

"ဟုတ်ကဲ့ပါ သခင်မလေး..."

ကျန်းချွေ့၏အမူအယာသည် ကျိုးနွံနေသော်လည်း သူမ၏စိတ်နှလုံးသားထဲတွင် အတော်လေး မတရားခံရသည်ဟု ခံစားနေရသည်။

သူမနှင့်သခင်မလေးအကြားတွင် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။

ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ သခင်မလေးသည် သူမအား ကြမ်းတမ်းစွာ စကားပြောဆိုခဲပေ၏။

သို့သော် ယနေ့တွင်မူ သူမသည် အမျိုးသားတစ်ဦးအတွက် အမှန်တကယ်ကို ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသည်။

သူမ၏သခင်မလေးသည် ထိုလူအပေါ် အမှန်တကယ် ကျရှုံးသွားခဲ့ပုံပင်။

သို့သော် ထိုအမျိုးသားသည် သခင်မလေး၏ အချစ်ကို ရရှိရန် မည်ကဲ့သို့သော အရည်အချင်းနှင့်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသနည်း...

ကျန်းချွေ့၏အမြင်အရ...

ဟော်လင်းအာသည် မြင့်မားပြီး ကြီးမြတ်သော အစစ်အမှန် ဖီးနစ်ငှက်ဖြစ်ကာ နတ်မိမယ်တစ်ပါးကဲ့သို့ တည်ရှိမှုတစ်ခုပင်။

ထို့ပြင် ကျုံးချင်ကမူ...

နတ်ဆိုးမြို့တော်ပိုင်ရှင်ဟူသော အဆင့်အတန်းသည် မြောက်ပိုင်းဒေသရှိ လောက၏အမြင်အရ လူအများ မရောက်ရှိနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နိုင်ပေ၏။

သို့သော် ကျန်းမိသားစု၏အမြင်အရ ဤနတ်ဆိုးမြို့တော်ပိုင်ရှင်ဆိုသူမှာ နတ်ဆိုးမျိုးနွယ် အကိုင်းအခက်တစ်ခု၏ ခေါင်းဆောင်ငယ်လေး တစ်ဦးမျှသာဖြစ်သည်။

ထိုအဆင့်သို့ရောက်ရန် ကျင့်ကြံခြင်းက အလွန် ခက်ခဲလှပေ၏။

သူတို့နှစ်ဦးသည် အဆုံးသတ်တွင် ကမ္ဘာတစ်ခုတည်းမှ လူများ မဟုတ်ကြချေ။

ယနေ့အပြီးတွင် နှစ်ဖက်လုံးသည် နောက်ထပ်ပတ်သက်ဆက်သွယ်ရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။

ဤသည်ကို တွေးတောမိချိန်၌ ကျုံးချင်အပေါ် သူမ၏သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပေ၏။

အမှန်တကယ်ကိုပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တည်ရှိမှုတစ်ခုအတွက် သူမက သခင်မလေးကို စိတ်ဆိုးဒေါသထွက်သွားအောင် ပြူလုပ်ရန် မလိုအပ်ချေ။

ထိုသို့ဖြင့် သူမတို့နှစ်ယောက်သား တိုက်ရိုက်ထွက်ခွာသွားခဲ့ကြသည်။

ကျုံးချင်အား ငရဲရေကန်နံဘေးတွင် တိတ်ဆိတ်စွာ လဲလျောင်း၍ ကျန်ရစ်စေခဲ့သည်။

အချိန် မည်မျှကြာသွားသည်ကို မည်သူ သိမည်နည်း...

မေ့မြောနေသော ကျုံးချင်သည် ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့သည်။

"အာ့..."

ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်၏ အာနိသင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ....

ကျုံးချင်သည် သူ၏ခန္ဓာကိုယ် စုတ်ဖြဲခံရသည့်အလား နာကျင်မှုကိုသာ ခံစားလိုက်ရသည်။

ခန္ဓာကိုယ်နာကျင်မှု... ခါးနာကျင်မှု... ကျောက်ကပ်နာကျင်မှု....

အချိန်အတော်ကြာ ပြန်လည်ထိန်းညှိပြီးနောက် နောက်ဆုံးတွင် သူသည် လှုပ်ရှားနိုင်စွမ်းကို ပြန်လည်၍ရရှိလာခဲ့သည်။

"ဒီတော့ ငါက မိန်းမတစ်ယောက်ရဲ့ အတင်းအဓမ္မ ပြုကျင့်တာကို ခံလိုက်ရတာပေါ့..."

ကျုံးချင်၏နောက်ဆုံးအသိစိတ်မှာ ထိုဖြူဖွေးသော ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်နေခဲ့ပေ၏။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဟော်လင်းအာ ထွက်ခွာသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူနှင့်မလှမ်းမကမ်းတွင် သူမက ပစ္စည်းတစ်ခုကို ချထားခဲ့သည်။

ဤသည်မှာ ဧကရာဇ်အဆင့်ကျင့်စဉ်ပင်။

ကျုံးချင်၏နှုတ်ခမ်းများ အနည်းငယ် ရှုံမဲ့သွားပေ၏။

"ဒီတော့ ဒါက ငါ့ရဲ့ ပြည့်တန်ဆာခအတွက် လျော်ကြေးပေါ့..."

ဤအချိန်၌ ကျုံးချင်သည် သူ စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

...

ဤနေရာတွင် ကျုံးချင်သည် သူ၏ဂုဏ်သိက္ခာ စော်ကားခံရသည်ဟု ခံစားနေရချိန်တွင် တခြားတစ်ဖက်၌ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အပြည့်အဝ ပျော်မွေ့နေကြသည်ဟု ဆိုနိုင်သည်။

ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်း တို့သည် ဖူဝမ်နန်းတော်မှ ပြန်လာကတည်းက နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

သူတို့သည် ဂိုဏ်းနှစ်ဂိုဏ်း၏ စိတ်ပိုင်းဆိုင်ရာ ထောက်တိုင်ကြီးများနီးပါး ဖြစ်လာခဲ့လေပြီ။

ဤအရှင်သခင်များကို လုပ်ကျွေးပြုစုခြင်းက စားစရာ အသားရှိခြင်းကို ဆိုလိုကြောင်း ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များအားလုံး သိထားခဲ့ကြသည်။

ထိုကြောင့် ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် သူတို့အပေါ် ပို၍ပင် လုံ့လဝီရိယရှိစွာ အစေခံခဲ့ကြ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ဘယ်သောအခါမျှ သတို့သမီးမထပ်ဘဲ ညတိုင်း သတို့သား ဖြစ်ရသည့်ဘဝကို တွေ့ကြုံခံစားနေရသည်ဟု ဆိုနိုင်သည်။

သူတို့၏ဘဝသည် မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိနေခဲ့သည်။

သို့ရာတွင် သူတို့သည် ပျော်မွေ့နေချိန်မှာပင်...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ကျုံးချင်၏ အမိန့်ကို မေ့မသွားခဲ့ကြချေ။

သူတို့သည် ပိုင်လင်းကို ကာကွယ်ရပေမည်။

သူတို့ မည်သို့ ကာကွယ်ရမည်နည်း....

ဤသည်မှာ ပိုင်လင်းကို ခြိမ်းခြောက်နိုင်သူများ အားလုံးကို ရှင်းလင်းပစ်ခြင်းပင်။

ဤ ရှင်းလင်းရေးနည်းလမ်းမှာ အတော်လေး ရက်စက်ကြမ်းကြုတ်ပေ၏။

ပထမဆုံးအနေဖြင့် ထိုလူများကို သိမ်းသွင်းရန် လူများ စေလွှတ်လိုက်သည်။

အကယ်၍ ထိုလူများသည် အညံ့ခံရန် ဆန္ဒရှိပါက သူတို့၏လက်အောက်ငယ်သားများ ဖြစ်လာပေမည်။

အကယ်၍ ထိုလူများက အညံ့ခံရန် ဆန္ဒမရှိပါက....

သူတို့ကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုချေ။ ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့က ထိုလူများအား မည်သို့ ပြုမူနေထိုင်ရမည်ကို သင်ကြားပေးပေလိမ့်မည်။

အချိန်တခဏအတွင်းတွင်...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အင်အားမှာ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး သူတို့၏ လက်အောက်ငယ်သား အရေအတွက်မှာ တစ်သောင်းနီးပါးအထိပင် ရှိလာခဲ့ပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး သွားလေရာနေရာတိုင်းတွင် သူတို့၏လက်အောက်ငယ်သားများက လိုက်ပါလာခဲ့ကြသည်။

ဤစီတန်းလှည့်လည်မှုမှာ အလွန်အထင်ကြီးစရာ ကောင်းလှသည်။

ယနေ့၌...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် မောက်မာထောင်လွှားသော အသွင်အပြင်ဖြင့် နတ်ဆိုးမြို့တော်အတွင်း၌ လမ်းလျှောက်နေခဲ့ကြသည်။

သူတို့၏ ဘယ်နှင့်ညာတွင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ရှိနေကြ၏။

သူတို့နှစ်ဦး၏နံဘေးတွင် လမ်းကြောင်းအသီးသီးမှ အသစ်သိမ်းသွင်းထားသော ကျင့်ကြံသူများ ရှိနေကြသည်။

ထိုလူများအနက် ယန်သုံးပါး နယ်ပယ် ကျင့်ကြံသူ ဆယ်ဦးကျော် ပါဝင်ကာ သူတို့၏ အနောက်တွင် ဂိုဏ်းအသီးသီးမှ တပည့်များ ရှိနေကြသည်။

ဤအင်အားစုမှာ အတော်လေး ထိတ်လန့်ဖွယ် ကောင်းပေ၏။

ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး အပြင်...

လက်အောက်ခံများ၏ အရေအတွက်နှင့် အရည်အချင်းများအရ သူတို့သည် ထိပ်သီးအင်အားစုကြီး တစ်ခုနှင့် မကြုံတွေ့ရသရွေ့ ရန်သူအားလုံးကို သုတ်သင်ပစ်နိုင်သည်။

ထိပ်သီးအင်အားစုကြီးတစ်စုဆိုလျှင်ပင် သူတို့အတွက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သောအရာ မဟုတ်ချေ။

ဤလူစုသည် လမ်းပေါ်တွင် လျှောက်လှမ်းလာခဲ့ကြရာ အရပ်မျက်နှာအဘက်ဘက်မှ အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဒါက ဘယ်အင်အားစုလဲ...ဘယ်လိုလုပ်ပြီးတော့ စွမ်းအားကြီးမားတဲ့ ထိပ်သီးကျင့်ကြံသူတွေ ဒီလောက်ထိ အများကြီး ရှိနေတာလဲ..."

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား မေးမြန်းလိုက်၏။

"ငါ မသိဘူး...သူတို့အကြောင်းကို ငါ တစ်ခါမှ မကြားဖူးဘူး..."

"ဒါပေမဲ့ သူတို့ထဲမှာ နာမည်ကြီး ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိတယ်..."

"သူက ရာသီလေးပါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျီးဝူချန်....သူက ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ဝူရှားလေ..."

"ပြီးတော့ ဓားခုနစ်လက်ဂိုဏ်း....မြကျောက်နေမင်းဂိုဏ်း...သားရဲယဉ်ပါးဂိုဏ်း..."

"ဟူး..."

"ထိပ်သီးနဲ့ပထမတန်းစား အင်အားစု ဆယ်ခုကျော် ရှိတယ်..."

"ဒီဂိုဏ်းတွေက မကြာသေးခင်ကမှ မဟာမိတ် ဖွဲ့လိုက်ပြီးတော့ အစစ်အမှန်နတ်ဆိုးအမွေအနှစ် ကို ယှဉ်ပြိုင်ဖို့အတွက် ပူးပေါင်းဖို့ ရည်ရွယ်ထားတာများလား..."

လူများအားလုံး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ်မှာပင်...

ကြက်ပေါက်စတစ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နောက်ရှိ လူများအားလုံး ရပ်တန့်သွားကြသည်။

ဤအချိန်၌ ရာသီလေးပါးဂိုဏ်း၏ ဂိုဏ်းချုပ် နှင့် ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်တို့ ရှေ့ထွက်လာရန် အလှည့်ကျရောက်လာလေပြီ။

သူတို့နှစ်ဦးသည် ရှေးဦးစွာ လည်ချောင်းကို ရှင်းလိုက်ကြသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ လူများကိုကြည့်ပြီး သူတို့က ပြောဆိုလိုက်သည်။

"အညံ့ခံမလား ဒါမှမဟုတ် သေမလား..."

"မင်းတို့ တစ်ခုရွေးကြစမ်း..."

ထိုအချိန်က သူတို့သည်လည်း နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ဤနည်းလမ်းဖြင့် သိမ်းသွင်းခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေ၏။

ယခုချိန်၌ ဤကဲ့သို့ အရာများကို လုပ်ဆောင်ရခြင်းအား သူတို့ အတော်လေး ရင်းနှီးကျွမ်းဝင်နေလေပြီ။

ထို့အပြင် ဤခံစားချက်က အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။

သူတို့နှစ်ယောက်သား အော်ဟစ်လိုက်သည်နှင့်အမျှ သူတို့၏အဖွဲ့ရှိ လူတချို့သည် မကျေမနပ်ဖြစ်နေပုံရသည်။

သူတို့သည်လည်း ထိုလူနှစ်ဦး၏ ဤနည်းလမ်းဖြင့် သိမ်းသွင်းခြင်းကို ခံခဲ့ရသူများ ဖြစ်ကြ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအတွက်မူ ဖရဲသီးစားပြီး ထိုအကြောင်းကို ဆွေးနွေးရုံဖြင့် ပြဿနာဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

လူတစ်သောင်းနီးပါးသည် လူတစ်ယောက်ကို "အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား" ဟု အော်ဟစ်နေချိန်၌ ထိုလူသည် မည်သို့ပြုလုပ်မည်နည်း။

သူသည် မည်သည်ကြောင့် တစ်စုံတစ်ခုကို ပြုလုပ်ရဲမည်နည်း...

သူတို့သည် သိမ်းသွင်းခံရခြင်းကိုသာ သဘာဝကျကျ လက်ခံရပေမည်။

ဤသို့ဖြင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ အင်အားသည် ထပ်မံ၍ မြင့်တက်လာခဲ့သည်။

နတ်ဆိုးမြို့တော်ရှိ အင်အားစုများအားလုံးကို အရပ်မျက်နှာအဘက်ဘက်သို့ လှည့်ပတ်ပြီး သိမ်းယူရမည့် လမ်းကြောင်းတစ်ခုက သူတို့ထံတွင် သိသာထင်ရှားစွာ ရှိနေခဲ့ပေ၏။

All Chapters