အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း ၄၂၄ ။ ကန့်လန့်ကာနောက်ကွယ်မှလူ
လူပုံသဏ္ဌာန်ရာချီက သူတို့နားစုဝေးလာပြီး တစ်ယောက်ချင်းစီက တူညီတဲ့မျက်နှာနဲ့ - ကူယွဲ့နဲ့ တစ်ပုံစံတည်းတူတဲ့ မျက်နှာတစ်ခု။
"ဘာလို့အကြီးအကဲကူယွဲ့လဲ..." ယွီဟုန်လည်း ဇဝေဇဝါဖြစ်သွားတယ်။ အဲပုံသဏ္ဌာန်တွေအားလုံးက ကြည့်ရတာ အတူတူဖြစ်ပုံပဲ။ သူတို့အားလုံးကတော့ ကူယွဲ့ရဲ့ မွေးချင်းတွေ မဖြစ်နိုင်ဘူးမလား။
"သူတို့က ဖေဖေနျို့အချက်အလက်ကို ပုံတူပွားထားတာ" ရှန်းရင်အမူအရာက မှောင်မည်းနေကာ သူမပတ်လည်က ပုံသဏ္ဌာန်တွေကို တစ်ယောက်ချင်း လေ့လာပြီး ခပ်တိုးတိုးပြောလိုက်တယ်။
"ဒီလူတွေ တစ်ယောက်မှ အစစ်မဟုတ်ဘူး"
အုပ်စုက ထိတ်လန့်မှုကိုကျော်လွှားနိုင်သွားတာနဲ့ သူတို့ တုံ့ပြန်နိုင်လာတယ်။ နောက်တစ်ကြိမ်မှာတော့ သူတို့ပတ်လည်က ပုံပန်းသဏ္ဌာန်တွေကို တိုက်ခိုက်ကြတော့တယ်။ အခု သူတို့ ဒီသဏ္ဌာန်တွေကို သေချာမြင်ရပြီဆိုတော့ သေချာပြန်တွန်းလှန်နိုင်ပြီ။ သူတို့ရဲ့ မတူညီတဲ့သိုင်းတွေကနေ ကွဲပြားတဲ့ အလင်းရောင်တွေက နောက်တစ်ကြိမ် ကောင်းကင်မှာပြည့်သွားပြန်တယ်။
ဖေဖေနျို ရာချီက သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာပြီး အုပ်စုနဲ့အပြင်းအထန် တိုက်ခိုက်ကြတော့တယ်။ အင်မတန် မြန်ဆန်စွယပဲ အုပ်စုသိလိုက်ရတာက ပုံသဏ္ဌာန်တွေက အပြင်ပိုင်းတင် ကူယွဲ့နဲ့ တူတာမဟုတ် - သူတို့ကျင့်ကြံဆင့်နဲ့ စွမ်းရည်တွေကပါ ကူယွဲ့နဲ့တစ်ထပ်တည်း ဆိုတာကိုပဲ။
တခြားနည်းနဲ့ပြောရရင် သူတို့ရင်ဆိုင်နေရတဲ့ ပုံသဏ္ဌာန်ရာချီက ဧကရာဇ်ငယ်ကျင့်ကြံဆင့်ရှိတဲ့ ဓားကျင့်ကြံသူတွေ။ သူတို့ ဒါကိုနားလည်သွားတာနဲ့ ချွေးစေးပြန်သွားတယ်။ တစ်ယောက်ချင်းစီက အဇဋာဧကရာဇ်ဆိုပေမဲ့ ဒီလောက်များတဲ့ ဧကရာဇ်ငယ်တွေကို တိုက်ခိုက်ရတာက အဇဋာဧကရာဇ်တစ်ယောက်ချင်းစီက ဧကရာဇ်ငယ်ဆယ်ယောက်နဲ့ ယှဉ်ပြိုင်ဖို့လိုတာပဲ။ သဘာဝအရ ဒါတွေက သူတို့ခွန်အားအပေါ် ထိခိုက်မှုဖြစ်စေတာပေါ့။ ပြီးတော့ ဧကရာဇ်ငယ်တွေက ဓားကျင့်ကြံသူတွေ။ အုပ်စုက အစပိုင်း အသာစီးရနေတယ်ခံစားရပေမဲ့ မြန်ဆန်စွာပဲ စတင်ရှုံးနိမ့်မှုကို ခံစားရလာတယ်။
သူတို့ရန်သူတွေက သတိထားမိသွားပုံ။ ပိုပြီးတော့ အားမာန်တက်ကြွစွာနဲ့ တိုက်ခိုက်ကြတော့တယ်။ သူတို့တွေက အုပ်စုကို ရှင်းလင်းဖို့ အကာအကွယ်ပုံစံအားလုံးကို ဖယ်ရှားပြီး အသက်ကို လောင်းကြေးထပ်ကြတဲ့အထိပဲ။ အခြေအနေက မျှော်လင့်ချက်ကင်းမဲ့တဲ့ပုံဖြစ်နေတာ သူတို့ နဂါးအော်သံ ရုတ်တရက် မကြားခင်ထိ။
ယိချင်းက လက်လျှော့ဖို့ ရည်ရွယ်ချက်မရှိ။ သူက အသွင်အစစ်ဆီ ပြောင်းလဲလိုက်တယ်။ ရွှေရောင်နဂါးကြီးတစ်ကောင်က ကောင်းကင်ဆီ တစ်ရှိန်ထိုး တက်သွားတယ်။ သူ့နတ်ဘုရားစွမ်းအင်က လွှမ်းမိုးနေတယ်။ သူ မြင့်သထက်မြင့်မြင့် ပျံသန်းသွားလေ လျှပ်စီးတွေက ကောင်းကင်တစ်လျှောက် လက်လာပြီး ပိုက်ကွန်ကြီးတစ်ခုက တစ်ကမ္ဘာလုံးကို ကွန်ပစ်တော့မဲ့ပုံနဲ့ တူနေတယ်။ ပိုက်ကွန်က ကိုယ်ပွနားတွေဆီ ပျံသန်းသွားတယ်။
နားကန်းစရာ မိုးကြိုးသံက လေထဲပြည့်သွားခဲ့တယ်။ ပုံသဏ္ဌာန်တွေက ကောက်ရိတ်သိမ်းပွဲတော်အတွင်း ဂျုံပင်တွေလို တစ်ယောက်ပြီးတစ်ယောက် မြေကြီးဆီ ပြုတ်ကျကုန်တယ်။
"န... နဂါး" အဇဋာဧကရာဇ်တွေအားလုံး ကောင်းကင်ထဲက ရွှေရောင်နဂါးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။ သူတို့တုံ့ပြန်နိုင်ဖို့ အတော်လေး အချိန်ကြာသွားတယ်။
"အာရုံမလွင့်ကြနဲ့ တိုက်" ယိချင်း သူတို့ကို သတိပေးလိုက်ရတယ်။ သူ့ရဲ့ထူထဲတဲ့ နတ်ဘုရားစွမ်းအင်က အုပ်စုဘေးကဖြတ်သွားတယ်။
အဲတော့မှ အားလုံးသတိပြန်ဝင်လာကြတယ်။ အသစ်ပြန်လည်ရရှိလာတဲ့ ခွန်အားနဲ့ သူတို့ရှေ့က တိုက်ပွဲကို ရင်ဆိုင်တယ်။ တစ်ယောက်ယောက်က သူတို့ကို အားဖြည့်ဆေးပေးလိုက်သလိုမျိုးပဲ။ အထူးသဖြင့် အဇဋာဧကရာဇ်တွေ။ တစ်ယောက်ချင်းစီက ပိုပိုပြီး ခက်ထန်လာကြတယ်။ တစ်ဖက်မှာတော့ ကောင်းကင်မိစ္ဆာတွေက ပိုအားနည်းလာပုံ။ အချိန်အတော်ကြာပြီးနောက်မှာ ကောင်းကင်မျိုးနွယ်က အမတဘုံမှာ နောက်တစ်ကြိမ် ပေါ်လာခဲ့တယ်။ သူတို့တွေလည်း ညီတူညီမျှ အားဖြစ်ပေမဲ့ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက် တုံ့ပြန်မှုကိုတော့ မထိန်းနိုင်ဘူး။ ကောင်းကင်မျိုးနွယ်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ မဟာရန်ဘက်တွေလေ။ နတ်ဘုရားစွမ်းအင်တည်ရှိမှုက သူတို့ခြေထောက်တွေကိုတောင် ပျော့ခွေစေတယ်။
လေထဲက အခြေအနေတွေက ပြောင်းလဲသွားတယ်။ ဖေဖေနျို့ကိုယ်ပွားတွေက မြေကြီးပေါ် သလင်းဖန်တစ်ခုရဲ့ ကျိုးပဲ့နေတဲ့အပိုင်းအစတွေလို တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်တယ်။ သူတို့မြေကြီးပေါ် မထိခင် ပျောက်သွားကြတယ်။ အဲလိုနဲ့ တချို့ပဲကျန်တော့လေရဲ့။
တိုက်ပွဲဖြစ်နေတာ နာရီအနည်းငယ်ကြာနေပြီ။ ကောင်းကင်မိစ္ဆာတွေအပါအဝင် လူတိုင်း အပြင်းအထန် ဒဏ်ရာရထားကြတယ်။ သူတို့ နောက်စကားတစ်ခွန်းပြောဖို့တောင် အားမရှိတော့ဘူး။ နောက်ဆုံးကိုယ်ပွား ပျောက်သွားတာနဲ့ အားလုံးက သက်မချကာ ရှန်းရင်ရှိတဲ့နေရာဆီ ပြန်ဆုတ်လာကြတယ်။
"နောက်ဆုံးတော့ ပြီးပြီပဲ" ယွီဟုန် သက်ပြင်းချလိုက်တယ်။ သူမက ပတ်လည်က အကာအကွယ်အင်းကွက်ကို ဖျက်ကာ တခြားသူတွေကိုတွေ့ဖို့ အပြင်စထွက်တယ်။
"ခဏ" ရှန်းရင်က ရုတ်တရက် သူ့ကိုပြန်ဆွဲထားပြီး ရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်။
"မပြီးသေးဘူး" အဲရေခဲမြစ် မပျောက်သွားသေးဘူး။
"ဘာကို..." ယွီဟုန် တုံ့ဆိုင်းသွားပေမဲ့ ဘာပြောရမလဲမသိဘူး။
ရေခဲမြစ်က နောက်တစ်ကြိမ် အဖြူရောင်အလင်းထွက်လာကာ လေထဲကနတ်ဆိုးချီကို လွင့်ပျယ်သွားစေတယ်။ ထူးဆန်းတဲ့အရှိန်အဝါတစ်ခုကက နေရာတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူတို့ပတ်လည်မှာ ပုံသဏ္ဌာန်တွေက နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။
"အားလုံးပဲ သတိထားကြ" ယွီဟုန် ထိတ်လန့်တကြား အော်ကာ တခြားသူတွေကို သတ်ပေးဖို့ အပေါ်ပျံတက်လိုက်တယ်။
ဒါပေမဲ့ လူအုပ်က သူ့ကို ကြားပုံမပေါ်။ အဲအစား သူတို့က မြန်ဆန်တဲ့အရှိန်နဲ့ သူမဆီပျံသန်းခာတယ်။ အဖြူရောင်အခင်းက သူတို့ကို မှီလာပြီ။ ရုတ်တရက် သူတို့ရဲ့အောင်ပွဲရအမူအရာတွေက အေးစက်ကုန်တယ်...။
ယွီဟုန်ရင်ထိတ်သွားတယ်။ တစ်ခုခု မဟုတ်တော့ဘူး။ သူတို့က... ထိန်းချုပ်ခံနေရတာပဲ သူမ ဓားပျံကို အမြန်ဆင့်ခေါ်ကာ ရှန်းရင်ဆီ ပြန်ပျံသန်းလာတယ်။
"ဂိုဏ်း..." သူမ ရှန်းရင်ကို လှမ်းမခေါ်နိုင်ခင် အမူအရာက ပြောင်းလဲသွားခဲ့တယ်။ သူမမျက်လုံးရှေ့က အလင်းရောင်က ပြောင်းလဲသွားတဲ့ပုံ။ သူမက တစ်ဖက်လှည့်ကာ အမတဓားကို ဆင့်ခေါ်ပြီး ရှန်းရင်ဆီ မျက်နှာသေနဲ့ ပျံသန်းလာတော့တယ်။
"ဆရာ" ယိချင်း အော်လိုက်တယ်။ ဒါပေမဲ့ သူနောက်ကျလွန်းသွားပြီ။ လူအမျိုးမျိုးဆီက တိုက်ခိုက်မှုတွေက ရှန်းရင်ပေါ် ကျဲချသွားတယ်။ ဓားမြှောင်တွေက ရှန်းရင်ပေါ် ရွာချလာတယ်။ ရှန်းရင်ထဲက အကာအကွယ်စနစ်က သူ့ဘာသာ အသက်သွင်းကာ သူမပတ်လည်မှာ အကြည်ရောင်အကာအကွယ်အလွှာ ဖန်တီးပေးလိုက်တယ်။ သူမကို အကာအကွယ်ဘောလုံးထဲ ဘေးကင်းစွာ ရစ်ပတ်ထားကာ သူမပေါ်ကျဲချနေတဲ့ တိုက်ခိုက်မှုအမျိုးမျိုးကို စုပ်ယူပြီး ပြန်ကန်ထွက်စေလိုက်တယ်။
သူမဆီ အမြန်ချီတက်လာတဲ့လူအုပ်ကြီးက မြေကြီးပေါ်ပြုတ်ကျကုန်တယ်။ ယွီဟုန်တောင် အရှိန်ကြောင့် အနောက်ကို လွင့်ထွက်သွားတယ်။ ဒါပေမဲ့ တစ်ခဏနေတော့ သူတို့က ပြန်ထရပ်တယ်။ သူတို့ အမူအရာတွေက အခုဖေဖေနျိုရဲ့ အဲဒီကိုယ်ပွားတွေအားလုံးလိုမျိုး တစ်ပုံစံတည်း သစ်သားအရုပ်တွေပမာ တည်ငြိမ်ပြီးမလှုပ်မယှက်။
"သူတို့အသိစိတ်တွေကို ဖမ်းယူခံလိုက်ရပြီ" ရှန်းရင် ရေရွတ်ကာ မျက်နှာမာကြောသွားတယ်။
"ဆရာ" ယိချင်း နောက်ဆုံးတော့ ရှန်းရင်ဆီ ရောက်လာပြီး သူမဘေး ဆင်းသက်လိုက်တယ်။
ရှန်းရင်က ထခုန်ကာ အော်လေတယ်။
"ဒီကိုမလာခဲ့နဲ့"
နောက်ကျလွန်းသွားပြီ။ သူမပါးစပ်ကနေ ဒီစကားတွေ ထွက်ထွက်ချင်း တစ်စုံတစ်ရာက သူမခြေထောက်အောက် မြေကြီးထဲကနေ ခုန်ထွက်လာတယ်။ မြေကြီးထဲက ဆူးချွန်တွေလို သူမဆီ ဦးတည်လာပြီး ထိုးစိုက်ဖို့ ခြိမ်းခြောက်လေတယ်။ ယိချင်းက ဆူးတွေဆီကနေ ထွက်ချင်ပေမဲ့ သူ့ဘယ်ဘက်ပခုံးက်ု ဖောက်ထွက်သွားကာ မြေကြီးပေါ်ကျသွားခဲ့တယ်။ လတ်လတ်ဆတ်ဆတ် သွေးတွေက သူ့ဒဏ်ရာကနေ စီးကျလာတော့တာပေါ့။
ပတ်ပတ်လည်မှာ ရေခဲမြစ်က ကျယ်ပြန့်လာတယ်။ ရှန်းရင်က အခုရေခဲထဲ ပိတ်မိနေပြီ။
"ဆရာ" ယိချင်းက ကုန်းရုန်းထကာ ရေခဲကို ရှိသမျှအားနဲ့တိုက်ခိုက်ပေမဲ့အချည်းနှီး။ သူလုပ်နိုင်သမျှက ဘေးမှာရပ်ကာ ရှန်းရင်ပတ်လည်က ရေခဲတိုင်လုံးတွေ ရေခဲတောင်ကြီးအဖြစ် ကြီးထွားလာတာကိုပဲ ကြည့်နေရတယ်။ သူ အထဲက ရှန်းရင်ကို မမြင်ရတော့ဘူး။ ပြီးတော့ ဖိနှိပ်တဲ့အရှိန်က နောက်တစ်ကြိမ် ပေါ်လာတယ်။ ယိချင်း နတ်ဘုရားစွမ်းအင်က သူ့ကိုယ်ထဲကထွက်သွားပြီး သွေးအန်စပြုတော့တယ်။
ရှန်းရင်က အခု ရေခဲထဲ လုံးဝပိတ်မိနေပြီ။ သူမပတ်လာ်က အရာအားလုံး နှင်းလိုဖြူစွတ်ကုန်တယ်။ သူမ ခုရှိနေတဲ့နေရာက စောနက ပိတ်မိနေခဲ့တဲ့ နေရာထက် အများကြီးပိုကြီးတယ်။ ပြီးတော့ သူမရှိနေတဲ့ ကမ္ဘာနဲ့ ခုခွဲခြားခံထားရပြီ။
အခုတော့ ရေခဲမြစ်က သူတို့ဖေဖေနျို့ကိုယ်ပွားတွေနဲ့ တိုက်ခိုက်နေချိန် ဘာလို့မကျယ်ပြန့်လာလဲ နားလည်သွားတယ်။ ရေခဲမြစ်က တကယ်တော့ အောက်ဘက်ဆီကြီးထွားနေတာဖြစ်ပြီး မိုင်ရာချီ အချင်းဝက်ပတ်လည်အတွင်းက အရာအားလုံးကို လွှမ်းခြုံအောင် အောက်ဘက်က မြေကြီးထဲ ရစ်ပတ်နေခဲ့တာ။ အဓိကရည်ရွယ်ချက်ကတော့ သူမကို လောကကြီးနဲ့ သီးခြားဖြစ်နေတဲ့ ဒီနယ်ပယ်ထဲ ပိတ်လှောင်ထားဖို့ဖြစ်ပုံပဲ။
လက်ထောက်အစွမ်းက စီမံထိန်းသိမ်းသူဆီက လာတာ။ သူမ မျက်နှာပြင်ထဲမရှိသရွေ့ ယိချင်းကိုအလွယ်လေး နှိမ်နင်းနိုင်တယ်။
"စီမံထိန်းသိမ်းသူ" တကယ်ပဲ ရင်းနှီးနေတဲ့အသံတစ်သံက နယ်ပယ်ထဲ အက်ခိုးထပ်လာတယ်။ အဖြူရောင်သဏ္ဌာန်တစ်ခုက ရေခဲလွှာတွေကြားကနေ သူမဆီလျှောက်လာလေတယ်။
အဲလူမျက်နှာက စောနက သူမ တွေ့ခဲ့ရတဲ့အများကြီးနဲ့ တစ်ပုံစံတည်းပဲ။ တစ်ခုတည်းသော ကွာခြားချက်က ဒီလူက ရင်းနှီးနေတဲ့ အရှိန်အဝါကိုပါ သယ်ဆောင်လာတာ။
ရှန်းရင် မျက်လုံးမှေးကာ သက်မချလိုက်တယ်။ သူ နောက်ဆုံးတော့ ဒီရောက်လာပြီပဲ။ ဖေဖေနျို့ရဲ့ ခန္ဓာကိုယ်... အစစ်။
သူမ အဲလူကိုခေါင်းစခြေဆုံး စစ်ဆေးပြီးတဲ့နောက် ခန့်မှန်းချက်ကို အတည်ပြုလိုက်တယ်။ သူမ လက်ပတ်ကို လှမ်းထိလိုက်ရင်း အေးစက်တဲ့အသံနဲ့ ခေါ်လိုက်တယ်။
"ကျူးကျော်သူ"
"ငါမင်းကို နောက်ဆုံးတော့ ဖမ်းမိပြီ" အဲလူက ရှန်းရင်ကို တန်းတန်းမတ်မတ် စိုက်ကြည့်ကာ ကောက်ကျစ်စွာ စပ်ဖြဲဖြဲပြုံးတယ်။
"မင်းပျောက်သွားသရွေ့ ငါတို့ ဒီလောကကို လုံးဝအစားထိုးလို့ရပြီ"
"အို..." ရှန်းရင် အမူအရာက အေးစက်နေဆဲ။ သူမက ခေါင်းကိုစောင်းကာ မေးလိုက်တယ်။
"နင်သေချာရဲ့လား"
…
အခန်း ၄၂၅ ။ စားဖိုမှူးကို မထိနဲ့
သူမ ဆန့်ကျင်ဘက်ကလူက ခြောက်ကပ်ကပ်ရယ်တယ်။ သူ့မျက်လုံးတွေက ရတနာတစ်ခုကို တွေ့လိုက်သလိုမျိုး တောက်ပသွားတယ်။
"ဒီမျက်နှာပြင်ရဲ့ ခုခံမှုကတကယ်ပဲ အတော်လေး ခိုင်မာတယ်၊ ငါတို့တွေ အများကြီးပြင်ဆင်မှုလုပ်ရပေမဲ့ ငါတို့ ဒီကိုရောက်တဲ့အကြိမ်တိုင်း အားထုတ်မှုတွေက အလဟသဖြစ်သွားတယ်၊ ဒီလိုမျိုး အရည်အသွေးနိမ့် မျက်နှာပြင်က သူ့ဘာသာကောင်းကောင်း ထိန်းထားနိုင်တာ အထင်ကြီးစရာပဲ၊ တကယ်လို့ ငါတို့သာ မျက်နှာပြင်ကျူးကျော်တာကို စလုပ်တာဆို မင်းတို့အားလုံး ဒီရလဒ်ကနေ လွတ်မြောက်နိုင်လောက်တယ်"
"..." တခြားနည်းနဲ့ပြောရရင် ဒါက သူတို့ ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့။
"မင်းလက်ထောက်က အတော်လေး ထိတ်လန့်စရာပဲ သူ့အစွမ်းတွေက တခြားမျက်နှာပြင်တွေရဲ့ စီမံထိန်းသိမ်းသူတွေထက် အများကြီးသာတယ်၊ ငါတို့ သူ့အသိစိတ်ကို ထိန်းချုပ်ဖို့အတော်ကြာချက်ပဲ၊ သူက သူ့စွမ်းအားကို အပြည့်အ ဝနားမလည်သေးတာ နှမြောစရာ၊ အဲဒါက ငါတို့ရဲ့အကောင်းဆုံး ကိရိယာပဲ။
"..." ကိရိယာလား။
"ဟုတ်သား - မင်းမှာ နောက်လက်ထောက် ရှိသေးတာပဲ"
အဲလူမျက်လုံးတွေက အသုံးဝင်တဲ့တစ်စုံတရာကို တွေးမိသွားသလိုမျိုး တလက်လက် တောက်ပသွားတယ်။ "သူက ပိုပြီးတောင် အစွမ်းကြီးပုံပဲ၊ သူလည်း ကိရိယာကောင်းတစ်ခု ဖြစ်မှာ သေချာတယ်" သူ စကားဆုံးဆုံးချင်း ရေခဲလွှာတစ်ခုလုံး တုန်ခါသွားတယ်။ ရေခဲမြစ်အပြင်ဘက်မှာ ဖြစ်နေတဲ့ပုံရိပ်တွေ ပေါ်လာလေတယ်။
ရေခဲပြင်ကျယ်ကြီးပေါ်မှာ မတ်တတ်ရပ်နေတဲ့ လူတစ်ယောက်။ သူ့ကိုယ်ပေါ်မှာတော့ မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေ။ လက်တစ်ဖက်မှာ ဓားရှည်တစ်ချောင်း ကိုင်ထားတယ်။ အဲလူက မတည်မငြိမ်ရပ်နေတာ အချိန်မရွေး လဲကျသွားတော့မဲ့ပုံ။ သူ့ပတ်လည်က အရာအားလုံးက ဖေဖေနျိုနဲ့တစ်ပုံစံတည်းတူတဲ့ ပုံသဏ္ဌာန်တွေ၊ အသိစိတ်တွေထိန်းချုပ်ခံထားရတဲ့ အဇဋာကောင်းကင်ဧကရာဇ်တွေနဲ့ ကောင်းကင်မိစ္ဆာတွေရောပဲ။
အလယ်ကလူက သူတို့ သူ့အပေါ်တိုက်ခိုက်မှုကို မမြင်တဲ့အတိုင်းပဲ။ သူက ခေါင်းကြောမာစွာနဲ့ အောက်ကရေခဲကို ဓားနဲ့ထိုးပြီး ရှန်းရင်ကိင အဲကကယ်ထုတ်ဖို့ကြိုးစားနေတာ သံသယရှိရာမလို။
သူ့အစွမ်းတွေ ချိပ်ပိတ်ခံထားရတာ သိသာတယ်။ ရေခဲကိုခွဲဖို့ မှော်အတတ်သုံးလို့ရမဲ့ နည်းလမ်းမရှိ။ ဒဏ်ရာတွေ သူ့ကိုယ်ပေါ် စုပုံသထက်စုပုံလာတာ လူကိုမမှတ်မိနိုင်လောက်တော့တဲ့အထိပဲ။
စားဖိုမှူး
ရှန်းရင် အဲပုံရိပ်ကိုမြင်တော့ သူမအမူအရာ မှောင်မည်းသွားခဲ့တယ်။ သူမ တစ်ခါမှ မခံစားဖူးတဲ့ ဒေါသတစ်မျိုးက သူမခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာတဲ့ပုံ။ သူမ ခေါင်းထဲရှိနေတဲ့ အစီအစဉ်အားလုံးကို ဘေးဖယ်ပစ်လိုက်တယ် - ချီး ယုတ္တိ
"ဟက်..." သူမ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်တယ်။ သူမ ကောင်းကင်က ရင်းနှီးနေတဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ အေးစက်တဲ့ အငွေ့အသက်တွေက သူမခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာတော့တယ်။ အလွန်အန္တရာယ်များတဲ့ အသံနဲ့ သူမက ပြောတယ်။ "နင်... အရမ်းကောင်းတယ်" အရမ်းကောင်းလို့ သူ့ဒေါသကို ထိန်းချုပ်ဖို့တောင် ခက်နေပြီ ။
"သူက မကြာခင် ငါတို့လူဖြစ်လာမှာ" လေထဲကလူက ရယ်တယ်။
"ဒီမျက်နှာပြင်လိုပဲပေါ့... အယ်၊ မင်းခန္ဓာကိုယ်စွမ်းအင်က ဘာလို့.... ဟင့်အင်း မဖြစ်နိုင်တာ၊ ငါချိပ်ပိတ်ပြီးပြီ..."
ရှန်းရင်ပတ်လည်က မျက်နှာပြင်တွေက မည်းနက်ကုန်တယ်။ သူမကိုယ်ကို ဝိုင်းထားတဲ့ အကာအကွယ်အလွှာတွေတောင် ဖယ်ရှားသွားတယ်။ ရေခဲလွှာတွေက သူမနား ဆက် ကပ်မလာနိုင်တော့ဘူး။ ကြောက်စရာကောင်းတဲ့ တစ်ခုခုက သူမကိုယ်ကနေ စိမ့်ထွက်လာပြီး ကြောက်ခမန်းလိလိအားနဲ့ ပေါက်ကွဲထွက်အောင် ခြိမ်းခြောက်နေတယ်။ ရေခဲလွှာတွေက ရုတ်တရက် ထက်ပိုင်းကွဲသွားတာ ခုတ်ခံလိုက်ရတဲ့ ဂေါ်ဖီထုတ်လိုမျိုးပဲ။ တစ်လှမ်းပြီးတစ်လှမ်း သူမက ရှေ့ဆက်လျှောက်လာတယ်။ ခြေတစ်လှမ်းစီနဲ့အတူ သူမခြေထောက်အောက်က ရေခဲလွှာပေါ် အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ ကောင်းကင်တွေနဲ့ မြေကြီးက သူမတက်လာလေ ကွဲထွက်အောင် ခြိမ်းခြောက်လေပဲ။
"စီမံထိန်းသိမ်းသူရဲ့ စွမ်းအားတွေကို ချုံ့ပစ်ဖို့ ငါတို့တတ်နိုင်သမျှအားလုံးလုပ်ခဲ့တာ သေချာပါတယ်.. ဘယ်လိုလုပ် မင်းက ဒီလောက်အားကြီးနေသေးတာလဲ"
အဲလူမျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားကာ မြန်ဆန်စွာတက်လာတဲ့ အမျိုးသမီးကို မယုံကြည်နိုင်စွာ ကြည့်နေတယ်။ သွေးပျက်စွာနဲ့ သူက သလင်းခဲတွေထပ်ဆင့်ခေါ်ပြီး သူနဲ့အမျိုးသမီးကြား နံရံတစ်ခုခြားဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူတို့က အသုံးမဝင်ဘူးဆိုတာ ပြသနေတယ်။ သူတို့တွေက ပတ်လည်က တခြားရေခဲလွှာတွေလိုပဲ အပိုင်းပိုင်းအစစအဖြစ်သာ ကျိုးပဲ့ကုန်တယ်။ အလိုလို သူက နောက်ဆုတ်သွားလေရဲ့။
"မ... မဖြစ်နိုင်တာ၊ အနားတိုးမလာနဲ့နော်"
ရှန်းရင်အမူအရာက ခု ရေခဲလိုအေးစက်နေပြီ။ သူမက တစ်လုံးချင်း ဖိပြောတယ်။
"နင်က အလင်းနဲ့ ကစားရတာ ကြိုက်တယ်မဟုတ်လား၊ ငါနင့်ဆန္ဒကို ချီးမြှင့်ပေးရမှာပေါ့"
"..."
***
ရေခဲတောင်အပြင်ဘက်။
ယိချင်းက ဆက်တောင့်မခံနိုင်တော့ဘူး။ သူ့အမြင်ရော သူ့စိတ်ပါ ဝေဝါးနေပြီ။ မခံမရပ်နိုင်တဲ့ နာကျင်မှုက သူ့ကိုယ်တစ်လျှောက်စိမ့်ဝင်လာတယ်။ သူ့လက်ထောက်စွမ်းအင်နဲ့ နတ်ဘုရားစွမ်းအင်ကလည်း ချိပ်ပိတ်ခံထားရပြီး ပတ်ပတ်လည်မှာ ရန်သူတွေက နံရံတံတိုင်းလို ဖွဲ့စည်းနေတယ်။ ဓားသိုင်းကြီးသီးသန့် တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့... ဆရာ ဆရာက အထဲမှာ ပိတ်မိနေသေးတယ်။ အဲဒီ သီးသန့်ခြားဂါထာက သူမစီမံထိန်းသိမ်းသူစွမ်းအင်တွေ ကန့်သတ်ခံရအောင် မျက်နှာပြင်နဲ့ နယ်နိမိတ်ကို ခွဲထုတ်ပစ်နိုင်တယ်။ ပြီးတော့ ဆရာက အပြည့်အဝ မသက်သာသေးဘူး။ သူမ အကြီးအကျယ် အန္တရာယ်ကျရောက်နေပြီ။
တိုက်ခိုက်မှုမြောက်မြားစွာ သူ့အပေါ် ကြဲချလာမှုနဲ့အတူ ယိချင်း မတ်တတ်ရပ်ဖို့တောင် အနိုင်နိုင်။ ဆရာ့ကို ပိတ်လှောင်ထားတဲ့ရေခဲဆီ သူ တွားသွားဖို့ပဲရှိတယ်။ သူ သူမကိုကယ်ရမယ်... ကယ်ရမယ်...။
ရုတ်တရက် သူ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်။ သူ့ကိုယ်ပေါ် တိုက်ခိုက်မှုတွေက ရပ်ဝန့်သွားတယ်။ မျက်စိရှေ့တင် အနီရောင်အလင်းတန်းသောင်းချီက မာကြောတဲ့ ရေခဲတောင်ထဲကနေ ထွက်လာတယ်။ မျက်စိတစ်မှိတ်အတွင်း ရေခဲလွှာတွေက အပိုင်းပိုင်း ဖြစ်သွားတာများ ဓားကြီးတစ်ချောင်းခုတ်တာခံခဲ့ရတဲ့အတိုင်းပဲ။
မြင့်လွန်းလို့ တိမ်တွေထိရောက်လုနီးပါး ရေခဲတောင်က စတင်ပြိုလဲလာတယ်။ သူတို့ အလင်းတန်းတွေအဖြစ် အမြန် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတယ်။ ကျန်ရစ်ခဲ့သမျှက အနီရောင်အလင်းတန်းတွေပဲ။ အနီရောင်အလင်းအတန်းတွေရဲ့ အရင်းအမြစ်က လမ်းလျှောက် ထွက်လာတယ်။
"ဆ... ဆရာ..." ယိချင်းက ရင်းနှီးနေတဲ့ ပုံသဏ္ဌာန် အရှုပ်ပုံကြီးထဲက ဖြည်းဖြည်းချင်း ထွက်လာတာကို အူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပူလောင်လာတယ်။ မျက်ရည်ပူတွေက ပါးပြင်ထက် စီးကျလာတော့ တယ်။ သူမအဆင်ပြေတယ်... တော်သေးတာပေါ့။
ရှန်းရင် အမူအရာက အေးခဲနေဆဲ။ ပျောက်သွားတဲ့ရေခဲတွေအားလုံး သူမမျက်နှာပေါ် သွားစုဝေးနေတဲ့အတိုင်းပဲ။ သူမကိုယ်ခန္ဓာက ကြောက်ခမန်းလိလိ အရှိန်အဝါ လွှင့်ထုတ်နေတယ်။ သူမက စားဖိုမှူးဆီ လျှောက်လာပြီး လက်ချောင်းကို မြှောက်ကာ ယိချင်းနဖူးကို ထိလိုက်တယ်။
ယိချင်း သူ့ကိုယ်ပေါ် လေးလံနေတဲ့ ဖိနှိပ်အရှိန်အဝါက ပျောက်သွားတာကို ခံစားမိတယ်။ သူ့စွမ်းအားတွေ ခန္ဓာကိုယ်ထဲပြန်စီးဝင်လာပြီး ကိုယ်ပေါ်လွှမ်းနေတဲ့ဒဏ်ရာတွေက ပြန်အနာပိတ်လာတယ်။ တစ်ခဏအကြာမှာ သူတစ်ဝက်ပြန်သက်သာနေပြီ။ မကြာခင် သူ့ကို စောနက ခံစားခဲ့ရတဲ့ဒဏ်ရာတွေအကြောင်း သတိပေးနေသမျှက ကိုယ်ပေါ်ကျန်ရစ်ခဲ့တဲ့ ခြောက်ကပ်ကပ်သွေးတွေပဲ။
သူခုဆို အပြည့်အဝ ပျောက်ကင်းလုဖြစ်နေပြီ။ နောက်ထပ် ရင်းနှီးနေတဲ့သဏ္ဌာန်က အနီရောင်အလင်းတန်းတွေထဲက ပျံထွက်လာတယ်။ သူက ဖေဖေနျိုနဲ့ တစ်ပုံစံတည်းဆိုပေမဲ့ ဘာကြောင့်မှန်းမသိ သွေးတွေလွှမ်းနေတယ်။ သူ့ကြည့်ရတာ ယိချင်းထက်တောင် စုတ်ပြတ်သတ်နေတယ်။ သူက ရှန်းရင်ကို တစ်ချက်ခိုးကြည့်ကာ မျက်ဝန်းထဲ ကြောက်ရွံ့မှုအပြည့်။ သူမ သူ့အကြည့်နဲ့ မဆုံခင် သူက အကြည့်လွှဲကာ ယိချင်းကို ဝိုင်းနေတဲ့လူအုပ်ကြီးဆီ အမူအရာ ပြလိုက်တယ်။
"ဖယ်"
လေထုက တွန့်လိမ်သွားပြီး အပြာရောင်အလင်း ဖျတ်ခနဲလင်းလာတာကို မြင်လိုက်ရတယ်။ ဘုံတံခါးတစ်ခု ပွင့်လာတာပဲ။
"ဆရာ..." ယိချင်း စိတ်ပူပန်စွာ ပြောလိုက်တယ်။ သူ တစ်ခုခုပြောချင်ပေမဲ့ ရှန်းရင်က သူ့မေးစေ့ကို ကိုင်ကာ နှုတ်ခမ်းတွေပေါ် အနမ်းတစ်ပွင့် ကြဲလိုက်တယ်။ မြတ်နိုးမှုနဲ့အတူ သူမက သူ့နဖူးကိုထိတယ်။
"ငါ့စောင့်နေ - ငါဒီအရှုပ်ထုတ်ကို သွားရှင်းလိုက်ဦးမယ်"
ယိချင်း တောင့်တင်းသွားတယ်။
နောက်အခိုက်အတန့်မှာ ရှန်းရင်က ကောင်းကင်ထဲကလူနောက် ပေါ်လာတယ်။ သူမက လှည့်ကာ သူ့ကို ဘုံတံခါးဆီ ခပ်မာမာ ဆွဲခေါ်သွားတယ်။ လေထဲက အက်ကွဲကြောင်းကတော့ တစ်ခါတည်း ပိတ်သွားတယ်။ အရှိန်က ယိချင်းရှိနေတဲ့ မြေကြီးကနေပါ ခံစားလို့ရတဲ့ အားမျိုးနဲ့။
သူမက ဖေဖေနျိုရဲ့ ခန္ဓာကိုယ်အစစ်ကို စိုက်ကြည့်နေတယ်။ တစ်လုံးချင်းစီ သူမက ဖိပြောလာတယ်။
"စိတ်မကောင်းဘူး၊ ဒီနေ့ အမတဘုံ ပိတ်တယ်"
ဖေဖေနျို ။ ။ "..."
ယိချင်း ။ ။ "..."
အားလုံး ။ ။ "..."
——————
သုံးနာရီအကြာ။
ဝူတိဂကောင်းကင်နန်းတော် အနောက်ဆောင်။
ရှန်းရင် စားပွဲမှာ မတ်မတ်ထိုင်ကာ ခံ့ညားပြီး မြန်ဆန်တဲ့အမူအရာနဲ့ စားပွဲပေါ်က အစားအသောက်တွေကို ရှင်းလင်းနေတယ်။ စားပွဲနဲ့ သုံးမီတာအကွာမှာတော့ အဆင့်မြင့်ပြီး ကောင်းကောင်းဝတ်စားထားတဲ့... ပေါက်စီတန်းတွေ။
အဲလိုပုံ ဖြစ်နေရတာကတော့ ထုထောင်းခံထားရလို့ ။
အဇဋာဧကရာဇ်တွေနဲ့ ကောင်းကင်မိစ္ဆာတွေက သူတို့ဘာသာ သတိပြန်လည်လာကြပြီ။ သူတို့ကိုယ်သူတို့ သေးနိုင်သေမျှသေးအောင် ကြိုးစားကာ ထမင်းလုတ်ကြီးတွေ ခပ်စားနေဆဲ အမျိုးသမီးကို ကြည့်နေတယ်။ သူတို့ အသက်တောင် ကျယ်ကျယ်မရှူရဲ။ ခန်းမတစ်ခုလုံးမှာ ကြားရတဲ့ တစ်ခုတည်းသောအသံက ရှန်းရင်ရဲ့ ဇွန်းက ပန်းကန်လုံးကိုထိတဲ့အသံပဲ။
…
အခန်း ၄၂၆ ။ မျက်နှာပြင်တစ်ခု၏ စစ်ပွဲကြေညာချက်
ရှန်းရင်က အမြန်နှုန်းနဲ့ စားနေတာ။ ထမင်းနှစ်နပ် လွတ်သွားတာကြောင့်လည်းဖြစ်နိုင်တယ်။ မိနစ်၂၀အတွင်း စားစရာအပြည့်စားပွဲက ပျောက်သွားပြီ။ ကျန်သမျှက ပန်းကန်ပြားအမျိုးမျိုးပေါ်က အချဉ်ရည်တွေ။ ယိချင်း စားပွဲပေါ်က ပန်းကန်ပြားအလွတ်တွေကို ရှင်းလင်းကာ သူတို့ကို လတ်လတ်ဆတ်ဆတ် ချက်ပြီးသား ဟင်းပွဲတွေနဲ့ အစားထိုးပေးလိုက်တယ်။ နောက်တော့ သူက ဟင်းဆက်ချက်ဖို့ မီးဖိုချောင် ပြန်သွားတယ်။
ရှန်းရင်က စားသောက်စရာကို အရမ်းအရသာရှိပုံပေါ်အောင် လုပ်နေတယ်။ သူမနဲ့ မျက်နှာချင်းဆိုင်မှာ အချိန်အတော်ကြာ ထိုင်နေတဲ့ ကူယွဲ့က မနေနိုင်ဘဲ သူ့တူနဲ့ လှမ်းယူဖို့ လုပ်လိုက်တယ်။ စားစရာက သူ့ပါးစပ်ထဲ မဝင်ခင်မှာတင် ပါးမှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ မရေမတွက်နိုင်တဲ့ အကြိမ်ရေမြောက် သူအော်လိုက်မိတယ်။
"အို့ နာတယ် နာတယ် နာတယ်..."
ကူယွဲ့ သူ့တူတွေကို ဘေးလွှင့်ပစ်ကာ ယောင်ယမ်းနေတဲ့မျက်နှာကို ပွတ်လိုက်တယ်။ သူ အေးစက်တဲ့အရှိန်အဝါကို ထုတ်လွှင့်ကာ ရှန်းရင်ကို မကျေမချမ်းကြည့်လိုက်တယ်။
"ဒီဒဏ်ရာတွေကို အမတမှော်အတတ်နဲ့ ကုမရတာ မင်းသောက်ကျိုးနည်း သိရဲ့သားနဲ့၊ ဘာလို့အားကို မထိန်းတာတုံး" သူ တစ်သက်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်မလားတောင် အံ့ဩမိတယ်။
ရှန်းရင်က ပါးစပ်အပြည့် စားစရာကို မျိုချကာ သူ့ကို အေးစက်စက်ကြည့်ပြီး စုပ်သတ်လိုက်တယ်။
"ငါသာ အဲလိုမလုပ်ရင် ကျူးကျော်သူတွေက နင့်ကိုယ်ထဲက ထွက်သွားမှာ မဟုတ်ဘူးလေ၊ နင်တို့ အရည်အချင်းနဲ့ဆို နောက်နှစ်၅၀၀နေရင်တောင် သူတို့ကို ရှင်းထုတ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ နင့်လို ကျူးကျော်သူတွေကို ရှောင်တောင်မရှောင်နိုင်တဲ့ အားနည်းတဲ့ကြက်တစ်ကောင်အနေနဲ့ ငါ့ကို ခွန်အားထိန်းချုပ်ဖို့ တောင်းဆိုဖို့အတွက် ဘာအခွင့်အရေးရှိလဲ"
အားနည်းတဲ့ကြက် ကူယွဲ့ ။ ။ "..."
အားနည်းတဲ့ကြက် အဇဋာဧကရာဇ်များ ။ ။ "..."
အားနည်းတဲ့ကြက် ကောင်းကင်မိစ္ဆာများ ။ ။ "..."
သူမပြောတာ လုံးဝတော့ ယုတ္တိရှိတယ်။ သူတို့ခွန်းတုံ့ပြန်စရာ တစ်ခုခုပြောဖို့ မနည်းရှာနေရတယ်။
"ကြီးမြတ်... ကြီးမြတ်တဲ့နတ်ဒေဝါ" ကူယွဲ့ရဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာက အရှက်ရမှုကြောင့် ပိုတောင် နီရဲလာတာ မြင်တော့ ငမည်းလေး မနေနိုင်ဘဲ ကြားဝင်ရတော့တယ်။
"အဲအရာတွေက တကယ်ပဲ ဘာများလဲ၊ သူတို့က ကျွန်တော်တို့ကိုယ်ကို ဘယ်လိုလုပ် အဲလောက် အလွယ်တကူ ထိန်းချုပ်နိုင်ရတာလဲ" သူတို့ဖြတ်သန်းခဲ့ရတာက ဝင်စီးတာနဲ့ မတူဘူး - အဲအစား သူတို့မူလဝိညာဉ်တွေပါ သက်ရောက်ခံရတဲ့အထိ တစ်ခုခုက သူတို့ကိုယ်ထဲဝင်လာတာနဲ့ပိုတူတယ်။ သူတို့ကိုယ်ထဲ အဲအရာတွေ နေလာတာကြာလာလေ သူတို့မူလဝိညာဉ်တွေ ပိုအားနည်းလာလေပဲ။ သူတို့ အခုအဆင်ပြေနေပေမဲ့ တစ်ယောက်ချင်းစီက သူတို့ကျင့်ကြံဆင့်တွေ နည်းနည်းယိုယွင်းလာတာကို ခံစားမိတယ်။
"နင်တို့ အသိဉာဏ်အရ ငါရှင်းပြဖို့ခက်တယ်" ရှန်းရင်က နောက်ဆုံးတော့ သူမကို စိုက်ကြည့်နေတဲ့ လူတန်းတွေကို မော့ကြည့်လာကာ မျက်နှာထားက မာကြောနေတယ်။
"အဲဒါကြောင့် နင်တို့ သိဖို့မလိုဘူး"
လူအုပ်ကြီး ။ ။ "..." အဲဒါ ရင်ထဲထိလွန်းစရာပဲ။
ကူယွဲ့ စကားပြောနိုင်အောင် မျက်နှာပေါ်က ဖူးယောင်နေတာတွေကို ထိန်းညှိဖို့ကြိုးစားလိုက်တယ်။ ရှန်းရင်ကို မျက်နှာချင်းဆိုင်ကာ သူပြောတယ်။
"ဒါဆို ဘာဆက်ဖြစ်မှာလဲ" သူက သူတို့ကမ္ဘာထဲ ရုတ်တရက်ဝင်လာတဲ့ အဲဒီကျူးကျော်သူတွေကို ဖြေရှင်းပြီးပြီဆိုပေမဲ့ မှိုကမ္ဘာက ရှိနေသေးတယ်။
ရှန်းရင် ထမင်းခူးနေကျလက်က လေထဲတန့်သွားပြီး မျက်နှာအမူအရာပျက်သွားတယ် တစ်အောင့်နေတော့ သူမက တစ်စုံတစ်ခုကို တွေးမိသွားကာ ခပ်တိုးတိုးပြောတယ်။
"အခုတော့ သူတို့ နောက်ထပ်ကျူးကျော်မှုလုပ်ဖို့ ခွန်အားမရှိဘူး၊ အဲကမ္ဘာငယ်လေးကို ချိပ်ပိတ်ပြီး တခြားကမ္ဘာနဲ့ ရှိနိုင်သမျှ ဆက်သွယ်မှုမှန်သမျှကို ဖြတ်တောက်ရမယ်"
ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
" အဲလူတွေက တခြားမျက်နှာပြင်က လာတယ်ဆိုပေမဲ့လည်း သူတို့ဒီမှာရှိနေတာ အတော်ကြာတဲ့အထိ ဘယ်သူမှ မသိခဲ့ကြဘူး၊ သူတို့က အဲကမ္ဘာကို အပြည့်အဝ ထိန်းချုပ်ပြီးသွားလောက်ပြီ၊ အခုလုပ်နိုင်သမျှက တခြားကမ္ဘာငယ်တွေ သက်ရောက်မခံရအောင် အဲကမ္ဘာကို ချိပ်ပိတ်ဖို့ပဲ"
ကျန်တဲ့လူတိုင်း အတော်ကြာတဲ့အထိ ဇဝေဇဝါဖြစ်နေပြီးမှ နောက်ဆုံးတော့ နားလည်စပြုလာတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဆိုလိုတာ အဲအရာတွေက အောက်ဘုံကနေ လာတယ်လို့ဆိုလိုတာလား"
"အဲလိုအရာတွေက တကယ်ပဲ အောက်ဘုံမှာရှိတယ်ပေါ့၊ ကျွန်တော်တို့တောင် သူတို့သိုင်းကြောင့် ရှုံးနိမ့်တော့မို့၊ ဒါဆို တခြားဘုံတွေ..."
တစ်ယောက်ပြီးတစ်ယောက် ပြဿနာက ဘယ်လောက်ကြီးလဲ တွေးမိကာ သူတို့မျက်နှာတွေက ဖြူဖျော့သွားတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ မှန်တယ်၊ ကျွန်တော်တို့ အဲကမ္ဘာငယ်လေးကို ချိပ်ပိတ်သင့်တယ်" သူတို့ ခဏနေတော့ သဘောတူလိုက်ကြတယ်။
"တကယ်လို့ ကြီးမြတ်တဲ့ နတ်ဒေဝါသာစိတ်မရှိရင် ကျွန်တော်တို့ အကူအညီတချို့ ကမ်းလှမ်းနိုင်ပါတယ်"
"အမှန်ပဲ၊ တကယ်လို့ ကျွန်တော်တို့ စွမ်းအားတွေကို စုစည်းလိုက်ရင် တစ်ချက် စမ်းကြည့်ပြီး အဲကမ္ဘာငယ်လေးကို ချိပ်ပိတ်နိုင်မှာပါ၊ နေ့အလင်း မမြင်ရတာသေချာအောင် လုပ်ပစ်မယ်"
"ကျွန်တော်တို့ အဲအရာကို သုံးလောကထဲ ထပ်ကျူးကျော်ခွင့်ပေးလို့မဖြစ်ဘူး"
"တကယ်လို့ ငါတို့ကိုယ်ငါတို့တောင် သူတို့ဆီက မကာကွယ်နိုင်ဘူးဆိုရင် တခြား သေမျိုးလောကတွေထဲက သက်ရှိသတ္တဝါတွေဆို သေချာပေါက် ရှင်းလင်းသုတ်သင်ခံရလိမ့်မယ်"
"ကျွန်တော်တို့ ဒီကိစ္စကိုဖြေရှင်းတာ ဆက်အချိန်ဆွဲနေလို့မရတော့ဘူး၊ ကျွန်တော်တို့ သာနေတုန်း ခုအခွင့်အရေး ယူရအောင်"
သူတို့ တစ်ယောက်ချင်းထရပ်ကာ အမူအရာတွေက သုန်မှုန်နေတယ်။ ဒါပေမဲ့ ကူယွဲ့ သူတို့ကို အတည်ပေါက် မယူနိုင်။ သူတို့မျက်နှာတွေသာ အရမ်းယောင်ကိုင်းမနေရင်တော့ ပိုပြီး လက်ခံချင်စရာ ကောင်းလောက်မှာပေါ့။
ကူယွဲ့ သူ့လိုမျိုး မျက်နှာရောနှာခေါင်းတွေပါ ယောင်ကိုင်းပြာနှမ်းနေတဲ့လူအုပ်ကို ဝေ့ဝဲကြည့်လိုက်တယ်။ နဂိုက သူတို့အရေးကိစ္စသာ အာရုံစိုက်တတ်တဲ့ အဇဋာဧကရာဇ်တွေနဲ့ ကောင်းကင်မိစ္ဆာတွေက ဒီလိုမျိုးအတူတူ သိုင်းဝိုင်းလာတာကို ထိတ်လန့်သွားမိတယ်။ ပြီးတော့ သူတို့က ရှန်းရင်ရဲ့ ဘယ်တောင်းဆိုချက်မဆိုကိုပါ ကူညီဖို့ကမ်းလှမ်းနေကြလေတယ်။
ခဏ မယုံကြည်နိုင်စရာ အတွေးတစ်ခုက သူ့အတွေးထဲ ချော်ဝင်လာတယ်။ သူ အုပ်စုကို သေချာကြည့်လိုက်တော့ ရှန်းရင်ပြောတာ မှန်နေတယ်။ သူမက စောနက သူတို့ကို ထုထောင်းချိန် တကယ်ထူးခြားတဲ့သိုင်းတစ်ခု သုံးခဲ့တာပဲ။ အဲဒါကြောင့် သူတို့အသိစိတ်တွေရဲ့ ကျူးကျော်သူတွေက သူတို့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတာပဲ။ သူတို့ အသိစိတ်အပြည့်အဝ ပြန်မရခင် တစ်နာရီအတိ ကြာသွားပြီး အဲဒါက ယိချင်း သူတို့ကို လက်တွေ့ဆီ ပြန်ဆွဲခေါ်ဖို့အကောင်းဆုံးကြိုးစားခဲ့လို့ပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ဒဏ်ရာတွေကို မှော်အတတ်နဲ့ သုံးပြီး ကုသလို့မရဘူး။ အဲအစား လုပ်လို့ရတာ အလိုလိုသက်သာလာချိန်ထိ စောင့်နေရုံပဲ။
ဖြစ်နိုင်တာ သူတို့အရမ်းစိတ်လှုပ်ရှားနေတာက... ဒီလိုယောင်ကိုင်းနေတဲ့ မျက်နှာတွေနဲ့ ဆိုင်ရာနယ်နိမိတ်တွေဆီ ပြန်မသွားချင်လို့လား။ အဲဒါက သူတို့အကူအညီကမ်းလှမ်းနေတဲ့ အကြောင်းရင်းများလား။
သူတို့ အရှက်ရမှာကို ကြောက်နေတာပဲ - အဲဒါပဲဖြစ်ရမယ်
"..." ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တော့ သူ့မျက်နှာမှာနောက်တစ်ကြိမ် စူးရှတဲ့နာကျင်မှုဖြစ်လာပြန်တယ်။ သူ မျက်နှာကိုပွတ်သပ်လိုက်တယ်။ သူ ဘာလို့ ရုတ်တရက် သူတို့ကို စာနာမိတာပါလိမ့်။ ဘာလို့ရှန်းရင်က သူတို့အားလုံးရဲ့ မျက်နှာတွေကို တကူးတကပစ်မှတ်ထားခဲ့ရတာလဲ။
သူ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
"မင်းဘယ်လိုထင်လဲ"
ရှန်းရင် အကြည့်ငုံ့သွားကာ တစ်စုံတစ်ခုက သူမမျက်စိထဲ ဖြတ်ပြေးသွားတယ်။ တစ်ခဏနေတော့ သူမက ခေါင်းညိတ်တယ်။
"ကောင်းပြီလေ၊ လုပ်ကြ"
"အားလုံးပဲ ကျေးဇူးတင်ပါတယ်" ကူယွဲ့ အုပ်စုကို ခေါင်းညိတ်ပြလိုက်တယ်။
တစ်ယောက်ပြီးတစ်ယောက် လူအုပ်ကြီးက လက်သီးဆုပ်ကာ စည်းချိပ်တွေဖန်တီးဖို့ ရွှေ့လေတယ်။
"ခဏ" ကူယွဲ့က ရုတ်တရက် လှမ်းခေါ်ကာ ယွီဟုန့်ကို ကြည့်တယ်။ ဖြစ်နိုင်တာ သူမက ခန္ဓာကျင့်ကြံသူမို့ထင် သူမဒဏ်ရာတွေက သူတို့အားလုံးထဲ အနည်းဆုံးပဲ။ မျက်နှာပေါ် ယောင်ကိုင်းတာတောင် မဟုတ်တဲ့ စိမ်းပြာပြာအကွက်တချို့ပဲရှိတယ်။
"ယွီဟုန်၊ ဆေးလုံးတချို့ထုတ်ဖို့ အားလုံးကို လန်ဟွားဆီ ခေါ်သွားလိုက်၊ ငါတို့ သူတို့ရဲ့ အပြင်ပန်းဒဏ်ရာတွေကို မကူညီနိုင်ပေမဲ့ အတွင်းဒဏ်ရာတွေကိုတော့ အနည်းဆုံးကူညီနိုင်ပါတယ်"
"ဟုတ်ကဲ့ အကြီးအကဲ" ယွီဟုန် တစ်ဖက်လှည့်ကာ အုပ်စုကို အပြင်ခေါ်သွားလိုက်တယ်။
သူတို့ အားနာမနေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲက သူတို့လက်ထဲရှိတဲ့ ဆေးလုံးအများစုကို ကုန်ခမ်းသွားစေခဲ့တာလေ။ သူတို့ အများကြီးမကျန်တာ အမှန်ပဲ။ ဒါကြောင့် သူတို့ ယွီဟုန့်နောက် လိုက်ခဲ့တယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ကိုယ်သူတို့ သီးသန့်ခြားအင်းကွက်တွေချကာ လမ်းတစ်လျှောက်က ကျင့်ကြံသူတွေ သူတို့ဘယ်သူလဲဆိုတာ မမှတ်မိအောင် လုပ်လိုက်တယ်။ ဒါပေမဲ့ သူတို့မှော်အတတ်က အဆင့်နိမ့်ကျင့်ကြံသူတွေအတွက်ပဲ အသုံးဝင်တာ။ လန်ဟွား သူတို့မျက်နှာကို မြင်ချိန် ဟာသလုပ်၊ မလုပ်ကတော့ ကူယွဲ့မသေချာဘူး။ လန်ဟွားက အနည်းဆုံး တစ်နှစ်လောက်တော့ ဟားနေမယ်လို့ သူခန့်မှန်းမိတယ်။
အုပ်စုထွက်သွားမှ ကူယွဲ့က ရှန်းရင်ကို မျက်နှာချင်းဆိုင်လိုက်တယ်။ တစ်ခုခု သူ့စိတ်ထဲလေးနေသလိုမျိုး သူစိုးရိမ်စွာ ပြောမိတယ်။
"ရှန်းရင် ငါ့ကိုထိန်းချုပ်ခဲ့တဲ့ကျူးကျော်သူက တခြားသူတွေနဲ့ကွဲပြားတယ်လို့ထင်တယ်"
ရှန်းရင်က သူ့ကိုလှည့်ကြည့်လာတယ်။
ကူယွဲ့ အထင်မှားနေတာလား မသေချာလို့ မျက်မှောင်ကြုတ်လိုက်တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူတွေနဲ့ မတူဘူးလေ - ကျူးကျော်သူတွေက သူ့အသိစိတ်ကို လူသာမန်တွေကို ထိန်းချုပ်သလို အလွယ်လေး ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကိုယ်ကို ထိန်းချုပ်ခဲ့တဲ့ဟာကတော့ ကွဲပြားတယ်။
"သူ့မှာ ငါ့ကို ယှဉ်နိုင်တဲ့ခွန်အား ရှိတယ် ခံစားရတယ်" သူတို့အစွမ်းတွေက အရမ်းကို ဆင်ပေမဲ့ တစ်ချိန်တည်းမှာပဲ အရမ်းကို ကွဲပြားနေတယ်။
"သူ့မှာ လက်ထောက်စည်းတံဆိပ်ရှိလား" ရှန်းရင်က ရုတ်တရက်မေးတယ်။
"အယ်" ကူယွဲ့ တန့်သွားတယ်။
"အဲစွမ်းအင်က လက်ထောက်စည်းတံဆိပ်ကပဲ"
"နင့်အာရုံခံမှု မှန်တယ်၊ သူက တကယ်ပဲ သာမန်ကျူးကျော်သူ မဟုတ်ဘူး"
"ဒါဆို... သူက..."
"အဲတခြားဘုံကမ္ဘာက လက်ထောက်ပဲ"
"... ဘာ၊ တခြားမျက်နှာပြင်ကလက်ထောက်က ဘာလို့ ဒီလိုလုပ်ဖို့လိုတာလဲ"
"မျက်နှာပြင်ကျူးကျော်သူတွေက နင်ထင်သလောက် မရိုးရှင်းဘူး" ရှန်းရင်က ချက်ကျလက်ကျ ရှင်းပြတယ်။
"ကျူးကျော်သူတွေက အပြင်တခြားမျက်နှာပြင်တွေက လူသာမန်တွေကြီးပဲ မဟုတ်ဘူး"
"..." တစ်နည်းအားဖြင့် ပြောရရင် သူတို့ ခုလေးတင် တခြားမျက်နှာပြင်တစ်ခုလုံးရဲ့ ကျူးကျော်တာ ခံလိုက်ရတာ ဖြစ်နိုင်တယ်ပေါ့။
ဟိုလီရှစ်၊ အဲဒါ လက်တွေ့ စစ်ကြေညာချက်ပဲဟ။