← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း ၄၂၇ ။ နောက်တစ်ကြိမ် ပိုငယ်သွားခြင်း

"အဲအလင်းရောင်က ဘုံတံခါးကို မပိတ်နိုင်ဘူးမလား" ကူယွဲ့ မေးလိုက်တယ်။ မျက်နှာပြင်လက်ထောက်တောင် ရောက်လာပြီး တစ်ဖွဲ့လုံးပါ ခေါ်လာတယ်။ သူ တခြား ဘာလုပ်နိုင်သေးလဲဆိုတာ ဘယ်သူသိမှာလဲ။

"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ သူမရှေ့က စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ကာ အကြည့်တစ်မျိုး မျက်ဝန်းထဲဖြတ်ပြေးသွားတယ်။ သူမ တူကိုချကာ ထရပ်လိုက်တယ်။

"ငါတို့တွေ အဲကမ္ဘာငယ်လေးကို ငါတို့ရဲ့မျက်နှာပြင်က တခြားအစိတ်အပိုင်းတွေနဲ့ လုံးဝပိုင်းခြားရမယ်၊ သူတို့တွေ ဒါကိုမလုပ်နိုင်ဘူး - နင်ပဲလုပ်နိုင်မှာ"

"ငါလား" ကူယွဲ့တန့်သွားတယ်။

စားဖိုမှူးက အဲအခိုက်အတန့်မှာတင် မီးဖိုချောင်ထဲက ထွက်လာတယ်။ သူ စားပွဲပေါ်က တစ်ဝက်ကျန်နေဆဲ ပန်းကန်ပြားတွေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

"ငါတို့ ဘယ်လိုလုပ်သင့်လဲ"

"ငါတို့ ဒီမှာ လုပ်လို့မရဘူး" ရှန်းရင်က ဆက်ပြောတယ်။

"ငါတို့ ပင်မထိန်းချုပ်တဲ့ဧရိယာကို သွားရမယ်၊ အဲမှာ ငါတို့ ကမ္ဘာငယ်တစ်ခုချင်းစီကို တစ်ခြားတစ်ခုနဲ့ ခွဲခြမ်းနိုင်တယ်၊ တစ်ခုရှိတာက နင်တို့နှစ်ယောက်လုံး လက်ထောက်လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ ထိန်းချုပ်နည်းကို အရင်ဆုံးသင်ယူရမယ်"

"ပင်မထိန်းချုပ်မှုလား" အဲဒါ ဘာဆိုလိုတာလဲ။

ယိချင်း တစ်စုံတစ်ခုကို နားလည်သလိုမျိုး တန့်သွားတယ်။

"ဆရာ ဆိုလိုတာ ကျွန်တော်တို့ ကောင်းကင်ဘုံကို ပြန်သွားဖို့လိုတယ်လား"

သူမ ခေါင်းညိတ်လိုက်တယ်။

"ဒါဆို ငါတို့ဘာစောင့်နေတာလဲ" ကူယွဲ့ တစ်ဖက်လှည့်ကာ လေထဲ မုခ်ဝတစ်ခုဖွင့်လိုက်တယ်။

"ငါတို့ ထပ်စောင့်လို့ မဖြစ်ဘူး၊ သွားနိုင်သမျှ အမြန်ဆုံးသွားရမယ်" သူက မုခ်ဝထဲ ဝင်မို့ရှိသေး ရှန်းရင်က မလှုပ်မယှက် နေတာကို နားလည်သွားတယ်။ သူ ရပ်ကာပြောလိုက်တယ်။

"ရှန်းရင် သွားကြစို့"

"နင် နားလေးနေလား၊ ငါပြောတယ်လေ၊ ဒီကိစ္စက နင်တို့နှစ်ယောက်... ဖြေရှင်းရမှာ"

"မင်းဘာဆိုလိုတာလဲ" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။

ရှန်းရင်က ရုတ်တရက် စပ်ဖြဲဖြဲပြုံးတယ်။ သူမရဲ့အေးစက်တဲ့ ကိုယ်နေဟန်ထားက လုံးဝ ပျောက်ကွယ်သွားပြီ။ အဲအစား သူမက နှစ်ယောက်လုံးကို ထူးထူးခြားခြား နွေးနွေးထွေးထွေး တစ်ချက်ကြည့်တယ်။

"အကောင်းဆုံးဖြစ်ပါစေ ရည်းစားလေးနဲ့ ဖေဖေနျိုရေ"

သူမ စကားဆုံးဆုံးချင်း သတိပေးချက်မရှိ မေ့လဲကျသွားလေတယ်။

"ဆရာ"

"ရှန်းရင်"

သူတို့အမူအရာတွေ ပြောင်းလဲသွားတယ်။ နှစ်ယောက်လုံး ခုလေးတင် လဲပြိုသွားတဲ့ အမျိုးသမီးကို လှမ်းဖမ်းဖို့ လုပ်တယ်။ နှစ်ယောက်သားမျက်နှာမှာ သွေးပျက်မှုအပြည့်။

——————

"ခုဘာဖြစ်သွားတာလဲ" ကူယွဲ့ အိပ်ရာပေါ်က အမျိုးသမီးကို သေချာလေ့လာလိုက်တယ်။ ဒါက အရင်တစ်ခေါက်လိုမျိုးပဲဆိုတာ သူနားလည်သွားတယ်။ ရှန်းရင်ကိုယ်မှာ တစ်ခုခု မှားယွင်းနေတာ မရှိဘူး။ အဲအစား သူမက တခြားလက္ခဏာတွေမရှိဘဲ သတိလစ်နေတာ။

"သူက စောနကလေးတင် အဆင်ပြေနေတာပဲကို"

"ဆရာက ကျွန်တော်တို့ကို ကယ်ဖို့ သူ့အစွမ်းတွေကို အတင်းအကြပ် အသက်သွင်းခဲ့တာ"

ယိချင်းရှင်းပြရင်း ခပ်တင်းတင်း လက်သီးဆုပ်မိလိုက်တယ်။ သွေးတွေ သူ့လက်ဖဝါးထဲက စီးကျလာစပြုပေမဲ့ သတိထားမိပုံမပေါ်။

"ကျွန်တော်တို့မှာ အချိန်ရှိမယ် ထင်နေခဲ့တာ..."

အဲဒါကြောင့် သူ အဲလိုလုပ်ဖို့ အချိန်ရချိန် အနောက်ဆောင်ကိုပြန်ပြီး စားသောက်စရာတွေအကုန် ထုပ်ပိုးနေခဲ့တာ။ သူ နောက်ကျသွားလွန်းသေးတာတော့ နှမြောစရာပဲ။

ကူယွဲ့က ရှန်းရင် စောနက စားလို့မပြီးခဲ့တဲ့ဟင်းပွဲတွေကို ပြန်စဉ်းစားကာ အမူအရာမည်းနက်သွားတယ်။ ရှန်းရင်က ဘယ်လောက်ပဲစားစား သူမ အဲဒုတိယတစ်ခေါက်မှာ သုံးစွဲမိခဲ့တဲ့စွမ်းအင်ပမာဏကို ပြန်မရရှိနိုင်မှာ သတိထားမိသွားခဲ့ပုံပဲ။ အဲဒါကြောင့် အဲအစား သတိလစ်နေတဲ့ အခြေအနေထဲဝင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်။

ချီး

"သူ စောနက ဘာ‌ပြောခဲ့လဲ" ကူယွဲ့ အသက်ပြင်းပြင်းရှူသွင်းကာ မေးလိုက်တယ်။ ရှန်းရင်ရဲ့ စိတ်နေစိတ်ထားအရ သူမက ကျူးကျော်သူတွေကို ဘယ်လိုအတိအကျ ဖြေရှင်းရမလဲဆိုတဲ့ ရှင်းပြချက် ရေရေရာရာ မပေးဘဲနဲ့တော့ သတိမေ့မျောသွားမှာမဟုတ်ဘူး။

"ဆရာက ရုတ်တရက် သူမတစ်ခုခု ဖြစ်သွားရင် မစိုးရိမ်ဖို့ပြောခဲ့တယ်" ယိချင်း ဆုပ်ထားတဲ့လက်တွေက ပိုတောင် တင်းကြပ်သွားတယ်။ ခပ်တိုးတိုး သူကဆက်ပြောတယ်။

"ကျွန်တော်တို့ သူမကို နှိုးဖို့တောင် မကြိုးစားသင့်ဘူးလည်း ပြောသွားတယ်၊ သူမက လိုအပ်တဲ့အချိန်ထက် နောက်မကျဘဲ လာလိမ့်မယ်တဲ့"

"လိုအပ်တဲ့အချိန်ထက် နောက်မကျဘဲဆိုတာ ဘာသဘောလဲ"

"... ကျွန်တော်လည်း မသိဘူး"

ကူယွဲ့ တိတ်သွားကာ နောက်တစ်ချက် အသက်ပြင်းပြင်းရှူသွင်းပြီးမှ နောက်ဆုံးတော့ သူ့ကိုယ်သူ စိတ်ငြိမ်ငြိမ် ထားနိုင်သွားတယ်။

"စားဖိုမှူး ခုအရေးကြီးဆုံးက မှိုပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာဖို့ပဲ၊ ငါတို့ ကောင်းကင်ဘုံဆီ မြန်မြန်သွားရမယ်"

"ဒါပေမဲ့ ဆရာ-"

"မင်း သူ့ကို အရင်က နှိုးခဲ့တဲ့နည်းအတိုင်း ပြန်သုံးချင်တာ ငါသိတယ်" ကူယွဲ့ သူ့ကို ကြားဖြတ်ပြောလိုက်တယ်။

"ဒါပေမဲ့ ဒီကိစ္စက အရေးကြီးတယ်၊ ငါတို့ အခုအဲဒါကိုလုပ်လို့မဖြစ်နိုင်ဘူး ငါတို့ ကမ္ဘာငယ်ကို သွားပြီး မြန်နိုင်သမျှမြန်မြန် ချိပ်ပိတ်ရမယ်၊ သူတို့ ပစ်မှတ်က ရှန်းရင်ဆိုတာ မင်းသိဖို့လိုတယ် တကယ်လို့ ငါတို့သာ တစ်စက္ကန့်လေး နောက်ကျသွားလွန်းရင် သူတို့..."

ကူယွဲ့ ယိချင်း သူ့ဆိုလိုရင်းကို နားမလည်ခင် စကားဆက်ပြောဖို့ မလိုတော့ဘူး။ သူက နောက်ပြန်လှည့်ကာ ရှန်းရင်ကို တစ်ချက်ကြည့်ပြီး အံကြိတ် အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။

"ကျွန်တော်နားလည်ပြီ၊ အခု ကောင်းကင်ဘုံဆီ သွားကြရအောင်"

သူ စကားဆုံးသွားတော့ ဂါထာတစ်ခု ဖန်တီးကာ ကောင်းကင်ဘုံဆီတန်းရောက်တဲ့ ဝင်ပေါက်တစ်ခု ဖွင့်လိုက်တယ်။

"သွားကြစို့ ဖေဖေနျို"

ဖေဖေနျို သက်ပြင်းချကာ စားဖိုမှူးနဲ့အတူ ဝင်ပေါက်ကို ဖြတ်သွားဖို့ တစ်ဖက်လှည့်လိုက်တယ်။ သူ တစ်လှမ်းပဲလှမ်းရသေး တစ်စုံတစ်ခုက သူ့ဝတ်ရုံလက်ကို အင်မတန်ညင်သာစွာ ဆွဲလာတာကို ခံစားမိလိုက်တယ်။

ကူယွဲ့ အလိုလို လှည့်ကြည့်မိလိုက်တော့ စပျစ်သီးတွေလို ဝိုင်းစက်နေတဲ့ မျက်လုံးနှစ်လုံးကို မြင်လိုက်ရတယ်။ မျက်ဝန်းတွေထဲ ကောင်းကင်တွေကို သယ်ဆောင်ထားသလိုမျိုးပဲ။ မျက်နှာ‌သေးလေးပေါ်မှာ ရှိနေတဲ့ မျက်ဝန်းတွေက သိချင်စိတ်အပြည့်နဲ့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်။ ကလေးရဲ့‌ ခေါင်းက စောင်းသွားပြီး ကူယွဲ့ရဲ့ ဝတ်ရုံလက်တွေပေါ် သူမရဲ့ဝဖိုင့်ဖိုင့် လက်လေးတွေက တွယ်ဖက်လာလေတယ်။

ရုတ်တရက် ကူယွဲ့ တစ်စုံတစ်ယောက် သူ့ရင်ဘတ်ထဲ မြားတစ်စင်းပစ်လိုက်သလို ခံစားလိုက်ရတယ်။ သူ့ရင်ထဲက တစ်စုံတစ်ခုက ပြိုလဲကျသွားပြီး ဘောလုံးအဖြစ် လုံးသွားသလိုပဲ။

ဒီကလေးက ဘယ်ကရောက်လာတာလဲ။

သူ့နောက်က ကလေးမက တစ်ခုခုကို နားလည်သွားပုံပဲ။ သူမက လက်နှစ်ဖက်လုံးနဲ့ လှမ်းကာ စပ်ဖြီးဖြီး ပြုံးတယ်။ ပန်းတွေက ကောင်းကင်ကနေ ရွာချလာသလိုမျိုးပဲ။

"ဖေဖေ"

ဒုန်းဒုန်းဒုန်း ကူယွဲ့ မြားအစင်းပေါင်းများစွာ သူ့နှလုံးသားထဲ တန်းတန်းမတ်မတ် ဖြတ်သွားသလို ခံစားလိုက်ရတယ်။ သူ့ရင်ထဲ ခပ်တိုးတိုး ပေါက်ကွဲမှုတစ်ခု ဖြစ်သွားတယ်။

အရမ်း အရမ်း အရမ်း... ချစ်ဖို့ကောင်းတယ်။

"ဆရာလား" ယိချင်း ထခုန်မိလိုက်တယ်။ သူ ရှေ့တစ်လှမ်း လှမ်းချင်ပေမဲ့ အနက်ရောင် ပုံသဏ္ဌာန်တစ်ခုက သူ့ဘေးကနေဖြတ်ပျံသွားတယ်။

တစ်စုံတစ်ယောက်သောသူက လျှပ်စီးလို အရှိန်မျိုးနဲ့ အပြေးသွားလေတယ်။ ပုံရိပ်က ကလေးမကို သူ့ရင်ခွင်ထဲ ချီကာ ဆန်းကြယ်တဲ့ ဖခင်မေတ္တာအချစ်တွေ သူ့ကို လွှမ်းခြုံနေလေတယ်။

"အိုက် ငါက မင်းအဖေ သမီးအဖေပဲ အဖေ့ကို အာဘွားပေးပါဦး" ဘယ်သူမှ သူ့ကို ငါ့ဆီက မခိုးရဘူး။

"လိမ္မာတဲ့ကလေး..."

ယိချင်း ။ ။ "..."

ဘာတွေဖြစ်နေတာလဲ။

ကလေးရှန်းရင်က ကူယွဲ့မုတ်ဆိတ်ထဲ နစ်သွားတယ်။ သူမ မသက်မသာ သူ့ကို တွန်းထုတ်ပြီး ငေး‌ငိုင်နေတဲ့ယိချင်းဘက် မျက်နှာလှည့်သွားတယ်။ သူမက သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်ကာ သူမလက်မောင်းတွေကို သူ့ဆီမြှောက်ပြီး ချိုမြတဲ့အသံလေးနဲ့ လှမ်းခေါ်လေတယ်။

"မေမေ"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

——————

ရှန်းရင် နောက်တစ်ကြိမ် ထပ်ငယ်သွားပြန်ပြီ။ ဒီတစ်ကြိမ်တော့ သူမအရိုးတွေတောင် အရွယ်အစား ကျုံ့သွားတယ်။ ယိချင်းက ဖေဖေနျိုရူးသွားတာကို သိလိုက်ရတယ်။

အရင်က သူက ရှန်းရင်ကို ဘယ်ချိန်ပဲကြည့်ကြည့် စိတ်ရှုပ်နေတာ။ သူမရဲ့အကျင့်ဆိုးတွေကို မရှင်းပစ်နိုင်ရင် သေတော့မဲ့အတိုင်းပဲ။ ဒါပေမဲ့ ခုကျ အဖိုးတန်သမီးကို ရကာစ နတ်ဆိုးဘုရင်တစ်ယောက်လိုမျိုးပဲ။ ကလေးထိန်းတစ်ယောက်လို သူက ကြမ်းပြင်ပေါ်ထိုင်ချကာ ကလေးမ အာရုံစိုက်မှုရအောင် ကြိုးစားနေတယ်။ သူက လုပ်စရာကိစ္စအတွက် အချိန်မရှိတော့ပုံပဲ။ အဲအစား ဘယ်သူမှ သူ့ကို သူမဆီက မောင်းထုတ်လို့မရ။

သူ စကားပြောပုံကလည်း အဆတစ်ရာလောက် အသက်ပါ တက်ကြွလာတယ်။

"ရင်အာ ဖေဖေ့ကိုပြောပါဦး အသက်ဘယ်နှစ်နှစ်လဲ"

အိပ်ရာပေါ်က ကလေးမက သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်ကာ လက်ဖဝါးနှစ်ဖက်လုံးကို ပြတယ်။ သူမက လက်နှစ်ဖက်လုံးနဲ့ လေးလေးနက်နက် စတင်ရေတွက်တော့တယ်။ တစ်ခဏနေတော့ သူမက လက်ငါးချောင်းထုတ်ပြတယ်။ နောက်နည်းနည်းကြာတော့ လက်သုံးချောင်းပဲ ပြတော့တယ်။ ရှန်းရင်က နောက်တော့ ဘယ်နဲ့ ညာကို လှည့်တယ်။ သူမက လက်နှစ်ဖက်လုံးနဲ့ ထပ်လှမ်းလာပြီး ကူယွဲ့ကို လက်သုံးချောင်းပြတယ်။

"သုံးနှစ် ရင်အာက သုံးနှစ်ပါ"

ကူယွဲ့ ရင်ထဲ တင်းကြပ်သွားတယ်။ သူ့နှလုံးသား ပေါက်ကွဲတော့မလိုပဲ။

သိပ်... သိပ်ချစ်ဖို့ကောင်းတယ်။ ( ̄『̄)

နောက်ဆုံးတော့ ရှန်းကျင်း သူ့ညီမရဲ့ အလွယ်တကူ ထိန်းချုပ်တာမှုကို ခံရတဲ့ အကြောင်းအရင်း နားလည်သွားခဲ့ပြီ။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ညီမနဲ့ဆို ကူယွဲ့က သူမ နားကပ်ဖို့ ကြိုးစားတဲ့ ဘယ်ခွေးကောင်ကိုမဆို ကူယွဲ့ သတ်ချင်မှာပဲ။

"လာ ဖေဖေ သမီးကို ဖက်မယ်" သူ မနေနိုင်ဘဲ လက်နှစ်ဖက်လုံး ဆန့်တန်းမိလိုက်တယ်။

သူ သူမကိုဖက်ချင်လို့ရှိသေး ရှန်းရင်က သူ့မျက်စိရှေ့က ပျောက်သွားတယ်။ ယိချင်းက အိပ်ရာက ကလေးမကို ချီကာ သူ့ကို စိန်းစိန်းဝါးဝါး ကြည့်နေတယ်။

"ထွက်သွား" ဆရာနဲ့ ဝေးဝေးနေ၊ မူမမှန်တဲ့ ခွေးကောင်။

ဒါပေမဲ့ ရှန်းရင်က အခန်းထဲက တင်းမာမှုကို နားလည်ပုံမပေါ်။ သူမက လက်နှစ်ဖက်လုံးနဲ့ သူမကို ခုလေးတင် အိပ်ရာပေါ်က ချီသွားတဲ့လူဆီ လှမ်းဖက်လိုက်တယ်။ ခပ်တိုးတိုး သူမက ခေါ်လေတယ်။

"မေမေ"

ယိချင်း တောင့်တင်းသွားတယ်။

"ဆရာ..." သူ့နှလုံးသား နာကျင်လိုက်တာ - သူငိုချင်မိပြီ

…

အခန်း ၄၂၈ ။ မှိုကိုကောင်းကင်ဘုံထဲ ဆွဲနုတ်ခြင်း

ဒီလူ့ကို သူ့သမီးက မျှော်လင့်ချက်မဲ့စွာ ထိန်းချုပ်ခံထားရတာ လောလောဆယ်အရေးကြီးတဲ့ တာဝန်ကို မမှတ်မိတော့တဲ့အထိပဲ။ ယိချင်း သက်ပြင်းချကာ သူ့ရှေ့ကထိုင်ခုံပေါ် သက်ပြင်းချလိုက်တယ်ာ။ သူ့ရင်ခွင်ထဲက ကလေးပေါက်စနကို ပေါင်ပေါ်တင်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်တယ်။

"ဆရာ... တစ်ခုခု မှတ်မိလား"

ကလေးရင်က သူခုလေးတင် ပြောသွားတာဘာပဲဖြစ်ဖြစ် သူမခေါင်းထဲ ပျံသန်းသွားသလိုမျိုး သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ ကြီးမားပြီး မျက်ရည်လဲ့တဲ့မျက်ဝန်းတွေက သူ့ကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြတယ်။

ယိချင်း သူ့ကို မိနစ်ဝက်လောက် သေချာလေ့လာပြီး သူမရဲ့အဲဒီကြီးမားဝိုင်းစက်တဲ့မျက်ဝန်းတွေထဲ ဘာမှမတွေ့။ ရင်းနှီးတဲ့ အရိပ်အယောင်တစ်စက်တောင် မရှိ။ တစ်ဖက်မှာတော့ ရှန်းရင်က သူစိတ်ညစ်နေတာကို အာရုံခံမိတဲ့ပုံ။ သူမက ကူယွဲ့ သူမကို စောနကပေးခဲ့တဲ့ အမတဆေးလုံးတွေနဲ့ လုပ်ထားတဲ့ အရုပ်လှေလေးကို ကောက်ကာ ယိချင်းဆီ ကမ်းပေးလိုက်တယ်။

သူမအတွေးတွေက မျက်နှာပေါ် ရှင်းရှင်းလင်းလင်းရေးထားတာ အသိသာကြီး။ သဘောကျရင် သမီးတို့တူတူ ကစားလို့ရတယ်။

"ထားလိုက်တော့ ထားလိုက်တော့" ကူယွဲ့ နှလုံးသား အောင့်စပြုလာပြီး ယိချင်းကို ကြားဖြတ်ပြောလိုက်တယ်။

"ရင်အာက သုံးနှစ်ပဲရှိသေးတယ်လို့ ပြောပြီးပြီလေ၊ သူမ ဘယ်လောက်များ သိနိုင်မှာမို့လဲ" သူ သူ့ဝတ်ရုံထဲက ဓမ္မခေါင်းလောင်းတစ်ခုကို ထုတ်ယူကာ သူမကို ခပ်ရွှတ်ရွှတ်ကြည့်လိုက်တယ်။

"ဒါနဲ့ကစားချင်လား၊ ဖေဖေ့ဆီလာ" သူ မနေနိုင်ဘဲ သူမကို ချီဖို့လုပ်ပေမဲ့ ယိချင်းက ရှောင်သွားကာ သူ့ကို အေးစက်စက်စိုက်ကြည့်တယ်။ ထွက်သွား - ဆရာ့ကို ဆွယ်ဖို့ကြိုးစားနေတာ ရပ်လိုက်တော့။

ကူယွဲ့ လေကိုပဲ ဖမ်းမိသွားလို့ မျက်နှာအမူအရာ ပျက်သွားတယ်။ မင်း ဘယ်လိုတောင်လုပ်ရက်တာ အဲဒါ ငါ့သမီးဟ။

"ကျွန်တော်တို့ အဲမှိုကမ္ဘာနဲ့ ပြဿနာကို အချိန်ဆွဲလို့မဖြစ်တော့ဘူး၊ ကောင်းကင်ဘုံဆီ အရင်သွားကြရအောင်" ယိချင်းက ကူယွဲ့ ရင်အာ့ကို နောက်တစ်ကြိမ် ခိုးဖို့ကြိုးစားမှာကနေ အာရုံလွှဲလို့ရအောင် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"ကျွန်တော်တို့တွေ ဆရာဒီလိုဖြစ်နေတုန်း တစ်ယောက်တည်း ထားခဲ့လို့မဖြစ်ဘူး၊ ကျွန်တော်တို့နဲ့အတူ ခေါ်သွားလိုက်မယ်"

အဲလိုနဲ့ ယိချင်းက မုခ်ဝတစ်ခုဖွင့်ကာ တန်းဝင်သွားခဲ့တယ်။

"စောင့်ဦး ငါလည်း သူ့ကိုချီသွားလို့ရတယ်လေ" မိုက်မဲတဲ့စားဖိုမှူး - တကယ်လို့ ကူယွဲ့သာ ဒီလိုဖြစ်မယ်ဆိုတာ စောစော သိခဲ့ရင် သူ့အတွက် စကားကောင်း မပြောပေးခဲ့ပါဘူး။ ငါ့သမီး...။

မျက်စိတစ်မှိတ်အတွင်း သုံးယောက်သား ရင်းနှီးနေတဲ့နေရာဆီ ရောက်လာတယ်။ တစ်ခုတည်းသော ကွာခြားချက်က သူတို့အရင်က မြင်နေကျ အတိတ်က ဂြိုဟ်တွေနဲ့နယ်နိမိတ်မှာ အခုတော့ ကောင်းကင်ထိ ရောက်လုနီးပါး ရွှေရောင်သစ်ပင်တစ်ပင်ပဲမြင်ရတယ်။

ယိချင်း မျက်နှာပြင်သစ်ပင်ကို လှမ်းကြည့်ပြီးတော့ သူ့ရင်ခွင်ထဲက လူလေးကို ကြည့်လိုက်တယ်။ သူ သူမကို တစ်နေရာမှာ ချထားဖို့ပြင်လိုက်တယ်။ ကူယွဲ့က လျှောက်သွားပြီး ဖျာထူထူတစ်ချပ် ဖန်တီးဖို့ နေရာတစ်နေရာရွေးလိုက်တယ်။ နောက်တော့ သူက ဖျာတစ်ဝိုက်နယ်နိမိတ်ကို ကန့်သတ်ကာ ယိချင်းဆီ လက်ယမ်းပြလိုက်တယ်။

"လာ၊ ရင်အာ ဘာနဲ့မှ ဝင်မတိုက်မိအောင် ဒီမှာထားထားလိုက်"

ယိချင်းက လျှောက်လာပြီး သုံးနှစ်သမီးလေးရှန်းရင်ကို ဖျာထူပေါ် တင်လိုက်တယ်။

"ဆရာ ကျွန်တော်တို့ မြန်နိုင်သမျှမြန်မြန် အဲကမ္ဘာငယ်လေးဆီ သွားချိပ်ပိတ်ရမှာ၊ မဟုတ်ရင် အဲလူဆိုးတွေက ကျွန်တော်တို့မျက်နှာပြင်ကိုသိမ်းပိုက်ဖို့ ထပ်ကြိုးစားကြလိမ့်မယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီမှာစောင့်နေပါ"

ရှန်းရင်က သူမကို အဲမျက်နှာငယ်လေး၊ မျက်ဝန်းဝိုင်းကြီးတွေနဲ့ ပြန်စိုက်ကြည့်တယ်။ သူမ ဇဝေဇဝါဖြ စ်နေတာ အသိသာကြီး။

"ငါမင်းကိုပြောပြီးပြီလေ - သူက ဒီကိစ္စတွေကို နားလည်မှာ မဟုတ်ဘူး" ကူယွဲ့ ယိချင်းကို ခိုင်မာတဲ့လေသံနဲ့ သတိပေးကာ မျက်ဆံလှန်လိုက်တယ်။ နောက်တော့ သူက ရှန်းရင်ဆီ မြူတဲ့ အပြုံးနဲ့ အပြေးသွားလိုက်ဝယ်။ အရှက်မရှိတဲ့လေသံနဲ့ ‌သူကပြောတော့တယ်။

"ရင်လေး၊ ဖေဖေ့ကိုစောင့်နေနော်၊ အရေးကြီးလုပ်စရာကိစ္စ ရှိလို့လေ၊ ဖေဖေ့ကို ဒီမှာစောင့်နေနော် ဟုတ်ပြီလား"

ရင်လေးက ဒီတစ်ကြိမ်တော့ နားလည်သွားပြီ။ သူမက အသည်းအသန်ခေါင်းညိတ်တယ်။

"ကောင်းပါပြီ၊ ရင်အာလိမ္မာပါ့မယ်"

သူမက တစ်ဖက်လှည့်ကာ ကူယွဲ့စောနက လှမ်းပေးတဲ့ အမတလှေလေးကို ဖက်လိုက်တယ်။ သူမက ဖျာပေါ်ကမရွေ့ ထိုင်နေပြီး ကူယွဲ့ကို နာခံတဲ့အပြုံးနဲ့ပြန်ကြည့်လာတယ်။

ဒုန်းဒုန်း ကူယွဲ့ နောက်တစ်ကြိမ် မြားနှစ်ချောင်း သူ့နှလုံးသားထဲ ဖြတ်သွားတာကိုခံစားလိုက်ရတယ်။ သူ့ကိုယ်သူ အဲအဖိုးတန်ရတနာလေးကို ရင်ခွင်ထဲဆွဲမသွင်းမိအောင် မတားနိုင်တော့ဘူး။

"ဒါမှမဟုတ် ဖေဖေ ချီသွားလို့ရတယ်လေ၊ စည်း- အိုး"

သူ စကားမဆုံးခင် ယိချင်းက နှုတ်ခမ်းသပ်ကာ ဦးနှောက်လွတ်နေပြီဖြစ်တဲ့လူကို ခပ်တောင့်တောင့် ဆွဲလိုက်တယ်။ နောက်တော့ သူ တစ်ဖက် လျှောက်ထွက်လာတော့တယ်။

"ခဏ စားဖိုမှူး ရင်လေး... အဖေ ချက်ချင်းပြန်လာခဲ့မယ်၊ စောင့်နေ စောင့်နေ..."

ယိချင်းက မျက်နှာပြင်သစ်ပင်ဆီ တည့်တည့်လျှောက်လာပြီး အောက်တည့်တည့်မရောက်ခင်ထိ ကူယွဲ့ကို မလွှတ်ပေး။ သူက ရွှေရောင်သစ်ရွက်တွေအောက် လတ်လတ်ဆတ်ဆတ်ပေါက်ကာစ မှိုနီကို လက်ညှိုးထိုးပြလိုက်တယ်။

"အရေးကြီးကိစ္စ"

"ငါသိပါတယ်" ကူယွဲ့ ယိချင်း သူ့ကိုဆွဲခေါ်ရာကနေ ဇက်မျက်သွားတဲ့လည်ပင်းကို ပွတ်လိုက်တယ်။ အခုရင်လေးက သူလက်လှမ်းမမှီတဲ့နေရာမှာဆိုတော့ ကူယွဲ့ လက်ရှိအရေးကြီးကိစ္စအပေါ် နောက်ဆုံးတော့ အာရုံစိုက်နိုင်ပြီ။ ဒါပေမဲ့ ရံဖန်ရံခါ အမတအရုပ်လှေလေးနဲ့ ကစားနေတဲ့ ပုံရိပ်လေးကို လှည့်ကြည့်မိတုန်း။ သူက ဖခင်မေတ္တာခံစားချက်တွေ လွှမ်းမိုးပြီး လက်ယမ်းပြကာ ပေါက်စနကလေး အာရုံစိုက်မှုရဖို့ကြိုးစားနေရှာတယ်။ ရင်လေးက ပြန်မကြည့်တာကိုတောင် ဂရုမစိုက်။

သူဆုံးဖြတ်ပြီးပြီ သူ ဒီကမ္ဘာငယ်ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ရင်လေး ဆော့စရာအရုပ်တွေ ပိုရ‌လာအောင် လန်ဟွားကို ဓမ္မအသုံးအဆောင်အသစ်အခု၁၈၀ သန့်စင်ခိုင်းဖို့ လောရမယ်။ သူက နျိုဟွားယွင် - သူ့သမီးက ဘယ်လိုလုပ် ဆော့စရာ အရုပ်တစ်ခုပဲရှိရမှာလဲ။

တစ်ခဏအကြာ...။

"ဒီမှိုက တခြားကမ္ဘာငယ်လေးတွေအားလုံးနဲ့ ကွဲပြားတယ်၊ ငါတို့ ဒါကို ဘယ်လို အပြီးသတ် ချိပ်ပိတ်သင့်လဲ" ကူယွဲ့ ခပ်တိုးတိုးမေးလိုက်တယ်။

"ဆရာအရင်က ပြောတာတော့ ကျွန်ဝောာ်တို့အစွမ်းတွေက လုံလောက်တယ်တဲ့" ယိချင်း မျက်မှောင်ကြုတ်ရင်း ခန့်မှန်းကြည့်လိုက်တယ်။

"ဆရာဆိုလိုတာ ကျွန်တော်တို့ လက်ထောက်တွေရဲ့ အခွင့်အာဏာတွေကို အသုံးချဖို့လိုမယ်လို့ ပြောတယ်ထင်တာပဲ"

"အင်းကွက်တစ်ခု ဖန်တီးဖို့ ငါတို့အခွင့်အာဏာတွေကို သုံးကြတာပေါ့" ကူယွဲ့ အကြံပြုလိုက်တယ်။

ယိချင်းက ခေါင်းညိတ်တယ်။ နှစ်ယောက်သား အင်းကွက်တစ်ခုကို တူတူအသက်သွင်းဖို့ ကြိုးစားရင်း သူတို့ကိုယ်ထဲက လက်ထောက်တွေရဲ့ တံဆိပ်တွေကို အသုံးပြုဖို့ ကြိုးစားလိုက်တယ်။ တစ်အောင့်အကြာမှာ သူတို့ ကြီးမားတဲ့စွမ်းအင် အရှေ့ကို ပြေးထွက်ပေါက်ကွဲလာတာကို ခံစားလိုက်ရတယ်။ သူတို့ ဒီစွမ်းအင်ကို ထူးဆန်းတဲ့ပုံစံ ဖန်တီးဖို့ စုဝေးပြီး အဲစွမ်းအင်ကို မှိုဆီ တွန်းထုတ်လိုက်တယ်။

နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းလုံး၂ခု မှိုရဲ့ တစ်ဖက်တစ်ချက်စီမှာ ပေါ်လာတယ်။ သူတို့က အဆောင်ပုံစံတွေ ဖြစ်လာပြီး ဆတိုးပွားသွားတာမို့ မှိုပတ်လည်ကလေထုထဲ အဆောင်တွေနဲ့ ပြည့်သွားတယ်။ နောက်ဆုံးတော့ မူလအဆောင်နှစ်ခုက ထက်ခြမ်းစက်လုံးတွေအဖြစ် ပြောင်းလဲသွားပြီး အချင်းချင်းဆီသွားကာ မှိုပတ်လည်မှာ ဘောလုံးတစ်ခုအဖြစ် ဖွဲ့စည်းဖို့ လုပ်လေတယ်။

ရုတ်တရက် သူတို့က အကြမ်းပတမ်းခါယမ်းတယ်။ ကူယွဲ့နဲ့ ယိချင်း စက်လုံးထက်ခြမ်းတွေကို ထိန်းချုပ်မှု ကင်းလွတ်သွားတယ်။ ရွှေရောင်အင်းကွက်က စတင်ပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ ကျိုးပဲ့သွားလေတယ်။ ကူယွဲ့နဲ့ယိချင်း ခြေလှမ်းတချို့ ပြန်ဆုတ်လိုက်တယ်။

"အလုပ်မဖြစ်ဘူး" ကူယွဲ့ တဒိတ်ဒိတ်ခုန်နေတဲ့သူ့နှလုံးသားကိုငြိမ်အောင် ရင်ဘတ်ပေါ် လက်တင်လိုက်တယ်။ သူ ခေါင်းကိုယမ်းမိတယ်။

"ငါတို့နှစ်ယောက် အားပူးပေါင်းတာတောင် အဲကမ္ဘာငယ်ကို ထိန်းချုပ်မရဘူး"

ယိချင်းက မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ မိစ္ဆာနတ်ဘုရား ဘုံများနောက်မှဘုံကို လုပ်ခဲ့တဲ့အတိုင်း ကမ္ဘာငယ်ကို ချိပ်ပိတ်ဖို့ ရည်ရွယ်ခဲ့တာ။ သူတို့ ဒီလောက်ခက်မယ် မထင်မိခဲ့ဘူး။ သူတို့လက်ထောက်တွေရဲ့ အခွင့်အာဏာတွေကို အသက်သွင်းပြီးနောက်တောင် မျက်နှာပြင်ထဲက အဲကမ္ဘာငယ်လေးရဲ့ ရပ်တည်မှုကို နှောင့်ယှက်ဖို့ ဘာမှမလုပ်နိုင်ဘူး။

"စားဖိုမှူး၊ ငါ အဲနည်းလမ်းက အလုပ်ဖြစ်မယ်ထင်ခဲ့ပေမဲ့ လုံးဝအလုပ်မဖြစ်ဘူး" ကူယွဲ့ တစ်ခဏစဉ်းစားကာ စိုးရိမ်စွာပြောလိုက်တယ်။

"ဘုံများနောက်မှဘုံကိုလည်း ဒီလိုနည်းနဲ့ ချိပ်ပိတ်ခဲ့တာ၊ ဒါပေမဲ့ အဲဒါ နဂိုတည်းက မျက်နှာပြင်ပိုင်ခဲ့တာမို့လို့ပဲ၊ မဟုတ်ရင် ရှန်းရင်နဲ့ငါ အဲဒီထဲ အဲလောက်အလွယ်လေး ဝင်လို့ရခဲ့မှာမဟုတ်ဘူး၊ ဒီပြင်ပကမ္ဘာလေးကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ စဉ်းစားကြရအောင်"

ယိချင်း ပိုပြီးတောင် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ပြန်ပြောလိုက်တယ်။

"ဒါပေမဲ့ အဲကမ္ဘာငယ်က စတည်းက မျက်နှာပြင်ပိုင်ခဲ့တာလေ၊ ဒါကို သီးသန့်ခြားဂါထာသုံးပြီး ခွဲထုတ်ပစ်တာကလွဲ ဒီမျက်နှာပြင်ကနေ ခွဲထုတ်လို့ရအောင် တခြားဘာနည်းရှိလို့လဲ"

ကူယွဲ့ တိတ်သွားတယ်။ သူတို့သိသမျှ မှော်အတတ်အားလုံးထဲ သီးသန့်ခြားဂါထာက အသင့်တော်ဆုံး ဖြစ်ပုံပဲ။ သူတို့ ဒီမှိုကို ဘယ်လိုများ သစ်ပင်ကနေ လုံးဝဆွဲနုတ်လို့ရမှာပါလိမ့်။

"မေမေ..." သူတို့ ဘာဖြေရှင်းနည်းမှမစဉ်းစားနိုင်ခင် နူးညံ့တဲ့အသံလေးတစ်သံက သူတို့ဘေးက ထွက်လာတယ်။ တစ်စုံတစ်ခုက ယိချင်းဝတ်ရုံလက်ကို ညင်သာစွာဆွဲလာလေရဲ့။

"ဆရာ" သူတို့ ရင်လေး ရုတ်တရက် ဖျာကထပြီး သူတို့ဆီလျှောက်လာတာကို သတိမထားမိလိုက်ကြဘူး။ သူမက အခုခေါင်းမော့ကာ သူတို့နှစ်ယောက်လုံးကို မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်ပြီး ယိချင်းကို အနည်းငယ် မကျေချမ်းတဲ့လေသံနဲ့ လှမ်းခေါ်တယ်။ ယိချင်းနှလုံးသား နူးညံ့သွားတယ်။ သူ လောကကြီးထဲက အရာအားလုံးကို သူမဆီ ပေးချင်စိတ် ရုတ်တရက်ပေါ်လာတယ်။

"ဘာ... ဘာကိစ္စလဲဟင်"

…

အခန်း ၄၂၉ ။ ပြီးပြည့်စုံသောလက်ထောက်များ

"ရေ... ရေ" သူမက လက်လေးတွေကို ယမ်းကာ ရေဘူးကို ဖက်တဲ့အမူအရာလုပ်ပြတယ်။

"ရင်အာ သောက်ချင်တယ်၊ ရေသောက်ချင်တယ် "

ယိချင်း နောက်ဆုံးတော့ သူမ ရေဆာနေမှန်း နားလည်သွားကာ ဆရာ့အတွက် လက်ဖက်ရည်နဲ့ ရေပြင်ဆင်ပေးဖို့ တကယ်ပဲမေ့သွားတာကို ချက်ချင်း နည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရတယ်။ သူ သူ့သိုလှောင်အိတ်ကို ထုတ်မို့ရှိသေး ဘေးကကူယွဲ့က အရူးထပြန်ပြီ ။

"ရင်အာက ရေသောက်ချင်တာလား၊ လာ ဖေဖေ့ဆီလာ ဝိညာဉ်အသီးဖျော်ရည်၊ အမတသစ်သီးဖျော်ရည်၊ သစ်သီးချိုဖျော်ရည်၊ ဝိညာဉ်ခရမ်းဖျော်ရည်... ဘာသောက်ချင်လဲ"

သူ စကားပြောချိန် သစ်သီးဖျော်ရည်မျိုးစုံ ဖြည့်ထားတဲ့ အရောင်အမျိုးမျိုးနဲ့ ပုလင်းတွေကို ထုတ်လာတယ်။ သူက အားလုံးကို မြေကြီးပေါ် ခင်းချတယ်။ ပြီးတော့ အကုန်လုံးက တကယ်တော့ မြင်ဖူးနေသလိုပဲ။

ယိချင်း နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ ငါ့နောက်ကွယ်မှာ ဆရာ့အတွက် စားစရာတွေကို ဘယ်လောက်တောင် ဝှက်ထားတာလဲ။

ရှန်းရင်က မြေကြီးဆီ လှမ်းကြည့်ကာ သူမလိုချင်တဲ့ဟာတွေ့ပုံမပေါ်။ ဘာကိုမှယူဖို့ ရည်ရွယ်ချက်မပြဘဲ စားဖိုမှူးကိုသာ ဆက်ဆွဲထားတယ်။ သူ သူ့သိုလှောင်အိတ်ကို ဖွင့်တာမြင်တော့ သူမ မစောင့်နိုင်တော့ဘဲ လက်လေးနဲ့ လှမ်းနှိုက်လိုက်တယ်။

ယိချင်း ကြည်လင်အမတရေဘူးတစ်ဘူးကို ကူထုတ်ပေးလိုက်ပြီး ဘူးအဖုံးကိုဖွင့်ပေးလိုက်တယ်။ အဲတော့မှ သူမက လက်နှစ်ဖက်လုံးနဲ့ မြှောက်ပြီး သောက်လိုက်တယ်။ ဒါပေမဲ့ ဘူးက လေးလွန်းပြီး သူမက ငယ်လွန်းလို့ထင် ဘူးကိုမမြှောက်နိုင်ဘဲ ဟန်ချက်ပျက်ကာ နောက်လဲကျသွားခဲ့တယ်။

ယိချင်း သူမကို အမြန်ဆွဲထူလိုက်တယ်။ သူ့လက်တစ်ဖက်က သူမကိုယ်လေးကို ထိန်းပေးပြီး တစ်ဖက်က သူမအတွက်ရေဘူးကို ကူမပေးလိုက်တယ်။

သူမက ဂလုဂလုနဲ့ ရေအငုံစာ အနည်းငယ် သောက်လေတယ်။ တစ်ခဏကြာတော့ သူမက သူ့ဝတ်ရုံလက်ကိုဆွဲကာ တော်ပြီဖြစ်ကြောင်းပြတယ်။ အဲတော့မှ ယိချင်းက ဘူးကိုဖယ်ကာ တစ်ချိန်တည်းမှာပဲ ဖေဖေနျို သိမ်းထားခဲ့တဲ့ သီးသန့်စုဆောင်းမှုကိုပါ ပြန်ယူလိုက်တယ်။

တစ်‌ယောက်သောသူကတော့ ရှန်းရင်ကို လူကုန်ကူးသမားလိုအကြည့်နဲ့ ကြည့်နေတာမို့ သေချာပေါက် သတိမထားမိဘူးပေါ့။ တကယ်ကို ငါ့သမီးပဲ၊ ရေသောက်တာကအစ ချစ်ဖို့ကောင်းလွန်းတယ်။

( ̄『̄)

"ကျေးဇူးပါ မေမေ ကျေးဇူးပါ ဖေဖေ" ရှန်းရင်က ပါးစပ်ကိုသုတ်ကာ သူမလှေလေးနဲ့ဆော့ဖို့ ပြန်ပြေးသွားခဲ့တယ်။

ယိချင်း ။ ။ "..." အမေ မဟုတ်ဘူးလို့ ပြောပြီးပြီလေ။

ကူယွဲ့လည်း မနေနိုင်ဘဲ သူမနဲ့တူတူ လှည့်ထွက်ဖိုလုပ်တယ်။

"ရင်အာ ဖေဖေလည်း..."

သူ နှစ်လှမ်းပဲ လှမ်းရသေး ယိချင်းက သူ့ကို အမြန်ပြန်ဆွဲထားလိုက်တယ်။

"အလုပ်" ခင်ဗျားက ငကြောင်လား။

"ငါတို့ ဒီမှာ ရပ်နေပြီးပဲ နည်းလမ်းစဉ်းစားလို့မရဘူးလေ"

ကူယွဲ့ သက်ပြင်းချလိုက်တယ်။ သီးသန့်ခြားအင်းကွက်တောင် အလုပ်မဖြစ်တာ။ သူ့သမီးဆီ ပြန်သွားတာပဲ လုပ်မှာပေါ့။

ယိချင်းအမူအရာက ပိုလေးလံလာတယ်။

"ဆရာပြောဖူးတာ ဂါထာအားလုံးက လူတွေလုပ်တာတဲ့၊ အဲတော့ ကျွန်တော်တို့ စည်းမျဉ်းတွေ သိသရွေ့ ဖြစ်နိုင်တာ..." သူ တစ်ခဏရပ်သွားပြီး တစ်ခုခုကိုမှတ်မိသွားသလိုမျိုး သူ့လက်ထဲက သိုလှောင်အိတ်ကို ငုံ့ကြည့်တယ်။ သူက ကူယွဲ့ဘက်လှည့်လာတယ်။

"ဖေဖေနျို၊ ဒီသိုလှောင်အိတ်လုပ်နည်းကို မှတ်မိလား"

"အဲဒါ နယ်ပယ်ချုံ့ခြင်းဂါထာလေးတစ်ခုပဲ မဟုတ်လား" ကူယွဲ့က ပေါ့ပေါ့ပါးပါးပြန်ဖြေတယ်။

"မသေမျိုးချီ ဒါမှမဟုတ် ဝိညာဉ်ချီကိုသုံးပြီး အိတ်ထဲ သင့်တော်တဲ့အရွယ်အစားနဲ့နယ်ပယ်တစ်ခုကို ထားလိုက်တာလေ"

"တကယ်လို့ အဲနယ်ပယ်က ကောင်းကင်နဲ့မြေကြီးကို ထည့်သွင်းလို့ရလောက်တဲ့အထိ ကြီးရင်ရော"

"အဲဒါက သိုလှောင်အိတ်ဖြစ်မှာမဟုတ်ဘူး၊ ဆန်းကြယ်ဘုံဖြစ်မှာ ဆန်းကြယ်ဘုံတွေ ဖွင့်ပြီး ကိုယ်ပိုင်ကမ္ဘာဖန်တီးတာမျိုးက အဆင့်မြင့်အမတကျင့်ကြံဆင့်နဲ့ အမတတွေဆို လုပ်နိုင်ပြီ၊ ဒါပေမဲ့ ဆန်းကြယ်ဘုံဆိုတာမျိုးက ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာပြင်နဲ့ ဆက်စပ်နေတဲ့ ထုတ်ကုန်တစ်ခုပဲလေ၊ တကယ်တော့ မျက်နှာပြင်ထဲက နယ်ပယ်တစ်ခုဖြစ်နေဆဲပဲ"

သူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့ရှေ့ မျက်နှာပြင်သစ်ပင်ပေါ်က အဖူးအညှောင့်အသစ်တွေကို လက်ညှိုးထိုးပြလိုက်တယ်။

"တကယ်လို့ ဆန်းကြယ်ဘုံတစ်ခုမှာ သက်ရှိတွေရှိပြီး မေ့ပျောက်မြစ်ကတစ်ဆင့် သံသရာနဲ့ ချိတ်ဆက်ထားရင် တဖြည်းဖြည်းနဲ့ လုံးဝ ကမ္ဘာငယ်လေးအပြည့်အဖြစ် ကြီးထွားလာလိမ့်မယ်"

သူတို့အရင်ကရောက်ခဲ့တဲ့ ထျန်းလန်လောကသုံးခွင်ကိစ္စနဲ့ အတူတူပဲ။ သူက ယိချင်းကို ပြန်လှည့်ကြည့်လိုက်တယ်။

"မင်းက ဆန်းကြယ်ဘုံတစ်ခုဖွင့်ပြီး အဲမှိုကို အထဲမှာထည့်ထားဖို့ဆိုလိုတာလား၊ ဟင့်အင်း၊ အဲဒါဆို မျက်နှာပြင်ထဲ အပြည့်အဝ ထည့်လိုက်သလိုဖြစ်သွားလိမ့်မယ်"

"ဟင့်အင်း" ယိချင်းက ခေါင်းယမ်းတယ်။ သူက ခြေတစ်လှမ်း ရှေ့လှမ်းကာ တစ်လုံးချင်း အသံနက်နက်နဲ့ပြောတယ်။

"တကယ်လို့ ဆန်းကြယ်ဘုံတစ်ခုကို ဖန်တီးတာက ဂါထာတစ်ခုနဲ့ မျက်နှာပြင်ထဲ နယ်ပယ်အသစ် ဖွင့်တာဆိုရင် ကျွန်ဝောာ်တို့... ဒီဂါထာကို ပြောင်းပြန်လှန်လိုက်ရင်ရော"

ကူယွဲ့ မှင်တက်သွားပြီး မျက်လုံးတွေ ရုတ်ခြည်း ပြူးကျယ်သွားတယ်။

"ဟိုလီရှစ်" ရင်ထဲ စိတ်လှုပ်ရှားမှုလှိုင်းတစ်ခု ပေါ်လာတယ်။ ဟုတ်တယ် တကယ်လို့ ဆန်းကြယ်ဘုံတွေကို ဖန်တီးတာက ဖွင့်တာဆိုရင် ပြောင်းပြန်လှန်လိုက်တော့ ကန်ထုတ်တာ ဖြစ်သွားမယ် မဟုတ်လား။

"မင်း ဝောာ်တယ်" သူ စားဖိုမှူးကို လက်မ မထောင်ပြဘဲ မနေနိုင်။ တကယ့်ကို ကိုယ်ပိုင်ဓားသိုင်း ဖန်တီးတဲ့ လူတစ်ယောက်ပေပဲ။

"မြန်မြန် ပူးပေါင်းပြီး တစ်ချက်ကြိုးစားကြည့်ရအောင်"

ယိချင်း ခေါင်းညိတ်လိုက်တယ်။ နှစ်ယောက်သား အသက်ပြင်းပြင်းရှူကာ သူတို့စိတ်ထဲ ဆန်းကြယ်ဘုံတွေဖွင့်ဖို့အတွက် ဂါထာတွေကို စူးစမ်းရှာဖွေလိုက်တယ်။ နောက်တော့ သူတို့ကိုယ်ထဲက နတ်ဘုရားစွမ်းအင်ကို အသက်သွင်းကာ တစ်ချိန်တည်းမှာပဲပြောင်းပြန်ဂါထာတွေ ဆက်တိုက် ဖန်တီးလိုက်တယ်။ အချိန်တိုအတွင်း အင်မတန်ထူးဆန်းပြီး တွန့်လိမ်နေတဲ့ ဓမ္မအဆောင်တွေက အဲမှိုပေါ် ပေါ်လာတယ်။

"အင်းကွက်ရဲ့အလယ်ကို မျက်နှာပြင်သစ်ပင်နဲ့ ချိတ်ဆက်နေတဲ့နေရာဆီ ရွှေ့လိုက်" ကူယွဲ့အဲမှိုရဲ့အောက်ခြေအမြစ်ကို လက်ညှိုးထိုးကာ သတိပေးလိုက်တယ်။

"အင်း" ယိချင်း သူ့ဂါထာကို ချက်ချင်း ထိန်းညှိကာ မှိုအမြစ်ဆီ တန်းပို့လိုက်တယ်။ လက်ငင်း ဓမ္မဂါထာအဝိုင်းတွေ ပေါ်လာတယ်။ သူတို့က မျက်နှာပြင်သစ်ပင်နဲ့ ချိတ်ဆက်နေတဲ့နေရာကို ဝဲဂယက်လို တင်းကြပ်စွာဝိုင်းသွားလေတယ်။ ပြီးတော့ ကြိုးတစ်ချောင်းလို အရစ်ရစ်အခွေအခွေအဖြစ် အပေါ်တစ်လျှောက်တက်သွားခဲ့တယ်။

ဒီလိုမျိုးပြောင်းပြန်ဓမ္မဂါထာက အမတစွမ်းအင်အတော်လေး သုံးစွဲပုံပဲ။ ကူယွဲ့ တစ်ခဏ တောင့်ခံထားပြီး တစ်နာရီအတွင်းမှာပဲ သူ့ကိုယ်ထဲက အမတစွမ်းအင်တွေ ဗလာကျင်းသွားတာကို ခံစားရကာ ဆက်လုပ်ဖို့ခဲယဉ်းလာတယ်။ သူ တစ်ခဏရုန်းကန်‌ကြည့်ပေမဲ့ အဲအမတစွမ်းအင်တွေ အဆက်မပြတ်စွဲထုတ်ခံရတဲ့ခံစားချက်က ရပ်မသွားဘူး။ လက်ထောက်စည်းတံဆိပ်တောင် ဓမ္မဂါထာတွေဖွဲ့စည်း‌တဲ့အရှိန်နှုန်းကို လိုက်မမှီနိုင်တဲ့ပုံပဲ။ ရုတ်တရက် အဖြူရောင်အလင်းလှိုင်းတစ်ခုက အဲမှိုပေါ် ကျရောက်လာတယ်။ သူတို့ကို တောင့်ခံသလိုမျိုး ဖိအားအရှိန်လှိုင်းတစ်လှိုင်းက ချက်ချင်း ပြန်ကန်ထွက်လာတယ်။

ကူယွဲ့ ရင်ထဲ ချိုမြမှုကိုခံစားလိုက်ရတယ်။ သူ့လက်ထဲက ဂါထာဆက်သွယ်မှုက ဘန်းခနဲ ကွဲထွက်သွားတယ်။

သူ့နှလုံးသားထဲက ပွက်ပွက်ဆူနေတဲ့သွေးကို ထိန်းချုပ်လိုက်ရတယ်။ သူ့ဘေးက တောင့်ခံနေဆဲလူကို စိုးရိမ်မှုနဲ့ လှည့်ကြည့်လိုက်တယ်။

"စားဖိုမှူး..." သူ့အမူအရာက ဆိုးဝါးနေတာ မြင်လိုက်ရတယ်။ ချွေးစက်ပေါက်ကြီးတွေက သူ့နဖူးပေါ် စီးကျနေတယ်။ သူလည်း အားတင်းထားဖို့ခက်ခဲတဲ့အချိန်ရှိနေပုံပဲ။

ကူယွဲ့ အနည်းငယ်စိတ်ပူပန်နေတယ်။ သေချာပေါက် သူတို့နည်းလမ်းကမှန်တယ် မဟုတ်ရင် မှိုက ဒီလိုမျိုး အလောတကြီး တွန်းလှန်နေမှာမဟုတ်ဘူး။ သူ့အသိစိတ်ကျူးကျော်မှုနဲ့ ရှန်းရင် ထုထောင်းမှုကနေ ပြန်မသက်သာသေးတာမို့သာ သူ့အမတစွမ်းအင်တစ်ဝက်တောင် မကျန်တော့တာပဲ။ အဲဒါကြောင့် သူ အလွယ်လေး ပြန်တွန်းခံလိုက်ရတာ။ စားဖိုမှူးဒဏ်ရာတွေက သက်သာသွားပြီးသား ဆိုပေမဲ့ ဒီလို ထူးဆန်းတဲ့ဂါထာကို သူ့ဘာသာသုံးရတာ တကယ်ကိုခဲယဉ်းတယ်။

ဒါပေမဲ့ သူမရပ်နိုင်။ သူ ရပ်လိုက်တာနဲ့ မတော်တဆမှုတစ်ခုခုဖြစ်မယ်လို့ ခံစားမိနေတယ်။

ကူယွဲ့ အသက်ပြင်းပြင်းရှူသွင်းကာ အချိန်တချို့ ထိန်းညှိပြီး မသေမျိုးချီတချို့ သူ့ကိုယ်ထဲ ပြန်ဝင်လာတာ ခံစားမိလိုက်တယ်။ သူ စားဖိုမှူးပတ်လည်မှာ ဝိညာဉ်စွဲအင်းကွက်ကို အမြန်ဆွဲပြီး စွမ်းအားသုံးစွဲမှုကို လျှော့ချဖို့ မျှော်လင့်နေမိတယ်။

ဒါပေမဲ့ ဒီပြောင်းပြန်ဂါထာက သုံးစွဲမှုအရမ်းကြီးတာမို့ ယိချင်းအသားအရည်က ဆိုးသထက် ဆိုးလာတယ်။ သူ့တစ်ကိုယ်လုံးကသွေးကြောတွေကို တစ်ခုခုဆွဲဖြဲလိုက်သလိုတောင် ခံစားနေရတယ်။ သူ့ဝိညာဉ်ကြောမှာ ဗလာဖြစ်နေပြီ။

"စားဖိုမှူး ထားလိုက်တော့" ကူယွဲ့ စိတ်ပူပန်လာကာ သူ့ကိုတားချင်သွားတယ်။

"ငါတို့တခြားနည်း စဉ်းစားမယ်" ဒီနည်းလမ်းနဲ့ဆို သူလည်း ဒဏ်ရာရသွားလိမ့်မယ်။

ယိချင်းက မရပ်ဘဲ သူ့ရှေ့က ဓမ္မဂါထာကိုကြည့်နေတယ်။ နည်းနည်းလေးပဲထပ်ပြီးတော့။ သူ လုပ်နိုင်မှဖြစ်မယ်။ ဆရာက သူတို့စွမ်းရည်က စီမံဖို့လုံလောက်ပြီလို့ပြောမှတော့ အဲလိုပဲဖြစ်ရမယ်။ သူတို့ ဒီတိုင်း... ဒီတိုင်း...။

လက်ထောက်စည်းတံဆိပ်

သူ ရုတ်တရက် ဆရာ ၃နှစ်သမီးအဖြစ် မပြောင်းသွားခင် လက်ထောက်တွေရဲ့စွမ်းရည်တွေကို လုံးဝဆရာတစ်ဆူ ဖြစ်သရွေ့လို့ ပြောသွားတာကို သတိရသွားခဲ့တယ်...။

လက်ထောက်တွေရဲ့ စွမ်းရည်အပြည့်အဝကဘာလဲ။ သူတို့ဆန္ဒအရ လက်ထောက်တံဆိပ်တွေကို အသက်သွင်းနိုင်နေပြီ။ အဲဒါက လုံးဝဆရာတစ်ဆူ ဖြစ်ပြီလို့ သတ်မှတ်လို့မရသေးဘူးလား။

သူ မျက်လုံးကို အလိုလိုမှိတ်ကာ အသိစိတ်ပင်လယ်ထဲ နစ်ဝင်သွားခဲ့တယ်။ သူ့ရှေ့မှာ ပကတိအဖြူရောင်အတိ။ အစေ့၂ခုရှိနေပြီး တစ်ခုကရွှေရောင်၊ တစ်ခုကအနီရောင်ဖြစ်ကာ နေနဲ့လလို မြင့်မားစွာ လွင့်မျောနေတယ်။ အဲဒါတွေက သူ့နဂါးနဲ့ဇာမဏီအမြုတေတွေပဲ။ အဲအပြင် ဘာမှမရှိဘူး။

All Chapters