← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း ၄၃၀ ။ သမီးနဲ့ဆို အရာရာအဆင်ပြေ

ယိချင်းရဲ့အတွေးတွေ လှုပ်ရှားသွားပြီး အသိစိတ်ပင်လယ်ထဲက လက်ထောက်တံဆိပ်ကို ခေါ်ဖို့ ကြိုးစားကြည့်လိုက်တယ်။ ချက်ချင်းဆိုသလိုနီးပါး တွန့်လိမ်ကောက်ကွေးနေတဲ့ မျ‌ဥ်းတစ်ကြောင်းက လေထဲပေါ်လာပြီး "ခန့်အပ်စာ" ဆိုတဲ့ အမည်း‌ရောင်စာလုံးသုံးလုံးက အပေါ်မှာ မြင့်မြင့်ဝဲပျံနေတယ်။ သူ့အမြုတေတွေတောင် ချက်ချင်း တွန်းထုတ်ခံရကာ အောက်ကိုပြုတ်ကျသွားတယ်။

ယိချင်း အံကြိတ်ကာ သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းပြီး အမဲရောင်စာလုံးတွေနဲ့ မျဉ်းကြောင်းကိုထိကြည့်လိုက်တယ်။ ရင်းနှီးနေတဲ့ လက်ထောက်စွမ်းအင်က ခန့်အပ်စာဆီကနေ ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ချက်ချင်းပြည့်သွားကာ ခန်းခြောက်နေပြီးသားသွေးကြောတွေက အရင်အကြိမ်တွေလိုမဟုတ်ဘဲ သိသိသာသာ သက်သာရာရမှုကိုခံစားလိုက်ရတယ်။

ဒါပေမဲ့ ဟင့်အင်း

ကွဲပြားမှုတချို့ ရှိနေတယ်။ သူ သေချာကြည့်လိုက်တော့ ခန့်အပ်စာမှာ နောက်ဆုံးအကြောင်းထဲ နောက်ဆုံးပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတက တခြားဟာတွေထက် အရောင်အများကြီး ပိုမှိန်နေတာကို မြင်လိုက်ရတယ်။

ဖြစ်နိုင်တာ သူ အသုံးပြုနေကျ လက်ထောက်စွမ်းအင်က ဒီလောက်နည်းနည်းလေးပဲလား။

သူရင်ထဲလေးသွားပြီး ဆက်မတုံ့ဆိုင်းတော့ဘူး သူ့ကောင်းကင်စိတ်အာရုံက လေထဲက အဲဒီစာလုံးတွေဆီ တန်းရောက်သွားတယ်။ ချက်ချင်း စွမ်းအင်တစ်ခုက အံ့ဩစရာကောင်းလောက်စွာ ကြီးကြီးမားမား ပေါက်ကွဲထွက်လာတယ်။ လေထဲက စာလုံးအနက်တွေက အရည်ပျော်သွားပြီး သူ့အသိစိတ်ပင်လယ်တစ်ခုအပေါ် ချက်ချင်းတိုက်စားသွားတာ ခပ်ထူထူမင်တွေ ပက်ခံလိုက်ရသလိုပဲ။ နဂိုကပကတိအဖြူ အသိစိတ်ပင်လယ်က ချက်ချင်းမှိန်သွားပြီး အောက်ခြေက အမြုတေနှစ်ခုသာ တောက်ပနေတယ်။

အဲစွမ်းအင်လှိုင်းကြီးက သူ့ကိုယ်ကိုဖြတ်သွားတယ်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလိုပဲ။

"စားဖိုမှူး ဘာဖြစ်တာလဲ၊ ဟိုလီရှစ် ငါ့ကိုမခြောက်စမ်းနဲ့" ရုတ်တရက် လူက သွေးထအန်တာမြင်ရတော့ ကူယွဲ့ ထိတ်လန့်သွားခဲ့တယ်။

"မင်းဒီတိုင်းရပ်သင့်ပြီလို့ ငါပြောပြီးပြီလေ၊ မင်း ဘာတွေဖြစ်နေတာတုံး"

ယိချင်းက ဖေဖေနျိုရဲ့အသံကို လုံးဝမကြားနိုင်။ သူ့အသိစိတ်ပင်လယ်တစ်ခုလုံးက တိုးတိုးလာတဲ့ စွမ်းအင်ကနေ ပေါက်ကွဲထွက်ခါနီး။ သူက အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီး အသိစိတ်ပင်လယ်ထဲက အမြုတေတွေကို အသက်သွင်းဖို့ကြိုးစားလိုက်တယ်။ သူ သူတို့ကို သာမန်နေ့တွေမှာ ပုံမှန်ကျင့်ကြံနေကျအတိုင်း ရွှေ့လိုက်တယ်။

ဆရာပြောတာ မျက်နှာပြင်တိုင်းက မတူညီဘူးတဲ့။ သူတို့ဟာက အမတဝိညာဉ်မျက်နှာပြင်ဖြစ်တာမို့ တည်ရှိမှုတိုင်းက အမတဂါထာတွေရဲ့ အသွင်ပုံစံနဲ့ ပေါ်လာသင့်တာ။ အဲလက်ထောက်တံဆိပ်အတွက်လည်း အတူတူပဲဖြစ်သင့်တယ်။

အမြုတေတွေက မြန်သထက်မြန်မြန် လည်လာတာ သူတို့ပတ်လည်က အရှိန်အဝါအားလုံးကို တန်းရွှေ့လိုက်တဲ့အတိုင်းပဲ။ တစ်ခဏအတွင်းအစက အင်မတန်မြန်ဆန်စွာတိုးလာတဲ့စွမ်းအင်က စတင်ပြီးအလယ်က အမြုတေတွေဆီ စုဝေးလာတယ်။ ပြီးတော့ စုဝေးတဲ့အရှိန်က ပိုပြီး မြန်သထက်မြန်လာတယ်။ သူ့ကိုယ်ပေါ်က အဲဒီပေါက်ကွဲနေတဲ့ခံစားချက်လည်း ငြိမ်ကျသွားခဲ့တယ်။

အမြုတေနှစ်ခုက အတူတူအလုပ်လုပ်ကာ တစ်ဖက်တည်းကို လည်သွားတယ်။ တစ်ခုက လက်ထောက်တံဆိပ်က အမည်းရောင်အငွေ့တွေကို စုပြီး နောက်တစ်ခုက အသိစိတ်ပင်လယ်ထဲ နဂိုကရှိနေခဲ့တဲ့အဖြူရောင်ကိုစုဝေးလိုက်တယ်။

အချိန်တိုအတွင်း "ခန့်အပ်စာ" ရှိနေခဲ့တဲ့ လက်ထောက်တံဆိပ်ကလည်း ပျောက်သွားကာ အဆက်မပြတ် လည်နေတဲ့ အမြုတေနှစ်ခုပဲချန်ရစ်ခဲ့တယ်။ ပြီးတော့ သူတို့နဲ့ပတ်သတ်တဲ့ အမည်းရောင်၊ အဖြူရောင်က ရှင်းရှင်းလင်းလင်း ကွဲထွက်သွားပေမဲ့အစပ်တည့်ကာ ယင်ယန်သင်္ကေတဖြစ်နေတယ်။

တစ်ချိန်တည်းမှာပဲ နဂိုက ခန်းခြောက်နေတဲ့ သွေးကြောတွေက ချက်ချင်း အပြည့်အဝ ပြန်ကောင်းလာတယ်။ သူ့ကိုယ်ပေါ် အရင်က တစ်ခါမှမခံစားဖူးတဲ့သက်သာရာရတဲ့ ခံစားချက်မျိုး ရှိနေတယ်။ တစ်ခဏအတွင်း အသိစိတ်ပင်လယ်အလွတ်ကြီးမှာပါ ပြောင်းလဲသွားတဲ့အတိုင်းပဲ။ ကောင်းကင်ဘုံထဲကဟာနဲ့တူတဲ့ ရွှေရောင်မျက်နှာပြင်သစ်ပင်တစ်ခု အလယ်မှာပေါ်လာတယ်။

သူ နောက်ဆုံးတော့ မျက်လုံးဖွင့်လိုက်တယ်။

"စား- စားဖိုမှူး"

ကူယွဲ့ အံ့အားမှင်တက်နေတယ်။ လွန်ခဲ့တဲ့အခိုက်အတန့်က နာကျင်နေပေမဲ့ ရုတ်တရက် ပြန်ကောင်းလာပုံရတဲ့လူကို ကြည့်နေမိတယ်။ သူက အရင်ကနဲ့ နည်းနည်း ကွာခြားသွားသလိုပဲ။ သူ့ခန္ဓာကိုယ်ပေါ်က ရောင်ဝါမှာတောင် ဒါနဲ့ပတ်သက်ပြီး ရှင်းမပြနိုင်တဲ့ ဖိနှိပ်မှု ရှိနေတာမို့ အလိုလို သူ့ကို နောက်ဆုတ်သွားစေတယ်။

ယိချင်းလည်း ပြောမပြတတ်ဖြစ်နေတယ်။ ဒီတော့ ဒါက တကယ့်လက်ထောက်ဆိုတာကိုး။ သူက သူ့နောက်က လူကို ပြန်လှည့်ကြည့်လိုက်တယ်။ "ဖေဖေ နျို..."

ဟမ်။

ကူယွဲ့မတုံ့ပြန်နိုင်ခင် ယိချင်းက ရုတ်တရက် လက်ချောင်းတစ်ချောင်းကို မြှောက်ပြီး မျက်ခုံးနှစ်ဖက်ကြားက နေရာကို ဖိလိုက်တယ်။ ထူးဆန်းသော စွမ်းအင်တစ်ခု သူ့ဆီ တန်း ရောက်သွားပြီး သူ့ခန္ဓာကိုယ်ထဲ ပေါ့ပါးမှုကို ခံစားလိုက်ရတယ်။ ရှန်းရင် ရိုက်နှက်မှုကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေ ချက်ချင်းသက်သာလာတယ်။ ဒဏ်ရာရထားတဲ့ ကောင်းကင်စိတ်အာရုံကိုလည်း ချက်ချင်းပြုပြင်ခဲ့တယ်။ ခြောက်သွေ့နေတဲ့ အမတစွမ်းအင်တွေပါ စတင် ပြည့်နှက်လာလေရဲ့။

"ဟိုလီရှစ် မင်း နတ်ဘုရားထက်ကျော်လွန်သွားပြီလား" ကူယွဲ့ သူ့လက်တွေကို မယုံနိုင်စွာ ကြည့်ကာ အလိုလို သူ့မျက်နှာကို စမ်းမိလိုက်တယ်။ ယောာင်ကိုင်းနေတဲ့ ပေါက်စီမျက်နှာပါ ပျောက်ကွယ်သွားတယ်။ သူ နောက်တစ်ကြိမ် ချောမောတဲ့ ဖခင် ဖြစ်လာခဲ့ပြီ။ အင်း၊ သူ့သမီးကို သူ့မူလပုံစံကို ပြရမယ်။

သူ အနောက်ကို အလိုလို လှည့်ကြည့်လိုက်ပေမဲ့ သူ့ကို ဖောက်ထွင်းမြင်တဲ့ယိချင်း ပြန်ဆွဲထားတာ ခံလိုက်ရတယ်။

"ပြန်လာ" ယိချင်းနှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။

"ခင်ဗျားအသိစိတ်ကို အတွင်းကနေ လေ့လာပြီး လက်ထောက်စည်းတံဆိပ်ကို လုံးဝပေါင်းစပ်ပစ်လိုက်၊ အဲဒါ လက်ထောက်တွေရဲ့ တကယ့်စွမ်းအားအစစ်ပဲ"

"ပေါင်းစပ်တာ" ကူယွဲ့ထိတ်လန့်သွားတယ်။ အဲအရာက ပေါင်းစပ်ဖို့လိုတာလား။ သူ တစ်ခါမှ အဲနည်းကို မတွေးဖူးဘူး။ သူ အံ့ဩတကြီးကြည့်မိလိုက်တယ်။ ရုတ်တရက် ရလာတဲ့ ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်တွေကို စဉ်းစားမိတော့ သူချက်ချင်း သဘောပေါက်လိုက်တယ်။ သူ သူ့မျက်လုံးတွေကို မှိတ်ကာ အသိစိတ်ပင်လယ်ထဲ ချက်ချင်းဝင်သွားခဲ့တယ်။

စားဖိုမှူးရဲ့ ကြိုတင်သတိပေးချက်နဲ့ ဖေဖေနျိုက ပိုမြန်မြန် အလုပ်လုပ်တော့တယ်။ ၂မိနစ်အတွင်း သူ မျက်လုံးဖွင့်လိုက်တယ်။ သူ့ကိုယ်ပေါ်က အရှိန်အဝါကလည်း ချက်ချင်း ပြောင်းလဲသွားတယ်။ စားဖိုမှူးနဲ့ တစ်ပုံစံတည်းပဲ။

"ဝိုး အရမ်းမိုက်လွန်းတယ်" ကူယွဲ့ မယုံကြည်နိုင်စွာ သူ့ကိုယ်သူငုံ့ကြည့်လိုက်တယ်။ အဲတော့ မျက်နှာပြင်လက်ထောက်က တကာ်တော့ အရမ်းမိုက်တာပါလား။ သူ ရုတ်တရက် အရင်က ရှန်းရင်ရဲ့ အဲဒီထိတ်လန့်စရာ ထူးခြားတဲ့စွမ်းရည်တွေအားလုံးကို မှတ်မိသွားခဲ့တယ်။ မျက်နှာပြင်ဘုံတံခါးတွေက်ု လက်ဗလာနဲ့ ဖြဲတာ၊ ပင်လယ်ကို ဓားနဲ့ပိုင်းတာ စတာတွေပေါ့။ သူ ရုတ်တရက် သူလည်း ခုချက်ချင်းလုပ်နိုင်တယ်လို့ ခံစားမိလိုက်တယ်

သူ့အကြည့်က ပျက်သွားပြီး ဂါထာတွေနဲ့ ပိတ်နေဆဲ ကမ္ဘာငယ်လေးဆီ လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အေးစက်လာတယ်။ သူ ဘေးက စားဖိုမှူးဆီ လှည့်ကာ လေးလေးနက်နက် ပြောလိုက်တယ်။

"အဲမှိုလေးကို ရှင်းထုတ်စို့"

အဲလိုပြောပြီး နှစ်ယောက်သား တူတူလှုပ်ရှားလိုက်တယ်။ သူတို့ ဟင်းလင်းပြင်ကို ဆုပ်ကိုင်ပြီး ဆွဲလိုက်တယ်။ စောနကတင် မပြိုလဲတဲ့မှိုက မြေကြီးကနေ ဆွဲနုတ်ခံလိုက်ရတဲ့ မုန်လာဥနီလို ချက်ချင်း ဆွဲထုတ်ခံလိုက်ရတယ်။ အဲဒါက မျက်နှာပြင်သစ်ပင်စီကနေ အဝေးကိုလွင့်ပျံသွားခဲ့တယ်။

ဝေး‌သထက်ဝေးဝေး ပျံသွားတော့မှာကို‌မြင်တော့ ယိချင်း ရုတ်တရက် ဂါထာတစ်ခု ထုတ်သုံးလိုက်တယ်။ ချက်ချင်း လွင့်မျောနေတဲ့မှိုပတ်လည်မှာ အပြာရောင်အလင်းတွေက တောက်ပလာတယ်။ ကြည်လင်နေတဲ့အပြာရောင်အလင်းတန်းလေးခုက သေတ္တာပုံစံအဖြစ် ဖွဲ့စည်းဖို့ ချိတ်ဆက်သွားကာ ကမ္ဘာငယ်လေးကိုအထဲမှာ ချိပ်ပိတ်ထားလိုက်တယ်။ မှိုလေးက မျက်နှာပြင်ကနေ သုံးမီတာလေးမီတာအကွာက နေရာမှာ တည်ငြိမ်သွားခဲ့တယ်။

"မင်း ဘာလုပ်နေတာလဲ" ကူယွဲ့ နားမလည်။ "မင်းဘာလို့ လေဟာနယ်ထဲ ‌ဒီတိုင်း လွင့်မျောခိုင်းပြီး ပျောက်မသွားစေတာလဲ" ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတို့မျက်နှာပြင်ကနေနှင်ထုတ်ခံရမှာပဲကို။

"ဆရာက မျက်နှာပြင်ကနေ ဖယ်ထုတ်ဖို့ပဲပြောတာ၊ တန်းဖျက်ဆီးဖို့ မပြောခဲ့ဘူး" ယိချင်းက လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်။

"သူ့မှာ တခြားအစီအစဉ်တွေ ရှိရမယ်"

ကူယွဲ့ ခေါင်းညိတ်ကာ နောက်တစ်ကြိမ် အဲအဝေးကမှိုကို ကြည့်လိုက်တယ်။ ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ အဲကျူးကျော်သူတွေ တခြားကမ္ဘာငယ်တွေကိုမှ မကျူးကျော်နိုင်တာ။ ပြဿနာကို နောက်ဆုံးတော့ ဖြေရှင်းပြီးပြီမို့ သူလည်း စိတ်သက်သာရာရသွားခဲ့တယ်။ အခု ပိုအရေးကြီးတာက...။

"ရင်အာ..." သူက ရုတ်တရက် နောက်ပြန်လှည့်ကာ အဲမျက်နှာထားခပ်တည်တည်က ချက်ချင်း ပြီတီတီအပြုံး ဆင်မြန်းသွားလေတယ်။

"ဖေဖေပြန်လာပြီ..."

"ထွက်သွား"

ခွေးစုတ်လေး ငါ့ဆရာကို ထိဖို့မစဉ်းစားနဲ့။

凸(艹皿艹)

——————

ဝူတိဂိုဏ်းကလူတွေ အကြီးအကဲကူယွဲ့ နေမကောင်းဘူးလို့ လေးလေးနက်နက်ခံစားနေရတယ်။ တစ်ညအတွင်း သူက သူ့သမီးကို မရပ်မနား ကြွားလုံးထုတ်ဖို့ တွန်းပို့ပေးနေတဲ့ ရောဂါတစ်ခု ရသွားသလိုပဲ။ ပြီးတော့ ကုမရဘူး။

သူ အမတ-နတ်ဆိုး နယ်စပ်က ပြန်လာတည်းက ဘယ်ကမှန်း ဘယ်သူမှမသိတဲ့ ကလေးမတစ်ယောက်ကို ပြန်ခေါ်လာပြီး သူ့သမီးလို့ ကြေညာတယ်။ နောက်တော့ သူ့စရိုက်တစ်ခုလုံး ပြောင်းလဲသွားတော့တာပဲ။ တပည့်တွေကို ကျင့်ကြံဖို့၊ ပိုက်ဆံရှာ၊ အလုပ်လုပ်ဖို့ နားပူနားဆာ မပြောတော့ဘူး။ နေ့တိုင်း သူလုပ်သမျှက ဂိုဏ်းထဲ အလဟသ လျှောက်သွားပြီး သူ့သမီးကို တွေ့သမျှလူဆီ ကြွားနေတယ်။

"ဟုန်အာ လာကြည့် လာကြည့် ဒါ ငါ့မိသားစုရဲ့ရင်အာလေ မင်းသူ့ကို ဘယ်လိုမြင်လဲ၊ ချစ်ဖို့ကောင်းတယ်မလား၊ ငါ့သမီးလေ"

"ပိုင်အာ ဒါငါ့သမီးရင်အာလေ၊ စကြဝဠာတစ်ခုလုံးမှာ ချစ်ဖို့အကောင်းဆုံးပေါ့၊ ငါ့သမီး ချစ်ဖို့ကောင်းတယ်မလား"

"ငမည်းလေး ဒီလာ ဒီလာ၊ ငါမင်းကို ငါ့ရင်အာကို တစ်ချက် ကြည့်ခွင့်ပေးမယ်၊ တစ်ချက်ပဲနော် ဟုတ်ပြီ ငါ့သမီးက ချစ်ဖို့ကောင်းတယ်မလား၊ မင်းနဲ့ ဟုန်အာတို့ ကြိုးစားဖို့ လိုတယ် ဟားဟားဟားဟား..."

"ဟေး ဟိုးက မင်းကို ဒီက ရင်အာနဲ့ မိတ်ဆက်ပေးပါရစေ၊ ချစ်ဖို့ကောင်းတယ်မလား၊ ငါ့သမီးလေ"

"..."

တစ်ရက်အတွင်း တပည့်အားလုံးနီးပါး သူတစ်ကြိမ်စီ တားတာကို ခံရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူချီထားတဲ့ကလေးပုံစံကို မမြင်နိုင်ခင် သူက တခြားလူတွေကို နောက်တစ်ချက် ကြည့်ခွင့်ပေးတာနဲ့တင် ထိခိုက်သွားမဲ့အတိုင်း အဝေးကို တစ်ဖန်ပြန်လှည့်သွားတယ်။

ဝူတိဂိုဏ်းတစ်ခုလုံး အတော်လေး ဇဝေဇဝါဖြစ်နေတယ်။ ကလေးက ဘယ်လိုပုံလဲ လုံးဝမမြင်ရတာကို မပြောနဲ့ဦး၊ အကြီးအကဲကူယွဲ့က ခုချိန်ထိ တစ်ကိုယ်တည်းသမားဖြစ်နေခဲ့ပြီး ရင်းနှီးတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်မှတောင် မရှိတာ။ တစ်ယောက်တည်းသော ဟုန်အာကလည်း ငမည်းလေးနဲ့ လက်ထပ်ပြီးပြီ။ သူ့ဒီသမီးက ဘယ်ကရောက်လာတာတုံး။

ဒီတော့ ဒီမှာမေးခွန်း ။ ။ ကလေးအမေကဘယ်သူလဲ။

…

အခန်း ၄၃၁ ။ သမီးတစ်ယောက် ပျိုးထောင်ခြင်း၏ နေ့စဉ်ဘဝ

ဝူတိဂိုဏ်းကအားလုံး ဇဝေဇဝါဖြစ်မှုအပြည့် ဖြစ်နေတာ အကြီးအကဲယိချင်း သူ့ဓားကိုကိုင်ပြီး ဒေါသတကြီး မရောက်လာခင်ထိပဲ။ သူက သူ့သမီးကိုကြွားဖို့ ဝူတိကောင်းကင်နန်းတော်ကိုကျော်လွန်ပြီး တိုက်ကြီးဆယ်တိုက်က လူအားလုံးကိုပါ ကြွားလုံးထုတ်ချင်တဲ့အထိ စွဲလမ်းလွန်းနေတဲ့ တစ်ယောက်သောသူကို တားတော့တယ်။

"ခင်ဗျား သူ့ကို ဘယ်ခေါ်သွားမို့လဲ" ယိချင်း ဒေါသအရမ်းထွက်နေတာ သိသာတယ်။ ကူယွဲ့ မတုံ့ပြန်နိုင်ခင် ကူယွဲ့လက်မောင်းထဲက ကလေးမကို လုယူပြီး သူ့ကိုတစ်ချက်ကန်လိုက်တယ်။

"ဟေး စားဖိုမှူး လွန်သွားပြီ" ကူယွဲ့လည်း ဒေါသထွက်သွားတယ်။ သူက တစ်ဖက်လူကို စိုက်ကြည့်ကာ ပြောတယ်။

"ငါက သူလေကောင်းလေသန့် ရအောင် အပြင်ခေါ်သွားရုံပဲ၊ မင်း ဒီလောက်လုပ်ဖို့လိုလို့လား"

အဲလိုပြောပြီး သူက ကလေးမကို ပြန်ခေါ်ဖို့လုပ်တယ်။

"ဟမ့်" နောက်အခိုက်အတန့်မှာ ယိချင်းလက်ထဲကဓားက ကူယွဲ့လည်ပင်းပေါ် တင်နေပြီ။

"လုပ်ရမှာပဲ"

"..."

သူ စပြီးတိုက်ခိုက်တော့မှာပဲ တပည့်တွေရဲ့ ရင်ထဲ ထိတ်သွားတယ်။ အတွင်းရန်ဖြစ်မှုစတော့မှာကို မြင်တော့ သူတို့ရှေ့သွားပြီး ဖျောင်းဖျရမလား စဉ်းစားနေတုန်းရှိသေး ရုတ်တရက် ယိချင်းလက်မောင်းထဲကနေ နူးညံ့တဲ့ကလေးအသံ ထွက်လာတာကို ကြားလိုက်ရတယ်။ ချိုမြလွန်းလို့ ပျားရည်ရောတဲ့အထိပဲ။

"မေမေ"

အားလုံး ။ ။ "..."

ဘာ။

Σ(°△°|||)

နောက်အခိုက်အတန့်မှာ နှင်းပန်းလိုမျိုး လက်လေးနှစ်ဖက်က ခြုံထည်ကြီးအောက် ထွက်လာပြီး ယိချင်းလည်ပင်းကို ဖက်တယ်။

"ရင်အာ ဗိုက်ဆာနေပြီ၊ ထမင်းစားချင်တယ်"

ရန်လိုတဲ့ အငွေ့အသက်က ချက်ချင်း တန့်သွားတယ်။ ယိချင်းက သူ့လက်ထဲကဓားကို တန်းရုပ်ကာ ကလေးကိုဖက်၊ တစ်ဖက်လှည့်ပြီး အနောက်ဆောင်ဆီ ပြန်ပျံသန်းသွားတယ်။

"ခဏ ငါကျွေးပေးမယ်..." ကူယွဲ့က အပြေးလိုက်သွားတယ်။ အချိန်တိုအတွင်း နှစ်ယောက်သား ပျောက်သွားတယ်။ စောနလေးကတင် ပဋိပက္ခက လုံးဝမဖြစ်ပျက်ခဲ့သလိုမျိုးပဲ။ တခြားလူတိုင်း ဇဝေဇဝါမျက်နှာတွေနဲ့ ကျန်ရစ်ခဲ့တယ်...။

သူတို့ ခုလေးတင် နားကြားလွဲတာတော့ မဟုတ်ဘူးမလား။ အဲကလေး အကြီးအကဲယိချင်းကို ခေါ်လိုက်တာက...။

ကူယွဲ့နဲ့ ယိချင်း

(⊙_⊙)

တပည့်တွေရဲ့ မျက်နှာအကုန် တွန့်ရှုံ့ကုန်တယ်။ သူတို့ကြည့်ရတာ ခုလေးတင် မိုးကြိုး ပစ်ခံလိုက်ရသလိုမျိုးပဲ။ အကြီးအကဲယိချင်းက ဘယ်တော့မှ ဂိုဏ်းချုပ်ဘေးကနေ မခွာဘူးမလား။ တကယ်လို့ အဲလိုအတွေးတွေ ရှိခဲ့မယ်ဆိုရင် ဂိုဏ်းချုပ်ဆီ ဖြစ်သင့်တာလေ။ ဒါပေမဲ့ တကယ်တော့ အကြီးအကဲကူယွဲ့ဆီတဲ့လား။ ပြီးတော့ ကြိုတင်သတိပေးချက် မရှိဘဲ သမီးတစ်ယောက် မွေးထားတယ်လား။

ဂိုဏ်းချုပ်က အနေရခက်မှုကို ရှောင်ရှားဖို့ တံခါးပိတ်ကျင့်ကြံမှုကို ရုတ်တရက် စတင်ခဲ့တာဖြစ်နိုင်လား။

တစ်ဂိုဏ်းလုံးရဲ့တပည့်တွေ အံ့ဩကုန်တယ်။ သူတို့ရုတ်တရက် ကိစ္စကြီးကြီးတစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရတယ်။

***

ကူယွဲ့က ဂိုဏ်းထဲကတပည့်တွေ သူ့ကိုကြည့်တဲ့အကြည့်တွေက နည်းနည်းထူးဆန်းနေတယ်လို့ ခံစားနေရတယ်။ အထူးသဖြင့် သူ စားဖိုမှူးနဲ့တူတူ ပေါ်လာချိန် လူတိုင်းက စိတ်လည်းလှုပ်ရှား အနေလည်း ခက်နေသလိုပဲ။ ကူယွဲ့ သူ ဒီလ လစာများ မှားပေးမိလားပါ သံသယမဝင်ဘဲ မနေနိုင်တော့ဘူး။

ရံဖန်ရံခါ နန်းတော်အနောက်ဆောင်ထိ တမင်တကာ လာပြီး သူ့ကို အင်မတန်ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ကြတဲ့ တပည့်တွေတောင် ရှိသေးတယ်။ အဲထူးဆန်းတဲ့အကြည့်တွေက သူ့ကို တစ်နည်းနည်းနဲ့ မလုံခြုံသလို ခံစားရစေတယ်။

"ယွီဟုန်၊ စစ်ယွီရဲ့ အချုပ်အလုပ်က တော်တော်ကောင်းတယ်လို့ ငါကြားတယ်" သူ့စိတ်ထဲက အနေရခက်တဲ့ ခံစားချက်ကို မျိုသိပ်ကာ ကူယွဲ့ လေးလေးနက်နက် မေးလိုက်တယ်။

"ငါ့ကို ကူညီပေးဖို့၊ မင်း သူ့ကို မေးရင်ရတာပဲ၊ အရုပ်ဘာညာမျိုး လုပ်ဖို့လေ" ရင်လေးက ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးလေ။ ဓမ္မအသုံးအဆောင်တွေနဲ့ အမွေးပွအရုပ်တချို့ ထပ်လုပ်ပေးလို့ရတယ်။

ယွီဟုန် တစ်ခဏမှင်တက်နေတယ်။ သူမ သူတို့ကို နောက်ကျော ပေးပြီးထိုင်နေတဲ့ အကြီးအကဲယိချင်းကို အလိုလို ကြည့်လိုက်မိတယ်။

"ဒါပေမဲ့ စစ်ယွီက အောက်ဘုံမှာ တာအိုကိုသင်ပေးနေတုန်း..."

"ဒါဆိုလည်း ပြန်လာဖို့ပြောလိုက်" ဘာကမှ သူ့သမီးလောက် အရေးမကြီးဘူး။

"အမ် အာ" ယွီဟုန် ပိုတောင် ထိတ်လန့်သွားတယ်။ လောကကြီးတစ်ခွင် ဓားသိုင်းကိုဖြန့်မယ်ဆိုတဲ့ သူ့ကောင်းမွန်တဲ့ဆန္ဒက ဘာဖြစ်သွားပြီလဲ။ သူက အဲလောက်မြန်မြန် စိတ်ပြောင်းဖို့လိုလို့လား။ ဒါပေမဲ့ သူ့စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်ကို မြင်တော့ သူမခေါင်းညိတ်လိုက်ရတယ်။

"ဟုတ်ကဲ့ အကြီးအကဲ" အချစ်စွမ်းအားက တကယ်ကို သန်မာတာပဲ။ အဲတော့ ရှင်က တကယ်တော့ ဒီလိုအကြီးအကဲကိုး။ သူမ ရုတ်တရက် ဂိုဏ်းချုပ်ကို နည်းနည်းသနားသွားတယ်။ ဒီနှစ်ယောက်ကို နှစ်ပေါင်းများစွာ ကြည့်နေခဲ့ရတာ ဘယ်လောက်တောင် စိတ်ဓာတ်မာကျောမှု လိုအပ်လိမ့်မလဲ။ သူမက တကယ့်ကို ဂိုဏ်းချုပ်ပဲ။

ယွီဟုန် ခုလေးတင် စစ်ယွီကို သွားဆက်သွယ်မို့ရှိသေး သူမ ရုတ်တရက် တစ်စုံတရာကို မှတ်မိသွားတယ်။ သူမ သိုလှောင်အိတ်ထဲကနေ ဒုဓလီပန်းတွေ အစည်းလိုက် ထုတ်ကာ ကမ်းပေးလိုက်တယ်။

"မုန်လာဥဖြူက ကျွန်မကို ဒါပေးခိုင်းလိုက်လို့"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ရှန်းရင်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ မပြောခဲ့ဘူးလား၊ သူက ဒါကို ဘာလို့ ပို့တာတုံး"

"ဟင့်အင်း" ယွီဟုန် အမြန်ရှင်းပြလိုက်တယ်။

"ပြောတာတော့ ဒါ အကြီးအကဲအတွက်တဲ့"

"ငါ့အတွက်လား" ကူယွဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"မုန်လာဥဖြူပေါ် ခုတလောတီကောင်တွေ ရှိနေတာလား" အရင်က ရှန်းရင်အပြင် ဘယ်လောက်ပဲ သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပါစေ တစ်ယောက်တလေအတွက်တောင် ပွင့်ပေးဖို့ ပျင်းလွန်းနေတာလေ။ ပြီးတော့ အခု သူက တကယ်ပဲ သူ့ဘက်ကစပြီး ပို့ပေးတယ်ပေါ့။

"ဟုတ်တယ် ဟုတ်တယ်" ယွီဟုန် အသည်းအသန် ခေါင်းညိတ်လိုက်တယ်။

"ကျွန်မလက်ထပ်ချိန် ပေးခဲ့တယ်ဆိုတော့ အကြီးအကဲကိုလည်း ပေးရမယ်ဆိုပြီးပြောတယ်"

"ဟမ်" ကူယွဲ့မှင်တက်သွားတယ်။

"မင်းဘာဆိုလိုတာလဲ" ဒါက ငမည်းလေးရယ်၊ ဟုန်အာရယ်နဲ့ဘာဆိုင်လို့တုံး။

"ဘယ်လိုပဲဖြစ်ဖြစ်..." ယွီဟုန် တစ်ခုခုကို နားလည်သွားသလိုမျိုး မျက်နှာရဲသွားတယ်။ သူ သူမလက်ထဲက ဒုဓလီပန်းတွေကို သူ့လက်ထဲ တန်းထိုးထည့်ပေးလိုက်တယ်။

"မြန်မြန် အကြီးအကဲစားဖိုမှူးကို ပေးလိုက်ပါ၊ သူ သူတို့ကို ကြိုက်မှာသေချာတယ်"

"စားဖိုမှူးလား" ဒီဒုဓလီပန်းတွေက စားဖိုမှူးအတွက်လား၊ ဒါမှမဟုတ် သူ့အတွက်လား။

"ကျွန်မ စစ်ယွီကို သွားရှာလိုက်ဦးမယ်" ယွီဟုန်က ရှင်းပြဖို့ ရည်ရွယ်ချက် လုံး၀မရှိတဲ့ပုံ။ သူမက အခန်းထဲက တစ်ယောက်သောလူကို နောက်တစ်ကြိမ်ကြည့်ကာ လှည့်ထွက်ပြီး ထွက်ပြေးသွားတယ်။

"ခဏ..."

သူ မေးဖို့အချိန်မရခင် ယွီဟုန်က ခြံပေါက်ဝထိ ပြေးသွားပြီးပြီ။ သူမက သူ့ကို 'လုပ်လေ' ဆိုတဲ့ အမူအရာတောင် လှည့်ပြတယ်။ ‌မကြာခင် သူမက မြင်ကွင်းထဲက ပြေးထွက်သွားတော့တယ်။

ကူယွဲ့ ။ ။ "..."

ဘာတုန်းဟ။

(@_@;)

ကူယွဲ့ သူ့လက်ထဲက ဒုဓလီပန်းတွေကိုကြည့်ကာ အခန်းထဲပြန်လာတယ်။ သူ ဒုဓလီပန်းတွေကို စားဖိုမှူးဆီ ကမ်းပေးလိုက်တယ်။

"ရော့"

"ဘာလို့ဒါပေးတာလဲ" ယိချင်းက နောက်ပြန်ဆုတ်သွားပြီး မနှစ်မျို့တဲ့ပုံစံနဲ့ ယူဖို့ဆန္ဒလုံးဝမပြ။

"မုန်လာဥကို တောင်းထားတာ မဟုတ်ဘူးလား" ကူယွဲ့ မှင်တက်သွားတယ်။

"ယွီဟုန်ပြောတာတော့ မုန်လာဥဖြူက ပို့ခိုင်းလိုက်တာတဲ့၊ ငါ့ကို မင်းဆီပေးဖို့ပြောတယ်"

"ကျွန်တော်က ဒါကို ဘာလို့လိုချင်ရမှာလဲ" ဟင်းချက်လို့ရတာလည်းမဟုတ်။

"ထူးဆန်းလိုက်တာ" သူ မျက်မှောင်ကြုတ်မိသွားတယ်။

"အဲခေါင်းကြောမာတဲ့ မုန်လာဥဖြူက ရုတ်တရက် စရိုက်ပြောင်းသွားတယ်လား၊ သူက အရင်က ရှန်းရင်အတွက်ကလွဲ ဘယ်သူ့အတွက်မှ မဖူးပွင့်ခဲ့တာ မဟုတ်လား"

စားဖိုမှူးက မျက်နှာပျက်သွားတယ်။ သူ ထမင်းခွံ့ကျွေးဖို့အတွက် လိမ်လိမ်မာမာ ပါးစပ်လေးဟနေတဲ့ ရှန်းရင်ကို ငုံ့ကြည့်လိုက်တယ်။

"ဖေဖေနျို အားလုံးက... တစ်ခုခု သတိထားမိလား"

ရှန်းရင် ဒီတစ်ခေါက်ကျုံ့သွားတာက အရင်တစ်ခေါက်နဲ့ မတူဘူး။ အဲတုန်းက သူမကိုယ် ပိုပုသွားတာကလွဲ ကြီးကြီးမားမား ပြောင်းလဲမှု မရှိခဲ့ဘူး။ ပြီးတော့ အစတည်းက သူမ တည်ရှိမှုခံစားချက်က နိမ့်လွန်းတာဆိုတော့ ဘယ်သူမှ ထူးဆန်းတယ် မထင်ခဲ့ကြတာ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရမ်းကို သိသာလွန်းနေတယ်။ မျက်လုံးမကန်းတဲ့လူတိုင်း ကွာခြားမှုကို မြင်နိုင်တယ်။ မှိုကိစ္စ ဖြေရှင်းပြီးသွားတော့ တစ်ခုခုဖြစ်မှာဆိုးလို့ သူတို့ ရှန်းရင်က တံခါးပိတ်ကျင့်ကြံနေတယ် ပြောခဲ့ကြတယ်။

"မဖြစ်သင့်ဘူး" ဂိုဏ်းထဲက ဒီဖန်ဂဲလ်တွေဖန်ဘွိုင်းတွေရဲ့စရိုက်နဲ့ဆို သူတို့ ရှန်းရင်တစ်ခုခုဖြစ်နေတာကို သတိထားမိခဲ့ရင် ဒီထက်ပိုပြီး ခပ်ပြင်းပြင်း တုံ့ပြန်မှာပဲ ကူယွဲ့ သူ့သိုလှောင်အိတ်ထဲ ဒုဓလီပန်းတွေကို ဒီတိုင်းထိုးထည့်လိုက်ပြီး ဖြည်းဖြည်းချင်းစားနေတဲ့ကလေးမကို လှည့်ကြည့်လိုက်တယ်။ သူ့အကြည့်က ချက်ချင်းနူးညံ့သွားကာ သူ့စိတ်ထဲ ရှိသမျှသံသယတွေကို ခေါင်းနောက်ပစ်ထည့်လိုက်တော့တယ်။ သူ သူမလက်လေးကို ထိဖို့ လက်လှမ်းပေမဲ့ စားဖိုမှူး ရိုက်ချတာခံလိုက်ရတယ်။

"ဆရာစားနေတယ်လေ" ခွေးစုတ်လေး၊ ဆရာ့ကို ထိဖို့မစဉ်းစားနဲ့။

ကူယွဲ့က သူ့ကို မကျေမနပ်စိုက်ကြည့်လိုက်တယ်။ သူ ထိုင်ခုံတစ်ခုလုံးယူပြီး ရင်လေးဘေးမှာ ထိုင်ကာ သူမစားသောက်တာကို ကြည့်တာနဲ့ကျေနပ်ရတော့မယ်။ သူမ နောက်ဆုံးကျန်တဲ့ စားစရာကိုစားပြီးချိန် သူမေးလိုက်တယ်။

"ချစ်သမီးလေး ဗိုက်ပြည့်ပြီလား"

ကလေးမရဲ့ ဝိုင်းစက်ကြီးမားတဲ့မျက်ဝန်းတွေက တစ်ဖက်လှည့်ကာ နောက်ဆုံးတော့ သူ့အပေါ် အကြည့်ရောက်လာတယ်။ သူမရဲ့ပါးက လျင်မြန်စွာလှုပ်ရှားသွားပြီး ပါးစပ်ထဲကစားစရာကို မျိုချကာ သူ့ကို ပျားရည်လိုချိုမြတဲ့အပြုံးတစ်ပွင့် ပြလာတယ်။ သူမက ခေါင်းညိတ်တယ်။

"ဟုတ်" အဲလိုပြောကာ သူမက ဗိုက်လေးကိုတောင်ပုတ်ပြသေး။

"ရင်အာက အရမ်းလိမ္မာတယ် အစားအသောက် ကြေးမများဘူးပဲ" ချစ်ဖို့ကောင်းလိုက်တာ၊ ပြီးတော့ အစပ် မစားရရင် မပျော်သလို နံနံပင်လည်းမစားတဲ့ တစ်ယောက်သော ကထိကထများသူနဲ့ လုံးဝမတူဘူး။

"ဒါဆို ကစားဖို့ ဖေဖေအပြင်ကို ခေါ်သွားပေးမယ် ဟုတ်ပြီလား"

အဲလိုပြောကာ သူ အလိုလို သူမကို လှမ်း‌ဆွဲဖို့လုပ်လိုက်တယ်။

ပြီးတော့ သူက နောက်တစ်ကြိမ် စားဖိုမှူးရိုက်ချတာ ခံလိုက်ရတော့တယ်။

"သူ အခု တစ်ရေးအိပ်သင့်ပြီ" တကယ်လို့ ဆရာ့ကို နောက်တစ်ကြိမ် ခိုးခေါ်သွားခွင့်ပြုမိရင် နာမည်ကြီး ယိချင်းလို့ မမှည့်တော့ဘူး။

ကူယွဲ့ကြည့်လိုက်တော့ ရင်လေးက တကယ်ပဲ အိပ်ချင်နေပုံရတာ မြင်လိုက်ရတယ်။ သူမမျက်လုံးတွေက တဖြည်းဖြည်းဝါးလာပြီး မဆိုစလောက်လေး ခေါင်းညိတ်တယ်။

"ဒါဆို ငါသူ့ကိုပြန်ခေါ်သွား..." သူက သူမကိုဖက်ဖို့ ရွှေ့လိုက်တယ်။

ဒါပေမဲ့ ယိချင်းက အရင်ထချီလိုက်တယ်။ ရင်လေးကမျက်လုံးတွေကိုပွတ်ပြီး သူ့ပခုံးပေါ် ခေါင်းမှီကာ ချက်ချင်းအိပ်မောကျသွားတော့တယ်

"ဟေးဟေး စားဖိုမှူး၊ ဒါတော့ များသွားပြီ" ကူယွဲ့က ချက်ချင်း မကျေမနပ်ဖြစ်သွားတယ်။

"မင်းက လက်မထပ်ရသေးဘူး၊ သမီးကငါ့အပိုင်ပဲ" သူက ရှေ့တက်ကာ နောက်တစ်ကြိမ် သူမကို လုယူဖို့လုပ်မို့ရှိသေး ရုတ်တရက် အိပ်မက်ယောင်သံကို ကြားလိုက်ရတယ်။ အဆုံးမရှိတဲ့ ကြေကွဲမှုတွေ ပါဝင်ပုံပေါ်ပြီး ငိုသံတောင်ဖြစ်နေတယ်။

နှစ်ယောက်သား တစ်ချိန်တည်း တောင့်တင်းသွားကာ နှလုံးသားက ချက်ချင်း နည်းနည်း အောင့်သွားခဲ့တယ်။

"မကြီး..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

...

အခန်း ၄၃၂ ။ နှလုံးသားထဲမှအထုံးအဖွဲ့

ရင်လေးက စငိုတည်းက တစ်ညလုံး ငိုတော့တယ်။ ပြီးတော့ သူမက သာမန်ကလေးတွေလို အကျယ်ကြီး ငိုတာမဟုတ်။ တိုးလွန်းလို့ ငိုသံကိုတောင် မကြားနိုင်တဲ့အထိပဲ။ မျက်ရည်စက် တချို့‌တလေပဲ ရံဖန်ရံခါကျလာပြီး အိပ်ရာပေါ်က ခေါင်းအုံးလေးကို စိုစေတယ်။ သူမဝမ်းနည်းမှုက လုံးဝသတိကင်းမဲ့နေပြီး အချိန်နဲ့အမျှ ဝမ်းနည်းကြေကွဲစွာ "မကြီး" လို့ ခေါ်နေကာ လူတစ်ယောက်ကို အသည်းကွဲစေတယ်။

"ဖြစ်နိုင်တာ ကျွန်တော်တို့ လမ်းကြောင်းဖွင့်ပြီး အစ်မကြီးရှန်းကို လာခွင့်ပေးရမယ်ထင်တယ်"

ယိချင်းက လေးနက်တဲ့အသံနဲ့ အကြံပြုလိုက်တယ်။ ဖြစ်နိုင်တာ ရင်လေးက ဒီရက်ပိုင်း အရမ်းကို လိမ္မာပြီး စကားနားထောင်တာကြောင့်ရယ် သူတို့ သူမအပေါ် အရင်က အထင်အမြင်တွေရယ်ကြောင့် ယိချင်းနဲ့ ကူယွဲ့ သူမက အခု ၃နှစ်အရွယ်ပဲရှိသေးပြီး မိသားစုအဖော်ပြုမှုကို အလိုအပ်ဆုံးအရွယ်ဆိုတာ မေ့သွားလုနီးပါး ဖြစ်ခဲ့တာ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ သူမအပေါ် ကောင်းကောင်း၊ ဘယ်လိုပဲ သေချာဂရုစိုက်စိုက် သူတို့က သူမနှလုံးသားထဲမှာရှိတဲ့ ရှန်းကျင်းအစိတ်အပိုင်းနဲ့ မယှဉ်နိုင်ဘူး။

ကူယွဲ့လည်း မျက်မှောင်ကြုတ်လိုက်တယ်။

"ဒါပေမဲ့ ရှန်းရင်က ရှန်းကျင်း ဒေါသနဲ့လိုက်လာမှာဆိုးလို့ မျက်နှာပြင်လမ်းကြောင်းကို ချိပ်ပိတ်ထားတယ်လို့ ပြောခဲ့တယ်လေ၊ မင်းလည်းသိပါတယ်၊ သူ့အစ်မဒေါသနဲ့ဆို ငါတို့နှစ်ယောက် သူ့ကိုဘယ်လိုလုပ်တားနိုင်ပါ့မလဲ၊ အဲအချိန်ကျ ငါတို့တင်မက မျက်နှာပြင်တစ်ခုလုံးပါ..."

"ဆရာ့ကို တစ်ချက်ကြည့်ခွင့်ပေးဖို့ ဆက်သွယ်မှု နည်းနည်းလေး‌ဆိုရင်တောင် ဖြစ်တယ်" ယိချင်း အခန်းထဲ ပြန်လှည့်ကြည့်ကာ မနေနိုင်ဘဲဆက်ပြောလိုက်တယ်။

"ဒီလိုမျိုး ဆရာက အရမ်း... သနားဖို့ကောင်းတယ်"

ခုလောလောဆယ် ရှန်းရင်အတွက်တော့ သူမက သူတို့ကို မိဘလိုဆက်ဆံနေပေမဲ့ သူတို့အတူတူ ရှိတဲ့အချိန်က အရမ်းကိုတိုလွန်းတယ်လေ။ အလွန်ဆုံးမှ သူစိမ်းတွေထက် နည်းနည်း ပိုကောင်းတဲ့လူအဖြစ် မြင်နိုင်မှာပေါ့။ အဲဒါကြောင့် ငိုတာတောင် သူမက အိပ်ပျော်ပြီးနောက်မှ တိတ်တိတ်လေး ခိုးငိုတာ။ အပြည့်အဝယုံကြည်မှု လုံးဝမရှိဘူး။

ကူယွဲ့မျက်လုံးတွေ မှိုင်းသွားတယ်။ သူ့သမီးက အဲလိုငိုနေတော့ သူ့နှလုံးသားလည်း နာကျင်တယ်။ နာကျင်လွန်းလို့ နှလုံးသားကွဲအက်သွားသလိုပဲ။ အဲလိုနဲ့...။

"ရှန်းရင် ၁၅နှစ်အရွယ် ပြန်ရောက်သွားတုန်းက ငါတို့ ရှန်းကျင်းနဲ့ ထပ်ဆက်သွယ်မှာစိုးလို့ မျက်နှာပြင်ပိတ်ဆို့မှုကို ခိုင်အောင်လုပ်ပြီးပြီဆိုတာ မင်းလည်းသိမှာပါ" သူက စိတ်ပူပန်စွာ ခေါင်းကိုကုတ်လိုက်တယ်။

"တကယ်လို့ငါတို့ တာ့ရှန်းကို ဆက်သွယ်ချင်ရင်တောင် မရဘူး" ရှန်းရင်ကိုယ်တိုင် ချိပ်ပိတ်ထားတဲ့စည်းက သူတို့အစွမ်းနဲ့ ဖြည်လို့မရဘူး။ ရှန်းရင် ဖယ်ရှားမှ ရမှာဆိုပေမဲ့ သူက ၃နှစ်သမီးပြန်ရောက်သွားတယ်။

"ဒါတွေကိုစဉ်းစားနေတာနဲ့ယှဉ်ရင် ငါတို့ ရင်အာနဲ့ သေချာ စကားပြောကြည့်တာပိုကောင်းမယ်" ကူယွဲ့က တစ်စုံတစ်ခုကို မှတ်မိသွားကာ အခန်းထဲ စိုးရိမ်တဲ့အကြည့် လှမ်းကြည့်လိုက်တယ်။

"ရင်လေးရဲ့အကြည့်က မိသားစုကိုလွမ်းရုံနဲ့တော့ မဟုတ်လောက်ဘူးထင်တယ်၊ ဖြစ်နိုင်တာက... တခြားအကြောင်းရင်းတွေလည်း ရှိမယ်ထင်တယ်" မဟုတ်ရင် သူမ နေ့အတွင်း လုံးဝ အဆင်မပြေတာမဟုတ်ဘဲ အိပ်ပျော်ချိန်ကျမှ သူ့အစ်မကို လွမ်းတာမဖြစ်လောက်ဘူး။ ဒါက သာမန်အိမ်လွမ်းနာကျတာ မဖြစ်ဖို့ များပြီး ကြာရှည်ဖုံးကွယ်ထားပေမဲ့ အိပ်ပျော်နေတုန်း အလိုလို ထုတ်ပြောမိတာနဲ့ ပိုတူတယ်။

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ ဟုတ်တာပေါ့၊ သူလည်း ဒါကို သဘောပေါက်တယ်။ လျှို့ဝှက်ချက်လေးတွေက ရင်လေးနှလုံးသားထဲ ဖုံးကွယ်ထားတယ်။ သူမက သုံးနှစ်သမီးသာ ဖြစ်သေးကာ ဘယ်လောက်ပဲ ဉာဏ်ပြေးပါစေ ရိပ်စားမိဖို့ လွယ်ကူတယ်။ ရက်ပေါင်းများစွာ သူမက ရှန်းကျင်းကို တမင်သက်သက်ရှောင်ခဲ့တဲ့ပုံစံအတိုင်း တစ်ကြိမ်လေးတောင် နှုတ်က ထုတ်မပြောခဲ့ဘူး။

"ဒါက ဆရာ့ရင်ထဲက အထုံးအဖွဲ့ဖြစ်နိုင်တယ်၊ တစ်ခုပဲ... ကျွန်တော်တို့မေးရင်တောင် သူစကားမပြောမှာစိုးရိမ်မိတယ်"

"အဲဒါ ငါတို့မေးတဲ့နည်းလမ်းပေါ်မူတည်တယ်" ကလေးတစ်ယောက်ကို ကျေနပ်အောင် လုပ်တဲ့အရာမျိုးတွေမှာဆို သူကအတွေ့အကြုံရှိတယ်။ ကူယွဲ့ စဉ်းစားကြည့်ကာ တန်းပြီး စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ သူ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာကာ တစ်ခဏအတွင်း သူ ပိုပြီးအများကြီး အရပ်ပုသွားကာ သူ့ရုပ်ရည်က လုံးဝပြောင်းလဲသွားတယ်။ သူက ရှန်းကျင်း ရုပ်ရည်အဖြစ် အသွင်ပြောင်းလေတယ်။

"သူက သူ့အစ်မကို လွမ်းတာမဟုတ်လား၊ ငါ ဒီလိုပုံစံမျိုးနဲ့ သူ့ကိုနည်းနည်းချော့လိုက်မယ်"

"... ဒါ လိမ်လည်လှည့်ဖျားတာမဟုတ်လား"

"ဖွီ၊ ရင်လေးဝမ်းမနည်းတော့အောင် ငါဒီလိုလုပ်နေတာလေ၊ ဒါကို ဘယ်လိုလုပ် လိမ်လည်လှည့်ဖျားတယ်လို့ ခေါ်မှာလဲ၊ အလွန်ဆုံးမှ... အဝတ်အစားလဲဝတ်တယ်လို့ခေါ်ပေါ့၊ မင်းနားမလည်ပါဘူး" ကူယွဲ့က ရှန်းကျင်းမျက်နှာဝတ်ထားရင်း သူ့ကို တန်းပြီး လှောင်ကာ ဆံပင်ရှည်ကြီးကို သပ်ရင်း ဉာဏ်ကောင်းကောင်းနေ ငါ့ကိုမဖော်နဲ့ဆိုတဲ့အကြည့် ကြည့်လာတယ်။

"..." ယိချင်း ဆရာ၃နှစ်သမီးအရွယ်ပြန်ရောက်သွားတည်းက တစ်စုံတစ်ယောက်သောသူရဲ့ အရူးထမှုက ပိုဆိုးသထက် ဆိုးလာတယ်လို့ခံစားရတယ်။

"ရင်အာ နိုးလာပြီ" အခန်းထဲက လှုပ်ရှားမှုအသံကို အာရုံခံမိတော့ ကူယွဲ့ စားဖိုမှူးကို ချက်ချင်းတွန်းလိုက်တယ်။ သူက ရှန်းကျင်းပုံစံအတိုင်း မတ်မတ်ရပ်ကာ အေးစက်စက်မျက်နှာထား ပြင်လိုက်တယ်။

တကာ်ပဲ သိပ်မကြာခင် ယိုင်တိယိုင်တိုင် ပုံသဏ္ဌာန်လေးက အခန်းထဲကထွက်လာတယ်။ သူမကြည့်ရတာ အပြည့်အဝနိုးပုံမပေါ်သေးသလို နှစ်ယောက်ဆီ မျက်လုံးတွေကို ပွတ်ရင်းလျှောက်လာတယ်။

"မေမေ..." သူမက ခြေလှမ်းစိတ်လေးတွေနဲ့ စားဖိုမှူးဘက်စောင်းသွားကာ ဖက်တဲ့အမူအရာနဲ့ လက်လေးတစ်ဖက်ကို ယမ်းပြတယ်။

ယိချင်းက သူမကို အမြန်ကောက်ချီတယ်။ နောက်တော့ သူမခေါင်းလေးစောင်းသွားကာ သူ့ပခုံးပေါ် လိမ်လိမ်မာမာတင်လိုက်တယ်။ သူမမျက်လုံးတွေ အနည်းငယ်မှေးသွားတယ်။ အဲတော့မှ သူမက ဘေးက "ရှန်းကျင်း" ကိုမြင်ပုံပဲ။ သူမက ချက်ချင်းမှင်တက်သွားကာ မျက်လုံးတွေ စက်ဝိုင်းတစ်ခုလို လက်ငင်းပြူးကျယ်သွားခဲ့တယ်။

ကူယွဲ့ အလိုလို သူမကို ပြုံးပြမိချင်သွားပေမဲ့ မျိုသိပ်ထားရတယ်။ သူ သူ့အသံကိုပြောင်းဖို့ မသေမျိုးချီကိုပါ တမင် အသက်သွင်းပြီး ရှန်းကျင်းလိုမျိုးအတိအကျ အေးစက်တဲ့လေသံနဲ့ ခေါ်လ်ုက်တယ်။

"ရင်အာ"

ရင်လေးက ချက်ချင်း အိပ်ငိုက်နေရာက နိုးသွားတဲ့ပုံ။ သူ့ကိုကြည့်ကာ ချက်ချင်း ကျောမတ်သွားတယ်။ အံ့ဩတကြီး မျက်လုံးဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေလေရဲ့။

အလုပ်ဖြစ်တယ် ကူယွဲ့ ရင်ထဲဝမ်းသာသွားပြီး ဆက်ပြောလိုက်တယ်ာ

"ရင်အာ အခု နင်..."

"ဖေဖေ" သူစကားမဆုံးခင် ရှန်းရင်က သူ့ဟန်ဆောင်ဖုံးကွယ်မှုကို တစ်စက္ကန့်အတွင်း ထိုးဖောက်မြင်ကာ အော်ခေါ်လေတယ်။

"..." အယ်။

Σ(°△°|||)

ကြယ်လေးတွေက ရင်လေးရဲ့မျက်လုံးထဲ တောက်ပသွားတယ်။ သူမက သူ့ကို သိချင်စိတ်တချို့နဲ့ ခေါင်းစခြေဆုံး ကြည့်တယ်။ ရုတ်တရက် တစ်ခုခုကို မှတ်မိသွားကာ နွေးထွေးတဲ့အပြုံးပြုံးပြပြီး ထောက်ခံလေတယ်။

"ဖေဖေက ဒီနေ့အရမ်းလှတယ် တခြားအမျိုးသမီးတွေအားလုံးထက် ပိုလှတယ်" အဲလိုပြောပြီး သူမက ‌အားပေးတဲ့အနေနဲ့ လက်ခုပ်တီးကာ သူ့အတွက် စိတ်ရင်းနဲ့ပျော်နေတဲ့ပုံ။

"..." သူ့သမီးက အရမ်းအားပေးတတ်တာကို ပျော်သင့်လား။ ဒါပေမဲ့ ဘာလို့ သူ ဓားထိုးခံရသလို ခံစားလိုက်ရတာပါလိမ့်။

"ဖွီ"

"မရယ်စမ်းနဲ့" သူက တစ်ဖက်လှည့်ကာ ရယ်ဖို့ မနည်းမျိုသိပ်နေရတဲ့ စားဖိုမှူးကို စိုက်ကြည့်လိုက်တယ် ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာက ဘာတုံး။ သူမက ၃နှစ်တည်း ရှိသေးတာ မဟုတ်လား။ အတုမှန်း တစ်ချက်တည်းနဲ့ ဘယ်လိုသိနိုင်တာလဲ။

"ဖေဖေနျို ခင်ဗျား..."

"ပါးစပ်ပေါက်ပိတ်" မင်းတုန်ရင်နေတဲ့အထိ အဲလောက်အသည်းအသန် ရယ်ဖို့လိုလား။ ဆက်ရယ်ရင် ယုံချင်ယုံ မယုံချင်နေ ငါမင်းကိုရိုက်ပစ်မယ် တကယ်ရိုက်မှာ

ယိချသ်း အသက်ပြင်းပြင်းရှူကာ စိမ်းဖန့်ဖန့်ဖြစ်နေပြီဖြစ်တဲ့ ကူယွဲ့မျက်နှာကနေ အကြည့် လွှဲလိုက်တယ်။ အဲတော့မှ သူ ရှန်းရင်ကို ဘေးကထိုင်ခုံဆီ တင်လိုက်တယ်။ ကိစ္စကို မှတ်မိသွားပြီး သူ အင်မတန်လိမ္မာတဲ့ကလေးမကို ငုံ့ကြည့်ကာ သူ့နီရဲဖောင်းကားနေတဲ့ မျက်ဝန်းတွေကို စိတ်မကောင်းစွာ ပွတ်ပေးလိုက်တယ်။ သူ လေးလေးနက်နက်မေးလိုက်တယ်။

"ဆရာ... ခုလေးတင် အိပ်မက်ဆိုးမက်ခဲ့တာလား၊ ဆိုးဆိုးရွားရွားတွေမျိုးလား"

ရင်လေးက ခေါင်းကိုစောင်းကာ သူ့ကိုနားမလည်ဟန်။ အတော်ကြာတော့ သူ့ရင်ဘတ်သူပုတ်ကာ ပြောတယ်။

"ရင်အာက အရမ်းသတ္တိရှိတယ်၊ မကြောက်ဘူး"

ယိချင်းက ပြုံးတယ်။

"ဒါဆို ရင်အာ... မကြီးကို လွမ်းလား"

သူမက မှင်တက်သွားကာ ရုတ်တရက် ကြောက်ရွံမှု့တချို့ သူမမျက်ဝန်းထဲ ပေါ်လာပြီး ခေါင်းငုံ့သွားတယ်။ ပြီးတော့ တစ်ခုခု အဖော်ခံလိုက်ရသလိုမျိုး သူမတစ်ကိုယ်လုံးတောင် တင်းမာသွားကာ အချိန်အတော်ကြာတဲ့ထိ ပြန်မဖြေ။

ယိချင်းစိတ်ထဲ အနည်းငယ်သွေးပျက်သွားတယ်။

"ရင်အာ သူ့ကိုလွမ်းရင် ပြန်သွားလို့..."

"ဟင့်အင်း" သူ စကားမဆုံးခင် သူမက အသည်းအသန်မော့ကြည့်ကာ ကိုယ်ထဲကရှိသမျှအားနဲ့ အကျယ်ကြီး အော်လေတယ်။

"နည်းနည်းလေးတောင်မှပဲ"

အဲလိုပြောပြီး သူမက ချက်ချင်း ရုတ်ခြည်း ရှေ့မှာရပ်နေတဲ့ စားဖိုမှူးကိုတွန်းထုတ်ကာ ထိုင်ခုံက ခုန်ချတယ်။ သူမက အတွင်းခန်းထဲအမြန်ပြေးဝင်သွားပြီး မကြာခင် သူမပုံရိပ်လေးက ပျောက်ကွယ်သွားတယ်။

ယိချင်း အံ့ဩသွားတယ်။ သူ ကူယွဲ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်ပြီး ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေပုံ။

ဆရာက... ဘာဖြစ်တာလဲ။

"သူ... ခုလေးတင် ပြန်သွားငိုတာလား"

"..."

နှစ်ယောက်သားအကြည့်ပြောင်းသွားကာ အဲတော့မှ စလိုက်သွားတယ်။ သူတို့တံခါးကိုတွန်းပေမဲ့ ဖွင့်မရတာနားလည်လိုက်ရတယ်။

"ပိတ်ထားတယ်"

ယိချင်း အလိုလို ဂါထာတစ်ခု ဖန်တီးဖို့လုပ်ပေမဲ့ ကူယွဲ့က ရုတ်တရက် သူ့လက်ကို ဆွဲဖမ်းလိုက်တယ်။

"ခဏ" သူ့အကြည့်တွေက လေးနက်သွားတယ်။

"ငါသွားမယ်၊ ရင်အာက တခြားကလေးတွေနဲ့မတူဘူး" ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့တူကို ထိန်းနေကျဆိုတော့ အတွေ့အကြုံတချို့ရှိတယ်။

တခဏ ဇဝေဇဝါဖြစ်သွားတဲ့နောက် ယိချင်း လက်ကိုပြန်ရုတ်လိုက်တယ်။

All Chapters