← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း ၄၃၆ ။ မိဘများကို ခေါ်ခြင်း

"ဆ... ဆရာ၊ သွားပါ... မြန်မြန်"

"ရင်... ရင်အာ..."

နှစ်ယောက်သား သူတို့အောက်က ကလေးမကိုလှမ်းပြောဖို့ နောက်ဆုံးလက်ကျန်အားကို ထုတ်သုံးလိုက်ကြတယ်။ မကြာခင် သူတို့ စကားပါမပြောနိုင်တော့ဘူး။ လတ်လတ်ဆတ်ဆတ် သွေးတွေက သူတို့ကိုယ်ထဲကနေ ဆက်တိုက်စီးဆင်းလာတယ်။

"မင်းက ဒုတိယပဲ" အဲလူက တဟားဟားရယ်ပြီး ရှန်းရင်ကို နောက်တစ်ကြိမ် မျက်နှာချင်းထပ်ဆိုင်တယ်။

နှစ်ယောက်သား အတော်လေး စိတ်ပူပန်လာပေမဲ့ ရုန်းကန်ဖို့တောင် စွမ်းအားမရှိတော့ဘူး။

"ဆရာ၊ မြန်မြန်..."

ရှန်းရင် သူတို့နှစ်ယောက်လုံးကို မော့ကြည့်ပြီးတော့ သွေးတွေဖုံးနေတဲ့သူမလက်တွေကို သူမ ကြည့်တယ်။ အသက်ရှူသံတွေက မြန်လာပြီး အသည်းအသန် တုန်ယင်လာတော့တယ်။ သူမကြည့်ရတာ အချိန်မရွေး ပြိုလဲတော့မလိုပဲ။ သူမြုပ်နှံထားတဲ့ခံစားချက်တွေက ပေါက်ကွဲဖို့ ခြိမ်းခြောက်နေတယ်။

သူမက ဘယ်လိုပဲဖြစ်ဖြစ် အသက်၃နှစ်ပဲရှိသေးတာ။ သူမက ဘာလုပ်ရမလဲဆိုတာ တစ်ခုပဲသိတယ်။

သူမ ရှိခဲ့သမျှအရာအားလုံးနဲ့ ဘာကိုမှ မမျိုသိပ်ထားဘဲ စတင်... ငိုစပြုလာတယ်

"ဝါးးးးး အားအား..."

ရှန်းရင်က စတင်ငိုကြွေးရင်း ကောင်းကင်နဲ့မြေကြီးက စတင်တုန်ခါစပြုလာတယ်။ သူမ ငိုကြွေးမှုတွေက ကောင်းကင်တစ်လျှောက် အက်ခိုးထပ်သွားပြီး ကောင်းကင်ဘုံ‌ကိုပါ ကျော်လွန်ကာ သုံးလောကထောင့်ပေါင်းစုံဆီ ရောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့အရှိန်တစ်ခုက ငိုကြွေးသံတွေ သွားတဲ့တစ်လျှောက်ထိ သူမကိုယ်ထဲက ပေါက်ထွက်လာတယ်။

ကောင်းကင်ဘုံတစ်ခုလုံး တုန်ခါနေတာ ရှန်းရင်ငိုတဲ့အရှိန်ကို တောင့်မခံနိုင်တော့သလိုပဲ။ ကူယွဲ့နဲ့ ယိချင်းကို ဝိုင်းထားတဲ့ အလင်းကြိုးတွေပါ သူမငိုသံကြောင့် ပျက်ထွက်ကုန်တယ်။ နှစ်ယောက်သား မြေကြီးပေါ် ကျလာပြီး အရာအားလုံးက ခုပိုပြီးတောင် အသည်းအသန် တုန်ခါနေပြီ။ ရှည်လျားထူထဲတဲ့ အက်ကွဲကြောင်းတွေ မြေကြီးပေါ် စတင်ပေါ်ပေါက်လာတာမို့ ပြိုကျသံကြီးတွေနဲ့ တိုက်မိသံကြီးတွေ အားလုံးကို သူတို့ပတ်လည်မှာ ကြားနေရတယ်။ သူတို့က နေရာအနှံ့ကို ပျံ့ထွက်ကုန်တယ်။ ကောင်းကင်တောင် ပြိုကျတော့မလိုပုံဖြစ်နေပြီ။

ရှန်းရ်ုက အငိုမရပ်။ အဲအစား ပိုပြီးကျယ်လောင်စွာ ငိုလာတယ်။

"ဝါးဝါးဝါး.... မကြီး... ကြီး... ဝါး...."

ကောင်းကင်ဘုံ... ပြိုလဲနေပြီ

(⊙_⊙)

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" စောနကတင် အင်မတန် မောက်မာနေတဲ့ အခြားမျက်နှာပြင်က စီမံထိန်းသိမ်းသူက သွေးပျက်စပြုလာတယ်။ ရှန်းရင်ငိုသံတွေက သူ့ကို မီတာအနည်းငယ် ပြန်ဆုတ်သွားစေခဲ့တယ်။

"ဒီမျက်နှာပြင်ကို ငါထိန်းချုပ်ပြီးပြီကို... မင်းဘယ်လိုလုပ် အဲလောက်တောင် အားကြီးသေးတာလဲ"

သူက ငိုနေတဲ့ကလေးမကို မယုံကြည်နိုင်စွာကြည့်နေကာ အကြည့်တွေက ပိုကောက်ကျစ်လာတယ်။ ဒီလို ဆက်သွားလို့ မဖြစ်ဘူး။ သူ လက်ကောက်ဝတ်ကိုလှည့်ကာ ရှန်းရင်ကို တိုက်ခိုက်ဖို့ကြိုးစားပြီး သူမကို သတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

သူက အင်မတန်မြန်ဆန်စွာ လှုပ်ရှားလိုက်တယ်။ ယိချင်းနဲ့ကူယွဲ့ သူ့ကို တားလို့ရအောင် နောက်ဆုံးထွက်သက်တွေကို အသုံးပြုဖို့ ကြိုးစားပေမဲ့ အဲလူက တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ရှန်းရင်နောက်မှာ နောက်တစ်ကြိမ် ပြန်ပေါ်လာတယ်။

"ဆရာ"

"ရှန်းရင်"

နှစ်ယောက်သား အော်လိုက်ကြတယ်။ အဲလူလက်ပေါ်က အလင်းရောင်က ရှန်းရင်ဆီ ပစ်လွှတ်ပြီးပြီ။ သူမနဖူးကို တန်းတန်းထိမှန်တော့မလို့ရှိသေး အဲလူက ရုတ်တရက် သူမနဲ့ ဆယ်စင်တီမီတာအကွာမှာ ရပ်သွားတယ်။

ရှည်လျား ပိန်သွယ်တဲ့လက်မောင်းတစ်ဖက်က အဲလူရဲ့ ကွေးထားတဲ့လက်သီးဆုပ်ပေါ်မှာ ပေါ်လာခဲ့တယ်။ အဲခပ်သွယ်သွယ်လက်က သူ့လက်ကောက်ဝတ်ကို ကိုင်ထားတယ်။ အင်မတန် ကြက်သီးထစရာ ပုံသဏ္ဌာန်တစ်ခုက သူ့ဘေးပေါ်လာပြီး သူမက သူ့ကို အေးစက်စွာ စူးစိုက်ကြည့်နေတယ်။

အဲဒါ... ရှန်းကျင်းပဲ။

ရှန်းကျင်းက အဲလူလက်ကို ဆွဲဖမ်းကာ ရင်လေးခေါင်းကနေ ဖယ်ထုတ်လိုက်တယ်။ သူမက ဒါကို အသာလေး လုပ်လိုက်တယ်ထင်ရပေမဲ့ အဲလူက သူမနဲ့ ရင်ဆိုင်ရင် အားမရှိ။ သူ့လက်က ထူးဆန်းတဲ့အနေအထားဆီ လိမ်ခံလိုက်ရတယ်။ သူရင်ထိတ်သွားတယ်။ ဒါဘယ်သူလဲ။

"နင် မကြားဘူးလား..." ရှန်းကျင်းက ဖြည်းဖြည်းချင်း စကားပြောရင်း အကြည့်က ပိုတောင် အေးခဲလာတယ်။

"သူက မိဘတွေကိုခေါ်နေတယ်ဆိုတာ"

သူမစကားဆုံးဆုံးချင်း လက်သီးဆုပ်ကာ အဲလူရင်ဝတည့်တည့်ကို ထိုးလိုက်တယ်။ မော်ကြွားနေတဲ့ စီမံထိန်းသိမ်းသူက စွန်လိုပဲ လေထဲလွင့်ပျံသွားတယ်။ အရှိန်ရဲ့အသံက ကောင်းကင်ဘုံတစ်ခုလုံးဆီ အက်ခိုးထပ်သွားခဲ့တယ်။

"မကြီး... မကြီး... ဝါးးးး... ဝါး..." သူမ မိသားစုဝင်ကို မြင်တော့ ရင်လေးရဲ့ငိုသံက ပိုပြင်းထန်လာတယ်။ သူမက ရှန်းရင် ခြေထောက်ကို တင်းတင်းဆုပ်ကိုင်ကာ အပေါ်ကိုတက်ပြီး ဒီပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ သူမရဲ့မိဘလိုမျိုး ပုဂ္ဂိုလ်ဆီက ဖြေသိမ့်မှုနဲ့ နှစ်သိမ့်မှုကို ရှာဖွေနေတယ်။

"ရင်လေး၊ ဘာလို့..." ရှန်းကျင်း ခေါင်းကိုငုံ့ကာ သူမရှေ့က ကလေးမကို လေ့လာလိုက်တယ်။ သူမ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ပေမဲ့ အေးခဲပြီး မာကြောတဲ့မျက်နှာက ချက်ချင်းအရည်ပျော်သွားတယ်။

"ခုဘာလို့ အရမ်းချစ်ဖို့ကောင်းရတာတုံး၊ ချစ်ဖို့ကောင်းလိုက်တာ..." သူမက ရှန်းရင်ကို မချီကာ သူမရဲ့အဖိုးတန်ဆုံး ပိုင်ဆိုင်မှုလိုမျိုး ပူးကပ်လိုက်တယ်။

"မငိုပါနဲ့ မငိုပါနဲ့ မကြီးကို ဘာဖြစ်လဲပြော၊ ဘယ်သူအနိုင်ကျင့်လို့လဲ၊ သူ့ကိုသတ်ပစ်မယ်"

"လူဆိုးကြီး... အဲလူဆိုးက ရင်အာ့ကို အနိုင်ကျင့်ပြီး... ဖေဖေ့ကိုရောပဲ... မကြီး..." ရင်လေးက ငိုရှိုက်ရင်း ပြောတယ်။ သူမက အဲလူ ပျံထွက်သွားတဲ့ဘက် လက်ညှိုးထိုးပြလိုက်တယ်။ သူမ ပြောချင်တဲ့အရာကို ပြီးအောင်ပြောဖို့ အချိန်အတော်ကြာသွားခဲ့တယ်။

ရှန်းကျင်းအမူအရာက မည်းနက်သွားကာ လှည့်ကြည့်တယ်။

အဲချိန် စီမံထိန်းသိမ်းသူက ထရပ်နေကာ ရှန်းကျင်းကို ကြောက်ရွံ့စွာ ကြည့်နေတယ်။

"မင်း... မင်းလည်း စီမံထိန်းသိမ်းသူပဲ"

ရှန်းကျင်းက သူ့ကိုမဖြေ။ အဲအစား ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်က သူမကိုယ်ထဲကနေ လျှံထွက်နေတာ သူမဘေးရပ်နေတဲ့ ကူယွဲ့နဲ့ ယိချင်းတောင် တုန်ယင်စပြုလာတယ်။ ဘာလို့ သူဌေးကျင်းက အဲတခြားစီမံထိန်းသိမ်းသူထက်တောင် ကြောက်စရာပိုကောင်းတာပါလိမ့်။

"ဟားဟားဟား..." စီမံထိန်းသိမ်းသူက ရူးနှမ်းစွာရယ်တယ်။ သူ့မျက်လုံးတွေက ရဲရဲ‌နီနေတယ်။ သူက ထီပေါက်သွားသလိုမျိုး အပျော်လွန်နေပုံ။ သူက ရှန်းကျင်းကို သက်တံအဆုံးမှာ ရှိနေတဲ့ ရွှေအိုးကို ကြည့်နေသလိုကြည့်တယ်။

"အဲဒါကောင်းတယ် ဟားဟားဟား... ငါက ဒီမျက်နှာပြင်လေးပဲ လိုချင်ခဲ့တာ၊ တခြားစီမံထိန်းသိမ်းသူကိုပါ ဒီကိုဆွဲဆောင်မိမယ် မထင်ခဲ့ဘူး၊ ပြီးတော့... သူက ပိုပြီးတောင် အဆင့်မြင့်တဲ့ မျက်နှာပြင်ကတဲ့၊ ငါ မင်းတို့ကိုသတ်သရွေ့ မျက်နှာပြင်၂ခုလုံးက ငါ့အပိုင်ဖြစ်လိမ့်မယ် ဟားဟားဟား..."

သူ့မျက်လုံးထဲ တချို့သော ရူးနှမ်းမှုတွေရှိနေတယ်။ ရှန်းရင် မျက်လုံးတွေမှေးကာ တီးတိုး ရေရွတ်လိုက်တယ်။

"အိုး"

အဲလူက သူမထေ့ရယ်သံကို အာရုံခံမိပေမဲ့ သူက ရယ်မောလေတယ်။ သူ့ယုံကြည်ချက်ရှိမှုက နောက်တစ်ကြိမ် ကြီးထွားလာပြန်ပြီ။

"ဟီးဟီးဟီး၊ ဒါက သာမန်ကျူးကျော်မှုလို့များ ထင်နေလား၊ ငါအမှန်တရားပြောပါရစေ - ငါက မျက်နှာပြင်ဆယ်ခုကျော် သိမ်းပိုက်ပြီးပြီ၊ ငါ စီမံထိန်းသိမ်းသူဆယ်ယောက်ကျော်ရဲ့ စွမ်းအားတွေကို စုပ်ယူပြီးသား၊ မင်းသိတာထက် စီမံထိန်းသိမ်းသူတွေကို မြင်ဖူးတယ်၊ တခြားသူတွေက မင်းကို ထိခိုက်အောင် မလုပ်နိုင်ပေမဲ့ ငါကတော့လုပ်နိုင်တယ်"

"အင်း..." ရှန်းကျင်းအမူအရာက အနည်းငယ် မည်းနက်သွားပေမဲ့ တခြားပြောင်းလဲတာမရှိ။ သူမက သူပြောစရာရှိတာကို လုံးဝစိတ်မဝင်စားတဲ့ပုံ။ သူမက ဟိုဟိုဒီဒီကြည့်ကာ ငိုနေဆဲရင်လေးကို ဖျာပေါ်ချပြီး ခေါင်းပုတ်ပေးလိုက်တယ်။

"လိမ္မာနော် ရင်အာ၊ မကြီးကို ဒီမှာစောင့်နေ"

"အင်း" ရင်လေးက တဆတ်ဆတခခေါင်းညိတ်တယ်။

အဲလိုနဲ့ သူမက တစ်ဖက်လှည့်ကာ စီမံထိန်းသိမ်းသူကို မျက်နှာချင်းဆိုင်တယ်။ သူမက သူ့ဆီ လျှောက်လာရင်း ရှည်လျားတဲ့ဆံနွယ်တွေကို အမြင့်စည်းလိုက်တယ်။

စီမံထိန်းသိမ်းသူက စက္ကန့်နဲ့အမျှ ပိုတောင်စိတ်လှုပ်ရှားလာပြီး ရှန်းကျင်းနဲ့ အကြည့်ချင်းဆုံနေတယ်။

"ဟီးဟီးဟီး၊ မကြာခင် မင်းကငါ့-"

သူ စကားမဆုံးခင် ကြီးမားတဲ့ ထိုးနှက်မှုက သူ့ခေါင်းကို ထိမှန်ကာ တစ်ကိုယ်လုံးဆီ ပျံ့သွားတယ်။ သူ့မျက်နှာ ဆိုးဆိုးဝါးဝါးနာသွားပြီး ယိမ်းယိုင်သွားတယ်။ နောက်တော့ သူမြေကြီးပေါ် လဲကျသွားလေရဲ့။ သူ့ကိုယ်ထဲရှိတဲ့ စီမံထိန်းသိမ်းသူစွမ်းအားတွေက ဆူပွက်လာကာ သူ့အားနည်းတဲ့ကိုယ်ထဲကမေ ဖောက်ထွက်ဖို့ ခြိမ်းခြောက်နေတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ မင်း..." သူ့နှလုံးသား ထိတ်သွားတယ်။ နောက်အခိုက်အတန့်မှာ တစ်ခုခုက သူ့လည်ပင်းနား တင်းကြပ်လာတယ်။ သူ လည်ပင်းကနေ မခံလိုက်ရတယ်။ ရှန်းကျင်းရဲ့ အေးစက်တဲ့အမူအရာက သူ့မျက်စိရှေ့ပေါ်လာတယ်။

...

အခန်း ၄၃၇ ။ ။ ကျူးကျော်သူကို ဖြေရှင်းခြင်း

"ပြောဖို့မေ့နေတာ..." သူတို့က ရှန်းကျင်း တစ်လုံးချင်းပြောတာကို ကြားလိုက်ရတယ်။

"ငါလည်း နင့်လိုမျိုး ကျူးကျော်သူစီမံထိန်းသိမ်းသူတွေ အများကြီးကို တွေ့ဖူးတယ်ဆို‌တာပေါ့"

"..." ဘာ

သူ ဒီစကားက ဘာဆိုလိုလဲတောင် တွေးချိန်မရလိုက်ဘူး။ နောက်အခိုက်အတန့်မှာ ပြင်းထန်တဲ့ နာကျင်မှုက နောက်တစ်ကြိမ် ရောက်လာပြန်တယ်။ ရှန်းကျင်းက လူကိုဖမ်းဆုပ်ပြီး မြေကြီးဆီ ဘယ်ညာရိုက်ချတော့တယ်။ လှုပ်ရှားမှုက အရမ်းမြန်လွန်းလို့ အရိပ်တွေတောင် ဝေဝါးလာတယ်။ တကယ့်လှုပ်ရှားမှုကို လုံးဝရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ပြီးတော့ အဲစီမံထိန်းသိမ်းသူရဲ့ စွမ်းအားတွေကိုလည်း ရှန်ကျင်းက ဖိနှိပ်ထားပုံပဲ။ တောင့်ခံဖို့ အားနည်းနည်းလေးတောင် မရှိလေဘူး။ အချိန်တစ်ခုအတွင်း လူကိုယ်တစ်ခု မြေကြီးနဲ့ရိုက်သံကိုပဲ ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်သံ ထပ်နေခဲ့တယ်။ နာကျင်လို့အော်သံတွေတောင် ပျောက်သွားလေရဲ့။

သူ မအော်ချင်တာ မဟုတ်ဘဲ အော်ဖို့ကို လုံးဝအခွင့်အရေးမရှိတာ။

ဘေးကကြည့်နေသူ ယိချင်း ။ ။ "..."

ဘေးကကြည့်နေသူ ကူယွဲ့ ။ ။ "..."

သူတို့ ရုတ်တရက် ရှန်းရင် ဒီလိုတူထုတဲ့တိုက်ခိုက်မှုမျိုး ဘယ်ကသင်လာလဲ နားလည်သွားပြီ။ တချို့တလေသာ ဒီလိုနည်းလမ်းမျိုးကို သင်ယူနိုင်လောက်မှာ။ လိပ်လို သင်ယူတာနှေးကွေးတဲ့နှစ်ယောင် တုန်ယင်သွားခဲ့တယ်

ဘုံတစ်ခုလုံးက ရှန်းကျင်းရဲ့ ရိုက်နှက်နေတဲ့ ရူးနှမ်းမှုနဲ့အတူ ပိုပြီးတောင်မြန်မြန် ပြိုကွဲလာတယ်။ မူလညကောင်းကင်ယံက ကျိုးပဲ့နေတဲ့ ပြတင်းမှန်ချပ်တွေလို အက်ကွဲလာပြီး သူတို့ပါ စတင်ပြိုကျလာတယ်။

ယိချင်းနဲ့ ကူယွဲ့က အကြည့်ချင်းဖလှယ်လိုက်တယ်။ သူတို့ ခေါင်းဆောင်ရှန်းဆီသွားပြီး ဒီနေရာက ပြိုကွဲတော့မယ်လို့ သတိသွားပေးသင့်လား။

ဒါပေမဲ့... ဘယ်သူသွားမလဲ။

နှစ်ယောက်သား နောက်တစ်ကြိမ် တိတ်တဆိတ်အကြည့်လွှဲသွားခဲ့တယ်။

ငါးမိနစ်အကြာ...။

တစ်ယောက်သောခေါင်းဆောင်က နောက်ဆုံးတော့ ရိုက်နှက်ပစ်ပေါက်တာ ရပ်သွားပြီး ကန်ကျောက်တဲ့ဘက် ပြောင်းသွားပြီ။ ပြီးတော့ သူမက ပြောမရတဲ့ တစ်ခုသော ဖော်ပြမရတဲ့ ကိုယ်အစိတ်အပိုင်းဆီ ကန်ကာ တစ်ချိန်တည်းမှာပဲ ဒေါသတကြီး အော်ပြောနေတယ်။

"ကလေးတစ်ယောက်ကို အနိုင်ကျင့်တာကို ဂုဏ်ယူနေတယ်ပေါ့ ဟမ်၊ နောက်တစ်ယောက်ကို ထပ်အနိုင်ကျင့်ရဲလား"

"နင် ငါ့ရင်အာကို ငိုအောင်လုပ်ရဲတယ်ပေါ့လေ၊ ငါတောင် သူ့ကိုတစ်ခါမှ ငိုအောင် မလုပ်ခဲ့တာ၊ နင်က ဘယ်လိုလုပ် လုပ်ရဲတာလဲ"

"ငါ့ရင်အာကို ထိရဲတဲ့သူဘယ်သူမဆို သွေးရဲရဲနီမှုကို သိသွားစေရမယ်"

"သူတောင်းစား အမှိုက် အရုပ်ဆိုးတဲ့ကောင်..."

ကြည့်နေသူနှစ်ယောက် နောက်တစ်ကြိမ် ကြက်သီးထသွားတယ်။ သူတို့ခြေထောက်တွေကို အလိုလို စုမိလိုက်ပြီး ရုတ်တရက် တစ်ခုသောကိုယ်အစိတ်အပိုင်းမှာ နာကျင်မှုကိုခံစားလိုက်ရတယ်...။

ရှန်းကျင်းက နှစ်မိနစ်လောက် ဆက်ကန်နေတာ အဲကျူးကျော်လာတဲ့စီမံထိန်းသိမ်းသူကိုယ်ထဲက အလင်းလုံး ပြေးထွက်လာချိန်မှ သူမရပ်တန့်သွားခဲ့တယ်။ သူမ လက်ထုတ်ကာ အပြာရောင်သေတ္တာအကြည်တစ်ခု ထုတ်ပြီး အပြာရောင်အလင်းကို အထဲမှာတန်းချိပ်ပိတ်လိုက်တယ်။ မြေကြီးပေါ်ကလူကတော့ အလင်းစက်တွေအဖြစ် ပြောင်းလဲသွားပြီး ထာဝရ ပျောက်ကွယ်သွားတော့တယ်။

ရှန်းကျင်းက လက်ထဲကသေတ္တာကိုကြည့်ကာ အကြည့်က မည်းနက်သွားခဲ့တယ်။

"ဒီလိုထူထဲတဲ့စီမံထိန်းသိမ်းသူအစွမ်းတွေ၊ သူက တကယ်ပဲ မျက်နှာပြင်တွေအများကြီးကို ဖျက်ဆီးခဲ့တာပဲ" သူမက မျက်မှောင်ကြုတ်ကာ သေတ္တာကိုသိမ်းလိုက်တယ်။ အဲတော့မှ သူမနောက်က အားတချို့ ပြန်ရလာပြီဖြစ်တဲ့ သွေးသံရဲရဲလူနှစ်ယောက်ဘက် လှည့်လာတယ်။ ချက်ချင်း သူမ အမူအရာက အေးစက်သွားပြန်တယ်။

"နောက်ပြီး... နင်တို့အလှည့်" သူမ နှစ်ယောက်ဆီ တန်းလျှောက်လာခဲ့တယ်။ ချက်ချင်း စီမံထိန်းသိမ်းသူမှာ ရှိတဲ့ ဖိနှိပ်မှုက သူတို့နှစ်ယောက်ဆီ ပြေးဝင်လာတယ်။ အဲဒါက စောနက စီမံထိန်းသိမ်းသူနဲ့ လုံးဝကိုကွဲပြားတဲ့ ဆိုးရွားတဲ့စွမ်းရည်ပဲ။ သူတို့မြေကြီးဆီ တန်းဖိချခံလိုက်ရကာ စောနက သူတို့ကိုယ်ထဲ ပြန်ရရှိလာတဲ့ အားနည်းနည်းလေးပဲဖြစ်ဖြစ် ချက်ချင်း ပျောက်ထွက်သွားတယ်။ ဒီလိုဆိုးဆိုးရွားရွား သန်မာတဲ့ခွန်အားမျိုးက လူတစ်ယောက်ကို ခုခံဖို့အတွေးတောင် မရှိနိုင်အောင်လုပ်တာမျိုးပဲ။

"နင်တို့ကိုပြောခဲ့တယ်နော်..." သူမက အနားတိုးသထက်တိုးလာကာ သတ်ဖြတ်လိုတဲ့အရှိန်အဝါတွေက သူမတစ်ကိုယ်လုံးကနေ လျှံထွက်နေတယ်။

"တကယ်လို့ ရင်လေး တစ်ခုခုဖြစ်ရင် ငါ နင်တို့ကိုဘယ်တော့မှအလွတ်မပေးဘူးလို့"

သူမအသံက တိတ်သွားကာ သူတို့ဝိညာဉ်တွေပါ ဖိနှိပ်ခံလိုက်ရတဲ့ ခံစားချက်တစ်ခုက သူတို့တစ်ကိုယ်လုံးပေါ် ပျံ့လာတယ်။ သူတို့ နောက်အခိုက်အတန့်မှာ ပျောက်သွားတော့မလိုပဲ။

"ဟင့်အင်း" တောက်ပတဲ့ကလေးအသံတစ်သံ ထွက်လာတယ်။ ရင်လေးက ရုတ်တရက် ပြေးထွက်လာကာ သူမလက်လေးတွေကို ဖြန့်ပြီး ရှန်းကျင်းရှေ့ ရပ်လိုက်တယ်။ နှစ်ယောက်ပေါ်က ဖိအားက ချက်ချင်း မသွားခဲ့တယ်။

"မမ၊ ဖေဖေနဲ့မေမေ့ကို ထိခိုက်အောင်မလုပ်ပါနဲ့"

"ဖေဖေနဲ့ မေမေလား" ရှန်းကျင်း ထိတ်လန့်သွားတယ်။ သူမအကြည့်က နှစ်ယောက်ဆီ ဓားတွေလို ရောက်လာတယ်။ ဒီနှစ်ယောက်က သူမကို အခွင့်ကောင်းယူရဲတယ်ပေါ့လေ။

နင်တို့ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ

သူမ စကားမှားသွားတာကို သိသလိုမျိုး ရင်လေးက အမြန် ပြန်ပြောတယ်။

"မဟုတ်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ သူတို့က ဖေဖေနဲ့မေမေလိုပဲ လူကောင်းတွေလို့ ခံစားရတယ်၊ မမ သူတို့ကို မရိုက်ပါနဲ့နော်"

"ရင်အာ" ရှန်းရင်အသံက လေးနက်သွားတယ်။

"ဘေးဖယ် နင့်ကို လက်မခံဖို့ အရင်တည်းက ပြောခဲ့တာ... ထားပါတော့ ခု နားလည်ဦးမှာ မဟုတ်ဘူး၊ ငါ သူတို့ကို ဖြေရှင်းပြီးရင် နင့်ကိုအိမ်ခေါ်သွားမယ်"

"ရင်အာ... မပြန်ဘူး" သူမက ကိုယ့်ကိုယ်ကိုယ်သတ္တိပေးသလိုမျိုး အသက်ပြင်းပြင်းရှူတယ်။

"ဘာပြောလိုက်တာ"

သူမ ခေါင်းလေးက ချက်ချင်း ငုံ့သွားပြီး မျက်ဝန်းတွေကစိုစွတ်လာတယ်။

"ရင်အာရဲ့ အမှားပါ၊ မမကိုလည်း ထိခိုက်စေခဲ့တယ်၊ ရင်အာ... ပြန်မသွားဘူး၊ တကယ်လို့ ပြန်မသွားရင် မမလည်း ထပ်ပြီးထိခိုက်တော့မှာ မဟုတ်ဘူး"

ရှန်းကျင်း မှင်တက်သွားတယ်။ သူမရှေ့ကလူကို ခပ်မာမာကြည့်နေပြီး ချဉ်စူးမှု၊ ခါးသက်မှုနဲ့ ချိုမြမှုတို့ ရောနေတဲ့ ခံစားမှုတစ်မျိုး သူမနှလုံးသားထဲ ဖြတ်သွားခဲ့တယ်။ သူမကို အတော်ကြာ အူကြောင်ကြောင် စိုက်ကြည့်နေပြီးနောက် လုံးဝမဆိုင်တဲ့မေးခွန်းတစ်ခု မေးလိုက်တယ်။

"နင်အခုအသက်ဘယ်လောက်လဲ"

ရှန်းရင်က ခေါင်းလေးစောင်းသွားပေမဲ့ အလိုလိုတော့‌ ပြန်ဖြေမိလိုက်တယ်။

"သုံးနှစ်"

"မဆန်းတော့ဘူး..." ရှန်းကျင်းက တစ်ခုခုကို သတိရသွားသလို သက်ပြင်းချတယ်။ ရှန်းကျင်း ဆောင့်ကြောင့်ထိုင်ချကာ သမူရှေ့ကလူကို ဖက်ပြီး တစ်ဝက်ရယ်မော တစ်ဝက်ဆူရင်းပြောလိုက်တယ်။

"ဘာလို့ အမြဲ ဒီအရွယ်လေးနဲ့ သိတတ်ရတာလဲ ငတုံးလေး ခုဆို... ဘယ်သူမှ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူးလေ"

"... မမ" ရှန်းရင်က မှင်တက်နေတယ်။ သူမနောက်ကလူတွေကို မှတ်မိသွားတော့ မနေနိုင်ဘဲ ဆက်ပြောလိုက်တယ်။

"ဒါဆို မမ သူတို့ကို ဒေါသမထွက်လို့ရမလား"

ရှန်းကျင်းရဲ့ မျက်နှာက အေးစက်သွားတယ်။ သူမရှေ့က ယိချင်းနဲ့ကူယွဲ့ကိုကြည့်ကာ တုံ့ဆိုင်းမှုတချို့ မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ သူမက အကျင့်အရဆို ရင်အာ့ကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်အန္တရာယ်ကို မဆို ဖယ်ရှားမှာ။ အထူးသဖြင့် ဒီလိုအခြေအနေရောက်နေရင် သူမကို ပြန်ခေါ်သွားတာ အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါပေမဲ့...။

"သူတို့က ခုလေးတင် ရင်အာ့ကို ကာကွယ်ပေးခဲ့တာ" ရင်လေးက နောက်တစ်ကြိမ် စိတ်ပူပန်စွာ ထပ်ပြောတယ်။

"ရင်အာလည်း သူတို့ကို ကာကွယ်ရမှာပေါ့၊ တကယ်လို့ မမ သူတို့ကို ထိခိုက်အောက်လုပ်ရင်၊ ရင်အာ... ရင်အာ..." သူမက လေးနက်မှုအပြည့်နဲ့ ပြောလိုက်လေတယ်။

"ဘယ်တော့မှ မမကို စကားထပ်မပြောတော့ဘူး"

ဂျွတ် တစ်ခုခု ကျိုးပဲ့သွားသံပဲ။

နှလုံးသားထဲက ဓားတစ်ချောင်းလိုမျိုး...။

ရှန်းကျင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ငါ-ိုး ငါ့မတားကြနဲ့၊ ငါ့ညီမကို ပြန်ပေးဆွဲတဲ့ ဒီအရိုင်းအစိုင်းနှစ်ကောင်ကို သတ်ပစ်မယ်။

(╯°Д°)╯(┻━┻

——————

ဒီလိုနဲ့ပဲ ရှန်းကျင်း အရမ်းသတ်ချင်နေပေမဲ့ အဲဒီအရိုင်းအစိုင်းနှစ်ယောက်ကို မသတ်ဖြစ်တော့ဘူး။ သူမညီမကိုယ်တိုင် သူတို့အတွက် အသနားခံနေမှတော့ သူမ ဘာလုပ်နိုင်မှာတဲ့လဲ။ သူမစိတ်ကြိုက် လုပ်ပါစေတော့။ အထူးသဖြင့် သုံးနှစ်ပြည့်ကာစ ပုန်ကန်တတ်တဲ့အရွယ်မရောက်သေးတဲ့ ရင်အာဖြစ်နေတာကိုး။ သူမ တကယ်ပဲ မငြင်းဆန်နိုင်ဘူး။

ပင်ပန်းမှုကြောင့် ရင်ခွင်ထဲအိပ်မောကျနေပြီဖြစ်တဲ့ ရင်လေးကိုကြည့်ရင်း သူမသက်ပြင်းချကာ အလင်းစခရင်တစ်ခု ထုတ်ပြီး နှိပ်လိုက်တယ်။ ချက်ချင်း နဂိုက အပေါက်အပြည့်နဲ့ အချိန်မရွေး ပြိုလဲတော့မလိုဖြစ်နေတဲ့ ကောင်းကင်ဘုံက သူ့ဘာသာ မြန်ဆန်စွာ ပြုပြင်လာတယ်။ နောက်ပြန်ရစ်နေတဲ့ ဗီဒီယိုခွေတစ်ခုလို ပြိုလဲသွားတဲ့ ကောင်းကင်နဲ့မြေကြီးက စတင်ပြန်ပြည့်လာပြီး ကောင်းကင်ပေါ်က အက်ကွဲကြောင်းတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာတယ်။ ၁မိနစ် မပြည့်ခင်မှာတင် နေရာက မူလအနေအထားဆီ ပြန်ရောက်သွားခဲ့တယ်။

ရှန်းကျင်းက နောက်တစ်ကြိမ် ထပ်နှိပ်လိုက်တယ်။ နဂိုက လုံးဝမှောင်မည်းနေတဲ့ ကောင်းကင်ဘုံက စိမ်းစိုတဲ့ မြက်ခင်းပြင်အဖြစ် ပြောင်းသွားတယ်။ မြက်ခင်းပြင်အလယ်မှာတော့ မျက်နှာပြင်သစ်ပင်ကြီးတစ်ခု။ တစ်ခုပဲ သစ်ကိုင်းခြောက်တွေ အနည်းငယ် အဝါရောင်သန်းနေတာက နေမကောင်းသလိုပဲ။

ညစ်တေမှုကို ရွံရှာလို့ ရှန်းကျင်း အသာလေးကုပေးတာခံခဲ့ရတဲ့ ယိချင်းနဲ့ကူယွဲ့က မျက်နှာပြင်သစ်ပင်ကို စိုးရိမ်မှုတချို့နဲ့ ကြည့်မိလိုက်ကြတယ်။

...

အခန်း ၄၃၈ ။ ရှန်းရင်နှလုံးသားထဲမှ အထုံးအဖွဲ့

ရှန်းကျင်းက လက်တစ်ဖက်ယမ်းကာ ချက်ချင်းပဲ မြင်ဖူးတဲ့ပရိဘောဂတွေက မြက်ခင်းပြင်ပေါ် ပေါ်လာတယ်။ ဆိုဖာတချို့၊ လက်ဖက်ရည်စားပွဲနဲ့ အဲ‌ပေါ်မှာတော့ ကော်ဖီခွက်တစ်ခွက်။ သူမက အကြီးဆုံးဆိုဖာဆီ တန်းလျှောက်သွားကာ သူမရင်ခွင်ထဲ အိပ်မောကျနေတဲ့ရင်လေးကို တင်လိုက်တယ်။ နောက်တော့ အဖြူရောင်ကိရိယာတစ်ခုထုတ်ကာ တီခနဲမြည်သံနဲ့အတူ အဲကိရိယာက ပျံတက်သွားကာ အနီရောင်အလင်းတွေ ထွက်လာပြီး ရှန်းရင်ကိုယ်ပေါ် ဖြတ်သွားတယ်။ အချက်အလက်တွေ အတန်းလိုက်စီ အလင်းမျက်နှာပြင်မှာ ချက်ချင်း ပေါ်လာတယ်။ ကြည့်ရတာ တစ်ခုခုကို စစ်ဆေးနေပုံပဲ။

ယိချင်းနဲ့ ကူယွဲ့ အကြည့်ချင်းဖလှယ်ကာ ရှန်းရင်ရဲ့ ဆန့်ကျင်ဘက်အခြမ်းဆီ လျှောက်လာပြီး စတင်ထိုင်ချလိုက်တယ်။

"နင်တို့ကိုထိုင်ဖို့ပြောခဲ့လို့လား" ရှန်းကျင်းက ရုတ်တရက် စကားပြောလာတယ်။ သူမမျက်လုံးတွေက ရေခဲလိုအေးစက်ကာ လှမ်းကြည့်တော့တယ်။

နှစ်ယောက်သား တုန်ယင်သွားပြီး ချက်ချင်းထရပ်ကာ ဆိုဖာဘေး မတ်မတ်ရပ်လိုက်တယ်။

အဲတော့မှ ရှန်းကျင်းက အကြည့်ပြန်ရုတ်သွားတယ်။ သူမက ဆိုဖာပေါ်က ကော်ဖီကိုသောက်ရင်း တစ်ချိန်တည်းမှာပဲ သူမလက်ဘေးက အချက်အလက်ကို ကြည့်လိုက်တယ်။

ကြက်သီးထစရာ တိတ်ဆိတ်မှုက စိုးမိုးသွားတယ်။

ဘေးမှာ ဖယ်ထားခံရတဲ့နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်တယ်။ ဘယ်သူမှ အသံမထွက်ရဲ။ ခေါင်းဆောင်ရှန်းက ဒီတစ်ခေါက် အတည်ပေါက်ကြီး။ တကယ်လို့ စောနကတင် ရင်လေးသာ သူ့မွေးရာပါ ချစ်ဖို့ကောင်းမှုကို အသုံးမချခဲ့ရင် သူမ သူတို့ကို တကယ်သတ်လောက်တယ်။ အခု ရင်လေးက အိပ်ပျော်နေပြီး အကူမရှိတော့ သူတို့ သူ့ကိုစိတ်ရှုပ်အောင်လုပ်မိရင် သူမတကယ်ပဲ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လောက်တယ်။

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ ကြည့်နေမိတယ်။ အတော်ကြာတဲ့နောက်မှာ ယိချင်း နောက်ဆုံးတော့ မနေနိုင်တော့ဘူး။ သူ အံကြိတ်ကာ ရှေ့ကိုတက်ပြီး လက်သီးဆုပ်လိုက်တယ်။

"ခေါင်းဆောင်ရှန်း၊ အရဲတင့်ပြီး မေးပါရစေ၊ ဆရာငယ်ငယ်တုန်းက ဘာများဖြစ်ခဲ့တာလဲ၊ ဘာကြောင့်... သူက ခေါင်းဆောင်ကို ခံစားရအောင်လုပ်ခဲ့တယ် တွေးနေတာလဲ"

အဲတော့မှ ရှန်းကျင်းက မော့ကြည့်တယ်။ သူမရဲ့ အေးစက်တဲ့အကြည့်က သူတို့ဆီ ချက်ချင်း ရောက်လာကာ နောက်တော့ ဆိုဖာပေါ်က လူဆီ ပြန်ကြည့်တယ်။ တစ်စုံတစ်ရာက သူမမျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ အတော်ကြာ တုံ့ဆိုင်းသွားပြီးတဲ့နောက် သူမ နောက်ဆုံးတော့ သက်ပြင်းချလိုက်တယ်။

"အဲဒါတွေအားလုံးက ဟိုးအရင်ကပါ၊ နင်က ရှန်းရင် သဘောကျတဲ့သူဆိုတော့ မကြာခင် အနှေးနဲ့အမြန် နင်က သူ့လူဖြစ်လာမှာပဲ၊ နင် တကယ်ပဲ ဒီကိစ္စတွေကို သိထားသင့်ပါတယ်လေ"

အဲလိုပြောကာ သူမက လက်ထဲက ကော်ဖီခွက်ကို ချပြီးဆန့်ကျင်ဘက်က ဆိုဖာဆီ လက်ညှိုးထိုးပြလိုက်တယ်။

"ထိုင်"

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်" အဲတော့မှ ယိချင်းက ထိုင်ချဖို့ လျှောက်လာတယ်။ သူ့ဘေးက ကူယွဲ့က အလိုလိုလိုက်လာမိပေမဲ့ ရှန်းကျင်းရဲ့ အကြည့်တစ်ချက်ကြောင့် တုန်ယင်သွားပြီး နောက်ပြန်ရပ်လိုက်တယ်။

ရှန်းကျင်းက အသက်ပြင်းပြင်းရှူကာ တစ်ခဏအကြာမှာပြောတယ်။

"ငါစီမံထိန်းသိမ်းသူ ဖြစ်လာချိန် စတင်ခဲ့တာပဲ၊ ရှန်းရင်နဲ့ ငါက..." သူမက နောက်ပြန်လှည့်သွားကာ ရင်လေးကို ကလေးအိပ်ပျော်အောင် လုပ်ပေးတဲ့အမူအရာမျိုးနဲ့ အလိုလိုပုတ်ပေးမိလိုက်တယ်။

"တကယ်တော့ အမြွှာတွေပဲ"

"ဘာ" ကူယွဲ့မျက်လုံးတွေ ရုတ်ခြည်းပြူးသွားကာ အလိုလိုဖြေမိလိုက်တယ်။

"နှစ်ယောက်က သွေးသားတော်တာလား၊ တယ်လီဖုန်းကုမ္ပဏီက လက်ဆောင် မဟုတ်ဘူးလား"

"ဆရာပြောတာတော့ သူ့ကို အမှိုက်ပုံကနေ ကောက်လာတာဆို" ယိချင်းကလည်း ဖြေလာတယ်။

ရှန်းကျင်းနှုတ်ခမ်းထောင့်တွေ တွန့်သွားကာ သူမရဲ့ ရေခဲလို အေးစက်တဲ့အကြည့်တွေက သူတို့ဆီ ရောက်လာပြန်ကာ နှစ်ယောက်ကို ချက်ချင်း တောင့်ခဲသွားစေခဲ့တယ်။

"နင်တို့ ကန်းနေတာလား၊ သူနဲ့ကါက အမြွှာတွေ မဟုတ်ရင် ငါတို့က ဘယ်လိုလုပ် အဲလောက် ရုပ်ဆင်နိုင်မှာလဲ"

"..." ကောင်းပါပြီ၊ ခင်ဗျားက သူဌေးပဲ၊ ခင်ဗျားဘာပြောပြော မှန်တယ်။

အဲတော့မှ ရှန်းကျင်းက ဆက်ပြောတယ်။

"ငါတို့‌တွေက အစကတော့ သာမန်လူတွေပါပဲ၊ ဒါပေမဲ့ ငါတို့မမွေးခင် ငါက စီမံထိန်းသိမ်းသူဖြစ်ဖို့ လောကအသိစိတ်ရဲ့ ရွေးချယ်ခြင်း ခံခဲ့ရတယ်၊ အဲအချိန် စီမံထိန်းသိမ်းသူရဲ့စွမ်းအားတွေက ငါ့ကိုယ်ထဲ ဝင်သွားခဲ့တယ်၊ ငါက အသိစိတ် စတင်ရကာစဆိုတော့ ပတ်ဝန်းကျင်ကို ခံစားမှုမရှိသေးဘူး၊ အဲတော့ ငါက ငါ့ပတ်လည်က စွမ်းအင်တွေအားလုံးကို သူ့ဘာသာ စတင်စုပ်ယူမိခဲ့တာ၊ အဲလိုနဲ့..."

သူမအကြည့်က ဝမ်းနည်းစရာတစ်ခုခုကို စဉ်းစားမိသလို မှိုင်းညှို့သွားခဲ့တယ်။

"ရင်အာက ငါ့ဘေးမှာဆိုတာ နားမလည်ခဲ့ဘူး၊ ဒါကြောင့် မသိလိုက်ပါဘဲ ငါ သူ့ရဲ့အသက်ဝင်မှုကိုပါ စုပ်ယူမိခဲ့တယ်"

နှစ်ယောက်သား ရင်ထိတ်သွားတယ်။ အသက်ဝင်မှု မရှိဘဲ ရှန်းရင် မွေးလာဖို့တောင် မဖြစ်နိုင်ဘူး မဟုတ်လား။

"ငါအာရုံခံမိချိန် နောက်ကျလွန်းသွားခဲ့ပြီ" ရှန်းကျင်း မျက်မှောင်ကြုတ်ကာ ဘေးက ကော်ဖီခွက်ကို ယူပြီး တစ်ငုံသောက်လိုက်တယ်။

"ငါ သူ့ရဲ့အသိစိတ်နဲ့ နောက်ဆုံးလက်ကျန် အသက်ဝင်မှုကို ငါ့ကိုယ်ထဲ ချိပ်ပိတ်ပေးထားဖို့ လောကအသိစိတ်ကို အသနားခံခဲ့တယ်၊ အချိန်ရောက်လာမှ သူ့ကို နှိုးမယ်ပေါ့၊ လောကအသိစိတ်က သဘောတူခဲ့ပြီး နောက်တော့ ငါက အဲကမ္ဘာရဲ့ စီမံထိန်းသိမ်းသူ ဖြစ်လာတာပဲ"

"ဒါဆို ဆရာက..." ယိချင်း စိုးရိမ်မှုတချို့နဲ့ မေးဖို့ပြင်လိုက်တယ်။

"ငါ သူ့ကို ပြန်ရှင်သန်အောင်လုပ်ဖို့ နည်းလမ်းတွေ ဆက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး၊ နောက်တော့ စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ စွမ်းအားကြောင့် သူ့အသက်ဝင်မှု ပျောက်ဆုံးသွားခဲ့ရတာမို့ တူညီတဲ့စွမ်းအားနဲ့ဆို ငါသူ့ကို ပြန်ပေးနိုင်တယ်လို့ တွေးမိခဲ့တယ်၊ တကယ်ပဲ သူ့အသက်ဝင်မှုက ပြန်လည်ရှင်သန်လာတယ်၊ ဒါပေမဲ့ အချိန် အရမ်းကြာသွားခဲ့တာမို့၊ ငါ့ကိုယ်ထဲ ချိပ်ပိတ်ထားခဲ့တဲ့ သူမအသိစိတ်က အိပ်မောကျနေခဲ့တယ်" သူမက အသက်ပြင်းပြင်းရှူတယ်။

"ငါနည်းလမ်းပေါင်းစုံ တွေးခဲ့ပေမဲ့ ဘယ်အရာကမှ သူ့ကို မနှိုးနိုင်ခဲ့ဘူး၊ နှစ်၃၀၀၀အကြာ မျက်နှာပြင်ကျူးကျော်မှုတစ်ခုအတွင်း ငါ အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်၊ အဲချိန်ကျမှ သူမ အသိစိတ်က ရုတ်တရက် နိုးလာပြီး ငါ့ကို အဲကျူးကျော်သူကို မောင်းထုတ်ဖို့ ကူညီခဲ့တာပဲ၊ အဲနောက်‌မှာတော့ သူမက လုံးဝ ပြန်ရှင်သန်လာခဲ့တယ်၊ သူ တဖြည်းဖြည်းချင်း ကြီးပြင်းလာတာကို ငါ ကြည့်ခဲ့တယ်"

"နောက်ကျတော့" ကူယွဲ့ မမေးဘဲ မနေနိုင်။ စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ညီမလေး ဖြစ်ရတာ သိပ်တော့ လွယ်မှာမဟုတ်။

"စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ စွမ်းအားဆိုတာ သာမန်လူ ခံနိုင်တဲ့ဟာ မဟုတ်ဘူး" သူမက ကော်ဖီခွက်ကို နောက်တစ်ကြိမ် မလိုက်ပေမဲ့ ကုန်သွားပြီဆိုတာ သိလိုက်ရတယ်။ သူမ မျက်မှောင်ကြုတ်ကာ ပြန်ချထားလိုက်တယ်။

"သူ့မှာ ငါ့အစွမ်းတွေ ရှိတာမို့ ငါနဲ့ အရှိန်အဝါချင်း တူတယ်၊ ဒါကြောင့် ကျူးကျော်သူတွေက သူ့ကို စီမံထိန်းသိမ်းသူအစစ်လို့ ထင်ကြတယ်၊ ငါ စောင့်ကြည့်နေပေမဲ့ သူ့ရဲ့အစောပိုင်းဘဝမှာ စီမံထိန်းသိမ်းသူစွမ်းအား လိုချင်တဲ့ ကျူးကျော်သူမျိုးစုံရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရသေးတယ်၊ ငါက အဲတုန်းက ခုလိုပုံစံလိုမျိုး မဟုတ်ခဲ့ဘူး၊ ပြီးတော့ အစတည်းက ငါ့စွမ်းအားတစ်ဝက်ကို ဆုံးရှုံးခဲ့ပြီးသား ဆိုတော့ သူ့ကို ကယ်ရတဲ့အဖိုးအခက နည်းနည်းမြင့်ခဲ့တယ်"

"..." အဲဒါကြောင့် ရင်လေးက ရှန်းကျင်းကို သူမ နာကျင်အောင် လုပ်မိတယ်လို့ ခံစားခဲ့ရတာလား။

"ရင်အာ ၃နှစ်ပြည့်ချိန် ငါ ဘယ်ကမှန်း မသိတဲ့နေရာကနေ လက်ထောက်တွေရဲ့ ကိစ္စကို သိနေပြီ၊ သူမက မြန်မြန် အရွယ်ရောက်ချင်ပြီး ငါ့လက်ထောက် ဖြစ်ချင်တယ်လို့ ရုတ်တရက် ပြောလာခဲ့တယ်"

ရှန်းကျင်းက သက်ပြင်းချကာ ခေါင်းယမ်းတယ်။

"အဲအချိန်က ငါက သူ့ရဲ့ ခဏတာ စနောက်တဲ့အတွေးလို့ ထင်ခဲ့မိတာ၊ ဒါပေမဲ့ အဲနောက်ကစပြီး သူမက တစ်ကြိမ်တောင် ငါ့ကို တကယ်ပဲ မရယ်ပြတော့သလို တစ်ခါလေးတောင် ချစ်ဖို့ကောင်းအောင် မချွဲတော့ဘဲ သူ့ပေါ်က စီမံထိန်းသိမ်းသူစွမ်းအင်ကို ဖိနှိပ်ထားတဲ့ စည်းချိပ်ကိုပါ တိတ်တိတ်လေး ဖွင့်ခဲ့လို့ သူ့ဘာသာ သတ်လုနီးပါးတောင် ဖြစ်သွားခဲ့တယ်၊ အဲတော့မှ ငါ သူအတည်ပေါက်ဆိုတာ ငါနားလည်ခဲ့တာ၊ ဒါကြောင့် သူငါးနှစ်အရွယ်မှာ ငါသဘောတူခဲ့တယ်၊ ဒါပေမဲ့... လက်ထောက်တစ်ယောက် ဖြစ်လာဖို့ အဲဒါက ဘယ်လိုလုပ် လွယ်ကူတဲ့ကိစ္စ ဖြစ်လာနိုင်မှာလဲ"

နှစ်ယောက်သား မှင်တက်သွားတယ်။ သူတို့အကြည့်ချင်း ဖလှယ်ကာ သူမကို အတူတူ ကြည့်မိလိုက်ကြတယ်။ မလွယ်ကူဘူးလား။ ရှန်းရင်ကတော့ အဲတုန်းက သူတို့ကို စာရွက်လေးပဲ ပေးခဲ့တာ။

သူတို့ ဘာစဉ်းစားနေလဲ သိသလိုမျိုး ရှန်းရင်က သူတို့ကို နင်တို့လို ငတုံးတွေပဲ စာရွက်တစ်ရွက်က လက်ထောက်တွေ ဖြစ်အောင် လုပ်ပေးလို့ ရတယ်ထင်တာဆိုတဲ့ အကြည့်ကြည့်လာတယ်။

"လက်ထောက်တစ်ယောက်အနေနဲ့ အရည်အချင်း မပြည့်မီခင် မျက်နှာပြင်စမ်းသပ်မှုကို ဖြတ်သန်းရတယ်၊ ပြီးတော့ မျက်နှာပြင်စွမ်းအားက မျက်နှာပြင်တွေကို ကူးသန်းမှပေါ်လာတာ၊ ဒါပေမဲ့ မျက်နှာပြင်တွေကို အတင်းအကြပ် ဖြတ်သန်းတာက လူတစ်ယောက်ကို ဟင်းလင်းပြင်ရဲ့ ဝါးမျိုခြင်း ခံရစေနိုင်တယ်"

"အဲတော့ ကျွန်တော်တို့လည်း အဲဒါကို ဖြတ်သန်းဖူးတာပေါ့"

ကူယွဲ့ ယာယီမှင်တက်သွားကာ တွေးကြည့်မိတယ်။ စားဖိုမှူး အဲတုန်းက သူတို့ကို ပြန်လာရှာချိန် တကယ်ပဲ မျက်နှာပြင်တွေကို အတင်းအကြပ်ဖြတ်သန်းခဲ့တာ။ အဲတော့ အဲဒါက စမ်းသပ်မှုလား။

"ဒါပေမဲ့... ကျွန်တော်က မလုပ်ခဲ့သလိုပဲ" သူက ဘယ်လိုလုပ် လက်ထောက်ဖြစ်လာတာလဲ။

"အဲဒါ တစ်ယောက်ယောက်က နင့်ကို ကာကွယ်ပေးပြီး အကြိမ်တိုင်း cheat လုပ်ခွင့်ပေးခဲ့လို့ နင်က ကံကောင်းခဲ့တာကြောင့်ပဲ" ရှန်းကျင်းက မျက်ဆန်လှန်တယ်။

"နင်က စုစုပေါင်း ၃ကြိမ်တောင် ကူးပြောင်းပြီးပြီ၊ ပထမအကြိမ်က ဒီကမ္ဘာရဲ့ ဟင်းလင်းပြင်အသိစိတ်က နင့်ကို ဆွဲခေါ်လာဖို့ သူ့အသက်ကို အရဲစွန့်ခဲ့တယ်၊ ဒုတိယနဲ့ တတိယအကြိမ်မှာ နင့်ကို ကာကွယ်ပေးဖို့ ရင်အာရှိတာမို့ နင်က အလိုလို အဆင်ပြေတာပေါ့" ဒါပေမဲ့ သူ့မှာ ကူးသန်းဖို့ ခွင့်ပြုချက်မရှိတာမို့ အဲဒါက မျက်နှာပြင်အတင်းအကြပ် ကူးသန်းတာဖြစ်ဆဲပဲ။

ကူယွဲ့ ။ ။ "..." အဲတော့ သူကမှ cheat လုပ်ခဲ့တဲ့ တစ်ဦးတည်းသောသူပေါ့။

Σ(°△°|||)

ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့စွမ်းရည်တွေနဲ့ cheat လုပ်ခဲ့တာပဲ။

All Chapters