← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း ၄၄၈ ။ ဖက်တီးကို ကောက်ယူခြင်း

မိုင်ရာချီအကွာ၊ မြေလွတ်တစ်နေရာ။

ရှန်း လမ်းပျောက်ကျွမ်းကျင်သူ ရင်က ကျောက်တုံးကြီးတစ်တုံးပေါ်ထိုင်ကာ မေးထောင့်ရင်း ဆန့်ကျင်ဘက်က... ခြုံပုတ်တောထဲကနေ တွားသွားကာ ချွေးသံတရဲရဲနဲ့ ထွက်လာကာစ သံသယဝင်စရာကောင်းပြီး ကြီးမားတဲ့ဖက်တီးတစ်ယောက်ကို ကြည့်နေလေတယ်။

ကြည့်ရတာ သူက တစ်ယောက်ယောက်နဲ့ကြုံမယ် မတွေးထားလို့ထင် အဲလူက ကြောင်အမ်းပြီး သူ့ရဲ့ပေါင်ရာချီကိုယ်ခန္ဓာကတောင် တောင့်ခဲသွားပြီး နဂိုတည်းက ရှုံ့တွနေတဲ့အသွင်အပြင်အပေါ် သွေးပျက်ပြီး မှင်တက်နေတဲ့အမူအရာ ပေါ်လာတယ်။ သူက မြေကြီးပေါ် မြဲမြဲမြံမြံရပ်ကာ အဝါရောင်သန်းနေတဲ့ ခြုံပင်တစ်စက သူ့နဖူးရှေ့ ဝေ့ဝဲနေတုန်း။

နှစ်ယောက်သား အတော်ကြာကြာ အကြည့်ချင်းဆုံနေမိတယ်။

"ဟေး မင်္ဂလာနေ့လယ်ခင်းပါ" ရှန်းရင်က နှုတ်ဆက်တယ်။

"... မင်္ဂလာပါ" အဲလူက အလိုလိုပြန်ဖြေတယ်။

ဒါပေမဲ့ ရှန်းရင်က အကြည့်လွှဲသွားကာ သိပ်စိတ်မဝင်စားပုံနဲ့ အကျင့်အတိုင်း တမြုံ့မြုံ့ဝါးဖို့ အဆာသွတ်မုန့်တစ်သိုက် ထုတ်လိုက်တယ်။ အဲလူက မလှုပ်မယှက်ရှိနေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းနေကာ သူ့မျက်လုံးတွေက တစ်ခုခုကို ပြန်သတိရနေသလိုမျိုး စူးစမ်းမှုတွေနဲ့ ပြည့်နေပြီး သူမဝတ်ရုံလက်ပေါ် အကြည့်ရောက်နေတယ်။

ပုံဆွဲထားတာ... မရှိဘူး။

အဲတော့မှ စိတ်ချသွားပုံပေါ်ပြီး သက်ပြင်းမောချကာ သူ့ခါးတောင် ချက်ချင်းကျယ်သွားပြီး ပိုဝိုင်းသွားတယ်။ တော်သေးတာပေါ့၊ တော်သေးတာပေါ့၊ သူမက လိုက်ဖမ်းနေတဲ့တပ်စုထဲက မဟုတ်လို့။ သူ လက်ကိုမြှောက်ပြီး နဖူးပေါ်က ချွေးကိုသုတ်လိုက်တယ်။ စောနက တင်းကြပ်နေဆဲ သူ့အမူအရာက တဖြည်းဖြည်းသက်သာလာပြီး တစ်ကိုယ်လုံး ပြေလျော့လာကာ မြေကြီးပေါ် ပစ်ထိုင်ကျပြီး မောဟိုက်နေတယ်။

တစ်ပြိုင်နက်တည်းမှာပဲ သေးငယ်တဲ့မြေပြင်ဧရိယာက သူ့မောဟိုက်သံနဲ့ တစ်စုံတစ်ယောက်ရဲ့ ဝါးစားနေသံတွေသာ ကျန်ရစ်ခဲ့တယ်။ အဆာသွတ်မုန့်တွေရဲ့ အနံ့က လေထဲ တဖြည်းဖြည်း လွင့်ပျံ့လာပြီး အဲလူကို တစ်ဖက်သူလက်ထဲ လှမ်းကြည့်စေမိသွားတယ်။

သူ့စားသောက်ချင်စိတ်က သွားရည်ယိုလာလို့ထင် သူ စိုက်ကြည့်တာကြာလာလေ အနံ့က ပိုပြင်းလာတဲ့ပုံပေါ်ကာ ဝင်ပူးခံရသလိုမျိုး သွားရည်ကျကာ မျက်လုံးတွေက ကော်ကပ်ထားသလိုမျိုး။ ဒါပေမဲ့ သူက မိန်းမပျိုလေးဆီက တောင်းစားရမှာ ရှက်လို့ထင် စိုက်သာကြည့်နေပြီး သူမလက်ထဲက အဆာသွတ်မုန့်တွေ တဖြည်းဖြည်း လျော့နည်းလာလေ သူက တံတွေးအလိုလိုမျိုချမိကာ ဂွီခနဲအသံကျယ်ကြီးပါ ထွက်သွားတယ်။

ရှန်းရင်က တုံ့ဆိုင်းသွားပြီး မေးခွန်းထုတ်တဲ့အကြည့်တချို့နဲ့ လှမ်းကြည့်တော့ သူက ချက်ချင်း နီရဲသွားကာ ရှက်ရွံ့မှုက သူ့မျက်လုံးထဲ ဖြတ်ပြေးသွားပြီး တစ်ခဏတာ ဘာပြောရမှန်းမသိတော့ဘူး။

ရှန်းရင် မျက်လုံးမှေးကာ အဆာသွတ်မုန့်နောက်ဆုံးပိုင်းကို ကောက်ယူပြီး ဆန့်ထုတ်လိုက်တယ်။

"ဒါလိုချင်တာလား"

အဲလူမျက်လုံးတွေက တောက်ပသွားပြီး အဲအဆာသွတ်မုန့်အပိုင်းကို တန်းတန်းမတ်မတ် စိုင်ကြည့်နေကာ အသည်းအသန် ခေါင်းတစ်ချက်ညိတ်တယ်။ သူ ထမင်းမစားရတာ ရက်နည်းနည်း ကြာပြီ။ အလိုလို လက်လှမ်းမိပြီး သူကဖြေတယ်။

"အင်းအင်းအင်း ဒါဆို..."

သူ စကားမဆုံးခင် ရှန်းရင်က ရုတ်တရက် လက်ပြန်ရုတ်ပြီး သူမရဲ့ အကျယ်ကြီးဟထားတဲ့ပါးစပ်ထဲ အကုန်ထိုးထည့်ကာ စောနကထက် ၂ဆမြန်တဲ့အရှိန်နဲ့ စက္ကန့်ပိုင်းအတွင်း အကုန်မျိုချပြီး အဆုံးမှာ လက်ကိုပါ ဖုန်သုတ်လိုက်သေးတယ်။

"ငါ့မှာလည်း ဘာမှမရှိတော့ဘူး" ဟီးဟီး ပေးဖို့ငြင်းတယ်။

အဲလူက ဆွံ့သွားတယ်။ သူ့တစ်ကိုယ်လုံး ငေးငိုင်နေပြီး ဆန့်ထုတ်ထားတဲ့လက်က လေထဲ တောင့်ခဲနေကာ အ‌ချိန်အတော်ကြာ မလှုပ်မရှားဖြစ်နေတယ်။

သူက သူမ တမင်သက်သက်လုပ်ပြီး အတော်ကြာမှ အသိပြန်ဝင်လာတယ်။ မ‌ကျေမချမ်းမှု အငွေ့အသက်က ‌ဇလုံလောက်ကြီးတဲ့မျက်နှာ‌မှာ ဖြတ်ပြေးသွားပေမဲ့ ဒေါသမရှိ။ ဘယ်လိုပဲဖြစ်ဖြစ် စားစရာက သူမပိုင်တာပဲ။ သူ အထင်လွဲသွားတာမို့ ဝဖိုင့်ဖိုင့်လက်ကို ရှက်ကိုးရှက်ကန်း ပြန်ရုပ်ပြီး အနည်းငယ် ရှက်ရွံ့စွာ အတူတူပွတ်လိုက်လေတယ်။

ခဏနေတော့ လုံလုံလောက်လောက် အနားရသွားတဲ့ပုံနဲ့ သူက ရှန်းရင်ကို မော့ကြည့်ကာ ပြောတယ်။

"မိန်းကလေး... မင်းက ကျင့်ကြံသူ မဟုတ်ဘူးလား" ကျင့်ကြံသူတွေက စားသောက်ဖို့မလိုဘူးလေ။

အသီးတချို့ ကိုက်စားနေပြီဖြစ်တဲ့ ရှန်းရင်က တစ်ဖက်ကို ခေါင်းစောင်းသွားတယ်။

"ဟင့်အင်း"

"အိုး" သူက အတင်းအကြပ် ပြုံးလိုက်ပြီး ပိုတောင်စိတ်အေးသွားတဲ့ပုံပေါ်တယ်။ နောက်တော့ တစ်ခုခုကို သတိရသွားပုံပဲ။

"မိစ္ဆာသားရဲတွေက ဒီတောအုပ်မှာ အမြဲတွေ့ရတယ်၊ မိန်းကလေးမင်းက ကျင့်ကြံဆင့်လည်းမရှိသလို တစ်ယောက်တည်းဖြစ်နေတာ၊ ဒီမှာမနေတာ ပိုကောင်းတယ်၊ မြန်မြန် ထွက်သွားပါ"

"အဆင်ပြေပါတယ်" ရှန်းရင်က ခေါင်းယမ်းကာ လုံးဝ အေးဆေးတည်ငြိမ်နေတယ်။

"ငါ့ကို လာခေါ်မှာ စောင့်နေတာ"

"..." လာခေါ်မှာ စောင့်နေတာ ဘာသဘောလဲ။

အဲလူက ကြောင်အသွားပြီး သူမ ထဖို့ ရည်ရွယ်ချက်မရှိတာ မြင်တော့ ထသာရပ်ကာ ထွက်သွားဖို့ ပြင်တော့တယ်။ ‌ခြေနှစ်လှမ်းလှမ်းအပြီးမှာ သူက စိုးရိမ်နေဆဲဖြစ်ပြီး ပြန်လှည့်ဖို့ အကြံပေးတယ်။

"မိန်းကလေး မင်း ငါနဲ့လိုက်ခဲ့ပါလား၊ မိစ္ဆာသားရဲတွေအပြင် တော်ဝင်အထွတ်အမြတ်ဂိုဏ်းက တပည့်တွေ ဒီတောအုပ်ကို ကင်းလှည့်နေကြတာ၊ သူတို့ မင်းကို ရှာတွေ့ရင် အလွတ်ပေးမှာမဟုတ်ဘူး"

"တော်ဝင်အထွတ်အမြတ်ဂိုဏ်းက တပည့်တွေလား" ရှန်းရင်က ခေါင်းစောင်းသွားတယ်။

"ဟုတ်တယ်၊ ဒါက အထွတ်အမြတ်မြေအောက်တော၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေပဲ၊ လူတွေဝင်ရောက်လာမှာကို တားမြစ်ထားတာ"

"အိုး"

"ငါပြောတာကို အဲလောက်အလွယ်လေး မပလပ်ပါနဲ့၊ တကယ်လို့ ဒီနေရာမှာ ကင်းလှည့်တဲ့ ပုံမှန်တပည့်တွေအားလုံးက ရွှေအမြုတေကျင့်ကြံဆင့်နဲ့အထက်ဆို မင်းရှင်းပြချက်ကို သူတို့က နားထောင်မှာ မဟုတ်ဘူး"

"နင်ပြောတဲ့ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက တပည့်တွေဆိုတာ အဖြူရောင်ဝတ်ထားပြီး ဝတ်ရုံလက်မှာ စက်ဝိုင်းတွေ ဆွဲထားတဲ့သူတွေလား"

"အဲဒါစက်ဝိုင်းတွေ မဟုတ်ဘူး" အဲလူက အမှန်ပြင်ပေးတယ်။

"အဲဒါ အထွတ်အမြတ်မီးတောက်ရက်ကန်းပဲ"

"အိုး" ရှန်းရင်က ရုတ်တရက် သူမလက်ညှိုးကိုမြှောက်ကာ ရှေ့တည့်တည့်ကို လက်ညှိုးထိုးပြတယ်။

"အဲနှစ်ယောက်လိုလား"

အဲလူက မှင်တက်သွားပြီး ရုတ်ခြည်းနောက်ပြန်လှည့်ကာ ကောင်းကင်ထဲက အမည်း‌စက်လေးနှစ်ခု သူတို့ရှိရာဘက် ပျံသန်းလာတာကို မြင်လိုက်ရတယ်။ သူ ချက်ချင်းဖြူဖျော့သွားကာ ထိတ်လန့်မှုက သူ့မျက်လုံးထဲ ဖြည်းဖြည်းချင်း ပြည့်လာတယ်။ သူက လက်လှမ်းကာ ရှန်းရင်ကို ကျောက်တုံးကနေ ဆွဲချတယ်။

"မြန်မြန်ပုန်း"

တစ်ဖက်လှည့်ကာ သူက နှစ်ယောက်လုံးကို ကျောက်တုံးအောက်မှာ ဝှက်ပြီး နဖူးကနေ ချွေးစေးတွေ ကျနေတာများ ရေချိုးထားသလိုဖြစ်နေကာ သူ့တစ်ကိုယ်လုံး စတင်တုန်ယင်လာတယ်။ ခဏအကြာမှာ သူက ဒီလိုကျောက်တုံးလေးတစ်ခုက ချဉ်းကပ်လာတဲ့လူနှစ်ယောက်ရဲ့ မြင်ကွင်းကနေ မဖုံးထားနိုင်ဘဲ ကောင်းကင်စိတ်အာရုံကို အသုံးပြုမှုကို သေချာပေါက် ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်သွားသလိုမျိုး ထရပ်တယ်။ သူ့အမူအရာက ပိုအသည်းအသန်ဖြစ်လာတယ်။

"ငါတို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်ကြမလဲ၊ သူတို့ ငါတို့ကို တစ်စက္ကန့်အတွင်း မြင်သွားတော့မှာပဲ၊ သေချာပေါက် ရှာတွေ့သွားတော့မှာ"

ဟိုဟိုဒီဒီလှည့်ကြည့်တော့ သူတို့နောက်မှာ ကျောက်နံရံကြီးတစ်ချပ်ရှိနေတာ နားလည်လိုက်ရတယ်။ သူတို့ လုံးဝဆုတ်စရာ မရှိတော့တဲ့အထိ ဖိအားပေးခံခဲ့ရတာပဲ။ လူနှစ်ယောက် တဖြည်းဖြည်း နီးကပ်လာတာကိုမြင်တော့ သူ ကျောက်တုံးကို ကူကယ်ရာမဲ့စွာထုတော့တယ်။

"ဘာလို့ ပုန်းဖို့နေရာ လုံးဝမရှိတာလဲ"

ပုန်းဖို့လား။

ရှန်းရင် ရွေ့လျားအသားလုံးကြီးလို လည်နေတဲ့ ဖက်တီးကိုကြည့်ပြီး ကျောက်နံရံဆီ တစ်ချက် အကြည့်ရောက်သွားကာ မျက်လုံးမှေးလိုက်တယ်။ နောက်တော့ ပြန်မော့ကြည့်ပြီး ကျောက်နံရံကို ခပ်ဖွဖွရိုက်လိုက်တယ်။ သူမပုံစံက စောနက ဖက်တီးလုပ်တာနဲ့ ဆင်တယ်။

နောက်အခိုက်အတန့်မှာ ကျယ်လောင်တဲ့ ဝရုန်းသုန်းကားအသံထွက်ကာ ကျောက်နံရံတစ်ခုလုံး ချက်ချင်း နစ်ဝင်သွားပြီး အက်ကွဲကြောင်းတစ်ခုက အောက်ဘက်ကို ဆန့်ကားလာတာ မြေကြီးတောင် ပွင့်ကွဲသွားတာ ငလျင်တစ်ခုလိုမျိုး တစ်လောကလုံး တုန်ခါသွားတယ်။

နှစ်မီတာကျော်ကျယ်တဲ့ အက်ကွဲကြောင်းက သူတို့ ခြေထောက်ဘေးမှာ ပေါ်လာတာ တောအုပ်တစ်ခုလုံးကို ဖြဲတော့မလိုမျိုး ရှေ့ကိုဆက်ကားထွက်သွားတယ်။

အဲလူက စကားဆွံ့အနေတယ်။

ဘာတွေဖြစ်နေတာလဲ။

(⊙_⊙)

"အိုး ငါ ဂူရှာတွေ့ပြီ" ရှန်းရင် ပြိုကျသွားတဲ့ အဝင်ဝကို လက်ညှိုးထိုးပြီး တည်ကြည်မှုအပြည့်နဲ့ ပြောလာတယ်။

"..."

ရှာတွေ့တာဆိုတာ သေချာရဲ့လား၊ ဒါက မင်းခြေမွှပြီး ဖန်တီးလိုက်တဲ့ဟာဆိုတာ အသိသာကြီးကို။

"ငါတို့ ခုပုန်းလို့ရပြီ၊ ပုန်းကြစို့" ရှန်းရင် ဂူထဲ တန်းတွားသွားဝင်လိုက်တယ်။

ဒီလောက်အသံအကျယ်ကြီး ထွက်ပြီးမှတော့ အခုပုန်းလို့အသုံးဝင်သေးရဲ့လား။

အဲလူငိုချင်ပေမဲ့ မျက်ရည်မထွက်။ လေထဲ လှုပ်ရှားမှု ရပ်တန့်သွားပုံပေါ်တဲ့ ပုံသဏ္ဌာန်နှစ်ခုကို ပြန်လှည့်ကြည့်ကာ အံကြိတ်ပြီး ဖြစ်သမျှအကြောင်းမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ သူမနောက် ဂူထဲလိုက်သွားဖို့ လှည့်လိုက်ပြီးတဲ့နောက်... ည... ညပ်သွားပါလေရော...။

သူ့ဗိုက်က အပျက်အစီးပုံတစ်ခုအလယ်မှာ ပိတ်နေပြီး အပေါ်ပိုင်းက အထဲရောက်နေပေမဲ့ အောက်ပိုင်းက ဘယ်လောက်ပဲ တွန်းဖို့ကြိုးစားကြိုးစား မလှုပ်ဘူး။ သူက အတင်း မြေပြင်ကို ခြေထောက်နဲ့ တွန်းထိုးပေမဲ့ မရသေးတော့ အထဲကလူကိုပဲ လှမ်းအကူအညီတောင်းရတော့တယ်။

"မိန်းကလေး... ဆွဲ... ဆွဲပေးပါဦး"

"အိုး" ရှန်းရင်က နောက်ပြန်လှည့်ပြီး သူ့ကိုကြည့်ကာ သူ့လက်ကောက်ဝတ်ကို ခပ်ဖွဖွ လှမ်းဆွဲလိုက်တယ်။ နောက်ထပ် ဝုန်းခနဲအသံကြီးပေါ်လာကာ သူ အထဲရောက်သွားပြီး ‌ဝင်ပေါက်လည်း ပြိုလဲသွားကာ ကျောက်တုံးတွေ ကျလာပြီး အပေါက်ကို ပိတ်ဆို့လိုက်လေတယ်။

အဲလူ ဝင်ရောက်လာပြီးနောက်မှာ ဒီကျောက်နံရံရဲ့အထဲက ဟောင်းလောင်းဆိုတာ သိလိုက်ရတယ်။ အရမ်းကို ကျယ်တယ်။

စောနကဖြစ်ပျက်သွားတာကို ပြန်စဉ်းစားပြီး သူ့ရှေ့က အမျိုးသမီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ကျင့်ကြံသူ မဟုတ်ဘူးဆိုတာ ဘာဖြစ်သွားတာလဲ။

သူ စကားပြောမို့ရှိသေး အပြင်မှာ ဝှစ်ခနဲအသံ ထွက်လာပြီး သူ့မျက်လုံးထဲ အကြောက်တရားက ကြီးထွားလာကာ တစ်လက်မတောင် မလှုပ်ရဲဘဲ တုန်ယင်နေတယ်။ သူ အသက်ရှူရပ်တန့်သွားဖို့တောင် ဆုတောင်းမိတယ်။

သေချာပေါက်ပဲ ရောက်လာသံတွေက နောက်အခိုက်အတန့်မှာ အပြင်ကနေထွက်လာပြီး မရင်းနှီးတဲ့ အမျိုးသားနှစ်ယောက်အသံပါ ထွက်လာတယ်။

"ဆရာတူအစ်ကို သူ့တည်ရှိမှုကို ခြေရာခံနိုင်လား"

"ဟင့်အင်း၊ ငါ့ရှာဖွေရေးဂါထာက ရုတ်တရက် တုံ့ပြန်မှု မရှိတော့ဘူး၊ ဘယ်မှာပုန်းနေတာလဲမသိ"

"ထူးဆန်းလိုက်တာ၊ ကျွန်တော်တို့ တစ်လျှောက်လုံး လိုက်လာတာကို၊ ဘယ်လိုလုပ် ပျောက်သွားရတာလဲ၊ စောနက ထူးဆန်းတဲ့ မြေငလျင်နဲ့ ဆိုင်တာများလား"

"ဖြစ်နိုင်တယ်၊ အနီးတစ်ဝိုက်မှာ ဆက်ရှာကြည့်ရအောင်"

အဲလိုနဲ့ ဓားနှစ်ချောင်းစီးသံတွေ အပြင်မှာထွက်လာပြန်တယ်။

ရှန်းရင်က ဖက်တီးကိုလှည့်ကြည့်လိုက်ပေမဲ့ သူက အလောတကြီး ရှူးခနဲအမူအရာလုပ်ကာ တိတ်တိတ်လေး ဆက်နေဖို့ ပြနေတာ မြင်ရလေတယ်။

ထင်ထားတဲ့အတိုင်းပဲ ငါးမိနစ်အတွင်း အမျိုးသားနှစ်ယောက်အသံ ထွက်လာပြန်တယ်။

"သူက ဒီနားမှာပုန်းမနေတာ တကယ်ပဲဖြစ်နိုင်လား၊ ဒါပေမဲ့ ကျင့်ကြံဆင့် မရှိတဲ့လူတစ်ယောက်အတွက် သူ လမ်းလျှောက်နိုင်တဲ့အဝေးဆုံးက ဒီနေရာဖြစ်မှာ"

"ဆရာတူအစ်ကို၊ ကျွန်တော်တို့ လာလမ်းအတိုင်း ပြန်သွားရှာကြည့်ရင်ရော၊ ဒီကိုတောင် မရောက်လောက်သေးဘူးဖြစ်ရင်ဖြစ်မှာ"

"အက်း မင်းမှန်တယ် သွားကြစို့"

နှစ်ယောက်သား ထွက်သွားပြန်ပေမဲ့ ဖက်တီးက မလှုပ်ရဲသေးဘဲ အပြင်ကအသံတွေကို ဆက်နားထောင်ကာ စိတ်လှုပ်ရှားနေပုံပဲ။

ဒီတစ်ကြိမ်တော့ ဆယ်မိနစ်ကျော်ကြာသွားပြီးမှ အသံနှစ်သံက ထွက်လာပြန်ပြီး မချင့်မရဲမှုနဲ့ ကျိန်ဆဲတော့တယ်။

"သေစမ်း၊ ငါတို့ တကယ်ပဲ သူ့ကို လွတ်စေမိမယ်လို့ မထင်ခဲ့ဘူး"

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ သူထွက်သွားတော့ ဆရာဦးလေးယွီ..."

"သူ့ဘာသာ လွတ်သွားတာ မဖြစ်နိုင်ဘူး၊ အကူအညီရှိတာပဲနေမှာ၊ ဂိုဏ်းချုပ်ဆီ အရင် ပြန်သွားတင်ပြရအောင်"

အဲစကားနဲ့ ဒီလူနှစ်ယောက်က နောက်ဆုံးတော့ ထွက်သွားပြီး နာရီဝက်လောက် ကောင်းကောင်း မလှုပ်မယှက် မတ်တတ်ရပ်နေခဲ့တဲ့ ဖက်တီးက နောက်ဆုံးတော့ အသက်ရှူထုတ်ကာ သူ့ဖြစ်တည်မှုတစ်ခုလုံးက တိုက်ပွဲဝင်ခဲ့ရသလို ပြင်းထန်စွာ မောဟိုက်ကာ မြေပြင်ပေါ် ခြေကားရားလက်ကားရား ဖြစ်နေတယ်။

ရှန်းရင်က သူ့ကိုတစ်ချက်ခိုးကြည့်ကာ သူအသီးအနှံတွေကို ဆက်ကိုက်နေတယ်။ တဂျွတ်ဂျွတ်သံတွေက ကျောက်တုံးအခန်းထဲ အထူးသဖြင့် ပဲ့တင်ထပ်နေလေရဲ့။

"သူတို့ ထွက်သွားပြီထင်တယ်" ဖက်တီးက အတော်ကြာ ဟောဟဲလိုက်နေကာ ထထိုင်ဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်တယ်။ သူမကို ကျေးဇူးတင်တဲ့ အပြုံးတစ်ခု ပြုံးပြလိုက်ပေမဲ့ သူ့မျက်နှာကို ညှစ်လိုက်တာကြောင့် မျက်နှာပေါ်က အသားတွေ တုန်ခါသွားတယ်။ "မင်းကြောင့်သာ မဟုတ်ရင် ငါတို့ကို ဖမ်းမိသွားလောက်ပြီ"

"အိုး" ဖမ်းခံရတာ နည်းနည်းတော့ ခက်တယ်၊ လမ်းပျောက်တာက ပိုလွယ်တယ်။

သူက ဟိုဟိုဒီဒီ ကြည့်ကာ ပြောတယ်။

"သူတို့က အပြင်မှာ စောင့်ကြပ်နေနိုင်သေးတယ်၊ မူလလမ်းက ငါတို့ ထွက်သွားလို့ မရနိုင်ဘူး၊ ဒီကျောက်လှိုဏ်ဂူက ကြီးတယ်၊ တခြားထွက်ပေါက်တွေ ရှိဦးမှာပဲ၊ ငါတို့ရှာကြည့်ရင်ရော"

"အင်း" ရှန်းရင် ကန့်ကွက်ချက်မရှိ။

ဖက်တီးက ထရပ်ကာ ပျော်ရွှင်စွာပြောတယ်။

"အော်ဟုတ်သား၊ ငါ့နာမည်က ဟွေ့ကျယ်ပါ၊ မင်းကို ဘယ်လိုခေါ်ရမလဲ သိခွင့်ရှိမလား"

"ရှန်းရင်"

"အဲတော့ မိန်းကလေးရှန်းပေါ့" သူက ယဉ်ယဉ်ကျေးကျေး လက်သီးဆုပ်ကာ မျက်လုံးတွေက အနည်းငယ်တောက်ပနေတယ်။ သူက ခဏတာ တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလေတယ်။

"မိန်းကလေးရှန်း၊ ခင်ဗျားက... ဒီလိုကောင်းကင်စွမ်းအားနဲ့ မွေးဖွားခဲ့တာလား"

ရှန်းရင်ခြေလှမ်းတွေက တန့်သွားပြီး သူ့ကို ပြန်လှည့်ကြည့်ကာ မျက်လုံးတွေမှေးသွားလေတယ်။

"အဲဒါ ကောင်းကင်စွမ်းအား မဟုတ်ဘူး"

"ဒါဆို"

"ငါက အမတပဲ"

...

အခန်း ၄၄၉ ။ တောင်ကြားအပြင် စုဝေးခြင်း

ဟွေ့ကျယ်က ဒီရှန်းရင်လို့ခေါ်တဲ့ မိန်းမပျိုလေးက ခေါင်းမှာ နည်းနည်းပြဿနာရှိနိုင်တယ်လို့ ခံစားနေရတယ်။ ဘယ်သူက သူ့ကိုယ်သူ အမတတစ်ယောက်လို့ ခေါ်မှာလဲ။ ဒါပေမဲ့ သူမက ထွက်ပေါက်ရှာဖို့ သူနဲ့ သွားချင်သေးတာမို့ သူ့ကို သက်မချစေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထွတ်အမြတ်မြေအောက်တောအုပ်က တကယ်ကိုအန္တရာယ်များလွန်းတာ။ သူ ဘာကြောင့် သူမ ဒီမှာပေါ်လာလဲမသိပေမဲ့ သူမမှာကျင့်ကြံဆင့်မရှိဘဲ အမျိုးသမီးဖြစ်တာမို့ ကောင်းကင်စွမ်းအားတချို့ ရှိရင်တောင် အဆင့်မြင့်မိစ္ဆာသားရဲတွေရဲ့ လက်သည်းကနေ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။

သူကြည့်ရတာ တစ်ခုခုကို တွေးမိသွားတဲ့ပုံနဲ့ အင်္ကျီထဲ လက်နှိုက်ကာ လက်သီးဆုပ်အရွယ်အစား ပုလဲတစ်လုံး ထုတ်လာတယ်။ အတင်းအကျပ်ခါလိုက်တော့ ပုလဲက တစ်အောင့်နေတော့ အဖြူရောင်အလင်းတစ်ခု ထုတ်လာကာ နဂိုက မှောင်မည်းနေတဲ့ တစ်ဂူလုံးကို ထိန်လင်းသွားစေတယ်။ ခဏတွေးပြီးတော့ သူက ပုလဲကို ရှန်းရင်လက်ထဲ ထိုးပေးလိုက်တယ်။

"မိန်းကလေးရှန်း ကျေးဇူးပြုပြီး ဒါကိုင်ထားပေးပါ"

"ကောင်းပြီလေ" ရှန်းရင်ယူလိုက်တယ်။

ဒါပေမဲ့ သူက စတင်တူးထုတ်ပြန်ပြီး အဪမ်းဝလို့ထင် သူ့တစ်ကိုယ်လုံး ဆောင့်ကြောင့်ထိုင်တာတောင် အချိန်အတော်ကြာတဲ့ထိ ဘာကိုမှ ဆွဲမထုတ်နိုင်။ သူက လက်တွေကို အပြင်ဆွဲထုတ်ကာ သူ့ဖောင်းကားနေတဲ့ဗိုက်ကို ဖရဲသီးဖက်ထားသလို ဖက်ထားပြီး တစ်ခါနည်းမကာ အကြိမ်အနည်းငယ် ခုန်ဆွခုန်ဆွလုပ်တော့တယ်။

တဂျောက်ဂျောက်သံ လိုက်လာပြီး ပစ္စည်းတွေက သူ့ဗိုက်အရေပြားအောက်ကနေ တစ်ခုပြီးတစ်ခု ကျလာကာ မြေကြီးပေါ် အပုံလိုက်ကြီးဖြစ်သွားတယ်။ ဓမ္မလက်နက်တွေ၊ အဆောင်တွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ အရာရာပဲ။

ရှန်းရင် ဆွံ့အသွားတယ်။ နင့်ဗိုက်အောက်မှာ စကြဝဋ္ဌာအိတ်ကြီး ရှိနေတာလား။

"ရှာတွေ့ပြီ" ဟွေ့ကျယ်က ပျော်ရွှင်စွာနဲ့ သူ့ဘေးက ကြေမွနေတဲ့စာရွက်တစ်စကို ကောက်ယူပြီး သေချာဖွင့်လိုက်တယ်။ ကြည့်ရတာ ‌ဖတ်ရခက်တဲ့ တွန့်လိမ်ကောက်ကွေး မျဉ်းကြောင်းပါးလေးတွေနဲ့ဆိုတော့ မြေပုံတစ်ခုဖြစ်ပုံပဲ။

သူက အချိန်အတော်ကြာ မြေပုံကိုစိုက်ကြည့်နေပြီးတဲ့နောက် တွက်ချက်မှုတချို့ပြုလုပ်ရင်း သူ့လက်ချောင်းတွေကို ကွေးရင်း တစ်ယောက်တည်း တီးတိုးရေရွတ်နေကာ ပျော်ရွှင်မှုက သူ့မျက်နှာပေါ် တက်လာတယ်။ ထင်တဲ့အတိုင်း သူ မှန်တယ်၊ တောအုပ်အပြင်ဘက်က အတားအဆီးတွေကို ကျော်သွားဖို့ပဲ လိုပြီး လုံးဝလွတ်သွားတော့မှာ။

"မိန်းကလေးရှန်း ငါတို့ အခုရှိနေတဲ့နေရာက အထွတ်အမြတ်မြေအောက်နယ်နိမိတ်နဲ့ သိပ်မဝေးတော့ဘူး၊ တကယ်လို့ ငါခန့်မှန်းတာ မှန်ရင် ဒီဂူက ကျောက်တောင်တစ်ခုလုံးကို ဖြတ်သန်းနေပြီး ထွက်ပေါက်က တောအုပ်အပြင်ရောက်စေလိမ့်မယ်"

ရှန်းရင်ရဲ့ မျက်နှာထားက မပြောင်းလဲပေမဲ့ ခေါင်းညိတ်လိုက်ကာ မစိုးရိမ်ဘဲဖြေလိုက်တယ်။

"အိုး"

ဟွေ့ကျယ်ကတော့ ပျော်ရွှင်စွာနဲ့ ဆက်ပြောနေလေရဲ့။

"ဒီဂူက ‌ကြီးပေမဲ့ မြေအနေအထားက သိပ်ရှုပ်ထွေးပုံ မပေါ်ဘူး၊ ထွက်ပေါက်ရှာဖို့လွယ်မှာပါ"

"ကောင်းပြီလေ ဒါဆိုသွားကြစို့" ရှန်းရင်က တစ်ဖက်လှည့်ကာ ရှေ့ကိုထွက်သွားလေတယ်။

ဟွေ့ကျယ် မြေပြင်က ပစ္စည်းအားလုံးကို အမြန်ကောက်ပြီး ရှန်းရင်ရှိနေတော့ သူ့ဗိုက်ထဲ အားလုံး ပြန်ထိုးထည့်ဖို့ရှက်လွန်းတာမို့ လက်ထဲပဲပွေ့ပိုက်ကာ အမြန်ပြေးလိုက်တယ်။

သူက စောနက အကွာအဝေးကို တွက်ချက်ထားဝာာမို့ နယ်စပ်နဲ့ မဝေးတဲ့အတွက် ဒီဂူက ဘယ်လောက်ပဲရှုပ်ထွေးရှုပ်ထွေး အလွန်ဆုံး နာရီဝက်အတွင်း ထွက်ပေါက်ကို ရှာတွေ့သင့်တယ်။ သေချာပေါက် ကြားထဲတစ်ခုခု မဖြစ်တဲ့ အခြေအနေမှာပေါ့။

နှစ်နာရီအကြာ။

"မိန်းကလေး၊ ငါတို့ စောနကတင် ဒီကိုရောက်ခဲ့တယ်ထင်တယ်"

"အိုး ဒါဆို ဘယ်ဘက်သွားကြစို့"

"အဲကိုခြောက်ကြိမ် သွားပြီးပြီ"

"ဒါဆိုညာဘက်လား"

"ကိုးကြိမ်သွားပြီးပြီ"

"အနောက်ရော"

"အနောက်က လမ်းသေကြီးမို့ စောနကတင် အဲကလာခဲ့ကြတာလေ"

"အာ..." ရှန်းရင် တစ်ခဏတန့်သွားပြီး တစ်ဖက်လှည့်လာကာ သူ့အသင်းဖော်ပခုံးကို ပုတ်လိုက်တယ်။

"ဖက်တီးဟွေ့ ဒီမှာ အတော်လေး အေးဆေးတယ်ထင်တာပဲ၊ ငါတို့... တစ်ယောက်ယောက် လာကြိုမှာကိုပဲ ဒီမှာစောင့်ရင်‌ရော"

ဟွေ့ကျယ် ။ ။ "..."

မင်း လမ်းကို မမှတ်မိရုံပဲလို့ထင်တာပဲ။ ပြီးတော့ ဖက်တီးဟွေ့ဆိုတာကရော ဘာလဲ။ မင်းကသာ ဖက်တီးဖြစ်လာမဲ့သူ၊ မင်းတစ်မိသားစုလုံးက ဖက်တီးဖြစ်လာမှာ။

"မိန်းကလေးရှန်း..." ဟွေ့ကျယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တယ်။

"ငါတို့ တာဝန်လဲရင်ရော၊ မင်း အရင် အလင်းပုလဲကို ငါ့ဆီ ပြန်ပေးပြီး ငါလမ်းပြရင်ရော"

"အင်း" စောနက ပြောရောပေါ့၊ ရှန်းရင် ပစ္စည်းတစ်ပုံတစ်ပိုက်ကြီး ဖက်ထားတဲ့ ဟွေ့ကျယ်ကို တစ်ချက်ခိုးကြည့်ကာ လက်ထဲက တစ်ခုတည်းသော အလင်းပုလဲကို အဲပစ္စည်းပုံပေါ် တင်ပေးလိုက်တယ်။ အောက်မပြုတ်ကျအောင် သူမက နေရာမှာ မြဲစေတဲ့ အဆောင်တစ်ခုပါ သုံးပေးပြီး ခပ်သွက်သွက် သူ့နောက်သွားလိုက်တယ်။

"ပြီးပြီ"

သူမ ပစ္စည်းကူသယ်ပေးမှာကို စောင့်နေသော ဟွေ့ကျယ် ။ ။ "..."

လောကကြီးထဲက မိန်းမပျိုတွေအားလုံးက ဒီလိုမျိုးလား။

သူ ခဏတာ တန့်သွားပြီး နောက်ဆုံးတော့ သူ့ကံကြမ္မာကို လက်ခံကာ ပစ္စည်းတွေကြားထဲက ခက်ခက်ခဲခဲ မြင်ရတဲ့လမ်းကို ကြည့်ပြီး ရှေ့ဆက်ခဲ့တယ်။

နှစ်ယောက်သား ဂူတစ်ဝိုက် ၁၅မိနစ်လောက် ဟိုဟိုဒီဒီ လျှောက်သွားပြီးမှ အဖြူရောင်အလင်းတစ်ခု နောက်ဆုံးတော့ သူတို့ရှေ့ပေါ်လာကာ မဆိုစလောက် လန်းဆန်းသွားတယ်။

"ထွက်ပေါက်ပဲ" ဟွေ့ကျယ်က အပျော်လွန်သွားကာ အဲဘက်ကို ခြေလှမ်းသွက်သွက်လှမ်းသွားတယ်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက် တစ်ခုခုတွေးမိသွားသလိုမျိုး ရပ်သွားပြန်လေရဲ့ သူက လက်ထဲက ပစ္စည်းအားလုံးကို အောက်ချကာ အဆောင်တချို့ ထုတ်ပြီးတဲ့နောက် ရှန်းရင်ဆီ တွန်းပေးလိုက်တယ်။

"ထွက်ပေါက်အပြင်က အထွတ်အမြတ်မြေအောက်တောအုပ်နယ်စပ်ပဲ၊ သေချာပေါက် အဲမှာ စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေရှိလိမ့်မယ်၊ မြန်မြန် အဆောင်တွေကို ကပ်လိုက်၊ ဒီနည်းနဲ့ဆို သူတို့ ငါတို့ကို ရှာတွေ့မှာမဟုတ်ဘူး"

အဲလိုပြောပြီး သူက အဆောင်တချို့ကို သူ့တစ်ကိုယ်လုံးပေါ် ဒါဇင်နဲ့ချီ တစ်ခါတည်းကပ်လိုက်တာ သူ့ကိုယ်သူ လျှပ်စီးတိုင်အဖြစ် ပြောင်းလဲလုနီးပါးပဲ။ ရှန်းရင်က မလှုပ်တာမြင်တော့ သူက လောပြန်တယ်။

"မြန်မြန်ကပ်လိုက်၊ တကယ်လို့ ငါတို့ကိုရှာတွေ့သွားရင် ငါတို့ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူး"

ရှန်းရင် သူမလက်ထဲက ကောက်ကွေးစွာ ဆွဲထားတဲ့ အဆောင်တွေကို လှမ်းကြည့်လိုက်တယ်။ ရုပ်ဆိုးလိုက်တာ သူမ တကယ်ပဲ မကပ်နိုင်ဘူး။

"ငါ မသုံးဘူး" တကယ်လည်း မလိုအပ်တဲ့ဟာကို။

"ဒါတွေကို အထင်မသေးနဲ့နော်၊ သူတို့က အရမ်းအသုံးဝင်တယ်၊ ငါ ဒါတွေကြောင့် ထွက်ပြေးနိုင်ခဲ့တာ..."

သူက ပြောနေရင်း ရပ်သွားကာ ဆက်လောပြန်တယ်။

"တကယ် ငါ မင်းကို အန္တရာယ်မပေးပါဘူး၊ ငါတို့ သူတို့ရှိနေသရွေ့... ဟမ် မင်း ဘယ်သွားနေတာလဲ၊ ခဏလေး မိန်းကလေးရှန်း"

ရှန်းရင်က ထွက်ပေါက်ဆီ သွားနေပြီဆိုတာမြင်တော့ ဟွေ့ကျယ်သွေးပျက်ကာ မြေကြီးပေါ်က အားလုံးကို တစ်ခါတည်း ကောက်ယူပြီး တချို့တလေထွက်ကျတာကို ဂရုစိုက်မနေတော့ဘဲ အမှီလိုက်ဖို့ ခုန်ဆွခုန်ဆွ လိုက်ခဲ့တယ်။

"မိန်းကလေးရှန်း..."

သူ စကားမဆုံးခင် သူမက ဂူအပြင်ရောက်နေပြီဖြစ်ပြီး နောက်အခိုက်အတန့်မှာ အဖြူရောင်ပုံရိပ်နှစ်ခုက ရုတ်တရက် ကောင်းကင်မှာပေါ်လာကာ ထူထဲတဲ့ဝိညာဉ်ချီက သူတို့ကို ဝိုင်းသွားပြီး ရှေ့ကနေတားလေတယ်။ ဟွေ့ကျယ် ထိတ်လန့်သွားတယ်။ သူတို့ တကယ်ပဲ လိုက်မီသွားပြီပဲ သူ ရှန်းရင်ကို ဆွဲဖမ်းဖို့ နောက်ကျလွန်းသွားပြီမို့ သွေးပျက်သွားကာ သူ့ခြေထောက်ကလည်ပြီး ရှေ့မှောက်ထိုးရက်ကျသွားတယ်။ မြေကြီးနဲ့မျက်နှာနဲ့ စက္ကန့်ပိုင်းအတွင်း မိတ်ဆက်တော့မယ်။

ဒါပေမဲ့ ရှန်းရင်က ရုတ်တရက် လက်လှမ်းကာ သူ့လည်ထောင်ကိုဖမ်းဆွဲပြီး ပြန်ဆွဲထားလိုက်တယ်။

"မစိုးရိမ်နဲ့" သူ ဘာကိုစိုးရိမ်နေလဲ သိသလိုမျိုး ရှန်းရင်က ထပ်ပြောတယ်။

"ငါ့ကို လာကြိုသူတွေ ဒီရောက်လာပြီ"

လာကြိုတာလား။ ဟွေ့ကျယ် တုံ့ဆိုင်းသွားပြီး နှစ်ယောက်သားရဲ့ဝတ်ရုံလက်ကို ခိုးကြည့်လိုက်တော့ ရင်းနှီးနေတဲ့ ပုံစံတွေ မတွေ့ဘူး။ သူတို့က မဟုတ်...။

"ဟေး ဖေဖေနျို စားဖိုမှူး" ရှန်းရင်က အပြင်ထွက်ကာ သူတို့ကိုလက်ယမ်းပြနှုတ်ဆက်တယ်။

"ငါ့ဖင်ကိုဟေး" ကူယွဲ့ ဒေါသတကြီး သူမကိုစိုက်ကြည့်ကာ သူမကို ထုထောင်းချင်စိတ် ထိန်းချုပ်နေရတယ်။ တစ်ဖက်လှည့်လိုက်တော့ သူက ဖက်တီးကို တစ်ချက်ကြည့်ကာ နဂိုတည်းက မည်းနက်နေတဲ့ မျက်နှာထားက ပိုဆိုးသွားတယ်။

"တစ်ကိုယ်လုံးပေါ် စာရွက်အပိုင်းအစတွေနဲ့ အလုံးက ဘယ်သူလဲ၊ မင်း ဘယ်က ကောက်လာပြန်ပြီလဲ"

"ဂူအနားကလေ"

ကူယွဲ့ နှုတ်ခမ်းတွန့်သွားကာ ချက်ချင်း တုံ့ပြန်လိုက်တယ်။

"မင်းပျောက်သွားတဲ့ပစ္စည်းက အသိစိတ်တချို့ ရှိပေးလို့ရမလား၊ မင်း ပျောက်သွားတာ နာရီပိုင်းပဲ ရှိသေးတယ်၊ ကျေးဇူးပြုပြီး ကြုံရာကျပန်းတွေ မကောက်လာဘဲ နေလို့မရဘူးလား" အဆုံးကျ ပြုစုပျိုးထောင်ရသူက သူပဲ ဖြစ်သွားရော။

ကြုံရာကျပန်း ဟွေ့ကျယ် ။ ။ "..."

"ဆရာ..." ယိချင်းက လက်ပေါက်ကတ်တဲ့ ဖေဖေနျိုကို လျစ်လျူရှုကာ ရှန်းရင်လက်ကိုဆွဲကိုင်ပြီး ခေါင်းစခြေဆုံး သေချာစစ်ဆေးတော့တယ်။

"အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်" ရှန်းရင်က ခေါင်းယမ်းပြီး တွေးဆပြီးနောက် ထပ်ပြောလိုက်တယ်။

"ညစာပဲ မစားရသေးတာ"

"ကျွန်တော် ချက်ချင်း ညစာပြင်ပေးပါ့မယ်" ယိချင်း ချက်ချင်း တစ်ဖက်လှည့်ကာ မြေဂါထာတစ်ခု သုံးပြီး မီးဖိုတစ်ခု ချက်ချင်းတည်ဆောက်လိုက်တယ်။ နောက်တော့ သိုလှောင်အိတ်ထဲကနေ အိုးတွေခွက်တွေထုတ်၊ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးနဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ အသားတွေပါ ထုတ်တော့တယ်။ မီးတောက်လုံးကြီးတစ်ခု ဆင့်ခေါ်ကာ သူက ကျွမ်းကျင်စွာနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြော်တော့တယ်။

ဟွေ့ကျယ် ။ ။ "..."

(⊙_⊙)

ဘာ... ဘာဖြစ်နေတာလဲ။ သူတို့ မြန်မြန် ထွက်ပြေးသင့်တာမဟုတ်ဘူးလား။ သူတို့ ဘာလို့ရုတ်တရက် ညစာလုပ်နေတာလဲ။ အခြေအနေက လုံးဝပြောင်းလဲသွားတော့ သူ အချိန်မီတောင် မတုံ့ပြန်နိုင်။

တစ်ဖက်လူကို ကြည့်ကာ သူ မေးခွန်းထုတ်လိုက်တယ်။

"နှစ်‌ယောက်လုံး... မိန်းကလေးရှန်းမိတ်ဆွေတွေလား"

"ဟင့်အင်း" ကူယွဲ့က ချက်ချင်း ခွန်းတုံ့ပြန်ကာ သူ့အမူအရာက မည်းမှောင်နေတယ်။

"သူက ကြွေးရှင်" ကလေးတွေဆိုတာ အကြွေးလာတောင်းကြတဲ့ စိတ်အနှောင့်အယှက်တွေပဲ။

"..." ဟမ်။

"မင်းနဲ့ နောက်မှကိစ္စရှင်းမယ်" ကူယွဲ့က ဖက်တီးကို လျစ်လျူရှုကာ ရှန်းရင်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပေမဲ့ အကျင့်အတိုင်း စားပွဲတစ်လုံး၊ ထိုင်ခုံတွေနဲ့ ပန်းကန်ခွက်ယောက်တွေ ဆွဲထုတ်ကာ ဂူဝမှာထားလေတယ်။ မြေကြီးကသိပ်မညီတာမြင်သလိုမျိုး သူက ပြန့်သွားအောင် မြေဂါထာတစ်ခုပါ သုံးလိုက်သေး။

"..." ဒီလူတွေက ဘယ်သူတွေလဲ။

"မိန်းကလေးရှန်း..." သူ ရှန်းရင်ကို မေးခွန်းထုတ်တဲ့အကြည့်နဲ့သာ လှမ်းကြည့်နိုင်တော့တယ်။

ဒါပေမဲ့ သူမက စားဖိုမှူးဘေးဆီ ရွှေ့သွားပြီဖြစ်ကာ ခပ်တိုးတိုးမေးခွန်းထုတ်နေတာကို မြင်လိုက်ရတယ်။

"စားဖိုမှူး နင်ဒီလာတဲ့လမ်းမှာ တိရစ္ဆာန်လေးတွေ အားလုံးကို ကောက်ယူခဲ့လား"

"မစိုးရိမ်ပါနဲ့ ဆရာ၊ အားလုံး အဆင်ပြေတယ် တစ်ကောင်တောင် မကျန်ခဲ့ဘူး" အဲလိုပြောပြီး သူက ဘေးက သိုလှောင်အိတ်ကိုတောင် ပုတ်လိုက်သေးတယ်။

"တော်လိုက်တဲ့စားဖိုမှူး၊ အကြီးတစ်ကောင်ကို ကင်ဖို့လုပ်လိုက်"

"ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူး ဆရာ"

"ဖက်တီးဟွေ့၊ နင့်ကို ဒီည ညစာကျွေးမယ်"

ဟွေ့ကျယ် ။ ။ "..." ငါ့နာမည်က ဟွေ့ကျယ်

ကူယွဲ့ ။ ။ "..."

သေစမ်း လမ်းတစ်လျှောက် အဲမိစ္ဆာသားရဲတွေအားလုံးက သူမအတွက် အမဲလိုက်ပေးခဲ့တာလား။ စားဖိုမှုး သူတို့ကိုကောက်ယူဖို့ ဘာလို့ အတင်းပြောနေခဲ့ရလဲ သူသိချင်နေခဲ့တာ။

...

အခန်း ၄၅၀ ။ အသိတရားရှိသော ဖက်တီး

ဟွေ့ကျယ်ရဲ့ ကျိုးကြောင်းဆင်ခြင်တဲ့အသံက အခုအခြေအနေမှာ သူတို့မြန်မြန်ထွက်သွားသင့်တယ်လို့ ပြောနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက အထွတ်အမြတ်မြေအောက်တောအုပ်ဝင်ပေါက်နဲ့ မဝေးတာမို့ အစောင့်တွေကသူတို့ကို အချိန်မရွေးရှာတွေ့သွားနိုင်ပြီး စောနက သူဖန်တီးခဲ့တဲ့ ဝရုန်းသုန်းကားကြောင့် အနည်းဆုံးတော့ ဒီမှာ အစောင့်တွေ ရှိမှာပဲ။ အဲဒီအပြင် နောက်ကျနေပြီမို့ သူတို့ ကောင်းကင် လုံးဝမှောင်တဲ့ထိ စောင့်နေရင် အဆင့်မြင့်မိစ္ဆာသားရဲတွေနဲ့ အလွယ်တကူ တွေ့နိုင်တာမို အခုချိန်ထွက်သွားတာ အကောင်းဆုံးပဲ။

ဒါပေမမဲ့ သူ့အတွေးတွေက အတွေးသက်သက်ပါပဲ၊ တကယ့် အခြေအနေက...။

သူ့လက်ထဲက ပန်းကန်လုံးကို ငုံ့ကြည့်လိုက်တယ်။ ဘာကြောင့် သူထိုင်ချပြီး ညစာစားနေမိတာပါလိမ့် စားစရာက အနံ့မွှေးပြီး စားပွဲပေါ်ခင်းထားတဲ့ ဟင်းပွဲတွေအများကြီး ရှိကာ ဗိုက်ဆာနေတာ အတော်ကြာပြီဆိုပေမဲ့... သူ့အတွက်သူ ဘာဟင်းကိုမှ မလုနိုင်တဲ့အချက်က ဘာလဲ။

ლ(°△°)ლ

ဟင်းပွဲတွေ စားပွဲပေါ် တင်လိုက်တာနဲ့ သူ့ရှေ့ တူတွေ ဖျတ်ခနဲ ပြေးသွားတာကိုသာ မြင်လိုက်ရကာ မတုံ့ပြန်နိုင်ခင် ပန်းကန်က ဗလာကျင်းနေပြီ။ လေထဲ လွင့်မျောနေတဲ့ ဟင်းနံ့တွေရှိနေဆဲဖြစ်ပြီး သူ ဘေးမှာ နာရီဝက်လောက် ထိုင်နေခဲ့ပေမဲ့ အသားတစ်တုံးတောင် မယူနိုင်ခဲ့ဘူး။ ကျန်တဲ့အနှစ်တွေကိုလည်း ပန်းကန်တွေ ဆေးဖို့ ဟင်းချက်နေသူက ယူသွားတယ်။

သူ့လက်ထဲက အဖြူရောင်ထမင်းကို ကြည့်လိုက်ပြန်တယ်။ သူ့ကို ညစာကျွေးမယ်ဆိုတာ ဘာဖြစ်သွားတာလဲ။ သူမက တကယ်ပဲ သူ့ကို ထမင်းပဲကျွေးတာလား။

ဒါပေမဲ့ သူ့ဘေးမှာ စားစရာကို ပျော်ရွှင်စွာ လုယူနေဆဲ နှစ်ယောက်သားက အင်မတန်လေးနက်စွာနဲ့ မှတ်ချက်တွေ ပေးနေတုန်း။

"စားစား အရမ်းအရသာရှိတာ"

"အားလုံးကို ခင်းကျင်းပြီးသား၊ ဘာလို့ အားနာနေသေးတာလဲ၊ မင်း ဝေစုကိုစားလေ သေစမ်း ရှန်းရင်က အရှက်မရှိလိုက်တာ၊ ငါ့ပန်းကန်ထဲရှိနေပြီးသားကို မင်းက ယူသွားသေးတယ်"

ဟွေ့ကျယ် ။ ။ "..." အင်း ငါလည်း စားချင်ပါတယ်

(ಥ_ಥ)

ရုတ်တရက် သူ ဘာလို့ စောနကသာ ဖမ်းခံလိုက်ရရင် သိပ်ကိစ္စမရှိဘူးလို့ ခံစားနေရတာပါလိမ့်။

——————

နှစ်နာရီအကြာ။

ကောင်းကင်က ခုလုံးဝမှောင်သွားပြီဖြစ်ကာ စားသောက်ပြီးတဲ့လူတွေက နောက်ဆုံးတော့ သက်ရှိဇီဝရုပ်‌အလုံးတစ်လုံးကို ကြည့်ဖို့ အချိန်ရခဲ့ပြီ။

"တော်ဝင်အထွတ်အမြတ်ဂိုဏ်းလား" ကူယွဲ့ လက်ထဲကယပ်တောင်ကို လှည့်ရင်း ဟွေ့ကျယ်ကို ခေါင်းစခြေဆုံး ကြည့်တယ်။

"ဒီဂိုဏ်းက အရမ်းပဲရှိန်ဖို့ကောင်းတယ်လား"

"တာအိုရောင်းရင်း နောက်နေတာပဲဖြစ်ရမယ်၊ တော်ဝင်အထွတ်အမြတ်ဂိုဏ်းက လောကကြီးထဲက အမတဂိုဏ်းတွေအားလုံးရဲ့ ခေါင်းဆောင်ပဲ၊ တခြားအမတဂိုဏ်းတွေအားလုံးက သူတို့ကို လေးစားကြတယ်၊ သေချာပေါက် ရှိန်ဖို့ကောင်းတာပေါ့"

"မင်းကလည်း တော်ဝင်အထွတ်အမြတ်ဂိုဏ်းထဲကလား"

"ကျွန်တော့်ကို... သတ်မှတ်လို့ မရပါဘူး" သူက တန့်သွားပြီး တစ်ယောက်ချင်းစီကိုကြည့်ပြီးမှ ဆက်ပြောတယ်။

"ကျွန်တော်က တော်ဝင်အထွတ်အမြတ်ဂိုဏ်းထဲက အသေးအဖွဲကိစ္စလေးတွေကို တာဝန်ယူထရတဲ့ အပြင်စည်းဂိုဏ်းတပည့်ပါပဲ၊ ပြီးတော့ ကျွန်တော်က ချို့တဲ့နေတဲ့ဝိညာဉ်ကြောနဲ့လူဆိုတော့ ဘာချီမှ ခန္ဓာကိုယ်ထဲ မဆွဲသွင်းနိုင်ဘူး၊ ဒါကြောင့်... ကျွန်တော့်ကို တော်ဝင်အထွတ်အမြတ်ဂိုဏ်းရဲ့ တရားဝင်အဖွဲ့ဝင်အဖြစ် တွက်လို့မရပါဘူး"

ကူယွဲ့ မျက်လုံးတွေမှေးကာ ဆက်မေးခွန်းထုတ်လိုက်တယ်။

"အိုး ဒါဆို ထွက်သွားဖို့ ဘာလို့အလျင်လိုနေတာလဲ"

"အမ်..." သူ့မျက်လုံးတွေက ခဏပျာယာခတ်သွားပြီး အံကြိတ်လေတယ်။

"အမှန်တိုင်းပြောရရင် ကျွန်တော် ဂိုဏ်းထဲက ရွှေအမြုတေထိန်းသိမ်းသူကို အပြစ်ပြုမိခဲ့လို့ပါ၊ သူ့ရဲ့ ဓမ္မအသုံးအဆောင်တွေထဲကတစ်ခုကို မတော်တဆ ဖျက်ဆီးမိခဲ့တယ်၊ ဒီထိန်းသိမ်းသူက အမြဲစိတ်တိုလွယ်တာ၊ အရမ်းကြောက်လို့... အထွတ်အမြတ်မြေအောက်တောအုပ်ထဲက ဒီတားမြစ်နယ်မြေထဲ ထွက်ပြေးလာခဲ့တာပါ"

သူက တစ်ခုခုကို သတိပြန်ရသွားသလိုမျိုး သူတို့နှစ်ယောက်ကိုကြည့်ကာ မဝံ့မရဲပြောလိုက်တယ်။

"တာအိုရောင်းရင်းတို့ ဆိုရိုးရှိတဲ့အတိုင်း တွေ့ဆုံတယ်ဆိုတာ ကံပါလာလို့တဲ့၊ ကျေးဇူးပြုပြီး ဒီနေရာကနေ ကျွန်တော့်ကို ခေါ်ထုတ်သွားပေးဖို့ တောင်းဆိုလို့ရမလား"

ကူယွဲ့ သူ့ကိုတစ်ချက်ဝေ့ဝဲကြည့်ပြီးနောက် ခဏနေတော့ ပြန်ဖြေလိုက်တယ်။

"အဲဒါ ငါတို့..."

ဟွေ့ကျယ် မျက်လုံးတွေ တောက်ပသွားပေမဲ့ တစ်ဖက်လူရဲ့အဖြေထဲ ပြောင်းလဲမှုကို ကြားလိုက်ရတယ်။

"ငါတို့ကို ပိုက်ဆံပေးရင် အင်းပေါ့"

"..." ကံပါလာတာ ဘာဖြစ်သွားတာလဲ။

ဟွေ့ကျယ်နှုတ်ခမ်းတွေ တွန့်သွားပြီး တစ်ခုခုတွေးမိသွားသလိုမျိုး ဟိုဟိုဒီဒီကြည့်ကာ သူ စောနကကိုင်ထားတဲ့ ပစ္စည်းအပုံထဲကနေ အိတ်တစ်အိတ်ကို ဆွဲထုတ်ပြီး အပ်လိုက်တယ်။

"ဒီမှာ ဝိညာဉ်ကျောက်တုံးတချို့ရှိတယ်၊ ဒါနဲ့ဆို အဆင်ပြေမလားမသိဘူး"

နောက်အခိုက်အတန့်မှာ ချလွင်ခနဲအသံနဲ့အတူ အိတ်ထဲကနေ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၇ခု၈ခု ဗလာကျင်းသွားလေတယ်။

ကူယွဲ့မျက်လုံးတွေက အက်ကွဲကြောင်းလေးလို မှေးသွားပြီး အေးစက်တဲ့အမူအရာက ချက်ချင်း ချိုမြချစ်ကြည်တဲ့ပုံစံ ဖြစ်လာကာ ဟွေ့ကျယ်ပခုံးကို ပုတ်လိုက်တယ်။

"ညီကိုဖက်တီး မင်းပြောတာမှန်တယ်၊ တွေ့ဆုံတယ်ဆိုတာ ကံပါလာလို့ပဲ၊ မင်းကို လိုက်ပို့ပေးရုံပဲမလား၊ လုံး ဝပြဿနာမရှိပါဘူး ညီကိုဖက်တီး" အင်း ဒီတစ်ယောက်က သိတတ်တဲ့ဖက်တီးပဲ။

"အာ... ကျွန်တော့်နာမည်က ဟွေ့ကျယ်ပါ"

"ကောင်းပြီလေ ညီကိုဖက်တီးဟွေ့၊ အချိန်ကျပြီ၊ ခု ထွက်ခွာကြရအောင် ငါတို့ အနီးဆုံးအမတမြို့ဆီ ရောက်နိုင်ပါသေးတယ်" သူက အဲလိုပြောပြီး လက်တစ်ဖက်ဝှေ့ယမ်းကာ စားပွဲတွေနဲ့ ကုလားထိုင်တွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့အတူ အတူတူသိမ်းလိုက်တယ်။

"အခု... အခုချက်ချင်းလား" ဟွေ့ကျယ် မှင်တက်သွားပြီး အနည်းငယ်တုံ့ဆိုင်းသွားတယ်။

"ဘာဖြစ်တာလဲ၊ ညီကိုဖက်တီးက စားသောက်တာမပြီးသေးဘူးလား၊ ထပ်စားချင်တာပေါ့"

ထမင်းလည်း သက်သက်အဖိုးအခပေးရမှာနော်

"တာအိုရောင်းရင်း ခင်ဗျားအထင်လွဲနေပါပြီ" ဟွေ့ကျယ်က အလောတကြီး ရှင်းပြတယ်။

"နောက်ကျနေပြီ၊ အဲဒီအပြင် နေ့ခင်းက ကသောင်းကနင်းဖြစ်ခဲ့တာတွေနဲ့ တောအုပ်အပြင်မှာ ကျင့်ကြံသူတွေ အများကြီး စောင့်ကြပ်နေမှာ စိုးရိမ်မိတယ်၊ ဒါကလည်း တားမြစ်နယ်မြေပဲ၊ တကယ်လို့ ကျွန်တော်တို့ကို ရှာတွေ့သွားရင်... သူတို့ တာဝန်လဲချိန်ဖြစ်တဲ့ ညသန်းခေါင်ကို စောင့်ရင်ရော"

"မလိုပါဘူး၊ မစိုးရိမ်ပါနဲ့၊ သူတို့ ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး" ကူယွဲ့က ခေါင်းကိုယမ်းကာ သူအကြံပေးတာကို ချေပတယ်။ ဒါက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူတို့ ကျင့်ကြံဆင့်နဲ့ဆို ဘယ်သူမှ သူတို့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး...။ ပြီးတော့ သူ တစ်ယောက်သော cheatကို လှည့်ကြည့်ကာ ရှန်းရင်ရဲ့ တည်ရှိမှုနဲ့ဆို သူတို့ရှာတွေ့ခံချင်တယ်ဆိုရင်တောင် ခက်လိမ့်မယ်။

"ဒီတောအုပ်က အရမ်းမကြီးဘူး၊ ငါတို့ ဒီတိုင်း ပျံသန်းထွက်သွားလို့ရတယ်"

ဟွေ့ကျယ် ခဏစဉ်းစားပြီးတဲ့နောက် အနည်းငယ် စိုးရိမ်နေဆဲမို့ ချက်ချင်း နောက်ပြန်လှည့်ပြီး မြေကြီးပေါ်က ပစ္စည်းပုံကြီးကို ကောက်ကာ အဆောင်တစ်သုတ်ကိုဆွဲထုတ်ပြီး လျှောက်လာခဲ့တယ်။

"ဒါဆို ခင်ဗျားတို့အားလုံး ကျွန်တော်တို့ကို ပိုဘေးကင်းစေတဲ့ ဒီတစ်ခုကို ကပ်ကြရင်ရော"

ကူယွဲ့နဲ့ ယိချင်း သူတို့ဆီကို အဝါရောင်စာရွက်ပုံကြီး တွန်းပို့ပေးခံလိုက်ရတယ်။

"ဒါဘာလဲ"

"အရှိန်အဝါကွယ်အဆောင်တွေပါ သူတို့က လူတစ်ယောက်ကို ဝှက်ထားနိုင်တယ်"

ကူယွဲ့ သူ့လက်ထဲက ကြည့်စရာ တိတိကျကျ သဏ္ဌာန်မရှိ ရှုပ်ယှက်ခက်စွာ ဆွဲထားတဲ့ အဆောင်ကို ကြည့်လိုက်တယ်။ ဒါက အရှိန်အဝါကွယ်အဆောင်လား။ မင်း နောက်နေတာလား ငါ့ကို။

"ဘယ်သူက ဒီအဆောင်ကို ဆွဲခဲ့တာလဲ" ဒီလို သူတို့ထဲ စီးဆင်းနေတဲ့ဝိညာဉ်ချီ မရှိတဲ့ ဒီလို အဆောင်တွေကို ခြေသုံးပြီးဆွဲထားတာလား။

"ကျွန်... ကျွန်တော်ပါ" ဖက်တီးက အနည်းငယ်ရှက်ရွံ့စွာနဲ့ ခေါင်းကို ကုတ်တယ်။

"မင်းလား" ကူယွဲ့က သူ့ကို ခေါင်းစခြေဆုံးကြည့်တယ်။

"ကျင့်ကြံမှုကို မလေ့ကျင့်နိုင်ဘူး မဟုတ်လား"

သူ့ကိုယ်မှာ လုံးဝဝိညာဉ်ချီအရိပ်အယောင် မရှိတော့ တစ်ခါမှ မကျင့်ကြံဖူးလောက်ဘူး။

"တခြားတပည့်တွေကို တုပရင်း ဆွဲထားတာမို့ သူတို့ကိုသုံးလို့ရပါတယ်" သူက လေးနက်တဲ့ အမူအရာနဲ့ ပြောလာတယ်။

"သူတို့က အရမ်းအားနည်းပေမဲ့ တူညီတဲ့သက်ရောက်မှုရဖို့ နည်းနည်းလောက်ပိုကပ်ရုံပါပဲ၊ တကယ်ပါ"

"..." ဒါကြောင့် ကြမ်းတိုက်ဝတ်နဲ့တူအောင် သူ့ကိုယ်ပေါ်သူ အဲလောက်အများကြီးကပ်ထားတာလား။

"ညီကိုဖက်တီးရဲ့ အဆောင်တွေက တကယ့်ကို... ထူးခြားတာပဲ"

ကူယွဲ့ရဲ့ နှုတ်ခမ်းတွေက သူဌေးကြောင့် တွန့်သွားတယ်။

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ညီကိုဖက်တီး" အဲလိုနဲ့ သူက လက်ထဲက ယပ်တောင်ကို ပစ်ထုတ်လိုက်တယ်။ အဲဒါက ချက်ချင်း ကျယ်ပြန့်သွားပြီး သူတို့ရှေ့မျောလွင့်လာတယ်။

"သွားကြစို့" ဖက်တီးရဲ့ လည်ထောင်ကို ဆွဲဆုပ်ပြီး သူက အားတချို့နဲ့ ပစ်တင်လိုက်တယ်။

ဟွေ့ကျယ်က အချိန်မီ မတုံ့ပြန်နိုင်ဘဲ ဟန်ချက်ပျက်ကာ ယပ်တောင်ကနေ လိမ့်ကျသွားလုဖြစ်ပြီး သူ့ပစ္စည်းပုံကြီးကို တင်းတင်းသာ ဖက်ထားရကာ အလယ်တည့်တည့်မှာ ထိုင်နေလိုက်တယ်။

ဘေးမှာတော့ ယိချင်းက ခေါင်းကိုငုံ့ပြီး သူ့လက်ထဲက အဆောင်တွေကိုကြည့်ပြီး အကြည့်တွေက မည်းနက်နေတယ်။

"ဖေဖေနျို..."

"သိပြီ" ကူယွဲ့ ပြန်လှည့်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ ခပ်တည်တည်ခေါင်းညိတ်ပြတယ်။

"အဆင်ပြေပါတယ်၊ ငါတို့ ဒီကနေ ထွက်ချိန် စကားပြောကြတာပေါ့"

ကူယွဲ့ ခုန်တက်ပြီး သူ့ဘေးက တခြားနှစ်ယောက်ကို တစ်ချက်ကြည့်ကာ နောက်တော့ သူတို့စောနက ရှိနေခဲ့တဲ့ ဈေးဘက်ဆီ ပျံသန်းလာခဲ့တယ်။

ဟွေ့ကျယ်က နဂိုက နည်းနည်းစိုးရိမ်နေသေးပြီး ဒီလူနှစ်ယောက် မိန်းကလေးရှန်းရဲ့ အဖော်တွေကာ ကျင့်ကြံသူတွေ ဆိုပေမဲ့ သူတို့က ဆန်လွတ်ကင်းတဲ့ လေ့ကျင့်မှုအဆင့် မရောက်သေးတာကို အကြည့်တစ်ချက်နဲ့ ပြနေတယ်။ အများဆုံးမှ သူတို့က အုတ်မြေအခြေတည်အဆင့်ပဲ ရှိဦးမှာ။ အပြင်ဘက်က လူတွေအားလုံးက ရွှေအမြုတေကျင့်ကြံသူတွေ။ သူတို့ကိုသာ ရှာတွေ့သွားရင် တစ်ယောက်မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။

သူ မနေနိုင်ဘဲ ရင်တမမ ဖြစ်နေရပေမဲ့ အံ့ဩစရာက လမ်းတစ်လျှောက် ဘာမှမဖြစ်။ တပည့်တွေက သူတို့ကို မတားဆီးတာ မပြောနဲ့ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်တောင် ပေါ်မလာဘူး။

သူတို့တွ အထွတ်အမြစ်မြေအောက်တောအုပ်ကနေ ဘေးကင်းကင်းထွက်ခွာလာနိုင်ခဲ့ကာ အမတမြို့တစ်မြို့ထိ ပျံသန်းလာခဲ့တယ်။ ပြီးတော့ စိမ်ပြေနပြေလမ်းလျှောက်သလို ပွင့်ပွင့်လင်းလင်း မြို့ထဲဝင်ခဲ့တယ်။ နဂိုက အကာအကွယ်တင်းကြပ်တဲ့ မြို့တံခါးတွေရဲ့ အစောင့်တွေက သူတို့ကို မေးခွန်းတောင် မထုတ်။

ဟွေ့ကျယ်က အနည်းငယ် မင်သေနေတယ်။ သူ လုပ်နိုင်ခဲ့ပြီပေါ့... ဒီလိုမျိုးနဲ့တည်းလား။

သူတို့တွေ လမ်းအလယ်မှာ ရပ်ပြီး ကူယွဲ့ ဟွေ့ကျယ်ဘက် တောက်ပတဲ့အပြုံးနဲ့ လှည့်ကြည့်လိုက်တယ်။

"ငါတို့ ညီကိုဖက်တီး တောင်းဆိုတာကို ဖြည့်ဆည်းပေးပြီးပြီ၊ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတာမို့ ဒီမှာပဲ လမ်းခွဲကြမယ်နော်" အဲလိုပြောပြီး သူတုံ့ပြန်မှာကို မစောင့်ဘဲ ကလေးစုတ်နှစ်ကောင်ကို ဆွဲဖမ်းကာ တုံ့ဆိုင်းမှုနည်းနည်းလေးတောင်မရှိ ထွက်လာခဲ့တယ်။

မြန်မြန်သွားကြရအောင် မြန်မြန်သွားကြရအောင် ကြာကြာထပ်နေရင် သူ့နေထိုင်စရိတ်အတွက်ပါ ပေးရလောက်နိုင်တယ်။

ဟွေ့ကျယ် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

All Chapters