← Chapters

အခန်း (၂၀၉၃-၂၀၉၄)

Vol. 150 Ch. 2093-2094

အခန်း (၂၀၉၃-၂၀၉၄)

Vol. 150 Ch. 2093-2094

အပိုင်း(၂၀၉၃)

လူတိုင်း၏ အာရုံမှာ ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသော်လည်း သူတို့၏ မျက်လုံးထဲရှိ အဓိပ္ပာယ်များမှာ ယခင်နှင့် မတူတော့ပေ။ သူတို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ရှိနေသလို သူတော်စင် ဟားသွော၏ လုပ်ရပ်ကြောင့် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချသံများလည်း ပါဝင်နေသည်။

အချို့က ဝေ့ဝူယင်နှင့် ဆက်သွယ်မှု တည်ဆောက်ရန် စဉ်းစားနေကြသော်လည်း ကောင်းကင်နှလုံးသား ဂလက်ဆီနှင့် အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှ သူ၏ လုပ်ရပ်များကို ကြားသိရသောအခါ ကြောက်ရွံ့သွားကြသည်။ အကျိုးအမြတ် ရှိနိုင်သော်လည်း သူတို့မှာ နယ်မြေ သိမ်းပိုက်လိုသူ၏ နယ်ရုပ်များ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ဝေ့ဝူယင်က သူတော်စင် ဟားသွောကို တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ အမည်မဲ့ ဂလက်ဆီ၏ အခြေအနေမှာ ကိုင်တွယ်ရ ခက်ခဲလှသည်။ သူ၏ အချို့သော အကွက်များမှာ မရွှေ့ရသေးခင်မှာပင် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ သူသည် အခြားသူများထက် သာလွန်သော ပဲ့တင်ထပ် ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည့် ကတိမျိုးဖြင့် ဆွဲဆောင်၍ မရပေ။

အဘယ်ကြောင့်နည်း။

အကြောင်းမှာ အမည်မဲ့ ဂလက်ဆီသည် ပြည်ပနှင့် ပြည်တွင်းမှ အထွတ်အထိပ် သူတော်စင်များ (ပဲ့တပ်ထပ် ဝိညာဉ်အဆင့် သူတော်စင်များ) ကို မကြောက်ရွံ့သောကြောင့်ပင်။ သူတော်စင် ရှစ်ဦးထဲမှ မဟုတ်လျှင် အစောင့်အရှောက်က သူတို့ကို နှင်ထုတ်လိမ့်မည်။

ထို့ပြင် သူတို့ မသိသည်မှာ ဝေ့ဝူယင်သည် သူတို့ကို စုစည်းထားသော ကျင့်စဉ် လျှို့ဝှက်ချက်များကို သိရှိထားပြီး ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ အမြဲတမ်း တူညီနေမည် ဖြစ်ရာ တစ်ဦးကို အဆင့်မြှင့်ပေးလိုက်လျှင် ကျန်သူများလည်း လိုက်ပါလာမည် ဖြစ်သည်။ ညီမျှမှုကို ဖျက်ဆီး၍ မရပေ။

"ဒါဆို ဝေ့ဝူယင်က..."

ချင်ချူးမူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဝေ့ဝူယင် အနေဖြင့် သူတော်စင် ဟားသွော၏ အညံ့ခံမှုကို လက်ခံမှသာ အနာဂတ်အတွက် ခြေကုပ် ရနိုင်မည် ဖြစ်သည်။

သို့သော်လည်း...

"ဒါပေမဲ့ ဘာလို့ ဒီလောက် ရှုပ်ထွေးအောင် လုပ်နေရမှာလဲ"

ဝေ့ဝူယင်၏ အဂ္ဂိရတ် ကြယ်တာရာများက လှပစွာ တောက်ပလာပြီး သူက ဆက်ပြောလိုက်သည်။

"ဒီကိစ္စကို ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားစရာ ကောင်းအောင် လုပ်ရအောင်... လောင်းကြေး တစ်ခု လုပ်ပ်ကြစို့... အမည်မဲ့ ဂလက်ဆီရဲ့ အကြီးအကဲတွေ အားလုံး ပါဝင်မယ့် လောင်းကြေးမျိုးပေါ့... ခင်ဗျား ဂလက်ဆီရဲ့ ကံကြမ္မာ တစ်ခုလုံးကို ဒီနေရာမှာတင် တစ်ခါတည်း ဆုံးဖြတ်လိုက်ကြရအောင်"

သူတော်စင်များ၊ လျှို့ဝှက်အရှင်များနှင့် မူလ တရားသူကြီးများ အားလုံး အံ့အားသင့်ကာ မျက်မှောင်ကြုတ်သွားကြသည်။

"လောင်းကြေး ဟုတ်လား"

သူတော်စင် ရှက်တဲလ်စဖင့်က သတိပေးသော အသံဖြင့် ပြောလိုက်သည်။

ဝေ့ဝူယင်က ခပ်တိုးတိုး ရယ်မောလိုက်၏။

"ဒီလောင်းကြေးက ရိုးရှင်းတဲ့ ပြိုင်ပွဲတစ်ခု အပေါ်မှာ မူတည်လိမ့်မယ်... တကယ်လို့ ကျုပ် ရှုံးခဲ့ရင် မင်းတို့ရဲ့ နယ်မြေတွေကို ဒီဘေးဒုက္ခကာလမှာ ကျုပ် အပြည့်အဝ ကူညီပေးမယ့်အပြင်၊ လောကရှန့်ထို အဆင့်နဲ့ အထက်မှာ ရှိတဲ့ ပါဝင်သူ တိုင်းကို ရာစုနှစ် တစ်ခုစီမှာ လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန် ၁၀ ခုစီ ပေးမယ်လို့ ကတိပေးတယ်... ဒါပေမဲ့ သူက နယ်မြေ အုပ်ချုပ်သူ ဖြစ်ရမယ်"

"..."

လူတိုင်း အံ့အားသင့်သွားကြသည်။

၁၀ ခု...

တစ်ဦးကို ၁၀ ခုစီ...

၎င်းမှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။

"ဒါဆို အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က နိုင်ခဲ့ရင်ကော"

သူတော်စင် နက်ပစ်က မေးလိုက်သည်။

"တကယ်လို့ ကျုပ် ဒီလောင်းကြေးကို နိုင်ခဲ့ရင်တော့... ခင်ဗျားတို့ အားလုံး၊ ခင်ဗျားတို့ရဲ့ နယ်မြေတွေနဲ့ အင်အားစုတွေ အားလုံး အာရုဏ်ဦး အင်ပါယာရဲ့ လက်အောက်ခံတွေ ဖြစ်လာရမယ်... အမည်မဲ့ ဂလက်ဆီဆိုတာ... နောက်ဆုံးတော့ နာမည်တစ်ခု ရှိလာရလိမ့်မယ်"

"အဓိပ္ပာယ်မရှိလိုက်တာ လုံးဝကို အဓိပ္ပာယ် မရှိဘူး..."

ဖူကေနာ ဟု လူသိများပြီး ယင်အခြေခံ ကျင့်စဉ်များနှင့် အစီအရင်မန္တန်များတွင် အထူးထင်ရှားကျော်ကြားသည့်အပြင် သူတော်စင်များ ဦးဆောင်ခြင်းမရှိသော ရှေးအကျဆုံး အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သူ အဘွားအိုကြီး တစ်ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်အော်ဟစ်လိုက်သည်။

ဖူကေနာ သို့မဟုတ် အိပ်မက်ဆိုး ယင်အရှင်သခင်သည် လက်ရှိအချိန်အထိ သက်တမ်းအရှည်ဆုံး လျှို့ဝှက်အရှင် တစ်ဦး ဖြစ်သည်။ သူမသည် အစစ်အမှန် သူတော်စင်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းရာတွင် အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးရာ သူမ၏ ကျင့်ကြံခြင်းဖြင့် ထိန်းသိမ်းထားသော အလှအပများပင် ပျက်စီး၍ အိုမင်းရင့်ရော်မှုများ ထင်ဟပ်နေပြီဖြစ်သည်။ အဆင့်တက်လှမ်းရန် ကြိုးစားတိုင်း အလွန်တရာ အန္တရာယ်ကြီးမားလှပြီး ကျရှုံးခြင်းသည် များသောအားဖြင့် သေဆုံးခြင်းကိုသာ ဆိုလိုပေသည်။

ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော အဆင့်တက် စမ်းသပ်မှုများမှ အသက်ရှင်လွတ်မြောက်ရန် နည်းလမ်းများစွာကို ဖော်ထုတ်ခဲ့ကြသည်။ ဥပမာအားဖြင့် သဘာဝအလျောက် ဖြစ်ပေါ်သော လျှို့ဝှက်မူလရည် နှင့် အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်မှ အသစ်ထုတ်ဖော်လိုက်သော အာရုဏ်ဦး ကောင်းကင်အလင်း ဆေးရည် တို့ ဖြစ်ကြသည်။ ထို့ပြင် အသက်ဆက်နိုင်မည့် ကောင်းကင်ဘုံ ရတနာများနှင့် ထူးခြားသော ကျင့်စဉ်များလည်း ရှိသော်လည်း စမ်းသပ်မှု အဆင့်မြင့်လေလေ ကျရှုံးနိုင်ခြေ များလေလေ ဖြစ်ရာ လူအများစုမှာ သမိုင်းထဲတွင် ပျောက်ကွယ်သွားကြရစမြဲ ဖြစ်သည်။

ဖူကေနာသည် ထိုနည်းလမ်းများကို အသုံးပြု၍ အကြိမ်ကြိမ် အသက်ရှင်ခဲ့ပြီး အသက်ရာကျော်သည်အထိ နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အကြိမ်ကြိမ် ကျရှုံးခဲ့သော်လည်း အစစ်အမှန် သူတော်စင်အဆင့်သို့ တက်လှမ်းရန် နောက်ထပ်တစ်ကြိမ် ပြင်ဆင်နေသည်ဟူသော ကောလာဟလများလည်း ရှိနေသည်။ သူမ၏ စိတ်ဓာတ်မှာ မယိမ်းမယိုင်ဘဲ ဇွဲနပဲ ကြီးမားလှပေသည်။

"ဂလက်ဆီတစ်ခုလုံးရဲ့ ကံကြမ္မာကို လောင်းကြေးတစ်ခုနဲ့ ဘယ်လိုလုပ် ဆုံးဖြတ်လို့ ရမှာလဲ... ငါတို့က ကလေးတွေလား... ဒါက ဒီလောက် ရိုးရှင်းတဲ့အရာနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး"

ဖူကေနာ၏ အသံမှာ ဒေါသတကြီး ထွက်ပေါ်လာသည်။ သူမ၏ စကားကြောင့် ဝေ့ဝူယင်၏ မက်လောက်စရာ လောင်းကြေးအပေါ် စိတ်ဝင်စားနေသူများမှာ ချက်ချင်းပင် ပြန်လည် စဉ်းစားသွားကြတော့သည်။

သူတော်စင် ခွန်ရှူးက သူ၏ မျက်လုံးထဲမှ အနေရခက်နေသော အရိပ်အယောင်ကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ခဏတာမျှ သူ၏ ဝိညာဉ်ထက်တွင် ထိုလောင်းကြေးအပေါ် လောဘစိတ်များ ထကြွသွားခဲ့ပြီး ဝေ့ဝူယင်၏ စည်းရုံးမှုတွင် ပါဝင်သွားလုနီးပါး ဖြစ်ခဲ့ရသည်။

လူအများ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဖူကေနာက သွားကြိတ်လျက် ဝေ့ဝူယင်ကို သံသယဖြစ်ဖွယ် ကောင်းသော၊ ဆွဲဆောင်မှုရှိသော အကြံကြီးလှသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် စိုက်ကြည့်နေတော့သည်။

"သူ ပြောတာ မှန်တယ်"

ပညာရှိ အသွင်ရှိသော မူလတရားသူကြီး ဒင်း ကိုင်ရိုက ဖြူရော်သော မျက်နှာဖြင့် ထောက်ခံလိုက်သည်။ သူသည်လည်း ခဏတာမျှ ကံစမ်းလိုစိတ်ဖြင့် အားလုံးကို ရင်းနှီးရန် အသင့်ဖြစ်ခဲ့မိသည်။ ၎င်းမှာ သူ၏ အပြစ်မဟုတ်ပေ။ ဝေ့ဝူယင် ချမှတ်ထားသော စည်းကမ်းချက်များမှာ ငြင်းဆန်ရန် ခက်ခဲလွန်းလှသည်။ ဂလက်ဆီအတွင်း ဘေးဒုက္ခများ ကြုံတွေ့နေရချိန်တွင် တစ်ဦးချင်းစီအတွက် အကျိုးအမြတ်မှာ အလွန်ကြီးမားနေခြင်းကြောင့် ဖြစ်သည်။

အထူးသဖြင့် နယ်မြေအနည်းငယ်သာ ပိုင်ဆိုင်သူများအတွက်မူ ဤစည်းကမ်းချက်မှာ အလွန်ပင် သဘောတူချင်စရာ ကောင်းနေသည်။ ဒင်း ကိုင်ရိုမှာ ဂလက်ဆီအတွင်း အကြီးဆုံးသော ပညာရေးစင်တာနှင့် အကယ်ဒမီကို အုပ်ချုပ်သူ ဖြစ်ရာ သူ အညံ့ခံလိုက်သော်လည်း သူ၏ အဆင့်အတန်းမှာ ပြောင်းလဲသွားမည် မဟုတ်ပေ။ သို့သော် အဖွဲ့အစည်းတစ်ခုလုံး အနေဖြင့် ကြည့်မည်ဆိုလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အာဏာများ ဆုံးရှုံးသွားနိုင်သဖြင့် လက်ခံရန် မလွယ်ကူလှပေ။

ဒင်း ကိုင်ရိုသည် သူ၏ တပည့်ဟောင်း ဖြစ်သလို အောင်မြင်မှု အကြီးမားဆုံးဖြစ်သော လျှို့ဝှက်အရှင်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာတွင်လည်း လောဘအရိပ်အယောင်များ ဖြတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ပညာရှိ အသွင်အပြင် ရှိသော်လည်း ပြင်းထန်သော ရည်မှန်းချက် မရှိပါက အာဏာရှင် ရှန့်ထိုအဆင့်သို့ မည်သို့ ရောက်ရှိနိုင်ပါမည်နည်း။ ဖူကေနာ၏ စကားကြောင့် တုံ့ဆိုင်းမသွားသူမှာ သူတစ်ဦးတည်း မဟုတ်ပေ။

"နေပါဦး"

လျှို့ဝှက်အရှင် မဟာ သဲပင်လယ် သခင်က ဟိန်းဟောက်၍ ဝင်ပြောလိုက်ရာ လူတိုင်း၏ အာရုံက သူ့ထံ ရောက်သွားသည်။

"ငါတို့ ဘာကိုမှ မဆုံးဖြတ်ခင်မှာ ဒီလောင်းကြေးဆိုတဲ့ ပြိုင်ပွဲက ဘယ်လို ပြိုင်ပွဲမျိုးလဲ ဆိုတာကို အရင် သိသင့်တာ မဟုတ်ဘူးလား"

"..."

ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။ တစ်ဖန် လောဘစိတ်များ ပြန်လည် နိုးထလာပြန်သည်။ ဝေ့ဝူယင် ကမ်းလှမ်းထားသော အုပ်ချုပ်သူ တစ်ဦးချင်းစီအတွက် လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန် ၁၀ ခုစီ ဆိုသည်မှာ ငြင်းဆန်ရန် အလွန်ခက်ခဲလှသည်။ အမည်မဲ့ ဂလက်ဆီတွင် သယံဇာတများ ပေါကြွယ်ဝသော်လည်း လောကရှန့်ထို ၊ ကောင်းကင်ရှန့်ထို နှင့် အာဏာရှင် ရှန့်ထို များအတွက် အသုံးဝင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ၏ တန်ဖိုးမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်။

၎င်းမှာ ရာစုနှစ်တစ်ခုစီတိုင်းတွင် ထောင်နှင့်ချီ၍ ပေးအပ်မည့် ကတိမျိုး ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဝေ့ဝူယင် ပေးနိုင်မည်လောဟု သံသယဖြစ်စရာ ရှိသော်လည်း သူ၏ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို မြင်တွေ့ရပြီးနောက်တွင်မူ မည်သူမျှ မသံသယ မဖြစ်ဝံ့ကြပေ။

"နင်က သောက်ရူလား... စဉ်းစားစမ်း... သဲပင်လယ် သေချာစဉ်းစား"

ဖူကေနာက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"သူက ဒီလောက်အထိ လောင်းကြေးထပ်ဝံ့တယ် ဆိုရင် ဒီပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေနဲ့ အနိုင်ရဖို့ အခြေအနေတွေမှာ သူက အပြည့်အဝ ယုံကြည်ချက် ရှိနေလို့ပဲ ဖြစ်ရမယ်"

"..."

သူမ၏ စကားကြောင့် လူတိုင်းမှာ ခုနစ်ရောင်ခြယ် စင်မြင့်ပေါ်တွင် အေးအေးဆေးဆေး ပြုံးလျက် ရှိနေသော ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ကြသည်။

"ငါတို့ အနေနဲ့ အခြေခံလောက်တော့ သိထားသင့်တာပေါ့... ဒါမှ ချက်ချင်း ငြင်းမလား၊ ဒါမှမဟုတ် ငါတို့ တစ်ဦးချင်းစီနဲ့ ကိုက်ညီမယ့် စည်းကမ်းချက်တွေ ပြန်ညှိမလား ဆုံးဖြတ်လို့ ရမှာပေါ့..."

သဲပင်လယ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ သူသည် အဆဲခံရသဖြင့် မကျေမနပ် ဖြစ်နေသော်လည်း ဤနေရာ၏ စည်းကမ်းအရ ထိုအဘွားကြီးကို ပြန်လည် တိုက်ခိုက်၍ မရပေ။

သဲပင်လယ်၏ စကားအဆုံးတွင် ဖူကေနာ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားသည်။ သူ၏ စကားထဲတွင် ပါဝင်သော ငါတို့ နှင့် တစ်ဦးချင်းစီ ဆိုသည့် အချက်ကို အချို့က ရိပ်မိသွားကြပြီ ဖြစ်သည်။ သူတော်စင် ဟားသွော၏ အနစ်နာခံမှုမှာ ဤကဲ့သို့သော အခြေအနေမျိုးကို တားဆီးရန် ဖြစ်သော်လည်း အကယ်၍ တစ်ဦးချင်းစီအလိုက် ဤပြိုင်ပွဲကို လက်ခံမည်ဆိုပါက အမည်မဲ့ ဂလက်ဆီမှာ စုစည်းမှု ပျက်ပြားသွားပေတော့မည်။

***

အပိုင်း(၂၀၉၄)

သူတော်စင် ဟားသွောနှင့် သူတော်စင် ပါခက်တို့၏ မျက်နှာများ ပျက်သွားကြသည်။

သူတော်စင် အီမန်တက်က လှောင်ပြောင်သော အသံဖြင့်...

"ညီမလေးလော့ရဲ့ ဧကရာဇ်က တော်တော်လေးကို ကောက်ကျစ်တာပဲ... စကားတစ်လုံးမှ မပြောဘဲနဲ့ အကျိုးအမြတ်တွေ ပြပြီး ငါတို့ရဲ့ စည်းလုံးမှုကို ဖျက်ဆီးနေတာပဲ... သူက အုပ်ချုပ်သူ တစ်ယောက်ချင်းစီကို ငွေနဲ့ ဝယ်တော့မှာလား"

လော့နင်က ပြုံးလိုက်၏။

"သူတော်စင် ရှစ်ဦး သဘောမတူသရွေ့ ဘာမှ အရေးမပါဘူးဆိုတာ ကျွန်မတို့ သိပါတယ်... တစ်ကမ္ဘာလုံးက အရှင်မင်းကြီးကို လက်အောက်ခံဖို့ သဘောတူရင်တောင် သူတို့ နှင်ထုတ်ခံရမှာပဲလေ"

သူတော်စင် အီမန်တက်သည် လော့နင်၏ လှပသော မျက်နှာကို ကြည့်ရင်း စိတ်ပျော့သွားသော်လည်း ကျောချမ်းသည့် ဝေဒနာကိုမူ မဖျောက်နိုင်ပေ။ သူမသည်လည်း သူတော်စင် ခွန်ရှူးကဲ့သို့ပင် ခဏတာမျှ စိတ်လှုပ်ရှားသွားခဲ့မိသည်။

သူတော်စင် ရှက်တဲလ်စဖင့်က ရှေ့ထွက်၍ မေးလိုက်၏။

"အာရုဏ်ဦး ဧကရာဇ်က ဘယ်လို ပြိုင်ပွဲမျိုးကို ပြိုင်ချင်တာလဲ"

အကယ်၍ မတရားသော ပြိုင်ပွဲမျိုး ဆိုပါက အားလုံးက ငြင်းပယ်ကြပေလိမ့်မည်။

"ဟင်း..."

ဝေ့ဝူယင်က အသာအယာ ညည်းတွားရင်း ခန်းမဆောင်ကြီးကို ကြည့်လိုက်သည်။

"ဒီလို လုပ်ကြစို့... ရိုးရိုးရှင်းရှင်းပဲ တိုက်ခိုက်ရေး ပြိုင်ပွဲပေါ့... စည်းကမ်းချက်ကို ဒီလို သတ်မှတ်မယ်... ငါ့ရဲ့ အာရုဏ်ဦး အင်ပါယာဘက်က လျှို့ဝှက် အာဏာရှင် အဆင့်ရဲ့ အောက်ခြေအဆင့် ကျင့်ကြံသူ အချို့ကို ရွေးချယ်မယ်... အမည်မဲ့ ဂလက်ဆီ ဘက်ကတော့ အဆင့်မြင့် ကျင့်ကြံသူကို ရွေးချယ်ပေါ့... ဒါပေမဲ့ အထွတ်အထိပ် သူတော်စင် (ပဲ့တင်ထပ် ဝိညာဉ် အဆင့်) တွေတော့ မပါရဘူး... ပြီးရင် ငါတို့ တိုက်ပွဲဆင်နွှဲကြမယ်... နိုင်တဲ့သူက အောင်နိုင်သူပဲ"

"..."

"..."

"..."

ဝေ့ဝူယင်၏ ကမ်းလှမ်းချက်ကြောင့် လူတိုင်း ဆွံ့အသွားကြသည်ဟု ဆိုလျှင်ပင် မမှားပေ။ ၎င်းမှာ သူ၏ဘက်မှ အလွန် အခြေအနေ မဟန်သော ကမ်းလှမ်းချက် ဖြစ်ရုံသာမက ရှုံးနိမ့်မှုကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

"နေပါဦး"

ဒင်း ကိုင်ရိုက ဝင်ပြောလိုက်သည်။

"သူတို့က အဆောင်လက်ဖွဲ့တွေ၊ ဆေးလုံးတွေ၊ အစီအမံတွေနဲ့ ကောင်းကင်ဘုံ ရတနာတွေကို သုံးခွင့်ရှိမှာလား"

သူ၏ စကားကြောင့် လူတိုင်း ချက်ချင်းပင် သတိဝင်သွားကြသည်။

ဝေ့ဝူယင်က သူတို့ကို မြှူဆွယ်နေခြင်း ဖြစ်သည်။ သူ၏ တပည့်များကို အလွန် အစွမ်းထက်သော အဆောင်လက်ဖွဲ့များနှင့် ရတနာများ ပေးအပ်၍ ကြွယ်ဝမှုဖြင့် အနိုင်ယူရန် ကြိုးစားနေခြင်းလော။ သူတို့ မည်သို့ သဘောတူနိုင်ပါမည်နည်း။

လူတိုင်း၏ အကြည့်က လော့နင်ထံသို့ ရောက်သွားကြသည်။ သူမသည် ထိန်ကျန့်ဝမ်ကိုပင် ယှဉ်ပြိုင်နိုင်သော ဉာဏ်အလင်းရ သူတော်စင် အဆင့်အထိ အစွမ်းကို ခေတ္တ မြှင့်တင်နိုင်ခဲ့သည် မဟုတ်ပါလား။ ထိုအဂ္ဂိရတ်အိုးမှာ အလွန် အစွမ်းထက်သော ရတနာကြီး ဖြစ်သည်။

သူတော်စင် အီမန်တက်က နှုတ်ခမ်းဆူလိုက်၏။

"အရှင်မင်းကြီးက ဒီလောက်အထိ သိသာလွန်းတဲ့ ကိစ္စမျိုးကို လုပ်လောက်အောင် အရှက်မရှိတဲ့သူ မဟုတ်ပါဘူး..."

လော့နင်က သူမကို နှစ်သိမ့်လိုက်သည်။

"သူက ကိုယ့်ဘက်က အားနည်းတဲ့ စည်းကမ်းချက်တွေကို သဘောတူမှာပါ... သူတော်စင် ဟားသွောကြောင့်လည်း ပါပါတယ်... တကယ်လို့ သူ ရှုံးသွားခဲ့ရင်တောင် ဒီအခွင့်အရေးကို သုံးပြီး ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မှာပဲ... အဲဒီအချိန်ကျရင် အာရုဏ်ဦး အင်ပါယာနဲ့ အမည်မဲ့ ဂလက်ဆီဟာ ခိုင်မာတဲ့ မဟာမိတ်တွေ ဖြစ်သွားကြမှာလေ...”

“တကယ်တော့ အမည်မဲ့ ဂလက်ဆီဆိုတာ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ နေရာကြီးပါ... နောက်ထပ် နှစ်ပေါင်း တစ်သောင်းလောက် ဆိုရင် ဒီနေရာဟာ အဂ္ဂိရတ် ပညာရှင်တွေနဲ့ ကျင့်ကြံသူတွေအတွက် အကောင်းဆုံး နေရာဖြစ်လာမှာပဲ"

သူမ၏ ရှင်းပြချက်ကြောင့် သူတော်စင် အီမန်တက်၏ မျက်နှာမှာ ပြေလျော့သွားသည်။ ဝေ့ဝူယင်သည် အနိုင်ရရန်ထက် သူတော်စင် ဟားသွော၏ ပိတ်ဆို့မှုကို ကျော်လွှား၍ အနာဂတ်အတွက် လမ်းစဖွင့်လိုခြင်း ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

အနိုင်အရှုံးထက် သူ၏ အင်ပါယာကို အမည်မဲ့ ဂလက်ဆီ၏ ကံကြမ္မာနှင့် ချိတ်ဆက်နိုင်ရန် သူ ကြိုးပမ်းနေခြင်း ဖြစ်သည်။ အကျိုးအမြတ်များကို မြင်တွေ့ရပြီးနောက် သူတို့သည် ခိုင်မာသော မဟာမိတ်များ ဖြစ်လာကြပေလိမ့်မည်။ ဝေ့ဝူယင်၏ ရည်ရွယ်ချက်မှာ သိမ်းပိုက်ရန် မဟုတ်ဘဲ မဟာမိတ်ဖွဲ့ရန်လော။ ထိုသို့ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။

အခြားသော သူတော်စင်များလည်း လော့နင်၏ စကားကို ကြားသွားကြသည်။ သူမသည် ဝိညာဉ်အာရုံဖြင့်သာ ပြောဆိုနေခြင်း ဖြစ်သော်လည်း... သူမမှာ မြေကြီးရှန့်ထို သာ ဖြစ်ရာ လျှို့ဝှက်အရှင်များနှင့် သူတော်စင်များ၏ နားမှ ဖုံးကွယ်၍ မရပေ။ သူတို့ အားလုံး သဘောပေါက်သွားကြသည်။

သူတော်စင် ပါခက်မှာ ပြုံးပင် ပြုံးလိုက်မိသည်။ သူတို့၏ အကြံအစည်ကြောင့် ဝေ့ဝူယင် အနေဖြင့် ဤကြွယ်ဝသော ဂလက်ဆီတွင် ခြေကုပ်ရရန် အကြီးအကျယ် အရှုံးခံရတော့မည် မဟုတ်ပါလား။

"ကောင်းပြီလေ... ဒါဆိုရင် အဆောင်လက်ဖွဲ့တွေ၊ ဆေးလုံးတွေနဲ့ အတင်းအကျပ် အဆင့်မြှင့်တင်ပေးမယ့် နည်းလမ်းမှန်သမျှကို ပိတ်ပင်ထားမယ်... လိုအပ်ရင် ကောင်းကင် ရတနာတွေကိုလည်း ကန့်သတ်ထားလို့ ရပါတယ်"

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ယခုအခါ လော့နင်၏ စကားကို မကြားရသူများပင် ဝေ့ဝူယင်က အရှုံးပေးနေခြင်း ဖြစ်ကြောင်း နားလည်သွားကြပြီ။ သူတို့သည် ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြရာ ဝေ့ဝူယင်သည် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် ရေရှည်စီမံကိန်း ချနေခြင်းဖြစ်ကြောင်း ရိပ်မိသွားကြသည်။

သူသည် အစပိုင်းတွင် အကြီးအကျယ် အရှုံးခံ၍ ရေရှည်ကစားတော့မည် ဖြစ်သည်။ အကယ်၍ အာရုဏ်ဦး အင်ပါယာနှင့် အမည်မဲ့ ဂလက်ဆီတို့သည် ခိုင်မာသော မဟာမိတ်များ ဖြစ်လာပါက အနာဂတ်တွင် နှစ်ဦးနှစ်ဖက် ရရှိမည့် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိ ကြီးမားလှပေမည်။ အမည်မဲ့ ဂလက်ဆီသည်လည်း လျှို့ဝှက် ကာကွယ်မှုအချို့ အောက်တွင် ရှိနေကြောင်း သူတို့ နားလည်ထားကြသည်။

အချို့မှာ အပြစ်မကင်းသလို ခံစားလာရသည်။ သူတော်စင် ဟားသွော၏ လုပ်ရပ်မှာ ဝေ့ဝူယင်ကို ဘောင်ခတ်ထားရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း ဝေ့ဝူယင်ကမူ စေတနာအမှန်ဖြင့် ကူညီရန် ကြိုးစားနေခြင်း မဟုတ်ပါလား။ သူတော်စင် ဟားသွောကိုယ်တိုင်လည်း ဝေ့ဝူယင်အပေါ် အားနာသော စိတ်များ ဖြစ်ပေါ်လာရသည်။

"အာရုဏ်ဦး ဧကရာဇ် ပြောတဲ့ အဆင့်မြင့် ကျင့်ကြံသူ ဆိုတာက ဘယ်အဆင့်တွေကို ဆိုလိုတာလဲ"

ဒင်း ကိုင်ရိုက မေးမြန်းလိုက်သည်။ သူသည် အမြဲတမ်း စူးစမ်းတတ်သူ ဖြစ်ရာ အဓိပ္ပာယ် ကွဲလွဲမှုများ မရှိစေရန် သေချာအောင် လုပ်လိုခြင်း ဖြစ်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

"အဆင့်မြင့် ကျင့်ကြံသူတွေ ဆိုတာက လောကရှန့်ထို ၊ မူလတရားသူကြီး ၊ လျှို့ဝှက်အရှင် နဲ့ သူတော်စင် တွေကို ဆိုလိုတာပါ... အောက်ခြေအဆင့် ဆိုတာကတော့ လျှို့ဝှက် ကြယ်တာရာ၊ လျှို့ဝှက် ဝိညာဉ်၊ သေမျိုးတစ်ပိုင်း အရှင်နဲ့ သင်္ကေတ ဘုရင်တွေပေါ့... ကျုပ်ကတော့ အဂ္ဂိရတ် တာအိုရဲ့ စံနှုန်းတွေအတိုင်း ပြောတာပါ"

အဂ္ဂိရတ် တာအို၏ သတ်မှတ်ချက်အရ လျှို့ဝှက်မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်များသည် လျှို့ဝှက်ကြယ်တာရာ အဆင့် မှ မြေကြီးရှန့်ထို အဆင့် များအတွက် သင့်လျော်ပြီး၊ လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန်များသည် လောကရှန့်ထို ၊ ကောင်းကင်ရှန့်ထို ၊ အာဏာရှင် ရှန့်ထို နှင့် အစစ်အမှန် သူတော်စင် များအတွက် အလွန် တန်ဖိုးရှိလှပေသည်။

၎င်းကို ကြားသောအခါ လူတိုင်း စိတ်သက်သာရာ ရသွားကြပြီး အောင်ပွဲမှာ သူတို့ လက်ထဲတွင် ရှိနေပြီဟု ယူဆလိုက်ကြသည်။

"ဒါဆိုရင် အဆင့်မြင့် ကောင်းကင်ဘုံ ရတနာတွေနဲ့ လျှို့ဝှက်ကောင်းကင်အဆင့် လက်နက်တွေကိုတော့ ပိတ်ပင်ထားရအောင်... ဘယ်လိုလဲ"

သူတော်စင် နက်ပစ်က အဆိုတင်သွင်းလိုက်သည်။ သူတော်စင်များမှာလည်း သဘောတူရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

"ကောင်းပါပြီ"

"ဒါဆိုရင် ပါဝင်မယ့်သူ အရေအတွက်ကို သတ်မှတ်ရအောင်"

သူတော်စင် ခွန်ရှူးက ဝင်ပြောလိုက်သည်။

"အဲဒီ ရွေးချယ်ခွင့်ကို ခင်ဗျားတို့ လက်ထဲမှာပဲ ထားလိုက်ပါမယ်"

ဝေ့ဝူယင်က သူ၏ ရွေးချယ်ခွင့်ကို စွန့်လွှတ်လိုက်သည်။ ယခုအခါ လူတိုင်းက ဤအာဏာရှင် အင်ပါယာ ဧကရာဇ်မှာ ဟန်ပြသက်သက်သာ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြသည်။ သူတို့ အနေဖြင့် ဤချောမောလှပသော ဧကရာဇ်၏ မျက်နှာသာရရန် အနာဂတ်တွင် အစွမ်းကုန် ကြိုးစားကြမည်ဟုပင် ဆုံးဖြတ်လိုက်ကြသည်။

"ရှစ်ယောက် ဆိုရင် ဘယ်လိုလဲ"

သူတော်စင် အာမွန်နက်က အကြံပြုလိုက်သည်။ လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်ပေါ်မှ ဖိအားများမှာလည်း ပြေလျော့သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ပွဲမှာ သူတို့အတွက် လုံးဝ မရှုံးနိုင်သော ပွဲဖြစ်နေသောကြောင့်ပင်။

ဝေ့ဝူယင်က မကန့်ကွက်ပေ။

"ကျုပ် သဘောတူတယ်"

သူတော်စင် အီမန်တက်က ကြေညာလိုက်သည်။

"ကျုပ်လည်း အဆင်ပြေပါတယ်"

သူတော်စင် ရှက်တဲလ်စဖင့်က ဖြည့်စွက်ပြောသည်။ သူတော်စင် ပါခက်မှာမူ စကားမပြောသော်လည်း ဝေ့ဝူယင်ကို အသေအချာ စိုက်ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည်။

နောက်ဆုံးတွင် သူတော်စင် ရှစ်ဦးစလုံး သဘောတူလိုက်ကြသည်။ ထို့နောက် အခြားသော ခေါင်းဆောင်များလည်း တစ်ဦးပြီးတစ်ဦး သဘောတူညီမှု ပေးလိုက်ကြတော့သည်။ လူတိုင်းက သဘောတူကြသည်။

ချင်ချူးမူသည် ဝေ့ဝူယင်၏ တည်ငြိမ်သော မျက်နှာကို ကြည့်ရင်း ရင်ခုန်သံများ မြန်ဆန်လာရသည်။ အခြားသူများ မသိသော်လည်း ဝေ့ဝူယင်သည် လူတိုင်းကို အသာလေး အနိုင်ယူတော့မည် ဖြစ်ကြောင်း သူမ၏ စိတ်ဝိညာဉ်အတွင်းပိုင်းမှ သိရှိနေသည်။ သူမသည် ဝေ့ဝူယင် မည်သို့ အနိုင်ယူပြမည်ကို မြင်တွေ့ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

All Chapters