← Chapters

အခန်း (၂၀၉၇-၂၀၉၈)

Vol. 150 Ch. 2097-2098

အခန်း (၂၀၉၇-၂၀၉၈)

Vol. 150 Ch. 2097-2098

အပိုင်း(၂၀၉၇)

သုံးနာရီ ကြာပြီးနောက်၊ နတ်သက်ကြွေ စစ်မြေပြင်...

အမည်မဲ့ ဂလက်ဆီအတွင်း၌ မာနုနယ်မြေကဲ့သို့သော တားမြစ်နယ်မြေများစွာ ရှိသည်။ ထိုနေရာ အများစုမှာ အလွန် အန္တရာယ်များသောကြောင့် သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်များက တားမြစ်ထားခြင်း ဖြစ်သည်။ သို့သော် ဂလက်ဆီ တစ်ခုလုံး အတိုင်းအတာဖြင့် ချိတ်ပိတ်ထားသော တားမြစ်နယ်မြေများလည်း ရှိနေသေးသည်။

နတ်သက်ကြွေ စစ်မြေပြင်မှာ ရှေးယခင်က အစောင့်အရှောက် နတ်ဘုရားနှင့် အထွတ်အထိပ် သူတော်စင်တို့ တိုက်ခိုက်ခဲ့ရာမှ ဖြစ်ပေါ်လာသော သီးခြားကမ္ဘာတစ်ခု ဖြစ်ပြီး ထိုသူတော်စင်၏ သင်္ချိုင်းလည်း ဖြစ်သည်။ ထိုအချက်ကို သိသူ နည်းပါးလှပြီး သမိုင်းစာအုပ်များတွင်မူ သူတို့ ဆုတ်ခွာသွားခဲ့သည်ဟုသာ ရေးသားထားကြသည်။ ထိုနေရာမှာ အလွန် ခိုင်ခံ့ပြီး ရှုပ်ထွေးသော စွမ်းအင်များနှင့် ဥပဒေသ အော်ရာများ ပြည့်နှက်နေသည်။

ထိုကဲ့သို့သော သီးခြားကမ္ဘာများသည် ဖျက်ဆီးအား ပြင်းထန်သော အဆင့်မြင့် ကျင့်ကြံသူများ တိုက်ခိုက်ရန် သင့်တော်သောကြောင့် သူတော်စင် ရှစ်ဦးမှာ သူတို့၏ ပညာရပ်များကို လေ့ကျင့်ရန် သို့မဟုတ် ကျင့်ကြံခြင်းကို စမ်းသပ်ရန် ဤနေရာကို အသုံးပြုလေ့ ရှိကြသည်။

အရေးအကြီးဆုံးမှာ နှစ်တစ်ထောင်တိုင်းတွင် သူတော်စင် ရှစ်ဦးဖြစ်သော အီမန်တက်၊ နက်ပစ်၊ ပါခက်၊ ခွန်ရှူး၊ အာမွန်နက်၊ ခတ်ပရီ၊ ဟားသွောနှင့် ရှက်တာစဖင့်တို့သည် ဤတားမြစ်နယ်မြေတွင် အတူတကွ ကျင့်ကြံလေ့ ရှိကြသည်။ ပြင်ပလောကအတွက်မူ ဤနေရာမှာ သူတို့တွင် အစောင့်အရှောက် ရှိကြောင်း ပြသသည့် အရေးပါသော နေရာဖြစ်သော်လည်း သူတော်စင်များ အတွက်မူ မည်သူမျှ ချောင်းမကြည့်နိုင်သော သူတို့၏ သီးသန့် ကျင့်ကြံရာ နေရာပင် ဖြစ်သည်။

ထိုနေရာမှာ သဲများဖြင့် ပြည့်နှက်နေသော ကျယ်ပြန့်သည့် တိုက်ကြီးတစ်ခု ဖြစ်သည်။ ကမ္ဘာ၏ အလယ်ဗဟိုတွင် ကီလိုမီတာ တစ်သောင်းကျော် မြင့်မားသော ရွှေရောင် ပိရမစ်ကြီး တစ်ခု ရှိနေပြီး လှပသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ ထိုနေရာ၏ အစွန်အဖျားတွင်မူ ပြင်းထန်သော အပူရှိန်နှင့် ယန်အော်ရာများကို ထုတ်လွှတ်နေသော နေမီးတောက်များ ဝန်းရံထားသည်။ ဤသီးခြားကမ္ဘာမှာ မိုင်ပေါင်း ၆၉ သန်းအထိ ရှည်လျားပြီး အကြီးဆုံးသော သီးခြားကမ္ဘာများထဲမှ တစ်ခုပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် လူပုံရိပ် ရှစ်ခုမှာ မီတာ အနည်းငယ်စီ ခြားကာ ပေါ်ထွက်နေပြီး လေးနက်သော အော်ရာများကို ထုတ်လွှတ်နေသည်။ သူတို့မှာ အမည်မဲ့ ဂလက်ဆီ၏ သူတော်စင် ရှစ်ဦးပင်။ သူတို့အားလုံးမှာ တိုက်ပွဲဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတော်စင် ခွန်ရှူးမှာ လပြည့်ဝန်းအရောင် တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည်။

အံ့ဩစရာကောင်းသည်က... သူတို့အားလုံးမှာ ကျန်းမာသန်စွမ်းသော အော်ရာများကို ပိုင်ဆိုင်ထားကြခြင်းပင်။ ယခင်က ကျန်းကျန့်ဝမ်နှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာရခဲ့သော သူတော်စင် ပါခက်နှင့် အီမန်တက်တို့ပင်လျှင် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင် အချိန်ကို အရှိန်မြှင့်ထားသော အကြွင်းအကျန် အော်ရာများ ရှိနေသေးသည်။

သို့သော် ဝေ့ဝူယင် ကမ်းလှမ်းခဲ့သော အာရုဏ်ဦး လေပွေဇုံ ဆေးတောင့် ၏ အချိန်အကွက်ကို အသုံးပြုခဲ့ကြသော်လည်း သူ၏ ဆေးလုံးများကိုမူ အသုံးမပြုဝံ့ကြပေ။ အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ ဆေးလုံးများကို အသုံးပြုခြင်းက မည်သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်သည်ကို သူတို့ ကောင်းစွာ သိရှိထားကြသည်။ သူတို့က ထိုမျှအထိ မပေါ့ဆကြပေ။

“ငါတို့ တကယ်ပဲ သင်္ကေတဘုရင် ရှစ်ယောက်ကို အားကုန်သုံးပြီး တိုက်ရတော့မှာလား...”

သူတော်စင် ခတ်ပရီက ဤအခြေအနေကို ရယ်စရာဟု ထင်မှတ်နေပြီး သူ၏ ရွှေရောင် လက်နက်ကို ပြင်ဆင်နေသည်။ သူတို့သည် ယခု တိုက်ပွဲအတွက် သူတို့ စုဆောင်းထားသော လျှို့ဝှက်စွမ်းအင်များကို အမြောက်အမြား အသုံးပြုခဲ့ရသည်။ ထို့အပြင် အထွတ်အထိပ် သူတော်စင်များပင် ခံနိုင်ရည်ရှိသော ဤစစ်မြေပြင်ကို ဤကဲ့သို့ တိုက်ပွဲအတွက် အသုံးပြုရမည်လော။

“...”

အခြား သူတော်စင်များက ချက်ချင်း ပြန်မဖြေကြသော်လည်း သူတို့၏ မျက်နှာများမှာ ပို၍ လေးနက်လာသည်။

“ငါတို့ ထောင်ချောက်ထဲ ရောက်သွားတာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ပြင်ဆင်ထားရမယ်... တကယ်လို့ ငါတို့ နိုင်သွားရင် ဒီဆုံးရှုံးမှုတွေက ဘာမှ မဟုတ်တော့ဘူး... ငါတို့က နှစ်တစ်ရာတိုင်းမှာ အဂ္ဂိရတ် ထုတ်ကုန် ဆယ်မျိုးစီ ရမှာလေ”

သူတော်စင် နက်ပစ်က သူ၏ ကောင်းကင်ရတနာကို ပြင်ဆင်ရင်း ပြောလိုက်သည်။ သူတို့သည် ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားခဲ့သော်လည်း အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုမှာ တကယ်ကို အတည်ပြောနေခြင်း ဖြစ်သည်။

“ထပ်ပြီး စဉ်းစားမနေနဲ့တော့”

သူတော်စင် ပါခက်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

“အချိန်နီးပြီ”

သူမ၏ စကားက မှန်ပေသည်။ ထပ်မံ စဉ်းစားနေရန် မလိုတော့ပေ။

ထို့နောက် ဝင်ပေါက် တံခါးတစ်ခု ပွင့်လာပြီး လူပုံရိပ် ရှစ်ခု ထွက်ပေါ်လာသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခါးတွင် ဓားအိမ် ချိတ်ဆွဲထားသော ဝေ့ဝူယင်ပင် ဖြစ်သည်။ သူ၏ နောက်တွင် စုမေ့၊ ကျူးဟိုင်၊ ယောင်ဟုန်ရိ၊ ရွှေဖုန်းပေါင်၊ ထို့ပိဟန်၊ အရိပ်တစ်ခုနှင့် ဝေ့စီတို့ ပါဝင်လာသည်။

သူတို့ အားလုံးမှာ တိုက်ပွဲအတွက် အဆင်သင့်ပင်။

“ကျွန်တော့်ဘက်က ရှစ်ယောက် ပြည့်ပါပြီ”

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ၏ နောက်မှ လူများမှာ လေ့ကျင့်ထားသည့်အလား နောက်သို့ ဆုတ်သွားကြပြီး ဝေ့ဝူယင် တစ်ဦးတည်းသာ ရှေ့တွင် ကျန်ရစ်ခဲ့သည်။

“ရှစ်ယောက်လား...”

သူတော်စင်များက ရေတွက်ကြည့်ရာ ခုနစ်ယောက်သာ တွေ့ရသည်။

“ဒါပေမဲ့ သူတို့ မလိုပါဘူး”

ဝေ့ဝူယင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ လျှို့ဝှက်ကြယ်တာရာ အဆင့် အော်ရာများ ထွက်ပေါ်လာသည်။

“ကျွန်တော် တစ်ယောက်တည်းကပဲ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်ပါ”

ဝေ့ဝူယင်၏ မျက်ဝန်းများတွင် အဂ္ဂိရတ် ကြယ်တာရာများ တောက်ပလာပြီး အမှန်တရား မျက်လုံးများက အပြည့်အဝ ပွင့်လာတော့သည်။

“...”

ဝေ့ဝူယင်ထံမှ လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာမှာ လေထုထဲသို့ ညင်သာစွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ကို လှိုင်းဂယက်ထစေကာ သူ၏ ဆံနွယ်နက်များကို လွင့်ပျံစေသည်။ သူ၏ တည်ငြိမ်သော ပုံရိပ်မှာ ကြည်လင်ပြတ်သားသော လျှို့ဝှက်အလင်းတန်းများအောက်တွင် ထင်ရှားနေချိန်၌ နတ်သက်ကြွေ စစ်မြေပြင် တစ်ခုလုံးမှာ လုံးဝဥဿုံ တိတ်ဆိတ်သွားတော့သည်။

“ကျွန်တော် တစ်ယောက်တည်းကပဲ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်ပါ” ဟူသော စကားလုံး ငါးလုံးမှာ အမည်မဲ့ ဂလက်ဆီ၏ သူတော်စင် ရှစ်ဦး တစ်ခါမျှ ကြားရလိမ့်မည်ဟု ထင်မှတ်မထားသော စကားပင် ဖြစ်သည်။

သူတော်စင် နက်ပစ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူတော်စင် ခတ်ပရီမှာမူ ရင်ထဲတွင် မသက်မသာ ခံစားချက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ သူတော်စင် အာမွန်နက်မှာ အတွေးများ ရပ်တန့်သွားပြီး သူတော်စင် အီမန်တက်မှာမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူတော်စင် ရှက်တာစဖင့်၏ လက်များမှာ အရိုးချင်း ကြိတ်သံထွက်သည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသလို၊ သူတော်စင် ခွန်ရှူးမှာမူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့သည်။ သူတော်စင် ပါခက်၏ မျက်ဝန်းများမှာ စူးရှစွာ ကျဉ်းမြောင်းသွားပြီး သူတော်စင် ဟားသွော၏ မျက်တောင်နှင့် နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်နေတော့သည်။

ဤတိတ်ဆိတ်မှုအတွင်း သူတော်စင် ရှစ်ဦးစလုံး၏ မျက်နှာအမူအရာများမှာ နည်းမျိုးစုံဖြင့် ပြောင်းလဲသွားကြပြီး သူတို့၏ စိတ်ရှုပ်ထွေးမှုနှင့် အမျိုးမျိုးသော ခံစားချက်များကို ထင်ဟပ်နေပေသည်။

“နားလည်ပြီ...”

သူတော်စင် ပါခက်က ဤအသက်ရှူကျပ်ဖွယ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူမ၏ လေသံတွင် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် တုန်လှုပ်မှုကို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် လုံးဝဥဿုံ ဉာဏ်အလင်းပွင့်သွားသကဲ့သို့လည်း ဖြစ်သွားရသည်။

သူတော်စင် ခွန်ရှူးကမူ လုံးဝ နားမလည်နိုင်သေးဘဲ သူ၏ ကောင်းကင်ရတနာ ဖြစ်သော ညကောင်းကင် လရောင်ပြန်မှန် ကို ပွတ်သပ်ရင်း မေးလိုက်၏။

“ခင်ဗျား ကျုပ်တို့ကို တိုက်ဖို့အတွက် ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထားတာလား... ဒါက ခင်ဗျားရဲ့ အစကတည်းက အစီအစဉ်ပဲလား”

ချောင်စွေ့ဖုန်း၏ စကားများက သူ၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေသော်လည်း ဤကဲ့သို့ ရယ်စရာကောင်းသော အခြေအနေကို သူ အလွယ်တကူ လက်မခံနိုင်ပေ။ ဝေ့ဝူယင်မှာ အဂ္ဂိရတ်တာအိုတွင် လောကရှန့်ထို အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ရာ သာမန် ယုတ္တိဗေဒအရ သူ၏ ကျင့်ကြံခြင်းမှာ လျှို့ဝှက်ကြယ်တာရာ အဆင့်ကို ကျော်လွန်ကာ လျှို့ဝှက်အရှင် သို့မဟုတ် သူတော်စင် အဆင့်သို့ပင် ရောက်ရှိနေရမည် ဖြစ်သည်။

ဤသည်မှာ သူတစ်ဦးတည်း၏ တွေးထင်မှု မဟုတ်ဘဲ ဤနေရာရှိ သူတော်စင် အားလုံး၏ စိတ်နှလုံးထဲတွင်လည်း ထိုသို့ပင် ရှုပ်ထွေးနေကြခြင်း ဖြစ်သည်။ အကယ်၍ သူသာ ပဲ့တင်ထပ် ဝိညာဉ်အဆင့် တစ်ဦး ဖြစ်နေပါက အမည်မဲ့ ဂလက်ဆီ၏ နတ်ဘုရား အစောင့်အရှောက်က သူ့အား နှင်ထုတ်ရန် လှုပ်ရှားပြီးသား ဖြစ်ရမည်။

ထို့အပြင် ဝေ့ဝူယင်သည် အချိန်တိုအတွင်း ဂလက်ဆီ နှစ်ခုကို အနည်းဆုံးသော သွေးထွက်သံယိုမှုဖြင့် သိမ်းပိုက်ခဲ့သူ ဖြစ်သည်။ သူ၏ နောက်ကွယ်တွင် အထွတ်အထိပ် သူတော်စင် အဆင့်ရှိသော အဂ္ဂိရတ် သူရဲကောင်း တစ်ဦး ရှိနေလျှင်ပင် မထူးဆန်းပေ။

သို့သော် ယခု အခြေအနေမှာမူ...

သူတို့ တစ်ခါမျှ မကြုံဖူး၊ မမျှော်လင့်ဖူးသော အခြေအနေပင်။ သူတော်စင် ပါခက်ကမူ ဝေ့ဝူယင်၏ လောင်းကြေးနှင့် သူတို့ ကိုယ်တိုင် လျှောက်လှမ်းလာခဲ့သော ထောင်ချောက်ကို အရှိအတိုင်း လက်ခံကာ သဘောပေါက်သွားပုံရသည်။ သူမသည် လက်တွေ့ကျသူ ဖြစ်သဖြင့် သူမ၏ ဘယ်ဘက်လက်တွင် သူမ၏ ကိုယ်ပိုင်အရိုးများဖြင့် သွန်းလုပ်ထားသော မုန်တိုင်းနှင့် မိုးစက်တို့၏ လမ်းဖွင့်ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဥပဒေသ အော်ရာများမှာ ကောင်းကင်ရတနာထံမှ လျှံထွက်နေလေ၏။

အခြားသူများလည်း ထိုပြင်းထန်သော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသဖြင့် မိမိတို့၏ ကောင်းကင်ရတနာများကို အဆင်သင့် ပြင်လိုက်ကြသည်။ သူတို့ မည်သို့ပင် တွေးတောနေပါစေ၊ ယခုအချိန်တွင် သူတို့၏ ရှေ့မှ ပြိုင်ဘက်ကင်းသော အမျိုးသားကို လျှော့တွက်၍ မရမှန်း သိလိုက်ကြပြီ ဖြစ်သည်။

ဝေ့ဝူယင်က ခေါင်းယမ်းလိုက်၏။

“ဒါက ကျွန်တော့်ရဲ့ အစစ်အမှန် ကျင့်ကြံခြင်း အခြေခံပါပဲ...”

သူက အထူးအထွေ ရှင်းပြမနေတော့ဘဲ ဝန်ခံလိုက်သည်။ ထို့နောက် သာယာသော အသံဖြင့် မေးလိုက်၏။

“စကြမလား...”

သူ၏ နောက်ကွယ်မှ အရန်အဖြစ် ပါလာသော ခုနစ်ဦးမှာမူ အဝေးသို့ ဆုတ်ခွာသွားကြပြီး ဟင်းလင်းပြင် စွမ်းအင် များဖြင့် ကာကွယ်ထားသော အကာအကွယ် တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

“စတာပေါ့”

သူတော်စင် ရှက်တာစဖင့်က ပြတ်သားစွာ ပြန်ဖြေလိုက်လေ၏။

ဘုန်း...

***

အပိုင်း(၂၀၉၈)

ချက်ချင်းပင်... လေထုအတွင်း တင်းမာမှုမှာ အဆပေါင်းများစွာ မြင့်တက်လာတော့သည်။ ဝေ့ဝူယင်၏ အစစ်အမှန် ကျင့်ကြံခြင်းအပေါ် အံ့ဩမှုများကို ဘေးဖယ်ထားလျှင်ပင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ပြင်ပ အထောက်အပံ့များကို ပိတ်ပင်ထားသဖြင့် ဝေ့ဝူယင်အနေဖြင့် သူ၏ ကျင့်ကြံခြင်းကို သူတို့ မသိသော နည်းလမ်းများဖြင့် မြှင့်တင်နိုင်မည် မဟုတ်ပေ။

လက်တွေ့ အမှန်တရားမှာမူ ဝေ့ဝူယင်မှာ လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး၊ သူတို့ ရှစ်ဦးမှာမူ အစစ်အမှန် သူတော်စင် အဆင့်များ ဖြစ်ကြသည်။ ကျင့်ကြံခြင်း နယ်ပယ်တစ်ခုတည်းအတွင်းမှာပင် အဆင့်ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ထိုဝေ့ဝူယင်က ဘယ်လောက်အထိ သန်မာနိုင်ပါမည်နည်း။

ဝှစ်... ဝှစ်... ဝှစ်...

သူတော်စင် ရှစ်ဦးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ကောင်းကင်ထက်တွင် ချက်ချင်းပင် လူစုခွဲလိုက်ကြကာ ဝေ့ဝူယင်ကို အလယ်တွင် ထား၍ ဝိုင်းရံလိုက်ကြသည်။ ဤသည်မှာ ဝေ့ဝူယင် လျှို့ဝှက် ကြယ်တာရာ နယ်ပယ် သို့ ရောက်ရှိပြီးနောက်၊ မက်ဂီများ၏ အမွေအနှစ်ကို ရရှိကာ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက် ၏ စွမ်းပကား အပြည့်အဝကို ရရှိပြီးနောက် ပထမဆုံး တိုက်ပွဲပင် ဖြစ်သည်။ သူ၏ ခွန်အားမှာ ယခုအခါ မည်သည့် အဆင့်သို့ ရောက်ရှိနေပြီကို သူ သိလိုသည်။

သူတော်စင် အာမွန်နက်က ကောင်းကင် နိမိတ်ဖတ် မြူခိုး အလင်းတန်းများကို ထုတ်လွှတ်ရင်း အခြား ခုနစ်ဦးထံသို့ ဝိညာဉ်သတင်း စကား ပေးပို့လိုက်သည်မှာ။

“ဘာပဲဖြစ်ဖြစ်... အာရုံမလွင့်စေနဲ့၊ သူ့ကို လုံးဝ လျှော့မတွက်ကြနဲ့”

သူမ၏ သတိပေးချက်ကို အားလုံးက တိတ်ဆိတ်စွာ သဘောတူလိုက်ကြသည်။ သူတော်စင် ခွန်ရှူးက သူ၏ မှန်လက်နက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူတော်စင် နက်ပစ်မှာ ဝေ့ဝူယင်နှင့် ဒုတိယ အဝေးဆုံးနေရာတွင် ရှိနေပြီး သူတော်စင် ရှက်တာစဖင့်မှာမူ အဝေးဆုံးတွင် ရှိနေသည်။ နက်ပစ်မှာ ဝိညာဉ်ကျင့်ကြံသူ ဖြစ်သဖြင့် အဝေးမှ တိုက်ခိုက်ခြင်းမှာ သဘာဝကျလှသည်။

ဝေ့ဝူယင်၏ အကြည့်မှာ သူတော်စင် ရှက်တာစဖင့်ထံသို့ ရောက်ရှိသွား၏။

အနီးဆုံးတွင် ရှိနေသူမှာ သူတော်စင် အီမန်တက် ဖြစ်သည်။ သူမသည် အနက်ရောင် သဲကန္တာရနှင့် အဖြူရောင် နေဝန်း ပုံဖော်ထားသော သစ်သားဒိုင်းလွှားကြီးကို ကိုင်ဆောင်ထားသည်။ မရဏနှင့် လောကအရှင် ဒိုင်းလွှား မှာ သူမ၏ အဖိုးတန်ဆုံး ကောင်းကင်ရတနာ ဖြစ်ပြီး အပြစ်အနာအဆာ အချို့ ရှိနေသေးသော်လည်း အများစုမှာ ပြန်လည် ပြုပြင်ပြီး ဖြစ်သည်။

သူမ၏ ညာဘက် ခပ်လှမ်းလှမ်း နေရာတွင် သူတော်စင် ပါခက် ရှိနေသည်။ သူမက ရွှေရောင်ဓားကို ကိုင်ဆောင်ကာ အမဲလိုက်မည့် အလား အသင့်အနေအထားဖြင့် ဝေ့ဝူယင်ကို စူးစိုက်ကြည့်နေသည်။

“မစခင်မှာ ကျုပ် ပြောချင်တာလေး ရှိပါတယ်...”

ဝေ့ဝူယင်က သူတို့ကို တစ်ဦးချင်း စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ အသက်ကို ရင်းပြီး တိုက်ကြပါ... မဟုတ်ရင်တော့ ခင်ဗျားတို့ သေတာက တကယ့်ကို သနားစရာကောင်းတဲ့ အသေမျိုး ဖြစ်သွားလိမ့်မယ်...”

ဘုန်း...

ထို့နောက်တွင်တော့ လူငယ်၏ ထည်ဝါသော ပုံရိပ်ထံမှ တောက်ပသော လျှို့ဝှက်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ဘုန်း...

လေထု၊ အပူရှိန်နှင့် စိုထိုင်းဆများမှာ ဝိညာဉ်အင်အားများ၏ ပေါက်ကွဲမှုအောက်တွင် ပျောက်ကွယ်သွားရသည်။ သူတော်စင် ရှစ်ဦးမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားကာ သူတို့၏ ဝိညာဉ်အင်အားများကို ပေါင်းစပ်၍ ဝေ့ဝူယင်အပေါ် အသွင် သဏ္ဌာန်မဲ့ ပြင်းထန်သည့် ဖိအားများကို သက်ရောက်စေလိုက်သည်။ ဝေ့ဝူယင်၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ပင့်ကူအိမ်အလား အက်ကွဲသွားသော်လည်း လုံးဝ ပျက်စီးသွားခြင်း မရှိပေ။

ဤဝိညာဉ်အော်ရာ ပေါင်းစပ်မှုမှာ သာမန် လျှို့ဝှက်အရှင် တစ်ဦးကို ချက်ချင်း ချေမှုန်းနိုင်စွမ်း ရှိသော်လည်း ဝေ့ဝူယင်မှာမူ အကာအကွယ် အလင်းတန်းများ ဝန်းရံလျက် လှုပ်ရှားမှုပင် မရှိပေ။

‘ဝိညာဉ်အော်ရာနဲ့ ဖိနှိပ်ခြင်းပေါ့လေ...’

ဝေ့ဝူယင်က ပြုံးလိုက်သည်။ သူ၏ ဝိညာဉ်လေးခုမှာ ထိုဖိအားကြောင့် တုန်လှုပ်ခြင်း မရှိသလို သူ၏ ပါရဂွန် ခန္ဓာ ကလည်း အနည်းငယ်သော ဖိအားကိုသာ ခံစားရသည်။ ဝိညာဉ်အင်အားနှင့် ပတ်သက်လျှင် ဝေ့ဝူယင်မှာ အလွန်အမင်း ယုံကြည်ချက် ရှိပေသည်။

သူတော်စင် ရှစ်ဦးမှာ ဝေ့ဝူယင်၏ အေးဆေးသော အမူအရာကို မြင်လိုက်ရချိန်တွင် ဤတိုက်ပွဲမှာ မလွယ်ကူနိုင်ကြောင်း သဘောပေါက်သွားကြသည်။

ဝှစ်... ဝှစ်...

သူတော်စင် ပါခက်နှင့် အီမန်တက်တို့က အရင်ဆုံး စတင် လှုပ်ရှားလိုက်ကြသည်။ ပါခက်မှာ အာကာသနှင့် အချိန်ကို ဖြတ်ကျော်ကာ ဝေ့ဝူယင်၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး သူ၏ ရွှေရောင်ဓားဖြင့် အားကုန်လွှဲယမ်းလိုက်သည်။ သူမသည် သူမ၏ အာဏာရှင် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်တစ်ခုလုံး ရွှေရောင်သို့ ပြောင်းလဲသွားပြီး အာကာသနှင့် အချိန်တို့ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသော ဓားချက်မှာ ဝေ့ဝူယင်ထံသို့ ဦးတည်သွားတော့သည်။

ဝေ့ဝူယင်၏ ပထမဆုံး လှုပ်ရှားမှုမှာ ရိုးရှင်းလှသည်။ သူက နောက်သို့ တစ်လှမ်းဆုတ်ကာ ညင်သာစွာ ရှောင်တိမ်းလိုက်သည်။

ဝှစ်...

သူတော်စင် တစ်ဦး၏ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် သူတို့၏ ဝန်းရံမှုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ တားဆီးရန် ပြုလုပ်ထားသော လျှို့ဝှက်အော်ရာ အကာအကွယ်များမှာ သူ့အတွက် မရှိသကဲ့သို့ပင်။

ဘုန်း... ဘုန်း...

ဝေ့ဝူယင် ယခင် ရပ်နေသော နေရာတွင်မူ အာကာသများ ပေါက်ကွဲကာ အစွမ်းထက်သော ဓားချက်ကြောင့် မြေပြင်မှာ အက်ကွဲကြောင်းကြီး ဖြစ်သွားခဲ့သည်။ သာမန် သူတော်စင် တစ်ဦးဆိုလျှင် ထိုဓားချက်၏ ဖျက်ဆီးအားကြောင့် ကြောက်လန့်သွားပေလိမ့်မည်။

ဝေ့ဝူယင်မှာ လွတ်မြောက်သွားသော်လည်း သူတော်စင် ခတ်ပရီက လက်ဟန်ချိပ်စည်းများကို အလျင်အမြန် ပြုလုပ်ကာ တုံ့ပြန်လိုက်သည်။

ဝေ့ဝူယင် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ ခြေထောက်အောက်တွင် ရွှေရောင် ကောင်းကင်နေဝန်း ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုပုံရိပ်မှာ လျှို့ဝှက်သင်္ကေတ သန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ယန် ဂုဏ်သတ္တိရှိသော လျှို့ဝှက်တာအိုနှင့် ကောင်းကင်အလင်းတန်း နယ်ပယ်တို့ကို ချိတ်ဆက်ထားသည့် အဆင့်မြင့် အတတ်ပညာတစ်ခုပင်။

နောက်တစ်ခဏတွင် ဧရာမ အလင်းတိုင်ကြီး တစ်ခုမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ဝေ့ဝူယင်ကို ထိုအလင်းတိုင်အတွင်း ပိတ်လှောင်ထားလိုက်သည်။ သူ ပိတ်မိသွားသည်ကို မြင်သောအခါ သူတော်စင် နက်ပစ်ကလည်း သူ၏ ဝိညာဉ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ အရောင်သုံးမျိုးရှိသော စွမ်းအင်များမှာ ဝေ့ဝူယင်၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းတော့သည်။ သို့သော် ဝေ့ဝူယင်၏ အရေပြား ပါးပါးလေး တစ်ခုကသာ ထိုကျူးကျော်မှုကို တားဆီးထားနိုင်ခဲ့သည်။

သူတော်စင် ပါခက်နှင့် အီမန်တက်တို့ ထပ်မံ လှုပ်ရှားလာသည်။ သူတော်စင် အာမွန်နက်မှာ ဝိညာဉ်သတင်းစကားများ ပေးပို့နေစဉ် ဝေ့ဝူယင်က သူမကို တစ်ချက် ကြည့်လိုက်ရာ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားရသည်။

သူတော်စင် ခွန်ရှူးက အာမွန်နက်၏ ရှေ့သို့ ဝင်ရောက်ကာ သူ၏ မှန်လက်နက်ဖြင့် ဝေ့ဝူယင်၏ ပုံရိပ်ကို ထင်ဟပ်စေပြီး ကာကွယ်လိုက်သည်။ ဝေ့ဝူယင်မှာ သူ၏ ကိုယ်ပိုင်ပုံရိပ်ကို မှန်ထဲတွင် မြင်လိုက်ရသဖြင့် အကြည့်လွှဲလိုက်ပြီး သူ၏ နဖူးရှေ့သို့ လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။

ခရက်...

ဖန်ခွက်များ ကွဲအက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး သူတော်စင် နက်ပစ်မှာ သွေးအနည်းငယ် အန်ကာ မျက်နှာ ပျော့တော့သွားသည်။ သို့သော် သူက လက်မလျှော့ဘဲ ဒုတိယမြောက် လက်ဟန်ချိပ်စည်းကို ထပ်မံ ပြုလုပ်လိုက်ပြန်သည်။

ဝေ့ဝူယင်မှာ ခဏတာ နှောင့်နှေးသွားသော်လည်း သူ၏ ခြေထောက်ဖြင့် နေဝန်းပုံရိပ် သင်္ကေတများကို နင်းခြေလိုက်ရာ ထိုပုံရိပ်မှာ ချက်ချင်း မှေးမှိန်သွားတော့သည်။ ဝေ့ဝူယင်မှာ သူ၏ နဂါးခွန်အားသက်သက်ဖြင့် ထိုသင်္ကေတများ၏ အခြေခံကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ လောကကြီးနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ရွေ့လျားသွားသည်။ သို့သော် သူ ရပ်လိုက်ချိန်တွင် သူတော်စင် နှစ်ဦးမှာ သူ၏ လှုပ်ရှားမှုကို ကြိုတင် သိနေသည့်အလား ရောက်ရှိနေကြပြီ ဖြစ်သည်။

ဘုန်း...

သူတော်စင် ပါခက်က သူမ၏ အာဏာရှင် ကျင့်စဉ်ဖြင့် ကမ္ဘာကြီးကို ဖြတ်တောက်မည့်အလား ထပ်မံ တိုက်ခိုက်လိုက်သည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ နဂါးစစ်စစ်၏ ခွန်အားများ ပါဝင်သော လက်သီးတစ်ချက်ကို ထိုးလိုက်ရာ သူတော်စင် ပါခက်မှာ လေထုထဲတွင် ပေါက်ကွဲမှုကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူမက နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လာသည်။

တစ်ချိန်တည်းမှာပင် သူတော်စင် အီမန်တက်က သူမ၏ ဒိုင်းလွှားဖြင့် ရှေ့မှ ကာကွယ်လိုက်ရာ ဝေ့ဝူယင်၏ လက်သီးချက်ကြောင့် သူမမှာ နောက်သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးစအချို့ ထွက်လာသည်။

ဝေ့ဝူယင်က ဒဏ်ရာရသွားသော အီမန်တက်ကို ကြည့်နေစဉ် ပါခက်၏ ဓားချက်က ရောက်ရှိလာသည်။ ဝေ့ဝူယင်က ဘယ်ဘက် လက်ဗလာဖြင့် ထိုဓားချက်ကို ဖမ်းဆီးလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလှသဖြင့် ဓားချက်ကို ခံနိုင်ရည်ရှိပေသည်။ သူ၏ လက်ဖဝါးတွင် နဂါးအကြေးခွံများ ပေါ်ထွက်လာပြီး ပါခက်၏ ဓားကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဝေ့ဝူယင်မှာ နောက်သို့ တစ်လှမ်းမျှပင် ဆုတ်ခြင်း မရှိဘဲ ဓားချက်ကို တားဆီးလိုက်သည်။ ထို့နောက် သူက လျှပ်စီးအလား မြန်သော ကန်ချက်တစ်ချက်ကို ပါခက်၏ နံဘေးသို့ ကန်လိုက်ရာ သူမ၏ နံရိုးများ ကျိုးသွားသံနှင့်အတူ နောက်သို့ လွင့်ထွက်သွားတော့သည်။

သူမ၏ ပုံရိပ်ကို သူတော်စင် ဟားသွောက တိမ်တိုက်သဏ္ဌာန် လက်ဖဝါးဖြင့် ဖမ်းယူလိုက်၏။ ထို့နောက်... သူမ၏ ကုသခြင်း စွမ်းအင်များဖြင့် ပါခက်၏ ဒဏ်ရာများကို မျက်စိတစ်မှိတ်အတွင်း ပြန်လည် ကုသပေးလိုက်သည်။

“...”

ခဏတာမျှ သူတော်စင် ရှစ်ဦးစလုံး ဝေ့ဝူယင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။ ဤ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဆိုသူမှာ တကယ်ပဲ ဘယ်သူနည်း။

All Chapters