← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

Chapter 331 ဟုတ်တယ် အဲ့ဒါ ငါပဲ

လဝက်ကြာပြီးနောက်။

ဥရောပ၏ မွန်မြတ်သော ကုန်းမြေတွင်းရှိ နတ်ဘုရား မမြို့တော်၌။

ဥရောပ၏ ကြောက်စရာအကောင်းဆုံး အင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် ဥရောပ နတ်ဘုရားမ ဌာနသည် ဤမြို့တွင်း၌ တည်ရှိ၏။

နတ်ဘုရားမ မြို့တော်သည် အလွန် ခိုင်ခံ့လှသည်။ သားရဲ ဧကရာဇ်များပင် အထဲသို့ ထိုးဖောက် ဝင်ရောက်ခြင်းငှာ မစွမ်းသာပေ။

နေ့လည်ခင်းအချိန်၌ နတ်ဘုရားမ မြို့တော်နှင့် ခြောက်မိုင်ကွာဝေးသော တောအုပ်ထဲတွင် တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိသည်။

လူငယ် သိုင်းပညာရှင်များ အဖွဲ့တစ်ဖွဲ့က သားရဲ စစ်သူကြီးတစ်ကောင်နှင့် တိုက်ခိုက်နေကြသည်။ သားရဲ စစ်သူကြီးသည် လူသား ဒဏ္ဍာရီအဆင့် တစ်ယောက်နှင့် ညီမျှသည်။

လူငယ် သိုင်းပညာရှင်များအားလုံးသည် ဒဏ္ဍာရီ အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ မရေတွက် နိုင်သော တိုက်ခိုက်ခြင်း စွမ်းရည်များကြောင့် သူတို့သည် အတူ ပူးပေါင်း၍ သားရဲ စစ်သူကြီးအား နောက်သို့ တစ်လှမ်းပြီး တစ်လှမ်း ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

ရွှစ်!

မိန်းမပျိုတစ်ယောက်သည် အေးခဲ ဓားမော့၏ ဓားချက်တစ်ချက်နှင့်အတူ သားရဲ စစ်သူကြီး၏ ကိုယ်ပေါ်၌ ရှည်လျားသော ဒဏ်ရာတစ်ခုကို ချန်ရစ် ထားနိုင်ခဲ့သည်။

“ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”

မိန်းမပျိုလေးက သားရဲစစ်သူကြီးအား ထိန်းချုပ်ချင် နေသည်မှာ သိသာလှသည်။ သို့သော် ထိုအချိန်တွင် ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့သည် အလွန် ကြမ်းကြုတ်လာသည်။

ဂါး….

ရူးချင်စရာ ကောင်းလောက်သော မာန်ဖီသံနှင့်အတူ ၎င်း၏ လည်ဆံမွေးက ထောင်တက်လာသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လာသည်။

ထို့ပြင် များစွာသော ဘုရင်ပုံစံ အစက် အပြောက်များက ၎င်း၏ နဖူးအလယ်တည့်တည့်၌ ထွက်ပေါ်လာသည်။

တိုက်ပွဲအတွင်းမှ ဤမြင်ကွင်းကို ကြည့်ပြီး လူငယ် သိုင်းပညာရှင်များ အလွန် ကြောက်လန့် လာကြ သည်။

“သေစမ်း … အဲ့ဒါ … အဲ့ဒါကြီးက သားရဲဘုရင် ဖြစ်ခါနီး အဆင့်ကို အဆင့်တက်သွားပြီပဲ”

“မြန်မြန် ပြေးကြတော့”

လူငယ် သိုင်းပညာရှင်များ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ စုပေါင်းအင်အားကြောင့် သူတို့သည် ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့အား အနိုင်ရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် တစ်ဘက်မှ သားရဲဘုရင် ဖြစ်ခါနီးအဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်သဖြင့် သူတို့ သေချာပေါက် အသတ်ခံရလောက်သည်။

ဂါး….

ကမ္ဘာတုန်လှုပ်မတတ် မာန်ဖီသံနှင့်အတူ ခေါင်း သုံးလုံး ကွက်ကြား ခြင်္သေ့သည် ချက်ချင်း ဆိုသလို လူဖြူ မိန်းမပျိုလေးအား ဒေါသတကြီး လိုက်ဖမ်း လေတော့သည်။

“မဖြစ်ဘူး”

မိန်းမပျိုလေး၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမ တောအုပ်ထဲ၌ မြန်နိုင်သမျှ မြန်မြန် ပြေးနေမိသည်။

မြန်မြန်၊ မြန်မြန်၊ မြန်မြန်လေး။

သူမ တတ်နိုင်သမျှ မြန်မြန် ပြေးနေသည်။ သို့သော် မီတာ ရာနှင့်ချီ၍ ပြေးလာပြီးနောက် သစ်ပင် ပုလေးကို မှီ၍ ဟောက်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်ကို သူမ ရုတ်ချည်းဆိုသလို တွေ့လိုက်ရသည်။

သူ့ကို မြင်ပြီး လူဖြူ မိန်းမပျိုလေးသည် ချက်ချင်း ပျာယာခတ် သွားပြီး အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးအား ကျယ်လောင်စွာ အော်ပြော လိုက်သည်။

“မြန်မြန် ပြေးတော့”

စိတ်မကောာင်းစရာက ထိုလူငယ်လေးသည် ခွေး တစ်ကောင်လို ကုလားသေ ကုလားမော အိပ်မော ကျနေခြင်းပင်။ သူ့မျက်လုံးများတောင် သူ မဖွင့် နိုင်ပေ။

ဤသည်ကို ကြည့်ပြီး လူဖြူ မိန်းမပျိုလေး အလွန် စိုးရိမ်လာသည်။

သူမသည် ကြင်နာတတ်သော လူစားမျိုး ဖြစ်သည်။ ဤအနက်ရောင် ဝတ်စုံနှင့် လူငယ်လေး သေသွား မည်ကို သူမ မမြင်လိုပါ။ ထို့ကြောင့် သူမ သူ့ဆီ ချက်ချင်း ပြေးသွားကာ သူ့ကို အဝေးသို့ ဆွဲခေါ် သွားရန် ကြံလိုက်သည်။

ရုတ်တရက် သူမ အနောက်မှ လေပြင်းတစ်ချက် တိုက်လာသလို ခံစားလိုက်ရသည်။

ထို့နောက် ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့သည် လူဖြူ မိန်းမပျိုလေးနှင့် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးထံသို့ ဧရာမ တင့်ကားကဲ့သို့ ပြေးဝင် လာသည်။

နှစ်ယောက်လုံးအား ချက်ချင်း ဝါးမျိုတော့ မည်ဟန်ဖြင့် သွေးပေနေသော ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်သည်။

*ငါတို့တော့ သေပြီပဲ*

လူဖြူ မိန်းမပျိုလေးက ဖြူရော်နေသော မျက်နှာဖြင့် ရေရွတ်လိုက်မိသည်။ သူမအသက်က တောထဲရှိ သားရဲတစ်ကောင်၏ လက်ထဲ၌ အဆုံးသတ် ရလိမ့်မည်ဟု သူမ လုံးဝ မတွေးမိပါ။ သနားစဖွယ် မျက်နှာထားဖြင့် အနက်ရောင် ဝတ်စုံနှင့် လူငယ် လေးအား သတ်လိုက်မည့်သူက သူမသာ ဖြစ်သည် ဟု ယုံကြည်လိုက်မိသည်။

ထိုစဉ် သူမသည် ဆိုးဆိုးရွားရွားကို နံစော်လှသည့် အနံ့မျိုး ဝေ့ခနဲ ရလိုက်သည်။ ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့၏ ကြီးမားလှသော ပါးစပ်ကြီးက သူမ မျက်နှာ ရှေ့တည့်တည့်သို့ ရောက်လို့နေ၏။

သို့သော် ထိုအချိန်တွင် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ နှာခေါင်းက တရွရွ ဖြစ်လာသည်။

ဟပ်ချိုး။

နှာချေသံကို ကြားလိုက်ရပြီးနောက် လူဖြူ မိန်းမပျို လေးသည် လုံးဝ မှင်တက်သွားရသည်။ သူမ ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်နေစဉ်တွင် လူငယ်လေးက အနက်ရောင် ချီဓာတ်အား ထုတ်လွှတ်လိုက်ပြီး ထိုချီဓာတ်က ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့၏ ကိုယ်ထဲသို့ လှစ်ခနဲ တိုးဝင် သွားသည်ကို သူမ မြင်လိုက်ရသည်။

ထို့အခါတွင် သားရဲဘုရင် ဖြစ်ခါနီးအဆင့်မှ သားရဲ သည် လေထဲ၌ တောင့်တင်းသွားရသည်။ ထို့နောက် ၎င်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီး ပေါ် ပုံကျသွားသည်။

“အာ...”

လူဖြူ မိန်းမပျိုလေး အလွန့်ကို အံ့အားသင့် သွားရသည်။ ဤကဲ့သို့ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်မျိုး ဖြစ်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့မိပါ။

*ဘယ်လိုလုပ် နှာချေသံက သားရဲဘုရင် ဖြစ်ခါနီး အဆင့်က သားရဲကို ပြာဖြစ်သွားအောင် လုပ်နိုင် တာလဲ*

*ရှင် ... ရှင် ကျွန်မကို လာနောက်နေတာလား*

ယခုအချိန်တွင် လူဖြူ မိန်းမပျိုလေးသည် အလွန် အံ့အားသင့်နေပြီး အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးအား တွေဝေစွာ ငေးကြည့်နေမိသည်။

ထိုစဉ် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူ၏ မျက်လုံးများက နက်မှောင်ပြီး ညတာ မိုးကောင်း ကင်ယံမှ ကြယ်လေးများကဲ့သို့ တလက်လက် တောက်ပနေ၏။

လူဖြူ မိန်းမပျိုလေး တစ်ဒင်္ဂမျှ မှင်တက် သွားရသည်။ သို့သော် သူမ အသိစိတ် ပြန်ဝင်လာ ချိန်တွင် ခြေသံအချို့ကို ကြားလိုက် ရသည်။

အခြားလူငယ်လေးများက နောက်ထပ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လူငယ်လေးနှင့်အတူ ရောက်လာ ကြခြင်း ဖြစ်သည်။

အင်အားကြီးသော လူဖြူ ယောကျ်ားပျိုလေးက လူဖြူ မိန်းမပျိုလေးကို မြင်သည်နှင့် ချက်ချင်း ကျေနပ်သွားသော အကြည့်ဖြင့် မေးလိုက်သည်။

“ခရီနာ မင်း အဆင်ပြေရဲ့လား”

“ကြည့်ရတာ သားရဲဘုရင် ဖြစ်ခါနီးအဆင့်က သားရဲကို မင်း ရင်ဆိုင်လိုက်နိုင်တယ်နဲ့ တူတယ်။ မင်း ဘာဒဏ်ရာမှ မရလို့တော်သေးတယ်”

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လူငယ်လေးက ထိုလူဖြူ မိန်းမပျိုလေးအား သဘောကျနေခြင်း ဖြစ်သည်။ လူဖြူ မိန်းမပျိုလေးက မည်သည့် ဒဏ်ရာမှ ရရှိခြင်း မရှိသည်ကို သတိပြုမိသည့် အတွက် သူ ပျော်သွားပုံရသည်။

ခရီနာက ခေါင်းညိတ်၍ စိုးရိမ်နေသော မျက်နှာ ထားဖြင့် ပြန်ပြောလိုက်သည်။

“ခဲလ်ဆာ ငါ အဆင်ပြေပါတယ်”

ထို့နောက် သူမသည် ယဲ့ဖန်ထံသို့ သိချင်စိတ်နှင့် လေးစားစိတ်များ ပြည့်နှက်နေသော မျက်လုံး များဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။

“ငါ့ကို အခုလေးတင် ကယ်လိုက်တဲ့သူက သူပဲ”

ထိုသို့ပြောပြီး သူမက ယဲ့ဖန်ထံသို့ ဦးညွှတ် အရိုအသေပေးကာ ကျေးဇူးတင်သော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မ အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ် သခင်လေး”

သူမစကားကို ကြားပြီး သူမ၏ အပြုအမူများကို မြင်ပြီးနောက် ခဲလ်ဆာနှင့် အခြား ဥရောပသားများ ချက်ချင်း ထိတ်လန့်သွားကြသည်။

ယဲ့ဖန်က သူ၏ ချီဓာတ်ကို မဖုံးကွယ်ထားသဖြင့် သူ၏ သိုင်းအဆင့်က ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သည်ကို လွယ်လင့်တကူ ခွဲခြားလို့ရနေသည်။

*ဒဏ္ဍာရီတစ်ပိုင်းအဆင့် လူငယ်က သားရဲဘုရင် ဖြစ်ခါနီးအဆင့်က သားရဲကို သတ်လိုက်တယ်*

*ဒါ လုံးဝ မဖြစ်နိုင်တာကြီးကို*

ခဲလ်ဆာက မျက်မှောင်ကြုတ်၍ ခရီနာကို မေး လိုက်သည်။

“ခရီနာ သူက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ပဲ ရှိတာလေ။ မင်းကို သူ ကယ်ဖို့ ဘာနည်းလမ်းတွေ သုံးခဲ့တာလဲ”

*နည်းလမ်းလား*

သူ့စကားကြောင့် ခရီနာက အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သူ …. သူက နှာချေလိုက်ပြီးတော့ ခေါင်းသုံးလုံး ကွက်ကြား ခြင်္သေ့ကို ပြာအဖြစ် ပြောင်းပစ် လိုက်တာ”

*ဘာ*

သူမ စကားကြောင့် ခဲလ်ဆာနှင့် အခြားသူများ အားလုံး ကြောင်အသွားကြသည်။ ထို့နောက် သူတို့ အားပါးတရ ရယ်မောကြလေသည်။

“ဟားဟား … ခရီနာ မင်း ငါ့ကို လာနောက် နေတာလား။ နှာချေသံက သားရဲဘုရင် ဖြစ်ခါနီး အဆင့်ကို သတ်လိုက်တာလား”

“ဟားဟား ခရီနာ မင်း မျက်စိပြာသွားတာ ဖြစ်မယ်။ ဒီနားမှာ ဘာအလောင်းမှ မရှိဘူးလေ။ အဲ့ဒါက အဝေးကို ထွက်ပြေးသွားတာ ဖြစ်မယ်”

“ဟားဟား … ခရီနာတောင်မှ အခုနောက်ပိုင်း ပြတ်လုံး ထုတ်တတ်လာပြီပဲ”

ခဲလ်ဆာနှင့် အခြားသူများက ခရီနာ၏ စကားကို လုံးဝ မယုံကြည်ကြချေ။ ထို့ကြောင့် ခရီနာသည် ဒေါသတကြီး ခြေဆောင့်လိုက်မိသည်။

သို့သော် သူမက အခြားသူများနှင့် စကားပြောဖို့ စိတ်မဝင်စားချေ။ ထိုအစား သူမက ယဲ့ဖန်အား သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သခင်လေး ကျွန်မ ရှင့်နာမည်ကို သိခွင့်ရှိမလား။ ရှင်က အရှေ့တိုင်းဘက်ကလား”

လူဖြူ မိန်းမပျိုလေးက ယဲ့ဖန်အား အလွန် လေးစားမိသွားသည်။ သားရဲကောင်က သူမကို အရှင်လတ်လတ် ဝါးမျိုရန် ကြံစည်စဉ်ကတည်းက သူမသည် ယဲ့ဖန်ကို လုံခြုံရာသို့ ခေါ်သွားချင် နေခဲ့သေးသည်။

ထို့ကြောင့် ယဲ့ဖန်က ပခုံးတွန့်၍ ပြန်ပြော လိုက်သည်။

“ဟွာရှနိုင်ငံက ယဲ့ဖန်”

*ယဲ့ဖန်လား*

ထိုနာမည်သည် ကြီးမားသော မှော်အတတ်အား သယ်ဆောင်ထားသကဲ့သို့ ကျန်သူများလုံးအား တိတ်ကျသွားစေသည်။

ထို့နောက် ခဲလ်ဆာက ယဲ့ဖန်ကို သေချာကြည့်ကာ မခိုးမခန့် လေသံဖြင့် ပြောလိုက်သည်။

“ယဲ့ဖန်လား”

“ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရှင်ကို ယဲ့ဖန်လို့‌ ခေါ်တယ်လို့ ငါ ကြားဖူးတယ်။ ငါတို့ နတ်ဘုရားမတောင်မှ သူ့ကို အခြေအနေ တစ်ခုလောက်ထိ ကြောက်သေးတယ်”

“ဟေ့ကောင် အဲ့ဒါ မင်းလား”

ထိုသို့ပြောပြီး ခဲလ်ဆာက ရယ်မောလိုက်သဖြင့် ဘေးနားမှ ကျန်ဥရောပသားများ အားလုံးလည်း လိုက်၍ ရယ်မောလာကြသည်။

ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ဥရောပတိုက်၌ ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားသလို ထိုသူက သည်လောက် ငယ်ရွယ်မှန်း သူတို့ မယုံကြည်ကြသည်မှာ သိသာ လှသည်။

သူ့စကားကြောင့် ယဲ့ဖန် မျက်လုံးအတွင်း အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားပြီး သူသည် မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲ့ဒါ ငါပဲ”

CHAPTER 332 ဘာဖြစ်လို့လဲဆိုတော့ ငါက …. ယဲ့ဖန်လေ

*ဟုတ်တယ်၊ အဲ့ဒါ ငါပဲ*

ယဲ့ဖန်၏ စကားကြောင့် အခြားသူများအားလုံး တစ်ခဏမျှ မှင်တက်သွားရသည်။

ခဲလ်ဆာနှင့် သူ့လူများ သတိပြန်ဝင်လာသည့်အခါ၌ ဟားတိုက်ရယ်မောကြလေသည်။

“ဟားဟား ... မင်းက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့ ပြောလိုက်တာလား။ ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ။ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ကများ သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ပါလို့ ပြောရဲသေးတယ်”

“မင်းက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာ ရှင်ဆိုရင် ငါက အလင်းတော် ဘုန်းတော်ကြီးပဲကွ”

“ဟားဟား ... ငါက မဟာ ကာရိုးလ် သခင်ကြီးကွ”

ခဲလ်ဆာနှင့် အခြားသူများသည် ရယ်ရလွန်း၍ အသက်ပင် မရှူနိုင်တော့ချေ။ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အကြောင်း အရင်က သူတို့ ကြားခဲ့ဖူးပါသည်။

သူက အလွန်တရာကို ကြမ်းကြုတ်၍ အင်အားကြီး သူများစွာကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ သူက လက်တစ်ဘက်တည်းဖြင့် ဒဏ္ဍာရီလာ အဆင့်များကို သတ်နိုင်သည်။ သားရဲဧကရာဇ် များတောင်မှ သူ့လက်မှ မလွတ်နိုင်ပေ။

သူက နတ်ဘုရားမနှင့်တောင်မှ ယှဉ်နိုင်သည်။ သူလိုလူက ဘယ်လိုလုပ် ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့် ဖြစ်နိုင်ပါမည်နည်း။

သို့သော် သူ့စကားကြောင့် ခရီနာ တစ်ဒင်္ဂမျှ မှင်တက် သွားသည်။ သူမ တွေဝေနေရင်း သားရဲဘုရင် ဖြစ်ခါနီးအဆင့်ကို နှာတစ်ချက်ချီ၍ ပြာအဖြစ်သို့ ရောက်အောင် ပြုလုပ်ခဲ့သည်ကို သတိရသွားသည်။

*သူက တကယ်ပဲ ...*

ထိုဖြစ်နိုင်ချေကို သူမ သတိထားလိုက်မိသောအခါ ခရီနာသည် အလွန် ထိတ်လန့်သွားသော မျက်နှာ လေး ဖြစ်သွားသည်။

“ယဲ့ဖန်၊ ကျွန်မ ... ရှင့်ကို ယုံတယ်”

ဘာရယ်ကြောင့်မှန်းမသိသော်လည်း ခရီနာ ယဲ့ဖန် ကို အကြွင်းမဲ့ ယုံကြည်မိသွားသည်။ သူ့လက် မောင်းကို ကိုင်လိုက်ရင်း သူမ တောက်ပစွာ ပြုံးလိုက်မိသည်။

*ဘာ*

ခရီနာ၏ စကားကြောင့် ခဲလ်ဆာနှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့အားလုံး ခရီနာ ရူးသွားပြီဟု ထင်လိုက်ကြသည်။

သို့သော် သူတို့ ခရီနာကို ပြန်၍ ချေပတော့ မည်အချိန်တွင် နားဝင်ချိုလှသည့် ခေါင်းလောင်း ထိုးသံကို ကြားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်နှာများက အလေးအနက် ဖြစ်သွားပြီး ပြောဆိုလိုက်သည်။

“ဒါ နတ်ဘုရားမ ဌာနက ခေါင်းလောင်းသံပဲ။ နတ်ဘုရားမ မြို့တော်က ပိတ်တော့မယ်”

နတ်ဘုရားမ မြို့တော်သည် အရုဏ်တက်ချိန်တွင် ဖွင့်၍ နေဝင်ရီတရော အချိန်၌ ပြန်ပိတ်လေ့ရှိသည်။

ထို့ကြောင့် ခဲလ်ဆာက မရအရ ပြောလာသည်။

“ခရီနာ၊ အခု နောက်ကျနေပြီ။ ငါတို့ ပြန်သွားမှ ဖြစ်မယ်”

ခရီနာက ခေါင်းညိတ်လိုက်သည်၊ သို့သော် သူမက ယဲ့ဖန်ကို ကြည့်ကာ အကြံပြုလိုက်သည်။

“ယဲ့ဖန် ရှင် ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား”

“ကောင်းသားပဲ”

ယဲ့ဖန်က ခေါင်းညိတ်၍ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

“ကျုပ်က နတ်ဘုရားမ ဌာနကို တစ်ခါလောက်တော့ အလည်သွားဖို့ စဉ်းစားနေတာ”

ယဲ့ဖန်၏ စကားကြောင့် ခဲလ်ဆာ၏ မျက်နှာက မည်းမှောင် သွားသည်။ သူ ခရီနာကို ပိုးပန်းနေ သည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူမနှင့် နီးကပ် သော အခြား မည်သည့် ယောကျ်ားသားကိုမျှ သူ မနှစ်မြို့ပါ။

သို့သော် ခရီနာက ယဲ့ဖန်ကို တစ်ဖက်သက် ကြိတ်ကြွေနေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ခဲလ်ဆာသည် ယဲ့ဖန်အား အလွန် မနာလို ဖြစ်လာရသည်။

ထို့နောက် သူတို့တစ်တွေ နတ်ဘုရားမမြို့တော်သို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်း၌ ခဲလ်ဆာ၏ မျက်နှာက ပိုပို၍ သုန်မှုန်လာသည်။

ခရီနာက အမြဲ ယဲ့ဖန်အနား၌ ကပ်နေပြီး သူ့ကို မေးခွန်းတွေ မေးနေသည်ကို သူ မြင်နေရသည်။ သူတို့သည် ရင်းနှီးကျွမ်းဝင်နေပုံ ရသည်။ ခရီနာ၏ တက်ကြွနေသော အမူအရာက ခဲလ်ဆာအား ဒေါသထွက် မတတ် ဖြစ်စေသည်။

ယဲ့ဖန်နှင့် ခရီနာသည် ခဲလ်ဆာနှင့် အခြားသူများ ရှေ့မှ လျှေက်နေကြခြင်း ဖြစ်သည်။ ခဲလ်ဆာ၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ပြီး ကျန် လူငယ်များ အားလုံးက ယဲ့ဖန်အား ရန်သူလို စ၍ ပြောဆို လေတော့သည်။

“ခဲလ်ဆာ အဲ့ဟွာရှ ငနာကောင်က မင်းနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ ခရီနာက သူ့ကို ဒီလောက် ရင်းရင်းနှီးနှီး ဆက်ဆံနေရာတာလဲ။ သူတို့ က မင်းကို လုံးဝ မလေးစားဘူးပဲကွ”

“ဟုတ်တယ် ခဲလ်ဆာ၊ ဒီဟွာရှကောင်ကို အကြောင်း ပြချက် တစ်ခုခုရှာပြီး သတ်လိုက်ရင်ကော။ ငါ သူ့ကို ကြည့်မရတာ တော်တော်ကြာနေပြီ”

...

လူငယ် သိုင်းပညာရှင်များ အားလုံးသည် ဒဏ္ဍာရီ အဆင့်များ ဖြစ်ကြသည်။ ချီဓာတ်အရ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်သာ ရှိသော ယဲ့ဖန်အား သတ်လိုက် ခြင်းက ကြက်တစ်ကောင်ကို သတ်တာထက် လွယ်ကူ ပေလိမ့်မည်ဟု သူတို့ ထင်နေကြသည်။

ခဲလ်ဆာသာ အမိန့်ပေးလိုက်ပါက သူတို့ သေချာပေါက် ယဲ့ဖန်ကို ပျောက်ကွယ်သွားအောင် လုပ်မည်ဖြစ်၏။

သူတို့၏ စကားများကို ကြားပြီးနောက် ခဲလ်ဆာက ရက်စက်လိုသော ဆန္ဒရှိသည့် မျက်လုံးများဖြင့် ပြောလာသည်။

“သူ့ကို သတ်ရမှာလား။ ဒါ အရမ်း ကြင်နာ လွန်းနေပြီ”

“ခရီနာကို ငါနဲ့ ယှဉ်လုဖို့ ဘယ်သူကိုမှ ခွင့်မပြု နိုင်ဘူး။ အဲ့လို လုပ်ရဲတဲ့သူတိုင်း သေကို သေရမယ်”

“ကြည့်ကြသေးတာပေါ့။ ငါတို့ နတ်ဘုရားမ မြို့တော်ကို ပြန်ရောက်ရင်း သူ သေသွားတာကမှ ကောင်းဦးမယ်လို့ တွေးရလောက်အောင်ကို လုပ်ပေးမယ်”

ထိုသို့ပြောပြီး ခဲလ်ဆာက သရော်ပြုံး ပြုံးလိုက် သည်။ ယဲ့ဖန်က သူတို့ပြောနေသည့် စကားများ၏ ဦးတည်ရာကို လုံးဝ မသိပုံ ပေါ်သည်။

မကြာခင်မှာပင် သူတို့ နတ်ဘုရားမမြို့တော်သို့ ရောက်လာ ကြသည်။

နတ်ဘုရားမမြို့တော်၏ မြို့တံတိုင်းသည် မီတာ ဒါဇင်နှင့်ချီ၍ မြင့်မားသည်။ မြို့တစ်ခုလုံး၏ တံတိုင်းသည် သံမဏိကဲ့သို့ သန်မာလှသည်။

ကျယ်ပြောသော တောအုပ်အတွင်း၌ တည်ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည့် ဧရာမ သားရဲကောင်ကြီး ပုန်းလျှိုးကွယ်လျှိုး ရှိနေသလိုပင်။

သူတို့ မြို့ထဲရောက်ပြီး မကြာခင်မှာပင် မြို့တံခါး ပိတ်သွားသည်။ ထိုအချိန်တွင် ခဲလ်ဆာက မြို့လယ်ခေါင်မှ အမြင့်ဆုံး သံတိုင်တစ်ခုကို လက်ညှိုးထိုး ပြပြီး ယဲ့ဖန်အား သရော်သလိုလိုနှင့်‌ မေးလိုက်သည်။

“ယဲ့ဖန် အဲ့တိုင်က ဘာအတွက်သုံးလဲ မင်းသိလား”

*တိုင်*

သူ့စကားကြောင့် ခဲလ်၏ လူများ တစ်ခဏမျှ တွေဝေသွားကြသည်။ ထို့နောက် သူတို့သည် ခဲလ်ဆာ၏ ရည်ရွယ်ချက်ကို သိသွားဟန်ဖြင့် မကောင်းဆိုးဝါးသဖွယ် လှောင်ရယ်လာကြသည်။

“ဟီးဟီး .... မင်း မသိဘူးမလား။ ဒါဆိုလည်း ငါက မင်းကို ပြောပြပေးရတာပေါ့”

ခဲလ်ဆာက အလွန်ခက်ထန်သော အကြည့်များဖြင့် ပြောလာသည်။

“အဲ့ဒီတိုင်က နတ်ဘုရားမမြို့တော်ရဲ့ ရန်သူတွေ အတွက် ပြင်ထားတာ”

“နတ်ဘုရားမြို့တော်ရဲ့ ရန်သူအားလုံး အဲ့တိုင်မှာ ချည်နှောင်ခံရပြီး သေတဲ့အထိ မီးရှို့ခံရတာ”

“မင်းက နောက်သားကောင် ဖြစ်လာမှာ”

*ဘာ*

သူ့စကားကြောင့် ခရီနာ၏ မျက်နှာ၌ ကြောက်စိတ် များနှင့် ပြည့်နှက်လာကာ မေးလိုက်သည်။

“ခဲလ်ဆာ နင် ဘာပြောချင်တာလဲ”

“ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ပြောပြရုံပါ ... “

ခဲလ်ဆာက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ဘေးပတ်လည်မှ နတ်ဘုရားမ မြို့တော်၏ အစောင့် များကို အော်ပြောလိုက်သည်။

“ကျုပ် ဟွာရှသူလျှို ရှာတွေ့ခဲ့တယ်”

“သူက ယဲ့ဖန်အတွက် အလုပ်လုပ်နေတာ ပြီးတော့ နတ်ဘုရားမ မြို့တော်ကို ဖယ်ရှားဖို့ ဒီကို ရောက်နေတာ”

....

သူ့စကားများက ဘေးပတ်လည်အား ချက်ချင်း ဆိုသလို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။

နတ်ဘုရားမမြို့တော်မှ လူတိုင်းနီးပါးသည် နတ်ဘုရားမများကို ရိုသေကိုင်းရှိုင်းကြသည်။ ယဲ့ဖန်သည် နတ်ဘုရားမများနှင့် နတ်ဘုရားမများကို ကိုးကွယ်သူ အားလုံးတို့၏ ရန်သူ ဖြစ်သည်။

အခြားသူများအားလုံးက သူတို့နားသို့ ချက်ချင်း ဝိုင်းလာကြသည်။ ထိုသို့ဝိုင်းထားသော သူများ အားလုံးသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ကြမ်းကြုတ်သော ချီဓာတ်များနှင့်အတူ ခဲလ်ဆာအား မေးလာကြသည်။

“သူလျှို ဘယ်မလဲ။ ဘယ်သူက ယဲ့ဖန်အတွက် အလုပ်လုပ်တာလဲ”

ဤသည်ကို ကြည့်ပြီး ခဲလ်ဆာက ယဲ့ဖန်ကို လက်ညှိုးထိုးကာ သရော်သံနှင့်အတူ ပြောလိုက် သည်။

“သူပဲ၊ သူက ယဲ့ဖန်အတွက် အလုပ်လုပ်တာ။ သူက မြင့်မြတ်တဲ့ မြို့တော်ထဲကို သတင်းလိုချင်လို့ ခိုးဝင် လာတာ။ သူကို ဖမ်းကြပါ။ သူ့ကို သေတဲ့အထိ မီးရှို့သတ်လိုက်ကြပါ”

....

ခဲလ်ဆာ၏ စကားကို ကြားပြီး အနီးအနားမှ အခြားသူများအားလုံး ကျွတ်ကျွတ်ညံလာကြသည်။

သိုင်းပညာရှင်များစွာက ယဲ့ဖန်ထံသို့ ချက်ချင်း ပြေးဝင်လာကြသည်။ ဤမြင်ကွင်းကြောင့် ခရီနာ၏ မျက်နှာက အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

ခဲလ်ဆာက သည်လောက် အန္တရာယ်များသည့် လုပ်ရပ်ကို လုပ်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့မိပါ။

သို့သော် ယဲ့ဖန်အတွက် သူမ ချေပပေးရန် နောက်ကျ သွားချေပြီ။ သိုင်းပညာရှင် အယောက် နှစ်ဆယ် ကျော်က ယဲ့ဖန်ထံသို့ ပြေးဝင်သွားပြီ မဟုတ် ပါလား။

သို့သော် ထိုအချိန်တွင် အေးစက်စက် အလင်းတန်း တစ်ခု လျစ်ခနဲ ဖြတ်ပြေးသွားသည်။ လူအယောက် နှစ်ဆယ်တို့ ရုတ်တရက် အေးစက် တောင့်တင်း သွားကြသည်။

ထို့နောက် သူတို့အားလုံး၏ လည်ပင်း၌ သွေးများ စိမ့်ထွက်လာကာ ပြတ်ရာများ ပေါ်ပေါက် လာသည်။

ဂလု!

သိုင်းပညာရှင်များ၏ ဦးခေါင်းတို့သည် သူတို့၏ လည်ပင်းမှ ဖြည်းဖြည်းချင်း ပြတ်ကျလို့လာသည်။ မြေကြီးပေါ်၌ ခေါင်းပြတ် နှစ်ဆယ်ကျော် ရှိနေ သည်။

ထို့အပြင် မြေကြီးပေါ်၌ သွေးများဖြင့် ဖုံးလွှမ်းလို့ နေ၏။

ဘုတ်!

သူတို့၏ ခေါင်းပြတ်အလောင်းများ မြေကြီးပေါ် ပြုတ်ကျ သွားသည်နှင့် ထိုနေရာတစ်ခုလုံး တိတ်ကျ သွားသည်။

မြန်သည်။ တိုက်ခိုက်မှုက မြန်လွန်း အားကြီး လှသည်။

မည်သူမျှ တိုက်ခိုက်မှုကို မမြင်လိုက်ကြပေ။ ယဲ့ဖန် လက်ထဲ၌ ဓားတစ်လက် ရှိနေသည်ကိုသာ သူတို့ မြင်လိုက်ရသည်။

ထိုဓားသည် ပုရွက်ဆိတ်များနှင့် ဖွဲ့စည်းထားသည့် ဧရာမ ဓားတစ်လက် ဖြစ်သည်။

တောက်! တောက်!

ထိုဧရာမဓားကြီးမှ ရဲရဲနီသော သွေးများက တစက်စက် ကျနေသဖြင့် မြေကြီးပေါ်၌ သွေးစီး ကြောင်း တစ်ခု ဖြစ်လို့နေသည်။

….

ဘေးမှ ကြည့်နေသူများ အားလုံး ဆွံ့အကာ အံ့ဩ နေသော အကြည့်များဖြင့် ဖြစ်နေကြသည်။

*သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်တောင် ရှိတာလေ၊ အဲ့ထဲက တစ်ချို့တွေဆို ဒဏ္ဍာရီလာ အဆင့်တွေလေ*

*မဖြစ်နိုင်ဘူး*

*သူတို့အားလုံး ဓားချက် တစ်ချက်တည်းနဲ့ ဘယ်လို လုပ် အသတ်ခံလိုက်ရတာလဲ*

ခဲလ်ဆာနှင့် အနီးအနားမှ အခြားသူများအားလုံး သရဲ သဘက်ကို မြင်လိုက်ရသကဲ့သို့ ယဲ့ဖန်အား ဝိုင်းကြည့် နေကြသည်။

ယခုအချိန်တွင် ယဲ့ဖန်က အခြားသူများ၏ အပြု အမူကို လုံးတ ဂရုမစိုက်ဘဲ သေမင်းနတ်ဘုရားကဲ့သို့ ခဲလ်ဆာကိုသာ မနှစ်မြို့ဖွယ်ကောင်းသော အပြုံး မျိုးနှင့် ကြည့်နေသည်။

“မင်း မှားနေပြီ၊ ငါက ယဲ့ဖန်အတွက် အလုပ် မလုပ်ဘူး ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန် ဖြစ်နေလို့လေ”

CHAPTER 333 ဒီညလွန်ရင် ဘာနတ်ဘုရားမမှ ရှိတော့မှာ မဟုတ်ဘူး

“ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန် ဖြစ်နေလို့လေ”

ယဲ့ဖန်၏အသံ ထွက်ပေါ်လာသောအခါ မြို့တံခါး ဝအနီးမှ သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့် မတတ် ထိတ်လန့်သွားကြသည်။

*ယဲ့ဖန်*

*ဒါ နတ်ဆိုးဆန်တဲ့ နာမည်လေ*

ထိုနာမည်ကို ကြားလိုက်သည့်လူတိုင်း ချက်ချင်း ကြက်သီးတဖြန်းဖြန်း ထလာကြသည်။

ခဲလ်ဆာနှင့် သူ့လူများ ထိတ်လန့်နေသော မျက်နှာ များဖြင့် မှင်တက်နေကြသည်။ ထိုကြောက်မက်ဖွယ် ကောင်းသည့် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာ ရှင်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်သာ ဖြစ်နေ လိမ့်မည် ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။

“ချီးပဲ မြန်မြန် ပြေးကြ”

ခဲလ်ဆာနှင့် သူ့လူများ ဖြစ်ပျက်သွားသမျှကို သတိထား မိပြီးနောက် သူသည် ချက်ချင်း ခရီနာ၏ လက်မောင်းကို ဆွဲကာ ထိတ်ထိတ်ပျာပျာနှင့် ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သွေးပျက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ လူအုပ်ထဲရှိ လူများသည် သူတို့၏ အဝတ်အစားများကို ဆွဲဖြဲလိုက်ကြသဖြင့် အနက်ရောင် ဝတ်စုံများ ပေါ်လာသည်။

သူတို့ရှပ်အင်္ကျီ၏ ဘယ်ဘက်ရင်အုံပေါ်တွင် မနှစ်မြို့ဖွယ် ကောင်းသော နတ်ဆိုးဦးခွံကို ရေးဆွဲ ထားသည်။

သူတို့သည် နတ်ဆိုးအဖွဲ့နှင့် ဆင်တူလှသည်။

ရွှစ်! ရွှစ်! ရွှစ်!

ရဲရဲနီသော သွေးများစွာက မြေကြီးပေါ်၌ ဖုံးလွှမ်းလို့ နေ၏။ နတ်ဘုရားမကို လေးစားကြည်ညိုသည့် နောက်လိုက် များစွာ ဝမ်းနည်းစရာ ကောင်း လောက်အောင် အသတ်ခံလိုက်ရသည်။

“သေလိုက်တော့”

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖွဲ့သည် ငရဲမှ တက်လာသော နတ်ဆိုးအဖွဲ့နှင့် သဏ္ဌာန်တူ လှပေသည်။

ဓားရောင်များက လေထဲ လှစ်ခနဲ ပြေးနေပြီး နတ်ဘုရားမကို ကြည်ညိုကြသည့် လူတိုင်း၏ ဦးခေါင်းများက လေထဲ လွင့်ပျံနေသည်။

ဤသည်ကား တစ်ဖက်သတ် သတ်ဖြတ်နေခြင်းပင်။ နတ်ဘုရားမ၏ နောက်လိုက်များစွာ တစ်ယောက် ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။

သိုင်းပညာရှင်များစွာ လဲကျသွားကြသည်။

ရက်စက်သည်။ သွေးဆာလှ၏။

မျက်တောင် တစ်ခတ်အတွင်းမှာပင် မြို့တံခါးဝမှ သိုင်းပညာရှင်အဖွဲ့များ သတ်ဖြတ်ခံလိုက်ရသည်။

ထို့နောက် ထိုအနက်ရောင်ဝတ်စုံနှင့် လူများသည် ယဲ့ဖန်ရှေ့ ဒူးထောက်၍ နှုတ်ဆက်လာကြသည်။

“နတ်ဘုရားမ မြို့တော်ကနေ ကြိုဆိုပါတယ် သခင်ကြီး”

….

သူတို့၏ စကားများကြောင့် ခဲလ်ဆာနှင့် သူ့လူများ လုံးဝကို မှင်တက်သွားရသည်။ မြို့ထဲ၌ ပုန်းခို နေသည့် အနက်ရောင် ဝတ်စုံနှင့် လူများသည် ဒဏ္ဍာရီလာ အဆင့်များ ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသည်။ စုစုပေါင်း အယောက် ငါးဆယ် ကျော်သည်။

ထိုအဖွဲ့ကို ကျိုချင်းချန်၊ ဝံပုလွေရိုင်းနှင့် မိစ္ဆာ ဝိညာဉ်ရိုင်း တို့က ဦးဆောင်လာခြင်း ဖြစ်သည်။

ကျန်းရှီမြို့အား များပြားသော နတ်ဆိုးချီဓာတ် ဝင်္ကပါ လွှမ်းခြုံသွားပြီးနောက်ပိုင်း လူတော်တော် များများသည် နေ့တိုင်းနီးပါး ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်လာခဲ့ကြသည်။

သို့သော် ဆယ်ရက်ဟူသည့် အချိန်တိုလေးအတွင်း၌ ဒဏ္ဍာရီလာအဆင့် လူဦးရေက အယောက် ငါးဆယ်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။

*သခင်ကြီး*

ခဲလ်ဆာနှင့် သူ့လူများ အလွန် ထိတ်လန့်သွားကာ ချွေးများ စို့တက်လာသည်။ ခဲလ်ဆာသည် ကြောက် စိတ် ကြောင့် သူ့ခြေထောက်များ တုန်ယင် နေသလို ခံစားမိရသည်။

အခြားသူများအား စိတ်ရှုပ်ထွေးအောင် လုပ်၍ ယဲ့ဖန်အား သေတဲ့အထိ မီးရှို့စေချင်ခဲ့သည်ကို သူ သတိရမိပြီးနောက် လန့်ဖျပ်ကာ မေ့မြောလုနီးပါး ဖြစ်နေသည်။

*ငါတော့ သွားပြီ*

*ငါတော့ သေတော့မှာပဲ*

တစ်ဘက်တွင်တော့ ခရီနာ၏ မျက်လုံး လှလှလေးတွင် အလွန် စိတ်လှုပ်ရှား တက်ကြွမှု များနှင့် ပြည့်နှက်နေသည်။

သူမသည် နတ်ဘုရားမများ၏ နောက်လိုက်ထဲမှ မဟုတ်ချေ။

သို့သော် ယခုအချိန်တွင် သူမသည် ယဲ့ဖန်၏ နောက်လိုက် ဖြစ်လာတော့မတတ် ဖြစ်နေသည်။

သူမကို သေရေးရှင်ရေး အခြေအနေ၌ ကယ်ခဲ့သည့် သူက ယဲ့ဖန်ပင်။ ခရီနာက ယဲ့ဖန်အား တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးလေးများနှင့် ကြည့်နေ သည်။

သို့သော် ယဲ့ဖန်ကတော့ သူမ၏ အပြုအမူများကို လုံးဝ ဂရုမစိုက်ချေ။ သူက သည်အတိုင်း နတ်ဘုရားမမြို့တော်ကို ငေးကြည့်ကာ အင်မတန် ရူးသွပ်သော အကြည့်များဖြင့် ကြည့်ကာ အမိန့်ပေး လိုက်သည်။

“သွားကြရအောင် ဒီညလွန်ရင် ဘယ်နတ်ဘုရားမမှ မရှိစေရဘူး”

“အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတင်ပြီ”

….

ယဲ့ဖန်၏ စကားကို ကြားပြီး ခဲလ်ဆာနှင့် သူ့လူများ ဘောင်းဘီတွေ စိုစွတ်မတတ် ဖြစ်သွားသည်။

*အစုလိုက် အပြုံလိုက် သတ်ဖြတ်မယ်*

ယဲ့ဖန်က သည်လောက် ကြမ်းကြုတ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

“ဟုတ်ကဲ့ သခင်ကြီး”

ညအဖွဲ့၏ နတ်ဆိုးလူသားများက မတ်တပ်ပြန် ရပ်လိုက်ကာ အေးစက်သော ဓားမော့များကို ကိုင်ဆွဲ ထားသည့် အသက်ရှင်နေသေးသော နောက်လိုက် များထံသို့ လှမ်းလာကြသည်။

ဓားချက်များက တစ်ချက်ပြီး တစ်ချက်ပါလား။

သူတို့သည် သားသတ်သမားများကဲ့သို့ သတ်ဖြတ် နေကြသည်။ သူတို့ ဖြည်းဖြည်းချင်း လျှောက်နေ ကြသော်လည်း ခြေလှမ်းတစ်လှမ်းတိုင်းတွင် နောက် လိုက် တစ်ယောက်ကို ကိုယ်နှစ်ခြမ်း ကွဲသွား စေသည်။

ရူးချင်စရာကောင်းလောက်သည်။ သွေးဆာလှ၏။

ခဲလ်ဆာနှင့် သူ့လူများသည် ဤမျှ အင်အား ကောင်းသော စစ်တပ်ကို မမြင်ခဲ့ဖူးချေ။ ဒဏ္ဍာရီလာ အဆင့်များပင် နတ်ဆိုးလူသားများ၏ တိုက်ခိုက်မှု အောက်၌ အသက်မရှင်နိုင်ကြပေ။

သူတို့သည် အံ့ဩစရာကောင်းလှသည်။

ခဲလ်ဆာနှင့် သူ့လူများ သူတို့၏ သေခြင်းတရားကို သေချာပေါက် သိလိုက်ကြချိန်တွင် လေပြင်း မုန်တိုင်း တိုက်ခတ်သံကို ကြားလိုက်ရသည်။

ထို့နောက် အမယ်အိုကြီးများ တိုက်ပွဲရှိရာသို့ ဖျတ်ခနဲ ရောက်ရှိလာသည်ကို သူတို့ မြင်လိုက် ရသည်။

“ယဲ့ဖန် ခွေးမသား သေပေတော့”

သူတို့အားလုံးသည် နတ်ဘုရားမဌာနမှ အင်အားစု များ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လျက် ရှိသည်။

နတ်ဘုရားမများက ညအဖွဲ့၏ နတ်ဆိုး လူသား များကို တားဆီးနေသည်ကို မြင်သောအခါ ခဲလ်ဆာနှင့် အခြားသော နတ်ဘုရားမများ၏ နောက်လိုက်များ တက်ကြွလာကာ အားပါးတရ ပြုံးလာကြသည်။

“ငါတို့ အသက်ရှင်နိုင်ပြီ။ နတ်ဘုရားမတွေရဲ့ အကူအညီနဲ့ဆို ယဲ့ဖန် အသတ်ခံရမှာပဲ”

ချက်ချင်းဆိုသလိုပင် နတ်ဘုရားမ ဌာနမ ဒဏ္ဍာရီလာ အဆင့် အားလုံးနီးပါး ရောက်ချ လာသည်။ စုစုပေါင်း အယောက် တစ်ရာ ရှိသည်။

နတ်ဘုရားမ အယောက်တစ်ရာနှင့် ညအဖွဲ့သား အယောက် ငါးဆယ်။

နတ်ဘုရားမများက ချက်ချင်း အပေါ်စီးသို့ ရောက်ရှိ သွားကြသည်။

သို့သော် နတ်ဘုရားမများ၏ နောက်လိုက်များက ကျူးကျော်သူများ သေတော့မည်ဟု မျှော်လင့်နေ ကြစဉ်တွင် ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ ခေါ်လိုက်သည်။

“ပုရွက်ဆိတ်လေး”

သူ့စကားအဆုံးတွင် ကြည့်ရှုနေသူများ၏ အံ့ဩ နေသော အကြည့်များအောက်၌ ယဲ့ဖန်၏ လက်ထဲမှ ဧရာမ ပုရွက်ဆိတ်ဓားတစ်လက် ပေါ်လာ ပြီးနောက် ပုရွက်ဆိတ်အုံအဖြစ် ကွဲသွားကာ နတ်ဘုရား မများဆီသို့ အရူးအမူး ပြေးဝင်သွားကြသည်။

ပုရွက်ဆိတ်များသည် ချက်ချင်းဆိုသလို နတ်ဘုရား မများထံသို့ ပြေးဝင်လာကြသည်။ နောက်ထပ် ဖြစ်ပေါ် လာသည့် အဖြစ်အပျက်များက နတ်ဘုရား မများ၏ နောက်လိုက်များကို ကြောက်လန့်ကာ အော်ဟစ် စေခဲ့သည်။

“အား…အား…အား”

နတ်ဘုရားမများ၏ ငယ်သံပါအောင် အော်ဟစ်သံ များနှင့်အတူ သူတို့၏ အရေပြားများသည် ပုရွက်ဆိတ် များ၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

ထို့ကြောင့် သူတို့ထံမှ သွေးများ ဒလဟော စီးထွက် လာသည်။ နတ်ဆိုးလူသား အယောက် ငါးဆယ် တို့သည်လည်း ထပ်မံ၍ တိုက်စစ်ဆင်လာသည်။

သူတို့သည် သူတို့၏ ဓားမော့များကို ဝင့်၍ နတ်ဘုရားမများအား အလွယ်တကူ သတ်ဖြတ် လိုက်ကြသည်။

...

တစ်မိနစ်အတွင်းမှာပင် နတ်ဘုရားမ အယောက် တစ်ရာရှိသော တပ်ဖွဲ့၏ တစ်ဝက်ခန့် အသတ်ခံ လိုက်ရလေပြီ။

အသက်ရှင်နေသေးသော သူများအားလုံးသည် သေမင်း နှုတ်ခမ်းဝ၌ ရုန်းကန်နေကြရ၏။

....

မြေကြီးပေါ်မှ နတ်ဘုရားများကို ကြည့်ပြီး နောက်လိုက်များ အလွန့်ကို အံ့အားသင့် နေကြသည်။ သူတို့စိတ်ထဲတွင် နတ်ဘုရားမ စစ်တပ် သည် အတုမရှိပေ။

သို့သော် ထိုစစ်တပ်သည် တစ်မိနစ်ပင် မပြည့်သေး သော အချိန်၌ အသတ်ခံလိုက်ရလေသည်။

ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ညအဖွဲ့မှ နတ်ဆိုး လူသားများ၏ တွဲဖက်မှုက မယုံနိုင်လောက်အောင် အင်အားကြီးလှ၏။

ထိုအချိန်တွင် နတ်ဘုရားမများ၏ နောက်လိုက်များ စိတ်ဓာတ်ကျလာကြသည်။ တစ်စုံတစ်ယောက်က နတ်ဘုရားမ စစ်တပ်အား ဤသို့ ဖိနှိပ်နိုင်သော နည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ် မထားခဲ့မိကြပေ။

အား....

ငယ်သံပါအောင် အော်ဟစ်သံများက လမ်း တစ်လျှောက် ပဲ့တင်ထပ်နေ၏။ နတ်ဘုရားမများ၏ အရေအတွက်အား လျင်မြန်စွာ ကျဆင်းလာသည်။

ငါးဆယ်၊ လေးဆယ်၊ သုံးဆယ်။

နတ်ဘုရားများ တစ်ယောက်ပြီးတစ်ယောက် သွေးများ ပန်းထွက်၍ သေဆုံးသွားကြသည်။ နတ်ဘုရားမ မြို့တော်တစ်ခုလုံး သွေးနံ့များဖြင့် လှိုင်လှိုင်ထနေသည်။ နတ်ဘုရားမများ၏ နောက်လိုက်များအားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့် နေကြသည်။

“ဟာ မဖြစ်ဘူး။ နတ်ဘုရားမမြို့တော်က ကပ်ဆိုက် နေပြီ။ ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်ပြီ”

“နတ်ဆိုးတွေ။ သူတို့အားလုံးက နတ်ဆိုးတွေပဲ”

“အရှင်မ။ အရှင်မ ဘယ်ရောက်နေသလဲ”

နောက်လိုက်များ၏ မျက်နှာက ချက်ချင်းကို ပြာနှမ်းလာသည်။ ထို့နောက် သူတို့အားလုံး ဒူးထောက်၍ နတ်ဘုရားမ ဌာန ရှိရာဘက်သို့ အလွန် မျှော်လင့်ချက် ပျက်ပြားနေသံများဖြင့် အော်ဟစ် လိုက်သည်။

“ဧကရီ ကျေးဇူးပြုပြီး နတ်ဆိုးတွေကို သတ်ဖြတ် ပေးတော်မူပါ”

“ဧကရီ ကျေးဇူးပြုပြီး နတ်ဆိုးတွေကို သတ်ဖြတ် ပေးတော်မူပါ”

...

သူတို့၏ အော်သံများက နတ်ဘုရားမမြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။

ဒုန်း!

သူတို့၏ ဆုတောင်းသံများနှင့်အတူ ဧကရီတစ်ပါးက ကိုယ်ထင်ပြသကဲ့သို့ အလွန် ရွှန်းလက်သော အမျိုးသမီး တစ်ယောက် မိုးကောင်းကင်မှ ဆင်းသက်လာသည်။

ကြောက်မက်ဖွယ် ကောင်းသော အင်အားက လေထုထဲ၌ ချက်ချင်းဆိုသလို ပျံ့နှံ့လာ၏။

သူမသည် နတ်ဘုရားမမြို့တော်၏ အရှင်သခင် ဖြစ်သူ နတ်ဘုရားမများ၏ ဧကရီဖြစ်သည်။

“ယဲ့ဖန် နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

မြေကြီးပေါ်သို့ ဆင်းသက်လာပြီးနောက် သူမ အယုံကြည်ရဆုံး နောက်လိုက်အားလုံးနီးပါးလုံး အသတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သူမက အလွန် မုန်းတီးသော မျက်နှာထားဖြင့် ပြောလိုက် သည်။

“နင်က နတ်ဘုရားမမြို့တော်ကို ပုရွက်ဆိတ် အုံလေးနဲ့ သုတ်သင်လို့ရမယ်လို့ ထင်နေတာလား”

“နင်က အရမ်း နုံအလိုက်တာ”

ထိုသို့ပြောပြီး ဧကရီက အလွန် ခက်ထန်သော မျက်လုံးများဖြင့် ပြောလာသည်။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ထင်မပြတာလဲ”

သူမ၏ စကားအဆုံး၌ ကြောက်မက်ဖွယ် ကောင်းသော လူသုံးယောက် ထပ်မံ၍ ဆင်းသက် လာသည်။

ထိုသူတို့သည် အလင်းတော် ဘုန်းတော်ကြီး၊ မှော်နက် ဘုရင်မနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့ပင် ဖြစ်ကြသည်။

ဤမျှ တိုတောင်းသည့် အချိန်လေးအတွင်းမှာပင် တကယ့်ကို သန်မာသော နတ်ဘုရားအဆင့် လေး ယောက်က နတ်ဘုရားမမြို့တော်၌ ပေါ်ပေါက် လာသည်။

All Chapters