← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

CHAPTER 334 နတ်ဆိုးများ ရောက်ရှိလာခြင်း

နတ်ဘုရားအဆင့် လေးယောက်။

ယခုအချိန်တွင် နတ်ဘုရားမမြို့တော်ရှိ လူတိုင်းသည် နတ်ဘုရားအဆင့်များ၏ ခွန်အားကို လွယ်လင့်တကူ အာရုံခံနိုင်သည်။ ထို့ကြောင့် မြို့သူမြို့သားတိုင်း ကြောက်လန့်ကာ တုန်ယင်လို့နေ၏။

သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အား များ အရ နတ်ဘုရားအဆင့် လေးယောက် လုံးသည် ဒဏ္ဍာရီလာ အဆင့်တစ်ယောက်ကို လက်ချည်း သက်သက်ဖြင့် ရိုက်နှက်နိုင်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး နတ်ဘုရားမများ၏ နောက်လိုက်များ အလွန် ရူးမတတ် ဖြစ်သွားကြ သည်။

“အိုး ဝိုး … အလင်းတော် ဘုန်းတော်ကြီး၊ သူက အလင်းတော် ဘုရားကျောင်းရဲ့ အရှင်သခင်ပဲ၊ သူက အလင်းတော် ဘုရားကျောင်းရဲ့ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို တတ်မြောက်သွားပြီးတော့ ကြောက်စရာ ကောင်းလိုက်တဲ့ အင်အားလည်း ရှိတယ်တဲ့”

“အဲ့မိန်းမက ထိုင်းနိုင်ငံက ဝူဘုရားကျောင်းရဲ့ မှော်နက် နတ်ဘုရားမပဲ၊ သူ့ရဲ့ကျိန်စာအစွမ်းက ကမ္ဘာပေါ်မှာ အတုမရှိဘူးလို့ ပြောကြတယ်”

“အဲ့ဒါ မဟာ ကာရိုးလ်သခင်ကြီးကွ၊ သူက မင်းသား ကာရိုးလ်ရဲ့ အဘိုးလေ၊ သူက အသက် တစ်ရာ့ ငါးဆယ်တောင် ရှိနေပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ထူးခြားတဲ့ သိုင်းကွက်တွေကို တတ်မြောက် ထားတယ်လို့ ပြောကြတယ်”

....

နတ်ဘုရားမများ၏ နောက်လိုက်တိုင်း တက်ကြွ လာကြသည်။ နတ်ဘုရားအဆင့် သုံးယောက်နဲ့ နတ်ဘုရားမတို့၏ ဧကရီ။

သူတို့သည် ကမ္ဘာဂြိုဟ်၏ ထိပ်သီးအင်အားစုများ ဖြစ်သည်။ သူတို့အတူတကွ လက်တွဲလိုက်လျင် သူတို့သည် နတ်ဘုရားများကိုတောင် သတ်နိုင်သည်။

နတ်ဘုရားမများ၏ နောက်လိုက်များသည် ယဲ့ဖန်နှင့် ညအဖွဲ့သားများအား လှောင်ရယ်၍ လမ်းလျှောက် နေသော အလောင်းကောင်များကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။

ယခင်တုန်းက ခဲလ်ဆာနှင့် အခြားသူများသည် သူတို့ မုချသေတော့မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ကျောထောက်နောက်ခံ ရလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။

ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားအဆင့် လေးယောက်ကို ကြည့်ပြီး ခဲလ်ဆာနှင့် သူ့နောက် လိုက်များ တက်ကြွလာကြသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ယဲ့ဖန် မင်းက တစ်မူထူးခြားတယ်ဆိုရင်တောင်မှ မင်း ဒီတစ်ခေါက် တော့ သေရမှာပဲ။ ဟားဟား”

ခဲလ်ဆာနှင့် သူ့လူများ အလွန် စိတ်လှုပ်ရှား လာကြသည်။ ခရီနာ တစ်ယောက်တည်းသာ စိုးရိမ် ပူပန်သော မျက်နှာလေးနှင့် ဖြစ်နေသည်။

*ဒါ သေစေနိုင်လောက်တဲ့ ထောင်ချောက်ပဲ*

ထိုအခါမှသာ နတ်ဘုရားမ၏ ဧကရီက ယဲ့ဖန် နတ်ဘုရားမမြို့သို့ ရောက်လာမည်ကို ခန့်မှန်းခဲ့ မိသည့်ပုံရသည်ကို သူမ သတိပြုမိသည်။ ထို့ကြောင့် သူမသည် အခြား နတ်ဘုရားအဆင့် သုံးယောက်ကို ဖိတ်ခေါ်၍ သေစေနိုင်သော ထောင်ချောက်ကို ဆင်ထားခြင်း ဖြစ်သည်။

“ငါ ဘာလုပ်သင့်လဲ။ သူတော့ ဒုက္ခရောက်နေပြီ”

ခရီနာက နဖူးမှ ချွေးတဒီးဒီးကျနေရင်း ရေရွတ် လိုက်မိသည်။ သူမ၏ အသက်သခင် ကျေးဇူးရှင် အတွက် သူမ တကယ့်ကို စိုးရိမ်နေသည်။

ထိုစဉ် မဟာ ကာရိုးလ်သခင်ကြီးက အော်ပြော လာသည်။

“ယဲ့ဖန် ခွေးမသား မင်း ငါ့မြေးအသက်အတွက် ပြန်ပေးဆပ် ရမယ်ကွ”

သူသည် အလွန် ကြမ်းကြုတ်ပုံရပြီး ဆံပင်မွေး များပင် ထောင်လို့နေသည်။ မဟာ ကာရိုးလ် သခင်ကြီးသည် သူ့မြေး သေဆုံးခြင်းအတွက် လက်စား ချေရန် ယဲ့ဖန်၏ အသားကို စား၍ သွေးကို သောက်ချင်နေသည်။

အလင်းတော်ဘုန်းတော်ကြီး၏ မျက်လုံးများသည် အေးစက်လို့နေ၏။ သူက ခေါင်းခါ၍ ယဲ့ဖန်အား မခိုးမခန့် မျက်နှာထားဖြင့် ပြောလိုက်သည်။

“ယဲ့ဖန် ငါ မင်းကို စလာကတည်းက မသတ် ချင်ပါဘူး။ စိတ်မကောင်းစရာက မင်းက တအား ရက်စက်ပြီးတော့ မင်း လူတွေကို ကာကွယ်လွန်း အားကြီးတယ်။ တကယ်လို့ မင်းကို ငါ အခု မသတ်ဖူးဆိုရင် မင်းက ငါ့ကို သတ်လာနိုင်တယ်”

“ဒါကြောင့် မင်း အရင်သေဖို့ လိုအပ်တယ်”

အလင်းတော် ဘုန်းတော်ကြီးက ဖြည်းဖြည်းချင်း ပြောနေသော်လည်း သူ၏ စကားလုံးများတွင် ရက်စက်သော အလိုဆန္ဒများ ပါဝင်နေ၏။‌

မှော်နက်နတ်ဘုရားမသည် ခပ်တန်းတန်း ဖြစ်နေပုံ ပေါ်နေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် သေပြီး သားလူ ဖြစ်သည်။

“ယဲ့ဖန် မြောင်ဒေသက ဝူကလန်က ဝူနတ်ဘုရား ဘုရားကျောင်းတော်ရဲ့ ဂိုဏ်းခွဲပဲ။ မင်းက ဝူကလန်ကို သုတ်သင်လိုက်မှတော့ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီး သွားပြီပဲ”

နတ်ဘုရားအဆင့် လေးယောက်လုံးက ယဲ့ဖန်ကို သတ်ရန် ဆုံးဖြတ်သားပြီးသား ဖြစ်သည်။ သူတို့၏ စကားများကို ကြားပြီးနောက် ဘေးပတ်လည်မှ နတ်ဘုရားမ၏ နောက်လိုက်များ အလွန် တက်ကြွ လာကြသည်။

သူတို့သည် ချက်ချင်းဆိုသလို စတင်၍ ဩဘာပေး ကြသည်။

“ယဲ့ဖန်ကိုသတ်”

“ယဲ့ဖန်ကိုသတ်”

“ယဲ့ဖန်ကိုသတ်”

သူတို့၏ အော်သံများက ကမ္ဘာကိုတောင် တုန်လှုပ် စေသည်။ လူတိုင်းနီးပါးက ယဲ့ဖန် သေတော့မည်ဟု ယုံကြည်ထားကြသည်။

သို့သော် သူတို့ လုံးဝ မသိလိုက်သည်က တိုက်ပွဲသည် တစ်ဖက်သတ် သုတ်သင်ပွဲကြီး ဖြစ်လာတော့မည် ဆိုသည်ကိုပင် ဖြစ်သည်။

သို့သော် နတ်ဘုရားအဆင့် လေးယောက်လုံးသည် မောက်မာစွာ ပြောဆိုသဖြင့် သူတို့၏ နောက်လိုက် များသည်လည်း သောင်းကျန်းနေစဉ် ဝုန်းခနဲ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

နတ်ဘုရားမမြို့တော်၏ မြို့တံတိုင်းသည် အပြင်ဘက်မှ နေ၍ ပြိုလဲပျက်စီးသွား၏။ ထို့နောက် ဟစ်ကြွေးသံတစ်ခုက မြို့အနှံ့ ပဲ့တင်ထပ်သွားသည်။

ထိုဟစ်ကြွေးသံနှင့်အတူ နတ်ဆိုးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သံမဏိ မျှော်စင်ကဲ့သို့ မြင့်မား၍ သန်မာသော ထိုလူသည် နတ်ဆိုးကဲ့သို့ သန်မာပြီး ကြမ်းကြုတ်သည့် ချီဓာတ်ကို ထုတ်ဖော် နေသည်။

ထိုလူ၏ နဖူးအလယ်တည့်တည့်၌ နတ်ဘုရား အမှတ်အသားက ထင်းခနဲ ဖြစ်နေသည်။

နတ်ဘုရားအဆင့်။

ထိုစဉ် မြို့ထဲမှ လူတိုင်း အံ့အားသင့်သွားကြသည်။ နောက်ထပ် နတ်ဘုရားအဆင့်တစ်ယောက်ကို တွေ့ရ လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲံကြပေ။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်အရ သူသည် ကျန်လေးယောက်ထက် ဘယ်လိုနည်းနှင့်မျှ အားနည်းလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ထိုနတ်ဘုရားအဆင့်၏ နောက်လိုက်၌ နောက်ထပ် ဒဏ္ဍာရီလာအဆင့် အယောက်နှစ်ဆယ် လိုက်ပါလာသည်။

ထိုနတ်ဆိုးလူသားများ ရောက်လာပြီး မကြာခင် မှာပင် သူတို့အားလုံးသည် ယဲ့ဖန်ရှေ့၌ ဒူးထောက် လိုက်ကြသည်။

“မိုရိုသွေးစွန်းတစ္ဆေက သခင်ကြီးကို ဂါဝရပြု ပါတယ်”

“ဒုစရိုက် နတ်ဆိုးများက သခင်ကြီးကို ဂါဝရပြု ပါတယ်”

....

ထိတ်လန့်စရာကောင်းလိုက်ပါဘိ။

နတ်ဘုရားမများ၏ နောက်လိုက်များ အလွန်တရာ ထိတ်လန့်သွားကြသည်။

*နတ်ဘုရားအဆင့် အစေခံလား*

*မဖြစ်နိုင်လိုက်တာ*

ကြည့်နေကြသူများအားလုံး အလွန် မယုံသင်္ကာ ဖြစ်သွားကြသည်။ ကမ္ဘာပေါ်ရှိ နတ်ဘုရားအဆင့် တစ်ယောက်ချင်းစီသည် ဒေသတစ်ခု၏ ထိပ်သီး အရှင်သခင်များ ဖြစ်ကြသည်။

သူတို့အားလုံးသည် ကြောက်စရာ ကောင်းလောက် သည့် အင်အားစုများဖြစ်ပြီး နောက်လိုက် များစွာ လည်း ရှိသည်။ သူတို့က ဘယ်လိုလုပ် တစ်စုံ တစ်ယောက်၏ အစေခံ ဖြစ်နိုင်ပါမည်နည်း။

*အံ့ဩဖို့ကောင်းလိုက်တာ*

အလင်းတော် ဘုန်းတော်ကြီးနှင့် အခြား နတ်ဘုရား အဆင့် သုံးယောက်တို့လည်း အလွန် ထိတ်လန့် နေကြသည်။

ထိုစဉ် သွေးစွန်းတစ္ဆေက အခြားသူများ၏ အပြုအမူ များကို လျစ်လျူရှုက ယဲ့ဖန်ကိုသာ မျက်ရည်ဝဲ နေသော မျက်လုံးများဖြင့် ကြည့်ကာ စိတ်လှုပ်ရှား စွာ ပြောလိုက်သည်။

“သခင်ကြီး ကျွန်တော် ပျောက်သွားပြီး နောက်ပိုင်း လျှို့ဝှက်နယ်မြေတစ်ခုဆီကို ရောက်သွားခဲ့တယ်။ ကျွန်တော် သိပ်မကြာခင်ကမှ အဲ့ထဲက ထွက်လာ နိုင်ခဲ့တာ”

“သခင်ကြီးနဲ့ ပြန် ... ပြန်တွေ့ရတာ သိပ်ကောင်း တာပဲ”

သွေးစွန်းတစ္ဆေသည် စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက် ဆူလာသည်။ သူ ပျောက်သွားခဲ့သည် ယခင်လများ အတောအတွင်း၌ သူ့သခင်ကြီး၏ သေဆုံးမှု အတွက် လက်စားချေရန်သာ သူ တစ်ချိန် လုံး တွေးတောနေခဲ့သည်။

သူ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့သည့် အချိန်က ဘယ်လောက်တောင် များပြားလှသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပါ။

သူ ဘယ်လောက် သွေးတွေ ခြောက်ခမ်း၍ ဒဏ်ရာ များစွာ ရခဲ့သည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပါ။

သို့သော် သူသည် အကျပ်အတည်းတိုင်း၌ ရှင်သန်ခဲ့ သည်၊ အဘယ်ကြောင့်ဆိုသော် သူ့သခင်ကြီး ဂရုစိုက်သော သူများကို ကာကွယ်ရန်နှင့် သူ့သခင်ကြီး မုန်းတီးသော သူများကို သတ်ဖြတ်ရန် လိုအပ်သည်ကို သူ သိနေသောကြောင့်ပင်။

သို့သော် ယဲ့ဖန် အသက်ရှင်နေသေးသည် ဟူသော သတင်းစကားကို ကြားရလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့မိပါ။

ထို့ကြောင့် သူ စိတ်လှုပ်ရှားကာ အော်ငိုမိခြင်း ဖြစ်သည်။ အကြောက်အလန့် ကင်းသော နတ်ဘုရား တောင်မှ ယဲ့ဖန်၏ အသက်ရှင်နေသေးမှုအတွက် ငိုကြွေး နေရသည်။ ဤသည်ကား ယဲ့ဖန်သည် သူ့ရင်ထဲ၌ အရေးပါသော နေရာ၌ ရှိနေသည် ဆိုတာကို ပြသလို့နေ၏။

သွေးစွန်းတစ္ဆေကို ကြည့်ကာ ယဲ့ဖန်က သူ့အား မတ်တပ်ရပ်စေလိုက်ပြီး နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။

“ငါ မင်းကို နတ်ဆိုးဂြိုဟ်ဆီ ခေါ်သွားမယ်လို့ ပြောခဲ့သားပဲ။ ငါက ဘယ်လိုလုပ် ငါတို့ကတိကို ဖျက်နိုင်မှာလဲ”

ယောကျ်ားရင့်မာကြီး နှစ်ယောက်က စိတ်ထိခိုက် ကာ တစ်ယောက်ကို တစ်ယောက် ဖက်ထား လိုက်ကြသည်။

ကျန်သူများက တိုက်ပွဲဖြစ်ပေါ်တော့မည်ဟု တွေးတော မိလိုက်ကြသည်။ ထိုစဉ် နတ်ဘုရားမ မြို့တော်တွင်း၌ လေပြင်းမုန်တိုင်း တိုက်ခတ် လာသည်။

ထို့နောက် သူတို့၏ အံ့ဩနေသော အကြည့်များ အောက်တွင် အနက်ရောင် တိမ်တိုက်တစ်ခုက မြို့တစ်ခုလုံးအား အနက်ရောင် ပုဝါကဲ့သို့ လွှမ်းခြုံ သွားသည်။

ထို့နောက် ထိုတိမ်တိုက်များမှ သိုင်းပညာရှင်များ ဆင်းသက် လာသည်။

ဒဏ္ဍာရီလာအဆင့်၊ ဒဏ္ဍာရီလာအဆင့်၊ နောက်ထပ် ဒဏ္ဍာရီလာအဆင့်။

မျက်စိ တစ်မှိတ်အတွင်းမှာပင် ဒဏ္ဍာရီလာအဆင့် အယောက်သုံးဆယ် ကျော်သွားပြီ ဖြစ်သည်။ ထို့နောက်တွင်မူ အနက်ရောင် တိမ်တိုက်မှ နက်မှောင် နေသော လူတစ်ယောက် မြေကြီးပေါ်သို့ ခုန်ဆင်းလာသည်။

ဒုန်း!

နတ်ဆိုးတစ်ကောင်လေအလား ထင်မှတ်ရသည်၊သူ မြေကြီးပေါ်သို့ ခုန်ဆင်းပြီးသည်နှင့် ဧရာမ ချိုင့်နက် ကြီး ဖြစ်ပေါ်လာကာ ကျောက်တုံးများက နေရာ အနှံ့သို့ လွင့်ပျံသွားသည်။

ထို့နောက် နတ်ဘုရားမများ၏ နောက်လိုက်များ ကြည့်နေစဉ်မှာပင် ထိုလူနှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက် ထောက်ကာ သံပြိုင် ဟစ်အော်လာသည်။

“အမှောင်မိစ္ဆာသခင်က သခင်ကြီးကို ဂါဝရပြု ပါတယ်”

“နတ်ဆိုး တောင်ကြားက နတ်ဆိုးများက သခင်ကြီး ကို ဂါဝရပြုပါတယ်”

ထိုအချိန်တွင် နတ်ဘုရားမမြို့တော်မှ သိုင်းပညာရှင် များအားလုံး အသက်ပင် မရှူနိုင်တော့ပေ။

ထပ်ပြီးတော့ အစေခံတွေပါပဲလား။

နတ်ဘုရားမများ၏ နောက်လိုက်များသည် ထိုနတ်ဆိုးကဲ့သို့သူသည် နဖူးအလယ်၌ နတ်ဘုရား အဆင့် အမှတ်အသားမရှိသော်လည်း သူ၏ ချီဓာတ် က သာမန် နတ်ဘုရားအဆင့်များထက် ပို၍ သန်မာ ကြောင်း တပ်အပ်ပြောနိုင်သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ် ကြောင့် နတ်ဘုရားမ၏ နောက်လိုက်များ ကြောက် လန့် ကာ ကတုန်ကယင် ဖြစ်လာသည်။

သို့သော် ထိုမျှ ကြောက်ဖို့ကောင်းသည့် သိုင်းပညာ ရှင်က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ သူ၏ အစေခံပါဟု ကြွေးကြော်နေ၏။

*မယုံနိုင်စရာပါလား*

CHAPTER 335 သူတို့ကို ဖောက်ခွဲလိုက်

သုဿာန်တစပြင်အလား တိတ်ဆိတ်လို့နေ၏။

ယခုအချိန်တွင် နတ်ဘုရားမမြို့တော်တွင်းရှိ လေထု သည် အေးစက်တောင့်တင်းလို့နေ၏။ မြို့တစ်ခုလုံး သုဿာန်အလား တိတ်ဆိတ်လို့ နေသည်။

နတ်ဘုရားမများ၏ နောက်လိုက်တိုင်း လိပ်ပြာလွင့် မတတ် ကြောက်လန့်လို့နေ၏။

ဂလု!

နတ်ဘုရားမများ၏ နောက်လိုက်တစ်ယောက်သည် သူ၏ တံတွေးအား မနည်းမျိုချလိုက်သဖြင့် သူ့လျှာ တစ်ခုလုံးပါ ကိုက်မိတော့မလို ဖြစ်သွားသည်။

“နတ်…နတ်ဘုရားအဆင့်တွေကို ကျွန်ပြုတယ်၊ ဒီ … ဒီလူက လူလား ဒါမှမဟုတ် ဘာလဲ”

“ပုံရိပ်ယောင်၊ ဒါတွေအားလုံး ပုံရိပ်ယောင် တွေမလား။ ဘယ်လိုလုပ် နတ်ဘုရားအဆင့် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်နိုင် မှာလဲ။ နတ်ဘုရားအဆင့် နှစ်ယောက်ကိုတောင် ကျွန်ပြုထား …”

“ဟာကွာ … ဘယ်လိုလူလဲ။ တစ်ကမ္ဘာလုံးမှာ နတ်ဘုရား အဆင့်တွေက နည်းနည်းလေးပဲ ရှိတာ လေ၊ ဒါပေမယ့် သူ … သူက နတ်ဘုရားအဆင့် နှစ်ယောက် ကိုတောင် ကျွန်ပြုထားတယ်၊ သောက် ကျိုးနည်း”

…

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် နတ်ဘုရား မမြို့တော် တစ်ခုလုံး ပွက်ပွက်ညံလာသည်။ သူတို့ စိတ်ထဲတွင် နတ်ဘုရားအဆင့်များသည် ထိပ်သီး ပညာရှင်များဖြစ်ပြီး ယှဉ်နိုင်သူ မရှိလုနီးပါး ဖြစ်သည်ဟု ထင်မှတ်ထားကြသည်။

သို့သော် ယခုအခါတွင် …

“ခွေးမသား…ခွေးမသား…ခွေးမသား”

ထိုအချိန်တွင် ခဲလ်ဆာသည် ဒေါသထွက်လုနီးပါး ဖြစ်နေသည်။ ဤကဲ့သို့ အဖြစ်အပျက်က ပြောင်းပြန် ဖြစ်သွားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။ ယခင်တုန်းက သူသည် ယဲ့ဖန် မုချ သေရမည်ဟု ယုံကြည်ထားခဲ့သော်လည်း သူ့ရန်သူ၏ အဖွဲ့က နတ်ဘုရားအဆင့် နှစ်ယောက်နှင့်အတူ ရုတ်တရက် ပေါ်လာသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ … သူက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ပဲ ရှိတာလေ”

ခဲလ်ဆာသည် မနာလိုမုန်းတီးစိတ်နှင့် အားကျ စိတ်များဖြင့် ပြည့်နှက်လာသည်။ သူသည် သူ့ကိုယ်သူတောင် ယဲ့ဖန် ဖြစ်ချင်သွားပြီး နတ်ဘုရား အဆင့်များ၏ လေးစားမှုကို ခံယူချင် လာခဲ့သည်။

သို့သော် ဤသည်က ရွေးချယ်လို့မရမှန်း သူ သိနေခဲ့သည်။ သူနှင့် ဆန့်ကျင်ဘက်တွင်တော့ ခရီနာသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

သူမ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးနောက် သူမသည် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု လွတ်ကျသွားဟန်ဖြင့် သက်တောင့်သက်သာ ဖြစ်သွားသော အမူအရာမျိုး ဖြစ်ပေါ်လာသည်။

“ဒီလူက ငါ့နှလုံးသားတွေ ပေါက်ထွက်မတတ် ဖြစ်လာအောင် လုပ်နိုင်တာပဲ”

ခရီနာ မချိပြုံးပြုံးလိုက်မိသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် အလွန် ဆန်းကြယ်သောသူ ဖြစ်သည်။

…

သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို ဂရုမစိုက်ပေ။ သူက အမှောင် သခင်အား မတ်တပ်ရပ်စေလိုက်ပြီး ကျေနပ်သော အကြည့်တို့ဖြင့် ပြောလိုက်သည်။

“ကြည့်ရတာ မင်းရဲ့မူလကိုယ်က ချိပ်ပိတ်ထား ရာကနေ မကြာခင် လွတ်မြောက်တော့မယ်နဲ့ တူတယ်”

ယဲ့ဖန်၏ စကားကြောင့် အမှောင်သခင်က စိတ်လှုပ်ရှားဟန်ဖြင့် မျက်ရည်များနှင့် ပြောလာ၏။

“သခင်ကြီး၊ သခင်ကြီးသာ အသက်စွန့်ပြီး ကျွန်တော့်ကို မကယ်ခဲ့ဘူးဆိုရင် ကျွန်တော် ချောက် ကမ်းပါး အောက်ခြေမှာကတည်းက သေသွား လောက်ပါြပီ”

“ကျုပ်အသက်ကို သခင်ကြီး ပိုင်ပါတယ်”

ထို့နောက် သူတို့သည် တိတ်ဆိတ်စွာ တစ်ယောက် ကိုတစ်ယောက် ကြည့်နေကြသည်။ တစ်ခဏ ကြာသော် ယဲ့ဖန်က နတ်ဘုရားမတို့၏ ဧကရီအား စိုက်ကြည့်ကာ ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ခင်ဗျား အခု သေလို့ရပြီလား”

အထက်စီးဆန်လှသည်။ မောက်မာလှ၏။

နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရား အဆင့် သုံးယောက်လုံး၏ မျက်နှာထားများ ခက်ထန် လာကြသည်။

“ယဲ့ဖန် မင်းက နောက်ထပ် နတ်ဘုရားအဆင့် နှစ်ယောက်လောက်လေးနဲ့ ငါတို့ကို နိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်မက်မနေနဲ့”

နတ်ဘုရားမတို့၏ ဧကရီက ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်ဖော်လာ၏။ သူမ ယဲ့ဖန်ကို သတ်ချင်နေသည်။

ယဲ့ဖန်ကို သတ်လိုက်နိုင်မှသာလျင် သူမသည် သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်ပိုင်ရှင် ပိုင်ယီကို အလုံးစုံ ထိန်းချုပ်နိုင်ပြီး နတ်ဘုရားအဆင့် စစ်တပ်ကို ဖန်တီး၍ ကမ္ဘာကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

နတ်ဘုရားမတို့၏ ဧကရီက သူမဘေးမှ သုံးယောက်အား တီးတိုးပြောလိုက်သည်။

“ကျွန်မတို့ ဒီခွေးသူတောင်းစားကို ဒီနေ့ သတ်မှ ဖြစ်မယ်။ မဟုတ်ရင် သူက ကျွန်မတို့အားလုံးကို သတ်သွားလိမ့်မယ်”

သူမ၏ စကားကို ကျန်နတ်ဘုရားအဆင့် သုံးယောက်တို့ကလည်း ခေါင်းညိတ်၍ သဘောတူ လာသည်။

ယဲ့ဖန်နှင့် သေသည်အထိ တိုက်ခိုက်ရန် လိုအပ် ကြောင်း သူတို့ သိနေသည်။

“သွားသေလိုက်တော့”

စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဘုရားအဆင့် လေးယောက်လုံးက ယဲ့ဖန်နှင့် သူ့လူများထံသို့ အလင်းထက် မြန်သော နှုန်းဖြင့် လှစ်ခနဲ ပြေးဝင် လာကြသည်။

လေတိုးသံနှင့်အတူ သူတို့သည် ယဲ့ဖန်တို့ အဖွဲ့ထံသို့ နီးကပ်လာသည်။

သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက် မှုက လေထုကိုတောင် ပေါက်ပြဲလာစေသည်။

“သွားသေလိုက်တော့”

အလင်းတော် ဘုန်းတော်ကြီးနှင့် ယဲ့ဖန်။

မှော်နက်နတ်ဘုရားမနှင့် အမှောင်သခင်။

နတ်ဘုရားမတို့၏ ဧကရီနှင့် သွေးစွန်းတစ္ဆေ။

မဟာ ကာရိုးလ်သခင်ကြီးသည် နတ်ဘုရား တစ်ပိုင်း အဆင့်သာ ရှိသော ကျိုချင်းချန်ထံသို့ တိုက်ခိုက် လာသည်။

ဒုန်း! ဒုန်း! ဒုန်း!

ထိုစဉ် ကြမ်းကြုတ်သော သားရဲရိုင်းကဲ့သို့သော လူရှစ်ယောက်သည် လေးဖွဲ့စီ တိုက်ခိုက် နေကြသည်။

နတ်ဘုရားမ မြို့တော် တစ်ခုလုံးသည် ကမ္ဘာပျက် သောအချိန်သို့ ဇောက်ထိုးမိုးမျှော် ထိုးကျ သွားလေ တော့သည်။

နံရံများ ပျက်ဆီးကုန်သည်။ အိမ်များ ပြိုကျကုန်၏။ မြေကြီးသည်လည်း အက်ကွဲလို့သွားသည်။ လူရှစ်ယောက် ဖြတ်သွားသည့်နေရာတိုင်း မြေကြီး သည် ပက်ကြားအက်သွားရသည်။

ထိတ်လန့်စရာ ကောင်းလှပါဘိ။

ပြင်းထန်သော တိုက်ပွဲများကို ကြည့်ပြီး ကျန်သူများ အလွန် မှင်တက်သွားကြသည်။ နတ်ဘုရား အဆင့်များကြားက တိုက်ပွဲကို သူတို့ အခုမှ မျက်ဝါး ထင်ထင် မြင်ဖူးကြခြင်း ဖြစ်သည်။

ပို၍ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ပွဲ သည်ကား ယဲ့ဖန်နှင့် အလင်းတော် ဘုန်းတော် ကြီးတို့၏ တိုက်ပွဲပင်။

အလင်းတော် ဘုန်းတော်ကြီး၏ တိုက်ပွဲဝင် ခွန်အားသည် အခြားသူများထက် သိသိသာသာ သာလွန်သည်။ သူ၏ လက်ဖဝါးရိုက်ချက် တစ်ခုစီတိုင်းတွင် စကြဝဠာ ဥပဒေသများ ပါဝင် နေသည်။

တိုက်ကွက်တစ်ခုတည်းနှင့် သူသည် အိမ်တစ် လုံးအား အဖြူရောင် အလင်းလုံးလေး တစ်ခုအဖြစ် ပြောင်းလဲ သွားစေပြီးနောက် ပျောက်ကွယ် သွားသည်။

သူက ယဲ့ဖန်ကို ထပ်ခါထပ်ခါ တိုက်ခိုက်သည်။ တိုက်ကွက်တစ်ခုတိုင်းက အလွန် ကြောက်စရာ ကောင်းလှသည်။

သို့သော် ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက် ကား ယဲ့ဖန်က အလင်းတော် ဘုန်းတော် ကြီးအား ဖိနှိပ်ထားနိုင်ခြင်းပင်။

သူသည် အလင်းတော် ဘုန်းတော်ကြီးအား မည်သည့်လက်နက်မှ မပါဘဲ ထိုးနှက်နေသည်။ လက်သီးတစ်ချက်ချင်းစီတိုင်းတွင် သူသည် အလင်း တော် ဘုန်းတော်ကြီးအား နောက်သို့ ထိတ်ထိတ် ပျာပျာနှင့် ဆုတ်သွားရအောင် လုပ်နိုင်ခဲ့ သည်။

လက်သီးချက်များနှင့်အတူ အလင်းတော် ဘုန်းတော် ကြီးသည် ထပ်၍ ထပ်၍ နောက်ဆုတ် သွားရသည်။

သူ၏ လက်သီးများသည် ကျိုးကြေ၍ သွေးများ ထွက်နေပြီး မြေကြီးပေါ်သို့ စီးကျနေသည်။

“မဖြစ်နိုင်ဘူး”

ယခုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီးသည် ထိတ်လန့်မှုကြောင့် မျက်ခုံးတလှုပ်လှုပ် ဖြစ်နေ၏။ သူ၏ ကိုယ်ပိုင်ခွန်အားကို သူ သေချာသိသည်။ သူသည် နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရားအဆင့် နှစ်ယောက်တို့ထက် သေချာ ပေါက် ပို၍ သန်မာသည်။

အစပိုင်းက သူသည် ယဲ့ဖန်အား သတ်နိုင်ပြီး အခြား တိုက်ပွဲများကို ဝင်ကူညီနိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ မမျှော်လင့်ထားဘဲ ရန်သူ၏ တိုက်ပွဲဝင် ခွန်အားက အလွန် ကြောက်စရာ ကောင်း နေ၏။

ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သော ယဲ့ဖန်က နတ်ဘုရား အဆင့်ကို အသာလေး ဖိနှိပ်ထား နိုင်နေသည်။

မည်မျှ ထူးဆန်းလှသနည်း။

ဝုန်း!

ထိုစဉ် ယဲ့ဖန်က အလင်းတော် ဘုန်းတော်ကြီး၏ လက်သီးအား လက်သီးတစ်ချက်ဖြင့် ထိုးနှက် လိုက်သည်။

“ခွေးမသား”

အလင်းတော် ဘုန်းတော်ကြီးသည် ဒေါသထွက် နေသော မျက်လုံးများဖြင့် ကျိန်ဆဲလိုက်မိသည်။ ထို့နောက် သူသည် အခြား လက်ဖဝါးကို လှုပ်လိုက် သည်။ ခဏကြာသော် ရွှေရောင်တုတ်တစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။

*ဒါ မှော်ဝင်ပစ္စည်းပဲ*

ထိုတုတ်ကို မြင်သည်နှင့် အခြားသူများ၏ မျက်နှာ၌ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြသည်။ ထိုတုတ်မှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်း ကို သူတို့ အာရုံခံမိနေသည်။

ယခုအချိန်တွင် တုတ်ကို လက်ထဲကိုင်ဆွဲထားသော အလင်းတော် ဘုန်းတော်ကြီးသည် ကြောက်မက် ဖွယ် ကောင်းသော နတ်ဘုရားတစ်ပါးနှင့် သဏ္ဌာန်တူ နေ၏။

သို့သော် ယဲ့ဖန်သည် လုံးဝ ထိတ်လန့်တုန်လှုပ်နေပုံ မပေါ်ပေ။ ထိုကဲ့သို့ ဖြစ်မည့်အစား သူက မခိုးမခန့် မျက်နှာဖြင့် ပြောလာသည်။

“မှော်ဝင်ပစ္စည်းလား”

ထို့နောက် ယဲ့ဖန်က သူ့လက်ဖဝါးကို လှုပ်လိုက် သောအခါ လက်သီးဆုပ် အရွယ် သားရဲ အမြုတေ က သူ့လက်ထဲ ပေါ်လာသည်။

*ဒါ … ဒါက ဧကရာဇ်အဆင့် သားရဲရဲ့ အမြုတေပါလား*

ကြည့်ရှုနေသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွား ကြသည်။

လူသား သိုင်းပညာရှင်များ၌ မူလ သလင်းကျောက် များနှင့် နတ်ဘုရားအဆင့် အမြုတေများ ရှိသလို သားရဲများတွင်လည်း အမြုတေများ ရှိကြသည်။

ထိုအမြုတေသည် သိမ်းငှက်၏ အတည်မှော် စွမ်းအင်များ ပါဝင်နေသော ဧကရာဇ်အဆင့် သားရဲ အမြုတေဖြစ်သည်။

ထို့ပြင် ကြည့်နေသူများ၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ယဲ့ဖန်သည် သားရဲ အမြုတေအား ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဂျွတ်! ဂျွတ်!

သူ စတင်၍ ဝါးစားလေသည်။

*မြတ်စွာဘုရား*

ကြည့်နေသူများအားလုံး အလွန် မှင်တက် သွားကြသည်။ ယခင်က မည်သူမျှ သားရဲ အမြုတေကို မစားခဲ့ကြပေ၊ အဘယ်ကြောင့် ဆိုသော် အမြုတွေတွင်းမှ ပြင်းထန်သော စွမ်းအင်က နတ်ဘုရားအဆင့်၏ ခန္ဓာကိုယ်တောင်မှ ပေါက်ကွဲသွားစေနိုင်သည်။

သို့သော် ယခုအချိန်တွင်...

ဝုန်း!

သားရဲ၏ အမြုတေကို စားပြီးနောက် ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံကို ကြားလိုက် ရသည်။

ချက်ချင်းဆိုသလို သူသည် ဒဏ္ဍာရီအဆင့်သို့ အဆင့်တက် သွားသည်။ ထို့ပြင် သူ၏ ကြေးနီရောင် အသားအရေသည် အနက်ရောင် သံမဏိထက်ပင် မာကျော လာကာ ကြောက်မက်ဖွယ် ကောင်း လောက်သော ချီဓာတ်ကို ထုတ်ဖော်လာသည်။

“မှော်ဝင်ပစ္စည်း၊ နတ်ဘုရားတွေ။ ငါ အားလုံးကို ဖောက်ကွဲပစ်လိုက်လို့ ရတယ်”

ယဲ့ဖန်က ရက်စက်သော အကြည့်များဖြင့် ရေရွတ် လိုက်သည်။ ထို့နောက် သူသည် အလင်းတော် ဘုန်းတော်ကြီးထံသို့ ပြေးဝင်သွားသည်။

ဒုန်း! ဒုန်း! ဒုန်း!

သူသည် အလင်းတော် ဘုန်းတော်ကြီးအား ထပ်ခါထပ်ခါ ထိုးနှက်၏။ သူ တစ်ကြိမ် ထိုးနှက်လိုက်တိုင်း အလင်းတော် ဘုန်းတော်ကြီး အား နောက်သို့ လွင့်ထွက်သွားအောင် လုပ်နိုင် လေသည်။

ပထမတစ်ချက်၊ ဒုတိယတစ်ချက်၊ တတိယအချက်။

...

ယဲ့ဖန်သည် ဆယ်ချက်မြောက် လက်သီးချက်ကို ထိုးသွင်းလိုက်ပြီးနောက် သူသည် ဂျွတ်ခနဲ အသံကို ကြားလိုက်ရသည်။

ကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် မှော်ဝင်ပစ္စည်းသည် တစ်စစီဖြစ်သွားရသည်။

ယဲ့ဖန်သည် မှော်ဝင်ပစ္စည်းအား လက်သီးချက်ဖြင့် ပျက်စီးသွားအောင် လုပ်နိုင်ခဲ့သည်။ သူ၏ အပြုအမူ များသည် လူသားနှင့်တောင် မတူပေ။

အလင်းတော် ဘုန်းတော်ကြီးတောင်မှ ထိတ်လန့်လို့ နေ၏။ သို့သော် ဤသည်ကား အစပင်ရှိသေးသည်။

ယဲ့ဖန်သည် သူ၏ သံမဏိ လက်သီးကို ချိန်ရွယ်၍ အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

CHAPTER 336 မသေမျိုး ခန္ဓာကိုယ်

ဒုန်း!

ယခုအချိန်တွင် ယဲ့ဖန်၏ ခွန်အားသည် ပြိုင်ဘက် ကင်းလှသည်။ မှော်ဝင်ပစ္စည်းအား သူ့လက်သီးကို သုံး၍ ဖျက်ဆီးလိုက်ပြီးနောက် ပတ်ဝန်းကျင်မှ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။

*သူက မှော်ဝင်ပစ္စည်းကို သူ့လက်သီးကို သုံးပြီး ဖျက်ဆီးလိုက်တယ်*

*ဒါဆို သူ့လက်သီးတွေကလည်း မှော်ဝင်ပစ္စည်းပဲလို့ ပြောချင်တာလား။ မဖြစ်နိုင်ဘူးလေ*

အထူးသဖြင့် အလင်းတော် ဘုန်းတော်ကြီး၏ မျက်နှာက ထိတ်လန့်မှုများဖြင့် ဖုံးအုပ်သွားသည်။

သူသည် မျက်ခုံး တလှုပ်လှုပ်ဖြစ်နေရင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထနေသည်။ သန်မာသော ရန်သူများနှင့် သူ ဆုံခဲ့ဖူးပါသည်၊ သို့သော် ယဲ့ဖန်သည် သူတို့အားလုံးထဲတွင် အထူးဆန်းဆုံးသူ ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်သည် အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား အလွန် ပြင်းထန်သော ခွန်အားဖြင့် ထိုးနှက်လိုက်သည်။

“ခွေးမသား”

အလင်းတော် ဘုန်းတော်ကြီး ဆက်တိုက် ကျိန်ဆဲ လိုက်မိသည်။ သူ နောက်ဆုတ်လို့ရနိုင်မည့် လမ်းများက ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပိတ်ဆို့ခံလို က်ရသလို သူ ခံစားလိုက်မိသည်။

ထို့ကြောင့် သူ လုံးဝ နောက်ဆုတ်လို့မရသလို ရှောင်လို့လည်း မရပေ။

“တိုက်”

ယဲ့ဖန်နှင့် တိုက်ခိုက်ရန် ဖိအားပေးခံရသည်ကို သူ သတိပြုလိုက်မိသည်။ ထို့ကြောင့် သူသည် လက်သီးကို ဆုပ်၍ ယဲ့ဖန်အား ထိုးနှက်လိုက်သည်။

ဒုန်း!

သံမဏိ လက်သီးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသဖြင့် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် အလင်းတော် ဘုန်းတော်ကြီး၏ လက်သီးသည် ကျိုးပေါက် သွားကာ သွေးများ ပန်းထွက်လာသည်။

“အား…”

အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ထိတ်လန့် သွားရသလို ကြောက်လန့် ကြောက်သွား ရသည်။ သူ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေ၏။

သို့သော် ယဲ့ဖန်သည် လူတစ်ယောက်၏ အရိုး၌ ကပ်တွယ်နေသော သန်ကောင်ကဲ့သို့ သူ့အား ထပ်ကာ တလဲလဲ ထိုးနှက်နေသည်။

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။

ဝုန်း!

ယဲ့ဖန်၏ ပထမ လက်သီးချက်နှင့်အတူ အလင်း တော် ဘုန်းတော်ကြီး၏ လက်ပြင်ရိုး ကျိုးသွား သည်။ ဒုတိယ လက်သီးချက်နှင့်အတူ သူ၏ ဘယ်ခြေထောက် အက်ကွဲကာ သွေးနှင့် အသားစ များက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

တတိယမြောက် လက်သီးချက်က သူ၏ ဝမ်းဗိုက် အောက်ပိုင်း ဖောက်ထွင်းသွားသည်။

….

လက်သီးချက်များနှင့်အတူ အလင်းတော် ဘုန်းတော် ကြီးသည် သူ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီ ထိုးနှက်ခံ နေရသဖြင့် စူးစူးဝါးဝါး အော်ဟစ် နေမိသည်။

အလွန် ဆိုးရွားလှအောင် ကိုယ်လက်အင်္ဂါများ ဖျက်ဆီးခံ ထားရသဖြင့် သူ့ပုံစံသည် အလွန့်ကို စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။

ယခုအချိန်တွင် ကြည့်နေသူများသည် ယဲ့ဖန်အား အလွန်တရာမှကို ကြောက်လန့်မိသွားကြသည်။ ကြောက်စရာ အကောင်းဆုံးသော အလင်းတော် ဘုန်းတော်ကြီးက ယဲ့ဖန်၏ ဖိနှိပ်ညှင်းပန်းလိုသော ပုံစံအောက်၌ ဖိနှိပ်ခံနေရမည်ဟု သူတို့ လုံးဝ တွေးထင်ထားမိခြင်း မရှိခဲ့ပေ။

ခဲလ်ဆာနှင့် သူ့လူများသည် အေးစက်သော ချီဓာတ်များက ခေါင်းစခြေအဆုံး ဖြတ်သန်း သွားသည်ဟု ခံစားလိုက်ရသဖြင့် ပြင်းထန်စွာ တုန်လှုပ် လာကြသည်။

“မဖြစ်နိုင်ဘူး ဒီကောင်က ဒဏ္ဍာရီအဆင့်ပဲ ရှိတာလေ”

ခဲလ်ဆာသည် မျက်ခုံးတလှုပ်လှုပ်ဖြစ်ကာ သူ့ရင် ထဲမှ ကြောက်စိတ်က ခန္ဓာကိုယ်တစ်ခုလုံးအား စိုးမိုးလာသလို ခံစားလိုက်မိသည်။

သို့သော် ဤမျှနှင့် အဆုံးမသတ်သေးပေ။

“သေလိုက်တော့”

ထိုကဲ့သို့ ခက်ထန်သော အသံနှင့်အတူ ယဲ့ဖန်သည် အလင်းတော် ဘုန်းတော်ကြီးအား အကြိမ်ကြိမ် အခါခါ ထိုးနှက်လေတော့သည်။

ဝုန်း!

တိုက်ပွဲဝန်းကျင်မှ မြေကြီးတစ်ခုလုံး ပုံပျက် ပန်းပျက် ဖြစ်ကာ သူ၏ လက်သီးချက်ကြောင့် မြေဆီလွှာသည် အောက်သို့ နိမ့်ဝင်သွားသည်။

အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ကြောက်စိတ် မွှန်ကာ ယဲ့ဖန်၏ လက်သီးချက်များက သူ့ကိုယ်ပေါ် ကျရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။

ဝုန်း!

ရဲရဲနီသော သွေးများက လေထဲသို့ ပန်းထွက် လာသည်။ အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံး အရိုးအစအနပင် မကျန် လောက် သည်အထိ ပေါက်ကွဲသွား လေတော့သည်။

တိတ်ဆိတ်ခြင်း!

ယခုအချိန်တွင် ဘေးပတ်လည်မှ ကြည့်နေသူများ အားလုံး ငြိမ်သက်ကာ တိတ်ဆိတ်သွားကြသည်။

အခြား နတ်ဘုရားအဆင့် ငါးယောက်နှင့် နတ်ဘုရား တစ်ပိုင်းအဆင့် တစ်ယောက်တို့တောင်မှ တိုက်ခိုက် နေရာမှ ရပ်ကာ တွေတွေကြီး ငေးနေကြသည်။

လေထုထဲမှ သွေးမိုးများကို ကြည့်ရင်း နတ်ဘုရား အဆင့်များတောင်မှ ကြောက်စိတ်ဝင်ကာ ချမ်းစိမ့် စိမ့် ဖြစ်လာကြသည်။

*သေပြီလား*

နတ်ဘုရားမမြို့တော်မှ နောက်လိုက်များသည်လည်း အလွန်တရာမှကို အံ့အားသင့်သွားကြသည်။ နတ်ဘုရားအဆင့် တစ်ယောက် အသတ်ခံရသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး အထူးသဖြင့် လက်သီးချက်ကြောင့် ပေါက်ကွဲ သွားသည်ကို ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ အံ့ဩစရာ ကောင်းလိုက်ပါဘိ။

ဝုန်းခနဲ အသံနှင့်အတူ ခဲလ်ဆာနှင့် အခြားသူများ ပြာနှမ်းနေသော မျက်နှာထားနှင့်အတူ ဖင်ထိုင်ရက် လဲကျသွားကြသည်။

ယဲ့ဖန်၏ ရက်စက်မှုက သူတို့အား လိပ်ပြာလွင့် ထွက်သွားအောင် ခြောက်လှန့်လို့နေ၏။

သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ရက်စက်သော သားရဲကဲ့ သို့သော မကောင်းဆိုးဝါးဟု မြင်ယောင် လာသည်။

သို့သော် အလင်းတော် ဘုန်းတော်ကြီးအား ပေါက်ကွဲအောင် လုပ်လိုက်ပြီးနောက် ယဲ့ဖန်၏ မျက်နှာ၌ အံ့ဩသွားဟန် ပေါ်လာသည်။

“မသေမျိုး ခန္ဓာကိုယ်၊ စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခု ပါလား”

*ဘာ*

ယဲ့ဖန်၏ ဆိုလိုရင်းကို မည်သူမျှ နားမလည်ကြပေ။ သို့သော် ထိုအချိန်တွင် အလင်းတော် ဘုန်းတော် ကြီး၏ ခက်ထန်သော အသံကို သူတို့ကြား လိုက်ကြသည်။

“ယဲ့ဖန် ခွေးမသား”

အခြားသူများ နားဝေတိမ်တောင် ဖြစ်နေစဉ်မှာပင် အလင်းတော် ဘုန်းတော်ကြီး၏ သွေးစက်များက လွင့်ပြယ်သွားခြင်း မရှိဘဲ လျင်မြန်စွာ သိပ်သည်း လာသည်ကို သတိပြုလိုက်မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခြေထောက် များ ပြန်လည် ဖွဲ့စည်းလာသည်၊ ထို့နောက် ပေါင်လယ်၊ ဝမ်းဗိုက်အောက်ပိုင်း၊ ရင်ဘက်၊ ပခုံးနှင့် လက်မောင်းများ ဖြစ်ပေါ် လာသည်။

နောက်ဆုံးတွင် သူ၏ဦးခေါင်းပါ ပြန်လည် ထွက်ပေါ်လာ၏။ အလင်းတော် ဘုန်းတော်ကြီး အသက်ပြန်ရှင်လာလေပြီ။

....

ဤသည်ကို ကြည့်ပြီး အခြားသူများအားလုံး ထပ်မံ၍ တွေဝေသွားကြသည်။ အလင်းတော် ဘုန်းတော် ကြီးသည် သွေးစက်များအဖြစ် ပေါက်ကွဲ သွားပြီးတာတောင်မှ အသက်ရှင်နေဦးမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပေ။

*မဖြစ်နိုင်ဘူးလေ*

သာမန်လူများသာမက နတ်ဘုရားအဆင့် ငါး ယောက်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ခြောက် ယောက်ပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။

သို့သော် ယခုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီးသည် အခြားသူများ၏ တုံ့ပြန်မှုကို မသိချင်ယောင် ဆောင်ထားသည်။

ထိုအစား သူသည် ယဲ့ဖန်အား မုန်းတီးစွာ စိုက်ကြည့် နေ၏။

“မင်းက ငါ့ကို ပြန်လည်ရှင်သန်လာအောင် လုပ်ဖို့ ဖိအားပေးတဲ့ ပထမဆုံးသူပဲ။ ဒီလိုဆိုမှတော့ မင်းရဲ့ သေခြင်းတရားအတွက် မင်း ဂုဏ်ယူသင့်တယ်”

အကြွင်းမဲ့ အာဏာရှင်ဆန်လှ၏။

အလင်းတော် ဘုန်းတော်ကြီး၏ စကားကြောင့် နတ်ဘုရားမ၏ နောက်လိုက်များ စိတ်လှုပ်ရှား မှုကြောင့် သွေးပွက်ပွက်ဆူလာသည်။

*မသေမျိုး ခန္ဓာကိုယ်*

*ဒါ တကယ့်ကို မသေမျိုး ခန္ဓာကိုယ်ပဲ*

နတ်ဘုရားမ၏ နောက်လိုက်များသည် ရူးသွပ်စွာ ဟစ်ကြွေးလာကြသည်။

“အလင်းတော် ဘုန်းတော်ကြီး”

“အလင်းတော် ဘုန်းတော်ကြီး”

“အလင်းတော် ဘုန်းတော်ကြီး”

ယခုအချိန်တွင် သူတို့ရင်ထဲ၌ အလင်းတော် ဘုန်းတော်ကြီး၏ နေရာ၏ အဆင့်အတန်းက မြင့်မားလာပြီး နတ်ဘုရားမတို့၏ ဧကရီအပြင် သူသည်လည်း သူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာသည်။

မသေမျိုး။ သူသည်လည်း သန်မာလွန်းလှသည်။

သူတို့၏ ဟစ်ကြွေးသံများကို နားထောင်ပြီး အလင်းတော် ဘုန်းတော်ကြီးသည် ကျေနပ်သွား သလို ပြုံးလိုက်မိသည်။

“ဟားဟား ... ယဲ့ဖန် မင်းက အင်အားကြီးပါတယ်၊ အဲ့တော့ကော ဘာလုပ်ရမှာလဲ။ ငါက မသေမျိုးကွ၊ မင်း ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဟားဟား ....”

ထိုသို့ပြောပြီး အလင်းတော် ဘုန်းတော်ကြီးက ဟားတိုက်ရယ်မောလေသည်။ သူ့စိတ်ထဲတွင် မသေမျိုး ဟူသည်ကား မလွှမ်းမိုးနိုင်ဟု အဓိပ္ပာယ် ပေါက် ထင်မြင်နေ၏။

သို့သော် ထိုစဉ် မောက်မာစွာ ဟားတိုက် ရယ်မောနေသော အလင်းတော် ဘုန်းတော်ကြီးကို ကြည့်ပြီး ယဲ့ဖန်က မထီမဲ့မြင် အပြုံးနှင့် ပြောလိုက်သည်။

“ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မသေမျိုးခန္ဓာကိုယ်လား၊ အဲ့တော့ ဘာလုပ်ရမှာလဲ”

“ငါ မင်းကို သေစေချင်ရင် မင်း အသက်မရှင်နိုင်ဘူး”

ထိုသို့ပြောပြီး ယဲ့ဖန်က အလင်းတော် ဘုန်းတော်ကြီး ထံသို့ ထပ်၍ ပြေးဝင်သွားသည်။

ဒုန်း! ဒုန်း! ဒုန်း!

ယဲ့ဖန်က ရှေးဟောင်း သားရဲကောင်ကဲ့သို့ အလင်း တော် ဘုန်းတော်ကြီးအား အဆက်မပြတ် ထိုးနှက် နေသည်။

ဝုန်း!

အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ် ထပ်၍ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကပေါက်ကွဲသွားကာ နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

တစ်ခဏကြာသော် သူ့ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းရန် ပြင်လာသည်။ သို့သော် ထိုသို့ ဖွဲ့စည်း၍ မပြီးသေးခင်တွင် ယဲ့ဖန်က ထပ်မံ၍ လက်သီး ချက်များ ထိုးသွင်းလာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ဘေးပတ်လည်မှ လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့သည် အလင်းတော် ဘုန်းတော်ကြီး ပေါက်ကွဲလိုက်၊ ပြန်လည် ဖွဲ့စည်းလိုက် ဖြစ်နေသည်ကို အဖန်တလဲလဲ မြင်နေ ရသည်။

သို့သော် သူသည် သူ့ခန္ဓာကိုယ်အား တစ်ကြိမ် ပြန်လည် ဖွဲ့စည်းလိုက်တိုင်း သူ အနည်းငယ် ပို၍ အားနည်းလာသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။

….

ဆယ်ကြိမ်ခန့် ဖောက်ကွဲခံရပြီးနောက် အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ချည့်နဲ့လာသည်။

“ခွေးမသား”

အလင်းတော် ဘုန်းတော်ကြီး ဒေါသအိုး ပေါက်ကွဲ နေ၏။ အချိန်တိုလေးအတွင်း၌ လူတစ်ယောက်က သူ့အား ဆယ်ကြိမ်ခန့် ဖောက်ကွဲနိုင်သည်ကို သူ မယုံကြည်နိုင်ချေ။

ထို့ပြင် သူ ဆက်၍ ခန္ဓာကိုယ်အား ဖွဲ့စည်းနေပါက သူ အမှန်တကယ် သေဆုံးသွားလောက်သည်ဟု ခံစားမိ နေသည်။

အလင်းတော် ဘုန်းတော်ကြီးသည် ဦးရေပြားများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားနေရသည်။ ထို့နောက် သူက ဟစ်အော်လိုက်သည်။

“ခင်ဗျား အခု ထွက်လာလိုက်ရင် ကောင်းမယ်။ ခင်ဗျားက ကျုပ်သေမှာကို ထိုင်ကြည့်ချင် နေတာလား”

*အမ်*

အလင်းတော် ဘုန်းတော်ကြီး၏ စကားကြောင့် အခြားသူများ တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့စဉ် ထူးဆန်းသော ခပ်အက်အက် အသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။

“ဟားဟား … မသေမျိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အလင်းတော် ဘုန်းတော်ကြီးက ပုရွက်ဆိတ် လိုကောင်ကြောင့် ဆယ်ကြိမ်ဆက်တိုက် ပေါက်ကွဲ သွား ရလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး။ စိတ်ဝင်စားစရာပဲ၊ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်း တယ်”

ထိုသို့သော တင်းမာပြီး ရိသဲ့သဲ့ စကားအဆုံး၌ ထူးဆန်းသော အနက်ရောင် မြူခိုးတစ်ခုက လေထု အတွင်း ပျံ့နှံ့လာ၏။

ထို့နောက် အနက်ရောင် မြူခိုးသည် သိပ်သည်း လာပြီးနောက် အိုမင်းနေသော အဘိုးအို တစ်ယောက် အသွင်ပြောင်းသွားကာ မြေကြီးပေါ် ဆင်းသက်လာသည်။

သူသည်ကား အနောက်တိုင်း တစ္ဆေနတ်ဘုရားပင်။

All Chapters