← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

CHAPTER 340 ဒါ လုံးဝ မဖြစ်နိုင်ဘူး

လွန်ခဲ့သည့် နှစ်ထောင်သောင်းများစွာ ကြာခဲ့စဉ် အခါ၌။

ကမ္ဘာခြား တစ္ဆေ ဧကရာဇ်သည် စကြဝဠာတစ်ခွင်၌ ပြိုင်ဘက်ကင်းခဲ့သည်။ သူသည် ရက်စက်၍ သွေးဆာလွန်းလှသည်။

သူ ဖြတ်သန်းသွားခဲ့သမျှ ဂြိုဟ်တိုင်းအား အမှုန့်ဖြစ် သွားအောင် သူ ပြောင်းလဲခဲ့သည်။ သူ တစ်ချိန်က ရင်ဆိုင်ခဲ့ ဖူးသည့် အင်အားကြီးသူ ရန်သူများ အားလုံး သူတို့၏ အသားများ၊ အရိုးများနှင့် စိတ်ဝိညာဉ် များကို ဆုံးရှုံးပြီး သူ၏ တစ္ဆေကျေး ကျွန်များ ဖြစ်ခဲ့ကြရသည်။

ထိုစဉ်အချိန်က ကမ္ဘာခြား တစ္ဆေဧကရာဇ်သည် အလွန် နိုင်လိုမင်းထက် ပြုမူ၍ လွှမ်းမိုး ချုပ်ကိုင် ခဲ့သည်။

သူ့နာမည်ကို ကြားလိုက်သည်နှင့် နတ်ဘုရားများက မြန်နိုင်သမျှ မြန်မြန် ထွက်ပြေး၍ အင်မော်တယ် များသည် ကြောက်လန့်ကာ တုန်ယင်လို့သွား ကြသည်။

တစ်နေ့တွင် ကမ္ဘာခြား တစ္ဆေဧကရာဇ်က အနောက်ဘက် ကောင်းကင်ဘုံသို့ ရောက်ရှိ လာသဖြင့် အနောက်ဘက် ကောင်းကင်ဘုံ၏ ကမ္ဘာ ပျက်သောနေ့သို့ ရောက်ရှိလာသလို ဖြစ်လာခဲ့သည်။

သိုင်းပညာရှင် အများအပြား သန့်စင်ခံလိုက်ရပြီး သက်ရှိပေါင်း မြောက်မြားစွာ ကံဆိုးမိုးမှောင်ကျ ခဲ့ရသည်။

ထိုအချိန်တုန်းက ကောင်းကင် ဂိတ်တံခါး၏ အကြီးအကဲသည် နတ်ဘုရားငယ်လေးသာ ဖြစ်သေးသည်။ သူသည် ကမ္ဘာခြား တစ္ဆေ ဧကရာဇ်၏ ရှေ့မှောက်တွင် သေးနုပ်သော ပုရွက်ဆိတ် လေးလိုပင်။

အနောက်ဘက် ကောင်းကင်ဘုံမှ သိုင်းပညာရှင် များ၏ မျှော်လင့်ချက် ပျက်ပြားနေသော အကြည့် များကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

သို့သော် အနောက်ဘက် ကောင်းကင်ဘုံ ပျက်ဆီးလု နီးနီး ဖြစ်နေချိန်တွင် မည်းမှောင်နေသော ကောင်းကင်ထက်မှ လူတစ်ယောက် ရောက်လာ သည်ကို သူ မြင်လိုက်ရသည်။

သူသည် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ နတ်ဆိုးဆန်၍ အေးစက်လှသည်။ သူသည်ကား ကမ္ဘာခြား နတ်ဆိုး ဧကရာဇ်ပင်။

နတ်ဆိုးဧကရာဇ်နှင့် တစ္ဆေဧကရာဇ်တို့ကြားမှ တိုက်ပွဲသည် စကြဝဠာ တစ်ခုလုံးအား တုန်လှုပ် သွားစေခဲ့သည်။

ဂြိုဟ်ပေါင်းများစွာ ပေါက်ကွဲသွားရပြီး ဟင်းလင် ပြင်နှင့် အချိန်ကာလတို့တောင်မှ ကွဲထွက်သွား ရသည်။

ဤသည်ကား လောကသခင်နှစ်ယောက်ကြားမှ စစ်မှန်သော တိုက်ပွဲတစ်ခု ဖြစ်သည်။

ထိုအချိန်တုန်းက နိမ့်ကျသော နတ်ဘုရားငယ် လေးဖြစ်သူ ကောင်းကင် ဂိတ်တံခါး အကြီးအကဲ သည် နတ်ဆိုးဧကရာဇ်က တစ္ဆေဧကရာဇ်အား လွှမ်းမိုးနိုင်သော အမူအရာဖြင့် ဖိနှိပ်ထားနိုင်သည်ကို သူ ကြည့်ခဲ့ရသည်။

လက်သီးချက် တစ်ချက်နှင့်အတူ နတ်ဆိုး ဧကရာဇ်က သွေးများ ပန်းထွက်လာအောင် လုပ်နိုင် ခဲ့သည်။ လက်သည်းချက်များနှင့်အတူ နတ်ဆိုး ဧကရာဇ်သည် အရေပြားအား ထိုးခွဲနိုင်ခဲ့သည်။

အဆုံးတွင် တစ္ဆေဧကရာဇ်၏ စူးရှလှသော အော်သံ များနှင့်အတူ နတ်ဆိုးဧကရာဇ်၏ ဝိညာဉ်စား ဦးခွံက တစ္ဆေဧကရာဇ်၏ ကျန်ရှိနေသော အစိတ်အပိုင်း များကို ဝါးမျိုသွား၏။

ထိုတိုက်ပွဲသည် ကောင်းကင် ဂိတ်တံခါး အကြီး အကဲ၏ ဘဝတစ်ခုလုံးကို စိုးမိုးသွားခဲ့သည်။ နတ်ဆိုးဧကရာဇ်၏ ခန့်ညားသည့် ဥပဓိကို သူ လုံးဝ မမေ့နိုင်ခဲ့ပေ။

ထိုအချိန်မှစ၍ အနောက်ဘက် ကောင်းကင်ဘုံ ဟင်းလင်ပြင်နယ်ပယ်ရှိ သိုင်းပညာတိုင်း၏ အိမ်များ၌ နတ်ဆိုးဧကရာဇ်၏ ရုပ်ပုံကို အမြတ်တနိုး ထိန်းသိမ်းထားကြသည်။

နတ်ဆိုးဧကရာဇ်သည် သူတို့ နှလုံးသားထဲ၌ နတ်ဘုရား ဖြစ်သလို အနောက်ဘက် ကောင်းကင် ဘုံ၏ ကယ်တင်ရှင်လည်း ဖြစ်သည်။

ကောင်းကင် ဂိတ်တံခါး အကြီးအကဲ၏ ကိုယ်ပွား သည် နတ်ဘုရားမမြို့တော်သို့ ဆင်းသက် လာပြီး နတ်ဆိုးဆန်၍ ခပ်တည်တည်ဖြစ်နေသော ယဲ့ဖန်၏ မျက်နှာကို မြင်လိုက်ရပြီးနောက် သူ့ဦးခေါင်းထဲ၌ တစီစီ ဖြစ်လာသလို ခံစားလာရကာ ထိတ်လန့် အံ့ဩသွားရသည်။

“သူ…သူက”

အကြီးအကဲသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ သူတို့နှစ်ယောက်သည် အတော်လေး ဆင်တူကြသည်။

ကောင်းကင် ဂိတ်တံခါး အကြီးအကဲ၏ မျက်လုံး ထဲတွင် ယဲ့ဖန်၏ မျက်နှာနှင့် လှုပ်ရှားမှုတို့သည် သူ့စိတ်ထဲမှ ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်နှင့် အတူတူပင်။

*ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ချက်ချင်းဆိုသလိုပင် ကောင်းကင်ဂိတ်တံခါး အကြီးအကဲသည် သရဲသဘက်ကို မြင်လိုက်ရ သည့်အလား တုန်လှုပ်လာသည်။

သို့သော် နတ်ဘုရားမများ၏ နောက်လိုက်များက အကြီးအကဲ၏ အမူအရာကို လုံးဝ သတိမပြုမိပေ၊ ထိုအစား သူတို့သည် ပျော်ရွှင်စွာဖြင့် လေးဘက် ထောက် ဝပ်တွားနေကြ၏။

“ဟားဟား … တကယ့် နတ်ဘုရား ရောက်လာပြီ။ နတ်ဘုရားမ မြို့တော် ဘေးကင်းတော့မှာ။ ယဲ့ဖန် ကတော့ သေကို သေရမှာပဲ”

ခဲလ်ဆာနှင့် သူ့လူများသည် စိတ်လှုပ်ရှားမှုကြောင့် တုန်တုန် ယင်ယင်ဖြစ်ကာ မျက်နှာများ နီမြန်းလာ ကြသည်။

ယဲ့ဖန် တစ်စစီဆွဲဖြဲခံရတော့မည့်အရေးကို သူတို့ မြင်ခွင့်ရရန် မစောင့်နိုင်တော့ပေ။

ယဲ့ဖန်က အထွတ်အထိပ် နတ်ဘုရားတစ်ပါး၏ သေသည်အထိ ရိုက်နှက်ခံရတော့မည့် အရေးကို မြင်ယောင်ရင်း သူတို့အားလုံး တက်ကြွ လာကြသည်။

တောက်! တောက်!

ထိုစဉ် ပဲသီးစေ့ခန့် ချွေးသီးချွေးပေါက်များက ခရီနာ၏ နဖူးမှ စီးကျလာသည်။ သူမ ထိတ်လန့် နေ၏။ သူမ ကြောက်လန့်လို့နေသည်။

စစ်မှန်သော နတ်ဘုရားက ယဲ့ဖန်ကို အလွယ်တကူ သတ်သွား နိုင်သည်ဟု သူမ ထင်နေမိသည်။ ထို့နောက် ခရီနာ အောင့်သက်သက် ပြုံးလိုက် မိသည်။

“အရှင် ကျေးဇူးပြုပြီး လူသတ်သမားကို သတ်ပေး ပါ”

ထိုစဉ် လေးဘက်ထောက်ထားသော နတ်ဘုရား မတို့၏ ဧကရီက အရူးအမူး အော်ပြောလာသည်။ ထို့အတူ သူမက ယဲ့ဖန်ကို လက်ညှိုးထိုး၍ မုန်းတီးသော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။

“ယဲ့ဖန် နင် မြင်လား။ ငါ့အရှင်ရဲ့ ကိုယ်ပွား ရောက်လာပြီ။ နင် သေဖို့ စောင့်နေလိုက်တော့”

သူမဘက်မှ မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့သည်လည်း ပီတိဖြာ လာကြသည်။ သူတို့ ဘေးကင်းတော့မည်။ သူတို့၏ ရန်သူများ သေဆုံးရတော့မည်။

ဤမျှ ပြောင်းလဲသွားသော အဖြစ်အပျက်က ယူဆောင်လာသော ပျော်ရွှင်မှုကြောင့် သူတို့ စိတ်လှုပ်ရှားကာ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ကောင်းကင် ဂိတ်တံခါး အကြီးအကဲထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ ထိတ်လန့်သွားကြသည်။

ထို့နောက် ယဲ့ဖန်သည် အရိုးကွဲမတတ် ချီဓာတ်ကို ထုတ်လွှတ်ရင်း မေးလိုက်သည်။

“အနောက်ဘက် ကောင်းကင်ဘုံ၊ ကောင်းကင်ဘုံ ဂိတ်တံခါး”

“မင်းက ငါ့ကို သတ်ချင်တာလား”

....

သူ့စကားကြောင့် ဘေးပတ်လည်မှ အခြားသူများ တွေဝေသွားကြသည်။

အလွန် မောက်မာလှသည်။ မတရား အထက်စီး ဆန်လှ၏။

စစ်မှန်သော နတ်ဘုရားနှင့် ရင်ဆိုင်ရနေတာတောင်မှ ယဲ့ဖန်က မကြောက်လန့်သေးသည်ကို သူတို့ မယုံ ကြည်နိုင် ဖြစ်နေသည်။

နတ်ဘုရားမတို့၏ ဧကရီနှင့် သူမဘေးမှ အခြားသူ များက ချက်ချင်း ပြန်ကန်ပြောလိုက်သည်။

“ယဲ့ဖန် နင်ကများ ငါ့အရှင်ကို မလေးမစား လုပ်ရဲတယ် ပေါ့လေ။ နင် သေချင်နေပြီပဲ”

“မရိုးဖြောင့်လိုက်တဲ့ ပုရွက်ဆိတ်လေး၊ နင်က တကယ့် နတ်ဘုရားရှေ့မှာ မောက်မောက်မာမာ ပြုမူရဲသေးတယ်ပေါ့။ နင် ဘာနဲ့ ရင်ဆိုင်နေ ရလဲဆိုတာကို နင် မသိဘူးပဲ”

“သူ့ကိုသတ်ပါ။ အရှင် ကျေးဇူးပြုပြီး အဲ့ခွေးမသားလေးကို သတ်ပေးပါ”

....

ထို့နောက် ဒေါသထွက်နေသော အသံများစွာက မြို့အနှံ့ ပဲ့တင်ထပ်လာသည်။ နတ်ဘုရားမမြို့တော်မှ လူများက ယဲ့ဖန်အား ရက်စက်သော စိတ်ဆန္ဒ များဖြင့် ကြည့်လာကြသည်။

သို့သော် ကောင်းကင်ဂိတ်တံခါး အကြီးအကဲက လိပ်ပြာ လွင့်မတတ် ကြောက်လန့်နေပုံရသည်။

သူသည် ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလာသည်။

“မင်း...မင်းက”

“ငါလား”

ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ပို၍ တင်းမာ၊ အေးစက်သော အသံဖြင့် မေးလိုက်သည်။

“အနောက်ဘက် ကောင်းကင်ဘုံ ဂိတ်တံခါးက နှစ်ထောင် သောင်းချီကြာသွားရုံနဲ့ ငါ့အကြောင်းကို မေ့သွား ပြီလား”

....

ထိုစကားကို ကြားသည်နှင့် အကြီးအကဲသည် ဗုံးထုခံလိုက်ရသကဲ့သို့ လုံးဝ နားဝေတိမ်တောင် ဖြစ်သွားသည်။

*သူပဲ*

*တကယ်ပဲ သူပဲ*

ချက်ချင်းဆိုသလိုပင် ကောင်းကင်ဂိတ်တံခါး အကြီး အကဲက စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင် လာသည်။

ထို့အပြင် မျက်ရည်များက သူ၏ အိုမင်းနေသော မျက်နှာပေါ်မှ စီးကျလာသည်။ လွန်ခဲ့သည့် နှစ်ထောင်သောင်းများစွာက အနောက်ဘက် ကောင်းကင်ဘုံနှင့် သူ့အား ကယ်တင်ခဲ့သူက ယဲ့ဖန်ပင် ဖြစ်သည်။

သူ့ကြောင့်သာ မဟုတ်ဘူးဆိုလျင် ကောင်းကင် ဂိတ်တံခါး အကြီးအကဲသည် တစ္ဆေဧကရာဇ်၏ လက်ထဲ၌ စိတ်ဝိညာဉ်ဖြစ်နေသည်မှာ ကြာနေ လောက်ပြီ ဖြစ်သည်။

နတ်ဆိုးဧကရာဇ် ကျဆုံးသွားသည်ကို သူတို့ ကြားလိုက် ရချိန်က အနောက်ဘက် ကောင်းကင်ဘုံ ဟင်းလင်ပြင် နယ်ပယ်ရှိ လူများသည် ဝမ်းနည်းစွာ အော်ဟစ်ခဲ့ကြရသည်။

နတ်ဆိုးဧကရာဇ်သည် သူတို့၏ သူရဲကောင်းဖြစ်ပြီး သူတို့၏ နတ်ဘုရားလည်း ဖြစ်သည်။ သို့သော် သူတို့၏ နတ်ဘုရားက အသက်ရှင်နေသေးသည်။

ထို့ကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး အကြီးအကဲ သည် ပျော်ရွှင်သွားကာ ချက်ချင်း ယဲ့ဖန်ရှေ့ မြေကြီးပေါ် ဒူးထောက်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“နတ်ဆိုး ဧကရာဇ် အရှင်မြတ်ကို ဂါဝရပြုပါတယ်။ ကျွန်တော်က အနောက်ဘက် ကောင်းကင်ဘုံ ဂိတ်တံခါးရဲ့ ဧကရာဇ် သိကျန်းပါ၊ လွန်ခဲ့တဲ့ နှစ် ထောင်သောင်းများစွာ အနောက်ဘက် ကောင်းကင် ဘုံ ဟင်းလင်းပြင် နယ်ပယ်ကို ကယ်တင်ပေး ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

တိတ်ဆိတ်ခြင်း။

ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အသံကို ကြားလိုက်ရပြီးနောက် နတ်ဘုရားမ မြို့တော်တစ်ခုလုံး တိတ်ကျသွားသည်။

ပျော်ရွှင်နေသော နောက်လိုက်များအားလုံး၏ မျက်နှာက ချက်ချင်း အေးစက်လို့သွားသည်။

နတ်ဘုရားမတို့၏ ဧကရီ၊ မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့အားလုံး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကာ မယုံသင်္ကာ ဖြစ်သွားရဿည်။

သူတို့၏ စစ်မှန်သော နတ်ဘုရားက ယဲ့ဖန်ရှေ့ ဒူးထောက်နေသည်တဲ့လား။

“နတ်ဆိုးဧကရာဇ်တဲ့လား”

“အနောက်ဘက် ကောင်းကင်ဘုံ ဟင်းလင်းပြင် နယ်ပယ်ကို ကယ်ခဲ့တယ်”

*မဖြစ်နိုင်ဘူး*

ယဲ့ဖန်သည် ကမ္ဘာမြေပေါ်မှ နိုင်ငံသားတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူသည် ယခုမှ ဒဏ္ဍာရီ အထွတ် အထိပ်အဆင့်သာ ရှိသေးသည်။ ဘယ်လိုလုပ် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က မောက်မာသော ပုရွက်ဆိတ်ရှေ့ ဒူးထောက် နေရသနည်း။

အံ့ဩစရာ ကောင်းလှသည်။

နတ်ဘုရားမတို့၏ ဧကရီသည် ကြောက်လန့် တကြားနှင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အား အထစ်ထစ် အငေါ့ငေါ့ဖြင့် သတိပေး လိုက်သည်။

“အ...အရှင်၊ အရှင် လူများ မှားနေတာလား။ သူက ယဲ့ဖန်ပါ၊ ကမ္ဘာပေါ်က ဒဏ္ဍာရီအဆင့်လေးပဲ ရှိတဲ့သူပါ”

*ကမ္ဘာပေါ်က ဒဏ္ဍာရီအဆင့်*

သူမ စကားကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် နတ်ဘုရားမတို့၏ ဧကရီအား အရူး တစ်ယောက်ဟု သတ်မှတ်ကာ အထင်သေး သလို ကြည့်လိုက်သည်။

“ဒဏ္ဍာရီအဆင့် ဟုတ်လား၊ မောက်မာလိုက်တဲ့ ပမွှားလေး၊ သူ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား”

“သူက နတ်ဆိုးတွေရဲ့ သခင်ကြီး ဖြစ်ပြီးတော့ စကြဝဠာရဲ့ အရှင်သခင်ဖြစ်တဲ့ နတ်ဆိုး ဧကရာဇ်ပဲ”

*ဘာ*

ထိုအဘိုးအို၏ စကားကြောင့် နတ်ဘုရားမ မြို့တော် တစ်ခုလုံး မယုံသင်္ကာဟန်များဖြင့် ပြည့်နှက် သွားသည်။

*နတ်ဆိုးဧကရာဇ်တဲ့လား*

*နတ်ဆိုးတွေရဲ့ သခင်ကြီး*

*စကြဝဠာရဲ့ အရှင်သခင်*

*ဒါ မဖြစ်နိုင်ဘူးလေ*

အခြားသူများအားလုံး နားရှိလို့သာ ကြားရ သော်လည်း အိပ်မက်ထဲ ရောက်နေသကဲ့သို့ မယုံ ကြည်နိုင် ဖြစ်နေကြသည်။

CHAPTER 341 နတ်ဆိုးဧကရာဇ် ပြန်အလာကို စောင့်နေတာပါ

နတ်ဆိုးဧကရာဇ်။

ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်ကို နတ်ဆိုးဧကရာဇ်ဟု ခေါ်လိုက်သည်ကို ကြားလိုက် ရသဖြင့် အခြားသူများ အားလုံး ချက်ချင်း ဆိုသလို နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒါ မဖြစ်နိုင်ဘူးလေ*

*ကမ္ဘာမြေပေါ်က သေးနုပ်တဲ့ ဒဏ္ဍာရီအဆင့်က ဘယ်လိုလုပ် စကြဝဠာထဲမှာ အင်အားကြီး နေနိုင်မှာလဲ*

*အံ့…အံ့ဩစရာကောင်းလိုက်တာ*

ခဲလ်ဆာ အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်နေ သည်။ ယခင်တုန်းက သူသည် ယဲ့ဖန် မုချသေ တော့မည်ဟု ယုံကြည်ခဲ့မိသည်။

“အမြင်အာရုံ မှားတာ၊ ဒါ အမြင်အာရုံ မှားနေတာ ဖြစ်မယ်”

ခဲလ်ဆာ ချွေးတဒီးဒီး ကျလာသည်။ သူ မျက်ဝါး ထင်ထင် မြင်နေရသည့် အရာအားလုံးက ပုံရိပ်ယောင်တွေသာ ဖြစ်သည်ဟု အကြိမ်ပေါင်း များစွာ သူ့ကိုယ်သူ သတိပေးနေမိသည်။

သို့သော် သူ့ကိုယ်သူ ဆွဲဆိတ်လိုက်ချိန်တွင် ဆစ်ခနဲ နာကျင်သွားရသည်။ ဘုတ်ခနဲ အသံနှင့်အတူ ခဲလ်ဆာနှင့် သူ့လူများသည် ပြာနှမ်းနေသော မျက်နှာ များဖြင့် ဖင်ထိုင်ရက် လဲကျသွားကြသည်။

ခရီနာ၏ မျက်နှာသေးသေးသည် စိတ်လှုပ်ရှားမှု နှင့်အတူ မျက်နှာနီမြန်းလာ၏။ နောက်ထပ် အံ့ဖွယ် တစ်ခုပါလား။

ယဲ့ဖန်သည် သူမအား တစ်နေ့ထဲမှာပင် အံ့အားသင့် စရာများစွာကို ယူဆောင်လာခဲ့ပြီးပြီ ဖြစ်သည်။

မယုံကြည်နိုင်စရာကောင်းလှ၏။

“မဖြစ်နိုင်ဘူး”

ထိုစဉ် နတ်ဘုရားမတို့၏ ဧကရီက အသည်းအသန် ထအော်လေသည်။ သူမသည် ရူးသွပ်နေသကဲ့သို့ အလွန် မွှန်ထူနေကာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

သူမ ဖိတ်ခေါ်လိုက်သည့် အရှင်သခင်က ရန်သူရှေ့ ဒူးထောက်နေကာ ခေါင်းကို ညွှတ်လို့နေ၏။ ထို့နောက် နတ်ဘုရားမတို့၏ ဧကရီက ကောင်းကင် ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အား လှမ်းပြောလာသည်။

“အရှင် ဒီသူ့မျက်နှာကြောင့် လှည့်စားမခံပါနဲ့။ သူက နတ်ဆိုးဧကရာဇ် မဟုတ်ဘူး။ သူက နတ်ဘုရားမ မြို့တော်ကို သုတ်သင်ချင်နေတဲ့ လူသတ်သမားပါ။ ကျေးဇူးပြုပြီး သူ့ကို သတ်ပေးပါ။ သူ သေသင့် ပါတယ်”

*ဘာ*

သူမစကားကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် ရုတ်ချည်း ထိတ်လန့်သွားကာ ဒေါသ တကြီး ပြန်အော်လိုက်သည်။

“အသုံးမကျတဲ့ ပုရွက်ဆိတ်လိုဟာမ၊ မင်းကများ နတ်ဆိုး ဧကရာဇ်ကို စော်ကားရဲတယ်ပေါ့။ မင်း သေချင်နေပြီပဲ”

ထိုသို့ ခက်ထန်လာသော အသံနှင့်အတူ ကောင်းကင် ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် နတ်ဘုရားမတို့၏ ဧကရီအား အားနှင့်ရိုက်နှက်လိုက်သည်။

သူ၏ခွန်အားကြောင့် ဖြစ်ပေါ်လာသော အဖြူရောင် အလင်းတန်းသည် အလွန် ထိတ်လန့်ဖွယ် ကောင်း လှ၏။

အဖြူရောင် အလင်းတန်းက နတ်ဘုရားတို့၏ ဧကရီကို ထိမှန်သွားပြီးသည်နှင့် ၎င်းက သူမ၏ ခန္ဓာကိုယ်အား လောင်မြိုက်သွားစေသည်။

“အား…အား…အား…”

စူးရှလှသော အော်ဟစ်သံများက လေထုထဲသို့ ပျံ့လွင့်လာသည်။ အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဧကရီ၏ ခန္ဓာကိုယ် သည် ဆက်၍ လောင်မြိုက်နေပြီး ပြာပုံအဖြစ်သို့ ပြောင်းလဲလာသည်။

“မဟုတ်ဘူး”

မျှော်လင့်ချက် ကင်းမဲ့နေသော အော်သံအဆုံးတွင် သူမသည် မြေကြီးပေါ် လဲကျလာပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မည်သည့်အရိုးမျှ ကျန်ခဲ့ခြင်း မရှိတော့ပေ။

ဂလု!

ဤမြင်ကွင်းကို ကြည့်ပြီး မဟာ ကာရိုးလ် သခင်ကြီး၊ မှော်နက်နတ်ဘုရားမနှင့် နတ်ဘုရားမ တို့၏ နောက်လိုက်များ မနည်း တံတွေးမျိုချ လိုက်မိသည်။

*သူမ သေသွားပြီလား*

*နတ်ဘုရားမမြို့တော်ရဲ့ အရှင်သခင်၊ ကမ္ဘာပေါ်က လူတိုင်းနီးပါး ကြောက်လန့်ကြတဲ့ နတ်ဘုရား အဆင့်က သူမ ဆင့်ခေါ်လိုက်တဲ့ နတ်ဘုရားက သတ်တာကို ခံလိုက်ရတယ်*

အံ့ဩဖွယ်ကောင်းလှသည့် ကံကြမ္မာ လှည့်ကွက် ပင်။

သို့သော် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် သည် အခြားသူများ၏ အမူအရာများကို မသိကျိုး ကျွန် ပြုထားသည်။ ထိုအစား သူက ယဲ့ဖန်ကို ဦးညွှတ်၍ ပြောလိုက်သည်။

“အရှင်မင်းမြတ်ခင်ဗျား၊ ဒီနိမ့်ကျတဲ့ ငယ်သားက ကိုယ့်အစေခံကို ကောင်းကောင်း မသင်ပြ နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်ရဲ့ သေးနုပ်တဲ့ အစေခံက အရှင့်ကို အာခံခဲ့တာပါ။ ဒီနိမ့်ကျတဲ့ ငယ်သား သေသင့်ပါတယ်”

ထို့နောက် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် ယဲ့ဖန်ကို ဦးညွှတ်၍ ဂါဝရပြု လာသည်။

ထိတ်လန့်စရာပါတကား။

အခြားသူများ အားလုံး ဤမြင်ကွင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထို့နောက် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား အလွန် လေးစားသမှု ရှိနေသည်ကို သူတို့ သတိထားမိ လိုက်ကြသည်။ အဘိုးအိုသည် သူ့ရှေ့ မှောက်တွင် အလွန် ကြောက်လန့်နေသည်။

အံ့ဩစရာ ကောင်းလှ၏။

“နတ်ဆိုးဂြိုဟ်ရော ဘယ်လို အခြေအနေရှိလဲ”

ယဲ့ဖန်သည် နတ်ဘုရားမတို့၏ ဧကရီ သေသွား သည်ကို ဂရုမစိုက်ပေ။ ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်နှင့် သူ တွေ့သောအခါတွင် သူသည် အခြား နတ်ဆိုးများနှင့် နတ်ဆိုးဧကရီတို့ အကြောင်းကိုသာ တွေးပူမိသည်။

*နတ်ဆိုးဂြိုဟ်လား*

ယဲ့ဖန်၏ အမေးကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး ၏ ဧကရာဇ်သည် အနည်းငယ် ချီတုံချတုံ ဖြစ်လာ ရသည်။ သို့သော် သူ ပြန်ဖြေလိုက်သည်။

“အရှင်မင်းမြတ်၊ အရှင် သေသွားပြီဆိုတဲ့ သတင်းကို ရပြီးနောက်ပိုင်း နတ်ဆိုးတွေက သူတို့နှလုံးသားကို ဆွဲညှစ်လိုက်သလို့ ခံစားခဲ့ရပါတယ်။ သူတို့က အရှင်ရဲ့ သေဆုံးခြင်းအတွက် နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါး အားလုံးကို သတ်ပြီး လက်စားချေချင်ခဲ့ပါတယ်။ ဒါပေမယ့် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲ မဖြစ်ခင်မှာ နတ်ဆိုးဂြိုဟ် လက်အောက်က ခိုရို အာကာသ နယ်မြေက ပုန်ကန်လာခဲ့ပါတယ်”

“ခိုရို အာကာသ နယ်မြေရဲ့ ဘုရင် မိုနာဒိုက နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး နတ်ဆိုးတွေရဲ့ အစီအစဉ်တွေကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့ပါတယ်”

“ဒါကြောင့် နတ်ဆိုးတွေက နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ စုပေါင်းတိုက်ကွက်ကြောင့် ရှုံးနိမ့်ခဲ့ရပြီး စကြဝဠာ အနှံ့ လူစုကွဲသွားကြပါတယ်”

“အခု စကြဝဠာကြီးက နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ လက်အောက်ကို ရောက်နေပါပြီ”

….

သူ့စကားကြောင့် ယဲ့ဖန် မိုးကြိုးပစ်ချခံ လိုက်ရ သကဲ့သို့ ဖြစ်ကာ ခေါင်းထဲ မူးနောက်နောက် ဖြစ်လာ ရသည်။

*နတ်ဆိုးတွေ ရှုံးနိမ့်ပြီးတော့ စကြဝဠာအနှံ့ လူစု ကွဲသွား ကြတယ်တဲ့လား*

ဤသတင်းကြောင့် ယဲ့ဖန်မျက်လုံးများက မီးဝင်း ဝင်း တောက်လာသည်။

“မိုနာဒို၊ ခိုရိုအာကာသနယ်မြေ ဘုရင်”

ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းသော မျက်လုံး များဖြင့် ကြုံးဝါးလိုက်သည်။

သူ နတ်ဆိုးများကို အုပ်ချုပ်ခဲ့စဉ်အခါက သူသည် နတ်ဆိုးသခင် လေးယောက်၊ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်၊ နတ်ဆိုးဘုရင် ရှစ်ယောက်၊ မိုးကောင်းကင် နတ်ဆိုး သုံးဆယ့်နှစ်ဆယ်နှင့် မြေကမ္ဘာ နတ်ဆိုး ခုနစ်ဆယ့်နှစ်ယောက်တို့အား စကြဝဠာတွင်းရှိ နတ်ဆိုးစစ်တပ်ကို စီမံခန့်ခွဲရန် တာဝန်ပေး ခဲ့သည်။

သို့သော် ထိုအထဲတွင် မည်သည့် ရာထူးမျှ မရှိသော ထိပ်တန်း နတ်ဆိုး သိုင်းပညာရှင်တစ်ယောက် ရှိသည်။

ထိုနတ်ဆိုးကား မိုရို အာကာသနယ်မြေဘုရင် မိုနာဒိုပင်။ မိုနာဒိုသည် နတ်ဆိုးဖြစ်သော်ငြားလည်း စဉ်းလဲ၍ အန္တရာယ်များသည်။

သူသည် နတ်ဘုရားများနှင့် နီးကပ်သလို အင်မော် တယ်များနှင့် မှောင်ခို ကုန်သွယ်ပြီး မကောင်း ဆိုးဝါးများနှင့် ပူးပေါင်းခဲ့သဖြင့် အခြားနတ်ဆိုး များက သူ့ကို အလွန် အထင်သေး၊ ရွံရှာခဲ့သည်။

သို့သော် မိုရို အာကာသ နယ်မြေဘုရင်က သူ့ကို ပထမဆုံး သစ္စာဖောက်လိမ့်မည်ဟု ယဲ့ဖန် ထင်မ ထားခဲ့ပေ။

“လောဘကြီးတဲ့ ခွေးသား”

ယဲ့ဖန်က အလွန် ကြမ်းကြုတ်သော စိတ်ဆန္ဒများ ပါဝင်သော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အား စိုက်ကြည့်ကာ မေးလိုက်သည်။

“နတ်ဆိုးဧကရီရော ဘယ်လိုလဲ”

နတ်ဆိုးဧကရီသည် ယဲ့ဖန် တွေးအပူဆုံးသူ ဖြစ်သည်။ သူတို့သည် များစွာသော သေခြင်း ရှင်ခြင်း အခြေအနေများကို အတူတူ ကျော်ဖြတ်ခဲ့ ကြပြီး ပျော်ရွှင်စရာများနှင့် ဝမ်းနည်းစရာများကို အတူတူ မျှဝေခဲ့သည်။

သူတို့သည် မိသားစုဝင်များ ဖြစ်၏။

“နတ်ဆိုးဧကရီက …”

ထိုစဉ် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား ကြောက်ရွံ့ကာ မအီမသာ အပြုံးမျိုး ပြုံး၍ ပြန်ဖြေလိုက်သည်။

“အရှင်မင်းမြတ်၊ အရှင် သေသွားပြီဆိုတာကို သိလိုက်ရပြီးတော့ ဧကရီက ဒေါသ ပေါက်ကွဲ သွားပါတယ်။ သူမ နတ်ဘုရားတွေကို တမင်တကာ လိုက်သတ်ပြီး၊ အင်မော်တယ်တွေကို သုတ်သင် ခဲ့သလို မကောင်းဆိုးဝါးတွေကိုလည်း အကြီး အကျယ် နစ်နာမှုရအောင် ဒုက္ခပေးခဲ့ပါတယ်”

“နောက်တော့ အရှင်ရဲ့သေဆုံးခြင်းအတွက် လက်စားချေဖို့ သူမက ဂြိုဟ်ပေါင်းများစွာကို ဖြတ်သန်းပြီး စကြဝဠာရဲ့ လောကသခင် သုံးပါး နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကံ မကောင်းစွာဘဲ စကြဝဠာရဲ့ လောကသခင် သုံးပါးက ကမ္ဘာဦး နတ်မင်း တစ်ပါးကို ဖိတ်ခေါ်ခဲ့ပြီး သူမကို တယွမ် ချောက်နက်ထဲကို ကျအောင် ရိုက်နှက် ခဲ့ပါတယ်”

*ဘာ*

ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်မှ ထွက်လာသော စကားကြောင့် ယဲ့ဖန် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။

*သူက တယွမ်ချောက်နက်ထဲကို ပြုတ်ကျ သွားတဲ့အထိ ရိုက်နှက်ခံလိုက်ရတယ်တဲ့လား*

“ဟွမ်အာ”

ယဲ့ဖန်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျ လာသည်။ သူ၏ နက်မှောင်နေသော ဆံပင်များသည် လေနှင့်အတူ မျောလွင့်နေသဖြင့် သူ့ပုံစံသည် ရူးသွပ်နေသော လူတစ်ယောက်နှင့် တူနေလေသည်။

“လောကသခင် သုံးပါး၊ ကမ္ဘာဦး နတ်မင်း၊ မင်းတို့အားလုံး သေရမယ်”

ယခုအချိန်တွင် ယဲ့ဖန်၏ နှလုံးသားထဲ၌ နာကျည်း မုန်းတီးမှုများနှင့် ပြည့်နှက်လို့နေသည်။ ထို့နောက် သူ စကြဝဠာထဲသို့ ပြန်ရောက်သည့်အခါ၌ နတ်ဘုရား များကို စိတ်ဓာတ်ကျအောင် ပြုလုပ်ပြီး အင်မော်တယ်များကို ငယ်သံပါအောင် အော်ဟစ်စေပြိး မကောင်းဆိုးဝါးများကို ဒုက္ခ ရောက်အောင် လုပ်မည်ဟု သူ သစ္စာဆိုလိုက်သည်။

*ငါ ကမ္ဘာဦး အင်မော်တယ် နန်းတော်ကို တစ်စစီ ဖြစ်အောင် နင်းချေပြီးတော့ အဲ့ဒီ ကမ္ဘာဦး နတ်မင်းကို သတ်ပစ်မယ်*

ယဲ့ဖန် စိတ်ထဲ ကြုံးဝါးရင်း ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်လိုက်မိသည်။ ထို့ကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် ကြက်သီး တဖြန်းဖြန်း ထလာသည်။

နတ်ဘုရားများနှင့် နတ်ဆိုးတို့ကြားမှ စစ်ပွဲက ပြီးဆုံးခြင်း ရှိတော့မည် မဟုတ်ဟု သူ ရိပ်စားမိ လိုက်သည်။

အကယ်၍ ယဲ့ဖန်သာ စကြဝဠာထဲသို့ ပြန်ရောက် လာခဲ့လျင် သူသည် နတ်ဆိုးအားလုံးကို ဆင့်ခေါ်ရန် အမိန့်ပေးပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက နတ်ဆိုးအားလုံးသည် နတ်ဘုရား များ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို နောက်ဆုံး အသက်ရှူချိန်အထိ တိုက်ခိုက်လိမ့်မည်။

ထိုစဉ် ယဲ့ဖန်က သက်ပြင်းချ၍ သူ၏ တရိပ်ရိပ် တိုးလာသော ကြမ်းကြုတ်သည့် စိတ်ဆန္ဒတို့ကို ထိန်းချုပ် လိုက်သည်။

သူ အချိန် ပို၍ လိုအပ်သည်။ ထို့နောက် သူက ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်ကို စိုက် ကြည့်ကာ မေးလိုက်သည်။

“မင်း ပြန်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာကို သိတယ် မဟုတ်လား”

ယဲ့ဖန်စကားကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က တစ်ချက် တုန်သွားပြီးမှ ချက်ချင်း ဝပ်တွားကာ ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ နတ်ဆိုး ဧကရာဇ်ခင်ဗျား၊ ကျွန်တော် ပြန်သွားရင် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက နတ်ဆိုးအားလုံးကို ဆင့်ခေါ်ပြီးတော့ အရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်”

“အရှင် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက အရှင့်ထံ ထာဝရ ခစားပါ့မယ်လို့ ကျုပ်တို့ ဂုဏ်သိက္ခာနဲ့ ရင်းပြီးတော့ ကျိန်ဆိုပါတယ်”

ထိုသို့ပြောပြီး ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။

သူ၏ အပြုအမူများကို ကြည့်ပြီး နတ်ဘုရားမ မြို့တော်မှ သိုင်းပညာရှင်များအားလုံး ကြောက် လန့်ကာ တုန်ယင်သွားသည်။

တကယ့် နတ်ဘုရား တစ်ပါးက ယဲ့ဖန်ရှေ့ ဒူးထောက်၍ အရိုအသေပေးနေသည်တဲ့လား။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

ထိုစဉ် ယဲ့ဖန်က နောက်သို့ လှည့်ကာ အခြားသူများအား ရက်စက်သော အမူအရာဖြင့် ကြည့်လာသည်။

CHAPTER 342 ပိုဆုရို ကလန်

ယဲ့ဖန် စိုက်ကြည့်တာကို ခံလိုက်ရသဖြင့် နတ်ဘုရားမ မြို့တော်တွင်းရှိ နတ်ဘုရားမများ၏ နောက်လိုက်များသည် ကြောက်လန့်လာကြသည်။

မဟာ ကာရိုးလ်သခင်ကြီးနှင့် မှော်နက် နတ်ဘုရား မတို့ နှစ်ယောက်လုံး ကြောက် စိတ်ကြောင့် ကတုန် ကယင် ဖြစ်လာသည်။

ဒုန်းခနဲ အသံနှင့်အတူ သူတို့နှစ်ယောက်လုံး ယဲ့ဖန်ရှေ့ ဒူးထောက်ကာ အော်ဟစ်လာသည်။

“နတ်ဆိုးဧကရာဇ်ကို အရိုအသေပေးပါတယ်။ မှော်နက် နတ်ဘုရားမဖြစ်တဲ့ ကျွန်မ မာတာက အရှင့်ရဲ့ လက်အောက် ငယ်သား ဖြစ်ချင်ပါတယ်၊ ပြီးတော့ အရှင်ရဲ့ ကျေးကျွန်အဖြစ် ထာဝရ နေချင် ပါတယ်”

“နတ်ဆိုးဧကရာဇ်ကို အရိုအသေပေးပါတယ်၊ ကျွန်တော် ကာရိုးလ် ဖရက်ဒိုက အရှင့်အနားမှာ နောင်တ မရဘဲ ထာဝရ ခစားချင်ပါတယ်”

ယခုအချိန်တွင် နတ်ဘုရားအဆင့် နှစ်ယောက်လုံး ကြောက်လန့်ကာ တုန်ယင်နေကြသည်။

အခြားသူများလည်း ကြောက်လန့်နေကြသည်။

နတ်ဘုရားများတောင်မှ ယဲ့ဖန်ရှေ့တွင် ဒူးထောက် နေကြသဖြင့် အခြားသူများအားလုံး သူ၏ ထိတ်လန့် ဖွယ် ကောင်းသော နောက်ခံကို သတိပြု လိုက်ကြ သည်။

သူ၏ နောက်ခံသည် ထင်မှတ်မထားလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။

မှော်နက် နတ်ဘုရားမနှင့် မဟာကာရိုးလ် သခင်ကြီးတို့ ချွေးသီး ချွေးပေါက်များ ကျနေကြ သည်။ ယဲ့ဖန်၌ ဆန်းကြယ်သော နောက်ခံရှိသည်ကို သူတို့ ကြိုသိခဲ့ပါက သူတို့ သူနှင့် ဆန့်ကျင်မည် မဟုတ်ပါ။

သူတို့ စကားကြောင့် ယဲ့ဖန်၏ မျက်လုံးမှ အေးစက် စက် အကြည့်များ ဖြာထွက်လာသည်။ ထို့နောက် သူက ပြောလိုက် လေ၏။

“အခြားသူတွေရဲ့ အသက်ကို နင်းပြီး အသက်ရှင် ချင်တဲ့ သူတွေက နတ်ဆိုးတွေနဲ့ ပူးပေါင်းဖို့ မထိုက် တန်ဘူး”

“အဲ့ဒါကြောင့် သေလိုက်တော့”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ်သခင်ကြီးတို့ အလွန် ကြောက်လန့် သွားကြသည်။

သူတို့ ဒူးထောက်ဝပ်တွား၍ တောင်းပန်တိုးလျှိုး နေတာတောင်မှ ယဲ့ဖန်က သူတို့ကို ငြင်းဆန် လိမ့်ဦးမည်ဟု သူတို့ ထင်မှတ်မထားမိကြပေ။

နတ်ဘုရားအဆင့် နှစ်ယောက်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဟန်များ ပေါ်လွင်နေပြီး လိပ်ပြာလွင့် မတတ် ကြောက်လန့်လာကြသည်။

သူတို့ ချက်ချင်း မတ်တပ်ရပ်၍ ထွက်ပြေးရန် ကြံလိုက် သည်။ သို့သော် ထိုစဉ် သူတို့ ဗလုံးဗထွေး အသံတစ်ခုကို ကြားလိုက်ရသည်။

ရုတ်တရက် လက်နှစ်ဘက်က လှစ်ခနဲ ရောက်ရှိ လာကာ သူတို့၏ ဦးခေါင်းအား လျှပ်စီးထက် မြန်သော နှုန်းဖြင့် ထိုးခွင်းလာသည်။

တောက်!

တောက်!

နီရဲသော သွေးများက သူတို့၏ နဖူးအလယ် တည့်တည့်မှ ပန်းထွက်လာ၏။

သူတို့၏ ခန္ဓာကိုယ်များသည်လည်း အဆုံးမရှိ‌သော ထိတ်လန့်ကြောက်ရွံ့မှုများ နှင့်အတူ အေးစက် တောင့်တင်းလို့သွားသည်။

*သူတို့ သေသွားပြီ*

နတ်ဘုရားအဆင့် နှစ်ယောက် တစ်ချက်တည်းဖြင့် အသတ်ခံ လိုက်ရလေပြီ။

ဂျွတ်! ဂျွတ်!

ယဲ့ဖန်က သူ့လက်နှစ်ဘက်အား အလောင်း နှစ်လောင်း၏ ဦးခေါင်းထဲမှ ဆွဲထုတ်လိုက်ပြီးနောက် သူ့လက်ထဲ၌ နတ်ဘုရား အဆင့်များ၏ အမြုတေ ပါလာသည်။

ထို့နောက် မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ် သခင်ကြီးတို့၏ အလောင်းများ မြေကြီးပေါ်သို့ လဲကျလာ သဖြင့် ဖုန်အနည်းငယ် ထသွားရသည်။

နတ်ဘုရားအဆင့် ငါးယောက်၌ လေးယောက် အသတ်ခံရသည်။

တစ်ယောက်ကား ထွက်ပြေးသွားချေပြီ။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ရလဒ်က နတ်ဘုရားမ များ၏ နောက်လိုက်များအား လိပ်ပြာ လွင့်စဉ် သွားမတတ် ကြောက်လန့်သွားစေခဲ့သည်။

ထို့နောက် ယဲ့ဖန်သည် အသက်ရှင်နေသေးသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံး၌ သူက ခရီနာကို လက်ညှိုးထိုးလိုက်ပြီး အမိန့်ပေး လိုက်သည်။

“သူမက လွဲပြီး အားလုံးကို သတ်ပစ်လိုက်”

….

သူ၏ အမိန့်သည် ငရဲတံခါးဝကို ဖွင့်လိုက်သကဲ့သို့ နတ်ဘုရားမများ၏ နောက်လိုက်များအား သေမ တတ် ကြောက်လန့် သွားစေခဲ့သည်။

*ထွက်ပြေးရမယ်*

ချက်ချင်းဆိုသလိုပင် နတ်ဘုရားမများ၏ နောက် လိုက်များက လေလွင့်ခွေးများကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးကြ လေတော့သည်။

ထိုသို့သော အချိန်တွင် မိုရို သွေးစွန်းတစ္ဆေ၊ အမှောင် သခင်၊ ကျိုချင်းချန်၊ မိစ္ဆာဝိညာဉ်ရိုင်းနှင့် ညအဖွဲ့မှ အခြား နတ်ဆိုးများက ထွက်ပြေးသွားသူများ၏ နောက်သို့ တရကြမ်း လိုက်လေတော့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး စတင်လာ လေတော့သည်။

နတ်ဘုရားမများ၏ နောက်လိုက်များသည် အရပ် မျက်နှာ အနှံ့၌ အသတ်ခံရသဖြင့် သူတို့၏ ရဲရဲနီ နေသော သွေးများက မြို့တစ်ခုလုံးအား အနီရောင် ဆေးခြယ်မှုန်းနေသလိုပ်င။

သူတို့၏ အော်သံများက အချည်းနှီးပင်။

“အား”

ခဲလ်ဆာ၏ လူတစ်ယောက်သည် မိုရို သွေးစွန်း တစ္ဆေကြောင့် အသားလုံးဖြစ်သည်အထိ ရိုက်နှက် ခံလိုက်ရသည်။

သူ၏ အဖြစ်ဆိုးလှသော နောက်လိုက်၏ ခန္ဓာ ကိုယ်ကို ကြည့်ပြီး ခဲလ်ဆာ၏ မျက်နှာသည် ပြာနှမ်း လာသည်။

*ငါတော့ သေပြီ*

*ငါတော့ လုံးဝ သေပြီပဲ*

ယခုအချိန်တွင် ခဲလ်ဆာသည် ခရီနာအား အလွန် လေးစား အားကျမိသည်။

အကယ်၍ အစကတည်းက ယဲ့ဖန် ဘယ်လောက် သန်မာသည်ကို သူ သိခဲ့ပါလျင် သူ ဘယ်တော့မှ ယဲ့ဖန်ကို ဆန့်ကျင်ခဲ့မည် မဟုတ်ပေ။

ခဲလ်ဆာသည် သူ၏ အပြုအမူကြောင့် နောင်တ ရကာ နှပ်တရှုံ့ရှုံ့ ဖြစ်လာရင်း သူ၏ ခန္ဓာကိုယ်အား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လွှမ်းမိုးခြင်းကို ခံ လိုက်ရသည်။

“အား…အား…အား”

ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးနောက် သူသည် ရုတ်ချည်း ဝါးမျိုခံလိုက်ရပြီးနောက် သွေးအိုင် အဖြစ်သို့ ပြောင်းလဲ သွားသည်။

ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် နောက်လိုက်များ ရုန်းကန်နေရသည်ကို ဘေးထွက် ရပ်ကာ ကြည့်နေသည်။

နက်မှောင်နေသော မကောင်းဆိုးဝါး ပုရွက်ဆိတ် များကို ကြည့်ပြီး သူသည် ခေါင်းစခြေဆုံး ချမ်းစိမ့်စိမ့် ဖြစ်သွားရသဖြင့် တစ်ကိုယ်လုံး ကြက်သီး မွေးညင်း ထလာသည်။

ထို့နောက် သူ တတွတ်တွတ် ပြောလိုက်မိသည်။

“အဲ့…အဲ့ဒါတွေက ဝိညာဉ်စား ပုရွက်ဆိတ်တွေပဲ”

ကောင်းကင်ဘုံ ဂိတ်တံခါး ဧကရာဇ်သည် ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် စကြဝဠာ တစ်ခုလုံးရှိ ကြောက်မက်ဖွယ် အကောင်းဆုံး သက်ရှိများထဲမှ တစ်ခုဖြစ်သည်။

သူတို့သည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို သတ်ခဲ့သည်။ သူတို့သည် နတ်ဆိုးများကိုတောင်မှ ဝါးမျိုခဲ့ကြသည်။ သူတို့သည် စကြဝဠာထဲတွင် ပြိုင်ဘက်ကင်း လုနီးပါးပင်။

သို့သော် ယခုအခါတွင် များပြားလှသော ပုရွက်ဆိတ် များက ယဲ့ဖန်အတွက် တိုက်ခိုက်၍ သတ်ဖြတ် နေကြသည်။

မယုံနိုင်စရာ ကောင်းလှ၏။

“ဒါ … ဒါ သိပ်ကောင်းတာပဲ”

ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် အလွန် စိတ်လှုပ်ရှားလာပြီး ယဲ့ဖန်အား ချက်ချင်း ဦးညွှတ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“အရှင်မင်းမြတ်၊ ကိုယ်ပွားသာဖြစ်တဲ့ ကျွန်တော်က ဒီမှာ ကြာကြာနေလို့ မရပါဘူး၊ ကျွန်တော် သွားမှ ဖြစ်ပါတော့မယ်”

“အနောက်ဘက် ကောင်းကင်ဘုံက သိုင်းပညာရှင် တွေက နတ်ဆိုးဧကရာဇ် ပြန်အလာကို စောင့်မျှော် နေပါတယ်”

ထိုသို့ပြောပြီး သူသည် ယဲ့ဖန်အား ထပ်မံ၍ ဂါဝရပြု လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ဖောက် ထွင်း မြင်နိုင် လာပြီးနောက် ပျောက်ကွယ် သွားသည်။

ကောင်းကင်ဘုံ ဂိတ်တံခါး ဧကရာဇ် ထွက်သွား သည်ကို ကြည့်ပြီးနောက် ယဲ့ဖန်သည် ညတာ၏ မိုးကောင်းကင်ယံအား မော့ကြည့်လိုက်သည်။

နတ်ဆိုးတွေ လူစုကွဲနေသည်။ ဟွမ်အာ ပျောက် နေ၏။ ဖေးချမ်၊ လင်းလန်နှင့် အခြားသူများ အားလုံး သည်လည်း စကြဝဠာတွင်း၌ ပျောက်ဆုံးနေ၏။

ဤအဖြစ်အပျက်များ အားလုံးက ယဲဖ့န်အား စကြဝဠာထဲသို့ ပြန်ရောက်ချင်လာအောင် ပိုလုပ်နေ သလိုပင်။

“ငါ့ကို စောင့်နေပါ။ ငါ စကြဝဠာထဲကို ပြန်ရောက် လာတဲ့ အခါကျရင် ငါတို့ ကောင်းကင်ကြီးကို အနီရောင်ဖြစ်သွားအောင် ဆေးခြယ်ကြတာပေါ့”

ဆယ့်ငါးမိနစ် ကြာပြီးနောက် နတ်ဘုရားမြို့တော် တစ်ခုလုံး ပျက်ဆီးသွားသော မြို့တော်အဖြစ်သို့ ပျက်ဆီး ယိုယွင်း သွားလေတော့သည်။

မည်သူမျှ အသက်မရှင်ပေ။ မြို့တစ်ခုလုံး၌ အလောင်းများဖြင့် ပြည့်နှက်လို့လာသည်။ နီရဲနေသော သွေးများက မြစ်အသွင်သို့ ပြောင်းလဲ လာသည်။

အင်္ဂါ မစုံလင်သော အလောင်းများက တောင်လို ရာလို ပုံနေ၏။ ဘေးပတ်လည်မှ သွေးများကို ကြည့်ပြီး ခရီနာ အလွန်အမင်း သွေးပျက်နေသည်။

သူမသည် နတ်ဘုရားမမြို့တော်တွင် ဖြတ်သွား ဖြတ်လာ သမားသာ ဖြစ်သည်။ သူမသည် မိဘ၊ ညီအစ်ကို စသည့် မည်သည့်မိသားစုဝင်မျှ မရှိပါ။

သူမ၌ ခဲလ်ဆာကဲ့သို့ မိတ်ဆွေ အနည်းငယ်သာ ရှိသည်။ သို့သော် သူမသည် ခဲလ်ဆာနှင့် သူမ၏ အခြားသူငယ်ချင်းများ သေသွားသည့်အတွက် သနားသလို မခံစားရပေ။ တကယ်တမ်းတွင် သူတို့ အားလုံးသည် တိုက်ပွဲမတိုင်ခင်က ယဲ့ဖန်ကို မီးမြှိုက်ချင် နေခဲ့ကြသည်ပင်။

ဘုတ်!

ခရီနာ အတွေးဝင်နေစဉ် ယဲ့ဖန်က သူမရှေ့ စာအုပ် တစ်အုပ် ပစ်ချလိုက်သည်။ ခရီနာ တစ်ခဏမျှ မှင်သက်သွားသည်။ ထိုစဉ် ယဲ့ဖန်က တည်ငြိမ်စွာ ပြောလာသည်။

“မင်းက ကြင်နာတတ်တဲ့ မိန်းကလေးပဲ၊ ကြင်နာ တတ်တဲ့ မိန်းကလေးက ဘုရားသခင်က ပေးတဲ့ အခွင့်အရေးနဲ့ ထိုက်တန်တယ်”

“အဲ့ဒါကို မင်း ပိုင်သွားပြီ”

“နောက်မှ တွေ့ကြတာပေါ့ ခရီနာ”

ခရီနာ တစ်ဘက်လှည့်လိုက်သောအခါ ယဲ့ဖန်နှင့် သူ့နောက်လိုက်များ ပျောက်ကွယ်သွားသည်ကို သူမ တွေ့လိုက်ရသည်။

သူတို့သည် မည်သည့် အရိပ် သို့မဟုတ် ခြေရာလက်ရာ မကျန်အောင် လှည့်လည် သွားလာ သည့် ညတာ၏ သရဲသက်များလိုပင်။

“သူတို့ ထွက်သွားပြီလား”

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ခရီနာသည် ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစား လိုက်ရသည်။

ထိုနတ်ဆိုးဆန်၍ တင်းမာသော မျက်နှာအား သူမ လုံးဝ မေ့နိုင်တော့မည် မဟုတ်သည်ကို သူမ ရိပ်စား မိလိုက်သည်။

တိုတောင်းသော ညနေခင်း အချိန်လေး အတွင်းမှာပင် ယဲ့ဖန်၏ ပုံရိပ်သည် သူမစိတ်ထဲ စွဲထင်ကျန်ရစ်နေပြီ ဖြစ်သည်။

ထို့နောက် သူမသည် ထိုစာအုပ်ကို ကောက်ယူ လိုက်ရင်း အဖုံးပေါ်မှ စာလုံး အကြီးတစ်ချို့ကို မြင်လိုက် ရသည်။

ပိုဆုရို လျှို့ဝှက်သိုင်းကျမ်း။

ခရီနာ တစ်ဒင်္ဂမျှ တွေဝေသွားသည်။ သို့သော် သူမ စာအုပ်ကို လှန်လှောဖတ်ရှု လိုက်ပြီးနောက် ထိတ်ထိတ် ပျာပျာ ဖြစ်သွားရသည်။

ကမ္ဘာပေါ်မှ အခြားလျှို့ဝှက်သိုင်းကျမ်းများ အားလုံး သည် ဤပိုဆုရို လျှို့ဝှက်သိုင်းကျမ်း ရှေ့မှောက် တွင်တော့ အလကားပင်။

ပိုဆုရို လျှို့ဝှက်သိုင်းကျမ်း၌ အဆုံးမရှိသော လျှို့ ဝှက်ချက်များ ပါရှိသည်။

ခရီနာသည် ကမ္ဘာသစ်တစ်ခုဆီသို့ ဦးတည်နေသော တံခါးတစ်ချက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သလို ခံစားလိုက်ရသည်။

အချိန် အတော်ကြာ ကြာပြီးနောက် ခရီနာ စာအုပ်ကို ပိတ်လိုက်သည်။ သူမ၏ ထိတ်လန့်မှုများကို ကြိုးစား ထိန်းချုပ်၍ သက်ပြင်းချလိုက်သည်။

သူမသည် တက်ကြွသော မျက်လုံးများနှင့် နတ်ဘုရားမ မြို့တော်၏ မြို့တံခါးဝကို ကြည့်ရင်း ရေရွတ် လိုက်သည်။

“ယဲ့ဖန် ကျေးဇူးတင်ပါတယ်။ ကျွန်မ ခရီနာက ရှင့်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”

သူ၏ သေးငယ်သော လက်ဆောင်လေးက နှစ်များစွာ ကြာပြီးနောက် ကြီးမြတ်သော ကမ္ဘာခြား ကလန်တစ်ခု ဖြစ်လာအောင် ဦးတည်လာ လိမ့်မည်ဟု ယဲ့ဖန်တောင်မှ ထင်ခဲ့မိမည် မဟုတ်ပေ။

ထိုကလန်ကား ပိုဆုရိုကလန်ပင်။

ခရီနာသည် ထိုပိုဆုရိုကလန်၏ ဘိုးဘေးဖြစ် လာခဲ့သည်။

All Chapters