အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
CHAPTER 343 ပါရမီရှင်
နတ်ဘုရားမမြို့တော် သုတ်သင်ခံနေရစဉ်တွင် ဘုန်းခနဲ အသံနှင့်အတူ သွေးသံတရဲရဲနှင့် ခန္ဓာကိုယ် တစ်ခုသည် မိုင်ခြောက်ရာ အကွာရှိ တောအုပ် တစ်ခုထဲသို့ လေထဲမှ ပြုတ်ကျလာသည်။
“အား….”
ထိုလူသည် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
သူ့ခန္ဓာကိုယ်သည် ဆိုးရွားစွာ ပုံပျက်နေပြီး သူ၏ သွေးသံတရဲရဲနှင့် အသားစများက ထင်းခနဲ ပေါ်နေ၏။ သူသည် နာကျင်မှုကြောင့် တုန်ယင် နေသည်။
သူသည် မသေမျိုး လျှို့ဝှက်သိုင်းကွက်ဖြင့် ထွက်ပြေး လာသော အလင်းတော် ဘုန်းတော်ကြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် အလွန် ရက်စက်၍ ပြင်းထန်သော အကြည့်များဖြင့် ရေရွတ် နေသည်။
“ယဲ့ဖန်၊ စောင့်ကြည့်နေ၊ အခုချိန်ကစပြီး အလင်း တော် ဘုန်းတော်ကြီး ဖြစ်တဲ့ ငါ ဘာကာက မင်းနဲ့ ငါ့နောက်ဆုံးထွက်သက်အထိ တိုက်ခဲ့မယ်ကွ”
သူ၏ စူးရှ၍ ရက်စက်သော ကြုံးဝါးသံက တောအုပ် အနှံ့ ပဲ့တင်ထပ်သွားသဖြင့် အိပ်စက် နေသော သားရဲရိုင်းများအား နှိုးသလို ဖြစ်သွားသည်။ ထို့ကြောင့် သားရဲရိုင်းများသည် ဆက်တိုက်ဆိုသလို ဟိန်းဟောက် လာကြ၏။
မသေမျိုး ခန္ဓာကိုယ်နှင့် အလင်းတော် လျှို့ဝှက် သိုင်းကျမ်း တို့နှင့်အတူ ဘာကာသည် အရင်က သည်လောက် အလွန် အန္တရာယ်များသည့် အခြေအနေမျိုး မကြုံတွေ့ဖူးပေ။
ယဲ့ဖန်သည် သူ ဆုံခဲ့သမျှထဲတွင် သူ့အား သတ်နိုင် လောက်သည်အထိ အခွင့်အရေးရခဲ့သည့် ပထမဆုံး သူပင် ဖြစ်သည်။
ယခုအချိန်မှစ၍ သူသည် ယဲ့ဖန်အား သူ၏ မဟာ့မဟာ ရန်သူတော်ကြီးအဖြစ် သတ်မှတ် လိုက်လေ တော့သည်။
နတ်ဘုရားမမြို့တော် ရှိရာအရပ်သို့ နာကျည်းစွာ လှမ်းကြည့်ရင်း အလင်းတော် ဘုန်းတော်ကြီးသည် ချက်ချင်း တစ်ဘက်ပြန်လှည့်ကာ တောနက်ထဲသို့ ပို၍ ဝင်ရောက်သွားရန် ကြံစည်လိုက်သည်။
တစ်လှမ်းပြီးတစ်လှမ်း။
သူ၏ နီရဲနေသော သွေးများက မြေကြီးပေါ် စီးကျလာလေ သူ ပိုပြီး မုန်းတီးလာလေ ဖြစ်သည်။ သူ မီတာ ငါးရာဝန်းကျင်ခန့် လမ်းလျှောက် လာပြီးနောက် ရှေ့မလှမ်းမကမ်းရှိ ကျောက်တုံး ကြီးပေါ်၌ လူနှစ်ယောက် ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။
ထိုနှစ်ယောက်သည် သူတောင်းစား နှစ်ယောက် ဖြစ်သည်၊ တစ်ယောက်ကား အဘိုးအို ဖြစ်ပြီး ကျန်တစ်ယောက်က ငယ်ရွယ်လေသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတောင်းစားအိုကြီးကို မြင်သည်နှင့် သူသည် ရန်သူက သာမန်လူ မဖြစ်နိုင်ဘဲ ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင် တစ်ယောက်ဟု ခံစား မိကာ စိတ်ထင့်လာမိသည်။
ထို့နောက် သူသည် စိတ်ရောကိုယ်ပါ ကြောက်လန့် လာပြီး ကတုန်ကယင် ဖြစ်နေသည်။
အလင်းတော် ဘုန်းတော်ကြီး ထိုကျောက်တုံးနားသို့ နီးကပ်လာသည်နှင့် သူတောင်းစားအိုကြီးက ရုတ်ချည်း မျက်လုံးကို ဖွင့်လာ၍ ပြောလိုက်သည်။
“ကောင်လေး ငါ မင်းကို စောင့်နေတာ တစ်ရက် တောင် ရှိနေပြီ”
*ဘာ*
ထိုအဘိုးအို၏ စကားကြောင့် အလင်းတော် ဘုန်းတော်ကြီး ထိတ်လန့်သွားသည်။
*သူ စောင့်နေတာ တစ်ရက်တောင် ရှိပြီလား*
*ဒီတိုက်ပွဲမှာ ငါ ရှုံးပြီးတော့ ဒီနေရာကို မသေမျိုး လျှို့ဝှက်သိုင်းကွက်နဲ့ ထွက်ပြေးလာမယ်ဆိုတာကို ဒီအဘိုးကြီးက သိနေတာလား*
*ဒါ … မဖြစ်နိုင်ဘူး*
အလင်းတော် ဘုန်းတော်ကြီးသည် သူတောင်း စားအိုကြီးအား သတိကြီးကြီးထား၍ ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားကို ယဲ့ဖန် လွှတ်လိုက်တာလား”
သူ့စကားကြောင့် သူတောင်းစားအိုကြီးက ခပ်ဖွဖွ ပြုံး၍ ခေါင်းခါလာသည်။ ထိုစဉ် အလင်းတော် ဘုန်းတော်ကြီးက ရုတ်တရက် လက်တစ်ဘက်ကို ဆန့်ထုတ်ကာ အဖြူရောင် အလင်းတန်းတစ်ခုအား သူတောင်းစားအိုကြီး၏ လည်ပင်းထံသို့ ထုတ်လွှတ် လိုက်သည်။
မည်မျှ မြန်ဆန်လိုက်သည့် အငိုက်ဖမ်း တိုက်ခိုက်မှု ပါလိမ့်။
ထိုတိုက်ခိုက်မှု၌ အလင်းတော် ဘုန်းတော်ကြီး၏ လက်ကျန် အင်အားစုများ ပါဝင်နေသည်။ ထိုသူတောင်းစားအိုကြီးက မည်သူ ဖြစ်နေပါစေ၊ သူသည် သူ့ဘဝအား မည်သူမျှ ခြိမ်းခြောက်ခွင့် ပြုနိုင်မည် မဟုတ်ပါ။
သို့သော် ထိုအချိန်တွင် မယုံကြည်နိုင်သော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာသည်။
သူတောင်းစားအိုကြီးသည် အလင်းတော် ဘုန်းတော် ကြီး၏ တိုက်ခိုက်မှုကို ခန့်မှန်းခဲ့မိပုံရပြီး အင်္ကျီ လက်စကို အသာ ဝေ့လိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိတ်လန့်ဖွယ် အင်အား တစ်ခုက အဖြူရောင် အလင်းတန်းကို လွှမ်းခြုံ သွားသည်။
ဝှစ်!
အဖြူရောင် အလင်းတန်းသည် ချက်ချင်း ပျက်စီး ကာ လွင့်ပြယ်သွား၏။
*ဟင်*
အလင်းတော် ဘုန်းတော်ကြီးသည် ဤမြင်ကွင်း ကြောင့် လုံးဝ မှင်တက်သွားသည်။ သူ၏ အားကုန် ထုတ် သုံးလိုက်သည့် တိုက်ကွက်အား ရန်သူက အလွယ်တကူ ချေဖျက်သွားလိမ့်မည်ဟု ထင်မှတ် မထားခဲ့မိပေ။
တစ်ကိုယ်လုံး တုန်ယင်လာပြီး ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ကြံလိုက်သည်။ သို့သော် နောက်ကျသွားချေပြီ။
ထိုအချိန်တွင် ကြိုးတစ်ယောက်က သူ့ထံ ပြေးဝင် လာပြီး ပျော့ပျောင်းသော မြွေ တစ်ကောင်ကဲ့သို့ ရစ်ပတ်သွားသည်။
ထို့နောက် သူ မြေကြီးပေါ် လဲကျသွားသည်။ သူသည် ကြိုးမှ အတင်းရုန်းကန်းနေရင်း ဟစ်အော် လိုက်သည်။
“ခင်ဗျား ဘယ်သူလဲ၊ ခင်ဗျား ဘာလို့ ကျုပ်ကို ဖမ်းတာလဲ”
အလင်းတော် ဘုန်းတော်ကြီးသည် ထိတ်လန့်ကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။ ထိုသူတောင်း စားအိုကြီး၏ တိုက်ပွဲဝင် ခွန်အားသည် သူ ထင်ထားတာထက် ပို၍ ကြောက်မက်ဖွယ် ကောင်း နေသေးသည်။
ထိုသူတောင်းစားအိုကြီးသည် အလင်းတော် ဘုန်းတော်ကြီး ဆုံတွေ့ဖူးသမျှထဲ၌ ထိတ်လန့်ဖွယ် အကောင်းဆုံး သိုင်းပညာရှင် ဖြစ်သည်။
ခြေသံတစ်ချို့နှင့်အတူ သူတောင်းစားအိုကြီးသည် ဖြည်းဖြည်းချင်း ထလာ၍ အလင်းတော် ဘုန်းတော် ကြီးထံသို့ လျှောက်လာသည်။
ထို့နောက် သူက ပြုံး၍ အလွန် ထိတ်လန့်၍ နားလည် သဘောပေါက်သွားဟန်ဖြင့် ပြောလာသည်။
“ရက်စက်တယ်၊ တိကျတယ် ပြီးတော့ လူမဆန်ဘူး။ အဲ့ဒါအပြင်ကိုမှ မသေမျိုး ခန္ဓာကိုယ်နဲ့ အလင်းတော် လျှို့ဝှက်သိုင်းကွက်”
“မင်းက ငါရှာနေတဲ့ တစ်ယောက်ပဲ။ ငါမင်းကို စောင့်နေတာ နှစ်ရာချီနေပြီ”
*ဘာ*
သူ့စကားကြောင့် အလင်းတော် ဘုန်းတော်ကြီး မှင်တက်သွားရသည်။
*သူ ငါ့ကို စောင့်နေတာ နှစ်ရာချီနေပြီတဲ့လား*
*ဒါ မဖြစ်နိုင်ဘူး*
သို့သော် သူတောင်းစားအိုကြီးက အလင်းတော် ဘုန်းတော်ကြီး၏ အမူအရာကို ဂရုမစိုက်ပေ။ ထို့နောက် သူက အလွန် စိတ်လှုပ်ရှား တက်ကြွ ဟန်ဖြင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းက ပါရမီရှင် သားတော်ပဲ”
…
သုံးရက်ကြာပြီးနောက် ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် အလင်းတော် ဘုရား ကျောင်း ဖယ်ရှားခံလိုက်ရသည်။
ဘုရားကျောင်းထဲမှ မည်သူမျှ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။
ဆယ်ရက်ကြာပြီးနောက် အိန္ဒိယမှ ကာရိုးလ် ဘုရားကျောင်း ပျက်ဆီးသွားခဲ့သည်။ ကာရိုးလ် ဘုရားကျောင်း၏ နောက်လိုက်များ အားလုံး အသတ်ခံ လိုက်ရသည်။
ဆယ့်ငါးရက် ကြာပြီးနောက် ထိုင်းနိုင်ငံရှိ ဝူနတ်ဘုရား ဘုရားကျောင်း ပျက်သုဉ်းသွားခဲ့သည်။ မှော်ဆရာများ အားလုံး သုတ်သင်ခံလိုက်ရပြီ။
လဝက်မျှအချိန်လေးအတွင်း၌ နတ်ဘုရားမမြို့တော် အပါအဝင် ထိပ်တန်းအင်အားစုလေးခုလုံး ရှင်းလင်း ခံလိုက်ရ၏။
ဤသတင်းက ကမ္ဘာကြီးအား ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။ ထို့အပြင် နာမည်တစ်ခုက ကမ္ဘာ တစ်ဝန်းလုံး၌ ကျော်ကြားလာလေတော့သည်။
ထိုနာမည်ကား ယဲ့ဖန်ပင်။
သူသည် ကမ္ဘာမြေပေါ်ရှိ သိုင်းလောက အသိုင်း အဝိုင်း၌ အကျော်အမော် ဖြစ်လာခဲ့သည်။ သူ ဖြတ်သွားသည့် ဘယ်နေရာမဆို၌ အမြဲ အလောင်းများ ကျန်ရစ်ခဲ့သည်။
သူသည် ရက်စက်၍ လူမဆန်လှပေ။ ကမ္ဘာပေါ်ရှိ ထိပ်သီး ပုဂ္ဂိုလ်များအားလုံး သူ့ကို ကြောက်ရွံ့ ကြသည်။
ထို့ပြင် လဝက်အတွင်း၌ ကမ္ဘာတစ်လွှားရှိ သိုင်း လောက၌ ကြီးမားသော ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ ကြရသည်။
များစွာသော ဆန်းကြယ်သည့် ဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာခဲ့ကြသော ရှေးဟောင်း ကလန် များ ပေါ်ပေါက်လာသည်။
သူတို့သည် ကြောက်မက်ဖွယ် ကောင်းသည့် ထိပ်တန်း အင်အားစု လေးခု၏ နေရာအား အစားထိုး ဝင်ရောက်လာကြပြီး ကမ္ဘာအနှံ့အပြားရှိ ဌာနချုပ်များအား အုပ်ချုပ်သည့် အင်အားစုများ အဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။
ထို့အပြင် ထိုဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည် လာခဲ့ကြသော ရှေးဟောင်း ကလန်များ သည် သူတို့၏ အင်အားစုများကို နှစ်ပေါင်းများစွာ ပုန်းကွယ်၍ ထားခဲ့ကြသဖြင့် သူတို့အားလုံး၌ ကြောက်မက်ဖွယ် ကောင်းလောက်အောင် နက်ရှိုင်း သော နောက်ခံအင်အားများ ရှိကြသည်။
ထိုဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာ ခဲ့ကြသော ရှေးဟောင်း ကလန်တစ်ခုချင်းစီ၌ စစ်မှန် သော နတ်ဘုရားများ ရှိကြသည်။
….
ကျန်းရှီမြို့၊ ဟွာရှ အခြေစိုက် ဌာနချုပ်၌။
မြို့ထဲမှ လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေ ကြသည်။ ကျန်းရှီမြို့ရှိ များစွာသော သိုင်းပညာရှင် များသည် ကျန်းရှီ မြို့လယ်ခေါင်ကွက်လပ်၌ စုဝေး နေ ကြပြီး မြို့လယ်ခေါင် ကွက်လပ်ရှိ မြင့်မား သော စင်မြင့်ပေါ်ရှိ သိုင်းပညာရှင် နှစ်ယောက်အား သုန်မှုန်နေသော အမူအရာများဖြင့် ကြည့်နေ ကြသည်။
နတ်ဘုရားအဆင့်နှစ်ယောက်၊ တစ်ယောက်ကား အနောက်တိုင်းသား လူကြီးတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်သည် အရှေ့တိုင်းသား လူငယ်လေး တစ်ယောက်တို့ စင်မြင့်ပေါ်၌ ရပ်နေ ကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ သံတမန်များ ဖြစ်ကြ သည်။
ယခုအချိန်တွင် အရှေ့တိုင်းသား လူငယ်လေး တစ်ယောက်သည် ရေခီစွမ်းအင်ကို နက်ရှိုင်းစွာ ရှုရှိုက် လိုက်သည်။ ချက်ချင်းဆိုသလို သူသည် တစ်ကိုယ်လုံး ချောမွေ့သွားသလို ခံစားလိုက် ရသည်။ ထို့နောက် သူသည် ကျေနပ်သွားသလို သက်မချလိုက်သည်။
“အံ့ဩစရာပဲ”
တောက်ပနေသော မျက်လုံးများနှင့် လူငယ်လေးက ထပ်ပြောလာသည်။
“ကျန်းရှီမြို့ရဲ့ ရေခီစွမ်းအင်က ဟွမ်ဖူကလန်ရှိတဲ့ နေရာထက် ဆယ်ဆပိုပြီး ပေါများနေတာပဲ။ ဒါက တကယ့်ကို ကျင့်ကြံခြင်းအတွက် မွန်မြတ်တဲ့ နေရာပဲ”
သူ့စကားကြောင့် ဘေးရှိ အနောက်တိုင်းသား လူကြီးက ပြုံး၍ ပြောလိုက်သည်။
“သခင်လေး ဟွမ်ဖူ၊ စိတ်မပူပါနဲ့။ ဗဟို စီနီယာ အဖွဲ့ အစည်းချုပ်က ရှေးဟောင်းကလန်သုံးခုကို ဟွာရှ အခြေစိုက် ဌာနချုပ်ကို အုပ်ချုပ်ခွင့် ပေးလိုက်ပြီ ဆိုတော့ သေချာပေါက် ကျန်းရှီမြို့က ခင်ဗျား အပိုင်ပါပဲ”
“ခင်ဗျား သဘောကျမယ်ဆို ခင်ဗျားရဲ့ ကလန်ကို ဒီမြို့ကို ပြောင်းလာခဲ့လို့ ရပါတယ်”
ထိုလူကြီး၏ အကြံပေးစကားကြောင့် အရှေ့တိုင်း သား လူငယ်လေးက စိတ်ကျေနပ်သလို အမူအရာ မျိုး ပြလာသည်။
ထို့နောက် စင်အောက်မှ ကျန်းရှီမြို့ သိုင်းပညာရှင် များက သူတို့ကို စိုက်ကြည့်နေကြသည်ကို သတိ ထား မိသွားကြသည်။
ထို့ကြောင့် အနောက်တိုင်းသား လူကြီးက ကျယ် လောင်စွာ ပြောဆိုလိုက်သည်။
“ကျန်းရှီမြို့က သိုင်းပညာရှင်တို့ ကျုပ်က ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က သံတမန် ချာလီပဲ”
“သိပ်မကြာခင်က ကျုပ်တို့ ဟွာရှ အခြေစိုက် ကုန်းမြေဒေသက မြစ်ချောင်းတွေထဲမှ ဧကရာဇ်အဆင့် သားရဲကောင်တွေကို ကျုပ်တို့ ရှာတွေခဲ့တယ်။ သားရဲကောင်တွေရဲ့ အလား အလာကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် ကမ္ဘာမြေ အဖွဲ့ အစည်းချုပ်က ထိပ်သီး အဖွဲ့အစည်းက ဟွမ်ဖူ ကလန်၊ စစ်မာကလန်နဲ့ ကုန်းစွန်းကလန်တို့က ကမ္ဘာပေါ် က ရှေးဟောင်းကလန်တွေဖြစ်တဲ့အတွက် ဒီကလန်တွေကို ဟွာရှ အခြေစိုက် ဌာနချုပ်ရဲ့ ခေါင်းဆောင်တွေအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ် လိုက်ပြီ”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်နဲ့ ဟွာရှနိုင်ငံက အခြား သိုင်းပညာရှင်အားလုံး ရှေးဟောင်းကလန် သုံးခုရဲ့ အမိန့်တွေကို နာခံ ပြီးတော့ သားရဲရိုင်းတွေကို သူတို့နဲ့အတူ ခုခံ တိုက်ခိုက်ရမယ်”
ထိုသို့ပြောပြီး အနောက်တိုင်းသား လူကြီး ချာလီက စာချုပ် စာတမ်းတစ်ခုကို ထုတ်လိုက်ပြီး ထပ်ပြော လိုက်သည်။
“ကမ္ဘာမြေ အဖွဲ့အစည်းချုပ်ရဲ့ အမိန့်က အခုချိန်က စပြီး အကျုံးဝင်ပါပြီ”
သူ့စကားကြောင့် ကျန်းရှီသိုင်းပညာရှင်များအားလုံး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
*သူတို့အမိန့်ကို နာခံရမယ်*
*ဒါဆို ယဲ့ဖန်ရော ကျန်တဲ့ ဟွာရှသိုင်းပညာရှင် အားလုံးပါ ရှေးဟောင်းကလန် သုံးခုရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားမှာပေါ့*
*ဒါ … လုံးဝ လက်မခံနိုင်ဘူး*
ချက်ချင်းဆိုသလိုပင် မြို့လယ်ခေါင် ကွက်လပ်၌ ပွက်လောရိုက်လာကြသည်။
CHAPTER 344 ရဲတင်းလွန်းသော ဟွမ်ဖူ
“ရှေးဟောင်းကလန် သုံးခုရဲ့ အမိန့်ကို နာခံရမယ် ဟုတ်လား။ လက်မခံနိုင်ဘူး၊ ငါ့ရဲ့ အရှင်သခင်က ယဲ့ဖန်ပဲ။ ငါတို့ ယဲ့ဖန်ရဲ့ အမိန့်တွေကို လိုက်နာ နိုင်မယ်”
“ဟုတ်တယ်၊ ရှေးဟောင်းကလန်တွေဆိုတာက အလကားပဲ။ ဓားသမားဂိုဏ်းက ဟွာရှနိုင်ငံကို ဘေးသင့် စေခဲ့တုန်းက သူတို့ ဘယ်ရောက်နေလဲ။ ဓားသမားဂိုဏ်းက သားရဲဧကရာဇ် တစ်ကောင်ကို အညံ့ခံလိုက်တုန်းက သူတို့ ဘယ်မှာလဲ။ မင်းတို့ အမိန့်ကို ငါတို့ကို နာခံခိုင်းဖို့ ဘယ်တော့မှ စိတ်ကူး ယဉ်မနေနဲ့”
….
ကမ္ဘာမြေ အဖွဲ့အစည်းချုပ်မှ သံတမန်က တရားဝင် ကြေညာပြီးနောက် မြေကွက်လပ်တစ်ခုလုံး၌ ငြင်းဆန်မှုများနှင့် ပြည့်နှက်သွားသည်။
ရှေးဟောင်းကလန်သုံးခုလုံးကို မည်သူမျှ အညံ့မခံ ချင်ကြပေ။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည်သာ သူတို့၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။
သူတို့သည် ယဲ့ဖန်တစ်ယောက်တည်း၏ အမိန့်များ ကိုသာ နာခံသည်။
လူအုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ပြီး နတ်ဘုရား အဆင့် နှစ်ယောက်၏ မျက်နှာများက ချက်ချင်း ပျက်ထွက်သွားသည်။
ယဲ့ဖန်က သိုင်းပညာရှင်များကြား၌ ဤမျှ ဩဇာ ကြီးမား လိမ့်မည်ဟု သူတို့လုံးဝ ထင်မှတ် မထားမိ ခဲ့ကြပေ။
မယုံနိုင်စရာကောင်းလှသည်။
သူတို့၏ အငြင်းအခုံစကားများကို ကြားပြီး အရှေ့ တိုင်းသား လူငယ် ဟွမ်ဖူလင်းသည် ချက်ချင်း မျက်နှာ တည်လာ၏။
ထို့နောက် သူသည် ချက်ချင်း လက်ဖဝါးတစ်ချက် လှုပ်ကာ မြို့လယ်ခေါင်မှ ယဲ့ဖန်၏ ရုပ်ထုထံသို့ ထိတ်လန့်ဖွယ်ကောင်းလောက်သည့် အေးစက်သော အလင်းလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုရုပ်ထုသည် ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များက ယဲ့ဖန် အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။
သူသည် သူတို့ စိတ်နှလုံးသားထဲမှ ယုံကြည်ရာ ဖြစ်သည်။
ဟွမ်ဖူလင်း၏ ကြမ်းကြုတ်သော တိုက်ခိုက် မှုကြောင့် ရုတ်တရက် ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန် ရုပ်ထု တစ်ခုလုံး တစ်စစီ ပြိုလဲပျက်ဆီးကာ မြေကြီး ပေါ် ပြုတ်ကျလာသည်။
တိတ်ဆိတ်ခြင်း။
မြို့လယ်ခေါင် တစ်ခုလုံး တိတ်ကျသွားသည်။ ကျန်းရှီ သိုင်းပညာရှင်များ ထိတ်လန့်မှုနှင့်အတူ ဒေါပွ လာကြသည်။
ဟွမ်ဖူသခင်လေးက သည်လောက် သောင်းကျန်း တတ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပေ။
“တိတ်စမ်း”
ဟွမ်ဖူလင်းသည် မြို့လယ်ခေါင်မှ လူအုပ်အား အေးစက် တင်းမာသည့် အကြည့်များဖြင့် ကြည့် လိုက်သည်။ ထို့နောက် သူက မာဆတ်ဆတ် လေ သံဖြင့် ပြောလိုက်သည်။
“ဒီနေ့လို ကမ္ဘာကြီးမှာ အင်အားအကြီးဆုံးသူကပဲ ဘုရင် ဖြစ်နိုင်တယ်။ ယဲ့ဖန်က တစ်မူထူးခြားတယ် ဆိုပင်မယ့်လည်း သူက ဒီအတိုင်း တောက်ပလာတဲ့ ကြယ်ပွင့်အသစ်တစ်ခုပဲ။ သူ့မှာ ဂုဏ်သတင်းက မဆိုသလောက်ပဲ ရှိတာ။ သူက ဘယ်လိုလုပ် နှစ်တစ်ထောင်ကျော် တည်ရှိခဲ့တဲ့ ငါတို့လို ကလန်တွေနဲ့ ယှဉ်နိုင်မှာလဲ”
“ငါတို့ရဲ့ ရှေးဟောင်းကလန်သုံးခုလုံးက ငါတို့ နောက်ကွယ်မှာ တကယ့်နတ်ဘုရားတွေ ရှိကြတယ်”
“ငါတို့ အမိန့်ကို နာခံတဲ့သူတွေ အသက်ရှင်မယ်၊ ငါတို့ကို ဆန့်ကျင်တဲ့သူတွေကတော့ သေရမယ်”
ရဲတင်းလွန်းလှသည်။ နိုင်လိုမင်းထက် ဆန်လှ၏။
ဟွမ်ဖူလင်း၏ စကားများကို နားထောင်ပြီးနောက် ကျန်းရှီမြို့၏ သိုင်းပညာရှင်များ ဒေါသမီးများ တောက်လောင် လာကြသည်။
သူတို့တွေသည် သူ့ကိုတောင်မှ သတ်ချင် လာကြသည်။
ယခုအချိန်တွင် ဟွမ်ဖူလင်းက မသိမသာ ရက်စက် သော မျက်နှာပေးမျိုး ပြသလာသည်။ ကျန်းရှီမြို့ စိုက်ကြည့်ပြီးနောက် သူသည် ပြုံး၍ ထပ်ပြော လိုက်သည်။
“ကျန်းရှီ သိုင်းပညာရှင်တွေအားလုံး ဒီနေ့လွန်တာနဲ့ မြို့ထဲက ထွက်ပြီး ပတ်ဝန်းကျင်တောအုပ်ထဲကို သွားရမယ်”
“ဒီနေရာကို ဟွမ်ဖူကလန်က ပိုင်သွားပြီ”
*ဘာ*
သူ့စကားကြောင့် ကျန်းရှီမြို့ သိုင်းပညာရှင်များ ဒေါသတကြီး ဖြစ်လာသည်။
*ဒါ အတင်းအဓမ္မ သိမ်းပိုက်တာပဲ*
*ဟွမ်ဖူလင်းက ကျန်းရှီမြို့ကို ထိပါးချင်နေတာပဲ*
သူက သိုင်းပညာရှင်အားလုံးကို မြို့ဧရိယာ ထဲက တောင်မှ မောင်းထုတ်ချင်နေ၏။ ကျန်းရှီ သိုင်းပညာ ရှင်များ အားလုံး ဘေးပတ်လည်မှ တောအုပ်ထဲ၌ နေကိုနေရမည်ဟု ဆိုလိုခြင်း ဖြစ်နေသည်။
ဘေးပတ်လည်မှ တောအုပ်ထဲ၌ ကြမ်းတမ်းသော မကောင်းဆိုးဝါးများနှင့် ပြည့်နှက်နေပြီး သေကျေ ဒဏ်ရာရသူ များလာနိုင်သည်မှာ အသေအချာပင်။
“ခွေးမသား”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းကြုတ်သော ကျန်းရှီ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ဖွဲ့မှ စင်မြင့်ပေါ်သို့ ခုန်ဝင်လာသည်။
သူတို့သည် ယဲ့ဖန် ထွက်သွားပြီးနောက်ပိုင်းမှ ဒဏ္ဍာရီလာ အဆင့်သို့ အဆင့်တက်လာခြင်း ဖြစ်သည်။ သို့သော် သူတို့သည် သူတို့၏ ရန်သူ များက နတ်ဘုရားအဆင့်များ ဖြစ်နေသော်လည်း ကျန်းရှီမြို့ အတွက်နှင့် သူတို့၏ ယုံကြည်ရာအတွက် တိုက်ခိုက်ချင် နေကြသည်။
“ယို့ … မင်းတို့က ငါနဲ့ တိုက်ချင်တာလား”
ကျန်းရှီ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဆယ် ယောက်ကို ကြည့်ပြီး ဟွမ်ဖူလင်းက အထင်သေး သလို မျက်နှာပေးဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ငါ လူမသတ်ချင်ဘူးကွ။ မင်းတို့ ဉာဏ်ကောင်းတယ်ဆိုရင် ထွက်သွား သင့်တယ်။ မဟုတ်လို့ကတော့ မင်းတို့ သေကို သေရမယ်”
ထိုဒဏ္ဍာရီလာအဆင့်များအား ဦးဆောင်လာသူက ထိပ်ပြောင် အားဆန် ဖြစ်သည်။
သူသည် ယခု ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ လျင်မြန်စွာ အဆင့်တက် လာနေခြင်း ဖြစ်သည်။
ယဲ့ဖန်က ကျန်းရှီမြို့၏ လုံခြုံရေးအတွက် အားဆန် အား နေခဲ့ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် နိုင်လိုမင်းထက် ပြုမူသော နတ်ဘုရားအဆင့်လူကို ကြည့်ပြီး အားဆန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“မောက်မာလိုက်တဲ့ ငနာလေး။ ငါ့သခင်ကြီးက စကြဝဠာထဲမှ ပြိုင်ဘက်ကင်းခဲ့တဲ့ အချိန်တုန်းက မင်းတို့ရဲ့ ရှေးဟောင်းကလန်က ဘိုးဘေးတွေက သောက်ရေး မပါခဲ့ဘူးကွ”
“မင်းက ငါ့သခင်ကြီးရဲ့ ရုပ်ထုကို ဖျက်ဆီးခဲ့မှတော့ မင်း သေကိုသေရမယ်”
*ဟမ်*
အားဆန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာကာ မျက်လုံးများက ခက်ထန် လာ၏။
“ခွေးသား မင်းက ငါ့ဘိုးဘေးကို စော်ကားရဲ တယ်ပေါ့လေ။ မင်း သေချင်နေတာပဲ”
ထို့နောက် ဟွမ်ဖူလင်းသည် လက်ကိုမြှောက်၍ အားဆန် အား အားနှင့်ရိုက်ချလိုက်သည်။
ဝုန်း!
နတ်ဘုရား အဆင့်၏ တိုက်ကွက်သည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထိပ်ပြောင် အားဆန်သည် နတ်ဘုရားအဆင့်တစ်ယောက်၏ ပြင်းထန်သော တိုက်ကွက်အောက်၌ ဖုံးလွှမ်းခံ လိုက်ရသည်။
သို့သော် သူ လုံးဝ မကြောက်ရွံ့ပေ။
သူသည် လက်သီးကို တင်းနေအောင်ဆုပ်၍ ထိုတိုက်ကွက်အား အားကုန် ခုခံ၍ တိုက်ခိုက် လိုက်သည်။
ဝုန်း!
ပေါက်ကွဲသံနှင့်အတူ ထိပ်ပြောင်အားဆန်သည် နောက်သို့ အသည်းအသန် ဆုတ်သွားရသည်။ သူ၏ လက်သီးတွင် သွေးများနှင့် ရွှဲနစ်နေ၏။
*အာ*
ဤမြင်ကွင်းကြောင့် ဟွမ်ဖူလင်း မျက်မှောင်ကြုတ် မိသွားသည်။ သူ၏ တိုက်ကွက်အား သေးနုပ်သော ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်က ခုခံနိုင်လိမ့် မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
“အားဆန်”
အားဆန်၏ ဒဏ်ရာများကို မြင်ပြီး ဘေးနားမှ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဆယ်ယောက်တို့ ထိတ်လန့် သွားကြသည်။
သို့သော် ထိပ်ပြောင်သည် တင်းမာသော အကြည့် များဖြင့် ပြန်ကြုံးဝါးလိုက်သည်။
“ငါ အဆင်ပြေတယ်။ သူက ငါတို့ သခင်ကြီးကို စော်ကားခဲ့တယ်။ သူ့ကို သတ်”
ထို့သို့ပြောပြီး ထိပ်ပြောင်အားဆန်သည် ဟွမ်ဖူလင်း ထံသို့ ထပ်၍ ပြေးဝင်သွားသည်။ ဘေးနားမှ ဒဏ္ဍာရီလာအဆင့် ဆယ်ယောက်တို့သည်လည်း ခွန်အား အကုန်ထုတ်၍ ဟွမ်ဖူလင်းထံသို့ ပြေးဝင် လာကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ဟွမ်ဖူလင်းနှင့် ထိပ်ပြောင်အားဆန်တို့ ချက်ချင်း ဆိုသလို ထိပ်တိုက်တွေ့သွားကြသည်။ ထို့နောက် ဟွမ်ဖူလင်း ရင်တုန်ပန်းတုန် ဖြစ်လာသလို ခံစားရ သည်။
သူသည် အလယ်အလတ် နတ်ဘုရား အဆင့်သို့ ရောက်နေသော သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ဟွမ်ဖူ ကလန်၏ နာမည်ကြီး ပါရမီရှင် ဖြစ်သည်။
သို့သော် သူသည် ဒဏ္ဍာရီလာအဆင့် ဆယ်ယောက် ၏ ပူးပေါင်း ချုပ်နှောင်တိုက်ခိုက်ခြင်းကို ခံနေ ရသည်။ အံ့ဩစရာကောင်းလှသည်။
ဟွမ်ဖူ သတိထားမိသည့် ထိတ်လန့်စရာ အကောင်းဆုံး အချက်သည်ကား ထိုဒဏ္ဍာရီလာ အဆင့် ဆယ်ယောက်သည် အဆင့်ကျော်၍ တိုက် ခိုက်နေခြင်း ဖြစ်သည်။
သူတို့အားလုံး၌ သူတို့သိုင်းအဆင့်ထက် ပို၍ သာလွန်သော တိုက်ပွဲဝင် ခွန်အားများ ရှိကြသည်။ သူတို့အားလုံး သူ့ထံသို့ ပူးပေါင်းတိုက်ခိုက် လိုက်သည့် အခါတိုင်း သူတို့၏ခံစစ်က ပို၍ အားကောင်း လာသည်။
ကြောက်မက်ဖွယ်ကောင်းလှသည့် မြင်ကွင်းပါလား။ ဟွမ်ဖူလင်း မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။
“သောက်ခွေးသားတွေ”
တိုက်ကွက် ဆယ်ကွက် ကျော်လွန်သွားတာတောင်မှ ဟွမ်ဖူလင်း မနိုင်သေးပေ။ ထို့ကြောင့် ဟွမ်ဖူလင်း ဒေါသထွက်လာရသည်။
“ဟွမ်ဖူ အင်မော်တယ် လက်သီး”
နောက်ဆုံးတွင်တော့ ဟွမ်ဖူလင်းသည် သူ၏ သေစေ နိုင်သော သိုင်းကွက်အား ထုတ်သုံး လာလေ တော့သည်။
ဒုန်း! ဒုန်း! ဒုန်း!
သူသည် ထိပ်ပြောင်အားဆန်နှင့် အခြား ဒဏ္ဍာရီလာ အဆင့်များအား တစ္ဆေကဲ့သို့ လက်သီးများဖြင့် ထိုးနှက် လာသည်။
သူ၏ ပြင်းထန်သော တိုက်စစ်ကြောင့် စင်မြင့် တစ်ခုလုံး ပြိုကျပျက်ဆီးသွားရသည်။
သူ၏ ဖိနှိပ်နိုင်သော ခွန်အားသည် မြေဆီလွှာများက အက်ကွဲမတတ် ဖြစ်လာစေ၏။
သူ၏ လက်သီးချက်များကြောင့် အားဆန်နှင့် အခြား ဒဏ္ဍာရီလာအဆင့်များသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ နောက်သို့ လွင့်ထွက်သွားကြသည်။
သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ ဤမြင်ကွင်းကြောင့် မြေကွက်လပ်မှ ကျန်းရှီ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် ထိတ်လန့် သွားကြသည်။
ထို့ပြင် သူတို့၏ ထိတ်ထိတ်ပျာပျာ အကြည့်များ အောက်တွင် ဟွမ်ဖူလင်းသည် အားဆန်၏ လက်ဖဝါးကို နင်းကာ လှောင်ရယ်၍ ပြောလိုက် သည်။
“မင်းက ဘာမဟုတ်တဲ့ကောင်ပါလို့ ငါ ပြောသားပဲ”
ဒေါသစိတ်၊ လှောင်ပြောင်ခံရခြင်း။
ယခုအချိန်တွင် ထိပ်ပြောင်အားဆန်၏ မျက်လုံး များသည် ပြူးကျယ်လို့နေသည်။ သူ အရမ်း အားနည်းနေသေးသည် ဟူသော အချက်ကို သူ မုန်းတီး မိသည်။
သူ ထိရောက်စွာ မတိုက်ခိုက်နိုင်သည်ကို သူ မုန်းတီးသည်။ သူ ပို၍ သန်မာချင်သည်။ သူ ပိုပို၍ သန်မာလာသည်။
သူ ပို၍ သန်မာလာမှသော သူ၏ ယုံကြည်ရာကို ကာကွယ် နိုင်မည် ဖြစ်သည်။
သို့သော် ဟွမ်ဖူလင်းသည် အခြားသူများအား သတိပေး လိုသဖြင့် သူ့အား သတ်ချင်နေသည်။ သူက ထိပ်ပြောင်အားဆန်အား စိုက်ကြည့်၍ သရော် တော်တော်ဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ကို အာခံရဲတဲ့ ပထမဆုံးသူဆိုတော့ မင်း သေကိုသေရမယ်”
ထိုသို့ပြောပြီး ဟွမ်ဖူလင်းသည် လက်သီးကို ဆုပ်ကာ ထိပ်ပြောင်အားဆန်အား အားနှင့် ထိုးချ လိုက်သည်။
“အားဆန်”
ထိုစဉ် လူအုပ်ထဲမှ သိုင်းပညာရှင်များစွာတို့သည် အသည်းအသန် ဟစ်အော်လာကြသည်။ အခြား ညအဖွဲ့သားများက အားဆန်ကို ကယ်တင်လို သော်လည်း အချိန်နှောင်းသွားလေပြီ။
ဝှစ်!
လေထဲ၌ သွေးများ ဖြန်းပက်သလို ဖြစ်လာသည် ကိုသာ သူတို့ မြင်လိုက်ရသည်။ သို့သော် ထိုသွေးများ မြေကြီးပေါ်သို့ ကျလာသောအခါ၌ မြေကွက်လပ်မှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွား ကြသည်။
ထိုသွေးသည် အားဆန်ထံမှ မဟုတ်၊ ဟွမ်ဖူလင်း၏ သွေးများသာ ဖြစ်သည်။ ဟွမ်ဖူလင်း၏ လက်မောင်း တစ်ခုလုံး ပြတ်ထွက်သွားခြင်း ဖြစ်သည်။
ထို့နောက် မည်းနက်နေသည့် ဧရာမ ပုရွက်ဆိတ် ဓားတစ်လက် ပေါ်လာသည်။
CHAPTER 345 ဒါကို သောက်ပြီး သူ့ကို သတ်လိုက်
“အား”
ဟွမ်ဖူလင်းသည် စူးစူးဝါးဝါး အော်လိုက်ရင်း နောက်သို့ ဆုတ်လိုက်ရသည်။
သူ့မျက်နှာ ဖြူရော်နေသလို မျက်လုံးများတွင်လည်း အလွန် သံသယဝင်နေသော အကြည့်များဖြင့် ဖြစ် နေသည်။
ပြတ်သွားပြီ။ သူ့လက်မောင်းတစ်ဘက် ပြတ်သွား လေပြီ။
“ဘယ်သူလဲ။ ထွက်လာခဲ့စမ်း”
မှင်တက်သွားသည့် သူသည် ဟွမ်ဖူလင်း တစ် ယောက်တည်း မဟုတ်ပေ၊ အဖွဲ့အစည်းချုပ်မှ အထူးသံတမန် ချာလီတောင်မှ ထိတ်လန့် သွားရသည်။
ဟွမ်ဖူလင်းသည် ရှေးဟောင်းကလန်ဖြစ်သော ဟွမ်ဖူ ကလန်တွင် ကျင့်ကြံခြင်း၌ ပါရမီရှင် တစ်ယောက် ဖြစ်သလို ဟွမ်ဖူကလန်၏ အမိန့်အရ ကျန်းရှီမြို့အား သိမ်းပိုက်ရန် တာဝန်ပေးခံရသည့် နတ်ဘုရား အဆင့် တစ်ယောက်ဖြစ်သည်။
သူ့လက်မောင်းတစ်ဘက် ဆုံးရှုံးသွားခြင်းသည် သေချာပေါက်ကို ကလန်ကြီးတစ်ခုအား ရန်စလို က်ခြင်း ဖြစ်သည်။
ထိုအချက်က ချာလီ၏ စိတ်ထဲပေါ်လာပြီးနောက် ချက်ချင်း ဆိုသလို သူ့မျက်နှာ ပြာနှမ်းသွားသည်။ ထိုစဉ်
“ဟွာရှရဲ့ အရှင်သခင်”
“ဟွာရှရဲ့ အရှင်သခင်”
“ဟွာရှရဲ့ အရှင်သခင်”
နားကွဲမတတ် အော်သံများနှင့်အတူ ဟွာရှသား သိုင်းပညာရှင်များ အလွန် တက်ကြွလာကြပြီး မြေကြီးပေါ်၌ စိုက်နေသော ဧရာမ ပုရွက်ဆိတ်ဓားအား သူတို့၏ နတ်ဘုရား ပြန်ရောက် လာသကဲ့သို့ ကြည့်နေကြသည်။
သူတို့အားလုံး ပျော်ရွှင်ရူးသွပ်လာကြပုံ ရသည်။
ရုတ်တရက် တရှဲရှဲမြည်သံနှင့်အတူ လူအုပ် ကြားထဲ၌ လူသွားလမ်းလွတ် တစ်ခုပေါ်လာသည်။ ထို့နောက်တွင်မူ ယဲ့ဖန် ဦးဆောင်သော နတ်ဘုရား ကဲ့သို့ သိုင်းပညာရှင်တစ်ဖွဲ့က သူတို့ထံသို့ လျှောက် လာနေသည်။
အေးတိအေးစက်နိုင်သော မျက်လုံးများနှင့် သွေးများ ပေကျံနေသည့် ပုံအရ သူသည် ယခုလေးတင် တိုက်ပွဲ ဆင်နွှဲ ပြီးသွားသည့် တစ္ဆေတစ်ကောင်နှင့် ဆင်တူလှပြီး ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းသော အပြုံးမျိုးကို ထုတ်ဖော်ထားသည်။
သူ့နောက်တွင် နတ်ဘုရားအဆင့် လေးယောက် ပါလာသည်၊ မိုရိုသွေးစွန်းတစ္ဆေ၊ အမှောင်သခင်နှင့် မကြာခင်ကမှ နတ်ဘုရားအဆင့်သို့ အဆင့်တက် လာသော အမှောင်ဂိုဏ်းချုပ်နှင့် သံလက် ဝံပုလွေ ရိုင်း၊ နတ်ဘုရားတစ်ပိုင်း ဖြစ်သည့် မိစ္ဆာ ဝိညာဉ် ရိုင်းနှင့် အရှင်ဝူနှင့် ဒဏ္ဍာရီလာ အထွတ် အထိပ် အဆင့် ရာနှင့်ချီသော လူများ လိုက်ပါလာသည်။
ဝုန်း!
ဟွမ်ဖူလင်းနှင့် ချာလီတို့သည် ဤမြင်ကွင်းကြောင့် အလွန် အံ့အားသင့်သွားကြသည်။
နတ်ဘုရား တစ်ပိုင်းအဆင့် နှစ်ယောက်နှင့် နတ်ဘုရား အဆင့် လေးယောက်။
အံ့ဩစရာ ကောင်းလှသည်။
နတ်ဘုရားမတို့၏ ဧကရီကဲ့သို့သော နတ်ဘုရား အဆင့်များ ကျဆုံးသွားပြီးနောက် ကမ္ဘာတစ်ဝန်း၌ နတ်ဘုရား အဆင့် အနည်းငယ်မျှသာ ကျန်ရှိ တော့သည်။
ကျန်ရှိသော နတ်ဘုရား အဆင့်များသည့် ရှေးဟောင်း ကလန်များ၏ မိသားစုဝင်များသာ ဖြစ်သည်။
မမျှော်လင့်ဘဲ ကျန်းရှီမြို့၌ နတ်ဘုရား တစ်ပိုင်း အဆင့် နှစ်ယောက်နှင့် နတ်ဘုရားအဆင့် လေး ယောက် ရှိနေ၏။
မယုံကြည်နိုင်စရာ ကောင်းလှသည်။
ထိုစဉ် အခြားသူများ၏ အံ့ဩနေသော အကြည့် များအောက်၌ ယဲ့ဖန်နှင့် သူ့လူများသည် မြေကွက် လပ်ထဲသို့ ရောက်ရှိလာကြသည်။
သောင်းသောင်းဖြဖြ ဩဘာသံများကို နားထောင် ရင်း ယဲ့ဖန်က လက်တစ်ဘက် မြှောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မြူးထူးသောင်းကျန်းနေသော မြေကွက်လပ်တစ်ခုလုံးရှိ လူများသည် အသံကို ပိတ်လိုက်သဖြင့် ချက်ချင်း တိတ်ကြသွားသည်။
အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဟွမ်ဖူလင်းနှင့် ချာလီတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ လူတစ်ယောက်က လက်တစ်ဘက် မြှောက်လိုက်သည်နှင့် ထောင် သောင်းနှင့်ချီသော သိုင်းပညာရှင်များက ချက်ချင်း တိတ်သွားသည်။
မယုံနိုင်စရာ ကောင်းလောက်အောင် ထိတ်လန့်ဖွယ် ကောင်းလှသည့် ညီညွတ်သည့် အင်အားစု ကြီးပါလိမ့်။
ထို့နောက် ယဲ့ဖန်က ထိပ်ပြောင် အားဆန်ကို လှမ်း ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“မင်း ဘယ်လိုနေသေးလဲ”
ထိပ်ပြောင်အားဆန်က စိတ်လှုပ်ရှားနေသော မျက်နှာနှင့် ခပ်သွက်သွက် ထလိုက်သည်။ သူ့မျက်နှာ သည် ရှက်ရွံ့စိတ်ကြောင့် နီမြန်းလို့နေသည်။
ယဲ့ဖန်၏ အမေးကြောင့် ထိပ်ပြောင်အားဆန်က သူ၏ ပြောင်နေသော ခေါင်းအား ပွတ်ရင်း ခပ်ရှက်ရှက် အပြုံးဖြင့် ဖြေလိုက်သည်။
“ကျွန်တော် အသက်ရှင်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သခင်ကြီးကို အရှက်ရအောင် လုပ်လိုက် မိပါတယ်”
*ငါ့ကို အရှက်ရအောင် လုပ်မိတယ်တဲ့လား*
အားဆန်၏ စကားကြောင့် ယဲ့ဖန်က နတ်ဆိုးသဖွယ် အပြုံးနှင့် ပြန်ပြောလိုက်သည်။
“စိတ်မပူနဲ့၊ ငါတို့ မင်းရဲ့ အရှက်သိက္ခာအတွက် သွေးနဲ့ ပြန်ဆပ်ခိုင်းမယ်”
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် ထိပ်ပြောင်အားဆန် ထိတ်လန့်သွားသကဲ့သို့ ဟွမ်ဖူလင်းနှင့် ချာလီတို့ နှစ်ယောက်လုံး ကြောက်စိတ်များဖြင့် ပြည့်နှက် လာကြသည်။
အဖွဲ့အစည်းချုပ်မှ အထူးသံတမန်သည် ကြက်သီး တဖြန်းဖြန်း ထသလို ခံစားလိုက်ရပြီး ရှေ့သို့ ခပ်သွက်သွက် တိုးကာ ယဲ့ဖန်အား ပြောလိုက်သည်။
“မစ္စတာယဲ့၊ ကမ္ဘာမြေ အဖွဲ့အစည်းချုပ် ကိုယ်စား ကျွန်တော်က ခင်ဗျားကို ဂုဏ်ပြုချင်ပါတယ်။ ဟွာရှနိုင်ငံက အခြေစိုက် ဌာနချုပ်က ကမ္ဘာမြေ အဖွဲ့အစည်းက ပိုင်ဆိုင်ပါသေးတယ်၊ ပြီးတော့ ဒီလူငယ်လေးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ”
“ထိပ်သီး ဌာနကလည်း ရှေးဟောင်းကလန် သုံးခုကို ဟွာရှနိုင်ငံကို အုပ်ချုပ်ခွင့် အမိန့်ချပေးပြီးပါပြီ။ မစ္စတာယဲ့ ခွင့်လွှတ်ပေးစေလိုပါတယ်”
ချာလီသည် ရှင်းပြနေရင်း နဖူး၌လည်း ချွေးစို့နေ၏။ သူသည် ယဲ့ဖန် စိတ်မကျေမနပ်ဖြစ်၍ သူ ကျန်းရှီမြို့က ထွက်သွားခွင့်မရမည်ကို ကြောက်လန့် နေသည်။
*အဖွဲ့အစည်း*
*ရှေးဟောင်းကလန်*
ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးဖြင့် ပြောလိုက် သည်။
“ကမ္ဘာမြေ အဖွဲ့အစည်း၊ အဲ့ဒါ ဘာလဲ။ ရှေးဟောင်း ကလန် သုံးခု ဟုတ်လား။ သူတို့က ဘယ်သူတွေ မို့လို့လဲ”
“မင်းတို့က ငါ့ဇာတိမြို့ကို ဓားပြတိုက်ပြီးတော့ ငါ့ညီအစ်ကို တွေကိုလည်း သတ်သေးတယ်။ မင်းတို့ ကိုယ့်သေတွင်း ကိုယ် တူးနေတာလား”
*ကိုယ့်သေတွင်း ကိုယ်တူးနေတာလားတဲ့လား*
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်းနှင့် ချာလီတို့၏ မျက်နှာများက ချက်ချင်း ဖြူရော်လာပြီး ဟွမ်ဖူလင်း၏ မျက်လုံး၌ အရှက်ကွဲရခြင်းနှင့် ဒေါထွက်ခြင်းတို့ ပြည့်နှက်လာသည်။
ဟွမ်ဖူလင်း အလွန်အမင်း ဒေါသထွက်လာရသည်။
ဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည် လာခဲ့ကြသော ရှေးဟောင်းကလန်တစ်ခုမှ နတ်ဘုရား အဆင့် ဖြစ်သည့် သူသည် ဘယ်နေရာ ရောက်ရောက် အမြဲတစေ ဘေးပတ်လည်မှ သူများကို သူ့အား တလေးတစားနှင့် ဦးညွှတ် စေခဲ့သည်။
သို့သော် ယဲ့ဖန်သည် သူ့အား တိရစ္ဆာန် တစ်ကောင်ကဲ့သို့ လျစ်လျူရှုထားသည် ထို့ကြောင့် ဟွမ်ဖူလင်းသည် ဒေါသမီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်လာရသည်။
“ယဲ့ဖန် မင်း နာမည်ကြီးလာမှန်း ငါ သိတယ်”
ဟွမ်ဖူလင်းသည် အသံကိုနှိမ့်၍ တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် မင်း အရင်က သတ်ခဲ့တဲ့ နတ်ဘုရားမ တို့ရဲ့ ဧကရီတို့လို လူတွေက ဖြစ်ကတတ်ဆန်း နတ်ဘုရားအဆင့်တွေပဲ။ သူတို့က ငါတို့လို ရှေးဟောင်းကလန်တွေက တကယ့် နတ်ဘုရား တွေနဲ့ အကွာကြီး ကွာတယ်”
“ငါတို့ ရှေးဟောင်းကလန် သုံးခုလုံးမှာ ကျော ထောက် နောက်ခံ အနေနဲ့ တကယ့်နတ်ဘုရားတွေ ရှိတယ်။ မင်း ငါတို့ကို ဆန့်ကျင်ရင် မင်း အဲ့ရလဒ်ရဲ့ အရင်းအမြစ်ကို ခံစားစေရမယ်”
*ဒါ ခြိမ်းခြောက်နေတာပဲ*
ဟွမ်ဖူလေးသည် ယခုလို အချိန်မျိုးမှာတောင်မှ ရှေးဟောင်း ကလန်တစ်ခု၏ သခင်လေးဟူသော သူ၏ ဂုဏ်ပုဒ်ကို မမေ့နိုင်သေးပေ။
သို့သော် သူ့စကားအဆုံး၌ ယဲ့ဖန်က အားရပါးရ ပြုံး၍ ဟွမ်ဖူအား အရူးတစ်ယောက်ကို ကြည့်သ ကဲ့သို့ ကြည့်နေသည်။
“ဖြစ်ကတတ်ဆန်း နတ်ဘုရားတွေ ဟုတ်လား။ တကယ့် နတ်ဘုရားတွေတဲ့လား”
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
“ဒါဆိုလည်း မင်းရဲ့ တကယ့် နတ်ဘုရားရဲ့ ခွန်အားတွေကို ပြပါဦး”
*ီးပဲ*
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ပြာနှမ်း လာသည်။
*ယဲ့ဖန်ရဲ့ ခွန်အားက သူ့အဆင့်ရဲ့ အထွတ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမယ့် ငါက လက်မောင်း တစ်ဘက် ဆုံးရှုံးပြီးရပြီ*
*ငါ သူ့ကို မနိုင်ဘူး*
*ပြီးတော့ သူ့ဓားချက်ကနေတစ်ဆင့် ယဲ့ဖန်ရဲ့ ခွန်အားကို ငါ သိလိုက်ရပြီးပြီ။ ငါ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး*
ချာလီသည်လည်း မှင်တက်လို့နေသည်။ ဟွမ်ဖူ လင်းသာ အသတ်ခံလိုက်ရပါက ရှေးဟောင်း ကလန် ဖြစ်သည့် ဟွမ်ဖူကလန် ကျိန်းသေ ဒေါသထွက် လာလိမ့်မည်ကို ချာလီ ရိပ်မိနေ၏။
ဤသို့ဆိုလျင် အစုအပြုံလိုက် လူသတ်ခြင်း များစွာ ဖြစ်ပေါ်လာလိမ့်မည်။ ထို့ကြောင့် ချာလီသည် ချက်ချင်း ယဲ့ဖန်ကို နားချရန် ကြိုးစားလာသည်။
“ယဲ့ဖန်၊ စိတ်အေးအေးထားပါ။ သခင်လေးဟွမ်ဖူက ရှေးဟောင်းကလန်ရဲ့ တိုက်ရိုက်မျိုးဆက်ကပါ။ ခင်ဗျား သူ့ကို မသတ်သင့်ပါဘူး*
*အဲ့လိုလား*
ထို့နောက် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ခေါင်းခါ လိုက်ပြီး ဆက်ပြောလိုက်သည်။
“ခင်ဗျား မှားနေပြီ။ သူ့ကို သတ်မှာ ကျုပ်မဟုတ်ဘူး။ အဲ့ဒါက ...”
ယဲ့ဖန်က ထိပ်ပြောင်အားဆန်ကို လက်ညှိုးထိုး၍ ထပ်ပြော လိုက်သည်။
“ကျုပ် ညီအစ်ကိုက သူ့ကို သတ်မှာ”
*အမ်*
လူအုပ်ထဲမှ လူများအားလုံး ယဲ့ဖန်၏ စကားကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသလို သူ လက်ညှိုးညွှန်ရာ အားဆန်သို့ လှည့်ကြည့် လာကြသည်။
*အားဆန်က ဟွမ်ဖူလင်းကို သတ်မယ်*
*ဒါ ... ဒါ မဖြစ်နိုင်ဘူးလေ*
ချာလီသည် မယုံသင်္ကာဟန်ဖြင့် ရေရွတ် လိုက်မိသည်။ ထိပ်ပြောင်အားဆန်သည် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့် ဖြစ်ပြီး ဟွမ်ဖူလင်းကြောင့် ဒဏ်ရာရ ထားပြီးပြီ ဖြစ်သည်။ ယဲ့ဖန်၏ စကား များက စိတ်ကူးယဉ်နေသလိုပင်။
“ဟားဟား ... ယုတ္တိမရှိလိုက်တာကွာ။ ရယ်စရာ ကောင်းလိုက်တဲ့ စကားတွေ”
“ယဲ့ဖန် ပုရွက်ဆိတ်လိုကောင်က ငါ့ကို သတ်နိုင် မယ်လို့ မင်း ဘယ်လိုလုပ် ယုံကြည်ရဲရတာလဲ။ ရယ်ချင် စရာပဲကွာ”
*ရယ်စရာ*
ထိုစဉ် ဟွမ်ဖူလင်းမှ လွဲ၍ လူအုပ်ထဲမှ မည်သူမျှ မရယ်ကြပေ။
ယဲ့ဖန်၏ စကားများနှင့်အတူ သူသည် နတ်ဘုရား အဆင့်အား သတ်နိုင်တော့မည်ဟု သိနေသကဲ့သို့ ထိပ်ပြောင် အားဆန်၏ မျက်လုံးများသည် စိတ်အား ထက်သန်သည့် အကြည့်များဖြင့် ဖြစ်လာသည်။
ထို့အတူ ထောင်သောင်းနှင့်ချီသော လူများသည် ယဲ့ဖန်၏ စကားများအား လုံးဝ သံသယ မဝင် သကဲ့သို့ တက်ကြွလာကြသည်။
ယဲ့ဖန်က အားဆန် ဟွမ်ဖူလင်းကို သတ်နိုင်သည်ဟု ပြောလျင် သူ သေချာပေါက် သတ်နိုင်လိမ့်မည်။ ဟွမ်ဖူလင်း မုချ သေရမည် ဖြစ်သည်။
ကိုးရိုးကားရား အခြေအနေကို သတိပြုမိပြီး ဟွမ်ဖူလင်းနှင့် ချာလီတို့ ချက်ချင်း မျက်နှာပျက် သွားကြသည်။
*ရူးနေပြီ*
*ဒီလူတွေ ရူးနေပြီ*
*ယဲ့ဖန်ရဲ့ အပြောလေးတစ်ခုတည်းနဲ့ သူတို့ ဘယ်လိုလုပ် စိတ်လွတ်ပြီး ခွန်အာချင်း ကွာတာကို မသိချင်ယောင်ဆောင်ထားကြရတာလဲ*
ထိုစဉ် ယဲ့ဖန်က ထိပ်ပြောင်အားဆန်ထံသို့ လှမ်းလာ ပြီး သူ့ကို ဆေးလုံးတစ်လုံး ပေးလိုက်သည်။ ထို့အတူ သူသည် လေသံမာမာဖြင့် ပြောလိုက်သည်။
“ဒါကို သောက်ပြီး သူ့ကို သတ်လိုက်”
“မှတ်ထားပါ မင်း အမုန်းဆုံး ရန်သူကို အရက် စက်ဆုံး နည်းလမ်းနဲ့ သတ်”
စာစဉ် (၂၃) ဤတွင်ပြီးပါပြီ။