← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

CHAPTER 346 မကောင်းဆိုးဝါးများ

*မင်း အမုန်းဆုံးရန်သူကို အရက်စက်ဆုံး နည်းလမ်း နဲ့သတ်ရမယ်*

ယဲ့ဖန်၏ စကားကိုကြားပြီး ထိပ်ပြောင် အားဆန် သည် စိတ်လှုပ်ရှားလာပြီး အားရပါးရ ခေါင်းညိတ်ပြ လေသည်။

ထို့နောက် သူသည် ယဲ့ဖန် ပေးလိုက်သော ဆေးလုံး ကို ယူ၍ မျိုချလိုက်သည်။

ဆေးလုံးက အစာအိမ်ထဲ ရောက်သွားသည်နှင့် ထိပ်ပြောင် အားဆန်သည် ပူနွေးမှုတစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသလို ခံစားလိုက် ရသည်။

ဤသည်ကား ခွန်အားတိုးလာခြင်း ဖြစ်သည်။ ထို့အတူ ပြင်းထန်သော နတ်ဘုရားအဆင့် ခွန်အားတစ်မျိုးက သူ့ကိုယ်ထဲ၌ ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ် အနှံ့ရှိ ကြွက်သားများနှင့် အရိုးများ သည် နဂါးများကဲ့သို့ ကျစ်လျစ်လာသည်။

ထိုသို့ရှိနေစဉ်တွင် ထိပ်ပြောင်အားဆန်သည် သူ့ကိုယ်သူ အဆုံးမရှိသော နတ်ဘုရားအဆင့် ခွန်အားကို ပိုင်ဆိုင်လာသည်ဟု ခံစားနေရသည်။

ထို့အပြင် ထိုပြင်းထန်သည့် နတ်ဘုရားအဆင့် ခွန်အားသည် သူ၏ နဖူးအလယ်တည့်တည့်သို့ လျင်မြန်စွာ ရွေ့လျားနေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရားအဆင့် အမြုတေ တစ်ဝက်ခန့် ဖြစ်တည်လာပြီး ထိုသင်္ကေ တသည် အားဆန်က နတ်ဘုရား တစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။

ဤမြင်ကွင်းကြောင့် မြေကွက်လပ်ရှိ ယဲ့ဖန်၏ နောက်လိုက်များအားလုံး တက်ကြွလာပြီး လက်သီး လက်မောင်းတန်း၍ စိတ်လှုပ်ရှားစွာ အော်ဟစ် လာကြသည်။

“အားဆန်”

“အားဆန်”

“အားဆန်”

လက်ရှိအချိန်တွင် အားဆန်သည် ကျန်းရှီမြို့ရှိ လူတိုင်း၏ ကိုယ်စားပြုသူလို ဖြစ်နေ၏။ သူသည် နတ်ဘုရား တစ်ပိုင်းအဆင့်နှင့် အလယ်အလတ် နတ်ဘုရားအဆင့်မှလူအား တိုက်ခိုက်တော့မည် ဖြစ်သည်။

ကျန်းရှီသိုင်းပညာရှင်များသည် ရှေးဟောင်းကလန် သုံးခုနှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။

ယခုအချိန်တွင် အားဆန်၏ မျက်လုံးများသည် တောက်ပလျက်ရှိပြီး သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီ ဖြစ်သည်။

ထို့နောက် သူသည် ရှေ့သို့ တိုးလာပြီး ဟွမ်ဖူလင်း အား ကြမ်းကြုတ်သော အကြည့်များဖြင့် လှမ်းကြည့် ကာ ကြုံးဝါးလိုက်သည်။

“ပုရွက်ဆိတ်လိုကောင် မင်း သေဖို့ အဆင်သင့် ပဲလား”

*ဘာ*

ဟွမ်ဖူလင်း နားရှိလို့သာ ကြားရသော်လည်း မယုံနိုင် သလို ဖြစ်သွားရသည်။

နတ်ဘုရားတစ်ပိုင်းအဆင့်က အလယ်အလတ် နတ်ဘုရား အဆင့်အား စိန်ခေါ်နေသည်တဲ့လား။

သူ ကိုယ့်သေတွင်းကိုယ်တူးနေတာပါလား။

“ကဲကဲ …. အသုံးမကျလိုက်တဲ့ အမှိုက်”

သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ဟွမ်ဖူလင်းသည် ရက်စက်သော မျက်နှာထားဖြင့် ပြန်ပြော လိုက်သည်။

“မင်းရဲ့ သခင်က မင်းကို သေစေချင်နေမှတော့ စကြတာပေါ့။ ငါက မင်းအိပ်မက်တွေ အမှန်ဖြစ် လာအောင် လုပ်ပေးမယ်”

ထိုသို့ပြောပြီး ဟွမ်ဖူလင်းသည် ရှေ့သို့ပြေး တက်လာပြီး ဟွမ်ဖူ နတ်ဘုရား လက်သီးကို ထုတ်ဖော်၍ ထိပ်ပြောင်အားဆန်အား အရူးအမူး ထိုးနှက်လာသည်။

“သေလိုက်…သေစမ်း…သေလိုက်တော့”

ဟွမ်ဖူလင်းက မုန်းတီးနေသော မျက်လုံးများနှင့် ကြုံးဝါးရင်း အားဆန်၏ သွေးနှင့် ယဲ့ဖန်အား အရှက်ရအောင် လုပ်ချင်နေသည်။

ယဲ့ဖန် မှိုချိုးမျှစ်ချိုး ပြောခဲ့သမျှ၊ ပြုမူခဲ့သမျှကို အားဆန်၏ အသက်နှင့် ပေးဆပ်စေချင်နေသည်။

ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဟွမ်ဖူလင်း သည် သူ၏ တိုက်ပွဲဝင် ခွန်အား အကုန်လုံးကို ထုတ်ဖော် လုနီးပါး ဖြစ်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိပ်ပြောင် အားဆန် နောက်ဆုတ်ရန် ဖိအားပေး ခံနေရသည်။ သို့သော် သူ့မျက်လုံးများက ပို၍ တောက်ပလာသည်။

ထို့နောက် နောက်ထပ် ပြင်းထန်သော ထိုးနှက်မှု တစ်ခုနှင့်အတူ ထိပ်ပြောင်အားဆန်သည် နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်ရပြီး ပြုံးနေသော နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူက ရယ်မောနေ၏။

“ဟားဟား … နတ်ဘုရားအဆင့်တဲ့ကွာ။ မင်း တတ်နိုင်တာ ဒါ အကုန်ပဲလား”

*ဘာ*

ထိပ်ပြောင်အားဆန်၏ ရဲတင်းလွန်းသော စကား ကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ချက်ချင်း သုန်မှုန် လာသည်။

ထို့နောက် သူ ကြည့်နေစဉ်မှာပင် ထိပ်ပြောင် အားဆန်က မြေကြီးကို ဆောင့်နင်း၍ သူ့ထံသို့ အရှိန်မြှင့်၍ လာနေသည်။

လျင်မြန် ဖျတ်လတ်လှသည့် တိုက်ခိုက်မှုပါတကား။

ထို့အတူ အားဆန်သည် ရူးသွပ်မတတ် မျက်လုံး များနှင့် အော်ပြောလာသည်။

“မင်းက ငါ့သခင်ကြီးရဲ့ ရုပ်ထုကို ဖျက်ဆီးခဲ့မှတော့ ငါကလည်း တုံ့ပြန်တဲ့အနေနဲ့ မင်းလက်မောင်းကို ဖျက်ဆီး ပစ်မယ်ကွ”

တစ်ချိန်တည်းမှာပင် အားဆန်က ဟွမ်ဖူလင်း၏ တစ်ဘက်တည်း ကျန်ရစ်ခဲ့သော လက်မောင်းအား အားနှင့် ဆုပ်ကိုင်လိုက်သည်။

“မင်း သေချင်နေတာပဲ”

ဟွမ်ဖူလင်းသည် ဒေါသထွက်လွန်း၍ စိတ်လွတ် မတတ် ဖြစ်ကာ အားဆန်၏ ရင်ညွန့်ရိုးအား သူ၏ ဟွမ်ဖူနတ်ဘုရား လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက် လိုက်သည်။

ဝုန်း!

ဖိနှိပ်နိုင်သော အရှိန်အဟုန်နှင့်အတူ သူသည် သူ၏ လက်သီးချက်ဖြင့် အားဆန်၏ ရင်ညွန့်ရိုးအား ကျိုးကြေသွား အောင် လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

အံ့ဩဖွယ်ကောင်းသည်က ထိပ်ပြောင် အားဆန် သည် ထိုတိုက်ခိုက်မှုအား ရှောင်တောင် မရှောင်ပေ။ ထိုသို့လုပ်မည့်အစား သူသည် ရပ်မြဲရပ်နေ၍ ထိုလက်သီး ချက်အား ခုခံနေသည်။

ဒုန်း!

ဂျွတ်!

ချက်ချင်းဆိုသလိုပင် ထိပ်ပြောင်အားဆန်၏ ရင်ညွန့်ရိုး နစ်ဝင်သွားသည်။ ထို့အတူ သူသည် စူးရှလှသော နာကျင်မှုကြောင့် တုန်ယင်သွားသည်။

သို့သော် သူ့မျက်လုံးများက ပို၍ တောက်ပလာပြီး ရုတ်တရက် ဟွမ်ဖူလင်း၏ လက်သီးအား သူ့လက် များဖြင့် ဖမ်းကိုင်လိုက်သည်။

“မလုပ်နဲ့”

ထိပ်ပြောင်အားဆန်က သူ့အသက်ကို စွန့်စား၍ တိုက်ခိုက်လာသူ၏ လက်သီးအား ဖမ်းဆုပ် လိမ့်မည်ဟု ဟွမ်ဖူလင်း လုံးဝ ထင်မှတ်မ ထားခဲ့မိပေ။

သို့သော် ထိပ်ပြောင် အားဆန်၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းရန် သူ အချိန်မရတော့ပေ။

“ဖယ်စမ်း”

ထိပ်ပြောင်အားဆန်၏ မျက်လုံးထဲ၌ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူ၏ ခွန်အားကို တိုးမြှင့်လိုက်သည်။

တစ်ခုခု ကျိုးပဲ့သွားသံ နှင့်အတူ ဟွမ်ဖူလင်း၏ ကျန်ရှိနေသော လက်မောင်းတစ်ဘက် ပြုတ်ထွက် သွားသည်။

“အား…အား…အား”

ဟွမ်ဖူလင်း အလွန်အမင်း တုန်လှုပ်၍ မယုံသင်္ကာ ဟန်များနှင့်အတူ နာကျင်စွာ အော်ဟစ်မိသည်။

*ဒဏ်ရာအတွက်ဒဏ်ရာတစ်ခု*

*အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း*

*သူ…သူက အရူးပဲ*

ဟွမ်ဖူလင်း သေမတတ် ကြောက်ရွံ့လာသည်။ သို့သော် သူ့လက်မောင်းများ ပြတ်သွားသော်လည်း သူ၏ တကယ့် အိပ်မက်ဆိုးကား မရောက် လာသေးပေ။

“မင်းက နတ်ဆိုးတွေရဲ့ အိမ်ဖြစ်တဲ့ ကျန်းရှီမြို့ကို သိမ်းပိုက်ချင်နေမှ‌တော့ ငါကလည်း မင်းရဲ့ လက်ပြင်ရိုး ကို ဖြုတ်ရတာပေါ့”

ထိုသို့သော အားဆန်၏ စကားအဆုံး၌ ကျိုးပဲ့သံ တစ်ခု ထပ်မံ၍ ထွက်ပေါ်လာသည်။ ထို့အပြင် အခြားသူများ၏ မျက်စိရှေ့၌ ထိပ်ပြောင်အားဆန်က သူ့လက်ဖဝါးအား ဟွမ်ဖူလင်း၏ ပခုံးထဲသို့ ထိုးစိုက်လိုက်သည်။

ဟွမ်ဖူလင်း၏ ပခုံးမှ သွေးများ ပန်းထွက်လာ ပြီးနောက် အားဆန်က လက်ပြင်ရိုးအား ဆွဲထုတ် လိုက်သဖြင့် ဟွမ်ဖူလင်း ငယ်သံပါအောင် အော်ဟစ် လိုက်မိသည်။

ထို့နောက် ဟွမ်ဖူလင်းသည် အလွန်ဖြူရော်နေသော မျက်နှာနှင့် နောက်သို့ ဆုတ်လိုက်သည်။

လက်မောင်းများ ဆုံးရှုံးလိုက်ရပြီး လက်ပြင်ရိုး တစ်ချောင်းပါ ဆုံးရှုံးလိုက်ရသဖြင့် သူ အိပ်မက်ဆိုး မက်နေသည်ဟုတောင် ခံစားလိုက်မိသည်။

သို့သော် လွတ်လမ်းဟူသည်ကား မရှိပေ။

“မင်းက ငါ့ကျန်းရှီ ညီအစ်ကိုတွေနဲ့ ညအဖွဲ့ရဲ့ နတ်ဆိုးတွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတော့ ငါ မင်းနံရိုး တွေကို ဆွဲထုတ်ပစ်မယ်”

ထိပ်ပြောင်အားဆန်သည် ရက်စက်သော အကြည့် များဖြင့် ဆက်ပြောလာသည်။ ထို့နောက် အားဆန် သည် ဟွမ်ဖူလင်းထံသို့ ပြေးဝင်လာပြီး သန်ကောင် တစ်ကောင်က လူတစ်ယောက်၏ အရိုးအား ကပ်တွယ်သကဲ့သို့ သူ၏ ချွန်ထက်လှသော လက်ဖဝါးအား ဟွမ်ဖူလင်း၏ နံရိုးထဲသို့ အားနှင့် ထိုးစိုက် လိုက်သည်။

ထို့နောက်တွင်မူ သွေးသံတရဲရဲနှင့် နံရိုးအချို့ကို ဆွဲထုတ် လိုက်သည်။

ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလိုက်လေခြင်း။

သွေးပျက်ဖွယ်ကောင်းလှ၏။

အနီးအနားမှ ကမ္ဘာမြေ အဖွဲ့အစည်းချုပ်မှ သံတမန် ချာလီသည် ထိတ်လန့်ကြောက်ရွံ့လွန်း၍ ဘောင်းဘီ တောင် စိုရွှဲနေပြီ ဖြစ်သည်။

ယဲ့ဖန်၏အစေခံက ဤမျှအချိန်တိုလေးအတွင်း၌ အဆင့် နှစ်ဆင့်ကျော်၍ နတ်ဘုရားအဆင့် တစ် ယောက်၏ နံရိုးများအား လက်ချည်း သက်သက်ဖြင့် ဆွဲထုတ်နိုင်သည်ကို သူ မယုံကြည်နိုင်ပါ။

သူ၏ ရူးသွပ်မှုနှင့် ရက်စက်မှုတို့က ယဲ့ဖန်၏ အကျင့်ကို ရောင်ပြန်ဟပ်နေသလိုပင်။

“အိုး…ဝိုး… ဘာလဲဟ …. သူတို့က မကောင်းဆိုးဝါးတွေပဲ”

ချာလီ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာ ရသည်။ သူ၏ အံ့ဩနေသော အကြည့်များ အောက် မှာပင် ဟွမ်ဖူလင်း အသည်းအသန် အော်ဟစ် နေရ သည်။

ထို့အပြင် ဟွမ်ဖူလင်း၏ အရိုးများက သူ့ကိုယ်ထဲမှ တစ်ချောင်းပြီးတစ်ချောင်း ဆွဲဖြုတ်ခံနေရ၏။ မြေကြီးပေါ်၌ သွေးများ ဖုံးလွှမ်းနေပြီး ဟွမ်ဖူလင်း သည် သွေးအိုင်ထဲ၌ လဲကျလို့နေသည်။

ဒိန်း!

သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် ချာလီ တစ်ယောက် ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ် နေသည်။

*မကောင်းဆိုးဝါးတွေ*

သူ့စိတ်ထဲတွင် ယဲ့ဖန်၊ ထိပ်ပြောင် အားဆန်နှင့် ကျန်းရှီမြို့မှ အခြား သိုင်းပညာရှင်များအားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်သည်။

သူတို့သည် သွေးဆာ၍ ရက်စက်ကာ လူမဆန် ကြပေ။

ထိုသို့သော အချိန်တွင် ချာလီ အလွန်နောင်တ ရလာသည်။ မြေကြီးပေါ်မှ ဟွမ်ဖူလင်း၏ မျက်လုံး များ သည်လည်း ဗလာဖြစ်လို့နေ၏။

သူ ရှုံးသွားပြီ။ ဤတိုက်ပွဲသည် မရှုမလှ ရှုံးနိမ့် သွားမှုကြီး ဖြစ်၏။

သူသည် နောင်တရ၊ စိုးရိမ်နေသလို ထိတ်လန့်၍ အငြိုးထား လာသည်။ ကျန်းရှီမြို့မှ ပုရွက်ဆိတ် လိုကောင်၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု ထင်မထား ခဲ့မိပါ။

တောက်! တောက်!

နတ်ဘုရားအဆင့်၏ သွေးများက အားဆန်၏ လက်ချောင်းများကြားမှ စီးကျလာပြီး သူသည် ပို၍ တက်ကြွလာဟန်ဖြင့် အော်ဟစ်လိုက်သည်။

“ငါ လုပ်နိုင်ပြီ။ ငါ နတ်ဘုရားအဆင့် တစ်ယောက်ကို သတ်လိုက်နိုင်ပြီ”

ထိပ်ပြောင်အားဆန် စိတ်လှုပ်ရှားလွန်း၍ ကတုန် ကယင် ဖြစ်နေသည်။ နတ်ဘုရားအဆင့် တစ် ယောက် ကို သတ်နိုင်လိမ့်မည်ဟု သူ စိတ်မကူး ခဲ့ဖူးပေ။

သူတို့ ခွန်အားများအားလုံးသည် ထိုလူ၏ ချီးမြှင့်မှု ကြောင့်သာ ဖြစ်သည်။ ထိုအချက်ကို တွေးလိုက် မိသည်နှင့် ထိပ်ပြောင်အားဆန်သည် ပျော်ရွှင် နေသော အမူအရာဖြင့် ယဲ့ဖန်ထံသို့ လျှောက် လာသည်။

ဒုန်းခနဲ အသံနှင့်အတူ သူသည် ဒူးတစ်ဘက် ထောက်၍ ရင်ဘက်ပေါ် လက်တင်လိုက်ပြီး ပြော လိုက်သည်။

“သခင်ကြီး ကျွန်တော် သခင်ကြီး မျှော်လင့်ထား သလို လုပ်နိုင်ခဲ့ပါပြီ”

ထို့အတူ မြေကွက်လပ်တစ်ဝိုက်ရှိ ထောင်သောင်းနှင့် ချီသော သိုင်းပညာရှင်များက သံပြိုင် ကြွေးကြော် လာကြသည်။

“ဟွာရှ အရှင်သခင်”

CHAPTER 347 ဆိုးယုတ်သော ဟွမ်ဖူရွှမ်

နှစ်ရက်ကြာပြီးနောက် ပစိဖိတ် သမုဒ္ဒရာထဲရှိ ကျွန်းကြီး တစ်ကျွန်းပေါ်၌။

ထိုကျွန်းတစ်ခုလုံးအား လျှပ်စစ်လှိုင်းများစွာဖြင့် ဖုံးအုပ် ထားသည်။ ချဉ်းကပ်လာမည့် မည်သည့် ပင်လယ် သားရဲမဆို တစ်စစီ ဖြစ်သွားပေလိမ့်မည်။

ထိုနေရာသည် သမုဒ္ဒရာထဲရှိ တားမြစ်ကျွန်းဆွယ် တစ်ခု ဖြစ်ပုံရသည်။ ထို့ပြင် ကျွန်းပေါ်မှ အင်အား ကြီးမားသော လူများစွာက ဧကရာဇ်အဆင့် ပင်လယ် သားရဲ များစွာကို အဝေးသို့ နှင်ထုတ် ကြသည်။

ထိုနေရာအား အားသစ်လောင်းသော ကျွန်းဆွယ်ဟု လူသိများပြီး ကမ္ဘာမြေ အဖွဲ့အစည်း၏ ဌာနချုပ် လည်း ဖြစ်သည်။

ယခုအချိန်တွင် ညီလာခံ၌ ကမ္ဘာမြေ အဖွဲ့အစည်း၏ သံတမန်ဖြစ်သူ ချာလီက ကျန်းရှီမြို့သို့ သွားရောက် ခဲ့သည့် သူ၏ ခရီးစဉ်တစ်ခုလုံးကို ကြောက်လန့် စိတ်ဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောပြနေသည်။

ကြမ်းပြင်ပေါ်ရှိ လူနာထမ်းစင်ပေါ်၌ လှဲနေ သောသူသည် ပေကျံနေသော နတ်ဘုရားအဆင့် ဟွမ်ဖူလင်းပင် ဖြစ်သည်။

ချာလီ၏ တင်ပြမှုအဆုံးတွင် ညီလာခံတစ်ခုလုံးရှိ လေထု သည် ညှိုးငယ်ထိုင်းမှိုင်းနေသည်။

ယာယီ တိတ်ဆိတ်နေရာမှ ချက်ချင်း ဆူညံ ပွက်လောရိုက် လာသည်။

ဝုန်းကနဲ အသံနှင့်အတူ ဒေါသထွက်နေသော အဘိုးအို တစ်ယောက်က ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲဝင် ချီဓာတ်ကို ထုတ်ဖော်၍ လွှားခနဲ ထခုန် လာသည်။

သူသည် ကမ္ဘာပေါ်ရှိ ရှေးဟောင်းကလန်တစ်ခု ဖြစ်သော ဟွမ်ဖူကလန်၏ လက်ရှိခေါင်းဆောင် ဖြစ်သူ ဟွမ်ဖူရွှမ် ပင်။ သူသည် စစ်မှန်သော နတ်ဘုရား ဖြစ်သည်။

ယခုအချိန်တွင် မျက်လုံးပြူးကျယ်နေပြီး ခေါင်းမွေး များလည်း ထောင်နေ၏။ ထို့နောက် သူက စားပွဲဝိုင်းရှိ မဟာ အကြီးအကဲအား အော်ပြော လေတော့သည်။

“မဟာအကြီးအကဲ ခင်ဗျား မြင်လား။ ယဲ့ဖန်က ကျုပ်တို့ ရှေးဟောင်းကလန် သုံးခုကို မလေးစားသလို ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က အမိန့် ကိုလည်း မလေးစားဘူး”

“သူ့ရဲ့ လက်အောက်ငယ်သားက ကျုပ်မြေးလင်းရဲ့ ကိုယ်ထဲက အရိုးတွေကို ဆွဲထုတ်ပစ်မယ်။ ဒါ ကြမ်းကြုတ်လွန်းတယ်။ ဒါက ကမ္ဘာမြေ အဖွဲ့အစည်းချုပ် တစ်ခုလုံးကို အလေးမထားဘဲ သောင်းကျန်းတာ”

ထို့နောက် ဟွမ်ဖူရွှမ်က ပြတ်ပြတ်သားသားဖြင့် အသေသတ်လိုသော ဆန္ဒရှိသည့် မျက်လုံးများနှင့် ဆက်ပြော လာသည်။

“ကမ္ဘာမြေ အဖွဲ့အစည်းချုပ်ကနေ ယဲ့ဖန်ကို သတ်ပြီး ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဖို့ သိုင်းပညာရှင် တစ်ဖွဲ့ကို စေလွှတ်စေဖို့ ကျုပ် အကြုံပြုပါတယ်”

ဟွမ်ဖူရွှမ်က ဒေါသကြောင့် မျက်နှာနီနေပြီး ယဲ့ဖန်ကို အရေခွံနွှာ၍ လက်စားချေရန် မစောင့်နိုင်တော့ပေ။

စားပွဲဝိုင်း၌ အသက်အရွယ်ရနေသော ရွှေအိုရောင် ဆံပင်နှင့် လူတစ်ယောက် ထိုင်နေသည်။ ထိုသူသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ မဟာအကြီး အကဲဖြစ်သူ လင်းဒီလော့ဖ်ပင်။

ဟွမ်ဖူရွှမ်၏ ဒေါသထွက်နေသော စကားများကို နားထောင်ပြီး လင်းဒီလော့ဖမ်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ရွှမ် စိတ်အေးအေးထား”

“ယဲ့ဖန်ရဲ့ နည်းလမ်းတွေက ရက်စက်တယ် ဆိုပင်မယ့် လူငယ်မျိုးဆက်တွေရဲ့ ထောက်တိုင် ဖြစ်တဲ့ သူ့အနေနဲ့ သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းမှာ ပျော်မွေ့နေရုံလေးပါ။ သူက လူသားတွေထဲက သိုင်းပညာရှင်တွေကြားမှာ တော်တော်လေး လေးစားခံ နေရတာ”

“အကယ်၍ ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က သူ့ကို သတ်ဖို့ အင်အားစုကို လွှတ်လိုက်မယ်ဆိုရင် ငါတို့က လူထုရဲ့ ဒေါသကို သေချာပေါက် ခံယူရမှာပဲ”

လင်းဒီလော့ဖ်သည် ယဲ့ဖန်၏ မနာခံတတ်မှုကို သဘောမကျပါ။ သို့သော် သူသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ အနာဂတ်အတွက် စဉ်းစားဖို့ လိုအပ်သည်။

ယဲ့ဖန်ကို သတ်လိုက်ခြင်းက လူထု၏ ထောက်ပံ့မှုကို လျော့နည်းနိုင်စေသည့်အတွက် သူတို့အတွက် ပါးနပ်သည့် လှုပ်ရှားမှု မဟုတ်ပေ။

*လူထုကို ဒေါသထွက်စေမယ် ဟုတ်လား*

သူ့စကားကြောင့် နောက်ထပ် ဟွာရှ ရှေးဟောင်း ကလန်တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ စစ်မာ ချန်ဖုန်းက ဒေါသတကြီး ထရပ်၍ စောဒက တက် လာသည်။

“မဟာအကြီးအကဲ ယဲ့ဖန်က ကမ္ဘာမြေ အဖွဲ့ အစည်းချုပ်ရဲ့ အမိန့်ကို ချိုးဖောက်ပြီးတော့ ကျုပ်တို့ အင်အားစုကို အလေးမထားတာပဲ”

ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ အကြီးအကဲများ အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းမှ ရှေးဟောင်း ကလန် ဆယ့်နှစ်ခု၏ ခေါင်းဆောင် များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

CHAPTER 348 ထို့ပါကလန် ပြန်ပေါ်လာခြင်း

ပိုင်ကလန်တွင်း၌ ပိုင်ယီသည် သူမ အခန်းထဲမှ ကုတင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေရင်း အခန်းအား ဝေ့ကြည့်နေသည်။

သူမသည် အရေးပါသော တစ်စုံတစ်ရာကို ပြန်မှတ်မိ အောင် လုပ်နေ၏။

အလင်းတော် ဘုရားကျောင်း၊ ဝူနတ်ဘုရား ဘုရားကျောင်းနှင့် ကာရိုးလ် ဘုရားကျောင်းတို့အား ရှင်းလင်းပြီးနောက် ယဲ့ဖန်သည် ဟွာရှသို့ ပိုင်ယီနှင့် အတူ ပြန်လာခဲ့သည်။

သူမသည် ယခင်က ဧကရီနှင့်အတူ ကျင့်ကြံခဲ့သဖြင့် ငါးလအတွင်း ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက် ခဲ့ပြီးပြီ ဖြစ်သည်။

ယခု သူမသည် ဒဏ္ဍာရီလာ အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

“ယဲ့ဖန်နဲ့ လီကျိုးယောင်တို့ကြားက တိုက်ပွဲ”

“ယဲ့ဖန် ရှန်ကျန်းမြို့အား ရှင်းလင်းခြင်း”

“ယဲ့ဖန်က ဖျောင်ကျင်းတောင်နှင့် သူ့သားတို့အား သတ်လိုက်ပြီ”

ပိုင်ယီသည် နံရံပေါ်မှ သတင်းစာ စက္ကူအပိုင်း အစများအား လှပသော မျက်ဝန်းလေးများဖြင့် လိုက်ဖတ်ရင်း ရေရွတ်နေသည်။

ထို့နောက် သူမထံမှ ကြိုးပြတ်သွားသော ပုတီးစေ့ များကဲ့သို့ မျက်ရည်များ စီးကျလာသည်။

သို့သော် သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာ လေး၌ အပြုံးတစ်ပွင့်က ကျန်ရှိနေသေးသည်။ ကျေနပ်နေသော အမူအရာပင်။

“ကျွန်မ ရှင့်ကို သိပ်ချစ်တယ် ….”

ပိုင်ယီက ယဲ့ဖန်၏ ပုံတူ ပန်းချီကားအား စွဲလမ်း လွန်းသော အမူအရာဖြင့် ပွတ်သပ်နေစဉ် တံခါး ဖွင့်သံ ကြားလိုက်ရသည်။

“ဘုရင်မ မစ္စတာယဲ့ လာပါတယ်”

ပိုင်ယီနှင့် ရုပ်ချင်းတူသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ အတိအကျ ဆိုလိုရလျင် သူမသည် ပိုင်ယီ၏ ကိုယ်ပွားပင်။

ယဲ့ဖန်၏ လတစ်ဝက်နီးပါး ကူညီမှုနှင့်အတူ ပိုင်ယီသည် သူမ၏ ကိုယ်ပွားများအား ကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ခဲ့သည်။

သူမသည် ရာနှင့်ချီသော ဒဏ္ဍာရီလာအဆင့်ရှိသည့် သူမကိုယ်ပွား စစ်တပ်၏ ဘုရင်မ ဖြစ်သည်။

“ယဲ့ဖန်”

သူ့နာမည်ကို ကြားသည်နှင့် ပိုင်ယီသည် ရုတ်တရက် ဝင်းပစွာ ပြုံးလိုက်မိသည်။ ထို့နောက် သူမ အခန်းအပြင်သို့ လှစ်ခနဲ ထွက်သွားသည်။

သစ်ပင်အောက်၌ စိတ်ရှုပ်ထွေးနေသော မျက်နှာနှင့် ရပ်နေသည့် လူငယ်တစ်ယောက်ကို သူမ လှမ်းမြင် လိုက်သည်။

“ယဲ့၊ ယဲ့ဖန် …”

ပိုင်ယီသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရင်း သူမ၏ ပါးလေးများက နီမြန်းလာသည်။ ယခုလက်ရှိ အချိန်တွင် သူမသည် ယဲ့ဖန်မှလွဲ၍ အခြားမည်သူ့ ကိုမျှ မမှတ်မိနိုင်သေးပေ။

ယဲ့ဖန်က သူမဘက် လှည့်လာပြီး ပြုံးကာ မေးလိုက် သည်။

“မင်း မှတ်မိပြီလား”

သူ့အမေးကြောင့် ပိုင်ယီသည် မတတ်သာသလို ပခုံးတွန့်၍ မအီမသာ ပြုံးကာ ပြန်ပြောလိုက်သည်။

“ဟင့်အင်း၊ ကျွန်မ ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ မမှတ်မိသေးဘူး”

ဤသည်မှာ အနောက်ဘက် ကောင်းကင်ဘုံ ဂိတ်တံခါး၏ လှည့်ကွက်ကြောင့် မဟုတ်ဘဲ နတ်ဘုရားမတို့၏ ဧကရီ ရံဖန်ရံခါ သုံးတတ်သော ဂမ္ဘီရဆန်သည့် လှည့်စားမှု တစ်ခုဖြစ်သည်။

“စိတ်မပူနဲ့၊ ငါ ဖြေဆေး ရှာတွေ့ပြီးပြီ”

ယဲ့ဖန်က သူမကို ပြုံး၍ နှစ်သိမ့်လိုက်သည်။ ယဲ့ဖန်၏ စကားကြောင့် ပိုင်ယီ ချက်ချင်း တက်ကြွ လာသည်။ သို့သော် ယဲ့ဖန်က ဆက်ပြောလာသည်။

“ငါ ဖြေဆေးကို တွေ့ထားပင်မယ့်လည်း ငါတို့ ကြာပန်း လိုနေသေးတယ်”

“အဲ့ကြာပန်း ပေါက်တတ်တဲ့‌ နေရာကို ငါ သိထားပြီးပြီ။ မင်း မကြာခင် ပြန်ကောင်းလာမယ်လို့ ငါ ယုံကြည်တယ်”

ပိုင်ယီက ယဲ့ဖန်၏ စကားကို အပြည့်အဝ ယုံကြည် သည်။ သူမ ဝင်းပစွာ ပြုံး၍ ခေါင်းညိတ် ပြလိုက်သည်။

ထိုစဉ် ပိုင်ကျန်းခို့က ယဲ့ဖန်နှင့် ပိုင်ယီထံသို့ လျှောက် လာ၏။

သူ့သမီးအား တစ်ချက်ကြည့် လိုက်ပြီးနောက် သူသည် ယဲ့ဖန်အား စကားစလိုက်သည်။

“မစ္စတာယဲ့၊ ခင်ဗျား လိုချင်တဲ့ ပစ္စည်းတွေ ကျုပ် ပြင်ထား ပြီးပါပြီ”

လဝက်ကြာပြီးနောက်။

ယဲ့ဖန်သည် ကျန်းရှီမြို့မှ ထွက်လာခဲ့သည်။ သူ ထွက်သွားသည့်အချိန်တွင် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွား၏။

ထို့နောက် မကြာခင်မှာပင် ၎င်းအလင်းတန်းသည် ကျန်းရှီမြို့အား ကြိုးကွင်းကဲ့သို့ လွှမ်းခြုံသွားသည်။

ဤသည်ကား မှော်ဝင်္ကပါပင်။

သူ မထွက်ခွာခင်၌ ယဲ့ဖန်သည် ပိုင်ကျန်းခို့ထံမှ ရသော ပစ္စည်းများအားလုံးကို သုံး၍ ကိုးဆင့် သွေးဝင်္ကပါအား တည်ဆောက်ခဲ့သည်။

၎င်းသည် အသက်ဝင်လာသည်နှင့် တကယ့် နတ်ဘုရားများနှင့် ဧကရာဇ်အဆင့် သားရဲများရန်မှ ကာကွယ်ပေး နိုင်သေးသည်။ တကယ့် နတ်ဘုရားအဆင့် သုံးယောက်ထက် ပိုသော လူများ ပူးပေါင်း တိုက်ခိုက်မှုမှလွဲ၍ ကောင်းမွန်စွာ ကာကွယ် ပေးနိုင်သည်။

*သတင်းအရဆို ဆေးရည်လုပ်နိုင်တဲ့ ကြာပန်းက ရှန်းနုန်ကျား တောအုပ်ဒေသမှာပဲ တည်ရှိတာပဲ*

ယဲ့ဖန် တစ်ယောက်တည်း တွေးနေရင်း လှစ်ခနဲ ပျောက်ကွယ်သွားသည်။

….

နောက်ထပ် လဝက်ခန့် ကုန်လွန်သွား၏။

ထိုသို့သော အချိန်အတောအတွင်း၌ ယဲ့ဖန်သည် များစွာသော တောအုပ်များနှင့် ရွှံ့ညွန်များကို ဖြတ်သန်း၍ ခရီးထွက်လာခဲ့ပြီးပြီ ဖြစ်သည်။

သူသည် များစွာသော သားရဲဘုရင်များနှင့် သားရဲ ဧကရာဇ်များကို သတ်ဖြတ်ခဲ့သည်။ ယဲ့ဖန်၏ ချီဓာတ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ဒဏ္ဍာရီလာအဆင့်အား တစ်ချက်တည်းနှင့် သတ်ပစ် နိုင်သည်။

ယဲ့ဖန်သည် အကယ်စင်စစ် ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့်သို့ အဆင့်တက်လာခဲ့ပြီ ဖြစ်သည်။

တစ်ကမ္ဘာလုံး ဆင့်ကဲ့ပြောင်းလဲမှုနှင့်အတူ ရှန်းနုန် ကျား တောအုပ်ဒေသသည် လူသားများ အတွက် တားမြစ်နေရာ ဖြစ်လာသည်။

လေတိုးသံနှင့်အတူ လူတစ်ယောက် ဗြုန်းခနဲ ပေါ်လာသည်။ ထိုသူကား ယဲ့ဖန်ပင်။

“သတင်းအရဆို ကြာပန်းက အနီးအနားမှာပဲ ရှိရမယ်”

သရဲတစ္ဆေကဲ့သို့ ယဲ့ဖန်သည် တောအုပ်အား လျင်မြန်စွာ ဖြတ်သန်း သွားလာနေ၏။ တစ်ခါတစ်ရံတွင် သူသည် လမ်းတစ်လျောက်မှ သားရဲများ နောက်သို့ လိုက်တတ်သည်။

အနက်ရောင် အရိပ် ဖြတ်သွားသည့်နှင့် ကြမ်းကြုတ် သော သားရဲများ နှစ်ပိုင်းကွဲသွားရပြီး သူတို့၏ နတ်ဆိုး အမြုတေများ ချက်ချင်း ပျောက်ကွယ် သွားရသည်။

သို့သော် ယဲ့ဖန်သည် တောနက်နက်ထဲသို့ ရောက် လာသည်နှင့် ရုတ်တရက် ရပ်သွားသည်။ သူ လူသံတွေ ကြားလိုက်ရသောကြောင့်ပင်။

“ဒီမှာ တစ်ယောက်ယောက် ရှိနေတာပဲ”

ယဲ့ဖန် မျက်လုံးကို မှေး၍ အသံလာရာသို့ အရှိန် မြှင့်၍ သွားလိုက်သည်။ သူ နီးကပ်လာသည်နှင့် ကောင်လေးနှစ်ယောက်က တိုက်ခိုက်နေပြီး ဘေးမှ အခြားလူများက ဩဘာပေးနေသည်ကို မြင်လိုက် ရသည်။

သို့သော် သူတို့၏ သွေးမျိုးဆက်အား ယဲ့ဖန် အာရုံခံ မိလိုက်ချိန်တွင် ချက်ချင်းဆိုသလို သူ့မျက်လုံး များက လင်းလက်သွားသည်။

“ဒါ … ဒါ ထို့ပါကလန်ရဲ့ သွေးမျိုးဆက်ပဲ”

ယဲ့ဖန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေ သည်။

ထို့ပါကလန်။

တစ်ချိန်တုန်းက စကြဝဠာထဲ၌ ကလန်ကြီးတစ်ခု ရှိခဲ့ဖူးသည်။ ထိုကလန်သည် ကံကြမ္မာကို ဟောရာ၌ ထူးချွန်လှ၏။

သို့သော် ထိုကလန် ချေမှုန်းခံခဲ့ရသည်မှာ နှစ်တစ်သောင်း ရှိခဲ့ပြီ ဖြစ်သည်။ သူတို့ရဲ့ မျိုးဆက်များက ဘယ်လိုလုပ် ကမ္ဘာပေါ်မှာ ပေါ်လာရတာပါလိမ့်။

ရုတ်တရက် ယဲ့ဖန်၏ အတွေးထဲ၌ မိန်းမလှလေး တစ်ယောက် ဘွားခနဲ ပေါ်လာသည်။

ယဲ့ဖန်နှင့် ဟွမ်အာတို့ စစ်သည်တော်များ ဖြစ်လာခဲ့ စဉ်က သူတို့သည် ထို့ပါကလန်၏ နတ်မိမယ် လေးထံမှ အကျိုးအမြတ်များစွာ ရခဲ့သည်။

ထိုနတ်မိမယ်လေးသည် ထို့ပါ ချင်းအာ ဖြစ်သည်။ သူမအား ယဲ့ဖန်နှင့် ဟွမ်အာတို့က နတ်မိမယ် ချင်းအာ အဖြစ်လည်း သိထားကြသည်။

ယဲ့ဖန်နှင့် ဟွမ်အာတို့အား သိုင်းပညာရှင် လမ်းကြောင်းသို့ လမ်းပြပေးခဲ့သူက သူမပင် ဖြစ်သည်။

သူတို့အား သေရေးရှင်ရေး အ‌ခြေအနေများ ကျရောက် မလာခင် သတိပေးခဲ့သူက သူမပင်၊ ထို့ကြောင့်သာ သူတို့ အချိန်မီ လွတ်အောင် ပြေးနိုင်ခဲ့ သည်။ ဤသို့သော ကူညီမှုကြောင့် ယဲ့ဖန်နှင့် ဟွမ်အာတို့သည် နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုး ဧကရီတို့ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ထို့ပါကလန်သည် သေစေနိုင်သော အမှားကြီးတစ်ခု လုပ်ခဲ့မိသည်။

သူတို့သည် အရာအားလုံးကို ဟောကိန်း ထုတ်နိုင်ခဲ့ သော်လည်း တစ္ဆေတစ်ကောင်၏ တိုက်ခိုက် မှုကိုတော့ မလုပ်နိုင်ခဲ့ချေ။

သူတို့သည် တစ္ဆေဧကရာဇ် ရောက်ရှိလာခြင်းကို ဟောကိန်း မထုတ်နိုင်ခဲ့ပေ။ ထို့ပါကလန်ကို သုတ်သင် ပစ်ခဲ့သူကား တစ္ဆေဧကရာဇ် ဖြစ်သည်။

ဤအချက်က ယဲ့ဖန်အား ဒေါသူပုန်ထ သွားစေ ခဲ့သည်။ သူသည် တစ္ဆေဧကရာဇ်နောက်သို့ ဂြိုဟ် များစွာကို ဖြတ်သန်း၍ လိုက်လံ ဖမ်းဆီးခဲ့ပြီး အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေသို့ ရောက်ရှိ လာမှသာ သူ့ကို ဖမ်းနိုင်ခဲ့သည်။

ယဲ့ဖန်သည် နတ်မိမယ်ချင်း တစ်ခါက သူ့ကို ပေးခဲ့သည့် လက်ဆောင်များအတွက် ပြန်ပေးဆပ် ရန် တစ္ဆေဧကရာဇ်အား လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်အခါက ယဲ့ဖန်သည် ထို့ပါကလန် မျိုးသုဉ်း သွားပြီဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ ထိုသူတို့အား ကမ္ဘာမြေပေါ်၌ ပြန်မြင်တွေ့ခဲ့ရချေပြီ။

ထိုစဉ် ချွင်ခနဲ အသံနှင့်အတူ ရဲစွမ်းသတ္တိရှိသော လူငယ်လေးက ပြိုင်ဘက်၏ ရင်ဘတ်အား ဓားဖြင့် ထုတ်ချင်းဖောက်သွားစေသည်။

ထို့နောက် သူက ခြေကိုမြှောက်၍ ပြိုင်ဘက်အား ကန်ကျောက်လိုက်သဖြင့် သူ့ပြိုင်ဘက်သည် နောက်သို့ လွင့်ထွက်သွားရသည်။

ဘုန်းခနဲ အသံနှင့်အတူ ထိုသူသည် မြေကြီးပေါ်သို့ ဒဏ်ရာများနှင့် သွေးသံအလိမ်းလိမ်းဖြင့် ပြုတ်ကျ သွားသည်။

ဒဏ်ရာရသွားသော ကောင်လေးသည် ဒဏ္ဍာရီလာ အစောပိုင်းအဆင့်သာ ရှိသေးသည်။ သူ ရှုံးသွား လေပြီ။

ရဲစွမ်းသတ္တိရှိသော ကောင်လေးက သူ့ဓားကို ကိုင်ဆွဲ ထားရင်း မြေကြီးပေါ်မှ ခြေတစ်ဘက်ဆာနေသော ကောင်လေးအား ကြည့်ရင်း အထင်သေးစွာ ပြောလိုက်သည်။

“ထို့ပါယွင်၊ မင်းက ဖွတ်ကျားပါလို့ ငါ မင်းကို ပြောပြီးသားပဲ၊ မင်းက လူငယ်ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိဘူး”

“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ငါ မင်းခြေထောက်ကို ချိုးခဲ့တယ်။ အခု ငါသာ ဆန္ဒရှိရင် မင်းကို သတ်လို့ ရတယ်ကွ”

“မင်း အရှုံးကို မင်း ဝန်ခံမှာလား”

*ငါ ရှုံးတာကို ဝန်ခံရမှာလား*

သူ့စကားကြောင့် ထို့ပါယွင်က အလွန် ရူးသွပ် နေသော မျက်လုံးများဖြင့် ပြန်ပြောလာ သည်။

“ထို့ပါချင်းရှန်၊ မင်း ငါ့နောက်ခြေထောက် တစ်ဘက် ကို ချိုးရဲရင် ချိုးကြည့်လိုက်”

“အဲ့လိုလုပ်မယ်ဆိုရင်တောင်မှ ‘အရှုံးပေးတယ်’ ဆိုတဲ့ စကားမျိုး ငါ့ပါးစပ်က ထွက်လာမယ်လို့ မျှော်လင့် မနေနဲ့”

“ငါ့အမေအတွက် အဲ့နေရာကို ငါ့အသက်ကို ရင်းပြီး မရရအောင် ကြိုးစားမှာကွ”

ခြေတစ်ဘက်ဆာနေသော ကောင်လေးက ရူးသွပ် နေသော မျက်လုံးများဖြင့် ကြုံးဝါးလာသည်။ ထိုခြေ တစ်ဘက် ဆာနေသော ကောင်လေး၏ အပြောကြောင့် ထို့ပါချင်းရှန်က ဒေါသထွက် သွားကာ သူ၏ အကြည့်များက ကြမ်းကြုတ် လာသည်။

ဓားကိုဝင့်၍ ထို့ပါချင်းရှန်က ထို့ပါယွင်၏ လည်ပင်းအား အားနှင့် ခုတ်ပိုင်းလာသည်။ စက္ကန့်ပိုင်း အတွင်း သေခြင်းတရားက ကျရောက် လာ၏။

ထို့ပါယွင်က ခေါင်းမာနေသော်လည်း မချိပြုံးပြုံး၍ ရေရွတ်လိုက်သည်။

“အမေ၊ အမေ့သား မလုပ်နိုင်ခဲ့ဘူး”

“နှစ်တစ်သောင်း ဟောကိန်းက နီးလာပြီ။ အကယ်၍ ကျွန်တော် လူငယ်ခေါင်းဆောင် ဖြစ်မလာဘူးဆိုရင် ကျွန်တော် အဲ့လူကို ကူညီနိုင်မှာ မဟုတ်သလို အမေ ဂုဏ်တက်လာအောင်လည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး”

“အမေ့သားက … အရည်အချင်း မပြည့်မီပါဘူး”

ထိုစဉ် ထို့ပါယွင်သည် သူ၏ သေခြင်းတရားက နီးကပ်လာသည်ကို ခံစားမိသဖြင့် မျက်လုံး မှိတ်ထား လိုက်သည်။

ထိုစဉ် ထူးဆန်းသော အသံတစ်သံကို သူ ကြားလိုက် ရသည်။

All Chapters