← Chapters

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉-၃၅၁)

Vol. 24 Ch. 349-351

Chapter 349 မင်း ယုံသလား

ထို့ပါကလန်၌ နှစ်တစ်သောင်းနီးပါး တည်ရှိခဲ့သော ဟောကိန်းတစ်ခုရှိသည်။

ထိုဟောကိန်း၌ ပိုင်ရှင်အစစ်အမှန် လောကသခင်က နှစ်တစ်သောင်းအတွင်း ရောက်လာလိမ့်မည်ဟု ပြောထားသည်။

လူငယ်ခေါင်းဆောင်သာလျင် ပိုင်ရှင်အစစ်အမှန်၏ နောက်သို့ လိုက်ခွင့်ရှိပြီး စကြဝဠာထဲ၌ ခရီးထွက်ခွင့် ရှိပြီး ထို့ပါကလန်၏ ဂုဏ်ကျက်သရေများကို ပြန်လည် ယူ‌ဆောင်ပေးနိုင်မည် ဖြစ်သည်။

ကုန်လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ထို့ပါကန်၏ နောက်မျိုးဆက်များသည် တစ်ဆက်မှလွဲ၍ မျိုးဆက်များ တစ်ဆင့်ပြီး တစ်ဆင့် တိုးပွား လာခဲ့သည်။

လက်ရှိ မျိုးဆက်များထဲတွင် လူငယ်များသည် အားလုံးနီးပါး အတော်လေး ချည့်နဲ့ကြသည်။

ထို့ပါချန်းရှန်သည် လက်ရှိမျိုးဆက်များထဲတွင် အတော်ဆုံးသူဖြစ်ပြီး တစ်ဦးတည်းသော ဒဏ္ဍာရီလာ အလယ်အလတ်အဆင့် ဖြစ်သည်။

ထို့ကြောင့် ထို့ပါကလန်သည် ထို့ပါကလန်၏ လူငယ်များ အားလုံးအတွက် လူငယ်ခေါင်းဆောင် နေရာကို ယှဉ်ပြိုင် ရယူရန် စည်းကမ်းတစ်ခု ချမှတ် ထားသည်။

ထိုစည်းကမ်းမှနေ၍ ထို့ပါချင်းရှန်နှင့် ထို့ပါယွင်တို့၏ ယှဉ်ပြိုင်အနိုင်လုပွဲ ဖြစ်လာရခြင်း ဖြစ်သည်။

အစောပိုင်း သုံးနှစ်တာကာလက ထို့ပါယွင်သည် ရှုံးနိမ့်သွားခဲ့ပြီး သူ့ခြေထောက်တစ်ဘက် ကျိုးသွား ခဲ့ရသည်။

လက်ရှိ တိုက်ပွဲများကြားတွင် သူသည် အဆိုးဆုံး အတွက် ပြင်ဆင်ထားရန် လိုအပ်ပြီး ရှုံးနိမ့်ပါက သူ့အသက်ကိုပါ ရင်းရလိမ့်မည်။

ဂျိုင်းခနဲ အသံနှင့်အတူ အေးစက်သော ဓားသွားက နီးကပ်လာသည်။

“မင်းလည်ပင်းကို ဘယ်ဘက် သုံးစင်မီတာ ရွှေ့လိုက်၊ ညာလက်နဲ့ ရှေ့ကို ထိုးလိုက်”

ထိုထူးဆန်းသော အသံကို ကြားပြီး ထို့ပါယွင် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုအသံ၌ ကြီးမားသော အားအင်တစ်ခု ပါရှိနေသလိုပင်။

တစ်ချိန်တည်းမှာပင် ထို့ပါယွင်သည် ဘယ်ဘက်သို့ သုံးစင်တီမီတာ ရွှေ့လိုက်သည်။

ဒေါင်!

ထိတ်လန့်ဖွယ် ဓားသွားသည် ပစ်မှတ်ကို လွဲချော်သွားပြီး ထို့ပါယွင်၏ လည်ပင်းနားမှ ကပ်သီးလေး ဖြတ်သွားသည်။

ဤသည်ကို ကြည့်ပြီး ထို့ပါချင်းရှန် အံ့ဩ သွားသည်။ ထို့နောက် ဝှစ်ခနဲ အသံနှင့်အတူ ထို့ပါယွင်၏ ဓားသည် ထို့ပါချင်းရှန်၏ ဝမ်းဗိုက် အောက်ပိုင်းအား ပျော့ပျောင်းသော မြွေကဲ့သို့ ရွေ့လျား၍ ထိုးစိုက်သွားသည်။

….

ဤအဖြစ်ကြောင့် အခြားသူများအားလုံး ထိတ်လန့် သွားကြသည်။

တိုက်ပွဲကို ကြည့်နေသော ထို့ပါ တပည့်တပန်းများ မယုံသင်္ကာ ဖြစ်သွားရသည်။

*ဒါ မဖြစ်နိုင်ဘူး*

*သေတော့မလို ဖြစ်နေတဲ့ ထို့ပါယွင်က တန်ပြန် တိုက်စစ် ဆင်ပြီး ထို့ပါချင်းရှန်ရဲ့ ဝမ်းဗိုက် အောက်ပိုင်းကို ဖောက်ထွင်းသွားအောင် လုပ်လိုက် တယ်*

*အံ့ဩစရာကောင်းလိုက်တာ*

စက္ကန့်ပိုင်းအတွင်း အခြားသူများကြား၌ ပွက်လော ရိုက် လာသည်။ သို့သော် ပွဲကား မပြီးသေးပေ။

ထို့ပါယွင်သည် အောင်နိုင်မှု၏ အဟုန်ကြောင့် တက်ကြွကာ ဆက်၍ တိုက်ခိုက်လာသည်။ ထို့နောက် သူသည် လွှားခနဲ ခုန်၍ ထို့ပါချင်းရှန်၏ ရင်ဘက်အား သူ၏ ကောင်းနေသော ခြေထောက် တစ်ဘက်ဖြင့် လျင်မြန်စွာ ကန်ကျောက်လိုက်သည်။

ဂျွတ်!

ထို့ပါချင်းရှန်၏ ရင်ညွန့်ရိုး ချက်ချင်း ကျိုးကြေ သွားပြီး သူသည်လည်း နောက်သို့ လွင့်ထွက် သွားရသည်။ မြေကြီးပေါ်သို့ ပြုတ်ကျလာပြီးနောက် ထို့ပါချင်းရှန်သည် ဆက်၍ တိုက်ခိုက်ရန် ခွန်အား များ မရှိတော့ပေ။

တိုက်ပွဲကို ကြည့်ရင်း ဘေးပတ်လည်မှ ထို့ပါ တပည့် တပန်းများ ငြိမ်သက်လို့နေ၏။

ဒုက္ခိတအရှုံးသမားက လူငယ်မျိုးဆက်များကြားမှ အသန်မာဆုံး ထို့ပါချင်းရှန်ကို အနိုင်ယူနိုင်မည်ဟု မည်သူမျှ ထင်မှတ်မထားကြပေ။

အံ့ဩစရာကောင်းလှသည်။

ထိုသို့ရှိနေစဉ်တွင် ထို့ပါယွင်က စိတ်လှုပ်ရှား မှုကြောင့် ဘေးဘီဝဲယာကို လိုက်ကြည့်ရင်း ဟစ်အော်လိုက်သဖြင့် တိတ်ဆိတ်မှုက ပြိုကွဲလို့ သွားသည်။

“ဘယ်သူလုပ်ပေးတာလဲ၊ ဘယ်သူ ကျုပ်ကို ကယ်ပေးတာလဲ”

*ဘာ*

ထို့ပါယွင်၏ စကားကြောင့် အကြီးအကျယ် ဒဏ်ရာရ ထားသော ထို့ပါချင်းရှန်နှင့် အခြား ထို့ပါ တပည့်တပန်းများအားလုံး ချက်ချင်း မျက်နှာ ပျက်သွားကြသည်။

မည်သူ့ အကူအညီမှ မရခဲ့လျင် ထို့ပါယွင် သေမည် မှာ အသေအချာပင်။ ထို့ကြောင့် ထို့ပါချင်းရှန် ဒေါသတကြီး ဖြစ်လာရသည်။

သူနှင့် ဆန့်ကျင်ဘက် ထို့ပါယွင်ကတော့ အလွန့်ကို ပီတိဖြစ်လို့နေသည်။ သူ့အသက်ကို ကယ်တင်၍ သူ့သိက္ခာကို ပြန်ဆယ်ပေးခဲ့သော ကယ်တင်ရှင် ရှိနေပြီပင်။

အားလုံး၏ အကြည့်များအောက်၌ ခြေသံနှင့်အတူ လူတစ်ယောက် ထွက်ပေါ်လာသည်။

လူငယ်လေးပါလား။ ထိုသူစိမ်းသည် တိုက်ခိုက်နေ သူများထက်ပင် ပိုငယ်နေသေးသည်။

“ခင်ဗျား … ကျုပ်ကို ကယ်လိုက်တာလား”

ထို့ပါယွင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“မင်းကို ကယ်လိုက်တာ ငါ မဟုတ်ဘူး၊ မင်းရဲ့ ကိုယ်ပိုင် သတ္တိပဲ”

ယဲ့ဖန်၏ ချီးမွမ်းစကားကို ကြားလိုက်ရသဖြင့် ထို့ပါ တပည့်တပန်းများ အားလုံး ထိတ်လန့်ကာ မျက်လုံးပြူး သွားကြသည်။

*ဘယ်လိုလုပ် ဒီလိုလူငယ်လေးက ထို့ပါယွင်ကို ထို့ပါချင်းရှန်ကို အနိုင်ရအောင် စကားလေးနဲ့တင် ကူညီပေးနိုင်မှာလဲ*

အခြားသူများ တွေဝေသွားကြသည်။ သို့သော် ထို့ပါယွင်ကတော့ တက်ကြွလို့နေ၏။

သူ့ကိုယ်သူ တရွတ်တိုက်ဆွဲ၍ ယဲ့ဖန်အနားသို့ လျှောက်လာသည်။ ထို့နောက် သူက ယဲ့ဖန်အား အရိုအသေ ပေး၍ ပြောလိုက်သည်။

“ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့ သိပ်ကို ကျေးဇူးတင်ပါတယ် ဆာ။ ကျွန်တော် ထို့ပါယွင်က ခင်ဗျားရဲ့ အပြုအမူကို တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး”

ထိုသို့သော အချိန်တွင် ထို့ပါယွင်က သူ့ဘဝတွင် အရေး အပါဆုံးသော ကတိအား ပေးလိုက်ပြီးပြီ ဖြစ်သည်။

ထို့ပါယွင်၏ ကျေးဇူးတင်စကားကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“ဒါ အသေးအဖွဲလေးပါ။ ဒါပေမယ့် ငါ့မှာ တောင်းဆို စရာ တစ်ခုရှိတယ်၊ ငါ့ကို ထို့ပါကလန် ဌာနချုပ်ကို ခေါ်သွားပေး”

*ဟမ်*

ယဲ့ဖန်စကားကြောင့် အားလုံး မှင်တက် သွားကြ သည်။ ထို့နောက် ထို့ပါယွင်က ယဲ့ဖန်အား ဇဝေဇဝါ ဖြင့် မေးလိုက်သည်။

“ဆာ ဘာကြောင့်များလဲ”

*ဘာလို့လဲတဲ့လား*

ယဲ့ဖန် တစ်ခဏမျှ ဆိုင်းငံ့သွားသည်။ ထို့နောက် သူက ရှုပ်ထွေးသော ခံစားချက်များ ပါဝင်သည့် မျက်လုံးများဖြင့် ခေါင်းညိတ်လာသည်။

“ဟင်း၊ ငါက ငါ့မိတ်ဆွေဟောင်းတွေထဲက တစ်ယောက်ရဲ့ နောက်မျိုးဆက်တွေနဲ့ တွေ့ချင်ရုံ လေးပါ။ ပြီးတော့ ငါ့ဆန္ဒကိုလည်း ဖြည့်ဆည်း ချင်လို့”

*မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ နောက်မျိုးဆက် တွေ*

ထိုသို့ပြောနေချိန်တွင် ယဲ့ဖန်သည် အတွေ့အကြုံ ရင့်သန်နေသည့် လူအိုကြီးတစ်ယောက်ကဲ့သို့ စကားပြော နေသည်။

သူ့မိတ်ဆွေဟောင်း၏ နောက်မျိုးဆက်များနှင့် ဆုံတွေ့ချင်နေသည့် နှစ်ပေါင်းများစွာ အသက်ရှင် နေသည့် လူတစ်ယောက်လိုပင်။

သူ၏ ငယ်ရွယ်သော မျက်နှာနှင့် လူကြီးလို လေသံက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသလို ဖြစ်နေသဖြင့် ထို့ပါချင်းရှန် မှလွဲ၍ အခြားသူများ နားဝေ တိမ်တောင် ဖြစ်နေကြသည်။

သူသည် အလွန်မုန်းတီးသော မျက်လုံးများဖြင့် မြေကြီးပေါ်၌ လဲနေသည်။ ယဲ့ဖန်က ထို့ပါကလန် နေရာကို ရှာနေသည်ဟု သူ ကြားလိုက် ရစဉ်တွင် သူ၏ မျက်လုံးများက ပို၍ အန္တရာယ် ပေးချင်လာပုံ ရသည်။

….

ထို့ပါကလန်သည် နှစ်တစ်သောင်းကြာ လူသူ ဝေးရာ၌ နေခဲ့ခြင်း ဖြစ်သည်။ ကလန်၌ များစွာသော သိုင်းပညာရှင်များ ရှိနေသည်။

ယဲ့ဖန်သည် ကလန်ထဲသို့ ထို့ပါယွင်နှင့်အတူ ဝင်လာစဉ်တွင် နတ်ဘုရားအဆင့် များစွာကို သူ သတိထားလိုက်မိသည်။

အကယ်၍ ဤဌာနေကိုသာ အပြင်လောကက သိသွားပါက အကြီးအကျယ် ထိတ်လန့် သွားစေ လောက်သည်။

နတ်ဘုရားအဆင့်များစွာအပြင် ယဲ့ဖန်သည် သစ်ပင် အောက်၌ အဘိုးအိုတစ်ယောက် ထိုင်နေပြီး ဘေးပတ်လည်၌ ကလေးများစွာက သူတို့ကို ပုံပြင်ပြောပြရန် တိုက်တွန်းနေကြသည်။

“ဘိုးဘိုးခီ ကျွန်တော်တို့ကို နတ်ဆိုး ဧကရာဇ် အကြောင်း ပြောပြပါ။ ကျွန်တော့်အဖေ ပြောတာ ကတော့ နတ်ဆိုးဧကရာဇ်က တစ်ချိန်က စကြဝဠာ အနှံ့ ပြိုင်ဘက်ကင်းခဲ့ပြီးတော့ ကျွန်တော်တို့ ဘိုးဘေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆို”

“မဟုတ်ဘူး၊ ငါက နတ်ဆိုးဧကရီအကြောင်း ပုံပြင်နားထောင်ချင်တာ။ သူမကမှ သူရဲကောင်း တစ်ယောက်ပဲ။ ငါ ကြီးလာရင် သူမလိုပဲ သန်မာချင်တယ်”

“တိတ်ကြ၊ ငါက လောကသခင်အကြောင်း တစ်ခုခု နားထောင်ချင်တာ၊ မကြာခင် နှစ်တစ်ထောင် ပြည့်တော့မှာ ဆိုတော့ လူကြီးတွေအားလုံးက လောကသခင်ရဲ့ မျိုးဆက်အကြောင်း ပြောနေ ကြတာ”

“…”

ထိုကလေးများ၏ စကားက ယဲ့ဖန်အား ထိတ်လန့် သွားစေခဲ့သည်။

*နတ်မိမယ်ချင်းက လွန်ခဲ့တဲ့ နှစ်တစ်သောင်း လောက်တုန်းက မသေခဲ့ဘူးပဲ၊ သူက ကမ္ဘာပေါ်က တစ်နေရာရာမှ ပုန်းကွယ်နေခဲ့တာပဲ*

သူ၏ သံသယအတွေးအား သူ သေချာသိသွား ခဲ့သည့်အခါတွင် ယဲ့ဖန်၏ မျက်လုံးများက ပို၍ ရှုပ်ထွေး လာရသည်။

ကမ္ဘာကြီးအကြောင်း သူ ပိုပို၍ သိချင်လာမိသည်။ ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်၊ အမှောင်သခင်နှင့် နတ်မိမယ်ချင်းတို့အား ကမ္ဘာမြေသို့ ရောက် လာအောင် ဆွဲဆောင်ခဲ့သော လျှို့ဝှက်ချက် များကို သိချင်မိသည်။

ယဲ့ဖန်၏ သံသယဝင်သော မျက်လုံးများကို သတိထားမိသဖြင့် ထို့ပါယွင်က ပြုံး၍ ပြောလိုက် သည်။

“ဆာ အံ့ဩစရာမလိုပါဘူး၊ နတ်ဆိုးဧကရာဇ်၊ နတ်ဆိုး ဧကရီနဲ့ ပိုင်ရှင် အစစ်အမှန်တို့က ထို့ပါ ကလန်ရဲ့ ဟောကိန်းထဲက ဒဏ္ဍာရီလာလူတွေပါ။ သူတို့ရဲ့ ဒဏ္ဍာရီလာ ပုံပြင်တွေနဲ့ ကျုပ်တို့က ကြီးပြင်း လာရတာဆိုတော့ ကျုပ်တို့က သူတို့ကို ကျုပ်တို့ရဲ့ နတ်ဘုရားတွေအဖြစ် သတ်မှတ် ထားကြတာ”

သူ့စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက တစ်ဘက်လှည့်၍ ထို့ပါယွင်အား ပြုံးကာ မေးလိုက်သည်။

“မင်းတို့ နှစ်တစ်သောင်းနီးပါး စောင့်နေတဲ့ လောက သခင် ဆိုတာက ဒီကမ္ဘာပေါ်မှာ ရှိနေမယ်လို့ မင်း ယုံလား”

“အင်း ကျုပ် ယုံတယ်”

ထို့ပါယွင်က လေးနက်သော မျက်နှာထားနှင့် တောက်ပသော မျက်လုံးများဖြင့် ချက်ချင်း ပြန်ဖြေ လိုက်သည်။

“ကျုပ်တင် မကဘူး၊ ကျုပ်မိဘတွေတောင်မှ လောကသခင်နဲ့ ပတ်သတ်တဲ့ ဟောကိန်းကို ယုံကြည် ကြတယ်”

ထိုသို့ပြောပြီး ထို့ပါယွင် မျက်မှောင်ကြုတ် သွားသည်။

“ကျုပ်တို့ ဂိုဏ်းခွဲက အမြဲ လူငယ်ခေါင်း ဆောင်တွေကို ကျုပ်တို့ ဂုဏ်ယူစရာ အဖြစ် မှတ်ယူထားကြတာ။ ကျုပ်အဖေက လူငယ် ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ရင်း သေသွား ခဲ့ရတာ”

“ကျုပ်အမေက တစ်နေ့ ကျုပ် လူငယ်ခေါင်းဆောင် ဖြစ်လာမယ်လို့ မျှော်လင့်ရင်း ပြုစုပျိုးထောင်ခဲ့တာ။ ဒါမှ ကျုပ်အဖေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ”

“ဒါက ကျုပ်တို့ လောကသခင် နောက်လိုက်ပြီး ထို့ပါကလန်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

ထို့ပါယွင်က တက်ကြွသော မျက်နှာထားဖြင့် လောက သခင်နှင့် စကြဝဠာအကြောင်း စပ်စုလို သည့်ဟန်နှင့် ဆက်ပြောလာသည်။ သူ့စကားကြောင့် ယဲ့ဖန်က ပြုံး၍ နောက်လိုက်သည်။

“ငါက မင်း စောင့်မျှော်နေတဲ့ လောကသခင်ပဲလို့ ငါ မင်းကို ပြောရင် မင်း ယုံမှာလား”

Chpater 350 မတွေ့ရတာ နှစ်တစ်သောင်း တောင် ရှိပြီ

ထို့ပါကလန်၏ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲ များ ကလန်၏ ဧည့်ခန်းမဆောင်၌ စုစည်းနေ ကြသဖြင့် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များက ကလန်တစ်ခုလုံးအား ပျံ့နှံ့လို့ နေသည်။

ထို့ပါဟိုင်သည် ထို့ပါကလန်၏ ကလန်ခေါင်းဆောင် ဖြစ်ပြီး တကယ့် နတ်ဘုရားလည်း ဖြစ်သဖြင့် သူ၏ ချီဓာတ်က အခြားသူများအား အကြီးအကျယ် ထိတ်လန့် စေသည်။

“ခေါင်းဆောင် ကျုပ်တို့ တံခါးပိတ် နေနေတာကို ရပ်လိုက်ကြရအောင်။ ကျုပ်တို့ အရင်းအမြစ်တွေက တစ်နေ့ပြီးတစ်နေ့ နည်းနည်းလာပြီ။ ပြီးတော့ ကျုပ်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ထူးချွန်တဲ့ သိုင်းပညာရှင်တွေ ကင်းမဲ့နေပြီ။ ဒီလိုသာ ဆက်သွား နေမယ်ဆိုရင် ကျုပ်တို့ကလန်က အခြား ကလန်သုံးခု ဝိုင်းပယ်တာ ခံရလိမ့်မယ်”

မဟာအကြီးအကဲက စိုးရိမ်တကြီးနှင့် အကြံပေး လာသည်။ ဒုတိယအကြီးအကဲကလည်း ဖျောင်းဖျ လာ၏။

“ခေါင်းဆောင် ကျုပ် မဟာအကြီးအကဲပြောတာကို သဘောတူတယ်။ ကျုပ်တို့ ဒီ့ထက်ကြာအောင် မစောင့်သင့်တော့ဘူး။ ကျုပ်တို့ရဲ့ လောကသခင်ရဲ့ မျိုးဆက်ဆီက ဘာအရိပ်လက္ခဏာမှ မရတာ နှစ်တစ်သောင်း ပြည့်တော့မယ်။ ဘိုးဘေးရဲ့ ဟောကိန်းနဲ့ လက်တွေ့ဘဝက သွေဖည်နေပြီလို့ ကျုပ် ထင်တယ်။ ကျုပ်တို့ ဒီ့ထက်ကြာအောင် စောင့်နေတာက အကျိုးမရှိဘူးလို့ပဲ ကျုပ် ထင်မိတယ်”

ထို့ပါကလန်တွင်း၌ လောကသခင်က အချိန်မီ ရောက်ရှိလာမည်မဟုတ် ဟူသော နောက်ထပ် တိုးတိုးတိတ်တိတ် ကောလဟာလ သတင်းလည်း ရှိနေသည်။

ထိုကောလဟာလသည် တဖြည်းဖြည်းနှင့် ပို၍ လူသိများလာသည်။ မျိုးနွယ်တွင်း ကျင့်ကြံခြင်း အရင်းအမြစ် နည်းပါးလာခြင်းနှင့်အတူ လူများစွာက ထိုကောလဟာလအား ပို၍ ထောက်ခံလာကြသည်။

ထို့ကြောင့် ဟောကိန်းကို ယခုထိ ဖက်တွယ်နေ သေးသော ကလန်ခေါင်းဆောင် ထို့ပါဟိုင်မှလွဲ၍ ထို့ပါကလန်၏ အရေးပါသောသူများက တံခါးပိတ် နေသည်ကို အဆုံးသတ်ရန် မစောင့်နိုင်ကြတော့ပေ။

သူတို့၏ လက်ခံချင်လာအောင် ပြောနေသော စကား များကြောင့် ထို့ပါဟိုင် မျက်နှာ သုန်မှုန် နေသည်။

ထို့နောက် ထိုင်နေရာမှ ဖြည်းဖြည်းချင်းထ၍ ခန်းမ အလယ်၌ ချိတ်ဆွဲထားသော အမျိုးသမီး တစ်ယောက်၏ ပန်းချီကားထံသို့ မချိတင်ကဲပြုံး၍ လျှောက်သွားလိုက်သည်။

ပန်းချီကားထဲမှ မိန်းမလှလေးသည် ထို့ပါကလန်၏ ဘိုးဘေးဖြစ်သူ ထို့ပါချင်း ဖြစ်သည်။

“ထို့ပါကလန်က နှစ်တစ်သောင်းအကျော်မှာ လောကသခင် ရောက်လာမှာကို မစောင့်နိုင် တော့မှာက တကယ်ပဲလား”

ထို့ပါဟိုင် မျက်မှောင်ကြုတ်ရင်း ရေရွတ် လိုက်မိသည်။ လောကသခင်နှင့် ပတ်သတ်သည့် ဟောကိန်းသည် ထို့ပါကလန်သားတိုင်း၏ စိတ်ထဲ၌ ယုံကြည်မှုတစ်ခု ဖြစ်သည်။

သို့သော် နှစ်တစ်သောင်း ပြည့်ခါနီးလောက်တွင် သူတို့သည် သူတို့၏ ယုံကြည်မှုနှင့် ဆုံတွေ့ရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ထို့ပါကလန်မှ လူများသည် စိတ်ပျက်မှုကြောင့် အလွန်အမင်း မချင့်မရဲ ဖြစ်နေကြသည်။

ထို့ပါဟိုင်တောင်မှ ချီတုံချတုံ ဖြစ်နေစဉ် ကလန်သား တစ်ယောက်က ခန်းမထဲသို့ ခပ်သွက်သွက် လာနေ သည်ကို သတိထား လိုက်မိသည်။

ထို့နောက် ထိုကလန်သားက သတင်းပို့လာ၏။

“ခေါင်းဆောင် ထို့ပါယွင် ပြန်လာပါပြီ”

ထို့ပါယွင်လား။

သူသည် ထို့ပါကလန်၏ မျိုးဆက်သစ် လူငယ်များ ကြား၌ လူငယ်ခေါင်းဆောင် နေရာ အတွက် ထို့ပါ ချင်းရှန်နှင့် ယှဉ်ပြိုင်ရမည့် တစ်ဦးတည်း သောသူပင်။

ထို့ပါယွင် ပြန်ရောက်လာမှုက လူငယ်ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ခြင်း ပြီးဆုံးသွားပြီဟု ဖော်ပြ နေသည်။

“သူ့ကို အထဲဝင်ခိုင်းလိုက်”

ထို့ပါဟိုင်က ပြောရင်း လက်ဝေ့ယမ်းလိုက်ပြသည်။ အမိန့်ကို ရပြီးနောက် ထိုကလန်သားက ချက်ချင်း ခန်းမထဲမှ ပြန်ထွက်သွားသည်။

“ဟားဟား…”

ဒုတိယ အကြီးအကဲက ကျယ်လောင်စွာ ရယ်မော လာသည်။

“ထို့ပါယွင် ပြန်လာပြီတဲ့၊ ဒါက ကျုပ်သား ချင်းရှန်က လူငယ်ခေါင်းဆောင်ဆိုတဲ့ ရာထူးကို ရပြီးသွားပြီလို့ ပြောချင်တာပဲ”

ဒုတိယအကြီးအကဲသည် ထို့ပါချင်းရှန်၏ အဖေပင်။ သူ့စကားကြောင့် ခန်းမထဲက အခြားအကြီး အကဲများက ခေါင်းညိတ်လာကြသည်။

လူငယ်မျိုးဆက်များကြားတွင် အသန်မာဆုံး သိုင်းပညာရှင် ဖြစ်သည့်အတွက် ထို့ပါချင်းရှန်သည် တိုက်ပွဲကို မုချ နိုင်ပေလိမ့်မည်။

ထို့ကြောင့် အကြီးအကဲများသည် ဒုတိယ အကြီးအကဲအား ဂုဏ်ပြုစကားဆိုရင် ခပ်သွက် သွက် ရှေ့သို့ တိုးလာကြသည်။

အခြားအကြီးအကဲများ၏ ဂုဏ်ပြုစကားကို ကြားရသဖြင့် ဒုတိယအကြီးအကဲက ပို၍ ပျော်ရွှင် လာသည်။ သူ့ကို ပို၍ ပီတိဖြစ်လာစေသည်က ဘိုးဘေးထံမှ အမွေဆက်ခံလိုက်ရသည့်အတွက်ပင်။

လူငယ်မျိုးဆက်သည် နှစ်တစ်သောင်း ဟောကိန်း အရ နောက်ဆုံးကာလ ဖြစ်သည်။

ဟောကိန်းအရ လူငယ်ခေါင်းဆောင်သည် လောက သခင် နောက်သို့ လိုက်၍ ထို့ပါကလန်တစ်ခုလုံးကို စကြဝဠာထဲသို့ ပြန်လည်ဦးဆောင်သွားနိုင်ပြီး ကလန်၏ ဂုဏ်ကျက်သရေကို ပြန်လည် ယူဆောင် ပေး နိုင်ပေလိမ့်မည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းခန့် ထို့ပါကလန်၏ ဘိုးဘေးသည် ခြေချိတ်ထိုင်၍ သေခြင်းတရားအား စောင့်ဆိုင်းမနေခင် အမွေတစ်ခု ထားခဲ့သည်။

ထိုအမွေသည် လောကသခင်နောက်သို့ လိုက်လံ ခစားမည့် သူအတွက် ထားခဲ့သော လက်ဆောင် ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲတိုင်း သာမက ထို့ပါဟိုင်ပါ ထိုအမွေကို ရချင်ကြသည်။ အကြီးအကဲများ ပြောဆိုနေ ကြပြီးနောက် လူနှစ်ယောက်သည် အခန်း ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။

ရှေ့မှလူသည် ထို့ပါယွင်ပင် ဖြစ်သည်။ ဓားဒဏ်ရာ များ၊ သွေးများနှင့် ပေကျံနေပြီး သူသည် ချက်ချင်း ဆိုသလို ခန်းမထဲမှ အခြားသူများကို ဂါဝရ ပြု၍ နှုတ်ဆက်လာသည်။

“ခေါင်းဆောင်၊ အကြီးအကဲတို့”

ထို့ပါယွင်၏ ဒဏ်ရာများကို သတိပြုမိသဖြင့် ဒုတိယအကြီးအကဲ၏ အကြီးအကဲက ပို၍ တောက်ပလာပြီး မေးလိုက်သည်။

“ထို့ပါယွင် မင်းရဲ့ ဒဏ်ရာတွေအရဆို မင်း ရှုံးသွားပြီနဲ့ တူတယ်။ ငါ့သား ချင်းရှန် ဘယ်မလဲ”

ယခုအချိန်တွင် အားလုံး၏ အာရုံများက ထို့ပါယွင်ထံသို့ ကျရောက်နေကြသည်။ သို့သော် ထို့ပါယွင်၏ စကားများက အခြားသူများအား နားဝေတိမ်တောင် ဖြစ်သွားစေသည်။

“ရှုံးသွားတယ်”

*ဘာရယ်*

ခန်းမထဲမှ မည်သူမျှ ထို့ပါယွင်၏ စကားကို မယုံကြပေ၊ အထူးသဖြင့် ဒုတိယ အကြီးအကဲပင်။ သူက မျက်မှောင်ကြုတ်၍ ထို့ပါယွင်အား စိုက်ကြည့်ကာ အလွန် စိတ်ရှုပ်နေဟန်ဖြင့် ခပ်သွက်သွက် မေးလိုက်သည်။

“ထို့ပါယွင် ဘယ်သူ ရှုံးတာလဲ၊ ရှင်းအောင် ပြောစမ်း”

“ခင်ဗျားသား ထို့ပါချင်းရှန် ရှုံးသွားတာ”

သူ့စကားကြောင့် ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ အကြီးအကဲတိုင်း တအံ့တဩ ဖြစ်နေကြသည်။

ထို့ပါကလန်ခေါင်းဆောင် ထို့ပါဟိုင်တောင်မှ အံ့ဩသွားသော အမူအရာ ဖြစ်နေသည်။

ထို့ပါချင်းရှန်သည် လူငယ်မျိုးဆက်များကြားတွင် အသန်မာဆုံးလူ ဖြစ်သည်။ သူက ဘယ်လိုလုပ် ရှုံးသွားရတာပါလိမ့်။

“လုံးဝ မဖြစ်နိုင်ဘူး”

ဒုတိယ အကြီးအကဲသည် ချက်ချင်း ထိုင်ခုံမှ လွှားခနဲ ထခုန်ကာ ထို့ပါယွင်အား စိုက်ကြည့်ရင်း ဒေါသထွက်နေသော ခြင်္သေ့ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်ကာ ကြုံးဝါးလာသည်။

“မင်း လိမ်နေတာ။ မင်းတစ်ယောက်တည်းကပဲ ချင်းရှန်နဲ့ လူငယ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်လို့ရတာ။ ချင်းရှန်က ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်လေ၊ မင်းက ဒဏ္ဍာရီလာ အစောပိုင်းအဆင့်ပဲ ရှိသေးတာ”

“ဘယ်လိုလုပ် ငါ့သားက မင်းဆီမှာ ရှုံးသွားရမှာလဲ”

သူ့စကားအဆုံးတွင် လူငယ်များစွာက အခန်းထဲသို့ ဖျပ်ခနဲ ပြေးဝင်လာကာ တိုင်ကြားလေတော့သည်။

“ထို့ပါယွင်က ကလိမ်ကျတာပါ”

မကျေနပ်ချက်များကို ကြားလိုက်ရပြီးနောက် ထိုအသံပိုင်ရှင်များက ထို့ပါချင်းရှန်နှင့် သူ့နောက်လိုက်များ ဖြစ်သည်ကို အကြီးအကဲများ သတိပြုလိုက်မိသည်။

သို့သော် ထို့ပါချင်းရှန်သည် အလွန် ရှက်ရွံ့နေပုံရသည်။ သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် သွေးအလိမ်းလိမ်းနှင့် ဖြစ်နေပြီး ရင်ဘတ်ရှိ အရိုးများသည်လည်း ကျိုးကြေလို့နေသည်။ သူ့တစ်ကိုယ်လုံး သွေးတရဲရဲနှင့် ဖြစ်နေ၏။

ခန်းမထဲဝင်လာသည်နှင့် ထို့ပါချင်းရှန်က ဒူးထောက်ကာ တောင်းပန်လေတော့သည်။

“ခေါင်းဆောင်၊ အကြီးအကဲတို့ ကျွန်တော့်ကို ကူညီပေးပါ။ ထို့ပါယွင်က ကျွန်တော့်ကို အနိုင်ရဖို့ နိုင်ငံခြားသားနဲ့ ပေါင်းကြံတာပါ”

*ဘာ*

ထို့ပါချင်းရှန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲတိုင်း၏ မျက်နှာများက ချက်ချင်းဆိုသလို လေးနက်လာကြသည်။

ထို့နောက် ထို့ပါချင်းရှန်၏ နောက်လိုက်များ အားလုံးက ဒူးထောက်ကာ ခပ်သွက်သွက် ထပ်ပြော လာသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း အဲ့ဒါကို မြင်ခဲ့ ကြပါတယ်။ ထို့ပါယွင်က ချင်းရှန်ကို အနိုင်ရဖို့ နိုင်ငံခြားသားနဲ့ ပေါင်းကြံခဲ့တာပါ”

“အဲ့နိုင်ငံခြားသားက ဘယ်လို အောက်လမ်း ပညာတွေ သုံးလိုက်လဲ မသိပါဘူး။ သူက ထို့ပါယွင် ကို အရမ်း ကူညီခဲ့တာပါ”

“အဲ့ဒီနိင်ငံခြားသားက ထို့ပါယွင်ကို ကူညီခဲ့တာပါ။ သူ သေသင့်ပါတယ်”

သူတို့၏ စကားများကို ကြားပြီးနောက် အကြီးအကဲ များ၏ အကြည့်များက ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဒုတိယ အကြီးအကဲသည် ဒေါသထွက်လာပြီး သူ့မျက်လုံးများက ရက်စက်မှုများနှင့် ပြည့်နှက် လာသည်။

“ဟေ့ကောင်လေး၊ မင်းကများ ငါ့သားကို ထိခိုက် အောင် လုပ်ဝံ့တာလား။ မင်းက ထို့ပါကလန် ထဲကို ခြေချရဲတယ်ပေါ့လေ။ မင်း သေချင်နေပြီပဲ”

“သူ့ကို ဖမ်းကြစမ်း”

ဒုတိယအကြီးအကဲ၏ အမိန့်သံနှင့်အတူ သိုင်းပညာ ရှင် တစ်ဖွဲ့က ခန်းမထဲသို့ လှစ်ခနဲ ရောက်ရှိ လာကြသည်။

သို့သော် ထိုသိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည့် အချိန်တွင် ထို့ပါဟိုင်က အသည်းအသန် လက်ကာပြ၍ အမိန့်ပေး လိုက်သည်။

“ရပ်စမ်း”

သူ့အမိန့်ကြောင့် သိုင်းပညာရှင်များက သူတို့၏ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထို့နောက် ထို့ပါဟိုင်က ယဲ့ဖန်အား စိုက်ကြည့်၍ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ကောင်လေး မင်း ဘယ်သူလဲ”

ထိုသို့ရှိနေစဉ်တွင် ယဲ့ဖန်က တစ်ချိန်လုံး ရပ်မြဲရပ်နေကာ ခြေတစ်လှမ်းတောင် မလှမ်းပေ။ ယဲ့ဖန်က ရပ်မြဲတိုင်း ရပ်ကာ အကြီးအကဲများကို လျစ်လျူရှုကာ ထို့ပါကလန် ဘိုးဘေးဖြစ်သူ၏ ပန်းချီကားကိုသာ စိုက်ကြည့်နေသည်။

သူသည် ပန်းချီကားထံသို့ ဖြည်းဖြည်းချင်း လျှောက် လာသည်။ ထို့နောက် ပန်းချီကားထဲမှ နတ်မိမယ် လေးကို ကြည့်ရင်း သူက ရှုပ်ထွေး၍ မဟေဠိ ဆန်သော မျက်လုံးများဖြင့် ရေရွတ်လာသည်။

“နတ်မိမယ်ချင်း မတွေ့ရတာ နှစ်တစ်သောင်းတောင် ရှိပြီပဲ”

Chapter 351 သတ္တုစား ရွှေပိုးကောင်

*သူက တကယ်ပဲ လောကသခင် ဖြစ်နေတာကိုး…*

ထို့ပါယွင်သည် အလွန် ထိတ်လန့်သွားသဖြင့် တုန်ယင်သွားသည်။ ယဲ့ဖန်က သူတို့ကလန်၏ လောကသခင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့မိပေ။

ထိုစဉ် ထို့ပါကလန်သားများအားလုံးက ယဲ့ဖန်ရှေ့ ဒူးထောက်နေသည်။ ထို့ကြောင့် ထိုအချက်ကို ထို့ပါယွင် လက်ခံလိုက်ရလေတော့သည်။

သူသည်လည်း ရူးသွပ်မတတ် မျက်နှာထားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။ သူ၏ အသက်သခင် ကျေးဇူးရှင်သည် သူ့ဘဝ လက်ကျန် သက်တမ်း တစ်လျှောက်လုံး လိုက်ပါခစား၍ စကြဝဠာကြီးကို သိမ်းပိုက်ကာ ထို့ပါကလန်၏ ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်နိုင်မည့် သူဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ထို့ပါချင်းအာ၏ ပန်းချီကား ကိုသာ အတိတ်သို့ လွမ်းဆွတ် တမ်းတနေသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူ ရေရွတ်လိုက်သည်။

“နတ်မိမယ်ချင်းအာ မစိုးရိမ်ပါနဲ့။ ထို့ပါကလန်က အနာဂတ်မှာ အင်အားကြီးလာမှာပါ”

ဤသည်မှာ နတ်ဆိုးဧကရာဇ်၏ ကတိပင်။ ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ပန်းချီကားထဲမှ ထို့ပါ ချင်းအာ ပြုံးသယောင်ဖြစ်သွားသည်ကို ထို့ပါ ကလန်မှ အင်အားစုများ သတိပြုလိုက်မိကြသည်။

သူမ အလွန် ပျော်ရွှင်စွာ ပြုံးနေပုံပေါ်သည်။ ထို့ကြောင့် သူတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မိသွားကြသည်။

သူတို့ ထိတ်လန့်ကာ မှင်တက်နေစဉ်တွင် ယဲ့ဖန်က ရုတ်တရက် နောက်လှည့်ကာ မေးလာသည်။

“ထို့ပါကလန်မှာ ကြာပန်းများ မရှိဘူးလား”

သူသည် ကြာပန်းကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။ သူ သိထားသလောက်ဆိုလျင် ကြာပန်း သည် အနီးအနားဝန်းကျင်တွင် ရှိလောက်သည်။

ကြာပန်း။

ထိုနာမည်ကို ကြားသည်နှင့် ထို့ပါကလန် ခေါင်း ဆောင် ထို့ပါဟိုင်သည် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။

သို့သော် သူသည် ယဲ့ဖန်အား အမှန်အတိုင်း ပြောလိုက်သည်။

“လောကသခင် ကြာပန်းက ထို့ပါကလန်ရဲ့ တားမြစ် နယ်မြေထဲမှာ ရှိပါတယ်။ အဲ့နေရာက ကျုပ်တို့ ဘိုးဘေး တင်ပျဉ်ခွေထိုင်ရင်း သေသွားခဲ့တဲ့နေရာပါ။ ဒါပေမယ့် …”

“ဘာကို ဒါပေမယ့်လဲ”

ယဲ့ဖန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ထို့ပါ ကလန်က ဖွင့်ပြောရန် တစ်ခုခုကို အခက်တွေ့ နေကြောင်း သူ ရိပ်စားမိသည်။

“ဟူး၊ လောကသခင် အမှန်အတိုင်း ပြောရမယ်ဆိုရင် ကြာပန်းက မှော်ဆေးဘက်ဝင် ပစ္စည်းတစ်မျိုးပါ။ အဲ့ဒါကို မကောင်းဆိုးဝါးတွေက အဖော်ပြုပြီး စောင့်ကြပ် နေပါတယ်”

“အဲ့မကောင်းဆိုးဝါးက ထို့ပါကလန်ရဲ့ ကပ်ဆိုး ကြီးပါ။ အကယ်၍ ကျုပ်တို့ မဟာအကြီး အကဲက အဲ့ဒါကို နေ့ရောညပါ မခုခံထားဘူးဆိုရင် ထို့ပါ ကလန်က သုတ်သင်ခံရနေလောက်ပါပြီ”

ထို့ပါဟိုင်က ကြောက်လန့်တကြား ရှင်းပြ လိုက်သည်။ ထို့ပါကလန်မှ သိုင်းပညာရှင်တိုင်း သရဲတစ္ဆေကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့် လာကြသည်။

“မကောင်းဆိုးဝါးတွေက စောင့်ကြပ်နေတာလား”

ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူ့မျက်လုံး၌ အေးစက်သော အလင်းတန်းများ လှစ်ခနဲ ဖျတ်ပြေးသွားသည်။

*ကြာပန်းကို အဖော်ပြု စောင့်ကြပ်နေတဲ့ မကောင်း ဆိုးဝါးလား*

*အဲ့ဒါကြီးက တကယ့် နတ်ဘုရားဖြစ်တဲ့ ထို့ပါဟိုင် တောင် ကြောက်စေတယ်*

*အဲ့ဒါက …*

ယဲ့ဖန်က ချက်ချင်း တက်ကြွလာပြီး ပြောလိုက် သည်။

“သွားကြစို့ ကျုပ်ကို အဲ့ဒီနေရာကို ခေါ်သွားပေး”

သူ့စကားကြောင့် ထို့ပါဟိုင်နှင့် အခြားသူများ စိတ်ပူ သွားကြသည်။ သူက နတ်ဆိုး ဧကရာဇ် ဖြစ် သော်လည်း လက်ရှိအချိန်၌ ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားသည် တကယ့် နတ်ဘုရားတစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။

သို့သော် ထိုကြောက်လန့်ဖွယ် ကောင်းသည့် မကောင်းဆိုးဝါးက တကယ့် နတ်ဘုရားကိုတောင်မှ စားပစ် လိုက်နိုင်သည်။

ထို့ပါဟိုင်က ယဲ့ဖန်ကို ထိုအတွေးအား စွန့်လွှတ် လိုက်ရန် ဖျောင်းဖျချင်သော်လည်း ယဲ့ဖန်၏ စိတ်လှုပ်ရှား နေသော အပြုံးကို မြင်လိုက်ရသဖြင့် သူသည် မတတ်သာတော့ဘဲ ယဲ့ဖန်အား ထို့ပါ ကလန် အနောက်ဘက်ရှိ တားမြစ်နယ်မြေသို့သာ လမ်းပြ လာခဲ့ရသည်။ သူ့နောက်မှ အခြားသူများ အားလုံး လိုက်ပါလာကြသည်။

…

ထို့ပါကလန် အနောက်ဘက်ရှိ တောင်ပေါ်တစ် နေရာ၌ ရှေးဟောင်းသစ်ပင်ကြီးများနှင့် ရှုပ်ယှက် ခတ် နေသော နွယ်ပင်များစွာ ရှိသည်။

ထိုနေရာသည် ထိတ်လန့်ဖွယ် ချီဓာတ်များ ထွက်ပေါ် နေသော ရှေးဦးတောအုပ်ဒေသ တစ်ခု ဖြစ်သည်။

ဝတ်ရုံတစ်ထည်အား ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်သည် ဆိုးယုတ်သော တောင်ဥမင် တစ်ခုရှေ့၌ သင့်တင့်လျောက်ပတ်စွာ ထိုင်နေသည်။

ဖွေးဆွတ်နေသော ဆံပင်နှင့် မုတ်ဆိတ်မွေးရှိသော ထိုအဘိုးအိုသည် နှစ်ရာပေါင်းများစွာ သင့်တင့် လျောက်ပတ်စွာ ထိုင်နေသော ရွှံ့ပန်းပု ရုပ်ထု တစ်ခုနှင့် ဆင်တူလှသည်။

သို့သော် သူသည် တကယ့် နတ်ဘုရား ဖြစ်သည်။ အပြင်လူများသာ သူ့ကို မြင်သွားပါက သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားလောက် သည်။

ဤကဲ့သို့ ခေါင်လှသော နေရာ၌ ကမ္ဘာတစ်ဝန်းမှ လူများအား ထိတ်လန့်သွားစေလောက်သည့် အဘိုးအို တစ်ယောက် ရှိနေမည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုစဉ် ထိုအဘိုးအိုက ခပ်သွက်သွက် ခြေသံ တစ်ချို့ကို ကြားလိုက်ရသဖြင့် ရုတ်တရက် မျက်စိဖွင့် လာသည်။

ထို့နောက် သူ့မျက်လုံးများက လင်းလက်လာသည်။ သို့သော် နီးကပ်လာသော လူတစ်စုကို မြင်လိုက် ရသဖြင့် သူ ချက်ချင်း မှင်တက်သွားသည်။

“ကလန်ခေါင်းဆောင် မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ”

မဟာအကြီးအကဲက ထို့ပါဟိုင်အား ဇဝေဇဝါဖြင့် မေးလာသည်။ သူ့အမေးကြောင့် ထို့ပါဟိုင်က ဝမ်းသာအားရ ဖြစ်နေသော မျက်နှာနှင့် ဖြေလိုက်သည်။

“မဟာအကြီးအကဲ ကျုပ် ခင်ဗျားကို လူတစ် ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”

ထို့နောက် ထို့ပါဟိုင်သည် ယဲ့ဖန်အား တလေး တစားနှင့် ညွှန်ပြ၍ ပြောလိုက်သည်။

“သူက နတ်ဆိုး ဧကရာဇ် အရှင်မင်းမြတ် ဖြစ်သလို ထို့ပါကလန် နှစ်တစ်သောင်းကျော်နီးပါး စောင့်နေခဲ့ ရတဲ့ လောကသခင်ပါ”

*ဘာ*

ထို့ပါဟိုင်၏ စကားကြောင့် မဟာအကြီးအကဲ တစ်ခဏမျှ မှင်တက်သွားရသည်။ ထို့နောက် သူ မျက်မှောင် ကြုတ်သွားရသည်။

“ကလန်ခေါင်းဆောင် ခင်ဗျား သေချာလို့လား။ ဒီကောင်လေးက ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ် နတ်ဆိုး ဧကရာဇ် ဖြစ်မှာလဲ၊ ကျုပ်တို့ လောကသခင်ဆို ပိုတောင် ဝေးသေးတယ်”

လောကသခင်သည် ထို့ပါကလန်အား စကြဝဠာအား သိမ်းပိုက်နိုင်အောင် ဦးဆောင်ပေးမည့် ပြိုင်ဘက် ကင်း ပုဂ္ဂိုလ်ပင်။

သူ၏ တိုက်ပွဲဝင်ခွန်အားက အလွန့်ကို ကြောက်မက် ဖွယ် ကောင်းလောက်မည်မှာ သေချာသည်။ သူက ဘယ်လိုလုပ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်နိုင်ပါ မည်နည်း။

မဟာအကြီးအကဲသည် မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်လို့ နေသည်။ မဟာအကြီးအကဲ၏ အပြောကြောင့် ထို့ပါဟိုင်က အောင့်သီးအောင့်သက် ပြုံးလိုက်မိသည်။

အစပိုင်းတါင် သူသည်လည်း ထိုအချက်ကို မယုံ ခဲ့ပေ၊ သို့သော်….

“ဥမင်ထဲက မကောင်းဆိုးဝါးက ရွှေရောင်အခွံနဲ့ ပိုးကောင်လား”

ယဲ့ဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

*ဟင်*

ယဲ့ဖန်၏ အအေးကြောင့် မဟာအကြီးအကဲ တစ်ဒင်္ဂမျှ အံ့အားသင့်သွားရသည်။ ထို့နောက် သူက ယဲ့ဖန်အား တွေဝေစွာဖြင့် မေးလိုက်သည်။

“မင်း ဘယ်လိုလုပ် သိနေတာလဲ”

ထိုစကားကြောင့် ယဲ့ဖန်က ပြုံးပျော်သွားကာ ပြန်ပြော လိုက်သည်။

“ကျုပ်ကို ဝင်ခွင့်ပေး။ ကျုပ် သူတို့အားလုံးကို သတ်နိုင်တယ်”

*ဘာရယ်*

ယဲ့ဖန်၏ စကားကြောင့် မဟာအကြီးအကဲ၊ ထို့ပါ ဟိုင်နှင့် ထို့ပါကလန်၏ အခြားကလန်သားများ အားလုံး အလွန် တွေဝေသွားကြသည်။

ထို့နောက် မဟာအကြီးအကဲက ယဲ့ဖန်အား စိုက် ကြည့်ရင်း လှောင်ရယ်လိုက်သည်။

“ကောင်စုတ်လေး၊ မင်း ကလန်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရအောင် မင်း ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လဲ ငါ မသိဘူး၊ အဲ့ရွှေပိုးကောင်တွေကို သွားမဆွဖို့တော့ မင်းကို ငါ အကြံပေးလိုက်မယ်။ အဟုတ်လို့ကတော့ မင်း ပုံဆိုးပန်းဆိုးနဲ့ သေသွား ရမယ်”

ထို့ပါဟိုင်တောင်မှ ယဲ့ဖန်အား နားချရန် ပြင်လာ သည်။

“လောကသခင်၊ ဒီရွှေပိုးကောင်တွေက အရမ်း ကြောက်ဖို့ ကောင်းတာကို ခင်ဗျားလည်း သိသင့် ပါတယ်။ သူတို့က ကျုပ်တို့ မဟာအကြီးအကဲ နှစ်ယောက် ကိုတောင် စားပြီးသွားပြီ”

“အဲ့ဒီရွှေပိုးကောင်တွေက ကျုပ်တို့ရဲ့ အိပ်မက်ဆိုးပါ”

*အိပ်မက်ဆိုးတဲ့လား*

သူ့စကားကြောင့် ယဲ့ဖန်က ပြုံးသွားရသည်။

ထို့ပါကလန်၏ အိပ်မက်ဆိုးသည် ဝိညာဉ်စား ပုရွက်ဆိတ် များ၏ နတ်သုဒ္ဓါပင်။ ထို့ပါကလန် ပြောနေသည့် ရွှေရောင်ပိုးကောင်ဆိုသည်မှာ မကောင်းဆိုးဝါးများထဲမှ ကြောက်မက်ဖွယ် အကောင်းဆုံး ပိုးကောင် အမျိုးအစားဖြစ်သည့် သတ္တုစား ရွှေပိုးကောင်ပင် ဖြစ်သည်။

သတ္တုစား ပိုးကောင်များ အထွတ်အထိပ်သို့ ရောက်ခဲ့စဉ်က သူတို့သည် နတ်ဘုရားများ၊ အင်မော် တယ်များ၊ နတ်ဆိုးများနှင့် တစ္ဆေများကိုတောင် ဖိနှိပ်နိုင်ခဲ့သည်။

သူတို့သည် စကြဝဠာထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူတို့သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် များ၏ သုတ်သင်ခြင်းကို ခံလိုက်ရသည်။

ထိုအချိန်မှစ၍ သတ္တုစား ရွှေပိုးကောင်များ သူတို့၏ ထင်ပေါ်ကျော်ကြားမှုများကို ဆုံးရှုံးခဲ့ရသည်။ အကယ်၍ ဥမင်ထဲမှ မကောင်းဆိုးဝါးများသည် တကယ့် သတ္တုစား ရွှေပိုးကောင်များသာ ဖြစ်ပါက သူတို့သည် ဝိညာဉ်စား ပုရွက်ဆိတ်များ လျင်မြန်စွာ ကြီးပြင်းလာအောင် လုပ်ပေးနိုင်မည် ဖြစ်သည်။

ထို့နောက် ယဲ့ဖန်က ပြုံး၍ နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ ကျုပ်မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်”

ယဲ့ဖန်က သိပ်ကို ဆန္ဒပြင်းထန်နေသည်ကို သတိထားမိပြီး ကလန်ခေါင်းဆောင် ထို့ပါဟိုင်က မတတ်သာဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။

ထို့နောက် မဟာအကြီးအကဲက အထင်သေးသလို ကြည့်ကာ ပြောလိုက်သည်။

“ကောင်စုတ်လေး၊ မင်းက ရဲရင့်ပါပေတယ်။ အကယ်၍ မင်းသာ အဲ့နေရာကနေ အသက် ရှင်လျက် ထွက်လာနိုင်မယ်ဆိုရင် မင်းက လောက သခင်ပဲလို့ ငါ ယုံလိုက်မယ်”

“မင်း ကျရှုံးသွားမှာကိုတော့ ငါ စိုးရိမ်မိသား”

ထိုသို့ပြောပြီး မဟာအကြီးအကဲက ယဲ့ဖန်အား သေလူဟုသာ မြင်ယောင်ရင်း ခေါင်းကို ခါယမ်း လိုက်သည်။

သို့သော် ယဲ့ဖန်က သူ့စကားကို ဂရုပင်မစိုက်ချေ။ ထို့နောက် သူက အမှောင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သူ ပျောက်ကွယ်သွားသည်။

…

တောင်ဥမင်သည် အလွန်တရာ မည်းမှောင်လို့နေ၏။ တောင်ဥမင်အလယ်၌ ရေကန်တစ်ကန် ရှိပြီး ကန်လယ်၌ အဖြူရောင် ကြာပန်းတစ်ပွင့် ပွင့်နေသည်။

ထိုကြာပန်းမှ အလွန်‌ မွှေးကြိုင်လှသော ရနံ့ကို ပေးစွမ်းနေသည်။ ထိုကြာပန်းသည် မှော်ဆေး ဘက်ဝင် ကြာပန်းပင်။

သို့သော် ယဲ့ဖန်သည် ကြာပန်အား မကြည့်ဘဲ ကန်အောက်ခြေမှ ရွှေရောင်ကျောက်တုံးများကိုသာ ကြည့်နေသည်။

“သူတို့ပဲ”

ယဲ့ဖန် ကျေနပ်သလို ပြုံးသွားသည်။ သူ ချက်ချင်း မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်သည်။

ဒုန်း!

မြေပြင်တစ်ခုလုံး တုန်ခါသွားရသည်။ ထို့နောက် ထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ပေါ်လာသည်။

ပန်းထွက်လာသော ရေများနှင့်အတူ လက်သီးဆုပ် အရွယ် ရွှေပိုးကောင်များက ကန်ထဲမှ တိုးထွက် လာသည်။

ထို့နောက် သူတို့သည် သူတို့၏ ထက်လှသော အစွယ်များနှင့် သွားများကို ဖော်ထုတ်လာသဖြင့် သူတို့၏ မျက်နှာများက ကြောက်မက်ဖွယ် ကောင်း လှသည်။

All Chapters