← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

Chapter 352 အင်ပါယာအဆင့် သားရဲ၏တိုက်ခိုက်မှု

ဂျွတ်! ဂျွတ်!

မျက်တောင်တစ်ခတ်အတွင်းမှာပင် များစွာသော ရွှေပိုးကောင်များက ယဲ့ဖန်အား တင်းကြပ်စွာ ဝိုင်းထား ကြသည်။

ပိုးကောင်များသည် သိပ်ကို ကြောက်ဖို့ ကောင်းလှသည်။ ပိုးကောင်တစ်ကောင်ချင်းစီက လူတစ်ယောက်၏ လက်သီးမျှ ကြီး၍ မထိုးဖောက် နိုင်သော ရွှေရောင် အခွံများ ရှိသည်။

သူတို့၏ အစွယ်များက သုံးစင်တီမီတာ ရှည်လျား သဖြင့် ကျောက်ခဲများကို အလွယ်တကူ တစ်စစီ ဖြစ်အောင် လုပ်ပစ်နိုင်သည်။

သူတို့၏ ချွန်ထက်သော လက်သည်းများက မှော်ဝင် ပစ္စည်းများနှင့် ယှဉ်နိုင်နေသည်။ တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော အပိုင်းသည်ကား ဆယ်စက္ကန့်ထဲနှင့် ရေကန်ထဲမှ ရွှေပိုးကောင် အကောင်တစ်ထောင် ထွက်လာခြင်း ဖြစ်သည်။

သူတို့ အတူတကွ စုစည်းလိုက်သောအခါ သူတို့သည် ရွှေရောင် အလင်းတန်းများကဲ့သို့ ဖြစ်နေပြီး မျက်စိကျိန်းလောက်သည်။

သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ် သည် တကယ့်နတ်ဘုရားများကိုတောင်မှ ကြောက် လန့် စေခဲ့သည်။

ယဲ့ဖန်၏ ခန့်မှန်းမှု မှန်ကန်ခဲ့သည်။ သူ လုံးဝ ကြောက်လန့် ပုံမရပေ၊ ထိုသို့ဖြစ်မည့်အစား အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ရေရွတ်လိုက်သည်။

“သူတို့က သတ္တုစား ရွှေပိုးကောင်ရဲ့ ပိုးလောင်း အဆင့်ပဲ၊ အကယ်၍ သူတို့သာ အရွယ်ရောက် လာမယ်ဆိုရင် နှစ်တစ်ရာအတွင်း တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တယ်”

“သနားစရာပဲ၊ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာဆို‌တော့ သူတို့ရဲ့ အနာဂတ်က အဆုံးသတ်သွားပြီ”

ထို့နောက် ယဲ့ဖန်က ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို လှုပ်လိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ် စုစုပေါင်း အကောင်ရေ ခြောက်ထောင်တို့သည် မြေကြီးပေါ်သို့ ဖြန့်ကြဲနေ၏။

ကျွိ! ကျွိ!

ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များ၏ ချီဓာတ်ကို အာရုံခံမိသည်နှင့် သူတို့အားလုံး ချက်ချင်း တက်ကြွလာကြသည်။

ထို့နောက် သူတို့သည် သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်၍ သူတို့ရှေ့မှ နတ်သုဒ္ဓါကို ဝါးစားရန် မစောင့်နိုင်သလို ဖြစ်နေကြသည်။

ရှဲရှဲ။

ထိုသို့သော အချိန်တွင် သတ္တုစား ရွှေပိုးကောင် များသည် သူတို့ သဘာဝရန်သူများ၏ တည်ရှိမှုကို အာရုံခံမိ သွားသဖြင့် မြန်နိုင်သမျှမြန်မြန် နောက်ဆုတ် သွားကြသည်။ ထို့အတူ သူတို့အားလုံး ကြောက်လန့်ကာ ကတုန်ကယင်ဖြစ်လာကြသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များကို ဖိနှိပ်ရန် မွေးဖွားလာကြခြင်း ဖြစ်၏။

ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်သည် လုံးဝကို သူတို့၏ အိပ်မက်ဆိုး ဖြစ်သည်။

“သွားကြ၊ သတ္တုစား ရွှေပိုးကောင်တွေရဲ့ အသွေး အသားတွေကို စားပြီး ကြီးထွားလာကြ”

ယဲ့ဖန်က ပြုံး၍ အမိန့်ပေးလိုက်သည်။ ထို့နောက် တွင်မူ ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များထံသို့ နိုင်လိုမင်းထက်ဆန်သော ဟန်ပန်နှင့် ပြေးဝင်သွားကြသည်။

ချွင်!

ထိတ်လန့်ဖွယ်ကောင်းသော မျိုးနွယ်စုနှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်မိကြတော့သည်။ စက္ကန့်ပိုင်းမျှ အကြာတွင် မယုံနိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။

သတ္တုစား ရွှေပိုးကောင်တစ်ကောင်သည် ၎င်း၏ ချွန်ထက်သော လက်သည်းနှင့် ပုရွက်ဆိတ် လေးအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သို့သော် ၎င်းက ပုရွက်ဆိတ်လေး၏ ကျောပေါ်၌ အဖြူရောင် အစင်းလေးသာ ဖြစ်စေခဲ့သည်။ ပုရွက်ဆိတ်လေးသည် သူ၏ ချွန်ထက်နေသော အစွယ်ကို ထုတ်ဖော်၍ ပိုးကောင်၏ အခွံကို ကိုက်ဖောက် လိုက်သည်။

ဂျွတ်!

အခွံသည် ချက်ချင်းကွဲအက်သွားသည်။ ထို့နောက် ပုရွက်ဆိတ်လေးသည် ထိုပိုးကောင်၏ အသွေး၊ အသားနှင့် အခွံတို့ကို ရူးသွပ်စွာ ဝါးမျိုလေ တော့သည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် ပိုးကောင်များ၏ အသွေး၊ အသားနှင့် အခွံများကို ဆက်၍ ဝါးမျိုနေ ကြသဖြင့် သူတို့၏ ရွှေရောင်သွေးများက မြေကြီး အနှံ့ လွင့်စဉ်နေသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူတို့၏ ရန်သူ များအား လျင်မြန်စွာ ဝါးမျိုနေကြသည်။

တစ်ကောင်၊ အကောင်တစ်ရာ၊ အကောင် တစ်ထောင်။

….

သတ္တုစားပိုးကောင်များ၏ အရေအတွက်က လျင်မြန်စွာ ကျဆင်းလို့လာသည်။ ကျန်ရှိနေသော သတ္တုစား ပိုးကောင်များ အလွန် ရူးမတတ် ဖြစ်သွား ကြ၏။

သူတို့ ရေထဲ၊ မြေကြီးထဲနှင့် ကျောက်တုံးကြားထဲသို့ အသည်းအသန် ပြေးပုန်းကြသည်။ သို့သော်လည်း သူတို့ သေရလိမ့်မည်ဟု ကံတရားက ကြိုတင် ပြဋ္ဌာန်း ထားပြီး ဖြစ်သည်။

သေဆုံးခြင်း၊ သေဆုံးခြင်း၊ သေဆုံးခြင်း။

သတ္တုစား ရွှေပိုးကောင်များအတွက် အကြီးမားဆုံး အိပ်မက်ဆိုးပင်။

သတ္တုစား ရွှေပိုးကောင်များ၏ အရေအတွက်သည် ရှစ်ထောင်မှ ခြောက်ထောင်၊ လေးထောင်၊ … တစ်စစ လျော့နည်းလို့လာ၏။

သတ္တုစား ရွှေပိုးကောင်ဘုရင်ကို ပုရွက်ဆိတ် လေးက ဆွဲဖြဲ၍ ဝါးစားလိုက်ပြီးနောက် ကျန်ရှိ နေသော ပိုးကောင်များအားလုံး ရှင်းလင်း သွားပြီး မြေကြီးပေါ်၌ ရွှေရောင်သွေးများက ထိတ်လန့်ဖွယ် ကျန်ရစ်နေခဲ့သည်။

“သူတို့တွေ ဆင့်ကဲပြောင်းလဲတော့မှာပဲ”

ယဲ့ဖန်က တက်ကြွနေသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။ ပုရွက်ဆိတ်လေးနှင့် ကျန် ပုရွက်ဆိတ် ခြောက်ထောင်တို့ မြေကြီးပေါ် လဲလျောင်း နေသည်ကို သူ သတိပြုမိသည်။

သူတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ကျယ်ပြန့် လာပြီး အတောင်များသည်လည်း စတင်၍ ကြီးထွားလာသည်။

တစ်စချင်းစီ ကြီးထွားလာကြသည်။

ပုရွက်ဆိတ်များ၏ ချီဓာတ်သည် ပို၍ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

…

အချိန်က တဖြည်းဖြည်း ကုန်လွန်လို့လာသည်။

တောင်ဥမင် အပြင်ဘက်မှ ထို့ပါကလန်သားများ ဂနာမငြိမ် ဖြစ်နေကြသည်။

“တစ်ရက်နဲ့ တစ်ညတောင် ကြာသွားပြီ။ လောက သခင် ဒုက္ခရောက်နေတာများလား”

ထို့ပါချင်းရှန်က စိုးရိမ်တကြီးနှင့် ပြောလာသည်။ သူ တစ်ချိန်က ယဲ့ဖန်အား မုန်းတီးခဲ့သည်။ သို့သော် ပြိုင်ဘက်က သူတို့၏ လောကသခင် ဖြစ်နေသည်ကို သူ သိလိုက်ရပြီးနောက် သူသည် သူ၏ မုန်းတီးမှုအားလုံးကို မေ့လျော့သွားပြီး ယဲ့ဖန်ကို အလွန်လေးစားလာသည်။

“မဟုတ်ဘူး၊ သူက နတ်ဆိုး ဧကရာဇ်က၊ သူက လောကသခင်။ သူ ဘယ်လိုနည်းနဲ့မှ ဒုက္ခရောက်မှာ မဟုတ်ဘူး”

ထို့ပါယွင်သည် စိုးရိမ်နေသော်လည်း ယတိပြတ် ပြန်ပြောလိုက်သည်။ ထို့ပါကလန်သား တစ်ယောက် ချင်းစီတို့သည် မိနစ်တိုင်း၌ ပို၍ စိုးရိမ်၊ ဝမ်းနည်း လာကြသည်။

ထို့ပါကလန်၏ မဟာအကြီးအကဲက အထင်သေးစွာ ပြောလိုက်သည်။

“ကလန်ခေါင်းဆောင်၊ အဲ့ကောင်စုတ်လေး တကယ် ပြန်လာလိမ့်မယ်လို့ ခင်ဗျား ထင်လား”

“အဲ့ပိုးကောင်တွေက အရမ်း ကြောက်ဖို့ ကောင်းတယ်။ တကယ့် နတ်ဘုရားတွေတောင်မှ အထဲ ရောက်ရင် သေသွားကြတာ၊ ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့်ဆို ပြောနေစရာတောင် မလိုဘူး”

“ငါတို့ သူ့ကို ထပ်စောင့်မနေသင့်ဘူးလို့ ငါ အကြံပေး ချင်တယ်။ သူ အစားခံနေရလောက်ပြီးပြီ”

မဟာအကြီးအကဲ၏ စကားကို ကြားပြီး ထို့ပါဟိုင်နှင့် အခြားသူများ ခါးခါးသီးသီး ဖြစ်သွား ကြသည်။ သူတို့၏ လောကသခင်ကို စောင့်နေ သည်မှာ နှစ်တစ်သောင်းတောင် ရှိပြီ ဖြစ်သည်။ သူတို့၏ လောကသခင်က ပေါ်လာပြီး ဘယ် လောက်မှ မကြာသောအချိန်၌ ကျဆုံးသွား နိုင်ပါမည်နည်း။

စောင့်မည်။ သူတို့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု လိုအပ် သည်။

တစ်နာရီ၊ နှစ်နာရီ။

နောက်ထပ် နေ့တာနှင့် ညတာတို့ ကုန်လွန်သွား၏။

ယဲ့ဖန် တောင်ဥမင်ထဲ ရောက်နေတာ နှစ်ရက်နှင့် နှစ်ည ရှိပြီ ဖြစ်သည်။ သို့သော် ကလန်သားများသည် ယဲ့ဖန်၏ အခြေအနေကို သတိမထားမိကြပေ။

*သူ သေသွားတာပဲ ဖြစ်မယ်*

ထို့ပါကလန်သားများ အလွန် စိတ်ပျက် သွားကြသည်။ ထို့ပါယွင်ကတောင်မှ ယဲ့ဖန်ကို သံသယ ဝင်လာသည်။

ထိုစဉ် ကောင်းကင်ပေါ်မှ ကျယ်လောင်သော မာန်ဖီသံ တစ်သံကို သူတို့ ကြားလိုက်ရသည်။ ထို့ပါကလန်သားများ ပစ်လဲကျသွားကာ နားများနှင့် နှာခေါင်းများမှ သွေးများ စီးကျလာ၏။

စက္ကန့်ပိုင်းအတွင်း သူတို့ ပြင်းထန်စွာ ဒဏ်ရာရ သွားကြသည်။ ဤသည်ကို ကြည့်ပြီး အခြားသူများ ကြောက်လန့်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် ဇီးကွက် တစ်ကောင်က ကောင်းကင် ပေါ်မှ မြေကြီးထံသို့ ထိုးဆင်းလာသည်ကို သူတို့ မြင်လိုက်ရသည်။

“မဖြစ်ဘူး၊ အဲ့ဒါ ဧကရာဇ်အဆင့် သားရဲကောင် ကင်းကောင် မှော်ဇီးကွက်ပဲ”

မဟာအကြီးအကဲ၏ မျက်နှာက ချက်ချင်း ပြာနှမ်းလာသည်။

“အဲ့အရာက ရှန်းနုန်ကျား တောအုပ် အတွင်းထဲက အလွန် ဆန်းကြယ်တဲ့ သက်ရှိပဲ”

သို့သော် သားရဲများသည် ပုံမှန်အားဖြင့် တစ်ကိုယ်ရေ ကျင့်ကြံ၍ ထို့ပါကလန်သားများအား တိုက်ခိုက်ခဲလှသည်။

ကင်းကောင် မှော်ဇီးကွက်က တိုက်ခိုက်လာမည်ဟု မဟာအကြီးအကဲ လုံးဝ ထင်မထားခဲ့မိပါ။

“သေစမ်း၊ ကြာပန်းက ပွင့်လာပြီ။ အဲ့ဒါရဲ့ရနံ့က ကင်းကောင် မှော်ဇီးကွက်ကို ဆွဲဆောင် နေတာပါလား”

လေထဲမှ ဆေးဖက်ဝင်ရနံ့ကို ရှူရှိုက်မိပြီးနောက် ထို့ပါဟိုင်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။

မှော်ဆေးဘက်ဝင်အပင်၏ ရနံ့သည် ဧကရာဇ်အဆင့် သားရဲများကို အလွန် ဆွဲဆောင်နိုင်သည်။ သို့သော် ကြာပန်းက သည်လောက် မြန်မြန် ပွင့်လာလိမ့်မည်ဟု သူတို့ ထင်မထား ခဲ့မိကြပေ။

ထိုစဉ် ကင်းကောင်မှော်ဇီးကွက်က ပြင်းထန်သော လေလှိုင်း ဖြစ်ပေါ်လာအောင် ရိုက်ခတ်လိုက်ပြီး သူ၏ လက်သည်းများက လေထုအား ထိုးခွင်း လာသည်။

ထိုလက်သည်းများက မြေကြီးပေါ်ရှိ ကလန်သား များထံသို့ ဦးတည်လာသည်။

“ဝေးဝေး ရှောင်ကြဟေ့”

ဤသည်ကို ကြည့်ပြီး မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ ဒေါသထွက်လာကြသည်။ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်က တစ်ပြိုင်တည်း ခုန်လွှား၍ ဇီးကွက်၏ ချွန်ထက်သော လက်သည်း များအား ထိုးနှက်လိုက်ကြသည်။

ဝုန်း!

တကယ့် နတ်ဘုရား နှစ်ယောက် ချက်ချင်း သွေးအန် လာကြသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။

ဧကရာဇ်အဆင့် သားရဲက သည်လောက် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် လုပ်ဆောင် နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိခဲ့ကြပါ။

တစ်ချက်တည်းနှင့် တကယ့် နတ်ဘုရားနှစ်ယောက် ရှုံးနိမ့်သွားသည်။ ထိုသို့ရှိနေစဉ်တွင် ထို့ပါယွင်က စိုးရိမ်တကြီး သတိပေး အော်ဟစ်လာသည်။

ကင်းကောင် မှော်ဇီးကွက်က လက်သည်းများကို ထုတ်ဖော်၍ တကယ့်နတ်ဘုရား နှစ်ယောက်ထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်ကို သူ မြင်လိုက် ရသည်။

*ငါတို့တော့ သေပြီပဲ*

ထိုစဉ် မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ အလွန် ကြောက်လန့် သွားကြသည်။ မကောင်းဆိုးဝါး များသည် လူသားများထက် မွေးကတည်းက ပို၍ သန်မာကြသည်။ အထူးသဖြင့် ကောင်းကင်၌ ကျက်စားနေသည့် ဧကရာဇ်အဆင့် သားရဲများက ပိုသန်မာကြသည်။

ယခုလိုအချိန်၌ မဟာအကြီးအကဲနှင့် ထို့ပါဟိုင် တို့သည် သူတို့၏ သေခြင်းတရားက သေချာနေပြီဟု ယုံကြည်လိုက်မိကြသည်။

သို့သော် ခဏအကြာတွင် မည်းနက်သော အလင်း တန်း များက တောင်ဥမင်ထဲမှ လေတိုးသံ နှင့်အတူ လှစ်ခနဲ ပြေးထွက်လာကြသည်။

Chapter 353 မင်းတို့ အဆင်ပြေရဲ့လား

ဝုန်း!

ကင်းကောင်မှော်ဇီးကွက်က မြေကြီးပေါ်သို့ ထိုးစိုက် လာသည်နှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက မြေကြီးအား အတွင်းဘက်သို့ ကျွံ၍ ပြိုဆင်းသွားစေသည်။

မြေကြီးပေါ်က လူများ မည်သို့မျှ မလှုပ်နိုင်တော့ပေ။ ကြီးမားလှသော ဖိအားအောက်၌ သူတို့သည် မြေကြီးပေါ်၌ မလှုပ်မယှက် နေနေရန် ဖိအားပေး ခံထားရပြီး သူတို့၏ သေခြင်းကို စောင့်မျှော် နေရသည်။

စိုးရိမ်ကြောင့်ကြလို့နေ၏။ ယခုအချိန်တွင် သူတို့ အားလုံး လုံးဝကို စိုးရိမ်ကြောင့်ကြ လို့နေကြသည်။

ဧကရာဇ်အဆင့် ငှက်များ၏ ခွန်အားသည် လူသား တကယ့် နတ်ဘုရားအဆင့်များအား နိုင်လိုမင်း ထက်ဆန်သော အမူအရာဖြင့် ဖိနှိပ်နိုင်သည်။

မီတာ တစ်ရာ၊ မီတာ ငါးဆယ်၊ မီတာ နှစ်ဆယ်။

ကင်းကောင်မှော်ဇီးကွက်သည် သူတို့၏ ဦးခေါင်း နားသို့ ရောက်ရှိလို့လာသည်။ ထို့နောက် ၎င်းသည် ၎င်း၏ ချွန်ထက်နေသော လက်သည်း များကို ထုတ်ဖော်၍ တကယ့်နတ်ဘုရား နှစ်ယောက်ထံသို့ ကပ်လာသည်။

ပြင်းထန်လှသော လေတိုးသံကြောင့် တကယ့် နတ်ဘုရား နှစ်ယောက်၏ မျက်နှာများက စပ်ဖျဉ်းဖျဉ်း ဖြစ်ကာ နီမြန်းလာသည်။

သူတို့ကိုယ်သူတို့ သေတော့မည်ဟု ယုံကြည်လိုက် ကြချိန်တွင် နောက်ထပ် လေတိုးသံတစ်ခုကို သူတို့ ထပ်ကြားလိုက်ရပြီး များစွာသော ပုရွက်ဆိတ် များက တောင်ဥမင်ထဲမှ ပြေးထွက်လာကြသည်။

ပုရွက်ဆိတ်များသည် သစ်ကြားသီး အရွယ်လောက် ကြီးမားသည်။ သူတို့အားလုံးသည် မည်းနက်လို့ နေ၏။

မာကျောသော တောင်ပံများက သူတို့၏ နံရိုးများကို ဖုံးအုပ်ပေးထားပြီး သူတို့သည် လျင်မြန်စွာ ပျံသန်းနိုင် သည်။

ကင်းကောင်မှော်ဇီးကွက်၏ ချွန်ထက်သော လက်သည်းများက တကယ့် နတ်ဘုရား နှစ်ယောက်ထံသို့ နီးကပ်လာစဉ်တွင် များစွာသော ပုရွက်ဆိတ်များက ဇီးကွက်ကို ချက်ချင်း ဝါးမျိုကြ တော့သည်။

ဂျွတ်! ဂျွတ်!

ထိတ်လန့်ဖွယ်ကောင်းသော ဝါးစားသံများကြောင့် တကယ့် နတ်ဘုရား နှစ်ယောက် လုံးဝ နားဝေ တိမ်တောင် ဖြစ်နေကြသည်။

သူတို့ မျက်စိရှေ့တည့်တည့်၌ ထိတ်လန့်ဖွယ် ကောင်းသော ပုရွက်ဆိတ်များက သူတို့၏ ချွန်ထက် သော လက်သည်းများနှင့် အစွယ်များကို အသုံးပြု၍ ကင်းကောင်မှော်ဇီးကွက်အား တစ်စစီ ဆွဲဖြဲနေ သည်ကို သူတို့ မြင်လိုက်ရသည်။

ဧကရာဇ်အဆင့် သားရဲ၏ နီရဲနေသော သွေးများက ပန်းထွက်လာပြီး တကယ့် နတ်ဘုရားနှစ်ယောက်၏ မျက်နှာသို့ စင်သွားသည်။

ပူနွေးသည်။ သွေးပျက်ဖွယ်ကောင်းသည်။

“သူ…သူတို့က ပုရွက်ဆိတ်တွေပဲ”

မဟာအကြီးအကဲ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

တိုက်ခိုက်ခံရသဖြင့် ကင်းကောင်မှော်ဇီးကွက်သည် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်။ ၎င်းသည် ချက်ချင်း ဆိုသလို တကယ့် နတ်ဘုရား နှစ် ယောက်ကို ထားပစ်ခဲ့၍ တောင်ပံကို တဖျပ်ဖျပ် ခပ်ကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

သို့သော် ၎င်း၏ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။

ကျွိ! ကျွိ!

ကင်းကောင်မှော်ဇီးကွက်သည် ပျံသန်းလာသော ပုရွက်ဆိတ်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ၎င်း၏ တောင်ပံများအား ပုရွက်ဆိတ်များ၏ သွားများကြောင့် ပြတ်ထွက်လာသည်။

သူ၏ သွေးသံတရဲရဲနှင့် အရေပြားမှာ ဝါးစားခံ နေရသည်။ စူးရှလှသော နာကျင်မှုကြောင့် ၎င်းသည် တုန်ယင်ကာ သံကုန်အော်ဟစ်တော့သည်။

ထို့ပြင် ဤသည် ပုရွက်ဆိတ်များအား တတ်နိုင်သမျှ အစွမ်းကုန် ခါထုတ်နေသည်။ သို့သော် ပုရွက်ဆိတ် များ ခါကျခံလိုက်ရသည်နှင့်‌ နောက်ထပ် ပုရွက်ဆိတ် များက သူ့ထံသို့ ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ပြေးဝင် လာကြသည်။

ရူးချင်စရာကောင်းလှ၏။ သွေးပျက်ဖွယ် ကောင်းလှသည်။

သူတို့သည် လျှပ်စီးတမျှ လျင်မြန်လျသည်။ ထို့ကြောင့် ကင်းကောင်မှော်ဇီးကွက် ကြံရာမရ ဖြစ်နေသည်။ ၎င်းသည် ၎င်း၏ ရန်သူများအား မနိုင်ပေ။ ၎င်းသည် ရန်သူအား မခါချနိုင်ခဲ့။ ရန်သူများ၏ လက်ထဲမှ လွတ်မြောက်အောင် တောင်မှ မစွမ်းဆောင်နိုင်ပေ။

တိုက်ပွဲ ဆက်ဖြစ်နေသည်နှင့်အမျှ ၎င်းသည် သွေးနှင့် အသားများကို ပိုပို၍ ဆုံးရှုံးလာသည်။ ကင်းကောင် မှော်ဇီးကွက်သည် ၎င်း၏ အသက် အတွက် စိုးရိမ်ကြောင့်ကြလာသည်။

ထိုသို့သော အချိန်တွင် ဧကရာဇ်အဆင့် သားရဲနှင့် ထို့ပါ ကလန်သားများ အလွန် စဉ်းစားရ ကျပ်နေကြ၏။

“အိုး … ဝိုး … အဲ့ … အဲ့ဒါက ဘယ်လို ပုရွက်ဆိတ်မျိုးတွေလဲ။ သူတို့က ဘယ်လိုလုပ် ဧကရာဇ်အဆင့် သားရဲကို တစ်စစီဖြစ်အောင် ဝါးစားနိုင်ရတာလဲ”

“သားရဲဧကရာဇ်အဆင့်ရဲ့ အသားက မှော်ဝင်ပစ္စည်း တောင် မထိုးဖောက်နိုင်ဘူးလေ။ ဒီပုရွက်ဆိတ် တွေရဲ့ လက်သည်းတွေက ဘယ်လိုလုပ် မှော်ဝင် ပစ္စည်းထက် ပိုထက်နေရတာလဲ”

“အံ့ဩစရာပဲ၊ သူတို့က ငါမြင်ဖူးသမျှထဲမှာ အရက် စက်ဆုံး ပုရွက်ဆိတ်တွေပဲ၊ တော်တော် ကြောက်ဖို့ ကောင်းတယ်”

“….”

ထို့ပါယွင်၊ ထို့ပါချင်းရှန်နှင့် ထို့ပါကလန်မှ အခြား လူငယ်များ အကြီးအကျယ် ထိတ်လန့် သွားကြ သည်။ သားရဲဧကရာဇ်တစ်ကောင်က ဆိုးဆိုးရွားရွား ပုံစံနှင့် ဆွဲဖြဲခံနေရခြင်းကို သူတို့ ယခုမှ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ လိပ်ပြာလွင့် မတတ် ထိတ်လန့်လာကြသည်။

“မဟာအကြီးအကဲ၊ အဲ့ဒီပုရွက်ဆိတ်တွေက ရွှေပိုး ကောင်တွေထက် ပိုကြမ်းကြုတ်ပုံ ရတယ် ထင်တယ်”

ထို့ပါဟိုင်က မျက်ခုံးတလှုပ်လှုပ်နှင့် ထိတ်လန့် တကြား ပြောလိုက်သည်။ သို့သော် မဟာအကြီး အကဲထံမှ မည်သည့် စကားမှ ပြန်မရပေ။

ထို့ကြောင့် သူသည် တွေဝေကာ မဟာအကြီး အကဲအား စိုက်ကြည့်နေမိသည်။ ထိုအခါမှသာ မဟာအကြီး အကဲက ရွှံ့စေးပန်းပုထုကဲ့သို့ တောင့်တောင့်ကြီး ရပ်နေသည်ကို သူ သတိပြု လိုက်မိသည်။

မဟာအကြီးအကဲသည် ကောင်းကင်မှ ပုရွက်ဆိတ် များအား ထိတ်လန့်တကြား ငေးကြည့်နေသည်။

“မဟာအကြီးအကဲ ခင်ဗျား ဘာဖြစ်လို့လဲ”

ထို့ပါဟိုင်က မယုံသင်္ကာဖြင့် မေးလိုက်မိသည်။ ထို့ပါဟိုင်၏ အမေးကြောင့် မဟာအကြီးအကဲက ချက်ချင်း ပြောလာသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ သူ … သူတို့က ဝိညာဉ်စား ပုရွက်ဆိတ်တွေ”

မဟာအကြီးအကဲက သရဲသဘက်အား မြင်တွေ့ လိုက် ရသကဲ့သို့ ကြောက်လန့်တကြား ပြောလာ သည်။ သူ့စကားကြောင့် ထို့ပါဟိုင်နှင့် အခြားကလန် သားများအားလုံး ချက်ချင်း တွေဝေသွားကြရသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည့် တကယ့် နတ်ဘုရား တစ်ပါးက သည်လောက် ကြောက်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပေ။

မယုံနိုင်စရာကောင်းလှသည်။ သို့သော် ယခု အချိန်တွင် မဟာအကြီးအကဲက သူတို့၏ တုံ့ပြန်မှု ကို အရေးမလုပ်ပေ။

ထိုအစား သူက ကြောက်လန့်နေသော မျက်နှာနှင့် ရေရွတ်နေသည်။

“ငါတို့ဘိုးဘေး ထားခဲ့တဲ့ ရှေးဟောင်းစာအုပ်ထဲမှာ ကြောက်ဖို့ကောင်းတဲ့ သက်ရှိတစ်မျိုးကို ဖော်ပြ ထားတယ်”

“သူတို့က စကြဝဠာတစ်ခုလုံးရဲ့ ဘေးဒုက္ခပဲ။ သူတို့က နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်း ဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေ အပါအဝင် ဘယ်လိုအရာမျိုးကိုမဆို စားပစ်၊ သတ်ပစ် နိုင်တယ်”

“သူတို့က စကြဝဠာကြီးရဲ့ ပျက်စီးခြင်း ဖြစ်သလို နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်း ဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေရဲ့ သတိပေး ခေါင်းလောင်းသံလိုပဲ”

“သူတို့ကို ဝိညာဉ်စား ပုရွက်ဆိတ်တွေလို့ သိထား ကြတယ်”

ဝုန်း!

မဟာအကြီးအကဲ၏ စကားများကို ကြားပြီး အခြားသူများအားလုံး တွေဝေသွားကြသည်။

*အရာအားလုံးကို စားနိုင်တယ်လား*

*ဘယ်လိုအရာကိုမဆို သတ်နို်ငတာလား*

*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*

အခြားသူများ ထိတ်လန့်နေကြစဉ်တွင် သူတို့သည် ကောင်းကင်ပေါ်မှ စူးရှလှသည့် အော်သံကို ကြားလိုက်ရသည်။

သူတို့ မော့ကြည်လိုက်စဉ်မှာပင် သွေးများက မိုးကဲ့သို့ ရွာကျလာသည်။ ကင်းကောင် မှော်ဇီးကွက်သည် ဆိုးရွားလှသည့် အခြေအနေ ထဲသို့ ကျရောက်နေ၏။

၎င်း၏ တောင်ပံတစ်ဘက် အစားခံထားရသည်။ ၎င်း၏ ခန္ဓာကိုယ်၌ အလွန် ဆိုးရွားလှသော ဒဏ်ရာ များနှင့် ပြည့်နှက်နေသည်။

၎င်းသည် လေထဲ၌ တုန်ယင်လို့နေသည်။ သို့သော် ၎င်း၏နာကျင်မှုကား အစသာရှိသေးသည်။

ထို့နောက် ၎င်း၏ဝမ်းဗိုက်၌ သွေးထွက်သံယို အပေါက် တစ်ပေါက် ဖြစ်ပေါ်လာပြီး များစွာသော ပုရွက်ဆိတ်များက ၎င်း၏ သွေးသံတရဲရဲ ဖြစ်နေသော အသားထဲသို့ ချက်ချင်း တိုးဝင် သွားကြသည်။

ကိုက်ဖြတ်သံတို့နှင့်အတူ ၎င်း၏ ခန္ဓာကိုယ်အား ပုရွက်ဆိတ်များက အတွင်းဘက်ရော အပြင်ဘက် မှပါ ဝါးစားလာကြသည်။ ထို့ကြောင့် ဧကရာဇ် အဆင့် သားရဲသည် အလွန် ချောက်ချားနေသည်။

၎င်းသည် ထွက်ပြေးချင်နေသော်လည်း လုံးဝ အခွင့်အရေး မရပေ။ ၎င်းသည် ၎င်း၏ ခန္ဓာကိုယ် အား မျက်စိရှေ့၌ အစားခံနေရသည်ကိုသာ ကြည့်နေရ တော့သည်။

မကြာခင်မှာပင် ၎င်း၏ နောက်တောင်ပံတစ်ဘက် ဝါးမျိုခံ လိုက်ရသည်။

ဂျွတ်!

အဆုံးတွင်မူ ကင်းကော်မှော်ဇီးကွက်၏ ခန္ဓာကိုယ် သည် တစ်စစီ ကိုက်ဖြတ်ခံလိုက်ရပြီး သွေးသံ တရဲရဲနှင့် အသားစများအဖြစ် ပြောင်းလဲ သွားသည်။

ပျံသန်းလာသော နောက်ထပ် ပုရွက်ဆိတ်အုံ တစ်အုံက ထိုသွေးသံတရဲရဲနှင့် အသားစများ နောက်သို့ လိုက်နေကြသည်။

ဧကရာဇ်အဆင့် သားရဲ၏ သွေးများက မိုးကဲ့သို့ ကျဆင်းလာသဖြင့် ထို့ပါကလန်သားများ၏ မျက်နှာ ပေါ်သို့ ထိုသွေးများက စီးကျလာသည်။

သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး သူတို့သည် ထိတ်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်လို့ နေသည်။

“အဲ့ဒါ သေသွားပြီလား။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ဧကရာဇ်အဆင့် သားရဲက ပုရွက်ဆိတ် တွေကြောင့် ဝါးစားခံရပြီး တစ်စစီ ဖြစ်သွား တာလား။ ဒါက …”

ထို့ပါယွင် လုံးဝကို မှင်တက်လို့နေသည်။ သူ မျက်ဝါး ထင်ထင် မြင်ဖူးသမျှထဲတွင် သွေးပျက်ဖွယ် အကောင်းဆုံး မြင်ကွင်းပင်။

သို့သော် တိုက်ပွဲကား မပြီးသေးပေ။ ကင်းကောင် မှော်ဇီးကွက်၏ ဦးခေါင်း ဝါးမျိုးခံလိုက်ရပြီးနောက် ၎င်း၏ ဧကရာဇ်အဆင့် သားရဲအမြုတေက ကောင်းကင်မှ ပြုတ်ကျလာသည်။

လေတိုးသံနှင့်အတူ ထိုအရာသည် ဥက္ကာပျံကဲ့သို့ ပြုတ်ကျလာသည်။ ထိုအရာက မြေကြီးနှင့် နီးကပ် လာစဉ်တွင် လက်ဖဝါးတစ်ဘက်က ရုတ်တရက် ထိုအရာကို ဖမ်းဆုပ်လိုက်သည်။

ထိုလက်ပိုင်ရှင်ကား ယဲ့ဖန်ပင်။

ထို့နောက် ယဲ့ဖန်သည် ဧကရာဇ်အဆင့် သားရဲ အမြုတေကို ပါးစပ်ထဲ ကောက်ထည့်၍ ဝါးစား လေတော့သည်။

ကျွိ! ကျွိ!

သားရဲအမြုတေက တစ်စစီဖြစ်ကာ သူ့အစာအိမ်ထဲ ရောက်သွားသည်။ ဝါးစားပြီးနောက် အခြားသူ များ၏ အံ့ဩနေသော အကြည့်များအောက်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များက ယဲ့ဖန်ကို ဖုံးလွှမ်း သွားကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပုရွက်ဆိတ်များက သံချပ်ကာအသွင် ပြောင်းသွားသည်။ ထိတ်လန့် ခြောက်ခြားဖွယ် ကောင်းလှ၏။

ထို့နောက် ယဲ့ဖန်သည် တအံ့တဩနှင့် ကြည့်နေ ကြသော ထို့ပါကလန်သားများအား ပြုံး၍ မေးလိုက်သည်။

“မင်းတို့ အဆင်ပြေရဲ့လား

Chapter 354 ငါ မင်းတို့ကလန်ကို သုတ်သင်ပစ်မယ်

*မင်းတို့ အဆင်ပြေရဲ့လား*

ထိုကဲ့သို့သော တုန်လှုပ်ချောက်ချားဖွယ် မေးခွန်းမျိုး ယဲ့ဖန် မေးလိုက်သဖြင့် ထို့ပါကလန်သားများ ကြောက်လန့်ကာ ငူငိုင်ငိုင်ကြီး ဖြစ်သွားရသည်။

သူတို့သည် ကျိုးပဲ့နေသော ဧကရာဇ်အဆင့် မကောင်းဆိုးဝါး၏ အမြုတေနှင့် နက်မှောင်နေသော ပုရွက်ဆိတ် သံချပ်ကာကိုသာ နားဝေတိမ်တောင်နှင့် ဆက်၍ ငေးကြည့်နေမိကြသည်။

*သူ … သူက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးရဲ့ အမြုတေကို စားနေတာလား*

*ဝိညာဉ်စား ပုရွက်ဆိတ်က သူ့အိမ်မွေး တိရစ္ဆာန်လား*

*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*

ထို့ပါကလန်သားများအားလုံး သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ တအံ့တဩနှင့် ငေးကြည့် နေကြသည်။ မဟာအကြီးအကဲ၏ မျက်လုံးများက ပြူးကျယ်လို့နေ၏။

“မဖြစ်နိုင်ဘူး … ဘယ်လိုလုပ် သူက ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ သခင်ဖြစ်နေရတာလဲ”

“သူက တကယ်ပဲ နတ်ဆိုးဧကရာဇ် ဖြစ်ပြီးတော့ တကယ်ကို လောကသခင်ပဲလား”

မဟာအကြီးအကဲသည် စကားလုံးများကို မယုံသော် လည်း သူ့မျက်လုံးနှင့် မြင်နေရသည် များကိုတော့ ယုံကြည်ရမည် ဖြစ်သည်။

ထို့ပါဟိုင်နှင့် မဟာအကြီးအကဲတို့ ဦးဆောင်သော ထို့ပါကလန်သားများ အားလုံးက ရှေ့သို့ လှမ်းလာ ကြသည်။ ထို့နောက် ဒုန်းခနဲ အသံနှင့်အတူ ဒူးတစ်ဘက် ထောက်ကာ ရင်ဘတ်ပေါ် လက်တ င်လိုက်ကြသည်။

“လောကသခင် ထို့ပါကလန်တစ်ခုလုံးကို ကယ်တင် ခဲ့ တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“နတ်ဆိုးဧကရာဇ်က ဘုန်းတန်ခိုးနဲ့ ပြည့်စုံပါ ပေတယ်။ ထို့ပါကလန်က အရှင်မင်းမြတ်ဆီမှာ သေတဲ့အထိ လိုက်လံ အမှုထမ်းပါ့မယ်”

သူတို့၏ စကားသံများက ကမ္ဘာတုန်လောက်သည်။ ထို့ပါကလန်သားတိုင်းက ယဲ့ဖန်ကို အလွန် လေးစားနေ ကြသည်။ ယခုအချိန်မှစ၍ ယဲ့ဖန်သည် သူတို့၏ နတ်ဘုရား ဖြစ်လာလေတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။

“သွားကြစို့၊ ငါတို့ လုပ်စရာ တစ်ခုခုရှိတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့မှလျှောက်လာပြီး ထို့ပါ ကလန်သားများ အားလုံးက နောက်မှ လိုက်ပါ လာသည်။

….

လျှို့ဝှက်ခန်းထဲ၌ ထို့ပါယွင်သည် ခုတင်ပေါ်၌ ထိုင်နေသည်။ သူသည် ယခု ထို့ပါကလန်၏ ခေါင်းဆောင်ငယ် ဖြစ်ပြီး ဘိုးဘေး၏ လျှို့ဝှက် သိုင်းကျမ်းကို ရရှိတော့မည် ဖြစ်သည်။

“ယွင်အာ မင်း အဆင်သင့် ဖြစ်ပြီလား”

ထို့ပါဟိုင်က ထို့ပါယွင်အား တလက်လက် တောက် နေသော မျက်လုံးများဖြင့် မေးလိုက်သည်။ ထို့ပါယွင် ခေါင်းညိတ်ပြလိုက်မှ ထို့ပါဟိုင်က မဟာ အကြီးအကဲအား လှမ်းကြည့်လိုက်သည်။ ထို့နောက် နတ်ဘုရားအဆင့် နှစ်ယောက်က သူတို့လက်များကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် လေထဲ၌ ထူးဆန်းသော မှော်စာလုံးများ ပေါ်လာပြီး ရုတ်တရက် အပေါ်သို့ ထိုးတက်သွားသည်။

လျှို့ဝှက်ခန်းထဲရှိ ထို့ပါယွင်၏ ခေါင်းထက်၌ ကြီးမားသော အဖြူရောင် အလုံးတစ်လုံး ပေါ်လာ သည်။ ကြီးမားသော အဖြူရောင် အလုံးထဲ၌ ထိတ်လန့်ဖွယ်ကောင်းသော အဆုံးမရှိသည့် အင်အား တစ်မျိုးက တိုးပွားလို့နေသည်။

မှော်စာလုံးများက ထိုအလင်းလုံးကို ထိတွေ့သွား သည့်အခါတွင် ထိုအလင်းလုံးလေးမှ တောက်ပ သော အလင်းရောင်ခြည်များ ဖြာထွက် လာ၏။

စွမ်းအင်လှိုင်းများက အောက်သို့ စီးဆင်းလာပြီး ချက်ချင်းဆိုသလို ထို့ပါယွင်အား ဖုံးလွှမ်းသွားသည်။ ရူးသွပ်စေလောက်သော စွမ်းအင်များသည် ထို့ပါယွင်၏ ခန္ဓာကိုယ်ထဲသို့ ပင်လယ်ရေသဖွယ် စီးဝင် သွားသည်။

“အား”

ထို့ပါယွင်သည် သူ၏ ဆဲလ်များ ပြိုကွဲ၍ ပြန်လည် ပေါင်းစပ်လာသလို ခံစားမိသည်။ ဤဖြစ်စဉ်ကြောင့် သူနာကျင်စွာ အော်ဟစ်မိသည်။

ထို့ပါယွင်၏ ခန္ဓာကိုယ်သည် ခံနိုင်ရည်အဆုံးထိ ရောက်ရှိသွားပြီး အက်ကွဲလာသည်။ ထိုအက်ရာ များမှ သွေးများ စီးကျလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် သွေးအလိမ်းလိမ်း ဖြစ်လို့ လာသည်။

ထို့အပြင် သူ၏ အရိုးများ အက်ကွဲလာသည်။

ဂျွတ်! ဂျွတ်!

သူ၏ အရိုးများသည် ထင်းချောင်းကဲ့သို့ ကျိုးကြေ ကုန်သဖြင့် ထို့ပါယွင် ဆက်တိုက်ဆိုသလို ကတုန် ကယင် ဖြစ်လာသည်။

“မဖြစ်ဘူး၊ သူ ဒီ့ထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး”

ထို့ပါဟိုင်၏ မျက်နှာပေါ်၌ ထိတ်လန့်နေဟန်များ ပေါ်လွင် နေသည်။ မဟာအကြီးအကဲ၏ မျက်နှာ သည်လည်း သုန်မှုန်လာပြီး ပြောလိုက်သည်။

“သူက တကယ့် နတ်ဘုရားအဆင့်သာဆိုရင် သူက ဘိုးဘွားပိုင် လျှို့ဝှက်သိုင်းကျမ်းကို ခံနိုင်ရည် ရှိမှာ၊ ဒါပေမယ့် ယွင်အာက ဒဏ္ဍာရီလာအဆင့်ပဲ ရှိတာ၊ ခွန်အားတိုးလာတာကြောင့် သူ သေသွားနိုင်တယ်”

“ငါတို့ ဘာလုပ်သင့်လဲ။ မဟာအကြီးအကဲ သူ့ကို မြန်မြန် ကူညီပေးပါ”

ထို့ပါဟိုင်က စိုးရိမ်တကြီး အကူအညီ တောင်း လိုက်သည်။ သို့သော် သူ့စကားကြောင့် မဟာ အကြီးအကဲက ခေါင်းခါပြကာ တည်ငြိမ်သော အမူအရာနှင့် ပြန်ပြောလိုက်သည်။

“ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ သူ့ရဲ့ကိုယ်ပိုင် ယုံကြည်ချက်အပေါ်မှာ သူ အားထားမှပဲရမယ်၊ ဒါမှ သူ အသက်ရှင်နိုင်မှာ။ တကယ်လို့ သူ့မှာ ယုံကြည်မှု လျော့နည်းနေရင် သူ သေလိမ့်မယ်”

မဟာအကြီးအကဲ၏ စကားကြောင့် ထို့ပါဟိုင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ ထိုစဉ် ထို့ပါဟိုင်၏ ကျောရိုးက တိုးပွားလာသော ခွန်အားကို မခံနိုင်ဟန်ဖြင့် ဂျွတ်ခနဲမြည်လျက် ကျိုးသွားသည်။

ထို့အပြင် ထို့ပါယွင် တစ်ကိုယ်လုံးသည် ထိုထိတ်လန့်ဖွယ် ကောင်းသည့် အင်အားကြောင့် မြေကြီးပေါ် ဖိနှိပ်ခံလိုက်ရပြီး သွေးများ စီးကျ လာသည်။

သူ သေလုနီးပါး ဖြစ်လာ၏။

“မဖြစ်ဘူး၊ သူ သူ့အကန့်အသတ်ကို ရောက်နေပြီ”

ဤမြင်ကွင်းကို ကြည့်ပြီး ထို့ပါဟိုင်နှင့် မဟာ အကြီးအကဲတို့၏ မျက်နှာများက ပြာနှမ်းလို့ လာသည်။

စက္ကန့်ပိုင်းမျှသာ ထပ်ကြာသွားလျင် ထိုထိတ်လန့် ဖွယ် အင်အားကြောင့် ထို့ပါယွင်သည် အသားလုံး ကဲ့သို့ ဖိချေခံလိုက်ရလိမ့်မည်။

အကယ်၍ ထိုသို့သာ ဖြစ်လာလျင် သူသည် ဘိုးဘွားပိုင် လျှို့ဝှက်သိုင်းကျမ်းကို လက်ခံရရှိရန် ကျရှုံးသွားမည် ဖြစ်သည်။

ထိုသို့ရှိနေစဉ် နတ်ဘုရားအဆင့် နှစ်ယောက်၏ နဖူး၌ ချွေးများစို့လို့နေသည်။ သူတို့သည် ဟော့ပေါ့ အိုးထဲ ရောက်နေသည့် ပုရွက်ဆိတ် များကဲ့သို့ ဂနာမငြိမ် ဖြစ်နေသည်။

သို့သော် ထို့ပါယွင် သေတော့မလို ဖြစ်နေစဉ်တွင် ရွှေရောင်အလင်းတန်းက အပြင်ဘက်မှနေ၍ သူ့နဖူး အလယ်တည့်တည့်သို့ ရုတ်တရက် ဝင်ရောက် သွားသည်။

ထို့နောက် ထို့ပါယွင်သည် အလွန် ထိတ်လန့်၊ ချောက်ချားဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက် ရသည်။ သူ့စိတ်ထဲ၌ နတ်ဘုရားများ၊ အင်မော်တယ်များနှင့် နတ်ဆိုးများ၏ စစ်ပွဲကို မြင်နေရသည်။

နတ်ဘုရားများ၏ အလောင်းပုံများက တောင် တစ်လုံးကဲ့သို့ မြင့်မားလှသည်။

အင်မော်တယ်များ၏ အရိုးများက နေရာအနှံ့ ပြန့်ကျဲနေ၏။ နတ်ဆိုးများသည် စစ်မြေပြင်၌ ပြိုင်ဘက် ကင်းလှသည်။

သန်မာလှသော နတ်ဆိုးဘုရင်များက ကောင်းကင်၌ ဟစ်ကြွေးနေကြပြီး နတ်ဆိုး နတ်ဘုရားများက စကြဝဠာအား ရှင်းလင်းနေကြသည်။

ထိတ်လန့်ဖွယ်ကောင်းလှ၏။

ဤကဲ့သို့ အရာမျိုး ထို့ပါယွင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ချက်ချင်းဆိုသလို သူ့စိတ်ထဲ၌ သူ့အား လုံးဝ ရူးမတတ် ဖြစ်သွားစေလောက်မည့် စိတ်ကူးတစ်ခု ရလာသည်။

“ငါ နတ်ဆိုးတစ်ကောင် ဖြစ်ချင်တယ်။ နတ်ဘုရား တွေ တောင်မှ ငါ့ကို တားလို့မရနိုင်ဘူး”

“အား … အား … အား … နတ်ဆိုးတစ်ကောင် ဖြစ်လာ စမ်းကွာ”

သူ၏ ခပ်အက်အက် အသံနှင့်အတူ ထို့ပါယွင်သည် ဖြည်းဖြည်းချင်း ထူထူထောင်ထောင် ဖြစ်လာသည်။

ဂျွတ်! ဂျွတ်!

ထို့နောက် သူ၏ အရိုးများက ပြန်လည် တည် ဆောက်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လာသည်။

ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်။

ဒဏ္ဍာရီလာ နောက်ဆုံးအဆင့်။

ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်။

နတ်ဘုရားတစ်ပိုင်းအဆင့်။

နတ်ဘုရားအဆင့်။

….

ထို့ပါယွင်၏ တိုက်ပွဲဝင်ခွန်အားက ဒုံးကျည်အလား ထိုးတက်လာသည်။ သို့သော် သူ၏ ဖြစ်စဉ်က မပြီးဆုံးသေးသလို သူ၏ ချီဓာတ်ကလည်း ဖြည်းဖြည်းချင်းစီ ပြင်းထန်လာနေသေးသည်။

ထိုအခါမှသာ ထို့ပါဟိုင်နှင့် မဟာအကြီးအကဲတို့ သက်ပြင်းချမိသည်။

“ဒါ အရမ်း အန္တရာယ်များတာပဲ၊ သူ သေတော့မလို့”

နတ်ဘုရားအဆင့် နှစ်ယောက်လုံး အလွန် ထိတ်လန့်နေသလို အလွန် တက်ကြွနေကြသည်။ ထို့ပါယွင်က ဘိုးဘွားပိုင် လျှို့ဝှက်သိုင်းကျမ်းကို ရပြီးသွားသည်နှင့် တကယ့် နတ်ဘုရားအဆင့်သို့ ရောက်သွားမည်ဖြစ်ကြောင်း သူတို့ သိနေကြသည်။

ထိုသို့ဆိုလျင် ထို့ပါကလန်တွင်း၌ တကယ့် နတ်ဘုရားအဆင့် သုံးယောက် ရှိလာမည် ဖြစ်သည်။ ထို့ပါဟိုင်နှင့် မဟာအကြီးအကဲတို့ ထို့ပါယွင်အား အနှောင့်အယှက် မပေးချင်သဖြင့် သူတို့အားလုံး လျှို့ဝှက်ခန်းထဲမှ ဂရုတစိုက် ထွက်လာကြသည်။

သူတို့ လျှို့ဝှက်ခန်းထဲမှ ထွက်လာသည်နှင့် အခန်းအပြင်၌ အနက်ရောင် ဝတ်စုံနှင့် လူတစ် ယောက် ရပ်နေပြီး ထိုသူက ကျန်းရှီမြို့ ရှိရာ အရပ်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေသည်ကို မြင်လိုက် ရသည်။

“လောကသခင် ထို့ပါယွင်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထို့ပါဟိုင်နှင့် မဟာအကြီးအကဲတို့က ယဲ့ဖန်အား တလေး တစားနှင့် ဂါဝရပြုလာကြသည်။ ထိုသို့ သေရေးရှင်ရေး အခြေအနေ၌ ယဲ့ဖန်သာ မကူညီဘူး ဆိုလျင် ထိုပါ့ယွင်တစ်ယောက် သေဆုံးလောက်ပြီး ဘိုးဘွားပိုင် လျှို့ဝှက်သိုင်းကျမ်းကို ရရှိရန် ကျရှုံးသွား နိုင်သည်ကို သူတို့ ရိပ်စားမိသည်။

မကောင်းဆိုးဝါး၏ အမြုတေကို စုပ်ယူပြီးနောက် ယဲ့ဖန်သည် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် အချိန်တိုင်းလိုလို ကြောက်ခမန်းလိလိ ချီဓာတ်ကို ထုတ်လွှတ်နေသည်၊ မတ်တပ်ရပ် နေလျင်တောင်မှ ထုတ်လွှတ်နေဆဲ ဖြစ်သည်။

“ကိုးဆင့်သွေးဝင်္ကပါက ကျိုးပျက်သွားပြီ။ ကျန်းရှီမြို့ အကြီးအကျယ် ဒုက္ခရောက်နေပြီ”

*ဘာ*

ယဲ့ဖန်၏ စကားကို ကြားပြီး တကယ့် နတ်ဘုရား အဆင့် နှစ်ယောက် ကြောက်လန့်တကြား ဖြစ်သွား ကြသည်။

ကျန်းရှီမြို့က ယဲ့ဖန်၏ ဌာနချုပ် ဖြစ်ပြီး နတ်ဆိုးများ စုစည်းရာနေရာ ဖြစ်သည်ဆိုတာကိုလည်း သူတို့ သိထားကြသည်။

“လောကသခင်၊ ထို့ပါကလန်က လူ့လောကထဲ ပြန်ဝင်လာပြီး လောကသခင်နဲ့အတူ ရန်သူတွေကို သတ်ဖို့ ဆန္ဒရှိပါတယ်”

နတ်ဘုရားအဆင့် နှစ်ယောက်က ပြင်းထန်သော ချီဓာတ်များ ပါဝင်သော မျက်လုံးများဖြင့် ကတိပြု လာ၏။

တစ်စုံတစ်ယောက်က ကိုယ့်သေတွင်း ကိုယ်တူး နေပြီ ဆိုတာကို သူတို့ သိနေကြသည်။ သို့သော် သူတို့စကားကြောင့် ယဲ့ဖန်က ခေါင်းခါပြ၍ ပြန်ပြောလာ သည်။

“မလိုဘူး၊ ထို့ပါယွင်က ပိုမြင့်တဲ့အဆင့်ကို တက်ခါ နီးပြီ ဆိုတော့ သူ ခင်ဗျားတို့ရဲ့ စောင့်ရှောက်မှုကို လိုအပ်တယ်”

“သူ့အဆင့်တက်ခြင်း ပြီးဆုံးသွားတာနဲ့ ထို့ပါ ကလန်က လူ့လောကထဲ ပြန်ဝင်လာနိုင်ပြီ”

ယဲ့ဖန်၏ စကားကြောင့် နတ်ဘုရားအဆင့် နှစ် ယောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ လောကသခင်”

ထိုသို့ စီစဉ်ပြီးနောက် ယဲ့ဖန်သည် ကြမ်းကြုတ်သော စိတ်ဆန္ဒတို့နှင့်အတူ ကျန်းရှီမြို့သို့ အပြေးပြန် သွားခဲ့သည်။

“မင်း ဘယ်သူပဲ ဖြစ်နေပါစေ၊ ကျန်းရှီမြို့ကို ခြိမ်းခြောက် နေမှတော့ မင်းကလန်ကို ငါ သုတ်သင် ပစ်မယ်”

All Chapters