← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

Chapter 355 ကျန်းရှီမြို့ရှိ သွေးထွက်သံယို တိုက်ပွဲတစ်ပွဲ

ကျန်းရှီမြို့၌။

မြို့တစ်ခုလုံး၌ အလွန် ဖြူဖွေးသော အလင်းတန်း များနှင့် ပြည့်နှက်လို့နေသည်။ သို့သော် ကျန်းရှီမြို့ အစွန်အဖျား၌ အလွန် ထိတ်လန့်ဖွယ် ကောင်းလှ သည်။

များစွာသော သားရဲများက အလင်းတန်းအား လှိုင်းလုံးကြီး များသဖွယ် တိုက်ခိုက်နေကြသည်။

ထောင်သောင်းနှင့်ချီသော သားရဲစစ်သူကြီးများ၊ သားရဲ ဧကရာဇ် ခြောက်ကောင်၊ ဧကရာဇ်အဆင့် မကောင်း ဆိုးဝါးတစ်ကောင်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်မှာ ဟွာရှနိုင်ငံ သမိုင်း၌ သို့မဟုတ် ကမ္ဘာ့သမိုင်း မှာတောင်မှ ရူးချင်စရာအကောင်းဆုံး သားရဲများ ရောက်ရှိလာခြင်း ဖြစ်သည်။

ထိတ်လန့်ဖွယ်အကောင်းဆုံး သားရဲသည် ဧကရာဇ် အဆင့် သားရဲ ဖြစ်သည်။ ထိုသားရဲကား ခေါင်းကိုး လုံး စပါးကြီးမြွေပင်။

ထိုမြွေသည် မီတာများစွာ ရှည်လျားသည်။ ၎င်းခွေ နေလျင် တောင်တစ်လုံးလိုပင်။ ၎င်းအား မည်းနက်နေသော ကြေးခွံများက ဖုံးအုပ်နေပြီး ဓား သို့မဟုတ် လှံနှင့်တောင်မှ တိုးမပေါက်နိုင်ပါ။

ယခုအချိန်၌ ၎င်း၏ မနှစ်မျို့ဖွယ်ကောင်းသော ခေါင်းကိုးလုံးက လျင်မြန်စွာ လှည့်နေသည်။ ၎င်း၏ ကြီးမားသော သွေးသံတရဲရဲနှင့် ပါးစပ်ကို ဟ၍ အစွယ်များကို လှစ်ဟပြလာသဖြင့် မြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

၎င်းသည် သားရဲများကြားတွင် ဧကရာဇ် တစ်ပါးလိုပင်။ ၎င်းက သားရဲများအား ကိုးဆင့် သွေးဝင်္ကပါကို မနားတမ်း ထိုးဖောက်ရန် အမိန့်ပေး နေသည်။

သားရဲများအားလုံးသည် အလွန်ကြမ်းတမ်း၍ ကိုးဆင့်သွေးဝင်္ကပါအား သူတို့အသက်ကို ရင်း၍ ထိုးဖောက်လာကြသည်။

….

ထိုစဉ် လူသား သိုင်းပညာရှင်များက ကျန်းရှီ မြေကွက်လပ်၌ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သိုင်းပညာရှင်များသည် သူတို့၏ ရန်သူများအား သေသည်အထိ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေ သည့် နတ်ဆိုးစစ်တပ်မှသူများနှင့် ဆင်တူ သည်။

“သတင်း”

ထိုစဉ် သိုင်းပညာရှင်တစ်ယောက်က စင်မြင့်ပေါ်သို့ ပြေးလာပြီး အမှောင်သခင်နှင့် ညအဖွဲ့မှ အခြား အဓိကကျသူများအား သတင်းပို့လာသည်။

“ဧကရာဇ်အဆင့် မကောင်းဆိုးဝါးက ကိုးဆင့် သွေးဝင်္ကပါကို စပြီး ထိုးဖောက်နေပါပြီ”

ထို့နောက်တွင်မူ ပို၍ပို၍ များပြားသော သိုင်းပညာရှင်များက သတင်းပို့ရန် ရောက်ရှိ လာကြသည်။

“သတင်းပို့ပါတယ်၊ ဝင်္ကပါက ခေါင်းကိုးလုံး စပါးကြီးမြွေကို အပြင်ကနေ ပိတ်ဆို့ထားပါတယ်။ သားရဲတွေ စီးဝင်လာတာကို တားမြစ်ထားပါတယ်”

“သတင်းပို့ပါတယ်၊ လူသား နတ်ဘုရားအဆင့် နှစ်ယောက်က ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနဲ့ ပူးပေါင်းပြီး ကိုးဆင့်သွေးဝင်္ကပါကို တိုက်ခိုက် နေပါတယ်၊ ဝင်္ကပါက ပျက်ဆီးခံနီးနေပါပြီ”

*ဘာ*

သတင်းကို ကြားလိုက်ရပြီးနောက် ကျန်းရှီမြို့မှ သိုင်းပညာရှင်များ ခက်ချင်းဆိုသလို ထိတ်လန့် သွားကြသည်။

*လူသား နတ်ဘုရားအဆင့်တွေ*

*လူသား နတ်ဘုရားအဆင့်တွေက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးကို ကူညီနေတယ်တဲ့လား*

….

“သူတို့က ရှေးဟောင်းကလန်က တကယ့် နတ်ဘုရား တွေပဲ ဖြစ်ရမယ်”

အမှောင်သခင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

ယဲ့ဖန် ထွက်မသွားခင်က သူသည် ညအဖွဲ့သား များအား ကိုးဆင့်သွေးဝင်္ကပါက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် တကယ့် နတ်ဘုရားအဆင့် တစ်ယောက်အား ခုခံနိုင်သည်ဟု ပြောခဲ့သည်။

သို့သော် အကယ်၍များ တကယ့်နတ်ဘုရားအဆင့် သုံးယောက်က အတူတကွ ပူးပေါင်း၍ ဝင်္ကပါအား တိုက်ခိုက်မည်ဆိုလျင် ဝင်္ကပါက ကြာကြာခံနိုင်မည် မဟုတ်ပေ။

ကိုးဆင့်သွေးဝင်္ကပါက အနှေးနှင့်အမြန်ဆိုသလို ပျက်ဆီးတော့မည့်ပုံရသည်။

“အမှောင်သခင် ကျုပ်တို့ ဘာလုပ်သင့်သလဲ”

ဝံပုလွေရိုင်းက မေးလိုက်သော်လည်း ညအဖွဲ့မှ အခြားအဓိကကျသူများသည်လည်း စိတ်ဓာတ်ကျ နေကြသည်။

ရှေးဟောင်းကလန်များက ကျန်းရှီမြို့ကို လက်စား ချေ မည်ဆိုတာကို သူတို့ ခန့်မှန်းမိ သော်လည်း လူသား နတ်ဘုရားအဆင့်များက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနှင့် ပူးပေါင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပါ။

လူသားတွေအတွက် မည်မျှ ရှက်ဖွယ် ကောင်းလိုက် သနည်း။

သူ့စကားကို ကြားပြီးနောက် အမှောင်သခင်က ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သူတို့က အခု ဝင်လာရဲမှတော့ ငါတို့ သူတို့ကို သတ်ပစ်ရမှာပေါ့”

ထိုသို့ပြောပြီး အမှောင်သခင်က ရှေ့သို့ တစ်လှမ်းတိုး လိုက်သည်။ ထို့နောက် သူက စင်မြင့် အောက်မှ ထောင်သောင်းနှင့်ချီသော သိုင်းပညာရှင် များအား မီးဝင်းဝင်းတောက်နေသော မျက်လုံး များနှင့် ကြည့်၍ ဟစ်အော်လိုက်သည်။

“ညီအစ်ကိုတို့၊ ငါတို့ သခင်ကြီးက ဒီမှာ မရှိပင်မယ့် ရန်သူတွေက ငါတို့ကို တိုက်ခိုက်နေကြတယ်။ ဒါက ကျန်းရှီ နတ်ဆိုးတွေအတွက် ငါတို့အင်အားတွေကို ထုတ်ပြရမယ့် အချိန်ကောင်းပဲ”

“မင်းတို့ ဓားတွေကို ဝင့်ထားကြ”

“မင်းတို့ရဲ့ ဒေါသတွေကို မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ ငြှိမ်းပစ်လိုက်”

“မကောင်းဆိုးဝါးတွေရဲ့ အသက်နဲ့ မင်းတို့ရဲ့ ဂုဏ်ကျက်သရေကို တည်ဆောက်ကြ”

“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ် ရမယ်၊ သူတို့ ဘယ်လောက် သန်မာပါစေ သတ်ပစ် ရမယ်”

အမှောင်သခင်၏ စကားများကို ကြားပြီးနောက် နတ်ဆိုးတို့၏ သွေးများက မခံမရပ်နိုင်ဖြစ်ကာ ပွက်ပွက်ဆူလာသည်။ သူတို့၏ ကြမ်းကြုတ်သော စိတ်ဆန္ဒတို့အား မဖုံးထားနိုင်ကြတော့။

လူသတ်စက်များကဲ့သို့ အလောင်းများဖြင့်သာ သူတို့၏ နတ်ဆိုး ဂုဏ်ကျက်သရေကို တည်ဆောက် နိုင်မည်။

ထောင်သောင်းနှင့်ချီသော လူများက ချက်ချင်း သူတို့၏ ဓားများကို ဝင့်ကာ ဒေါသတကြီး ဟစ်ကြွေး လာကြသည်။

“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကို သေရမယ်”

“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကို သေရမယ်”

“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကို သေရမယ်”

ထိုစဉ် ဂျွတ်ခနဲ အသံနှင့်အတူ ကိုးဆင့် သွေးဝင်္က ပါသည် ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနှင့် နတ်ဘုရားအဆင့် နှစ်ယောက်၏ တိုက်ခိုက် မှုကြောင့် ကျိုးပျက်သွားလေတော့သည်။

ဂါး!

ချက်ချင်းဆိုသလို သားရဲများ၏ ဟိန်းဟောက်သံ များကို သူတို့ ကြားလိုက်ရသည်။ တစ်ချိန်တည်း မှာပင် မကောင်းဆိုးဝါး စစ်တပ်ကြီးက ဒီရေကဲ့သို့ စီးဝင်လာသည်။

မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်း ပါလိမ့်။

သို့သော် ကျန်းရှီမြို့မှ နတ်ဆိုးများသည် မကောင်း ဆိုးဝါးများကို လုံးဝ မကြောက်ကြ၊ သူတို့အားလုံးက သူတို့၏ အပြင်းထန်ဆုံး ခွန်အားများကိုသာ ထုတ်ဖော် ထားကြသည်။

“သတ်”

ကြုံးဝါးသံနှင့်အတူ အမှောင်သခင်၊ သံလက် ဝံပုလွေရိုင်း၊ အမှောင်ဂိုဏ်းချုပ်နှင့် မိုရို သွေးစွန်း တစ္ဆေ တို့အားလုံးက ရှေ့သို့ ပြေးတက်လာကြပြီး သူတို့နောက်မှ မိစ္ဆာ ဝိညာဉ်ရိုင်း၊ အရှင်ဝူနှင့် ထိပ်ပြောင် အားဆန်တို့ လိုက်ပါလာသည်။

ထောင်သောင်းနှင့်ချီသော နတ်ဆိုးများလည်း လိုက်ပါ လာကြသည်။

ဝှစ်! ဝှစ်! ဝှစ်!

လူသတ်ပွဲကြီး စတင်လေပြီ။ တိုက်ပွဲကား သေခြင်း ရှင်ခြင်း အခြေအနေပင်။

သွေးများနှင့် ဒေါသတကြီး တိုက်ခိုက်ကြသော တိုက်ပွဲပင်။

သားရဲများ၏ ဦးခေါင်းများက တစ်ခုပြီးတစ်ခု ပြုတ်ကျ လာသည်။ နတ်ဆိုးများ တစ်ယောက်ပြီး တစ်ယောက် ဆွဲဖြဲခံလိုက်ရသည်။ ချင်းချင်းနီ နေသော သွေးများက ကျန်းရှီမြို့၏ မြေကြီး၌ စွန်းထင်း လို့နေသည်။

ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားများနှင့် လူနှစ်ယောက်က အဆောက်အဦး ထိပ်၌ ငြိမ်သက်စွာ ရပ်နေကြသည်။

“ဟီးဟီး … ကျန်းရှီမြို့တော့ အဆုံးသတ်ပြီပဲ။ ကောင်းလိုက်တဲ့ အကြံပဲ အစ်ကိုဟွမ်ဖူရာ”

စစ်မာချန်ဖုန်းက အားပါးတရ ပြုံးရယ်ရင်း ဟွမ်ဖူရွှမ်အား အထင်ကြီးစွာ ပြောလိုက်သည်။

ကိုးဆင့်သွေးဝင်္ကပါအား ထိုးဖောက်နိုင်ရန် ခေါင်းကိုးလုံး စပါးကြီးမြွေအား ကူညီလိုက် သည့်သူများက စစ်မာချန်ဖုန်းနှင့် ဟွမ်ဖူရွှမ်တို့ပင်။

သူ့စကားကြောင့် ဟွမ်ဖူရွှမ်က ပြုံး၍ ပြန်ပြော လိုက်သည်။

“ဟမ့်၊ ဒါ အစပဲရှိသေးတယ်။ ကျုပ်တို့ ကျန်းရှီ တစ်မြို့လုံးကို ရှင်းလင်းပြီးသွားတဲ့အခါကြရင် ကျုပ်တို့ တစ်ကမ္ဘာလုံးကို ထိတ်လန့်အောင် လုပ်နိုင် တော့မှာ”

“ငါတို့ အစီအစဉ်က အောင်မြင်သွားရင် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်က သူ့ဂုဏ် သတင်းကို ဆုံးရှုံးရလိမ့်မယ်၊ ဒါဆို ငါတို့ သူ့ကို သတ်ဖို့ အရမ်းလွယ်သွားလိမ့်မယ်”

ဟွမ်ဖူရွှမ်က ယုံကြည်မှုရှိဟန်ဖြင့် ပြုံး၍ ပြောလိုက် သည်။ သို့သော် သူ တစ်ဘက်လှည့်၍ အောက်မှ အခြေအနေကို စူးစမ်းလိုက်ချိန်၌ သူ အလွန် အံ့ဩသွားရသည်။

“ဒါ … လုံးဝကို မဖြစ်နိုင်ဘူး”

ဟွမ်ဖူရွှမ်က မယုံနိုင်ဖွယ် တစ်ခုခုကို မြင်လိုက်ရ သလို ဖြစ်သွားသည်။ စစ်မာချန်ဖုန်း တစ်ဒင်္ဂမျှ မှင်တက်သွားခဲ့သည်။ ထို့နောက် စစ်တလင်းသို့ သူ လှမ်းကြည့်လိုက်သည်။ သူသည်လည်း ထိတ်လန့် သွားရသည်။

လူသတ်ပွဲပါတကား။ ဒါ တစ်ဘက်သတ် လူသတ်ပွဲ တော်မျိုးပင်။

လူသားများက သားရဲများက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် သတ်ဖြတ်နေကြသည်။ ကျန်းရှီ သိုင်း ပညာရှင် တစ်ယောက်ချင်းစီက သားရဲများကို နတ်မင်းများ ကဲ့သို့ ရူးသွပ်စွာ သတ်ဖြတ် နေကြ သည်။

ဝှစ်! ဝှစ်! ဝှစ်!

သွေးများကြောင့် သူတို့တစ်ကိုယ်လုံး နီရဲနေပြီး သူတို့အား ငရဲမှ တက်လာသော နတ်ဆိုးများနှင့် ပိုတူသွား စေသည်။

ထိုသို့သော အချိန်တွင် သူတို့သည် သေရမည်ကို မကြောက် ကြပေ။ သူတို့၏ ရူးသွပ်မှုက အခြားသူ များက ကြောက်လန့်ကာ တုန်လှုပ် သွားစေသည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ရာနှင့်ချီသော သားရဲဘုရင်များနှင့် ထောင်သောင်းနှင့်ချီသော သားရဲစစ်သူကြီးများ အသတ်ခံလိုက်ရသည်။

လူအုပ်ထဲတွင် သားရဲဧကရာဇ် ခြောက်ကောင်အား မိစ္ဆာ ဝိညာဉ်ရိုင်း၊ အရှင်ဝူနှင့် ထိပ်ပြောင် အားဆန်တို့က ပိတ်ဆို့ထားပြီး သူတို့သုံး ယောက် လုံးသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

သူတို့အားလုံး သေခြင်းရှင်ခြင်း တိုက်ပွဲများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသည်။ သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့်များ ဖြစ်သော် လည်း သူတို့၏ တိုက်ပွဲဝင်ခွန်အားများက သာမန် နတ်ဘုရားများထက် ပို၍ သာလွန်သည်။

ဝှစ်!

ငါးမန်ဧကရာဇ်က မိစ္ဆာ ဝိညာဉ်ရိုင်းထံသို့ ပြေးဝင် လာသည်။ နောက်ထပ် သားရဲဧကရာဇ် တစ်ကောင် က မိစ္ဆာဝိညာဉ်ရိုင်းအား တိုက်ခိုက်တော့မည့် အချိန် တွင် သူ့ဘေးမှ ထိပ်ပြောင်အားဆန်က သူ့အား‌ မြေကြီးပေါ်၌ ပြားပြားဝပ်သွားအောင် နင်းလိုက် သည်။

ဝှစ်!

ထို့နောက် ထိပ်ပြောင်အားဆန်က သူ့ခေါင်းအား တစ်စစီဖြစ်အောင် ထိုးနှက်လိုက်သည်။

အခြားသူများ၏ ဘေးရှိ အရှင်ဝူသည်လည်း ရှေးဟောင်း နတ်ဘုရားများကဲ့သို့ တိုက်ခိုက်နေကာ ရေဘဝဲ ဧကရာဇ်အား ဆွဲဖြဲလိုက်သည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

နတ်ဘုရားတစ်ပိုင်းအဆင့် သုံးယောက်က သားရဲ ဧကရာဇ် သုံးယောက်ကို မျက်စိတစ်မှိတ် အတွင်း သတ်ဖြတ်ပစ်လိုက်ကြသည်။

ဤမြင်ကွင်းကြောင့် ကျန်ရှိနေသော သားရဲဧကရာဇ် သုံးကောင်လုံး သေမတတ် ကြောက်လန့် သွားကြသည်။

တိုက်ပွဲအလယ်၌ အမှောင်သခင်၊ သံလက် ဝံပုလွေရိုင်း၊ မိုရို သွေးစွန်းတစ္ဆေနှင့် အမှောင်ဂိုဏ်း ချုပ်တို့သည် ခေါင်းကိုးလုံး မှော်ဝင် စပါးကြီး မြွေအား အားကုန်ထုတ်၍ တိုက်ခိုက် နေကြသည်။

သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်း…

လေးယောက်လုံး၏ မျက်လုံးများက ရဲရဲနီနေသည်။ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ခန္ဓာကိုယ် သည်လည်း ဆိုးရွားလှသော ဒဏ်ရာများနှင့် ပြည့်နှက် နေပြီ ဖြစ်သည်။

၎င်း၏ ခေါင်းကိုးလုံး၌ သုံးလုံးက အဖြတ်ခံလိုက် ရပြီးပြီ ဖြစ်သည်။ ၎င်းသည် အလွန် မွှန်ထူကာ တုန်ယင်နေသည်။

၎င်းသည် နတ်ဘုရားအဆင့် လေးယောက်၏ ဆိုးရွားစွာ ဖိနှိပ်ခြင်း ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့မိပါ။

“သေစမ်း”

ဤမြင်ကွင်းကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ချက်ချင်း မျက်နှာပျက်ယွင်းသွားကြသည်။

“ဒီအူကြောင်ကြောင်ကောင်တွေက ဘာတွေလဲကွာ”

နှစ်ယောက်စလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ကြပေ။

“ငါတို့ ဒီ့ထက်ပိုစောင့်နေလို့ မရတော့ဘူး။ ငါတို့ သူတို့ကို ကိုယ်တိုင် သွားသတ်မှ ဖြစ်တော့မယ်”

တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ် လိုက် ပြီးနောက် သိုင်းပညာရှင် နှစ်ယောက် လုံး ပြင်းထန်သော လူသတ်လိုစိတ်များ ထုတ်ဖော် လိုက်သည်။

ထို့နောက် သူတို့သည် ကျန်းရှီ နတ်ဆိုးများထံသို့ ပြေးဝင်သွားကြသည်။

Chapter 356 မင်းတို့ လာရဲမှတော့ သေပွဲဝင်ရမှာပဲ

ဝှစ်! ဝှစ်! ဝှစ်!

ထိုအချိန်တွင် အမှောင်သခင်နှင့် ညအဖွဲ့မှ အခြား အဓိကကျသူ သုံးယောက်တို့သည် ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေအား သည်းကြီးမဲကြီး ဆက်တိုက် တိုက်ခိုက်နေကြသည်။

လေးယောက်လုံး မည်သို့ အဆင့်ကျော်၍ တိုက်ခိုက်သင့်သည်ကို ယခုလေးတင်မှ သိရှိနားလည် လာကြခြင်း ဖြစ်သည်။

လေးယောက်လုံး၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ခေါင်းကိုးလုံး မှော်ဝင်စပါးကြီး မြွေသည် မြန်နိုင်သမျှ မြန်မြန် ဆက်တိုက် နောက်ဆုတ် နေရသည်။

ထိုစဉ် ဂျွတ်ခနဲ အသံနှင့်အတူ အမှောင်သခင်က ကြီးမားသော မြွေခေါင်းတစ်လုံးအား သူ့လက်ဖြင့် ဆုတ်ဖြဲ လိုက်သဖြင့် သွေးများက လေထဲသို့ ပန်းထွက် လာသည်။

ဂါး!

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေက လုံးဝ ဒေါသထွက် သွားသည်။ ၎င်းသည် ဒဏ်ရာများနှင့် ဖုံးလွှမ်း နေပြီး အခြေအနေ ဆိုးရွားလှသည်။

၎င်းသည် သေးနုပ်သော ပုရွက်ဆိတ်လို လူသား လေးယောက်၏ ဖိနှိပ်ခြင်းကို ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။

ဤသည် ခေါင်းလေးလုံး ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သည်။ ထို့ပြင် ၎င်း၏ မထိုးဖောက်နိုင်သော ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ၎င်းသည် နာကျင်မှုကြောင့် တုန်ယင်လို့နေသည်။

၎င်းသည် ကြောက်ရွံ့လို့နေသည်။ ယခုလိုအချိန်၌ ဧကရာဇ်အဆင့် မကောင်းဆိုးဝါးသည် ကြောက်လန့် လို့ နေ၏။

၎င်း၏ မနှစ်မြို့ဖွယ်ကောင်းသော မျက်လုံးများက ပျာယာခတ် နေပြီး ထွက်ပြေးရန် အခွင့်အလမ်း ရှာနေသည်။

ထိုစဉ် လေတိုးသံနှစ်ခုနှင့်အတူ အမှောင်သခင်သည် ပြင်းထန်သော လူသတ်လိုသည့် အရိပ်အငွေ့ တစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် အခြားသူ များအား သတိပေးလိုက်သည်။

“သတိထား”

သူ့စကားအဆုံးတွင် ထိတ်လန့်ဖွယ်ကောင်းသော လူနှစ်ယောက်က သူ့နောက်မှ ချဉ်းကပ်လာသည်။

“သေပေတော့”

ခက်ထန်သော အသံနှင့်အတူ ဟွမ်ဖူရွှမ်က မိုရို သွေးစွန်း တစ္ဆေနှင့် သံလက် ဝံပုလွေရိုင်းတို့၏ နောက်ကျောအား ပြင်းထန်သော ခွန်အားနှင့် ထိုးနှက် လာ သည်။

ဒုန်း!

ဂျွတ်!

သူတို့၏ အရိုးများ တစ်စစီကျိုးကြေသွားကာ ကြိုးပြတ် သွားသော စွန်သဖွယ် နောက်သို့ ဆယ် မီတာ လွင့်ထွက်သွားသည်။

သူတို့နှစ်ယောက်လုံး တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။ သို့သော် ဤသည် ကား အစသာ ရှိသေးသည်။

ထိုအချိန်တွင် စစ်မာချန်ဖုန်းသည်လည်း အမှောင် ဂိုဏ်းချုပ်၏ နောက်ကျော၌ တစ္ဆေသဖွယ် ပေါ်လာ သည်။

ထို့နောက် သူသည် သူ၏ ချွန်ထက်နေသော လက်သည်း များကို ထုတ်ဖော်၍ ကျိုချင်းချန်၏ ဝမ်းဗိုက် အောက်ပိုင်းကို ထိုးဖောက်လိုက်သည်။

ထို့အတူ စစ်မာချန်ဖုန်းသည် ကျိုချင်းချန်အား နောက်သို့ လွင့်ထွက်သွားအောင် ကန်ထုတ် လိုက်သည်။ တစ်ချိန်တည်းလိုလိုမှာပင် စစ်မာ ချန်ဖုန်းသည် အမှောင်သခင်၏ နှလုံးသားအား ချွန်ထက်သော လက်သည်းဖြင့် ထိုးဖောက် လိုက်သည်။

ဝှစ်!

အမှောင်သခင်က ချက်ချင်း နတ်ဆိုးချီ အစုအဝေး အဖြစ် အသွင်ပြောင်းကာ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။

*အာ*

သူ၏ တိုက်ခိုက်မှု မအောင်မြင်သဖြင့် စစ်မာချန်ဖုန်း ချက်ချင်း မှင်တက်သွားရသည်။ သို့သော် သူက လုံးဝ ဂရုမစိုက်ဟန်ဖြင့် အထင်သေးသလိုသာ ပြုံးနေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရား အဆင့် လေးယောက်၌ သုံးယောက် ဒဏ်ရာရ သွားသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကျန်းရှီမြို့ရှိ အခြား နတ်ဆိုးများ အားလုံး ထိတ်လန့်ကာ ဒေါသထွက် သွားကြသည်။

“ရှေးဟောင်းကလန်က တကယ့်နတ်ဘုရားတွေ”

ကျန်းရှီမြို့ရှိ နတ်ဆိုးလူသားများအားလုံး ဒေါသ ထွက် သွားကြသည်။

ရှေးဟောင်းကလန်နှစ်ခုမှ နတ်ဘုရားအဆင့် နှစ်ယောက်က လုံးဝ အရှက်မရှိလိမ့်မည်ဟု သူတို့ ထင်မထားမိခဲ့ကြပေ။ ထိုသူတို့သည် ဧကရာဇ် အဆင့် မကောင်းဆိုးဝါးကို ကိုးဆင့်သွေးဝင်္ကပါအား ချိုးဖောက်နိုင်အောင် ကူညီခဲ့ရုံသာမက သားရဲ များအား လူသားများကို သတ်နိုင်အောင် ကူညီပေး နေသေးသည်။

ဤမြင်ကွင်းကြောင့် ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေ တက်ကြွလာသည်။

“ဟီးဟီး … မင်းတို့ အကူအညီအတွက် ကျေးဇူးပဲ၊ လူသား မိတ်ဆွေတို့”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် လူသား ဘာသာ စကားအား ပြောဆိုနိုင်သည်။ သူ၏ စကားများက ဆိုးယုတ်၍ မနှစ်မြို့ဖွယ် ကောင်း လှသည်။

၎င်း၏ စကားကြောင့် ဟွမ်ဖူရွှမ်က လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်သည်။

“မင်း ငါ့ကို တကယ် ကျေးဇူးတင်တယ်ဆိုရင် သူ့တို့အားလုံးကို သတ်လိုက်။ အားလုံးကိုနော်”

*ဘာ*

သူ့စကားကြောင့် ကျန်းရှီ သိုင်းပညာရှင်များ အလွန် ဝမ်းနည်းသွားခဲ့သည်။ လူသား တကယ့် နတ်ဘုရား အဆင့်က သည်လောက် ရက်စက်သည့် စကားမျိုး ပြောနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထား ခဲ့မိကြပါ။

သူသည် အရမ်းကို လူမဆန်လွန်းလှသည်။

“စိတ်မပူပါနဲ့၊ သူတို့အားလုံး သေမှာပါ”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေက လှောင်ရယ်၍ ပြန်ပြောလာသည်။ ထို့နောက် သူသည် ကျန်ရှိ နေသော နတ်ဘုရားအဆင့်များထံသို့ ပြေးဝင် သွားသည်။

ရှေးဟောင်းကလန်မှ နတ်ဘုရားအဆင့်များ၏ ခြေသံများကို ကြားပြီး အခြားသူများ၏ မျက်နှာများ ပြာနှမ်းလာကြသည်။

*ငါတို့တော့ ပွဲသိမ်းပြီ*

*ဒီတစ်ခါတော့ ငါတို့ သေမယ်ထင်တယ်*

*သူတို့မှာ နတ်ဘုရားအဆင့် သုံးယောက်တောင် ရှိတယ်၊ ဆိုးတာပဲ*

*နတ်ဆိုးဧကရာဇ်မှသာ သူတို့ကို စိန်ခေါ်နိုင်မှာ*

ကျန်းရှီ သိုင်းပညာရှင်တိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြသည်။ သူတို့သည် သူတို့၏ ရန်သူ များနှင့် သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ် ထားကြသည်။

တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း သူတို့သည် အချင်းချင်း ထူထူထောင်ထောင် ဖြစ်ရန် ကူညီပေးနေကြဆဲပင်။

သူတို့သည် နတ်ဆိုးများ ဖြစ်သည်။ သူတို့သည် သေသည်အထိ တိုက်ပွဲဝင်နိုင်သည်။

ထို့ကြောင့် မြို့တစ်ခုလုံးအား စိတ်အားထက်သန်၍ သူရသတ္တိရှိသော လေထုမျိုး ဖုံးလွှမ်းလာသည်။ သိုင်းပညာရှင်များသည် ငကြောက်များမဟုတ်၊ ရဲရင့်သော လူများသာ ဖြစ်၏။

ကျန်းရှီမြို့ရှိ အဓိက သိုင်းပညာရှင်များအားလုံး ထိတ်လန့်ဖွယ် ကောင်းသော နတ်ဘုရားအဆင့် သုံးယောက် ထံသို့ တဖြည်းဖြည်း ပြေးဝင်သွား ကြသည်။

ပိုးဖလံကောင်က မီးကိုတိုးသကဲ့သို့ ဖြစ်နေမှန်း သူတို့ သိသော်လည်း သူတို့ ထိုမီးကို ငြှိမ်းချင် ကြသည်။

“ဟီးဟီး သေးနုပ်လိုက်တဲ့ ပုရွက်ဆိတ်တွေ၊ မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ဟွမ်ဖူရွှမ်က ပြောရင်း လှောင်ရယ်လိုက်သည်။

“မင်းတို့ ဒီနေ့ သေကိုသေရမယ်”

ထိုသို့ပြောပြီး နတ်ဘုရားအဆင့် သုံးယောက်သည် နတ်ဆိုးများကို သုတ်သင်ရန် ပြင်ဆင်လိုက် ကြသည်။ ထိုစဉ် အဖြူရောင်ဝတ်စုံနှင့် လူများစွာက ကောင်းကင် ထက်မှ ဆင်းသက်လာသည်။

ဆယ်ယောက်၊ အယောက် ငါးဆယ်၊ အယောက် တစ်ရာ၊ အယောက်နှစ်ရာ။

ဤမြင်ကွင်းက လူတိုင်းအား ထိတ်လန့်သွား စေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် မိန်းမပျို အယောက်ငါးရာ ပေါ်လာသည်။

သူတို့အားလုံးသည် လှပ၍ တူညီသော မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်တို့ ရှိကြသည်။ သူတို့၏ ကိုယ်နှုတ်အမူအရာတောင်မှ အတူတူပင်။

“အာ….”

ဟွမ်ဖူရွှမ်နှင့် သူ့ဘက်တော်သားများ အားလုံး အံ့အားသင့် သွားကြသည်။ သူတို့သည် ကိုယ့် မျက်လုံးနှင့် မြင်နေရသည်များကို မယုံရဲ ကြပေ။

ထို့ပြင် ညီညာသော ခြေသံများနှင့် မိန်းမပျို အယောက် ငါးရာပါသော တပ်ဖွဲ့ကြီးသည် အဖြူရောင် ဝတ်စုံနှင့် နှစ်လိုဖွယ်ကောင်းသော အလှတရား ကို ထုတ်ဖော်လို့နေသည်။

သူမသည် ပိုင်ယီပင်။

“မင်း ဘယ်သူလဲ”

ဟွမ်ဖူရွှမ်နှင့် သူ့ဘက်တော်သားများအားလုံးသည် ထိုလှပသော မိန်းမပျိုလေးကို မြင်သည်နှင့် ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။

ဘာရယ်ကြောင့်မှန်း မသိပင်မယ့် သူတို့သည် ဒဏ္ဍာရီလာအဆင့် မိန်းမပျိုနှင့် ရင်ဆိုင်နေရ သော်ငြားလည်း အနည်းငယ် ကြောက်ရွံ့သလို ခံစားမိ နေကြသည်။

“ငါလား”

ပိုင်ယီက အေးစက်သော မျက်လုံးများဖြင့် ပြန်ပြော လိုက်သည်။

“ရှင်တို့ကို သတ်မယ့်သူပေါ့”

*ဘာ*

ပိုင်ယီ၏ စကားကြောင့် ဟွမ်ဖူရွှမ်နှင့် အခြား သူ့ဘက်တော်များအားလုံး ခပ်တောင့်တောင့် ဖြစ်သွား ကြသည်။

ထို့နောက် သူတို့က အထင်သေးသလို အကြည့်များဖြင့် ကြည့်လာကြသည်။

“ငါတို့ကို သတ်မယ် ဟုတ်လား၊ အိပ်မက်မက်မနေနဲ့။ မင်းမှာ ထူးဆန်းချင်ယောင်ဆောင်ထားတဲ့ ဒဏ္ဍာရီလာ အဆင့် မိန်းမပျို ရာနဲ့ချီရှိရင်တောင်မှ ဘာအရေးလဲ။ မင်းက နိမ့်ကျတဲ့ ပုရွက်ဆိတ်တွေ ဖြစ်နေသေးတုန်းပဲ။ မင်းလည်း သေကိုသေရမှာ”

ဟွမ်ဖူရွှမ်နှင့် သူ့လူများက ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် စိတ်ဆန္ဒများကို ထုတ်ဖော် လာကြသည်။

သို့သော် ပိုင်ယီ၏ လှပသော မျက်နှာလေးက မပြောင်းမလဲ ရှိနေသည်။ သူမပုံစံက အလွန် အေးစက်လှသည်။

“ပေါင်းစည်းမယ်”

သူမက ကျော့ရှင်းညင်သာစွာဖြင့် အမိန့်ပေး လိုက်သည်။ ထို့နောက်တွင်မူ ထိတ်လန့်ဖွယ် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။

သူတို့၏ အံ့ဩနေသော အကြည့်များအောက်၌ မိန်းမပျို အယောက်ငါးရာသည် ပိုင်ယီထံသို့ စုစည်း လာသည်။

ဝှစ်!

ကိုယ်ပွားများက ပိုင်ယီ၏ မူလကိုယ်နှင့် ပေါင်းစပ် သွားကြသည်။

ဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက် တစ်ရာ။

….

ပိုင်ယီသည် ဘေးပတ်လည်မှ ကိုယ်ပွားများအား သံလိုက်ကဲ့သို့ ဆက်တိုက်ဆွဲယူနေသည်။ ထို့အတူ သူမ၏ ချီဓာတ်သည်လည်း လျင်မြန်စွာ တိုးပွား လာသည်။

နတ်ဘုရားတစ်ပိုင်းအဆင့်။

အကြို နတ်ဘုရား အဆင့်။

အလယ်အလတ် နတ်ဘုရားအဆင့်။

…

တိုးပွားလာသော အရှိန်အဟုန်က အခြားသူများ အားလုံးကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော ကိုယ်ပွားများက ပိုင်ယီ၏ သေးသွယ်သော မူလ ကိုယ်နှင့် ပေါင်းစပ်သွားသည်။

ဝုန်း!

ပေါက်ကွဲသံနှင့်အတူ သူမ၏ ချီဓာတ်က နတ်ဘုရားအဆင့်သို့ ရောက်ရှိလာသည်။

“ဒါ …. လုံးဝ မဖြစ်နိုင်ဘူး”

ဟွမ်ဖူရွှမ်နှင့် သူ့ဘက်တော်သားများ လုံးဝကို မှင်တက်သွားကြသည်။ ထူးဆန်းလှသည်။

ယခင်တုန်းက သူတို့သည် ကျန်းရှီ နတ်ဆိုး လူသားများ၏ ကြောက်မက်ဖွယ် ကောင်းသော ခွန်အား ကြောင့် ထိတ်လန့်ခဲ့ရသည်။

အမျိုးသမီးတစ်ယောက်ထံမှ ပို၍ သန်မာသော ခွန်အားကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။

သို့သော် ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းက မပြီးသေးပေ။

ထို့နောက် အမှောင်သခင်သည် မျက်လုံးမှနေ၍ ကြမ်းကြုတ်သော အရိပ်အငွေ့များကို ထုတ်ဖော် ရင်း ရေရွတ်လိုက်သည်။

“မှတ်ထားကြ၊ ကျန်းရှီမြို့က နတ်ဘုရားတွေအတွက် တားမြစ်ဒေသပဲ၊ တားမြစ်နယ်မြေပဲကွ”

“မင်းတို့ လာရဲလို့ကတော့ သေပွဲဝင်ရမယ်”

ဟွမ်ဖူရွှမ်နှင့် သူ့လူများ တစ်ခဏမျှ မှင်တက် သွားကြသည်။ ထို့နောက် အနက်ရောင် မြူခိုးထု ကြောင့် ပေါက်ကွဲမှုတစ်ခုနှင့်အတူ မြေပြင်၌ လေပြင်း မုန်တိုင်း တိုက်ခတ်လာသည်။

ထိုသို့သောအချိန်တွင် နတ်ဆိုးတောင်ကြားရှိ အမှောင်သခင်၏ မူလကိုယ်သည် အားကုန် ရုန်းကန်နေသဖြင့် စည်းတံဆိပ်၌ အက်ရာများ ပိုပေါ်လာသည်။

သူ ထပ်၍ တစ်ကြိမ် ရုန်းကန်လေ အက်ရာများ ပိုပေါ်လာလေ ဖြစ်သည်။

သို့သော် မည်သူမျှ ထင်မှတ်မထားသည်က အမှောင် သခင်၏ ကိုယ်ပွားကပါ တစ်ပြိုင်တည်း ခွန်အား တိုးလာခြင်း ဖြစ်သည်။

တဖြည်းဖြည်း ခွန်အားတွေ တိုးပွားလာသည်။ စက္ကန့်ပိုင်းအတွင်းအမှာပင် အမှောင်သခင်သည် တကယ့် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်။

သူ့လက်တွေကို ဆန့်ထုတ်လိုက်တိုင်း သူသည် ဟင်းလင်ပြင်းအား နှစ်ခြမ်းခွဲပစ်နိုင်ပုံ ပေါ်နေသည်။

…

အချိန်တိုလေးအတွင်း၌ တကယ့်နတ်ဘုရားအဆင့် နှစ်ယောက် ပေါ်ထွက်လာ၏။

ဟွမ်ဖူရွှမ်နှင့် သူ့လူများ ကြောက်လန့်သွားကြသည်။

“မဖြစ်နိုင်ဘူး၊ ဒါ … လုံးဝ မဖြစ်နိုင်ဘူး”

Chapter 357 ကြောက်မက်ဖွယ် ကောင်းသော တကယ့်နတ်ဘုရားများ

ထိတ်လန့်ဖွယ်ကောင်းလှသည်။

တစ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်း နတ်ဆိုး လူသားများကြား၌ တကယ့် နတ်ဘုရား အဆင့် နှစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု ဟွမ်ဖူရွှမ်နှင့် သူ့လူများ မထင်မှတ်ထားမိကြချေ။

ထို့ကြောင့် သူ့လူများ ကြောက်လန့်ကာ တုန်ယင်လို့ လာသည်။

“မဖြစ်ဘူး၊ ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး၊ တတိယမြောက် နတ်ဘုရားအဆင့် ထွက်ပေါ်လာရင် ငါတို့ ဒီတိုက်ပွဲကို ရှုံးလိမ့်မယ်”

ဟွမ်ဖူရွှမ်နှင့် သူ့လူများ အလွန် သုန်မှုန်သွားကြပြီး အမှောင်သခင်နှင့် ပိုင်ယီတို့ထံသို့ ချက်ချင်း ပြေးဝင်သွားကြသည်။

သူတို့ ထိုနတ်ဘုရားအဆင့် နှစ်ယောက်ကို မြန်နိုင်သမျှ မြန်မြန် သတ်ပစ်ရန် လိုအပ်နေသည်။ ဤနည်းနှင့်မှသာ သူတို့ စိတ်သက်သာရာ ရနိုင်မည် ဖြစ်သည်။

“ပုရွက်ဆိတ်လိုဟာတွေ၊ သွားသေလိုက်တော့”

ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့က အမှောင်သခင်ကို တိုက်ခိုက်လာသည်။ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီး မြွေက သူ့ကိုယ်ကို လှည့်၍ ပိုင်ယီထံသို့ ပြေးဝင် သွားသည်။

တကယ့် နတ်ဘုရားများကြားမှ စစ်ပွဲ ဖြစ်ပွားလာ လေတော့သည်။ ထိုသို့သော အချိန်တွင် အခြားသော နတ်ဆိုးလူသားများနှင့် မကောင်းဆိုးဝါးများ ရပ်တန့် သွား ကြသည်။

သူတို့အားလုံး တကယ့် နတ်ဘုရားအဆင့် ငါးယောက်ကြားမှ တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်ရှု နေကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သူတို့၏ ဖျက်ဆီးနိုင်သော ချီဓာတ်များက လမ်း မများကို ပေါက်ကွဲ၍ အိမ်များကို ပျက်စီးသွား စေခဲ့ပြီး အဆောက်အဦးများအား ပြိုကျသွား စေခဲ့သည်။

နတ်ဘုရားအဆင့် ငါးယောက်လုံးသည် ရှေးဦး သားရဲများကဲ့သို့ ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်လွှတ် ထားကြသည်။

သို့သော် သူတို့ချင်း ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် အခြားသူများ မှင်တက်သွားကြသည်။

ဤသည်မှာ တစ်ဘက်သတ် တိုက်ပွဲပင်။ အမှောင် သခင်သည် ငရဲမှ ရောက်ရှိလာသော နတ်ဘုရား တစ်ပါးကဲ့သို့ ပြုမူနေပြီး ဟွမ်ဖူရွှမ်နှင့် စစ်မာ ချန်ဖုန်းတို့အား ဖိနှိပ်ထားသည်။

ဝှစ်!

သူက တိုက်ကွက်တစ်ကွက်ချင်းစီတွင် တကယ့် နတ်ဘုရားများအား သွေးများ ပန်းထွက်လာအောင် လုပ်နိုင်ခဲ့သည်။

သူတို့၏ အရေပြားက တစ်လွှာချင်းစီ ဆုတ်ဖြဲခံ နေရသည်။ ထို့ကြောင့် တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်တို့ နာကျင်မှုကြောင့် ကြံရာမရ ဖြစ်နေကြသည်။

“မဖြစ်နိုင်ဘူး”

ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ထိတ်လန့် နေကြသည်။ လောလောလတ်လတ်မှ နတ်ဘုရား အဆင့်သို့ တက်လာသည့် လူတစ်ယောက်က ဘယ်လိုလုပ် သိပ်သန်မာနေသည်ကို သူတို့ နားမလည် နိုင်ကြပေ၊ သူ၏ တိုက်ကွက်တိုင်းက ယခင်က ထက် ဆယ်ဆမက ပို၍ ပြင်းထန်နေသည်။

ထို့ကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ လိပ်ပြာ လွင့်မတတ် ကြောက်လန့်လာကြသည်။

စင်အောက်မှ ဝံပုလွေရိုင်းနှင့် အခြား အဓိကကျ သောသူများ အားတက်လာကြသည်။

*ဒါ သူ လှောင်ပိတ်မခံရခင်တုန်းက တိုက်ခိုက်တဲ့ ပုံမျိုးလား*

အမှောင်သခင်၏ တိုက်ကွက်တိုင်းသည် ပြေပြစ်၍ သေစေနိုင်လောက်ပြီး အဆုံးမသတ်နိုင်သော လျှို့ဝှက်ချက်များ ပါဝင်နေသည်။

ထိုသို့သောအချိန်တွင် ဝံပုလွေရိုင်း၊ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် ကျန်းရှီမြို့၏ နတ်ဆိုးလူသားများ အားလုံးတို့သည် အမှောင်သခင်၏ သိုင်းကွက်များ၌ ယစ်မူးနေကြသည်။

အမှောင်သခင်၏ တိုက်ခိုက်မှုပုံစံကို လိုက်ကြည့်ရင်း သူတို့၏ တိုက်ခိုက်မှု စွမ်းရည်များသည်လည်း တိုးတက် လာ၏။

သတ်ဖြတ်မှုပွဲတော်ကြီး စတင်လာလေတော့သည်။

များစွာသော နတ်ဆိုးလူသားများသည် သူတို့၏ ချီဓာတ်များ တိုးတက်လာကြပြီး ရုတ်တရက် တစ်ဆို့ကြန့်ကြာနေသော အဆင့်မှ ချိုးဖောက် သွားနိုင်ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သူတို့သည် မွေးကင်းစကလေးများကဲ့သို့ အဆင့် တက် သွားကြသည်။ အခြားသူများ၏ အံ့ဩ နေ သော အကြည့်များအောက်မှာပင် ထောင်သောင်းနှင့် ချီသော နတ်ဆိုးလူသားကြားမှ လူအယောက် တစ်သောင်း တို့သည် ပို၍မြင့်သော အဆင့်သို့ တက်ရောက် နိုင်သွားကြသည်။

ဝုန်း!

ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး ထောင်သောင်းနှင့်ချီသော သားရဲများ အံ့အားသင့် သွားကြသည်။

နတ်ဆိုးလူသားများသည် ဖိနှိပ်နိုင်သော တိုက်ပွဲဝင် ခွန်အားမျိုး ရှိထားပြီးသား ဖြစ်သည်။ အမှောင် သခင်၏ တိုက်ခိုက်ပုံများကို လေ့လာသင် ယူပြီး နောက် သူတို့ ပို၍ တိုးတက်လာကြသည်။

ထို့အကျိုးဆက်ကြောင့် သူတို့၏ တိုက်ပွဲဝင် ခွန်အားများ တိုးပွားလာကြသည်။

သားရဲများသည် စစ်ပွဲတွင်းရှိ သွေးပျက်ဖွယ် ကောင်းသော လေထုကြောင့် စတင်၍ နောက်ဆုတ် လာကြသည်။

ဂါး!

ထိုစဉ် နောက်ထပ် ချောက်ချားဖွယ် အဖြစ်တစ်ခု ဖြစ်ပေါ်လာသည်။

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ငါးခုမြောက် ဦးခေါင်းသည် ပိုင်ယီ၏ လက်ဖဝါးချက်ကြောင့် ပြတ်ထွက်သွားသည်။

“သေစမ်း”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် ကြံရာမရ ဖြစ်လို့နေသည်။ ယခင်က နတ်ဘုရားအဆင့် လေး ယောက်က သူ၏ ခေါင်းလေးလုံးကို ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်၊ သို့သော် ယခုအခါ၌ သူ၏ ငါးခုမြောက် ခေါင်းက မိန်းမပျိုလေးတစ်ယောက်ကြောင့် ပြတ် ထွက် သွားလေပြီ။

ရှက်ဖို့ကောင်းလိုက်လေခြင်း။

“လူသား သွားသေလိုက်တော့”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေက သူ၏ ဧရာမ အမြီးကို အားကုန်လွှဲ၍ ပိုင်ယီအား ရိုက်နှက် လိုက်သည်။

အမြီးနှင့်တိုက်ခိုက်ခြင်း။

ဤသည်က ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ တိုက်ခိုက်ရေးလက်နက် များထဲမှ ကြောက်စရာ အကောင်းဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

တကယ့်နတ်ဘုရားများတောင်မှ အမြီးနှင့် တစ်ကြိမ် အရိုက်ခံလိုက်ရသည်နှင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားရသည်။

ဒုန်း!

ပိုင်ယီ၏ သေးသွယ်သော ကိုယ်လုံးလေးက အရိုက်ခံလိုက်ရသဖြင့် လွင့်ထွက်သွားသည်။

ဤမြင်ကွင်းကြောင့် လူအုပ်ကြီးက ကြောင်အနေ ကြသော်လည်း ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ ကတော့ ပျော်ရွှင်လို့နေသည်။

သို့သော် ထိုသို့တိုက်ခိုက်မှုအပြီးတွင် သူ၏ ပီတိဖြစ် နေသော မျက်နှာက အေးခဲသွားသည်။ သူ ရိုက်နှက် လိုက်သည်နှင့် ပိုင်ယီက ချက်ချင်း ရာနှင့်ချီသော မိန်းမပျိုများအဖြစ် ကိုယ်ကိုခွဲ၍ မြေကြီးပေါ်သို့ လိမ့်လိုက်သည်။

ထို့နောက် မိန်းမပျိုများက လေထဲသို့ ပြန်ခုန်တက်၍ တစ်ယောက်တည်းအဖြစ် ပေါင်းစပ် သွားကြ ပြန်သည်။

ထို့ကြောင့် ပိုင်ယီသည် သရဲတစ္ဆေကဲ့သို့ ပြန်ကောင်း လာသည်။ သူမ၌ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိပေ။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် လိပ်ပြာ လွင့်မတတ် ကြောက်လန့်သွားသည်။ သူ၏ သေစေနိုင် လောက်သော တိုက်ကွက်သည် မည်သည့် ရန်သူမျိုးကိုမဆို ထိခိုက်စေနိုင်သော် လည်း ပိုင်ယီကိုတော့ နည်းနည်းလေးမှ မထိခိုက် ပေ။ အံ့ဩစရာကောင်းလှသည်။

သို့သော် အိပ်မက်ဆိုးကား ယခုမှ စမည်ဖြစ်သည်။

ပိုင်ယီ၏ မျက်လုံးများက အေးစက်လာသည်။ သူမ၏ တိုက်ကွက်တိုင်းက ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေ၏ ကိုယ်ပေါ်၌ ဆိုးရွားသော ဒဏ်ရာများ ကျန်ရစ်စေခဲ့သည်။

ဒဏ်ရာများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဧကရာဇ်အဆင့် မကောင်းဆိုးဝါး၏ သွေးများက ကောင်းကင်ထက်မှ ပန်းထွက်လာ၏။

ဘုတ်ခနဲ အသံနှင့်အတူ ခေါင်းကိုးလုံး မှော်ဝင် စပါးကြီး မြွေ၏ ခြောက်ခုမြောက် ဦးခေါင်းက မြေကြီး ပေါ်သို့ ပြတ်ကျလာသည်။

“ပြေးရမယ်”

ယခုအချိန်၌ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီး မြွေသည် လုံးဝ မှင်တက်လို့နေသည်။

ခေါင်းခြောက်လုံးကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏ တိုက်ပွဲဝင်ခွန်အားက လျင်မြန်စွာ ထိုးကျလာသည်။ သူ့၌ ရန်သူအား ခုခံရန် မည်သည့် အင်အားမှ မကျန်ရှိတော့။

ထို့ကြောင့် အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်၌ ခေါင်းကိုးလုံး မှော်ဝင် စပါးကြီး မြွေသည် သူ၏ ခန္ဓာကိုယ်ကို ကွေး ကောက်၍ ကျန်းရှီမြို့တံခါးဝသို့ အရူးအမူး ထွက်ပြေး လေတော့သည်။

ထွက်ပြေး၊ ထွက်ပြေး၊ ထွက်ပြေးရမယ်။

သူသည် ထိုသို့ တစ်ကိုယ်တည်း ရေရွတ်ရင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြို့သို့ နောက်တစ်ခါ ခြေမချတော့ဟု ကျိန်ဆိုလိုက်မိသည်။

ကျန်းရှီမြို့၌ နေထိုင်ကြသော လူတို်ငးသည် တကယ့် နတ်ဆိုးများ၏ ခွန်အားကို ပိုင်ဆိုင်ထား ကြသည်။ သူတို့သည် လူမဆန်ကြပေ။

စက္ကန့်ပိုင်းအတွင်းမှာပင် ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေ၏ အရှိန်နှုန်းက အမြင့်ဆုံးသို့ ရောက်ရှိ လာသည်။ သို့သော် ထိုစဉ် လူအုပ်ကြားထဲမှ ကျယ်လောင် သော အသံတစ်သံ ထွက်ပေါ် လာသည်။

“ခုနစ်လုံးမြောက်ခေါင်း”

ရုတ်တရက် အလင်းတန်း တစ်ချက်နှင့်အတူ စပါးကြီးမြွေ၏ ခုနစ်လုံးမြောက် ဦးခေါင်း ပြတ်ထွက် သွားသည်။

“အား…အား…အား...”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် သူ၏ ခုနစ်လုံး မြောက်ခေါင်း ပြတ်ကျသွားစဉ်တွင် နာကျင်မှု ကြောင့် တုန်လှုပ်နေသည်။

သို့သော် ဆက်၍ မနေရဲသဖြင့် ကျန်ဦးခေါင်း နှစ်လုံးဖြင့် ထွက်ပြေးရန် ကြိုးစားနေသည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤတိုက်ပွဲသည် သူ ကြုံဖူးသမျှထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ပွဲဖြစ်သည်။

သို့သော် ထိုသို့သော အချိန်တွင် သေမင်း နတ်ဘုရား၏ အသံကဲ့သို့ အသံတစ်သံက ထွက်ပေါ်လာသည်။

“ခွေးသူတောင်းစား သေလိုက်တော့”

ဒေါသတကြီး ကြုံးဝါးနေသော ပိုင်ယီသည် လှပသော စစ်နတ်ဘုရားမလေးလိုပင်။

ထို့နောက် သူမက ဖြူသွယ်သော လက်နှစ်ဘက်ကို အားကုန်လွှဲ လိုက်သဖြင့် အဖြူရောင် အလင်းတန်း နှစ်ခုထွက်ပေါ်လာပြီး ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေ၏ ကျန်ဦးခေါင်းနှစ်လုံးအား ပိုင်းဖြတ် သွား လေတော့သည်။

“မဖြစ်ဘူး”

ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် ထိတ်လန့် တကြား အော်ဟစ်လိုက်မိသည်။ သူ၏ ပြူးကျယ် နေသော မျက်လုံးများနှင့်အတူ သူ၏ လက်ကျန် ခေါင်းနှစ်လုံးက လည်ပင်းမှ တိခနဲ ပြတ်ကျကာ မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။

ဘုတ်ခနဲ အသံနှင့်အတူ ခေါင်းပြတ်နေသော ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ခန္ဓာကိုယ် လဲကျသွား ပြီးနောက် ကျန်းရှီတစ်မြို့လုံး တိတ်ဆိတ် သွားသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

ကြောက်စရာကောင်းလှ၏။

ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ အလွန် သွေးပျက် သွားကြသည်။

*အဲ့ဒါကြီးက သေသွားပြီ*

*ကြောက်ဖို့ကောင်းတဲ့ ဧကရာဇ်အဆင့် မကောင်း ဆိုးဝါးက မိန်းမလှလေး သတ်တာကို ခံလိုက် ရတယ်*

“ပြေးတော့”

သူတို့ မြို့ထဲ ဆက်မနေရဲတော့သဖြင့် ချက်ချင်း ထွက်ပြေးရန် ကြံစည်လိုက်သည်။ ထိုစဉ် အမှောင် သခင်က နတ်ဆိုးချီမျှင်စု အသွင်ပြောင်း၍ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်အား ဖုံးအုပ် လိုက်သည်။

“သေစမ်း၊ ဒီဟာကြီးက ဘာကြီးလဲ”

တကယ့် နတ်ဘုရားအဆင့်နှစ်ယောက် ထိတ်လန့်၊ ချောက်ချားနေသဖြင့် အလွန် တုန်ယင်နေကြသည်။

သူတို့ နတ်ဆိုးချီဓာတ်ထဲမှ ရုန်းထွက်ကြသောအခါ အသားစများနှင့် သွေးစများက မြေကြီးပေါ် စီးကျ လာသည်။

သို့သော် သူတို့ သည့်ထက်ကြာကြာ မနေရဲ တော့သဖြင့် ကြောက်စိတ်မွှန်နေသော ယုန်များ ကဲ့သို့ ထွက်ပြေးကာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားကြသည်။

ကျန်းရှီမြို့ရှိ နတ်ဆိုးလူသားများ ရူးမတတ်ဖြစ် နေကြသည်။

“သတ်ကြ”

ကမ္ဘာတုန်လောက်သည့် တိုက်ပွဲအော်သံများ နှင့်အတူ သားရဲအုပ်ကြီးသည် ဖိနှိပ်ခံလိုက်ရပြီး အသတ်ခံ လိုက်ရတော့သည်။

ပိုင်ယီ၊ အမှောင်သခင်နှင့် အခြား အဓိကကျ သူများက တကယ့် နတ်ဘုရားအဆင့် နှစ်ယောက် နောက်သို့ လိုက်ဖမ်းကြသည်။

နတ်ဘုရား အဆင့်နှစ်ယောက်သည် ပို၍ ကြောက်မက် ဖွယ်ကောင်းသော တစ်စုံတစ်ရာက သူတို့ကို အပြင်၌ စောင့်ကြိုနေမှန်း မရိပ်မိကြပေ။

All Chapters