← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

CHAPTER 361 ဒါပေမယ့် … သူ့အလောင်းပဲရမယ်

ထိတ်လန့်ဖွယ် ကောင်းသော အစစ်အမှန် နတ်ဘုရား အဆင့် ငါးယောက်။

ထို့အပြင် ယဲ့ဖန်နှင့် အစစ်အမှန် နတ်ဘုရား အဆင့် ကိုပင် ဖိနှိပ်နိုင်သည့် ပုရွက်ဆိတ်များ။

ယဲ့ဖန်ဘက်တွင် အစစ်အမှန် နတ်ဘုရားအဆင့် ခုနစ်ယောက် နီးပါးရှိနေသည်။

…

ကုန်းစွန်းဝူကျိနှင့် ကုန်းစွန်းကလန်မှ အခြား သိုင်းပညာရှင်များ အလွန် ထိတ်လန့်သွားကြသည်။

ဟွာရှနိုင်ငံ၌ သည်လောက် အင်အားကြီးမားသော အဖွဲ့အစည်း ရှိလိမ့်မည်ဟု သူတို့ ဘယ်သော အခါကမှ ထင်မထားခဲ့မိပါ။ အထူးသဖြင့် ဒဏ္ဍာရီလာ အဆင့်တစ်ယောက် ဦးဆောင်သော အဖွဲ့အစည်းပင်။

အံ့ဩစရာ ကောင်းလှသည်။ ယခုအချိန်၌ ကုန်းစွန်း ဝူကျိသည် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး အေးစက်စက် ဖြစ်သွားပြီး တောင်ထိပ်ပေါ်မှ ကုန်းစွန်း ကလန်သားများကို ချက်ချင်း အမိန့်ထုတ် လိုက်သည်။

“အခုချိန်ကစပြီး ကုန်းစွန်ကလန်က ဘယ်သူမဆို ယဲ့ဖန်ရဲ့ အင်အားစုကို ရန်သူလို ဆက်ဆံခွင့် မပေးဘူး”

“ငါ့အမိန့်ကို မနာခံတဲ့ သူတွေကို ဘာအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ကလန်ကနေ ထုတ်ပစ်မယ်”

သူ့အမိန့်ကြောင့် ကုန်းစွန်းကလန်သားများအားလုံး ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။ ဒါက ကုန်းစွန်း ကလန်၏ အထူးအမိန့်မှန်း သူတို့ ရိပ်စားမိ လိုက်ကြသည်။

ထို့ကြောင့် သူတို့ ခပ်သွက်သွက် ပြန်ပြော လိုက်ကြ သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ထိုအခါမှသာ ကုန်းစွန်းဝူကျိ သက်ပြင်းချမိသည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ ယဲ့ဖန်အား တွေဝေစွာ လှမ်းကြည့်ရင်း ရေရွတ်လိုက်မိသည်။

“ကမ္ဘာကြီးရဲ့ အရှင်သခင် ပေါ်ထွန်းလာတာကို ငါ မြင်ခဲ့ပြီးပြီ။ ထိပ်သီး အကြီးအကဲများ အဖွဲ့ အစည်းက ငနုံအဘိုးကြီးတွေ သူ့ကို ရန်မစမိ ပါစေ နဲ့လို့ ဆုတောင်းရမှာပဲ။ မဟုတ်လို့ကတော့…”

ကုန်းစွန်းဝူကျိ ဆက်မပြောနိုင်တော့ပါ၊ အဘယ်ကြောင့် ဆိုသော် ရှေးဟောင်းကလန်နှစ်ခု၏ ဆိုးရွား လှသော အခြေအနေက ဥပမာကောင်းပင်။

…

ထိုသို့သော အချိန်၌ ဟွမ်ဖူအိမ်တော်တွင်းရှိ ဟွမ်ဖူရွှမ်နှင့် ဟွမ်ဖူလင်းတို့သည် ကြောက်လန့် နေသော ယုန်များကဲ့သို့ တုန်ယင်လို့နေသည်။

တောက်! တောက်!

သူ့နဖူးမှ ချွေးများက ဆက်တိုက် တဒီးဒီးစီး ကျနေသည်။ နောင်တရ နေကြသည်။

ယခုအချိန်၌ ဟွမ်ဖူ ကလန်သား နှစ်ယောက်လုံး အလွန် နောင်တရ နေကြသည်။

အကယ်၍ ယဲ့ဖန်မှာ ဤမျှ တောင့်တင်းသော အင်အားရှိသည်ကို သူတို့ သိခဲ့ပါက သူတို့ ဘယ်တော့မှ သူ့ကို ရန်စရဲမည် မဟုတ်ပါ။

သို့သော် နောက်ကျသွားချေပြီ။

ထိုစဉ် ယဲ့ဖန်က ဟွမ်ဖူလင်းထံသို့ လှမ်းလာသဖြင့် သူ ကြောက်လန့်ကာ တုန်လှုပ်လာရသည်။

“မင်း သိပ်မကြာခင်တုန်းက ကျန်းရှီမြို့သားတွေကို ပုရွက်ဆိတ်လိုလူတွေလို့ သဘောထားခဲ့သလားလို့”

ယဲ့ဖန်က ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက် သည်။

“ပုရွက်ဆိတ် တစ်ကောင် အဖြစ်နေရတာ ဘယ်လိုနေလဲ”

ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ ထမ်းစင်ပေါ် ၌ လှဲနေရင်း သူသည် ချွေးဒီးဒီးကျနေသည်။

“ယဲ့ …. ယဲ့ဖန်၊ ငါက ပုရွက်ဆိတ်လိုလူပါ။ ဟွမ်ဖူ ကလန်က လူတွေအားလုံးကလည်း ... ပုရွက်ဆိတ် တွေပါပဲ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါ့လိုလူကို ခွင့်လွှတ်ပေးပါ”

ဟွမ်ဖူလင်း မသေချင်သေးပါ။ ဒုက္ခိတ ဖြစ်နေသော် ငြားလည်း သူသည် သေရမည်ကို အလွန် ကြောက်လန့် နေသေးသည်။

သူ့အသံတောင်မှ ကြောက်စိတ်ကြောင့် တုန်ယင် နေသည်။

ကြောက်လန့်နေသော ဟွမ်ဖူလင်းကို ကြည့်ပြီး ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ ပြန်ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါ့ကို ရန်စတဲ့ ဘယ်ပုရွက် ဆိတ်လို ဟာမျိုးကိုမဆို ငါက ဘယ်လိုလုပ် လေ့ရှိလဲဆိုတော့ …”

“သူတို့အားလုံးကို သေတဲ့အထိ နင်းသတ်လေ့ ရှိတယ်”

*ဘာ*

ယဲ့ဖန်၏ စကားကို ကြားလိုက်ရချိန်တွင် ဟွမ်ဖူလင်း ချက်ချင်း မျက်နှာပျက်သွားသည်။

“မလုပ်နဲ့”

ယဲ့ဖန်က ထိတ်လန့်ကြောက်ရွံ့နေသော ဟွမ်ဖူလင်း ၏ ဦးခေါင်းအား သူ့ခြေထောက်ဖြင့် ဖြည်းဖြည်း ချင်း နင်းချလိုက်သည်။

ဂျွတ်!

ဟွမ်ဖူကလန်မှ သခင်လေး၏ ဦးခေါင်းသည် ယဲ့ဖန်၏ ခြေထောက်အောက်၌ ပုရွက်ဆိတ်ကဲ့သို့ နင်းချေခံ လိုက်ရလေသည်။

…

သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။

သူ လုံးဝ စိတ်မကောင်းဖြစ်သလို မခံစားရပေ၊ ထိုအစား သူ အလွန် ကြံရာမရ ဖြစ်နေသည်။

“ယဲ့ … ယဲ့ဖန်၊ မင်း ငါ့ကို သတ်လို့မရဘူး။ ငါက ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ မင်း ငါ့ကို သတ်မယ်ဆို ရင် ကမ္ဘာမြေ အဖွဲ့အစည်းက မင်းကို ဘယ်တော့မှ ဒီအတိုင်း ထားမှာမဟုတ်ဘူး”

ဟွမ်ဖူရွှမ်က ယခုအချိန်၌ ကမ္ဘာမြေ အဖွဲ့ အစည်းအား သူ၏ ဒိုင်းအဖြစ် အသုံးပြုရန် ကြံရွယ် လာသည်။ ကမ္ဘာမြေ အဖွဲ့အစည်းအား ကြောက် လန့်သဖြင့် ယဲ့ဖန်က သူ့ကို အသက်ရှင်ခွင့် ပေးမည်ဟုသာ သူ မျှော်လင့်မိတော့သည်။

“ကမ္ဘာမြေ အဖွဲ့အစည်းလား”

ဟွမ်ဖူရွှမ်၏ စကားကြောင့် ယဲ့ဖန်က ပြုံးလာသည်။ ထို့နောက် သူက ဟွမ်ဖူရွှမ်အား သတ်ရန် ပြင်လိုက် သည်။

ထိုစဉ် ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ကြိမ်းမောင်းသံ တစ်သံ ထွက်ပေါ်လာသည်။

“ယဲ့ဖန် ရပ်လိုက်စမ်း”

ဝီ!

အားလုံး၏ အကြည့်များအောက်မှာပဲ လေထဲ၌ ဧရာမ အရာဝတ္တုတစ်ခု ဝဲပျံကာ ရောက်ရှိလာသည်။

လေဆာရောင်ခြည်သုံး စစ်သင်္ဘောပါလား။

ကောင်းကင်၌ တောင်ပံပါ သားရဲများ ကြီးစိုးလာ ကတည်းက ကမ္ဘာမြေ အဖွဲ့အစည်း၏ ဌာနချုပ် များမှ ယာဉ်များမှ လွဲ၍ ကျန်လေကြောင်းလိုင်းများ ရပ်စဲလိုက်ရသည်။

နောက်ဆုံးပေါ် လေဆာရောင်ခြည်သုံး စစ်သင်္ဘော သည် သံသတ္တုရိုင်းနှင့် အဖြိုက်နက်တို့နှင့် ပေါင်းစပ် ပြုလုပ်ထားခြင်း ဖြစ်ပြီး အဏုမြူစွမ်းအင်ကို အသုံးပြု၍ မောင်းနှင်ခြင်း ဖြစ်သည်။ ထိုသင်္ဘော၌ သားရဲဧကရာဇ်များကိုပင် သတ်နိုင်သည့် လေဆာ ရောင်ခြည်သုံး လက်နက် လေးခုပါရှိသည်။

ပျံသန်းနိုင်သော စစ်သင်္ဘောတစ်စီးပင်။

လေဆာရောင်ခြည်သုံး စစ်သင်္ဘောသည် ကမ္ဘာမြေ အဖွဲ့အစည်း ပိုင်ဆိုင်သော အရာဖြစ်သည်။

ထိုစဉ် စစ်သင်္ဘော၏ တံခါးပေါက် ပွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားကို ပိုင်ဆိုင်ထားသည့် လူကိုးယောက်က တောင်ထိပ်သို့ ဆင်းသက်လာသဖြင့် ဖုန်တထောင်း ထောင်း ထသွားရသည်။

ထိုလူကိုးယောက်ကို မြင်သည်နှင့် ဟွမ်ဖူရွှမ်က အားတက်သရော ဖြစ်နေသော မျက်နှာနှင့် ပြောလာ သည်။

“အကြီးအကဲတို့ ကျုပ်ကို ကယ်ပါဦး”

သူတို့သည် လင်းဒီလောဖ့် ဦးဆောင်သော ကမ္ဘာမြေ အဖွဲ့အစည်း၏ ထိပ်သီးအကြီးအကဲ အဖွဲ့အစည်းမှ အကြီးအကဲကိုးယောက် ဖြစ်သည်။

ထိပ်သီးအကြီးအကဲ အဖွဲ့အစည်းသည် စုစုပေါင်း ဆယ့်နှစ်ယောက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရှေးဟောင်းကလန် သုံးခုမှ အစစ်အမှန် နတ်ဘုရားအဆင့် သုံးယောက်နှင့် အစစ်အမှန် နတ်ဘုရားအဆင့် ကိုးယောက်တို့ဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

ယခုအခါတွင် အစစ်အမှန် နတ်ဘုရားအဆင့် ကိုးယောက်လုံး ရောက်ရှိလို့လာပြီ ဖြစ်သည်။

ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါ တကား။

“အကြီးအကဲတို့ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦး။ ကျေးဇူးပြုပြီး ရှေးဟောင်းကလန်နှစ်ခုရဲ့ ဆုံးရှုံးမှု အတွက် လက်စားချေပေးပါ။ ယဲ့ဖန်က ကလန်နှစ်ခု လုံးကို သုတ်သင်ပစ်ပြီးတော့ အကြီးအကဲ စစ်မာကို သုတ်သင်ခဲ့ပါတယ်။ သူက ကျုပ်ကိုတောင်မှ သတ်ချင်နေတာ”

ဟွမ်ဖူရွှမ် အော်ဟစ်ပြောဆိုလေတော့သည်။ သူ့စကားကို ကြားပြီး အကြီးအကဲ ကိုးယောက်လုံး ထိတ်လန့် သွားကြသည်။

ဟွမ်ဖူအိမ်တော်ရှိ အလောင်းတောင်ကြီးကို ကြည့်ပြီး သူတို့ ချက်ချင်း ဒေါသထွက်လာကြသည်။

“ယဲ့ဖန် မင်း ဘာလုပ်လိုက်သလဲဆိုတာကို မင်း သတိထားမိရဲ့လား”

မဟာအကြီးအကဲ လင်းဒီလော့ဖ်က ဒေါသထွက် နေသော မျက်လုံးများဖြင့် မေးလိုက်သည်။

သို့သော် သူ့စကားကြောင့် ယဲ့ဖန်က တစ်ချက်လှမ်း ကြည့်ကာ ခက်ထန်သော မျက်နှာထားဖြင့် ပြန်ပြော လိုက်သည်။

“ကျုပ် ဘာအပြစ်များ ကျူးလွန်မိသလဲ”

“မင်းက ကမ္ဘာမြေ အဖွဲ့အစည်းက အကြီးအကဲ တစ်ယောက်ကို သတ်ခဲ့ပြီးတော့ ရှေးဟောင်းကလန် နှစ်ခုကို သုတ်သင်ခဲ့တယ်။ မင်း အပြစ်တွေကို ဝန်မခံ ဘူးလား”

လင်းဒီလော့ဖ်က ဒေါသတကြီး ဆက်ပြော လိုက်သည်။

“မင်း ဓားကို မြန်မြန်ချပြီးတော့ ငါနဲ့အတူ ကမ္ဘာမြေ အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို လိုက်ခဲ့၊ ပြီးရင် ကမ္ဘာမြေ တရားရုံးရဲ့ ထိပ်တန်း တရားစစ်ဆေးစီရင်ခြင်းကို လက်ခံလိုက်”

*ဘာ*

လင်းဒီလော့ဖ်၏ စကားကြောင့် ထို့ပါယွင်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများအားလုံး ဒေါသထွက် သွားကြသည်။

ယဲ့ဖန် အမိန့်ပေးလိုက်ပါက သူတို့ ထိုအကြီး အကဲများကို ချက်ချင်း သတ်ပစ်မှာပင်။

သို့သော် လင်းဒီလော့ဖ်၏ စကားကြောင့် ယဲ့ဖန်က နတ်ဆိုးသဖွယ် ရယ်မော၍ ပြောလိုက်သည်။

“လူသား အကြီးအကဲတွေလား။ ရှေးဟောင်း လူသား ကလန်တွေလား”

“သူတို့ သားရဲဧကရာဇ်ကို အညံ့ခံခဲ့တုန်းက ကမ္ဘာမြေ အဖွဲ့အစည်းဆိုတာကြီးက ဘယ်ရောက် နေလဲ။ သူတို့ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဖို့ ကြံစည် တုန်းက အဲ့ဒီကမ္ဘာမြေ အဖွဲ့အစည်းက ဘယ်မလဲ”

“မင်းတို့ လူသားအကြီးအကဲဆိုတဲ့ လူတွေ အားလုံးက တစ်ကိုယ်ကောင်းဆန်တယ်။ မင်းတို့ ဒေါသတွေ အတွက် ထွက်ပေါက်ရှာတုန်းက လူသား တွေ သေမလား၊ ရှင်သလားဆိုတာကို မင်းတို့ ဂရုမ စိုက်ခဲ့ဘူး။ ကမ္ဘာမြေ အဖွဲ့အစည်းက သုံးစား မရဘူးပဲ”

…

အကြီးအကဲ ကိုးယောက်လုံး ယဲ့ဖန်၏ စကား ကြောင့် နားဝေတိမ်တောင် ဖြစ်သွား ကြသည်။ ကမ္ဘာမြေ အဖွဲ့အစည်း၏ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သည့်အလျောက် ဤကဲ့သို့ ချေပ ပြောဆိုခြင်း သူတို့ မခံခဲ့ရဖူးပါ။

ယဲ့ဖန်သည် သူတို့၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေသည်။

“သေစမ်း”

အကြီးအကဲကိုးယောက်လုံး၏ မျက်နှာများ သုန်မှုန်လို့ လာသည်။ သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ်သည် တက်ကြွလာပြီး မကောင်း သော စိတ်ဓာတ်ဖြင့် သွေးထိုးလေတော့သည်။

“မဟာအကြီးအကဲ ခင်ဗျား မြင်တယ်မလား။ သူက ထိန်းမနိုင်သိမ်းမရတဲ့ လူသတ်သမားသာသာပဲ”

သူက ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းကို မလေးစားသလို ကမ္ဘာမြေ အဖွဲ့အစည်းကိုလည်း ထီမထင်သလို လုပ်နေတာ။ သူ့ကို သတ်ပါ၊ သူ့ကို အခုသတ်ပစ်လိုက်ပါ”

ဟွမ်ဖူရွှမ် ပီတိဖြစ်လို့နေသည်။ ယဲ့ဖန်နှင့် အကြီးအကဲ ကိုးယောက်တို့ တိုက်ခိုက်သည်ကို သူ မြင်ချင်နေသည်။

အကြီးအကဲကိုးယောက်၏ အကူအညီနှင့် သူ ယဲ့ဖန်ကို သတ်ချင်နေခဲ့သည်။

သူ့စကားကြောင့် လင်းဒီလော့ဖ်၏ မျက်နှာထားက တင်းမာလို့လာသည်။ ထို့နောက် သူက ယဲ့ဖန် မျက်လုံးကို စေ့စေ့ကြည့်ကာ ဒေါသတကြီး ပြော လိုက်သည်။

“ယဲ့ဖန်၊ ဘာပဲဖြစ်ဖြစ် ဟွမ်ဖူရွှမ်က လူသား အကြီးအကဲ တစ်ယောက်ပဲ။ မင်း သူ့ကို သတ်ဖို့ အဆင့်မမီဘူး”

“ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းက သူ့ကို ဒီနေရာကနေ ခေါ်သွားမှကို ဖြစ်မယ်”

*သူ့ကို ခေါ်သွားမယ်*

“ကောင်းပြီလေ”

ယဲ့ဖန်က အလွန် မနှစ်မြို့ဖွယ်ကောင်းသော မျက်လုံးနှင့် လှောင်ရယ်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ခေါ်သွားနိုင်တယ်”

“ဒါပေမယ့် သူ့အလောင်းပဲ ရမယ်”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် အကြီးအကဲများ အကြီး အကျယ် မှင်တက်သွားကြသည်။

ရွှစ်!

သို့သော် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ချိန်တွင် ယဲ့ဖန်၏ ချွန်ထက်နေသော လက်သည်းများက ဟွမ်ဖူရွှမ်၏ ဦးခေါင်းအား‌ ထိုးဖောက်သွားသည်။

CHAPTER 362 ဝိညာဉ်ခြွေသိုင်းကွက်

ရွှစ်!

ဟွမ်ဖူရွှမ်သည် အလွန် ထိတ်လန့်၍ မယုံနိုင်သော မျက်လုံးများနှင့် ဖြစ်နေပြီး သူ့နဖူးအလယ် တည့်တည့်မှ သွေးများ တတောက်တောက် ကျနေကာ တောင့်တင်းလို့သွားသည်။

ယဲ့ဖန်က အကြီးအကဲကိုးယောက်ရှေ့၌ သူ့ကို သတ်ရဲသည်ကို မယုံနိုင်သလို ဖြစ်နေသည်။

“မဖြစ်နိုင်ဘူး”

ဟွမ်ဖူရွှမ် ဗလုံးဗထွေး ရေရွတ်ရင်း မြေကြီးပေါ် လဲကျသွားသည်။

ဘုန်း!

သူ ချက်ချင်း သေဆုံးသွားလေသည်။ ထိုစဉ် တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။

ဟွမ်ဖူရွှမ်၏ အလောင်းကို ကြည့်ပြီး အခြားသူများ အားလုံးသည် မိမိတို့ နှလုံးမခုန်တော့သယောင် ခံစားလာမိသည်၊ အထူးသဖြင့် ကုန်းစွန်းဝူကျိပင်။

ထို့နောက် သူသည် ချွေးတလုံးလုံးနှင့် ကြောက်လန့်စွာ ရေရွတ်လိုက်မိသည်။

“ဆိုးတာပဲ၊ ယဲ့ဖန်က ကမ္ဘာမြေ အဖွဲ့အစည်းကို ရန်စမိမှာကို ငါ စိုးရိမ်မိတယ်”

သူ စိုးရိမ်နေသည့်အရာက တကယ် ဖြစ်လာခဲ့ လေပြီ။ ယခင်တုန်းက ယဲ့ဖန်သည် ကမ္ဘာမြေ အဖွဲ့အစည်းနှင့် ရန်ငြှိုးထားမိမှာကို သူ အလွန် စိုးရိမ်မိခဲ့သည်။

ယခုအခါတွင် သူ စိုးရိမ်နေခဲ့သမျှက တကယ် ဖြစ်လို့လာခဲ့သည်။ အဖြစ်အပျက်များကို သတိပြုမိပြီးနောက် အကြီးအကဲ ကိုးယောက်လုံး ဒေါသူပုန် ထလာကြသည်။

“ခွေးမသား မင်းကများ ဟွမ်ဖူရွှမ်ကို သတ်ရဲ တယ်ပေါ့လေ”

ဟွမ်ဖူရွှမ်နှင့် ရင်းနှီးသည့် အကြီးအကဲ တစ်ယောက်က ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်ဖော်ရင်း မာန်မဲလာသည်။

ထို့နောက် သူသည် လက်ကို မြှောက်၍ ယဲ့ဖန်အား ရိုက်နှက်ရန် ပြင်လိုက်သည်။

“နိမ့်ကျတဲ့ကောင် မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

လေတိုက်သံနှင့်အတူ တောင်တစ်ခုလုံးကိုတောင်မှ ချေမွနိုင်သယောင်ရှိသည့် သူ၏ လက်ဖဝါးအရွယ် ချီလှိုင်းက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။

အင်အားကြီးလိုက်သည့် တိုက်ကွက်ပါတကား။

လင်းဒီလော့ဖ်နှင့် အခြား အကြီးအကဲ ခုနစ်ယောက် တို့သည် ယဲ့ဖန်ကို မကျေမနပ်ဖြစ်ကာ သင်ခန်းစာ ပေးချင်နေသဖြင့် ထိုအကြီးအကဲအား မတားမြစ် ပေ။

ထိုတိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်က လှောင်ရယ် ကာ ထိုကြီးမားသော လက်ဖဝါးအရွယ် ချီလှိုင်းအား သူ့လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!

လက်ဖဝါးအရွယ် ချီလှိုင်းက ယဲ့ဖန်၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။ ထိုအကြီးအကဲ၏ မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။

ဝှစ်!

သူ့လက်တစ်ခုလုံးသည် ကြီးမားသော အင်အား တစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ နီရဲလို့ လာ၏။ ထိုတိုက်ခိုက်မှုအဆုံးတွင်တော့ သူ့လက်ဖဝါး ပေါက်ကွဲ သွားသည်။

ယဲ့ဖန်၏ ထိတ်လန့်ဖွယ်ကောင်းသော သံမဏိ လက်သီးက သူ့ဦးခေါင်းထဲသို့ ဖောက်ထွင်း ဝင်ရောက် လာသည်။

“မလုပ်နဲ့”

ကြောက်စိတ်မွှန်နေသော အော်သံအဆုံးတွင် အစစ် အမှန် နတ်ဘုရားအဆင့် လူတစ်ယောက်၏ ဦးခေါင်း သည် ဖရဲသီးကဲ့သို့ ပေါက်ထွက်သွားသည်။

ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် လဲကျသွားချိန်တွင် တောင်ထိပ်တစ်ခုလုံး၌ ထပ်မံ၍ တိတ်ဆိတ်လို့သွားရသည်။

“ဒါ… လုံးဝ မဖြစ်နိုင်ဘူး”

လင်းဒီလော့ဖ်နှင့် အခြား အကြီးအကဲ ခုနစ် ယောက်လုံး မှင်တက်သွားကြသည်။ ယခင် တုန်းက ယဲ့ဖန် ဟွမ်ဖူရွှမ်ကို သတ်နိုင်ခဲ့ခြင်းက ကံကောင်း သွား၍ ဖြစ်သည်ဟု သူတို့ ထင်ခဲ့မိသည်။ ထို့ကြောင့် သူတို့က ထိုအကြီးအကဲ တိုက်ခိုက်ခြင်းကို မတားခဲ့ ခြင်း ဖြစ်သည်။

သို့သော် နိမ့်ကျသော ဒဏ္ဍာရီလာအဆင့် တစ်ယောက်က အစစ်အမှန် နတ်ဘုရားအဆင့် တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ စိတ်ကူး နဲ့တောင် မတွေးခဲ့ဖူးပေ။

ဤသည်မှာ အဆင့်ဆယ်ဆင့်ကျော်၍ ဖိနှိပ် တိုက်ခိုက် သော တိုက်ပွဲပင်။

*အံ့ဩစရာပဲ*

ထိုစဉ် အခြားသူများအားလုံးက ယဲ့ဖန်က မျက်ခုံး တလှုပ်လှုပ်နှင့် စိုက်ကြည့်နေကြသည်။ ယခု အခါမှသာ သူတို့ ယဲ့ဖန်၏ ခွန်အားကို လျော့တွက်ခဲ့ မိကြောင်း သတိပြုမိလိုက်ကြသည်။

“ယဲ့ဖန် မင်း အကြီးအကဲဟန့်ကို သတ်ရဲတယ်ပေါ့။ မင်း…”

လင်းဒီလော့ဖ်သည် ဒေါသကြောင့် နီမြန်းနေသော မျက်နှာနှင့် အော်ဟစ်လိုက်သည်။

ရဲတင်းလွန်းလှသည်။

ယဲ့ဖန်သည် သူ မြင်ဖူးသမျှထဲတွင် အရဲတင်းဆုံးလူ ဖြစ်သည်။

ယဲ့ဖန်သည် အချိန်တိုလေးအတွင်း၌ ကမ္ဘာမြေ အဖွဲ့အစည်း၏ အကြီးအကဲ နှစ်ယောက်ကို သတ်လိုက်လေသည်။ မယုံနိုင်စရာ ကောင်းလှ လေသည်။

ထိုစဉ် ယဲ့ဖန်သည် ထိုအကြီးအကဲ၏ ဦးခေါင်းထဲမှ နတ်ဘုရားအဆင့် အမြုတေကို ထုတ်၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

နတ်ဘုရားအဆင့် အမြုတေကို ဝါးနေရင်း ယဲ့ဖန်က လင်းဒီလော့ဖ်နှင့် အခြားသူ ခုနစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။

“သူက ကျုပ်ကို သတ်ချင်နေတာလေ။ ကျုပ်က သူ ကျုပ်ကို သတ်ခွင့် ပေးလိုက်ရမှာလား”

“ဘာလဲ၊ ခင်ဗျားတို့လည်း လိုက်သေချင်လို့လား”

…

ယဲ့ဖန်၏ စကားကြောင့် လင်းဒီလော့ဖ်နှင့် အခြား အကြီးအကဲ ခုနစ်ယောက်လုံး အလွန် မှင်တက် သွားကြသည်။

ထူးဆန်းလိုက်သည့်လူပါလား။

ယဲ့ဖန်သည် ကမ္ဘာမြေ အဖွဲ့အစည်းမှ အကြီး အကဲများ၏ မျက်လုံးထဲတွင် အထူးဆန်းဆုံးသူပင် ဖြစ်သည်။

နတ်ဘုရားအဆင့်၏ အမြုတေကို စားနေသည့် အပြင် သူက ကျန်ရှိနေသော အကြီးအကဲများအား အရသာရှိသော တစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ စိတ်ဝင်တစား ကြည့်နေသေးသည်။

ထို့ကြောင့် ကျန်အကြီးအကဲ ရှစ်ယောက်လုံး ကြက်သီး ထလာကြသည်။

“ယဲ့ဖန် မှတ်ထားလိုက်၊ ဒီကိစ္စက ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ဘူး”

လင်းဒီလော့ဖ်သည် ယဲ့ဖန်အား သတိပေးလိုက်ရင်း သူနှင့် ကမ္ဘာမြေ အဖွဲ့အစည်းမှ ကျန်အကြီးအကဲ ခုနစ်ယောက်လုံး ကြောက်စိတ်မွှန်နေကြသည်။

ကြောက်သည်။ ယဲ့ဖန်က သူတို့အားလုံးကိုပါ သတ်၍ သူတို့၏ နတ်ဘုရားအဆင့် အမြုတေကို ထုတ်ယူသွားမည်ကို သူတို့အားလုံး ကြောက်နေ ကြသည်။ ထို့ကြောင့် သူတို့အားလုံး ထွက်ပြေးချင် နေကြသည်။

….

ထို့နောက် သူတို့သည် လေဆာရောင်ခြည်သုံး စစ်သင်္ဘောပေါ် ခပ်သုတ်သုတ် ပြန်တက် သွားကြသည်။

ဝီ!

စစ်သင်္ဘောသည် ကောင်းကင်ပေါ် ထိုးတက်သွားပြီး ကြောက်လန့်နေသော ယုန်သဖွယ် ပျောက်ကွယ် လို့သွားသည်။

ယဲ့ဖန်က ကျန်အကြီးအကဲ ရှစ်ယောက်ကို မသတ် လိုက်ပါ။ သူတို့တွင် သူနှင့် မည်သည့်ရန်ကြွေးမျှ မရှိပေ။ ထို့အပြင် သူသည် မကောင်းဆိုးဝါးများကို အနိုင်ယူသတ်ဖြတ်၍ အခြားလူသားများကို ကာကွယ် ပေးနိုင်ရန် လူတစ်ချို့ကို အသက်ရှင်လျက် ထားချင်နေခဲ့သေး၍ ဖြစ်သည်။

“သွားကြစို့”

ယဲ့ဖန်သည် ကုန်းစွန်ကလန်ရှိရာ တောင်ထိပ်သို့ တစ်ချက်မျှ ခပ်ကြာကြာ စိုက်ကြည့်နေပြီးမှ သူ့လူများနှင့်အတူ တောင်ထိပ်မှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။

ယဲ့ဖန်နှင့် သူ့လူများ ထွက်ခွာသွားသည့် အခါမှသာ ကုန်းစွန်းဝူကျိနှင့် သူ့ကလန်သားများ သက်ပြင်းချ နိုင်တော့သည်။

ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းမှ အကြီး အကဲ သုံးယောက်လုံး အချိန်တိုလေး အတွင်း၌ ယဲ့ဖန်၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည်ဟု သူတို့ ထင်မထားခဲ့မိပါ။

…

ကျန်းရှီမြို့၌။

ယဲ့ဖန် ပြန်လာပြီးနောက် ကျန်းရှီမြို့သည် တစ်ဖန် ပြန်လည်၍ အေးချမ်းလာသည်။

အမှောင်သခင်သည် အစစ်အမှန် နတ်ဘုရား အဆင့်သို့ အဆင့်တက်လာနိုင် ပြီးနောက် နတ်ဆိုး တောင်ကြားရှိ သူ၏ မူလကိုယ်ပေါ်အား ချိပ်ပိတ် ထားသော စည်းတံဆိပ်များ အားလျော့ လာသည်ကို ခံစားလိုက်မိသည်။

မူလကိုယ်မှ စည်းတံဆိပ်အား ချိုးဖျက်နိုင်ရန် အတွက် အကူအညီပေးလိုသဖြင့် သူ၏ ကိုယ်ပွားက ချက်ချင်း နတ်ဆိုးတောင်ကြားသို့ ပြန်သွား လေသည်။

ကြာပန်း၏ အကူအညီဖြင့် ပိုင်ယီသည်လည်း သူမ မှတ်ဉာဏ်များ ပြန်ရလာသည်။ ထို့ပြင် သူမ၏ တိုက်ပွဲဝင် ခွန်အားသည်လည်း ထပ်မံ၍ တိုးပွား လာပြန်သည်။

ထို့နောက် သူမသည် သူမ၏ တံခါးပိတ် ကျင့်ကြံခြင်း ခရီးရှည်အား စတင်လေတော့သည်။

ကျန်းရှီမြို့မှ နတ်ဆိုးများအားလုံး ရေကုန်ရေခမ်း ကြိုးပမ်း၍ ကျင့်ကြံကြလေသည်။

ကျယ်ပြောသော ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ် ပေါင်းစပ်ထားသော ဝင်္ကပါအတွင်း၌ သူတို့၏ သိုင်းအဆင့်များက နေ့တိုင်း တိုးတက်လို့လာသည်။

ယဲ့ဖန်တစ်ယောက်တည်းသာလျင် သူ၏ နောက် ဘေး မြေကွက်လပ်၌ တိတ်ဆိတ်စွာ ထိုင်နေ ရင်း မြေကြီးထဲ စိုက်ထားသော ဓားကျိုး အပိုင်း အစကို စိုက်ကြည့်လျက် ရှိသည်။

ဓားကျိုးသည် အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပ နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့ကြောင့် သုံးပိုင်း ကျိုးသွားခဲ့ပြီး ဖြစ်သည်။

ထိုဓားကျိုး အပိုင်းအစ သုံးခုအား နတ်ဘုရားမ ဌာနရှိ နတ်ဘုရားမတို့၏ ဧကရီရုပ်တု၊ အလင်းတော် ဘုရားကျောင်းရှိ အင်မော်တယ် နဂါးရုပ်တုနှင့် ဝူနတ်ဘုရား ကျောင်းတော်ရှိ ဝူနတ်ဘုရားရုပ်တုတို့၌ အသီးသီး စိုက်ထူထားခဲ့ကြသည်။

ယဲ့ဖန်က ထိုအင်အားစု သုံးခုကို ရှင်းပစ်ခဲ့ပြီးနောက် ဓားကျိုး၏ အပိုင်းအစ သုံးခုအား ပြန်သိမ်းယူ လာခဲ့ခြင်း ဖြစ်သည်။

ထူးဆန်းစွာပင် ဓားကျိုးထဲမှ နတ်ဆိုးနဂါးသည် ပျောက်ကွယ် နေကာ တိတ်ဆိတ်လို့နေသည်။

*ဒီငတုံးကြီးမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတာ၊ သူ သည်လောက် အကြာကြီး အသက်ရှင် နေခဲ့တာဆိုတော့ အလွယ်တကူ လျှောသွားမှာ မဟုတ်ဘူး*

အချိန်တစ်ခဏမျှ တွေးတောနေပြီးနောက် ယဲ့ဖန် သည် ဆန်းကြယ်ရေခဲ ချီဓာတ်အချို့အား ဓားကျိုး ထဲသို့ ပို့လွှတ်လိုက်သည်။

သို့သော် မည်သို့သော တုံ့ပြန်မှုမျှ မရှိပေ။

ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ခေါင်းတခါခါနှင့် သက်ပြင်းချကာ ရေရွတ် လိုက်သည်။

“ဟူး နတ်ဆိုးနဂါး ခင်ဗျားက တော်တော် သနားဖို့ ကောင်းတဲ့ ယောကျ်ားပဲ။ ကောင်းပြီလေ၊ ခင်ဗျား အတွက် ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ ကျုပ်က ဒီဓားကျိုးကို ဝိညာဉ်ခြွေ သိုင်းကွက်နဲ့အတူ အရည်ဖျော် ပစ်လိုက်ပါ့မယ်”

ဝိညာဉ်ခြွေ သိုင်းကွက်သည် ကျန်ရစ်နေသော စိတ်ဝိညာဉ် များအား ဖြေရှင်းရာတွင် အသုံးပြုသည့် အရက်စက်ဆုံး သိုင်းကွက်ဖြစ်သည်။

ဤသိုင်းကွက်နှင့်ဆိုလျင် လူတစ်ယောက်သည် ကျန်ရစ်နေသော စိတ်ဝိညာဉ်အား လေးဆယ့် ကိုးရက် သန့်စင်မွမ်းမံနိုင်သည်။ ထို့ကြောင့် ကျန်ရစ် နေသော စိတ်ဝိညာဉ်သည် ကယောင် ချောက်ချား အော်ဟစ်နေရမည် ဖြစ်ပြီး ဘယ်သောအခါမှ ပြန်လည် ဝင်စားခြင်း ပြုနိုင်မည် မဟုတ်ပေ။

ယဲ့ဖန်က သူ့လက်ဖဝါးကို ချက်ချင်း လှုပ်ခါ လိုက်သည်။ ထို့နောက် မည်းနက်နေသည့် နတ်ဆိုး ဆန်သော မှော်စာလုံးတစ်လုံးက လေထဲ ပေါ်လာ လေသည်။

ထို့နောက် ဓားကျိုးအား ထိုမှော်စာလုံးနှင့် ထိခိုက် စေရန် ကြံရွယ်လိုက်သည်။

“အား...အား…အား”

သို့သော် ယဲ့ဖန်၏ လက်ဖဝါးက ဓားကျိုး အပိုင်းအစ များနှင့် မထိမိခင်တွင် အနက်ရောင် ချီမျှင်စုများက လေထဲ ပေါ်ထွက်လို့လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုချီဓာတ်များက နဂါးဦးခေါင်းအသွင်သို့ ပြောင်းလဲသွားသည်။

နဂါး၏ မျက်နှာက တုန်လှုပ်လို့နေပြီး ကြောက်လန့် တကြား ငယ်သံပါအောင် အော်ဟစ်နေသည်။

“လူငယ်လေးယဲ့၊ မင်း … မင်း ဒီလောက် မရက်စက်သင့်ဘူးနော်။ မင်း အကြီးတွေကို လေးစားရမယ် ဆိုတာကို မသိဘူးလား။ ငါက သုံးပိုင်း အပိုင်းခံလိုက်ရပြီးတော့ ငါ့အသက်ကို ဆုံးရှုံး လုနီးပါး ဖြစ်ခဲ့တာကွ။ ငါ ဒဏ်ရာရနေတာ”

နဂါး၏ မျက်နှာသည် အလွန် မခံချိမခံသာ ဖြစ်နေပုံ ရပြီး မျက်ရည်များ ဝဲလို့နေ၏။

“လူအိုကြီး နောက်ဆုံးတော့ ခင်ဗျား ပေါ်လာပြီပဲ”

ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ နတ်ဆိုးနဂါး၏ မျက်လုံးအား စေ့စေ့ ကြည့်ကာ ဆက်ပြောလိုက်သည်။

“ကျုပ်ကို အင်မော်တယ် နဂါး၊ ကောင်းကင် နဂါးနဲ့ ဝူနဂါးအကြောင်း ပြောပြ”

ထိုစဉ် ဝိညာဉ်ခြွေ မှော်စာလုံးက ယဲ့ဖန်၏ လက်ဖဝါး ပေါ်သို့ ပြန်ရောက်လာပြီး နတ်ဆိုးနဂါး၏ ခန္ဓာကိုယ် ထဲသို့ အချိန်မရွေး ခုန်ဝင်တော့ မည့်ပုံပေါ်နေသည်။

CHAPTER 363 ကမ္ဘာခြား မုဆိုးများ

ယဲ့ဖန်လက်ထဲမှ ဝိညာဉ်ခြွေ မှော်စာလုံးကိုကြည့်ပြီး နတ်ဆိုးနဂါးသည် မျက်ခုံး တဆတ်ဆတ် လှုပ်လာကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။

ယဲ့ဖန်၏ ရက်စက်တတ်သော အကျင့်အရ ယဲ့ဖန်က သေချာပေါက် သူ့ကို သတ်မည်ဆိုတာကို နတ်ဆိုး နဂါး သိနေသည်။

“မင်း … ကောင်းပြီလေ”

နတ်ဆိုးနဂါးက ဒေါသတကြီး အံကို ကြိတ်နေရင်း အရှုံးပေး လိုက်သည်။

“ကောင်းပြီလေ၊ အဲ့အကြောင်းတွေ မင်းကို ငါ ပြောပြမယ်”

“လွန်ခဲ့နှစ် ရာချီတုန်းက ငါ့မူလကိုယ်ကို ပိတ်လှောင် ထားတဲ့ စည်းတံဆိပ်က အားနည်းစ ပြုလာတယ်။ အဲ့ဒါကြောင့် ငါ့ကိုယ်ပွားတွေကို စည်းအပြင်ဘက် ပို့လိုက်ပြီးတော့ အဲ့ဒါတွေက အင်မော်တယ် နဂါး၊ ကောင်းကင်နဂါးနဲ့ ဝူနဂါးလို့ နာမည်တွင် လာပြီးတော့ နယ်မြေတစ်ခုစီ အသီးသီး အုပ်ချုပ်ခဲ့ ကြတာ”

ယဲ့ဖန် ထင်ထားခဲ့သည့်အတိုင်းပင် ထိုနဂါးသုံး ကောင်လုံးက တကယ့်ကို နတ်ဆိုးနဂါးထံမှ ခွဲထွက် လာ ကြခြင်း ဖြစ်သည်။

ယခုအခါမှသာ သူ အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် ယဲ့ဖန်က မျက်မှောင်ကြုတ်၍ ဇဝေဇဝါဖြင့် မေး လိုက် သည်။

“မင်း ဘာလို့ ဒီလောက် ကိုယ်ပွားတွေ အများကြီး ခွဲပစ်တာလဲ”

သူ့စကားကြောင့် နတ်ဆိုးနဂါး တုန်ယင်သွားသည်။ ထို့နောက် သူက ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။

“အဲ့လို ထိတ်လန့်ဖွယ်ကောင်းတဲ့ အင်အားစုတွေ အားလုံးကို စေလွှတ်ရတာက ငါ့အတွက် နဂါးမ ရှာခိုင်းမလို့”

နတ်ဆိုးနဂါး၏ အဖြေကြောင့် ယဲ့ဖန် ထပ်၍ တွေဝေ သွားရသည်။ ထို့နောက် သူ ပြန်မေးလိုက်သည်။

“နဂါးမ ဟုတ်လား”

ယခုအချိန်တွင် နတ်ဆိုးနဂါး၏ မျက်နှာက နီမြန်း နေကာ ခေါင်းကိုငုံ့၍ မူနေသော မယားပျိုလေးကဲ့သို့ ရှက်ကိုးရှက်ကန်းနှင့် ပြောလေသည်။

“ဟုတ်တယ်၊ ဒီကမ္ဘာပေါ်မှာ အရမ်းချောတဲ့ နဂါးမ ရှိနေတာကို ငါ အာရုံခံမိလို့”

“ငါ … ငါက သူမနဲ့ မိတ်ဖက်ချင်လို့”

အဟွတ်!

ယဲ့ဖန်သည် တံတွေးသီးတော့မလို ဖြစ်သွားရသည်။ ဒီလူအိုကြီးက သည်လောက် နှာထတတ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။

*ီးပဲ*

*သူက ကိုယ်ပွား သုံးခုခွဲပြီး အားလုံးကို တစ်နေရာစီ အုပ်စိုးစေတာက သူ မိတ်လိုက်ဖို့အတွက် နဂါးမ ကူရှာခိုင်းဖို့တဲ့လား*

အကယ်၍များ ဤအဖြေကို သေဆုံးသွားခဲ့သော နတ်ဘုရားမဌာန၊ အလင်းတော် ဘုရားကျောင်းနှင့် ဝူနဂါး ဘုရားကျောင်းမှ အကြီးအကဲများ သိခဲ့ပါက သူတို့ ဒေါသကြောင့် သွေးတက်သွားလောက်သည်။

သို့သော် နတ်ဆိုးနဂါးသည် သူ၏ အပြုအမူ များသည် အရှက်မရှိဟု နည်းနည်းလေးမျှ မှတ်ယူ ခြင်း မရှိပေ။

“ငါ ကမ္ဘာပေါ်မှ ချိပ်ပိတ်ခံထားရတုန်းက ငါ ကမ္ဘာပေါ်မှ အတော်လေး လှတဲ့ နဂါးမ ရှိတာကို အာရုံခံလိုက်မိတယ်”

“သူမက လှတယ်၊ ညှို့ဓာတ်အား ကောင်းတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ ကလူ၏သို့မြှူ၏သို့ လုပ်နိုင်တယ်”

“သူမ ရှူထုတ်လိုက်တဲ့ လေတောင်မှ စွဲမက်ဖွယ် ကောင်းတယ်”

နတ်ဆိုးနဂါးက အဖြစ်သည်းစွာ ပြောလာသည်။ သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက ဝမ်းချုပ်နေ သလို ရှုံ့မဲ့လို့သွားသည်။

ထို့နောက် သူ နတ်ဆိုးနဂါးကို မေးလိုက်သည်။

“မင်း အဲ့နဂါးမကို မြင်ဖူးလား”

“ဟူး…”

ယဲ့ဖန်၏ မေးခွန်းက သူ၏ အရှိုက်အား ထိသွား ပုံရပြီး နတ်ဆိုးနဂါးက ခေါင်းကို လေးတိ လေးကန်နှင့် ခါ၍ပြန်ပြောလိုက်သည်။

“ဟင့်အင်း၊ ကံတရားက စမ်းသပ်တာဖြစ်မယ်”

“ဒါပေမယ့် ငါ သူမ ရှူထုတ်လိုက်တဲ့ ချီဓာတ်ကို အနံ့ခံပြီး ညတိုင်း အကြိမ် ထောင်နဲ့ချီပြီး မာစတာ ဘိတ်ရုံပဲ တတ်နိုင်တယ်”

ယဲ့ဖန် ဆွံ့အသွားရသည်။

နတ်ဆိုးနဂါးသည် အလွန် လိင်ကိစ္စများကို မြင်ယောင် စွဲလမ်း၍ နှာထလွန်းသော မဟာ့မဟာ နှာဘူး နဂါး ဖြစ်သည်ဆိုတာကို ယခုမှသာ ယဲ့ဖန် ရိပ်မိလိုက်ရသည်။

သူ၏ အရှက်မရှိမှုနှင့် ညစ်ညမ်းသော စိတ်ဓာတ် တို့ကို ယဲ့ဖန်တောင်မှ လက်မြှောက် အရှုံးပေး လိုက်ရသည်။

သို့သော် ပစိဖိတ်သမုဒ္ဒရာထဲမှ သမုဒ္ဒရာ ချောက်နက် တွင်းရှိ မီတာထောင်နှင့်ချီနက်သော တစ်နေရာ၌ ဧရာမ အကောင်ကြီးတစ်ကောင် ရစ်ခွေလျက် ရှိသည်။

၎င်းသည် မည်းနက်နေပြီး အဖြိုက်နက်ဖြင့် ပြုလုပ် ထား သကဲ့သို့ မာကျောသည့် ကြိတ်ဆုံ ကျောက် အရွယ်ရှိ ကြေးခွံများ ဖုံးလွှမ်းနေသည်။

၎င်း၏ကိုယ်ကို ဆန့်လိုက်လျင် မီတာထောင်နှင့်ချီ ရှည်လျားလှသည်။ ၎င်းခွေနေလျင် တောင် တစ်လုံး ကဲ့သို့ ဖြစ်ပေါ်နေသည်။

ထိတ်လန့်ဖွယ်ကောင်းသော အစိတ်အပိုင်းကား ၎င်း၏ အိမ်တစ်လုံးအရွယ်ရှိ ဦးခေါင်းပေါ်မှ ဦးချို နှစ်ခုပင်။

ထိုအရာက နဂါးတစ်ကောင် ဖြစ်နေတာပါတကား။

ဟက်..ဟက်..ဟက်ချိုး။

ထိုစဉ် အနက်ရောင် နဂါးသည် နှာချေလိုက်ရင်း ၎င်း၏ မီးအိမ်ကဲ့သို့ တောက်ပနေသော မသင်္ကာ ဟန်ဖြင့် ပြောလိုက်သည်။

“အာ… သူတောင်းစားတစ်ကောင်က ငါ့အကြောင်း ပြောနေတာပဲ”

ထိုသို့ တစ်ခဏမျှ တွေးမိနေပြီးမှ အနက်ရောင် နဂါးက ထိုအကြောင်းကို လျင်မြန်စွာ မေ့သွား တော့သည်။

ထို့နောက် ၎င်းက ၎င်း၏ ကြီးမားသော မျက်လုံး များဖြင့် ရှေ့သို့လှမ်းကြည့်လိုက်သည်။ ၎င်း၏ ရှေ့တည့်တည့်၌ များစွာသော ပင်လယ်သားရဲများ စုဝေးနေကြသည်။

စုစုပေါင်း ပင်လယ်သားရဲများ ထောင်သောင်းမက ရှိနေကြသည်။ အနက်ရောင် နဂါးနှင့် အနီးကပ်ဆုံး ပင်လယ်သားရဲ ဆယ့်တစ်ကောင်သည် ထိတ် လန့်ဖွယ် အကောင်းဆုံး ဖြစ်သည်၊ သူတို့သည် ဧကရာဇ်အဆင့် သားရဲများ ဖြစ်ကြသည်။

ထို့နောက် အနက်ရောင် နဂါးက ဧကရာဇ်အဆင့် သားရဲတစ်ကောင်ကို ကြည့်၍ မေးလိုက်သည်။

“ခေါင်းကိုးလုံး ပြန်မလာသေးဘူးလား”

မိန်းမ အသံကြီးပါလား။

ငါးမန်းဧကရာဇ်က ခပ်သွက်သွက် ပြန်ပြော လိုက်သည်။

“သခင်မ ခေါင်းကိုးလုံးက ကုန်းတွင်းပိုင်းက မြစ်ချောင်း တွေကို သွားကျူးကျော်နေတာပါ။ သူ ပြန်မလာ သေးပါဘူး”

*ဟမ်*

ထို့နောက် အနက်ရောင် နဂါးက အေးစက်စက် မျက်လုံးများနှင့် ပြောလိုက်သည်။

“ဒါဆိုလည်း သူ့ကို ထပ်စောင့်မနေနဲ့တော့။ အမွေအနှစ် တံခါးပေါက်က ပွင့်တော့မယ်။ ဒီတစ်ခေါက် ဆင့်ကဲ ပြောင်းလဲခြင်း ပြီးသွားရင် ကမ္ဘာတစ်ခုလုံးက ငါတို့အပိုင်ပဲ”

အနက်ရောင်နဂါး၏ စကားကို ကြားပြီးနောက် ထောင်သောင်းချီသော ပင်လယ်သားရဲများက ဆက်တိုက် ဟစ်အော်လာသည်။

သားရဲများ စိတ်ရှည်လက်ရှည် စောင့်နေကြစဉ်တွင် သမုဒ္ဒရာ ချောက်နက်ထဲရှိ ကြီးမားသော အနက်ရောင် ဥမင်တစ်ခုက ဖြည်းညှင်းစွာ ပွင့်လာသည်။

ရုတ်တရက် ထိုတံခါးအတွင်းမှ များပြားသော ရေခီ စွမ်းအင်များက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ထွက်ပေါ်လာသည်။

ဖျောက်! ဖျောက်! ဖျောက်!

တိုးပွားလာသော ရေခီစွမ်းအင်များက သမုဒ္ဒရာ ချောက်နက်အတွင်း ဖုံးလွှမ်းသွားပြီး ကြောက်မက် ဖွယ် ကောင်းသည့် ပင်လယ်သားရဲများစွာတို့သည် စတင်၍ ဆင့်ကဲပြောင်းလဲ လာတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် တိုးပွားလာသော ချီဓာတ် များက သူတို့အား ကြောက်လန့်ကာ တုန်လှုပ်သွား စေခဲ့သည်။

“ဝင်ကြတော့”

အနက်ရောင် နဂါးက အမိန့်ပေးပြီးနောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်အား တွန့်လိမ်၍ အမွေအနှစ် တံခါးပေါက်ထဲသို့ ချက်ချင်း ဝင်ရောက် သွားပြီး သူ့နောက်မှ ဧကရာဇ်အဆင့် သားရဲဆယ့် တစ်ကောင်နှင့် ထောင်သောင်းချီသော ပင်လယ် သားရဲများ လိုက်ပါသွားကြသည်။

ပင်လယ်သားရဲများ လျင်မြန်စွာ မျိုးရိုးဗီဇ ပြောင်းလဲသွားကြသည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။ ထိုနှစ်ဝက်အတွင်း ကမ္ဘာပေါ်ရှိ အင်အားစုများလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

လင်းဒီလော့ဖ်သည် အစစ်အမှန် နတ်ဘုရားအဆင့်မှ ကောင်းကင် နတ်ဘုရားအဆင့်သို့ အဆင့်တက် သွားခဲ့သည်။

သူသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်နှင့်အတူ ပျံသန်းနိုင်နေပြီ ဖြစ်သည်။

ပါရမီရှင် ကောင်းကင်သားတော် ပေါ်ထွန်းလာပြီး အနောက်ဘက်ဒေသရှိ အခြားအင်အားစုများကို အုပ်ချုပ်လေတော့သည်။ သူ့ကိုယ်သူလည်း ကောင်းကင်အလင်းသခင်ဟု ခေါ်ဝေါ်ခဲ့သည်။

အိန္ဒိယ အခြေစိုက်ဌာနရှိ တထာဂတသည်လည်း သူ၏ တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး တစ်ကမ္ဘာလုံးတွင် တတိယမြောက် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့သည်။

ပစိဖိတ် သမုဒ္ဒရာထဲတွင် အနက်ရောင် နဂါးဘုရင်မ ထွက်ပေါ်လာသည်။ သူမက ပင်လယ်သားရဲ အားလုံးကို စုစည်း၍ သူမကိုယ်သူမ သခင်မဟု ခေါ်ဝေါ်လေသည်။

သို့သော် အလွန့်အလွန် ကြီးမားသော ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက စကြဝဠာအနှံ့ ခရီးဆန့်၍ နေရင်း နောက်ထပ် နေစကြဝဠာထဲသို့ ခရီးထွက် နေသည်ကို မည်သူမျှ မသိကြပေ။

ထိုစစ်သင်္ဘော၌ ပါလာသော ကမ္ဘာခြား မုဆိုးများသည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ အစစ်အမှန် နတ်ဘုရားအဆင့်များထက် ဆယ်ဆ မက ပို၍ အင်အားကြီးလေသည်။

သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက လူများအား ကြောက်လန့်ကာ တုန်ယင်သွား စေလောက်သည်။

ယခုအချိန်တွင် သူတို့သည် တစ်စုံတစ်ရာကို အပူတပြင်း ရှာဖွေနေကြသည်။

“အဖွဲ့ခေါင်းဆောင်၊ ကျွန်တော်တို့ အဲ့နေရာကို အခုထိ ရှာမတွေ့သေးပါဘူး”

စစ်သင်္ဘောပေါ်ရှိ ကမ္ဘာခြား မုဆိုးတစ်ဦးက အစိမ်းရောင် အသားအရေနှင့် လူတစ်ယောက်ကို သတင်းပို့လာသည်။

သူ့သတင်းပို့ချက်ကြောင့် ထိုအစိမ်းရောင် အသား အရေနှင့်လူက ချက်ချင်း မျက်လုံးဖွင့်၍ စူးရှသော အကြည့်များဖြင့် ပြောလိုက်သည်။

“စကြဝဠာနှစ် နှစ်နှစ်တောင် ရှိနေပြီ၊ ဒါပေမယ့် ငါတို့ အခုထိ ငါတို့ရှာနေတာကို ရှာမတွေ့နိုင်သေးဘူး”

ထို့နောက် သူက သားရေတစ်ခုကို ထုတ်၍ ဖွင့်ကြည့် လိုက်သည်။ ထိုအရာသည် စကြဝဠာ ကိုဩ ဒိနိတ်များ ပါသော နေရာတစ်ခု၏ မြေပုံ ဖြစ်သည်။

ဤမြေပုံကို သူ ရှေးဟောင်း အမွေအနှစ်ထဲမှ ရလာခဲ့ခြင်း ဖြစ်သည်။ ထိုအရာက စွမ်းအင် ပေါကြွယ်ဝသော ဂြိုဟ်တစ်ခုကို ရေးဆွဲထားသည်။

ထိုဂြိုဟ်က ကောင်းကင် နတ်ဘုရားများတောင် သေဆုံးခဲ့သည့် ဒဏ္ဍာရီလာ နေရာ ဖြစ်သည် ဆိုတာကိုတောင် သူ သံသယဝင် လာမိသည်။

အစိမ်းရောင် အသားအရေနှင့် လူက ဖြည်းဖြည်းချင်း ထလိုက်ပြီး သူ့ရှေ့မှ ဗလာနတ္ထိ နေရာအား ကြည့်၍ ရယ်ကာပြောလိုက်သည်။

“နတ်ဘုရား အလင်းတော်အမြောက်ကို စက်နှိုး လိုက်၊ ရှေ့တည့်တည့်က ဘာမှမရှိတဲ့နေရာကို ပစ်”

*ဘာ*

*ဘာမှမရှိတဲ့ နေရာကို ပစ်ရမယ်*

စစ်သင်္ဘောပေါ်မှ အခြား ကမ္ဘာခြား မုဆိုးများ မှင်တက်သွားကြသည်။ သို့သော် သူတို့သည် သူတို့ခေါင်းဆောင်၏ အမိန့်ကို မနာခံဘဲ မနေရဲကြသဖြင့် သူတို့ရှေ့တည့်တည့်မှ ဗလာနတ္ထိ နေရာအား ချိန်၍ အနီရောင်ခလုတ်အား ဖိချလိုက် သည်။

ဝုန်း!

ပေါက်ကွဲသံနှင့်အတူ ကြီးမားသော အလင်းတန်း အစုအဝေးကြီးက ရှေ့တည့်တည့်မှ ဗလာနတ္ထိ နေရာသို့ ဝင်တိုက်သွားသည်။

ဂျွတ်! ဂျွတ်!

ပေါက်ကွဲသံနှင့်အတူ သူတို့၏ အံ့ဩနေသော မျက်စိရှေ့မှာတင် ရှေ့တည့်တည့်မှ ဗလာနတ္ထိ ဖြစ်နေသော နေရာသည် မှန်ကွဲတစ်ချုပ်ကဲ့သို့ တစ်စစီ ဖြစ်သွားလေသည်။

ထို့နောက် စွမ်းအင်ပေါကြွယ်ဝသော ဂြိုဟ်တစ်ခုက အာကာသယာဉ်ရှေ့ ထွက်ပေါ်လာသည်။

“ငါတို့ ရှာတွေ့ပြီ”

“အဲ့အပြာရောင် ဂြိုဟ်က ကောင်းကင်နတ် ဘုရားတွေ သေဆုံးတဲ့ နေရာလို့ ပြောစမှတ်ပြုကြတဲ့ ကမ္ဘာလို့ ခေါ်တဲ့ ဂြိုဟ်ပဲ”

All Chapters