အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
CHAPTER 364 ကမ္ဘာပျက်သောနေ့ ရောက်လာလေပြီ
ကမ္ဘာခြား စစ်သင်္ဘောက နေစကြဝဠာထဲသို့ ဝင်လာ သည်နှင့် ကမ္ဘာပေါ်ရှိ ရှေးဟောင်း အိမ်တစ်လုံး အတွင်းရှိ သူတောင်းစားအိုကြီးတစ်ယောက်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်နှာပေါ်၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားသည်။
“ဘိုးဘိုး ဘာဖြစ်လို့လဲ”
မကောင်းတာတစ်ခုခု ဖြစ်ပေါ်တော့မည်ပုံ ပေါ်နေသော သူမအဘိုး၏ ထိုကဲ့သို့သော မျက်နှာ အမူအရာ မျိုးကို ယန်အာ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
တောက်! တောက်!
သူတောင်းစားအိုကြီး၏ နဖူးမှ ချွေးတဒီးဒီး ကျလာသည်။ ထို့အပြင် သူ့မျက်ခုံးများ တဆတ်ဆတ် လှုပ်လာပြီး ရေရွတ်လိုက်သည်။
“ရှေးဟောင်းတားမြစ်စနစ်က ကျိုးပျက်သွားပြီ။ ကပ်ဆိုက်တော့မှာပါလား”
*ဘယ်လို*
သူတောင်းစားအိုကြီး၏ စကားကြောင့် ယန်အာ လုံးဝကို မှင်တက်သွားရသည်။ သို့သော် သူမ ပြန်မမေးနိုင်ခင်တွင် သူတောင်းစားအိုကြီးက ပြောလာသည်။
“မြန်မြန်၊ လင်းဒီလော့၊ တထာဂတနဲ့ ပါရမီရှင် ကောင်းကင်သားတော်တို့ကို ဆက်သွက်လိုက်၊ မြန်မြန်လုပ်”
“ဘိုးဘိုး လူသားတိုင်းကို တရားဝင်ကြေညာစရာ တစ်ခုရှိတယ်”
…
ထိုနေ့၏ ညနေခင်းတွင် ကမ္ဘာတစ်ဝှမ်းရှိ တီဗွီရုပ်သံလိုင်းအားလုံးတွင် သတင်းတစ်ခုကို ထုတ်လွှင့်လေတော့သည်။
ထိုသတင်းထဲတွင် လူလေးယောက် ပါဝင်သည်။
သူတောင်းအိုကြီးသည် ကောင်းကင် နတ်ဘုရားအဆင့် ဖြစ်သော လင်းဒီလော့ဖ်၊ တထာဂတနှင့် ကောင်းကင်အလင်းသခင်တို့ရှေ့၌ ထိုင်နေသည်။
လေထုသည် အလွန်ထိုင်းမှိုင်းလှသည်။
ဤသတင်းကို ကြည့်နေသည့် လူသားတိုင်း တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို ရိပ်စားမိလိုက်ကြသည်။
ရုတ်တရက် သူတောင်းစားအိုကြီးက စကားစလာသည်။
“ကမ္ဘာမြေသားအပေါင်းတို့ မင်္ဂလာညနေခင်းပါ။ ကျုပ်က အမည်မသိလူတစ်ယောက်ပါ။ မင်းတို့ ငါ့ကို အမည်မသိ သူတောင်းစားလို့ ခေါ်နိုင်ပါတယ်။ ကျုပ်က ကမ္ဘာမြေရဲ့ ကာကွယ်စောင့်ရှောက်သူပဲ”
သူတောင်းစားအိုကြီး၏ စကားကြောင့် သတင်းကို ကြည့်နေကြသည့် လူအုပ်ကြီး အလွန် ချောက်ချားသွားကြသည်။
*ကမ္ဘာကြီးရဲ့ ကာကွယ်စောင့်ရှောက်သူ*
သူ့စကားတွေကို မည်သူမျှ မယုံချင်ကြပါ။ သို့သော် သူ့အနောက်၌ ထိုင်နေသည့် ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်ကို ကြည့်ပြီး သူတို့ ထိုအချက်ကို လက်ခံလိုက်ကြသည်။
“ဒီနေ့ ကျုပ် ခင်ဗျားတို့ကို သတင်းဆိုးတစ်ခု ကြေညာစရာ ရှိပါတယ်။ ကမ္ဘာပျက်မယ့်နေ့က နီးကပ်လို့လာပြီဆိုတာပါပဲ”
…
သူ၏ ဒုတိယမြောက် စကားကြောင့် တစ်ကမ္ဘာလုံးမှ လူသားတိုင်း ပွက်လောရိုက်သွားကြသည်။
ကမ္ဘာပျက်မယ့်နေ့တဲ့လား။
မဖြစ်နိုင်လိုက်တာ။
ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်တောင် သူတို့နောက်မှ ရှိနေသည်။ ဘယ်သူကများ လူသားမျိုးဆက်အား သုတ်သင်နိုင်ပါမည်နည်း။
မယုံနိုင်စရာကောင်းလှသည်။
ထို့နောက် အခြားသူများ၏ အတွေးများကို သိနေသည့်ဟန်ဖြင့် သူတောင်းစားအိုကြီးက မချိပြုံးပြုံး၍ ပြောလာသည်။
“ကျုပ်ပြောတာကို မင်းတို့ မယုံဘူးဆိုတာကို ကျုပ် သိတယ်။ ဒါက အမှန်တရားပဲ”
“ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက နေစကြဝဠာထဲကို ဝင်လာနေပြီးပြီ။ သူတို့ ကမ္ဘာကို သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“အဲ့စစ်သင်္ဘောထဲမှာ ကမ္ဘာခြား မုဆိုးတွေ ဒါမှမဟုတ် ကမ္ဘာခြား ဓားပြအဖွဲ့တွေ ပါလာတယ်”
*ကမ္ဘာခြား ဓားပြတွေ*
ထိုအသုံးအနှုန်းကို ကြားလိုက်ရသဖြင့် လူသား သိုင်းပညာရှင်များ၏ မျက်နှာများ ပြာနှမ်းသွားကြသည်။
မုဆိုးများက စကြဝဠာကို ဖြတ်ကျော်၍ ကမ္ဘာကို ရောက်လာမည်ဆိုကတည်းက သူတို့၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလောက်သည်။
ထို့ကြောင့် ကောင်းကင် နတ်ဘုရားအဆင့် လူသား သိုင်းပညာသုံးယောက်က ကမ္ဘာကို ကာကွယ်နိုင်ပါ့မလားဆိုတာကို တကယ့်ကို စိုးရိမ်စရာပင်။
“ကမ္ဘာခြား ဓားပြတွေက အရမ်း ရက်စက်တယ်။ သူတို့က သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်အမျိုးမျိုးကို လိုက်ရှာနေတာ”
“ပြီးရင် သူတို့က သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေဆီက သံယံဇာတနဲ့ ကြယ်ဝမှုတွေအားလုံးကို လုယက်ကြမယ်”
“သူတို့က ယောကျ်ားသားတိုင်းကို ကျွန်လုပ်ပြီးတော့ စကြဝဠာထဲက အခြားဂြိုဟ်တွေမှာ ပြန်ရောင်းကြတယ်”
“သူတို့က အမျိုးသမီးတွေကို အဓမ္မ သိမ်းပိုက်ပြီးတော့ ကလေးတွေအားလုံးကို သတ်ပစ်ကြတယ်”
သူတောင်းစားအိုကြီးက ဆက်ပြောနေရင်း သူ၏ မျက်နှာက အလွန် သုန်မှုန်လာသည်။
“နောက်ဆုံးတော့ သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေက ကမ္ဘာခြား ဓားပြတွေရဲ့ လုယက်သိမ်းယူခြင်းကို ခံရပြီးတော့ ဂြိုဟ်သေတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
သူ့စကားကြောင့် လူသား သိုင်းပညာရှင်များ မှင်တက်သွားကြသည်။
*ဒါဆို ငါတို့ ဘာလုပ်သင့်လဲ*
ယခုအချိန်တွင် လူသားတိုင်း စိုးရိမ်စွာဖြင့် ခေါင်းပူအောင် တွေးတောနေကြသည်။
သူတို့ ကျွန်အဖြစ် ရောင်းစားခြင်း မခံနိုင်သလို သူတို့၏ အမျိုးသမီးများကို အဓမ္မ သိမ်းပိုက်ခံရခြင်းနှင့် သူတို့၏ ရင်သွေးများ အသတ်ခံရမည်ကိုပါ မလိုလားပေ။
သူတို့ ကြံရာမရ ဖြစ်လာကြသည်။ ယခုအချိန်၌ လူသား သိုင်းပညာရှင်များအားလုံး မျှော်လင့်ချက် ပျက်ပြားလာကြသည်။
ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်တောင်မှ သုန်မှုန်နေကြသည်။
“လူသားတို့”
ထိုစဉ် သူတောင်းစားအိုကြီးက ဆက်ပြောလာသည်။
“ကျုပ်တို့ ကံတရားက လာမယ့်သုံးရက်အတွင်း ဆုံးဖြတ်ခံရလိမ့်မယ်။ ဌာနတိုင်းက လူတိုင်းကို ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်လုံးရဲ့ ဌာနေတွေကို ပြောင်းရွှေ့နေထိုင်ဖို့ ကျုပ် လော်ဆော်ချင်တယ်”
“ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်သာလျင် လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်သာလျင် မင်းတို့ကို ကာကွယ်ပေးနိုင်မှာ”
*ရွှေ့ပြောင်းရမယ်*
သူတောင်းစားအိုကြီး၏ စကားကို ကြားပြီး လူသား သိုင်းပညာရှင်များ၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။
*ဟုတ်တယ်*
ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်သုံးယောက်၏ ဌာနေများသာလျင် တစ်ခုတည်းသော လုံခြုံရာနေရာ ဖြစ်သည်။
ထိုသတင်း ထုတ်လွှင့်ပြီးသည်နှင့် လူသားတိုင်း စတင် လှုပ်ရှားကြလေတော့သည်။ ရူးလောက်စရာ ရွှေ့ပြောင်းနေထိုင်မှုကြီး စတင်လေတော့သည်။
လူသား သိုင်းပညာရှင်များစွာတို့က သူတို့၏ မိသားစုများနှင့်အတူ အိန္ဒိယရှိ တထာဂတ၏ စခန်း၊ ဥရောပ ကောင်းကင်အလင်းသခင်၏ စခန်းနှင့် ကမ္ဘာမြေ အဖွဲ့အစည်း၏ လူလုပ်ကျွန်းစခန်းသို့ စတင်ရွှေ့ပြောင်းကြလေတော့သည်။
သို့သော် အခြား လူသားသိုင်းပညာရှင်များစွာက ဟွာရှနိုင်ငံသို့ ရွှေ့ပြောင်းရန်သာ ရွေးချယ်ခဲ့ကြသည်။ ဟွာရှနိုင်ငံ၌ ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ ရှိသည်ဟု မည်သူမျှ မကြားဖူးကြပါ။
သို့သော် ဘာရယ်ကြောင့်မှန်းမသိသော်လည်း ထိုနိုင်ငံတွင်းရှိ လူများသည် သူတို့ကို ကာကွယ်ပေးနိုင်သည့် နတ်ဘုရားများ ဟွာရှနိုင်ငံတွင်း၌ ရှိနေသည်ဟု ယုံကြည်နေကြသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
သုံးရက်တာ ကုန်ဆုံးသွားလေပြီ။
ထိုသို့သော အချိန်တွင် ကမ္ဘာတစ်ဝန်း၌ သိုင်းပညာရှင်များသည် သိသာစွာပင် အဖွဲ့ကြီး လေးဖွဲ့အဖြစ် ကွဲပြားစွာ ရှိနေသည်။ ခြောက်ပုံတစ်ပုံသောလူများက ဥရောပ၌ ရှိနေပြီး နောက်ထပ် ခြောက်ပုံတစ်ပုံသော လူများက အိန္ဒိယ၌ ရှိနေကာ ကျန် ခြောက်ပုံတစ်ပုံသော လူများက ကမ္ဘာမြေ အဖွဲ့အစည်း၏ စခန်း၌ ရှိနေကြသည်။
သို့သော် အခြား သုံးပုံတစ်ပုံသော လူသားတို့သည် ဟွာရှနိုင်ငံတွင်း၌ ရှိနေကြသည်။
ထိုသတင်းကို ရရှိပြီးနောက် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ စခန်းများ အားလုံး၌ ပွက်လောရိုက်လာကြသည်။
“မဖြစ်နိုင်ဘူး။ သူတို့ ကိုယ့်သေတွင်းကိုယ်တူးနေကြတာလား။ ဘာလို့ သူတို့က ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေထက် ယဲ့ဖန်ကို ပိုရွေးချယ်ကြတာလဲ”
“ဟုတ်တယ်၊ ယဲ့ဖန် ပေါ်မလာတာ နှစ်ဝက်တောင် ရှိနေပြီ။ သူ အသက်ရှင်နေသေးသလား ဆိုတာကိုတောင် ငါတို့ မသိကြဘူး။ ဟွာရှနိုင်ငံမှာ သွားခိုလှုံတာက ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ အတူတူပဲ”
“ဟမ့် ကမ္ဘာခြား ဓားပြတွေရောက်လာရင် ကမ္ဘာပေါ်က လူတစ်ဝက်လောက်ကတော့ ကြံရာမရ ဖြစ်နေကြတော့မှာပဲ”
…
ယခုအချိန်၌ အခြား အခြေစိုက်စခန်းမှ လူတိုင်းက ဟွာရှနိုင်ငံ၌ ခိုလှုံရန် ရွေးချယ်သွားသည့် လူသား သိုင်းပညာရှင်များကို အလွန်အကျွံ လှောင်ပြောင်နေကြသည်။
သူတို့စိတ်ထဲတွင် ထိုလူများသည် အရူးများဟု ထင်နေကြသည်၊ အထူးသဖြင့် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်သုံးယောက်က ထိုသို့ ပိုထင်နေကြသည်။
သူတို့ ဒေါသမီးတို့ဖြင့် တောက်လောင်နေကြသည်။
ကောင်းကင်အလင်းသခင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောဆိုလာသည်။
“ယဲ့ဖန်လား။ အဟက် ငါက ပါရမီရှင်ပဲ။ ငါကကမ္ဘာကို ကာကွယ်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ။ မင်းက ငါ နင်းချေတာကို ခံရမှာကွ”
လင်းဒီလော့ဖ်က ကြုံးဝါးလာသည်။
“အရူးတွေ၊ ကမ္ဘာမြေသား တစ်ဝက်လောက်က တကယ့်ကို အရူးတကာ့အရူးထိပ်ခေါင်တွေပဲ။ ယဲ့ဖန်ရဲ့ တိုက်ပွဲဝင် ခွန်အားက အစစ်အမှန် နတ်ဘုရားအဆင့်နားလောက်ပဲ ရှိဦးမှာ။ သူက ဘယ်လိုလုပ် သူတို့ကို ကယ်တင်နိုင်မှာလဲ။ သူတို့ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ”
အိန္ဒိယ တထာဂတကလည်း ယဲ့ဖန်ကို အလွန် လှောင်ပြောင်သရော်ခြင်း ပြုလေသည်။
“ကမ္ဘာခြား ဓားပြတွေက ဟွာရှနိုင်ငံကို ဖျက်ဆီးတဲ့အချိန် ရောက်လာရင် အဲ့ အပြစ်ကင်းတဲ့ လူတွေ ကျုပ်ရဲ့ အိန္ဒိယစခန်းကို ရောက်မလာဖို့ မျှော်လင့်တယ်”
ယခုအချိန်၌ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားသိုင်းပညာရှင်များသည် အဖွဲ့ကြီးနှစ်ဖွဲ့အဖြစ် ကွဲနေကြသည်။
တစ်ဖွဲ့သည် ယဲ့ဖန်ကို ယုံကြည်၍ ဟွာရှနိုင်ငံတွင်း၌သာ နေထိုင်ကြပြီး ကျန်တစ်ဖွဲ့သည် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်များကို ယုံကြည်ကြပြီး ဟွာရှနိုင်ငံနှင့် ဝေးရာတွင်သာ နေထိုင်ကြသည်။
လူသားများ ပြောင်းရွှေ့လို့ ပြီးသွားပြီးနောက်တွင် ကမ္ဘာကြီး၏ လေထုအလွှာသည် အပြင်ဘက်မှနေ၍ ပျက်စီးသွားလေသည်။
ထို့နောက် ကမ္ဘာသားတို့၏ အံ့ဩနေသော အကြည့်များအောက်၌ အလွန် ကြီးမားသော စစ်သင်္ဘောတစ်စီး ကောင်းကင်၌ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ထိုသင်္ဘော၏ တံခါးပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားသည့် လူများ ထွက်လာကာ လေထဲ ပျံသန်းနေကြသည်။
တစ်ယောက်၊ ငါးယောက်၊ အယောက်နှစ်ဆယ်။
လူအယောက်နှစ်ဆယ် လေထဲ ပျံသန်းနေသည်။
လူသားတွေကို ကြောက်လန့်သွားစေခဲ့သည့် အချက်ကား သူတို့အားလုံးသည် ကောင်းကင် နတ်ဘုရားအဆင့်၌ ရှိနေကြသော သူများ ဖြစ်နေခြင်းပင်။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
ကမ္ဘာပေါ်၌ နဂါးနက်ဘုရင်မ အပါအဝင် ကောင်းကင် နတ်ဘုရားအဆင့် လေးယောက်သာ ရှိသည်။
သို့သော် ကောင်းကင် နတ်ဘုရားအဆင့် အယောက်နှစ်ဆယ်က ရုတ်တရက် ကမ္ဘာပေါ် ရောက်ချလာ၏။
*ဘယ်…ဘယ်လိုလုပ် ငါတို့ သူတို့ကို အနိုင်ယူနိုင်မှာလဲ*
ကမ္ဘာမြေသားများ စိတ်ဓာတ်ကျသွားကြသည်။
ထိုစဉ် ကောင်းကင်နတ်ဘုရားအဆင့် အယောက်နှစ်ဆယ်တို့သည် နှစ်ဖွဲ့ကွဲသွားပြီး အစိမ်းရောင် အသားအရေနှင့် လူတစ်ယောက်က စစ်သင်္ဘော၏ တံခါးဝမှ ထွက်ပေါ်လာသည်။
သူသည် ကောင်းကင် နတ်ဘုရားအဆင့်အထက်၌ ရှိနေသော သိုင်းပညာရှင်ပါတကား။
CHAPTER 365 ခင်ဗျားက အဆင်မပြေဘူး
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ယခုအချိန်တွင် စစ်သင်္ဘော၏ အရိပ်က ကမ္ဘာ တစ်ခုလုံးအား လွှမ်းခြုံလို့ထားသည်။
လူသား သိုင်းပညာရှင်များအားလုံး ကောင်းကင် ပေါ်မှ ထူးဆန်းသော လူအယောက်နှစ်ဆယ်အား ထိတ်လန့်ကြောက်ရွံ့စွာ မော့ကြည့်နေကြသည်။
ကောင်းကင် နတ်ဘုရားအဆင့်ထက် မြင့်သော လူတစ်ယောက်အား မြင်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားကြပါ။
လင်းဒီလော့ဖ်နှင့် ကမ္ဘာပေါ်မှ အခြားကောင်းကင် နတ်ဘုရားအဆင့် နှစ်ယောက်တို့တောင်မှ မျက်ခုံး တလှုပ်လှုပ်ဖြစ်ကာ ချွေးတဒီးဒီး ဖြစ်လာ ကြသည်။
“ငါတို့ ဘာလုပ်သင့်သလဲ။ ငါတို့ သူတို့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”
ကောင်းကင်နတ်ဘုရားအဆင့် သုံးယောက်လုံး တုန်ယင်လာကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ရောက်ရှိလို့လာသည်။
“ဟဲလို ကမ္ဘာပေါ်က လူသားတွေနဲ့ ရှေးဟောင်းသားရဲတို့”
“ကျုပ်က နဂါးငွေ့တန်း အင်ပါယာမှာရှိတဲ့ ဂရေးကလန်ရဲ့ ကမ္ဘာခြား မုဆိုးတွေထဲက တတိယအဖွဲ့ခွဲရဲ့ အဖွဲ့ခေါင်းဆောင် ခေလန်ပဲ”
*နဂါးငွေ့တန်းအင်ပါယာ*
*ဂရေးကလန်*
ထိုအသံလှိုင်းသည် တကယ့် ဘာသာစကားထက် ဦးနှောက်လှိုင်းများဖြင့် ပြောဆိုခြင်း ဖြစ်သည်။
ထိုအသံလှိုင်းက လူသားနှင့် ပင်လယ်သားရဲများ၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီး ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအား တစ်ဘက်လူ၏ ပြောစကားများကို ချက်ချင်း နားလည်သွားစေသည်။
သို့သော် ထိုစကားလုံးများက ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သလိုပင်။
အခြားဂြိုဟ်မှ ဂြိုဟ်သားသည် အဖွဲ့ခေါင်းဆောင်သာ ဖြစ်သော်လည်း သူသည် အလွန် အင်အားကြီးမားလှသည်။
ဂရေးကလန်နှင့် နဂါးငွေ့တန်း အင်ပါယာတို့၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သူတို့ တွေးပင်တွေးမကြည့်ရဲတော့ချေ။
“ကမ္ဘာဂြိုဟ်ရဲ့ လေထုအလွှာကို ဖောက်မဝင်လာခင်ကတည်းက ကျုပ် ခင်ဗျားတို့ရဲ့ သိပ္ပံပညာတွေ၊ နည်းပညာတွေနဲ့ သိုင်းပညာတွေအားလုံးကို လေ့လာ သင်ယူပြီးသွားပြီ”
“မင်းတို့ရဲ့ အစစ်အမှန် နတ်ဘုရားတွေဆိုတာက စကြဝဠာထဲမှာ နတ်ဘုရားတပည့်အဆင့်ပဲ ရှိတယ်။ မင်းတို့ရဲ့ ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေဆိုတာက စကြဝဠာထဲမှ နတ်ဘုရားဆရာသခင်အဆင့်ပဲ ရှိတယ်”
“ကျုပ်က နတ်ဘုရား ဆရာသခင်အဆင့် အထက်က နတ်ဘုရားသေနာပတိအဆင့်ပဲ”
*နတ်ဘုရား သေနာပတိအဆင့်*
ကမ္ဘာမြေပေါ်မှ လူများသည် အမည်နာမအသစ်များကို ကြားလိုက်ရပြီးနောက် နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ကမ္ဘာပေါ်မှ ကျင့်ကြံခြင်း အဆင့်များသည် စကြဝဠာထဲရှိ အရာများနှင့် လုံးဝ ကွဲပြားလှသည်ကို ယခုအခါမှသာ သူတို့ သတိပြုမိသွားကြသည်။
ကမ္ဘာပေါ်မှ ထိပ်တန်း သိုင်းပညာရှင်များသည် စကြဝဠာထဲ၌ နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်။
သည်တော့ သာမန်လောက်ပဲဟု ဆိုလို့ရနိုင်သည်။
“မင်းတို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ လူသားနဲ့ မကောင်းဆိုးဝါးတိုင်း ကျုပ်တို့ကို အညံ့ခံပြီးတော့ စစ်သင်္ဘောတက်ပြီး ကျုပ်နောက်လိုက်ခဲ့။ ကျုပ် ခင်ဗျားတို့ကို ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲ ခေါ်သွားမယ်”
“မဟုတ်လို့ကတော့ သေရမယ်”
*ဘာ*
သူ့စကားကို ကြားပြီး ကမ္ဘာပေါ်က သက်ရှိအားလုံး မျက်နှာထားများ တင်းမာလာကြသည်။
*စကြဝဠာထဲကို ခေါ်သွားပေးမယ်တဲ့လား*
သူက သူတို့အား စိတ်လိုလက်ရဖြင့် သူ၏ ကျေးကျွန်များအဖြစ် နေထိုင်စေချင်နေတာ ဖြစ်သည်။
ထို့ပြင် ကမ္ဘာခြားမှ အစိမ်းရောင် အသားအရေနှင့်လူငယ်သည် အနည်းငယ် ခက်ထန်သော မျက်နှာထားမျိုး ဖြစ်လာသည်။
ထို့နောက် သူက လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း!
သူသည် ဧဝရတ်တောင်ဆီသို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်။
ဝုန်း!
ဧဝရတ်တောင်တစ်ခုလုံး ပေါက်ကွဲသွားကာ ဧရာမကျောက်ဆောင်များနှင့် ကျိုးပဲ့နေသော ကျောက်တုံးအပိုင်းအစများက နေရာအနှံ့သို့ လွင့်စဉ်ထွက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧဝရတ်တောင်တစ်ခုလုံး ပျက်စီးသွားလေတော့သည်။
ထို့အပြင် ကမ္ဘာခြား မုဆိုးများသည် ဂြိုဟ်တုများကို ထိန်းချုပ်နိုင်ပုံပေါ်သည်။ ထိုပေါက်ကွဲမှုအား အရပ်မျက်နှာအနှံ့မှ ဂြိုဟ်တုများက မှတ်တမ်းယူထားပြီး ကမ္ဘာတစ်ဝန်းရှိ တီဗွီနှင့် စမတ်ဖုန်းအားလုံးသို့ ထုတ်လွှင့်ပြသလေတော့သည်။
သူတို့၏ လျှပ်စစ်သုံး ပစ္စည်းများ၏ ဖန်သားပြင်များကို ကြည့်ပြီး အခြားသူများ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကမ္ဘာတစ်ဝန်းမှ လူသားတိုင်း ထိတ်လန့်စိတ်များဖြင့် ပြည့်နှက်သွားကြသည်။
*သူက လက်ဖဝါးတစ်ချက်တည်းနဲ့ ဧဝရတ်တောင်ကို ဖျက်စီးလိုက်တယ်။ ဒါ…ဒါ မယုံနိုင်စရာ ကောင်းလိုက်တာ*
ကောင်းကင်နတ်ဘုရားအဆင့် သုံးယောက်လုံးတောင်မှ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့အားလုံး ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို ကြည့်ပြီး တွေဝေကာ တုန်ယင်လာကြသည်။
“ဒါ … ဒါ နတ်ဘုရား သေနာပတိအဆင့်ရဲ့ ခွန်အားလား”
လူသားတိုင်း သူတို့ မျက်ဝါးထင်ထင်မြင်လိုက်ရသည့် အရာကြောင့် မှင်တက်သွားကြသည်။ သို့သော် သူတို့၏ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
“ဆယ်စက္ကန့်”
အစိမ်းရောင် အသားအရေနှင့် လူငယ်က ကောင်းကင်မှနေ၍ အခြေစိုက်စခန်းလေးခုအား နတ်ဘုရားသဖွယ် စိုက်ကြည့်၍ ခက်ထန်စွာ ဆက်ပြောလေသည်။
“ကမ္ဘာပေါ်က လူသားနဲ့ မကောင်းဆိုးဝါးတွေ။ မင်းတို့ ငါ့ကို ဆယ်စက္ကန့်အတွင်း အညံ့မခံဘူးဆိုရင် မင်းတို့ အဆုံးမရှိတဲ့ အမှောင်ထုထဲရောက်ပြီး စိတ်ဓာတ်ကျသွားစေရမယ်”
ထိုသို့ပြောပြီး သူ စတင်၍ ရေတွက်လေတော့သည်။
“တစ်ဆယ်”
“ကိုး”
“ရှစ်”
….
သူ့အသံက နာရီလက်သံလိုပင် တဖြည်းဖြည်း လျော့ကျလို့လာသည်။
“တော်သင့်ပြီ”
အခြားသူများအားလုံး လက်မှိုင်ကျနေစဉ် အဘိုးအိုတစ်ယောက်က မြေပြင်မှ လေထဲသို့ ပျံတက်သွားသည်။
သူသည် သူတောင်းစားအိုကြီး ဖြစ်ပြီး သူ့နောက်မှ ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်က သူတို့၏ အခြေစိုက်စခန်းမှ ထွက်လာ၍ ပျံသန်းလာသည်။
သူတို့အားလုံး ကမ္ဘာခြားမုဆိုးများထံသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှပင် ပစိဖိတ် သမုဒ္ဒရာထဲမှ ပင်လယ်ရေများက ဗွမ်းကနဲ ပန်းထွက်လာပြီး မီတာ တစ်ထောင် ရှည်လျားသည့် အနက်ရောင် နဂါးတစ်ကောင်က ကမ္ဘာခြား မုဆိုးများ ရှိရာ ကောင်းကင်ထက်သို့ ပျံသန်းလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိပ်သီး သိုင်းပညာရှင် ငါးယောက်လုံး လေထဲ၌ စုစည်းနေကြသည်။
အစိမ်းရောင် အသားအရေနှင့် လူငယ်အနားသို့ ရောက်သည်နှင့် သူတောင်းစားအိုကြီးက အော်ပြောလိုက်သည်။
“မိတ်ဆွေ မင်း တော်တော် လွန်နေပြီ”
*ဟမ်*
သူတောင်းစားအိုကြီးကို ကြည့်ပြီး အစိမ်းရောင် အသားအရေနှင့် လူငယ်လေး အပါအဝင် အခြား ကမ္ဘာခြား မုဆိုးများအားလုံး တစ်ခဏမျှ မှင်တက်သွားကြသည်။
“နတ်ဘုရား သေနာပတိအဆင့်ပါလား”
ကမ္ဘာပေါ်၌ နတ်ဘုရား သေနာပတိအဆင့် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။ ခေလန်နှင့် သူ့လူများ ချက်ချင်း လေးနက် တည်ကြည်လာကြသည်။
သူတို့၏ စကားများကို ကြားပြီး ကမ္ဘာတစ်ဝန်းရှိ လူများကြား၌ ပွက်လောရိုက်လာကြသည်။
*နတ်ဘုရား သေနာပတိအဆင့်*
သူတောင်းစားအိုကြီးက ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရား သေနာပတိအဆင့်သို့ ရောက်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပါ။
*ငါသိပြီ*
*ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်နဲ့ နဂါးနက် ဘုရင်မတို့တောင်မှ သူ့အပေါ် ဘာလို့ ဒီလောက်ထိ မျှော်လင့်ထားသလဲဆိုတာကို အခုမှပဲ ငါနားလည်တော့တယ်*
*ငါ နားလည်ပြီ*
လူသားများအားလုံး ချက်ချင်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာကြသည်။ သူတို့အားလုံးသည် သူတောင်းစားအိုကြီးအား နတ်ဘုရားသဖွယ် ကြည်ညိုလေးစားလာကြသည်။
“ခင်ဗျားက ကျုပ်ကို တားချင်တာလား”
ခေလန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။ သူ့စကားအဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်လုံးက ရှေ့သို့ တစ်လှမ်းတိုးလာသဖြင့် သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက သူတောင်းစားအိုကြီးအား ချက်ချင်း ဖုံးလွှမ်းသွားသည်။
သူတောင်းစားအိုကြီး၏ မျက်နှာက ဝမ်းနည်းရိပ်သန်းလာပြီး ပြန်ပြောလိုက်သည်။
“ငါက ကမ္ဘာကြီးရဲ့ ကာကွယ်စောင့်ရှောက်သူပဲ။ မင်း ကမ္ဘာပေါ်က သက်ရှိတွေကို ကျွန်ပြုချင်တယ်ဆိုရင် ငါ့အလောင်းကို ဖြတ်သွားပြီးမှပဲ ရမယ်”
“ခင်ဗျားအလောင်းကို ဖြတ်သွားရမယ်”
ခေလန်က ကြောက်မက်ဖွယ်ကောင်းပြီး မနှစ်မြို့ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း ကျုပ်က ခင်ဗျားရဲ့ အိပ်မက်ကို တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးရတာပေါ့”
ထိုသို့ပြောပြီး သူက သူ၏ အစိမ်းရောင် လက်ဖဝါးကို ဝင့်၍ အမိန့်ပေးလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
သူ့အမိန့်အဆုံးတွင်တော့ စစ်ပွဲကြီး စတင်လေတော့သည်။
နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်က သူတောင်းစားအိုကြီးနှင့် အခြား နတ်ဘုရား တပည့်အဆင့်လေးယောက်ထံသို့ လျှပ်စီးကဲ့သို့ နှုန်းဖြင့် ပြေးဝင်သွားကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
အဖွဲ့နှစ်ဖွဲ့က တစ်ဘက်နှင့်တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် သွေးများက ကောင်းကင်အနှံ့ ပျံ့နှံ့ကာ ပန်းထွက်လာသည်။
သူတောင်းစားအိုကြီးက နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်အား တစ်ယောက်တည်း တိုက်ခိုက်နေသည်။
ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်က လူသား သုံးယောက်နှင့် အနက်ရောင် နဂါးဘုရင်မအား တိုက်ခိုက်နေသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကမ္ဘာတစ်ဝန်းမှ လူသား သိုင်းပညာရှင်များအတွက် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ တိုက်ပွဲအား ယခုမှ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်ဖူးခြင်း ဖြစ်သည်။
မြေပြင်ပေါ်မှ လူသားများက လေထဲရှိ တိုက်ပွဲကြောင့် မှင်တက်နေကြသည်။ ထိုစဉ် ခေလန်က အနက်ရောင် နဂါးအား စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“အိုးဟိုးဟိုး … မှော်ဝင်သားရဲဖြစ်တဲ့ အနက်ရောင် နဂါးကို ကမ္ဘာပေါ်မှ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ငါသာ ဒါကို ယူသွားနိုင်မယ်ဆိုရင် ငါ ဒါကို စကြဝဠာသုံး ဒင်္ဂါး အများကြီးနဲ့ လဲလို့ရမှာပဲ။ ဒါ အချီကြီးပွတာပဲ”
ခေလန်က ရယ်မော၍ ပြောလိုက်သည်။ သို့သော် သူက ထိတ်လန့်ဖွယ်ကောင်းသည့် အဖြူရောင် အလင်းတန်းကို မြင်လိုက်ပြီးနောက် သူ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။
ထို့နောက် သူက အဖြူရောင် အလင်းတန်းလာရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အကြီးအကျယ် ချောက်ချားသွားသည်။
*စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ဆယ်မျိုးထဲ တစ်ခုဖြစ်တဲ့ မသေမျိုး ခန္ဓာကိုယ်ပါလား*
*ငါသာ ဒီလူကို သိမ်းသွင်းလိုက်ရင် ငါက …*
ခေလန် အလွန် တက်ကြွသွားသည်။ ထို့နောက် သူက နှုတ်ခမ်းကို သပ်၍ ကောင်းကင်အလင်းသခင်၏ နားသို့ လျှို့ဝှက် အသံလှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။
ကောင်းကင်အလင်းသခင်က နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုစဉ် သူ တစ်ခဏမျှ အံ့ဩရိပ်သန်းသွားသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်သွားသည်။
တစ်ခဏမျှ ချီတုံချီတုံ ဖြစ်သွားပြီးနောက် သူက ခေလန်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက နတ်ဘုရားဆရာသခင်အဆင့်နှင့် တိုက်ခိုက်နေသော သူတောင်းစားအိုကြီးထံသို့ ကပ်သွားလိုက်သည်။
သို့သော် ထိုအချိန်တွင် ကမ္ဘာခြား မုဆိုးတစ်ယောက်က ကောင်းကင်အလင်းသခင်၏ ရင်ဘတ်အား ကန်လိုက်သဖြင့် သူ ကောင်းကင်မှ ပြုတ်ကျသွားသည်။
“ပါရမီရှင်”
သူတောင်းစားအိုကြီး ဒေါသထွက်သွားသည်။ ကောင်းကင်အလင်းသခင်သည် သူ့နှလုံးသားထဲ၌ အလွန်အရေးပါသော နေရာ၌ ရှိနေသည်။
သူ့စိတ်ထဲတွင် ကောင်းကင်အလင်းသခင် အသက်ရှင်နေသေးသရွေ့ ကမ္ဘာပေါ်ရှိ လူသားများ လုံးဝ လုံခြုံဘေးကင်းလိမ့်မည်ဟု ထင်နေခဲ့သည်။
“မင်း အဆင်ပြေရဲ့လား”
သူတောင်းစားအိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
“ဆရာ ကျုပ် အဆင်ပြေပါတယ် ဒါပေမယ့် …”
ကောင်းကင်အလင်းသခင်က သနားစဖွယ် မျက်နှာနှင့် ခေါင်းကိုခါ၍ ဆက်ပြောလိုက်သည်။
“ခင်ဗျားက အဆင်မပြေဘူး”
ရွှစ်!
သူ၏ မှော်ဝင် အလင်းတော်ဓားက သူတောင်းစားအိုကြီး၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ဖောက်ဝင်သွားလေတော့သည်။
CHAPTER 366 ကျန်းရှီမြို့အား ရှင်းလင်းခြင်း
ရွှစ်!
အသံတစ်ချက် ကြားလိုက်ရပြီးနောက် အခြားသူများအားလုံး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
ထို့နောက် သူတို့ကြည့်နေစဉ်မှာပင် ကောင်းကင် အလင်းသခင်၏ မှော်ဝင်ဓားက သူတောင်းစားအိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ထုတ်ချင်းဖောက်၍ ဝင်ရောက်သွားသည်။
ထို့အတူ သွေးများက မှော်ဝင်ဓားမှနေ၍ စီးကျလာသည်။
“မဖြစ်ဘူး”
နဂါးနက်ဘုရင်မနှင့် အခြား ကောင်းကင် နတ်ဘုရားအဆင့် နှစ်ယောက်တို့ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြသည်။
သူတောင်းစားအိုကြီး၏ အယုံကြည်ရဆုံးသူက တစ်ချက်ကလေးတောင် မစဉ်းစားဘဲ သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
….
ကမ္ဘာမြေပေါ်မှ အခြား သိုင်းပညာရှင်များလည်း ဒေါသထွက်သွားကြသည်။
“မဖြစ်နိုင်ဘူး။ ကောင်းကင်အလင်းသခင် ရူးသွားတာလား။ ဘယ် … ဘယ်လိုလုပ် သူက သူတောင်းစားအိုကြီးရဲ့ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားအောင် လုပ်ရတာလဲ”
“သစ္စာဖောက်၊ ကောင်းကင်အလင်းသခင်က ငါတို့ကို သစ္စာဖောက်သွားပြီ။ သောက်သုံးမကျလိုက်တာ”
“သူတောင်းစားအိုကြီး၊ မဖြစ်ဘူး၊ သူတောင်းစားအိုကြီး အန္တရာယ်တောထဲ ရောက်နေပြီ။ ကမ္ဘာပေါ်က သက်ရှိအားလုံး ဒုက္ခရောက်ပြီ”
….
ကုန်းမြေပေါ်မှ လူသားများအားလုံးနှင့် သမုဒ္ဒရာထဲမှ သားရဲများအားလုံး မျက်လုံးပြူးနေကြသည်။
“ဘာလို့လဲ”
သူတောင်းစားအိုကြီးသည် ကောင်းကင်ပေါ်၌ သွေးများ ပန်းထွက်နေရင်း သူ၏ အိုမင်းနေသော မျက်လုံးများ၌ ထိတ်လန့်ရိပ်များနှင့် ပြည့်နှက်နေသည်။
ဝုန်း!
ထိုစဉ် ကောင်းကင်အလင်းသခင်က ရုတ်တရက် သူတောင်းစားအိုကြီးအား လွင့်ထွက်သွားအောင် ကန်ပစ်လိုက်သည်။
ထို့နောက် ကောင်းကင်အလင်းသခင်က မနှစ်မြို့ဖွယ်ကောင်းလှသော ရယ်သံနှင့်အတူ ပြောလာသည်။
“ဆရာ၊ ပြီးခဲ့တဲ့ နှစ်ဝက်တုန်းက ကျုပ်ကို ကောင်းကင် နတ်ဘုရားအဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
“ဒါပေမယ့် ခင်ဗျား ဒီကမ္ဘာကို ကာကွယ်ချင်ရင်တောင်မှ ခင်ဗျား မကာကွယ်နိုင်ဘူး”
“နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်နဲ့ နတ်ဘုရား ဆရာသခင်အဆင့်တွေ ဒီလောက် အများကြီး ရောက်လာမှတော့ ကျုပ်တို့ သူတို့ကို အညံ့ခံလိုက်တာ ပိုကောင်းတယ်။ အရှင်ခေလန်က သူ့ကို ကျုပ် အညံ့ခံသရွေ့ ကျုပ်ကို နဂါးငွေ့တန်း အင်ပါယာကို ခေါ်သွားပြီးတော့ ဂရေးကလန်မှာ ကျုပ်ကို ထောက်ခံပေးမယ်လို့ ကတိပေးပြီးသွားပြီ”
*ဘာ*
ကောင်းကင်အလင်းသခင်၏ စကားကြောင့် ကုန်းမြေပေါ်မှ လူသားများ သောကရောက်သွားကြသည်။
သစ္စာဖောက်ပါလား။
မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်က ကမ္ဘာမြေအား လုံးဝကို သစ္စာဖောက်သွားချေပြီ။
ကမ္ဘာမြေသားများအားလုံး အလွန် ဒေါသထွက်လာကြသည်။
“သစ္စာဖောက်ကောင် သေစမ်းကွာ”
သူတောင်းစားအိုကြီး ဒေါသူပုန်ထသွားရသည်။ သူ အားအကိုးဆုံးသူက တစ်ချက်ကလေးမှ ထပ်မစဉ်းစားဘဲ သူ့ကို သစ္စာဖောက်ခဲ့သည်။ ထို့ကြောင့် သူ ဒေါသထွက်လို့မဆုံးနိုင် ဖြစ်နေရသည်။
“သေစမ်းကွာ”
သူတောင်းစားအိုကြီးက ကောင်းကင်အလင်းသခင်ထံသို့ ပြေးဝင်လာပြီး သူ့နောက်မှ လင်းဒီလော့ဖ်၊ အိန္ဒိယ တထာဂတနှင့် အနက်ရောင် နဂါးဘုရင်မတို့ လိုက်ပါလာသည်။
ဤမြင်ကွင်းကို ကြည့်ပြီး အစိမ်းရောင် အသားအရေနှင့် ခေလန်က လှောင်ရယ်၍ အမိန့်ပေးလိုက်သည်။
“မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်ကို ကာကွယ်ပြီး သူတို့အားလုံးကို ဖမ်းလိုက်”
“အဲ့ဒီ နတ်ဘုရား ဆရာသခင်အဆင့်နဲ့ မှော်ဝင်သားရဲတွေကို ငါဈေးကောင်းပေးပြီး ရောင်းလို့ရတယ်”
“အမိန့်အတိုင်းပါ ကပ္ပတိန်”
ချက်ချင်းဆိုသလိုပင် နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်က သူတောင်းစားအိုကြီးတို့ လေးယောက်အား ဝိုင်းထားလိုက်ကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုကမ္ဘာခြား မုဆိုးများ၏ အမဲလိုက်စွမ်းရည်က အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းလိုက်လျင် သူတို့၏ တိုက်ပွဲဝင် ခွန်အားက တိုးပွားလို့လာ၏။
ကမ္ဘာခြား မုဆိုးများ၏ ဝိုင်းတိုက်ခြင်း ခံရသဖြင့် နတ်ဘုရား ဆရာသခင်အဆင့် လေးယောက်လုံး၌ ဒဏ်ရာများဖြင့် ပြည့်နှက်လာသည်။
ရွှစ်!
အိန္ဒိယ တထာဂတ၏ လက်မောင်းတစ်ဘက် ပြတ်သွားပြီး သွေးများပန်းထွက်လာသည်။ သူ ရုန်းကန် တိုက်ခိုက်ရန် ကြိုးစားနေစဉ်တွင် ကောင်းကင်အလင်းသခင်က သူ့နောက်ကျောအား ချွန်ထက်သော လက်သည်းတစ်ဘက်ဖြင့် ထိုးဖောက်လာသည်။
“အား သစ္စာဖောက်ကောင်”
အိန္ဒိယ တထာဂတက မလိုလားဟန်ရသော မျက်လုံးများဖြင့် ဟစ်အော်လာ၏။ သူ ပြန်တိုက်ခိုက်ရန် ကြိုးစားနေစဉ်တွင် ကောင်းကင်အလင်းသခင်က သူ့ခေါင်းကို ရိုက်နှက်လာသည်။ ထို့နောက် သူ သတိလစ်ကာ အဖမ်းခံလိုက်ရသည်။
သို့သော် ဤကား အစသာ ရှိသေးသည်။
အိန္ဒိယ တထာဂတ နောက်တွင် လင်းဒီလော့ဖ်သည် နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက်ကြောင့် ဒဏ်ရာအကြီးအကျယ်ရကာ ခွန်အားများ ဆုံးရှုံးသွားရပြီးနောက် အဖမ်းခံလိုက်ရသည်။
ထို့နောက်တွင်မူ အဖြူရောင် အလင်းတန်းများဖြင့် ပြုလုပ်ထားသော ဧရာမပိုက်ကွန်တစ်ခုက နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်၏ လက်ထဲ၌ ပေါ်လာသည်။ ထို့နောက် သူတို့က ထိုပိုက်ကွန်အား နဂါးနက် ဘုရင်မထံသို့ ပစ်၍ ဖမ်းအုပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နဂါးနက် ဘုရင်မ ပိုက်ကွန်ထဲ၌ လိမ်ပတ်နေပြီး အရှင်ဖမ်းခံ လိုက်ရလေတော့သည်။
အချိန်တိုလေးအတွင်း၌ တစ်ယောက်က အညံ့ခံ၍ တစ်ယောက်က အပြင်းအထန် ဒဏ်ရာရကာ ကျန်သုံးယောက်မှာမူ အဖမ်းခံလိုက်ရလေသည်။
စိတ်ဓာတ်ကျလာခြင်း။
သူတောင်းစားအိုကြီးနှင့် ကမ္ဘာမြေပေါ်မှ များစွာသော သက်ရှိများအားလုံး စိတ်ဓာတ်ကျလာကြသည်။
သူတို့ သည်လောက်မြန်မြန်နှင့် ဆိုးရွားစွာ ကျရှုံးသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။
“မဖြစ်ရဘူး”
သူတောင်စားအိုကြီးက ဒေါသတကြီး အော်ဟစ်နေပြီး သူထံမှ သွေးများကလည်း ဆက်တိုက် ပန်းထွက်နေသည်။ သူသည် နတ်ဘုရားဆရာသခင်အဆင့် အယောက်နှစ်ဆယ်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေတော့သည်။
ထို့နောက်တွင်မူ ကမ္ဘာမြေပေါ်မှ ထိပ်တန်း သိုင်းပညာရှင်များအားလုံး အရှင်လတ်လတ် အဖမ်းခံလိုက်ရတော့သည်။
*ငါတို့တော့ ပွဲသိမ်းပြီ*
*ကမ္ဘာကြီးလည်း ဇာတ်သိမ်းသွားပြီ*
ကမ္ဘာပေါ်မှ သက်ရှိအားလုံး ထိတ်လန့်သွားကြပြီး စိတ်ခံစားချက်မဲ့စွာဖြင့် ထိုင်လျက်သား လဲကျသွားကြသည်။
သူတို့ ကျေးကျွန်များ ဖြစ်လာကြတော့မည်။ ကမ္ဘာဂြိုဟ်သည်လည်း ဂြိုဟ်သေတစ်ခု ဖြစ်လာတော့မည်။
ကမ္ဘာပေါ်မှ အခြေစိုက်စခန်းများအားလုံး၌ ငိုသံများနှင့် ပြည့်နှက်လာသည်။
အင်အားအကြီးဆုံး သူတောင်းစားအိုကြီးတောင်မှ အရှင်လတ်လတ် အဖမ်းခံလိုက်ရသည်။ ကျန်ရှိနေသော သူများက ဘယ်လိုလုပ် ရက်စက်သည့် မုဆိုးများကို အနိုင်ယူနိုင်ပါမည်နည်း။
ကျွန်ခံမလား ဒါမဟုတ် သေမလား။
သူတို့၌ နောက်ဆုံးသော ရွေးချယ်မှု တစ်ခုသာ ရှိတော့သည်။ ယခုအချိန်တွင် မိသားစုဝင်များက တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်နေကြသည်၊ မိတ်ဆွေများက မျက်ရည်များနှင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေကြ၏။
လူထုသည် ဝမ်းနည်းကာ စိတ်ဓာတ်ကျနေကြသည်။ ဤသို့ ချောက်ချားဖွယ် မြင်ကွင်းကို ကြည့်ပြီး ကောင်းကင်အလင်းသခင်က သက်ပြင်းချလိုက်သည်။
“ဟူး ငါက တကယ့်ကို ပါရမီရှင် ကောင်းကင်သားတော်ပဲ။ မိုးကောင်းကင်ကတောင်မှ ငါ့ကို မျက်နှာသာ ပေးနေတယ်”
ထို့နောက် ကောင်းကင်အလင်းသခင်က သူတောင်းစားအိုကြီးအား လှမ်းကြည့်ရင်း မခိုးမခန့် မျက်နှာပေးနှင့် ရေရွတ်လိုက်သည်။
“အမှန်အတိုင်းပြောရရင် အဲ့ချီးထုပ် အဘိုးကြီးက တကယ့် အရူးပဲ။ ငါ့လို မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်က ကမ္ဘာမြေအတွက် အသက်ရင်းပြီး တိုက်ခိုက်မယ်လို့ သူက ဘာလို့ ထင်နေရတာလဲ။ အရမ်း တုံးအတာပဲ”
ကောင်းကင်အလင်းသခင်က စိတ်သက်သာရာရသလို သက်ပြင်းချနေစဉ်တွင် ခေလန်က လက်ကိုမြှောက်၍ အမိန့်ပေးလိုက်သည်။
“ကျွန်တွေအတွက် နေရာလပ်ကို ဖွင့်ထားလိုက်။ ကမ္ဘာဂြိုဟ်ပေါ်က ကျေးကျွန်တွေအားလုံးကို စုစည်းပြီးတော့ သူတို့ကို ငါတို့ စစ်သင်္ဘောထဲ ထည့်ထားလိုက်”
“အမိန့်အတိုင်းပါ ကပ္ပတိန်”
ဝီ!
စစ်သင်္ဘောပဲ့ပိုင်းမှ ဧရာမ တံခါးပေါက်တစ်ခု ပွင့်လာသည်။ ထို့နောက် ထိုတံခါးပေါက်မှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသည့် ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။
“အား…အား…အား…”
ဆွဲငင်အားက ကမ္ဘာမြေ အဖွဲ့အစည်းက အခြေစိုက်စခန်းသို့ ကျရောက်လာပြီး ပုရွက်ဆိတ်များကဲ့သို့ သင်္ဘောပဲ့ပိုင်းထဲသို့ ဆွဲငင်ခံလိုက်ရသည်။
“ခွေးမသား”
ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး သူတောင်းစားအိုကြီး မျှော်လင့်ချက်ကျသလို ခံစားလာရသည်။
ပျက်ကပ်ဆိုက်ခြင်း။
ယနေ့သည် တကယ်ကို ကမ္ဘာပျက်သောသောနေ့ပင်။
အော်သံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်နေသေးသည်။
မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ကမ္ဘာတစ်ဝန်းမှ လူသားအားလုံးနှင့် ပင်လယ်သားရဲများအားလုံး စစ်သင်္ဘောထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာခြား သားရဲတစ်ကောင်က ကမ္ဘာပေါ်ရှိ အရာအားလုံးအား ဝါးမျိုနေသလို ထင်မှတ်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သမုဒ္ဒရာထဲမှ ပင်လယ်သားရဲများအားလုံး စစ်သင်္ဘောထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေပြီ။
ကမ္ဘာမြေ အဖွဲ့အစည်း၏ အခြေစိုက်စခန်း၌ မည်သူမျှ ကျန်ရှိမနေတော့ချေ။
အိန္ဒိယအခြေစိုက်စခန်း၌ မည်သူမျှ မကျန်ရစ်တော့ပေ။
ဥရောပ အခြေစိုက်စခန်း၌လည်း မည်သည့် သက်ရှိမျှ မရှိတော့ပေ။
အခြေစိုက်စခန်း သုံးခုလုံးမှ လူသားများအားလုံး စစ်သင်္ဘောထဲသို့ စုပ်ယူခံလိုက်ရချိန်တွင် ဟွာရှ အခြေစိုက်စခန်းမှ လူသားများသာ ကျန်ရှိနေတော့သည်။
စစ်သင်္ဘော၏ ပဲ့ပိုင်းက ဟွာရှနိုင်ငံသို့ ချိန်ရွယ်လာချိန်တွင် ကောင်းကင်အလင်းသခင်က လက်ကို ဝှေ့ယမ်း၍ ခေလန်အား ခပ်သွက်သွက် ပြောလိုက်သည်။
“သခင် ခေလန် ခဏလေး၊ ကျုပ် တောင်းဆိုစရာ တစ်ခုရှိတယ်”
*ဟမ်*
ခေလန် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ထိုစကားက မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်၏ တောင်းဆိုမှုဖြစ်နေသောကြောင့် သူ ခေါင်းညိတ်၍ ပြောလိုက်သည်။
“ပြောပါ”
သူ့စကားကြောင့် ကောင်းကင်အလင်းသခင်၏ မျက်နှာက အလွန် ကျေနပ်သွားသလို ဖြစ်လာသည်။ ထို့နောက် သူက ဟွာရှအခြေစိုက် စခန်းအား လှမ်းကြည့်ရင်း ခက်ထန်စွာ ပြောလိုက်သည်။
“အရှင် ခေလန်၊ ကျုပ် ဒီကမ္ဘာပေါ်မှာ ရန်သူတစ်ယောက် ရလာခဲ့တယ်။ အခု သူက ဟွာရှ အခြေစိုက်စခန်းထဲက ကျန်းရှီမြို့မှာ ပုန်းနေတာ”
“အရှင် ကျေးဇူးပြုပြီး ကျန်းရှီမြို့က လူတိုင်းကို သတ်ပေးပါ”
*ဘာ*
သူတောင်းစားအိုကြီး၊ အိန္ဒိယ တထာဂတ၊ နဂါးနက်ဘုရင်မနှင့် ဟွာရှ အခြေစိုက်စခန်းမှ အခြားလူသားများအားလုံး ကောင်းကင်အလင်းသခင်၏ စကားကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပြီးနောက် ဒေါသထွက်ကာ မျက်မှောင်ကြုတ်လာကြသည်။
ကောင်းကင်အလင်းသခင်က အပြင်လူများကို ကျန်လူသားများအား သတ်ပေးပါရန် သိမ်းသွင်း စည်းရုံး၍ ရက်စက်စွာ ပြုမူလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပါ။
သူတောင်းစားအိုကြီးသည် နေရာလပ်ထဲသို့ ရောက်နေပြီး ဖြစ်သော်လည်း ထိုကဲ့သို့ ထိတ်လန့် စက်ဆုပ်ဖွယ်ကောင်းသော စကားကို အရှင်းသား ကြားနေရသည်။
နေရာလပ်၏ အတားအဆီးအား သူ ဒေါသတကြီးနှင့် ထိုးလိုက်မိသည်။
လင်းဒီလော့ဖ်၊ အိန္ဒိယ တထာဂတ၊ နဂါးနက်ဘုရင်မနှင့် နေရာလပ်ထဲမှ အခြားသူများအားလုံး ကောင်းကင် အလင်းသခင်အား အလွန် မုန်းတီးမိသောကြောင့် ဒေါသတကြီး အံကို ကြိတ်လိုက်မိကြသည်။
ကမ္ဘာမြေပေါ်မှ ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်က ဒီလောက် ရက်စက် သွေးအေးစွာ ပြုမူလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပါ။
သို့သော် ခေလန်က ကောင်းကင်အလင်းသခင်အား ငြိမ်၍ စူးစိုက်ကြည့်နေသည်။
စက္ကန့်ပိုင်းမျှ ကြာပြီးနောက် သူက ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီလေ၊ ကျုပ် ခင်ဗျားအိပ်မက်ကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ပြောပြီး သူက လက်ဟန်အမူအရာပြ၍ အမိန့်ပေးလိုက်သည်။
“သွားကြစို့၊ ကျန်းရှီတစ်မြို့လုံးကို ရှင်းလင်းကြစို့”