← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

CHAPTER 367 တားမြစ်စနစ် ပျက်ဆီးသွားပြီ

“ကောင်းကင်အလင်းသခင် သူတို့တွေ မင်းဖင်ကို မီးကင်ပစ်ပါစေလို့ ငါ မျှော်လင့်တယ်ကွာ”

“ချီးထုပ်၊ မင်းက တကယ့်ကို ချီးထုပ်ပဲ”

“မင်း အနှေးနဲ့အမြန် ဝဋ်ပြန်လည်မှာပဲကွ”

…

ယခုအချိန်တွင် စစ်သင်္ဘောထဲရှိ ကျွန်များ ထားရာအခန်းတွင် စုပ်ယူခြင်း ခံထားရသည့် လူသား သိုင်းပညာရှင်များက ကောင်းကင်အလင်းသခင်အား ကျယ်လောင်စွာ ကျိန်ဆဲနေကြသည်။

သူတို့ သူ့ကို အလွန် မုန်းတီးနေကြသည်။

သူက သူ၏ ကိုယ်ရေးကိုယ်တာ နာကြည်းမှုအတွက် ထွက်ပေါက်ရှာရန် ကျန်းရှီမြို့ရှိ လူများစွာကို သတ်ဖြတ်ချင်နေခဲ့သည်။ သူသည် အလွန့်ကို ဒေါသစိတ် ကြီးမားသောသူ ဖြစ်သည်။

သို့သော် ကောင်းကင်အလင်းသခင်က အခြားသူများအားလုံး၏ ဆဲဆိုမှုတွေကို လုံးဝ အလေးမထားပေ။

ယဲ့ဖန် ပုံဆိုးပန်းဆိုး နည်းလမ်းဖြင့် အသတ်ခံရမည်ကိုသာ သူ မြင်ချင်နေခဲ့သည်။

“ဟီးဟီး၊ ယဲ့ဖန် မင်းလုပ်ခဲ့တာတွေကို မင်း မှတ်မိသေးလား။ မင်း ငါ့ကို နတ်ဘုရားမမြို့တော်မှာ ကြက်သတ်သလို သတ်ခဲ့တာလေ။ ဒီနေ့ ငါ မင်းကို ခွေးတစ်ကောင်ကို သတ်သလို ပြန်သတ်မယ်”

ကောင်းကင်အလင်းသခင်က အလွန်တရာ များပြားလှသည့် မုန်းတီးစိတ်များဖြင့် ပြောလိုက်သည်။

သူ အလွန် ပီတိဖြစ်လို့နေသည်။

ဝီ!

ထိုစဉ် ကမ္ဘာခြား စစ်သင်္ဘောက စတင် စက်နှိုးလာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းက ဟွာရှအခြေစိုက်စခန်း အပေါ်သို့ ရပ်ဆိုင်းလို့လာသည်။ ၎င်း၏ ဧရာမ အရိပ်က ဟွာရှအခြေစိုက်စခန်း တစ်ခုလုံးအား ဝါးမျိုသွားလေတော့သည်။

ထို့နောက် ခေလန်နှင့် သူ့လူများသည် မိုးကောင်းကင်၌ အလွန် နိုင်လိုမင်းထက်ဆန်သော အပြုအမူများနှင့် ပေါ်ပေါက်လာသည်။

သူတို့က ကျန်းရှီမြို့မှ လူသားများက ပုရွက်ဆိတ်အုံမှ ပုရွက်ဆိတ်လေးများကဲ့သို့ ထင်မြင်ကာ အထင်သေးသလို ကြည့်နေကြသည်။

“အရှင်ခေလန်၊ ကျုပ်တို့အောက်က မြို့က ကျန်းရှီမြို့ပါ။ ကျေးဇူးပြုပြီး တစ်မြို့လုံးကို ရဲရဲနီသွားအောင် အနီရောင်တွေနဲ့ ဆေးခြယ်ပေးပါဦး”

ကောင်းကင် အလင်းသခင်က တိုက်တွန်းနေရင်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လို့လာသည်။

သူ့စကားကြောင့် ခေလန်က နှုတ်ခမ်းကို တွန့်၍ ပြန်ပြောလိုက်သည်။

“အဲ့လိုလုပ်စရာမလိုပါဘူး”

*ဘာ*

ခေလန်၏ စကားကြောင့် ကောင်းကင်အလင်းသခင် တစ်ခဏမျှ မှင်တက်သွားသည်။ ထိုစဉ် သူ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ခေလန်က လက်ဟန်ပြ၍ အမိန့်ပေးလိုက်သည်။

“နတ်ဘုရား အလင်းတော် အမြောက် အဆင်သင့်ပဲလား”

“အဆင်သင့်ပါပဲ ကပ္ပတိန်”

နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက် ပြန်ဖြေလိုက်ရင်း စစ်သင်္ဘောထဲသို့ ချက်ချင်း ပြန်ပြေးသွားသည်။

ထို့နောက် အံ့ဩနေသော လူသား၏ ရှေ့မှောက်မှာပင် အနက်ရောင် အမြောက်ပြောင်းတစ်ခုအား ကျန်းရှီမြို့သို့ ချိန်ရွယ်လာသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

ထိုသို့သော အချိန်တွင် ကျန်းရှီမြို့မှ လူအုပ်ကြီးသည် ထိုအမြောက်ပြောင်းသည် ငရဲတွင်း၏ အဝင်ဝဟု ထင်မှတ်ကာ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။

မြို့ကို တစ်ကြိမ်လောက် ထိမှန်လိုက်သည်နှင့် အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။

ထို့နောက် ခေလန်သည် ကောင်းကင်အလင်းသခင်၏ သံသယကို သတိထားမိဟန်ဖြင့် ပြုံး၍ ရှင်းပြလိုက်သည်။

“နတ်ဘုရားအလင်းတော် အမြောက်မှာ နတ်ဘုရားအဆင့် စွမ်းအင် ပါရှိတယ်။ အမြောက်ဆန်တစ်ခုက နတ်ဘုရား သေနာပတိရဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုနဲ့ တူညီတယ်”

“စိတ်မပူနဲ့ ကျန်းရှီမြို့ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”

*ဘာ*

အမြောက်ဆန်တစ်ခုက နတ်ဘုရား သေနာပတိ အဆင့်တစ်ယောက်ရဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှတယ်တဲ့လား။

သူ့စကားကြောင့် ကမ္ဘာမြေသားများအားလုံး ကြောက်လန့်ကာ ငိုချင်လာသည်။

သူတို့ ခေလန်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။

သူသည် လက်ကလေး တစ်ချက်ဝင့်ရုံနှင့် ဧဝရတ်တောင်အား ဖျက်ဆီးနိုင်စွမ်းရှိသည်။

သို့သော် နတ်ဘုရား အလင်းတော် အမြောက်၏ အင်အားက သူ၏ လက်ဖဝါးချက်ထက် ပို၍ သာလွန်နေသည်။

စစ်သင်္ဘောထဲ ပိတ်မိနေသည့် လူသားများသည်လည်း စိတ်ဓာတ်ကျသွားကြသည်။

စစ်သင်္ဘောထဲမှ လူသားများက ကျန်းရှီမြို့အား ဝမ်းနည်းစွာ ကြည့်နေမိသည်။

*သူတို့တော့ သေမှာပဲ*

*ကျန်းရှီမြို့တော့ သေချာပေါက် ရှင်းလင်းခံရတော့မှာပဲ*

*သနားစရာက ယဲ့ဖန်ရဲ့ ကာကွယ်မှုကို ရှာဖွေနေတဲ့ လူသားတွေလည်း အသတ်ခံရတော့မှာပါပဲ*

ဒုန်း!

ထိုစဉ် စစ်သင်္ဘော၏ အမြောက်မှနေ၍ ကြီးမားသော အဖြူရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လာသည်။

ဖျောက်! ဖျောက်! ဖျောက်!

အလင်းတန်းက လေထုကို ထိုးခွင်း၍ ကျန်းရှီမြို့ထံသို့ ဦးတည်၍ ရွေ့လျားလာသည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် အဖျက်စွမ်းအင် ချီဓာတ်က ကျန်းရှီတစ်မြို့လုံးအား ဖုံးအုပ်လုနီးပါး ဖြစ်လာလေသည်။

“ဟားဟား … သေပေတော့။ ယဲ့ဖန် နောက်ဆုံးတော့ မင်း သေရတော့မယ်ကွ”

ကောင်းကင်အလင်းသခင်က လှောင်ရယ်၍ ပြောဆိုလာသည်။ စစ်သင်္ဘောထဲရှိ သူတောင်းစားအိုကြီးနှင့် အခြားသူများ ဝမ်းနည်းပက်လက်နှင့် အော်ဟစ်မိကြသည်။

“မလုပ်နဲ့”

ထို့အချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းက ကျန်းရှီမြို့ရှိ အရာအားလုံးအား ဖျက်ဆီးမည့်ဟန်ပေါ်နေသည်။

ထို့နောက်တွင် ထိုအဖြူရောင် အလင်းတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သို့သော် အခြားသူများအားလုံး ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူတို့ လုံးဝ မှင်တက်သွားကြသည်။

“အံ့ဩစရာကောင်းလိုက်တာ”

အဖြူရောင် အလင်းတန်းက လုံးဝပျောက်ကွယ်သွားသော်လည်း ကျန်းရှီမြို့သည် မည်သည့် ဘေးအန္တရာယ်မှ ကျရောက်ခြင်း မရှိပေ။

ထို့အပြင် ကျန်းရှီမြို့ရှိ နတ်ဆိုးများအားလုံးက ကောင်းကင်ကို မော့ကြည့်ရင်း တိုက်ခိုက်သူများအား အရူးများကို ကြည့်သလို ကြည့်ကာ လှောင်ရယ်နေကြသည်။

အံ့ဩစရာအကောင်းဆုံး အချက်သည်ကား ကျန်းရှီမြို့မှ နတ်ဆိုးများအားလုံးက ကောင်းကင်သို့ လက်ခလယ် ထောင်ပြနေခြင်းပင်။

“ချီးပဲ မဖြစ်နိုင်လိုက်တာ”

ကောင်းကင်အလင်းသခင်က မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။

နတ်ဘုရား သေနာပတိ၏ တိုက်ခိုက်မှုနှင့် ညီမျှသော နတ်ဘုရား အလင်းတော် အမြောက်က ဘယ်လိုလုပ် ကျန်းရှီမြို့အား ပွန်းပဲ့ရာလေးတောင် ထင်အောင် မလုပ်နိုင်ရသနည်း။

*မယုံနိုင်စရာပဲ*

ခေလန်နှင့် အခြား ကမ္ဘာခြား မုဆိုးများအားလုံး ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။

“ဒါ တားမြစ်စနစ်ပဲ”

ခေလန် မယုံသင်္ကာ ဖြစ်သွားရသည်။ နတ်ဘုရား အလင်းတော် အမြောက်၏ ပစ်ခတ်မှုကို ခုခံနိုင်သည့် တားမြစ်စနစ်တစ်ခုက ကျန်းရှီမြို့လို မြို့သေးသေးလေးတစ်ခုကို ဖုံးလွှမ်းနေလိမ့်မည်ဟု သူ ထင်မထားမိကြပါ။

*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

*ဒီအောက်မှာ မက်လောက်စရာ ရတနာတစ်ခုခုများ ရှိနေတာများလား*

ထို့နောက် ခေလန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

“နတ်ဘုရား အလင်းတော် အမြောက်ကို အသင့်ပြင်၊ ပစ်”

ဒုန်း!

သူ့စကားအဆုံးတွင် နောက်ထပ် အဖျက်စွမ်းအင်ပါသော အလင်းတန်းတစ်ခုက တားမြစ်စနစ် ဖုံးလွှမ်းနေသော ကျန်းရှီမြို့သို့ ရွေ့လျားလာသည်။

ဝုန်း!

ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခုက ကမ္ဘာကို ဝါးမျိုသွားသည်။

သို့သော် ကောင်းကင်မှနေ၍ ကျန်းရှီမြို့သော ပစ်လွှတ်လိုက်သော အလင်းတန်းက ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။

ထိတ်လန့်ဖွယ်ကောင်းလှ၏။

ထိုစဉ် ကမ္ဘာမြေသားများအားလုံး ထိတ်လန့်သွားကြသည်။

ကျန်းရှီမြို့က အင်အားကောင်းလှသော တားမြစ်စနစ်၏ ကာကွယ်မှုအောက်၌ နှစ်ဝက်ခန့် တိတ်ဆိတ်စွာ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“နောက်ဆုံးတော့ သူတို့ရဲ့ ရွေးချယ်မှုက မှန်ကန်နေတာပါလား”

ကျေးကျွန်များအတွက် ထားသည့် နေရာလပ်ထဲမှ လူသား သိုင်းပညာရှင်များ ရှက်ရွံ့လာကြသည်။

အခြားလူများ ဟွာရှနိုင်ငံနှင့် ကျန်းရှီမြို့သို့ ဝင်ရောက်ခိုလှုံခဲ့စဉ်က သူတို့ အရူးအမူး လှောင်ပြောင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင်တော့ လက်ရှိအခြေအနေက သူတို့ မျက်ကန်းသမားများ ဖြစ်ခဲ့ကြကြောင်း သက်သေပြနေသည်။

လင်းဒီလော့ဖ်နှင့် အိန္ဒိယ တထာဂတတို့သည်လည်း အလွန် အရှက်ရသလို ခံစားမိနေကြသည်။

ယခင်တုန်းက ဟွာရှ အခြေစိုက်စခန်း၌ မည်သည့် ကောင်းကင် နတ်ဘုရားအဆင့်မှ မရှိသဖြင့် ဖျက်ဆီးခံရလိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။

မမျှော်လင့်ဘဲ ဤမြို့လေးသည် နတ်ဘုရား အလင်းတော် အမြောက်၏ ပစ်ခတ်မှုကိုတောင်မှ ခုခံနိုင်နေသည်။

ထိတ်လန့်ဖွယ်ကောင်းလှသည်။

“တားဆီးလိုက်စမ်း။ မင်း တားဆီးနိုင်မှဖြစ်မယ်”

ထိုစဉ် ကမ္ဘာမြေသား အားလုံးက ကျန်းရှီမြို့ကို ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။

သူတို့ အဖမ်းခံထားရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ အခြားသူများကိုတော့ အသက်ရှင်စေချင်မိသည်။

ဝုန်း!

ထိုစဉ် တတိယအကြိမ် ပစ်ခတ်မှု စတင်လေတော့သည်။

ပဉ္စမအကြိမ်။

ဆဋ္ဌမအကြိမ်။

…

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရား အလင်းတော် အမြောက်က ကျန်းရှီမြု့အား အကြိမ် နှစ်ဆယ် ပစ်ခတ်ပြီးသွားလေပြီ။

ဂျွတ်!

ထိုစဉ် ကျိုးပဲ့သံ ခပ်တိုးတိုး ထွက်ပေါ်လာပြီး ထိုအသံက လူသားများအားလုံးနှင့် ကမ္ဘာခြား မုဆိုးများအား ရင်တုန်ပန်းတုန် ဖြစ်သွားစေခဲ့သည်။

*ကျိုးသွားပြီ*

“နောက်ဆုံးတော့ အဲ့ဒါ ကျိုးသွားပြီ”

ကောင်းကင်အလင်းသခင်က ရက်စက်စွာ ရယ်မော၍ ပြောဆိုနေသည်။

ခေလန်၏ မျက်လုံး၌လည်း ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့ အင်အားကြီးသော တားမြစ်စနစ်မျိုးက အထဲ၌ ရတနာတစ်မျိုးမျိုး ပုန်းကွယ် တည်ရှိနေသည်ဟု ဖော်ပြနေသည်။

ဂျွတ်! ဂျွတ်! ဂျွတ်!

အလင်းတန်းများက ကောင်းကင်အနှံ့ ဖြာထွက်လာသည်။ တားမြစ်စနစ် ကျိုးသွားလေပြီ။

“ချီးပဲ”

စစ်သင်္ဘောထဲမှ သူတောင်းစားအိုကြီးနှင့် အခြား လူသားများ အလွန် ထိတ်လန့်သွားကြသည်။

သွေးထွက်သံယို ဖြစ်တော့မည့် သုတ်သင်ပွဲကြီး စတင်တော့မည်ကို သူတို့ ရိပ်စားမိလိုက်ကြသည်။

လူသားတိုင်း၏ မျက်နှာများ ပြာနှမ်းလာကြသည်။

“ဟားဟား … အဲ့ဒါ ငါ့ရတနာပဲ”

ခေလန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်နေသည်။

ထို့နောက် သူက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ရတနာရဲ့ နေရာကို သွားစစ်ဆေးကြည့်လိုက်”

“ဟုတ်ကဲ့ပါ ကပ္ပတိန်”

ကမ္ဘာခြား မုဆိုးနှစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်နှာနှင့် အောက်သို့ ချက်ချင်း ဆင်းသွားကြသည်။

လေတိုးသံနှင့်အတူ မုဆိုးနှစ်ယောက်က ကျန်းရှီမြို့သို့ ချဉ်းကပ်သွားကြသည်။

ထိုစဉ် မထင်မှတ်ထားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

CHAPTER 368 ဓား၊ ပြန်လာခဲ့

“ရတနာတွေ၊ စကြဝဠာသုံး ဒင်္ဂါးတွေက ငါ့ကို နှုတ်ဆက်ဖို့ စောင့်နေတာကို ငါ မြင်နေရပြီကွ”

“ဟားဟား … ပွတာပဲဟေ့”

နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်က ကျန်းရှီမြို့သို့ ဦးတည်ကာ ဆင်းသက်လာသည်။

သူတို့က ကျန်းရှီမြို့မှ သိုင်းပညာရှင်များအား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

“ပုရွက်ဆိတ်တွေ၊ ဝေးဝေးသွားကြစမ်း”

နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်က သူတို့ လက်ဖဝါးများကို ဝင့်၍ ကျန်းရှီမြို့သားများကို သတ်ရန် ကြံရွယ်လာသည်။

ထူးဆန်းသည်က မည်သည့် မြို့သူမြို့သားကမှ ကြောက်လန့်နေပုံ မရပေ။ သူတို့အားလုံးက နတ်ဘုရား ဆရာသခင်အဆင့် မုဆိုးနှစ်ယောက်အား သေလူများသဖွယ် မှတ်ယူကာ လှောင်ရယ်နေကြသည်။

*ဘာ*

*ဘာလို့လဲဟ*

နတ်ဘုရား ဆရာသခင် အဆင့်နှစ်ယောက်လုံး မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူတို့နှစ်ယောက်လုံး တိုက်ကွက် မဖော်ထုတ်ခင်မှာပင် အလွန် ကျယ်လောင်လှသော ပေါက်ကွဲသံ တစ်ခုကို သူတို့ ကြားလိုက်ရသည်။

“မဖြစ်ဘူး”

နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သည် အန္တရာယ်အရိပ်အငွေ့ပါသော ချီဓာတ်များက သူ့ကို လွှမ်းခြုံလာသလို ခံစားမိသဖြင့် ထိတ်လန့်သွားသည်။

ထို့နောက် သူ တတ်နိုင်သမျှ မြန်မြန် ရှောင်ရှားရန် ကြံစည်လိုက်သည်။ သို့ရာတွင် သေမင်း အငွေ့အသက်က သူထင်တာထက် ပိုလျင်မြန်စွာ ရောက်ရှိလာသည်။

ရွှစ်!

ဓားကျိုးတစ်လက်က တစ္ဆေကဲ့သို့ ပေါ်ထွက်လာသည်။ ထိုဓားသည် အလွန် ထက်ရှလှသဖြင့် နတ်ဘုရားဆရာသခင်အဆင့်၏ ရင်ဘတ်ကို ချက်ချင်း ထုတ်ချင်းဖောက်သွားပြီး သွေးများက လေထဲ ပန်းထွက်လာသည်။

ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ခန္ဓာကိုယ်သည် ထိတ်လန့်နေသော မျက်နှာနှင့်အတူ ရုတ်ချည်း တောင့်တင်းသွားသည်။

သို့သော် တိုက်ခိုက်မှုက မပြီးသေးပေ။ အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် နောက်ထပ် ကမ္ဘာခြား မုဆိုးသည် ဘာတွေ ဖြစ်သွားသလဲဆိုတာကို သတိမထားမိခင်မှာပင် တုန်ယင်သွားရသည်။

ရွှစ်!

သွေးစက်များက သူ့လည်ပင်းမှ ပန်းထွက်လို့လာသည်။ ထို့နောက် သွေးများ ပန်းထွက်လာပြီးနောက်တွင် ထိတ်လန့်၍ မယုံသင်္ကာဖြစ်နေသော မျက်နှာထားနှင့် သူ၏ ဦးခေါင်းသည် မြေကြီးပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျလာသည်။

ဘုန်းခနဲ အသံနှင့်အတူ နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်၏ အလောင်းများက မြေကြီးပေါ်သို့ ပြုတ်ကျလာသဖြင့် ဖုန်တထောင်းထောင်းထသွားရသည်။

တိတ်ဆိတ်ခြင်း။

ယခုအချိန်တွင် သူတို့အလောင်းများ၏ ဘေးပတ်ဝန်းကျင်သည် အလွန် အေးစက်လို့နေသည်။ အခြားသူများသည်လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။

လူတိုင်းက ကျန်းရှီမြို့မှ လမ်းပေါ်ရှိ အလောင်းနှစ်လောင်းကို ထိတ်လန့်တကြားကြည့်၍ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ထင်မှတ်နေကြ၏။

ဂလု!

စစ်သင်္ဘောတွင်းမှ လူသား သိုင်းပညာရှင်တစ်ယောက်သည် တံတွေးကို မနည်းမျိုချ၍ သူ့ဘေးမှ သိုင်းပညာရှင်ကို ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ဆွဲဆိတ် … ငါ့ကို ဆွဲဆိတ်စမ်းပါ။ ငါ ပုံရိပ်ယောင်ထဲ ပိတ်မိနေတာမလား။ ငါ ရေတိမ်ဖြစ်နေတာများလား”

သူ၏ တောင်းဆိုမှုကြောင့် ဘေးမှ သိုင်းပညာရှင်သည် ချက်ချင်း သုန်မှုန်သွားသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ မျက်စိအတွင်းတိမ် ဖြစ်နေတာ ဖြစ်မယ်။ ငါ သေချာ မမြင်လိုက်ရဘူး”

လင်းဒီလော့ဖ်နှင့် အခြားကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည်လည်း ဇဝေဇဝါ ဖြစ်နေသည်။

*သူတို့ သေသွားတာလား*

*သူတို့ကို ဘယ်လိုအရာမျိုးက သတ်သွားတာလဲ*

လင်းဒီလော့ဖ် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။ ယခုလေးတင် လျင်မြန်သော အေးစက်စက် အလင်းတန်းနှစ်ခု ဖြတ်သွားသည်ကို သူ မြင်လိုက်ရသည်။

“အဲ့ဒါ ဓားကျိုးတစ်လက်ပဲ”

ထိုစဉ် သူတောင်းစားအိုကြီးက ပြောလာသည်။

တောက်! တောက်!

အခြားသူများ ကြည့်နေစဉ် သူတောင်းစားအိုကြီးသည် မယုံနိုင်ဖွယ် တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ နဖူးအလယ်တည့်တည့်မှ ချွေးများ စီးကျလာသည်။

ထို့အပြင် စစ်သင်္ဘော အပြင်ဘက်မှ ကမ္ဘာခြား မုဆိုးများကြား၌ ပွက်လောရိုက်လာသည်။

“ဆေဆာ”

“လော်ရီတာ”

ထို့အပြင် အခြား ကမ္ဘာခြား မုဆိုး ဆယ့်ရှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။ သူတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ဒေါသထွက်နေကြသည်။

ခေလန်တောင်မှ အလွန် ဒေါသထွက်လို့နေသည်။

“မဖြစ်နိုင်ဘူး”

ကောင်းကင်အလင်းသခင်သည်လည်း ထိတ်လန့်တုန်လှုပ်လို့နေသည်။

“သူတို့က နတ်ဘုရား ဆရာသခင်အဆင့်တွေလေ၊ အံ့ဩဖို့ကောင်းလိုက်တာ …”

ကောင်းကင်အလင်းသခင်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။

နတ်ဘုရား ဆရာသခင်အဆင့်များသည် သူ့ကဲ့သို့ သန်မာလှသည်။ သို့သော် သူတို့နှစ်ယောက်လုံး စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရလေပြီ။

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

အခြားသူများ တိတ်ဆိတ်နေကြစဉ်တွင် နောက်ထပ် ပေါက်ကွဲသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။

“အဲ့ဓားကျိုးပဲ လာပြန်ပြီ”

ထိုစဉ် ကျန်ရှိနေသော ကမ္ဘာခြား မုဆိုးများ ကြည့်နေစဉ်မှာပင် ဓားကျိုးက စစ်သင်္ဘောထံသို့ ဝဲပျံလာသည်။

“ချီးပဲ အဲ့ဒါက ဖျက်စီးကြ”

ကမ္ဘာခြား မုဆိုးများအားလုံး ချက်ချင်း သွေးဆာနေသော မျက်လုံးများဖြင့် ဓားကျိုးထံသို့ ပြေးဝင်သွားကြသည်။

“ရပ်လိုက်”

ဤမြင်ကွင်းကို ကြည့်ပြီး ခေလန် ကြောက်လန့်သွားသည်။ သူ သူတို့အား တားဆီးချင်သော်လည်း နောက်ကျသွားချေပြီ။

ရွှစ်! ရွှစ်! ရွှစ်!

ကမ္ဘာမြေသားများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဓားကျိုးက ကမ္ဘာခြား မုဆိုးများအဖွဲ့ထဲသို့ လျှပ်စီးကဲ့သို့ ဝဲပျံလာပြီး တစ်ယောက်ပြီး တစ်ယောက် သွေးများ ပန်းထွက်လာ၏။

မကြာခင်မှာပင် ကမ္ဘာခြား မုဆိုးတစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားသည်။

ထို့နောက် ဒုတိယမြောက်တစ်ယောက်။

တတိယမြောက်တစ်ယောက်။

စတုတ္ထမြောက်တစ်ယောက်။

…

ဓားကျိုးက လူလေးယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်သည်။ ဤသို့ သွေးသံတရဲရဲနှင့် မြင်ကွင်းက အခြားသူများက ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ဘယ်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ၊ အထူးသဖြင့် ခေလန်ပင်။

ကမ္ဘာခြား မုဆိုးများ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားသည်ကို ကြည့်ရင်း ခေလန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။

ဒုန်း!

ထိုအသံနှင့်အတူ အလောင်းလေးလောင်းက ကျန်းရှီမြို့၏ လမ်းမထက်သို့ ပြုတ်ကျလာသည်။

ကမ္ဘာခြား မုဆိုး ခြောက်ယောက်၏ အလောင်းများက မြေကြီးပေါ်၌ တည်ရှိလို့နေသည်။

ချောက်ချားဖွယ်ကောင်းလှသည်။

ကမ္ဘာမြေသားများ ကြောက်လန့်လာကြသည်။ ခေလန်တောင်မှ ထိတ်လန့်ကာ ချွေးစို့လာ၏။

သူ့ခေါင်းထက်၌ ဝီခေါ်နေသော ဓားပျံပေါ်မှ ထူးဆန်းသော စာလုံးများကို သူ မြင်လိုက်၇သည်။ ခေလန် အလွန် ကြောင်အသွားသည်။

“ကောင်းကင်လက်နက်”

“ဒါ … မဖြစ်နိုင်လိုက်တာ”

လက်နက်များသည် လက်ရှိခေတ်၌ ရှေးပစ္စည်းများနှင့် အလွန် ကွဲပြားခြားနားသည်။

အထွတ်အမြတ်ထားသော ရှေးပစ္စည်းများနှင့် မှော်ဝင်ပစ္စည်းများရှိ စိတ်ဝိညာဉ်များသည် သေဆုံးလုနီးပါး ဖြစ်နေကာ ကြာရှည် မတည်ရှိနိုင်ပေ။

ထို့ကြောင့် အထွတ်အမြတ်ထားသော ရှေးပစ္စည်းများနှင့် မှော်ဝင်ပစ္စည်းများသည် အင်အား အကန့်အသတ် ရှိသည်။

သို့သော် လက်နက်များသည် အလွန် ခြားနားသည်။ လက်နက်များသည် သက်ရှိစိတ်ဝိညာဉ်များ မရှိဘဲ အင်အားမကြီးနိုင်ပါ။

လက်နက်များကို စိတ်ဝိညာဉ်များက ထိန်းချုပ်ထားသည်။ လုံးဝကို အသက်ရှိနေသေးသော စိတ်ဝိညာဉ်များပင်။

ကောင်းကင်လက်နက်များမှာမူ အလွန် အင်အားကြီးသော ဂရေးကလန်တောင်မှ ပိုင်ဆိုင်ရန် ခဲယဉ်းလှသည်။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော လက်နက်ကို ဘာမဟုတ်သော ဂြိုဟ်လေး၌ တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။

သို့သော် ပွဲကား မပြီးသေးပေ။

လေတိုးသံနှင့်အတူ ဓားကျိုးက ရုတ်တရက် ကမ္ဘာခြား စစ်သင်္ဘောရှေ့မှောက် ရောက်လာသည်။ ထို့နောက် ၎င်းမှ အနက်ရောင်ချီဓာတ်များ ထွက်ပေါ်လာပြီး အနက်ရောင် နဂါးဦးခေါင်းက လေထဲ ပေါ်လာသည်။

နတ်ဆိုးနဂါး၏ မျက်နှာသည် ရာဂစိတ်ကြောင့် သွားရည်တမြားမြား ဖြစ်နေပြီး ခြေတို၊ အမွေးဖွား၍ နှာခေါင်းပြား ခွေးငယ်တစ်ကောင်နှင့် တူနေသည်၊ ထိုစဉ် သူက စစ်သင်္ဘောကို ကြည့်၍ အော်ကြီးဟစ်ကျယ် ပြောလာသည်။

“နဂါးမယ်လေး၊ ငါ မင်းကို တော်တော်လေး ရှာလိုက်ရတယ်ကွာ။ ငါ နေ့တိုင်း ညတိုင်း မင်းရဲ့ ရနံ့ကို အနံ့ခံပြီး မာစတာဘိတ်နေရတယ်။ အဲ့ဒါကြောင့် ငါ့မျက်နှာက မျက်တွင်းတွေ ချောင်ပြီး သနားဖို့ကောင်းလာပြီ”

“ငါ့မှာ အတော်လေး အထီးကျန်နေရတယ်”

နတ်ဆိုးနဂါး၏ ညစ်တီးညစ်ပတ် စကားများကို ကြားလိုက်ရသဖြင့် အခြားသူများ စိတ်ထဲ အူကြောင်ကြောင် ဖြစ်သွားသည်။

သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လက်နက်ထဲ၌ ဤမျှ ညစ်ညမ်းသော စိတ်ဝိညာဉ်မျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။

*သောက်ကျိုးနည်း*

အခြားသူများ ကျယ်လောင်စွာ ဆဲဆိုချင်နေကြသည်၊ အထူးသဖြင့် အနက်ရောင် နဂါးဘုရင်မပင်။

*နဂါးမယ်လေး ဟုတ်လား*

*ချီးပဲ*

အနက်ရောင် နဂါးဘုရင်မသည် နတ်ဆိုးနဂါးအား တိုက်ခိုက်ချင်စိတ်တောင် ပေါက်လာသည်။

နဂါးတစ်ကောင်က သည်လောက် အရှက်မရှိစွာ ပြုမူလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပါ။

ရှက်ဖို့ကောင်းလိုက်လေခြင်း။

နတ်ဆိုးနဂါးက သူ့ပါးစပ်မှ သွားရည်များကို သုတ်လိုက်ရင်း တစ်ခုခု ပြောရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အရိုးကွဲမတတ် အေးစက်သော အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

“ဓား ပြန်လာခဲ့စမ်း”

ထိုရိုးစင်းသော စကားနှစ်လုံးက နတ်ဆိုးနဂါးအား ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။ သူ ချက် ဖင်တုန်အောင် ကြောက်လန့်ကာ ချက်ချင်းဆိုသလို ကျန်းရှီမြို့သို့ သုတ်သီးသုတ်ပျာနှင့် ပြန်ပြေးသွားသည်။

CHAPTER 369 နတ်ဆိုးတွေ ဘယ်မလဲ

*ဓား ပြန်လာခဲ့စမ်း*

ထိုရိုးစင်းသော စကားနှစ်လုံးက နတ်ဆိုးနဂါး၏ နားထဲတွင် မိုးခြိမ်းသံနှင့် ဆင်တူလှသဖြင့် သူ ကြောက်လန့်ကာ တုန်ယင်သွားသည်။

ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါးသည် အနက်ရောင်ချီမျှင်စု အဖြစ် ပြောင်းလဲကာ ဓားကျိုးထဲသို့ ကြောက်စိတ်မွှန်နေသော ယုန်တစ်ကောင်သဖွယ် ပြန်ဝင်သွားသည်။

ထို့နောက် ဓားကျိုးသည် ကျန်းရှီမြို့သို့ ပြန်၍ ပျံသန်းသွား၏။

အံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ခေလန်နှင့် အခြား ကမ္ဘာခြား မုဆိုးများအားလုံး ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကောင်းကင်လက်နက်များသည် ထိပ်တန်းပစ္စည်းတစ်ခု ဖြစ်သည်။

ဂရေးကလန်မှ ထိပ်သီးပုဂ္ဂိုလ်များတောင်မှ သူတို့၏ ကောင်းကင်လက်နက်များကို နေ့တိုင်း သန့်ရှင်းစင်ကြယ်စေပြီး အလွန် တန်ဖိုးထားကြသည်။

သူတို့သည် ကောင်းကင်လက်နက်များအား သေခြင်းရှင်ခြင်း တိုက်ပွဲများတွင်သာ အသုံးပြုကြသည်။

ကောင်းကင်လက်နက်က ခွေးပေါက်လေးသဖွယ် အမိန့်နာခံတတ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားကြပေ။

*သောက်ကျိုးနည်း*

ခေလန်နှင့် အခြားကမ္ဘာခြား မုဆိုးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထိုစဉ် အနက်ရောင်ချီမျှင်စုများက ကမ္ဘာခြား စစ်သင်္ဘောထံသို့ မြွေတစ်ကောင်သဖွယ် ကူးခတ်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက် ထိုချီမျှင်စုများမှနေ၍ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ရှင်းလင်းပြတ်သားသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးများ ရှိသော လူငယ်တစ်ယောက် ဖြစ်ပေါ်လာသည်။

ထို့ပြင် သူသည် အလွန် နတ်ဆိုးဆန်ပုံရ၏။

ဆံပင်များက လေထဲတွင် မျောလွင့်နေပြီး သူ့အား ငရဲမှ ထွက်ပေါ်လာဟန် ပေါ်နေစေသည်။

“ယဲ့ဖန်”

ထိုလူငယ်လေးကို မြင်သည်နှင့် ကောင်းကင်အလင်းသခင်၏ ဒေါသများက ပေါက်ထွက်လုမတတ် ဖြစ်လာသည်။

ယဲ့ဖန်က သူ့ကို ပထမဆုံးအကြိမ် ရှုံးနိမ့်အောင် လုပ်ခဲ့သည့် သူ ဖြစ်ပြီး ထိုသို့လုပ်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူလည်း ဖြစ်သည်ကို သူ အမြဲတမ်း မှတ်မိနေသည်။

ထို့ကြောင့် ကောင်းကင်အလင်းသခင်၏ မျက်လုံး၌ အလွန်တရာ ကြမ်းကြုတ်ရက်စက်ဟန်များ ပေါ်လွင်လာသည်။

ထို့နောက် သူက တစ်ဘက်လှည့်ကာ ခေလန်ကို ပြောလိုက်သည်။

“အရှင် အဲ့ကောင်ပါပဲ။ သူ့ကို သတ်လိုက်ပါ။ ကျုပ် သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ချင်တာ”

သူ့စကားများကြောင့် ခေလန်က အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို စိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူ အံ့အားသင့်သွားရသည်။

“နတ်ဘုရား တပည့်အဆင့်လား”

ခေလန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။

နတ်ဘုရား တပည့်အဆင့်သည် ကမ္ဘာမြေပေါ်ရှိ လူသားများကြားတွင် အစစ်အမှန် နတ်ဘုရားအဆင့်နှင့် ညီမျှသည်။

ဘယ်လိုလုပ် နတ်ဘုရား တပည့်အဆင့် တစ်ယောက်က ကောင်းကင်လက်နက်ကို ပိုင်ဆိုင်ထား နိုင်ရသနည်း။

အံ့ဩစရာကောင်းလှသည်။

ထို့အပြင် ခေလန်သည် ယဲ့ဖန်နှင့် ပတ်သတ်၍ သူ့အာ တစ်နေရာရာမှာ မြင်ခဲ့ဖူးသကဲ့သို့ ရင်းနှီးသည့် ခံစားချက်မျိုး ရနေသည်။

သို့သော် ဘယ်မှာ ဆုံခဲ့ဖူးသလဲဆိုတာကို သူ စဉ်းစားလို့မရပေ။

“ငါ သူ့ကို အထင်ကြီးမိသွားတာ ဖြစ်မယ်။ သူက ဒီအတိုင်း ကမ္ဘာဂြိုဟ်ပေါ်က ရှေးလူမျိုး တစ်ယောက်ပဲကို”

ထို့နောက် ခေလန်က ခေါင်းကိုခါရင်း ထိုအတွေးကို မေ့ဖျောက်ထားလိုက်သည်။ ခဏအကြာတွင် သူက ယဲ့ဖန်အား အလွန် လောဘတက်နေသော အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟေ့ကောင် မင်း ဘယ်လောက်တောင် ပြဿနာရှာလိုက်မိပြီဆိုတာ မင်း သိလား”

*ဟမ်*

သူ့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ မခိုးမခန့်မျက်နှာပေးနှင့် ပြန်ပြောလိုက်သည်။

“ဘာပြဿနာလဲ”

“ဟမ့်၊ မင်း ငါ့လက်အောက်ငယ်သား ခြောက်ယောက်ကို ကောင်းကင်လက်နက်နဲ့ သတ်ခဲ့တယ်လေ။ အဲ့ဒါကြောင့် မင်း နုတ်နုတ်စင်းခံရဖို့ ထိုက်တန်တယ်၊ ပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်ကိုလည်း ဖျက်ဆီးသင့်တယ်”

ခေလန်က ပြောနေရင်းနှင့် ဓားကျိုးကို လှမ်းကြည့်ကာ နှုတ်ခမ်းကို သပ်၍ အလိုလောဘ ကြီးသော အပြုံးနှင့် ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ငါက သိပ်ကို သက်ညှာတတ်တယ်လေ၊ မင်း ငါ့ကို အဲ့ဒီ ကောင်းကင်လက်နက်နဲ့ အဲ့ရတနာကို လက်လွှဲပေးမယ်ဆိုရင် မင်း အသက်ရှင်နိုင်မယ်”

“ငါ ကြီးမြတ်တဲ့ ဂရေးကလန်မှာတောင် မင်းကို ထောက်ခံချက် ပေးနိုင်သေးတယ်”

*ဘာ*

ခေလန်၏ စကားကြောင့် ကောင်းကင်အလင်းသခင် ထိတ်လန့်သွားသည်။ ထို့နောက် သူ မေးလိုက်မိသည်။

“အရှင် ခင်ဗျား …”

“ပါးစပ်ပိတ်ထား”

ခေလန်က ကောင်းကင်အလင်းသခင်အား ခက်ထန်စွာ ကြည့်၍ အော်လိုက်သဖြင့် ကောင်းကင်အလင်းသခင်သည် သူ ပြောချင်သည့် စကားများကို မျိုသိပ်ထားလိုက်ရသည်။

ထို့ကြောင့် ကောင်းကင်အလင်းသခင်၏ မျက်လုံး၌ ဒေါသနှင့် မလိုလားဟန်များဖြင့် ပြည့်နှက်လာသည်။

ယဲ့ဖန်က သည်လောက် ကံကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။ သူ ကမ္ဘာခြား မုဆိုးများကို သတ်ခဲ့တာတောင်မှ သူ အသက်ရှင်ဖို့ အခွင့်အရေး ရနေသေးသည်။

ခေလန်က သူ့ကို ဂရေးကလန်မှာတောင် ထောက်ခံချက် ပေးချင်နေသည်။

ယခုအချိန်တွင် ကောင်းကင်အလင်းသခင်သည် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်နေပြီး ယဲ့ဖန်အား ဝန်တိုမုန်းတီးစွာ ကြည့်နေမိသည်။

အားလုံးနီးပါးက ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ စစ်သင်္ဘောထဲမှ သူတောင်းစားအိုကြီးနှင့် အခြားသူများတောင်မှ ခေါင်းတခါခါနှင့် ယဲ့ဖန်၏ ရွေးချယ်နိုင်ခွင့်အတွက် သက်ပြင်းချနေကြသည်။

အသေခံမလား ရှင်မလားဆိုတာက အဓိက ဆိုလိုရင်း မေးခွန်းဖြစ်သည်။

ယဲ့ဖန်က သူ ပိုင်ဆိုင်ထားသည့် ကောင်းကင်လက်နက်နှင့် ရတနာကို ပေးအပ်လိုက်သ‌ရွေ့ သူသည် ကြီးမားသော ကမ္ဘာခြား ကလန်တစ်ခု၌ ထောက်ခံပေးမှု ရရှိမည် ဖြစ်သည်။ ဒါက တကယ့်ကို ကောင်းမွန်လှသည့် မက်လုံးပင်။

အမှန်အတိုင်း ဝန်ခံရမည်ဆိုလျင် အခြားလူသား တော်တော်များများက ထိုမက်လုံးအောက်၌ ကျရှုံးမည်သာ ဖြစ်သည်။

*ငါ အသက်ဆက်ရှင်နိုင်မယ်တဲ့လား*

ခေလန်၏ စကားကြောင့် ယဲ့ဖန်က ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြုံးလာသည်။

“စိတ်မကောင်းပါဘူး။ မင်းက ကမ္ဘာပေါ်ကို ခြေချပြီး ကျန်းရှီမြို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ပြီးမှတော့ မင်း သေကိုသေရမယ်”

*ဘာ*

ကမ္ဘာတစ်ဝန်းလုံးမှ လူတိုင်း ကိုယ့်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်များကို မယုံနိုင်သလို ဖြစ်နေသည်။

*ယဲ့ဖန်က အခွင့်အရေးကို ငြင်းလိုက်တယ်*

*ပြီးတော့ သူက ခေလန်ကို အရမ်း မောက်မာတဲ့ပုံစံနဲ့ ခြိမ်းခြောက်လိုက်သေးတယ်*

*သူ … ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ*

စစ်သင်္ဘောထဲမှ အခြား လူသားများအားလုံး ယဲ့ဖန်အား အလွန် စိတ်ရှုပ်ထွေး၍ လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

ခေလန်ကို တစ်ကိုယ်တည်း ခြိမ်းခြောက်ရဲသည့် သူ၏ သတ္တိက အခြားလူသားများ၏ စိတ်အား လွှမ်းမိုးသွားနိုင်ခဲ့လေသည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ကောင်းကင်အလင်းသခင်က ဝမ်းသာအားရ အော်ဟစ်နေသည်။

“အရူး၊ ဟားဟားဟား … ဒီအရူးက တကယ့် မက်လောက်စရာကို ငြင်းလိုက်တာပဲ”

ကောင်းကင်အလင်းသခင် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေ၏။

ခေလန်၏ မျက်နှာက အလွန် သုန်မှုန်လာသည်ကို သတိပြုမိပြီး သူက မခိုးမခန့် မျက်နှာပေးနှင့် သွေးထိုးလေတော့သည်။

“အရှင် ခင်ဗျား ကြားလိုက်တယ်မလား။ ဒီအရူးက အရမ်း မောက်မာတာပဲ။ သူက ခင်ဗျားကိုရော ကြီးမြတ်တဲ့ ဂရေးကလန်ကိုပါ လုံးဝ မလေးစားဘူးပဲ”

“သူ့ကို သတ်လိုက်ပါ။ သူ ပြောခဲ့တဲ့ စကားတွေအတွက် သူရဲ့ အော်ဟစ်သံတွေနဲ့အတူ အပြစ်ပေးဆပ်ခိုင်းလိုက်ပါ”

ခေလန်နှင့် ကျန်ရှိနေသော အခြား ကမ္ဘာခြားမုဆိုးများ အလွန် မျက်နှာ မည်းမှောင်လာကြသည်။

“ကောင်းပြီလေ၊ တုံးအလိုက်တဲ့ မလောက်လေးမလောက်စား လူသားမျိုးနွယ်လေး”

ခေလန် အလွန် ဒေါသထွက်နေသည်။ ထို့နောက် သူက အလွန် ခက်ထန်သော အကြည့်များဖြင့် ပြောလိုက်သည်။

“ငါ မင်းကို အသက်ရှင်ခွင့် အခွင့်အရေးပေးခဲ့ပင်မယ့် မင်းက လက်မခံဘူးပဲ။ အခု မင်း သေရမယ်”

ထိုသို့ပြောပြီး သူက လက်ကိုမြှောက်၍ အမိန့်ပေးလိုက်သည်။

“သူ့ကို သတ်လိုက်”

ချက်ချင်းဆိုသလိုပင် ကျန်ရှိနေသော ကမ္ဘာခြား မုဆိုး ဆယ့်လေးယောက်က ယဲ့ဖန်ထံသို့ ပြေးဝင်သွားကြသည်။

သို့သော် ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က လှောင်ရယ်လာသည်။

“နတ်ဘုရား ဆရာသခင်အဆင့်ကို လက်အောက်ငယ်သား အဖြစ် ထားနိုင်တာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား”

“ငါ့မှာလည်း နတ်ဘုရား ဆရာသခင်အဆင့် လက်အောက်ငယ်သားတွေ ရှိပါတယ်ကွ”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ထိုစဉ် ယဲ့ဖန်က လက်ကို ဝင့်၍ အော်ဟစ်လာသည်။

“နတ်ဆိုးတွေ ဘယ်မလဲ”

ဒုန်း! ဒုန်း! ဒုန်း!

ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

အနက်ရောင် ဝတ်စုံနှင့် လူများစွာက ကျန်းရှီမြို့မှနေ၍ စစ်သင်္ဘောထံသို့ လျှပ်စီးသဖွယ် ရောက်ရှိလာကြသည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်နောက်၌ ထိတ်လန့်ဖွယ်ကောင်းသော လူရှစ်ယောက် ပေါ်လာသည်။

ကောင်းကင် နတ်ဘုရားအဆင့်များ။

သူတို့အားလုံးသည် ကောင်းကင် နတ်ဘုရားအဆင့်များ ဖြစ်ကြသည်။

အခြားသူများအားလုံး နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။

*ဒါ မဖြစ်နိုင်ဘူးလေ*

ယခင်က ကမ္ဘာပေါ်၌ ကောင်းကင် နတ်ဘုရားအဆင့် လေးယောက်သာ ရှိသည်ဟု သိထားကြသည်။

သို့သော် သေးငယ်သော ကျန်းရှီမြို့လေး၌ ကောင်းကင်နတ်ဘုရားအဆင့် ရှစ်ယောက်တောင်မှ ရှိနေသည်။

မယုံနိုင်စရာ ကောင်းလှသည်။

ခေလန်တောင်မှ မှင်တက်သွားခဲ့သည်။ ထို့အပြင် ထိုကောင်းကင်နတ်ဘုရားအဆင့် ရှစ်ယောက်သည် ရောက်လာသည်နှင့် ချက်ချင်း ယဲ့ဖန်ထံသို့ ဒူးတစ်ဘက်ထောက်ကာ ပြန်ဖြေလာသည်။

“ကျွန်တော်တို့ ရောက်ပါပြီ”

ထိတ်လန့်ဖွယ်ကောင်းလိုက်လေခြင်း။

အခြားသူများအားလုံး အလွန် ထိတ်လန့်သွားကြသည်။ သူတောင်းစားအိုကြီးနှင့် အခြား ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်များတောင်မှ အံ့အားသင့်သွားကြသည်။

“မိုရို သွေးစွန်းတစ္ဆေ၊ သံလက် ဝံပုလွေရိုင်း၊ အမှောင်ဂိုဏ်းချုပ်၊ ထို့ပါကလန်က ခေါင်းဆောင်ငယ်လေး၊ ထို့ပါဟိုင်၊ ထို့ပါ မဟာအကြီးအကဲ၊ မိစ္ဆာဝိညာဉ်ရိုင်းနဲ့ အရှင်ဝူ … အံ့ဩဖို့ကောင်းလိုက်တာ”

လင်းဒီလော့ဖ် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။ သူ ထိုလူစုကို မှတ်မိပါသည်။

သူတို့သည် လွန်ခဲ့သည့် နှစ်ဝက်တုန်းက ရှေးဟောင်းကလန် နှစ်ခုကို သုတ်သင်ခဲ့သည့် ယဲ့ဖန်၏ နတ်ဆိုး လက်အောက်ငယ်သားများပင်။

ထိုစဉ်အခါက ရှေ့မှခြောက်ယောက်သည် အစစ်အမှန် နတ်ဘုရားအဆင့်များသာ ဖြစ်သည်။ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အရှင်ဝူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်များသာ ဖြစ်နေကြသေးသည်။

မထင်မှတ်ထားဘဲ နှစ်ဝက်အတောအတွင်းကလေးနှင့် သူတို့အားလုံး ကောင်းကင်နတ်ဘုရားအဆင့်သို့ အဆင့်တက်သွားခဲ့ကြသည်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ရန် အလွန် ခဲယဉ်းလှသည်။

ထိပ်သီးအကြီးအကဲများ အဖွဲ့အစည်း၏ ကျန်ရှိသော အကြီးအကဲ ဆယ်ယောက်တွင် လင်းဒီလော့ဖ် တစ်ယောက်တည်းသာ ကောင်းကင် နတ်ဘုရားအဆင့်သို့ အဆင့်တက်နိုင်ခဲ့၏။

သို့သော် ယခုအခါတွင်မူ …

တောက်! တောက်!

ကမ္ဘာခြား မုဆိုးများ၊ လင်းဒီလော့ဖ်နှင့် စစ်သင်္ဘောထဲမှ အခြားသူများအားလုံး ချွေးဒီးဒီးကျ လာကြသည်။

လင်းဒီလော့ဖ်သည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။

All Chapters