အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
CHAPTER 370 ငါကနတ်ဆိုးပဲ
ထိတ်လန့်ဖွယ်ကောင်းလှသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် အစစ်အမှန် နတ်ဘုရားအဆင့်များ ဖြစ်ကြသော ယဲ့ဖန်၏ လက်အောက်ငယ်သားများ အားလုံး ကောင်းကင်နတ်ဘုရားအဆင့်သို့ အဆင့်တက်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါ။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပိုင်ဆိုင်ထားသည့် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင် ရှစ်ယောက်ကို ကြည့်ရင်း စစ်သင်္ဘောထဲမှ လူသား သိုင်းပညာရှင်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကောင်းကင်အလင်းသခင်သည် ကြောက်ရွံ့စိတ်ကြောင့် တုန်လှုပ်နေရင်း ပြောလိုက်မိသည်။ ယခင်တုန်းက ကျန်းရှီမြို့သည် နိမ့်ကျသော ပုရွက်ဆိတ်လိုလူတစ်သိုက်၏ အခြေစိုက်စခန်းသာသာ၊သာ ဖြစ်သည်ဟု သူ ထင်ခဲ့မိသည်။
သူက တစ်မြို့လုံးကိုတောင် ရှင်းလစ်ပစ်ချင်နေခဲ့သေးသည်။
မမျှော်လင့်ဘဲ ယဲ့ဖန်၏ အစေခံများအားလုံးက သူ့နည်းတူ သန်မာနေကြသည်။
“မင်း အသေဆိုးနဲ့ သေရမယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ခေလန်က သေလူတစ်ယောက်ကို ကြည့်သလိုကြည့်ကာ အော်ပြောလာသည်။
ယဲ့ဖန်၏ စကားကြောင့် ခေလန်၏ မျက်နှာက သုန်မှုန်သွားသည်။ တကယ်တမ်းတွင်လည်း ခေလန်သည် နတ်ဘုရား ဆရာသခင်အဆင့်များ၏ အင်အားကြောင့် တကယ်ကို အံ့ဩသွားခဲ့ရသည်။
ကောင်းကင်လက်နက်အပြင် ယဲ့ဖန်တွင် နတ်ဘုရား ဆရာသခင်အဆင့် အစေခံများ ရှိနေသည်။ ထို့ကြောင့် ခေလန်သည် ကျန်းရှီမြို့၌ ထူးကဲသော ရတနာတစ်ခု ရှိရမည်ဟု ယုံကြည်နေ၏။
သို့မဟုတ်ပါက ယဲ့ဖန်တွင် ဤမျှ အံ့အားသင့်ဖွယ်ကောင်းသော အင်အားမျိုး ရှိနိုင်မည်မဟုတ်ပေ။
“ရဲတင်းလိုက်တာ”
ခေလန်က ကြမ်းကြုတ်ရက်စက်သော အပြုံးနှင့် ပြောလိုက်သည်။
“လက်အောက်ငယ်သား ရှစ်ယောက်လေးနဲ့ ငါတို့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား။ မင်း ကမ္ဘာခြား မုဆိုးတွေကို တကယ် လျော့တွက်ထားတာပဲ”
ထို့နောက် သူက ရုတ်တရက် တစ်ဘက်လှည့်ကာ သူ၏ လက်အောက်ငယ်သား ဆယ့်လေးယောက်အား စိုက်ကြည့်၍ ပြောလိုက်သည်။
“ကမ္ဘာဂြိုဟ်က အဲ့လူသားတွေကို ဂရေးကလန်က ကမ္ဘာခြားမုဆိုးတွေကို ဘယ်တော့မှ ရန်မစသင့်ဘူးဆိုတာကို သိအောင် သွားပညာပြလိုက်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်”
ချက်ချင်းဆိုသလိုပင် ကမ္ဘာခြားမုဆိုးများ၏ မျက်လုံးမှ အလွန် ကြမ်းကြုတ်သော ချီဓာတ်များ ထွက်ပေါ်လာသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သူတို့အားလုံးသည် ယဲ့ဖန်နှင့် သူ၏ လက်အောက် ငယ်သားများထံသို့ မြန်နိုင်သမျှ မြန်မြန် ပြေးဝင်လာကြသည်။
“ကမ္ဘာဂြိုဟ်ပေါ်က လူသားတွေ သေပေတော့”
ချက်ချင်းဆိုသလိုပင် တိုက်ပွဲ ဖြစ်ပွားလာလေတော့သည်။
ကမ္ဘာခြားမုဆိုး ဆယ့်လေးယောက်သည် သံလက်ဝံပုလွေရိုင်း အပါအဝင် ယဲ့ဖန်၏ အခြား လက်အောက်ငယ်သား ခုနစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်မိသွားကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလိုပင် သူတို့၏ နတ်ဘုရားအဆင့် တိုက်ကွက်များက တစ်ခုနှင့်တစ်ခု ထိခတ်ကာ မီးပွားများ လွင့်စဉ်လာသည်။
ကြမ်းကြုတ်သော တိုက်ပွဲများက အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားစေခဲ့သည်။ သို့သော် တိုက်ပွဲ၏ ရလဒ်က လူတိုင်း ထင်ထားသည်နှင့် လွဲချော်နေခဲ့သည်။
ဖိနှိပ်ထားနိုင်ခြင်း။
ဤသည်က တကယ့်ကို တစ်ဖက်သတ် တိုက်ပွဲပင်။
တိကျသေချာစွာပင် ကမ္ဘာခြားမုဆိုးများက နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံနေရခြင်း ဖြစ်သည်။
နတ်ဆိုးရှစ်ယောက်သည် နတ်ဆိုးနတ်ဘုရားများလိုပင်။
သူတို့သည် တိုက်ကွက်တစ်ကွက်ချင်းစီနှင့်အတူ ကမ္ဘာခြား မုဆိုးများ၏ ကိုယ်ပေါ်၌ နက်ရှိုင်းသော ဒဏ်ရာများ ထင်ကျန်စေခဲ့သဖြင့် ငယ်သံပါသော အော်သံများနှင့်အတူ သွေးများက လွင့်စဉ် ပန်းထွက်လာသည်။
“အား”
ကမ္ဘာခြားမုဆိုးတစ်ယောက်၏ လက်မောင်းတစ်ဘက်သည် သံလက် ဝံပုလွေရိုင်းကြောင့် ပြတ်ထွက်သွားသည်။
သူ နာကျင်စွာ အော်ဟစ်နေရသည်။
မယုံနိုင်စရာကောင်းလှပါဘိ။
သို့သော် နာကျင်စွာ အော်ဟစ်ပြီး မကြာခင်မှာပင် သူ၏ ဦးခေါင်းသည် လက်ဖဝါးချက်ကြောင့် ကွဲကြေသွားလေတော့သည်။
ဤသည်ကား အစသာရှိသေးသည်။
နောက်ထပ် ကမ္ဘာခြားမုဆိုးနှစ်ယောက်က ကြမ်းတမ်းသော တိုက်စစ်ဖြင့် မိုရိုသွေးစွန်းတစ္ဆေအား ညှပ်တိုက်ကြသည်။
သူတို့၏ တိုက်ကွက်များက သေစေနိုင်လောက်သည်။
သို့သော် မိုရို သွေးစွန်းတစ္ဆေက သူတို့၏ တိုက်ကွက်များအား အာပလာတွေဟု ထင်မှတ်နေသကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။
“တော်လောက်ပြီ”
ခက်ထန်သော အသံနှင့်အတူ မိုရိုသွေးစွန်းတစ္ဆေက အခွင့်ကောင်းကို အသုံးချ၍ ကမ္ဘာခြားမုဆိုးတစ်ယောက်၏ ရင်ဘတ်အား သူ၏ လက်သည်းဖြင့် ထိုးဖောက်လိုက်သည်။
“မလုပ်နဲ့”
ထိုကမ္ဘာခြားမုဆိုးသည် အလွန်ကြောက်လန့်ကာ ချက်ချင်း ရှောင်တိမ်းရန် ပြင်လိုက်သည်။
သို့သော် ထိုတိုက်ကွက်သည် အယောင်ပြတိုက်ကွက်သာ ဖြစ်နေသည်။
သူ ဘေးသို့ရှောင်လိုက်ချိန်တွင် မိုရိုသွေးစွန်းတစ္ဆေက သူ၏ဦးခေါင်းအား တိကျစွာဖြင့် အားကုန် တိုက်ခိုက်လာသည်။
ဝုန်း!
ထိုကမ္ဘာခြား မုဆိုး၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားလေတော့သည်။ ထို့နောက် သူ၏ ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် ပြုတ်ကျသွားသည်။
“ခွေးမသား”
သူ့လူများ အသတ်ခံရသည်ကို မြင်ပြီး နောက်ထပ် ကမ္ဘာခြားမုဆိုးတစ်ယောက်က သွေးစွန်းတစ္ဆေ၏ ရင်ဘတ်အား ဒေါသတကြီး ထိုးနှက်လာသည်။
ဒုန်း!
အဖြိုက်နက် သတ္တုပြားကြီးအား ထိုးနှက်လိုက်ရသကဲ့သို့ သူ ခံစားလိုက်မိပြီး သူ့လက်သီးကလည်း တဆစ်ဆစ် ကိုက်ခဲလာသည်။
ထိုစဉ် မိုရိုသွေးစွန်းတစ္ဆေက သေမင်းနတ်ဘုရားကဲ့သို့ ပြုံးနေသည်။
ထို့နောက် ထိုကမ္ဘာခြားမုဆိုးသည် ခေါင်းမွေးထောင်လာသလို ခံစားလာရကာ ကြောက်လန့်လို့ လာသည်။
“မဖြစ်ဘူး”
ကမ္ဘာခြားမုဆိုးသည် ကြောက်လန့်တကြားနှင့် ချက်ချင်း နောက်ဆုတ်ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် အချိန်နှောင်းသွားလေပြီ။
ဂျွတ်!
မိုရိုသွေးစွန်းတစ္ဆေက သူ့လက်မောင်းကို လက်တစ်ဘက်ဖြင့် ဖမ်း၍ သူ၏ လက်ပြင်ရိုးအား နောက်လက်တစ်ဘက်ဖြင့် တင်းကြပ်စွာ ဖမ်းဆုပ်ထားသည်။
ထို့နောက် သူက ဆတ်ခနဲ ဆွဲဖြုတ်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ ထိုကမ္ဘာခြားမုဆိုးသည် ကိုယ်နှစ်ခြမ်းကွဲသွားပြီး သွေးများ ပန်းထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
အခြား ကြည့်နေသူများအားလုံး မှင်တက်သွားကြသည်။
သားသတ်သမားလိုပင်။
သူသည် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်ကို အသာလေး သတ်ဖြတ်ခဲ့သည်။ ထိုနည်းတူစွာပင် နောက်ထပ် ကမ္ဘာခြား သိုင်းပညာရှင်များသည်လည်း အလွန်လျင်မြန်လှသော နှုန်းဖြင့် တစ်စစီဖြစ်သွားကြရသည်။
ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရား ဆရာသခင်အဆင့်များ၏ အလောင်းများက မြေကြီးပေါ်သို့ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာသည်။
သူတို့အားလုံး ဘုန်းဟူသော အသံနှင့်အတူ ကျန်းရှီမြို့၏ လမ်းများပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သေမင်း အရိပ်အငွေ့က မြို့တစ်ခုလုံး ပျံ့နှံ့လို့နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ကမ္ဘာပေါ်မှ လူသားသိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့်များ၏ တိုက်ခိုက်မှုကို ကြည့်နေကြရခြင်း ဖြစ်သည်။ ထိုသူတို့သည် ပျံသန်းနိုင်ပြီး ကမ္ဘာအား အလွယ်တကူ ပတ်နေသည်။ ထိုသူတို့သည် နတ်ဒေဝါများလိုပင်။
ထို့ပြင် ကမ္ဘာခြားမုဆိုးများသည် လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က ကမ္ဘာပေါ်ရှိ လူသားများအား အလွယ်တကူ ဖိနှိပ်နိုင်သလို ပြုမူခဲ့သည်။
သို့သော် ယခုအခါတွင် ကမ္ဘာခြားမုဆိုးများသည် သိုးပေါက်များကဲ့သို့ အသတ်ခံနေရသည်။ သူတို့အားလုံးသည် ကြမ်းတမ်းသော သားရဲရှစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံနေရ၏။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
…
ဆယ့်လေးယောက်မြောက် ကမ္ဘာခြားမုဆိုးသည် အရှင်ဝူ၏ လက်သည်းချက်ကြောင့် သူ့နှလုံးသား ဆွဲထုတ်ခံလိုက်ရပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားချိန်တွင် ကောင်းကင်အနှံ့တွင် ကောင်းကင်နတ်ဘုရားအဆင့်များ၏ သွေးများနှင့် ယှက်သန်းလို့နေသည်။
*သေပြီ*
*ထိတ်လန့်စရာကောင်းတဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာခြားမုဆိုး အယောက်နှစ်ဆယ်အဖွဲ့က သုတ်သင်ခံလိုက်ရပြီတဲ့လား*
“ဒါ မဖြစ်နိုင်ဘူး”
ခေလန် အလွန် အံ့အားသင့်လို့နေသည်။
သူ့အဖွဲ့သည် များစွာသော ကမ္ဘာခြားတာဝန်များကို စီမံဆောင်ရွက်နိုင်ခဲ့ပြီး မြောက်များစွာသော သယံဇာတပေါကြွယ်ဝသည့် ဂြိုဟ်များမှ အင်အားကြီးသည့် လူမျိုးစုများကို သတ်ဖြတ်ခဲ့ကြသည်။
မုဆိုးတစ်ယောက်ခြင်းစီသည် အလွန် တိုက်ပွဲအတွေ့အကြုံများ ကြွယ်ဝ၍ ကြမ်းကြုတ်သော သူများ ဖြစ်ကြသည်။
သို့သော် သူတို့သည် နတ်ဆိုးရှစ်ယောက်၏ မျက်စိထဲတွင် မွေးကင်းစကလေးငယ်များကဲ့သို့ နုနယ်နေကာ သူတို့၏ တိုက်ကွက်များက ဟာကွက်များ ရှိနေသည်။
*အံ့ဩဖို့ကောင်းလိုက်တာ*
ကောင်းကင်အလင်းသခင်က ကျန်းရှီမြို့၏ လမ်းမများထက် ပြုတ်ကျနေသော အလောင်းများစွာကို လှမ်းကြည့်နေမိသည်။
အလောင်းများ ပြုတ်ကျလာချိန်တွင် ကျန်းရှီမြို့မှ နတ်ဆိုးလူသားများက သူတို့၏ နဖူးအလယ်တည့်တည့်မှ တောက်ပသော သလင်းကျောက်များကို ထုတ်ယူခဲ့သည်။
ထိုနတ်ဆိုးလူသားများက သူတို့၏ သွေးများကို ဖောက်ထုတ်၍ သူတို့၏ အရိုးများကို ဆွဲထုတ်ကြသေးသည်။
ထို့အပြင် ထိုနတ်ဆိုးလူသားများက သားရဲများ၏ အလောင်းများကို အမဲဖျက်သကဲ့သို့ သူတို့၏ ခေါင်းများကို ဖြတ်၍ တိုင်များ၌ စိုက်ထူထားကြသည်။
“နတ်…နတ်ဆိုးတွေ။ ကျန်းရှီမြို့က လူတွေအားလုံးက နတ်ဆိုးတွေပဲ”
ကောင်းကင်အလင်းသခင် အလွန် သွေးပျက်နေသည်။ သည်လောက် ရက်စက်သည့် လူများကို သူ တစ်ခါမှ မမြင်ဖူးပါ။ ထိုသူတို့၏ မျက်လုံးထဲတွင် ကောင်းကင်နတ်ဘုရားအဆင့်များသည် ခွေးများ၊ဝက်များနှင့် မခြားနားပေ။
*ဘာကြီးလဲကွာ*
ကောင်းကင်အလင်းသခင်သည် သူ၏ ထိတ်လန့်မှုကို မဖော်ပြတတ်တော့ပေ။
“မင်း…မင်း ဘယ်သူလဲ”
ထိုအချိန်တွင် ခေလန်သည် ယဲ့ဖန်အား ဒေါသတကြီး အော်ဟစ်မေးလိုက်သည်။
ကမ္ဘာမြေပေါ်မှ လူသားတစ်ယောက်တွင် ပို၍ သိုင်းအဆင့်မြင့်သော သူများကို စိန်ခေါ်နိုင်သော နတ်ဆိုးရှစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
သူ့မျက်စိထဲတွင် ယဲ့ဖန်၏ နတ်ဆိုးရှစ်ယောက်သည် ကြီးမြတ်သော ဂရေးကလန်ရှိ အကြီးအကဲများထက်တောင်မှ ပိုအင်အားကြီးနေသည်ဟု ထင်မိသည်။
*ဘယ်…ဘယ်လိုလုပ် နိမ့်ကျတဲ့လူမျိုးတစ်ယောက်မှာ သည်လောက် သိုင်းပညာရှင်တွေ အများကြီး ရှိနေရတာလဲ*
“ငါ ဘယ်သူလဲဟုတ်လား”
သူ့အမေးကြောင့် ယဲ့ဖန်က မခိုးမခန့်အပြုံးနှင့် ပြန်ပြောလိုက်သည်။
“စကြဝဠာထဲမှာ ငါ ပျောက်နေတာ အတော်ကြာနေတော့ တော်တော်များများက ငါ့ကို မေ့သွားပြီနဲ့ တူတယ်”
ယဲ့ဖန်က တောက်ပနေသော မျက်လုံးများနှင့် ဆက်ပြောလိုက်သည်။
“ငါက နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေကို သတ်ခဲ့တယ်”
“ငါက … နတ်ဆိုးတစ်ကောင်ပဲ”
CHAPTER 371 ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ
*ငါက နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေကို သတ်ခဲ့တယ်*
*ငါက … နတ်ဆိုးတစ်ကောင်ပဲ*
ယဲ့ဖန်၏ စကားများကို ကြားပြီးနောက် ခေလန်သည် ခေါင်းပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
ကမ္ဘာခြား သိုင်းပညာရှင်များကြားတွင် နတ်ဆိုးများသည် မေ့လျော့ခံ ဖြစ်နေသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။
ယခုအခါသည် စကြဝဠာထဲတွင် နတ်ဘုရား၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများ၏ ရွှေရောင်ခေတ် ဖြစ်သည်။
နတ်ဆိုးများသည် ကွယ်ပျောက် တိမ်ကောသွားပြီ ဖြစ်သည်။
သို့သော် ယခုအခါတွင် နတ်ဆိုးများအား ဤအရေးမပါလှသော ကမ္ဘာဂြိုဟ်၌ နတ်ဆိုးများအား ရှာဖွေတွေ့ရှိလာသည်။
ထို့ပြင် ခေလန်သည် ယဲ့ဖန်၏ မျက်နှာကို စိုက်ကြည့်ရင်း သူ့အတွေးထဲ၌ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို ပြန်အမှတ်ရသွားသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ အချိန်အခါတုန်းက သူသည် ဂရေးကလန်၏ တိုက်ရိုက်မျိုးဆက်များအား ကာကွယ်ရန် တာဝန်ယူရသည့် ကမ္ဘာခြားမုဆိုး လက်သစ်ပေါက်စလေး ဖြစ်သည်။
တစ်နေ့တွင် ဂရေးကလန်၏ သခင်ကြီးက တစ်စက္ကန့်စာ မှတ်တမ်းတင် ဗွီဒီယိုကို ဈေးကြီးပေး၍ ဝယ်ယူခဲ့ပြီး ကလန်တစ်ခုလုံး၏ တိုက်ရိုက်မျိုးဆက်များအား ဆင့်ခေါ်၍ ကြည့်စေခဲ့သည်။
ကာကွယ်စောင့်ရှောက်သူ ဖြစ်သော ခေလန်သည်လည်း ထိုမှတ်တမ်း ဗွီဒီယိုကို ကြည့်ခွင့်ရခဲ့၏။
သို့သော် ထိုဗွီဒီယို အတိုလေးက သူ့တစ်ဘဝလုံးကို လွှမ်းမိုးသွားခဲ့သည်။
ထိုဗွီဒီယိုထဲရှိ အနက်ရောင် ဝတ်စုံနှင့် ယောကျ်ားတစ်ယောက်သည် နတ်ဆိုးအရှင်သခင်ကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည်။
သူ၏ ရန်ဘက်သည် ဖိနှိပ်နိုင်သော ချီဓာတ်ရှိသည့် ထိပ်တန်း မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည်။
သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့်လူက ထိပ်တန်း မကောင်းဆိုးဝါးအား တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။
မည်သူမျှ လှုပ်ရှားမှုကို သေချာမမြင်လိုက်ရသလို သူ၏ လက်နက်ကိုလည်း သေချာမမြင်လိုက်နိုင်ချေ။
သူတို့မြင်လိုက်တာဟူ၍ အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးက သူ့လက်ဖဝါးမှနေ၍ အလင်းရောင် တစ်ချက် ထုတ်လွှတ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။
ထို့နောက်တွင်မူ ထိပ်တန်း မကောင်းဆိုးဝါး၏ ဦးခေါင်းသည် လေထဲသို့ လွင့်ပျံသွားသည်။
ထိုဖြစ်စဉ်တစ်ခုလုံးသည် တစ်က္ကန့်မျှတောင် မကြာလိုက်ပေ။
ထိပ်တန်းမကောင်းဆိုးဝါး၏ သွေးသံတရဲရဲနှင့် ဦးခေါင်းကို ခေလန် ရှင်းလင်းစွာ မှတ်မိနေသည်။ ထိုအချိန်က ခေလန်သာမက ဂရေးကလန်၏ ကလန်သားများအားလုံး ထိုဗွီဒီယိုအတိုလေးကြောင့် ထိတ်လန့်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားရှိသည့် ထိပ်တန်းမကောင်းဆိုးဝါးအား လွယ်လင့်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ပါ။
ထိုအချိန်တုန်းက ခေလန်သည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာတစ်ခြမ်းကိုသာ မြင်ခဲ့ရသည်။
ထိုဗွီဒီယိုအတိုလေးအား ကြည့်ပြီးနောက် ထိုအနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် စကြဝဠာထဲတွင် အင်အားအကြီးမားဆုံး နတ်ဆိုးဧကရာဇ် ဖြစ်သည်ကို ခေလန် သိခဲ့ရသည်။
ယဲ့ဖန်၏ ပုံရိပ်သည် ခေလန်၏ မှတ်ဉာဏ်ထဲရှိ အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာတစ်ခြမ်းနှင့် တဖြည်းဖြည်း တစ်ထပ်တည်း ကျလာသည်။
စက္ကန့်ပိုင်းမျှအကြာတွင် ခေလန်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်လို့လာသည်။
ကြောက်စိတ်ကြောင့် သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားမလား မှတ်ယူရသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ မဖြစ်နိုင်ပါဘူး”
ခေလန်သည် ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေရင်း အသိစိတ် လွတ်လုနီးပါး ဖြစ်လာရသည်။
ဤမြင်ကွင်းကြောင့် အခြားသူများ အလွန် ထိတ်လန့်သွားကြသည်။
ခေလန် ဘာကို သိသွားသလဲဆိုတာကို မည်သူမျှ မသိကြပါ။ နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ထိတ်လန့်နိုင်ရတာပါလိမ့်။
သူတောင်းစားအိုကြီးသည် ခေလန်၏ အပြုအမူကို ကြည့်လိုက်ပြီးနောက် ယဲ့ဖန်အား လှမ်းကြည့်လိုက်မိသည်၊ ထို့နောက် သူ ကြောက်ရွံ့ထိတ်လန့်သွားသည်။
“ကြောက်စရာအကောင်းဆုံး တိုက်ဆိုင်မှုပါလား။ ဒါက … တကယ်ပဲ သူ ဖြစ်နေတာကိုး”
ကမ္ဘာပျက်မယ့်နေ့နှင့် ပတ်သက်၍ ကမ္ဘာ စောင့်ရှောက်သူ၏ ဟောကိန်းအရ ပါရမီရှင် တစ်ယောက်နှင့် ကြောက်စရာ အကောင်းဆုံး ထိတ်လန့်မှုတစ်ခု ရှိလာလိမ့်မည်ဟု ဆိုထားသည်။
ထိုတိုက်ဆိုင်မှု ဖြစ်ပေါ်လာပြီးလျင် အရာအားလုံး ပြောင်းလဲလာလိမ့်မည်ဟု ဟောကိန်း ထုတ်ထားသည်။
“အရှင်ခေလန်၊ ခင်ဗျား ဘာဖြစ်နေတာလဲ။ သူ့ကို သတ်လိုက်လေ။ သူက ခင်ဗျားရဲ့ လက်အောက်ငယ်သား အယောက်နှစ်ဆယ်ကို သတ်ခဲ့တာ”
ထိုအချိန်တွင် ကောင်းကင်အလင်းသခင်က ခေလန်ကို အရူးအမူး ပြောဆိုလာသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ကောင်းကင်အလင်းသခင်သည် မကောင်းသော နိမိတ်ကို ခံစားမိနေပြီး ခေါင်းမွေးထောင်လာသလို ဖြစ်လာရသည်။
သို့သော် ခေလန်က ကောင်းကင်အလင်းသခင်၏ ပြောဆိုမှုများကို လျစ်လျူရှုထားသည်။
သူက ယဲ့ဖန်ကိုသာ ဆက်၍ ကြည့်နေပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား … ခင်ဗျားက တကယ်ပဲ အဲ့လူလား”
ခေလန်၏ အမေးကြောင့် ယဲ့ဖန်က တိတ်ဆိတ်စွာ ပြုံးပြုလိုက်သည်။
သူ မည်သို့မျှ ပြန်မဖြေပါ။ ထိုအစား သူက ခေလန်ဆီသို့ တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း လှမ်းလာသည်။
ထိုစဉ် အနက်ရောင် ချီဓာတ်များက ယဲ့ဖန်၏ ဘေးပတ်လည်၌ ပေါ်ပေါက်လာပြီး သူ့အား ငရဲမှ နတ်ဆိုးတစ်ကောင်သဖွယ် ထင်မြင်မိစေသည်။
*ဟုတ်နေတာပဲ*
အဆက်မပြတ် တိုးပွားလာသော နတ်ဆိုးချီဓာတ်များကို ကြည့်ပြီး ခေလန် ကြက်သီးတဖြန်းဖြန်း ထလာသည်။
ဗွီဒီယိုထဲရှိ အနက်ရောင်ဝတ်စုံနှင့်လူသည်လည်း ယခုကဲ့သို့ တစ်ထပ်တည်း တူညီလှသည့် ချီဓာတ်များဖြင့် ဝန်းရံလျက် ရှိနေခဲ့သည်။
*သူက တကယ်ပဲ့ အဲ့လူပါလား*
ခေလန်သည် ခြေမခိုင်သလို ဖြစ်လာကာ လေထဲ၌ ဒူးထောက်လိုက်သည်။
“အရှင်မင်းမြတ် … အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ခင်ဗျား အသက်ရှင်နေသေးမှန်း ကျွန်တော် မသိခဲ့လို့ပါ။ ခင်ဗျားကို ရန်မစိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
….
လူသား သိုင်းပညာရှင်များသည် ထိတ်လန့်စိတ်ကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။
တောင်တစ်ခုလုံးကိုပင် လက်ဖဝါးချက် တစ်ချက်ဖြင့် ပျက်စီးသွားအောင် လုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ လူတိုင်းအား စိတ်ဓာတ်ကျ၍ ကြောက်လန့်စေခဲ့သော နတ်ဘုရား သေနာပတိအဆင့်ဖြစ်သူ ခေလန်က ယဲ့ဖန်ရှေ့ ကြောက်လန့်တကြားနှင့် တုန်ယင်စွာ ဒူးထောက်နေသည်တဲ့လား။
*ဒါ မဖြစ်နိုင်ဘူးလေ*
အခြားသူများအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
သူတောင်းစားအိုကြီး၊ လင်းဒီလော့ဖ်၊ တထာဂတနှင့် နဂါးနက်ဘုရင်မတို့အားလုံးတောင်မှ မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်နေကြသည်။
အထိတ်လန့်ဆုံးသူကား ကောင်းကင်အလင်းသခင်ပင်။
ကောင်းကင်အလင်းသခင် ဒယိမ်းဒယိုင် ဖြစ်သွားကာ မောပန်းနေသော ဟန်ပန်ဖြင့် လေထဲမှ ပြုတ်ကျတော့မလို ဖြစ်လာသည်။
သူသည် ခေလန်နှင့် ယဲ့ဖန်ကို ကြည့်ရင်း သူ အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။
“မဟုတ်ဘူး၊ ဘယ်လိုလုပ် အရှင်ခေလန်က ဒီလိုနိမ့်ကျတဲ့ကောင်ဆီ အညံ့ခံမှာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး…”
ကောင်းကင်အလင်းသခင်သည် သူ့မျက်လုံးအား ထပ်ခါထပ်ခါ ပွတ်သပ်နေသည်။
ယခုအဖြစ်အပျက်များအား မယုံကြည်ရန် ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျနေမိသည်။ သို့သော် မျက်စိရှေ့မှောက် ဖြစ်ပျက်နေသော အရာများအားလုံးက အမှန်တွေပင်။
*ပြေးရမယ်*
ထိုစဉ် ကောင်းကင်အလင်းသခင်သည် ဆက်၍ တွေးတောနေရန် အချိန်မရှိတော့ပေ။
သူ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ စ၍ လှုပ်ရှားလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ခု၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
*ငါတော့ ပွဲသိမ်းပြီပဲ*
သူ့ကို ဝိုင်းထားသော နတ်ဆိုးလူသား ရှစ်ယောက်ကို ကြည့်ရင်း ကောင်းကင်အလင်းသခင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းလို့လာ၏။
“အရှင်မင်းမြတ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ထိုစဉ် ယဲ့ဖန်က လေထဲရှိ ခေလန်နားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ခေလန်သည် ထိတ်လန့်တကြား အော်ဟစ်နေရင်း လူသားတစ်ယောက်ထက် နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်လာသည်။
*မင်းကို ခွင့်လွှတ်ပေးရမယ်*
ထို့နောက် ယဲ့ဖန်က အလွန် ကြမ်းကြုတ်သော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“မင်း သေကိုသေရမယ်လို့ ငါ ပြောပြီးသားပဲ”
…
ယဲ့ဖန်၏ စကားကြောင့် ခေလန်၏ မျက်နှာက ပြာနှမ်းလာသည်။
*မဟုတ်ဘူး*
*ငါ မသေနိုင်ဘူး*
*ငါက ဂရေးကလန်ရဲ့ ကမ္ဘာခြားမုဆိုးတွေရဲ့ ကပ္ပတိန်။ ငါတို့မှာ တောက်ပတဲ့ အနာဂတ် ရှိတယ်*
ထို့နောက် ခေလန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသော မျက်လုံးများနှင့် စစ်သင်္ဘောထံသို့ လျင်မြန်စွာ ထွက်ပြေးရန် ကြံစည်လာသည်။
သူ အဝေးသို့ ထွက်ပြေးချင်နေသည်။
နတ်ဆိုးဧကရာဇ်က စကြဝဠာထဲ၌ အသက်ရှင်နေသေးသည်ဟူသော သတင်းကို သူ ဖြန့်ချင်သည်။
သူ စစ်သင်္ဘောဆီသို့ ရောက်သည်နှင့် သူ ကမ္ဘာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးနိုင်မည် ဖြစ်သည်။
ဤနည်းဖြင့်သာ သူ့ကိုယ်သူ ကယ်တင်နိုင်မည်။
သူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ယဲ့ဖန်က ခေါင်းကိုခါ၍ အထင်သေးသလို အပြုံးနှင့် ပြောလိုက်သည်။
“ငါ မင်းကို သတ်ချင်နေရင် မင်း ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်မှာလဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က အနက်ရောင် အရိပ်များကို ထုတ်လွှတ်လိုက်သည်။ ထိုအရာကား ငရဲသား ပုရွက်ဆိတ်များပင်။
သူတို့သည် အရွယ်ရောက်လာပြီ ဖြစ်ပြီး လူတစ်ယောက်၏ လက်သီးအရွယ်အစားခန့် ကြီးမားလာပြီ ဖြစ်သည်။
သူတို့၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ချီဓာတ်က အရင်ကထက် ပိုသန်မာလာသည်။
သူတို့အား စုစည်းထားလျင် သူတို့သည် တစ်ဘက်လူအား ကြောက်လန့်စိတ်ဖြင့် ငိုမိအောင် လုပ်နိုင်လေသည်။
“သူတို့က … ဝိညာဉ်စား ပုရွက်ဆိတ်တွေပဲ”
ပုရွက်ဆိတ်များကို မြင်သည်နှင့် ခေလန် အလွန် သွေးပျက်သွားသည်။
“မလုပ်နဲ့”
စက္ကန့်ပိုင်းအတွင်းမှာပင် စူးရှလှသော အော်သံများနှင့်အတူ ခေလန်၏ ခန္ဓာကိုယ်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေတော့သည်။
CHAPTER 372 အမြစ်ဖြတ် သုတ်သင်ခြင်း
“အား…အား…အား”
ကမ္ဘာအနှံ့ မိုးကောင်းကင်တွင် ငယ်သံပါအောင် အော်ဟစ်နေသံများနှင့် ပြည့်နှက်နေသည်။
ကမ္ဘာပေါ်ရှိ လူများသည် ခေလန်အား မျက်ခုံး တလှုပ်လှုပ်နှင့် ကြည့်နေကြသည်။
ခေလန်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဖုံးအုပ်ခြင်းကို ခံနေရသည်။
သွေးသံတရဲရဲနှင့် အသားစများက သူ့ခန္ဓာကိုယ်မှ တစ်ခုပြီးတစ်ခု ဆုတ်ဖြဲခံနေရသည်။
အရိုးများသည် ပုရွက်ဆိတ်များ၏ ချွန်ထက်သော သွားများကြောင့် တစ်ချောင်းပြီး တစ်ချောင်း ကျိုးလာသည်။
ချင်းချင်းနီနေသော သွေးများက မိုးကောင်းကင်၌ နေရာယူလျက် ရှိသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
သူက နတ်ဘုရား သေနာပတိအဆင့် မဟုတ်ပါတကား။
ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်က ပုရွက်ဆိတ်များကို ဆန့်ကျင်နိုင်သည့် ခွန်အား မရှိသလို ဖြစ်နေသည်။
ထိုသို့သော အချိန်တွင် ခေလန်က ငယ်သံပါအောင် အော်ဟစ်နေရင်း ဝိညာဉ်စား ပုရွက်ဆိတ်များအား ထပ်ခါထပ်ခါ ထိုးနှက်နေ၏။
သို့သော် သူ၏ တိုက်ခိုက်မှုက အသုံးမဝင်ပေ။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဘာလို့ ကမ္ဘာပေါ်မှာ ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိနေရတာလဲ”
ခေလန်သည် စူးရှစွာ အော်ဟစ်နေရသောကြောင့် ကမ္ဘာမြေသားများ ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။
ခေလန် သွေးပျက်လို့နေသည်။
နတ်ဆိုးဧကရာဇ်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များက ကမ္ဘာဂြိုဟ်ပေါ်၌ ပြန်ပေါ်လာသည်။ အကယ်၍များ ဤသတင်းသာ စကြဝဠာထဲသို့ ရောက်ရှိသွားလျင် သေချာပေါက် အကြီးအကျယ် ထိတ်လန့် သွားစေလောက်သည်။
ခေလန် အလွန် ကြောက်ရွံ့လာသည်။
ကမ္ဘာဂြိုဟ်ပေါ်က သည်လောက် ကြောက်မက်ဖို့ကောင်းသည်ဆိုတာကို သူ အရင်ကတည်းက သိခဲ့ပါက သူ ဘယ်သောအခါမှ အနားတောင် ကပ်မည်မဟုတ်ပါ။
“မလုပ်နဲ့”
သို့သော် သူလုပ်ခဲ့သမျှ အရာအားလုံးက အချည်းနှီး ဖြစ်သွားခဲ့ပြီ။ ကမ္ဘာမြေသားများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ခေလန်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တစ်စစီ ဆွဲဖြဲခြင်းကို ခံလိုက်ရလေတော့သည်။
သွေးသံတရဲရဲနှင့် အသားစများကို ဝိညာဉ်စား ပုရွက်ဆိတ်များကို အုပ်မိုး၍ ဝါးမျိုနေလာကြသည်။
ထိုပုရွက်ဆိတ်များသည် ငရဲမှ ရောက်ရှိလာသော နတ်ဆိုးကဲ့သို့ ကြမ်းကြုတ် သန်မာသည့် ချီဓာတ်များကို ထုတ်လွှတ်လာကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထိုသတင်းက ကမ္ဘာတစ်ခုလုံးအား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
တောင်တစ်ခုလုံးကို လက်ဖဝါးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်တဲ့လား။
…
တောက်! တောက်!
ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေကြသော လူတိုင်း နဖူးမှနေ၍ ချွေးတဒီးဒီး ကျနေကြသည်၊ အထူးသဖြင့် ကောင်းကင်အလင်းသခင်ပင်။
သူ သေချာပေါက်ကို မှင်တက်လို့နေသည်။
ယခင်တုန်းက သူသည် ခေလန်၏ သာလွန်သော အင်အားကြောင့် ကမ္ဘာဂြိုဟ်ကို သစ္စာဖောက်ရန် သူ ရွေးချယ်ခဲ့သည်၊ သို့ရာတွင်မူ ယခုအချိန်၌ သူ့စိတ်ထဲမှ နတ်ဘုရားဟု သတ်မှတ်ထားသူများအားလုံး အမြစ်ဖြတ် သုတ်သင်ခြင်း ခံလိုက်ရလေပြီ။
….
ကောင်းကင်အလင်းသခင်သည် ခေါင်းစခြေဆုံး အေးစိမ့်စိမ့် ဖြစ်လာသလို ခံစားမိသည်။
ယဲ့ဖန် သူ့ဘက်သို့ လှည့်လာသောအခါ ကောင်းကင်အလင်းသခင် အလွန် ကတုန်ကယင် ဖြစ်လာသည်။
ထို့နောက် သူက ဟက်ဟက်ပက်ပက် မရှိသော အပြုံးမျိုးနှင့် ပြောလိုက်သည်။
“ယဲ့…ယဲ့ဖန်၊ မင်း ဒီသောက်မြေနိုး ကမ္ဘာခြားမုဆိုးတွေကို သတ်နိုင်မယ်လို့ ငါ သိနေတယ်။ အဲ့ဒါကြောင့် ငါ သူတို့ကို ဒီကို တမင် ခေါ်လာတာ”
“မင်းအတွက် ဒါက အလွယ်လေး ဖြစ်နေတာ ကံကောင်းတယ်။ ငါတို့ လူသားတွေ အတော်လေး ကံကောင်းတယ်”
*ဘာ*
ကောင်းကင်အလင်းသခင်၏ ဆင်ခြေကိုကြားပြီး သူတောင်းစားအိုကြီးနှင့် အခြားကမ္ဘာမြေသားများ အားလုံး ဒေါသစိတ်ကြောင့် မျက်နှာများ နီရဲလာသည်။
သည်လောက် အရှက်မဲ့သော လူကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မီးဝင်းဝင်း တောက်နေသော မျက်လုံးနှင့်အတူ ခက်ထန်သော မျက်နှာထားဖြင့် ယဲ့ဖန်က မေးလိုက်သည်။
“မင်း သူတို့ကို ဒီကို တမင် လမ်းပြလာတာလား”
“ဟုတ်တယ်လေ၊ ယဲ့ဖန် မင်းက သန်မာပြီး ဆန်းကြယ်တယ်ဆိုတာကို ငါ သိတယ်။ မင်းတစ်ယောက်ထဲကပဲ ဒီကမ္ဘာခြား မုဆိုးတွေကို သတ်နိုင်တယ်ဆိုတာကို ငါ သိနေတယ်”
အရှက်ဟူ၍ တစ်စက်ကလေးမျှပင် မရှိဘဲ ကောင်းကင်အလင်းသခင်သည် တောက်ပသော အပြုံးနှင့်အတူ ခပ်သွက်သွက် ရှင်းပြလေသည်။
“အခုအခြေအနေက မင်းနဲ့ ပတ်သက်ပြီး ငါခန့်မှန်းတာ မှန်တယ်ဆိုတာကို သက်သေပြနေတာပဲ၊ မင်းက တကယ်ကို …”
ကောင်းကင်အလင်းသခင်က ယဲ့ဖန်အား မျက်နှာလုပ် ဖားယားနေချိန်တွင် လေတိုးသံနှင့်အတူ ဧရာမ လက်တစ်ဘက်အသွင် ချီဓာတ်က ကောင်းကင်ပေါ်မှနေ၍ သူ့အား ရိုက်ချလာသည်။
ဝုန်း!
ကောင်းကင်အလင်းသခင်၏ ခန္ဓာကိုယ်သည် သွေးမြူခိုးအသွင်ပြောင်းသွားပြီး ကောင်းကင်မှ သွေးမိုးများ ရွာသွန်းလာသည်။
ထို့နောက် သူ ပြန်ပေါ်လာပြီး ထိတ်လန့်၍ ဒေါသတကြီးနှင့် စောဒက တက်လာသည်။
“ယဲ့…ယဲ့ဖန်။ မင်း ဘာလို့ ငါ့ကို သတ်တာလဲ။ ငါက လူသားလေကွာ”
“မင်းကို သတ်တယ်။ မဟုတ်ဘူး၊ အထင်မှားနေပြီ”
ယဲ့ဖန်က ခေါင်းကိုခါ၍ ပြောလိုက်သည်။
“ငါက မင်းကို စိတ်ရော ခန္ဓာပါ ဖျက်ဆီးချင်နေတာ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်အလင်းသခင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူ ထွက်ပြေးချင်နေသည်။
သို့သော် သူ စ၍ လှုပ်ရှားလိုက်သည့်အချိန်မှာပင် ယဲ့ဖန်၏ လွှမ်းမိုးနိုင်သော နတ်ဆိုးချီဓာတ် လက်ဖဝါးက အားမာန်အပြည့်နှင့် ကျရောက်လာသည်။
“မလုပ်ပါနဲ့”
ကောင်းကင်အလင်းသခင်သည် အဖျက်စွမ်းအင် ချီဓာတ်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ယဲ့ဖန်၏ နတ်ဆိုးချီဓာတ် လက်ဖဝါးချက်နှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ၏ သွေးများ၊ အသားများနှင့် အရိုးများက ဆွေးမြည့်နေသော သစ်သားကဲ့သို့ ချည့်နဲ့သွားသည်။
ဝုန်း!
သူ ပေါက်ကွဲသွားပြန်သည်။
“မဖြစ်နိုင်ဘူး”
သူ့ခန္ဓာကိုယ် ပြန်ဖွဲ့စည်းလာပြီးနောက် ကောင်းကင်အလင်းသခင် အလွန် ထိတ်လန့်နေသည်။
ယဲ့ဖန်၏ လက်ဖဝါးချက်ကို သူ မခုခံနိုင်တာကို သတိပြုမိသွားသည်။
ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးချီဓာတ် လက်ဖဝါးချက်၌ ဖိနှိပ်နိုင်သော ချီဓာတ်များ မနည်းမနော ပါဝင်နေသည်။
*အံ့ဩစရာပဲ၊ လွန်ခဲ့တဲ့ နှစ်ဝက်က ငါ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး။ အခု ငါက ကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်နေတာတောင် ငါမခုခံနိုင်သေးဘူး*
ကောင်းကင်အလင်းသခင် အကြီးအကျယ် သွေးပျက်လို့နေ၏။
တတိယ ရိုက်ချက် ရောက်ရှိလို့လာသည်။
“မျိုးမစစ်ကောင်”
ကောင်းကင်အလင်းသခင်သည် ဒေါသကြောင့် မျက်လုံး ပြူးကျယ်လို့နေ၏။ ထို့နောက် သူက အားကုန်သုံး၍ ယဲ့ဖန်အား ထိုးလိုက်သည်။
ဂျွတ်!
သူ၏ သံမဏိလက်သီးက နတ်ဆိုးလက်သီးနှင့် ထိပ်တိုက်ထိုးမိသည့်အချိန်တွင် သူ့လက်သီး ကျိုးကြေသွားပြီး ထို့နောက် သူ့လက်မောင်း၊ ရင်ဘတ်၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်အောက်ပိုင်းတို့ပါ ကြေမွသွားသည်။
ကောင်းကင်အလင်းသခင်သည် သုံးကြိမ်ဆက်တိုက် အသတ်ခံလိုက်ရလေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
သူတို့သည် ယဲ့ဖန်က ကောင်းကင်အလင်းသခင်အား ထပ်ခါ ထပ်ခါ သတ်နေသည်ကိုသာ မြင်နေရသည်။
ကောင်းကင်အလင်းသည် သူ့ခန္ဓာကိုယ် ပြန်ဖွဲ့စည်းလိုက်သည့်အခါတိုင်း သူ၏ ချီဓာတ်က ပို၍ အားယုတ်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကောင်းကင်အလင်းသခင်၏ ချီဓာတ်သည် ပိုပို၍ လျော့နည်းလာသဖြင့် သူသည် သေဆုံးနိုင်သည့် အခြေအနေက ပို၍ မြင့်တက်လာ၏။
ထို့ကြောင့် သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။
“ယဲ့ဖန် ရပ်လိုက်”
ကောင်းကင်အလင်းသခင် တကယ်ကို ကြောက်လန့်နေသည်။ သူ သေလုဆဲဆဲ ဖြစ်လာသည်မှာ ဒါ ပထမဆုံး အကြိမ်ပင်။
ထို့နောက် သူက အသည်းအသန် ယဲ့ဖန်ကို ပြောလေသည်။
“ယဲ့ဖန် ငါ့ကို အသက်ချမ်းသာပေးပါ။ ငါ မင်းရဲ့ ကျေးကျွန် ဖြစ်ချင်ပါတယ်။ ငါ မင်းကို ငါ့လက်ကျန် သက်တမ်းတစ်လျှောက်လုံး သစ္စာရှိပါမယ်”
“ငါက မသေနိုင်ဘူးလေ။ ငါ ပြန်ဖွဲ့စည်းနိုင်သရွေ့ မင်းမှာ မသေမျိုး အစေခံ ရှိမှာလေ၊ မဟုတ်ဘူးလား”
ကောင်းကင်အလင်းသခင်က ဘာပဲလုပ်ရလုပ်ရ အသက်ရှင်ချင်သေးသည်။
*မသေမျိုး အစေခံ*
စကြဝဠာထဲမှ မည်သူမဆို ဒီအပေးအယူကို သဘောကျလောက်သည်၊ သို့သော် ထိုထဲတွင် ယဲ့ဖန်မပါပေ။
ထို့နောက် ယဲ့ဖန်က အေးစက်စက်နှင့် နတ်ဆိုးဆန်သော လေသံဖြင့် ပြောလိုက်သည်။
“မသေမျိုး ခန္ဓာကိုယ်လား။ ဘာလုပ်ရမှာလဲ၊ ငါ မသေမျိုး ခန္ဓာကိုယ်တွေကို ကြက်နဲ့ခွေးတွေကို သတ်သလို အသာလေး သတ်ပစ်လိုက်လို့ ရတယ်။ မင်းက ငါ့အတွက် အသုံးမဝင်ဘူး”
…
ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်အလင်းသခင်၏ မျက်နှာက ပြာနှမ်းသွားသည်။
*ငါတော့ ကြွပြီပဲ*
ကောင်းကင်အလင်းသခင်သည် သူ သေချာပေါက် သေရတော့မည်ကို ရိပ်စားမိသွားသည်။
ဝုန်း!
ကောင်းကင်အလင်းသခင် နောက်ထပ်တစ်ကြိမ် ကြေမွသွားပြီးနောက် သူ့ခန္ဓာကိုယ်အား ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းသဖြင့် သူ၏ချီဓာတ်က ပို၍ အားယုတ်လာသည်။
သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် လေယူရာ ယိမ်း၍ ငြိမ်းတော့မတတ် ဖြစ်နေသော ဖယောင်းတိုင်မီးရောင်ကဲ့သို့ လေထဲ၌ ဒယီးဒယိုင် ဖြစ်နေသည်။
“မလုပ်ပါနဲ့”
ကောင်းကင်အလင်းသခင်သည် ရူးသွပ်၍ နာကြည်းမုန်းတီးသော မျက်လုံးများနှင့် အော်ဟစ်လာသည်။
သို့သော် သူ လုပ်သမျှ အရာအားလုံးက အချည်းနှီးပင်။
လေတိုးသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလက်ဖဝါးက ထပ်မံ၍ ရောက်ရှိလာသည်။
“မဖြစ်ဘူး”
စူးရှ၍ ကြံရာမရ ဖြစ်နေသော အော်သံနှင့်အတူ ကောင်းကင်အလင်းသခင်၏ ခန္ဓာကိုယ်က သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအကြိမ်တွင်တော့ သူသည် သူ့ခန္ဓာကိုယ်အား ထပ်၍ မဖွဲ့စည်းနိုင်တော့ပေ။
ထိုသို့ရှိနေစဉ်တွင် ယဲ့ဖန်က လက်ဖဝါးတစ်ချက် လှုပ်လိုက်သဖြင့် နတ်ဆိုးမီးတောက်တစ်ခုက သွေးမြူခိုးအား မီးမြှိုက်လာသည်။
ရှဲ!
လေထုထဲတွင် အသွေးအသားတို့ လောင်ကျွမ်းနေသော အနံ့နှင့် စိတ်ဝိညာဉ်တစ်ခု၏ ငယ်သံပါအောင် အော်ဟစ်နေသံများဖြင့် ပြည့်နှက်လို့နေသည်။
“မလုပ်နဲ့၊ ငါ့စိတ်ဝိညာဉ်”
“ယဲ့ဖန် မင်း အရမ်း ရက်စက်တာပဲ။ ငါ မင်းကို အရမ်း မုန်းတယ်ကွ”
“အား”
နောက်ဆုံးသော အော်သံနှင့်အတူ ကောင်းကင်အလင်းသခင်၏ စိတ်ဝိညာဉ်သည် ကွယ်ပျောက် သွားလေတော့သည်။
*သူ သေသွားပြီ*
*မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်၊ ပါရမီရှင် ကောင်းကင်သားတော် သေသွားပြီ*
ကောင်းကင်အလင်းသခင် ပြာအဖြစ် ပြောင်းသွားသည်ကို ကြည့်ပြီး သူတောင်းစားအိုကြီးသည် စိတ်ရှုပ်ထွေး၍ ကျေနပ်နေသော မျက်လုံးများဖြင့် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။
အခြား ကမ္ဘာမြေသားများအားလုံး အလွန် စိတ်အားတက်ကြွလာကြသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ကမ္ဘာဂြိုဟ်၏ သူရဲကောင်းပင် ဖြစ်သည်။
သူတို့အားလုံး လက်သီးလက်မောင်းတန်း၍ တက်ကြွစွာ ဩဘာပေး အော်ဟစ်လာကြ၏။
“ယဲ့ဖန်”
“ယဲ့ဖန်”
“ယဲ့ဖန်”