← Chapters

လူများရင် အလုပ်တွင်တယ် ၃

Vol. 57 Ch. 570

လူများရင် အလုပ်တွင်တယ် ၃

Vol. 57 Ch. 570

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."

စကားပြောပြီးနောက် နတ်ဆိုးနှစ်ကောင်သည် ဧည့်သည်များကို ပြန်လွှတ်မည့်ဟန်ပန်ဖြင့် လက်ကို ဆန့်ထုတ်လိုက်ကြပေသည်။

"..."

အကြီးအကဲ ချီယန်သည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်လေ၏။ အကြီးအကဲလျို အမှန်တကယ်ပင် ဤနေရာတွင် ရှိနေပေသည်။

သူ ခန့်မှန်းထားသည့်အတိုင်း ဤခေါင်းမာလှသော လူအိုကြီးသည် နဂါးနန်းတော်နှင့် ပတ်သက်မိသွားခဲ့ပြီး လက်ရှိအခြေအနေအရ နဂါးမင်းသား တစ်ပါးပါးနှင့်ပင် ရှုပ်ထွေးနေနိုင်ခြေ ရှိပေသည်။

နောက်ဆုံးတွင်မူ သူသည် ဤကိစ္စကို သီးသန့် ဖြေရှင်းရန် ရွေးချယ်ခဲ့လေ၏။

ဤနတ်ဆိုးနှစ်ကောင်၏ တည်ငြိမ်အေးဆေးသော အသွင်အပြင်ကို ကြည့်ရခြင်းအားဖြင့် အခြေအနေမှာ အတော်လေး ဆိုးရွားနေနိုင်ခြေ ရှိပေသည်။

"ဒါက ဂိုဏ်းချုပ်ရှန် ဖြစ်ရမယ်၊ ဟုတ်တယ်မလား..."

ရေနေနတ်ဆိုးသည် ရှန်းယီကို ထပ်မံကြည့်ရှုလိုက်ပြီး ရယ်စရာတစ်ခုကို တွေ့လိုက်ရသည့်အလား ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျား ဝင်သွားလို့ ရပါတယ်... ဘာပဲဖြစ်ဖြစ် အကြီးအကဲလျိုက ခင်ဗျားအပေါ် တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲလေ။ ဒါပေမဲ့ ကျုပ်က ခင်ဗျားကို သတိပေးဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်။ အခုက ခင်ဗျားအလှည့် မရောက်သေးဘူး။ အကြီးအကဲလျိုကို နောင်တတွေနဲ့ မျက်လုံးပြူးပြီး မသေသွားစေတာ အကောင်းဆုံးပဲ..."

"ဂိုဏ်းချုပ်ရှန်း... ကျေးဇူးပြုပြီး အရင် ပြန်သွားနှင့်ပါ..."

ချီယန်သည် ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သည့်ပုံ ပေါ်ပေသည်။

ထိုစဉ်မှာပင် မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးသည် နတ်ဆိုးနှစ်ကောင်ကို မမြင်သည့်အလား ရှေ့သို့ခြေတစ်လှမ်း တိုးကာ လိုဏ်ဂူထဲသို့ တိုက်ရိုက် ဝင်သွားသည်ကို သူ မြင်လိုက်ရပေသည်။

သူ နတ်ဆိုးနှစ်ကောင်အနီးမှ ဖြတ်သွားသော အခိုက်အတန့်တွင် လေပြေတစ်ခု တိုက်ခတ်သွားသည့်အလား သူ၏ ဝတ်ရုံလက်များ လွင့်တက်သွားခဲ့ပေ၏။

ခွပ်...

ဟိန်းထွက်သွားသော အက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

နတ်ဆိုးနှစ်ကောင်၏ ခေါင်းများသည် ချက်ချင်းပင် အချင်းချင်းရိုက်မိသွားကာ အရိုးစများနှင့် သွေးများ ပန်းထွက်သွားခဲ့ပေသည်။

ရှန်းယီသည် သူ၏ လက်ဖဝါးမှ သွေးစွန်းနေမှုများကို ညင်သာစွာသုတ်ပစ်လိုက်ပြီး သူ၏ ပုံရိပ်သည် လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ပျောက်ကွယ်သွားလေတော့သည်။

"ဟင်..."

ချီယန်မှာ တစ်ခဏမျှ အံ့အားသင့် မှင်သက်သွားခဲ့ပေ၏။ စက္ကန့်ပိုင်းလောက်ကမှ ပြုံးနေခဲ့ကြသော နတ်ဆိုးနှစ်ကောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ကင်းမဲ့နေသော ပူနွေးသောသွေးနှင့်အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ထို့ပြင် ဂိုဏ်းချုပ်ရှန်း၏ ကိုယ်ပေါ်တွင် အသက်ရှူသံလှိုင်းဂယက်လေးတစ်ခုမျှပင် မရှိခဲ့ချေ။

ဤစွမ်းရည် တစ်ခုတည်းအပေါ် အခြေခံကြည့်လျှင်ပင် တစ်ဖက်လူသည် အပြင်ပန်းတွင် မြင်ရသကဲ့သို့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှောင်းပိုင်းမျှသာ ဖြစ်ရန် မဖြစ်နိုင်တော့ပေ။

"ဘာစည်းမျဉ်းတွေလည်း သွားသေလိုက်ပါလား..."

ချီယန်သည် ကျိန်ဆဲလိုက်ပြီး လိုဏ်ဂူထဲသို့ ဝင်သွားလေ၏။

ထိုအချိန်တွင် မသေမျိုးလိုဏ်ဂူထဲ၌ ပြင်းထန်သော အသက်ရှူသံများသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေလေသည်။

ကြီးမားလှသော နတ်ဆိုးကြီးသုံးကောင်သည် စွမ်းအင်အနည်းငယ်မျှသာ အသုံးပြုခဲ့ရသည် မဟုတ်ကြောင်း ထင်ရှားနေပေသည်။

သို့သော် သူတို့၏ အားထုတ်မှုကြောင့် ရရှိလာသော ရလဒ်မှာမူ အတော်လေး ကျေနပ်စရာ ကောင်းနေပေသည်။

လိုဏ်ဂူနံရံကို မှီကာ လခြမ်းကွေးဓားမကြီးအပေါ် အားပြုထားသော သွယ်လျလျပုံရိပ်လေး၏ အနက်ရောင်ချင်းယွဲ့ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်ပြီး အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လုံဟန်မြို့တော်ကြီး၏ အလယ်သို့ ပြန်လည် ဝင်ရောက်သွားခဲ့ပေသည်။

တင်းကျပ်စွာ ပိတ်ထားသော မြို့တော်၏ တံခါးကြီးများသည် အလွန်ခိုင်မာလှပြီး ဤသက်လတ်ပိုင်း ကျင့်ကြံသူ၏ အသက်ရှင်သန်ရာ လမ်းကြောင်းကိုပါ ဖြတ်တောက်လိုက်သည့်အလား ထင်မှတ်ရပေသည်။

ဖြစ်နိုင်သည်မှာ လျိုရှီချန်းသည် ဤနတ်ဆိုး သုံးကောင်ထဲမှ မည်သူ့ကိုမဆို တစ်ဦးချင်းစီဆိုလျှင် အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် သူတို့ သုံးဦး ပူးပေါင်းလိုက်သောအခါ နှစ်ပေါင်းများစွာ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ပေါင်းစပ်လိုက်လျှင် သူတို့၏ အင်အားမှာ ရိုးရိုးရှင်းရှင်း ပေါင်းထည့်ရုံဖြင့် တွက်ချက်၍ ရနိုင်သောအရာ မဟုတ်တော့ပေ။

မျက်တောင်တစ်ခပ်အတွင်း ကုန်ဆုံးသွားလေ့ရှိသော သုံးရက်တာကာလသည် ယခုအခါတွင်မူ မခံမရပ်နိုင်လောက်အောင် ရှည်လျားနေပုံ ပေါ်ပေ၏။

နှစ်နာရီပင် မပြည့်သေးချိန်တွင် အဖြေက ပေါ်လွင်နေခဲ့ပြီ ဖြစ်ပေသည်။

"ဟူး..."

လျိုရှီချန်းသည် တိမ်တိုက်များ နောက်ကွယ်တွင် ဝိုးတဝါးပေါ်ထွက်နေသော တတိယမြောက် မြို့တော်ကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့လေ၏။

ဆိုးရွားသည်မှာ သူသည် ကံကြမ္မာ၏ မျက်နှာသာပေးခံရသော ကျင့်ကြံသူ တစ်ဦး မဟုတ်ခြင်းပင် ဖြစ်ပေသည်။

ဤကဲ့သို့ နေရာတွင်တင် ရုတ်တရက်အဆင့်တက်သွားခြင်းမျိုးသည် လမ်းခရီးတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်လာခဲ့သောသူ့လိုလူမျိုးအတွက် သေချာပေါက်ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

ပထမဆုံး ဟွမ်လွမ်မသေမျိုးနန်းတော်မှစတင်ကာ သူသည် အမြဲတမ်းလက်တွေ့ကျကျ နေထိုင်ခဲ့သူ ဖြစ်ပေသည်။ ကံကောင်းသော နေ့များတွင် သူသည် ကောင်းကင်၏ ဆုလတ်ကို ရရှိနိုင်ကောင်း ရရှိနိုင်လေ၏။

ကျောက်စိမ်းဖြူမြို့တော်သို့ ဝင်ရောက်ပြီးနောက် သူသည် မြို့တော် သုံးခုကို သီသီလေးသာ မြင်တွေ့ခဲ့ရပေသည်။

သို့သော် ယခင်က မလျှော့တမ်းပိတ်ထားခဲ့သော တံခါးများသည် ယခုအခါတွင် စဉ်းစားရန်ပင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ပြီ ဖြစ်ပေသည်။

"ကျွတ်..."

လျိုရှီချန်းသည် သွေးနှင့် သလိပ် တစ်လုတ်ကို ထွေးထုတ်လိုက်လေ၏။

သူသည် ကိုယ်နေဟန်ထားကို ပြန်လည် မတ်မတ်ထားလိုက်ပြီး သူ၏လက်ထဲရှိ ပြိုကွဲလုနီးပါး ဖြစ်နေသော လခြမ်းကွေး ဓားမကြီးက ရှေ့သို့ တစ်ဖန် ချိန်ရွယ်လိုက်ပြန်ပေသည်။

နတ်ဆိုးသုံးကောင်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကာ စကားပြောရန် ပြင်လိုက်ကြသော်လည်း သူတို့၏မျက်လုံးများတွင် ရုတ်တရက် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပေသည်။

ဖြူဖျော့သော လက်တစ်ဖက်က ဓားကို ညင်သာစွာ ဖိချလိုက်လေ၏။

ထို့နောက် ပုံရိပ်တစ်ခုက ရှေ့သို့ လျှောက်လာခဲ့ပြီး လွင့်ဝဲနေသော မင်ရောင်ဝတ်ရုံက လျိုရှီချန်း၏ အမြင်အာရုံကို ဖုံးကွယ်သွားကာ ဧရာမ နတ်ဆိုးကြီးသုံးကောင်၏ ရှေ့တွင် ရပ်တန့်သွားခဲ့ပေသည်။

"မင်း တကယ်ပဲ ဒီလောက်တောင် အရိုက်ခံလိုက်ရတာလား..."

ခြေတစ်လှမ်းနောက်ကျပြီး ရောက်လာသော ချီယန်က လျိုရှီချန်းကို ထိန်းကိုင်ပေးလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆူပူလိုက်၏။

"မင်း ခေါင်းထဲမှာပြဿနာ တစ်ခုခုများ ရှိနေလား။ နတ်ဆိုးတွေကို သွားပြီး ကိုယ်ကျင့်တရားနဲ့ စည်းမျဉ်းတွေအကြောင်း သွားဟောနေရအောင်လို့..."

"မင်းတို့တွေ ဒီကို ဘယ်လို ရောက်လာကြတာလဲ..."

လျိုရှီချန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နှာခေါင်းမှ ရပ်တန့်မရအောင် စီးကျနေသောသွေးများကို လက်ခုံဖြင့် သုတ်ပစ်လိုက်လေ၏။

သူသည် ချီယန်ကို အပြစ်တင်လိုသော အရိပ်အယောင်ဖြင့် ကြည့်လိုက်ပေသည်။

မိတ်ဆွေဟောင်း၏ အဓိပ္ပာယ်ကို နားလည်သွားသော အကြီးအကဲ ချီယန်က ညည်းညူလိုက်၏။

"သူ့ကို ငါက ဒီကို ခေါ်လာတာ မဟုတ်ဘူး။ ဂိုဏ်းချုပ်ရှန်က ငါ့ကို ခေါ်လာတာ..."

လျိုရှီချန်းသည် ဘာမှထပ်မပြောတော့ဘဲ ဓားကို တစ်ဖန် ပြန်လည် ဆုပ်ကိုင်လိုက်လေသည်။

သူသည် သူ့ရှေ့ရှိ ပုံရိပ်ကို ခံစားချက် တစ်ချို့ဖြင့် ကြည့်လိုက်ပေသည်။

မင်ရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသောတစ်ဖက်လူ၏ ပခုံးများသည် ထူးထူးခြားခြား ကျယ်ပြန့်နေခြင်း မရှိပေ။

သို့သော် ထိုအမူအကျင့်က အခြားသော တာအိုကလေးငယ် များနှင့် အမှန်တကယ်ပင် တန်းတူ ရှိနေပေသည်။

သူသည် စကားပြောရာတွင် မကျွမ်းကျင်သော်လည်း လူများကို အကဲဖြတ်ရာတွင် အရင်ကလိုပင် တိကျမှန်ကန်နေဆဲ ဖြစ်ပေသည်။

"နတ်ဆိုးတွေကို တားထားပြီး ဂိုဏ်းချုပ်ကို အရင် ထွက်သွားခိုင်းလိုက်ပါ..."

လျိုရှီချန်းသည် မိတ်ဆွေဟောင်းနှင့် အခမ်းအနား လုပ်မနေတော့ဘဲ လခြမ်းကွေး ဓားမကြီးကလည်း တစ်ဖန် ရှင်းလင်းသော အလင်းရောင်ကို ထုတ်လွှတ်လာခဲ့ပြန်ပေသည်။

နှာမောင်းရှည်ရေဆင်ကြီးက အေးအေးဆေးဆေး လက်ကို မြှောက်လိုက်ပြီး အကြီးအကဲ ချီယန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "မင်းတို့ နည်းနည်းလောက်စောပြီး ရောက်လာခဲ့ရင် အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်သေးတယ်...ဒါပေမဲ့ အခုတော့ နည်းနည်း နောက်ကျသွားပြီ..."

လျိုရှီချန်း၏ စွမ်းအားသည် ခြောက်ဆယ် ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပြီ ဖြစ်ပေသည်။

ချီယန် ထပ်ပေါင်းပါလာလျှင်ပင် သိပ်ပြီး ကွာခြားသွားမည် မဟုတ်ချေ။

မင်ရောင်ဝတ်ရုံနှင့် လူငယ်လေးကိုမူ သူတို့က အလေးအနက်ထားဖို့ လုံးဝ စိတ်ကူးမရှိကြပေ။

"လူများတာကို အားကိုးပြီး အနိုင်ကျင့်ရတာ မင်းတို့က တော်တော်ဂုဏ်ယူနေတဲ့ပုံပဲ..."

ချီယန်က လှောင်ပြောင်လိုက်ပြီး သူ၏ လက်ချောင်းထိပ်ကလည်း မျက်ခုံးကို ထိလိုက်လေ၏။ လျိုရှီချန်းထက် အနည်းငယ် အားနည်းသောသက်တံ့ရှည်တစ်ခုက မိုးနှင့်မြေကို ဆက်သွယ်သွားပြီး လုံဟန်နှင့် ချီမင်မြို့တော်ကြီးများ၏ အရိပ်သဏ္ဌာန်များကိုပါ ဆင့်ခေါ်လိုက်ပေသည်။

"နဂါးနန်းတော်မှာ အမှုထမ်းနေတဲ့ ငါတို့က လူနည်းစုကို အင်အားနဲ့ အနိုင်ကျင့်ရတာကို စိတ်မဆိုးတဲ့အပြင် တော်တော်လေးတောင် သဘောကျသေးတယ်..."

ခေါင်းသုံးလုံးပါစပါးအုံးနတ်ဆိုးက ဒေါသထွက်မနေဘဲ မှိုင်းညို့သောရယ်မောသံများကို ဆက်တိုက် ထုတ်လွှတ်လိုက်လေသည်။

ထို့နောက် ၎င်း၏ ခေါင်းသုံးလုံးထဲမှ တစ်လုံးက မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်ထံသို့ ဖြည်းညှင်းစွာ လှည့်လာပြီး ပြောလိုက်၏။

"ဂိုဏ်းချုပ်ရှန်း... ဘာတွေ ပြောနေတာလဲ။ အသက်ရှင်ရတာငြီးငွေ့နေလို့ ငါ့ညီအစ်ကိုတွေကို ကြီးမားတဲ့အောင်မြင်မှုတွေ ရဖို့ အခွင့်အရေး လာပေးတာလား။ ဒါမှမဟုတ် မင်းကိုပါ ထည့်တွက်ပြီး သုံးယောက်ဆိုရင် တစ်ယောက်ချင်းစီ အနေအထားကွက်တိဖြစ်သွားအောင် လုပ်ပေးရမလား..."

လူတိုင်း မြင်တွေ့နေရသည့် ရှေ့မှောက်တွင်ပင်...

ရှန်းယီ၏ ဖြူဖွေးပြီး ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

"မလိုပါဘူး..."

"အိုး..." စပါးအုံးနတ်ဆိုးက လျှာကို ထုတ်ကာ လှောင်ပြောင်လိုက်လေ၏။

သို့သော် လူငယ်လေးက ခေါင်းကို မော့လိုက်ပြီး အပြုံးများ ပျောက်ကွယ်သွားကာ လေးနက်စွာ ပြောလိုက်လေသည်။

"ငါလည်း လူများတာကို အားကိုးပြီး အနိုင်ကျင့်ရတာ သဘောကျတယ်..."

သူ၏ စကားဆုံးသည်နှင့် ဝိညာဉ်အလင်းတန်း နှစ်ခု တောက်ပ ထွက်ပေါ်လာခဲ့ပေ၏။

၎င်းတို့သည် တူညီသော ဧရာမအရွယ်အစားရှိသည့် သတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားပြီး ကြီးမြတ်သော နတ်ဆိုးကြီးသုံးကောင်၏ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ပေါ်လာကြပေသည်။

ကျန်း တစ်ရာခန့် မြင့်မားသော အသားတောင်ပံ ပိုးကောင်ကြီးက ထကြွလာပြီး ၎င်း၏ တောင်ပံများက လေနှင့် သဲများကို မွှေနှောက်လိုက်ကာ ကောင်းကင်ယံကို ဖုံးလွှမ်းလုနီးပါး ဖြစ်သွားပြီး ကြောက်မက်ဖွယ် ဘီလူးကြီးတစ်ကောင် တစ်ဖန် ပြန်လည် နိုးထလာသည့်အလား ဖြစ်နေပေသည်။

ရွေ့လျားနေသောသတ္တုကဲ့သို့ တောက်ပနေသည့် ရွှေရောင်လိပ်ကြီးက မြေပြင်ပေါ်တွင် တွားသွားလာပြီး ရေဆင်ကြီး၏ပြောင်နေသော ခေါင်းကို ရှေ့လက်သည်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ကာ အရိုင်းအစိုင်းဆန်ဆန် ရိုက်ပုတ်ရင်း လှောင်ပြောင်လိုက်လေ၏။

"မင်းတို့မှာ လူပိုများတယ်လို့ ထင်နေတာလား။ ဒါက လုံလောက်ပြီလား။ လုံလောက်ပြီလားလို့ ငါ့ကို ပြောစမ်း။ ပြောလေ..."

"မင်း အ သွားတာလား..."

"မင်းရဲ့ အရှင်က မင်းကို စကားပြောခိုင်းနေတယ်လေ..."

အရပ်ရှည်သော ဆင်နတ်ဆိုးကြီးသည် လိပ်ကြီး၏ ရှေ့တွင်အားနည်းသွားပုံပေါ်ပြီး ခေါင်းကို အားပါးတရ အရိုက်ခံရကာ တိတ်ဆိတ်စွာ ခေါင်းငုံ့နေခဲ့ရပေသည်။

အခြေအနေများက ပြောင်းလဲသွားပုံ ပေါ်ပေသည်။

အခြားကြီးမြတ်သော နတ်ဆိုးကြီး နှစ်ကောင်မှာလည်း ချက်ချင်း သတိဝင်သွားကြပြီး သူတို့၏ ယခင်က သက်တောင့်သက်သာ ရှိနေမှုများ ပျောက်ကွယ်သွားခဲ့၏။

"..."

လျိုရှီချန်းနှင့် ချီယန်တို့ အချင်းချင်း အကဲခတ် ကြည့်လိုက်ကြလေသည်။

ထိုကျောက်ရုပ် နှစ်ရုပ်၏ အသွင်အပြင်သည် ရင်းနှီးနေပုံပေါ်သော်လည်း သူတို့ မှတ်မိနေသည်များနှင့် လုံးဝကို ကွဲပြားနေခဲ့ပေသည်။

၎င်းတို့၏ သိပ်သည်းသော အရှိန်အဝါက သူတို့နှစ်ယောက်စလုံးကို သူစိမ်းများသဖွယ် ခံစားရစေခဲ့၏။

All Chapters