တစ်ပင်လဲသော်လည်း ထောင်သောင်းချီ၍ ပြန်လည်ပေါက်ဖွားလာလိမ့်မည်
Vol. 58 Ch. 646
"ဟားဟား ဆရာကျန်းရဲ့ရှေ့မှာတော့ ကျွန်တော့်လက်ရာကို အမိုက်စားလို့ မပြောရဲပါဘူးဗျာ"
အစီအရင်ပညာရှင် အားလုံး၏ အာရုံစိုက်မှုအောက်တွင် ကြိုးကြာဝတ်ရုံ ဝတ်ဆင်ထားသော သက်ကြီးရွယ်အို တစ်ဦးသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး ကျန်းပေရန်ကို ဂါရဝပြုလိုက်လေသည်။
"စီနီယာယင်ရဲ့ တိုယွဲ့အစီအရင်ကို ကျွန်တော်လည်း မြင်ဖူးပါတယ် တကယ့်ကို ထူးခြားဆန်းပြားတဲ့ အစီအရင်ပါ ဆရာကျန်းက အဲဒါကို ဖျက်ဆီးနိုင်တယ်ဆိုတော့ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပါပဲ"
"စီနီယာယင် ရိုင်းစိုင်းမိရင် ခွင့်လွှတ်ပါ"
လင်းအာဘိုက ပြောပြီးနောက် ယင်ရှင်းကို လက်အုပ်ချီကာ ဆိုလိုက်လေသည်။
ယင်ရှင်းကလည်း အနည်းငယ်မျှ စိတ်မဆိုးဘဲ ခေါင်းခါရင်း ပြောဆိုလေသည်။
"ကိုယ့်ပညာက မသာလို့ပါ ဆရာကြီးလင်း ပြောတာလည်း မမှားပါဘူး ငါ့ရဲ့ထိုအစီအရင်ကို ဖျက်ဆီးနိုင်တဲ့သူက လောကမှာ လက်ချိုးရေလို့ရပါတယ် ဆရာကျန်းကတော့ တကယ့်ကို ပါရမီရှင်ပါပဲ"
စီနီယာကြီး နှစ်ဦး၏ ချီးကျူးမှုကို ခံလိုက်ရသော ကျန်းပေရန်ကလည်း ချက်ချင်းပင် နှိမ့်ချစွာ လက်အုပ်ချီလိုက်လေသည်။
"ဟားဟား စီနီယာကြီးတို့ ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ ဆက်ပြီး မချီးကျူးကြပါနဲ့တော့ မဟုတ်ရင် ကျွန်တော်လည်း တကယ့်ပါရမီရှင်ကြီးလိုမျိုး မာန်တက်မိတော့မှာ စိုးရိမ်ရတယ်"
"ဟားဟားဟား"
ကျန်းပေရန်၏ စကားကို ကြားပြီးနောက် အစီအရင်ပညာရှင် အားလုံး ရယ်မောလိုက်ကြလေသည်။
ရယ်သံများကြားတွင် ကျန်းပေရန်က လင်းေအာင်ဘိုကို ကြည့်ကာ ပြောဆိုလေသည်။
"ဆရာကြီးလင်းလည်း အားနာမနေပါနဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေကို ဝိုင်းရံထားတဲ့ အလွန်ကြီးမားတဲ့ အစီအရင်ကြီးက အလွှာသုံးလွှာ ခြားထားတာ တကယ့်ကို အံ့မခန်းပါပဲ ကျွန်တော်လည်း အထဲဝင်ပြီး သေချာလေ့လာချင်ပေမဲ့ စီနီယာတွေက ထိုနေရာက အရမ်းအန္တရာယ်များတယ်ဆိုပြီး ပေးမဝင်လို့ပါ"
လင်းအောင်ဘိုက ကြားတော့ ဟားဟားရယ်ပြီး ကျန်းပေရန်ကို လက်ညှိုးထိုးကာ ပတ်ဝန်းကျင်ရှိ အစီအရင်ပညာရှင်များကို ပြောဆိုလေသည်။
"ကြည့်ကြပါဦး ကြည့်ကြပါဦး ခုနကတင် ငါ့ကို အားနာနေပါတယ်ဆိုပြီး ယခု မျက်စိတစ်မှိတ် အတွင်းမှာ ငါ့ရဲ့ ချီကွမ်အစီအရင်ကို ဖျက်ဆီးဖို့ ကြံနေပြီ ဆရာကျန်း ခင်ဗျားကတော့ ငါ့မျက်နှာကို နည်းနည်းလေးတောင် မထောက်ထားဘူးပဲ"
"ဟားဟားဟားဟား"
အစီအရင်ပညာရှင် အားလုံး ထပ်မံ၍ အကျယ်ကြီး ရယ်မောလိုက်ကြပြန်လေသည်။
"မဟုတ်ရပါဘူး ကျွန်တော်က စိတ်ဝင်စားရုံသက်သက်ပါ ဆရာကြီးက အလွှာသုံးလွှာကို ဘယ်လိုများ ခြားထားသလဲဆိုတာ သိချင်လို့ပါ ရိုင်းစိုင်းလိုတဲ့ စိတ် လုံးဝမရှိပါဘူး"
ကျန်းပေရန်က မိမိ၏ အစီအရင်ကို စိတ်ဝင်စားနေကြောင်း ကြားလိုက်ရသောအခါ လင်းအာင်ဘိုမှာ ဂုဏ်ယူဝင့်ကြွသွားသလို ခံစားလိုက်ရသည်။ ကျန်းပေရန် ပေါ်လာသည်မှာ မကြာသေးသော်လည်း အဆင့်မြင့် အစီအရင်ပညာရှင် အားလုံးက သူ၏ စွမ်းအားကို အသိအမှတ်ပြုထားကြပြီ ဖြစ်ရာ ထိုသို့သော အစီအရင်ပညာရှင် တစ်ဦးက မိမိ၏ အစီအရင်အပေါ် စိတ်ဝင်စားမှု ရှိခြင်းမှာ အကောင်းဆုံးသော ချီးကျူးမှုပင် ဖြစ်လေသည်။
"ထိုအလွှာသုံးလွှာ ခြားနားမှုမှာ ငါ့ရဲ့ တစ်သက်တာ ပညာရပ်တွေထဲက အနှစ်သာရပဲ အကယ်၍ ဆရာကျန်းက တကယ် စိတ်ဝင်စားတယ်ဆိုရင် နောက်တစ်နေ့ကျမှ ပညာချင်း ဖလှယ်ကြတာပေါ့"
"ကောင်းပါပြီ ဒါဆို ကတိပေးတယ်နော်"
ကျန်းပေရန်က ပြောပြီး လင်းအောင်ဘိုကို အရိုအသေပေးလိုက်ကာ အခြားသူများနှင့် ဆက်လက် စကားပြောဆိုနေလေသည်။ ထိုသို့ စကားပြောနေစဉ်အတွင်း အခြား အစီအရင်ပညာရှင်များ၏ လက်ရာများကိုလည်း အနည်းငယ် အမွှမ်းတင်ပေးရန် မမေ့ခဲ့ပေ။
စကားပြောနေရင်းဖြင့် ပျံသန်းသော စံအိမ်မှာ လန်ဝူချောက်ကမ်းပါးသို့ ရောက်ရှိလာခဲ့လေသည်။
ကျန်းပေရန်တို့ ပျံသန်းသော စံအိမ်ပေါ်မှ ဆင်းလာချိန်တွင် အိမ်မြှောင်ကို ကြည့်ကာ စိတ်ညစ်နေသော စစ်ထူကျိမှာ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းပေရန်တို့ လူအုပ်စုကို ခရီးဦးကြိုပြုလိုက်လေသည်။
"ဟားဟားဟား ငါ့ဘဝ တစ်လျှောက်လုံးမှာ ဒီလို မြင်ကွင်းမျိုးကို ပထမဆုံး မြင်ဖူးတာပဲ လုပ်ဖော်ကိုင်ဖက် အားလုံးကို ဂါရဝပြုပါတယ်"
စစ်ထူကျိက အရိုအသေပေးကာ ပြောဆိုလေသည်။
သူယခုလို ပြောခြင်းမှာ အပေါ်ယံ စကားမဟုတ်ဘဲ ရင်ထဲမှ အစစ်အမှန် ပြောခြင်း ဖြစ်သည်။ ထိုမျှလောက် များပြားလှသော အဆင့်မြင့် အစီအရင်ပညာရှင်များ တစ်နေရာတည်းတွင် စုဝေးနေခြင်းမှာ သူ၏ ဘဝတွင် တစ်ခါမျှ မကြုံဖူးသော မြင်ကွင်း ဖြစ်ပေသည်။
စစ်ထူကျိ၏ အသိဟောင်းများစွာကလည်း သူ့ကို မြင်သောအခါ ရယ်မောရင်း ပြန်လည် နှုတ်ဆက်ကြလေသည်။
အားလုံး နှုတ်ဆက်ပြီးနောက် ကျန်းပေရန်က စစ်ထူကျိကို ပြောဆိုလေသည်။
"ယခု လန်ဝူချောက်ကမ်းပါးရဲ့ အစီအရင်မှာ တကယ်ကို ထူးဆန်းလွန်းလို့ စစ်ဆေးရမယ့် နေရာတွေ အများကြီး ရှိနေတယ် စီနီယာစစ်ထူ တစ်ယောက်တည်း အလုပ်မနိုင်မှာ စိုးရိမ်လို့ ဆရာကြီးတွေကို ကူညီပေးဖို့ ဖိတ်ခေါ်လာတာ ကျွန်တော် အပိုအလုပ်တွေ လုပ်မိသလို ဖြစ်သွားရင် စီနီယာစစ်ထူ စိတ်မရှိပါနဲ့"
စစ်ထူကျိက ကြားတော့ ပွင့်လင်းစွာ ရယ်မောရင်း ပြောဆိုလေသည်။
"ပေရန်ကလည်း လွန်လွန်ကဲကဲ တွေးနေပြန်ပြီ ငါက ကူညီမယ့်သူ မရှိလို့ စိတ်ညစ်နေတာ မင်း ယခုလို လုပ်တာက အပိုအလုပ် မဟုတ်ဘူး တကယ့်ကို အချိန်မီ ကယ်တင်လိုက်တာပဲ"
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
ကျန်းပေရန်က ပြောပြီးနောက် သူ၏နောက်မှ အစီအရင်ပညာရှင် အားလုံးကို ကြည့်ကာ ပြောဆိုလေသည်။
"စီနီယာကြီးတို့ ယခုနေရာရဲ့ ကနဦး စူးစမ်းလေ့လာမှုတွေကို စီနီယာစစ်ထူ နဲ့ ဆရာကြီးရွှဲ့ တို့ နှစ်ယောက်က ပူးပေါင်းပြီး လုပ်ဆောင်ထားတာပါ ဒါကြောင့် စီနီယာတို့ မသိတာရှိရင် ထိုပုဂ္ဂိုလ် နှစ်ဦးကိုသာ မေးမြန်းလိုက်ပါတော့"
"ကောင်းပြီ ဒါဆို စီနီယာစစ်ထူကိုပဲ ဒုက္ခပေးရတော့မှာပေါ့"
အစီအရင်ပညာရှင် အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။
ယခုနေရာကို ထုံနိုင်ငံက အစီအရင်ပညာရှင်တွေကပဲ အုပ်ချုပ်မှာကို ကျန်းပေရန်က အရိပ်အမြွက် ပြောနေခြင်း ဖြစ်သော်လည်း သူတို့ကတော့ ထိုအသေးစိတ်ကို ဂုဏ်ယူစရာ မဟုတ်သော်လည်း အရေးမကြီးပေ။ သူတို့အတွက် ထူးဆန်းသော အစီအရင်ကြီးကို လေ့လာခွင့် ရလျှင်ပဲ ကျန်တာ ဘာမှ အရေးမကြီးတော့ပေ။
အားလုံးက ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေသည်ကို မြင်သောအခါ ကျန်းပေရန်က စစ်ထူကျိဘက် လှည့်ကာ ပြောဆိုလေသည်။
"ဒါဆိုရင် စီနီယာစစ်ထူပဲ ဒုက္ခခံပြီး အားလုံးကို လိုက်ပြပေးပါဦး"
"အင်း ဒါက ငါ့ရဲ့ တာဝန်ပဲ"
ပြောပြီးနောက် ကျန်းပေရန် နောက်မှ အစီအရင်ပညာရှင် အားလုံးကို ကြည့်ကာ ပြောဆိုလေသည်။
"ဒါဆိုရင် အားလုံးပဲ ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ"
အစီအရင်ပညာရှင် အားလုံး စစ်ထူကျိနောက်သို့ လိုက်သွားကြချိန်တွင် လင်းေအာင်ဘို၏ နားထဲတွင် ကျန်းပေရန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဆရာကြီးလင်း ခဏလောက် နေခဲ့ပါဦး"
လင်းအာင်ဘိုမှာ အံ့ဩသွားပြီး ကျန်းပေရန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ကျန်းပေရန်က ပြုံးပြီး သူ့ကို လက်အုပ်ချီပြလိုက်ကာ စိတ်ချင်းဆက်သွယ်ပြီး ထပ်ပြောလေသည်။
"စောစောက တခြား အစီအရင်ပညာရှင်တွေ ရှိနေလို့ ကျွန်တော် တိုက်ရိုက် မပြောရဲတာပါ ဒါပေမဲ့ ဆရာကြီးရဲ့ အလွှာသုံးလွှာ ခြားနားမှုကို ကျွန်တော် တကယ်ပဲ စိတ်ဝင်စားနေလို့ပါ ဒါကြောင့် နောက်တစ်နေ့ ဆိုတာထက် ယနေ့ပဲ ပညာချင်း ဖလှယ်ကြရင် ဘယ်လိုလဲဗျာ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ပညာကို ဝှက်ထားမှာ မဟုတ်ဘူး"
ကျန်းပေရန် ထိုမျှလောက် လောနေသည်ကို မြင်သောအခါ လင်းအောင်ဘိုမှာ ပို၍ပင် ဝမ်းသာသွားလေသည်။ စောစောက စီနီယာယင်က ကျန်းပေရန်ကို အစီအရင်အကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်တုန်းက ကျန်းပေရန်က ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည် မဟုတ်ပါလော။
သေချာတာပေါ့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ကျန်းပေရန် ငြင်းတာကို စိတ်မရှိကြပါဘူး ဘာလို့လဲဆိုတော့ သူ တကယ်ပဲ အလုပ်များနေမှန်း သိနေကြလို့လေ။
ဒါပေမဲ့ ယခု ကျန်းပေရန်က သူ့တစ်ယောက်တည်းကိုပဲ သီးသန့် ချန်ထားခဲ့ပြီး အလွှာသုံးလွှာ ခြားနားမှုရဲ့ လျှို့ဝှက်ချက်ကို သိချင်နေတယ်ဆိုတော့ လင်းအောင်ဘိုမှာ ဂုဏ်ယူလွန်းလို့ ရင်တောင် ကော့ချင်စိတ် ပေါက်သွားလေသည်။
ဒါကို ဘယ်လို ခေါ်မလဲဆိုတော့ စိတ်မရှည်တော့တာလို့ ခေါ်တာပေါ့။
ကျန်းပေရန်လို ပုဂ္ဂိုလ်မျိုးကိုတောင် စိတ်မရှည်အောင် လုပ်နိုင်တယ်ဆိုတာက တကယ့်ကို ဝမ်းသာစရာ ကိစ္စပဲ မဟုတ်ပါလား။
ထို့ကြောင့် လင်းအောင်ဘိုက စိတ်ချင်းဆက်သွယ်ပြီး ပြန်ဖြေလေသည်။
"ကောင်းပြီ ဒါဆိုရင် ဆရာကျန်းရဲ့ ဆန္ဒအတိုင်းပေါ့"
"ကောင်းပါပြီ ဒါဆိုရင် ဆရာကြီးလင်း ကျွန်တော့်နောက် လိုက်ခဲ့ပါ"
...
နှစ်နာရီ အကြာတွင် စစ်ထူကျိနောက် လိုက်၍ လန်ဝူချောက်ကမ်းပါးရှိ အစီအရင်ကြီးကို လေ့လာနေကြသော အစီအရင်ပညာရှင် အားလုံးသည် လူနှစ်ယောက် ပျောက်နေသည်ကို လုံးဝ သတိမထားမိကြပေ။ ကျန်းပေရန် ပြောသလိုပင် ယခုအစီအရင်ကြီးမှာ အလွန်ပင် ဆန်းကြယ်လွန်းလှသဖြင့် သူတို့၏ စိတ်အာရုံကို အပြည့်အဝ ဆွဲဆောင်ထားသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် တစ်ယောက်ချင်းစီတိုင်းက အလေးအနက် စူးစမ်းလေ့လာနေကြရာ တခြားအရာတွေကို တွေးဖို့ စိတ်မရှိကြတော့ပေ။
ကျန်းပေရန်သည်လည်း စစ်ထူကျိကို နှုတ်ဆက်ခဲ့ပြီးနောက် ရှီဖုန်းလန်ကို ရှေးဟောင်းအပျက်အစီးနယ်မြေဘက်သို့ ပြန်လည် ပျံသန်းရန် ခိုင်းလိုက်လေသည်။
လွန်ခဲ့သော နှစ်နာရီအတွင်း ဆွေးနွေးမှုများ၌ လင်းအောင်ဘိုမှာ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး ကျန်းပေရန်က စကားအသွားအလာဖြင့် လှည့်ပတ်မေးစရာပင် မလိုဘဲ သူ သိချင်သမျှ အရာအားလုံးကို ထုတ်ပြောခဲ့လေသည်။ အစီအရင်မျက်လုံး ရှိရာနေရာ အပါအဝင်ပေါ့။
ကျန်းပေရန်မှာ အနည်းငယ်ပင် အားနာသလို ခံစားလိုက်ရပြီး အစီအရင်နှင့် ပတ်သက်၍ သူ၏ ထူးခြားသော နားလည်မှုများကိုသာ ပြန်လည် ဝေမျှပေးလိုက်လေသည်။ လင်းအောင်ဘိုကလည်း ယနေ့ သူ အများကြီး သင်ယူလိုက်ရကြောင်း ပြောဆိုပြီးနောက် ကျန်းပေရန်က လုပ်စရာ အရေးကြီးကိစ္စ ရှိသေးကြောင်း ပြောကာ နောက်တစ်ကြိမ်ကျလျှင် လင်းအောင်ဘိုကို စံအိမ်သို့ ဖိတ်ခေါ်ပြီး အစီအရင်အကြောင်း ထပ်မံ ဆွေးနွေးပါမည်ဟု ကတိပေးကာ နှုတ်ဆက် ထွက်ခွာခဲ့လေသည်။
'ဒီအစီအရင်ပညာရှင်တွေကလည်း တကယ်ကို ချစ်ဖို့ကောင်းသားပဲ'
မျက်စိရှေ့မှ ပျောက်ကွယ်သွားသော လန်ဝူချောက်ကမ်းပါးကို ကြည့်ရင်း ကျန်းပေရန်က စိတ်ထဲမှ တွေးလိုက်လေသည်။
'နတ်မင်းကြီး... နတ်မင်းကြီး ဆိုတာ တကယ်ပဲ မမှားဘူး'
ထောင့်တစ်နေရာတွင် ရပ်ရင်း ခုနက မြင်ကွင်းအားလုံးကို မြင်တွေ့လိုက်ရသော ယဲ့ဖန်သည် လေတစ်ချက် ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရသလို ခံစားလိုက်ရလေသည်။
သူသည် ယင်ရှင်းကို သိလေသည်။ ပီလင်မြို့တွင် နောက်ဆုံးအကြိမ် တိုက်ပွဲမဝင်မီ သူ၏ အာရုံခံစားမှုကို လုံးဝ ဖြတ်တောက်ထားနိုင်သော အစီအရင်ကို တည်ဆောက်ပေးရန် ယင်ရှင်းကို ဖိတ်ခေါ်ခဲ့ရပြီးနောက်မှသာ သူသည် စိတ်ချလက်ချဖြင့် ဝိညာဉ်ဆေးလုံးကို မျိုချကာ အသိစိတ်မဲ့သော သားရဲတစ်ကောင်အဖြစ် ဂူအဆိပ်ကျင့်ကြံသူများကြားထဲသို့ ခုန်ဝင်ခဲ့ခြင်း ဖြစ်သည်။
ယင်ရှင်းကို သိသောကြောင့်လည်း ယခု မြင်ကွင်းက မည်မျှအထိ တုန်လှုပ်စရာကောင်းသည်ကို ယဲ့ဖန်က ပို၍ သိနေခြင်း ဖြစ်သည်။
သူသည် စွန့်စားခန်းတစ်ခုတွင် ယင်ရှင်း၏ အသက်ကို တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်ခဲ့ဖူးပြီးနောက် လူကြီးလူငယ် မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
နောက်ပိုင်း ယင်ရှင်း၏ စံအိမ်သို့ လိုက်သွားပြီးနောက်မှသာ ထိုအစီအရင်ပညာရှင်မှာ ဇန်နိုင်ငံတွင် မည်မျှအထိ အဆင့်အတန်း မြင့်မားသည်ကို ယဲ့ဖန်က ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သာမန်အချိန်များတွင် မာနကြီးလှသော အနက်ရောင်သခင်ကြီးများပင်လျှင် သူ့ကို လာတွေ့သည့်အခါ အလွန် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရပြီး သူ့ကို တောထဲမှ ထွက်လာရန် ဖိတ်ခေါ်ချင်လျှင်မူ အမူအရာက ပို၍ပင် ရိုသေလွန်းလှပေသည်။
'သာမန် အနက်ရောင်သခင်ကြီးတွေနဲ့ မတူဘူးပဲ'
ဒါက ယဲ့ဖန် ထိုအနက်ရောင်သခင်ကြီးတွေကို တိတ်တဆိတ် တွေ့လိုက်ရစဉ်က အကြီးမားဆုံး ခံစားချက် ဖြစ်သည်။
သာမန်အချိန်တွင် ထိုအနက်ရောင်သခင်ကြီးများ အထူးသဖြင့် စစ်မျိုးနွယ်စုမှ အနက်ရောင် သူတော်စင်များက သူ့ကို မြင်လျှင် နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြလေသည်။
ဒါတင်မကသေးဘဲ ယင်ရှင်းက အနက်ရောင်သခင်ကြီးများကို မိမိအား ရိုသေအောင် လုပ်နိုင်တာနဲ့တင် တော်တော် တော်နေပြီဟု ယဲ့ဖန်က ထင်ထားခဲ့သော်လည်း ထိုအနက်ရောင်သခင်ကြီးများက အလွန် ရိုသေစွာဖြင့် အဖိုးတန် ပစ္စည်းအမျိုးမျိုးကို ကမ်းလှမ်းလာလျှင်တောင် ယင်ရှင်းက ငြင်းပယ်လေ့ ရှိလေသည်။
ငြင်းပယ်ခံလိုက်ရသော အနက်ရောင်သခင်ကြီးများမှာလည်း အနည်းငယ်မျှ စိတ်မဆိုးဘဲ ပြုံးပြုံးလေးဖြင့် ယင်ရှင်းကို ထပ်မံ စဉ်းစားပေးရန် တောင်းပန်ရင်း ပစ္စည်းတွေကိုသာ ထပ်တိုး ကမ်းလှမ်းကြလေသည်။
ယင်ရှင်းက ထိုကိစ္စကို လုံးဝ စိတ်ဝင်စားတော့ဘူးဆိုတာ သေချာမှသာ သူတို့ ပြန်သွားကြလေသည်။
ဒါတင်မကသေးဘဲ ငယ်သူက မရတော့ ကြီးသူက လာရပြန်သည် ယဲ့ဖန်အနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို ဂိုဏ်းကြီးတွေက သူ့ကို လိုက်လံ သတ်ဖြတ်ချိန်မှာသာ ကြုံရတတ်သည်ဟု ထင်ထားခဲ့သော်လည်း အခုလို အကူအညီ တောင်းတဲ့နေရာမှာလည်း ထိုအတိုင်းပဲ ဖြစ်နေလေသည်။
အနက်ရောင်သခင်ကြီးက ယင်ရှင်းကို မပြောနိုင်တော့လျှင် အနက်ရောင် သူတော်စင် ကိုယ်တိုင် တံခါးဝအထိ လာရောက်တတ်လေသည်။ အမူအရာက အနက်ရောင်သခင်ကြီးလောက် မရိုသေသော်လည်း တော်တော်လေးကို ယဉ်ကျေးလှပြီး ကျန်းပေရန် ပထမဆုံးအကြိမ် မြင်ဖူးခဲ့သော ငါက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ ဆိုသည့် အရှိန်အဝါမျိုး လုံးဝ မရှိတော့ပေ။
တစ်ဖက်က အနက်ရောင် သူတော်စင် ကိုယ်တိုင် တံခါးဝအထိ ရောက်လာလျှင်မူ ယင်ရှင်းကလည်း အလွန် ခက်ခဲသော ကိစ္စမျိုး မဟုတ်လျှင် လက်ခံလေ့ ရှိလေသည်။
...
ဘယ်လိုပဲဖြစ်ဖြစ် ယင်ရှင်းဆီမှာ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးက ယဲ့ဖန်၏ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့လေသည်။
အနက်ရောင်သခင်ကြီးနှင့် အနက်ရောင် သူတော်စင်များသည်လည်း အမြဲတမ်း အထက်စီးက မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သလို အတတ်ပညာ တစ်ခုခု တတ်မြောက်ထားခြင်း၏ အရေးပါမှုကိုလည်း သိရှိသွားခဲ့လေသည်။
ယနေ့တွင်မူ သူ၏ ကမ္ဘာကြီးမှာ နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရပြန်သည်။
ထိုသာမန်အချိန်တွင် ဘယ်သူ့ကိုမှ အထင်မကြီးသော ယင်ရှင်းမှာ နတ်မင်းကြီး၏ ရှေ့တွင် ရိုသေသော အမူအရာကို ပြသခဲ့ရာ ၎င်းမှာ ယဲ့ဖန် တစ်ခါမျှ မမြင်ဖူးသော အရာ ဖြစ်သည်။
ယခင်က အနက်ရောင် သူတော်စင် ကိုယ်တိုင် လာတွေ့လျှင်တောင် ယင်ရှင်းက အပေါ်ယံသာ ယဉ်ကျေးပြခဲ့ပြီး စိတ်ထဲမှာတော့ တခြားလူကို သိပ်အရေးမလုပ်ခဲ့ပေ။
ဘာလို့လဲဆိုတော့ သူ့ကို လာရောက် ပေါင်းသင်းချင်ကြတဲ့ အနက်ရောင် သူတော်စင်တွေက အများကြီး ရှိနေလို့ပဲ။
ဒါပေမဲ့ နတ်မင်းကြီးနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ ရင်ထဲမှ အစစ်အမှန် အသိအမှတ်ပြုခြင်း ဖြစ်ပြီး တစ်ဖက်လူ ပြောသမျှကို စိတ်အေးလက်အေး နားထောင်လိုသည့် အမူအရာ ဖြစ်လေသည်။ ထို့အပြင် သူ၏ ဘေးနားရှိ အခြား သက်ကြီးရွယ်အိုများကို ယဲ့ဖန် မသိသော်လည်း သူတို့က ဆရာကြီးယင်ကို နောက်ပြောင်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့၏ အစီအရင် ပညာမှာလည်း သေချာပေါက် မြင့်မားမည် ဖြစ်သည်။
မဟုတ်လျှင် ယဲ့ဖန် သိထားသော ယင်ရှင်းမှာ ပညာမရှိဘဲ မိမိကို လာရောက် လှောင်ပြောင်သူကို စကားဖြင့်ပင် ဆဲဆို သတ်ဖြတ်မည့်သူ ဖြစ်သည်။
ယခု ယဲ့ဖန်၏ အမြင်တွင်မူ ထိုယင်ရှင်းကဲ့သို့သော ထိပ်တန်း အစီအရင်ပညာရှင် တစ်စုလုံးက နတ်မင်းကြီး ခိုင်းသမျှကို နားထောင်နေကြပြီး ရံဖန်ရံခါ အမွှမ်းတင် စကားများပင် ပြောဆိုနေကြလေသည်။
ဒါက ယဲ့ဖန်အတွက် နတ်မင်းကြီး ဆိုတာ တကယ်ပဲ နတ်မင်းကြီးပါပဲ ဆိုသည့် စကားမှလွဲ၍ တခြား ဘာမှ မပြောနိုင်တော့ပေ။
နတ်မင်းကြီး၏ ကိုယ်ပေါ်တွင် သူသည် မည်သည့် အားနည်းချက်ကိုမျှ မတွေ့ရပေ။
မယုံနိုင်စရာပင် နတ်မင်းကြီးမှာ ဘယ်လိုလုပ်ပြီး အားနည်းချက် ရှိမှာလဲ။
မိမိကိုယ်ကို အလေးအနက် ပြန်လည် ဆင်ခြင်ပြီးနောက် ယဲ့ဖန်သည် ဂူအဆိပ်ကျင့်ကြံသူများ သူတို့ဆီသို့ လာနေသည်ကို မြင်လိုက်ရသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကျန်းပေရန်ကို လှမ်းကြည့်လိုက်လေသည်။
"အင်း သွားတော့"
ကျန်းပေရန်က သူ့ကို ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့"
ယဲ့ဖန်က ပြန်ဖြေပြီး ပျံသန်းသော စံအိမ်ထဲမှ ထွက်ခွာကာ လာနေသော ဂူအဆိပ်ကျင့်ကြံသူများဆီသို့ ခုန်ဝင်သွားလေသည်။
ယဲ့ဖန်၏ ကာကွယ်မှုဖြင့် ပျံသန်းသော စံအိမ်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီး လင်းအာင်ဘို၏ ရှင်းပြချက်အရ ကျန်းပေရန်သည် ထိုချီကွမ်အစီအရင်၏ မျက်လုံးကို အလွယ်တကူ ရှာတွေ့ခဲ့လေသည်။
တောင်ကျစမ်းချောင်း တစ်နေရာသို့ ဆင်းသက်ပြီးနောက် ကျန်းပေရန်သည် သူ၏ ကမ္ဘာဦးလက်စွပ်ထဲမှ မှော်ဓားတစ်လက်ကို ထုတ်ယူကာ ပတ်ဝန်းကျင်၌ ချထားသော အဆောင်များနှင့် မှော်ပစ္စည်းများကို ပြန်လည် ပြင်ဆင်လိုက်လေသည်။
အစီအရင် တည်ဆောက်သူ၏ ရှင်းလင်းသော ရှင်းပြချက်ကြောင့် ကျန်းပေရန်မှာ ၎င်း၏ အကျိုးသက်ရောက်မှုနှင့် ဂုဏ်သတ္တိများကို အလွယ်တကူ ပြောင်းလဲနိုင်ခဲ့လေသည်။ မဟုတ်ဘူး ပြောင်းလဲတာ မဟုတ်ဘဲ ထပ်တိုးလိုက်တာလို့ ပြောရင် ပိုမှန်လိမ့်မယ် ဘာလို့လဲဆိုတော့ ကျန်းပေရန်က ထိုချီကွမ်အစီအရင်ရဲ့ မူလ အာနိသင်ကို အပြည့်အဝ ထိန်းသိမ်းထားလို့ပဲ။
"စည်းလုံးညီညွတ်စွာ အုပ်ချုပ်စေ"
"ကောင်းကင်ဘုံ၏ စွမ်းအားကို ရရှိစေ"
"မကောင်းမှု အပေါင်း"
"ဝေးကွာစေ"
ကျန်းပေရန်က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားသော အလွန်ကြီးမားသည့် အစီအရင်ကြီးမှာ အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားလေသည်။
'အောင်မြင်သွားပြီ'
မှော်ဓားကို ပြန်သိမ်းလိုက်ပြီးနောက် ကျန်းပေရန်သည် ပျံသန်းသော စံအိမ်ကို စီး၍ ဘိုယီ၏ နယ်မြေသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့လေသည်။
"မင်း ငါထင်ထားတာထက် ပိုပြီး စောစော ပြန်ရောက်လာတာပဲ"
ကျန်းပေရန် သစ်တောထဲသို့ ဝင်လာရုံရှိသေးသည် ယခုတစ်ခါတော့ ထိုခေါင်းဆောင်ကြီးကို ဘယ်မှာ သွားရှာရမလဲဟု တွေးနေစဉ်မှာပင် နားရွက်လေးဖက် ပါသော ဦးခေါင်းကြီးမှာ သစ်ပင်တစ်ပင်ပေါ်မှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
'ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံးရဲ့ အခြေအနေက သူ့လက်ထဲမှာ ရှိနေတာ မဆန်းပါဘူး နေရာတိုင်းမှာ သူ့ရဲ့ နားမျက်စိတွေ ရှိနေတာပဲ ဒါပေမဲ့ သူ ကိုယ့်နယ်မြေထဲ ရောက်လာတော့မှ ပေါ်လာတာကို ကြည့်ခြင်းအားဖြင့် သူက နေရာတိုင်းမှာ ပေါ်ချင်တိုင်း ပေါ်လို့ရတာတော့ မဟုတ်ပုံရဘူး'
"အလုပ်ပြီးတာနဲ့ သဘာဝကျကျ ပြန်လာတာပေါ့ အခုတော့ ခေါင်းဆောင်ကြီးရဲ့ တန်ခိုးစွမ်းအားကို ထုတ်ပြပြီး ဒီအဆိပ်မြူတွေကို သိမ်းဆည်းပေးပါတော့"
ကျန်းပေရန်၏ စကားကို ကြားသောအခါ ဘိုယီ၏ နားရွက်လေးဖက် လှုပ်ခတ်သွားပြီး သစ်ပင်ပင်စည်ပေါ်တွင် မျက်လုံးတစ်စုံ ပေါ်လာကာ ပြောဆိုလေသည်။
"မင်းက အပြင်ဘက်က လွင့်ဝင်လာတဲ့ အဆိပ်မြူတွေကို တားဆီးနိုင်ခဲ့ပြီလား"
"ခေါင်းဆောင်ကြီး စိတ်ချပါ"
"သန့်ရှင်းသော တမန်တော်က တကယ်ကို တော်တာပဲ"
ယခုတစ်ကြိမ်တွင်မူ ဘိုယီ၏ ပါးစပ်မှ သန့်ရှင်းသော တမန်တော် ဆိုသည့် စကားလုံးမှာ ပို၍ပင် ရိုးသားမှု ပါဝင်နေလေသည်။ ဘာလို့လဲဆိုတော့ ကျန်းပေရန်အနေနဲ့ အဝေးကြီးကနေ သူ့ကို လာနောက်စရာ အကြောင်းမရှိဘူးလို့ သူ တွေးမိလို့ပါပဲ ဒါကြောင့် ကျန်းပေရန်က လုပ်နိုင်တယ်လို့ ပြောရင် တကယ်ပဲ လုပ်နိုင်မှာ ဖြစ်ရမယ်။
ကျောကုန်းပေါ်မှ မျက်လုံးအစုံဖြင့် ကောင်းကင်ယံကို ကြည့်လိုက်ပြီးနောက် ဘိုယီက ထူးဆန်းသော အသံတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏ ကိုယ်ထည်မှာ သစ်ပင်ပင်စည်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားလေသည်။
ဘိုယီ၏ လွတ်လပ်စွာ လှုပ်ရှားနိုင်သော နယ်ပယ်က မည်မျှအထိ ကျယ်ဝန်းသနည်းဟု ကျန်းပေရန် တွေးနေစဉ်မှာပင် မြေအောက်မှ ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
'ဘာဖြစ်တာလဲ'
ကျန်းပေရန်က မြေအောက်ကို ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့၌ အလွန်ကြီးမားသော ဝိညာဉ်အပင် တစ်ပင် မြေကြီးထဲမှ ထိုးထွက်လာပြီး အလွန်မြန်သော အရှိန်ဖြင့် ကြီးထွားလာသည်ကို မြင်လိုက်ရလေသည်။
'တော်လိုက်တာ'
ပတ်ဝန်းကျင်ရှိ တစ်ပင်ပြီးတစ်ပင် မြေကြီးထဲမှ ထိုးထွက်လာသော ဝိညာဉ်အပင်များကို ကြည့်ရင်း ဘိုယီပြောခဲ့သည်မှာ ကြွားလုံးမဟုတ်ကြောင်း ကျန်းပေရန် သိလိုက်ရလေသည်။
ထိုဘိုယီက ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံးကို သန့်စင်ပေးနိုင်သည့် အရည်အချင်း တကယ် ရှိပေသည်။
ခဏလေးအတွင်းမှာပင် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ အဆိပ်မြူများမှာ ကျဲပါးသွားသည်ကို ကျန်းပေရန် ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ထိုဝိညာဉ်အပင်များသည်လည်း အမည်းရောင်နှင့် ခရမ်းရောင်များ ပြောင်းလဲသွားလေသည်။ သို့သော် တစ်ပင် ညှိုးနွမ်းသွားသည်နှင့် တစ်ပြိုင်နက် ထောင်သောင်းချီသော အပင်သစ်များ မြေကြီးထဲမှ ပြန်လည် ထိုးထွက်လာကာ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ဝါးမျိုလုနီးပါး ဖြစ်နေသော ထိုအဆိပ်မြူများကို ရူးသွပ်စွာ စုပ်ယူနေကြတော့လေသည်။