← Chapters

ထိန်းချုပ်ခြင်း

Vol. 58 Ch. 651

ထိန်းချုပ်ခြင်း

Vol. 58 Ch. 651

မြေပြင်သို့ ဆင်းသက်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ်သည် အရင်ဆုံး ကျန်းပေရန်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်လေသည်။ ပုံမှန်အတိုင်းပင် မည်သည့် ခံစားချက်မှ ခန့်မှန်း၍ မရသည်ကို တွေ့လိုက်ရသောကြောင့် သူမ၏ ရင်ထဲ၌ အနည်းငယ် ထိတ်လန့်သွားခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူမ၏ ယခုလုပ်ရပ်များမှာ ကျန်းပေရန်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို သူမ သိထားသောကြောင့် ဖြစ်လေသည်။

'ဒါပေမဲ့ မတတ်နိုင်ဘူးလေ ဘယ်သူက ဒီအမျိုးသမီးကို'

ဝူရှန် ဂိုဏ်းချုပ်သည် တွေးရင်းဖြင့် အပေါ်ရှိ မျှော်စင်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများအတွင်း၌ ထက်မြက်သော အလင်းတန်းများ ပေါ်ထွက်လာလေသည်။

ထိုအချိန်တွင် ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင် ခုနစ်ဦးသည်လည်း မြေပြင်သို့ ဆင်းသက်လာကြလေသည်။ ကျန်းပေရန်ကို လက်သီးစုကာ ဂါရဝပြုပြီးနောက် ဝူကျိကျန်းက အရင်ဆုံး စကားစလိုက်လေသည်။

"ဆရာကျန်း ဒီနေ့ ဒီကို လာတာ ဘာလို့ အဘိုးကြီးကို ကြိုပြီး အကြောင်းမကြားတာလဲဗျာ ငါ လူလွှတ်ပြီး ခရီးဦးကြို ပြုခိုင်းရမှာပေါ့"

"ဂိုဏ်းချုပ်ဝူက အရမ်းအားနာစရာကောင်းလွန်းပါတယ် ဂျူနီယာက လူအများကြီးနဲ့ ရုတ်ရုတ်သည်းသည်း မဖြစ်ချင်လို့ တိတ်တဆိတ် လာခဲ့တာပါ ဂိုဏ်းချုပ်ဝူအနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

"ဟားဟားဟား ဒါက ခွင့်လွှတ်စရာ ဘာရှိလို့လဲ ဆရာကျန်း လာတာကို ငါတို့က ဝမ်းသာအားရ ကြိုဆိုပါတယ်"

ဝူကျိကျန်းက ပြောပြီးနောက် ကျန်းပေရန်၏ ဘေးတွင် ရပ်နေသော ကျင်းကျီရုံကို တစ်ချက် ကြည့်လိုက်ရာ တစ်စုံတစ်ခုကို သဘောပေါက်သွားသလိုမျိုး ရင်ထဲ၌ တုန်လှုပ်သွားလေသည်။

'တောက် မင်းတို့ ဂျိနိုင်ငံက လူတွေကို ဆွဲဆောင်ဖို့အတွက် တကယ်ပဲ အရင်းအနှီး ကြီးလှချည်လား'

ဝူကျိကျန်း တစ်ယောက်တည်းသာမက ကျန်ရှိသော ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင် ခြောက်ဦးသည်လည်း ယခုအခါ သဘောပေါက်သွားကြလေပြီ။ ဤကျင်းကျီရုံမှာ ကျန်းပေရန်ကို မိမိတို့ဘက်မှ ဆွဲဆောင်သွားမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ပြဿနာ လာရှာခြင်း ဖြစ်ရမည်။

မဟုတ်လျှင် ကျင်းကျီရုံ၏ ခုနက ထူးဆန်းသော လုပ်ရပ်များကို ရှင်းပြရန် တခြား အကြောင်းပြချက် ရှာမတွေ့တော့ပေ။

ကျင်းကျီရုံက ၎င်းတို့၏ နယ်မြေထဲတွင် လာရောက် ရမ်းကားခဲ့သည်ကို မကျေနပ်သေးသော်လည်း ဂျိနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကျန်းပေရန်၏ မျက်နှာကို ထောက်ထားကာ ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင်များသည် ထိုကိစ္စကို မေ့ပျောက်ထားရန်သာ ဆုံးဖြတ်လိုက်ကြလေသည်။

ဘာပဲဖြစ်ဖြစ် ကျင်းကျီရုံသည် ယခုတစ်ကြိမ်တွင် အရင်းအနှီး တော်တော်ကြီးသွားခဲ့လေပြီ။ ထည်ဝါလှသော အနက်ရောင် သူတော်စင် တစ်ဦးဖြစ်ပါလျက် မိမိကိုယ်ကိုတောင် အောက်ကျနောက်ကျ ခံကာ...

'ဟူး'

စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင်များသည် ကျန်းပေရန်က ကျင်းကျီရုံအတွက် ဆင်ခြေရှာပေးသည်ကိုပင် မစောင့်တော့ဘဲ တိုက်ရိုက်ပင် လက်သီးစုကာ ပြောဆိုလိုက်ကြလေသည်။

"ဒါက အထင်မှားမှု တစ်ခုပဲဆိုတော့ ထားလိုက်ပါတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့စံအိမ်မှာ စားသောက်ပွဲ ပြင်ဆင်ထားတယ် အဲဒါကြောင့် ခင်ဗျားတို့ နှစ်ယောက်လုံး ငါနဲ့အတူ ညစာ သုံးဆောင်ကြရင် ဘယ်လိုလဲ"

ဝေ့တိုင်းပြည်မှ အနက်ရောင် သူတော်စင်များက မိမိကို ဤမျှလောက် မျက်နှာသာပေးနေသည်ကို မြင်သောအခါ ကျန်းပေရန်လည်း တိုက်ရိုက် ငြင်းပယ်ရန် မသင့်သဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ဒါဆိုရင်တော့ အားနာနာနဲ့ပဲ နှောင့်ယှက်ရတော့မှာပေါ့"

"ဟားဟားဟား ထမင်းစားပွဲမှာ လူပိုတက်လာတာပဲ ရှိတာပါ ဘာနှောင့်ယှက်တာ ရှိမှာလဲ သွားကြစို့ သွားကြစို့ အားလုံး ဒီမှာ ဆုံမိတုန်း အတူတူ စားကြတာပေါ့"

ဝူကျိကျန်း၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် သိုင်းလောက၏ မုန်တိုင်းငယ်လေးမှာ မည်သည့် အစအနမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

သို့သော် ကျန်းပေရန်မှာ မီဝမ်ဝေနှင့် ဆွေးနွေးစရာ အရေးကြီးကိစ္စများ ရှိနေသောကြောင့် ကြာရှည် မစားနိုင်ဘဲ နှုတ်ဆက် ထွက်ခွာခဲ့လေသည်။

ဝူကျိကျန်းကလည်း ကျန်းပေရန်မှာ အလုပ်များနေသူ ဖြစ်ကြောင်း သိထားသဖြင့် အတင်းအကျပ် မဆွဲထားတော့ဘဲ ကိုယ်တိုင်ပင် စံအိမ်ပြင်အထိ လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။ ထိုလုပ်ရပ်က ကျန်းပေရန်အပေါ် အလေးထားမှုကို အပြည့်အဝ ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

စံအိမ်ပြင်သို့ ရောက်သောအခါ ကျန်းပေရန်သည် ဝူရှန် ဂိုဏ်းချုပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် "ဝင်ခဲ့" ဟု ဆိုကာ သူမကို ပျံသန်း စံအိမ်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။

'ဟူး'

ကျန်းပေရန်၏ လေသံမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ဝူရှန် ဂိုဏ်းချုပ်မှာမူ တစ်ကိုယ်လုံး တုန်ယင်သွားသလို ခံစားလိုက်ရလေသည်။

'ကြောက်နေတာလား... ဒီလို ခံစားချက်မျိုး မရှိတာ ဘယ်လောက်တောင် ကြာပြီလဲ'

လေတစ်ချက် ပြင်းပြင်းရှူလိုက်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ်သည် ကျန်းပေရန်၏ ရှေ့သို့ သတိထားကာ လျှောက်လှမ်းခဲ့လေသည်။

'ဘာမှ ကြောက်စရာ မရှိဘူး ဘာမှ ကြောက်စရာ မရှိဘူး ငါက ဂုဏ်သိက္ခာရှိတဲ့ အနက်ရောင် သူတော်စင် တစ်ဦးပဲ'

စိတ်ထဲမှ မိမိကိုယ်ကို အားပေးလိုက်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ်သည် ကျန်းပေရန်ကို မော့ကြည့်လိုက်သော်လည်း ကျန်းပေရန်၏ အေးစက်သော မျက်လုံးများကြောင့် ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားရပြန်လေသည်။

"ပြောပါဦး ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ"

ဝူရှန် ဂိုဏ်းချုပ်၏ ခုနက လုပ်ရပ်များကြောင့် ကျန်းပေရန်တွင် မည်သည့် ရွေးချယ်စရာမှ ပေါ်မလာခဲ့သော်လည်း ကျန်းပေရန်ကမူ ထိုကဲ့သို့သော မတည်ငြိမ်သည့် အချက်များကို အညှောင့်ပေါက်ကတည်းက နှိမ်နင်းထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် သူမ ဤသို့ ထပ်မံ ရမ်းကားမည်ကို ကာကွယ်ရန်အတွက် ဖြစ်လေသည်။

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဝူရှန် ဂိုဏ်းချုပ်၏ ရင်ထဲ၌ မခံချင်စိတ်များ ရုတ်တရက် ပေါ်ပေါက်လာပြီး ကျန်းပေရန်ကို မော့ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"ငါက မင်းကို အရင်ဆုံး ကြိုက်တယ်လို့ ပြောခဲ့တာလေ"

"ဖူး"

'ဘာ... ဘာ'

'…..'

'ဒါက...'

ယခုအခါ ဧည့်ခန်းအတွင်း၌ ရှိနေကြသူ အားလုံးသည် ယုန်နားရွက်များလိုပင် နားစွင့်နေကြလေသည်။

ဝူရှန် ဂိုဏ်းချုပ်၏ ထိုစကားကို ကြားလိုက်ရသောအခါ ခြံဝင်းအတွင်း၌ လက်ဖက်ရည် သောက်ချင်ယောင် ဆောင်နေသော မုန့်စစ်ဖေ့မှာ ပါးစပ်ထဲမှ လက်ဖက်ရည်များကို အကုန် ပန်းထုတ်မိသွားလေသည်။ သို့သော် ကျန်းပေရန်ဘက်သို့ မကြည့်ရဲသဖြင့် "သီးကုန်ပြီ သီးကုန်ပြီ" ဟုသာ အော်ရင်း စားပွဲကို အလျင်အမြန် သုတ်နေတော့လေသည်။

ချူယန်ဇယ်မှာလည်း ခဏမျှ ကြောင်အသွားသော်လည်း သူ၏ ရင်ထဲ၌မူ အံ့ဩမှု သိပ်မရှိလှပေ။ ဘာပဲဖြစ်ဖြစ် သူ၏ စိတ်ထဲတွင် ဆရာမှာ ကမ္ဘာပေါ်တွင် အထူးခြားဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ရာ မည်သူက ချစ်ခင်မြတ်နိုးကြောင်း ထုတ်ပြောပြော ၎င်းမှာ ပုံမှန်ကိစ္စသာ ဖြစ်သည်ဟု ယူဆထားသောကြောင့် ဖြစ်လေသည်။

သို့သော် အနက်ရောင် သူတော်စင် တစ်ဦးက ဤမျှလောက် ပွင့်လင်းစွာ ပြောဆိုရဲသည်ကိုမူ သူသည် အနည်းငယ် လေးစားမိသဖြင့် ထိုဘက်သို့ အကြိမ်အနည်းငယ် ခိုးကြည့်မိလေသည်။

ခြံဝင်းထဲတွင် ပန်းချီဆွဲနေသော ရှီဖုန်းလန်မှာမူ လက်ကလေး တစ်ချက် တုန်သွားပြီး ထိုလှပသော အစ်မကြီးကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိလေသည်။ သူမ၏ ရင်ထဲ၌ ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

၎င်းတို့အပြင် ဒုတိယထပ်တွင် တိတ်တဆိတ် နားထောင်နေကြသော ယွီမန့်ဝမ်၊ ပန်းငါးပွင့်၊ ယန်ယန် နှင့် လုဘိုကွေး တို့မှာလည်း အသီးသီး မတူညီသော တုံ့ပြန်မှုများ ရှိနေကြလေသည်။

သို့သော် အားလုံး၏ ခံစားချက်တွင်မူ အံ့ဩမှုက အဓိက ဖြစ်လေသည်။

ကျန်းပေရန်သည် အလွန် ဆွဲဆောင်မှု ရှိမှန်း အားလုံး သိကြသော်လည်း ထိုဆွဲဆောင်မှုက အနက်ရောင် သူတော်စင် တစ်ဦးကိုပင် ဝန်ခံရဲစေသည်အထိ ဖြစ်လာလိမ့်မည်ဟုမူ မည်သူကမျှ ထင်မထားခဲ့ကြပေ။

ဝန်ခံခြင်း ခံရသော ပုဂ္ဂိုလ်ဖြစ်သည့် ကျန်းပေရန်မှာမူ တည်ငြိမ်စွာပင် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် ဆက်လက် မေးမြန်းလိုက်လေသည်။

"ဒါနဲ့ ဘာဖြစ်လဲ"

"အဲဒါကြောင့်... အဲဒါကြောင့် လက်ထပ်မယ်ဆိုရင်တောင်မှ ငါက အရင် ဖြစ်ရမယ်"

ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ နောက်တစ်ကြိမ် ကြောင်အသွားကြပြန်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဝူရှန် ဂိုဏ်းချုပ်၏ ပွင့်လင်းမှုကြောင့် မဟုတ်ဘဲ သူမက ထိုကိစ္စကို ဘယ်လိုများ သိသွားသနည်း ဆိုသည်ကို အံ့ဩနေကြခြင်း ဖြစ်လေသည်။

ခုနက မီဝမ်ဝေ၏ ရုတ်တရက် လက်ထပ်ခွင့် တောင်းမှုကို ၎င်းတို့အားလုံး မျှော်စင်ထဲ၌ ကြားခဲ့ကြပြီးသား ဖြစ်ကာ ထိုမိန်းကလေးမှာ ဦးနှောက် တစ်ခုခု ဖြစ်နေပြီဟုသာ အားလုံးက ယူဆထားကြခြင်း ဖြစ်လေသည်။

သို့သော် ပြဿနာမှာ ဤဝူရှန် ဂိုဏ်းချုပ်က ထိုကိစ္စကို မည်သို့ သိရှိသွားသနည်း။

ကျန်းပေရန်လည်း ထိုကိစ္စကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိသော်လည်း ဝူရှန် ဂိုဏ်းချုပ် အဘယ်ကြောင့် ဤမျှလောက် စိတ်လိုက်မာန်ပါ လုပ်ဆောင်ရသနည်း ဆိုသည်ကိုမူ သူ နားမလည်နိုင်သေးပေ။

"ဒါဆိုရင်လည်း တိုက်ရိုက်ထွက်လာပြီး ပြောရုံရှိတာပဲ ဘာလို့ ဒီလောက်အထိ ရုတ်ရုတ်သည်းသည်း ဖြစ်အောင် လုပ်ရတာလဲ"

ကျန်းပေရန် ဆိုလိုသည်မှာ ရှဲ့လင်းတန် ပင်ဖြစ်လေသည်။ သူမ မြင်တွေ့ခဲ့လျှင် ရှဲ့လင်းတန်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ထွက်လာခဲ့ရုံဖြင့် ရပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့ ပြဿနာရှာရသနည်း။

"ငါလည်း လုပ်ချင်တာပေါ့ ဒါပေမဲ့ ပြဿနာက..."

ဝူရှန် ဂိုဏ်းချုပ်သည် ပြောရင်းဖြင့် ခြံဝင်းထဲရှိ ရှီဖုန်းလန်ကို တစ်ချက် ကြည့်လိုက်လေသည်။

"သူမက သဘောမတူဘူးလေ"

ကျန်းပေရန်က ရှီဖုန်းလန်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ပေါ်လွင်နေပြီး ဝူရှန် ဂိုဏ်းချုပ်၏ စကားကို နားမလည် ဖြစ်နေလေသည်။

ရှီဖုန်းလန်သည် ကျန်းပေရန် လှည့်ကြည့်လာသည်ကို တွေ့သောအခါ လက်ကို အပြင်းအထန် ခါယမ်းလိုက်လေသည်။

"ကျွန်မ မလုပ်ဘူး"

ပြောပြီးနောက် သူမက ဝူရှန် ဂိုဏ်းချုပ်ကို ကြည့်ကာ ဆက်ပြောလေသည်။

"အစ်မကြီး လျှောက်မပြောနဲ့နော် ကျွန်မ အစ်မကြီးကို တစ်ခါမှ မမြင်ဖူးဘူး"

ဝူရှန် ဂိုဏ်းချုပ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်းပေရန်က လက်ကာပြလိုက်ပြီး ရှီဖုန်းလန်ကို မေးမြန်းလိုက်လေသည်။

"ခုနက လင်းတန်က ပျံသန်း စံအိမ်ထဲကနေ ထွက်သွားချင်နေတာလား"

"အင်း"

ယခုတစ်ကြိမ်တွင်မူ ရှီဖုန်းလန်က ခေါင်းကို အပြင်းအထန် ညိတ်ပြလေသည်။

"ဒီရက်ပိုင်း လင်းတန်က နည်းနည်း ထူးဆန်းနေပေမဲ့ ခုနကတော့ တကယ်ကို မူမမှန်တာပဲ အပြင်ကို ထွက်မယ်ဆိုပြီး ဇွတ်လုပ်နေတာ ဒါပေမဲ့ အရင်က ပေရန် ပြောဖူးတယ်လေ မင်း ခွင့်မပြုဘဲ ဘယ်သူ့ကိုမှ အပြင်ပေးမထွက်ရဘူးဆိုတာ အဲဒါကြောင့် ကျွန်မလည်း သူမကို အတင်း တားထားလိုက်တာပေါ့"

ကျန်းပေရန်က ကြားသောအခါ ပြုံးလိုက်မိပြီး ထိုသူနှစ်ဦးကြားမှ မြင်ကွင်းကို စိတ်ကူးကြည့်မိလေသည်။

အကယ်၍ ရှီဖုန်းလန်သာ သူမ ခုနက တားဆီးခဲ့သူမှာ အနက်ရောင် သူတော်စင် တစ်ဦးဖြစ်မှန်း သိသွားလျှင်မူ တစ်သက်လုံး ကြွား၍ ဆုံးမည် မဟုတ်ပေ။

"အင်း တော်တယ်"

ကျန်းပေရန်က ပြုံး၍ ချီးကျူးလိုက်လေသည်။

"ဟဲဟဲ"

ချီးကျူးခံရသောကြောင့် ရှီဖုန်းလန်မှာ အလွန် ဝမ်းသာသွားလေသည်။

"ကျွန်မ ပြောသားပဲ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မကို လွှဲထားလိုက်ရင် စိတ်ချလက်ချသာ နေပါတော့"

ရှီဖုန်းလန်၏ ဂုဏ်ယူနေသော ပုံစံကို ကြည့်ရင်း ဝူရှန် ဂိုဏ်းချုပ်မှာမူ မျက်နှာပျက်သွားလေသည်။ ရှီဖုန်းလန်မှာ အလွန် အလိုလိုက်ခံရသူ ဖြစ်မှန်း သူမ သိထားသဖြင့် ရှီဖုန်းလန်ကိုမူ သူမ လုံးဝ မထိရဲပေ။ နောက်ဆုံးတွင်မှ နည်းလမ်းဟောင်းကို သုံးကာ ကိုယ်တိုင် ပျံသန်း လာခဲ့ရခြင်း ဖြစ်လေသည်။

ကျန်းပေရန်လည်း ယခုအခါ အခြေအနေ အားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားခဲ့လေပြီ။ ဝူရှန် ဂိုဏ်းချုပ်သည် ရှဲ့လင်းတန်မှတစ်ဆင့် မီဝမ်ဝေက မိမိအား လက်ထပ်ခွင့် တောင်းသည်ကို တွေ့မြင်ခဲ့ရပြီး စိုးရိမ်စိတ်ဖြင့် မီဝမ်ဝေကို ဆုံးမရန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ရှီဖုန်းလန်က သူမကို ပျံသန်းသော စံအိမ်ထဲမှ ထွက်ခွင့် မပြုသဖြင့် သူမလည်း မတတ်သာဘဲ ကိုယ်တိုင် လာခဲ့ရခြင်း ဖြစ်လေသည်။

"မင်းအနေနဲ့ ဒီထက် ပိုကောင်းတဲ့ နည်းလမ်းနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်သင့်တယ်"

ကျန်းပေရန်က ဝူရှန် ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောဆိုလိုက်လေသည်။

"ငါ... ငါက စိတ်လောသွားလို့ပါ"

ဝူရှန် ဂိုဏ်းချုပ်က ပြန်ဖြေလေသည်။

"ဒါက နောက်ဆုံးအကြိမ် ဖြစ်ပါစေ"

ကျန်းပေရန်က ပြောပြီးနောက် ထိုင်ရာမှ ထ၍ အဆောင်ခန်းဆီသို့ လျှောက်သွားလေသည်။

'ဒီလောက်အထိ အာဏာရှိတာပဲ တခြားသူတွေရှေ့မှာနဲ့ လုံးဝ မတူဘူး... ဒါပေမဲ့ ငါ ဒါကို ကြိုက်တယ်'

ဝူရှန် ဂိုဏ်းချုပ်သည် ကျန်းပေရန် မိမိအနားတွင် သူ၏ အစစ်အမှန် ပုံစံကို ထုတ်ပြသည့် အချိန်များကို ပို၍ သဘောကျလာမိလေသည်။ ဘာလို့လဲဆိုတော့ ကျန်းပေရန်က သူမကို ရင်းနှီးသောသူ တစ်ဦးအဖြစ် သတ်မှတ်ထားသောကြောင့်သာ ဤကဲ့သို့ ဆက်ဆံခြင်း ဖြစ်သည်ဟု သူမ ထင်သောကြောင့် ဖြစ်လေသည်။

"စိတ်ချပါ နောက်တစ်ခါ ဒီလို မဖြစ်စေရဘူး"

ဝူရှန် ဂိုဏ်းချုပ်က ကျန်းပေရန်၏ ကျောပြင်ကို ကြည့်ကာ လှမ်းအော်ပြောလိုက်လေသည်။

သို့သော် ကျန်းပေရန်က ပြန်မထူးတော့ဘဲ အဆောင်ခန်း တံခါးကို ဖွင့်ကာ ဝင်သွားလေသည်။

တံခါးပိတ်သွားသံနှင့်အတူ ဧည့်ခန်းနှင့် ခြံဝင်းအတွင်းရှိ လူအားလုံးသည် မိမိတို့၏ နည်းလမ်းအသီးသီးဖြင့် ဝူရှန် ဂိုဏ်းချုပ်ကို အကဲခတ်နေကြလေသည်။

ပျံသန်းသော စံအိမ်အတွင်း၌ အနက်ရောင် သူတော်စင် အများအပြားကို တွေ့ဖူးကြသော်လည်း ကျန်းပေရန်ကို ပွင့်လင်းစွာ ဝန်ခံရဲသော အနက်ရောင် သူတော်စင်ကိုမူ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်လေသည်။

ဝူရှန် ဂိုဏ်းချုပ်သည်လည်း ပတ်ဝန်းကျင်မှ အကြည့်များကို သတိထားမိလိုက်ပြီး ပြန်လည် အကဲခတ်လိုက်လေသည်။

ရှဲ့လင်းတန်၏ ကျေးဇူးကြောင့် သူမသည် ပျံသန်းစံအိမ်အတွင်းရှိ လူတိုင်းကို အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ကျန်းပေရန်၏ စိတ်ထဲတွင် ၎င်းတို့ တစ်ဦးချင်းစီ၏ အဆင့်အတန်းကိုလည်း သေချာ သိရှိထားလေသည်။

ဒုတိယထပ် ဘယ်ဘက်မှ ဂျူနီယာ ညီမလေး ငါးယောက်နှင့် ရင့်ကျက်သော အမျိုးသမီး တစ်ဦးမှာ ကျန်းပေရန်ရှိရာ ဂိုဏ်းငယ်လေးမှ ညီမလေးများနှင့် အစောင့်အရှောက်များ ဖြစ်ကြရာ ခြိမ်းခြောက်မှုမှာ သုညနီးပါး ရှိလေသည်။ ၎င်းတို့ကိုယ်တိုင်ပင် ကျန်းပေရန်နှင့် မထိုက်တန်မှန်း သိထားကြသဖြင့် တိတ်တဆိတ်သာ ချစ်မြတ်နိုးရဲကြခြင်း ဖြစ်လေသည်။ ကျန်းပေရန်ဘက်မှ ၎င်းတို့ကို ပြန်လည် ချစ်မြတ်နိုးမည် ဆိုသည်မှာမူ...

လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝူရှန် ဂိုဏ်းချုပ်၏ အကဲဖြတ်ချက်အရ ၎င်းတို့မှာ အချိန်တန်လျှင် သဘာဝကျကျပင် ပြိုင်ပွဲမှ ထွက်ခွာသွားကြရမည့်သူများသာ ဖြစ်လေသည်။

၎င်းတို့၏ ဘေးခန်းတွင် နေထိုင်သော လုဘိုကွေး မှာမူ အလွန် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ ကျန်းပေရန်က သူ့အပေါ် ထားရှိသော သဘောထားမှာ အလွန် ထူးခြားလှပြီး ဖခင်ကဲ့သို့သော အစ်ကိုကြီး တစ်ဦးဟု ဆိုလျှင်ပင် မမှားပေ။ ၎င်းတို့နှစ်ဦးကြားတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ မသိသော်လည်း ဤလုဘိုကွေးမှာ ကျန်းပေရန်၏ နဂါးအကြေးခွံ ဖြစ်ပြီး ဘယ်သူမှ ထိလို့မရသော ပုဂ္ဂိုလ်မှန်း ဝူရှန် ဂိုဏ်းချုပ် သေချာ သိထားလေသည်။

ထို့ကြောင့် လုဘိုကွေးက သူမကို လှမ်းကြည့်လိုက်သောအခါ ဝူရှန် ဂိုဏ်းချုပ်သည် ညင်သာစွာ ဂါရဝပြုလိုက်လေသည်။

၎င်းက လုဘိုကွေးကို အနည်းငယ် အံ့အားသင့်သွားစေခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ အနက်ရောင် သူတော်စင် တစ်ဦးဖြစ်ရာ သာမန်အချိန်များတွင် သူမ၏ အကြည့်ထဲသို့ပင် မိမိ ရောက်ရှိနိုင်ခြေ မရှိပေ။

သို့သော် ဤဂါရဝပြုခြင်းမှာ ကျန်းပေရန်ကြောင့် ဖြစ်ပြီး မိမိကြောင့် မဟုတ်မှန်းလည်း သူ သေချာ သိထားလေသည်။

သို့ဖြစ်ရာ လုဘိုကွေးသည် အဝတ်အစားကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ်ကို ပြန်လည် ဂါရဝပြုလိုက်လေသည်။

ဒုတိယထပ်ကို အကဲခတ်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွနေသော ရှီဖုန်းလန်ကို ကြည့်လိုက်လေသည်။

ထိုပုဂ္ဂိုလ်နှင့် ပတ်သက်၍မူ ဝူရှန် ဂိုဏ်းချုပ်လည်း တစ်ခါတည်းနှင့် အတိအကျ မပြောနိုင်သေးပေ။ သူမသည် တစ်စုံတစ်ခုသော အဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာမှာ ငယ်စဉ်အရွယ်မှာပင် ရပ်တန့်နေခဲ့ပြီး ယခုအခါ ကျန်းပေရန်အပေါ် ထားရှိသော ခံစားချက်မှာလည်း အားကိုးလိုစိတ်က ပိုများနေလေသည်။ ဖခင်တစ်ဦးလို သတ်မှတ်ထားခြင်း ဖြစ်နိုင်သလို အစ်ကိုကြီး တစ်ဦးလိုလည်း ဖြစ်နိုင်လေသည်။ ခြုံငုံပြောရလျှင် သူမသည် မိမိ၏ စိတ်ရင်းအစစ်အမှန်ကို မသိရှိသေးပေ။

သို့သော် လူဆိုသည်မှာ ကြီးပြင်းလာရမည် ဖြစ်ရာ သူမ သတိဝင်လာမည့် တစ်နေ့တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကိုမူ ဝူရှန် ဂိုဏ်းချုပ်လည်း မခန့်မှန်းနိုင်ပေ။

ကျန်းပေရန်က သူမအပေါ် ထားရှိသော သဘောထားမှာမူ တခြားသူများနှင့် နှိုင်းယှဉ်လျှင် အလိုလိုက်မှုက ပိုများနေသည်မှာ အမှန်ပင် ဖြစ်လေသည်။

ဒါက ဝူရှန် ဂိုဏ်းချုပ်ကို ကျန်းပေရန်သည် ဤကဲ့သို့သော အမျိုးအစား မိန်းကလေးကို ကြိုက်နှစ်သက်သလားဟု တွေးတောမိစေခဲ့လေသည်။ သို့သော် ခဏမျှ စောင့်ကြည့်ပြီးနောက် ထိုသို့မဟုတ်မှန်း သိရှိလိုက်ရလေသည်။ ကျန်းပေရန်က ရှီဖုန်းလန်ကို အလိုလိုက်ခြင်းမှာ တစ်စုံတစ်ခုသော ထူးခြားသည့် အကြောင်းပြချက်ကြောင့် ဖြစ်ရမည် ဖြစ်ပြီး သူမ ခပ်အအ ဖြစ်နေခြင်းကြောင့်တော့ သေချာပေါက် မဟုတ်ပေ။

ထို့နောက် ခြံဝင်းအတွင်း ထိုင်နေသော မုန့်စစ်ဖေ့ ကို ကြည့်လိုက်လေသည်။ ကျင့်ကြံမှု အဆင့်အတန်း မမြင့်မားသော်လည်း ကျန်းပေရန်က သူမအပေါ် အလွန် အလေးထားပုံရလေသည်။

ရံဖန်ရံခါ သူမကို ကြည့်ရင်း ကျန်းပေရန်က အတွေးထဲ နစ်ဝင်နေတတ်ရာ သူမ၏ ကိုယ်ပေါ်မှ လျှို့ဝှက်ချက် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ပင် ဖြစ်လေသည်။

အစတုန်းကမူ ဝူရှန် ဂိုဏ်းချုပ် နားမလည်နိုင်ခဲ့ပေ။ ကျန်းပေရန်က ဤမျှလောက် သန်မာနေပြီ ဖြစ်ပါလျက်နှင့် သာမန် အနက်ရောင် ဧကရာဇ် အဆင့်ရှိသော မုန့်စစ်ဖေ့ထံမှ ဘာတွေ လိုချင်နေသနည်း။

အတူတူ နေထိုင်ချိန် ကြာလာမှသာ မုန့်စစ်ဖေ့၏ ထူးခြားချက်ကို သူမ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

၎င်းမှာ သူမ၏ ကံဇာတာမှာ အလွန်ပင် ကောင်းမွန်လွန်းလှခြင်း ဖြစ်လေသည်။ သူတို့ ကျင့်ကြံခြင်းတုပမှု ကစားသည်ကို စောင့်ကြည့်ရာမှ သူမ သိရှိခဲ့ခြင်း ဖြစ်လေသည်။

ထိုအမျိုးသမီး၏ ကံမှာ မယုံနိုင်လောက်အောင် ကောင်းမွန်လှပြီး ကံကောင်းခြင်းနှင့် ကံဆိုးခြင်း အလှည့်ကျ ဖြစ်ပေါ်တတ်သည်ဆိုသော စည်းကမ်းကို လုံးဝ မလိုက်နာပေ။

လူအများစုမှာ ခဏတာ ကံကောင်းပြီးလျှင် ကံဆိုးမှုနှင့် သေချာပေါက် ကြုံတွေ့ရတတ်သော်လည်း သူမ၏ ကိုယ်ပေါ်တွင်မူ ထိုသို့သော အမူအရာ လုံးဝ မရှိပေ။ သူမ၏ ကံမှာ ကုန်ဆုံးသွားသည်ဟူ၍ မရှိဘဲ ကစားပွဲအတွင်း သူမ လိုချင်သမျှ အရာအားလုံးကို ရရှိနေလေသည်။

မိမိ၏ စောင့်ကြည့်မှုအောက်တွင် လိမ်လည်လှည့်ဖြားရန် မဖြစ်နိုင်သောကြောင့် သူမ၏ ကံဇာတာ အစွမ်းထက်မှုကြောင့်သာ ဖြစ်ရမည်ဟု ယူဆနိုင်လေသည်။

သို့သော် ကစားပွဲ ဆိုသည်မှာ ကစားပွဲသာ ဖြစ်လေသည်။ သူမ၏ ကံဇာတာသည် အရာအားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိမရှိ ဆိုသည်ကိုမူ ဆက်လက် စူးစမ်းရန် လိုအပ်သေးပေသည်။

အနက်ရောင် သူတော်စင် တစ်ဦး၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသော မုန့်စစ်ဖေ့မှာ တံတွေး တစ်ချက် မျိုချလိုက်ပြီး စိတ်ထဲမှ မိမိကိုယ်ကို အကြိမ်ကြိမ် အားပေးနေမိလေသည်။

'အနက်ရောင် သူတော်စင် တစ်ဦးပဲ မဟုတ်လား... အများကြီး တွေ့ဖူးနေတာပဲ ဘာကြောက်စရာ ရှိမှာလဲ'

သို့သော် မုန့်စစ်ဖေ့ မည်သို့ပင် အားပေးအားပေး အနက်ရောင် သူတော်စင် ဆိုသည်မှာ အနက်ရောင် သူတော်စင်သာ ဖြစ်လေသည်။ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော အရှိန်အဝါ တစ်ခုလေးနှင့်တင် သူမကို တစ်ကိုယ်လုံး တင်းကျပ်သွားစေရန် လုံလောက်လှပေသည်။

သို့သော် ထိုတင်းကျပ်မှုမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့လေပြီ။ ဝူရှန် ဂိုဏ်းချုပ်က အကြည့်ကို တခြားဘက်သို့ လွှဲလိုက်သောကြောင့် ဖြစ်လေသည်။

'ဒီတပည့်ကတော့ ပါရမီ တော်တော် ပါတာပဲ ဒါပေမဲ့ တကယ်ကို ထူးခြားလွန်းတယ်...'

ချူယန်ဇယ်၏ တည်ရှိမှုကြောင့် ဝူရှန် ဂိုဏ်းချုပ်သည် ကျန်းပေရန်မှာ ဂူအဆိပ် မျိုးနွယ်စုမှ လာသူလားဟုပင် သံသယ ဝင်ခဲ့ဖူးလေသည်။ သို့သော် သူ ဂူအဆိပ်ကျင့်ကြံသူများကို အားရပါးရ တိုက်ခိုက်နေသည်ကို မြင်သောအခါမှသာ ထိုသံသယမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ဤချူယန်ဇယ်မှာ ဂူအဆိပ်ကျင့်ကြံသူ မဟုတ်သော်လည်း ဂူအဆိပ်ကျင့်ကြံသူထက်ပင် ပို၍ ထူးခြားနေလေသည်။ ဝူရှန် ဂိုဏ်းချုပ်အနေဖြင့် သူ၏ တိုးတက်မှု နည်းလမ်းကို မသိသော်လည်း သူ သန်မာလာသည့် အရှိန်မှာမူ တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ယခုဆိုလျှင် သူသည် အနက်ရောင် သခင်ကြီး အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးနှင့်ပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။

၎င်းနှင့် ပတ်သက်၍မူ သူမအနေဖြင့် ကျန်းပေရန်၏ တပည့်ပီသပါပေသည်ဟုသာ ချီးကျူးနိုင်တော့လေသည်။ တကယ်ကို တော်လှပေသည်။

နောက်ဆုံးမှာတော့ မိစ္ဆာသားရဲ နှစ်ကောင် ဖြစ်လေသည်။ အမှောင်ချုံးချီမှာ ဝိညာဉ်မျိုးနွယ် ဖြစ်ရမည် ဖြစ်ပြီး အလွန် ရှားပါးသော မျိုးသုဉ်းဝိညာဉ်မျိုးနွယ်လည်း ဖြစ်လေသည်။ မည်သည့် အဆင့်အထိ တက်လှမ်းနိုင်မည်ကို သူမလည်း အတိအကျ မပြောနိုင်ပေ။

ရှစ်မြီးမြေခွေး နှင့် ပတ်သက်၍မူ သူမသည်လည်း တော်တော်လေး ထူးခြားလှပေသည်။ လူသားဘာသာစကားကို ကျွမ်းကျင်ရုံသာမက စိတ်နေစိတ်ထားမှာလည်း မိစ္ဆာသားရဲ တစ်ကောင်နှင့် လုံးဝ မတူပေ။

ဤအချက် နှစ်ခုမှတစ်ဆင့် သူမသည် အလွန် ထက်မြက်မှန်း သိနိုင်ပြီး ခွန်အားမှာလည်း မဆိုးလှပေ။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံ ကြီးထွားလာနိုင်မည်ဆိုလျှင် မိမိနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်လေသည်။

"အစ်မကြီး ညီမလေးကို ဒီလိုမျိုး စိုက်ကြည့်နေတော့ ညီမလေး တော်တော်လေး ကြောက်နေမိတယ်"

ထိုအချိန်တွင် ယန်ယန်သည် ရုတ်တရက် လူသား ပုံစံသို့ ပြန်ပြောင်းလိုက်ပြီး ဝူရှန် ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောဆိုလိုက်လေသည်။

All Chapters