← Chapters

အခန်း (၆၅၅)

Vol. 58 Ch. 655

အခန်း (၆၅၅)

Vol. 58 Ch. 655

ကျန်းပေရန်၏ အကြီးမားဆုံး အားကိုးရာမှာ သေချာပေါက် စနစ် ဖြစ်လေသည်။ စနစ်က ရွေးချယ်စရာ မပေးသရွေ့ ကမ္ဘာပျက်မည့် မြင်ကွင်းမှာလည်း သူ၏ မျက်လုံးထဲတွင် သာမန် မြင်ကွင်းတစ်ခုမျှသာ ဖြစ်လေသည်။

ထို့ကြောင့် သိန်းနှင့်ချီသော နာကျည်းနေသည့် ဝိညာဉ်များ ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်တွေ့ရသော်လည်း သူ၏ ရင်ထဲ၌ အနည်းငယ် ထူးဆန်းသလို ခံစားရရုံမှအပ လုံးဝ ထိတ်လန့်ခြင်း မရှိဘဲ အစီအရင်ကို မည်သို့ ဆက်လက် ဖျက်ဆီးရမည်ကိုသာ စဉ်းစားနေခဲ့လေသည်။

သို့သော် လန်ဝူချောက်ကမ်းပါး ပတ်ဝန်းကျင်ရှိ မကောင်းသောအငွေ့အသက်များမှာ အနီရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွားပြီးနောက် ကျန်းပေရန်လည်း ဆက်လက်၍ တည်ငြိမ်ခြင်း မရှိနိုင်တော့ပေ။

ဘာလို့လဲဆိုတော့ သူ၏ နားထဲတွင် ကြောက်စရာကောင်းသော တီးတိုးသံများ ပြည့်နှက်နေပြီး သူ၏ ဦးနှောက်ထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း အမျိုးမျိုးမှာ ဆက်တိုက် ပေါ်ထွက်နေသောကြောင့် ဖြစ်လေသည်။

၎င်းမှာ ထိုနာကျည်းနေသည့် ဝိညာဉ်များက သူ၏ စိတ်ဓာတ်ကို အကုန်အစင် ဖျက်ဆီးပြီးနောက် သူ့ကို ဝါးမျိုရန် ကြိုးစားနေခြင်း ဖြစ်ပုံရလေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းပေရန်၏ ဝိညာဉ်အာရုံမှာ လုံလောက်စွာ သန်မာလှသဖြင့် သူသည် ကြောက်စိတ် အနည်းငယ် ရှိနေသော်လည်း တည်ငြိမ်စွာ ရှိနေဆဲပင် ဖြစ်လေသည်။

သို့သော် ကျန်းပေရန်က အစီအရင်ကို မည်သို့ ဆက်လက် ဖျက်ဆီးရမည်ဟု စဉ်းစားနေစဉ်မှာပင် အဆောင်လှောင်အိမ်မှာ ပြင်းထန်စွာ တုန်ယင်လာခဲ့လေသည်။ တစ်စုံတစ်ခုသော အရာက ၎င်းကို ဆွဲဖြဲရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်လေသည်။

"ဂျိ"

ကျန်းပေရန်က အဆောင်သစ်များကို ထုတ်ယူကာ လှောင်အိမ်ကို အားဖြည့်ရန် မပြင်ရသေးမီမှာပင် အဆောင်လှောင်အိမ်၏ အစိတ်အပိုင်း အတော်များများမှာ ဆွဲဖြဲခြင်း ခံလိုက်ရလေသည်။ ခဏချင်းအတွင်းမှာပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော သိန်းနှင့်ချီသည့် မျက်နှာများသည် ၎င်းတို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသော ကျန်းပေရန်ကို စိုက်ကြည့်နေကြတော့လေသည်။

'တောက်... ဒါကတော့ တကယ်ပဲ အခြေအနေ မဟန်တော့ဘူး'

ကျန်းပေရန်သည် လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာသော နာကျည်းနေသည့် ဝိညာဉ်များကို ကြည့်ရင်း အရင်ဆုံး ထျန်ကျိုးကျိန်စာ တစ်ဆုပ်ကို ကြဲပက်လိုက်ပြီးနောက် ကွေ့ရှားဓားကို ဝှေ့ယမ်းကာ မန္တန်များကို လျင်မြန်စွာ ရွတ်ဆိုလိုက်လေသည်။

"ကောင်းကင်ဘုံစွမ်းအားဖြင့် ရှေ့သို့ ချီတက်စေ"

"စစ်သည်တော် သုံးသိန်း ငါ့ကို ကာကွယ်စေ"

ချက်ချင်းပင် ကြဲပက်လိုက်သော ထျန်ကျိုးကျိန်စာများအားလုံးမှာ ရွှေရောင်ဝတ်စုံဝတ် စစ်သည်တော်များအဖြစ် ပြောင်းလဲသွားပြီး နာကျည်းနေသည့် ဝိညာဉ်များဆီသို့ ထိုးဖောက်ဝင်ရောက်သွားကြလေသည်။

သို့သော် ထိုရွှေရောင်စစ်သည်တော်များမှာ အစပိုင်းတွင် အရှိန်အဝါ အလွန်ပြင်းထန်ခဲ့သော်လည်း မကြာမီမှာပင် သိန်းနှင့်ချီသော နာကျည်းနေသည့် ဝိညာဉ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

မတတ်သာသည့်အဆုံး ကျန်းပေရန်သည် ဝိညာဉ်အာရုံကို အသုံးပြုကာ မိမိကိုယ်ကို ကာကွယ်ရန် အကာအကွယ်အလွှာတစ်ခု တည်ဆောက်လိုက်ရလေသည်။ သို့သော် သိန်းနှင့်ချီသော ဝိညာဉ်ဆိုးများ၏ တိုက်ခိုက်မှုအောက်တွင် သူသည်လည်း ဦးရေပြားများ ထုံကျင်လာကာ ခေါင်းကိုက်ဝေဒနာကို အကြိမ်ကြိမ် ခံစားလိုက်ရလေသည်။

"အဖေ"

"ရှုကန် ရှုကန် မင်း ဘယ်မှာလဲ"

"ဒုတိယဒေါ်လေး ကျွန်တော် တူးတူး ပါ ကျွန်တော် တူးတူး ပါဗျ"

ကျန်းပေရန်မှာ ထိုသိန်းနှင့်ချီသော ဝိညာဉ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံရတော့မည့် အချိန်မှာပင် သူ့အား ငရဲသို့ ဆွဲခေါ်လိုသော အော်ဟစ်သံများအစား အပူတပြင်း လှမ်းခေါ်သံများက ၎င်း၏ နားထဲသို့ တိုးဝင်လာခဲ့လေသည်။

ကျန်းပေရန်သည် အခြေအနေ ပြောင်းလဲသွားပြီဖြစ်မှန်း သိလိုက်သဖြင့် ဝိညာဉ်အာရုံကို လှမ်းခေါ်သံများ လာရာဘက်သို့ လွှတ်တင်၍ စစ်ဆေးလိုက်ရာ တာ့ဟူသည် ဝိညာဉ်များစွာကို ခေါ်ဆောင်၍ ထိုဘက်သို့ လာနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ထိုသံယောဇဉ်ကြီးမားလှသော အပူတပြင်း လှမ်းခေါ်သံများမှာ ထိုဝိညာဉ်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ခေါ်သံများ ပိုမိုကျယ်လောင်လာသည်နှင့်အမျှ ကျန်းပေရန်ကို ဆွဲဖြဲရန်သာ အာရုံစိုက်နေကြသော နာကျည်းနေသည့် ဝိညာဉ်များမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး ၎င်းတို့၏ မျက်လုံးများအတွင်း၌ ရုန်းကန်နေရသော အမူအရာများနှင့် ဇဝေဇဝါ ဖြစ်နေသော ပုံစံများ ပေါ်ထွက်လာလေသည်။

"အဖေ"

ထိုစဉ် ရှေ့ဆုံးမှ ပြေးထွက်လာသော မိန်းကလေးငယ်လေးတစ်ဦးမှာ နာကျည်းနေသည့် ဝိညာဉ်တစ်ခု၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။

"အဖေ ဟီးဟီး အဖေ"

နာကျည်းနေသည့် ဝိညာဉ်၏ ရင်ခွင်ထဲတွင် မိန်းကလေးငယ်လေးမှာ အားရပါးရ ငိုယိုနေလေသည်။ ထိုငိုသံမှာ ထိုနာကျည်းနေသည့် ဝိညာဉ်၏ ရင်ထဲမှ အနက်ရှိုင်းဆုံးသော အမှတ်တရများကို နှိုးဆွပေးလိုက်သကဲ့သို့ပင် ရှိနေလေသည်။ နောက်တစ်ခဏတွင် ထိုရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာပေါ်၌ နူးညံ့သိမ်မွေ့သော အမူအရာတစ်ခု ပေါ်ထွက်လာပြီး တုန်ယင်နေသော လက်ဖြင့် မိန်းကလေးငယ်လေး၏ ဆံပင်ကို သာသာလေး ပွတ်သပ်ပေးလိုက်လေသည်။

မိမိ၏ အဖေမှာ နူးညံ့နေသည်ကို ခံစားလိုက်ရသဖြင့် မိန်းကလေးငယ်လေးမှာ အလွန်ပင် ဝမ်းသာသွားပြီး ခေါင်းလေးဖြင့် အတင်းတိုးဝှေ့နေတော့သည်။

မကြာမီမှာပင် အခြားသော ဝိညာဉ်များစွာသည်လည်း မိမိတို့၏ ဆွေမျိုးများကို ရှာတွေ့သွားကြပြီး အချင်းချင်း တင်းကျပ်စွာ ဖက်တွဲထားကြလေသည်။

သို့သော် ဝိညာဉ်များ၏ အရေအတွက်မှာ နာကျည်းနေသည့် ဝိညာဉ်ဆိုးများ၏ အရေအတွက်ကို မမှီပေ။ ခဏတာ ငြိမ်သက်သွားပြီးနောက် မိသားစုဝင်များကို ရှာမတွေ့သော ဝိညာဉ်ဆိုးများသည် မိမိတို့၏ ဒေါသကို ဖော်ပြသည့်အနေဖြင့် ထပ်မံ၍ ဟိန်းဟောက်လာကြပြီး ကျန်းပေရန်အပေါ်သို့ အကြည့်များ ပြန်လည် စူးစိုက်လာကြပြန်လေသည်။

ထိုအချိန်တွင် တာ့ဟူက ကျန်းပေရန်၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်ပြီး ဝိညာဉ်ဆိုးများ အားလုံးကို လှမ်းအော်ပြောလိုက်လေသည်။

"အားလုံး နားထောင်ကြပါ ခင်ဗျားတို့ကို သေအောင် လုပ်ခဲ့တာက ဟိုမိစ္ဆာကောင်တွေပါ ကျွန်တော့်နောက်က လူသားကတော့ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို ကူညီပေးမယ့်သူပါ သူကပဲ မိစ္ဆာကောင်တွေ အများကြီးကို သတ်ပြီးတော့ ခင်ဗျားတို့အတွက် ကလဲ့စားချေပေးခဲ့တာပါ"

ဝိညာဉ်ချင်း တူညီသောကြောင့် တာ့ဟူ၏ စကားက ထိုဝိညာဉ်ဆိုးများကို ခေတ္တမျှ ထပ်မံ တုံ့ဆိုင်းသွားစေလေသည်။

သို့သော် အဆုံးမရှိသော နှိပ်စက်မှုများက ၎င်းတို့ကို အသိစိတ်မဲ့စေခဲ့ပြီ ဖြစ်ရာ ခဏအကြာတွင် ကျန်းပေရန်ဆီသို့ ထပ်မံ၍ တိုးဝင်လာကြပြန်လေသည်။

လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာသော ဝိညာဉ်ဆိုးများကို ရင်ဆိုင်ရာတွင် တာ့ဟူ သည် အနည်းငယ်မျှ ဆုတ်နှစ်ခြင်းမရှိဘဲ အသံကုန် ထပ်မံ ဟစ်အော်လိုက်လေသည်။

"ကျွန်တော့်ကို ယုံကြပါ သူတစ်ယောက်တည်းပဲ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို ကယ်တင်နိုင်မှာပါ သူပဲ ခင်ဗျားတို့အတွက် ကလဲ့စားချေပေးနိုင်မှာပါ"

နှမြောစရာကောင်းသည်မှာ တာ့ဟူ ၏ အော်ဟစ်သံများမှာ ဝိညာဉ်ဆိုးများ၏ လှိုင်းလုံးကြီးများကြားတွင် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့လေသည်။

"သူ့ကို ယုံလိုက်ကြပါ"

"ဦးဦးတို့ ဘိုးဘိုးတို့ သူက တကယ်ပဲ လူအများကြီးကို ကယ်ခဲ့တာပါ"

"သူက လူတွေကို ဦးဆောင်ပြီးတော့ မိစ္ဆာကောင် အများကြီးကို သတ်ခဲ့တာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာပါ တကယ်ပါ"

"ဟုတ်တယ် သူက မိစ္ဆာကောင်တွေရဲ့ အသိုက်တွေကိုတောင် ဖျက်ဆီးခဲ့တာ သူက တကယ့်လူကောင်းပါ"

တာ့ဟူ မှာ ဝိညာဉ်ဆိုးများကြားတွင် နစ်မြုပ်သွားတော့မည့် အချိန်မှာပင် ခုနက ခေါ်ဆောင်လာသော ဝိညာဉ်များမှာ မိမိတို့၏ မိသားစုဝင်များကို ခေါ်ဆောင်ကာ ကျန်းပေရန်၏ ပတ်ဝန်းကျင်တွင် ဝိုင်းအုံ၍ ကာကွယ်လိုက်ကြလေသည်။

ကျန်းပေရန်အပေါ် ကျေးဇူးတင်သော အော်ဟစ်သံများ ပိုမိုများပြားလာသည်နှင့်အမျှ ထိုဝိညာဉ်ဆိုးများမှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားကြပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ပေါ်ပေါက်လာလေသည်။

မိမိကို အထပ်ထပ်အခါခါ ဝိုင်းရံကာကွယ်ထားသော ဝိညာဉ်များကို ကြည့်ရင်း ကျန်းပေရန်သည် ခေတ္တမျှ ရင်ထဲ၌ နွေးထွေးသွားခဲ့လေသည်။ ၎င်းမှာ လူသားတို့၏ အလှပဆုံးသော အစိတ်အပိုင်းပင် ဖြစ်လေသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ကူညီခဲ့လျှင် ၎င်းတို့သည် အစွမ်းကုန် ပြန်လည် ကျေးဇူးဆပ်ရန် ကြိုးစားကြမည်သာ ဖြစ်လေသည်။

ကျန်းပေရန်က ပြုံးလိုက်ပြီး လက်ထဲမှ ကွေ့ရှားဓားကို သိမ်းဆည်းကာ မိမိကို ကာကွယ်ထားသော ဝိညာဉ်တံတိုင်းကြီးအပြင်ဘက်သို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းခဲ့လေသည်။

မိမိကို ကာကွယ်ပေးခဲ့သော ဝိညာဉ်များကို အရင်ဆုံး ဂါရဝပြုလိုက်ပြီးနောက် ကျန်းပေရန်က နာကျည်းနေသည့် ဝိညာဉ်ဆိုးများကို လက်သီးစုကာ ပြောဆိုလိုက်လေသည်။

"ခင်ဗျားတို့ အားလုံးက မတရား နှိပ်စက်ခံခဲ့ရတဲ့သူတွေမှန်း ကျွန်တော် သိပါတယ် ဒါပေမဲ့ အားလုံး ကျွန်တော့်ကို ယုံကြည်ပေးပါ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေ အသက်ရှင်နေသရွေ့ ကျွန်တော် သေချာပေါက် သူတို့ကို ကယ်ထုတ်ပေးပါ့မယ် ခင်ဗျားတို့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ မိစ္ဆာကောင်တွေကိုတော့"

"ငါ တစ်ကောင်မကျန် အကုန်လုံးကို အမြစ်ပြတ် သတ်ပစ်မယ်"

ကျန်းပေရန်သည် ထိုစကားများကို ဝိညာဉ်အာရုံဖြင့် ဖြန့်ကျက်ပြောဆိုလိုက်ရာ ဝိညာဉ်ဆိုးတိုင်း သေချာပေါက် ကြားနိုင်လေသည်။

ခဏအကြာတွင် ဝိညာဉ်ဆိုး တစ်ကောင်က အကျယ်ကြီး ဟိန်းဟောက်လိုက်ပြီးနောက် အမည်းရောင် အငွေ့အသက်အဖြစ် ပြောင်းလဲကာ တာ့ဟူ ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။

၎င်းနောက်တွင် အခြားသော ဝိညာဉ်ဆိုးများစွာသည်လည်း တူညီသော လုပ်ရပ်ကို လုပ်ဆောင်ကြပြီး အမည်းရောင် အငွေ့အသက်များအဖြစ် ပြောင်းလဲကာ တာ့ဟူ ဆီသို့ တိုးဝင်သွားကြတော့လေသည်။

ဘာဖြစ်နေမှန်း မသိသော တာ့ဟူ မှာ အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း မကြာမီမှာပင် ၎င်း၏ ရင်ထဲ၌ ထိုသူများ၏ မှာကြားသံများကို ကြားလိုက်ရလေသည်။

"သူ့ကို ပြောပေးပါ ကျွန်တော့်ရဲ့ သမီးလေးကို ကယ်ပေးဖို့ တောင်းဆိုပါတယ်"

"သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ"

"သူ့ကို အကူအညီ တောင်းပါတယ် မိစ္ဆာကောင်တွေကို အကုန် သတ်ပေးပါ"

"ကျွန်တော်တို့ ကိုယ်စား သူ့ကို တောင်းပန်ပါတယ်လို့ ပြောပေးပါ ပြီးတော့ ကျွန်တော်တို့အတွက် ကလဲ့စားချေပေးဖို့လည်း တောင်းဆိုပါတယ်"

နောက်ဆုံးတွင် သိန်းနှင့်ချီသော ဝိညာဉ်ဆိုးများ အားလုံးမှာ အမည်းရောင် အငွေ့အသက်များအဖြစ် ပြောင်းလဲကာ တာ့ဟူ ၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားကြပြီး တစ်ချိန်တည်းမှာပင် အခြားသော ဝိညာဉ်များသည်လည်း အချင်းချင်း ခေါင်းညိတ်ပြကြကာ အမည်းရောင် အငွေ့အသက်များအဖြစ် ပြောင်းလဲ၍ တာ့ဟူ ဆီသို့ တိုးဝင်သွားကြပြန်လေသည်။

"အင်း"

"အင်း"

"ခင်ဗျားတို့ရဲ့ မှာကြားသံများကို ငါ သေချာပေါက် ပြောပြပေးပါ့မယ်"

"ခင်ဗျားတို့ စိတ်ပျက်အောင် ငါတို့ မလုပ်စေရပါဘူး"

"အေးအေးဆေးဆေး အနားယူကြပါတော့"

အချိန်အတော်ကြာပြီးနောက် တာ့ဟူ သည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး ကျန်းပေရန်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်လေသည်။

"ကျေးဇူးရှင် သူတို့ သူတို့က ကျေးဇူးရှင်ကို ပြောခိုင်းလိုက်တာက"

ထိုအချိန်တွင် ကျန်းပေရန်သည် ဝိညာဉ်အာရုံကို လက်ဝါးတွင် စုစည်း၍ တာ့ဟူ ၏ ပုခုံးကို ပုတ်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

"အင်း ငါ ကြားတယ် အကုန် ကြားရပါတယ်"

ဤအချိန်တွင် ကျန်းပေရန်သည် ယခင် ရွေးချယ်စရာတွင် အဘယ်ကြောင့် တာ့ဟူကို ထိုဝိညာဉ်များကို ချော့မြှူခိုင်းသနည်း ဆိုသည်ကို သဘောပေါက်သွားခဲ့လေသည်။ ၎င်းမှာ ယခုအချိန်အတွက်ပင် ဖြစ်လေသည်။

"ကောင်းကင်နတ်မင်းကြီး သက်သေအရာ တည်ပါစေ သူ တကယ်ပဲ အောင်မြင်သွားတာလား"

ပြန်လည်၍ နီမြန်းသွားသော လန်ဝူချောက်ကမ်းပါးကို ကြည့်ရင်း ကျန်းယီ ဘုန်းတော်ကြီး မှာ မျက်လုံးပြူးကာ အံ့ဩနေမိလေသည်။ ဒါက ဘယ်လောက်အထိ နက်နဲတဲ့ ကျင့်ကြံမှု ရှိမှ လုပ်နိုင်မှာလဲ။

ဘေးနားရှိ ခါးကုန်းနေသော ရွှီမေယင် မှာလည်း ခါးကို မတ်လိုက်မိပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် ငေးကြည့်နေမိလေသည်။

"မြောင်"

ထိုစဉ် ကုလျန်ရန် ၏ ရင်ခွင်ထဲမှ ကြောင်ဝါလေးက အော်ဟစ်လိုက်ပြီး စိတ်အေးလက်အေးဖြင့် မျက်လုံးများကို မှိတ်လိုက်လေသည်။

ယခုအခါ ဝေချိုက် အပါအဝင် အဆင့်ကိုး အစီအရင်ပညာရှင် လေးဦးသည်လည်း ဆရာမ မီ ၏ အနားသို့ စုဝေးမိကြပြီ ဖြစ်ကာ ၎င်းတို့၏ မျက်လုံးများအတွင်းရှိ အံ့ဩမှုမှာလည်း ကျန်းယီ ဘုန်းတော်ကြီး တို့ထက် မနည်းလှပေ။ သို့သော် အံ့ဩသည့် အချက်ချင်းမှာမူ ကွာခြားလှပေသည်။

ကျန်းယီ ဘုန်းတော်ကြီး တို့ အံ့ဩနေကြသည်မှာ ကျန်းပေရန်က ကောင်းကင်သို့ ထိုးတက်နေသော နာကျည်းမှု အားလုံးကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ဝေချိုက် တို့ အံ့ဩနေကြသည်မှာမူ ကျန်းပေရန်က ထိုအလွန်ကြီးမားသော အစီအရင်ကြီးကို ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဘာလို့လဲဆိုတော့ ၎င်းတို့၏ မူလ ခန့်မှန်းချက်အရ ထိုအလွန်ကြီးမားသော အစီအရင်ကြီးကို ဖျက်ဆီးရန်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး အရာအားလုံးကို ပေးဆပ်ရန်ပင် ပြင်ဆင်ထားခဲ့ကြသောကြောင့် ဖြစ်လေသည်။

သို့သော် ၎င်းတို့သည် ပထမဆုံးသော အခက်အခဲနှင့် ရင်ဆိုင်ရချိန်မှာပင် ထိုအစီအရင်မှာ ၎င်းတို့ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမို အန္တရာယ်များမှန်း သိရှိခဲ့ကြရပြီး ခဏမျှ ဆုတ်ခွာရန် စဉ်းစားနေချိန်တွင် ကျန်းပေရန်က မိမိတစ်ယောက်တည်း၏ ခွန်အားဖြင့် ထိုအစီအရင်ကြီးကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်လေသည်။

"အကြီးအကဲမီ တစ်ကယ်လို့ ချမ်းကျိနန်းတော် အနေနဲ့ သူ့ကိုသာ အဖွဲ့ဝင်အဖြစ် ရရှိမယ်ဆိုရင်တော့ သေချာပေါက်"

သို့သော် ဝေချိုက် စကားမဆုံးမီမှာပင် ဆရာမမီက ခေါင်းခါရင်း ပြောဆိုလိုက်လေသည်။

"ချမ်းကျိနန်းတော် ဆိုတဲ့ ဘုရားကျောင်းက သိပ်ပြီး သေးငယ်လွန်းတယ် ဒီနတ်ဘုရားကြီးကို လက်ခံထားနိုင်မှာ မဟုတ်ဘူး"

အကယ်၍ အရင်ကသာဆိုလျှင် ဝေချိုက် သည် ဆရာမမီ က နောက်ပြောင်နေသည်ဟု ထင်မှတ်ကာ ရယ်မောမိမည် ဖြစ်လေသည်။ ဘာလို့လဲဆိုတော့ ချမ်းကျိနန်းတော် မှာ ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် အတတ်ပညာရှင် အဖွဲ့အစည်းဖြစ်ပြီး အတတ်ပညာရှင်တိုင်းမှာ ထိုနေရာသို့ ဝင်ရောက်ခွင့် ရရှိခြင်းကို အမြင့်ဆုံးသော ဂုဏ်ယူမှုအဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်လေသည်။

၎င်းတို့ဘက်မှ လူရွေးချယ်သည်သာ ရှိပြီး သူတစ်ပါးက ၎င်းတို့ထံသို့ မဝင်လိုခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

သို့သော် ယနေ့တွင်မူ ဝေချိုက် ၏ ထိုယုံကြည်မှုမှာ အမြစ်မှပင် လှုပ်ခါသွားခဲ့လေပြီ။

လန်ဝူချောက်ကမ်းပါးအတွင်း၌ ကျန်းပေရန်သည် ဖြည်းညှင်းစွာ မြေပြင်သို့ ဆင်းသက်လိုက်လေသည်။

မူလက ထိုအလွန်ကြီးမားသော အစီအရင်ကြီးကို ဖျက်ဆီးရာတွင် အကြီးမားဆုံးသော ပြဿနာမှာ ထိုနာကျည်းနေသည့် ဝိညာဉ်များပင် ဖြစ်လေသည်။ အကယ်၍ ၎င်းတို့ကို မောင်းထုတ်နိုင်ခြင်း မရှိပါက မည်သူမျှ ထိုအစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအခါ အကြီးမားဆုံးသော ပြဿနာ ပြေလည်သွားပြီဖြစ်ရာ ကျန်ရှိသော အစိတ်အပိုင်းများကိုမူ ကျန်းပေရန် တစ်ယောက်တည်းနှင့် အလွယ်တကူ ဖြေရှင်းနိုင်လေသည်။

"တာ့ဟူ မင်း သက်သာရဲ့လား"

သိန်းနှင့်ချီသော နာကျည်းသည့် ဝိညာဉ်များကို စုပ်ယူပြီးနောက် တတာ့ဟူ ထံတွင် သိသိသာသာ မူမမှန်မှုများ ပေါ်ပေါက်လာခဲ့လေသည်။ ၎င်းတို့တွင် ဝိညာဉ်ပုံသဏ္ဍာန် ပြောင်းလဲခြင်း ဝိညာဉ်စွမ်းအားများ ပျံ့လွင့်ခြင်း စသည်တို့ ပါဝင်လေသည်။

သို့သော် ထိုအပြောင်းအလဲများသည် တာ့ဟူ အတွက်မူ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တစ်ခု ဖြစ်ပုံရသဖြင့် ကျန်းပေရန်က ကြားဝင် မနှောင့်ယှက်ခဲ့ပေ။

ယခုအခါ တာ့ဟူ ၏ ပုံသဏ္ဍာန်မှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး အရှိန်အဝါမှာလည်း ခုနကထက် များစွာ ပိုမို တည်ငြိမ်လာခဲ့လေသည်။

"ကျွန်တော် ဂတ်"

တာ့ဟူ ပြန်ဖြေရန် ပြင်လိုက်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် ယုတ်မာသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသဖြင့် ထိတ်လန့်သွားကာ ပါးစပ်ကို အမြန် ပြန်စုပ်ယူလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ရလေသည်။

"ကြည့်ရတာ အဆင်မပြေသေးဘူးပဲ မင်း ခဏလောက် ထပ်ပြီး အသားကျအောင် လုပ်လိုက်ဦး"

ကျန်းပေရန်မှာ တစ္ဆေကျင့်ကြံသူ မဟုတ်သောကြောင့် တာ့ဟူ၏ ကိုယ်ပေါ်တွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေသနည်း ဆိုသည်ကို အတိအကျ မသိရှိနိုင်ပေ။ သို့သော် သိန်းနှင့်ချီသော ဝိညာဉ်များကို စုပ်ယူထားသည်ဆိုမှတော့ တာ့ဟူ မှာ အရင်ကနှင့် လုံးဝ တူညီတော့မည် မဟုတ်မှန်း ကျန်းပေရန် ယုံကြည်နေလေသည်။

ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားသော တာ့ဟူ က ခေါင်းညိတ်ပြကာ မိမိ သိရှိကြောင်း အချက်ပြလိုက်လေသည်။

တာ့ဟူ ဘာမှ မဖြစ်တော့မှန်း သေချာပြီးနောက် ကျန်းပေရန်သည် မိမိ ခုတ်ပိုင်းလိုက်သဖြင့် အပိုင်းနှစ်ပိုင်း ကွဲသွားသော ခရမ်းရောင် နှလုံးသားဆီသို့ အကြည့်ကို ပြန်လည် ပို့ဆောင်လိုက်လေသည်။

ထိုအလွန်ကြီးမားသော အစီအရင်ကြီး၏ အစီအရင်မျက်လုံး ဖြစ်သောကြောင့် ထိုခရမ်းရောင် နှလုံးသားမှာ သေချာပေါက် အလွန် အဖိုးတန်သော ရတနာတစ်ခု ဖြစ်ရမည်။ သို့သော် ထိုနှလုံးသားမှာ ဂူအဆိပ် မျိုးနွယ်စု၏ သီးသန့် အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသဖြင့် ၎င်းမှာ မည်သည့် သတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသနည်း ဆိုသည်ကိုမူ ကျန်းပေရန်လည်း ခဏချင်းနှင့် ခွဲခြား၍ မရနိုင်ပေ။

မြေပြင်ပေါ်မှ ခုန်လှုပ်နေဆဲ ဖြစ်သော ခရမ်းရောင် နှလုံးသား အပိုင်းနှစ်ပိုင်းကို လှမ်းယူလိုက်ပြီးနောက် ကျန်းပေရန်သည် ၎င်းတို့မှတစ်ဆင့် ထိုအလွန်ကြီးမားသော အစီအရင်ကြီး၏ ယဇ်ပူဇော်ရာ ပစ္စည်းကို စတင် အာရုံခံလိုက်ရာ မကြာမီမှာပင် ကျန်းပေရန်၏ မျက်လုံးများအတွင်း၌ ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး တောင်ဘက် အရပ်သို့ လှမ်းကြည့်လိုက်လေသည်။

"တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း ဝှက်ထားတာပဲ"

နှလုံးသား အပိုင်းနှစ်ပိုင်းကို အဆောင်စက္ကူဖြင့် ပတ်ကာ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီးနောက် ကျန်းပေရန်သည် အာရုံခံမိသော နေရာဘက်သို့ စတင် လျှောက်လှမ်းခဲ့လေသည်။

မြစ်ငယ်လေး တစ်စင်း၏ အနားသို့ ရောက်သောအခါ ကျန်းပေရန်သည် ကမ္ဘာဦးလက်စွပ်ထဲမှ မှော်ပစ္စည်းများနှင့် အဆောင်များကို ထုတ်ယူကာ မြစ်ကမ်းနှစ်ဖက်လုံးတွင် နေရာချလိုက်လေသည်။ အားလုံး ပြီးဆုံးသွားသောအခါ တားမြစ်သစ်သားတုံး အနည်းငယ်ကို ထုတ်ယူ၍ ယာယီ ယဇ်ပလ္လင်တစ်ခု တည်ဆောက်လိုက်လေသည်။

အစစအရာရာ ပြည့်စုံသွားသောအခါ ကျန်းပေရန်သည် ရင်ခွင်ထဲမှ အဆောင်စက္ကူဖြင့် ပတ်ထားသော နှလုံးသား အပိုင်းနှစ်ပိုင်းကို ထပ်မံ ထုတ်ယူလိုက်လေသည်။

"နတ်မင်းကြီးများ စုဝေးစေ မြောက်ဘက် ဧကရာဇ်ကို ကူညီစေ"

"ပြည်နယ် ကိုးခုကို အုပ်ချုပ်စေ ပုခုံးတွင် လက်လေးဖက် ပေါက်စေ"

"ဦးခေါင်း သုံးလုံး ရှိစေ ရွှေရောင် သံချပ်ကာ ဝတ်ဆင်စေ"

"အသိဉာဏ်မဲ့သော တစ္ဆေငယ်များ မည်သူမျှ မတားဆီးဝံ့စေနှင့် ငါ တစ်ချက် ကြည့်ရုံဖြင့် ထာဝရ ချုပ်နှောင်စေ"

မန္တန်များကို ရွတ်ဆိုပြီးနောက် ကျန်းပေရန်သည် အဆောင်စက္ကူဖြင့် ပတ်ထားသော နှလုံးသား အပိုင်းနှစ်ပိုင်းကို မြစ်ရေအတွင်းသို့ လှမ်း၍ ပစ်လိုက်လေသည်။

ဗွမ်း ဟူသော အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုနှလုံးသား အပိုင်းနှစ်ပိုင်းမှာ လျင်မြန်စွာ စီးဆင်းနေသော မြစ်ရေနောက်သို့ လိုက်ပါသွားခြင်း မရှိဘဲ မြစ်အောက်ခြေသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့လေသည်။

ကျန်းပေရန်က ရလဒ်ကို စောင့်ဆိုင်းနေစဉ်မှာပင် လန်ဝူချောက်ကမ်းပါး ပြင်ပရှိ လူများမှာမူ စိုးရိမ်စိတ်ဖြင့် စောင့်ဆိုင်းနေကြရလေသည်။

၎င်းတို့၏ အထင်အရ ကျန်းပေရန်သည် ပြဿနာကို ဖြေရှင်းပြီးလျှင် အမြန်ဆုံး ထွက်လာလိမ့်မည်ဟု ယူဆထားသော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် မည်သည့် လှုပ်ရှားမှုမှ မရှိသောကြောင့် ဖြစ်လေသည်။

"ငါတို့ အထဲဝင်ပြီး ကြည့်ကြရင် ဘယ်လိုလဲ"

လင်းကျန့် က အရင်ဆုံး စကားစလိုက်လေသည်။

ယင်ရှင်းက ကြားသောအခါ ခေါင်းခါယမ်းလိုက်လေသည်။

"ထိုလန်ဝူချောက်ကမ်းပါးထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ အခုထိ မသိသေးဘူးလေ ဇွတ်ဝင်သွားရင် ဆရာကျန်းကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ် အရင်ဆုံး ဆက်သွယ်ကြည့်တာက ပိုကောင်းလိမ့်မယ်"

ပြောပြီးနောက် ၎င်းသည် ခါးချိတ်တိုကင်ကို လှမ်းယူကာ မေးမြန်းလိုက်လေသည်။

"ဆရာကျန်း အခြေအနေ ဘယ်လိုလဲဗျ"

မြစ်ရေကို စူးစိုက်ကြည့်နေသော ကျန်းပေရန်သည် တိုကင်မှ အသံထွက်လာသည်ကို ကြားသောအခါ လှမ်းယူ၍ ပြန်ဖြေလိုက်လေသည်။

"အားလုံး အဆင်ပြေပါတယ် ခင်ဗျားတို့အားလုံး ဘာမှ မဖြစ်ကြဘူး မဟုတ်လား"

"ဆရာကျန်းရဲ့ ကျေးဇူးကြောင့် ငါတို့အားလုံး ဘာမှ မဖြစ်ပါဘူး"

"ဒါဆိုရင်တော့ တော်သေးတာပေါ့ ကျွန်တော် ခဏနေရင် ထွက်လာပါ့မယ် အခု လန်ဝူချောက်ကမ်းပါးအတွင်းမှာ အခြေအနေက မသေချာသေးတော့ ခင်ဗျားတို့ အပြင်မှာပဲ ခဏလောက် ထပ်စောင့်ပေးပါ ကျွန်တော် ကိစ္စပြီးတာနဲ့ ထွက်လာခဲ့ပါ့မယ်"

"ကောင်းပါပြီ ဒါဆို ဆရာကျန်း သတိထားပါဦး"

ယင်ရှင်းက ပြောပြီးနောက် တိုကင်ကို ခါးတွင် ပြန်ချိတ်လိုက်ကာ အခြားသူများကို ပြောဆိုလိုက်လေသည်။

"ကြည့်ရတာ ပြဿနာတွေ ပြေလည်သွားပြီ ထင်တယ်"

"ဆရာကျန်းရဲ့ လေသံက တကယ့်ကို တည်ငြိမ်လွန်းတာပဲ ခုနကတင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲထားတဲ့သူနဲ့ လုံးဝ မတူဘူး"

၎င်းတို့၏ ခန့်မှန်းချက်အရ ကျန်းပေရန်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်စေ ဤကဲ့သို့သော အစီအရင်ကြီးကို ဖျက်ဆီးရန်မှာ လွယ်ကူမည်မဟုတ်ပေ။ သို့သော် သူ၏ လေသံအရမူ မပြောပလောက်သော ကိစ္စလေး တစ်ခုကို ဖြေရှင်းလိုက်ရသကဲ့သို့ပင် ဖြစ်နေလေသည်။

ထိုတည်ငြိမ်မှုကတော့ တကယ်ကို လေးစားစရာပါပဲ လို့ ၎င်းတို့အားလုံး စိတ်ထဲမှ တွေးလိုက်ကြလေသည်။

သို့သော် တစ္ဆေကျင့်ကြံသူများမှာမူ ထိုကဲ့သို့သော စိုးရိမ်မှုများ မရှိကြပေ။ ၎င်းတို့သည် လန်ဝူချောက်ကမ်းပါးရှိ ယုတ်မာသည့် အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် ကျန်းပေရန်ကို ရှာရန် အတွင်းသို့ ဝင်ခဲ့ကြလေသည်။ သို့သော် အစီအရင်မျက်လုံး ရှိရာသို့ ရောက်သောအခါ ကျန်းပေရန်ကို မတွေ့ရသဖြင့် လမ်းစများကို လိုက်၍ လူစုခွဲကာ ရှာဖွေခဲ့ကြခြင်း ဖြစ်လေသည်။

နောက်ဆုံးတွင် ကျန်းယီ ဘုန်းတော်ကြီးသည် မြစ်ငယ်လေး တစ်စင်းအနားတွင် ကျန်းပေရန် တည်ဆောက်ထားသော ယာယီ ယဇ်ပလ္လင်ကို ပထမဆုံး မြင်တွေ့လိုက်ရလေသည်။ ၎င်းသည် တိတ်တဆိတ် ပြုံးလိုက်ပြီးနောက် မိမိ၏ အရှိန်အဝါကို ဖျောက်ကွယ်ကာ ကျန်းပေရန် အနားသို့ တိုးကပ်သွားခဲ့လေသည်။ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကကဲ့သို့ ကျန်းပေရန်ကို ခြောက်လှန့်ရန် ကြံစည်နေခြင်း ဖြစ်လေသည်။

သက်သေပြနိုင်သည်မှာ သူ၏ ဖျောက်ကွယ်ခြင်း အတတ်မှာ ကမ္ဘာပေါ်တွင် ထိပ်တန်း အဆင့်ရှိမှန်း သေချာလှသည်။ ကျန်းပေရန်ပင်လျှင် သူ ရောက်ရှိလာသည်ကို သတိမထားမိဘဲ စီးဆင်းနေသော မြစ်ရေကိုသာ ဆက်လက် ကြည့်ရှုနေခဲ့လေသည်။

သို့သော် ကျန်းယီ ဘုန်းတော်ကြီး သည် ရှေ့သို့ တိုးကာ ကျန်းပေရန်ကို ပုတ်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ဘယ်က မိစ္ဆာကောင်လဲ ငါ့ရဲ့ ကျေးဇူးရှင်ကို ရန်မမူနဲ့"

ပြင်းထန်သော အော်ဟစ်သံနှင့်အတူ တာ့ဟူသည် ကျန်းယီ ဘုန်းတော်ကြီး ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။ သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ နာကျည်းသောအငွေ့အသက်လည်း မဟုတ် ရူးသွပ်သောအငွေ့အသက်လည်း မဟုတ်ဘဲ ကျန်းယီ ဘုန်းတော်ကြီး တစ်ခါမျှ မကြုံဖူးသေးသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခု ဖြစ်နေလေသည်။

"ဒါ ဘာကြီးလဲ"

တာ့ဟူ ၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားသော ကျန်းယီ ဘုန်းတော်ကြီး သည် နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရပြီး လက်ထဲမှ အဆောင်များနှင့် မှော်ပစ္စည်းများ အားလုံးကို ထုတ်ယူကာ မိမိကိုယ်ကို အစွမ်းကုန် ကာကွယ်လိုက်ရလေသည်။

(၅၈ ထိ ဖတ်ပြီးတဲ့ စာဖတ်သူများ ဇာတ်သိမ်းထိ Telegram Group ပိုက်ဆံပေးစရာမလိုပဲ NS novel မှာ လင့် လာရောက်တောင်းယူနိုင်ပါတယ်)

သို့သော် ထိုသို့ လုပ်ဆောင်နေစဉ်မှာပင် ၎င်း၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။

တစ္ဆေများကို ဖမ်းဆီးလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သော်လည်း ၎င်းသည် ဤမျှလောက်အထိ ရက်စက်ကြမ်းကြုတ်သော အရာမျိုးကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ နာကျည်းမှု အားလုံးကို စစုစည်းထားသည့်အလား ရှိနေလေသည်။

ကျန်းယီ ဘုန်းတော်ကြီး ဘက်မှ ဆူညံသံကို ကြားသောအခါ အခြားနေရာများတွင် ရှာဖွေနေကြသော တစ္ဆေကျင့်ကြံသူများသည်လည်း ချက်ချင်း ရောက်ရှိလာကြလေသည်။ သို့သော် တာ့ဟူ ၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ ၎င်းတို့ တစ်ဦးမျှ ရှေ့သို့ မတိုးဝံ့ကြဘဲ ထိုနေရာမှာပင် ကြောင်အကာ ရပ်နေကြတော့လေသည်။

"ဟက်"

ကူလျန်ရန် ၏ ရင်ခွင်ထဲမှ ကြောင်ဝါလေးမှာ ပို၍ပင် ထိတ်လန့်သွားပြီး ကူလျန်ရန် ၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ ရန်မူမည့် အမူအရာဖြင့် ဟောက်နေတော့လေသည်။ ရှည်လျားသော အမြီးကြီးမှာလည်း အပေါ်သို့ ထောင်တက်နေလေသည်။

ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေသော တစ္ဆေကျင့်ကြံသူများကို ကြည့်ရင်း ကျန်းပေရန်သည် လှည့်ကြည့်ကာ တာ့ဟူ ၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောဆိုလိုက်လေသည်။

"ဘာမှ မဟုတ်ဘူး ကိုယ့်လူတွေပါ"

မိမိ အမှားလုပ်မိသွားမှန်း သိရှိသွားသော တာ့ဟူ သည် အလျင်အမြန်ပင် ထိုမကောင်းသော အငွေ့အသက်များကို သိမ်းဆည်းလိုက်ပြီး တစ္ဆေကျင့်ကြံသူများကို ဦးညွှတ်ကာ ပြောဆိုလိုက်လေသည်။

"ကျွန်တော် မသိလို့ပါ ခင်ဗျားတို့က ကျေးဇူးရှင်ရဲ့ သူငယ်ချင်းတွေမှန်း ကျွန်တော် မသိလို့ပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်ဗျာ"

All Chapters