← Chapters

အခန်း (၃၆၉)

Vol. 37 Ch. 369

အခန်း (၃၆၉)

Vol. 37 Ch. 369

အခန်း။ ၃၆၉

"မဖြစ်ဘူး မြန်မြန်... ဇွန်ဘီတွေ မြို့ထဲဝင်လာပြီ။ သူတို့ကို တားကြစမ်း"

ထိုအချိန်တွင် မြို့ရိုးထက်ရှိ တပ်ဖွဲ့များသည်လည်း မြို့တံခါးကြီးကို ဇွန်ဘီများ ချိုးဖျက်

ဝင်ရောက်သွားပြီဖြစ်ကြောင်း သတိပြုမိသွားကြသည်။ သူတို့၏ ရင်ထဲ၌ ထိတ်လန့်

တုန်လှုပ်သွားကြပြီးနောက် စစ်ဦးစီးမှူး၏ အမိန့်အရ တဟုန်ထိုး တိုးဝင်လာနေသော ဇွန်ဘီအုပ်ကြီးကို ကြားဖြတ်ဟန့်တားရန် မြို့ရိုးပေါ်မှ အပြေးအလွှား ဆင်းလာကြတော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

စစ်သည်အမြောက်အမြားသည် မြို့ထဲသို့ စီးဝင်လာနေသော ဇွန်ဘီများဆီသို့ သေနတ်ခလုတ်များကို တရစပ် ဆွဲညှစ်လိုက်ကြသည်။ တစ်ခဏချင်းမှာပင် ပစ်ခတ်သံများမှာ အလွန်သိပ်သည်းလာပြီး မြို့တံခါးပတ်ဝန်းကျင်တွင် သံမဏိမုန်တိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်သွားတော့သည်။

ဝုန်း... ဝုန်း...

ချက်ချင်းဆိုသလိုပင် ကျည်ဆန်မိုးများအောက်၌ ဇွန်ဘီရေလှိုင်း၏ ရှေ့ဆုံးမှ ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် လဲပြိုသွားကြသည်။

သို့သော်လည်း ဇွန်ဘီရေလှိုင်းမှာ ရဲရဲဝံ့ဝံ့ပင် ရှေ့သို့ ဆက်လက်တိုးဝင်နေဆဲပင်။ ဇွန်ဘီများသည် အသေအပျောက်များနေသည့်ကြားမှပင် အလျော့မပေးဘဲ တပ်ဖွဲ့ဝင်များရှိရာသို့ တစ်သုတ်ပြီးတစ်သုတ် ချဉ်းကပ်လာကြသည်။

အထူးသဖြင့် ၎င်းတို့ထဲမှ အဆင့် ၂ နှင့် အဆင့် ၃ ရှိသော တင့်ကားအမျိုးအစားဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများသည် အသေရခဲသော ပိုးဟပ်များကဲ့သို့ပင်။ ၎င်းတို့သည် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဗရပွဖြင့် စုတ်ပြတ်နေသော်လည်း အရှိန်မပျက် ရှေ့သို့ တိုးဝင်နေကြပြီး နောက်ကွယ်မှ ဇွန်ဘီအုပ်ကြီးကို ကျည်ဆန်ဒဏ်မှ အကာအကွယ်ပေးထားကြသည်။

တစ်ချိန်တည်းမှာပင် ကြားဖြတ်တပ်ဖွဲ့များနှင့် ဇွန်ဘီရေလှိုင်းတို့ အပြင်းအထန် တိုက်ခိုက်နေစဉ်အတွင်း လီမြစ်စခန်းမြို့တော်တစ်ခုလုံးမှာလည်း လုံးဝ ကစဉ့်ကလျား ဖြစ်ကုန်တော့သည်။

"ဇွန်ဘီတွေဟေ့ ဇွန်ဘီတွေ မြို့ထဲဝင်လာပြီ အားလုံး ပြေးကြတော့"

အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားမှာ ဇွန်ဘီများ မြို့ထဲဝင်လာပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။ သေရေးရှင်ရေး အခြေအနေအောက်တွင် သူတို့သည် ဇွန်ဘီရေလှိုင်းလာရာ လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရူးသွပ်စွာ စတင်ထွက်ပြေးကြတော့သည်။

အတိုတွင်းကာလ၌ လူအုပ်ကြီး တိုးဝှေ့ထွက်ပြေးနေကြသဖြင့် လမ်းမကြီးများမှာ ချက်ချင်းပင် ပိတ်ဆို့သွားခဲ့သည်။

ထိတ်လန့်နေသော အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ တစ်ဦးနှင့်တစ်ဦး ပူးကပ်တိုးဝှေ့နေကြသဖြင့် လက်တစ်ဖဝါးစာမျှပင် ရွေ့လျား၍မရဘဲ မျှော်လင့်ချက်မဲ့စွာဖြင့် ချွေးသီးချွေးပေါက်များ ကျနေကြရသည်။

၎င်းတို့မှာ ဇွန်ဘီများဖြစ်ပြီး တစ်ချက်အကိုက်ခံရရုံဖြင့် အသက်ရှင်ရန် အခွင့်အရေး မရှိသလောက်ပင်။ သေခြင်းတရားက ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤအသက်ရှင်

ကျန်ရစ်သူများအနေဖြင့် ဘဘ်လိုလုပ် တည်ငြိမ်စွာ နေနိုင်ပါ့မလဲ။

ထို့ပြင် အချို့သောအသက်ရှင်ကျန်ရစ်သူများသည် ဤရှုပ်ထွေးမှုကို အခွင့်ကောင်းယူ၍ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်လာကြသည်။ ယခင်က အာဏာပိုင်များ၏ တင်းကျပ်သော ကန့်သတ်ချက်များအောက်တွင် သူတို့၏ရင်ထဲ၌ နာကျည်းချက်များစွာ မြှုပ်နှံထားခဲ့ကြသည်။

ယနေ့တွင်မူ စခန်းမြို့တော်မှာ မည်သို့ပင်ဆိုစေ ပျက်စီးတော့မည်ဖြစ်ရာ သူတို့၏ အလိုရမ္မက်များကို စိတ်ရှိလက်ရှိ ဖြည့်ဆည်းခြင်းမှာ သင့်တော်သည်ဟု ယူဆနေကြတော့သည်။

သို့သော်လည်း လမ်းမများ ပိတ်ဆို့နေမှုကြောင့် မြို့တံခါးဝရှိ ခံစစ်ကို အားဖြည့်ကူညီရန် ကြိုးပမ်းနေသော တပ်ခွဲအချို့မှာ လမ်းမထက်၌ပင် တန့်နေခဲ့ပြီး ရှေ့သို့တစ်လှမ်းမျှ မရွေ့နိုင်ဘဲ အချိန်မီရောက်ရှိရန် မဖြစ်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် မြို့တံခါးအနီးရှိ တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး အခြေအနေမှာ လူသားတို့အတွက် အဘက်ဘက်မှ အားနည်းလာခဲ့သည်။

သေနတ်ပြောင်းဝများမှ ကျည်ဆန်များ ထွက်ခွာသွားသော စူးရှသည့်အသံများမှာ နားမခံသာသော အော်ဟစ်သံများအလား အဆက်မပြတ် ထွက်ပေါ်နေသည်။

သို့သော်လည်း ကျည်ဆန်မိုးများသည် ဇွန်ဘီရေလှိုင်း၏ မဆုတ်မနစ်သော အရှိန်အဟုန်ကို မဟန့်တားနိုင်ခဲ့ပေ။ မကြာမီမှာပင် ရှေ့တန်းရှိ တပ်ဖွဲ့များသည် ဇွန်ဘီများနှင့် လက်တစ်ကမ်းအကွာ ရင်ဆိုင်တိုက်ပွဲဆင်နွှဲရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ရှုး... ရှုး...

စစ်သည်များသည် သူတို့၏ ရိုင်ဖယ်သေနတ်များကို ကိုင်စွဲကာ ပြောင်းဝတွင် တပ်ဆင်ထားသော တလက်လက်တောက်ပနေသည့် လှံစွပ်များဖြင့် ရဲရဲဝံ့ဝံ့ ရှေ့သို့ တိုးဝင်တိုက်ခိုက်ကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဇွန်ဘီအုပ်ကြီးသည် ၎င်းတို့၏ ကြောက်ရွံ့မှုကင်းမဲ့သော သဘာဝနှင့် အရေအတွက်အသာစီးရမှုအပေါ် အခြေခံကာ ဤစစ်သည်များကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်ကြတော့သည်။ ထို့ကြောင့် နောက်တန်းရှိ ရဲဘော်များအတွက် အချိန်ဆွဲပေးရန်ပင် မတတ်နိုင်ခဲ့ကြပေ။

စစ်သည်တစ်ဦးပြီးတစ်ဦး ဇွန်ဘီရေလှိုင်းအတွင်း ကျရှုံးပျောက်ကွယ်သွားချိန်တွင်မူ မလှမ်းမကမ်းရှိ တင့်ကားများနှင့် မော်တာအမြောက်တပ်ဖွဲ့များသည် နောက်ဆုံး၌ စတင်ပစ်ခတ်လိုက်ကြတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ခဏချင်းမှာပင် မြို့တံခါးဝတွင် စုပြုံနေသော ဇွန်ဘီအုပ်ကြီးထဲသို့ အမြောက်ကျည်များ ကျရောက်ပေါက်ကွဲတော့သည်။ နေရာကျဉ်းကျဉ်းတွင် ဇွန်ဘီများ သိပ်သည်းစွာ ရှိနေသဖြင့် ပစ်မှတ်မှာ အလွန်ပင် ထိရောက်လှသည်။

ကျရောက်လာသော အမြောက်ကျည်တစ်စင်းစီသည် မြို့တံခါးရှိ ဇွန်ဘီအုပ်ကြီးအတွင်း ဟာကွက်များကို ဖြစ်ပေါ်စေသည်။

မကြာမီမှာပင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများအောက်တွင် ဇွန်ဘီရေလှိုင်း၏ တိုက်စစ်

အရှိန်မှာ သိသိသာသာ အားပျော့သွားပြီး လေးလံသော စစ်လက်နက်များ၏ ဖိနှိပ်မှုကို ခံလိုက်ရတော့သည်။

အပြင်ဘက်မှ ဇွန်ဘီများ မြို့ထဲသို့ တိုးဝင်ရန် ကြိုးပမ်းတိုင်း အမြောက်ကျည်များဖြင့် ချက်ချင်း ရှင်းလင်းခံရသဖြင့် မြို့အတွင်း၌ ဇွန်ဘီများ အင်အားစုစည်းရန် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း တိုက်ပွဲအခြေအနေကို အမြဲမပြတ် အာရုံစိုက်နေသော လုချွမ်းသည် လူသားတပ်ဖွဲ့များ၏ အကြံအစည်ကို အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။

ရှုး... ရှုး... ရှုး...

နောက်တစ်ခဏတွင် ကောင်းကင်ယံရှိ မီးလျှံ ၁ သည် ချက်ချင်း လှုပ်ရှားလိုက်ပြီး သူ၏ ညာဘက်လက်ကို အပေါ်သို့ မြှောက်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှ မီးလျှံများသည် ရေကဲ့သို့ အထက်သို့ စီးထွက်လာပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။

ဧရာမ မီးလုံးကြီးများသည် စစ်မြေပြင်၏ အထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး အဆုံးမရှိသော အလင်းနှင့် အပူများကို ထုတ်လွှတ်လျက် အလွန်အန္တရာယ်များသည့် အငွေ့အသက်များကို ပေးဆောင်နေသည်။

ဝူး... ဝူး...

လုချွမ်း၏ လက်မောင်းကို အောက်သို့ ဝှေ့ယမ်းလိုက်သည်နှင့် ထိုမီးလုံးကြီးများသည် အောက်ခြေရှိ ပစ်မှတ်များဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။

မီးလုံးများ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး ခဏချင်းမှာပင် လူသားတပ်ဖွဲ့များကြား၌ မီးလျှံများ ပွင့်ထွက်ကုန်သည်။

ဘုန်း...

အထူးသဖြင့် နေရာအသီးသီးတွင် ဖြန့်ကျက်ထားသော တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် မော်တာအမြောက်တပ်ဖွဲ့များမှာ လုချွမ်း၏ အဓိကပစ်မှတ်များ ဖြစ်ခဲ့သည်။ အမြောက်တပ်ဖွဲ့များကိုသာ နှိမ်နင်းနိုင်ပါက လီမြစ်စခန်းမြို့တော် ကျဆုံးရန်မှာ အချိန်ပိုင်းသာ လိုတော့မည်ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သံချပ်ကာယာဉ်များနှင့် တင့်ကားအမြောက်အမြားမှာ မီးလုံးကြီးများဖြင့် ပေါက်ကွဲထွက်ကုန်ကြပြီး အစိတ်အပိုင်းများမှာ နေရာအနှံ့ လွင့်စင်သွားခဲ့ကာ အင်ဂျင်များမှာလည်း ရပ်တန့်သွားခဲ့ရတော့သည်။

ဤအမြောက်တပ်ဖွဲ့များ၏ အကူအညီမရှိတော့သောအခါ အစောပိုင်းက ဟန်ရေးပြနေခဲ့သော ကြားဖြတ်တပ်ဖွဲ့များသည် တိုးဝင်လာသော ဇွန်ဘီရေလှိုင်းအောက်၌ ခဏချင်းမှာပင် ဝါးမြိုခြင်း ခံလိုက်ရသည်။ နောက်ဆုံးတွင် ဇွန်ဘီအုပ်ကြီးအတွင်းမှ သေနတ်သံ အနည်းငယ်သာ ထွက်ပေါ်လာပြီး ထို့နောက်တွင်မူ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

မည်သည့်အတားအဆီးမျှ မရှိတော့သဖြင့် နောက်တန်းမှ ကျန်ရှိနေသော ဇွန်ဘီ နှစ်သောင်းမှ သုံးသောင်းခန့်မှာ မြို့တံခါးများမှတစ်ဆင့် အဆက်မပြတ် စီးဝင်လာကြတော့သည်။

မကြာမီမှာပင် လီမြစ်စခန်းမြို့တော်ရှိ လမ်းမများစွာ၌ ဇွန်ဘီများကို နေရာအနှံ့ မြင်တွေ့လာရပြီး ဇွန်ဘီရေလှိုင်းမှာ စခန်းမြို့တော်၏ တစ်ဝက်ကျော်ကို သိမ်းပိုက်လိုက်သည့်အလား ရှိနေတော့သည်။

လမ်းမများပေါ်တွင် ပိတ်မိနေဆဲဖြစ်သော အသက်ရှင်ကျန်ရစ်သူများသည် ဇွန်ဘီများ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်ကာ ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ သူတို့သည် ရှေ့သို့ အသည်းအသန် တိုးဝှေ့နေကြသော်လည်း လူတန်းကြီးမှာမူ တစ်လက်မမျှပင် မရွေ့လျားခဲ့ပေ။

ချီချီလေးအပေါ် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသူတစ်ယောက်အဖြစ် အထင်မခံရစေရန်အတွက် လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများကို သွေးချောင်းစီး သတ်ဖြတ်ပွဲကြီးဆင်နွှဲရန် အမိန့်မပေးခဲ့ပေ။

သူသည် ခေါင်းမာမာဖြင့် ခုခံနေသော လူသားစစ်သည်များနှင့် ဆင့်ကဲပြောင်းလဲသူအချို့ကိုသာ သုတ်သင်ခဲ့ပြီး တစ်ဖက်တွင်လည်း လိုအပ်သော အရင်းအမြစ်အချို့ကို သိမ်းကျုံးယူငင်ခဲ့သည်။

ဥပမာအားဖြင့် စစ်တန်းလျားများတွင် ရပ်နားထားသော စစ်သုံးယာဉ်များကို မြင်လိုက်ရချိန်တွင် လုချွမ်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ ဤဧရာမ စစ်သုံးယာဉ်များဖြင့်သာဆိုလျှင် သူ၏ ယာဉ်တန်းကို အဆင့်မြှင့်တင်နိုင်တော့မည်ဖြစ်သည်။ ယခင်က ရိက္ခာနှင့် ပစ္စည်းများကို သယ်ဆောင်ရန် ယာဉ် ခုနစ်စီး၊ ရှစ်စီးခန့် လိုအပ်သော်လည်း ယခုအခါ စစ်သုံးယာဉ် တစ်စီးတည်းနှင့်တင် အားလုံး ဆံ့သွားပေလိမ့်မည်။

သို့သော်လည်း သာမန် ဇွန်ဘီရုပ်သေးများကို ရိက္ခာရှာဖွေရန် စေခိုင်းထားသည့်အပြင် လုချွမ်းသည် သူ၏ အဆင့်မြင့် ဇွန်ဘီရုပ်သေးများကို အသုံးပြု၍ စခန်းမြို့တော်ရှိ အဆင့်မြင့်အရာရှိကြီးများ မည်သည့်နေရာတွင် ရှိနေသည်ကို စတင်ရှာဖွေစေခဲ့သည်။

ဝီဝီ...ဝီဝီ...

တကယ်တမ်းတွင်မူ ရှာနေစရာပင် မလိုတော့ပေ။ အကြောင်းမှာ ခဏအကြာတွင် လေယာဉ်ကွင်းဘက်မှ ရဟတ်ယာဉ် ငါးစင်းမှာ အလျင်အမြန် ပျံတက်သွားပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးပမ်းနေသောကြောင့်ပင်။

ရဟတ်ယာဉ်၏ ပြတင်းပေါက်များမှတစ်ဆင့် စခန်းမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများ၊ သူတို့၏ မိသားစုဝင်များနှင့် အရေးပါသော ပုဂ္ဂိုလ်အချို့ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ဇွန်ဘီများ အချိန်မရွေး တိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်နေသော အရိပ်အယောင်များ ပြည့်နှက်နေကြသည်။

"မိပြီ"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်လျှံသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံသန်းသူ ၁ နှင့် မီးလျှံ ၁ တို့သည် ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။

ဝုန်း...

မီးလျှံ ၁ ၏ ပတ်ဝန်းကျင်ရှိ မီးလျှံများသည် နေမင်းကြီးအလား စူးရှတောက်ပလာပြီး ဧရာမ မီးလျှံနဂါးကြီးတစ်ကောင်ကို ထိုရဟတ်ယာဉ် ငါးစင်းဆီသို့ စေလွှတ်လိုက်သည်။

ရှုး... ရှုး...

တစ်ချိန်တည်းမှာပင် ပျံသန်းသူ ၁ သည်လည်း သူ၏ ကောင်းကင်ပျံ အကြေးခွံချပ်ဝတ်များကို ထုတ်လွှတ်လိုက်ရာ ရဟတ်ယာဉ်အဖွဲ့တစ်ခုလုံးကို ဝိုင်းပတ်သွားစေတော့သည်။

"မလုပ်ပါနဲ့"

ကျရောက်လာသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း အဆင့်မြင့်အရာရှိကြီးအားလုံး၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ ပေါ်လာခဲ့သည်။

ငါတို့သာ ဇွန်ဘီဘုရင်ကို သွားပြီး မဆွခဲ့မိရင် သိပ်ကောင်းမှာပဲ...

ဘုန်း... ဘုန်း... ဘုန်း...

နောက်တစ်ခဏတွင် ရဟတ်ယာဉ် ငါးစင်းစလုံးသည် တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပေါက်ကွဲသွားခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါသူအားလုံးလည်း အသက်ရှင်လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

All Chapters