← Chapters

အခန်း (၃၇၀)

Vol. 37 Ch. 370

အခန်း (၃၇၀)

Vol. 37 Ch. 370

အခန်း။ ၃၇၀

လီမြစ်စခန်းမြို့တော်အတွင်း၌ စနစ်တကျခုခံနေသော လက်နက်ကိုင်တပ်ဖွဲ့များမှာ ဇွန်ဘီရေလှိုင်း၏ ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ပြီဖြစ်သည်။

ယခုအခါတွင်မူ ပြန့်ကျဲနေသော လူသားဆင့်ကဲပြောင်းလဲသူအနည်းငယ်နှင့် စစ်သည်အချို့သာ အရာမထင်သော ခုခံမှုများကို ပြုလုပ်နေကြတော့သည်။ မြို့အတွင်း၌ သေနတ်သံများကို ဟိုတစ်စ ဒီတစ်စ ကြားနေရဆဲပင်။

သို့သော်လည်း လုချွမ်း၏ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးများ လှုပ်ရှားလိုက်တိုင်း ထိုအသေးအဖွဲ ခုခံမှုများမှာ ခဏချင်းမှာပင် ငြိမ်သက်သွားခဲ့ရသည်။

ထိုအချိန်တွင် လမ်းမများပေါ်၌ ထိတ်လန့်တုန်လှုပ်နေသော အသက်ရှင်ကျန်ရစ်သူများသည် ချဉ်းကပ်လာနေသော ဇွန်ဘီများကို မြင်လိုက်ရသောအခါ ကြောက်ရွံ့လွန်း၍ တုန်ရင်နေကြပြီး အသည်းအသန် ထွက်ပြေးရန် ကြိုးစားနေကြသည်။

သို့သော်လည်း နောက်ထပ်ဖြစ်ပျက်လာသော မြင်ကွင်းက ထိုအသက်ရှင်ကျန်ရစ်သူအားလုံးကို မှင်တက်သွားစေခဲ့သည်။

ဤဇွန်ဘီများသည် သဍတို့ကို တိုက်ခိုက်လာသော စစ်သည်များကိုသာ သတ်ဖြတ်နေကြပြီး လက်နက်မဲ့နေသော သာမန်လူများကိုမူ လျစ်လျူရှုထားကြသည်ကို သူတို့ တွေ့လိုက်ရသောကြောင့်ပင်။

မျက်နှာချင်းဆိုင် ဆုံမိလျှင်ပင် ဇွန်ဘီများသည် ထိုလူများကို မမြင်ရသည့်အလား ဘေးမှ ဖြတ်ကျော်သွားကြသည်။

"ပြေးကြဟေ့"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားမှာ စဉ်းစားမရအောင် ဝေခွဲမရဖြစ်သွားကြသော်လည်း သေဘေးကို ကြောက်ရွံ့သောကြောင့် အကြောင်းရင်းကို ဆက်လက်မတွေးတော့ဘဲ အသက်ရှင်နိုင်မည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မြို့တံခါးဝရှိရာဘက်သို့ တဟုန်ထိုး ပြေးထွက်ကြတော့သည်။

ရုတ်တရက်ဆိုသလိုပင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသော လမ်းမများပေါ်၌ လူတန်းကြီးမှာ လမ်းကြောင်းပြောင်းသွားပြီး စခန်းမြို့တော်၏ ထွက်ပေါက်ဆီသို့ အလုအယက် ဦးတည်သွားကြသည်။

နေအိမ်များအတွင်း ပုန်းအောင်းနေသော အချို့သောအသက်ရှင်ကျန်ရစ်သူများသည်လည်း အပြင်ဘက်ကို စိုးရိမ်တကြီး ချောင်းကြည့်ရာမှ ဇွန်ဘီများက လူသားများ ထွက်ပြေးမှုကို မတားဆီးကြောင်း တွေ့ရှိသွားကြသဖြင့် စိတ်လှုပ်ရှားလာကြတော့သည်။

မကြာမီမှာပင် လူအုပ်စုများသည် ကင်းစောင့်မရှိတော့သော မြို့တံခါးများမှတစ်ဆင့် အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။

ဇွန်ဘီများကို ကြောက်ရွံ့သောကြောင့် ထိုလူများသည် ရပ်တန့်ရန်ပင် မဝံ့ရဲကြဘဲ တောရိုင်းမြေပြင်ထဲသို့ ရောက်ရှိသွားချိန်တွင်ပင် ရှိသမျှအင်အားကို သုံး၍ သုံးယောက်တစ်စု ငါးယောက်တစ်စုဖြင့် လူသူကင်းဝေးရာ တောနက်ထဲသို့ ပျောက်ကွယ်သွားကြတော့သည်။

ကောင်းကင်ယံထက်တွင် လုချွမ်းသည် ဇွန်ဘီ၏ အမြင်အာရုံမှတစ်ဆင့် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူသည် လူသားများ ထွက်ပြေးမှုကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုးကို မလုပ်ဆောင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူသည်လည်း တစ်ချိန်က လူသားတစ်ဦး ဖြစ်ခဲ့ဖူးပြီး စစ်မှန်သော လူသားဆန်

သည့် စိတ်ခံစားချက်များ ရှိနေဆဲပင်။ အကယ်၍ လူသားအာဏာပိုင်များက သူ့ကို အလွန်အမင်း ဖိအားမပေးခဲ့ပါက သူသည် လူသားများအပေါ် အရေးယူတုံ့ပြန်လိုစိတ် ရှိမည်မဟုတ်ပေ။

ထို့အပြင် သူ့ကို အစဉ်တစိုက် ပစ်မှတ်ထားနေသူများမှာ ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် လက်တွေ့အကောင်အထည်ဖော်သည့် စစ်ဘက်ဆိုင်ရာ ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်သည်။

အမှန်စင်စစ် ဤဖြစ်ရပ်အားလုံးသည် လက်နက်မဲ့နေသော သာမန်အရပ်သားများနှင့် ဘာမှမသက်ဆိုင်ပေ။ သူတို့သည် ဤစခန်းမြို့တော်အတွင်း အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေကြရသူများသာ ဖြစ်သည်။

ခုနကတင် စခန်းမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများသည် အခြေအနေ မဟန်တော့သည်ကို သိသည်နှင့် မြို့သူမြို့သားများ၏ အသက်ကို ဂရုမစိုက်ဘဲ မြို့ကိုစွန့်ခွာ၍ ထွက်ပြေးရန် ချက်ချင်းပြင်ဆင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ဤစခန်းမြို့တော်တွင် သာမန်လူတန်းစားများ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်။

လုချွမ်းသည် သွေးဆာနေသူတစ်ဦး မဟုတ်သလို ကမ္ဘာ့အမြင် စတင်ဖြစ်ပေါ်နေဆဲဖြစ်သော ချီချီလေး၏ ရှေ့တွင်လည်း ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားပုံရိပ်မျိုး အဖြစ်မခံလိုပေ။

လုချွမ်းသည် လူသားများ ထွက်ပြေးနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေစဉ် ငါးထပ်တိုက် အဆောက်အအုံတစ်ခုပေါ်ရှိ သွက်လက်သော စာကလေးတစ်ကောင်သည် အောက်ခြေမှ မြင်ကွင်းများကို အကဲခတ်နေသည်။ ၎င်း၏ အမြင်အာရုံထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမရှိဘဲ စနစ်တကျ ရှိနေသော ဇွန်ဘီတပ်ဖွဲ့နှင့် ထွက်ပြေးနေသော လူအုပ်ကြီးကို မြင်နေရသည်။

လီမြစ်စခန်းမြို့တော်နှင့် တစ်ကီလိုမီတာခန့် အကွာရှိ ယာဉ်တန်းပေါ်တွင်မူ ကျိရုရွှယ်သည် စာကလေး၏ အမြင်အာရုံမှတစ်ဆင့် ဤမြင်ကွင်းကို ကြည့်ရှုနေရင်း သူမ၏ တင်းမာနေသော မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။

သူမ၏ ဖခင်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး မလုပ်သည်ကို မြင်ရသောအခါ ကျိရုရွှယ်သည် ဖော်ပြမတတ်သော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

အကယ်၍ သူမ၏ဖခင်က သတ်ဖြတ်မှုများ စတင်ခဲ့လျှင်ပင် သူမ တားဆီးမည်မဟုတ်သည်မှာ အမှန်ပင်။

ဘာပဲဖြစ်ဖြစ် လူသားများက သူ့ကို ဤကဲ့သို့ အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့ခြင်းဖြစ်ရာ ဖခင်ဖြစ်သူ၏ လက်စားချေမှုကို သူမ ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။

သို့သော် ယခုကဲ့သို့ ဖခင်ဖြစ်သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဇွန်ဘီများကို သတ်ဖြတ်ရန် အမိန့်မပေးခဲ့ခြင်းအပေါ် သူမ ဝမ်းသာမိသည်။

ကျိရုရွှယ်သည်လည်း သူမ၏ဖခင်ကို လူသားများအပေါ် ဒေါသထွက်မှုကြောင့် သွေးဆာပြီး သွေးအေးသည့် လူတစ်ယောက် ဖြစ်မသွားစေချင်ပေ။

သူမ၏ နှလုံးသားထဲတွင်မူ သူမ၏ဖခင်ကို ရုပ်ရည်ကွဲပြားသွားသည့် လူသားတစ်ဦးအဖြစ်သာ အမြဲမြင်နေပြီး သွေးအေးသော ဇွန်ဘီတစ်ကောင်အဖြစ် မည်သည့်အခါမှ မယူဆခဲ့ပေ။

သတ်ဖြတ်ခြင်းဆိုသည်မှာ စွဲလမ်းတတ်သည့်အရာတစ်ခုဖြစ်ကြောင်း သိထားသင့်သည်။ အသက်ရှင်ခြင်းနှင့် သေခြင်းကို စီရင်ပိုင်ခွင့်ရှိခြင်း၊ လက်စားချေခြင်းနှင့် ရန်ကြွေးများကို ဆပ်ခြင်းတို့က လူတစ်ယောက်ကို အမှန်တကယ်ပင် လွတ်မြောက်မှု ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သို့သော် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ပြီး သွေးဆာမှုကို ဖိနှိပ်နိုင်သည့် သူမ၏ဖခင်ကို ကျိရုရွှယ်က ပို၍ပင် လေးစားအားကျမိသည်။

ဝုန်း... ဝုန်း...

စခန်းမြို့တော်အတွင်းရှိ လူအများစု ထွက်ပြေးသွားကြပြီးနောက်တွင်မူ နောက်ဆုံး၌ ကျန်ရှိနေသော ယာဉ်တန်းမှာလည်း မြို့ထဲသို့ ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာတော့သည်။

တစ်ချိန်တည်းမှာပင်...

ဒုန်း... ဒုန်း... ဒုန်း...

လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် အရပ်မျက်နှာအသီးသီးမှ ဇွန်ဘီအုပ်ကြီးမှာ အတွင်းမြို့ရှိ လီမြစ်စခန်းမြို့တော်၏ အုပ်ချုပ်ရေးဌာနချုပ်ဆီသို့ ဝိုင်းရံတိုက်ခိုက်ရန် စုပြုံရောက်ရှိလာကြသည်။

"ပစ်ခတ်ကြစမ်း သူတို့ကို အနားမကပ်စေနဲ့"

ဌာနချုပ်အတွင်းမှ ရုတ်တရက် အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ရုတ်ခြည်းပင် သေနတ်သံပေါင်းများစွာ ဆက်တိုက်ထွက်ပေါ်လာပြီး ဌာနချုပ်ကို စောင့်ကြပ်ရန် တာဝန်ကျနေသော စစ်သည်များသည် အဆောက်အအုံကို အကာအကွယ်ယူ၍ ဇွန်ဘီများကို တိုက်ခိုက်ကြတော့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဌာနချုပ်ပတ်ဝန်းကျင်ရှိ လမ်းမများကိုပင် ပြည့်နှက်သွားစေသော သိပ်သည်းလှသည့် ဇွန်ဘီအုပ်ကြီးနှင့် ယှဉ်လျှင် စစ်သည်အနည်းငယ်၏ ကြိုးပမ်းမှုမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့သာ ရှိတော့သည်။

သေနတ်ပြောင်းဝပေါင်းများစွာမှ မီးတောက်များ အဆက်မပြတ် ထွက်ပေါ်နေပြီး ဇွန်ဘီများ၏ ဦးခေါင်းများကို တစ်လုံးပြီးတစ်လုံး ပစ်ခွဲနေသော်လည်း ကြောက်ရွံ့မှုကင်းမဲ့သော ဇွန်ဘီများသည် ဟိန်းဟောက်သံများပေးကာ ဌာနချုပ်ဆီသို့ ရူးသွပ်စွာ တိုးဝင်နေကြဆဲပင်။

ဒုန်း...

မကြာမီမှာပင် ဌာနချုပ်အဆောက်အအုံ နံရံများရှိ ပြတင်းပေါက်များမှာ ဇွန်ဘီများ၏ ဖိအားကို မတောင့်ခံနိုင်တော့ဘဲ တဘုန်းဘုန်းဖြင့် ကွဲအက်ကုန်တော့သည်။ ဖန်ကွဲစများမှာ စူးရှသောအသံနှင့်အတူ နေရာအနှံ့ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားခဲ့သည်။

ထို့နောက်တွင်မူ ဇွန်ဘီများသည် ကွဲအက်သွားသော ပြတင်းပေါက်များမှတစ်ဆင့် အခန်းများအတွင်းသို့ အံကြိတ်ကာ ဟိန်းဟောက်ရင်း တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက်လာကြတော့သည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် အတွင်း၌ ပုန်းအောင်းနေသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မကောင်းတော့ဘူး မြန်မြန်... သူတို့ကို အပြင်ရောက်အောင် ပြန်မောင်းထုတ်ကြစမ်း ဒီဇွန်ဘီတွေကို အထဲပေးဝင်လို့ မဖြစ်ဘူး"

ရင်ကွဲမတတ် အော်ဟစ်သံတစ်ခု ဌာနချုပ်အတွင်းမှ ထွက်ပေါ်လာသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ခေတ္တမျှ ရပ်တန့်သွားသော သေနတ်သံများက တစ်ဖန်ပြန်၍ ပြင်းထန်လာပြန်သည်။ သေနတ်ပြောင်းဝများမှ မီးလျှံနဂါးများ ပွင့်ထွက်လာပြီး ကျူးကျော်ဝင်ရောက်လာသော ဇွန်ဘီများကို ပစ်ခတ်နှိမ်နင်းကြသည်။

သို့သော်လည်း နောက်ကွယ်မှ ဇွန်ဘီများမှာ အဆက်မပြတ် တိုးဝင်နေဆဲဖြစ်ရာ ရိုင်ဖယ်သေနတ် အလက်ပေါင်းများစွာဖြင့် တစ်ပြိုင်နက် ပစ်ခတ်နေသော်လည်း အကုန်အစင် ရှင်းလင်းရန်မှာ မဖြစ်နိုင်တော့ပေ။

"အား... "

မကြာမီမှာပင် ဌာနချုပ်အတွင်း၌ စူးရှနာကျင်စွာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

အစောပိုင်းက တရစပ်ထွက်ပေါ်နေသော သေနတ်သံများသည် တဖြည်းဖြည်း ကျဲသွားပြီး နောက်ဆုံးတွင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် ဌာနချုပ်အတွင်းရှိ အသံဗလံအားလုံး ရပ်တန့်သွားပြီး သောင်းကျန်းနေသော ဇွန်ဘီများသည် အတွင်းရှိ လူသားအားလုံးကို သတ်ဖြတ်လိုက်ကြပြီဖြစ်သည်။

ယခုအချိန်တွင် လီမြစ်စခန်းမြို့တော်အတွင်းရှိ ခုခံမှုအားလုံးကို လုချွမ်းက အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီဖြစ်ပြီး မြို့တော်တစ်ခုလုံးမှာ လုချွမ်း၏ လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

မည်သည့်ခုခံမှုမျှ မရှိတော့သဖြင့် လုချွမ်းသည် ဇွန်ဘီများကို မြို့တစ်ခုလုံး နှံ့နှံ့စပ်စပ် ရှာဖွေရန်နှင့် မည်သည့်နေရာကိုမျှ မချန်ဘဲ အကုန်အစင် မွှေနှောက်ရှာဖွေရန် အမိန့်ပေးလိုက်တော့သည်။

နဂါးကျားဂိုဏ်းသို့မဟုတ် သားရဲဘုရင်ဂိုဏ်းကဲ့သို့သော အရပ်သားအဖွဲ့အစည်းများနှင့် ယှဉ်

လျှင် လူဦးရေသိပ်သည်းလှသော လီမြစ်စခန်းမြို့တော်၌ အရင်းအမြစ်နှင့် ရိက္ခာများမှာ အလွန်ပင် ပေါကြွယ်ဝလှသည်။

မကြာမီမှာပင် လုချွမ်းသည် ရိုင်ဖယ်များကဲ့သို့သော လက်နက်ငယ်များ၊ လက်ပစ်ဗုံးပုံကြီးများနှင့် စစ်သုံးယာဉ် အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့သည်။

သို့သော်လည်း သံချပ်ကာယာဉ်များနှင့် တင့်ကားများကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားပြင်းသည့် လေးလံသော စစ်လက်နက်များကိုမူ အကောင်းပကတိအတိုင်း ရှာမတွေ့ခဲ့ပေ။

လီမြစ်စခန်းမြို့တော်ရှိ တင့်ကားနှင့် သံချပ်ကာယာဉ်အားလုံးမှာ လုချွမ်းကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သောကြောင့်ပင်။

ဤလက်နက်များအပြင် လုချွမ်းအတွက် အကြီးမားဆုံးသော ရလဒ်မှာ အမြုတေများပင် ဖြစ်သည်။ လီမြစ်စခန်းမြို့တော်တွင် အဆင့် ၃ အမြုတေများ အပါအဝင် အမြုတေ အမြောက်အမြားကို သိုလှောင်ထားခြင်းပင်။

All Chapters