လင်းဖန်ရဲ့စိတ်ကူး
Vol. 7 Ch. 61
ထိုနေ့မှာပင် Baidu၏ Hot Search စာရင်း၌ ထိပ်ဆုံးဆယ်ခုစလုံးက Longteng Groupမှ အသစ်ထုတ်လိုက်သည့် 'Nirvana X' အကြောင်းများသာ ဖြစ်နေတော့သည်။
Longteng Groupက မကြုံစဖူး နည်းပညာလှိုင်းလုံးကြီးတစ်ခုအား ဖန်တီးလိုက်ခြင်းဟု ဆိုရမည်ဖြစ်သည်။
ပြည်တွင်းမီဒီယာ အတော်များများဆိုလျင် အဆိုပါဖုန်းကို Apple၏ နေရာမှာပင် အစားထိုး တင်စားနေကြလေသည်။
တန်ရွမ်စနစ်က Android နဲ့ iOS စနစ်များကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်းရှိသည်ဟုလည်း ပြောစမှတ်ပြုလာကြသည်။
လက်ရှိ၌ အတောက်ပဆုံး စမတ်ဖုန်းဖြစ်သည့်'Nirvana X' က လူတိုင်းရဲ့ လိုချင်တပ်မက်ဖွယ်ရာ အကောင်းဆုံးပစ္စည်း ဖြစ်နေလေပြီ။
လူအများစုကလည်း Longteng အနေနဲ့ ပထမအသုတ်၌ ဖုန်းအလုံးရေ မည်မျှအထိ ထုတ်ပေးမလဲဆိုသည်ကို ဝိုင်းမေးလာကြသည်။ လက်ရှိရှိနေသည့် နာမည်ကျော်ကြားမှုအရဆိုလျင် 'Nirvana X' အား အလုံးရေ သောင်းဂဏန်းလောက်သာ ထုတ်မယ်ဆိုရင်တော့ ဝယ်ချင်သည့်သူများကြားထဲ လုယက်တိုးဝှေ့နေကြမှာ အသေအချာပါပင်။
Penguin News၊ Toutiao၊ Xinlang စတဲ့ မီဒီယာတွေကလည်း ဒီသတင်းကို အွန်လိုင်းမှာ ထိပ်ဆုံးက တင်ထားရုံတင်မကဘဲ အော့ဖ်လိုင်း သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာပါ စာလုံးကြီးကြီးတွေနဲ့ ဖော်ပြထားကြသည်။ ပြည်တွင်း အဓိကမီဒီယာကြီးများ၏ မျက်နှာဖုံးသတင်းများမှာလည်း Longteng Group ရဲ့ ဖုန်းအသစ်သတင်းကပဲ ကြီးစိုးထားသေးသည်။
ပြည်တွင်းဖြစ် OS၊ ပြည်တွင်းဖြစ် စမတ်ဖုန်း၊ လန်းဆန်းသည့် အသွင်အပြင်နဲ့ ထိပ်တန်း Hardwareများက ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့ပြီး အဆိုပါရေချိန်က ကျဆင်းသွားရန် လက္ခဏာ မရှိချေ။
“သူဌေး... Nirvana X အတွက် အားလုံး အတည်ပြုပြီးပါပြီ စက်မှုဇုန် ၅ ခုစလုံးမှာလည်း အစွမ်းကုန် ထုတ်လုပ်နေကြပါတယ် ကျွန်တော်တို့အနေနဲ့ သင့်တော်တဲ့ ဈေးကွက်ရှာဖွေရေးအစီအစဉ်တွေကို စတင်ဖို့ စဉ်းစားသင့်ပြီလား"
လို့ ကျန်းဖန်က မေးမြန်းလာသည်။
“ခင်ဗျား ဘယ်လိုထင်လဲ ပြောကြည့်ဦးလေ”
လင်းဖန်က သူ့ကို တစ်ချက်ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။
တကယ်တော့ ကျန်းဖန်ကLongteng Group ရဲ့ ပဲ့ကိုင်ရှင် ဖြစ်ပြီး လင်းဖန်ကတော့ ဥက္ကဋ္ဌဆိုသော်လည်း နောက်ကွယ်ကနေသာ ထိန်းကျောင်းပြီး ပိုက်ဆံသိမ်းရမည့် အချိန်ကိုသာ စောင့်ချင်သူဖြစ်သည်။
Nirvana X စတင်ချိန်မှ ယခုအထိ အရာအားလုံးက လင်းဖန်ကြောင့်သာ အောင်မြင်ခဲ့ရခြင်းဖြစ်သည်။ ယခုတော့ Longteng Group က အသင့်ဖြစ်နေသည့်အဆင့်ကို ရောက်နေပြီမို့ CEO တစ်ယောက်ရဲ့ အရည်အချင်းကို ပြသရမယ့်အချိန် ရောက်လာချေပြီ။
“သူဌေး... ကျွန်တော်တို့ လဲ့ကျွင်းလိုမျိုး (Rice - Xiaomi)' ရဲ့ Marketing ဗျူဟာတွေကို အတုယူသင့်သလား"
ဒီအချိန်မှာတော့ ကျန်းဖန်က သူ့ရဲ့ အကြံဥာဏ်ကို တင်ပြဖို့ စိတ်အားထက်သန်နေသည်။
လက်ရှိ အကောင်းဆုံးပြည်တွင်း Marketing ကုမ္ပဏီကတော့ Rice (Xiaomi) ကုမ္ပဏီပင်။
ပထမဆုံးဖုန်းမှ နောက်ပိုင်းဖုန်းများအထိ သူတို့ဟာ သုံးစွဲသူတွေရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပြီး အရောင်းရဆုံးစာရင်းမှာလည်း ဒုတိယနေရာအထိ ရောက်ခဲ့ကြသည် မဟုတ်လား။
ဒါကို ကြားတော့ လင်းဖန် အလေးအနက် စဉ်းစားသွားရတော့သည်။ Rice ရဲ့ အရောင်းဗျူဟာဆိုတာက တကယ်တော့ ပစ္စည်းကို လိုချင်အောင် ပြတ်လပ်နေသယောင် လုပ်ခြင်း ကို အခြေခံပြီး e-commerce နဲ့ ပေါင်းစပ်ကာ ကွင်းဆက်တုံ့ပြန်မှု ဖန်တီးခြင်း ဖြစ်သည်။
သို့သော်လည်း အသုံးပြုသူများ၏ ဘက်မှကြည့်ရင်တော့ ထုတ်လုပ်မှုက လုံလောက်နေပါလျက်နဲ့ ဖုန်းတစ်လုံးဝယ်ရန် အသည်းအသန် ကြိုးစားနေရတာက တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့အချက် ဖြစ်နေပြန်သည်။
“မဟုတ်ဘူး၊ ကျွန်တော်တို့ ပစ္စည်းပြတ်လပ်အောင်လုပ်တဲ့ နည်းဗျူဟာသုံးဖို့ မလိုဘူး”
“ဒါဆိုရင် အော်ပရေတာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်ကော ဘယ်လိုလဲ သူဌေး”
ကျန်းဖန်က စိတ်ဓာတ်ကျမသွားဘဲ နောက်ထပ် အကြံပြုချက်တစ်ခုကို တင်ပြပြန်သည်။ အစောပိုင်းတုန်းက Warwick (Huawei) ရဲ့ နည်းလမ်းမှာ ပြည်တွင်းမှ အော်ပရေတာကြီး ၃ ခုနဲ့ ပူးပေါင်း၍ Customized ဖုန်းများထုတ်ကာ နာမည်ဂုဏ်သတင်း တည်ဆောက်ခဲ့တာခြင်း ဖြစ်ပြီးထိုမှတစ်ဆင့် အတွေ့အကြုံများစုဆောင်း၍ ဈေးကွက်တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့တာ ဖြစ်သည်။
အဆိုပါအဆိုပြုချက်ကိုလည်း လင်းဖန်က စိတ်ကျေနပ်မှု မရှိပြန်ချေ။
သူက ခေါင်းခါယမ်းလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“အဲ့ဒီ အရာရှိကြီးတွေက ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်မှာမဟုတ်ဘူး”
တရုတ်နိုင်ငံ၌ ရှိနေသည့် ကွန်ရက်အော်ပရေတာကြီး ၃ ခုထက် ဩဇာညောင်းတဲ့သူ မရှိသလောက်ပင်။ သို့သော်လည်း ဒီလို နိုင်ငံပိုင် လက်ဝါးကြီးအုပ်မှုများက ပြည်တွင်းဖြစ် မိုဘိုင်းဖုန်းတွေ တိုးတက်ဖို့အတွက်တော့ ကြီးကြီးမားမား အထောက်အကူ မပြုနိုင်ပေ။
သူတို့ရဲ့ အရောင်းစင်တာများ၌ ရောင်းနေသည့် ဖုန်းအများစုမှာ ပြည်တွင်းဖြစ်များ ဖြစ်နေရင်တောင်မှပင်။
ယခင်က Apple ၆ ဆက်မြောက်ထွက်ချိန် အော်ပရေတာကြီး ၃ ခုက ဖားယားသည့်နေရာ၌ ထိပ်ဆုံးကပင်။ သတင်းစာရှင်းလင်းပွဲပင် မလုပ်ရသေး ကြိုတင်မှာယူနိုင်သည့် ချန်နယ်များ ဖွင့်ပေးထားခဲ့ကြသည်။
ဒါပေမဲ့ ရလဒ်မှာတော့ Appleက ကွန်ရက်အသုံးပြုခွင့်လိုင်စင် မရခဲ့၍ အဆိုပါ အော်ပရေတာကြီးများရဲ့ လှုပ်ရှားမှုကဟာသကြီး ဖြစ်သွားတော့သည်။
ဒါက ကမ္ဘာ့အဓိပ္ပာယ်မရှိဆုံး ကိစ္စပင်။
ယခု Longteng Group ကသာ သူတို့ဆီကို အရင်သွားအကူအညီတောင်းမည်ဆိုလျင် အဆိုပါအော်ပရေတာများက မောက်မာသည့် အမူအရာနှင့်သာ ဆက်ဆံကြမည်ဖြစ်၍ ရလဒ်မှာ သိပ်ထူးဆန်းမှာတော့ မဟုတ်ချေ။
“ဒါနဲ့... ကျွန်တော်တို့ရဲ့ အမေရိကနဲ့ ဥရောပက ရုံးခွဲတွေ ဖွင့်တုန်းက Amazon က အရင်လာပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တယ် အခုဆို အွန်လိုင်းအရောင်းချန်နယ်တွေ ဖွင့်ထားပြီးပြီလို့ ကြားတယ် ဟုတ်လား”
လင်းဖန်က ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
“ဟုတ်ပါတယ် Amazon ရဲ့ အွန်လိုင်းအရောင်းချန်နယ်တွေ အားလုံးကို ဖွင့်လှစ်ထားပြီးပါပြီ”
လို့ ကျန်းဖန်က ချက်ချင်း ခေါင်းညိတ်၍ တုန့်ပြန်လိုက်သည်။
“ဒါဆိုရင် နိုင်ငံခြားက သုတေသနဌာနတွေကို တိုက်ကြီးအလိုက် ဘာသာစကား Version တွေအပေါ်မှာပဲ အရင်အာရုံစိုက်ခိုင်းလိုက်ပါ မေလ မတိုင်ခင်မှာ နိုင်ငံအသီးသီးက အဓိကအရောင်းဆိုင်ကြီးတွေမှာ ပစ္စည်းအလုံအလောက် ရှိနေဖို့ သေချာအောင် လုပ်ရမယ်”
Longteng Group ရဲ့ 'Nirvana X' ကို ရောင်းချမယ့် အချိန်ကတော့...
အကယ်၍ ထုတ်လုပ်မှုလိုင်းကို အစွမ်းကုန် လည်ပတ်ပြီး တစ်နေ့ကို သုံးဆိုင်းဖြင့် ထုတ်မယ်ဆိုလျင်ဖြင့် လောလောဆယ်၌ ဖုန်းအလုံးရေ သန်းနဲ့ချီ ထုတ်လုပ်နိုင်မှာဖြစ်သည်။
ထုတ်လုပ်မှုလိုင်းများ ပို၍ ငြိမ်သွားတာနဲ့အမျှ အထွက်နှုန်းမှာလည်း ပိုများလာမှာဖြစ်ပြီး နေရာအနှံ့မှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည်။
လင်းဖန်ကတော့ ဒီဖုန်းက တစ်ကမ္ဘာလုံးကို ထိုးဖောက်နိုင်မယ်လို့ ယုံကြည်နေသည်။ အဘယ့်ကြောင့်ဆိုသော် အလှအပရဲ့ အထွတ်အထိပ်ကိုလိုလားသည်မှာ လူသားတိုင်း၏ သဘာဝဖြစ်ပြီး နိုင်ငံခြားသားများမှာလည်း ချွင်းချက်မဟုတ်ချေ။
ပထမဆုံး ဝယ်ယူသူတွေဆီမှတစ်ဆင့် ကောင်းသတင်းပြန့်သွားရင်ဖြင့် ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်လာမှာ အသေအချာပါပင်။ အဆိုပါအချိန်ကျလျင် ဥရောပက အာရှပြီးဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်လာပြီး အကျိုးအမြတ်များ အဆက်မပြတ် ရရှိလာတော့မှာ သေချာသည်။
“ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်းပဲ လူလွှတ်ပြီး စီစဉ်လိုက်ပါ့မယ်”
ကျန်းဖန်က လင်းဖန်ရဲ့ စကားတွေကို အလေးအနက် မှတ်သားရင်း ခေါင်းညိတ်လိုက်တော့သည်။
...........................................