ဂျက်မားလား နေခဲ့လိုက်..။
Vol. 7 Ch. 62
“ပြည်တွင်း e-commerce ပိုင်းမှာရော၊ Ali ဘက်က ဘာမှ အကြောင်းမပြန်သေးဘူးလား”
သတင်းစာရှင်းလင်းပွဲ မတိုင်ခင်ကတည်းက လင်းဖန်က အရောင်းချန်နယ်တွေ ကြိုတင်ဖွင့်လှစ်နိုင်ဖို့အတွက် Longteng Group ကို Ali ဆီ ဆက်သွယ်ခိုင်းထားခဲ့တာပါ။
ဒါပေမဲ့ ယခုထိတော့ မည်သည့်သတင်းမှ မကြားရသေးချေ။ ကျန်းဖန်က ထိုစကားကို ကြားလျှင် မျက်နှာပျက်ပျက်နှင့် တုန့်ပြန်လာသည်။
“သူဌေး... Ali က အကြောင်းပြန်လာပါတယ် စားသုံးသူတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဖုန်းတွေကို အရင်စစ်ဆေးပြီးမှသာ အရောင်းချန်နယ်ကို ဖွင့်ပေးနိုင်မယ်လို့ ဆိုပါတယ်”
ဘာလဲဟ.။ အွန်လိုင်းအရောင်းချန်နယ်ကို ကြိုတင်ဖွင့်ပေးလို့ မရဘူး ဟုတ်လား..။
လင်းဖန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အမူအရာမှာလည်း တင်းမာသွားသည်။ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့ Amazon တောင်မှ Longteng Group အတွက် အွန်လိုင်းအရောင်းချန်နယ်တွေကို အစပျိုးဖွင့်ပေးထားခဲ့သေးသည် မဟုတ်လား။
ယခုတော့ ပြည်တွင်းက e-commerce ကုမ္ပဏီကြီးကမှ အဟန့်အတားတွေ လုပ်နေတယ်ဆိုတော့ ဒါက ဘာအဓိပ္ပာယ်လဲ...။
Ali ဟာ စားသုံးသူအခွင့်အရေးနဲ့ ပတ်သက်ရင် ဒီလောက်အထိ တင်းကျပ်ပြီး စစ်ဆေးတတ်မှန်း သူ အခုမှပဲ သိရသည်။ တကယ်သာ အဲ့ဒီလောက် စေ့စပ်ရင် ဈေးကွက်ထဲမှာ အတုအပတွေ ဒီလောက်ရှိနေမှာ မဟုတ်ချေ။
ဒါက တကယ်ကို ရယ်စရာကောင်းလွန်းသည့် ဆင်ခြေတစ်ခုသာပင်။
“သူဌေး... ကျွန်တော်တို့နဲ့ Ali ကြားမှာ စီးပွားရေးဆိုင်ရာ ပွတ်တိုက်မှုတချို့ ရှိခဲ့ဖူးပါတယ် သူတို့ရဲ့ ဒု-ဥက္ကဋ္ဌက သူတို့ရဲ့ APP တွေကို ကျွန်တော်တို့ OS ထဲမှာ တစ်ပါတည်း ထည့်သွင်းပေးဖို့ လာဆွေးနွေးဖူးပေမဲ့ ကျွန်တော်တို့က ငြင်းပယ်ခဲ့ပါတယ် အဲ့ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်...”
လို့ ကျန်းဖန်က ခါးသက်သက် အပြုံးနဲ့ ပြောလာသည်။
"အဟက်.ဆော့ဖ်ဝဲတွေကို အတင်းအကျပ် ထည့်သွင်းခိုင်းတာလား Penguin တောင်မှ ဒါမျိုးကို မတောင်းဆိုရဲဘူး Ali က ဘာမို့လို့လဲ သူတို့ကို ဂြိုဟ်သားတွေက တည်ထောင်ထားလို့လား"
လင်းဖန်က လှောင်ရယ်ရင်း တိုက်ရိုက်ပဲ အမိန့်ပေးလိုက်သည်။
“Penguin ကို အကြောင်းကြားလိုက်ပါ ကျွန်တော်တို့ မိုဘိုင်းငွေပေးချေမှုကဏ္ဍမှာ သူတို့နဲ့ ပူးပေါင်းချင်တယ်လို့ တန်ရွမ်OS ရဲ့ ငွေပေးချေမှုအပိုင်းကို Penguin Payment နဲ့ပဲ ချိတ်ဆက်လိုက်တော့မယ်”
‘သတ်သတ်လွတ်စားမှ နတ်ပြည်ရောက်မှာမို့လို့လား...။ ဟမ့် ငါမယုံဘူး။
Aliက ပြည်တွင်းမှာ အကြီးဆုံး e-commerce ကုမ္ပဏီကြီး ဖြစ်နေပြီး လက်ရှိအချိန်နှစ်ဖက်စလုံးရဲ့ အင်အားက ကွာခြားချက် ရှိနေပါသေးသည်။
ဒါပေမဲ့ အနာဂတ်မှာကော..။
Ali အနေနဲ့ Longteng Group ရဲ့ အလားအလာက ဘယ်လောက်တောက်ပလဲဆိုတာ မမြင်၍လော။ Ali၌ လူတော်တစ်ယောက်မှ မရှိဘူးလို့ လင်းဖန် မယုံပေ။ ပြောရရင် ဒါက လူကြီးလုပ်ပြီး အနိုင်ကျင့်ချင်နေတာပဲ ဖြစ်သည်။
အရင်က Penguin Group နဲ့ ပူးပေါင်းတုန်းကလည်း မာဟွာထန်ရဲ့ သဘောထားက ကြင်နာသယောင်ရှိပေမဲ့ တကယ်တမ်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အမြဲ အကဲခတ် တင်းမာနေခဲ့ကြတာပါ။
ဒါပေမဲ့ အခု Ali Group ရဲ့ သဘောထားကတော့ သူ့ရဲ့ ဒေါသကို ဆွလိုက်သလို ဖြစ်သွားပါပြီ။ ဘယ်လောက်ပဲ အလားအလာရှိတဲ့ လုပ်ငန်းဖြစ်ပါစေ၊ ဒီလို အနှိမ်ခံရတာကိုတော့ သူ သည်းမခံနိုင်ချေ။
“ဒါနဲ့... Jindong (JD.com) ကိုလည်း အကြောင်းကြားလိုက်ဦး နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်ကိုယ်တိုင် လျူယွီတုံး နဲ့ သွားတွေ့ပြီး စကားပြောမယ် ပြီးတော့ ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲကုမ္ပဏီကိုလည်း အခုချက်ချင်း တရားဝင် Website တစ်ခု ဆောက်ခိုင်းလိုက်၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် 'Longteng Mall' ကို တည်ထောင်မယ် မျှော်လင့်ချက်အားလုံးကို တစ်နေရာတည်းမှာပဲ ပုံအောထားလို့ မရဘူး”
လင်းဖန်က တစ်ဆက်တည်းပဲ ညွှန်ကြားချက်တွေ ပေးလိုက်ပါတော့သည်။
“ဟုတ်ကဲ့ပါ သူဌေး”
ကျန်းဖန်တစ်ယောက် ခေတ္တမျှ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာသည်။ ဒါက လင်းဖန်အနေနဲ့ Ali (Alibaba) နဲ့ လမ်းခွဲဖို့ အပြတ်အသတ် ဆုံးဖြတ်လိုက်တာဆိုတာ ထင်ရှားနေသည်။
အဲဒီနောက် ကျန်းဖန်က အချိန်မဆွဲတော့ဘဲ သက်ဆိုင်ရာကိစ္စရပ်တွေကို စီစဉ်ဖို့ ချက်ချင်းပဲ ထွက်သွားတော့သည်။ ထွက်ခွာသွားတဲ့ ကျန်းဖန်ရဲ့ ကျောပြင်ကို ကြည့်ရင်း လင်းဖန်ရဲ့ မျက်လုံးတွေကတော့ တစ်စုံတစ်ခုကို ကြံစည်နေသလို တောက်ပနေသည်။
သုံးရက်အကြာ၊ ရှန်းချန် နိုင်ငံတကာလေဆိပ်
“ခရီးသည်များရှင်... ရှန်းချန်မှ ပေကျင်းသို့ ပျံသန်းမည့် လေယာဉ်အမှတ် MJ4025 ဟာ မကြာမီ ပျံသန်းတော့မှာ ဖြစ်ပါတယ် ထိုင်ခုံခါးပတ်များကို မြဲမြံစွာ ပတ်ထားပေးကြပါရန်...”
အခုဆိုရင် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီရှိပြီဖြစ်ပြီး လင်းဖန်က မိုရှင်းယာနဲ့အတူ ပေကျင်းမှာရှိတဲ့ Jindong Mall (JD.com) ဌာနချုပ်ကို သွားရောက်ဖို့ ပြင်ဆင်နေလေသည်။ သူက Jindong ရဲ့ ဥက္ကဋ္ဌ လျူယွီတုံး နဲ့ တွေ့ဆုံဖို့ သွားနေတာပါ။
Ali နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့၌ နောက်ထပ် မဟာဗျူဟာတစ်ခုကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ Xiaomi ဆီကနေ သင်ခန်းစာယူပြီး ကိုယ်ပိုင် Longteng Mall တည်ဆောက်မယ့်အပြင်၊ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး e-commerce ကုမ္ပဏီဖြစ်တဲ့ Jindong Group နဲ့လည်း ချိတ်ဆက်ထားနိုင်ခဲ့သည်။
Jindong ဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး ကိုယ်ပိုင်အရောင်းစနစ်သုံး (Self-operated) e-commerce ကုမ္ပဏီဖြစ်ပြီး ၂၀၁၅ ခုနှစ် ပထမသုံးလပတ်မှာတင် ပြည်တွင်း B2C e-commerce ဈေးကွက်ဝေစုရဲ့ ၅၆.၃% အထိ ရရှိထားသည်။
Ali နဲ့ နှိုင်းယှဉ်ရင် Jindongက နိုင်ငံရဲ့ စီးပွားရေး တည်ဆောက်မှုအပိုင်းမှာ ပိုပြီးတော့ သိသာထင်ရှားတဲ့ အခန်းကဏ္ဍက ပါဝင်နေသည်မှာ ထင်ရှားသည်။
သူတို့ဆီ၌ Jindong Mall အပြင် Jindong Intelligence၊ Jindong Logistics နဲ့ Jindong စိုက်ပျိုးမွေးမြူရေး ဆိုတဲ့ လက်တွေ့လုပ်ငန်းခွင် ကုမ္ပဏီတွေ အများကြီးရှိသည်။
Jindong Logistics တစ်ခုတည်းတင် တရုတ်နိုင်ငံအနှံ့ သိုလှောင်ရုံစင်တာ အမြောက်အမြားရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားနိုင်သည်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းက မြို့ကြီးမြို့ငယ်တွေမှာလည်း စူပါမားကတ်တွေ ဖွင့်လှစ်ထားပြီး လက်တွေ့စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အများကြီး ကူညီပေးထားနိုင်သည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာလည်း တောင်သူတွေကို သိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူနိုင်အောင် လမ်းညွှန်ပေးပြီး သူတို့ရဲ့ ထွက်ကုန်တွေကို ရောင်းချပေးတဲ့အထိ ကူညီပေးထားပြန်သည်။ စီးပွားရေး ရှုထောင့်ကို ခဏဖယ်ထားရင်တောင် လင်းဖန်က လယ်သမားမိသားစုကနေ ပေါက်ဖွားလာတဲ့ လျူယွီတုံးကို ပုဂ္ဂိုလ်ရေးအရ သဘောကျမိသည်။
သူ့ရဲ့ လူမှုရေးပိုင်းဆိုင်ရာ အားနည်းချက်တချို့ကတော့ ယောကျ်ားလေးတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတာမို့လို့ လင်းဖန်အတွက်တော့ အရေးမကြီးပေ။
ပွင့်ပွင့်လင်းလင်း ပြောရရင် လျူယွီတုံးဟာ တာဝန်ယူမှုရှိပြီး အလုပ်ကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ စွန့်ဦးတီထွင်သူအစစ်အမှန်ဆိုတဲ့ အထင်အမြင်မျိုး လင်းဖန်ကို ပေးစွမ်းနိုင်သည်။
တစ်နေ့လုံး ဝေဝေဝါးဝါး အတွေးအခေါ်တွေပဲ ပြောနေတတ်တဲ့ မာယွန်းနဲ့တော့ လုံးဝမတူပါချေ။
လူအများစုက မာယွန်းကို ချီးကျူးပြီး ဒါဟာ အတွေးအခေါ်ပညာရှင်လို့ ပြောကြပေမဲ့ လင်းဖန်ကတော့ ဒါကို ရယ်စရာလို့သာ မြင်ထားသည်။
အတွေးအခေါ်တွေအကြောင်း အများကြီး ပြောနေလို့ကော လူတွေကို ဗိုက်ဝအောင် ကျွေးနိုင်လို့လား..။
Ali က e-commerce နဲ့ မိုဘိုင်းငွေပေးချေမှု နယ်ပယ်မှာ အောင်မြင်မှုတွေ ရခဲ့ပြီး လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တာ မှန်ပေသည်။ သို့သော် သူတို့ရဲ့ တောက်ပမှုက ပြည်တွင်းက လက်လီအရောင်းဆိုင် အမြောက်အမြား ပြိုလဲသွားမှုအပေါ်မှာ အခြေခံထားခြင်းဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရရင် Ali ရဲ့ အောင်မြင်မှုတွေဟာ စိတ်ကူးယဉ်ဆန်ပြီး နိုင်ငံရဲ့ စီးပွားရေးကို တကယ့်လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်တဲ့အပိုင်းမှာတော့ Jindong ကို မမီပေ။
..............................................